” လောင်းကြေး ” 📖📖📖(စ/ဆုံး)
**********************************
***************************************
wizard = ရေးသားသည်။
******************************
” ဟေ့ကောင် ညိုမင်း မင်းကော လိုက်ရမယ်နော်”
သူငယ်ချင်းတစ်စု စကားပြောနေကြခြင်းဖြစ်၏။
သူတို့ပြောနေတာက
ကျွန်တော်တို့ မြို့ရဲ့ တောင်ဘက်စွန်းစွန်းမှာရှိတဲ့ စံအိမ်ဟောင်း
အကြောင်းဗျ။ ( ဇာတ်လမ်းဖြစ်ပေါ်ရာ အချိန်ကို ရည်ရွယ်သည်)
အဲဒီစံအိမ်က နာမည်ဆိုးနဲ့ကျော်ကြားတာဗျ။
သရဲခြောက်လို့ဆိုပြီး ဘယ်သူမှမဝယ်ရဲကြတာ။
ကြားဖူးတာက…….
အဲဒီစံအိမ်ရဲ့ မူလပိုင်ရှင်သူဋ္ဌေးမဟာ အောက်လမ်းလို
လို၊ ပေယာကဂ လိုလို၊ စုန္းမလိုလို တဲ့။
လူတွေနဲ့ ခပ်စိမ်းစိမ်းနေလေ့ရှိပြီး ပြောဆိုဆက်ဆံလေ့မရှိဘူးတဲ့။
အိမ် နီးနားချင်းတွေကတော့ တစ်ချို့ညတွေမှာဆိုရင် ငိုယိုအော်ဟစ်သံ၊ ကယ်ပါယူအော်တဲ့အသံ၊ ခေါင်းရိုက်တဲ့ အသံလိုမျိုး အသံတွေ
ကြားကြားနေရသတဲ့။
တစ်ညမှာတော့
သူမရဲ့မိသားစုဝင်ခြောက်ယောက်လုံးကိုသတ်ပြီး၊ သူမကိုယ်တိုင်လည်း
ကြိုးဆွဲချ ပြီးသတ်သေသွားသတဲ့။
သူမရဲ့မိသားစုဝင်တွေသေပြီးနောက် သူမရဲ့ မောင်ဝမ်းကွဲ ဆိုသူ
တစ်ယောက်က အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံပြီး ပဲပွဲစားတစ်ယောက်
ကို စျေးစျေး ပေါပေါ နဲ့ရောင်းလိုက်သတဲ့ဗျ။
ပဲပွဲစားနဲ့ မိသားစုဝင်တွေပြောင်းလာပြီး တစ်ပါတ်လောက်အကြာမှာပဲ
ပဲပွဲစားရဲ့ မိသားစုဝင်တွေအားလုံး အကြောင်းမယ်မယ်ရရ မရှိပဲ
သတ်သေသွားကြသတဲ့။
ပဲပွဲစားက ကံကောင်းလို့မသေပေမဲ့ သွတ်သွတ် ခါအောင်ရူးသွားသတဲ့
ဗ်။
တစ်ခါ ပဲပွဲစားရဲ့ အကိုဖြစ်သူက အောက်လမ်းဆရာတစ်ယောက်ကို
ရောင်းလိုက်သတဲ့။
အောက်လမ်းဆရာက သူ့တပည့်သုံးယောက်နှင့် အတူ ပြောင်းလာပြီး
အရက်ဆိုင်ကို ဗန်းပြ သဘောဖွင့်ကာ နောက်ကွယ်မှာ မကောင်းမှု့
မျိုးစုံကို လုပ်နေတာတဲ့ဗျ။
တစ်လမပြည့်မီ မှာပဲ အောက်လမ်းဆရာနဲ့ တပည့်နှစ်ယောက်ဟာ
ရုပ်ပျက်ဆင်းပျက် သေသွားကြပြီး တစ်ယောက်က ပျောက်ခြင်းမလှ
ပျောက်သွားသတဲ့။
တစ်ချို့လူတွေက သရဲသတ်တာလို့ထင်ပေမယ့်၊ တစ်ချို့လူတွေက
တပည့်ဖြစ်သူက ဆရာနဲ့ ကျန်နှစ်ယောက်ကို သတ်ပြီး ပစ္စည်းဥစ္စာ
တွေကို ယူပြေးသွားတာ ဆိုပြီး အမျိုးမျိုးပြောကြတာပေါ့ဗျာ။
ဒီလိုနဲ့ အောက်လမ်းဆရာက နောက်ဆုံးပိုင်ရှင်ဖြစ်ခဲ့တာပေါ့။
