သင်းကွဲကျား(စ/ဆုံး)

Unicode Version

သင်းကွဲကျား(စ/ဆုံး)
————————-
ငခမ်းနှင့် လုံဒီတို့စကားပြောဆိုပြီး မကြာခင်အချိန်မှာပင် ဘတိုးက ပြန်ရောက်လာလေသည်။ သို့နှင့် ဘတိုးနှင့်စကားပြောဖြစ်ကြသည်။
“ဒါနဲ့ အကိုဘတိုးက ဒီရွာမှာနေခဲ့တယ်ဆိုတော့ ဒီရွာနဲ့ပတ်သက်ပြီးတော့ တော်တော်သိနေမှာပေါ့နော်”
ငခမ်းမေးလိုက်သည့်အခါ ဘတိုးက ခေါင်းညိတ်လိုက်လေသည်။
“နေခဲ့ယုံတင်ဘယ်ကမလဲကွာ၊ ငါ့ကို ဒီရွာမှာပဲမွေးတာ၊ ဒီရွာမှာပဲ ကြီးပြင်းခဲ့ပြီးတော့ ဒီရွာမှာပဲ အိမ်ထောင်ကျခဲ့တာပေါ့ကွာ”
ဘတိုးက ထိုသို့ပြောရင်း အတိတ်အကြောင်းအရာများကို ပြန်ပြောင်းပြောပြလေတော့သည်။
မုန်လိုင်ရွာ။
ရွာကလေးမှာ တောင်ကြားကလေးထဲတွင် တည်ရှိနေသဖြင့် အလွန်အေးချမ်းသည့်ရွာကလေးဖြစ်သည်။ ရွာသူရွာသားများမှာ တောင်ကြောကြီးပေါ်တွင် တောင်ယာလုပ်ငန်းနှင့် လှေကားထစ်စိုက်ခင်းများကို စိုက်ပျိုးကြကာ အသက်မွေးမြူကြလေသည်။ အနီးအနားတွင် တောနက်ကြီးများရှိသည့်အတွက် အချို့မှာ အမဲလိုက်ခြင်းဖြင့် ဝမ်းစာရှာအသက်မွေးကြသည်။ ထိုသူများအနက် ဘစိုးနှင့် ဘတိုးတို့ ညီကိုလည်းပါဝင်လေသည်။

ထိုရွာကလေးသည် တောင်ပေါ်ဒေသတွင်ရှိသော်ငြားလည်း လူမျိုးများစွာရောစပ်ယှက်ထွေး နေထိုင်ကြလေရာ ဘစိုးနှင့် ဘတိုးတို့မှာ သွေးသောက်ကြီး ဘစံ၏ သားနှစ်ဦးဖြစ်ကြသည်။ သွေးသောက်ကြီးဘစံမှာ ဗမာဘုရင့်တပ်မတော်သားတစ်ဦးဖြစ်ပြီး ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရာတွင် စစ်နိုင်၍ပြန်လာသည့်အခါ ရှမ်းပြည်နယ်ရှိ အရပ်သူတစ်ဦးနှင့်အိမ်ထောင်ကျပြီးနောက် မုန်လိုင်ရွာတွင်အခြေချနေထိုင်ခြင်းဖြစ်သည်။

ဘစံမှာ စစ်ပြီးသည့်အခါ မုန်လိုင်ရွာတွင် မုဆိုးအတတ်ဖြင့်အသက်မွေးလေရာ သူ့သားကြီး ဘစိုးနှင့် သားငယ်ဘတိုးတို့မှာလည်း မုဆိုးအတတ်ပညာများကို လက်ဆင့်ကမ်းသင်ယူရင်း မုဆိုးဖြစ်လာခဲ့ကြသည်။ အကိုကြီးဘစိုးမှာ အိမ်ထောင်ရက်သားမပြုဘဲ လူပျိုကြီးအဖြစ်နေထိုင်သော်လည်း ညီငယ်ဘတိုးမှာတော့ ချစ်ကြိုက်သူတစ်ဦးနှင့် လက်ထပ်ကာ အိမ်ထောင်ပြုခဲ့လေရာ ယခုပင် အိမ်သူသက်ထားဇနီးမယားမှာ ဘတိုးနှင့်ရသည့် ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်သည်။
သို့သော် တစ်ခုသော ဆောင်းတွင်းတွင် မုန်လိုင်ရွာကလေးတွင် ကံကြမ္မာဆိုးတစ်ခုက ဝင်ရောက်လာလေသည်။ ထိုသည်ကတော့ အခြားမဟုတ်၊ ကျားဆိုးကြီးတစ်ကောင်သောင်းကျန်းလာခြင်းဖြစ်သည်။
“ကျားဗျို့၊ ကျား”
ကျားဆိုးအသံကြားသည်နှင့် ဘစိုးနှင့်ဘတိုးတို့ ညီအကိုနှစ်ယောက် လှံရှည်များစွဲကိုင်လျှက် အိမ်ပေါ်မှခုန်ဆင်းကာ လာခဲ့ကြသည်။ ရွာသူရွာသားများအော်နေသည့်အတိုင်းပင်၊ ရွာစွန်တစ်နေရာတွင်နေထိုင်သည့် မုဆိုးမသားအမိကို ကျားဝင်ဆွဲလေသည်။ ကျားကြီးမှာ အတော်ကြီးမားသည့် ကိုးတောင်ကျားကြီးဖြစ်ကာ မုဆိုးမအမေကြီးကို လည်ပင်းတွင်အသေကိုက်သတ်ပြီး သမီးဖြစ်သူမိန်းမပျိုကလေးကိုပါးစပ်တွင်ကိုက်ကာ အရှင်ဖမ်းယူနေရန်ကြိုးစားနေသည်။

လုံမပျိုကလေးမှာ အိမ်ပေါ်မှဆင်းပြေးလာရင်း အိမ်အောက်အရောက်တွင် ကျားကြီးက လုံမပျိုကလေး၏ ထမိစကိုလက်နှင့်နင်းထားလိုက်သဖြင့် လုံမပျိုကလေး ချော်လဲကျသွားသည်။ ထိုအခါ ကျားကြီးက လုံမပျိုကလေး၏ ဂုတ်ကိုသွားနှင့်ခပ်ဖွဖွကိုက်ခဲလိုက်လေသည်။ ဘစိုးလည်း ကျားကြီးကိုမြင်သည့်အခါ လှံနှင့်ထိုးထည့်လိုက်သည်။ သို့သော် လျှင်မြန်လှသည့် ကျားကြီးမှာ ဘစိုး၏ လှံချက်ကို လက်နှင့်ပုတ်ထုတ်လိုက်ရာ အလွန်ခိုင်မာလှသည့် လှံရိုးကြီးပင် ထက်ပိုင်းကျိုးကျသွားလေသည်။ ကျားကြီးက ဘစိုးအနီးသို့တိုးကပ်ပြီး ဘစိုးအားတိုက်ခိုက်မည်ပြုလိုက်သော်လည်း ဘစိုးအနားရောက်သည့်အခါ ဘစိုးအား နမ်းရုံသာနမ်းကြည့်ပြီး ဆက်လက်မတိုက်ခိုက်ပေ။
ထိုစဉ် ဘတိုးမှာ ပစ်ကွင်းကောင်းစေရန်အတွက် အိမ်တစ်လုံးပေါ်သို့တက်လိုက်ပြီးနောက် လက်အတွင်းမှ လှံရှည်ကြီးကို အားကုန်စိုက်လွှဲလိုက်ကာ ကျားကြီး၏ နံံစောင်းသို့ ပစ်လွှတ်လိုက်တော့သည်။ ကျားကြီးမှာ အလစ်အငိုက်ခံရသည်မို့ လှံရှည်ကြီးမှာ ကျားကြီး၏ နံစောင်းသို့ ထုတ်ချင်းခတ်ဝင်ရောက်သွားပြီး ကျားကြီး၏ ကလီစာများကို ဖြတ်ဖောက်ကာ တစ်ဖက်သို့ပင်ပေါက်ထွက်သွားလေသည်။ ဘတိုးလည်း ကျေနပ်စွာဖြင့်ပြုံးလိုက်ရင်း ကျားကြီးဆီသို့ခုန်ဆင်းလာခဲ့သည်။

ထိုအခါ ကျားကြီးမှာ ဘတိုးအား လက်သည်းဖြင့်ကုပ်ထည့်လိုက်ရာ ဘတိုး၏ ရင်ဘတ်မှာ ကျားလက်သည်းဖြင့်ခတ်မိပြိး ပွင့်ထွက်သွားတော့သည်။ ဘတိုးလည်း မိမိအဖြစ်ကိုပင် မိမိမယုံချင်တော့ပေ၊ ထိုမျှ လှံသွားထိနေသည့် ကျားကြီးမှာ တစ်ချက်ကလေးမှ ထိခိုက်သည့်ပုံမပေါ်ပေ၊ ကျားကြီးမှာ ဘတိုအားကိုက်ရန်အတွက် နီးကပ်လာစဉ် သူ့ကိုဘစိုးက ကျားကြီးထံသို့ပြေးလာသဖြင့် ကျားကြီးက ဆက်လက်မတိုက်ခိုက်တော့ဘဲ လှံတန်းလန်းကြီးဖြင့် တောအုပ်အတွင်းသို့ ခုန်ပေါက်ကာ ဝင်ရောက်သွားလေသည်။

“ညီလေး၊ ညီလေး ဘတိုး”

ကျားကြီး၏ ကုပ်ချက်ကြောင့် ဘတိုး၏ ရင်လတ်ကြွက်သားများမှာ ဓါးနှင့်ခွဲလှန်ထားသကဲ့သို့ လန်ထွက်သွားသည်။ ဘတိုးလည်း အလွန်နာကျင်သည့် ဝေဒနာကို ခံစားရပြီးနောက် မေ့လဲကျသွားတော့သည်။

(၂)

ဘတိုး အိပ်မက်ထဲတွင် ကျားကြီးတစ်ကောင်နှင့်ဆုံတွေ့သည်။ ကိုးတောင်ကျားကြီးမှာ အတော်အင်အားကြီးမားပြီး ဘတိုးအားလှည့်ပတ်ကာ ချောင်းနေလေသည်။ ဘတိုးကလည်း လှံရှည်တစ်လက်ကိုင်ဆောင်လျှက် ကျားကြီး၏ အခြေအနေကိုပြန်ကြည့်နေမိသည်။ အမှောင်ထုဖုံးနေသည့် ပတ်ဝန်းကျင်ပတ်ပတ်လည်တွင် ကျားမျက်လုံးဝါဝါကြီးတစ်စုံက ပေါ်လာလိုက် ပျောက်သွားလိုက်နှင့်ဖြစ်နေတော့သည်။ ထို့နောက် ကျားကြီးက ဘတိုး၏ အနောက်မှပေါ်ထွက်လာခဲ့လေသည်။ ဘတိုးလည်း ကျားကြီးခုန်အုပ်သည်ကို ကျွမ်းထိုးရှောင်တိမ်းလိုက်ပြီး ကျားကြီး၏ မျက်စေ့နှစ်လုံးတည့်တည့်ထံသို့ လှံသွားကို ထိုးစိုက်ချလိုက်လေသည်။ ကျားကြီးမှာဦးခေါင်းကြီးပွင့်ထွက်သွားသော်လည်း မသေသေးပေ၊ ဘတိုးအား လက်သည်းဖြင့်ပုတ်လိုက်သဖြင့် ဘတိုးလည်း လန့်ပြီး ရှောင်ရှားလိုက်ရသည်။

“ကျား . . . ကျား”

ဘတိုးတစ်ယောက် အိပ်စက်နေရင်း လန့်ကာအော်မိသည်။ သူ့အနားတွင် သူ့အကိုဘစိုးနှင့် သူ့မိန်းမတို့က ထိုင်နေလေသည်။ သူ့အဖေဘစံမှာ ခပ်လှမ်းလှမ်းတွင် ထိုင်ကာ ဆေးတံသောက်နေလေသည်။

“ညီလေး ဘတိုး၊ သက်သာပြီလား”

ဘတိုးလည်း အိပ်ရာမှကုန်းထိလိုက်သည်။ သူ့ရင်ဘတ်တစ်ခုလုံး မီးစနှင့် ထိုးထားသကဲ့သို့ ပူလောင်နာကျင်နေလေသည်။

“ကျုပ်၊ ကျုပ် အဲဒီကျားကိုလက်တုံ့ပြန်မယ်”

“ညီလေးရာ မင်းလည်းအခု နေကောင်းသေးတာမှမဟုတ်ဘဲ၊ စိတ်လျော့လိုက်စမ်းပါ၊ အကို အဲဒီကျားကြီးကို ရအောင်ရှာပြီးဖမ်းပါ့မယ်”

“ဒါနဲ့ အဲဒီကျားကြီးက လှံတစ်ချောင်းလုံးစိုက်တာတောင်မှ ဘာလို့မသေတာလဲ”

ထိုအခါ ဘစိုးက

“ငါ့ညီအမြင်မှားတာနေမှာပါကွာ၊ အကိုသေချာကြည့်တော့ ကျားကြီးကိုလှံက မစိုက်ပါဘူး၊ ရှပ်ထိပြီးတော့ မြေပေါ်ကိုကျသွားတာပါ”

ဘတိုးက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး အကိုကြီး၊ ကျုပ်လက်ဆကိုကျုပ်သိတယ်၊ နောက်ပြီး ကျားကြီးကိုလှံသွားက ဖောက်ဝင်သွားတာကို ကျုပ်မျက်လုံးနဲ့မြင်လိုက်ရတာ”

“အေးပါညီလေးရာ၊ အခုလောလောဆယ်တော့ နားလိုက်ပါအုံး၊ ကဲ ငါ့ညီမလေးလည်း ပင်ပန်းနေရော့မယ်၊ သွားအနားယူတော့”

ဘတိုးကို အိမ်ရှေ့ခန်းတွင်ထားခဲ့ပြီး ဘစိုးက ရေပုံးတစ်ချို့ကိုယူကာ အိမ်မှထွက်သွားလေသည်။ ဘတိုးရှိစဉ်က အိမ်ရှိသုံးရေများကို ဘတိုးသာ ထမ်းလေရာယခု ဘတိုးနေမကောင်းသည့်အတွက် အကိုကြီးက ရေထမ်းနေပုံရသည်။ ဘတိုး၏ မိန်းမမှာလည်း အိမ်အောက်ထပ်သို့ဆင်းကာ ထမင်းဟင်းချက်ပြုတ်နေလေသည်။

“ညီမရယ်၊ ပင်ပန်းနေပါအုံးမယ်၊ နားနားနေနေ နေစမ်းပါ”

“မဟုတ်တာပဲ အကိုဘတိုးရယ်၊ ဗိုက်က အခုမှ သုံးလပဲရှိသေးတာပါ၊ ညီမ ထမင်းချက်တာလောက်တော့ လုပ်ပေးနိုင်ပါတယ်”

ဘတိုးလည်း အိမ်ရှေ့ခန်းတွင်သာ ဆန့်ဆန့်ကြီးနေထိုင်ရလေသည်။ ရင်ဘတ်အသားများမှာ ပြတ်တောက်ထွက်ကုန်ပြီး ကံကောင်းသဖြင့် နံရိုးများကိုမထိမိသောကြောင့် ဘတိုးတစ်ယောက်အသက်ရှင်နေရခြင်းဖြစ်သည်။

ထိုည။

ဘတိုးအိပ်နေစဉ်မှာ ဝုန်းခနဲအသံကြီးကိုကျားလိုက်ရသဖြင့် ဘတိုးက မျက်လုံးများဖွင့်ကြည့်လိုက်လေသည်။ ထိုအခါ သူတို့အိမ်ခေါင်မိုးကြီးပွင့်ထွက်နေပြီး လရောင်က အိမ်အတွင်းသို့ကျဆင်းနေလေသည်။ အိမ်ထောင့်တစ်နေရာမှ မျက်လုံးဝါဝါကြီးတစ်စုံက တဖြည်းဖြည်းနီးကပ်လာလေသည်။

“ဟာ၊ ကျား . . . ကျား”

ထိုစဉ် ဘတိုးတို့အဖေ ဦးဘစံမှာ ဓါးမကြီးတစ်လက်နှင့်ထွက်လာပြီး ကျားကြီး၏မျက်နှာကို အားကုန်လွှဲခုတ်ချသည်။ သို့သော် ကျားကြီးကို ဓါးက မတိုးဘဲ ပြန်ကန်ထွက်လာလေသည်။ ကျားကြီးက ဘစံ၏ ဝမ်းဗိုက်ကို လက်သည်းကြီးဖြင့် ခြစ်ထည့်လိုက်လေရာ ဘစံမှာ မတ်တပ်ရပ်လျှက်သားနှင့်ပင် ဝမ်းဗိုက်ပွင့်သွားကာ အငွေ့တထောင်းထောင်းနေသည့် အူများ၊ ကလီစာများက ကြမ်းပြင်ပေါ်သို့ ပုံကျလာလေသည်။

ကျားကြီးမှာ ဘစံ၏ ဦးခေါင်းကိုကိုက်ရင်း ဘစံကိုယ်လုံးကို မြေတွင်လှိမ့်ကာ ဆွဲလိုက်သည့်အခါ ဘစံ၏ ဦးခေါင်းကြီးမှာ ကျားကြီး၏ပါးစပ်အတွင်းသို့ ပါသွားလေတော့သည်။

“အဖေ . . . အဖေ”

ဘတိုးက အသံကုန်ဟစ်ကာအော်ဟစ်လိုက်သည်။

“အကိုကြီး ကျားဗျ”

ဘတိုးအော်ခေါ်နေသော်လည်း အိမ်ထဲမှ မည်သူမှထွက်မလာခဲ့ပေ၊ ဘတိုးလည်း အားယူကာ ကုန်းထလိုက်ပြီး အခန်းနံရံတွင်ထောင်ထားသည့် လှံတံကြီးကို ဆွဲယူကာ အားပြုလျှက် ထလိုက်လေသည်။ ကျားကြီးက ဘတိုးအဖေ၏ ဦးခေါင်းကြီးကို ကိုက်ဝါးလိုက်ပြီးနောက် ဘတိုးအဖေ၏ ကိုယ်လုံးကို ပါးစပ်နှင့်ကိုက်ချီလိုက်သည်။ ထို့နောက် အိမ်ခေါင်မိုးအပေါက်ကြီးမှ ပေါ့ပါးစွာဖြင့် ပြန်လည်ခုန်ထွက်သွားတော့သည်။

