” သင်္ချိုင်းကုန်းက ဟိုတယ်ကြီး ”(စ/ဆုံး)

Unicode Version

” သင်္ချိုင်းကုန်းက ဟိုတယ်ကြီး ”(စ/ဆုံး)
———————————————
(၁၉၉၁ ခုနှစ်…)
အိုးဘိုရပ်ကွက်လေးရဲ့ မနက်ခင်းက ဆူညံဆူညံအသံများနဲ့ လန်းဆန်းနေတယ်။ ရွာသူကြီးရဲ့ အိမ်ဝိုင်းထဲ လူတွေ
ခြံလုံးပြည့်မျှ စုပြုံရောက်နေသလို သူကြီးရဲ့ မျက်နှာမှာတော့ စိတ်ရှုပ်ထွေးမှုတွေပဲ ကြီးစိုးနေရှာတယ်။
– “ဒီမယ် သူကြီး.. ဒီကိစ္စကို ကျုပ်တို့ လုံး၀ လက်မခံဘူး၊ အဓိပ္ပါယ်မရှိတဲ့ကိစ္စ၊
လူမဆန်တဲ့ လုပ်ရပ်ဗျ
ရွာသားလူငယ်တစ်ယောက်ရဲ့စကားကို
ကျန်တစ်ယောက်က
“ဟုတ်တယ်ဗျ၊ ဒါက
အများနဲ့ဆိုင်တဲ့ကိစ္စဗျ၊ ဟိုက ပြောတဲ့အတိုင်း သူကြီးလုပ်ရင် ရွာနီးချုပ်စပ်တွေအားလုံး သူကြီးကို ပြဿနာရှာလိမ့်မယ်
“ဟုတ်တယ်တော့ သူကြီးရဲ့၊
သူကြီးက ကျုပ်တို့ရွာမှာ မျိုးရိုးစဉ်ဆက် သူကြီးလုပ်ခဲ့တာလေ၊ ဓနရှင်တွေကြောင့် သူကြီးအပေါ်ရွာတွေအားလုံးထားတဲ့ လေးစားမှုကို မပေါ့လျော့စေချင်ဘူးရှင် ရွာသူရဲ့အပြောကို ကျန်လူတွေကပါ “ဟုတ်တယ် မှန်တယ်၊
ရွာသားတွေဘက်က ရပ်တည်ပေးပါ သူကြီး
လို့ ဝိုင်းဝန်း ပြောကြကုန်တယ်။
အိုးဘိုရွာသူကြီး ဦးသက်ညိုက
ရွာသူရွာသားတွေရဲ့ စကားတွေကြောင့်
အကြီးအကျယ် စိတ်ညစ်ညူးသွားရတယ်။
ဒါ့ကြောင့် စားပွဲခုံကြီးကို တဘုန်းဘုန်းထုလိုက်ရင်း…
“တော်ကြပါတော့…
ရပ်ကြပါတော့ဟ၊ ဒီကိစ္စကို ငါ သေသေချာချာ စဉ်းစားပါဦးမယ်၊ ပြန်ကြပါတော့… တောင်းပန်ပါတယ်။ ကြာရင်… ငါ အသက်ထွက်တော့မယ်ဟ
လို့ အော်ဟစ်ပစ်လိုက်တယ်။
ရွာသူရွာသားတွေဟာ သူကြီးရဲ့

ပေါက်ကွဲမှုကြောင့် တိတ်ဆိတ်သွားကုန်တယ်။ တစ်ယောက်လက် တစ်ယောက်တို့ရင်း
သူကြီးရဲ့ ခြံဝိုင်းထဲကနေ အသီးသီး
ထွက်ခွာသွားကြတယ်။
ဒီအချိန်မှာပဲ ရွာမှာ
အသက်အကြီးဆုံးဖြစ်တဲ့ ဘွားအိုစာဟာ
တုတ်ကောက်ကို အားပြုရင်း သူကြီးရဲ့ ခြံဝိုင်းထဲ ရောက်လာတယ်။
`ဟာ… ဘွားလေးပါလား၊ ကြွပါ…
ကြွပါ ဘွားလေး၊ ဘွားလေးက
အိမ်ထဲအောင်းနေတာ
နှစ်ပေါင်းမနည်းတော့ဘူးလေ၊ ဘယ်အကြောင်းကြောင့်များ ကျုပ်အိမ်
လာရပါသလဲ… ပြောပါ ဘွားလေး
သူကြီးက အိမ်ဦးခန်းမှာ နေရာချပေးရင်း ပျာပျာသလဲ မေးလိုက်တယ်။
ဒေါ်အိုစာဆိုတာက မျိုးရိုးစဉ်ဆက် အောက်လမ်းပညာရပ်မှာ တစ်ဖက်ကမ်းခပ်တဲ့သူ။ ဒါ့ကြောင့် အိုးဘိုတစ်ရွာလုံး
ဘွားလေးအိုစာကို အကြီးအကျယ် ကြောက်လန့်သည်။
အရမ်းလည်း လေးစားကြတယ်။
“နင်… အခု ဘာတွေလုပ်နေသလဲ၊ ပြောစမ်း သက်ညို၊ ရွာသားတွေ နင်လုပ်တာ
မကျေနပ်ဘူးလို့ ငါ သတင်းရတယ်ဟေ့
ဘွားလေးအိုစာရဲ့ တောင်ဝှေးကို
ဆောင့်ပြောလိုက်တဲ့စကားကြောင့် သူကြီးသက်ညိုဟာ အကြီးအကျယ်
ပျာယာခတ်သွားရရှာတယ်။
– “ ဒီ … ဒီလိုပါ ဘွားလေးရယ်၊
ကျုပ်ကလည်း ဆန္ဒအရ လုပ်ချင်လို့ မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ ကျုပ်မပြောပြပေမယ့် ဘွားလေးကို ကျုပ် ပြောပြပါ့မယ်၊ တကယ်တော့ ဘွားလေးရဲ့.. ဒီသင်္ချိုင်းရဲ့ မြေနေရာက ကျုပ်တို့ရွာက ပိုင်ဆိုင်တာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်လောက်ကတည်းက သူဌေးကြီး
ဦးကျင်ဆိုင် ပိုင်ဆိုင်ခဲ့တာပါ၊ သူဌေးကြီးက သဘောကောင်းတဲ့အတွက် ရွာမှာ
သင်္ချိုင်းမြေမရှိတုန်း သူ့မြေကွက်ကို သုံးခွင့်ပြုခဲ့တာပါ၊ ဒါကို… သူကြီးဖြစ်တဲ့ ကျုပ်ကလွဲရင် ဘယ်သူမှ မသိခဲ့ပါဘူး၊ အခု.. သူ့ရဲ့ မျိုးဆက်တွေက သင်္ချိုင်းမြေနေရာကို
ရောင်းချချင်တဲ့အတွက် ကျုပ်ကို

သချ.င်းဖယ်ခိုင်းနေပြီ၊ ကျုပ် ဘာလုပ်ရမလဲ၊ ကျုပ်ဘက်လည်း ထည့်စဉ်းစားပါဦး
ဘွားလေးရယ်
ဒေါ်အိုစာက
သူကြီးသက်ညိုရဲ့ ရှင်းပြမှုကြောင့်
“ကောင်းပြီး သက်ညို၊ နင့်စကား
အမှန်ဆိုရင် ငါကိုယ်တိုင် ရွာသူရွာသားတွေကို ပြောပေးမယ်၊ သင်္ချိုင်းဖယ်တာတော့ ဟုတ်ပါပြီ၊ နာရေးပေါ်လို့ မသာချရင် ဘယ်သွားချကြမလဲအေ့
“ဒီအတွက်လည်း စိတ်မပူပါနဲ့၊
ရွာနောက်ဘက်က ချောင်းစပ်ဘက်ရွှေ့ဖို
စီစဉ်ထားပါတယ်၊ ဘွားလေးသာ ရွာသားတွေကို
ရှင်းပြပေးပါဗျာသူကြီးရဲ့စကားကို ဒေါ်အိုစာက
မျက်မှောင်ကြုတ်ရင်း
“နေစမ်းပါဦး၊ သူတို့က သင်္ချိုင်းမြေမှာ
ဘာလုပ်မယ်တဲ့လဲ
လို့ မေးလိုက်တဲ့အခါ သူကြီးက…
– “ ကျုပ်တို့ရွာက အဝေးပြေးလမ်းမရဲ့ဘေးမှာ ရှိနေသလို၊ သချင်းကလည်း လမ်းမဘေးမှာ ရှိနေတာကိုး ဘွားလေးရဲ့… ဒါကြောင့် သူတို့က အဲဒီ မြေကို တည်းခိုခန်းလား၊ ဟိုတယ်လားတော့
မသိပါဘူးဗျာ၊ အဲဒါ ဆောက်မယ်လို့ ပြောတာပါပဲ
သူကြီးသက်ညိုရဲ့ စကားကြောင့် ဒေါ်အိုစာဟာ တအံ့တသြ ရေရွတ်လိုက်မိတယ်။

“ဘယ်လို… ဟိုတယ်ဆောက်မယ်…
ဟုတ်လား၊ ကြံကြီးစည်ရာတော်… သင်္ချိုင်းမြေကြီးမှာ
သင်္ချိုင်းမြေမှာ
ဟိုတယ်ဆောက်မယ့်သတင်းက အိုးဘိုတစ်ရွာလုံး အုတ်အော်သောင်းတင်း ပျံ့နှံ့သွားသည်။
ရွာသူရွာသားတွေဟာ ဟိုတစ်ဟု
သည်တစ်စုနဲ့ ထိုအကြောင်းကိုသာ
ပြောကြကုန်တယ်။
“မြေပိုင်ရှင်ရှိလို့ သချင်းဖယ်ရတာ
ဟုတ်ပါပြီ၊ ဒါပေမယ့်
ဟိုတယ်ဆောက်မယ်ဆိုတာတော့ မလုပ်သင့်ဘူးဗျ
“မှန်တာပေါ့ရှင်၊
မြေပိုင်ရှင်တွေက
စီးပွားရေး သိပ်ဆန်လွန်းတယ်၊ ဟိုတယ်ဆိုတာက
လူတွေက ခရီးသွားရင်း ပင်ပန်းရင်
ဝင်နားကြမှာလေ၊ အ,မင်္ဂလာနေရာကြီးမှာ ဆောက်ထားတော့ အမယ်လေး… တွေးရုံနဲ့
ကြက်သီးထစရာကြီးတော်
“အကောင်းဘက်က တွေးရင်တော့
ကောင်းပါတယ်ဗျာ၊ တို့ရွာထိပ်မှာ ဟိုတယ်ကြီးရှိတော့ ဂုဏ်တက်တာပေါ့ဟ ‘‘ဂုဏ်တက်တာ အသာထားဦး၊
သရဲတွေ ဟိုတယ်ပေါ်တက်ပြီး ခြေက်လှန့်ရင် ကြောက်စာကြီးနော်၊ အရင်ကတည်းက တို့သင်္ချို.င်းက ရာဇဝင်နဲ့၊ ဒီသင်္ချိုင်းကုန်း
ဘယ်လောက်အခြောက်ကြမ်းတယ်ဆိုတာ အားလုံး အသိပဲလေ၊ ညဘက်မပြောနဲ့… နေဝင်ရီတရောတောင် ဖြတ်ဝံ့တာမဟုတ်ဘူး
“ဒါတော့ဟုတ်တယ်ဗျို့၊ မြို့တက်ပြီး
အပြန်ဆိုရင် နေမဝင်ခင် အမီပြန်မှ၊ အသုဘချရင်လည်း နေ့ခင်းဘက် ချရဲကြတာ၊ ခေတ်အဆက်ဆက်က သရဲ သဘက်တွေ သင်္ချိုင်းမှာ ကြီးစိုးထားတာ အားလုံး အသိပဲ “ဟုတ်တယ်နော်၊ ဒီအတိုင်းဆို
ဟိုတယ်ကြီးသာ ဆောက်ပြီးသွားရင်… ဘာတွေဖြစ်နိုင်လဲ တွေးမိရုံနဲ့ ကျောချမ်းမိပါရဲ့၊ ကြောက်စရာကြီးတော်ရွာသူရွာသားတွေဟာ
တစ်ယောက်တစ်မျိုး ဝေဖန်ပြောဆိုရင်
ရွာလမ်းအတိုင်း လျှောက်လာတဲ့ သူကြီးကို တွေ့သွားကြတယ်။
`ပျို့ သူကြီး…. ဘယ်လဲဗျ
ရွာသားတွေရဲ့ နှုတ်ဆက်မှုကြောင့်
သူကြီးက ၎င်းတို့ရှိရာ လျှောက်လာတယ်။
“လူတွေစုပြီး ဘာတွေများ
တိုင်ပင်နေကြတာလဲကွ
“တိုင်ပင်တာ မဟုတ်ပါဘူး သူကြီးရာ၊
အတင်းချနေကြတာပါ.. ဟဲ.. ဟဲ “ဟေ… အတင်းချနေတာ…
ဟုတ်လား၊ ဘယ်သူ့အတင်းများလဲကွ
“ဟို… သင်္ချို.င်း… သင်္ချိုင်းကုန်းအတင်းဗျ ဟဲ…ဟဲ

