Unicode Version
လောကငရဲ(စ/ဆုံး)
————————–
ဒွဲလေးတစ်ယောက် ဖုန်းဘေကဒ်မှခဲသားကိုခြစ်ပြီးဂဏာန်းများကိုမမှားအောင် တစ်လုံးချင်းစီသေချာမှတ်ထည့်နေ၏။ အမှန်က သူဖုန်းဘေမဖြည့်ချင်။ သို့သော် သူ့စိတ်ဝယ်ကား မဆိုင်တော့သည့် မီးစိမ်းလေးတစ်ခုကို ဘာတွေများပို့ထားမလဲ ဟူသည့်အတွေးကြောင့် ဘေလ်ဖြည့်မိချင်းပင်။ ဘေလ်ဖြည့်ပြီး ပက်ကေ့ဝယ်ကာ လိုင်းဖွင့်လိုက်သည်။ ဖုန်းကလေးကိုပစ်ထားသည်မှာ လေးငါးရက်ခန့်ရှိနေပြီ ဖြစ်သည့်အတွက် လိုင်းကချက်ချင်းမပွင့်။ သို့ကြောင့် သူမစိတ်မရှည်စွာဖြင့် လေယာဉ်ပုံကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေမိသည်။ အတော်ကြာပြီးနော် မက်ဆေ့ဘောက်မှ ” တောင်…တောင်” ဟူသောအသံများအဆက်မပြတ်တက်လာသည်။
ဘာစာမှန်းမသိသေးသော်လည်း သူမျှော်နေသော တစ်စုံတစ်ယောက်ထံမှ စာလေးဖြစ်မည် ဟူသောအတွေးကြောင့် မသိစိတ်ထဲ ကြိတ်၍ဝမ်းသာနေမိသည်။ သို့သော် မက်ဆေ့ဘောက်ထဲ ဝင်ကြည့်လိုက်တော့ ခင်မင်ရသောအပေါင်းအသင်းများရဲ့ စာတွေသာဖြစ်ပြီး သူမျှော်နေသောသူထံက စာတစ်လုံးမှ ပေါ်မလာခဲ့ချေ။
” အတော်နေနိုင်တဲ့လူပါလား…အင်းပေါ့လေ သူ့မှာချစ်သူအသစ်တွေရှိရင် ရှိနေမှာပေါ့…”
တစ်ယောက်ထဲတွေးပြီး ဝမ်းနည်းစိတ်တို့ လှိုက်တက်လာကာ ပါးပြင်နုနုလေးပေါ်မှ ပူနွေးသောမျက်ရည်စတို့ လှိမ့်ဆင်းလာခဲ့သည်။ သူချစ်ရသော တစ်စုံတစ်ယောက်၏ ဝေါထဲသို့ ဝင်ကြည့်မိသည်။ ဘာတစ်ခုမှတင်မထား။ ခဏကြာတော့ ထိုလူ၏အကောင့် မီးစိမ်းလင်းလာသည်။ သူလိုင်းတက်လာပြီ ဟူသောအသိစိတ်ကြောင့် ဝမ်းသာသလိုဖြစ်သွားသည်။
အရင်လိုလိုင်းတက်လာရင် စာများပို့လာမလား ဟူသောအတွေးကြောင့် သူမစောင့်နေမိသေးသည်။ သို့သော် အတန်ကြာသည်အထိ ဘာစာတစ်လုံးမှရောက်မလာ။ ထိုလူက သူ၏အပေါင်းအဖော်များ၏ ပုံအောက်တွင်အား လောလောလတ်လတ်စာတွေမန့်ထားသည်။ ဒွဲလေးက ထိုအရာကိုကြည့်ပြီး စိတ်ယားလှသည်။ မဆိုင်တော့သည့်လူတစ်ယောက်၏ မီးစိမ်းလေးကို ထိုင်ကြည့်နေရသည်မှာလည်း အရှင်လတ်လတ်ငရဲကျသည့်နှယ် ပူလောင်လွန်းလှပါ၏။