ကာလတွေကြာတော့လည်း ချုံနွယ်ပိတ်ပေါင်းတွေပေါက်လို့ ညို့ညို့
မှုိင်းမှိုင်း နဲ့ ကြောက်စရာ စွန့်ပစ်ခံနေရာ ဖြစ်လာတာပေါ့ဗျာ။
( ဇာတ်လမ်းဖြစ်ပေါ်လာသည့် အချိန်ကိုရည်ရွယ်ပါသည်။)
အိမ်နီးနားချင်းတွေလည်း အကုန်ပြောင်းရွှေ့ကုန်ကြတော့ စံအိမ်
တစ်အိမ်ပဲကျန်ခဲ့တော့တယ်။
စံအိမ်ရဲ့ တစ်ဖက်မှာတော့ ၆ ဧက လောက်ရှိတဲ့ ပဲစင်းငုံး ခင်းတစ်ခင်း
ရှိတယ်၊ သူဋ္ဌေးတစ်ယောက်ပိုင်တာ။
ပဲစင်းငုံး ခင်းစောင့် မာလီလင်မယားနှစ်ယောက်ပဲ အဲဒီနေရာမှာနေတော့တယ်။
စံအိမ်ရဲ့ အပြင်ဘက်က ဆိုတော့ စံအိမ်နဲ့ နည်းနည်းလှမ်းတာပေါ့။
**************************************
ဒါပေမဲ့ ဒီညမှာတော့
ညိုမင်း တို့ သူငယ်ချင်းခြောက်ယောက်က အဲဒီအိမ်ကို ဝင်ပြီး အရင်
ဆုံးထွက်ပြေးသူက ကျန်တဲ့သူတွေကို တစ်ပါတ်တိတိ စားချင်တာစား
သောက်ချင်တာသောက်၊ ကျွေးမွေးကြေး လောင်းကြေးထပ်ထားကြ
တာပေါ့။
အဲဒီအိမ်ကို အရဲစွန့်ဝင်လို့ ရူးတဲ့သူ၊ သေတဲ့သူတွေ ရှိကြောင်းကြား
ဖူးကြပေမဲ့ သူတို့က မယုံကြည်ကြပါဘူး။
လုပ်ဇာတ်လို့ပဲထင်နေကြတာပေါ့ဗျာ။
ပြီးတော့ လူတွေဆိုတော့ သရဲမကြောက် တစ္ဆေမကြောက်။
ညိုမင်း က မလိုက်ချင်၊ မသွားဖို့တားမြစ်ပေမဲ့ ဦးဆောင်သူ စစ်ပိုင်
နဲ့ ကံမင်းလူ၊ နိုင်နိုင်၊ မင်းထက်၊ မောင်မောင်ကြီး၊ တို့က မရမက မဲ
ဆွယ်နေတော့ လိုက်ခဲ့ရတာပေါ့ဗျာ။
***************************
အချိန်က ည ၉ နာရီဝန်းကျင်
” စစ်ပိုင် ငါတို့ ခုချိန်ပြန်ရင် နောက်မကျသေးဘူးနော်၊ ပြန်ကြရအောင်ကွာ၊ ငါ ဒီအိမ်ထဲ မဝင်ချင်ဘူး၊ လောင်းကြေးလည်းမထပ်ချင်တော့
ဘူးကြာ”
ညိုမင်း က အကြိမ်ကြိမ်အခါခါ တားမြစ်ပေမယ့် စစ်ပိုင် ကတော့
ဘူးဆိုဘူး၊ ဖရုံမသီး ဆိုတဲ့လူစားမျိုး၊
တားမရတော့ ညိုမင်း လည်း လက်လျှော့ လိုက်ရတာပေါ့။
သူတို့ စံအိမ်ဟောင်း ရဲ့ခြံဝင်း သို့ ဝင်မည် အပြု
ပဲစင်းငုံး ခင်းစောင့် မာလီကြီးက ရုတ်တရက်ရောက်လာပြီး
” ဟကောင်တွေ နင်တို့ အဲဒီခြံထဲရော အိမ်ထဲကိုပါ မဝင်သင့်ဘူးနော်
ငါနင်တို့အတွက်ပြောတာ” လို့ ပြောပေမယ့် စစ်ပိုင် က
မာလီကို ဆဲလားဆိုလားလုပ်နေတာနဲ့ မာလီ လည်း
” နင်တို့ထိုက်နဲ့ နင်တို့ကံပဲ ” ဟုပြောကာ ထွက်သွားတာကို ခြောက်
ယောက်လုံးမြင်လိုက်ကြတာပေါ့ဗျာ။
သူတို့မှာက ဓာတ်မီးကိုယ်စီနဲ့လေဗျ။
