ဝဋ်ကြွေးကျေပါစေ(စ/ဆုံး)

Unicode Version

ဝဋ်ကြွေးကျေပါစေ(စ/ဆုံး)
——————————–
အဆောင်၏ဧည့်ခန်းထဲရှိဘုရားစင်ရှေ့တွင်ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဆရာဦးမျိုးနှင့် ဆယ်တန်းကျောင်းသူလေးယုသန္တာတို့ မျက်နှာချင်းဆိုင်အနေအထားဖြင့်ထိုင်လျက်ရှိနေကြသည်။
၎င်းတို့နှစ်ယောက်၏ဘေးတစ်ဖက်တွင်တော့ Guide တစ်ဦးလည်းရှိနေသည်။
ဦးမျိုးသည် ယုသန္တာကိုစက္ကန့်အနည်းငယ်ကြာသည်အထိကြည့်နေမိသည်။
ပြီးနောက်မှ
“နင်ဘယ်သူလဲ။ဘာကြောင့်ဒီကလေးမကိုဒုက္ခပေးရတာလဲ”
ယင်းသို့မေးတော့ ယုသန္တာက အသံသေးအသံကြောင်ဖြင့်ပြန်ဖြေသည်။
“ငါ့နာ်မည်က ငွေရီ။ဗိမာန်ရပ်ကွက်မှာနေတယ်။ငါ့မှာသားတစ်ယောက်၊သမီးနှစ်ယောက်ရှိတယ်။သမီးအကြီးက ဆယ်တန်းအောင်ပြီးPPTTပထမနှစ်တက်နေတယ်”
ဦးမျိုး မျက်မှောင်ကြုတ်ကာ စဉ်းစားမိသည်။
သူကြားဖူးသည်မှာ အချို့သောစုန်းတွေက ဝင်ပူးပြီးလျှင် နာမည်မေးသော်လည်းမဖြေကြချေ။
ယခုဤ အမျိုးသမီးကြီးကမူပေါ်တင်ကြီးကိုဖြေချရုံမျှမက မိသားစုအကြောင်းကိုပါထည့်ပြောနေသေးသည်။
ထို့နောက်ဦးမျိုးက
“နင် ငါ့ကျောင်းထဲကိုဘယ်လိုဝင်လာတာလဲ”
“ငါ့ပညာကအရမ်းမြင့်တယ်။ကောင်းကင်ကနေပျံပြီးဝင်လာတာ။ငါဒီလိုလုပ်တာ နင်တို့ကိုမကျေနပ်လို့မဟုတ်ဘူး။ဒီကလေးမကိုမုန်းလို့လုပ်တာ”
ဦးမျိုးမျက်မှောင်ကြုတ်သွားရပြန်သည်။
ပြီးနောက်
“နေပါဦး။နင်မုန်းနေရလောက်အောင် ဒီကလေးမက ဘာတွေလုပ်လို့တုံး”
“ဘာမှမလုပ်ဘူး။ဒါပေမယ့် သူက အရမ်းရုပ်ချောတယ်။မျက်လုံး၊မျက်ခုံးနဲ့နှာတံလေးကအရမ်းလှတယ်။ကုလားမင်းသမီးလေးအတိုင်းပဲ။ဆံပင်ကလည်းအရှည်ကြီး။ငါ့သမီးကျတော့ အရမ်းရုပ်ဆိုးတယ်။ဒါကြောင့်ဒီကလေးမကို ငါမနာလိုလို့လုပ်တာ”
ဦးမျိုးသက်ပြင်းချမိသည်။
ပြီးနောက်
“နင်ဒီလိုလုပ်လိုက်လို့ရော နင့်အတွက်ဘာအကျိုးထူးလာမှာမို့လို့လဲ။ဒီကလေးမ ရုပ်ချောတယ်ဆိုတာကလည်း ဘယ်သူမှ လုပ်ပေးထားတာလည်းမဟုတ်ဘူး။သူ့ကုသိုလ်နဲ့သူ ရလာတာ။နင်အခုလိုလုပ်နေရင် ဒီလိုဝဋ်ကြွေးတွေ နင်ပြန်ခံရမယ်ဆိုတာ မသိဘူးလား”
“ငါသိတယ် ။ဒါပေမယ့်ဒီဘဝမှာဒီကလေးမ ပျက်စီးသွားရင် ငါကျေနပ်တယ်။နောက်ဖြစ်လာမယ့်ဝဋ်ကိုနောက်မှပဲခါးစီးခံတော့မယ်..။အခုတောင်ဒီကလေးမမှာကျန်းမာရေးမကောင်းတော့လို့ အရမ်းရှည်တဲ့ဆံပင်တွေကိုဖြတ်လိုက်ရပြီ။ငါတကယ်ကျေနပ်တယ်။နောက်ပြီး သူ့ကိုဆေးကုလိုက်ရလို့ သူ့မိဘတွေလည်း ပိုက်ဆံတွေအများကြီးကုန်ခဲ့ရပြီ။အဲဒီအတွက်လည်းငါအရမ်းကျေနပ်တယ်”
ဦးမျိုးစိတ်ပျက်စွာဖြင့်ခေါင်းခါရမ်းမိသည်။
ပြီး သံဝေဂလည်းရမိသည်။
မနာလိုစိတ်များ ဘယ်လောက်အထိတောင် ကြောက်ဖို့ကောင်းလိုက်ပါသလဲ။
ထို့နောက်
“နင်ဒီပညာတွေကိုဘယ်က တတ်ခဲ့တာလဲ”
“ငါ့အမေသင်ပေးခဲ့တာ။ငါ့အမေကမွေးကတည်းကတတ်တဲ့ဝမ်းတွင်းစုန်းမဟုတ်ဘူး။ကြီးမှသင်ပေးရတဲ့သင်စုန်း။ငါ့အစ်ကိုနှစ်ယောက်ကိုလည်းငါ့အမေကသင်ပေးတယ်။အစ်ကိုနှစ်ယောက်ကမယူဘူး။ဒါကြောင့်ငါ့ကိုပဲအဓိကထားပြီးသင်ပေးတာ။
ငါ့အမေပြုစားခဲ့တဲ့လူတွေ ဆိုအယောက်နှစ်ရာလောက်ရှိတယ်။ကံနိမ့်တဲ့လူတွေတော့သေကြတယ်”
“ကျွတ် ကျွတ် ”
ဦးမျိုးစိတ်မသက်သာစွာဖြင့်စုပ်သပ်မိသည်။
ပြီးနောက်
“စောစောကနင်ပြောတာ..နင့်သမီးက ဆယ်တန်းအောင်ပြီး PPTTတက်နေပြီတဲ့နော်။ဒါဆို နင့်အသက်လည်း မငယ်လောက်တော့ဘူး။နင်ဒီကလေးမကိုဆက်ပြီးမနှောင့်ယှက်ပါနဲ့တော့။ဒီလိုလုပ်လို့လည်းမသင့်ပါဘူး။သူ့ခန္ဓာကိုထဲက ထွက်သွားပေးပါတော့”
“ငါထွက်မပေးနိုင်ဘူး”
“နင်ဘာလိုချင်လဲ။ဘာစားချင်လဲ။ငါတို့အကုန်လိုက်လျောပေးမယ်”
ဦးမျိုးက ယင်းသို့ဆိုလာတော့ ယုသန္တာကိုယ်ထဲဝင်ပူးနေသည့်ဒေါ်ငွေရီက
