လောဘနိဂုံး

လောဘနိဂုံး(စ/ဆုံး)

——————

ဒီတခါတော့အိမ်ကဖြစ်ရပ်မှန်ကိုယ်တွေ့ကိုတင်ပါမယ်

လောကမှာလူအမျိူ းမျိူ းစိတ်အဖုံဖုံဖြစ်ပျက်ပြောင်းလဲနေကြတဲ့အတွက်သံဝေဂရစရာအကြောင်းတွေအပုံအပင်ရှိနေမှာပါ

သူတပါးပစ္စည်းအချောင်လိုချင်သူတွေရဲ့့နောက်ဆုံးသွားရတဲ့လမ်းကမသာယာပါဘူး

လူတိုင်းစိတ်ကောင်းထားနိုင်စေရန်တင်ပြပါသည်

_________________< >______________

တခါသော်အိမ်ကကိုးကွယ်သောဆရာတော်ကြီးအိမ်ကိုကြွလာတုန်းဆရာတော်ကြီးအား

အဖေကစီးပွားရေးလုပ်ရန်ဘာလုပ်ငန်းများလုပ်ရင်ကောင်းမည်လဲဟုမေးကာလျှောက်ထားပါသည်။

ထိုအချိန်ကကိုယ်တို့မောင်နှမများအားလုံးကျောင်းတက်ကာပညာသင်နေသောအချိန်ဖြစ်ပါသည်။

ထိုအခါဆရာတော်ကြီးကိုလာဖူးသောတကာဦးသိန်းဆိုသောလူတစ်ယောက်ကဆရာတော်ကြီးအားအကြံပေးသည်။

””’အရှင်ဘုရား—-တပည့်တော်ကလဲပိုက်ဆံမရှိ၍စီးပွားရေးမလုပ်နိုင်ပါ—-ဒီမိသားစုနှင့်ပေါင်းလုပ်ချင်ပါသည်—–တပည့်တော်ကလူစိုက်ပညာစိုက်ကာ—–သူတို့ကငွေစိုက်လျှင်နှစ်ဦးနှစ်ဘက်အဆင်ပြေမည်ဖြစ်ပါတယ်ဘုရား—”””

ဒီအခါဆရာတော်ကြီးကအဖေသည်ပညာတတ်၍အစိုးရရုံးမှအရာရှိကြီးတစ်ဦးဖြစ်ကာဘာစီးပွားရေးမှနားမလည်တာသိထားသည်။

wျားလက်ဝေခံစားလုပ်ကာလုပ်ငန်းနားလည်သောဦးသိန်းဆိုသူနှင့်လုပ်ရန်ခွင့်ပြုလိုက်သည်။

ထိုဦးသိန်းဆိုသူသည်နဖူးပြောင်ပြောင်နှင့်ဝဝတုတ်တုတ်ဖြစ်ကာဖိုးဝရုပ်နှင့်တူသည်။

ယေဘူယျအားဖြင့်သဘောကောင်းသည်ဟုထင်ကြပါသည်သို့ပေမဲ့လူ့စိတ်ဆိုတာခန့်မှန်းရအခက်ဆုံးပင်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းစတင်ထူထောင်ရာတွင်အိမ်ကငွေစိုက်ကာဦးသိန်းကလူနှင့်ပညာစိုက်ကာလုပ်ကြသည်။

ဆရာတော်ကြီးကလဲလုပ်ငန်းအဆင်ပြေအောင်သူ့အစွမ်းဖြင့်အကုန်စီရင်ပေးကာ

လုပ်ငန်းအသစ်ဖွင့်ပွဲသို့သူကိုယ်တိုင်တက်ရောက်ကာချီးမြင့်ပေးပါသည်။

အလုပ်လုပ်မည့်သူများအားအရင်ဆုံးအနေဖြင့်ဆုံးမစကားဟောပါသည်။

””ကဲဒီလုပ်ငန်းကအောင်မြင်မှာပါကွာ——တခုရှိတာကဒီလုပ်ငန်းမှာတဦးနှင့်တစ်ဦးမှန်မှန်ကန်ကန်သစ္စာရှိရှိလုပ်ကြဘိုပဲလိုပါတယ်—–ဒီလုပ်ငန်းကိုအထက်ပုဂ္ဂိုလိတွေကိုအပ်ပေးထားတဲ့အတွက်—–မမှန်တဲ့သူဟာအကုသိုလ်အကျိူးးချက်ချင်းပေးမှာဖြစ်တယ်———မလိမ်မညာဘဲအမှန်အကန်လုပ်ပါ——””

