လူ့ဘုံကိုမှီ၍နေကြသည်မို့

လူ့ဘုံကိုမှီ၍နေကြသည်မို့(စ/ဆုံး)

——————————–

“အိမ်ရှင်တို့. အိမ်ရှင်တို့ ”
အိမ်ရှေ့မှလှမ်းခေါ်သံကြောင့်မစန်းစန်းဝင်းလည်းအိပ်ပျော်နေရာမှလန့်နိုးလာခဲ့သည်။
“ဟဲ့..ဘယ်သူတွေလဲ”
“ကျွန်တော် တို့.ရပ်ကွက်အရှေ့ပိုင်းကပါ”
“ဒါဖြင့်ဝင်လာခဲ့လေ”
“ကျွန်တော်တို့ဝင်လာလို့မရဘူးအစ်မ”
“ဒါဖြင့်ခဏစောင့်”
ပြောပြီးနောက်မစန်းစန်းဝင်းလည်းအိပ်ရာမှထကာအိမ်အောက်သို့ဆင်းလာခဲ့သည်။
ပြီးနောက် ခြံတံခါးအားဖွင့်လိုက်ရာ လူစိမ်းငါးယောက်ကိုတွေ့ရလေသည်။
ထိုလူစိမ်းငါးယောက်စလုံးသည်အင်္ကျီဝတ်ဆင်ထားကြခြင်းမရှိသလို..ပုဆိုး ကိုလည်းဒူးခေါင်းအထိရောက်အောင်.တိုတိုတုတ်တုတ်ဝတ်ထားကြသည်။
“ဟဲ့.နင်တို့ကဘယ်သူတွေတုံး။ငါတော့ဒီရပ်ကွက်ထဲမှာတစ်ခါမှမမြင်ဖူးဘူး”
“ကျွန်တော်တို့ရပ်ကွက်ထိပ်က.ထနောင်းပင်ကြီးမှာနေကြတာပါ”
ထိုစကားကြောင့်မစန်းစန်းဝင်းလည်းမျက်မှောင်ကြုတ်သွားသည်။
“နေပါဦး. ထနောင်းပင်မှာဆိုတော့မင်းတို့ဘယ်လိုများနေကြတုံး”
(ထနောင်းပင်သည်ကုလားထနောင်းပင်ဖြစ်သည်။ဆူးမရှိပါ)
“ဒါကတော့ပါးစပ်နဲ့ပြောလို့မရဘူးဗျ။အစ်မပဲကြည့်လိုက်ပါ”
ယင်းသို့ဆိုပြီးနောက် ထိုလူကပဲရပ်ကွက်အရှေ့ပိုင်းသို့လက်ညိုးထိုးပြလိုက်သာ်။
မစန်းစန်းဝင်းလည်းခြံတံခါးအပြင်ဘက်ခေါင်းပြူထွက်ပြီးထိုလူညွှန်ပြသည့်နေရာကိုလှမ်းကြည့်လိုက်သည်။
“ဟယ်”
မစန်းစန်းဝင်းအံအားသင့်သွားသည်။
အဘယ်ကြောင့် ဆိုသော်ရပ်ကွက်ထိပ်ရှိထနောင်းပင်၏ပင်စည်၊သစ်ကိုင်း၊သစ်ခက်တို့တွင်မည်သည့်အမျိုးအစားဟုခွဲခြားရန်ခက်သည့်သတ္တဝါပေါင်းများစွာတို့သည်ပြည့်ကြပ်စွာဖြင့်တွယ်ကပ်၍နေလေသောကြောင့်ဖြစ်သည်။
အချို့ သောသတ္တဝါများဆိုလျှင်.ခန္ဓာကိုယ်ကကြောင်ပေါက်စအရွယ်ခန့်သာရှိပေမင့်.ဦးခေါင်း ကမူခန္ဓာကိုယ်နှင့်မလိုက်အောင်ကြီးမာူလျက်ရှိလေသည်။