မာလီ အဝေးရောက်မှ ခြံဝင်းထဲဝင်ပြီး အိမ်တံခါးမကို ဖွင့်မည် အပြု
ခြံရှေ့ကမီးရောင်ကို မြင်၍ ကြည့်လိုက်ကြပြန်တော့ မာလီဖြစ်နေပြန်
တယ်။
စစ်ပိုင် က ဒေါသတစ်ကြီး ခြံတံခါးနားသွားပြီး
” ခင်ဗျား မသွားသေးဘူးလား ခင်ဗျား နာချင်နေပြီထင်တယ်” လို့
ပြောလိုက်တော့ မာလီ က
” နင်ဘာပြောတာလဲ ငါနားမလဲဘူး ငါ ခုမှ မြို့ထဲကပြန်လာတာ”
တဲ့။
စစ်ပိုင် က ရယ်လိုက်ပြီး ” ဘာလဲ ငါတို့ကို လာခြောက်နေတာလား
မကြောက်တတ်ဘူး သွားစမ်းပါကွာ” ဆိုပြီး မောင်းထုတ်လိုက်တော့
မာလီလည်း ခေါင်းကုတ်ပြီး ဘာမှမပြောပဲထွက်သွားပါတော့တယ်။
**************************
အိမ်ထဲ ရောက်သည်နှင့် အံ့သြစရာက အသုံးအဆောင် ပစ္စည်းပစ္စယ
တွေ ဒီအတိုင်း ရှိနေခြင်းပါပဲ။
အိမ်က နှစ်ထပ်အိမ်ပေမယ့် ကျယ်ဝန်းပြီး အခန်းတွေလည်း မြောက်များစွာရှိတာကို နောက်ထပ်အံ့သြစရာ တစ်ခုအဖြစ်မြင်တွေ့လိုက်ကြ
ရတာပေါ့ဗျာ။
စစ်ပိုင် က ” ကဲ သူငယ်ချင်းတို့ အိမ်ထဲကိုတော့ ရောက်ပြီ ကံကောင်း
ရင် အဖိုးတန်ပစ္စည်းတွေလည်း တွေ့နိုင်တယ်၊ ထွက်ပြေးမယ်ဆိုရင်
လည်း တစ်ယောက်တည်းတော့ မပြေးကြနဲ့ ခြံရှေ့ကစောင့် လူစုံမှ
ပြန်ကြမယ်၊ ငါတို့လောင်းကြေးကိုလည်းမမေ့ကြနဲ့၊ လောင်းကြေးက
လောင်းကြေးပဲ နော် မပြောင်းလဲ သလို မလျော့ဘူး”
ဟု အားတတ်သရောပြောသလို ကျန်တဲ့ လူတွေကလည်း
” စိမ်လိုက်လေ ဘယ်သူကရှုံးမလဲ ဆိုတာ” ဟုအားတတ်သရောဖြစ်
နေကြပေမယ့် ညိုမင်း ကတော့ မဟုတ်ဘူးပေါ့ဗျာ။
” ညိုမင်း မင်းက ငါနဲ့ လိုက်၊ ကံမင်းလူ က နိုင်နိုင်နဲ့သွား၊ မင်းထက် က မောင်မောင်ကြီး နဲ့သွား လူတော့ မကွဲစေနဲ့ လောင်းကြေးကိုလည်း
သတိရကြ ဟုတ်ပြီလား” စစ်ပိုင် က တကယ့်ကိုတတ်တတ်ကြွကြွ။
ညိုမင်း နဲ့ စစ်ပိုင် ပထမထပ်က ပထမ အခန်းကို ဝင်ရုံရှိသေး
” ဝှီး” ကနဲဖြတ်သွားတဲ့ အရိပ်တစ်ခုကို ထင်ထင်ရှားရှား မြင်လိုက်ရ၍
ညိုမင်း လန့်ပြီး အော်မိတော့ စစ်ပိုင် သဘောကျစွာရယ်နေတာပေါ့။
ညိုမင်း က” အရိပ်တစ်ခု တွေ့လိုက်တယ်” လို့ပြောတော့မှ
စစ်ပိုင် ဟက်ဟက်ပက်ပက်ရယ်ပါလေရော။
ပြီးတော့ အိပ်ခန်းထောင့်မှာရှိတဲ့ စားပွဲခုံ က ဆွဲ အံတွေကို တစ်ခုပြီး
တစ်ခု ဆွဲထုတ်ကြည့်နေတယ်ဗျ။
ညိုမင်း ကတော့ တင့်တင့်ကြီးရပ်လျှက် ဓာတ်မီးကိုသာ ဆုပ်ကိုင်
ထားတယ်။