ဆရာတော်ကြီးစကားကိုအဖေနဲ့အမေရောဦးသိန်းပါကတိပြု၍လုပ်ငန်းစကြလေသည်။

လုပ်ငန်းစလုပ်တော့အဖေကရုံးအလုပ်များနှင့်မအားသဖြင့်အမေကသာဦးဆောင်လုပ်ရသည်။

ကိုယ်တို့မောင်နှမများကတော့ရန်ဖန်ရန်ခါအမေ့အားကူပေမဲ့ကျောင်းတဖက်မို့သိပ်မကူအားပါ

အဖေနဲ့အမေကတော့ဆရာတော်ကြီးထူထောင်ပေးသောလုပ်ငန်းမို့အောင်မြင်မည်တွေးကာတက်ကြွနေကြသည်။

သိုပေမဲ့ထိုလုပ်ငန်းသည်အစပိုင်းလောက်သာအဆင်ပြေကာနောက်ပိုင်းတွင်အရှုံးကြီးပြလာသည်။

ခက်သည်ကဦးသိန်းကကုန်သည်များဖြင့်တွေ့ရသူဖြစ်ကာအမေကကုန်ချောထွက်ရန်ကြီးကြပ်ပေးရ၍

စျေးကွက်စီးပွားရေးကောင်းစွာမသိသေးသောအချိန်ဖြစ်သည်အလုပ်ကကောင်းနေပါလျှက်အရှုံးပေါ်နေခြင်းကို

အမေကဘဝင်မကျပေမဲ့ရိုးသား၍သူတပါးအပေါ်အကောင်မြင်စိတ်ရှိသောအဖေကလဲသံသယမရှိပါ

တနေ့တွင်အမေ့ထံသိုလုပ်ငန်းတူလုပ်နေသောမိန်းမတစ်ယောက်ရောက်လာကာစကားစမြည်ပြောရင်း

””’အမတို့ပစ္စည်းတွေစျေးကွက်မှာအတော်နံမည်ရလာပြီနော်—–လူကြိုက်များနေပြီကုန်သည်တွေက——–သဘောကျနေကြတယ်”””

အမေကထိုမိန်းမပြောသောစကားများကြောင့်စိတ်ထဲဇဝေဇဝါဖြစ်သွားကာဦးသိန်းအားမေးမိသည်။

””ဦးသိန်းရေကျွန်မတို့ပစ္စည်းတွေကစျေးကွက်မှာနံမည်ရတယ်ဆိုပြီး—–ဘာလိုအရှုံးပေါ်နေရတာလဲ—–””’

””’ဟုတ်တယ်လေ—-အသစ်ဆိုတော့သူများဟာထက်စျေးလျှော့ပေးရတယ်လေ—–ဒါမှမိတ်ရလာမှာပေါ့””’

အမေကဦးသိန်းရဲ့မူမမှန်တာကိုအကဲခတ်မိ၍ဦးသိန်းအားလေ့လာစုံစမ်းမိသောအခါ

အံ့သြစရာအဖြစ်ကိုသိရလေသည်မူလကပျဉ်ထောင်အိမ်ကလေးဖြစ်သောဦးသိန်းအိမ်သည်။

နေ့ချင်းညချင်းတိုက်အိမ်ဖြစ်သွားကာဘာမှမရှိသောဦးသိန်းထံတွင်ဆိုင်ကယ်များစက်ဘီးများရှိလာသည်။

အရင်ကမပြေလည်သောဦးသိန်းမိန်းမတွင်ရွှေများတစ်ဝင်းဝင်းနှင့်ပြောင်ပြောင်ရောင်ရောင်ဖြစ်လာသည်။