“ငါလိုချင်တာက ဒီကလေးမကိုဘာစာမှသင်မပေးဘဲအိမ်ပြန်လွှတ်ပေးစေချင်တယ်။ငါစားချင်တာကလည်း ဒီကလေးမရဲ့အသားပဲ”
“ဘာ”
ဦးမျိုးထိတ်လန့်ပြီး ထအော်မိသလို၊အနားမှGuideလည်းလန့်ဖျပ်သွားမိသည်။
ပြီးနောက် ဦးမျိုးက
“နင်ဒီကလေးမကို ဒီလောက်စားချင်နေရင် စားလေ။ဘာလို့မစားတာလဲ”
“ငါစားလို့မရသေးဘူး။အရင်တုန်းက ငါသူ့ကိုပြုစားခဲ့သေးတယ်။အဲဒီတုန်းက ဘုန်းကြီးနဲ့အခြားပယောဂဆရာတွေပြန်ကုပေးတာကြောင့်ငါ့ပယောဂကနည်းနည်းလေးပဲကျန်တော့တယ်။ဒါကြောင့်အခုငါဝင်ပူးတာနုနုလေးပဲပူးလို့ရတာ။တကယ်ဆိုတအား ကြမ်းကြမ်းပူးချင်တာ”
ဒေါ်ငွေရီက ယင်းသို့ပြောနေခိုက်တွင် တိုင်ကပ်နာရီမှညဆယ့်တစ်နာရီထိုးသံမြည်လာသည်။
‘ဒင် ဒင်.ဒင်’
ထိုအခိုက်မှာပင် မြသန္တာ၏မိဘနှစ်ပါးလည်း အဆောင်ပေါ်သို့ရောက်လာကြသည်။
၎င်းတို့နေထိုင်သည့်ရွာနှင့်ဤကျောင်းအဆောင်သည် အလွန်ဝေးကွာသော်လည်း ဆင်းရဲလွန်းသဖြင့်လာစရာလှည်းမရှိဘဲ ဘုန်းကြီးကျောင်းမှကားဖြင့်သာလာခဲ့ကြရသည်။
ယင်းအခိုက်တွင် ယုသန္တာ၏ကိုယ်ထဲတွင်ဝင်ပူးနေသည့်ဒေါ်ငွေရီက မနားတမ်းတရစပ်ပြောနေပြန်သည်။
“ဒီကလေးမက ငါ့သမီးထက်စာတော်တယ်။ငါ့သမီးထက်ရုပ်ချောတယ်။ငါ့သမီးထက်သာသွားမှာကိုငါမလိုလားဘူး။ဒါကြောင့်ငါလုပ်တာ။ရွာကဘုန်းကြီးက..ဒီကလေးမနဲ့ဦးကြီးတော်စပ်တယ်။မိဘတွေကျောင်းမထားပေးနိုင်ပေမယ့် ဘုန်းကြီးက ကျောင်းထားပေးမှာ။ငါသူ့ကိုကျောင်းစာတွေကျက်ခွင့်မပေးနိုင်ဘူး။ငါ့သမီးထက်တော်သွားမှာ။ပြီးခဲ့တဲ့နှစ်က ဒီကလေးမကိုငါပြုစားခဲ့သေးတယ်..ဒါပေမယ့် ကုသိုလ်ကံကောင်းတော့ သေမလိုပဲဖြစ်ခဲ့ရတယ်”
ဦးမျိုး အကြီးအကျယ်စိတ်ပျက်ကာ ခေါင်းကိုတသွင်သွင်ခါရမ်းရင်း
“အ.ကုသိုလ်တွေ.. အ.ကုသိုလ်တွေ”
ဟုသာထပ်ခါထပ်ခါရေရွတ်ညည်းညူနေမိတော့သည်။
ယုသန္တာ၏မိဘနှစ်ပါးကလည်း တရှုံ့ရှုံ့နှင့်ငိုနေကြသည်။
ယင်းအခိုက်တွင် ဦးမျိုးက ယုသန္တာကိုစူးစူးစိုက်စိုက်ကြည့်လေရင်း
“နင်ဒါမျိုးတွေလုပ်လို့ ဘာအကျိုးထူးမှာလဲ။ဘာအဓိပ္ပါယ်ရှိမှာလဲပြော”
“ငါပြောပြီးပြီလေ။ငါ့အတွက်အကျိုးမရှိပေမယ့် ဒီကလေးမ ဒုက္ခရောက်တာကိုကျေနပ်တယ်လို့။နောင်ဖြစ်လာမယ့်ဝဋ်ကြွေးကိုလည်းငါခါးစည်းခံမယ်လို့။တကယ်တော့ဒီကလေးမကိုရော..သူ့မိဘတွေကိုရော ငါမေတ္တာထားပါတယ်။ဒါပေမယ့် ကလေးမက ငါ့သမီးထက်ပညာ၊ရုပ်ရည်နဲ့ဆံပင်ကအစသာနေတော့
သူ့ကို ဘယ်လိုမှမေတ္တာမထားနိုင်ဘူး”
ဦးမျိုး အံကြိတ်လိုက်သည်။
ပြီးနောက်
“ကဲ နင်ဒီလောက်တောင်ဖြစ်လှတာ”
ယင်းသို့ကြိမ်းရင်း ယုသန္တာ၏ကျောပြင်ကိုသိမ်ဝင်ပုတီးဖြင့် သုံးလေးကြိမ်ခန့်သပ်ချလိုက်သည်။
“အား အမလေးတော့”
ယုသန္တာလည်း ကြမ်းပြင်ပေါ်တွင်လူးလှိမ့်ပြီးအော်ငိုနေလေတော့သည်။
ထိုအခါ သူမ၏မိဘနှစ်ပါးနှင့် Guide ပါ လန့်ဖျပ်သွားမိကြသည်။
ဦးမျိုးက
“နင်သူ့ခန္ဓာကိုထဲက အခုထွက်ပေး။ဒါဆိုနင့်ကိုဘာမှမလုပ်တော့ဘူး”
“ဟင့်အင် ငါထွက်မပေးနိုင်သေးဘူး။ဆယ့်တစ်နာရီကျော်မှငါထွက်သွားမှာ။အခုနေ ငါထွက်သွားရင် ဒီကလေးမက စာပြန်
ကျက်မယ်။စာကျက်ရင် ငါ့သမီးထက် သာသွားလိမ့်မယ်။ဒါမျိုးကိုငါခွင့်မပြုနိုင်ဘူး”
ဦးမျိုးအလွန်အမင်းစိတ်ပျက်သွားမိပြန်သည်။
ထို့နောက်Guideကိုပြောလိုက်သည်။
“မြို့ထဲက ရွှေရင်ကျော်ဆရာကိုသွားပင့်ပေးစမ်းပါ။ငါနဲ့တော့အဆင်ပြေမှာမဟုတ်ဘူး”
“ဟုတ်”
Guide လည်း အဆောင်ပေါ်မှ ခပ်သွက်သွက်ဆင်းသွားသည်။
ယင်းအချိန်၌ ယုသန္တာ၏ခန္ဓာကိုယ်ထဲမှဒေါ်ငွေရီကလည်း ‘ဤကလေးမသူ့သမီးထက်လှပြီး စာတော်သည်ကိုမနာလိုပြီး လုပ်ရသည်ဟုသာထပ်ခါထပ်ခါပြောနေလေသည်။
မိနစ်အနည်းငယ်အကြာ၌Guideနှင့်အတူ ရွှေရင်ကျော်ဆရာလည်း အဆောင်ပေါ်သို့ရောက်လာသည်။