ညိုမင်း စိတ်ထဲ မသင်္ကာတာက လူမနေတာ ကြာပြီဖြစ်ပေမယ့် အိပ်ခန်းထဲက ပစ္စည်းတွေကို တစ်ယောက်ယောက်က ထမ်းသိန်းစောင့်
ရှောင့်ထားသလို ပြောင်ရှင်းနေတာကိုပေါ့ဗျာ။
” ဟာ ရွှေတွေ ကွ ရွှေတွေ ငါတို့တော့ ပွပြီကွ ဟိုကောင်တွေကို မသိစေနဲ့ တော်ကြာဝေစုပေးနေရအုန်းမယ်”
စစ်ပိုင် ပြောပြောဆိုဆို အိပ်ကပ်ထဲသို့ ထိုးထည့်နေပေမယ့် ညိုမင်း
ကတားမြစ်ဆဲတားမြစ်မြဲပါပဲ။
နောက် အံဆွဲတစ်ခုကို ဆွဲလိုက်တော့ ငွေတွေထွက်လာပြန်၍ စစ်ပိုင်
ရဲ့ မျက်နှာမှာ လောဘ ရောင်များတလက်လက်နဲ့ပေါ့ဗျာ။
ပထမ အခန်းက ရသမျှယူပြီး စစ်ပိုင် က ရှေ့က အထွက် ညိုမင်း က
နောက်က အထွက်မှာ ညိုမင်း ရဲ့ ” အောင်မလေး” ဟု အထိတ်တလန့် အော်သံကို စစ်ပိုင်ကြားတော့
” ဘာဖြစ်ပြန်ပြီလဲကွာ ” ဟု စိတ်တိုစွာပြောလိုက်တယ်ဗျ။
ညိုမင်း ကလည်း ” ဘာမှမဖြစ်” ဟုတိုတိုတုတ်တုတ် ဖြေလိုက်၏။
ပထမ အထပ်က ဒုတိယ အခန်း တတိယ အခန်းတွေကို ဝင်ကြည့်တော့ ဘာမှမတွေ့တာနဲ့ ဒုတိယ အထပ်ကို တတ်ဖို့ စစ်ပိုင် ကပြော
တော့ ညိုမင်း လည်း ” ကောင်းပြီ” ဟုပင်ပြောလိုက်တယ်ဗျ။
စစ်ပိုင် က ” ငွေတွေ ရွှေတွေကိုမြင်လို့ မကြောက်တော့ဘူးမလား”
ဟု ပြောလိုက်တေ့ာ ညိုမင်း ရှေ့ကနေပြီး တတ်သွားပါတော့တယ်။
ဒုတိယ အထပ်က ပထမ အခန်းကို ဝင်ပြီး ဟိုရှာသည်ရှာ ရှာတော့
လည်ဆွဲတစ်ပင် ကိုတွေ့တာကြောင်း စစ်ပိုင် ဝမ်းသာအားရ နောက်သို့
လှည့်ကာ ညိုမင်း ကို အပြောမှာ ညိုမင်း ရဲ့လက်ထဲက ဓာတ်မီးပြုတ်
ကျသွားပြီး ညိုမင်း လည်း ဖင်ထိုင်လျက်ဖြစ်သွားကာ
” စစ်ပိုင် မင်းနောက်မှာ မင်းနောက်မှာ သရဲ သရဲ” တဲ့။
စစ်ပိုင် လည်း ကြက်သီးမွေးညှင်းများထောင်တတ်သွား၍ မသိမသာ
နောက်လှည့်ကြည့်လိုက်တော့
” ဆံပင် ဗရပွ နဲ့ လည်ပင်းမှာလည်း ကြိုးကွင်းစွပ်ထားပြီး မျက်လုံး
ပြူးပြူး လျှာရှေ့သို့ပြူထွက်နေကာ အနက်ရောင်ဝတ်စုံနဲ့ ကြိုးဆွဲချ
လျှက်ဖြစ်နေသော သရဲမ” ကိုမြင် လိုက်ရ၍
” အောင်မလေး သရဲ သရဲ ” ဟု လန့်အော်လိုက်တော့ သရဲမလည်း
လှစ်ကနဲပျောက်သွားပြီး လက်ထဲမှာကိုင်ထားတဲ့ လည်ဆွဲက ချက်ချင်း
အရိုးသာသာကျန်တော့သည့် ကြွက်အသေ ဖြစ်သွား၍ လန့်ပြီးလွှတ်ချ
လိုက်တယ်ဆိုရင်ပဲ ကြွက်သေရိုးဟာ ” ကျွိ ကျွိ ကျွိ” မြည်ကာ
အခန်းမှ ထွက်သွားတယ်ဗျ။
ထိုစဉ်မှာပဲ သန့်ရှင်းသပ်ရပ်နေတဲ့ အိမ်အတွင်းဟာ ချက်ချင်း ဆွေမြေ့
အိုဟောင်းသွားပါတော့တယ်။