မစန်းစန်းဝင်းသည် ထိုသတ္တဝါများအား.အံ့အားသင့်စွာဖြင့်ကြည့်နေခိုက်တွင်လက်ညိုးထိုးပြီးညွှန်ပြသူကဆက်လက်၍ပြောလေသည်။
“မြင်ပြီလားအစ်မ.ကျွန်တော် တို့မှာနေစရာအခက်အခဲဘယ်လောက်အထိကြုံရတယ်ဆိုတာ”
မစန်းစန်းဝင်း.သက်ပြင်းချမိသည်။ပြီးနောက်
“ပြောပါ. မင်းတို့ကို အစ်မဘာကူညီရမလဲ”
“မနက်ဖြန် မနက် ရောက်ရင်အဲဒီအပင်ကြီးကိုခုတ်ပစ်တော့မှာ။အဲဒီအပင်သာမရှိတော့ရင်ကျွန်တော်တို့လည်းနေစရာရှိမှာမဟုတ်တော့ဘူး။ဒါကြောင့်အစ်မကမနက်စောစေထပြီး.ရပ်ကွက်လူကြီးကိုသစ်ပင်မခုတ်ခိုင်းဖို့သွားပြောပေးပါ.အစ်မပြောရင်ရနိုင်ပါတယ်ဗျာ”
“အင်းပါ မနက်ရောက်ရင်အစ်မသွားပြောပေးပ့ါမယ်”
“ဟုတ်။ကျေးဇူးပါဗျာ”
ထိုလူငါးယောက်လှည့်ပြန်သွားကြသည်။
ယင်းအခိုက်မှာပင်မစန်းစန်းဝင်းလည်းအိပ်ပျော်နေရာမှဖျတ်ခနဲလန့်နိုးလာခဲ့သည်။
ပြီးနောက်တိုင်ကပ်နာရီကိုကြည့်လိုက်ရာညဉ့်ဆယ့်နှစ်နာရီထိုးစပြုနေပြီကိုတွေ့ရသည်။
“အယ်.ငါ့နှယ့်အစောကြီးရှိသေးတယ်။အိပ်မက်တွေမက်နေပါ့လား”
ယင်းသို့ရေရွတ်ပြီးနောက်မစန်းစန်းဝင်းသည်.ညနေကဆရာဝန်ပေးလိုက်သည့်ဆေးကိုမသောက်ရသေးမှန်းသတိရလိုက်သည်။
ထို့နောက် သူမသည်အိပ်ရာမှထပြီး.ဘုရားစင် ပေါ်တွင်တင်ထားသည့်ဆေးကိုယူပြီးရေနှင့်မျှောချလိုက်သည်။
ခေတ္တအကြာ၌သူမ၏မျက်လုံးအစုံသည်တဖြည်းဖြည်းလေးလံလာသည်။
နောက်ဆုံး တွင်တော့ အိပ်ရာ ပေါ်၌ပြန်လည်အိပ်ပျော်သွားလေတော့သည်။
++++++++++++++++++++++++
မနက် ခုနှစ်နာရီထိုးနေပေမင့်အအေးဓာတ်ကမပြယ်သေးချေ။
ထို့ကြောင့် ရပ်ကွက်အတွင်းရှိလူးအများစုသည်လည်းမိမိတို့၏အိမ်ဝိုင်းထဲတွင်မီးလှုံကြရင်းစကားစမြည်ပြောဆိုလျက်ရှိနေကြသည်။
ဒါကလည်းဇိမ်ယူခြင်းတစ်မျိုးဖြစ်သည်။