ပြီးနောက် ဦးမျိုးနည်းတူ
ယုသန္တာ၏ခန္ဓာကိုယ်ထဲမှ ဒေါ်ငွေရီကိုမေးပြန်လေရာ ဒေါ်ငွေရီကလည်း ပညာတွေမိခင်ဆီမှရခဲ့ပုံ၊ဤကလေးမကိုစားချင်သော်လည်း ကံမြင့်နေသေးသည်မို့စား၍မရသေးကြောင်းစသည်တို့ကို အကုန်ပြန်ဖြေသည်။
ထို့နောက် ရွှေရင်ကျော်ဆရာက
“ကဲ..နင်ဒီပညာတွေကိုတွေကိုလှူ
လိုက်ပါ။လူတွေအပေါ်ကိုလည်းမေတ္တာစိတ်ထားပါ”
ယင်းသို့ပြောတော့ ဒေါ်ငွေရီက
“မလှူနိုင်ဘူး။အခြားလူတွေကိုမေတ္တာထားလို့ရပေမယ့်ဒီကလေးမကိုတော့မေတ္တာလုံးဝမထားနိုင်ဘူး”
ထိုအခါရွှေရင်ကျော်ဆရာလည်း သူ့တွင် ပါလာသည့်အပ်ချည်ကိုဆွဲကြိုးသဖွယ်ပြုလုပ်ကာယုသန္တာ၏လည်ပင်းကိုစွပ်ပေးပြီး ဘုရားစင်ပေါ်ရှိကျောင်းဆောင်ကလေးရှေ့မှ အသင့်တင်ထားသည့်ပရိတ်ရေဘူးကိုခွက်သန့်သန့်တစ်ခွက်ထဲသို့ထည့်ကာ ယုသန္တာကိုမျက်နှာသစ်ပေးသည်။
ပြီးယင်းပရိတ်ရေဖြင့်မျက်စဉ်းခတ်ပေးရင်း ပါးစပ်မှ ‘ဥုံ’ခံကာ ဂါထာတစ်ပုဒ်ကိုရွတ်ဆိုနေသည်။
ထိုအခါယုသန္တာလည်း အော်ဟစ်နေလေတော့သည်။
“အမလေးတော့်။ပူလှပါပြီ။စပ်လှပါပြီ။မျက်လုံးတွေလည်းကန်းတော့မှာပါ။ကြောက်ပါပြီ”
ယင်းသို့တရစပ်အော်ရင်းကြမ်းပြင်ပေါ်တွင် လူးလှိမ့်၍နေလေသည်။
ထိုအခါမှ ရွှေရင်ကျော်ဆရာလည်း သူ၏လုပ်ငန်းစဉ်ကိုရပ်ထားလိုက်ပြီး’နောက်နောင် ဤကလေးမကိုဒုက္ခမပေးရန်ကတိတောင်းသလို၊အခြားသက်ရှိသတ္တဝာတွေကိုလည်း ဒုက္ခမပေးရန် ကတိတောင်းပြီးသစ္စာရေတိုက်ကာ ပြန်လွှတ်လိုက်သည်။
ဒေါ်ငွေရီထွက်သွားပြီး ပြီးချင်းမှာပင် ယုသန္တာလည်း ကြမ်းခင်းပေါ်သို့ပုံလဲကျသွားသည်။
ပြီးနောက် ခေတ္တ အကြာ၌မှာပင် သတိပြန်ရလာသည်။
ထို့နောက် သားအမိသုံးယောက်ဖက်ကာတရှုံ့ရှုံ့နှင့် ငိုကြလေတော့သည်။
ယင်းသို့ ငိုကြပြီးသည့်နောက် မိဘနှစ်ပါး
က ဦးမျိုးကိုအကျိုးအကြောင်းပြောပြပြီး ယုသန္တာအား ဆေးကုပေးရန်အတွက် ခေတ္တ ပြန်လည်ခေါ်သွားကြလေတော့သည်။
++++++++++++++++++++++
ယုသန္တာရွာသို့ပြန်ရောက်ပြီး ဆေးကုရာ ရက်အနည်းငယ်၌ပင်ပြန်လည်သက်သာလာသည်။
ထိုအခါဒေါ်ရီငွေ၏သားဖြစ်သူ ကြည်လွင်မှာမကျေမချမ်းဖြစ်လျက်ရှိနေသည်။
ပြီး..သူသည် ယုသန္တာအားမိခင်ဖြစ်သူက ပြုစားရာ၌ ဆရာက ဆုံးမပြီး ပြန်လည်
ကုပေးခဲ့သည့်အဖြစ်ကိုလည်း ကောင်းစွာသိရှိခဲ့ပြီးဖြစ်သည်။
ယုသန္တာတို့မိသားစုသည် လယ်ယာနှင့်အတူ ကော်ဖီလည်းစိုက်ကြသည်။
လယ်ယာစိုက်ပြီး နားချိန်၌ တပိုင်တနိုင်ကော်ဖီခြံအတွက် ပေါင်းရှင်းဆေးဖြန်းလုပ်ကြသည်။
တစ်ရက်တွင်နေ့လည်စား နားချိန်၌ ယုသန္တာက ဖခင်ဖြစ်သူကိုပြောသည်။
“ပါပါး။သမီး ဘုရားဘကျကိုသှားလိုကျဦးမယျ”
“သြော် အေးအေး သွားလေ။သိပ်တော့မကြာစေနဲ့နော်သမီး”
“ဟုတ် ”
ယုသန္တာခြံထဲမှထွက်သွားသည်။
ထိုစေတီဘုရာသည် ကော်ဖီခြံ၏မြောက်ဘက်ခပ်လှမ်းလှမ်းတွင်သာရှိနေသည်။
သို့သော်မိဘနှစ်ပါး ထမင်းစားနားပြီး ကော်ဖီခြံထဲအလုပ်ပြန်ဆင်းသည့်အချိန်ထိ ယုသန္တာက ပြန်မလာသေးချေ။
ယင်းလည်း ခပ်ပေါ့ပေါ့ ပင်နေလိုက်ကြသည်။
သို့သော် ညနေစောင်းအချိန်သို့ရောက်လာပြန်သော်လည်းယုသန္တာက ပေါ်မလာပြန်သေးချေ။
ထိုအခါ မိဘနှစ်ပါးလည်းစိတ်ပူပြီးလိုက်ကှာကြရာ စေတီ၏မြောက်ဘက်မလှမ်းမကမ်းတွင် စေတီဘက်သို့မျက်နှာမူကာ လက်အုပ်ချီ၍ ကန်တော့ဟန်ဖြင့်သေဆုံးနေသည့် ယုသန္တာကိုတွေ့လိုက်ရသည်။
ပြီးသူမ၏လည်ပင်းနှင့်ကျောပြင်တစ်ခုလုံးသည်လည်းဓားဒဏ်ရာတွေဖြင့်သွေးအလိမ်းလိမ်းဖြစ်ကာ ချီထားသည့်လက်အုပ်မှလက်ချောင်းကလေးများကလည်း ဓားဖြင့်အခုတ်ခံထားရသည်မို့ မြေပြင်ပေါ်သို့ပြတ်ကျလျက်ရှိနေသည်။
“သမီး ..အမလေး သမီးရဲ့ အဖြစ်ဆိုးလှချည်လားကွယ်”