သူမတို့နှစ်ယောက်ဆက်ဆံရေး မအေးစက်စဉ်ကာလက ချစ်စကားများကြား ချစ်စကားများကြား သူမသာယာယစ်မူးခဲ့ဖူးသည်။ ချစ်သူပြောသမျှ အမှန်ဟုထင်ခဲ့ဖူးသည်။ အရာရာလိုက်လျောခဲ့ဖူးသည်။ အချစ်တွေပုံပေးခဲ့ဖူးသည်။ တတ်နိုင်သမျှလိုက်ရောခဲ့ဖူးသည်။ မိန်းကလေးများက အညှာလွယ်သည်ဟု ပြောလာလျှင် သူမခေါင်းမခါဘဲ လက်ခံမိမည်။ ယောကျာ်းလေးတို့၏အချစ်သည် တစ်ရာ ရာခိုင်နုန်းမှစပြီး တဖြည်းဖြည်း လျော့လျော့သွားသည်။ မိန်းကလေးတို့၏ အချစ်သည်ကား သုညရာခိုင်နုန်းမှကာ ပိုပိုတိုးလာခဲ့သည်။ သူမ၏အချစ် ရာခိုင်နူန်းပြည့်သွားသည့်အချိန်၌ သူမချစ်ရသူ၏ အချစ်တို့သည်ကား သုညနောက်အနုတ်လက္ခဏာပြနေပေပြီ။
အချစ်ဆိုသည်ကား ချစ်မိပြီဆိုသည်နှင့် မချစ်ရဘဲမနေနိုင်နိူင်အောင် စွမ်းဆောင်နိုင်လွန်းသည့် ယစ်မူးစေသောအရာ။ ချစ်မိပြီဆိုသည်နှင့် အပြစ်အားလုံးသည် အချစ်တစ်ခုတည်းနှင့် နားလည်ခွင့်လွတ်နိုင်စွမ်းသည်။ ဒွဲလေးက ပါးပြင်ထက်မှကျလာသောမျက်ရည်များကို လက်ခုံနှင့်သုတ်ပြီး ဖုန်းရီကော့ထဲဝင်ကာ အသံသွင်းထားသော ဖိုင်တစ်ခုကိုဖွင့်မိသည်။ ထိုအသံဖိုင်ကား သူတို့နှစ်ယောက် မကြာခင်လက်ထပ်ကြမည်ဟု တိုင်ပင်နေကြသော အသံဖိုင်တစ်ခု။
ထိုစဉ်ကသူမ မူးလဲမတတ်ရင်ခုန်ခဲ့ရဖူးသည်။ ဟုတ်သည်လေ။ သူမအသက်တမျှချစ်ရသည့် လူနှင့်အတူနေရတော့မည်။ စိတ်ကူးပုံဖော်ခဲ့သော နှစ်ယောက်ဘဝလေးကို ပိုင်ဆိုင်ရတော့မည်။ ထိုအတွေးကြောင့် သူမတစ်ညလုံးအိပ်မပျော်။ ပိုဆိုးသည်က နှစ်ဖက်မိဘများနှင့်လည်း သဘောတူစေ့စပ်ကြောင်းလမ်းမည့်အကြောင်း အသိပေးထားပြီးသား။
သို့သော်အခြေအနေက တမျိုးတဖုံပြောင်းလဲသွားခဲ့သည်။ ဒါကလည်းသူမ၏ကံတရားသည်သာ။ တဖက်လူမှအဆက်အသွယ်ဖြတ်သွားခဲ့သည်။ သူမဖက်မှအကြိမ်ကြိမ်အခါခါ ဆက်သွယ်ခဲ့သည်။ စာပို့ခဲ့သည်။ လူအများကို အသိပေးထားသည့် ကိစ္စဖြစ်သည့်အတွက် ယခုကဲ့သို့ဖြစ်သွားသည့်အတွက် သူမအရှက်ကွဲရုံမျှအပ ဘာတစ်ခုမှမတတ်နိုင်။