ဘတိုးလည်း အိမ်ပေါ်မှ ဒယိမ်းဒယိုင်ဖြင့်ခုန်ဆင်းခဲ့သည်။ ရွာကလေးမှာ တစ်ရွာလုံးတိတ်ဆိတ်နေကြသည်။ ကျားကြီးလာသည်ကို ကြောက်လန့်သဖြင့် တိတ်ဆိတ်ပုန်းအောင်းနေကြခြင်းလား မပြောတတ်ပေ၊ ဘတိုးလည်း ကျားကြီးထွက်ပြေးသွားသည့် အိမ်နောက်ဖေးတောစပ်သို့လိုက်ဝင်ခဲ့သည်။

ကျားကြိးကို ခြေရာခံရသည်မှာ သိပ်မခက်ခဲလှပေ၊ ကျားကြီးမှာ ဘတိုးဆက်လိုက်လာ်မည်ဟု မထင်သဖြင့် အေးအေးလူလူသွားနေပုံရသည်၊ မကြာခင် လရောင်ထိုးကျနေသည့် မြေပြန့်ပြန့်တစ်ခုပေါ်တွင် ကျားကြီးမှာ ဘတိုးအဖေ ဘစံ၏အလောင်းအား လက်များခြေများကိုဆွဲဖြုတ်လျှက် အားရပါးရစားသောက်နေတော့သည်။ ဘတိုးလည်း လှံတံကိုင်ပြီး အခွင့်ကောင်းကိုရှာနေလေသည်။ ဘတိုးကို ကျောခိုင်းကာ အေးအေးလူလူစားသောက်နေသည့် ကျားကြီးအားကွေ့ပတ်ကာ ကုန်းမြင့်တစ်ခုအပေါ်သို့တက်လိုက်သည်။ ထို့နောက် ဘတိုးက ညာသံပေးကာ အော်ဟစ်လျှက် ကုန်းမြင့်ပေါ်မှ လှံရှည်ကြီးဖြင့် ကျားကြီးအား ထိုးစိုက်ချထည့်လိုက်သည်။ လှံရှည်က ကျားကြီး၏ လည်ပင်းအတွင်းသို့ စိုက်ဝင်သွားကာ ဘတိုးလည်း ကျားကြီး၏ ကျောကုန်းအပေါ်တွင် ခွလျှက်သားကြီးဖြစ်နေလေသည်။ ကျားကြီးမှာ အလစ်တိုက်ခိုက်ခံရသည်မို့ ဘတိုးအား လက်ဖြင့်ပုတ်သော်လည်း၊ ကျားကြီး၏ကျောကုန်းပေါ်ရောက်နေသဖြင့် လက်ဖြင့်မပုတ်သာပေ။

“သေစမ်း၊ ငါ့အဖေကိုသတ်တဲ့ကောင်ကြီး၊ မင်းသေစမ်း”

ဘတိုးက အော်ဟစ်လျှက် လှံတံကိုကျား၏လည်ပင်းအတွင်းသို့ အားကုန်ထိုးစိုက်ချသည်။ သို့သော်ကျားကြီးမှာ ဘာမှမဖြစ်သည့်အပြင် ကျားကြီးက မြေကြီးတွင်လူးလိမ့်လိုက်သဖြင့် ဘတိုးလည်း မြေပေါ်သို့ကျဆင်းကာ ကျားကြီးက ဘတိုးကိုယ်ပေါ်တွင်အုပ်မိုးလိုက်လေသည်။

ပြဲကားနေသည့် ပါးစပ်ကြီးအတွင်းတွင် အစွယ်ကြီးများက လရောင်နှင့်ဖွေးဖွေးဖြူနေသည်။ ကျားကြီးက ဘတိုးမျက်နှာအားတစ်ချက်ကြည့်ရင်း

“မင်းပဲကိုး၊ မင်းက တော်တော်ကိုဇွဲကောင်းတဲ့ကောင်ပဲ၊ ဟိုတစ်ခါ ငါလုပ်ခဲ့တာကို မမှတ်သေးဘဲ ငါ့အနောက်ကိုဆက်လိုက်နေသေးတာကိုး”

ဘတိုး အတော်အံ့သြသွားမိသည်။

“ကျား . . . ကျားက လူစကားပြောတယ်လား၊ ငါ . . ငါရူးသွားတာလား”

“မင်းမရူးပါဘူးကွ၊ ကျားက လူစကားပြောတယ်ဆိုတာ တကယ်ပါ၊ တကယ်တော့ ငါက ဆမန်းစံအိမ်တော်က ဆမန်းကျားတစ်ကောင်ပဲ”

“ဆမန်းစံအိမ်ဆိုတာဘာလည်း . . . ဆမန်းကျားဆိုတာကရော . . .”

ထိုအခါ ကျားကြီးက ပြုံးရယ်လိုက်ရင်း

“ဒါကတော့ မင်းအကိုအသိဆုံးဖြစ်မှာပေါ့ကွ”

ဘတိုးက သူ့ခေါင်းကိုသူလက်နှင့်အုပ်ရင်း

“ဘာတွေလည်း၊ အကိုဘစိုးက ဘာတွေသိထားတာလဲ”

ကျားကြီးက ဘတိုးအားငုံ့ကြည့်ရင်း

“ရှင်းရှင်းပြောရရင်တော့ မင်းအကိုက ဆမန်းတစ်ကောင်ပဲ၊ ဆမန်းကျားစံအိမ်မှာ ဆမန်းတစ်ကောင်ဖြစ်ဖို့အတွက် စာရင်းပေးထားခဲ့တာပဲ၊ အခုတော့ သူက ဆမန်းကောင်ဖြစ်နေပြီ၊ ဒါပေမယ့် လူသားကမွေးတဲ့အတွက် လူတစ်ဝက် ဆမန်းတစ်ဝက်အဆင့်ပဲရှိသေးတယ်”

“ခင်ဗျားပြောတာတွေ ကျုပ်မယုံဘူး၊ ခင်ဗျားပြောတာတွေ တစ်ခုမှမယုံဘူး”

“ဟား၊ ဟား ယုံတာမယုံတာကတော့ မင်းကိစ္စပဲလေ၊ အခုမင်းရဲ့ကလေးတောင်မှ မင်းနဲ့ရတာဟုတ်ချင်မှဟုတ်မှာ”

“ခင်ဗျားဘာပြောတာလဲ”

“မင်းမသိဘူးလား ငတုံးရ၊ မင်းရဲ့မိန်းမက အရင်တုန်းက ဘယ်သူနဲ့ချစ်ကြိုက်ခဲ့တယ်ဆိုတာကို မင်းမသိဘူးလား”

ဘတိုးက ဘာမှမပြောချင်တော့ဘဲ ခါးကြားတွင်ထိုးထားသည့် ဓါးမြှောင်ကိုဆွဲဖြုတ်လိုက်ကာ ကျားကြီး၏ လည်ပင်းကို ခုတ်ပိုင်းထည့်လိုက်သည်။ ကျားကြီး၏ လည်ပင်းပြတ်ထွက်သွားပြီး သွေးများက ပန်းထွက်လာလေသည်။ ကျားကြီးမှာ နာကျင်သဖြင့်အော်ဟစ်နေပုံရသည်။ ထို့နောက် ဘတိုး၏လက်ကိုပုတ်ထုတ်လိုက်ရာ ဘတိုး၏ ဓါးမြှောင်မှာ လွတ်ထွက်သွားလေသည်။ ထိုအခါ ကျားကြီးက ဘတိုးမျက်နှာအနီးသို့တိုးကပ်ပြီး

“အရူး . . . မင်းက အရူးပဲ၊ မင်းရဲ့ဓါးအစုတ်အပဲ့လောက်နဲ့ ငါ့ကိုသတ်လို့ရမယ်လို့ ထင်နေတာလား၊ ငါတို့ဆမန်းတွေက ဘယ်လောက်သတ်သတ်မသေဘူးကွ၊ သတ်ချင်တယ်ဆိုရင်လည်း တစ်ပိုင်းတစ်စစီဖြစ်အောင်လုပ်မှရမှာ”

ဘတိုးလည်း ကျားကြီးမျက်နှာကိုကြည့်ရင်း ကျားကြီး၏ လည်ပင်းကို ပါးစပ်ဖြင့်ကုန်းကိုက်ထည့်လိုက်သည်။ ဒဏ်ရာကို အကိုက်ခံရသဖြင့် ကျားကြီးမှာ အတော်ပင်လူးလိမ့်နေရှာသည်။ ထို့နောက် ဘတိုးကို လက်ဖြင့်ပုတ်ထုတ်လိုက်သည်။

“ဆမန်းကောင်ရဲ့သွေးကိုသောက်ရင် ဆမန်းကောင်ရဲ့ ကျိန်စာကို မျှဝေခံစားရလိမ့်မယ်”

ဘတိုးပါးစပ်တွင် ကျားကြီး၏ လည်ချောင်းသွေးများက စီးကျနေလေသည်။ ပါးစပ်အတွင်းသို့လည်း မရေမတွက်နိုင်သော သွေးများက ဝင်ရောက်ခဲ့ကာ မြိုချပြီးဖြစ်သည်။ ဘတိုးလည်း ရုတ်တရက်အားအင်ရှိလာသလို ခံစားလိုက်ရသည်။ ထိုစဉ်မှာပင် ခုနက ကျားကြီးနှင့်လုံးထွေးသတ်ပုတ်ရင်း ရရှိခဲ့သည့် ဒဏ်ရာဒဏ်ချက်များပင် အကောင်းပကတိအတိုင်းပြန်ဖြစ်သွားလေသည်။

“ဘာဖြစ်တာလဲ၊ ကျုပ်ဘာဖြစ်တာလဲ”

“ကောင်လေး၊ မင်းကတော့ အခုဆမန်းကောင်ဖြစ်သွားခဲ့ပြီ”

“လာစမ်းပါ၊ ခင်ဗျားနဲ့ကျုပ်နဲ့ ရှင်းလို့မပြီးသေးဘူး”

ထိုအခါ ကျားကြီးက ခေါင်းခါပြသည်။ လည်ပင်းကြီးပွင့်ကာ သွေးများဒရဟောစီးကျနေသည့် ကျားကြီး၏ ဒဏ်ရာကြီးမှာလည်း အံ့သြဖို့ကောင်းစွာပင် ပျောက်ကင်းသွားလေသည်။

“မင်းငါနဲ့မရှင်းနဲ့၊ မင်းတို့ညီအကိုချင်းအရင်ရှင်းပါ၊ ပြီးလို့ မင်းတကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ ညောင်ရွှေမြို့က ဆမန်းအိမ်တော်ကို လိုက်လာခဲ့”

ကျားကြီးမှာ ထိုသို့ပြောကာ တောအုပ်အတွင်းသို့ ခုန်ဝင်ကာပျောက်ကွယ်သွားသည်။ ဘတိုးခေါင်းတွေကိုက်ခဲလာသည်။ သွေးခုန်နှုန်းများ မြန်ဆန်လာပြီး ပြောပြ၍မတတ်သည့် ခံစားမှုတစ်မျိုးကို ခံစားနေရသည်။ ထို့နောက် သူ့ရင်ဘတ်ကြီးကို သူပြန်ကြည့်လိုက်သည့်အခါ ကျားကြီးပုတ်ခဲ့သဖြင့် ရရှိခဲ့သည့် ဒဏ်ရာကြီးမှာ လုံးဝပျောက်ကင်းနေပြီဖြစ်သည်။

“ငါဘာဖြစ်တာလဲ”

ဘတိုးလည်း ထိုသို့ရေရွတ်ရင်း အိမ်သို့ပြန်လာခဲ့တော့သည်။

(၃)

ဘတိုးတို့အိမ်မှာ နှစ်ထပ်အိမ်ကြီးတစ်အိမ်ဖြစ်ပြီး အိမ်အောက်ထပ်တွင် ဘတိုးတို့လင်မယားနေထိုင်ကာ အိမ်အပေါ်ထပ်တွင်တော့ ဘတိုးအဖေ ဘစံနှင့် အကိုကြီး ဘစိုးတို့ နေထိုင်ကြခြင်းဖြစ်သည်။ ဘတိုးလည်း အိမ်သို့အသာကလေးပြေးလာရင်း အိပ်ခန်းအတွင်းသို့ ဝင်ရန်ကြံရွယ်လိုက်သည့်အခါ မီးဖိုချောင်အတွင်းမှ ညည်းညူသံများကိုကြားလိုက်ရလေသည်။

“ဘာဖြစ်တာလဲ”

ဘတိုးလည်း မီးဖိုချောင်အနီးသို့ ကပ်လာခဲ့ပြီး မီးဖိုချောင်အား ကာရံထားသည့် သစ်သားပြားအကြားမှ ချောင်းကြည့်လိုက်လေသည်။ မီးဖိုချောင်အတွင်း ဆီမီးထွန်းထားပြီးးနောက် ကြမ်းပြင်ပေါ်တွင် လူနှစ်ဦးမှ အချင်းချင်းပွေ့ဖက်လျှက် လူးလိမ့်နေကြသည်။ ထိုလူနှစ်ဦးကိုကြည့်ရင်း ဘတိုးမျက်လုံးများပြူးကျယ်သွားသည်။

“မိန်း . . . မိန်းမ”

ဘတိုးက တိုးတိုးကလေးရေရွတ်လိုက်သည်။ သူ့မိန်းမဖြစ်သူနှင့် သူ့အကိုဘစိုးတို့မှာ မီးဖိုခန်းအတွင်း ဖောက်ပြားနေကြလေသည်။ ဘစိုးက တစ်ချက်ရပ်တန့်လိုက်ပြီး

“နေအုံး၊ လူသံကြားသလိုပဲ”

“မဟုတ်တာတွေ ဂရုစိုက်မနေပါနဲ့ ကိုဘစိုးရယ်၊ ကျွန်မကိုသာ ချစ်ပေးပါရှင့်”

“ဖြစ်ပါ့မလား၊ ကလေးက တဖြည်းဖြည်းကြီးလာပြီနော်”

ထိုအခါ ဘတိုးမိန်းမက ဘစိုးအား ပွေ့ဖက်ကာ နမ်းရှုံ့လိုက်ပြီး

“လုပ်စမ်းပါ ကိုဘစိုးရဲ့၊ ကျွန်မကိုညလုံးပေါက် အကို့ရဲ့ခွန်အားတွေကို ပေးစမ်းပါ၊ အကို့ရဲ့ညီက ယောက်ျားဆိုပေမယ့် အကို့လောက်ယောက်ျားမပီသဘူး၊ ညီမကတော့လေ အိမ်မှာ အကိုရှိနေတာနဲ့တင် ဘာမှမလိုအပ်တော့ဘူး”

ဘစိုးကလည်း ပြုံးလိုက်ပြီးနောက် သူတို့နှစ်ဦးသား ချစ်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းကြနေလေသည်။ ဘတိုးလည်း အသံမထွက်အောင် ခြေကိုဖွဖွကလေးနင်းပြီး အိမ်ပေါ်သို့တက်ခဲ့သည်။ အိမ်ပေါ်ထပ်တွင် ခေါင်မိုးကြီး ဟောင်းလောင်းပေါက်ဖြစ်သွားသည်ပင် မသိအောင် ထိုနှစ်ဦးမှာ တဏှာရဂမီးများတောက်လောင်နေကြလေသည်။ ဘတိုးက အိမ်နံရံတွင်ချိတ်ထားသည့် သူ့အဖေ၏ ငှက်ကြီးတောင်ဓါးကြီးကို ဖြုတ်ယူလိုက်ပြီးနောက် မီးဖိုခန်းအတွင်းသို့ တစ်လှမ်းချင်းလျှောက်လာလေသည်။

မီးဖိုခန်းအဝင်တွင် ကာရံထားသည့် ယင်းလိပ်ကိုဖယ်ကာ ဘတိုးအထဲသို့ဝင်ခဲ့သည်ကိုပင် ထိုနှစ်ဦးက သတိမမူမိကြပေ၊ ဘတိုးလည်း ဘာမှမပြောတော့ဘဲ သူ့မိန်းမ၏ လည်ပင်းအား ဓါးဖြင့်ခုတ်ပိုင်းချထည့်လိုက်သည်။ သူ့မိန်းမမှာ ဘာမှမသိလိုက်သေးခင်မှာပင် ခေါင်းက ကြမ်းပြင်ပေါ်သို့ ပြတ်ကျသွားလေသည်။ သူ့အကို ဘစိုးကတော့ ဘတိုးအား ကြောက်လန့်တကြားဖြင့်ကြည့်သည်။

“ဟာ၊ ညီလေး၊ မှားမယ်၊ မှားမယ်”

“ဘာမှားတာလဲအကိုကြီးရ၊ ကျုပ်က လူသတ်တော့မှားတာတဲ့လား၊ အကိုကြီးနဲ့ ကျုပ်မိန်းမတို့ ဖောက်ပြားနေကြတာကရော အမှားမဟုတ်ဘူးလား”

ဘတိုးက ထိုသို့ပြောလိုက်ရင်း ဘစိုးအား ဓါးဖြင့်ခုတ်လိုက်လေသည်။ သို့သော် ဘစိုးက ဓါးချက်ကိုငုံ့ရှောင်လိုက်ကာ ဘတိုး၏ ရင်ဝအား ခြေထောက်ဖြင့်ကန်လိုက်သဖြင့် ဘတိုးတစ်ယောက်လွင့်ထွက်သွားကာ မီးဖိုချောင်နံရံကြီးပင် ပွင့်ထွက်သွားလေသည်။

“ညီလေး၊ ငါ့ညီနဲ့ငါနဲ့ ပြဿနာမဖြစ်ချင်ဘူးကွာ”

ဘတိုးက အတင်းခုန်ထပြီးနောက် ဘစိုးရင်ဝကို ဒူးနှင့်တိုက်ချလိုက်ပြန်သည်။ ဘစိုးမှာလည်း ဘတိုး၏တိုက်ချက်ကိုခံလိုက်ရပြီးနောက် အနောက်သို့လွင့်ထွက်သွားကာ မီးဖိုချောင်အခန်းနံရံကြီး ပေါက်ထွက်သွားပြန်သည်။ ဘစိုးက အံ့သြစွာဖြင့် ဘတိုးအားကြည့်ရင်း