စစ်ပိုင် လန့်ပြီး ဘောင်းဘီ အိပ်ကပ် ထဲမှာထည့်ထားတဲ့ ရွှေနဲ့ ငွေကို
ကြည့်လိုက်တော့အကုန်လုံးရေညှိတွေဖြစ်နေ၍ စစ်ပိုင် အလန့်တကြား
ခါချရပါတော့တယ်။ ထိုအချိန်မှာပဲ တံခါးက ဝုန်းကနဲ ပိတ်သွား၍
နှစ်ယောက်သားတွန့်ဖွင့်ကြည့်ပေမယ့် လုံးဝမရချေ။
ဒီမှာတင် လင်းနေတဲ့ ဓာတ်မီးက ရုတ်တရက်သေသွားတော့ စစ်ပိုင်
ရော ညိုမင်း ပါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားတာပေါ့ဗျာ။
သူတို့က ဓာတ်မီးကို ကြိုးစားထွန်းကြည့်ပေမယ့် အချည်းနှီးသာ။
” စစ်ပိုင် ဘယ်လိုလုပ်ကြမလဲ တစ်ခုခုလုပ်အုန်း ငါကြောက်လာပြီ
ဒါ့ကြောင်းပြောတာ အိမ်ထဲ မဝင်ပါနဲ့ လို့ အခုတော့ ကိုယ်ကျိုးနည်းရ
ချေရဲ့”
” ညိုမင်း တိတ်စမ်းကွာ ဘာမှမဖြစ်ပါဘူး ငါတစ်ယောက်လုံးရှိပါတယ်
ဟုတ်ပြီလား”
စစ်ပိုင် ပြောသာပြောရတာ ကိုယ်တောင်လိပ်ပြာလန့်မတတ်ကြောက်နေပြီ။
” မင်းထက်၊ နိုင်နိုင် မင်းတို့ဘယ်မှာလဲကွာ ငါတို့ပိတ်မိနေပြီ ငါပြော
တာကြားကြရဲ့လား”
စစ်ပိုင် အော်လို့ အပြီးမှာ ပဲ ဘေးချင်းကပ် အခန်းက
” ဒုန်း ဒုန်း ဒုန်း ” နံရံ ခေါက်သံထွက်ပေါ်လာပြီး
” စစ်ပိုင် မင်းတို့လား ငါတို့ပါကွ မင်းထက်နဲ့ မောင်မောင်ကြီး ပါ”ဟု
အသံပေးတော့ စစ်ပိုင် စမ်းကာ နံရံကိုသွားခေါက်ကြည့်တော့ သစ်သား
နံရံဖြစ်နေတာကို သတိပြုမိလိုက်ပြီး နည်းနည်းအားထည့်ကာ ကန်လိုက်တယ် ဆိုရင်ပဲ နံရံ ပွင့်ထွက်သွား၍
တဖက်အခန်းကို ဝင်ကြည့်တော့ ကြမ်းပြင်မှာ လင်းနေတဲ့ ဓာတ်မီး နှစ်ခုကလွဲ၍ဘယ်သူမှရှိမနေ၊ တံခါး ကတော့ပွင့်လျှက်။
” ဟာ ဟေ့ကောင်တွေ မင်းတို့ဘယ်မှာလဲ စမနေကြနဲ့ကွာ ဒီအိမ်မှာ သရဲတကယ်ရှိတယ်ကွ ငါတို့ပြန်ထွက်ကြရအောင်ကွာ”
စစ်ပိုင် ရဲ့ စကားကို မည်သူကမှ မတုန့်ပြန်။
ဘေးမှာ တင့်တင့်ကြီးရပ်နေတဲ့ ညိုမင်း တောင်မတုန့်ပြန်။
စစ်ပိုင် စိတ်တိုသွားပြီး ” ကောင်းပြီ ငါနဲ့ ညိုမင်း အိမ်ထဲကထွက်တော့
မယ် ခြံရှေ့ကစောင့်နေမယ်နော် မင်းတို့အမြန်ထွက်ခဲ့ကြ” ဟု
ပြောပြီး အသွား လှေကားဦးရောက်တော့
” ဒီအိမ်က ဘယ်သူအသက်ရှင်လျှက်ထွက်နိုင်မလဲ ငါနဲ့လောင်းကြေး
ထပ်မလား” ဆိုပြီး စစ်ပိုင်ရဲ့ နားသို့ ကပ်ပြီးတိုးတိုးပြောသံကိုကြား
လိုက်၍ နောက်ကို လှည့်ကြည့်လိုက်တော့ တစ်ချိန်လုံး ညိုမင်း ဟု
ထင်ထားသူမှာကား ညိုမင်း မဟုတ်ပဲ