အရပ်ထဲကကြွေးရှင်များအားလည်းကြွေးများဆပ်ကာငွေကိုဖောဖောသီသီသုံးလာသည်ဟုသိလိုက်ရသည်။

ထိုအကြောင်းကိုအမေကအဖေ့အားပြန်ပြောပြရာအဖေလဲစိတ်မကောင်းဖြစ်သွာသည်။

ဆရာတော်အသေအချာပြောထားပါရက်လုပ်ရက်လေခြင်းတွေးကာဆရာတော်အား

တိုင်တည်ကာဖြစ်ကြောင်းကုန်စင်ရှောက်ကြလေသည်။

ဒီအခါဆရာတော်ကအလွန်စိတ်ဆိုးသွားကာဦးသိန်းအားအိမ်သို့ခေါ်ခိုင်းကာမျက်နှာစုံညီမေးလေသည်။

””’ဦးသိန်း—-ခင်ဗျားကိုကျူ ပ်ဘာပြောထားသလဲ——-ဒီလုပ်ငန်းဟာအထက်ပုဂ္ဂိုလ်တွေအပ်ပေးထားတာ—–မှန်မှန်ကန်ကန်လုပ်စားလို့ပြောထားတယ်နော်——အခုလုပ်ငန်းကအရှုံးပေါ်နေတယ်ဆိုတာတကယ်ဘဲလား”””””

””’တကယ်ပါဘဲလုပ်ငန်းဆိုတာအရှုံးအမြတ်ကတော့ရှိမှာပဲလေတစ်သမတ်ထဲတော့ဘယ်ရှိပါမလဲဘုရား—-””’

ဦးသိန်းကဆရာတော်အားခပ်မာမာပင်ပြန်လျှောက်လိုက်ရာဆရာတော်ကအတန်ကြာ

ဦးသိန်းမျက်နှာအားအကဲခတ်ကာငြိမ်သက်နေသည်ကြည့်ရသည်မှာဆရာတော်အာရုံခံကြည့်နေသည်ဟုထင်ပါသည်။

တစ်အောင့်လောက်ကြာမှဆရာတော်ကတစ်ခုခုကိုသိသွားသည့်အလားခေါင်းတစ်ညိမ့်ညိမ့်ဖြင့်ဦးသိန်းအားကြည့်ကာမိန့်လိုက်သည်။

””’ကောင်းပြီငါကယ်လို့ရတာပဲကယ်နိုင်မယ်——-ကယ်လို့မရတာတော့ဘုရားတောင်ဆင်းကယ်နိုင်မှာမဟုတ်ဘူး—-ငါ-အမှန်တရားပဲလိုချင်တယ်—-””

””’အရှင်ဘုရားတပည့်တော်မလိမ်ပါဘူး—-လိမ်ခဲ့ရင်အသေဆိုးနဲ့သေပါစေ”””

ဦးသိန်းစကားကြောင့်အားလုံးသည်အလန့်တကြားဖြင့်အံ့သြကုန်ကြသည်ဦးသိန်းအကြောင်း

အားလုံးကသိနေကြသောကြောင့်ဦးသိန်းသည်ပုဂ္ဂိုလ်ထူးဟုကျော်ကြားနေသောဆရာတော်ကိုပင်လိမ်ရဲပေသည်ဟုထင်ကြလေသည်။

ဦးသိန်းသည်မိုက်မဲစွာကျိန်၍ပြန်သွားရာဆရာတော်ကြီးကအဖေနဲ့အမေအားမိန့့်လိုက်သည်။

”””ငါစိတ်မကောင်းဘူးကွာ——သူဟာမကြာခင်သူ့့ကျိန်စာသူခံရအုံးမှာ—–မင်းတို့လဲဒီအလုပ်ကိုဖြုတ်လိုက်ပါ—–နောက်တော့လုပ်ငန်းတွေပေါ်လာမှာပါ”””