“ညီလေး၊ မင်း . . မင်းလည်း”

“ဟား၊ ဟား၊ ဟုတ်တယ်၊ ကျုပ်လည်း ဆမန်းကောင်ပဲ၊ ဘာလဲ အကိုကြီးက ကိုယ်တစ်ယောက်ပဲ ဆမန်းကောင်ဖြစ်ချင်နေတာလား”

သို့နှင့် ဘတိုးတို့ညီအကိုနှစ်ဦးမှာ အချင်းချင်းတိုက်ခိုက်ကြတော့သည်။ ဘစိုးက မီးဖိုချောင်အတွင်းရှိ ထွာဆိုင်ခန့်ရှိသည့် တိုင်လုံးကြီးတစ်လုံးကိုဖြုတ်လိုက်ပြီးနောက် ဘတိုးအား ဘယ်ပြန်ညာပြန်လှည့်ရိုက်ပြန်သည်။ ဘတိုးလည်း တိုင်ရိုက်ချက်များကို အလူးအလဲခံရသည်။ သို့သော် ထူးဆန်းသည်မှာ နာကျင်မှုကိုသာခံစားရပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းများမှာ မကျိုးပဲ့၊ မပျက်စီးခြင်းပင်ဖြစ်သည်။

ဘတိုးလည်း ကုန်းထလိုက်ကာ အိမ်တိုင်ကြီးကို လက်နှစ်ဖက်ဖြင့်ဖြုတ်ယူလိုက်သည်။ ထို့ောနက် ထိုအိမ်တိုင်ကြီးဖြင့် သူ့ကိုဖြစ်သူကို ရိုက်နှက်ပြန်သည်။ ဘစိုးလည်း အိမ်တိုင်တစ်တိုင်ကို ပြေးဖြုတ်သည့်အခါ သူတို့နှစ်ထပ်အိမ်ကြီးမှာ တစ်ဖက်သို့စောင်းနင်းကာ ပြိုကျလေတော့သည်။ ရွာသူရွာသားများမှာ ပြေးလာရင်း ဘတိုးတို့ကိုလာကြည့်ကြသည်။ အိမ်တိုင်ကြီးများဖြုတ်ကာ တစ်ယောက်နှင့်တစ်ယောက် ရိုက်နှက်နေရင်း မျက်လုံးများမှာလည်း အလင်းရောင်များ ဝင်းဝင်းလက်နေသည့် သူတို့အားကြည့်လျှက်

“ဟာ၊ ဘတိုးတို့ညီအကိုက မကောင်းဆိုးဝါးကြီးတွေပဲ”

“ဟုတ်တယ်၊ ကြာရင်ငါတို့ဖက်ကို လှည့်လာနိုင်တယ်၊ ပြေးကြဟေ့”

ရွာသူရွာသားများမှာ အားလုံးထွက်ပြေးကုန်ကြလေသည်။ အိမ်တိုင်နှင့် တော်ရုံရိုက်၍ အနိင်မရမှန်း ဘတိုးသိလိုက်သည်မို့ အနောက်သို့ကျွမ်းပစ်ကာ ခုန်ဆု်တ်လိုက်သည်။ ထိုအခါ သူ့အသွေးအသားများထဲတွင် စွမ်းအားတစ်ခုက ပြေးလွှားလှုပ်ရှားနေသည့်အတွက် ဘတိုးလည်း ကောင်းကင်ကိုမော့ကြည့်ကာ ပါးစပ်ကိုဖြဲလျှက် အော်ဟစ်လိုက်လေသည်။

“ဝေါင်း . . .”

ိသို့သော် အော်သံက လူသံထွက်မလာဘဲ ကျားသံကြီးသာထွက်လာသည်။ ထို့နောက် ဘတိုးမှာ ကျားတစ်ပိုင်း လူတစ်ပိုင်းအဖြစ်သို့ အလျှင်အမြန်ပြောင်းလဲသွားသည်။ သူ့ကို ဘစိုးမှာ ဘတိုးကိုကြည့်လျှက် အလွန်အံ့သြနေလေသည်။ မကြာခင်မှာပင် ဘတိုးမှာ ကျားကြီးတစ်ကောင်ဖြစ်သွားတော့သည်။

ဘတိုးက ဘစိုးအားခုန်အုပ်ကာ တိုက်ခိုက်တော့သည်။ နားထဲတွင်လည်း ကျားကြီးပြောခဲ့သည့် စကားများကို ပြန်လည်ကြားယောင်နေမိသည်။

“သတ်ချင်ရင်၊ အပိုင်းပိုင်းအစိတ်စိတ်ဖြစ်အောင်သတ်ကွ”

ထိုတော့မှ ဘတိုးလည်း အကိုဖြစ်သူ၏ လက်များခြေများကို ကိုက်ဖြတ်ပြီး အပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်လိုက်တော့သည်။ မနက်မိုးလင်းသည့်အခါ ရွာကလေးတွင် သူများရှင်းလင်းသွားပြီဖြစ်သည်။ ဘတိုးတစ်ယောက်သာ အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသည့် အကိုဖြစ်သူ၏ ရုပ်အလောင်းနှင့် ခေါင်းပြတ်နေသည့် မိန်းမဖြစ်သူ၏ ရုပ်အလောင်းအလယ်တွင် ငုတ်တုတ်ထိုင်လျှက်ကျန်နေခဲ့သည်။

“မင်းသွားစရာမရှိရင် ညောင်ရွှေဆမန်းစံအိမ်တော်ကိုလာခဲ့”

ထိုစကားကို ပြန်လည်ကြားယောင်ပြီးနောက် ညောင်ရွှေသို့ဆင်းခဲ့တော့သည်။

(၅)

ညောင်ရွှေကျားဖြူစံအိမ်ကြီး၏ မုခ်ဦးကြီးမှာပင် အလွန်ခန့်ညားလှလေသည်။ ဘတိုး စံအိမ်အရှေ့သို့ရောက်သည့်အခါ စံအိမ်တံခါးကိုဖွင့်ခိုင်းသော်လည်း သူ့အားမည်သူမှ ဝင်ခွင့်မပေးပေ၊ သို့နှင့် တံခါးရွက်ကိုအတင်းဆောင့်ကန်ဖွင့်ပြီး ဝင်လာခဲ့ရသည်။ အတွင်းရောက်သည့်အခါ လူကြီးတစ်ဦးက ပြုံးလျှက် ဘတိုးအနီးသို့ တိုးကပ်လာခဲ့သည်။

“သြော်၊ မင်းတောင်ရောက်လာပြီကိုး”

ဘတိုးက ထိုလူကြီးအား မျက်မှောင်ကြုတ်ကာကြည့်လိုက်ရင်း

“ကျုပ်နဲ့ခင်ဗျားနဲ့သိလို့လား”

“မင်းက ငါဒီပုံစံဖြစ်နေလို့ မမှတ်မိတာနေမှာပါကွ”

ထိုလူကြီးကပြောလိုက်ရင်း လေးဘက်ထောက်လိုက်လေရာ မကြာခင် ကိုးတောင်ရှည်သည့် ကျားကြီးတစ်ကောင်ဖြစ်သွားလေသည်။ ထိုတော့မှ ဘတိုးလည်း ထိုကျားကြီးမှာ သူနှင့်တိုက်ခိုက်ခဲ့သည့် ကျားကြီးဖြစ်နေမှန်းသိလိုက်ရသည်။ ထိုကျားကြီးက မကြာခင်လူအဖြစ်သို့ပြန်လည်ပြောင်းလဲသွားပြီး

“မင်းက ကံကောင်းတာလား၊ ကံဆိုးတာလားတော့မသိဘူး၊ မမျှော်လင့်ဘဲ ဆမန်းကောင်ဖြစ်ခဲ့ရတယ်မဟုတ်လား၊ ကဲပါ မထူးပါဘူး၊ မင်းလည်းဒီရောက်တော့ တခြားဆမန်းကောင်တွေလို စံအိမ်မှ ခစားနေပေါ့”

ဘတိုးလည်း ဘာမှန်းမသိဘဲ ခေါင်းညိတ်လိုက်မိသည်။

“ဒါနဲ့ ခင်ဗျားနာမည်ဘယ်သူလဲ”

“ငါ့နာမည်ခွန်သိုက်၊ ငါက ဒီစံအိမ်ကြီးရဲ့ အိမ်တော်ထိန်းကြီးပေါ့”

“ခင်ဗျားဘာလို့ လူတွေကိုသတ်ရတာလဲ”

“ဆမန်းကျင့်စဉ်ရဲ့ အဆင့်ငါးက အသက်အရွယ်ခုနစ်မျိုးရှိတဲ့ လူခုနစ်ယောက်ကို စားသောက်ရတာမျိုးပဲ”

“အသက်အရွယ်ခုနစ်မျိုးဆိုတာက”

“အသက်အကြီးအငယ် မတူတာကိုပြောတာပါ၊ မင်းအဖေကို စားခဲ့မိတဲ့အတွက် ငါစိတ်မကောင်းပါဘူးကွာ၊ ဒါနဲ့ မင်းနာမည်ရော ဘယ်လိုခေါ်သလဲ”

“ကျုပ်နာမည်ဘတိုး”

ဦးခွန်သိုက်က ခေါင်းညိတ်လျှက်

“ကောင်းပြီလေ၊ မင်းငါ့အနားမှာပဲနေပါ၊ မင်းငါ့ကိုတစ်ခုကူညီပေါ့”

“ကျုပ်က ဘာကူညီရမှာလဲ”

ထိုအခါ ဦးခွန်သိုက်က ဘတိုးကိုခေါ်ဆောင်သွားသည်။ ထိုစံအိမ်ကြီးအတွင်း ရှိသမျှလူအားလုံးမှာ ဘတိုးကဲ့သို့ဆမန်းကောင်များဖြစ်ကြောင်းသိရသည်။ ဦးခွန်သိုက်က ဘတိုးကို ကျားဖြူသခင်ကြီးနှင့်မိတ်ဆက်ပေးပြီးနောက် ဘတိုးအားညောင်ရွှေကျားဖြူစံအိမ်တွင် အဖွဲ့သွင်းပေးလိုက်တော့သည်။

သုံးရက်ခန့်ကြာသည့်အခါ ဘတိုးအား ဦးခွန်သိုက်က မိုင်းသောက်မြို့သို့ လှည်းတစ်စီးဖြင့်ခေါ်ဆောင်သွားလေသည်။ မိုင်းသောက်မြို့အပြင်ဘက်ရှိ တောင်ကုန်းကလေးတစ်ခုအပေါ်တွင် ခြံနှင့်အိမ်ကလေးတစ်လုံးရှိသည်။ ထိုခြံကလေးအတွင်းတွင် မြင်းလှည်းအားရပ်နားပြီးသည့်အခါ ဦးခွန်သိုက်နှင့် ဘတိုးတို့မှာ အိမ်အတွင်းသို့ဝင်လာခဲ့ကြသည်။ ထိုအခါ အိမ်ထဲမှ အသက်ကြီးကြီး ခေါင်းတုံးပြောင်ပြောင်နှင့် အနက်ရောငအဝတ်အစားများကို ဝတ်ထားသည့် လူကြီးတစ်ဦးထွက်လာခဲ့သည်။ ထိုလူကြီးက ဘတိုးအားလက်ညှိုးထိုးလိုက်ကာ

“ဒီကောင်လေးက စိတ်ချရရဲ့လား”

“စိတ်ချရပါတယ်၊ တစ်အချက်ကတော့ ဒီကောင်လေးက စံအိမ်ကလူမဟုတ်ဘူး၊ အခုမှစံအိမ်ကိုရောက်လာတာဆိုတော့ ဒီကောင်လေးဘယ်သူမှန်း ကျန်တဲ့သူတွေက မသိကြဘူး၊ သူကလည်း ဘယ်သူနဲ့မှအဆက်မသွယ်မရှိသေးဘူးဆိုတော့ ကျုပ်တို့လုပ်ငန်းအတွက် စိတ်ချရလောက်မှာပါ”

ဦးခွန်သိုက်က ပြောလိုက်သည့်အခါ ထိုလူကြီးက အနားသို့တိုးကပ်လာပြီး ရေနွေးကြမ်းတစ်ခွက်ကိုချပေးသည်။ ရေနွေးကြမ်းအထဲတွင်လည်း လက်ဖက်ရိုးကလေးက ထောင်နေသေးသည်။ ဘတိုးလည်း ရေနွေးခွက်အား ကောက်သောက်ပစ်ချလိုက်သည်။ သို့သော် လက်ဖက်ရိုးကလေးမှာ ဘတိုးပါးစပ်တွင်းရောက်သည့်အခါ အသက်ရှင်နေသကဲ့သို့ လှုပ်ရှားသွားပြီး ဘတိုး၏လည်ချောင်းအတွင်းသို့ ဆင်းသွားလေရာ ဘတိုးမှာ အံ့သြသွားသဖြင့် လည်ပင်းကိုလက်နှင့်ဖိထားလိုက်သည်။

ထိုအခါ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူကြီးက တစ်ချက်ပြုံးလိုက်ရင်း

“ဟား၊ ဟား မင်းဗိုက်ထဲကို ဆေးပိုးနွယ်ဝင်သွားခဲ့ပြီ၊ တကယ်လို့ မင်းသာ ငါတို့ကိုသစ္စာဖောက်မယ်ဆိုရင် ငါက အဲဒီဆေးပိုးနွယ်ကိုအသက်ရှင်ခိုင်းလိုက်မယ်၊ ဒါဆိုရင် မင်းက လူစင်စစ်ကနေ သစ်ပင်ကြီးတစ်ပင်ဖြစ်သွားလိမ့်မယ်”

ထိုလူကြီးပြောသည့်အခါ ဘတိုးလည်းအလွန်တုန်လှုပ်သွားလေသည်။

“ကဲ ဘတိုး၊ ဟောဒါကတော့ မောက်မောက်ကြီးလို့ခေါ်တယ်၊ ငါတို့နဲ့အတူတူ လှို့ဝှက်အစီအစဉ်လုပ်မယ့်သူပေါ့”

ဦးခွန်သိုက်ပြောတော့မှ ဘတိုးက

“ဘာ အစီအစဉ်လဲ”

“ဆမန်းကောင်အချင်းချင်း မျိုးဖောက်တဲ့အစီအစဉ်ပေါ့ကွာ”

မောက်မောက်ကြီးက သူတို့နှစ်ဦးအား အခန်းတစ်ခုအတွင်းသို့ ခေါ်သွားလေသည်။ ထိုအခန်းထဲတွင် ကြေးဖြင့်ပြုလုပ်ထားသည့် ဘဲဥပုံအလုံးကြီးတစ်ခုရှိသည်။ ထိုအလုံးကြီးအောက်တွင်လည်း ဘတိုးမသိရှိသည့် စက်ကိရိယာများကိုတပ်ဆင်ထားသေးသည်။ ဦးခွန်သိုက်က ဘတိုးအား ခုံတစ်ခုတွင် ထိုင်စေလျှက်

“ဆမန်းကောင်တွေအကြောင်းပြောမယ်ဆိုရင် ဆမန်းကောင်တွေက မျိုးမပွားနိုင်ဘူး၊ ဒါပေမယ့် ဆမန်းကောင်ရဲ့သွေးကိုသောက်မိရင် အဲဒီဆမန်းကောင်ရရှိလက်ခံထားတဲ့ ကျိန်စာကိုသွေးသောက်တဲ့လူက လက်ခံရရှိပြီးတော့ သူလည်းဆမန်းကောင်ဖြစ်သွားတတ်တယ်၊ မင်းလိုပေါ့”

ဦးခွန်သိုက်က ဘတိုးအားလက်ညှိုးထိုးလိုက်သည့်အခါ ဘတိုးလည်းခေါင်းညိတ်လိုက်သည်။

“တကယ်လို့ ဆမန်းကောင်တွေသာ အချင်းချင်းမျိုးပွားနိုင်မယ်ဆိုရင် ပိုမိုအဆင့်အတန်းမြင့်ပြီး သန့်စင်တဲ့ဆမန်းကောင်တွေ ထွက်လာလိမ့်မယ်လို့ ကျားဖြူသခင်ကြီးက ယူဆထားတယ်၊ ဒါကြောင့်မို့ သူတို့က ဟောဒီက မောက်မောက်ကြီးရဲ့ ဆေးပညာအကူအညီနဲ့ ဆမန်းကောင်အချင်းချင်းမျိုးပွားဖန်တီးဖို့ စမ်းသပ်ကြလိမ့်မယ်”

“ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲ”

“မင်းလုပ်ရမှာကတော့ ဟောဒီကြေးဘဲဥကြီးကို စောင့်ကြည့်ပေးဖို့ပဲ”

ဦးခွန်သိုက်ပြောလိုက်သည့်အချိန်တွင် မောက်မောက်ကြီးက ကြေးဘဲဥကြီး၏ အဖုံးကို ဖွင့်လိုက်သည့်အခါ အတွင်းမှ အခိုးအငွေ့များထွက်ပေါ်လာပြီးနောက် ဖန်ဖြင့်ပြုလုပ်ထားသည့် အချောင်းကလေးတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ထိုအချောင်းကလေးထဲတွင်တော့ ကြွက်သားပေါက်ကလေးသဖွယ် တစ်ကိုယ်လုံးကိုဖောက်ထွင်းမြင်နေရသည့် အကောင်ကလေးတစ်ကောင်က တွယ်ကပ်နေလေသည်။

“အဲ . . . အဲဒါဘာလဲ”

“ငါတို့စမ်းသပ်မှုရဲ့ရလဒ်ပေါ့ကွာ၊ ဒီတော့ မင်းက အခုအချိန်ကစပြီး ဒီအကောင်လေးကို စောင့်ရှောက်ပေးရလိမ့်မယ်၊ တစ်နေ့ကို ဆယ့်ငါးခါ ဟောဒီကြေးဘဲဥကို ဟိုဖက်ဒီဖက်လှည့်ပေးရမယ်၊ ပြီးတော့ အထဲကို ဟောဒီဆေးရည်ကလေးတွေ တစ်စက် တစ်စက်ထည့်ပေးရလိမ့်မယ်”