ထိုည၌အခန်းကျဉ်းလေးထဲ၌ သူမအားရအောင်ငိုပစ်သည်။ အသံများပင်မထွက်နိုင်သည်အထိငိုသည်။ မိဘနှင့်အပေါင်းအဖော်တို့ကအားပေးချော့မော့သည့်တိုင် သူမအငိုမရပ်နိုင်သေး။ နာနာကျဉ်းကျဉ်း သူမှမုန်းပစ်လိုက်ချင်သည်။ သို့သော် ဘယ်လိုမှမမုန်းခဲ့နိုင်။ မနာကျည်းခဲ့နိုင်။ သူ့အပေါ် ချစ်သည့်အချစ်တို့ တစက်ကလေးမှ မလျော့ခဲ့နိုင်။ အဆက်အသွယ်မလုပ်သည့်တိုင် သူမအားလို့နေမှာ ဟုသာ သူမဖြေသိမ့်ခဲ့သည်။ ညစဉ်ညတိုင်း သူ့ဆီမှ စာတစ်လေးတစ်စောင်များပို့လေမလား၊ဖုန်းလေးတစ်ကောများခေါ်လေမလားဆိုပြီး အိပ်မရအောင်မျှော်နေခဲ့မိသည်။ တရေးလန့်နိုးတိုင်း စာများပို့ထားလေမလား ဟူသောအတွေးကြောင့် ဖုန်းစရင်ကိုဖွင့်ဖွင့်ကြည့်နေခဲ့မိသည်။ ညပေါင်းများစွာ အလွမ်းစခန်းဖွင့်ခဲ့ရသည်။
ဖုန်းစခရင်ထက်မှ သူ့ပုံလေးကိုကြည့်ပြီး ပါးပြင်မှပူနွေးသောမျက်ရည်စတို့ လှိမ့်ကျခဲ့ဖူးသည်။ သူဘယ်သူတွေနှင့်များ စာတွေပို့၊ဖုန်းတွေပြောနေမလဲဆိုပြီး အတွေးလွန်ခဲ့ဖူးသည်။ ဆုံဆည်းခွင့်မပေးခဲ့သော ကံတရားကြီးကိုသာ သူမအပြစ်တင်မိသည်။ ချစ်ဖို့ရန်လွယ်သည်။ မေ့ပစ်ဖို့ရန်ခက်သည်။ သူ့ရဲ့ဥပေက္ခာတရားကြီး၏ ဒဏ်က ပိုခံစားရခက်သည်။ မီးစိမ်းလေးမြင်နေရက်နဲ့ ဘာမှလုပ်ခွင့်မရတော့သည့် အပါယ်ခံလူတစ်ယောက်၏ ဘဝသည်ကား အရှင်လတ်လတ်ငရဲကျခြင်းတည်း။
ချစ်တတ်ခဲ့ပြီးမှ နေရစ်ခဲ့တတ်အောင် သူမသင်ယူရပေဦးမည်။ သူ့စောင့်မျှော်နေခဲ့သောမီးစိမ်းလေးသည် နာရီဝက်အကြာ၌ 11 min ago ဆိုပြီးပေါ်နေ၏။ သူမပါးပြင်ထက်မှ မျက်ရည်စတို့လည်းခမ်းခြောက်စပြုပြီ။ မတူညီသောအချစ်တို့၏ လမ်းခရီးသည်ကား မဖြောင့်ဖြူးနိုင်မှန်း သူမသဘောမပေါက်သေးချေ။ ဆက်ပြီးသူစိမ်းတစ်ယောက်၏ မီးစိမ်းလေးထိုင်ကြည့်ဖို့ သူမနေ့တိုင်းဘေလ်ဖြည့်နေဦးမည်။….။