“မင်းတို့ကောင်တွေကွာ၊ ချစရာရှားလို့ သင်္ချိုင်းကုန်းအတင်းများ ချရတယ်လို့
“ “ဒါနဲ့… သူကြီးကရော
ဘယ်သွားမလို့လဲတော့်
“ငါလည်း သင်္ချိုင်းကိစ္စပဲလေ၊ ဘွားလေးအိုစာအိမ် သွားမလို့ဟ၊ နင်တို့ လိုက်ချင်လိုက်ခဲ့ကြလေ
သူကြီးသက်ညိုနဲ့ ရွာသူရွာသားတချို့ဟာ ရွာရဲ့ အနောက်ဘက်အစွန်မှာရှိတဲ့ ဒေါ်အိုစာခြံကို ထွက်ခဲ့
ကြတယ်။
“ဗျို့ .. ဘွားလေး… ဘွားလေးရေ၊
ကျုပ်တို့ ခြံထဲဝင်ခဲ့မယ်နော်
သူကြီးသက်ညိုက ထိုသို့အသံပြုရင်း
ခြံဝိုင်းထဲ ဝင်သွားတယ်။
ရေနံချေး သုတ်ထားတဲ့
အိမ်ကြီးနားရောက်တော့…
တောက်…
“ တောက်…. တောက်… တောက်….
သူတို့အားလုံး အိမ်ပေါ်ရောက်တံအခါ
ကျောပေးထိုင်နေတဲ့ ဒေါ်အိုစာကို
တွေ့လိုက်ကြရတယ်။
ဒေါ်အိုစာဟာ ဟောင်းနွမ်းနေတဲ့
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသလို… အရိုးခေါင်းကြီးကို အရိုးချောင်းနဲ့ တတောက်တောက် ခေါက်နေတယ်။
သူကြီးနဲ့ ရွာသားတွေဟာ ၎င်းရဲ့နောက်
ဝင်ထိုင်ရင် ငြိမ်သက်စွာ စောင့်နေလိုက်တယ်။
အတန်ကြာမှ ဒေါ်အိုစာဟာ
နောက်လှည့်လာတယ်။
ပြောစမ်း
“ဘာအကြောင်းရှိလဲ သက်ညို…
“ ဒီလိုပါ ဘွားလေး… မကြာခင်မှာ သင်္ချိုင်းနေရာကို ဖယ်ပေးရမှာ မဟုတ်လား၊ ကျုပ်တို့ အိုးဘိုရွာသချင်းဆိုတာက သရဲ တစ္ဆေ အခြောက်ကြမ်းတယ်ဆိုပြီး ရွာနီးချုပ်စပ်အထိ သတင်းကြီးတာ ဘွားလေး သိမှာပါ…။ ပြီးတော့ အဲဒီ သင်္ချိုင်းမြေမှာက ဟိုတယ်ဆောက်မှာလေ၊ ဒါ့ကြောင့် နောင်အခါ မလိုအပ်တဲ့ ကိစ္စတွေ ဖြစ်လာမှာစိုးလို့ သင်္ချို.င်းမြေက နာနာဘာဝတွေကို ရွှေ့ပြောင်းပေးရင် ကောင်းမလား တွေးမိပါတယ်၊ ဒါကြောင့် ဘွားလေးနဲ့လာပြီး တိုင်ပင်တာပါဗျာ

သူကြီးသက်ညိုရဲ့စကားကြောင့် ဒေါ်အိုစာက ခေါင်းဆတ်ဆတ် ညိတ်ရင်း.. “ဒါ လုပ်သင့်တဲ့ကိစ္စပဲ၊ နင်တို့သာ
ရက်သတ်မှတ်လိုက်၊ သင်္ချိုင်းက နာနာဘာဝတွေ
ရွှေ့ဖို့ ငါကူညီမယ်၊ ဒါပဲ မဟုတ်လား…
ပြန်ကြတော့
လို့ ပြောတဲ့အတွက် သူကြီးနဲ့ ရွာသားတွေလည်း လှည့်ပြန်ခဲ့ကြရတယ်။ အပြန်လမ်းမှာ
ရွာသားတစ်ယောက်က………
“ဒီအဘွားကြီးက ထူးဆန်းတယ်ကွ၊
အကြောင်းမရှိရင် သူ့ခြံဝိုင်းထဲက အပြင်
လုံးဝမထွက်ဘူး၊ အမြဲတမ်းလည်း အနက်ရောင်ပဲ ဝတ်တယ်၊ ပြီးတော့… ထဘီကလည်း

ဇောက်ထိုးကြီးကွ၊ မိန်းမတွေ ထဘီဝတ်ရင် အထက်ဆင်က အပေါ်ဝတ်ကြတာပဲ၊ သူကျမှ အောက်ရောက်နေတယ်လို့၊ တကယ့် စုန်းမကြီးကွ
“ဟကောင်ရ… စုန်းမကြီးကပဲ
သချင်းက သရဲတွေ ရွှေ့ပေးမှာနော်၊ သူ့အကြောင်း မပြောနဲ့ကွ၊ တော်ကြာ
နေရင်းထိုင်ရင် ပြုစားနေဦးမယ်
“ဘယ်လိုလဲ သူကြီး…
ကျုပ်တို့ပြောထားတဲ့ကိစ္စ အဆင်ပြေလား၊
အဆင်မပြေလည်း ဂရုမစိုက်ဘူးနော်၊ ကျုပ်တို့က
သချင်းတစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးပြီး
မြေလှန်ပစ်လိုက်မယ်၊ ငွေလမ်းခင်းလိုက်ရင် ခင်ဗျားတို့တစ်ရွာလုံးပါ မသာနဲ့အတူ ရွှေ့လိုက်ရမယ်၊ ဘာမှတ်နေလဲ
သင်္ချို.င်းမြေပိုင်ရှင်ရဲ့ မြေးဖြစ်သူ
မောင်တရုတ်ရဲ့ ကြုံးဝါးသံကြောင့်
သူကြီးသက်ညိုက လက်ကာလိုက်ရင်း…
“ဒီလိုမဟုတ်ရပါဘူး သူဌေးလေးရယ်၊
ရွာသားအားလုံးလည်း သင်္ချိုင်းရွှေ့မယ့်ကိစ္စကို
လက်ခံကြပါတယ်၊ မနက်ဖြန်ညဆို
သချင်းအပြီးရွှေ့ပြီးမှာပါ၊ ကျုပ် တာဝန်ယူပါတယ်
သူဌေးလေး
လို့ ပြောလိုက်တယ်။
“ဘာဗျ… သင်္ချိုင်းရွှေ့တာ ဘယ်အချိန်လုပ်လုပ် ရတာ ပဲဗျ၊ ဘာလို့
မနက်ဖြန်ညမှ ပြီးရမှာလဲ၊ ကျုပ်တို့မှာ အချိန်မရှိဘူးနော်
“ဟုတ်ပါတယ် သူဌေးလေးရယ်၊
ဒီလိုပါဗျာ… နောက်နေ့မနက်မှာ အုတ်ဂူတွေ၊ မြေပုံတွေ ရွှေ့ဖို့ စီစဉ်ထားပါတယ်၊ ည
ညပိုင်းမှာက သန်းခေါင်ချိန်မှာ သင်္ချိုင်းမှာရှိတဲ့ ဝိညာဉ်တွေကို ရွှေ့ဖို့အတွက်ပါ၊ ဒါ့ကြောင့် သန်ဘက်ခါမှ သူဌေးလေးတို့လက်ထဲ
သင်္ချိုင်းမြေကို ပြန်အပ်နိုင်မှာပါဗျာ
သူကြီးသက်ညိုရဲ့စကားကြောင့်
မောင်တရုတ်ဟာ မျက်မှောင်ကြီး
ကြုတ်သွားတယ်။
“ဘယ်လိုလူတွေလဲဟ၊ ဒါ့ကြောင့်
ခင်ဗျားတို့လိုလူတွေ ဖုန်တောထဲက
မထွက်နိုင်တာ၊ အလကား အယူသီးတဲ့လူတွေ၊ လူဟာ သေရင်ပြီးပြီ… မှတ်ထား၊ ဘာဝိညာဉ်မှ မရှိဘူးဗျ၊ ကျုပ် ဘာမှမယုံဘူး
“ဟုတ်ပါတယ် သူဌေးလေးရယ်၊
တစ်ရွာလုံး စိတ်ရှင်းဖို့ လုပ်ရတာ ပါဗျာ၊ တစ်ရက်ပဲ စောင့်ပေးပါဗျာ… တကယ်ပါ “ကောင်းပြီ… တစ်ရက်
အချိန်ပေးလိုက်မယ်၊ ကတိမတည်ရင် ခင်ဗျားတို့တစ်ရွာလုံး အိမ်ခြေမဲ့ဖို့ ပြင်ထား… ဒါပဲ
သင်္ချိုင်းမြေပိုင်ရှင်ရဲ့ မြေး
မောင်တရုတ်ဟာ ၎င်းပြောချင်တာကို
မိုက်မိုက်ရိုင်းရိုင်း ပြောဆိုပြီး သူကြီးခြံဝိုင်းထဲက
လှည့်ထွက်သွားတယ်။
ရွာသားတစ်ချို့ က သူကြီးရဲ့ဝိုင်းထဲ
ဝင်လာရင်း…
“ပုံစံကိုက ထောင့်မကျိုးဘူး
သူကြီးရာ… မြေရှင်ဖြစ်ပြီး
သိပ်အောင်တန်းကျတယ်၊ ကျုပ်တော့ ဒင်းကို ချောင်းရိုက်ချင်စိတ် ပေါ်နေပြီ… တောက်
လူမိုက်မီးခဲရဲ့ အပြောကြောင့် သူကြီးသက်ညိုဟာ ခေါင်းခါရမ်းလိုက်တယ်။ • “မဟုတ်သေးဘူး မီးခဲရ၊ ဘာပဲဖြစ်ဖြစ်
သူ့အဘိုးရဲ့ ကျေးဇူးကို ထောက်ရမယ်ကွ၊ သူတို့ပိုင်မြေမှာ နှစ်တွေအများကြီး သင်္ချို.င်းနေရာ ပေးထားခဲ့တယ်၊ အင်း … ပိုက်ဆံကလည်း ရှိ၊ ခေတ်ပညာတတ် လူငယ်လည်းဖြစ်တော့
နည်းနည်းတော့ အောက်ခြေလွတ်တာပေါ့ကွာ၊