ခန္ဓာကိုယ် တစ်ခုလုံး ဓားတွေစိုက်ထိုးထားကာ မျက်လုံးနှစ်လုံးလည်း
ဖောက်ထုတ်ခံထားရပြီး ပါးစပ်ကို အစိတ်ခံထားရသောသရဲတစ်ကောင်
ဖြစ်နေတာပေါ့ဗျာ။
တကယ်တော့ ညိုမင်း ဟာ ပထမအထပ်ပထမ အခန်းမှာကတည်းက
ဆွဲကြိုးချနေတဲ့ သရဲမကိုတွေ့လိုက်ရ၍ ” အောင်မလေး” ဟု
အလန့်တကြားအော်ဟစ်ကာ သတိမေ့သွားတာကို စစ်ပိုင် က လောဘ
ဇောတတ်နေ၍ သတိမထားမိပဲ ညိုမင်း နေရာမှာ ချက်ချင်းဟန်ဆောင်
ဝင်လာသောသရဲကို ညိုမင်း အမှတ်နဲ့ ခေါ်ခဲ့မိတာဗျ။
စစ်ပိုင် လန့်ပြီး လှေကားက ပြုတ်ကျသွားတော့ သူ ကြမ်းပြင်ပေါ်မကျ
ပဲ သူ့အောက်မှာ တစ်စုံတစ်ခုရှိနေတာကို သတိထားမိလိုက်၍ ဓာတ်မီး
ထိုးကာကြည့်လိုက်တော့
မျက်လုံးပြူးမျက်ဆံပြူး နဲ့ အကြောက်လွန်ပြီးသေနေတဲ့ပုံဖြစ်နေတဲ့
မင်းထက် နဲ့ မောင်မောင်ကြီး ရဲ့အလောင်းပင်။
စစ်ပိုင် သေလုမတတ်လန့်ကာ အသံကုန်အော်ဟစ်လိုက်ပါတော့တယ်
ထိုအခါမှ ညိုမင်း အစစ်က သတိရလာပြီး ပထမအထပ် ပထမအခန်း
ပြေးထွက်လာကာ
” စစ်ပိုင် ဘာဖြစ်တာလဲ ဘာဖြစ်လဲ” မေးပေမယ့် စစ်ပိုင် ကတော့
အနားမကပ်ရဲ။
စစ်ပိုင် ခမျာ အလောင်းကောင်ကိုလည်းကြောက်၊ သရဲကိုလည်းကြောက်၊ ညိုမင်း ကိုလည်း ကြောက်နှင့် အော်ငိုပါတော့တယ်။
ညိုမင်း လည်း အလောင်းနှစ်လောင်းကိုမြင်တော့ အော်ဟစ်ကာ တံခါး
မကို သွားဖွင့်တာပေါ့။
ဒါပေမယ့် လည်း တစ်ခါးမက လှုပ်ပင်မလှုပ်။
ဝင်ခဲ့တုန်းက ချောချောချူချူ၊ အထွက်မှာ တစ်ခါးကို လုံးဝ ဖွင့်မရ ဖြစ်
နေပြီ။
စစ်ပိုင် က ” ကံမင်းလူ နဲ့ နိုင်နိုင် ကော ညိုမင်း မင်းတွေ့မိသေးလား
ဟု မိမိကိုယ်ကိုယ် စိတ်မပူပဲ သူငယ်ချင်းအတွက်ပူနေမိတာပေါ့ဗျာ။
**********************************
” စစ်ပိုင် ဒီမှာ လာကြည့်အုန်း ခြံရှေ့မှာမီးရောင်တွေ့တယ် ငါတို့
အကူအညီတောင်းလို့ ရလောက်တယ်”
ညိုမင်း ၏ စကားက စစ်ပိုင် ကို အမှန်တကယ်ပင် အားတတ်စေခဲ့တယ်ဗျ။
စစ်ပိုင် အပြေးထလာကာ တံခါးကို ထုပြီး ” ကယ်ကြပါ” ဟု
အော်မလို လုပ်ပေမယ့် မီးရောင်လာရာကို အသေအချာကြည့်လိုက်
တော့မှ မယုံနိုင်လောက်အောင် သူတို့ခြောက်ယောက်ဖြစ်နေတယ်ဗျ။
စစ်ပိုင် နဲ့ ညိုမင်း လည်း ကိုယ့်မျက်လုံးကို ကိုယ် မယုံနိုင်ဖြစ်ကာ
အသေအချာကြည့်ပေမယ့် တကယ်ကို သူတို့ ခြောက်ယောက်ပင်။
စစ်ပိုင် နဲ့ ညိုမင်း ကြည့်နေတုန်းမှာပဲ ပထမ မာလီရောက်လာပြီးတား
မြစ်နေ၏။