# ခွန်း
Zawgyi Version
ေလာကငရဲ(စ/ဆံုး)
————————–
ဒြဲေလးတစ္ေယာက္ ဖုန္းေဘကဒ္မွခဲသားကိုျခစ္ၿပီးဂဏာန္းမ်ားကိုမမွားေအာင္ တစ္လုံးခ်င္းစီေသခ်ာမွတ္ထည့္ေန၏။ အမွန္က သူဖုန္းေဘမျဖည့္ခ်င္။ သို႔ေသာ္ သူ႔စိတ္ဝယ္ကား မဆိုင္ေတာ့သည့္ မီးစိမ္းေလးတစ္ခုကို ဘာေတြမ်ားပို႔ထားမလဲ ဟူသည့္အေတြးေၾကာင့္ ေဘလ္ျဖည့္မိခ်င္းပင္။ ေဘလ္ျဖည့္ၿပီး ပက္ေက့ဝယ္ကာ လိုင္းဖြင့္လိုက္သည္။ ဖုန္းကေလးကိုပစ္ထားသည္မွာ ေလးငါးရက္ခန႔္ရွိေနၿပီ ျဖစ္သည့္အတြက္ လိုင္းကခ်က္ခ်င္းမပြင့္။ သို႔ေၾကာင့္ သူမစိတ္မရွည္စြာျဖင့္ ေလယာဥ္ပုံကို ပိတ္လိုက္ဖြင့္လိုက္လုပ္ေနမိသည္။ အေတာ္ၾကာၿပီးေနာ္ မက္ေဆ့ေဘာက္မွ ” ေတာင္…ေတာင္” ဟူေသာအသံမ်ားအဆက္မျပတ္တက္လာသည္။
ဘာစာမွန္းမသိေသးေသာ္လည္း သူေမွ်ာ္ေနေသာ တစ္စုံတစ္ေယာက္ထံမွ စာေလးျဖစ္မည္ ဟူေသာအေတြးေၾကာင့္ မသိစိတ္ထဲ ႀကိတ္၍ဝမ္းသာေနမိသည္။ သို႔ေသာ္ မက္ေဆ့ေဘာက္ထဲ ဝင္ၾကည့္လိုက္ေတာ့ ခင္မင္ရေသာအေပါင္းအသင္းမ်ားရဲ႕ စာေတြသာျဖစ္ၿပီး သူေမွ်ာ္ေနေသာသူထံက စာတစ္လုံးမွ ေပၚမလာခဲ့ေခ်။
” အေတာ္ေနႏိုင္တဲ့လူပါလား…အင္းေပါ့ေလ သူ႔မွာခ်စ္သူအသစ္ေတြရွိရင္ ရွိေနမွာေပါ့…”
တစ္ေယာက္ထဲေတြးၿပီး ဝမ္းနည္းစိတ္တို႔ လႈိက္တက္လာကာ ပါးျပင္ႏုႏုေလးေပၚမွ ပူေႏြးေသာမ်က္ရည္စတို႔ လွိမ့္ဆင္းလာခဲ့သည္။ သူခ်စ္ရေသာ တစ္စုံတစ္ေယာက္၏ ေဝါထဲသို႔ ဝင္ၾကည့္မိသည္။ ဘာတစ္ခုမွတင္မထား။ ခဏၾကာေတာ့ ထိုလူ၏အေကာင့္ မီးစိမ္းလင္းလာသည္။ သူလိုင္းတက္လာၿပီ ဟူေသာအသိစိတ္ေၾကာင့္ ဝမ္းသာသလိုျဖစ္သြားသည္။
အရင္လိုလိုင္းတက္လာရင္ စာမ်ားပို႔လာမလား ဟူေသာအေတြးေၾကာင့္ သူမေစာင့္ေနမိေသးသည္။ သို႔ေသာ္ အတန္ၾကာသည္အထိ ဘာစာတစ္လုံးမွေရာက္မလာ။ ထိုလူက သူ၏အေပါင္းအေဖာ္မ်ား၏ ပုံေအာက္တြင္အား ေလာေလာလတ္လတ္စာေတြမန႔္ထားသည္။ ဒြဲေလးက ထိုအရာကိုၾကည့္ၿပီး စိတ္ယားလွသည္။ မဆိုင္ေတာ့သည့္လူတစ္ေယာက္၏ မီးစိမ္းေလးကို ထိုင္ၾကည့္ေနရသည္မွာလည္း အရွင္လတ္လတ္ငရဲက်သည့္ႏွယ္ ပူေလာင္လြန္းလွပါ၏။