သူ့အဘိုး သူဌေးကြီးက သိပ်ကို စိတ်ထားပြည့်ဝတာကွ၊ သူလည်း ငါတို့အိုးဘိုရွာသားပဲလေ၊
ထားလိုက်ပါတော့ကွာ… မကြာခင် ပြီးသွားမယ့်ကိစ္စပါကွာ
“မီးခဲပြောသလိုပဲဗျ… ကျုပ်လည်း
မခံနိုင်ဘူး၊ အယူမသီးဘူး
အယုံကြည့်မရှိဘူးဆိုပြီး… တစ်ချိန်
သူ့ဟိုတယ်ကြီး ဧည့်သည်တွေနဲ့ ပြဿနာတက်ရင် သူပဲ စီးပွားပျက်မှာ၊ ပညာသာတတ်တာဗျ၊ ဒီလူ ဘာမှ ဦးနှောက်မရှိဘူး
“ဒါတော့လည်း မင်းပြောတာ
မှန်ပါတယ်၊ ဘုရားဟောထဲမှာတောင် လူဟာ
သေရင် နောက်ဘဝဆိုတာ ရှိတယ်ကွ၊ ဘဝနှစ်ခု ကူးပြောင်းကာလ… ကိုယ့်ရဲ့ကုသိုလ်,

အကုသိုလ်တရားကြောင့် ရုပ်ခန္ဓာကနေ နာမ်ခန္ဓာဘ၀ ရောက်နိုင်တာပဲ။ ဒါပေမယ့်… တို့ရွာက သချုင်းကတော့ လူအားလုံး လိပ်ပြာလွင့်လောက်အောင် ခြောက်လှန်တယ်လို့ နာမည်ကြီးတာ အားလုံး အသိပဲ၊ သူတို့ သချ.င်းအကြောင်း မသိသေးလို့ပါကွာ၊ ငါတော့ ဘာတွေဖြစ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ နားစွင့်နေရမှာပဲဟေ့
နောက်တစ်နေ့…
အိုးဘိုရွာရှိ ယောက်ျားအားလုံး
မနက်ခုနှစ်နာရီကတည်းက သင်္ချိုင်းရွှေ့ဖို့
လုပ်အားပေးကြတော့တယ်။

ထိုသင်္ချိုင်းက အိုးဘိုရွာတင်မကဘဲ အနီးအနားရွာတွေကပါ
လာရောက်မြှုပ်နှံတဲ့အတွက် အုတ်ဂူတွေ၊ ကမ္ဗည်းတိုင်းတွေ အပြည့်အသိပ်။ ဒေါ်အိုစာစီစဉ်ပေးတဲ့
ကန်တော့ပွဲနဲ့အတူ ထိုပွဲမှာ သူကြီးက အမွှေးတိုင်ကို မပြတ်ထွန်းညှိပေးနေရတယ်။
ရွာသားတွေက
ညနေစောင်းတဲ့အချိန်ထိ သင်္ချိုင်းရွှေ့ခြင်းကို အားသွန်ခွန်စိုက ပြုလုပ်နေကြရှာတယ်။
အလုံးစုံ ပြောင်းရွှေ့မှုပြုပြီးချိန်မှာတော့
ည ခြောက်နာရီ ရှိနေချေပြီ။
သင်္ချိုင်း ရွှေ့ပြီးတဲ့အတွက် သူကြီးဟာ
ရွာသားတစ်ဦးကို လွှတ်ပြီး ဒေါ်အိုစာဆီ

အိမ်ပြန်ပြီး တရော်နဲ့ ခေါင်းလျှော်ပစ်ရမယ်ကွ
ရွာသားတစ်အုပ်ဟာ ထိုသို့ပြောဆိုရင်း
ထန်းရည်ဆိုင်ဘက် ဦးလှည့်ကြတယ်။
ထန်းရည်ဆိုင်ရောက်တော့
ထန်းရည်ငါးပုလင်းနဲ့ ပဲကြီးလှော်မှာပြီး သောက်စားကြတော့တယ်။ သောက်စားရင်း အရှိန်ရလာတဲ့အခါမှာတော့…. “ဟေ့လူတွေ.. ခင်ဗျားတို့
တွေးကြည့်စမ်းပါ၊ ဒီနေ့ည… ဘာညလဲဗျ၊
ပြောစမ်းပါ
နွားကျောင်းသားလူငယ်ရဲ့စကားကြောင့်
တစ်ယောက်က…
““ အာ.. သိတာပေါ့ဗျ၊ ဒီညက

လပြည့်ည၊ ကျုပ်တောင် သန်းခေါင်ကျော်ရင် ကောက်ရိုးပုံမှာ အေးမိနဲ့ ချိန်းထားသေးတယ် Us… Us
လို့ ပြောလိုက်တယ်။
“ဟေ.. မင်းက ဒီလိုကြီးလားကွ၊
ဒါဆိုရင်တော့ မင်း ကျောချမ်းဖို့သာ ပြင်ထား “အာ… ကျုပ် ကျောချမ်းတော့
အေးမိက ဖက်ထားမှာပေါ့ဗျာ၊ အိုရချည်သေးရဲ့ဗျာ
နွားကျောင်းသားက
ထိုလူရဲ့အပြောကြောင့် ခွက်ထိုးခွက်လန်
ရယ်လိုက်တယ်။
“ဟား ဟား… ဟား…
သောက်ရူးကောင်၊ မင်း ကျောချမ်းရင်

အေးမိတော့ ဖက်မှာမဟုတ်ဘူး၊ သရဲတွေပဲ ဖက်ထားလိမ့်မယ်ကွ… ဟား… ဟား…
“ဘာဗျ ကျုပ်က သရဲနဲ့ ကြိုက်တာမှ
မဟုတ်တာ၊ အေးမိနဲ့ ကြိုက်နေတာဗျ
“ဟကောင်ရ… ဒီည
သန်းခေါင်းချိန်မှာ ဒေါ်အိုစာကြီး ဦးဆောင်ပြီး မကောင်းဆိုးဝါးတွေကို သင်္ချိုင်းရွှေ့မှာလေကွာ၊ ဒီညကျမှ ချိန်းတွေ့ မယ့် မင်းတို့အတွဲကတော့… ဟာ ဟ… ကံစမ်းမဲပေါက်တာပဲဟေ့
နွားကျောင်းသားရဲ့ အပြောကြောင့်
ထိုလူဟာ မျက်နှာပြူးသွားတယ်။
“ဟာ… ဟုတ်သားပဲ။ ဒီကိစ္စကို ငါ
မေ့သွားတယ်၊ မဖြစ်ဘူး.. မဖြစ်ဘူး၊ အေးမိဆီ အမြန်သွားပြီး ဘရိတ်အုပ်မှ ဖြစ်မယ်
ဟား… ဟား… ဟား…
ကြည့်စမ်းပါဦး ကိုပိန်တစ်ယောက် ဆက်မသောက်နိုင်ဘဲ ပြေးပြီကွ၊ အလာကား ငကြောက်ကြီး
ထိုနေ့ည သန်းခေါင်းယံအချိန်..
ဒေါ်အိုစာရဲ့ ခိုင်းစေမှုကြောင့်
သူကြီးသက်ညိုကိုယ်တိုင်
သင်္ချိုင်းမြေရောက်နေသလို
နွားလှည်းဆယ်စီးကိုပါ အသင့်ခေါ်ထားရသည်။
လပြည့်ညမို့သင်္ချိုင်းမြေတစ်ခုလုံး
လရောင်ဖြာကျနေသည်။
အဝေးက ကြားရတဲ့
ခွေးအူသံတွေကြောင့် သင်္ချိုင်းကို ရောက်နေတဲ့ သူကြီးရဲ့ လှည်းသမားတွေဟာ ကျောထဲ စိမ့်မတတ် ကြက်သီးထသွားကြတယ်။ ဒီအချိန်မှာပဲ…
“ကဲ… အချိန်ကျပြီဟေ့၊
လှည်းသမားအားလုံး
လှည်းပေါ်အသင့်နေရာယူကြ
သူကြီးရဲ့ ဆော်သြမှုကြောင့်
လှည်းသမားတွေဟာ လှည်းအသီးသီးပေါ်တက်ပြီး
အသင့်ပြင်လိုက်ကြတယ်။
ထိုအချိန် ဒေါ်အိုစာဟာ

အမဲသားအစိမ်းတွေပါတဲ့ လင်ဗန်းကြီးကိုင်ရင်း သင်္ချိုင်းမြေရဲ့အလယ်ဆီ လျှောက်သွားတယ်။
သင်္ချိုင်းမြေရဲ့
အလယ်ကိုရောက်တဲ့အခါ အမဲသားဗန်းကို
ချလိုက်ပြီး….
“အိုးဘိုရွာရဲ့သင်္ချိုင်းမှာ နေထိုင်တဲ့
သရဲ တစ္ဆေ ဖုတ် ပြိတ္တာ အသူရကာယ်အပေါင်းတို့ နာနာဘာဝအပေါင်းအတွက် ကျုပ် မယ်အိုစာ အသားစိမ်းများ ကျွေးမွေးပါတယ်၊ နာနာဘဝအပေါင်း
လာရောက်စားသောက်နိုင်ပါတယ်၊ အေး… ပြီးရင်တော့ မယ်အိုစာအပြောတဲ့အတိုင်း နင်တို့အားလုံး လိုက်နာရမယ်… ကြားကြသလားဟေ့
လို့ ပြောပြီး တောင်ဝှေးကြီးကို ဒုန်းခနဲ
ဆောင့်ချလိုက်တယ်။
ဒီအချိန်မှာပဲ လရောင်အောက်
အရိပ်မည်းကြီးတွေဟာ
သချင်းရဲ့အလယ်နေရာဆီ တရွေ့ရွေ့ စုပြုံရောက်လာကြတယ်။
အမဲသားဗန်းဟာ ခဏချင်းဆိုသလို
ပြောင်သလင်းခါအောင် ကုန်စင်သွားတော့တယ်။
ဒေါ်အိုစာဟာ ဘာမှမရှိတော့ဘဲ
ဗန်းကိုကြည့်ပြီး ကျေနပ်စွာ ခေါင်းဆတ်ဆတ်
ညိတ်လိုက်တယ်။
“ကောင်းပြီဟေ့… ငါကျွေးတဲ့အစာကို
စားပြီးရင် ငါပြောတဲ့အတိုင်း လုပ်ရလိမ့်မယ်၊ ဟိုမှာရှိတဲ့ လှည်းတွေပေါ် နင်တို့အားလုံး