မိဘနှစ်ပါးလည်း ယုသန္တာ၏အလောင်းကိုဖက်ကာ ရင်ကွဲမတတ်ငိုကြလေတော့သည်။
+++++++++++++++++++++++++
ရွာခံလူတွေလည်း ရဲစခန်းသို့အကြောင်းကြားရ၊ယုသန္တာ၏အလောင်းကို လည်းဆေးရုံသို့ပို့ကြရ၊တစ်ဖန် ဆေးရုံမှပြန်သယ်ပြီး သဂြိုလ် ဖို့လုပ်ကြ ရ..စသည်စသည်တို့အလုပ်ရှုပ်ကြရလေတော့သည်။
ထို့နောက် ယုသန္တာ၏အလောင်းကို သဂြိုလ် ပြီးသည့်နောက်တစ်နေ့တွင် ဒေါ်ငွေရီ၏သားဖြစ်သူ ကြည်လွင်လည်း အိမ်ထဲမှအိမ်အပြင်မထွက်တော့ဘဲ တစ်နေကုန် အရက်သောက်လိုက်၊ငိုလိုက်ဖြင့်လုပ်နေတော့သည်။
ပြီး ပါးစပ်မှလည်း
“ငါမှားတယ်၊သတ်မိတာငါမှားတယ်”
ဟုတစ်ကိုယ်တည်းရေရွတ်နေသည်။
တစ်ဖန်..လူကလည်း စိတ်တွေ ကယောင်ချောက်ချားဖြစ်လာသည်။
ထိုအခါ မူလကတည်းက ကြည်လွင်ကို
သင်္ကါမကင်းဖြစ်နေသည့်အုပ်ချုပ်ရေးမှူး
က ၎င်းကိုဖမ်းကာ သံသယတရားခံအဖြစ် ရဲစခန်းသို့ပို့လိုက်သည်။
ကြည်လွင်လည်း အချုပ်ထဲသို့ရောက်သွားသည်။
ထိုအခါ ဒေါ်ငွေရီလည်း သားဖြစ်သူကို ဖမ်းရကောင်းလားဟုဆိုကာ ကြိမ်းလားမောင်းလားဖြင့်သောင်းကျန်းနေလေရာ သူမကိုပါ အချုပ်ထဲသို့ထည့်ထားလိုက်ရလေတော့သည်။
+++++++++++++++++++
မှောင်ရီစသည်တဖြည်းဖြည်းပျိုးလာပြီဖြစ်သည်။
ထိုအခါယုသန္တာ၏မိဘနှစ်ပါးနှင့်အတူ သူမ၏အဒေါ်ဖြစ်သူဒေါ်နန်းဝေ
လည်း ထမင်းစားပြီး ဘုရားဝတ်ပြုရန်အတွက် ဘုရားစင်ရှေ့တွင်ထိုင်လိုက်ကြသည်။
ဘုရားစင်ပေါ်မှဆီမီးတိုင်တွေကလည်း တစ်ခန်းလုံးလင်းထိန်နေသလို၊အမွှေးတိုင်ရနံ့ကလည်းသင်းပျံ့လျက်ရှိနေသည်။
ထို့နောက် ဘုရားဂုဏ်တော်ကိုစတင်အာရုံပြုကြစဉ် ဒေါ်နန်းဝေက
“ပါပါး ပါပါးသမီးကိုကယ်ပါ”
ယင်းသို့အကူအညီတောင်းရှိုက်ကြီးတငင်ငိုကြွေးတော့မိဘနှစ်ပါးလည်းပျာယာခတ်သွားကြသည်။
ထို့နောက်
“ဟဲ့..ဘယ်လိုဖြစ်တာလဲ။နင်ဘယ်သူလဲ၊ဘယ်ကလဲ။ဘယ်သူလဲ”
ယင်းသို့ထပ်တလဲလဲမေးတော့ဒေါ်နန်းဝေကခပ်တိုးတိုးလေးပြန်ဖြေသည်။
“သမီးပါ”
“ဟေ”
“ဟယ်”
မိဘနှစ်ပါးမှာအံသြဝမ်းသာသွားကြသည်။
“သမီး သမီးအမေတို့ဆီပြန်လာတယ်နော်”
ဖခင်ဖြစ်သူကလည်း
သမီးဘယ်မှမသွားနဲ့နော်.ပါပါးတို့ဆီမှာပဲနေပါ။သမီးကိုဘယ်သူသတ်တာလဲပြောစမ်း။ပါပါးလက်စားချေပေးမယ်”
ထိုအခါ ယုသန္တာဝင်ပူးထားသည့်ဒေါ်နန်းဝေက ဖခင်ဖြစ်သူကို စိုက်ကြည့်ပြီး ရှိုက်ကြီးတငင်ငိုသည်။
“ခွင့်လွှတ်လိုက်ပါ..ပါပါးရယ်။သမီးလည်းခွင့်လွှတ်ပါတယ်။အတိတ်ဘဝက ဝဋ်ကြွေးပါခဲ့လို့ဒီဘဝမှာလာပေး
ဆပ်ရတယ်လို့ပဲသဘောထားလိုက်ပါ.သမီးဝဋ်ကြွေးကိုဒီမျှနဲ့ပဲကျေပါစေလို့ ပါပါး နဲ့မာမားဆုတောင်းပေးပြီး ကောင်းမှုကုသိုလ်တွေလုပ်ပေးပါ”
“သြော် သမီးရယ်..”
မမျှော်လင့်သည့်စကားတွေကြောင့် မိဘနှစ်ပါးမှာ မျက်ရည်မဆည်နိုင်အောင်ဖြစ်သွားကြရသည်။
“သမီးကြာကြာနေလို့မရဘူးပါပါး။သမီးမှာအဖော်တွေပါသေးတယ်။သမီးတို့နယ်ပြောင်းရတော့မယ်။အခုပါပါးတို့ကိုနှုတ်ဆက်ချင်လို့ ရွာစောင့်နတ်ကိုခွင့်တောင်းပြီးဝင်လာခဲ့ရတာ။ခဏပဲပါပါး”
မိဘနှစ်ပါး လည်းဝမ်းပန်းတနည်းဖြင့် ငိုကြရုံမှအပ.ဘာမှမတတ်နိုင်ချေ။
သမီးလေးကောင်းမွန်ရာဘဝသို့ရောက်အောင်ကုသိုလ်ကောင်းမှုပြု
လုပ်ပေးရုံမှတစ်ပါးအခြားမရှိတော့ပါ။
ထို့နောက် ယုသန္တာ၏ဝိဉာဉ်ထွက်သွားသည့်အခါ ဒေါ်နန်းဝေလည်းကြမ်းပြင်ပေါ်သို့ပုံလဲကျသွားတော့သည်။
ထိုအချိန်မှစ၍ ယုသန္တာ၏ဝိဉာဉ်သည် မိဘနှစ်ပါးအား..စကားလာပြောခြင်းမရှိတော့ပါ။
မိမိ၏အသက်ကိုမညှာမတာ သတ်ခဲ့သူကိုပင်ခွင့်လွှတ်စိတ်အပြည့်ရှိခဲ့သည့်သူမသည်.ကောင်းမွန်ရာဘဝသို့ ရောက်သွားလေပြီလားမပြောတတ်ချေ။
ရောက်ဖို့လည်းဆုတောင်းလိုက်ရပါသည်။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