သူမတို႔ႏွစ္ေယာက္ဆက္ဆံေရး မေအးစက္စဥ္ကာလက ခ်စ္စကားမ်ားၾကား ခ်စ္စကားမ်ားၾကား သူမသာယာယစ္မူးခဲ့ဖူးသည္။ ခ်စ္သူေျပာသမွ် အမွန္ဟုထင္ခဲ့ဖူးသည္။ အရာရာလိုက္ေလ်ာခဲ့ဖူးသည္။ အခ်စ္ေတြပုံေပးခဲ့ဖူးသည္။ တတ္ႏိုင္သမွ်လိုက္ေရာခဲ့ဖူးသည္။ မိန္းကေလးမ်ားက အညႇာလြယ္သည္ဟု ေျပာလာလွ်င္ သူမေခါင္းမခါဘဲ လက္ခံမိမည္။ ေယာက်ာ္းေလးတို႔၏အခ်စ္သည္ တစ္ရာ ရာခိုင္ႏုန္းမွစၿပီး တျဖည္းျဖည္း ေလ်ာ့ေလ်ာ့သြားသည္။ မိန္းကေလးတို႔၏ အခ်စ္သည္ကား သုညရာခိုင္ႏုန္းမွကာ ပိုပိုတိုးလာခဲ့သည္။ သူမ၏အခ်စ္ ရာခိုင္ႏူန္းျပည့္သြားသည့္အခ်ိန္၌ သူမခ်စ္ရသူ၏ အခ်စ္တို႔သည္ကား သုညေနာက္အႏုတ္လကၡဏာျပေနေပၿပီ။
အခ်စ္ဆိုသည္ကား ခ်စ္မိၿပီဆိုသည္ႏွင့္ မခ်စ္ရဘဲမေနႏိုင္ႏိူင္ေအာင္ စြမ္းေဆာင္ႏိုင္လြန္းသည့္ ယစ္မူးေစေသာအရာ။ ခ်စ္မိၿပီဆိုသည္ႏွင့္ အျပစ္အားလုံးသည္ အခ်စ္တစ္ခုတည္းႏွင့္ နားလည္ခြင့္လြတ္ႏိုင္စြမ္းသည္။ ဒြဲေလးက ပါးျပင္ထက္မွက်လာေသာမ်က္ရည္မ်ားကို လက္ခုံႏွင့္သုတ္ၿပီး ဖုန္းရီေကာ့ထဲဝင္ကာ အသံသြင္းထားေသာ ဖိုင္တစ္ခုကိုဖြင့္မိသည္။ ထိုအသံဖိုင္ကား သူတို႔ႏွစ္ေယာက္ မၾကာခင္လက္ထပ္ၾကမည္ဟု တိုင္ပင္ေနၾကေသာ အသံဖိုင္တစ္ခု။
ထိုစဥ္ကသူမ မူးလဲမတတ္ရင္ခုန္ခဲ့ရဖူးသည္။ ဟုတ္သည္ေလ။ သူမအသက္တမွ်ခ်စ္ရသည့္ လူႏွင့္အတူေနရေတာ့မည္။ စိတ္ကူးပုံေဖာ္ခဲ့ေသာ ႏွစ္ေယာက္ဘဝေလးကို ပိုင္ဆိုင္ရေတာ့မည္။ ထိုအေတြးေၾကာင့္ သူမတစ္ညလုံးအိပ္မေပ်ာ္။ ပိုဆိုးသည္က ႏွစ္ဖက္မိဘမ်ားႏွင့္လည္း သေဘာတူေစ့စပ္ေၾကာင္းလမ္းမည့္အေၾကာင္း အသိေပးထားၿပီးသား။
သို႔ေသာ္အေျခအေနက တမ်ိဳးတဖုံေျပာင္းလဲသြားခဲ့သည္။ ဒါကလည္းသူမ၏ကံတရားသည္သာ။ တဖက္လူမွအဆက္အသြယ္ျဖတ္သြားခဲ့သည္။ သူမဖက္မွအႀကိမ္ႀကိမ္အခါခါ ဆက္သြယ္ခဲ့သည္။ စာပို႔ခဲ့သည္။ လူအမ်ားကို အသိေပးထားသည့္ ကိစၥျဖစ္သည့္အတြက္ ယခုကဲ့သို႔ျဖစ္သြားသည့္အတြက္ သူမအရွက္ကြဲ႐ုံမွ်အပ ဘာတစ္ခုမွမတတ္ႏိုင္။