“ကျုပ်အတွက်တော့ ဘာမှမခက်ပါဘူး”

ဦးခွန်သိုက်က ဘတိုးအနီးသို့တိုးကပ်လိုက်ပြီး

“ဒီဟာက ဘာမှမခက်ပေမယ့် တကယ်ခက်တဲ့အပိုင်းကတော့ မင်းနှုတ်လုံဖို့ပဲ၊ ဒီအကြောင်းတွေကို မင်းဘယ်သူ့ကိုမှမပြောရဘူး၊ ယုတ်စွအဆုံး ကျားဖြူသခင်ကြီးကိုတောင်မှ မပြောရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဆမန်းကောင်မျိုးပွားလို့ရတဲ့ ကိစ္စက အရေးကြီးပြီး အရမ်းလည်း အန္တာရာယ်များတဲ့ ကိစ္စမို့လို့ပဲ”

“ကျုပ်နားလည်ပါပြီ”

သို့နှင့် ဘတိုးတစ်ယောက် မောက်မောက်ကြီးအိမ်တွင်သာ နေထိုင်ရင်း ကြေးဘဲဥကြိးကို အဖော်ပြုရတော့သည်။ မောက်မောက်ကြီးမှာ တစ်နေ့လုံး အလုပ်ရှုပ်နေလေရာ ဘတိုးက မောက်မောက်ကြီးစီစဉ်ပေးထားသည့် ရေနာရီကိုကြည့်ရင်း အချိန်ကျသည်နှင့် ကြေးဘဲဥကြီးကိုလှည့်ပေးရလေတော့သည်။ သို့သော် ထိုကြေးဘဲဥကြီးကို မောက်မောက်ကြီးမှလွဲပြီး အခြားသူများဖွင့်ကြည့်ခွင့်မရှိပေ။

ဦးခွန်သိုက်မှာလည်း မကြာမကြာလာကြည့်လေသည်။ သုံးလခန့်ကြာသည့်အခါ ဦးခွန်သိုက်နှင့် မောက်မောက်ကြီးတို့မှာ ခေါင်းချင်းဆိုင်လျှက် တစ်ခုခုကိုစိုးရိမ်တကြီးဖြစ်နေကြလေရာ ဘတိုးပင်အံ့သြနေမိသည်။

“ဘာတွေများဖြစ်နေလို့လဲ”

“ငါတို့ စမ်းသပ်မှုမအောင်မြင်ခဲ့ဘူး၊ အခု ကျားဖြူသခင်ကြီးက ဒီစမ်းသပ်မှုကို ဖျက်သိမ်းချင်နေပြီ”

“ဘာ . . . ဘာများဖြစ်လို့လဲ”

ထိုအခါ မောက်မောက်ကြီးမှာ ကြေးဘဲဥကြီးကို လှန်လိုက်လေသည်။ ကြေးဘဲဥကြီးအထဲတွင် ကြောင်ပေါက်အရွယ်သာရှိသည့် ကျားကလေးကိုတွေ့ရသည်။ သို့သော် ကျားကလေး၏ ဦးခေါင်းမှာ နှစ်ခုဖြစ်နေလေသည်။

“ဒီကလေးတွေကို စွန့်ပစ်မယ်တဲ့လား”

“ခေါင်းနှစ်လုံးနဲ့ကျားဟာ ကျားဖြူစံအိမ်တော်ကို အရှက်ရစေမယ်လို့ ကျားဖြူသခင်ကြီးက ယူဆတယ်၊ ကဲပါလေ ငါတို့ဘာလုပ်ကြမလဲဆိုတာကို မပြောတော့ပါဘူး၊ အခုပဲ ကျားဖြူသခင်ကြီးဆီကို အခစားဝင်ကြတာပေါ့”

မောက်မောက်ကြီးနှင့် ဦးခွန်သိုက်တို့လည်း ကြေးဘဲဥကြီးကို ဘတိုးအား ပိုက်ခိုင်းလျှက် မြင်းလှည်းတစ်စီးဖြင့် ညောင်ရွှေသို့ ပြန်လာခဲ့ကြသည်။ လူခြေတိတ်သည့် ညည့်သန်းခောင်ယံအချိန်မှာသာ ကျားဖြူသခင်ကြီးူနှင့် တွေ့ဆုံရသည်။ ကျားဖြူသခင်ကြီးူမှာ ကြေးဘဲဥအတွင်းမှ ခေါင်းနှစ်လုံးနှင့်ကျားကလေးအားတွေ့သည့်အခါ အလွန်ဒေါသထွက်လျှက် ကလေးငယ်ကိုကောက်ယူလိုက်ကာ ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်လေသည်။ ကျားကလေးမှာ အသားကုန်အော်ဟစ်တော့သည်။ ဘတိုးလည်း ကျားကလေးအား ကြေးဘဲဥကြီးအတွင်း ပြန်ကောက်ယူကာ ထည့်ထားလိုက်သည်။

“ဒါငါ့ကိုသက်သက်အရှက်ခွဲသလိုဖြစ်နေပြီမောက်မောက်ကြီး၊ ဒီကလေးကိုငါမယူဘူး၊ ဆမန်းကောင်တွေက မျိုးပွားလို့မရဘူးဆိုတာကို မင်းသိရက်နဲ့ လုပ်ခဲ့မိတာ မင်းအပြစ်ပဲ”

မောက်မောက်ကြီးလည်း ဘာမှမပြောနိုင်တော့ပေ၊ ကျားဖြူသခင်ကြီးက ဦးခွန်သိုက်ဘက်သို့လှည့်လိုက်ပြီး

“ကဲခွန်သိုက်၊ ဒီကလေးကို မင်းရှင်းလိုက်တော့”

ထိုအခါ ဦးခွန်သိုက်က ဘတိုးကိုလှည့်ကြည့်ပြီး

“ဘတိုး၊ ဒီကလေးကိုခေါ်သွားပြီး တစ်နေရာမှာသုတ်သင်လိုက်”

ထိုအခါ ကျားဖြူသခင်ကြီးက

“နေအုံး၊ ကျားက ကျားကိုပြန်မသတ်ရဘူးဆိုတာ သဘာဝစည်းမျဉ်းတစ်ခုပဲ၊ ဘတိုးက ကျားဆိုတော့ ကျားကိုပြန်သတ်လို့မရဘူး”

ဦးခွန်သိုက်က စဉ်းစားရင်း

“ဒါဆိုရင် မပူပါနဲ့၊ ဘတိုးကို သင်းခွဲလိုက်မယ်”

ဘတိုးလည်း မျက်လုံးပြူးသွားသည်။

“ဘာ၊ သင်းခွဲမယ်ဟုတ်လား”

ဦးခွန်သိုက်က ဘတိုးကိုဖမ်းချုပ်လိုက်သည့်အခါ ကျားဖြူသခင်ကြီးက ဘတိုး၏အနီးသို့တိုးကပ်လာခဲ့သည်။ ထို့နောက် ဘတိုး၏ ညာဖက်လက်အား လက်ဖြင့်ဆွဲကိုင်လိုက်ရင်း

“မင်းကို ဒီနေ့ကစပြီးငါတို့အသင်းကနေ သင်းခွဲလိုက်ပြီ၊ မင်းဟာ ဆမန်းတစ်ကောင်ဖြစ်နေဆဲပဲဆိုပေမယ့် မင်းရဲ့အစွမ်းတွေအကုန်လုံးကို ငါပိတ်ပင်လိုက်ပြီ”

ကျားဖြူသခင်ကြီးက ထိုသို့ပြောပြီးနောက် သူ့လက်တွင်ဝတ်ဆင်ထားသည့် လက်စွပ်တစ်ခုအား ဆီမီးအလင်းတိုင်ထဲသီု့ထည့်လိုက်ကာ မီးကင်လိုက်သည်။ ရွှေဖြင့်ပြုလုပ်ထားသည့် လက်စွပ်မှာ မကြာခင် မီးများစွဲလောင်ကာ နီမြန်းလာလေရာ ဘတိုး၏ လက်ဖျံကို ထိုလပ်စွပ်ထိပ်စနှင့် ဆောင့်ထိုးလိုက်လေသည်။ ဘတိုးလည်း နာကျင်စွာနှင့် အော်ဟစ်နေမိသည်။ ထို့နောက် ညောင်ရွှေစံအိမ်မှ ဘတိုးကို နှင်လွှတ်လိုက်ကြသည်။ ဘတိုးလည်း ကျားကလေးကိုခေါ်ဆောင်ရင်း တောအုပ်အတွင်းသို့ရောက်လာခဲ့သည်။ ထိုကျားကလေးကို သတ်ဖြတ်ချင်သော်လည်း သနားသဖြင့် မသတ်ဖြတ်တော့ဘဲ ကျောက်တုံးတစ်တုံးပေါ်တွင် တင်ထားခဲ့လေသည်။

ဘတိုးလည်း စိတ်နာသွားသဖြင့် ကျားများကိုသတ်ဖြတ်ရန်အတွက် ကျားဖမ်းသည့် ကျားမုဆိုးအဖွဲ့အတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ ကျားမုဆိုးဘတိုးဟု အမည်တွင်သွားလေသည်။

(၆)

“လက်စသတ်တော့ ဒီလိုကိုး၊ ကျုပ်ကတော့ ခင်ဗျားကို .. .”

ငခမ်းက စကားပြောလိုက်သည့်အခါ ဘတိုးက ငခမ်း၏ ပါးစပ်ကိုလက်ဖြင့်ပိတ်လိုက်လေသည်။

“သေချာနားထောင်စမ်း”

ငခမ်းလည်း နားကိုစွင့်လျှက် သေချာနားထောင်လိုက်သည်။ ပတ်ဝန်းကျင်တွင် လေတိုက်ခတ်သဖြင့် သစ်ပင်များတရှဲရှဲမြည်နေသည့်အသံမှအပ အခြားအသံများကိုမကြားရပေ။ သို့သော် နားထောင်နေရင်း မိုးရွာတော့မည့်နှယ် မိုးအော်သံများကို အဝေးမှ ကြားရလေသည်။

“မိုးရွာတော့မယ်ထင်တယ်၊ မိုးတွေအော်လာတယ်”

ထိုအခါ ဘတိုးက ခေါင်းခါလိုက်ပြီး အိပ်ပျော်နေသည့် ကလေးနှစ်ယောက်ကိုလှုပ်နှိုးကာ ထမ်းလိုက်လေသည်။ ထို့နောက် သူတို့ထိုင်နေသည့် အိမ်ကြမ်းပြင်ကို ခြေဖြင့်ဆောင့်လိုက်ရာ အိမ်ကြမ်းပြင်ကြီးူမှာ အပေါက်ကြီးဖြစ်သွားပြီး ဘတိုးမှာ အိမ်အောက်သို့ခုန်ဆင်းသွားတော့သည်။

“ကိုဘတိုးဘာဖြစ်တာလဲ”

“အဲဒါမိုးတွေလာနေတာမဟုတ်ဘူး၊ မြှားတံတွေလာနေတာကွ”

လုံဒီကလည်း ဘတိုးအနောက်သို့ခုန်ဆင်းလိုက်သည်။ ငခမ်းကတော့ မယုံပေ။

“ဟုတ်ပါ့မလား ကိုဘတိုးရဲ့၊ မြားတံတွေက မိုးတွေရွာသလို လာပါ့မလား”

ငခမ်းက အိမ်အရှေ့သို့ထွက်လိုက်ပြီး မိုးကောင်းကင်ကိုမော့ကြည့်လိုက်သည်။ ထိုအခါ ဘတိုးပြောသည့်အတိုင်း မိုးကောင်းကင်ပေါ်မှ မြောက်များလှစွာသော မြှားတံများမှာ မိုးလုံးပြည့်မျှ ဆင်းသက်လာတော့လေသည်။

ငခမ်းလည်း ကြောက်ရွံ့သွားပြီး လင်းနို့တောင်ပံကြီးကိုထုတ်လိုက်ကာ ကိုယ့်ကိုယ်ကိုယ်လွှမ်းခြုံလျှက် ကာကွယ်ထားရတော့သည်။ ကောင်းကင်ပေါ်မှ မြှားတံများက မိုးရွာသည့်နှယ် အများအပြားကျဆင်းလာလေသည်။ သံသားကဲ့သို့ မာကျောလှသည့် ငခမ်း၏ လင်းနို့တောင်ပံများကိုပင် မြားတံများက ဖောက်ထွင်းနိုင်စွမ်းရှိလေသည်။ အချိန်ခဏကြာသည့်အခါ သဲသဲမဲမဲကျဆင်းနေသည့် မြှားတံများမှာ ကုန်ဆုံးသွားလေသည်။ သူတို့နေထိုင်ခဲ့သည့် အိမ်ကလေးပေါ်တွင်လည်း မြားတံများက စိုက်ဝင်နေသလို မြေပြင်တွင်လည်း မြှားတံများက မြက်ပင်များနှယ် ထိုးထိုးထောင်ထောင်နှင့် စိုက်နေကြလေသည်။ ထိုစဉ် မိုးကောင်းကင်ပေါ်မှ လူတစ်ဦးက ခုန်ဆင်းလာလေသည်။ ထိုသူမှာ လေးနှင့်မြှားကို ကိုင်စွဲထားပြီးနောက် ငခမ်းအရှေ့ခပ်လှမ်းလှမ်းတွင် ကျဆင်းသွားလေသည်။

“ဟင်၊ မုန်တိုင်းပါလား”

ခေါင်းငုံ့နေသည့်မုန်တိုင်းက မျက်နှာကိုမော့လိုက်သည်။ ထိုအခါ မုန်တိုင်း၏ မျက်လုံးများမှာ ဝါရွှေရောင်အဆင်းဖြင့် ဝင်းလက်နေလေသည်။ ငခမ်းက အံ့သြစွာဖြင့်ကြည့်နေချိန်မှာပင် မုန်တိုင်းပစ်လွှတ်လိုက်သည့်မြှားတံသုံးစင်းက ငခမ်းရင်ဝကိုလာရောက်စိုက်မှန်သွားလေသည်။

“မုန်တိုင်း မင်းဘာလုပ်တာလဲ”

“ဘယ်ကမုန်တိုင်းလဲ”

မုန်တိုင်းမှာ ငခမ်းကိုပင် မှတ်မိပုံမရဘဲ ငခမ်းအား လေးနှင့်ထိုးချိန်လိုက်တော့သည်။

Zawgyi Version

သင္းကြဲက်ား(စ/ဆုံး)
————————-
ငခမ္းႏွင့္ လုံဒီတို႔စကားေျပာဆိုၿပီး မၾကာခင္အခ်ိန္မွာပင္ ဘတိုးက ျပန္ေရာက္လာေလသည္။ သို႔ႏွင့္ ဘတိုးႏွင့္စကားေျပာျဖစ္ၾကသည္။
“ဒါနဲ႔ အကိုဘတိုးက ဒီ႐ြာမွာေနခဲ့တယ္ဆိုေတာ့ ဒီ႐ြာနဲ႔ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္သိေနမွာေပါ့ေနာ္”
ငခမ္းေမးလိုက္သည့္အခါ ဘတိုးက ေခါင္းညိတ္လိုက္ေလသည္။
“ေနခဲ့ယုံတင္ဘယ္ကမလဲကြာ၊ ငါ့ကို ဒီ႐ြာမွာပဲေမြးတာ၊ ဒီ႐ြာမွာပဲ ႀကီးျပင္းခဲ့ၿပီးေတာ့ ဒီ႐ြာမွာပဲ အိမ္ေထာင္က်ခဲ့တာေပါ့ကြာ”
ဘတိုးက ထိုသို႔ေျပာရင္း အတိတ္အေၾကာင္းအရာမ်ားကို ျပန္ေျပာင္းေျပာျပေလေတာ့သည္။
မုန္လိုင္႐ြာ။
႐ြာကေလးမွာ ေတာင္ၾကားကေလးထဲတြင္ တည္ရွိေနသျဖင့္ အလြန္ေအးခ်မ္းသည့္႐ြာကေလးျဖစ္သည္။ ႐ြာသူ႐ြာသားမ်ားမွာ ေတာင္ေၾကာႀကီးေပၚတြင္ ေတာင္ယာလုပ္ငန္းႏွင့္ ေလွကားထစ္စိုက္ခင္းမ်ားကို စိုက္ပ်ိဳးၾကကာ အသက္ေမြးျမဴၾကေလသည္။ အနီးအနားတြင္ ေတာနက္ႀကီးမ်ားရွိသည့္အတြက္ အခ်ိဳ႕မွာ အမဲလိုက္ျခင္းျဖင့္ ဝမ္းစာရွာအသက္ေမြးၾကသည္။ ထိုသူမ်ားအနက္ ဘစိုးႏွင့္ ဘတိုးတို႔ ညီကိုလည္းပါဝင္ေလသည္။

ထို႐ြာကေလးသည္ ေတာင္ေပၚေဒသတြင္ရွိေသာ္ျငားလည္း လူမ်ိဳးမ်ားစြာေရာစပ္ယွက္ေထြး ေနထိုင္ၾကေလရာ ဘစိုးႏွင့္ ဘတိုးတို႔မွာ ေသြးေသာက္ႀကီး ဘစံ၏ သားႏွစ္ဦးျဖစ္ၾကသည္။ ေသြးေသာက္ႀကီးဘစံမွာ ဗမာဘုရင့္တပ္မေတာ္သားတစ္ဦးျဖစ္ၿပီး ယိုးဒယားသို႔ ခ်ီတက္တိုက္ခိုက္ရာတြင္ စစ္ႏိုင္၍ျပန္လာသည့္အခါ ရွမ္းျပည္နယ္ရွိ အရပ္သူတစ္ဦးႏွင့္အိမ္ေထာင္က်ၿပီးေနာက္ မုန္လိုင္႐ြာတြင္အေျခခ်ေနထိုင္ျခင္းျဖစ္သည္။