ဟုတ်သည်။ဝမ်းစာအတွက်အပြင်သို့ထွက်ပြီးလှုပ်ရှားရုန်းကန်ရခြင်းမပြုမီအိမ်ဝိုင်းထဲတွင်မိသားစုနှင့်အတူယခုကဲသိ့ု့မီးလှုံရင်းစကားစမြည်ပြောဆိုနေရသည့်အခိုက်အတန့်လေးသည်အလွန်ကြည်နူးစရာကောင်းလှသည်။
သာယာ ပျော်ရွှင်ဖွယ်လည်းဖြစ်ပေသည်။
သို့သော်ဆယ်အိမ်မှူးကိုဝင်းကြည်မှာအများတကာကဲ့သို့မိသားစုနှင့်အတူမီးလှုံနိုင်ခြင်းမရှိဘဲကျဘမ်းအလုပ်သမားသုံးယောက်နှင့်အတူရပ်ကွက်ထိပ်သို့ကုပ်ကုပ်ကုပ်ကုပ်နှင့်လျှောက်လာခဲ့သည်။
၎င်းကိုမြင်တော့အိမ်ဝိုင်းထဲတွင်မီးလှုံနေသည့်လူအချို့ကလှမ်းစကြသည်။
“ဗျို့ ကိုဝင်းကြည်စောစောစီးစီးဘယ်ကိုတုန်းဗျ။ချောင်းတွင်း(ချောင်းအတွင်းနားရှိရေတွင်း)ထဲရေချိုးမလို့လား”
ယင်းသို့လှမ်းစတော့ကိုဝင်းကြည်ကလည်းအာဝဇ္ဇန်းရွှင်သူပီပီပြန်ပက်လေသည်။
“အေး.ဟုတ်တယ်။မင်းတို့့်ကြီးတော်ကြီးပါငါနဲ့ထည့်ပေးလိုက်ပါလား”
“ဟား.ဒါကတော့ဗျာ”
လှမ်းစကြသူတွေလည်းဆက်မပြောတတ်တော့ဘဲတဟဲဟဲနှင့်သာရယ်ရင်းကျန်ခဲ့ကြလေသည်။
ရပ်ကွက်ထိပ်သို့ရောက်တော့ကိုဝင်းကြည်သည်ထနောင်းပင်ကိုစေ့စေ့စပ်စပ်ကြည့်လေသည်။
အပင် ကြီးသည်ရပ်ကွက်ဘက်သို့ယိမ်းယိုင်နေသည်ဆိုပေမင့်စိုးရိမ်ရလောက်သည်အထိအခြေအနေမဆိုးသေးချေ။
အကယ်၍လဲကျခဲ့လျှင်တောင်ရပ်ကွက်နှင့်အနည်းငယ်ဝေးနေသည်ိမုိ့ပူစရာအနေအထားမျိုးမဟုတ်ချေ။
ထို့ကြောင့် ကိုဝင်းကြည်သည်သူ့ဝသီအတိုင်းပါးစပ်ကပွစိပွစိလုပ်ရင်းညည်းနေမိသည်။
“ဥက္ကဌကြီးကလည်းအပင်ကဘာမှမဖြစ်တာကိုခုတ်ခိုင်းနေတယ်။ထင်းရောင်းမလို့လားမသိဘူး”
ယင်းသို့ညည်းညူပြီးနောက်ကိုဝင်းကိုဝင်းကြည်ကသူခေါ်လာသည့်အလုပ်သမားသုံးယောက်အားအပင်ကိုစတင်ခုတ်ခိုင်းလေသည်။
ထိုအခါအလုပ်သားမသုံးယောက်ထဲမှကျော်စိန်ဆိုသူလည်းအသင့်ယူဆောင်လာသည့်ရဲဒင်းဖြင့်အပင်ကိုစတင်ခုတ်လေသည်။
“ဒုတ်”
“ဟေ့.မလုပ်နဲ့ ”