တက်ရမယ်။ နင်တို့ မှတ်ထားရမှာက.. အခု သင်္ချို.င်းဟာ နင်တို့အတွက် မဟုတ်တော့ဘူး၊ ဒီထက်ကောင်းတဲ့သင်္ချိုင်းကို နင်တို့အားလုံး ပို့ပေးမယ်၊ သွားကြစမ်း
ဒေါ်အိုစာဟာ တောင်ဝှေးကို `ဒုန်း ခနဲ
ဆောင့်ပြီး အသံစာစာနဲ့ ပြောလိုက်တယ်။
အရိပ်မည်းကြီးတွေဟာ
ဒေါ်အိုစာရဲ့ဘေးကနေ တရိပ်ရိပ် ထွက်သွားကြတယ်။
ဆိုတဲ့အသံနဲ့အတူ လှည်းဆယ်စီးဟာ
အိခနဲ ဖြစ်သွားတဲ့အတွက်
လှည်းသားတွေအားလုံး မျက်လုံးပြူးရင်း လန့်ဖျပ်သွားကုန်ကြတယ်။

လှည်သမားပေသီးဟာ ဇောချွေးပြန်စိတ်နဲ့အတူ
`ဘုရား ဘုရား..
ဘယ်လေက်များတဲ့ မကောင်းဆိုးဝါးတွေလဲ မသိဘူး၊ လှည်းပေါ်တက်ကြတာများ အိခနဲပဲ၊ ငါ့လှည်း ဝင်ရိုးကျိုးတဲ့ရင်တော့ ဒုက္ခပဲ၊ အို… ဘာပဲဖြစ်ဖြစ် သူကြီးကို မလွန်ဆန်ရဲဘူး၊ ရွာနောက်က သချုင်းသစ်ကို အမြန်ရောက်မှ အေးမယ်၊ ခုတော့.. ဘုရားစာရွတ်ရုံပဲ ရှိတယ် လို့ တွေးလိုက်မိတယ်။
ဒီနောက်မှာတော့ ဒေါ်အိုစာနဲ့
သူကြီးသက်ညိုတို့ ဦးဆောင်တဲ့
လှည်းဆယ်စီးဟာ အနောက်သင်္ချိုင်းကို သွားဖို့
စတင်လိုက်ကြတယ်။

ဒီအချိန်မှာပဲ..
“မယ်အိုစာ.. နင့်လုပ်ရပ်ကို ငါတို့
လက်မခံဘူး၊ ငါတို့ ဒီရောဟာ ဘယ်အကြောင်းနဲ့မှ ဖယ်မပေးနိုင်ဘူး
ဆိုတဲ့ ကြောက်မယ်ဖွယ်အသံကြီးကို
သူကြီးရော လှည်းသမားတွေပါ ထိတ်လန့်ဖွယ် ကြားလိုက်ရတယ်။
ဒေါ်အိုစာဟာ ရှေ့မှ
ဦးဆောင်သွားနေရာကနေ ခြေလှမ်းရပ်ပြီး တောင်ဝှေးကို ဒုန်းခနဲ ဆောင့်ချလိုက်တယ်။
“ဘယ်သူတွေလဲဟေ့… ငါ့အလုပ်ကို
ဝင်ရှုပ်ရင် ငါ လုံးဝ သည်းမခံဘူးဟေ့၊ ခုချက်ချင်း
ငါ့ရှေ့ရောက်စမ်းဒေါ်အိုစာရဲ့ရာဇသံမဆုံးခင်ဘဲ

ရုပ်ရည်အလွန်ဆိုးတဲ့
မကောင်းဆိုးဝါးငါးယောက်က သူမရှေ့ ဘွားခနဲ
ပေါ်လာတယ်။
မြင်မကောင်းလောက်တဲ့
ကြောက်မက်ဖွယ် ရုပ်အဆင်းတွေကြောင့် သူကြီးနဲ့ လှည်းသမားတွေဟာ ကြောက်ဒူးတုန်ပြီး ခေါင်းမွေးထောင်သွားကုန်တယ်။
“မယ်အိုစာ… ငါတို့ဟာ ဒီသင်္ချိုင်းမှာ
အစောဆုံမြှုပ်နှံခဲ့ရတဲ့ အစိမ်းသေတွေပဲ၊ ငါတို့ ဒီမှာ နေထိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်ရှိပြီ၊ ငါတို့ဟာ သမ္ဘာရင့်နေတဲ့ သဘက်ကြီးတွေပဲ၊ ငါတို့ ဒီနေရာက လုံး၀ မခွာပေးနိုင်ဘူး၊ နင်ဟာ
မျိုးရိုးစဉ်ဆက် စုန်းမပဲ၊ နင် အပျိုအရွယ် နင့်အမေတောင် ငါတို့ငါးယောက်ကို သင်္ချိုင်းက မဖယ်ရှားနိုင်ခဲ့ဘူး၊ ဒါကြောင့် နင့်ကို ငါတို့

သတိပေးမယ်၊ ဘယ်အကြောင်းနဲ့မှ ငါတို့ ဒီသင်္ချိုင်းမြေက ဖယ်မပေးနိုင်ဘူးကွ… ဟား…
ဟား… ဟား.. ဟား..
မကောင်းဆိုးဝါး သဘက်ကြီးတွေရဲ့
အသံကြောင့် ဒေါ်အိုစာဟာ အကြီးအကျယ် မျက်နှာပျက်သွားတယ်။
ဒီအချိန်မှာပဲ ရုတ်ခြည်းဆိုသလို
မကောင်းဆိုးဝါးတွေလည်း
ပျောက်ကွယ်သွားတော့တယ်။
ဒေါ်အိုစာက မျက်နှာမသာမယာနဲ့ လှည်းသမားတွေကို အချက်ပြလိုက်တယ်။
လှည်းသမားတွေလည်း
ကြောက်ကြောက်နဲ့ပဲ နားကို ကြိမ်တို့ရင်း ဒေါ်အိုစာနောက် လိုက်သွားကြရတယ်။

သူကြီးသက်ညိုဟာ ဒေါ်အိုစာကို မေးစရာရှိပေမယ့် မမေးရဲတဲ့အတွက် နှုတ်ဆက်လိုက်ပါသွားရှာတယ်။
` `သက်ညို… နင် ငါ့ကို
မေးစရာရှိနေတယ် မဟုတ်လား၊ ဘာမေးချင်သလဲ
သူ့စိတ်ထဲဖြစ်နေတာကို ဒေါ်အိုစာက
တဲ့တိုးကြီး မေးချလိုက်တဲ့အတွက် သူကြီးသက်ညို
ဆတ်ခနဲ တုန်သွားတယ်။
“ဟုတ်… ဟုတ်တော့ ဟုတ်ပါတယ်
ဘွားလေး၊ ကျုပ် သိချင်နေတာက ခုနက
ကိစ္စကိုပါ၊ ကျုပ် အမေးမှားခဲ့ရင် စိတ်မခုပါနဲ့နော်
ဘွားလေးဒေါ်အိုစာက သူ့အပြောကြောင့်

မဲ့ပြုံးပြုံရင်း ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်တယ်။ “မေးသင့်တဲ့ မေးခွန်းပါ သက်ညို၊
နင်တို့ တစ်ရွာလုံးက ငါ့ကို စုန်းမကြီးဆိုပြီး
ကြောက်ရွံ့ရိုသေနေကြတယ်။ ဒီလိုပဲ မကောင်းဆိုးဝါး အများစုဟာလည်း ငါ့ရဲ့အာဏာစက်ကို ဘယ်သူမှ လွန်ဆန်လို့ မရဘူး၊ ဒီအတိုင်းပါပဲ… ငါ့အမေ မလုပ်နိုင်တဲ့ အကြောင်းအရာကို ငါ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး၊ ငါ အာရုံခံကြည့်ပြီးပြီ သက်ညို… မကောင်းဆိုးဝါး သဘက်ကြီးတွေက သိပ်ဝါရင့်နေကြပြီ၊ စိတ်မကောင်းပေမယ့် ငါ ဒီထက်ပိုပြီး မတတ်နိုင်တော့ဘူး၊ ဒါပါပဲ

နောက်တစ်နေ့မှာတော့…
မြေပိုင်ရှင် မောင်တရုတ်ဟာ ၎င်းရဲ့လူတွေခေါ်ပြီး သင်္ချိုင်းမြေမှာ စတင် တူးဆွတော့တယ်။
ပန်းရံအလုပ်သမားတွေဟာ
ညနေစောင်းအချိန်ထိ ချွေးတလုံးလုံးနဲ့ ဖောင်ဒေးရှင်းအတွက် တူးဆွကြကုန်တယ်။
ညနေ ငါးနာရီအချိန်မှာတော့ `အား
ခနဲ အော်ဟစ်လိုက်တဲ့ အသံနက်ကြီးကို အိုးဘိုတစ်ရွာလုံး အထင်အရှား ကြားလိုက်ရတယ်။
သူကြီးနဲ့ရွာသားတွေဟာ ထိုနေရာဆီ

အပြေး သွားကြည့်ချိန်မှာတော့ ပါးစပ်က
အမြှုပ်တစီစီ ထွက်နေတဲ့
အလုပ်သမားတစ်ဦးကို
တွေ့လိုက်ကြတယ်။
“လုပ်ကြပါဦးဗျ.. သူ.. သူ့ကို
မြွေပေါက်သွားပြီ
အလုပ်သမားတွေရဲ့
တစ်ယောက်တစ်ပေါက် အော်ဟစ်သံကြောင့် ရွာသားတွေဟာ နီးစပ်ရာ ဝါးရင်းတုတ်ကို
ဆွဲရင်း…
“ဘယ်မှာလဲ ပေါက်တဲ့မြွေ၊ အသေရိုက်သတ်မှ ဖြစ်မယ်၊ ဘယ်မလဲ
လို့ ဝိုင်းဝန်းမေးမြန်းကြတယ်။
“မ… မသိဘူးဗျ၊ ဟိုဘက်တော့
ထွက်သွားတာပဲ
“ဟာ… ဒါဆို ဘယ်ဖြစ်မလဲကွ၊ သူဌေးကို အကြောင်းကြားမှ ဖြစ်မယ်
ရွာသားတွေက တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး…
“ အင်း… ဒီနေရာရဲ့ ဇာတ်လမ်းတော့
စပြီထင်တယ်ကွာ၊ ဒီနေ့ပဲ မြေတူးတယ်၊ ဒီနေ့ပဲ လူသေရတယ်လို့၊ နိမိတ်မကောင်းလိုက်တာ “တိုက်ဆိုင်မှုလည်း ဖြစ်မှာပါကွာ၊
ဒေါ်အိုစာကိုယ်တိုင် ဝိညာဉ်တွေကို နေရာရွှေ့ပြီးပြီပဲ၊ ဘာမှ မဖြစ်လောက်ပါဘူးကွ “ “မင်းကလည်းကွာ…
လှည်းသမားတွေ ပြောတာ မကြားဘူးလား၊ အဲဒီ
ညက သင်္ချို.င်းက ဝိညာဉ်တွေရွှေ့ချိန်မှာ
မကောင်းဆိုးဝါးတွေနဲ့ ဒေါ်အိုစာကြီး