ဘစံမွာ စစ္ၿပီးသည့္အခါ မုန္လိုင္႐ြာတြင္ မုဆိုးအတတ္ျဖင့္အသက္ေမြးေလရာ သူ႔သားႀကီး ဘစိုးႏွင့္ သားငယ္ဘတိုးတို႔မွာလည္း မုဆိုးအတတ္ပညာမ်ားကို လက္ဆင့္ကမ္းသင္ယူရင္း မုဆိုးျဖစ္လာခဲ့ၾကသည္။ အကိုႀကီးဘစိုးမွာ အိမ္ေထာင္ရက္သားမျပဳဘဲ လူပ်ိဳႀကီးအျဖစ္ေနထိုင္ေသာ္လည္း ညီငယ္ဘတိုးမွာေတာ့ ခ်စ္ႀကိဳက္သူတစ္ဦးႏွင့္ လက္ထပ္ကာ အိမ္ေထာင္ျပဳခဲ့ေလရာ ယခုပင္ အိမ္သူသက္ထားဇနီးမယားမွာ ဘတိုးႏွင့္ရသည့္ ကိုယ္ဝန္ကိုလြယ္ထားရၿပီျဖစ္သည္။
သို႔ေသာ္ တစ္ခုေသာ ေဆာင္းတြင္းတြင္ မုန္လိုင္႐ြာကေလးတြင္ ကံၾကမၼာဆိုးတစ္ခုက ဝင္ေရာက္လာေလသည္။ ထိုသည္ကေတာ့ အျခားမဟုတ္၊ က်ားဆိုးႀကီးတစ္ေကာင္ေသာင္းက်န္းလာျခင္းျဖစ္သည္။
“က်ားဗ်ိဳ႕၊ က်ား”
က်ားဆိုးအသံၾကားသည္ႏွင့္ ဘစိုးႏွင့္ဘတိုးတို႔ ညီအကိုႏွစ္ေယာက္ လွံရွည္မ်ားစြဲကိုင္လွ်က္ အိမ္ေပၚမွခုန္ဆင္းကာ လာခဲ့ၾကသည္။ ႐ြာသူ႐ြာသားမ်ားေအာ္ေနသည့္အတိုင္းပင္၊ ႐ြာစြန္တစ္ေနရာတြင္ေနထိုင္သည့္ မုဆိုးမသားအမိကို က်ားဝင္ဆြဲေလသည္။ က်ားႀကီးမွာ အေတာ္ႀကီးမားသည့္ ကိုးေတာင္က်ားႀကီးျဖစ္ကာ မုဆိုးမအေမႀကီးကို လည္ပင္းတြင္အေသကိုက္သတ္ၿပီး သမီးျဖစ္သူမိန္းမပ်ိဳကေလးကိုပါးစပ္တြင္ကိုက္ကာ အရွင္ဖမ္းယူေနရန္ႀကိဳးစားေနသည္။

လုံမပ်ိဳကေလးမွာ အိမ္ေပၚမွဆင္းေျပးလာရင္း အိမ္ေအာက္အေရာက္တြင္ က်ားႀကီးက လုံမပ်ိဳကေလး၏ ထမိစကိုလက္ႏွင့္နင္းထားလိုက္သျဖင့္ လုံမပ်ိဳကေလး ေခ်ာ္လဲက်သြားသည္။ ထိုအခါ က်ားႀကီးက လုံမပ်ိဳကေလး၏ ဂုတ္ကိုသြားႏွင့္ခပ္ဖြဖြကိုက္ခဲလိုက္ေလသည္။ ဘစိုးလည္း က်ားႀကီးကိုျမင္သည့္အခါ လွံႏွင့္ထိုးထည့္လိုက္သည္။ သို႔ေသာ္ လွ်င္ျမန္လွသည့္ က်ားႀကီးမွာ ဘစိုး၏ လွံခ်က္ကို လက္ႏွင့္ပုတ္ထုတ္လိုက္ရာ အလြန္ခိုင္မာလွသည့္ လွံ႐ိုးႀကီးပင္ ထက္ပိုင္းက်ိဳးက်သြားေလသည္။ က်ားႀကီးက ဘစိုးအနီးသို႔တိုးကပ္ၿပီး ဘစိုးအားတိုက္ခိုက္မည္ျပဳလိုက္ေသာ္လည္း ဘစိုးအနားေရာက္သည့္အခါ ဘစိုးအား နမ္း႐ုံသာနမ္းၾကည့္ၿပီး ဆက္လက္မတိုက္ခိုက္ေပ။
ထိုစဥ္ ဘတိုးမွာ ပစ္ကြင္းေကာင္းေစရန္အတြက္ အိမ္တစ္လုံးေပၚသို႔တက္လိုက္ၿပီးေနာက္ လက္အတြင္းမွ လွံရွည္ႀကီးကို အားကုန္စိုက္လႊဲလိုက္ကာ က်ားႀကီး၏ နံံေစာင္းသို႔ ပစ္လႊတ္လိုက္ေတာ့သည္။ က်ားႀကီးမွာ အလစ္အငိုက္ခံရသည္မို႔ လွံရွည္ႀကီးမွာ က်ားႀကီး၏ နံေစာင္းသို႔ ထုတ္ခ်င္းခတ္ဝင္ေရာက္သြားၿပီး က်ားႀကီး၏ ကလီစာမ်ားကို ျဖတ္ေဖာက္ကာ တစ္ဖက္သို႔ပင္ေပါက္ထြက္သြားေလသည္။ ဘတိုးလည္း ေက်နပ္စြာျဖင့္ၿပဳံးလိုက္ရင္း က်ားႀကီးဆီသို႔ခုန္ဆင္းလာခဲ့သည္။

ထိုအခါ က်ားႀကီးမွာ ဘတိုးအား လက္သည္းျဖင့္ကုပ္ထည့္လိုက္ရာ ဘတိုး၏ ရင္ဘတ္မွာ က်ားလက္သည္းျဖင့္ခတ္မိၿပိး ပြင့္ထြက္သြားေတာ့သည္။ ဘတိုးလည္း မိမိအျဖစ္ကိုပင္ မိမိမယုံခ်င္ေတာ့ေပ၊ ထိုမွ် လွံသြားထိေနသည့္ က်ားႀကီးမွာ တစ္ခ်က္ကေလးမွ ထိခိုက္သည့္ပုံမေပၚေပ၊ က်ားႀကီးမွာ ဘတိုအားကိုက္ရန္အတြက္ နီးကပ္လာစဥ္ သူ႔ကိုဘစိုးက က်ားႀကီးထံသို႔ေျပးလာသျဖင့္ က်ားႀကီးက ဆက္လက္မတိုက္ခိုက္ေတာ့ဘဲ လွံတန္းလန္းႀကီးျဖင့္ ေတာအုပ္အတြင္းသို႔ ခုန္ေပါက္ကာ ဝင္ေရာက္သြားေလသည္။

“ညီေလး၊ ညီေလး ဘတိုး”

က်ားႀကီး၏ ကုပ္ခ်က္ေၾကာင့္ ဘတိုး၏ ရင္လတ္ႂကြက္သားမ်ားမွာ ဓါးႏွင့္ခြဲလွန္ထားသကဲ့သို႔ လန္ထြက္သြားသည္။ ဘတိုးလည္း အလြန္နာက်င္သည့္ ေဝဒနာကို ခံစားရၿပီးေနာက္ ေမ့လဲက်သြားေတာ့သည္။

(၂)

ဘတိုး အိပ္မက္ထဲတြင္ က်ားႀကီးတစ္ေကာင္ႏွင့္ဆုံေတြ႕သည္။ ကိုးေတာင္က်ားႀကီးမွာ အေတာ္အင္အားႀကီးမားၿပီး ဘတိုးအားလွည့္ပတ္ကာ ေခ်ာင္းေနေလသည္။ ဘတိုးကလည္း လွံရွည္တစ္လက္ကိုင္ေဆာင္လွ်က္ က်ားႀကီး၏ အေျခအေနကိုျပန္ၾကည့္ေနမိသည္။ အေမွာင္ထုဖုံးေနသည့္ ပတ္ဝန္းက်င္ပတ္ပတ္လည္တြင္ က်ားမ်က္လုံးဝါဝါႀကီးတစ္စုံက ေပၚလာလိုက္ ေပ်ာက္သြားလိုက္ႏွင့္ျဖစ္ေနေတာ့သည္။ ထို႔ေနာက္ က်ားႀကီးက ဘတိုး၏ အေနာက္မွေပၚထြက္လာခဲ့ေလသည္။ ဘတိုးလည္း က်ားႀကီးခုန္အုပ္သည္ကို ကြၽမ္းထိုးေရွာင္တိမ္းလိုက္ၿပီး က်ားႀကီး၏ မ်က္ေစ့ႏွစ္လုံးတည့္တည့္ထံသို႔ လွံသြားကို ထိုးစိုက္ခ်လိုက္ေလသည္။ က်ားႀကီးမွာဦးေခါင္းႀကီးပြင့္ထြက္သြားေသာ္လည္း မေသေသးေပ၊ ဘတိုးအား လက္သည္းျဖင့္ပုတ္လိုက္သျဖင့္ ဘတိုးလည္း လန႔္ၿပီး ေရွာင္ရွားလိုက္ရသည္။

“က်ား . . . က်ား”

ဘတိုးတစ္ေယာက္ အိပ္စက္ေနရင္း လန႔္ကာေအာ္မိသည္။ သူ႔အနားတြင္ သူ႔အကိုဘစိုးႏွင့္ သူ႔မိန္းမတို႔က ထိုင္ေနေလသည္။ သူ႔အေဖဘစံမွာ ခပ္လွမ္းလွမ္းတြင္ ထိုင္ကာ ေဆးတံေသာက္ေနေလသည္။

“ညီေလး ဘတိုး၊ သက္သာၿပီလား”

ဘတိုးလည္း အိပ္ရာမွကုန္းထိလိုက္သည္။ သူ႔ရင္ဘတ္တစ္ခုလုံး မီးစႏွင့္ ထိုးထားသကဲ့သို႔ ပူေလာင္နာက်င္ေနေလသည္။

“က်ဳပ္၊ က်ဳပ္ အဲဒီက်ားကိုလက္တုံ႔ျပန္မယ္”

“ညီေလးရာ မင္းလည္းအခု ေနေကာင္းေသးတာမွမဟုတ္ဘဲ၊ စိတ္ေလ်ာ့လိုက္စမ္းပါ၊ အကို အဲဒီက်ားႀကီးကို ရေအာင္ရွာၿပီးဖမ္းပါ့မယ္”

“ဒါနဲ႔ အဲဒီက်ားႀကီးက လွံတစ္ေခ်ာင္းလုံးစိုက္တာေတာင္မွ ဘာလို႔မေသတာလဲ”

ထိုအခါ ဘစိုးက

“ငါ့ညီအျမင္မွားတာေနမွာပါကြာ၊ အကိုေသခ်ာၾကည့္ေတာ့ က်ားႀကီးကိုလွံက မစိုက္ပါဘူး၊ ရွပ္ထိၿပီးေတာ့ ေျမေပၚကိုက်သြားတာပါ”

ဘတိုးက ေခါင္းခါလိုက္သည္။

“မဟုတ္ဘူး အကိုႀကီး၊ က်ဳပ္လက္ဆကိုက်ဳပ္သိတယ္၊ ေနာက္ၿပီး က်ားႀကီးကိုလွံသြားက ေဖာက္ဝင္သြားတာကို က်ဳပ္မ်က္လုံးနဲ႔ျမင္လိုက္ရတာ”

“ေအးပါညီေလးရာ၊ အခုေလာေလာဆယ္ေတာ့ နားလိုက္ပါအုံး၊ ကဲ ငါ့ညီမေလးလည္း ပင္ပန္းေနေရာ့မယ္၊ သြားအနားယူေတာ့”

ဘတိုးကို အိမ္ေရွ႕ခန္းတြင္ထားခဲ့ၿပီး ဘစိုးက ေရပုံးတစ္ခ်ိဳ႕ကိုယူကာ အိမ္မွထြက္သြားေလသည္။ ဘတိုးရွိစဥ္က အိမ္ရွိသုံးေရမ်ားကို ဘတိုးသာ ထမ္းေလရာယခု ဘတိုးေနမေကာင္းသည့္အတြက္ အကိုႀကီးက ေရထမ္းေနပုံရသည္။ ဘတိုး၏ မိန္းမမွာလည္း အိမ္ေအာက္ထပ္သို႔ဆင္းကာ ထမင္းဟင္းခ်က္ျပဳတ္ေနေလသည္။

“ညီမရယ္၊ ပင္ပန္းေနပါအုံးမယ္၊ နားနားေနေန ေနစမ္းပါ”

“မဟုတ္တာပဲ အကိုဘတိုးရယ္၊ ဗိုက္က အခုမွ သုံးလပဲရွိေသးတာပါ၊ ညီမ ထမင္းခ်က္တာေလာက္ေတာ့ လုပ္ေပးႏိုင္ပါတယ္”

ဘတိုးလည္း အိမ္ေရွ႕ခန္းတြင္သာ ဆန႔္ဆန႔္ႀကီးေနထိုင္ရေလသည္။ ရင္ဘတ္အသားမ်ားမွာ ျပတ္ေတာက္ထြက္ကုန္ၿပီး ကံေကာင္းသျဖင့္ နံ႐ိုးမ်ားကိုမထိမိေသာေၾကာင့္ ဘတိုးတစ္ေယာက္အသက္ရွင္ေနရျခင္းျဖစ္သည္။

ထိုည။

ဘတိုးအိပ္ေနစဥ္မွာ ဝုန္းခနဲအသံႀကီးကိုက်ားလိုက္ရသျဖင့္ ဘတိုးက မ်က္လုံးမ်ားဖြင့္ၾကည့္လိုက္ေလသည္။ ထိုအခါ သူတို႔အိမ္ေခါင္မိုးႀကီးပြင့္ထြက္ေနၿပီး လေရာင္က အိမ္အတြင္းသို႔က်ဆင္းေနေလသည္။ အိမ္ေထာင့္တစ္ေနရာမွ မ်က္လုံးဝါဝါႀကီးတစ္စုံက တျဖည္းျဖည္းနီးကပ္လာေလသည္။

“ဟာ၊ က်ား . . . က်ား”

ထိုစဥ္ ဘတိုးတို႔အေဖ ဦးဘစံမွာ ဓါးမႀကီးတစ္လက္ႏွင့္ထြက္လာၿပီး က်ားႀကီး၏မ်က္ႏွာကို အားကုန္လႊဲခုတ္ခ်သည္။ သို႔ေသာ္ က်ားႀကီးကို ဓါးက မတိုးဘဲ ျပန္ကန္ထြက္လာေလသည္။ က်ားႀကီးက ဘစံ၏ ဝမ္းဗိုက္ကို လက္သည္းႀကီးျဖင့္ ျခစ္ထည့္လိုက္ေလရာ ဘစံမွာ မတ္တပ္ရပ္လွ်က္သားႏွင့္ပင္ ဝမ္းဗိုက္ပြင့္သြားကာ အေငြ႕တေထာင္းေထာင္းေနသည့္ အူမ်ား၊ ကလီစာမ်ားက ၾကမ္းျပင္ေပၚသို႔ ပုံက်လာေလသည္။

က်ားႀကီးမွာ ဘစံ၏ ဦးေခါင္းကိုကိုက္ရင္း ဘစံကိုယ္လုံးကို ေျမတြင္လွိမ့္ကာ ဆြဲလိုက္သည့္အခါ ဘစံ၏ ဦးေခါင္းႀကီးမွာ က်ားႀကီး၏ပါးစပ္အတြင္းသို႔ ပါသြားေလေတာ့သည္။

“အေဖ . . . အေဖ”

ဘတိုးက အသံကုန္ဟစ္ကာေအာ္ဟစ္လိုက္သည္။

“အကိုႀကီး က်ားဗ်”

ဘတိုးေအာ္ေခၚေနေသာ္လည္း အိမ္ထဲမွ မည္သူမွထြက္မလာခဲ့ေပ၊ ဘတိုးလည္း အားယူကာ ကုန္းထလိုက္ၿပီး အခန္းနံရံတြင္ေထာင္ထားသည့္ လွံတံႀကီးကို ဆြဲယူကာ အားျပဳလွ်က္ ထလိုက္ေလသည္။ က်ားႀကီးက ဘတိုးအေဖ၏ ဦးေခါင္းႀကီးကို ကိုက္ဝါးလိုက္ၿပီးေနာက္ ဘတိုးအေဖ၏ ကိုယ္လုံးကို ပါးစပ္ႏွင့္ကိုက္ခ်ီလိုက္သည္။ ထို႔ေနာက္ အိမ္ေခါင္မိုးအေပါက္ႀကီးမွ ေပါ့ပါးစြာျဖင့္ ျပန္လည္ခုန္ထြက္သြားေတာ့သည္။

ဘတိုးလည္း အိမ္ေပၚမွ ဒယိမ္းဒယိုင္ျဖင့္ခုန္ဆင္းခဲ့သည္။ ႐ြာကေလးမွာ တစ္႐ြာလုံးတိတ္ဆိတ္ေနၾကသည္။ က်ားႀကီးလာသည္ကို ေၾကာက္လန႔္သျဖင့္ တိတ္ဆိတ္ပုန္းေအာင္းေနၾကျခင္းလား မေျပာတတ္ေပ၊ ဘတိုးလည္း က်ားႀကီးထြက္ေျပးသြားသည့္ အိမ္ေနာက္ေဖးေတာစပ္သို႔လိုက္ဝင္ခဲ့သည္။