ဆရာတော်ကြီးကထိုသို့အမိန့်ရှိကာမျက်နှာမကောင်းဘဲပြန်ကြွသွားလေသည်။

နောက်တစ်ပတ်လောက်နေတော့ဦးသိန်းသည်နေ့လယ်ဘက်အပြင်ကပြန်လာ၍

သူ့တို့လမ်းထိတ်တွင်ကားတိုက်ကာပွဲခြင်းပြီးဆုံးသွားလေသည်။

ဦးသိန်းကားတိုက်ခံရကာပွဲခြင်ပြီးသေသောသတင်းကိုကြားရတော့

အဖေနဲ့အမေလဲအလွန်စိတ်မကောင်းဖြစ်သွားကြ၍ဦးသိန်းနာရေးသို့သတင်းသွားမေးရာ

ဦးသိန်းမိန်းမသည်အမုန်းစကားများပြောကာဆရာတော်ကိုပင်စော်ကားလိုက်သည်။

ဦးသိန်းအိမ်ပတ်ဝန်းကျင်ကပြောစကားအရဦးသိန်းသည်မကျွတ်ဘဲညဘက်များတွင်

သူ့့ခြံထဲတွင်တွေ့ကြရသည်ဟုဆိုသည်လမ်းထဲကလူတချို့အားခြောက်လှန့်သည်ဟုကြားရသည်။

နောက်တစ်လလောက်နေတော့ဦးသိန်းမိန်းမသည်နေ့လယ်ဘက်ခေါင်းလျှော်ရင်းအသက်ပါသွားလေသည်။

လင်မယားနှစ်ယောက်စလုံးမကျွတ်ကြ၍ထိုအိမ်တွင်ဘယ်သူမှမနေရဲတော့ဘဲ

သူတို့၏ကျန်ခဲ့သောကလေးနှစ်ယောက်အားဆွေမျိူ းများကလာခေါ်သွားကြကာအိမ်တံခါးပိတ်ထားလိုက်လေသည်။

သူတို့အိမ်ပတ်ဝန်းကျင်ကလူများကတော့သူတို့လင်မယားအားသူတို့အိမ်တွင်တွေ့နေရသည်ဟုပြောကြသည်။

သနားတတ်သောအဖေနဲ့အမေကတော့ကိုယ့်အပေါ်လိမ်စားသူတွေကိုတောင်သနားလျှက်ရှိနေသည်။

တရက်တွင်အဖေနဲ့အမေသည်ဆရာတော်ကျောင်းသို့ရောက်သွားကြရာ

ဆရာတော်သည်ဓမ္မာရုံပေါ်တွင်တစ်ပါးတည်းစကားတွေပြောနေရာအဖေတို့ကအပြင်ခုံတန်းတွင်ထိုင်စောင့်နေရသည်။

အတော်ကြာမှဆရာတော်ကအဖေတို့အားခေါ်ကာမိန့်လိုက်သည်။

”””’ငါခုဏကဘယ်သူတွေနဲ့စကားပြောနေသလဲသိလားကွ””

””’မသိပါဘူးဘုရား”””’

””’သေသွားတဲ့ဦးသိန်းတို့လင်မယားနဲ့စကားပြောနေတာကွ””’

””’သူတို့တွေမကျွတ်ဘူးလားဘုရား””’

””’ဘယ်ကျွတ်မလဲကွ—–သူတော်ကောင်းတွေကိုလိမ်တယ်ပြစ်မှားစော်ကားတယ်—–စိတ်ကောင်းရှိသူတွေရဲ့ဖြူစင်တဲ့ပိုက်စံကိုလိမ်စားတယ်လေ——-

အခုတော့ဒုက္ဓရောက်နေလို့ငါ့ဆီပြေးလာလို့လက်ခံထားရတယ်ကွ”””

”’ ငါအတန်တန်ပြောပါရက်နဲ့——မှန်မှန်ကန်ကန်လုပ်စားပါဆိုတာကို—–ခုမှနောင်တရတော့အချိန်လွန်သွားပြီလေကွာ—-လောဘကသိပ်ကြောက်ဘို့ကောင်းတယ်ကွ””