အချိန်အခက်အခဲကြောင့်မန့်တွေကိုမပြန်နိုင်ရင်လည်းနားလည်ပေးကြပါ။

Zawgyi Version

ဝဋ္ေႂကြးေက်ပါေစ(စ/ဆံုး)
——————————–
အေဆာင္၏ဧည့္ခန္းထဲရွိဘုရားစင္ေရွ႕တြင္ကိုယ္ပိုင္အထက္တန္းေက်ာင္းပိုင္ရွင္ ဆရာဦးမ်ိဳးႏွင့္ ဆယ္တန္းေက်ာင္းသူေလးယုသႏၲာတို႔ မ်က္ႏွာခ်င္းဆိုင္အေနအထားျဖင့္ထိုင္လ်က္ရွိေနၾကသည္။
၎တို႔ႏွစ္ေယာက္၏ေဘးတစ္ဖက္တြင္ေတာ့ Guide တစ္ဦးလည္းရွိေနသည္။
ဦးမ်ိဳးသည္ ယုသႏၲာကိုစကၠန္႔အနည္းငယ္ၾကာသည္အထိၾကည့္ေနမိသည္။
ၿပီးေနာက္မွ
“နင္ဘယ္သူလဲ။ဘာေၾကာင့္ဒီကေလးမကိုဒုကၡေပးရတာလဲ”
ယင္းသို႔ေမးေတာ့ ယုသႏၲာက အသံေသးအသံေၾကာင္ျဖင့္ျပန္ေျဖသည္။
“ငါ့နာ္မည္က ေငြရီ။ဗိမာန္ရပ္ကြက္မွာေနတယ္။ငါ့မွာသားတစ္ေယာက္၊သမီးႏွစ္ေယာက္ရွိတယ္။သမီးအႀကီးက ဆယ္တန္းေအာင္ၿပီးPPTTပထမႏွစ္တက္ေနတယ္”
ဦးမ်ိဳး မ်က္ေမွာင္ၾကဳတ္ကာ စဥ္းစားမိသည္။
သူၾကားဖူးသည္မွာ အခ်ိဳ႕ေသာစုန္းေတြက ဝင္ပူးၿပီးလွ်င္ နာမည္ေမးေသာ္လည္းမေျဖၾကေခ်။
ယခုဤ အမ်ိဳးသမီးႀကီးကမူေပၚတင္ႀကီးကိုေျဖခ်႐ုံမွ်မက မိသားစုအေၾကာင္းကိုပါထည့္ေျပာေနေသးသည္။
ထို႔ေနာက္ဦးမ်ိဳးက
“နင္ ငါ့ေက်ာင္းထဲကိုဘယ္လိုဝင္လာတာလဲ”
“ငါ့ပညာကအရမ္းျမင့္တယ္။ေကာင္းကင္ကေနပ်ံၿပီးဝင္လာတာ။ငါဒီလိုလုပ္တာ နင္တို႔ကိုမေက်နပ္လို႔မဟုတ္ဘူး။ဒီကေလးမကိုမုန္းလို႔လုပ္တာ”
ဦးမ်ိဳးမ်က္ေမွာင္ၾကဳတ္သြားရျပန္သည္။
ၿပီးေနာက္
“ေနပါဦး။နင္မုန္းေနရေလာက္ေအာင္ ဒီကေလးမက ဘာေတြလုပ္လို႔တုံး”
“ဘာမွမလုပ္ဘူး။ဒါေပမယ့္ သူက အရမ္း႐ုပ္ေခ်ာတယ္။မ်က္လုံး၊မ်က္ခုံးနဲ႔ႏွာတံေလးကအရမ္းလွတယ္။ကုလားမင္းသမီးေလးအတိုင္းပဲ။ဆံပင္ကလည္းအရွည္ႀကီး။ငါ့သမီးက်ေတာ့ အရမ္း႐ုပ္ဆိုးတယ္။ဒါေၾကာင့္ဒီကေလးမကို ငါမနာလိုလို႔လုပ္တာ”
ဦးမ်ိဳးသက္ျပင္းခ်မိသည္။
ၿပီးေနာက္
“နင္ဒီလိုလုပ္လိုက္လို႔ေရာ နင့္အတြက္ဘာအက်ိဳးထူးလာမွာမို႔လို႔လဲ။ဒီကေလးမ ႐ုပ္ေခ်ာတယ္ဆိုတာကလည္း ဘယ္သူမွ လုပ္ေပးထားတာလည္းမဟုတ္ဘူး။သူ႔ကုသိုလ္နဲ႔သူ ရလာတာ။နင္အခုလိုလုပ္ေနရင္ ဒီလိုဝဋ္ေႂကြးေတြ နင္ျပန္ခံရမယ္ဆိုတာ မသိဘူးလား”
“ငါသိတယ္ ။ဒါေပမယ့္ဒီဘဝမွာဒီကေလးမ ပ်က္စီးသြားရင္ ငါေက်နပ္တယ္။ေနာက္ျဖစ္လာမယ့္ဝဋ္ကိုေနာက္မွပဲခါးစီးခံေတာ့မယ္..။အခုေတာင္ဒီကေလးမမွာက်န္းမာေရးမေကာင္းေတာ့လို႔ အရမ္းရွည္တဲ့ဆံပင္ေတြကိုျဖတ္လိုက္ရၿပီ။ငါတကယ္ေက်နပ္တယ္။ေနာက္ၿပီး သူ႔ကိုေဆးကုလိုက္ရလို႔ သူ႔မိဘေတြလည္း ပိုက္ဆံေတြအမ်ားႀကီးကုန္ခဲ့ရၿပီ။အဲဒီအတြက္လည္းငါအရမ္းေက်နပ္တယ္”
ဦးမ်ိဳးစိတ္ပ်က္စြာျဖင့္ေခါင္းခါရမ္းမိသည္။
ၿပီး သံေဝဂလည္းရမိသည္။
မနာလိုစိတ္မ်ား ဘယ္ေလာက္အထိေတာင္ ေၾကာက္ဖို႔ေကာင္းလိုက္ပါသလဲ။
ထို႔ေနာက္
“နင္ဒီပညာေတြကိုဘယ္က တတ္ခဲ့တာလဲ”
“ငါ့အေမသင္ေပးခဲ့တာ။ငါ့အေမကေမြးကတည္းကတတ္တဲ့ဝမ္းတြင္းစုန္းမဟုတ္ဘူး။ႀကီးမွသင္ေပးရတဲ့သင္စုန္း။ငါ့အစ္ကိုႏွစ္ေယာက္ကိုလည္းငါ့အေမကသင္ေပးတယ္။အစ္ကိုႏွစ္ေယာက္ကမယူဘူး။ဒါေၾကာင့္ငါ့ကိုပဲအဓိကထားၿပီးသင္ေပးတာ။
ငါ့အေမျပဳစားခဲ့တဲ့လူေတြ ဆိုအေယာက္ႏွစ္ရာေလာက္ရွိတယ္။ကံနိမ့္တဲ့လူေတြေတာ့ေသၾကတယ္”
“ကြၽတ္ ကြၽတ္ ”
ဦးမ်ိဳးစိတ္မသက္သာစြာျဖင့္စုပ္သပ္မိသည္။
ၿပီးေနာက္
“ေစာေစာကနင္ေျပာတာ..နင့္သမီးက ဆယ္တန္းေအာင္ၿပီး PPTTတက္ေနၿပီတဲ့ေနာ္။ဒါဆို နင့္အသက္လည္း မငယ္ေလာက္ေတာ့ဘူး။နင္ဒီကေလးမကိုဆက္ၿပီးမေႏွာင့္ယွက္ပါနဲ႔ေတာ့။ဒီလိုလုပ္လို႔လည္းမသင့္ပါဘူး။သူ႔ခႏၶာကိုထဲက ထြက္သြားေပးပါေတာ့”
“ငါထြက္မေပးႏိုင္ဘူး”
“နင္ဘာလိုခ်င္လဲ။ဘာစားခ်င္လဲ။ငါတို႔အကုန္လိုက္ေလ်ာေပးမယ္”