က်ားႀကိးကို ေျခရာခံရသည္မွာ သိပ္မခက္ခဲလွေပ၊ က်ားႀကီးမွာ ဘတိုးဆက္လိုက္လာ္မည္ဟု မထင္သျဖင့္ ေအးေအးလူလူသြားေနပုံရသည္၊ မၾကာခင္ လေရာင္ထိုးက်ေနသည့္ ေျမျပန႔္ျပန႔္တစ္ခုေပၚတြင္ က်ားႀကီးမွာ ဘတိုးအေဖ ဘစံ၏အေလာင္းအား လက္မ်ားေျခမ်ားကိုဆြဲျဖဳတ္လွ်က္ အားရပါးရစားေသာက္ေနေတာ့သည္။ ဘတိုးလည္း လွံတံကိုင္ၿပီး အခြင့္ေကာင္းကိုရွာေနေလသည္။ ဘတိုးကို ေက်ာခိုင္းကာ ေအးေအးလူလူစားေသာက္ေနသည့္ က်ားႀကီးအားေကြ႕ပတ္ကာ ကုန္းျမင့္တစ္ခုအေပၚသို႔တက္လိုက္သည္။ ထို႔ေနာက္ ဘတိုးက ညာသံေပးကာ ေအာ္ဟစ္လွ်က္ ကုန္းျမင့္ေပၚမွ လွံရွည္ႀကီးျဖင့္ က်ားႀကီးအား ထိုးစိုက္ခ်ထည့္လိုက္သည္။ လွံရွည္က က်ားႀကီး၏ လည္ပင္းအတြင္းသို႔ စိုက္ဝင္သြားကာ ဘတိုးလည္း က်ားႀကီး၏ ေက်ာကုန္းအေပၚတြင္ ခြလွ်က္သားႀကီးျဖစ္ေနေလသည္။ က်ားႀကီးမွာ အလစ္တိုက္ခိုက္ခံရသည္မို႔ ဘတိုးအား လက္ျဖင့္ပုတ္ေသာ္လည္း၊ က်ားႀကီး၏ေက်ာကုန္းေပၚေရာက္ေနသျဖင့္ လက္ျဖင့္မပုတ္သာေပ။

“ေသစမ္း၊ ငါ့အေဖကိုသတ္တဲ့ေကာင္ႀကီး၊ မင္းေသစမ္း”

ဘတိုးက ေအာ္ဟစ္လွ်က္ လွံတံကိုက်ား၏လည္ပင္းအတြင္းသို႔ အားကုန္ထိုးစိုက္ခ်သည္။ သို႔ေသာ္က်ားႀကီးမွာ ဘာမွမျဖစ္သည့္အျပင္ က်ားႀကီးက ေျမႀကီးတြင္လူးလိမ့္လိုက္သျဖင့္ ဘတိုးလည္း ေျမေပၚသို႔က်ဆင္းကာ က်ားႀကီးက ဘတိုးကိုယ္ေပၚတြင္အုပ္မိုးလိုက္ေလသည္။

ၿပဲကားေနသည့္ ပါးစပ္ႀကီးအတြင္းတြင္ အစြယ္ႀကီးမ်ားက လေရာင္ႏွင့္ေဖြးေဖြးျဖဴေနသည္။ က်ားႀကီးက ဘတိုးမ်က္ႏွာအားတစ္ခ်က္ၾကည့္ရင္း

“မင္းပဲကိုး၊ မင္းက ေတာ္ေတာ္ကိုဇြဲေကာင္းတဲ့ေကာင္ပဲ၊ ဟိုတစ္ခါ ငါလုပ္ခဲ့တာကို မမွတ္ေသးဘဲ ငါ့အေနာက္ကိုဆက္လိုက္ေနေသးတာကိုး”

ဘတိုး အေတာ္အံ့ၾသသြားမိသည္။

“က်ား . . . က်ားက လူစကားေျပာတယ္လား၊ ငါ . . ငါ႐ူးသြားတာလား”

“မင္းမ႐ူးပါဘူးကြ၊ က်ားက လူစကားေျပာတယ္ဆိုတာ တကယ္ပါ၊ တကယ္ေတာ့ ငါက ဆမန္းစံအိမ္ေတာ္က ဆမန္းက်ားတစ္ေကာင္ပဲ”

“ဆမန္းစံအိမ္ဆိုတာဘာလည္း . . . ဆမန္းက်ားဆိုတာကေရာ . . .”

ထိုအခါ က်ားႀကီးက ၿပဳံးရယ္လိုက္ရင္း

“ဒါကေတာ့ မင္းအကိုအသိဆုံးျဖစ္မွာေပါ့ကြ”

ဘတိုးက သူ႔ေခါင္းကိုသူလက္ႏွင့္အုပ္ရင္း

“ဘာေတြလည္း၊ အကိုဘစိုးက ဘာေတြသိထားတာလဲ”

က်ားႀကီးက ဘတိုးအားငုံ႔ၾကည့္ရင္း

“ရွင္းရွင္းေျပာရရင္ေတာ့ မင္းအကိုက ဆမန္းတစ္ေကာင္ပဲ၊ ဆမန္းက်ားစံအိမ္မွာ ဆမန္းတစ္ေကာင္ျဖစ္ဖို႔အတြက္ စာရင္းေပးထားခဲ့တာပဲ၊ အခုေတာ့ သူက ဆမန္းေကာင္ျဖစ္ေနၿပီ၊ ဒါေပမယ့္ လူသားကေမြးတဲ့အတြက္ လူတစ္ဝက္ ဆမန္းတစ္ဝက္အဆင့္ပဲရွိေသးတယ္”

“ခင္ဗ်ားေျပာတာေတြ က်ဳပ္မယုံဘူး၊ ခင္ဗ်ားေျပာတာေတြ တစ္ခုမွမယုံဘူး”

“ဟား၊ ဟား ယုံတာမယုံတာကေတာ့ မင္းကိစၥပဲေလ၊ အခုမင္းရဲ႕ကေလးေတာင္မွ မင္းနဲ႔ရတာဟုတ္ခ်င္မွဟုတ္မွာ”

“ခင္ဗ်ားဘာေျပာတာလဲ”

“မင္းမသိဘူးလား ငတုံးရ၊ မင္းရဲ႕မိန္းမက အရင္တုန္းက ဘယ္သူနဲ႔ခ်စ္ႀကိဳက္ခဲ့တယ္ဆိုတာကို မင္းမသိဘူးလား”

ဘတိုးက ဘာမွမေျပာခ်င္ေတာ့ဘဲ ခါးၾကားတြင္ထိုးထားသည့္ ဓါးေျမႇာင္ကိုဆြဲျဖဳတ္လိုက္ကာ က်ားႀကီး၏ လည္ပင္းကို ခုတ္ပိုင္းထည့္လိုက္သည္။ က်ားႀကီး၏ လည္ပင္းျပတ္ထြက္သြားၿပီး ေသြးမ်ားက ပန္းထြက္လာေလသည္။ က်ားႀကီးမွာ နာက်င္သျဖင့္ေအာ္ဟစ္ေနပုံရသည္။ ထို႔ေနာက္ ဘတိုး၏လက္ကိုပုတ္ထုတ္လိုက္ရာ ဘတိုး၏ ဓါးေျမႇာင္မွာ လြတ္ထြက္သြားေလသည္။ ထိုအခါ က်ားႀကီးက ဘတိုးမ်က္ႏွာအနီးသို႔တိုးကပ္ၿပီး

“အ႐ူး . . . မင္းက အ႐ူးပဲ၊ မင္းရဲ႕ဓါးအစုတ္အပဲ့ေလာက္နဲ႔ ငါ့ကိုသတ္လို႔ရမယ္လို႔ ထင္ေနတာလား၊ ငါတို႔ဆမန္းေတြက ဘယ္ေလာက္သတ္သတ္မေသဘူးကြ၊ သတ္ခ်င္တယ္ဆိုရင္လည္း တစ္ပိုင္းတစ္စစီျဖစ္ေအာင္လုပ္မွရမွာ”

ဘတိုးလည္း က်ားႀကီးမ်က္ႏွာကိုၾကည့္ရင္း က်ားႀကီး၏ လည္ပင္းကို ပါးစပ္ျဖင့္ကုန္းကိုက္ထည့္လိုက္သည္။ ဒဏ္ရာကို အကိုက္ခံရသျဖင့္ က်ားႀကီးမွာ အေတာ္ပင္လူးလိမ့္ေနရွာသည္။ ထို႔ေနာက္ ဘတိုးကို လက္ျဖင့္ပုတ္ထုတ္လိုက္သည္။

“ဆမန္းေကာင္ရဲ႕ေသြးကိုေသာက္ရင္ ဆမန္းေကာင္ရဲ႕ က်ိန္စာကို မွ်ေဝခံစားရလိမ့္မယ္”

ဘတိုးပါးစပ္တြင္ က်ားႀကီး၏ လည္ေခ်ာင္းေသြးမ်ားက စီးက်ေနေလသည္။ ပါးစပ္အတြင္းသို႔လည္း မေရမတြက္ႏိုင္ေသာ ေသြးမ်ားက ဝင္ေရာက္ခဲ့ကာ ၿမိဳခ်ၿပီးျဖစ္သည္။ ဘတိုးလည္း ႐ုတ္တရက္အားအင္ရွိလာသလို ခံစားလိုက္ရသည္။ ထိုစဥ္မွာပင္ ခုနက က်ားႀကီးႏွင့္လုံးေထြးသတ္ပုတ္ရင္း ရရွိခဲ့သည့္ ဒဏ္ရာဒဏ္ခ်က္မ်ားပင္ အေကာင္းပကတိအတိုင္းျပန္ျဖစ္သြားေလသည္။

“ဘာျဖစ္တာလဲ၊ က်ဳပ္ဘာျဖစ္တာလဲ”

“ေကာင္ေလး၊ မင္းကေတာ့ အခုဆမန္းေကာင္ျဖစ္သြားခဲ့ၿပီ”

“လာစမ္းပါ၊ ခင္ဗ်ားနဲ႔က်ဳပ္နဲ႔ ရွင္းလို႔မၿပီးေသးဘူး”

ထိုအခါ က်ားႀကီးက ေခါင္းခါျပသည္။ လည္ပင္းႀကီးပြင့္ကာ ေသြးမ်ားဒရေဟာစီးက်ေနသည့္ က်ားႀကီး၏ ဒဏ္ရာႀကီးမွာလည္း အံ့ၾသဖို႔ေကာင္းစြာပင္ ေပ်ာက္ကင္းသြားေလသည္။

“မင္းငါနဲ႔မရွင္းနဲ႔၊ မင္းတို႔ညီအကိုခ်င္းအရင္ရွင္းပါ၊ ၿပီးလို႔ မင္းတကယ္စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ေညာင္ေ႐ႊၿမိဳ႕က ဆမန္းအိမ္ေတာ္ကို လိုက္လာခဲ့”

က်ားႀကီးမွာ ထိုသို႔ေျပာကာ ေတာအုပ္အတြင္းသို႔ ခုန္ဝင္ကာေပ်ာက္ကြယ္သြားသည္။ ဘတိုးေခါင္းေတြကိုက္ခဲလာသည္။ ေသြးခုန္ႏႈန္းမ်ား ျမန္ဆန္လာၿပီး ေျပာျပ၍မတတ္သည့္ ခံစားမႈတစ္မ်ိဳးကို ခံစားေနရသည္။ ထို႔ေနာက္ သူ႔ရင္ဘတ္ႀကီးကို သူျပန္ၾကည့္လိုက္သည့္အခါ က်ားႀကီးပုတ္ခဲ့သျဖင့္ ရရွိခဲ့သည့္ ဒဏ္ရာႀကီးမွာ လုံးဝေပ်ာက္ကင္းေနၿပီျဖစ္သည္။

“ငါဘာျဖစ္တာလဲ”

ဘတိုးလည္း ထိုသို႔ေရ႐ြတ္ရင္း အိမ္သို႔ျပန္လာခဲ့ေတာ့သည္။

(၃)

ဘတိုးတို႔အိမ္မွာ ႏွစ္ထပ္အိမ္ႀကီးတစ္အိမ္ျဖစ္ၿပီး အိမ္ေအာက္ထပ္တြင္ ဘတိုးတို႔လင္မယားေနထိုင္ကာ အိမ္အေပၚထပ္တြင္ေတာ့ ဘတိုးအေဖ ဘစံႏွင့္ အကိုႀကီး ဘစိုးတို႔ ေနထိုင္ၾကျခင္းျဖစ္သည္။ ဘတိုးလည္း အိမ္သို႔အသာကေလးေျပးလာရင္း အိပ္ခန္းအတြင္းသို႔ ဝင္ရန္ႀကံ႐ြယ္လိုက္သည့္အခါ မီးဖိုေခ်ာင္အတြင္းမွ ညည္းညဴသံမ်ားကိုၾကားလိုက္ရေလသည္။

“ဘာျဖစ္တာလဲ”

ဘတိုးလည္း မီးဖိုေခ်ာင္အနီးသို႔ ကပ္လာခဲ့ၿပီး မီးဖိုေခ်ာင္အား ကာရံထားသည့္ သစ္သားျပားအၾကားမွ ေခ်ာင္းၾကည့္လိုက္ေလသည္။ မီးဖိုေခ်ာင္အတြင္း ဆီမီးထြန္းထားၿပီးးေနာက္ ၾကမ္းျပင္ေပၚတြင္ လူႏွစ္ဦးမွ အခ်င္းခ်င္းေပြ႕ဖက္လွ်က္ လူးလိမ့္ေနၾကသည္။ ထိုလူႏွစ္ဦးကိုၾကည့္ရင္း ဘတိုးမ်က္လုံးမ်ားျပဴးက်ယ္သြားသည္။

“မိန္း . . . မိန္းမ”

ဘတိုးက တိုးတိုးကေလးေရ႐ြတ္လိုက္သည္။ သူ႔မိန္းမျဖစ္သူႏွင့္ သူ႔အကိုဘစိုးတို႔မွာ မီးဖိုခန္းအတြင္း ေဖာက္ျပားေနၾကေလသည္။ ဘစိုးက တစ္ခ်က္ရပ္တန႔္လိုက္ၿပီး

“ေနအုံး၊ လူသံၾကားသလိုပဲ”

“မဟုတ္တာေတြ ဂ႐ုစိုက္မေနပါနဲ႔ ကိုဘစိုးရယ္၊ ကြၽန္မကိုသာ ခ်စ္ေပးပါရွင့္”

“ျဖစ္ပါ့မလား၊ ကေလးက တျဖည္းျဖည္းႀကီးလာၿပီေနာ္”

ထိုအခါ ဘတိုးမိန္းမက ဘစိုးအား ေပြ႕ဖက္ကာ နမ္းရႈံ႕လိုက္ၿပီး

“လုပ္စမ္းပါ ကိုဘစိုးရဲ႕၊ ကြၽန္မကိုညလုံးေပါက္ အကို႔ရဲ႕ခြန္အားေတြကို ေပးစမ္းပါ၊ အကို႔ရဲ႕ညီက ေယာက္်ားဆိုေပမယ့္ အကို႔ေလာက္ေယာက္်ားမပီသဘူး၊ ညီမကေတာ့ေလ အိမ္မွာ အကိုရွိေနတာနဲ႔တင္ ဘာမွမလိုအပ္ေတာ့ဘူး”

ဘစိုးကလည္း ၿပဳံးလိုက္ၿပီးေနာက္ သူတို႔ႏွစ္ဦးသား ခ်စ္ခရီးလမ္းကို ဆက္လက္ေလွ်ာက္လွမ္းၾကေနေလသည္။ ဘတိုးလည္း အသံမထြက္ေအာင္ ေျခကိုဖြဖြကေလးနင္းၿပီး အိမ္ေပၚသို႔တက္ခဲ့သည္။ အိမ္ေပၚထပ္တြင္ ေခါင္မိုးႀကီး ေဟာင္းေလာင္းေပါက္ျဖစ္သြားသည္ပင္ မသိေအာင္ ထိုႏွစ္ဦးမွာ တဏွာရဂမီးမ်ားေတာက္ေလာင္ေနၾကေလသည္။ ဘတိုးက အိမ္နံရံတြင္ခ်ိတ္ထားသည့္ သူ႔အေဖ၏ ငွက္ႀကီးေတာင္ဓါးႀကီးကို ျဖဳတ္ယူလိုက္ၿပီးေနာက္ မီးဖိုခန္းအတြင္းသို႔ တစ္လွမ္းခ်င္းေလွ်ာက္လာေလသည္။

မီးဖိုခန္းအဝင္တြင္ ကာရံထားသည့္ ယင္းလိပ္ကိုဖယ္ကာ ဘတိုးအထဲသို႔ဝင္ခဲ့သည္ကိုပင္ ထိုႏွစ္ဦးက သတိမမူမိၾကေပ၊ ဘတိုးလည္း ဘာမွမေျပာေတာ့ဘဲ သူ႔မိန္းမ၏ လည္ပင္းအား ဓါးျဖင့္ခုတ္ပိုင္းခ်ထည့္လိုက္သည္။ သူ႔မိန္းမမွာ ဘာမွမသိလိုက္ေသးခင္မွာပင္ ေခါင္းက ၾကမ္းျပင္ေပၚသို႔ ျပတ္က်သြားေလသည္။ သူ႔အကို ဘစိုးကေတာ့ ဘတိုးအား ေၾကာက္လန႔္တၾကားျဖင့္ၾကည့္သည္။

“ဟာ၊ ညီေလး၊ မွားမယ္၊ မွားမယ္”

“ဘာမွားတာလဲအကိုႀကီးရ၊ က်ဳပ္က လူသတ္ေတာ့မွားတာတဲ့လား၊ အကိုႀကီးနဲ႔ က်ဳပ္မိန္းမတို႔ ေဖာက္ျပားေနၾကတာကေရာ အမွားမဟုတ္ဘူးလား”

ဘတိုးက ထိုသို႔ေျပာလိုက္ရင္း ဘစိုးအား ဓါးျဖင့္ခုတ္လိုက္ေလသည္။ သို႔ေသာ္ ဘစိုးက ဓါးခ်က္ကိုငုံ႔ေရွာင္လိုက္ကာ ဘတိုး၏ ရင္ဝအား ေျခေထာက္ျဖင့္ကန္လိုက္သျဖင့္ ဘတိုးတစ္ေယာက္လြင့္ထြက္သြားကာ မီးဖိုေခ်ာင္နံရံႀကီးပင္ ပြင့္ထြက္သြားေလသည္။

“ညီေလး၊ ငါ့ညီနဲ႔ငါနဲ႔ ျပႆနာမျဖစ္ခ်င္ဘူးကြာ”

ဘတိုးက အတင္းခုန္ထၿပီးေနာက္ ဘစိုးရင္ဝကို ဒူးႏွင့္တိုက္ခ်လိုက္ျပန္သည္။ ဘစိုးမွာလည္း ဘတိုး၏တိုက္ခ်က္ကိုခံလိုက္ရၿပီးေနာက္ အေနာက္သို႔လြင့္ထြက္သြားကာ မီးဖိုေခ်ာင္အခန္းနံရံႀကီး ေပါက္ထြက္သြားျပန္သည္။ ဘစိုးက အံ့ၾသစြာျဖင့္ ဘတိုးအားၾကည့္ရင္း