အဖေနဲ့အမေလဲထိုနေ့ညကဆရာတော်ကျောင်းတွင်အိပ်ကြကာမနက်အာရုံဆွမ်းကပ်ရန်စီစဉ်ထားသည်။

ညသန်ခေါင်လောက်ရောက်တော့အမေသည်အိပ်နေရင်းဦးသိန်းအားအိမ်မက်မက်နေသည်။

ဦးသိန်းသည်သွေးသံတရဲရဲဖြင့်တစ်ကိုယ်လုံးစုတ်ပြတ်နေကာသူ့မိန်းမသည်ထဘီရင်လျှားဖြင့်ဆံပင်ဖျားလျှားချကာ

အမေတို့အိပ်သောဇရပ်ရှေ့တွင်မက်တပ်ရပ်နေသည်ကိုကြောက်မက်ဖွယ်တွေ့ရကာလန့်နိုးသွားလေသည်။

လန့်နိုးသွားသည့်အချိန်မှာပဲဇရပ်ရှေ့တွင်ခေါ်သံလိုလိုညီးသံလ်ိုလိုအသံမျိူ းကြားလိုက်ရတာကြောင့်

အမေသည်ကြက်သီးများထသွားကာမျက်လုံးများကျယ်သွားလေသည်။

အဲဒီအချိန်မှာပဲဇရပ်တံခါးကိုအပြင်ကလာတွန်းနေသလိုတံခါးသည်လှုပ်၍နေသည်။

အမေကအလွန်လန့်သွားကာအဖေအားနိုးပေမဲ့အိပ်မောကြနေသောအဖေကမနိုးပါ

ဒါနဲ့ခြေရင်းတွင်အိပ်နေသောရွာထဲကဝိုင်ကူလုပ်ပေးရန်ရောက်နေသောအမျိူ းသမီးနှစ်ယောက်အားလှုပ်နိုး၍

”””ဟဲ့——ထကြပါအုံးအပြင်ကတံခါးလာတွန်းနေတယ်”””

အမေနိုးလိုက်၍ထိုအမျိူ းသမီးနှစ်ယောက်လဲအိပ်ချင်မူးတူးဖြင့်တံခါးအားဖွင့်ကြည့်လိုက်ရာ

လူသေအပုတ်နံ့ကြီးသည်ထောင်းကနဲနံသွားကာနှာခေါင်းများပိတ်ထားမိကြသည်။

ထိုအချိန်မှာဘဲအပြင်ဘက်ဇရပ်ရှေ့တွင်ရပ်နေသောအရိပ်မဲကြီးနှစ်ခုသည်ဇရပ်အတွင်းသို့့ဝင်လာရာလန့်၍အော်ကြလေသည်။

””’အောင်မလေးးးးးးးးးးးသရဲ——သရဲ—–””’

ထိုအသံကြောင့်အားလုံးလန့်နိုးသွားကြလေသည်။ထိုအရိပ်မဲနှစ်ခုလဲပျောက်ကွယ်သွားလေသည်။

မနက်မိုးလင်းတော့ဆရာတော်ကအဖေနဲ့အမေအားမိန့်လိုက်သည်။

”””ကဲ့ငါ့တပည့်တွေဦးသိန်းလင်မယားကညကလာတောင်းပန်တဲ့အတွက်—–ခွင့်လွတ်ပေးလိုက်ပါ——–
လောကမှာဘယ်သူမပြုမိမိမှု့ပါဘဲ—–ကိုယ်ပြုသည့်ကံကိုယ်ခံကြရတာဘဲလေ——လောဘနိဂုံးကအဆုံးမလှရှာပါဘူးကွာ——””’

အဖေနဲ့အမေလဲဆရာတော်အားအာရုံဆွမ်းမုန့်ဟင်းခါးချက်၍ကပ်ကာရွာထဲကလူများအားလဲဖိတ်ကြွေးကြသည်။

ပါလာသောလူ ဖွယ်ဝထ္ထုပစ္စည်းများကိုဆရာတော်အားဆက်ကပ်၍လူ တန်းကာ

ဦးသိန်းလင်မယားအားအမျှဝေရေစက်ချကြလေသည်။

ဆရာတော့်ကျောင်းကအပြန်ခရီးမှာတော့အဖေနဲ့အမေရဲ့စိတ်တွေသည်ပေါ့ပါးလန်းဆန်း၍နေပါတော့သည်။

ပြီး

D Moe Moe