ထို အခါမှ သူတို့တွေ့ခဲ့သော ပထမ မာလီမှာ မာလီမဟုတ်ပဲ ဝတ်စုံ
နက်နဲံ လည်ပင်းမှာ ကြိုးကွင်းစွတ်ထားတဲ့ သရဲမဖြစ်ကြောင်းသိလိုက်
ရတာပေါ့ဗျာ။
သရဲမ ထွက်သွားပြီးမှ နောက်ထပ်ရလာတဲ့မာလီကသာ မာလီ အစစ်
ဖြစ်ကြောင်းပါ သိလိုက်ရတာပေါ့။
ဒီတော့ မှ စစ်ပိုင် နဲ့ ညိုမင်း က သူတို့ဒီခြံထဲသို့ မဝင်မီကတည်းက သတိပေးခံလိုက်ရကြောင်းသိလိုက်ရပေမယ့် အရာရာနောက်ကျ
နေပြီ။ သူတို့ နှစ်ယောက်လည်း စိတ်ဓာတ်ကျပြီး တံခါးမကိုမှီကာ
ထိုင်နေကြတုန်း
” ဝုန်း” ဆို ထပ်ခိုးပေါ်က အလောင်းနှစ်လောင်းကျလာပြန်တာပေါ့ဗျာ။
စစ်ပိုင် နဲ့ မင်းညို ကြောက်လွန်ပြီး တစ်ယောက်ကို တစ်ယောက်ဖက်
ထားလိုက်ကြကာ မျက်စိကိုလည်းမှိတ်ထားလိုက်ကြတယ်ဗျ။
ခဏနေပြီးမှ ဖွင့်ကြည့်လိုက်တော့ ကံမင်းလူ နဲ့ နိုင်နိုင် ရဲ့ အလောင်း
ပင်။
ကြိုးဆွဲချ သတ်ထားတာပေါ့ဗျာ။
ဒါပေမယ့် ဇောက်ထိုးကြီးဗျ။
ခြေနှစ်ချောင်းကို ကြိုးနဲ့ ချည်ထားပေမယ့် ပါးစပ်မှာ သွေးတွေထွက်နေ
သလို လျှာကလည်း အဆမတန်ပြူထွက်နေတာဗျ။
စစ်ပိုင် နဲ့ ညိုမင်း အချင်းချင်း ဖက်ထားရာကနေ စစ်ပိုင် က
” တော်ပါတော့ ရပ်ပါတော့ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တေ်ာ့
ကို ခွင့်လွှတ်ပါဗျာ ကျွန်တော် မသေချင်သေးလို့ပါ” ဟု
အော်ဟစ်ငိုယို တောင်းပန်ပါတော့တယ်။
” စစ်ပိုင် ဟိုမှာကြည့် ငါတို့ခြောက်ယောက်က အိမ်တံခါးမ ကို အလွယ်တကူ ဖွင့်ပြီးဝင်လာကြတယ်မလား ဒါဆို သူတို့ခြောက်ယောက်
လည်း တံခါးဖွင့်ပြီး ဝင်လာနိုင်တယ် ဒီတော့ သူတို့ယဝင်လာတာနဲ့ ငါတို့ ထွက်ပြေးကြမယ် ငါတို့ မသေနိုင်ပါဘူး လွတ်မြောက်နိုင်ပါတယ်
ကြ”
ညိုမင်း က ပြောပြောဆိုဆိုနှင့် ထွက်ပြေးဖို့ အသင့်ပြင်ထားပေမယ့် တကယ်တော့ သူတို့နှစ်ယောက်မြင်နေတာက သူတို့ခြောက်ယောက်ရဲ့
ပုံရိပ်ယောင်မျှသာဖြစ်တယ်ဗျ။
ဘာလို့လဲဆိုတော့ တခါးမနားအရောက်မှာပဲ မှုန်ဝါးဝါးနဲ့ပျောက်ကွယ်
သွားလို့ပါပဲ။
ဒါပေမယ့် တံခါးမက ” ကျွီ ” ကနဲမြည်ကာ အလိုလိုပွင့်သွားတော့
ညိုမင်း ကြံထားတဲ့အတိုင်း ထွက်ပြေးလို့ရပေမယ့် စစ်ပိုင် ကတော့
ထွက်လို့မရပဲ တစ်စုံတစ်ခုက သူ့ကို ဆွဲထားသလိုဖြစ်နေတယ်ဗျ။
ညိုမင်း က အပြင်ကနေပြီး စစ်ပိုင် ကို ထွက်ခဲ့တော့ ဟု အော်ပြော
ပေမယ့် စစ်ပိုင် လုံးဝလှုပ်ရှားလို့မရဖြစ်နေတော့ ညိုမင်း က အပြင်