မလှမ်းမကမ်း နေရာမှထွက်ပေါ်လာသည့်ထိုဟန့်တားသံကြောင့်ကျော်စိန်လည်းကြောင်တောင်တောင်ဖြစ်သွားပြီးဦးဝင်းက်ြကိုလှည့်ကြည့်လိုက်သည်။
ထိုအခါဦးဝင်းကြည်က
“ဟေ့ကောင် ဆက်ခုတ်လေ။ဘာကြည့်နေတာလဲ”
“ဟိုဟို”
“ဘာလဲ ငါကဝင်းဦးနဲ့တူတယ်ြောပမလို့လားး”
“မဟုတ်ပါဘူး ၊ခုနကမခုတ်နဲ့လို့ဆရာဟန့်တားလိုက်သလားလို့”
“ဟေ..ငါကဘာလို့ဟန့်တားရမှာတုံး။ဆက်ခုတ်ကွာ။မင်းနားကြားလွဲတာဖြစ်ပါလိမ့်မယ်”
“ဟုတ်ဟုတ်ကဲ့ ”
ကေ်ျာ်စိန်လည်းသစ်ပင်ကိုဆက်ခုတ်သည်။
‘ဒုတ်.ဒုတ်”
“ဟေး.မလုပ်နဲ့။မလုပ်ပါနဲ့”
“ဟာ”
ဒီတစ်ခါကြားလိုက်ရသည့်အသံကပီပီပြင်ပြင်ဖြစ်သည်။
ပြီး..ထိုအသံကိုကျော်စိန်သာမကကိုဝင်းကြည်နှင့့်အလုပ်သမားနှစ်ယောက်ပါကြားလိုက်ကြရသည်။
“ဆရာ.ကျွန်တော်တို့ကိုဘယ်သူကတားနေလဲမသိဘူး”
မင်းလွင်အမည်ရှိအလုပ်သမားကမေးလိုက်ခြင်းဖြစ်သည်။
ထိုအခါဦးဝင်းကြည်လည်းမည်သို့မှပြန်မဖြေဘဲပတ်ဝးန်ကျင်ကိုသာအကဲခတ်နေသည်။
ဤအနီးအနားပတ်ဝန်းကျင်တွင်သူတို့လေးယောက်မှလွဲ၍မည်သူမှရှိမနေပါချေ။
ထို့ကြောင့်
“ရပ်ကွက်ထဲကလူတွေလှမ်းစတာနေမှာပါ။ကဲ.ဆက်ခုတ်ကွာ.ခဏနေရင်ငါရုံးသွားရတော့မှာ”
“ဟုတ်.ဟုတ်”
ကျော်စိန်လည်း.ခေါင်းကိုတဗြင်းဗြင်းကုတ်ပြီးဆက်ခုတ်သည်။
ယင်းသို့ခုတ်နေရင်းမှသူ၏နားထဲတွင်’တက်’ခေါက်သံတွေ၊ကလေးအချို့ငိုသံတွေကိုခပ်သဲ့သဲ့ကြားနေရလေသည်။
အတန်ကြာခုတ်မိသောအခါ၌
‘ဂျွတ်’
‘ဝုန်း’
‘ဒုတ်’
“အား”
အပင် ပြိုလဲ ကျသံနှင့်အတူကျော်စိန်၏အော်သံနက်ကြီးလည်းထိတ်လန့်ဖွယ်ရာပေါ်လာလေတော့သည်။
“ဟာ..ကျော်စိန်.ဘာဖြစ်တာလဲ”
ကိုဝင်းကြည်နှင့်တူ အလုပ်သမားနှစ်ယောက်လည်းစိုးရိမ်စွာဖြင့်ကျော်စိန်.အနားသို့ပြေးလာပြီးကြည့်ကြသည်။
“ဟာ”
“ဟင်”
သုံးယောက်စလုံးအံ့သြထိတ်လန့်သွားကြသည်။
အဘယ်ကြောင့် ဆိုသော် ကျော်စိန်၏ဘယ်ဘက်ခြေသလုံးတွင်ရဲဒင်းကြီးကလက်နှစ်လုံးခန့်စိုက်ဝင်နေသောကြောင့်ဖြစ်သည်။