“ညီေလး၊ မင္း . . မင္းလည္း”

“ဟား၊ ဟား၊ ဟုတ္တယ္၊ က်ဳပ္လည္း ဆမန္းေကာင္ပဲ၊ ဘာလဲ အကိုႀကီးက ကိုယ္တစ္ေယာက္ပဲ ဆမန္းေကာင္ျဖစ္ခ်င္ေနတာလား”

သို႔ႏွင့္ ဘတိုးတို႔ညီအကိုႏွစ္ဦးမွာ အခ်င္းခ်င္းတိုက္ခိုက္ၾကေတာ့သည္။ ဘစိုးက မီးဖိုေခ်ာင္အတြင္းရွိ ထြာဆိုင္ခန႔္ရွိသည့္ တိုင္လုံးႀကီးတစ္လုံးကိုျဖဳတ္လိုက္ၿပီးေနာက္ ဘတိုးအား ဘယ္ျပန္ညာျပန္လွည့္႐ိုက္ျပန္သည္။ ဘတိုးလည္း တိုင္႐ိုက္ခ်က္မ်ားကို အလူးအလဲခံရသည္။ သို႔ေသာ္ ထူးဆန္းသည္မွာ နာက်င္မႈကိုသာခံစားရၿပီး ကိုယ္အဂၤါအစိတ္အပိုင္းမ်ားမွာ မက်ိဳးပဲ့၊ မပ်က္စီးျခင္းပင္ျဖစ္သည္။

ဘတိုးလည္း ကုန္းထလိုက္ကာ အိမ္တိုင္ႀကီးကို လက္ႏွစ္ဖက္ျဖင့္ျဖဳတ္ယူလိုက္သည္။ ထို႔ောနက္ ထိုအိမ္တိုင္ႀကီးျဖင့္ သူ႔ကိုျဖစ္သူကို ႐ိုက္ႏွက္ျပန္သည္။ ဘစိုးလည္း အိမ္တိုင္တစ္တိုင္ကို ေျပးျဖဳတ္သည့္အခါ သူတို႔ႏွစ္ထပ္အိမ္ႀကီးမွာ တစ္ဖက္သို႔ေစာင္းနင္းကာ ၿပိဳက်ေလေတာ့သည္။ ႐ြာသူ႐ြာသားမ်ားမွာ ေျပးလာရင္း ဘတိုးတို႔ကိုလာၾကည့္ၾကသည္။ အိမ္တိုင္ႀကီးမ်ားျဖဳတ္ကာ တစ္ေယာက္ႏွင့္တစ္ေယာက္ ႐ိုက္ႏွက္ေနရင္း မ်က္လုံးမ်ားမွာလည္း အလင္းေရာင္မ်ား ဝင္းဝင္းလက္ေနသည့္ သူတို႔အားၾကည့္လွ်က္

“ဟာ၊ ဘတိုးတို႔ညီအကိုက မေကာင္းဆိုးဝါးႀကီးေတြပဲ”

“ဟုတ္တယ္၊ ၾကာရင္ငါတို႔ဖက္ကို လွည့္လာႏိုင္တယ္၊ ေျပးၾကေဟ့”

႐ြာသူ႐ြာသားမ်ားမွာ အားလုံးထြက္ေျပးကုန္ၾကေလသည္။ အိမ္တိုင္ႏွင့္ ေတာ္႐ုံ႐ိုက္၍ အနိင္မရမွန္း ဘတိုးသိလိုက္သည္မို႔ အေနာက္သို႔ကြၽမ္းပစ္ကာ ခုန္ဆု္တ္လိုက္သည္။ ထိုအခါ သူ႔အေသြးအသားမ်ားထဲတြင္ စြမ္းအားတစ္ခုက ေျပးလႊားလႈပ္ရွားေနသည့္အတြက္ ဘတိုးလည္း ေကာင္းကင္ကိုေမာ့ၾကည့္ကာ ပါးစပ္ကိုၿဖဲလွ်က္ ေအာ္ဟစ္လိုက္ေလသည္။

“ေဝါင္း . . .”

ိသို႔ေသာ္ ေအာ္သံက လူသံထြက္မလာဘဲ က်ားသံႀကီးသာထြက္လာသည္။ ထို႔ေနာက္ ဘတိုးမွာ က်ားတစ္ပိုင္း လူတစ္ပိုင္းအျဖစ္သို႔ အလွ်င္အျမန္ေျပာင္းလဲသြားသည္။ သူ႔ကို ဘစိုးမွာ ဘတိုးကိုၾကည့္လွ်က္ အလြန္အံ့ၾသေနေလသည္။ မၾကာခင္မွာပင္ ဘတိုးမွာ က်ားႀကီးတစ္ေကာင္ျဖစ္သြားေတာ့သည္။

ဘတိုးက ဘစိုးအားခုန္အုပ္ကာ တိုက္ခိုက္ေတာ့သည္။ နားထဲတြင္လည္း က်ားႀကီးေျပာခဲ့သည့္ စကားမ်ားကို ျပန္လည္ၾကားေယာင္ေနမိသည္။

“သတ္ခ်င္ရင္၊ အပိုင္းပိုင္းအစိတ္စိတ္ျဖစ္ေအာင္သတ္ကြ”

ထိုေတာ့မွ ဘတိုးလည္း အကိုျဖစ္သူ၏ လက္မ်ားေျခမ်ားကို ကိုက္ျဖတ္ၿပီး အပိုင္းပိုင္းျဖတ္ကာ သတ္ျဖတ္လိုက္ေတာ့သည္။ မနက္မိုးလင္းသည့္အခါ ႐ြာကေလးတြင္ သူမ်ားရွင္းလင္းသြားၿပီျဖစ္သည္။ ဘတိုးတစ္ေယာက္သာ အစိတ္စိတ္အပိုင္းပိုင္းျဖစ္ေနသည့္ အကိုျဖစ္သူ၏ ႐ုပ္အေလာင္းႏွင့္ ေခါင္းျပတ္ေနသည့္ မိန္းမျဖစ္သူ၏ ႐ုပ္အေလာင္းအလယ္တြင္ ငုတ္တုတ္ထိုင္လွ်က္က်န္ေနခဲ့သည္။

“မင္းသြားစရာမရွိရင္ ေညာင္ေ႐ႊဆမန္းစံအိမ္ေတာ္ကိုလာခဲ့”

ထိုစကားကို ျပန္လည္ၾကားေယာင္ၿပီးေနာက္ ေညာင္ေ႐ႊသို႔ဆင္းခဲ့ေတာ့သည္။

(၅)

ေညာင္ေ႐ႊက်ားျဖဴစံအိမ္ႀကီး၏ မုခ္ဦးႀကီးမွာပင္ အလြန္ခန႔္ညားလွေလသည္။ ဘတိုး စံအိမ္အေရွ႕သို႔ေရာက္သည့္အခါ စံအိမ္တံခါးကိုဖြင့္ခိုင္းေသာ္လည္း သူ႔အားမည္သူမွ ဝင္ခြင့္မေပးေပ၊ သို႔ႏွင့္ တံခါး႐ြက္ကိုအတင္းေဆာင့္ကန္ဖြင့္ၿပီး ဝင္လာခဲ့ရသည္။ အတြင္းေရာက္သည့္အခါ လူႀကီးတစ္ဦးက ၿပဳံးလွ်က္ ဘတိုးအနီးသို႔ တိုးကပ္လာခဲ့သည္။

“ေၾသာ္၊ မင္းေတာင္ေရာက္လာၿပီကိုး”

ဘတိုးက ထိုလူႀကီးအား မ်က္ေမွာင္ၾကဳတ္ကာၾကည့္လိုက္ရင္း

“က်ဳပ္နဲ႔ခင္ဗ်ားနဲ႔သိလို႔လား”

“မင္းက ငါဒီပုံစံျဖစ္ေနလို႔ မမွတ္မိတာေနမွာပါကြ”

ထိုလူႀကီးကေျပာလိုက္ရင္း ေလးဘက္ေထာက္လိုက္ေလရာ မၾကာခင္ ကိုးေတာင္ရွည္သည့္ က်ားႀကီးတစ္ေကာင္ျဖစ္သြားေလသည္။ ထိုေတာ့မွ ဘတိုးလည္း ထိုက်ားႀကီးမွာ သူႏွင့္တိုက္ခိုက္ခဲ့သည့္ က်ားႀကီးျဖစ္ေနမွန္းသိလိုက္ရသည္။ ထိုက်ားႀကီးက မၾကာခင္လူအျဖစ္သို႔ျပန္လည္ေျပာင္းလဲသြားၿပီး

“မင္းက ကံေကာင္းတာလား၊ ကံဆိုးတာလားေတာ့မသိဘူး၊ မေမွ်ာ္လင့္ဘဲ ဆမန္းေကာင္ျဖစ္ခဲ့ရတယ္မဟုတ္လား၊ ကဲပါ မထူးပါဘူး၊ မင္းလည္းဒီေရာက္ေတာ့ တျခားဆမန္းေကာင္ေတြလို စံအိမ္မွ ခစားေနေပါ့”

ဘတိုးလည္း ဘာမွန္းမသိဘဲ ေခါင္းညိတ္လိုက္မိသည္။

“ဒါနဲ႔ ခင္ဗ်ားနာမည္ဘယ္သူလဲ”

“ငါ့နာမည္ခြန္သိုက္၊ ငါက ဒီစံအိမ္ႀကီးရဲ႕ အိမ္ေတာ္ထိန္းႀကီးေပါ့”

“ခင္ဗ်ားဘာလို႔ လူေတြကိုသတ္ရတာလဲ”

“ဆမန္းက်င့္စဥ္ရဲ႕ အဆင့္ငါးက အသက္အ႐ြယ္ခုနစ္မ်ိဳးရွိတဲ့ လူခုနစ္ေယာက္ကို စားေသာက္ရတာမ်ိဳးပဲ”

“အသက္အ႐ြယ္ခုနစ္မ်ိဳးဆိုတာက”

“အသက္အႀကီးအငယ္ မတူတာကိုေျပာတာပါ၊ မင္းအေဖကို စားခဲ့မိတဲ့အတြက္ ငါစိတ္မေကာင္းပါဘူးကြာ၊ ဒါနဲ႔ မင္းနာမည္ေရာ ဘယ္လိုေခၚသလဲ”

“က်ဳပ္နာမည္ဘတိုး”

ဦးခြန္သိုက္က ေခါင္းညိတ္လွ်က္

“ေကာင္းၿပီေလ၊ မင္းငါ့အနားမွာပဲေနပါ၊ မင္းငါ့ကိုတစ္ခုကူညီေပါ့”

“က်ဳပ္က ဘာကူညီရမွာလဲ”

ထိုအခါ ဦးခြန္သိုက္က ဘတိုးကိုေခၚေဆာင္သြားသည္။ ထိုစံအိမ္ႀကီးအတြင္း ရွိသမွ်လူအားလုံးမွာ ဘတိုးကဲ့သို႔ဆမန္းေကာင္မ်ားျဖစ္ေၾကာင္းသိရသည္။ ဦးခြန္သိုက္က ဘတိုးကို က်ားျဖဴသခင္ႀကီးႏွင့္မိတ္ဆက္ေပးၿပီးေနာက္ ဘတိုးအားေညာင္ေ႐ႊက်ားျဖဴစံအိမ္တြင္ အဖြဲ႕သြင္းေပးလိုက္ေတာ့သည္။

သုံးရက္ခန႔္ၾကာသည့္အခါ ဘတိုးအား ဦးခြန္သိုက္က မိုင္းေသာက္ၿမိဳ႕သို႔ လွည္းတစ္စီးျဖင့္ေခၚေဆာင္သြားေလသည္။ မိုင္းေသာက္ၿမိဳ႕အျပင္ဘက္ရွိ ေတာင္ကုန္းကေလးတစ္ခုအေပၚတြင္ ၿခံႏွင့္အိမ္ကေလးတစ္လုံးရွိသည္။ ထိုၿခံကေလးအတြင္းတြင္ ျမင္းလွည္းအားရပ္နားၿပီးသည့္အခါ ဦးခြန္သိုက္ႏွင့္ ဘတိုးတို႔မွာ အိမ္အတြင္းသို႔ဝင္လာခဲ့ၾကသည္။ ထိုအခါ အိမ္ထဲမွ အသက္ႀကီးႀကီး ေခါင္းတုံးေျပာင္ေျပာင္ႏွင့္ အနက္ေရာငအဝတ္အစားမ်ားကို ဝတ္ထားသည့္ လူႀကီးတစ္ဦးထြက္လာခဲ့သည္။ ထိုလူႀကီးက ဘတိုးအားလက္ညႇိဳးထိုးလိုက္ကာ

“ဒီေကာင္ေလးက စိတ္ခ်ရရဲ႕လား”

“စိတ္ခ်ရပါတယ္၊ တစ္အခ်က္ကေတာ့ ဒီေကာင္ေလးက စံအိမ္ကလူမဟုတ္ဘူး၊ အခုမွစံအိမ္ကိုေရာက္လာတာဆိုေတာ့ ဒီေကာင္ေလးဘယ္သူမွန္း က်န္တဲ့သူေတြက မသိၾကဘူး၊ သူကလည္း ဘယ္သူနဲ႔မွအဆက္မသြယ္မရွိေသးဘူးဆိုေတာ့ က်ဳပ္တို႔လုပ္ငန္းအတြက္ စိတ္ခ်ရေလာက္မွာပါ”

ဦးခြန္သိုက္က ေျပာလိုက္သည့္အခါ ထိုလူႀကီးက အနားသို႔တိုးကပ္လာၿပီး ေရေႏြးၾကမ္းတစ္ခြက္ကိုခ်ေပးသည္။ ေရေႏြးၾကမ္းအထဲတြင္လည္း လက္ဖက္႐ိုးကေလးက ေထာင္ေနေသးသည္။ ဘတိုးလည္း ေရေႏြးခြက္အား ေကာက္ေသာက္ပစ္ခ်လိုက္သည္။ သို႔ေသာ္ လက္ဖက္႐ိုးကေလးမွာ ဘတိုးပါးစပ္တြင္းေရာက္သည့္အခါ အသက္ရွင္ေနသကဲ့သို႔ လႈပ္ရွားသြားၿပီး ဘတိုး၏လည္ေခ်ာင္းအတြင္းသို႔ ဆင္းသြားေလရာ ဘတိုးမွာ အံ့ၾသသြားသျဖင့္ လည္ပင္းကိုလက္ႏွင့္ဖိထားလိုက္သည္။

ထိုအခါ အနက္ေရာင္ဝတ္စုံဝတ္ဆင္ထားသည့္ လူႀကီးက တစ္ခ်က္ၿပဳံးလိုက္ရင္း

“ဟား၊ ဟား မင္းဗိုက္ထဲကို ေဆးပိုးႏြယ္ဝင္သြားခဲ့ၿပီ၊ တကယ္လို႔ မင္းသာ ငါတို႔ကိုသစၥာေဖာက္မယ္ဆိုရင္ ငါက အဲဒီေဆးပိုးႏြယ္ကိုအသက္ရွင္ခိုင္းလိုက္မယ္၊ ဒါဆိုရင္ မင္းက လူစင္စစ္ကေန သစ္ပင္ႀကီးတစ္ပင္ျဖစ္သြားလိမ့္မယ္”

ထိုလူႀကီးေျပာသည့္အခါ ဘတိုးလည္းအလြန္တုန္လႈပ္သြားေလသည္။

“ကဲ ဘတိုး၊ ေဟာဒါကေတာ့ ေမာက္ေမာက္ႀကီးလို႔ေခၚတယ္၊ ငါတို႔နဲ႔အတူတူ လႈိ႕ဝွက္အစီအစဥ္လုပ္မယ့္သူေပါ့”

ဦးခြန္သိုက္ေျပာေတာ့မွ ဘတိုးက

“ဘာ အစီအစဥ္လဲ”

“ဆမန္းေကာင္အခ်င္းခ်င္း မ်ိဳးေဖာက္တဲ့အစီအစဥ္ေပါ့ကြာ”

ေမာက္ေမာက္ႀကီးက သူတို႔ႏွစ္ဦးအား အခန္းတစ္ခုအတြင္းသို႔ ေခၚသြားေလသည္။ ထိုအခန္းထဲတြင္ ေၾကးျဖင့္ျပဳလုပ္ထားသည့္ ဘဲဥပုံအလုံးႀကီးတစ္ခုရွိသည္။ ထိုအလုံးႀကီးေအာက္တြင္လည္း ဘတိုးမသိရွိသည့္ စက္ကိရိယာမ်ားကိုတပ္ဆင္ထားေသးသည္။ ဦးခြန္သိုက္က ဘတိုးအား ခုံတစ္ခုတြင္ ထိုင္ေစလွ်က္

“ဆမန္းေကာင္ေတြအေၾကာင္းေျပာမယ္ဆိုရင္ ဆမန္းေကာင္ေတြက မ်ိဳးမပြားႏိုင္ဘူး၊ ဒါေပမယ့္ ဆမန္းေကာင္ရဲ႕ေသြးကိုေသာက္မိရင္ အဲဒီဆမန္းေကာင္ရရွိလက္ခံထားတဲ့ က်ိန္စာကိုေသြးေသာက္တဲ့လူက လက္ခံရရွိၿပီးေတာ့ သူလည္းဆမန္းေကာင္ျဖစ္သြားတတ္တယ္၊ မင္းလိုေပါ့”

ဦးခြန္သိုက္က ဘတိုးအားလက္ညႇိဳးထိုးလိုက္သည့္အခါ ဘတိုးလည္းေခါင္းညိတ္လိုက္သည္။

“တကယ္လို႔ ဆမန္းေကာင္ေတြသာ အခ်င္းခ်င္းမ်ိဳးပြားႏိုင္မယ္ဆိုရင္ ပိုမိုအဆင့္အတန္းျမင့္ၿပီး သန႔္စင္တဲ့ဆမန္းေကာင္ေတြ ထြက္လာလိမ့္မယ္လို႔ က်ားျဖဴသခင္ႀကီးက ယူဆထားတယ္၊ ဒါေၾကာင့္မို႔ သူတို႔က ေဟာဒီက ေမာက္ေမာက္ႀကီးရဲ႕ ေဆးပညာအကူအညီနဲ႔ ဆမန္းေကာင္အခ်င္းခ်င္းမ်ိဳးပြားဖန္တီးဖို႔ စမ္းသပ္ၾကလိမ့္မယ္”