ဦးမ်ိဳးက ယင္းသို႔ဆိုလာေတာ့ ယုသႏၲာကိုယ္ထဲဝင္ပူးေနသည့္ေဒၚေငြရီက
“ငါလိုခ်င္တာက ဒီကေလးမကိုဘာစာမွသင္မေပးဘဲအိမ္ျပန္လႊတ္ေပးေစခ်င္တယ္။ငါစားခ်င္တာကလည္း ဒီကေလးမရဲ႕အသားပဲ”
“ဘာ”
ဦးမ်ိဳးထိတ္လန္႔ၿပီး ထေအာ္မိသလို၊အနားမွGuideလည္းလန္႔ဖ်ပ္သြားမိသည္။
ၿပီးေနာက္ ဦးမ်ိဳးက
“နင္ဒီကေလးမကို ဒီေလာက္စားခ်င္ေနရင္ စားေလ။ဘာလို႔မစားတာလဲ”
“ငါစားလို႔မရေသးဘူး။အရင္တုန္းက ငါသူ႔ကိုျပဳစားခဲ့ေသးတယ္။အဲဒီတုန္းက ဘုန္းႀကီးနဲ႔အျခားပေယာဂဆရာေတြျပန္ကုေပးတာေၾကာင့္ငါ့ပေယာဂကနည္းနည္းေလးပဲက်န္ေတာ့တယ္။ဒါေၾကာင့္အခုငါဝင္ပူးတာႏုႏုေလးပဲပူးလို႔ရတာ။တကယ္ဆိုတအား ၾကမ္းၾကမ္းပူးခ်င္တာ”
ေဒၚေငြရီက ယင္းသို႔ေျပာေနခိုက္တြင္ တိုင္ကပ္နာရီမွညဆယ့္တစ္နာရီထိုးသံျမည္လာသည္။
‘ဒင္ ဒင္.ဒင္’
ထိုအခိုက္မွာပင္ ျမသႏၲာ၏မိဘႏွစ္ပါးလည္း အေဆာင္ေပၚသို႔ေရာက္လာၾကသည္။
၎တို႔ေနထိုင္သည့္႐ြာႏွင့္ဤေက်ာင္းအေဆာင္သည္ အလြန္ေဝးကြာေသာ္လည္း ဆင္းရဲလြန္းသျဖင့္လာစရာလွည္းမရွိဘဲ ဘုန္းႀကီးေက်ာင္းမွကားျဖင့္သာလာခဲ့ၾကရသည္။
ယင္းအခိုက္တြင္ ယုသႏၲာ၏ကိုယ္ထဲတြင္ဝင္ပူးေနသည့္ေဒၚေငြရီက မနားတမ္းတရစပ္ေျပာေနျပန္သည္။
“ဒီကေလးမက ငါ့သမီးထက္စာေတာ္တယ္။ငါ့သမီးထက္႐ုပ္ေခ်ာတယ္။ငါ့သမီးထက္သာသြားမွာကိုငါမလိုလားဘူး။ဒါေၾကာင့္ငါလုပ္တာ။႐ြာကဘုန္းႀကီးက..ဒီကေလးမနဲ႔ဦးႀကီးေတာ္စပ္တယ္။မိဘေတြေက်ာင္းမထားေပးႏိုင္ေပမယ့္ ဘုန္းႀကီးက ေက်ာင္းထားေပးမွာ။ငါသူ႔ကိုေက်ာင္းစာေတြက်က္ခြင့္မေပးႏိုင္ဘူး။ငါ့သမီးထက္ေတာ္သြားမွာ။ၿပီးခဲ့တဲ့ႏွစ္က ဒီကေလးမကိုငါျပဳစားခဲ့ေသးတယ္..ဒါေပမယ့္ ကုသိုလ္ကံေကာင္းေတာ့ ေသမလိုပဲျဖစ္ခဲ့ရတယ္”
ဦးမ်ိဳး အႀကီးအက်ယ္စိတ္ပ်က္ကာ ေခါင္းကိုတသြင္သြင္ခါရမ္းရင္း
“အ.ကုသိုလ္ေတြ.. အ.ကုသိုလ္ေတြ”
ဟုသာထပ္ခါထပ္ခါေရ႐ြတ္ညည္းညဴေနမိေတာ့သည္။
ယုသႏၲာ၏မိဘႏွစ္ပါးကလည္း တရႈံ႕ရႈံ႕ႏွင့္ငိုေနၾကသည္။
ယင္းအခိုက္တြင္ ဦးမ်ိဳးက ယုသႏၲာကိုစူးစူးစိုက္စိုက္ၾကည့္ေလရင္း
“နင္ဒါမ်ိဳးေတြလုပ္လို႔ ဘာအက်ိဳးထူးမွာလဲ။ဘာအဓိပၸါယ္ရွိမွာလဲေျပာ”
“ငါေျပာၿပီးၿပီေလ။ငါ့အတြက္အက်ိဳးမရွိေပမယ့္ ဒီကေလးမ ဒုကၡေရာက္တာကိုေက်နပ္တယ္လို႔။ေနာင္ျဖစ္လာမယ့္ဝဋ္ေႂကြးကိုလည္းငါခါးစည္းခံမယ္လို႔။တကယ္ေတာ့ဒီကေလးမကိုေရာ..သူ႔မိဘေတြကိုေရာ ငါေမတၱာထားပါတယ္။ဒါေပမယ့္ ကေလးမက ငါ့သမီးထက္ပညာ၊႐ုပ္ရည္နဲ႔ဆံပင္ကအစသာေနေတာ့
သူ႔ကို ဘယ္လိုမွေမတၱာမထားႏိုင္ဘူး”
ဦးမ်ိဳး အံႀကိတ္လိုက္သည္။
ၿပီးေနာက္
“ကဲ နင္ဒီေလာက္ေတာင္ျဖစ္လွတာ”
ယင္းသို႔ႀကိိမ္းရင္း ယုသႏၲာ၏ေက်ာျပင္ကိုသိမ္ဝင္ပုတီးျဖင့္ သုံးေလးႀကိမ္ခန္႔သပ္ခ်လိုက္သည္။
“အား အမေလးေတာ့”
ယုသႏၲာလည္း ၾကမ္းျပင္ေပၚတြင္လူးလွိမ့္ၿပီးေအာ္ငိုေနေလေတာ့သည္။
ထိုအခါ သူမ၏မိဘႏွစ္ပါးႏွင့္ Guide ပါ လန္႔ဖ်ပ္သြားမိၾကသည္။
ဦးမ်ိဳးက
“နင္သူ႔ခႏၶာကိုထဲက အခုထြက္​ေပး။ဒါဆိုနင့္ကိုဘာမွမလုပ္ေတာ့ဘူး”
“ဟင့္အင္ ငါထြက္မေပးႏိုင္ေသးဘူး။ဆယ့္တစ္နာရီေက်ာ္မွငါထြက္သြားမွာ။အခုေန ငါထြက္သြားရင္ ဒီကေလးမက စာျပန္
က်က္မယ္။စာက်က္ရင္ ငါ့သမီးထက္ သာသြားလိမ့္မယ္။ဒါမ်ိဳးကိုငါခြင့္မျပဳႏိုင္ဘူး”
ဦးမ်ိဳးအလြန္အမင္းစိတ္ပ်က္သြားမိျပန္သည္။
ထို႔ေနာက္Guideကိုေျပာလိုက္သည္။
“ၿမိဳ႕ထဲက ေ႐ႊရင္ေက်ာ္ဆရာကိုသြားပင့္ေပးစမ္းပါ။ငါနဲ႔ေတာ့အဆင္ေျပမွာမဟုတ္ဘူး”
“ဟုတ္”
Guide လည္း အေဆာင္ေပၚမွ ခပ္သြက္သြက္ဆင္းသြားသည္။
ယင္းအခ်ိန္၌ ယုသႏၲာ၏ခႏၶာကိုယ္ထဲမွေဒၚေငြရီကလည္း ‘ဤကေလးမသူ႔သမီးထက္လွၿပီး စာေတာ္သည္ကိုမနာလိုၿပီး လုပ္ရသည္ဟုသာထပ္ခါထပ္ခါေျပာေနေလသည္။
မိနစ္အနည္းငယ္အၾကာ၌Guideႏွင့္အတူ ေ႐ႊရင္ေက်ာ္ဆရာလည္း အေဆာင္ေပၚသို႔ေရာက္လာသည္။