ကျော်စိန်ကမူရဲဒင်းကြီးကိုလက်ဖြင့်ကိုင်ရင်းညည်းညူနေလေသည်။
“ဟာ.ဒဏ်ရာကတော်တော်ဆိုးတာပဲ။ဟေ့်ကောင်ရဲထွန်း.မြင်းလှည်းမြန်မြန်သွားငှါးစမ်း။ဆေးရုံပို့ရအောင်”
“ဟုတ်..ဟုတ်”
ရဲထွန်း လည်းမြင်းလှည်းဂိတ်ရှိရာသို့ခပ်သုတ်သုတ်ပြေးထွက်သွားသည်။
ထိုအခိုက်တွင် ဥက္ကဌကြီးနှင့်ရပ်ကွက်ထဲမှလူအချို့လည်းပြေးထွက်လာကြသည်။
ပြီး..ကျော်စိန်၏အဖြစ်ကိုမြင်လိုက်ရတော့သူတို့အားလုံးလည်းရင်ထိတ်သွားကြသည်။
“ဘယ်လိုဖြစ်တာတုံး”
ဥက္ကဌကြီးကမေးလိုက်ခြင်းဖြစ်သည်။
ထိုအခါကိုဝင်းကြည်က.ခေါင်းကိုတဗြင်းဗြင်းကုတ်ရင်း
“ခြေသလုံး ကိုရဲဒင်းစိုက်သွားတာ”
“ဟာ.အဲ့ဒါ တော့ငါလည်းမြင်တာပေါ့ကွ။ဘယ်လိုဖြစ်ြီပးစိုက်ရတာတုံးလို့မေးတာ”
“ဒါတော့ကျွန်တော်လည်းသေချာမမြင်လိုက်ဘူးဗျ”
“မင်းတို့ တော်တော် ပေါ့ဆတာပဲကွာ”
ထိုအခိုက်တွင် ရဲထွန်း ငှါးသည့်မြင်းလှည်းလည်းရောက်လာလေသည်။
ထို့နောက် ကျော်စိန် အားမြင်းလှည်းပေါ်သို့တင်ပေးလိုက်ကြသည်။
ဥက္ကဌကြီးကကိုဝင်းကြည်အား.ပိုက်ဆံ ထုတ်ပေးလိုက်ရင်း
“ကဲဝင်းကြည်.ဆေးရုံ ကိုမင်းပါလိုက်သွား။ပြီးရင်ငါ့ကိုအခြေအနေပြောဦး”
“ဟုတ်”
ကိုဝင်းကြည်လည်းမြင်းလှည်းပေါ်တက်လိုက်သည်။
ထို့နောက် မြင်းလှည်းသည်ဆေးရုံသို့မောင်းထွက်သွားလေတော့သည်။
++++++++++++++++++++++++++
အိပ်ရာ ကနိုးလာသည့်အခါမစန်းစန်းဝင်း၏တစ်ကိုယ်လုံးလည်းပေါ့ပါးလန်းဆန်း၍နေလေသည်။
နာရီ ကိုကြ့ည်လိုက်တော့ရှစ်နာရီကျော်စပင်ပြုနေပြီ။
ထို့နောက် သူမသည်မျက်နှာသစ်ရန်အိမ်အောက်သို့ဆင်းလာခဲ့သည်။
ယင်းအခိုက်တွင် ညကမက်ခဲ့သည့်အိပ်မက်ုကိုပြန်လည်သတိရမိလိုက်သည်။
မစန်းစန်းဝင်း လည်းစိုးရိမ်သွားပြီး.မျက်နှာပင်မသစ်တော့ဘဲရပ်ကွက်ထိပ်သို့ပြေးထွက်လာခဲ့သည်။
ဤသို့ဖြင့်ရပ်ကွက်ထိပ်သို့ရောက်တော့ဥက္ကဌကြီးနှင့်တကွလဲကျနေသည့်ထနောင်းပင်ကြီး၏သစ်ကိုင်း