ကနေပြီးဆွဲတုန်း
” ငါနဲ့လောင်းကြေးထပ်ပါ ငါနဲ့လောင်းကြေးထပ်ပါ” ဟု
အသံမျိုးစုံထွက်ပေါ်လာသလို ပုံစံမျိုးစုံသော ပရလောကသားများကို
မြင်လိုက်ရ၍ ညိုမင်း လန့်ပြီး စစ်ပိုင် လက်ကို လွှတ်လိုက်တယ်ဆို
ရင်ပဲ တံခါးက ဝုန်း ကနဲ ပိတ်သွားကာ စစ်ပိုင် ၏ မချိမဆံ့ အော်သံ
ကို ကြားလိုက်ရပါတော့တယ်။
ညိုမင်း စစ်ပိုင်ကိုအော်ခေါ်ကာ အပြင်ကနေပြီး တံခါးကို ထုပေမယ့်
တံခါးက မပွင့်လာတော့သလို စစ်ပိုင်ရဲ့ အော်သံလည်းတိတ်သွား
တော့ ညိုမင်း တစ်ယောက်ထွက်ပြေးရပါတော့တယ်။
ဒါပေမယ့်လည်း ခြံတံခါးသို့ အရောက်မှာ မမြင်ရတဲ့ တစ်စုံတစ်ရာက
ညိုမင်း ရဲ့ကျောကို ဝုန်း ကနဲ ရိုက်လိုက်၍ ညိုမင်း မှောက်လျက်
လဲကျသွားပါတော့တယ်။
ထိုညသည်ကား ခြောက်ခြားထိတ်လန့်ဖွယ် အတိနဲ့ အသက်တွေကို
နှုတ်ယူသွားတဲ့ ညတစ်ည ဖြစ်ခဲ့တာပေါ့ဗျာ။
**************************
မနက်ရောက်တော့ မာလီရဲ့ အသိပေးမှု့ကြောင်း သက်ဆိုင်ရာလူကြီး
များ ရောက်လာကြပြီး ခြံပြင်ကို ကိုယ်တဝက်၊ ခြံတွင်းသို့ ကိုယ်တဝက်
နဲ့ တန်းလန်းကြီး သေနေတဲ့ ညိုမင်း ရဲ့ အလောင်းကိုတွေ့ကြရပေမဲ့
ကျန်ငါးယောက်ရဲ့ အလောင်းကိုတော့ လုံးဝရှာမတွေ့ခဲ့ပါဘူး။
ခြံအပြင်၊ ခြံအတွင်း၊ အိမ်ထဲထိ ဝင်ရှာကြပေမယ့် တွေ့ရှိခြင်းမရှိခဲ့ပါဘူး။
မာလီ က မနေ့က သူတို့ခြောက်ယောက်ဝင်သွားတာကို တွေ့လိုက်
ကြောင်း အခိုင်အမာပြောနေပေမယ့် အကျန်အလောင်းတွေကိုရှာ
မတွေ့တော့ စစ်ပိုင်တို့ငါးယောက်ရဲ့ မိဘတွေက သူတို့သားတွေ
တစ်နေရာရာထွက်သွားတာပဲနေမှာပါ အချိန်တန်ရင်ပြန်လာကြလိမ့်
မယ် ဟု ပြောကြပေမယ့် ယနေ့ အချိန်ထိတစ်ယောက်မှပြန်မလာခဲ့
ကြပါဘူး။
ယခု လက်ရှိမှာတော့ စံအိမ်ဟောင်းဟာ သဘာဝဘေးဒဏ် အမျိုးမျိုး
ကြောင်း အုတ်မြစ်သာသာပဲ ရှိပါတော့တယ်။
ဒါပေမယ့် စွန့်ပစ်ခံနေရာ ဖြစ်တုန်းပါပဲ။
စံအိမ်ဟောင်း နဲ့ ပက်သက်ပြီး ပုံပြင်တွေ ဇာတ်လမ်းတွေ အများကြီး
ရှိဖူးပါတယ်။
ဒီဇာတ်လမ်းဟာလည်း အဲဒီပုံပြင်တွေထဲက တစ်ပုဒ်ပါပဲ။
**************************************
*********************************
ပြီးပါပြီ ။
**************************************
ရွှင်လန်းချမ်းမြေ့ကြပါစေ။
**********************************
လေးစားစွာဖြင့် = wizard
*************************************