“ဒါဆို က်ဳပ္က ဘာလုပ္ရမွာလဲ”

“မင္းလုပ္ရမွာကေတာ့ ေဟာဒီေၾကးဘဲဥႀကီးကို ေစာင့္ၾကည့္ေပးဖို႔ပဲ”

ဦးခြန္သိုက္ေျပာလိုက္သည့္အခ်ိန္တြင္ ေမာက္ေမာက္ႀကီးက ေၾကးဘဲဥႀကီး၏ အဖုံးကို ဖြင့္လိုက္သည့္အခါ အတြင္းမွ အခိုးအေငြ႕မ်ားထြက္ေပၚလာၿပီးေနာက္ ဖန္ျဖင့္ျပဳလုပ္ထားသည့္ အေခ်ာင္းကေလးတစ္ေခ်ာင္းကို ထုတ္ယူလိုက္ေလသည္။ ထိုအေခ်ာင္းကေလးထဲတြင္ေတာ့ ႂကြက္သားေပါက္ကေလးသဖြယ္ တစ္ကိုယ္လုံးကိုေဖာက္ထြင္းျမင္ေနရသည့္ အေကာင္ကေလးတစ္ေကာင္က တြယ္ကပ္ေနေလသည္။

“အဲ . . . အဲဒါဘာလဲ”

“ငါတို႔စမ္းသပ္မႈရဲ႕ရလဒ္ေပါ့ကြာ၊ ဒီေတာ့ မင္းက အခုအခ်ိန္ကစၿပီး ဒီအေကာင္ေလးကို ေစာင့္ေရွာက္ေပးရလိမ့္မယ္၊ တစ္ေန႔ကို ဆယ့္ငါးခါ ေဟာဒီေၾကးဘဲဥကို ဟိုဖက္ဒီဖက္လွည့္ေပးရမယ္၊ ၿပီးေတာ့ အထဲကို ေဟာဒီေဆးရည္ကေလးေတြ တစ္စက္ တစ္စက္ထည့္ေပးရလိမ့္မယ္”

“က်ဳပ္အတြက္ေတာ့ ဘာမွမခက္ပါဘူး”

ဦးခြန္သိုက္က ဘတိုးအနီးသို႔တိုးကပ္လိုက္ၿပီး

“ဒီဟာက ဘာမွမခက္ေပမယ့္ တကယ္ခက္တဲ့အပိုင္းကေတာ့ မင္းႏႈတ္လုံဖို႔ပဲ၊ ဒီအေၾကာင္းေတြကို မင္းဘယ္သူ႔ကိုမွမေျပာရဘူး၊ ယုတ္စြအဆုံး က်ားျဖဴသခင္ႀကီးကိုေတာင္မွ မေျပာရဘူး၊ ဘာျဖစ္လို႔လဲဆိုေတာ့ ဆမန္းေကာင္မ်ိဳးပြားလို႔ရတဲ့ ကိစၥက အေရးႀကီးၿပီး အရမ္းလည္း အႏၲာရာယ္မ်ားတဲ့ ကိစၥမို႔လို႔ပဲ”

“က်ဳပ္နားလည္ပါၿပီ”

သို႔ႏွင့္ ဘတိုးတစ္ေယာက္ ေမာက္ေမာက္ႀကီးအိမ္တြင္သာ ေနထိုင္ရင္း ေၾကးဘဲဥႀကိးကို အေဖာ္ျပဳရေတာ့သည္။ ေမာက္ေမာက္ႀကီးမွာ တစ္ေန႔လုံး အလုပ္ရႈပ္ေနေလရာ ဘတိုးက ေမာက္ေမာက္ႀကီးစီစဥ္ေပးထားသည့္ ေရနာရီကိုၾကည့္ရင္း အခ်ိန္က်သည္ႏွင့္ ေၾကးဘဲဥႀကီးကိုလွည့္ေပးရေလေတာ့သည္။ သို႔ေသာ္ ထိုေၾကးဘဲဥႀကီးကို ေမာက္ေမာက္ႀကီးမွလြဲၿပီး အျခားသူမ်ားဖြင့္ၾကည့္ခြင့္မရွိေပ။

ဦးခြန္သိုက္မွာလည္း မၾကာမၾကာလာၾကည့္ေလသည္။ သုံးလခန႔္ၾကာသည့္အခါ ဦးခြန္သိုက္ႏွင့္ ေမာက္ေမာက္ႀကီးတို႔မွာ ေခါင္းခ်င္းဆိုင္လွ်က္ တစ္ခုခုကိုစိုးရိမ္တႀကီးျဖစ္ေနၾကေလရာ ဘတိုးပင္အံ့ၾသေနမိသည္။

“ဘာေတြမ်ားျဖစ္ေနလို႔လဲ”

“ငါတို႔ စမ္းသပ္မႈမေအာင္ျမင္ခဲ့ဘူး၊ အခု က်ားျဖဴသခင္ႀကီးက ဒီစမ္းသပ္မႈကို ဖ်က္သိမ္းခ်င္ေနၿပီ”

“ဘာ . . . ဘာမ်ားျဖစ္လို႔လဲ”

ထိုအခါ ေမာက္ေမာက္ႀကီးမွာ ေၾကးဘဲဥႀကီးကို လွန္လိုက္ေလသည္။ ေၾကးဘဲဥႀကီးအထဲတြင္ ေၾကာင္ေပါက္အ႐ြယ္သာရွိသည့္ က်ားကေလးကိုေတြ႕ရသည္။ သို႔ေသာ္ က်ားကေလး၏ ဦးေခါင္းမွာ ႏွစ္ခုျဖစ္ေနေလသည္။

“ဒီကေလးေတြကို စြန႔္ပစ္မယ္တဲ့လား”

“ေခါင္းႏွစ္လုံးနဲ႔က်ားဟာ က်ားျဖဴစံအိမ္ေတာ္ကို အရွက္ရေစမယ္လို႔ က်ားျဖဴသခင္ႀကီးက ယူဆတယ္၊ ကဲပါေလ ငါတို႔ဘာလုပ္ၾကမလဲဆိုတာကို မေျပာေတာ့ပါဘူး၊ အခုပဲ က်ားျဖဴသခင္ႀကီးဆီကို အခစားဝင္ၾကတာေပါ့”

ေမာက္ေမာက္ႀကီးႏွင့္ ဦးခြန္သိုက္တို႔လည္း ေၾကးဘဲဥႀကီးကို ဘတိုးအား ပိုက္ခိုင္းလွ်က္ ျမင္းလွည္းတစ္စီးျဖင့္ ေညာင္ေ႐ႊသို႔ ျပန္လာခဲ့ၾကသည္။ လူေျခတိတ္သည့္ ညည့္သန္းေခာင္ယံအခ်ိန္မွာသာ က်ားျဖဴသခင္ႀကီးူႏွင့္ ေတြ႕ဆုံရသည္။ က်ားျဖဴသခင္ႀကီးူမွာ ေၾကးဘဲဥအတြင္းမွ ေခါင္းႏွစ္လုံးႏွင့္က်ားကေလးအားေတြ႕သည့္အခါ အလြန္ေဒါသထြက္လွ်က္ ကေလးငယ္ကိုေကာက္ယူလိုက္ကာ ၾကမ္းျပင္ေပၚသို႔ပစ္ခ်လိုက္ေလသည္။ က်ားကေလးမွာ အသားကုန္ေအာ္ဟစ္ေတာ့သည္။ ဘတိုးလည္း က်ားကေလးအား ေၾကးဘဲဥႀကီးအတြင္း ျပန္ေကာက္ယူကာ ထည့္ထားလိုက္သည္။

“ဒါငါ့ကိုသက္သက္အရွက္ခြဲသလိုျဖစ္ေနၿပီေမာက္ေမာက္ႀကီး၊ ဒီကေလးကိုငါမယူဘူး၊ ဆမန္းေကာင္ေတြက မ်ိဳးပြားလို႔မရဘူးဆိုတာကို မင္းသိရက္နဲ႔ လုပ္ခဲ့မိတာ မင္းအျပစ္ပဲ”

ေမာက္ေမာက္ႀကီးလည္း ဘာမွမေျပာႏိုင္ေတာ့ေပ၊ က်ားျဖဴသခင္ႀကီးက ဦးခြန္သိုက္ဘက္သို႔လွည့္လိုက္ၿပီး

“ကဲခြန္သိုက္၊ ဒီကေလးကို မင္းရွင္းလိုက္ေတာ့”

ထိုအခါ ဦးခြန္သိုက္က ဘတိုးကိုလွည့္ၾကည့္ၿပီး

“ဘတိုး၊ ဒီကေလးကိုေခၚသြားၿပီး တစ္ေနရာမွာသုတ္သင္လိုက္”

ထိုအခါ က်ားျဖဴသခင္ႀကီးက

“ေနအုံး၊ က်ားက က်ားကိုျပန္မသတ္ရဘူးဆိုတာ သဘာဝစည္းမ်ဥ္းတစ္ခုပဲ၊ ဘတိုးက က်ားဆိုေတာ့ က်ားကိုျပန္သတ္လို႔မရဘူး”

ဦးခြန္သိုက္က စဥ္းစားရင္း

“ဒါဆိုရင္ မပူပါနဲ႔၊ ဘတိုးကို သင္းခြဲလိုက္မယ္”

ဘတိုးလည္း မ်က္လုံးျပဴးသြားသည္။

“ဘာ၊ သင္းခြဲမယ္ဟုတ္လား”

ဦးခြန္သိုက္က ဘတိုးကိုဖမ္းခ်ဳပ္လိုက္သည့္အခါ က်ားျဖဴသခင္ႀကီးက ဘတိုး၏အနီးသို႔တိုးကပ္လာခဲ့သည္။ ထို႔ေနာက္ ဘတိုး၏ ညာဖက္လက္အား လက္ျဖင့္ဆြဲကိုင္လိုက္ရင္း

“မင္းကို ဒီေန႔ကစၿပီးငါတို႔အသင္းကေန သင္းခြဲလိုက္ၿပီ၊ မင္းဟာ ဆမန္းတစ္ေကာင္ျဖစ္ေနဆဲပဲဆိုေပမယ့္ မင္းရဲ႕အစြမ္းေတြအကုန္လုံးကို ငါပိတ္ပင္လိုက္ၿပီ”

က်ားျဖဴသခင္ႀကီးက ထိုသို႔ေျပာၿပီးေနာက္ သူ႔လက္တြင္ဝတ္ဆင္ထားသည့္ လက္စြပ္တစ္ခုအား ဆီမီးအလင္းတိုင္ထဲသီု႔ထည့္လိုက္ကာ မီးကင္လိုက္သည္။ ေ႐ႊျဖင့္ျပဳလုပ္ထားသည့္ လက္စြပ္မွာ မၾကာခင္ မီးမ်ားစြဲေလာင္ကာ နီျမန္းလာေလရာ ဘတိုး၏ လက္ဖ်ံကို ထိုလပ္စြပ္ထိပ္စႏွင့္ ေဆာင့္ထိုးလိုက္ေလသည္။ ဘတိုးလည္း နာက်င္စြာႏွင့္ ေအာ္ဟစ္ေနမိသည္။ ထို႔ေနာက္ ေညာင္ေ႐ႊစံအိမ္မွ ဘတိုးကို ႏွင္လႊတ္လိုက္ၾကသည္။ ဘတိုးလည္း က်ားကေလးကိုေခၚေဆာင္ရင္း ေတာအုပ္အတြင္းသို႔ေရာက္လာခဲ့သည္။ ထိုက်ားကေလးကို သတ္ျဖတ္ခ်င္ေသာ္လည္း သနားသျဖင့္ မသတ္ျဖတ္ေတာ့ဘဲ ေက်ာက္တုံးတစ္တုံးေပၚတြင္ တင္ထားခဲ့ေလသည္။

ဘတိုးလည္း စိတ္နာသြားသျဖင့္ က်ားမ်ားကိုသတ္ျဖတ္ရန္အတြက္ က်ားဖမ္းသည့္ က်ားမုဆိုးအဖြဲ႕အတြင္းသို႔ ဝင္ေရာက္လိုက္သည့္အခါ က်ားမုဆိုးဘတိုးဟု အမည္တြင္သြားေလသည္။

(၆)

“လက္စသတ္ေတာ့ ဒီလိုကိုး၊ က်ဳပ္ကေတာ့ ခင္ဗ်ားကို .. .”

ငခမ္းက စကားေျပာလိုက္သည့္အခါ ဘတိုးက ငခမ္း၏ ပါးစပ္ကိုလက္ျဖင့္ပိတ္လိုက္ေလသည္။

“ေသခ်ာနားေထာင္စမ္း”

ငခမ္းလည္း နားကိုစြင့္လွ်က္ ေသခ်ာနားေထာင္လိုက္သည္။ ပတ္ဝန္းက်င္တြင္ ေလတိုက္ခတ္သျဖင့္ သစ္ပင္မ်ားတရွဲရွဲျမည္ေနသည့္အသံမွအပ အျခားအသံမ်ားကိုမၾကားရေပ။ သို႔ေသာ္ နားေထာင္ေနရင္း မိုး႐ြာေတာ့မည့္ႏွယ္ မိုးေအာ္သံမ်ားကို အေဝးမွ ၾကားရေလသည္။

“မိုး႐ြာေတာ့မယ္ထင္တယ္၊ မိုးေတြေအာ္လာတယ္”

ထိုအခါ ဘတိုးက ေခါင္းခါလိုက္ၿပီး အိပ္ေပ်ာ္ေနသည့္ ကေလးႏွစ္ေယာက္ကိုလႈပ္ႏႈိးကာ ထမ္းလိုက္ေလသည္။ ထို႔ေနာက္ သူတို႔ထိုင္ေနသည့္ အိမ္ၾကမ္းျပင္ကို ေျချဖင့္ေဆာင့္လိုက္ရာ အိမ္ၾကမ္းျပင္ႀကီးူမွာ အေပါက္ႀကီးျဖစ္သြားၿပီး ဘတိုးမွာ အိမ္ေအာက္သို႔ခုန္ဆင္းသြားေတာ့သည္။

“ကိုဘတိုးဘာျဖစ္တာလဲ”

“အဲဒါမိုးေတြလာေနတာမဟုတ္ဘူး၊ ျမႇားတံေတြလာေနတာကြ”

လုံဒီကလည္း ဘတိုးအေနာက္သို႔ခုန္ဆင္းလိုက္သည္။ ငခမ္းကေတာ့ မယုံေပ။

“ဟုတ္ပါ့မလား ကိုဘတိုးရဲ႕၊ ျမားတံေတြက မိုးေတြ႐ြာသလို လာပါ့မလား”

ငခမ္းက အိမ္အေရွ႕သို႔ထြက္လိုက္ၿပီး မိုးေကာင္းကင္ကိုေမာ့ၾကည့္လိုက္သည္။ ထိုအခါ ဘတိုးေျပာသည့္အတိုင္း မိုးေကာင္းကင္ေပၚမွ ေျမာက္မ်ားလွစြာေသာ ျမႇားတံမ်ားမွာ မိုးလုံးျပည့္မွ် ဆင္းသက္လာေတာ့ေလသည္။

ငခမ္းလည္း ေၾကာက္႐ြံ႕သြားၿပီး လင္းႏို႔ေတာင္ပံႀကီးကိုထုတ္လိုက္ကာ ကိုယ့္ကိုယ္ကိုယ္လႊမ္းၿခဳံလွ်က္ ကာကြယ္ထားရေတာ့သည္။ ေကာင္းကင္ေပၚမွ ျမႇားတံမ်ားက မိုး႐ြာသည့္ႏွယ္ အမ်ားအျပားက်ဆင္းလာေလသည္။ သံသားကဲ့သို႔ မာေက်ာလွသည့္ ငခမ္း၏ လင္းႏို႔ေတာင္ပံမ်ားကိုပင္ ျမားတံမ်ားက ေဖာက္ထြင္းႏိုင္စြမ္းရွိေလသည္။ အခ်ိန္ခဏၾကာသည့္အခါ သဲသဲမဲမဲက်ဆင္းေနသည့္ ျမႇားတံမ်ားမွာ ကုန္ဆုံးသြားေလသည္။ သူတို႔ေနထိုင္ခဲ့သည့္ အိမ္ကေလးေပၚတြင္လည္း ျမားတံမ်ားက စိုက္ဝင္ေနသလို ေျမျပင္တြင္လည္း ျမႇားတံမ်ားက ျမက္ပင္မ်ားႏွယ္ ထိုးထိုးေထာင္ေထာင္ႏွင့္ စိုက္ေနၾကေလသည္။ ထိုစဥ္ မိုးေကာင္းကင္ေပၚမွ လူတစ္ဦးက ခုန္ဆင္းလာေလသည္။ ထိုသူမွာ ေလးႏွင့္ျမႇားကို ကိုင္စြဲထားၿပီးေနာက္ ငခမ္းအေရွ႕ခပ္လွမ္းလွမ္းတြင္ က်ဆင္းသြားေလသည္။

“ဟင္၊ မုန္တိုင္းပါလား”

ေခါင္းငုံ႔ေနသည့္မုန္တိုင္းက မ်က္ႏွာကိုေမာ့လိုက္သည္။ ထိုအခါ မုန္တိုင္း၏ မ်က္လုံးမ်ားမွာ ဝါေ႐ႊေရာင္အဆင္းျဖင့္ ဝင္းလက္ေနေလသည္။ ငခမ္းက အံ့ၾသစြာျဖင့္ၾကည့္ေနခ်ိန္မွာပင္ မုန္တိုင္းပစ္လႊတ္လိုက္သည့္ျမႇားတံသုံးစင္းက ငခမ္းရင္ဝကိုလာေရာက္စိုက္မွန္သြားေလသည္။

“မုန္တိုင္း မင္းဘာလုပ္တာလဲ”

“ဘယ္ကမုန္တိုင္းလဲ”

မုန္တိုင္းမွာ ငခမ္းကိုပင္ မွတ္မိပုံမရဘဲ ငခမ္းအား ေလးႏွင့္ထိုးခ်ိန္လိုက္ေတာ့သည္။