များကိုဓာဖြငိ့်ချိုင်နေသည့်ရဲထွန်းနှင့်မင်းလွးင်ကိုအား
ွေတွ့ရလေသည်။
ထိုအခါမစန်းစန်းဝင်းလည်းသက်ပြင်းရှည်ကြီး
ကိုချပြီးဥက္ကဌြးကီဆီသို့လျောက်လ့ာခဲသည်။
“ဥက္ကြီးကီး.အပင်ကိုဘယ်တုန်းကခုတ်ပစ်
လိုက်တာတုံး”
“စောစောကမှခုတ်လိုက်တာ”
“ဟင်း ကျွန်မ တော့စိတ်မကောင်းလိုက်တာရှင်”
“ဟဲ့.နင်ကဘာကိုစိတ်မကောင်းတာတုံး”
“ဒီအပင်မှာနြေဲကတဲ့သူတွေအတွက်လေ”
ယင်းသို့ဆိုပြီးနောက် မစန်းစန်းဝင်း သည်ညတုန်းက
မက်ခဲ့သည့်အိပ်မက်ကိုပြန်ပြောပြလိုက်သည်။
ပြီးနောက်
“အိပ်မက် ကလန့်နိုးတော့ဆယ့်နှစ်နာရီပဲရှိသေးတယ်။ကျွန်မလည်းဒီကိစ္စကိုမနက်မှပြောမယ်ပေါ့။လောလောဆယ်ဆရာဝန်ပေးတဲ့ဆေးကိုသောက်ဦးမှဆိုပြီးသောက်လိုက်တာ။ဆေးကအိပ်ဆေးတွေပါတော့အခုမှနိုးလာခဲ့တာ”
ဥက္ကဌကြီးလည်းမစန်းစန်းဝင်းပြောပြသမျှကိုပါးစပ်အဟောင်းသားနှင့်နားထောင်နေလေသည်။
ပြီးနောက်
“အင်း.းဒါကြောင့်ဖြစ်မယ်ထင်တယ်.ဒီအပင်ကိုခုတ်ခဲ့တဲ့မောင်ကျော်စိန်လည်းခြေသလုံးကိုရဲဒင်းနဲ့ခုတ်မိလို့ခုနလေးတင်ပဲဆေးရုံကိုသွားပို့ထားရတယ်”
“ဟင်.ဟုတ်လား။ဒဏ်ရာကတော်တော်ဆိုးလား”
“ဆိုးတယ်လို့တော့ပြောရမှာပဲ။ရဲဒင်းကခြေသလုံးထဲ
လက်နှစ်လုံးလောက်ဝင်သွားလေရဲ့.ကဲကဲ. ဦးလည်းအိမ်ပြန်လိုက်ဦးမယ်”
ပြောပြီးသည့်နောက်ဥက္ကဌကြီးလည်း
ရပ်ကွက်ထဲသို့ဝင်သွားလေတော့သည်။
+++++++++++++++++++
တစ်ဖက်မှစကားသံရပ်သွားသည်။
အတန်ကြာသည်အထိဆက်မပြောသေး
သဖြင့်ကျွန်တော်ကပဲလှမ်းမေးလိုက်ရသည်။
“အဲ့ဒီ နောက်.ဘာတွေဆက်ထူးခြားသေးလဲအဒေါ်”
“ဟင်.သားကဘာကိုပြောတာလဲ”
“သြော်။ အပင် ကိုခုတ်ပြီးတဲ့နောက်မှာ အဲဒီအပင်မှာနေတဲ့ပုဂ္ဂိုလ်တွေကအဒေါ့်ကိုအိပ်မက်တွေဘာတွေပေးသေးလားလို့မေးတာပါ။
ဥပမာ. သူတို့တွေ ဘယ်နေရာကိုပြောင်းကြရတယ်.