စကားပြောတယ်ဆိုပဲကွ၊ သင်္ချိုင်းသစ်ကို မလိုက်တဲ့ ဝိညာဉ်တွေ ရှိတယ်လေ၊ ငါ့အထင်တော့ ဒီလူသေတာဟာ သရဲတွေ လက်ချက်ပဲ ဖြစ်ရမယ်ကွ
ရွာသားတွေ ထိုသို့ပြောနေချိန်မှာပဲ
မြေပိုင်ရှင်တရုတ် ရောက်ရှိလာတယ်။
မြေပိုင်ရှင်တရုတ်ဟာ အုံခဲ့နေတဲ့
လူတွေကို ကြည့်ပြီး….
“ ဟေ့… ကိုယ့်အလုပ်ကို
ဆက်လုပ်ကြစမ်းပါ၊ မြွေပေါက်ခံရလို့ သေတဲ့လူလည်း သေပြီ၊ အချိန်ကုန်မခံနဲ့ … သွားကြ… သွားကြ
လို့ ပြောဆိုရင်း ၎င်းရဲ့
မန်နေဂျာဘက်လှည့်ကာ…

“သူ့မိသားစုဆီ အကြောင်းကြားလိုက်၊ ထိုက်သင့်တဲ့ လျော်ကြေးပေးပြီး အသုဘကိစ္စကို
စီစဉ်ပေးလိုက်… ကြားလား
မြေပိုင်ရှင်တရုတ်ဟာ ထိုသို့ပြောဆိုပြီး
အလောင်းကို တစ်ချက်မှ မကြည့်ဘဲ
ထွက်သွားတော့တယ်။
ရွာသားတွေဟာ မြေပိုင်ရှင်ရဲ့
လုပ်ရပ်ကြောင့် ရွံရှာစက်ဆုပ်ဟန်နဲ့…
““ရိုင်းလိုက်တဲ့ သူဌေးကွာ၊
လူတစ်ယောက်လုံး သေတာကို
ပုရွက်ဆိတ်သေတာလောက်ပဲ သဘောထားတယ်၊
လူမဆန်တဲ့ကောင်ပဲ
သင်္ချို.င်းမြေမှာ ဟိုတယ်ဆောက်ဖို့
မြေတူးတဲ့ ဒုတိယနေ့…
မြေတူစက်ကြီးတွေနဲ့အတူ
အလုပ်သမားတွေအားလုံး
အလုပ်များနေကြတယ်။
အလုပ်သမားတစ်ချို့က မြေကြီးတွေကို
တောင်းတွေနဲ့ ကျုံးထည့်နေကြတယ်။ “ဟေ့ကောင်.. ကြည့်စမ်းပါဦးကွ၊
မြေကြီးတွေထဲမှာ အရိုးတွေလည်း ပါတယ်ကွ၊
ရွံစရာကြီးကွာ
မြေသယ်အလုပ်သမားရဲ့ အဖြေကို
ကျန်တစ်ယောက်က
“ဟ… ဒါက သင်္ချို.င်းကုန်းကြီးလေ၊
အရိုးတွေ့ တာ ဘာထူးဆန်းလို့လဲ၊ ပိုက်ဆံရှိတဲ့

လူတွေများကွာ သချင်းတောင် အလွတ်မပေးဘူး၊ ဒီနေရာမှာ ဟိုတယ်ကြီးဆောက်ပစ်မှာကွ၊ ငါသာ ပိုက်ဆံရှိရင် ဒီဟိုတယ်မှာ ဘယ်တော့မှ မတည်းဘူး၊ ကြောက်စရာကြီးကွ
လို့ ပြောလိုက်တယ်။
မြေတူးရာနဲ့ မလှမ်းမကမ်းမှာတော့ အလုပ်သမားတစ်စုဟာ ညောင်ပင်ကြီးကို ခုတ်လှဲဖို့ ကြိုးစားနေကြတယ်။
ဒီအချိန်မှာပဲ ညောင်ပင်ကြီးဟာ ဝုန်းခနဲ
ပြိုကျသံ ကြားလိုက်ရသလို `အား ခနဲ အော်ဟစ်လိုက်တဲ့ အသံကြီးကိုပါ ကြားလိုက်ရတယ်။
အလုပ်သမားအားလုံး လန့်ဖျပ်ပြီး
ညောင်ပင်ရှိရာ တဝုန်းဝုန်း

ပြေးလာကြကုန်တယ်။
“ ကယ်ကြပါ… ပိနေပြီဗျ၊ ကျုပ်တို့ကို အမြန်ဆွဲထုတ်ပေးပါ၊ နာတယ်… နာတယ်
ညောင်ပင်ကြီးအောက်မှာ ပိနေတဲ့
အလုပ်သမား ငါးယောက်။
ကျန်လူတွေက ရှိသမျှအားကုန်သုံးပြီး
လဲနေတဲ့ ညောင်ပင်ကြီးကို တွန်းရွှေ့ကြတယ်။ “ဟာ… သွေးတွေနဲ့ကွ၊ ဒဏ်ရာတွေ
ရကုန်ပြီ၊ လာကူကြပါဦးဟေ့
အလုပ်သမားကြီးတစ်ယောက်ရဲ့
အော်သံကြောင့် ကျန်လူတွေက ညောင်ပင်ပိနေတဲ့ လူတွေကို ဆွဲထုတ်ကြတယ်။
“ ဟာ… ဒီလူ့ခေါင်းမှာ
သွေးတွေအများကြီး ထွက်နေပါလား၊ မဖြစ်ဘူးကွ၊
ဆေးရုံပို့မှ ရလိမ့်မယ်
ညောင်ပင်ပိသူ ငါးဦးမှာ
တစ်ယောက်က အခြေအနေ
အရမ်းဆိုနေတဲ့အတွက် ထော်လာဂျီတစ်စီး အမြန်စီစဉ်ပြီး တိုက်နယ်ဆေးရုံပို့ဖို့
ပြင်လိုက်ကြတယ်။
“မင်းတို့ကွာ… အပင်ခုတ်တာ
သတိထားမှပေါ့ကွ၊ ခုတော့ မဖြစ်သင့်တာတွေ
ဖြစ်ကုန်ပြီ
“ကျုပ်တို့ သတိထားပါတယ်
အလုပ်သမားခေါင်းရယ်…. ထူးဆန်းတယ်ဗျ… ကျုပ်တို့ တွက်တာက ညောင်ပင်ကြီးက ညာဘက်ကို လဲရမှာ၊ ဘယ်ဘက်လဲသွားတော့လူတွေပိကုန်တာပေါ့၊ တကယ်

မရည်ရွယ်ပါဘူးဗျာ၊ သူတို့အတွက်လည်း စိတ်မကောင်းဘူး
ညောင်ပင်ပိတဲ့အတွက်
အလုပ်သမားလေးဦး ဒဏ်ရာရပြီး
တစ်ဦးဆေးရုံပို့ရတဲ့သတင်းက ခဏချင်းဆိုသလို
အိုးဘိုတစ်ရွာလုံး ပျံ့နှံ့သွားတယ်။
ဒီသတင်းဟာ သူကြီးသက်ညိုရဲ့နား
ပေါက်သွားတဲ့အခါ။
”အင်း…
သချင်းဟောင်းရဲ့မြေကတော့ တစ်နေ့တစ်မျိုး အကြောင်းပေါ်နေပြီ၊ ဒါမျိုးဖြစ်မှာစိုးလို့
လုပ်သင့်တာလည်း လုပ်ပေးခဲ့ပြီးပြီ၊ ငွေကလွဲရင် ဘာမှလက်မခံတဲ့ မြေရှင်သူဌေးလေးနရဲ့
သချင်းဟောင်းဟာ

ဒီထက်ဆိုးရွာတဲ့အကြောင်းတွေ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရတော့မယ်
အထက်ပါအကြောင်းအရာများ
ဖြစ်ပွားပြီး (၂)နှစ်ခန့်ကြာသောအခါ….
အဝေးပြေးလမ်းမကြီးပေါ်
ဗင်ကားအဖြူလေးတစ်စီးဟာ တရိပ်ရိပ် ပြေးလွှားနေတယ်။
အချိန်က
ညဆယ့်တစ်နာရီကျော်နေသလို
ကားအတွင်းမှာတော့ စုံတွဲတစ်တွဲ ပါလာတယ်။ ကောင်မလေးက ကားမောင်းနေတဲ့

လူကြီးရဲ့ပခုံးကို လှမ်းမှီလိုက်ရင်း…
“ကိုကို.. မီး အရမ်းပင်ပန်းနေပြီ
ကိုကိုရဲ၊ အိပ်လည်း အရမ်းအိပ်ချင်နေတယ်…
သိလား
လို့ မျက်နှာရှုံ့ မဲ့ပြီး ပြောလိုက်တယ်။
ကိုကိုဆိုတဲ့လူက ကောင်မလေးရဲ့
ခေါင်းကို ပွတ်သပ်လိုက်ရင်း…
` ` မီးရယ် … ဒီခရီးက ကိုကိုတို့ရဲ့ ဟန်းနီးမွန်းခရီးလေကွာ၊ ကဲ ကဲ…. မီး အရမ်းပင်ပန်းနေလည်း အိပ်လိုက်… ဟုတ်လား လို့ ပြောလိုက်တဲ့အခါ
ကောင်မလေးက…
“အာ.. ကိုကိုကလည်း မီးက
ကားပေါ်မှာ မအိပ်တတ်ဘူးလေ၊

ဟိုတယ်ကောင်းကောင်းတစ်ခုမှာပဲ နားချင်တာ…
နော် ကိုကို
• “ အင်းပါ မီးရယ်.. ကိုကို
ဟိုတယ်ရှာကြည့်ပါဦးမယ်၊ ခဏလေး
သည်းခံနော်
လူကြီးက ကားမောင်းနေရာက
ပတ်ဝန်းကျင်ကို မျက်လုံးဝှေ့ရင်
ရှာဖွေနေလိုက်တယ်။
“ဟာ.. မီးရေ… မီးတော့
ကံကောင်းတာပဲကွ၊ ဟိုမှာ ကြည့်စမ်း… ဟိုတယ်
တွေ့ပြီကွ
လူကြီးရဲ့ အပြောကြောင့်
ကောင်မလေးက မှေးနေတဲ့ မျက်လုံးကို အတင်းဖြဲပြီး ကြည့်လိုက်တယ်။

မီးရောင်စုံတွေနဲ့ ဟိုတယ်ဆိုင်းဘုတ်တစ်ခု..
”အင်…
နတ်မင်းဘုံဟိုတယ်ဆိုပါလား၊ နာမည်ကတော့ အပျံစားပဲ ကိုကိုရဲ့၊ မီးတို့ ဒီမှာ ဝင်နားရင် ကောင်းမယ်၊ ကိုကိုလည်း တစ်လျှောက်လုံး ကားမောင်းရတာ ပင်ပန်းနေပြီနော်
ကောင်မလေးရဲ့စကားကို လူကြီးက
ပြုံးပြုံးကြီးနဲ့ …
“သိပ်ဟုတ်တာပေါ့ မီးရယ်၊
ကိုကိုလည်း သိပ်ပင်ပန်းနေပြီ၊
နတ်မင်းဘုံဟိုတယ်မှာ ဝင်နားပြီး တဝကြီး
အနားယူပစ်လိုက်မယ်… ဟဲ …. ဟဲ
လို့ ပြောလိုက်တော့တယ်။