ထိုည၌အခန္းက်ဥ္းေလးထဲ၌ သူမအားရေအာင္ငိုပစ္သည္။ အသံမ်ားပင္မထြက္ႏိုင္သည္အထိငိုသည္။ မိဘႏွင့္အေပါင္းအေဖာ္တို႔ကအားေပးေခ်ာ့ေမာ့သည့္တိုင္ သူမအငိုမရပ္ႏိုင္ေသး။ နာနာက်ဥ္းက်ဥ္း သူမွမုန္းပစ္လိုက္ခ်င္သည္။ သို႔ေသာ္ ဘယ္လိုမွမမုန္းခဲ့ႏိုင္။ မနာက်ည္းခဲ့ႏိုင္။ သူ႔အေပၚ ခ်စ္သည့္အခ်စ္တို႔ တစက္ကေလးမွ မေလ်ာ့ခဲ့ႏိုင္။ အဆက္အသြယ္မလုပ္သည့္တိုင္ သူမအားလို႔ေနမွာ ဟုသာ သူမေျဖသိမ့္ခဲ့သည္။ ညစဥ္ညတိုင္း သူ႔ဆီမွ စာတစ္ေလးတစ္ေစာင္မ်ားပို႔ေလမလား၊ဖုန္းေလးတစ္ေကာမ်ားေခၚေလမလားဆိုၿပီး အိပ္မရေအာင္ေမွ်ာ္ေနခဲ့မိသည္။ တေရးလန႔္ႏိုးတိုင္း စာမ်ားပို႔ထားေလမလား ဟူေသာအေတြးေၾကာင့္ ဖုန္းစရင္ကိုဖြင့္ဖြင့္ၾကည့္ေနခဲ့မိသည္။ ညေပါင္းမ်ားစြာ အလြမ္းစခန္းဖြင့္ခဲ့ရသည္။
ဖုန္းစခရင္ထက္မွ သူ႔ပုံေလးကိုၾကည့္ၿပီး ပါးျပင္မွပူေႏြးေသာမ်က္ရည္စတို႔ လွိမ့္က်ခဲ့ဖူးသည္။ သူဘယ္သူေတြႏွင့္မ်ား စာေတြပို႔၊ဖုန္းေတြေျပာေနမလဲဆိုၿပီး အေတြးလြန္ခဲ့ဖူးသည္။ ဆုံဆည္းခြင့္မေပးခဲ့ေသာ ကံတရားႀကီးကိုသာ သူမအျပစ္တင္မိသည္။ ခ်စ္ဖို႔ရန္လြယ္သည္။ ေမ့ပစ္ဖို႔ရန္ခက္သည္။ သူ႔ရဲ႕ဥေပကၡာတရားႀကီး၏ ဒဏ္က ပိုခံစားရခက္သည္။ မီးစိမ္းေလးျမင္ေနရက္နဲ႔ ဘာမွလုပ္ခြင့္မရေတာ့သည့္ အပါယ္ခံလူတစ္ေယာက္၏ ဘဝသည္ကား အရွင္လတ္လတ္ငရဲက်ျခင္းတည္း။
ခ်စ္တတ္ခဲ့ၿပီးမွ ေနရစ္ခဲ့တတ္ေအာင္ သူမသင္ယူရေပဦးမည္။ သူ႔ေစာင့္ေမွ်ာ္ေနခဲ့ေသာမီးစိမ္းေလးသည္ နာရီဝက္အၾကာ၌ 11 min ago ဆိုၿပီးေပၚေန၏။ သူမပါးျပင္ထက္မွ မ်က္ရည္စတို႔လည္းခမ္းေျခာက္စျပဳၿပီ။ မတူညီေသာအခ်စ္တို႔၏ လမ္းခရီးသည္ကား မေျဖာင့္ျဖဴးႏိုင္မွန္း သူမသေဘာမေပါက္ေသးေခ်။ ဆက္ၿပီးသူစိမ္းတစ္ေယာက္၏ မီးစိမ္းေလးထိုင္ၾကည့္ဖို႔ သူမေန႔တိုင္းေဘလ္ျဖည့္ေနဦးမည္။….။
# ခြန္း