ၿပီးေနာက္ ဦးမ်ိဳးနည္းတူ
ယုသႏၲာ၏ခႏၶာကိုယ္ထဲမွ ေဒၚေငြရီကိုေမးျပန္ေလရာ ေဒၚေငြရီကလည္း ပညာေတြမိခင္ဆီမွရခဲ့ပုံ၊ဤကေလးမကိုစားခ်င္ေသာ္လည္း ကံျမင့္ေနေသးသည္မို႔စား၍မရေသးေၾကာင္းစသည္တို႔ကို အကုန္ျပန္ေျဖသည္။
ထို႔ေနာက္ ေ႐ႊရင္ေက်ာ္ဆရာက
“ကဲ..နင္ဒီပညာေတြကိုေတြကိုလႉ
လိုက္ပါ။လူေတြအေပၚကိုလည္းေမတၱာစိတ္ထားပါ”
ယင္းသို႔ေျပာေတာ့ ေဒၚေငြရီက
“မလႉႏိုင္ဘူး။အျခားလူေတြကိုေမတၱာထားလို႔ရေပမယ့္ဒီကေလးမကိုေတာ့ေမတၱာလုံးဝမထားႏိုင္ဘူး”
ထိုအခါေ႐ႊရင္ေက်ာ္ဆရာလည္း သူ႔တြင္ ပါလာသည့္အပ္ခ်ည္ကိုဆြဲႀကိဳးသဖြယ္ျပဳလုပ္ကာယုသႏၲာ၏လည္ပင္းကိုစြပ္ေပးၿပီး ဘုရားစင္ေပၚရွိေက်ာင္းေဆာင္ကေလးေရွ႕မွ အသင့္တင္ထားသည့္ပရိတ္ေရဘူးကိုခြက္သန္႔သန္႔တစ္ခြက္ထဲသို႔ထည့္ကာ ယုသႏၲာကိုမ်က္ႏွာသစ္ေပးသည္။
ၿပီးယင္းပရိတ္ေရျဖင့္မ်က္စဥ္းခတ္ေပးရင္း ပါးစပ္မွ ‘ဥဳံ’ခံကာ ဂါထာတစ္ပုဒ္ကို႐ြတ္ဆိုေနသည္။
ထိုအခါယုသႏၲာလည္း ေအာ္ဟစ္ေနေလေတာ့သည္။
“အမေလးေတာ့္။ပူလွပါၿပီ။စပ္လွပါၿပီ။မ်က္လုံးေတြလည္းကန္းေတာ့မွာပါ။ေၾကာက္ပါၿပီ”
ယင္းသို႔တရစပ္ေအာ္ရင္းၾကမ္းျပင္ေပၚတြင္ လူးလွိမ့္၍ေနေလသည္။
ထိုအခါမွ ေ႐ႊရင္ေက်ာ္ဆရာလည္း သူ၏လုပ္ငန္းစဥ္ကိုရပ္ထားလိုက္ၿပီး’ေနာက္ေနာင္ ဤကေလးမကိုဒုကၡမေပးရန္ကတိေတာင္းသလို၊အျခားသက္ရွိသတၱဝာေတြကိုလည္း ဒုကၡမေပးရန္ ကတိေတာင္းၿပီးသစၥာေရတိုက္ကာ ျပန္လႊတ္လိုက္သည္။
ေဒၚေငြရီထြက္သြားၿပီး ၿပီးခ်င္းမွာပင္ ယုသႏၲာလည္း ၾကမ္းခင္းေပၚသို႔ပုံလဲက်သြားသည္။
ၿပီးေနာက္ ေခတၱ အၾကာ၌မွာပင္ သတိျပန္ရလာသည္။
ထို႔ေနာက္ သားအမိသုံးေယာက္ဖက္ကာတရႈံ႕ရႈံ႕ႏွင့္ ငိုၾကေလေတာ့သည္။
ယင္းသို႔ ငိုၾကၿပီးသည့္ေနာက္ မိဘႏွစ္ပါး
က ဦးမ်ိဳးကိုအက်ိဳးအေၾကာင္းေျပာျပၿပီး ယုသႏၲာအား ေဆးကုေပးရန္အတြက္ ေခတၱ ျပန္လည္ေခၚသြားၾကေလေတာ့သည္။
++++++++++++++++++++++
ယုသႏၲာ႐ြာသို႔ျပန္ေရာက္ၿပီး ေဆးကုရာ ရက္အနည္းငယ္၌ပင္ျပန္လည္သက္သာလာသည္။
ထိုအခါေဒၚရီေငြ၏သားျဖစ္သူ ၾကည္လြင္မွာမေက်မခ်မ္းျဖစ္လ်က္ရွိေနသည္။
ၿပီး..သူသည္ ယုသႏၲာအားမိခင္ျဖစ္သူက ျပဳစားရာ၌ ဆရာက ဆုံးမၿပီး ျပန္လည္
ကုေပးခဲ့သည့္အျဖစ္ကိုလည္း ေကာင္းစြာသိရွိခဲ့ၿပီးျဖစ္သည္။
ယုသႏၲာတို႔မိသားစုသည္ လယ္ယာႏွင့္အတူ ေကာ္ဖီလည္းစိုက္ၾကသည္။
လယ္ယာစိုက္ၿပီး နားခ်ိန္၌ တပိုင္တႏိုင္ေကာ္ဖီၿခံအတြက္ ေပါင္းရွင္းေဆးျဖန္းလုပ္ၾကသည္။
တစ္ရက္တြင္ေန႔လည္စား နားခ်ိန္၌ ယုသႏၲာက ဖခင္ျဖစ္သူကိုေျပာသည္။
“ပါပါး။သမီး ဘုရားဘက်ကိုသွားလိုက်ဦးမယ်”
“ေၾသာ္ ေအးေအး သြားေလ။သိပ္ေတာ့မၾကာေစနဲ႔ေနာ္သမီး”
“ဟုတ္ ”
ယုသႏၲာၿခံထဲမွထြက္သြားသည္။
ထိုေစတီဘုရာသည္ ေကာ္ဖီၿခံ၏ေျမာက္ဘက္ခပ္လွမ္းလွမ္းတြင္သာရွိေနသည္။
သို႔ေသာ္မိဘႏွစ္ပါး ထမင္းစားနားၿပီး ေကာ္ဖီၿခံထဲအလုပ္ျပန္ဆင္းသည့္အခ်ိန္ထိ ယုသႏၲာက ျပန္မလာေသးေခ်။
ယင္းလည္း ခပ္ေပါ့ေပါ့ ပင္ေနလိုက္ၾကသည္။
သို႔ေသာ္ ညေနေစာင္းအခ်ိန္သို႔ေရာက္လာျပန္ေသာ္လည္းယုသႏၲာက ေပၚမလာျပန္ေသးေခ်။
ထိုအခါ မိဘႏွစ္ပါးလည္းစိတ္ပူၿပီးလိုက္ကွာၾကရာ ေစတီ၏ေျမာက္ဘက္မလွမ္းမကမ္းတြင္ ေစတီဘက္သို႔မ်က္ႏွာမူကာ လက္အုပ္ခ်ီ၍ ကန္ေတာ့ဟန္ျဖင့္ေသဆုံးေနသည့္ ယုသႏၲာကိုေတြ႕လိုက္ရသည္။
ၿပီးသူမ၏လည္ပင္းႏွင့္ေက်ာျပင္တစ္ခုလုံးသည္လည္းဓားဒဏ္ရာေတြျဖင့္ေသြးအလိမ္းလိမ္းျဖစ္ကာ ခ်ီထားသည့္လက္အုပ္မွလက္ေခ်ာင္းကေလးမ်ားကလည္း ဓားျဖင့္အခုတ္ခံထားရသည္မို႔ ေျမျပင္ေပၚသို႔ျပတ္က်လ်က္ရွိေနသည္။
“သမီး ..အမေလး သမီးရဲ႕ အျဖစ္ဆိုးလွခ်ည္လားကြယ္”