လူကြီးက ပြောဆိုရင် ဟိုတယ်ထဲ ကားကို ချိုးကွေ့ဝင်လိုက်တယ်။
ပါကင်မှာ ကားရပ်ပြီး ဟိုတယ်ရဲ့ဧည့်ကြိုကောင်တာဆီ လျှောက်သွားတယ်။
“ကျုပ်တို့ နှစ်ယောက်ခန်းတစ်ခန်း
လိုချင်တယ် ရနိုင်မလား
လူကြီးရဲ့စကားကြောင့် ဧည့်ကြိုကောင်တာမှ မိန်းကလေးက ဧည့်မှတ်တမ်းစာအုပ်ကို လှန်လိုက်ရင်း… “ရပါတယ်ရှင်…
လူကြီးမင်းတို့အခန်းက ၁၀၉ ပါ၊
မှတ်ပုံတင်ပေးခဲ့ပြီး အနားယူလို့ ရပါပြီရှင်
လို့ ပြန်ပြောလာတယ်။

ကြင်စဦး ဇနီးမောင်နှံနှစ်ဦးက အခန်းသော့ကို ယူရင်း ပျော်ရွှင်စွာ အခန်း ၁၀၉ ကို သွားကြတော့တယ်။
အခန်းထဲရောက်တဲ့အခါမှာတော့… “အားပါး… ကြည့်စမ်းပါဦး မီးမီးရယ်၊
အဲကွန်းကလည်း အေးစိမ့်နေတာပဲ၊ အခန်းအနေအထားကလည်း ရန်ကုန်မြို့ပေါ်က
နာမည်ကြီး ဟိုတယ်ကြီးတွေလိုပဲကွ၊ ဈေးကလည်း သက်သာနေတော့ ဒီမှာ တည်းရတာ တန်ပါတယ်
“ဟုတ်တယ်နော် ကိုကို၊
ဖဆက်လတီအားလုံးကရန်ကုန်ဟိုတယ်တွေအတိုင်းပဲ၊ မီးတော့
ပင်ပန်းသမျှ အတိုးချပြီး အိပ်ပြီ ကိုကိုရေ

မီးဆိုတဲ့ မိန်းကလေးက
နှစ်ယောက်အိပ် မွေ့ရာကြီးပေါ် ခြေပစ်လက်ပစ် လှဲချရင်း အိပ်ပစ်လိုက်တယ်။
ကိုကိုဆိုတဲ့လူကြီးက မီနီရေခဲသေတ္တာလေးကို ဖွင့်လိုက်ရင်း…. • “ အားပါး … ငါ့အကြိုက် ဘီယာတံဆိပ်မျိုးစုံ ထည့်ထားပါလား၊ ဟာ ဟ… မီးလည်း အိပ်ပြီဆိုတော့ ဘီယာတွေ တဝကြီးသောက်ပြီးမှ အိပ်ပစ်မယ်ကွ လို့ ကြုံးဝါးလိုက်တော့တယ်။
လူကြီးဟာ နှစ်နာရီခွဲအချိန်အထိ
ဘီယာဘူးတွေကို စိမ်ပြေနပြေ ထိုင်သောက်နေတယ်။
သုံးနာရီထိုးခါနီး မှာတော့

ဘယ်ကိုဟောအရှိန်ကြောင့် မျက်ခွံတွေ
လေးလံလာတယ်။
ဒါ့ကြောင့် ထိုင်ရာကထရင်း ဒယီးဒယိုင်ခြေလှမ်းနဲ့ အိပ်ရာရှိရာ လျှောက်သွားလိုက်တယ်။
– “ဒေါက်…ဒေါက်…ဒေါက်…
“ဒေါက်… ဒေါက် ဒေါက်…
ရုတ်တရက် ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် လူကြီးရဲ့ခေါင်း ထောင်သွားတယ်။
• “ အာ… ဒီအချိန်ကြီး ဘယ်သူလဲကွာ၊
စိတ်ပျက်ဖို့ကောင်းလိုက်တာ
ဒယီးဒယိုင်ခြေလှမ်းနဲ့ပဲ တံခါးပေါက်ရှိရာ လျှောက်သွားတယ်။

-“အင်း… တံခါးခေါက်သံက
ကြားရပြန်ပြီ၊ ဒါပေမယ့်… ဒီအပေါက်ကအသံ
မဟုတ်ပါဘူး၊ ဒါဆို ဘယ်ကလဲကွ
လူကြီးက အခန်းတစ်ခုလုံး
မျက်လုံးဝှေ့ကြည့်မိတယ်။
“ ဒေါက်…ဒေါက်…
ထပ်ကြားလိုက်တဲ့အသံကြောင့်
၎င်းဟာ အိပ်ရာနံဘေးရှိ ဝရန်တာတံခါးဆီ လျှောက်သွားတယ်။
“ ဟာ ဟ… တွေ့ပြီကွ၊
လက်စသတ်တော့… အသံက ဒီတံခါးကကိုး၊ ကဲ.. ဖွင့်ပြီကွာ၊ လာစမ်း.. ဘယ်သူလဲကွ
လူကြီးက မူးမူးနဲ့ပြောရင်း တံခါးကို

ဆတ်ခနဲ ဆွဲဖွင့်လိုက်တယ်။
သူ မျက်လုံးအစုံ ပြူးကျယ်မတတ်
အံ့အားသင့်သွားတယ်။
“ဟ… ဘယ်သူမှ မရှိပါလား၊ မဟုတ်သေးပါဘူး၊ ငါကိုယ်တိုင် အကြိမ်ကြိမ် နားနဲ့ ကြားလိုက်ရပါတယ်၊ ဟိုတယ်ထဲများ သူခိုးဝင်နေသလား
သူဟာ တံခါးကနေ ဝရန်တာရှိရာ
လျှောက်သွားတယ်။
“အရေးထဲ ငှက်ဆိုးကလည်း ထိုးသေး၊ မိုးလည်း လင်းတော့မယ်၊ ငါ အိပ်မှဖြစ်မယ်၊ မနက် ကားမောင်းရဦးမှာ လူကြီးက တစ်ယောက်တည်း

ထိုသို့ရေရွတ်ရင်း အခန်းထဲ ပြန်ဝင်ဖို့ ဝရန်တာကို ကျောခိုင်းလိုက်တယ်။
ဒီအခါမှာပဲ ၎င်းရဲ့နောက်
တစ်ယောက်ယောက် ရှိနေသလို ခံစားလိုက်ရတယ်။
ဒါ့ကြောင့် နောက်ကို အသာစောင်းငဲ့ကြည့်မိလိုက်တယ်
“အား.. အမယ်လေး… ခေါင်းပြတ်ကြီး.. သရဲ သရဲ
ထိုလူကြီးရဲ့ အော်ဟစ်သံကြောင့်…
သူ့ကောင်မလေးရော ဟိုတယ်မန်နေဂျာရဲ့ ဝန်ထမ်းတွေ ထိတ်လန့်သွားကုန်တယ်။ “ကိုကို… ကိုကို… ဘာဖြစ်လို့လဲ
ကောင်မလေးက လူကြီးကို အခန်းထဲ

ဆွဲသွင်းရင်း စိုးရိမ်တကြီး မေးလိုက်သလို.. “လူကြီးမင်းတို့ … လူကြီးမင်းတို့…
ဘာများဖြစ်ပါသလဲ ခင်ဗျ
အပြင်က အသံကြောင့်
ကောင်မလေးက ဝင်ခဲ့ဖို့ လှမ်းပြောလိုက်တယ်။
လူကြီးက ရေတစ်ခွက် အငမ်းမရ
မော့သောက်လိုက်ရင်း…
သွားကြမယ်
– “ မီး… အထုပ်တွေပြင်တော့..
လို့ ပြောလိုက်တယ်။
“ဘာများ အဆင်မပြေတာ ရှိပါသလဲ၊
ကျွန်တော်တို့ ဘာလုပ်ပေးရမလဲခင်ဗျ
မန်နေဂျာရဲ့စကားကို လူကြီးက

ကတုန်ကယင်ဟန်နဲ့ လက်ကာပြပြီး…
“မလိုဘူး၊ ကျုပ်တို့ကို ချက်အောက်
လုပ်ပေး၊ ဒါပဲ၊ ခင်ဗျားတို့ ဟိုတယ်မှာ သရဲရှိတယ်၊ ခေါင်းပြတ်ကြီး သွေးတရဲရဲနဲ့ မျက်လုံးပြူးပြီး ကြည့်နေတာ အထုပ်တွေ ကားထဲပို့ပေး၊ လာ… မီး သွားကြမယ်
ထိုအဖြစ်အပျက်ဖြစ်ပြီး
(၃)ရက်အကြာ…
နတ်မင်းဘုံဟိုတယ်ရဲ့
သန့်ရှင်းရေးဝန်ထမ်း လှလှတစ်ယောက် သူမရဲ့
ဂျူတီချိန်မို့ ထမင်းချိုင့်လေး ဆွဲရင်း ဟိုတယ်ထဲ ဝင်လာတယ်။

“ဟေ့. လှလှ… ဒီကို ခဏလာပါဦး
အသံကြောင့် လှည့်ကြည့်လိုက်တော့ ဟိုတယ်ရဲ့ မန်နေဂျာကြီးကို ကောင်တာနားမှာ တွေ့လိုက်ရတယ်။
“ဟုတ်ကဲ့.. ပြောပါ ဂျာကြီး
“တခြားမဟုတ်ဘူး၊ နင်က သန့်ရှင်းရေးဝန်ထမ်းခေါင်းဆောင် မဟုတ်လား၊ အမှိုက်တွေကို ဒီနေ့ကစပြီး ပုံစံပြောင်း စွန့်ပစ်ရမယ်၊ အမှိုက်အားလုံး အစို အခြောက် ခွဲပါ၊ ဘီယာဘူးတို့ ပုလင်းခွံတို့ကိုလည်း သူဟာနဲ့သူ ခွဲရမယ်၊ ပြီးရင် အမှိုက်ခြောက်တွေကို ဟိုတယ်ရဲ့ အနောက်ဘက်မှာ မီးရှို့ပစ်ရမယ်၊
ကြားလား
မန်နေဂျာကြီးရဲ့ အမိန့်ကြောင့် သူမ
ခေါင်းညိတ်လိုက်တယ်။
“ဟုတ်ကဲ့ပါ ဂျာကြီး… ကျွန်မ
သေသေချာချာ လုပ်လိုက်ပါ့မယ် လှလှက ထိုသို့ပြောပြီး
ဟိုတယ်အနောက်ရှိ အမှိုက်ပုံတွေရှိရာ လျှောက်သွားတယ်။
ဟိုတယ်မှာက
သန့်ရှင်းရေးအလုပ်သမား ခုနှစ်ယောက်ရှိတယ်။
သူက သန့်ရှင်းရေးဝန်ထမ်း
ခေါင်းဆောင်။
ဒါ့ကြောင့် ဝန်ထမ်းသုံးယောက်ကို
ခေါ်ပြီး လက်အိတ်ကိုယ်စီနဲ့ အမှိုက်တွေကို
စရှင်းတော့တယ်။
အားလုံးရှင်းပြီးတဲ့အခါ…