ဘယ်လိုပုဂ္ဂိုလ်ကသူတို့ကိုနေစရာနေရ.ာပြန်ပေးတယ်ဆိုတာကိုပြောတာပါ”
“ဟင့်အင်. သူတို့တွေ အိပ်မက် ဆက်မပေးကြတော့ဘူးငါ့သား။အဲဒါဒီနေ့အချိန်ထိပဲ”
“သြော်။ အဲဒီအဖြစ်အပျက်ကဘယ်လောက်ကြာပြီလဲ”
“အင်း…ခြောက်လလောက်တော့ရှိပြီထင်တယ်”
“ဒါနဲ့ရဲဒင်းခုတ်မိသွားတဲ့ကိုကျော်စိန်ရဲ့အခြေအနေကော”
“ပြန်ကောင်းသွားပြီငါ့သား ။အခုရပ်ကွက်ထဲမှာဆိုက်ကားတောင်ပြန်နင်းနေပြီ”
ယင်းသို့ဖြေပြီးနောက်အဒေါ်ဖြစ်သူကဆက်ပြောသည်။
“ငါ့သား.ဒီအဖြစ်အပျက်ကိုဇာတ်လမ်းအဖြစ်ပြန်ရေးချင်တယ်ဆိုရေးလေ။အဒေါ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဆို
တော့အဆင်ပြေအောင်ကြည့်ရေးပေါ့”
“ဟုတ်။ကျွန်တော်ရေးလိုက်ပါ့မယ်။ဒါပဲနော်အဒေါ်”
ကျွန်တော်ဖုန်းပိတ်လိုက်သည်။
ပြီးနောက် ဇာတ်လမ်း အားစတင်ရေးရန်ပြင်ဆင်လိုက်ပါတော့သည်။
စင်စစ် အားဖြင့်ပရလောကသားတို့၏ဘုံဘဝသည်လွန်
စွာမှဆန်းကြယ်ှလှသလို.စိတ်မချမ်းမြေ့စရာ
လည်းအလွန်ကောင်းလှသည်။
အချို့ ဆှိုလျှင်လည်း.ကုသိုလ် ပြု၍အမျှအတန်းပေးဝေ
လျှင်တောင်မှအတိတ်ဘဝမှအကုသိုလ်ကံက
ကြီးမားလှသည်မို့သာဓုခေါ်ခွင့်မရကြရှာချေ။
အချို့ ကျတော့လည်းအငတ်ငတ်အပြတ်ပြတ်ဖြစ်နေရသည်မို့အခွင့်သာလျှင်လူတို့ထံမှအစားအသောက်များကိုလုယူစားသောက်ကြရသည်လည်းရှိပြန်သည်။
အချို့ကျတော့လည်းခန္ဓာကိုယ်ကမမြင်သင့်၊မမြင်အပ်
လောက်အောင်ဆိုးဝါးလွနွ်းလှသည်မို့လူသူရောက်ရဲန်ခဲ
ယဉ်းသည့်.တော.တောင်.ချောက်.ကမ်းပါး.စသည့်
နေရာတို့တွင်ပုန်းအောင်း.ကျက်စားကြရသည်။
မည်သို့ပင်ဆိုစေ။၎င်းတို့ဒုဂ္ဂတိဘုံသာိးတို့သည်လူ့့ဘုံကို
အမှီပြုကာကျင်လည်ကျက်စားကြရသည်မို့ကျွန်တော်တို့သည်.၎င်းတို့၏ဆန်းကြယ်မှု၊စားရေး၊သောက်ရေး၊
နေရေး၊ထိုင်ရေး.စသည်တို့က.ိုကိုယ်တိုင်မမြင်တွေ့ရလျှင်တောင်မှ.တစ်ဆင့်စကား.တစ်ဆင့်ကြား
ဆိုသကဲ့သို့ကြား.သိနေရဦးမည်ကားဧကန်မုချပင်
ဖြစ်ပါတော့သည်။
မှတ်ချက်။ ။ဤဝတ္ထုအား၂၀၁၇ခန့်က.ဆဌမအာရုံမဂ္ဂဇင်း၌’လှိုင်ဦး’ကလေ်ာင်အမည့်ဖြင့်
ဖော်ပြ ခဲ့ပြီးဖြစ်ပါသည်။
ယခု.ဆရာဆွေ(တောင်တွင် း)အမည်ဖြင့်ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
အားလုံးအေးချမ်းပါစေ..။
ဆရာဆွေ(တောင်တွင်း)

Credit