မိဘႏွစ္ပါးလည္း ယုသႏၲာ၏အေလာင္းကိုဖက္ကာ ရင္ကြဲမတတ္ငိုၾကေလေတာ့သည္။
+++++++++++++++++++++++++
႐ြာခံလူေတြလည္း ရဲစခန္းသို႔အေၾကာင္းၾကားရ၊ယုသႏၲာ၏အေလာင္းကို လည္းေဆး႐ုံသို႔ပို႔ၾကရ၊တစ္ဖန္ ေဆး႐ုံမွျပန္သယ္ၿပီး သၿဂိဳလ္ ဖို႔လုပ္ၾက ရ..စသည္စသည္တို႔အလုပ္ရႈပ္ၾကရေလေတာ့သည္။
ထို႔ေနာက္ ယုသႏၲာ၏အေလာင္းကို သၿဂိဳလ္ ၿပီးသည့္ေနာက္တစ္ေန႔တြင္ ေဒၚေငြရီ၏သားျဖစ္သူ ၾကည္လြင္လည္း အိမ္ထဲမွအိမ္အျပင္မထြက္ေတာ့ဘဲ တစ္ေနကုန္ အရက္ေသာက္လိုက္၊ငိုလိုက္ျဖင့္လုပ္ေနေတာ့သည္။
ၿပီး ပါးစပ္မွလည္း
“ငါမွားတယ္၊သတ္မိတာငါမွားတယ္”
ဟုတစ္ကိုယ္တည္းေရ႐ြတ္ေနသည္။
တစ္ဖန္..လူကလည္း စိတ္ေတြ ကေယာင္ေခ်ာက္ခ်ားျဖစ္လာသည္။
ထိုအခါ မူလကတည္းက ၾကည္လြင္ကို
သကၤါမကင္းျဖစ္ေနသည့္အုပ္ခ်ဳပ္ေရးမႉး
က ၎ကိုဖမ္းကာ သံသယတရားခံအျဖစ္ ရဲစခန္းသို႔ပို႔လိုက္သည္။
ၾကည္လြင္လည္း အခ်ဳပ္ထဲသို႔ေရာက္သြားသည္။
ထိုအခါ ေဒၚေငြရီလည္း သားျဖစ္သူကို ဖမ္းရေကာင္းလားဟုဆိုကာ ႀကိမ္းလားေမာင္းလားျဖင့္ေသာင္းက်န္းေနေလရာ သူမကိုပါ အခ်ဳပ္ထဲသို႔ထည့္ထားလိုက္ရေလေတာ့သည္။
+++++++++++++++++++
ေမွာင္ရီစသည္တျဖည္းျဖည္းပ်ိဳးလာၿပီျဖစ္သည္။
ထိုအခါယုသႏၲာ၏မိဘႏွစ္ပါးႏွင့္အတူ သူမ၏အေဒၚျဖစ္သူေဒၚနန္းေဝ
လည္း ထမင္းစားၿပီး ဘုရားဝတ္ျပဳရန္အတြက္ ဘုရားစင္ေရွ႕တြင္ထိုင္လိုက္ၾကသည္။
ဘုရားစင္ေပၚမွဆီမီးတိုင္ေတြကလည္း တစ္ခန္းလုံးလင္းထိန္ေနသလို၊အေမႊးတိုင္ရနံ႔ကလည္းသင္းပ်ံ႕လ်က္ရွိေနသည္။
ထို႔ေနာက္ ဘုရားဂုဏ္ေတာ္ကိုစတင္အာ႐ုံျပဳၾကစဥ္ ေဒၚနန္းေဝက
“ပါပါး ပါပါးသမီးကိုကယ္ပါ”
ယင္းသို႔အကူအညီေတာင္းရႈိက္ႀကီးတငင္ငိုေႂကြးေတာ့မိဘႏွစ္ပါးလည္းပ်ာယာခတ္သြားၾကသည္။
ထို႔ေနာက္
“ဟဲ့..ဘယ္လိုျဖစ္တာလဲ။နင္ဘယ္သူလဲ၊ဘယ္ကလဲ။ဘယ္သူလဲ”
ယင္းသို႔ထပ္တလဲလဲေမးေတာ့ေဒၚနန္းေဝကခပ္တိုးတိုးေလးျပန္ေျဖသည္။
“သမီးပါ”
“ေဟ”
“ဟယ္”
မိဘႏွစ္ပါးမွာအံၾသဝမ္းသာသြားၾကသည္။
“သမီး သမီးအေမတို႔ဆီျပန္လာတယ္ေနာ္”
ဖခင္ျဖစ္သူကလည္း
သမီးဘယ္မွမသြားနဲ႔ေနာ္.ပါပါးတို႔ဆီမွာပဲေနပါ။သမီးကိုဘယ္သူသတ္တာလဲေျပာစမ္း။ပါပါးလက္စားေခ်ေပးမယ္”
ထိုအခါ ယုသႏၲာဝင္ပူးထားသည့္ေဒၚနန္းေဝက ဖခင္ျဖစ္သူကို စိုက္ၾကည့္ၿပီး ရႈိက္ႀကီးတငင္ငိုသည္။
“ခြင့္လႊတ္လိုက္ပါ..ပါပါးရယ္။သမီးလည္းခြင့္လႊတ္ပါတယ္။အတိတ္ဘဝက ဝဋ္ေႂကြးပါခဲ့လို႔ဒီဘဝမွာလာေပး
ဆပ္ရတယ္လို႔ပဲသေဘာထားလိုက္ပါ.သမီးဝဋ္ေႂကြးကိုဒီမွ်နဲ႔ပဲေက်ပါေစလို႔ ပါပါး နဲ႔မာမားဆုေတာင္းေပးၿပီး ေကာင္းမႈကုသိုလ္ေတြလုပ္ေပးပါ”
“ေၾသာ္ သမီးရယ္..”
မေမွ်ာ္လင့္သည့္စကားေတြေၾကာင့္ မိဘႏွစ္ပါးမွာ မ်က္ရည္မဆည္ႏိုင္ေအာင္ျဖစ္သြားၾကရသည္။
“သမီးၾကာၾကာေနလို႔မရဘူးပါပါး။သမီးမွာအေဖာ္ေတြပါေသးတယ္။သမီးတို႔နယ္ေျပာင္းရေတာ့မယ္။အခုပါပါးတို႔ကိုႏႈတ္ဆက္ခ်င္လို႔ ႐ြာေစာင့္နတ္ကိုခြင့္ေတာင္းၿပီးဝင္လာခဲ့ရတာ။ခဏပဲပါပါး”
မိဘႏွစ္ပါး လည္းဝမ္းပန္းတနည္းျဖင့္ ငိုၾက႐ုံမွအပ.ဘာမွမတတ္ႏိုင္ေခ်။
သမီးေလးေကာင္းမြန္ရာဘဝသို႔ေရာက္ေအာင္ကုသိုလ္ေကာင္းမႈျပဳ
လုပ္ေပး႐ုံမွတစ္ပါးအျခားမရွိေတာ့ပါ။
ထို႔ေနာက္ ယုသႏၲာ၏ဝိဥာဥ္ထြက္သြားသည့္အခါ ေဒၚနန္းေဝလည္းၾကမ္းျပင္ေပၚသို႔ပုံလဲက်သြားေတာ့သည္။
ထိုအခ်ိန္မွစ၍ ယုသႏၲာ၏ဝိဥာဥ္သည္ မိဘႏွစ္ပါးအား..စကားလာေျပာျခင္းမရွိေတာ့ပါ။
မိမိ၏အသက္ကိုမညႇာမတာ သတ္ခဲ့သူကိုပင္ခြင့္လႊတ္စိတ္အျပည့္ရွိခဲ့သည့္သူမသည္.ေကာင္းမြန္ရာဘဝသို႔ ေရာက္သြားေလၿပီလားမေျပာတတ္ေခ်။
ေရာက္ဖို႔လည္းဆုေတာင္းလိုက္ရပါသည္။
အားလုံးေအးခ်မ္းပါေစ…။
ဆရာေဆြ(ေတာင္တြင္း)
အခ်ိန္အခက္အခဲေၾကာင့္မန္႔ေတြကိုမျပန္ႏိုင္ရင္လည္းနားလည္ေပးၾကပါ။