“မြမောင်နဲ့
အေးသန်းက
ပုလင်းခွံတွေကို ပီနံအိတ်ထဲ ထည့်ကြ၊
နေ့လယ်ကျရင် ဘော်တယ်ကုလား လာလိမ့်မယ်၊ မိစမ်းက ငါနဲ့လိုက်ခဲ့၊ ခြံအနောက်သွားပြီး အမှိုက်ခြောက်တွေ မီးရှို့ ရမယ်
လှလှက ထိုသို့စေခိုင်းရင်း
မိမိကိုယ်တိုင် မိစမ်းနဲ့အတူ အမှိုက်ခြောက်အိမ်မ,ပြီး ခြံနောက်ဆီ လျှောက်သွားတယ်။ ခြံအနောက်ပိုင်းရှိ မြေတလင်းရောက်တဲ့အခါ…
– “ မိစမ်းရေ… ငါ မေ့ခဲ့ပြန်ပြီ၊ သွား…
မီးခြစ်ယူခဲ့ချေ
သူမ မိစမ်းကို ပြောပြီး
အမှိုက်ခြောက်အိတ်ကို သွန်ချလိုက်တယ်။

ဒီအချိန်မှာပဲ သူမရဲ့ နှာခေါင်းထဲ အနံ့ဆိုးကြီးကို ရှူရှိုက်လိုက်မိတယ်။ ““ဟင်… ဘာအနံ့ကြီးလဲ၊
ပုပ်စော်နံလိုက်တာ၊ ဘယ်ကပါလိမ့်… မဖြစ်ဘူး၊ ဒီအနံ့ကို ရအောင်ရှာရမယ်၊ ဟိုတယ်ထဲအထိ ရောက်သွားရင် ဧည့်သည်တွေနဲ့ ပြဿနာတက်လိမ့်မယ်
လှလှဟာ အတွေးနဲ့အတူ အပုပ်နံ့လာရာကို ရှာဖွေမိတယ်။
အပုပ်နံ့ကြီးက ပိုပိုဆိုးလာသလို မခံနိုင်လောက်အောင် ဖြစ်တဲ့အတူ သူမဟာ နှာခေါင်းကို လက်နဲ့အုပ်ထားရတယ်။
“အလို… ဟိုရှေ့မှာ လူတစ်ယောက်ထိုင်ပြီး ဘာလုပ်နေပါလိမ့်၊

ကြည့်ရတာ အဘိုးကြီးတစ်ယောက်ပဲ၊ သူ ဘယ်သူလဲ သိရအောင် ငါ သွားကြည့်ရမယ်
အတွေးနဲ့အတူ ထိုအဘိုးကြီးရှိရာ
ချဉ်းကပ်သွားတယ်။
အပုပ်နံ့ကြီးဟာ ပိုဆိုးလာသလို… မခံနိုင်အောင် ဖြစ်လာတဲ့အတွက် သူမဟာ ပျို့ချင် အန်ချင်သလိုကြီး ဖြစ်လာတယ်။
အဘိုးကြီးဟာ သူမကို
ကျောပေးထိုင်ရင်း တလှုပ်လှုပ် လုပ်နေတယ်။ အဘိုးကြီးရဲ့
လက်တစ်ကမ်းအလိုရောက်တော့…
“ဒီမယ် ဦးလေးကြီး… ရှင် ကျွန်မတို့
ဟိုတယ်ဝင်းထဲ ဘာလာလုပ်တာလဲ၊ ရှင်
ဘယ်သူလဲဆွတ်ဆွတ်ဖြူနေတဲ့ ဆံပင်တွေကို အဘိုးကြီးရဲ့ ခေါင်းက သူမဘက် လှည့်လာတယ်။
အဘိုးကြီးက လက်တစ်ဖက်ကို
မြှောက်ရင်း..
“စားပါဦးလား
လို့ ပြောသံနဲ့အတူ သူမ မျက်လုံးအစုံ
ပြူးကျယ်သွားတော့တယ်။
အဘိုးကြီးဟာ မစင်တွေကို
မြိန်ရေရှက်ရေ စားနေသလို မျက်နှာကလည်း လောက်ကောင်တွေက အပြည့်။
လှလှတစ်ယောက် `အမယ်လေး ဆိုတဲ့
အသံကြီးနဲ့အတူ ထိုနေရာမှာပဲ ပျော့ခွေကျသွားရှာတယ်။
မီးခြစ်ယူပြီးလာတဲ့ မိစမ်းက
အဝေးကနေ လှလှကို မြင်သွားပြီး…. “လာကြပါဦးတော်… အစ်မလှ
လဲကျနေတယ်၊ လာကြပါဦး
လို့ အသံကုန် အော်ဟစ်လိုက်တယ်။
“လှလှ လဲကျတယ်… ဟုတ်လား၊
ဘာဖြစ်လို့လဲ
မန်နေဂျာကြီးနဲ့ ဝန်ထမ်းအချို့
ပြေးလွှာလာရင်း မေးကုန်ကြတယ်။
“ဟဲ့ လှလှ … နင် ဘာဖြစ်တာလဲ၊ လုပ်ကြပါဟ.. သတိလစ်နေတာ ထင်တယ်။ လာ.. လာ.. သူ့ကို ဟိုတယ်ထဲ
ခေါ်သွားမှာဖြစ်မယ်၊ ဝိုင်းမ,ကြပါဟ
ဟိုတယ်ဝန်ထမ်းတွေဟာ လှလှကို တစ်ဖက်တစ်ချက်စီ မ,ရင်း ခေါ်သွားကြတယ်

ဟိုတယ်ရဲ့ အခန်းလွတ်ရှိ အိပ်ရာပေါ်တင်ရင်း အဲယားကွန်းပြေးဖွင့်သူ၊ သံပုရာသီးပေးရှူသူတွေနဲ့ ဗျာများကုန်ကြတယ်။
အတန်ကြာမှ လှလှဟာ အင်း… ခနဲ
အသံထွက်ပြီး သတိပြန်လည်လာတယ်။ “ကြောက်တယ်… သရဲကြီး၊
မကောင်းဆိုးဝါးကြီး၊ ချေးတွေ ထိုင်စားနေတယ်၊ မျက်နှာမှာလည်း လောက်ကောင်တွေနဲ့ ကျွန်မ သိပ်ကြောက်တယ်.. အီး.. ဟီး… ဟီး…
လှလှရဲ့ ကြောက်လန့်တကြီး
အပြောကြောင့် လူအားလုံး အံ့အားသင့်သွားကုန်တယ်။
မန်နေဂျာကြီးက….
“ကဲ.. တစ်ယောက်သွားပြီး

ဘုရားခန်းက ရေမန်းပုလင်း ယူခဲ့၊ သူ့ကြည့်ရတာ သိပ်လန့်နေတယ်၊ တို့ဟိုတယ်လည်း
ဘာဖြစ်မှန်းကို မသိဘူး၊ ဟိုနေ့ကလည်း ဧည့်သည်က ခေါင်းပြတ်သရဲတဲ့၊ ခုလည်း လှလှက ချေးစားသရဲ ပြောပြန်ပြီ၊ မဖြစ်ဘူး… ဒီအကြောင်းတွေ သူဌေးကို ပြောမှဖြစ်မယ် လို့ စိတ်လက်မသက်သာစွာ
ရေရွတ်လိုက်တယ်။
နတ်မင်းဘုံဟိုတယ်က ဝန်ထမ်းတွေရဲ့
သတင်းဖြန့်မှုကြောင့် ဟိုတယ်ကြီးက
အဖြစ်အပျက်တွေကို အိုးဘိုရွာသားတွေ
သိသွားကြတယ်။
ရွာသားတွေဟာ သူကြီးသက်ညိုဆီ
သွားပြောတဲ့အခါ…
“ “ အင်း… တချိန်မှာ ဒါတွေ
ကြုံရမယ်လို့ ထင်မိတာ အမှန်ပါပဲလား၊ ဒီကိစ္စတွေကို ဘာလုပ်ပေးနိုင်မှာလဲ၊ ဒါတွေအားလုံး လုပ်ပေးနိုင်တာ ဒေါ်အိုစာပဲ ရှိတယ်၊ ငါ သူနဲ့သွားတွေ့တာ ကောင်းမယ်ထင် သူကြီးရဲ့စကားကို လူတစ်ချို့က
“တကယ်ဆို သင်္ချိုင်းမြေဟောင်းက
ဟိုတယ်ကြီးကိစ္စဟာ ကျုပ်တို့အိုးဘိုရွာနဲ့ မသက်ဆိုင်တော့ဘူး၊ ဟိုတယ်ပိုင်ရှင်သူဌေးရဲ့ ရိုင်းစိုင်းမောက်မာမှုကို လွန်ခဲ့တဲ့ နှစ်တွေတည်းက ကျုပ်တို့ သိပြီးသား၊ ဒါပေမယ့်…
ခြောက်လှန့်ရုံထက်ပိုတဲ့ အကြောင်းတွေ

ဖြစ်လာရင် ဟိုတယ်ကြီးမှာ ဘာမှမသိဘဲ
လာတည်းတဲ့ လူတွေအတွက်
လူသားချင်းစာနာစိတ်
ထားပေးရမယ်ဗျ….
ဒါ့ကြောင့် ဒေါ်အိုစာကြီးကို သူကြီး
လုံးဝသွားတွေ့သင့်တယ်
လို့ ပြောကြကုန်တယ်။
သူကြီးက ခေါင်းတဆတ်ဆတ်
ညိတ်လိုက်ရင်း
“ထိုင်နေတာ ကြာပါတယ်၊ ငါ အခုပဲ
သူ့ဆီသွားမယ်၊ ဘယ်သူမှ မလိုက်ခဲ့နဲ့…
ပြန်ကြတော့လို့ ပြောလိုက်တယ်။
ထို့နောက်မှာတော့ သူကြီးသက်ညိုတစ်ယောက် ဒေါ်အိုစာခြံဝိုင်းဘက်
ခပ်သုတ်သုတ် လျှောက်သွားခဲ့တယ်။
ခြံဝိုင်းရှေ့ရောက်တဲ့အခါ…
“ဘွားလေး အိုစာ ကျုပ် သူကြီးသက်ညိုပါ၊ ဝင်ခဲ့မယ်နော်
လို့ အသံပြုပြီး ဝင်သွားလိုက်တယ်။
အိမ်မည်းကြီးပေါ်ရောက်တဲ့အခါ
ကြေးကွမ်းအစ်ကြီး ရှေ့မှာချရင်း
ကွမ်းသီးညှပ်နေတဲ့ ဒေါ်အိုစာကို
တွေ့လိုက်ရတယ်။
သူကြီးသက်ညိုက ၎င်းရှေ့
ဝင်ထိုင်လိုက်တယ်။
ဒေါ်အိုစာက ကွမ်းသီးညှပ်မပျက်။
“နင်လာတဲ့အကြောင်းက …
သချင်းဟောင်းနေရာကိစ္စ မဟုတ်လား
သူကြီးသက်ညို ပါးစပ်အဟောင်းသားနဲ့
အံ့အားသင့်ရင်း…
“ဟုတ်… ဟုတ်ပါတယ် ဘွားလေး၊
ကျုပ်တို့နဲ့ ဘာမှမသက်ဆိုင်တော့ပေမယ့် ဘာမှမသိတဲ့လူတွေ ဒီ့ထက်ပိုပြီး ဘေးတွေ့မှာ စိုးရိမ်နေမိတယ်
ဒေါ်အိုစာက ကွမ်းတစ်ယာကို ယာပြီး
ပါးစောင်ထဲ ထိုးထည့်လိုက်တယ။
“သင်္ချိုင်းဟောင်းက ဝိညာဉ်တွေ
ရွှေ့ပြောင်းစဉ်က အဲဒီ မှာကျန်ခဲ့တဲ့
ဝါရင့်သဘက်ကြီးတွေ ရှိနေခဲ့တယ်၊ ဒီ့အတွက် နှစ်နှစ်လုံး ငါ့ရဲ့ပညာ အဆင့်မြှင့်ဖို့ ငါ အများကြီး
အားထုတ်ခဲ့ရတယ်၊ မကြာခင်

ငါ့ရဲ့အောင်မြင်မှုတွေ အပြီးသတ် အောင်မြင်တော့မယ်၊ ပညာရပ်တွေ အထမြောက်မယ့်အချိန်က မကြာခင် ရောက်တော့မယ် လကွယ်ညပဲ
ဒေါ်အိုစာရဲ့စကားကြောင့် သူကြီးက
ဝမ်းသာအားရဟန်နဲ့…
“ကောင်းပါတယ် ဘွားလေး၊
ဘွားလေးရဲ့ကျင့်ကြံမှုတွေ
အထမြောက်ပြီးဆုံးသွားရင်
ဝိညာဉ်လောကအားလုံးကို ဘွားလေးဟာ ထိန်းချုပ်နိုင်တော့မယ်၊ ဝမ်းသာတယ် ဘွားလေးရယ်
လို့ ပြောလိုက်တဲ့အခါ ဒေါ်အိုစာက
သူ့ကို မျက်လုံး လှန်ကြည့်လိုက်တယ်။

“မဟုတ်သေးဘူး၊ နောက်ဆုံး
ထုံအဆင့်ကို ကျော်ဖြတ်ရမှာ၊ အရေးကြီးတဲ့အချက် ကျန်သေးတယ်
““ဟုတ်ကဲ့.. ပြောပါ ဘွားလေး၊
ဘယ်လိုများ အရေးကြီးပါသလဲဗျ
ဒေါ်အိုစာ ကွမ်းကို တစ်ချက်မျှ
ဝါးလိုက်ပြီး သူကြီးကို လက်ညှိုးထိုး ပြောလိုက်တယ်။
“ လာမယ့်…. လကွယ်ည
ဆယ့်နှစ်နာရီတိတိမှာ ငါ နောက်ဆုံးအဆင့် ထုံကူးရမယ်၊ နင် လုပ်ပေးရမှာက အဲ့ဒီည အဲဒီ အချိန်မှာ ရွာကလူ တစ်ယောက်ကိုမှ ခြံဝိုင်းအပြင် မထွက်မိစေဖို့ပဲ၊ သိပ်အရေးကြီးတယ် သက်ညို၊ နင် လုပ်နိုင်မလား
“ရပါတယ် ဘွားလေးရဲ့ .. ကျုပ် လုပ်နိုင်ပါတယ်၊ ဘွားလေး ထုံကူးတာ အောင်မြင်ရင် သင်္ချိုင်းဟောင်းက သဘက်ကြီးတွေကို နှင်ထုတ်နိုင်ပြီပေါ့နော်
သူကြီးရဲ့အမေးကို ဒေါ်အိုစာ
ခေါင်းခါရမ်းလိုက်တယ်။
“လုပ်နိုင်ပေမယ့်…
မလုပ်ပေးနိုင်သေးဘူး၊ သချင်းဟောင်းရဲ့ မြေပိုင်ရှင်ကိုယ်တိုင် ငါ့ကို ပွဲနဲ့ပင့်ပြီး ခခယယ တောင်းပန်မှ လုပ်ပေးနိုင်မယ်၊ နင် မြဲမြဲမှတ်ထား၊ နင် ပြန်လို့ရပြီ… သွားတော့
“ဘာကွ.. မင်းဘာစကားပြောလိုက်သလဲ စိန်ဝင်း၊
မဖြစ်နိုင်တာတွေ လျှောက်မပြောနဲ့၊ အိုး…. ဖြစ်ခဲ့ရင်တောင် ငါ လုံး၀ လက်မခံဘူးကွ သူဌေးရဲ့ဒေါသတကြီး
အော်ဟစ်သံကြောင့် မန်နေဂျာ စိန်ဝင်းအပြင် ဝန်ထမ်းတွေပါ လန့်ဖျပ်ကုန်တယ်။
“ဟုတ်… ဟုတ်ပါတယ် သူဌေးရယ်၊
ဒီကိစ္စက သူဌေးလက်ခံနိုင်မယ့် ကိစ္စမဟုတ်ပါဘူး၊ ဒါပေမယ့် ဧည့်သည်ရော၊ ဒီကဝန်ထမ်းပါ တကယ်ကို ခြောက်လှန့်ခံခဲ့ရပါတယ်၊ ဒါ့ကြောင့် ဘုန်းကြီးပင့်ပြီး ဟိုတယ်မှာ ရွတ်ဖတ်ပေးပါလို့

တောင်းဆိုမိတာပါ ခင်ဗျာ
မန်နေဂျာစိန်ဝင်းရဲ့စကားကြောင့်
သူဌေးတရုတ်ဟာ ပိုမိုစိတ်ဆိုးဟန်နဲ့… “ တော်စမ်း စိန်ဝင်း…
ဘာတစ္ဆေသရဲကိုမှ ငါ လက်မခံဘူး၊ ဘာမှလည်း လုပ်ခွင့်မပြုဘူးကွ၊ အေး .. ဒါမှ မကျေနပ်ရင် အလုပ်ထွက်ကြ၊ ဒီကိစ္စ နောက် ဘယ်တော့မှ ငါ့ကို မပြောမိစေနဲ့
လို့ ပြောဆိုပြီး ဟိုတယ်ထဲက
ထွက်သွားတော့တယ်။
“သူဌေးကကွာ…. လုံးဝ
အဓိပ္ပါယ်မရှိဘူး၊ သူ့လို လောဘကြီးပြီး ဘာအယူအဆမှ မရှိတဲ့လူက သေရင်
ကျွတ်လွတ်မှာ မဟုတ်ဘူး၊ မင်းတို့အားလုံး

ကြားကြတယ်မဟုတ်လား၊ သူ့ဟိုတယ်မှ
သရဲခြောက်တယ်လို့ ထပ်ပြောရင် အလုပ်ထုတ်ပစ်မယ်တဲ့၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ
မန်နေဂျာစိန်ဝင်းရဲ့ စိတ်ပျက်လက်ပျက်
ညည်းညူသံကြောင့်
ဟောက်ကီပင်ဝန်ထမ်းတစ်ဦးက…
“‘ရွာထဲက ကြားရတာ တော့
ဒီဟိုတယ်ကြီးက သင်္ချိုင်းကို
ဖျက်ဆောက်ထားတာတဲ့ ဂျာကြီးရ၊ ရွာကလူတွေလည်း သူဌေးကို မောက်မာလို့
ဘယ်သူမှ ကြည့်မရဘူး၊ ဟိုတယ်နေရာ
သချ.င်းကြီးက သိပ်သရဲခြောက်ကြမ်းတဲ့နေရာလို့
ရွာသားတွေက ပြောတယ်

၎င်းတို့ စကားပြောနေစဉ်မှာပဲ ဧည့်ကြိုကောင်မလေးတစ်ဦးဟာ အူယားဖားယား
ပြေးလာပြီး…
“ဂျာကြီး ဂျာကြီး… လုပ်ပါဦးရှင်…. ပြဿနာတော့ တက်နေပြီ၊ မသီတာ မသီတာ..
သူမအပြောကြောင့် မန်နေဂျာကြီးက
စိတ်မရှည်တော့ဘဲ…
“ညည်း… တဟိုဟိုနဲ့
ဘာဖြစ်နေတာလဲ၊ ဘယ်မှာလဲ သီတာ၊
ညည်းရှေ့က သွားစမ်း
ဧည့်ကြိုကောင်မလေးဟာ
အထိတ်အလန့်ဟန်နဲ့ ရှေ့ကပြေးလွှားသွားတယ်။
ဝန်ထမ်းသုံး အိပ်သာရှေ့ရောက်တော့

မန်နေဂျာရဲ့ လူအားလုံး မျက်လုံးပြူးသွားကုန်တယ်။
“မလုပ်နဲ့ သီတာ.. နင်
ဘာဖြစ်နေတာလဲ၊ လွှတ်စမ်း နင့်လက်ကို
သီတာက သူ့လည်ပင်းသူ
ပြန်ညှစ်နေသလို ဝန်ထမ်းသုံးယောက်က သူမကို တားဆီးထိန်းချုပ်ဖို့ ကြိုးစားနေကြတယ်။
မန်နေဂျာကြီးကိုယ်တိုင်
ထိုမြင်ကွင်းကြောင့် ဘာလုပ်ရမှန်း မသိအောင်
ဖြစ်နေရတယ်။
ဒီအချိန်မှာပဲ လှလှက
ရောက်ရှိလာပြီး..
“ဂျာကြီး သီတာ့ကို သရဲစီးနေတာ၊
ဒီမှာကြိုး… လည်ပင်းက သူ့လက်ကို

ရအောင်ဖယ်ပြီး ကြိုးတုပ်ထားလိုက်
ဝန်ထမ်းတွေဟာ မသီတာရဲ့လက်ကို
မရမက ဆွဲဖယ်ရင်း ကြိုးတုပ်ဖို့ ကြိုးစားလိုက်တယ်။
မန်နေဂျာကြီးက သံဗုဒ္ဓေဂါထာရွတ်ရင်း
ရေမန်းနဲ့ သူမကို ပက်ဖျန်းလိုက်တယ်။
မသီတာတစ်ယောက်
အော်ဟစ်ရုန်းကန်နေရှာတယ်။
“အား… ပူတယ်၊ ငါ့ကို ရေနွေးနဲ့
မလောင်းပါနဲ့၊ ပူတယ်.. ပူတယ်.. ဟီး… ဟီး…
ဟီး
“ “ သီတာ… သူငယ်ချင်း
သတိထားလေဟာ.. သီတာ.. သီတာ
သူငယ်ချင်းတွေရဲ့ လှုပ်ခေါ်သံကြောင့်

မသီတာတစ်ယောက် ငြိမ်ကျသွားတယ်။
သူမ မျက်လုံးဖွင့်လာတဲ့အခါ…
`ငါ… ငါ့ကို လည်ပစ်ညှစ်နေတဲ့
သရဲကြီး၊ ကြောက်တယ်… သိပ်ကြောက်တယ်၊ ငါ… ငါ… သူ့လက်က ရုန်းလို့မရဘူး၊ ငါ့လည်ပင်းကို တအားကြီးညစ်ထားတယ်၊ ရေ… ရေသောက်ချင်တယ်၊ ရေပေးပါ
သီတာရဲ့ ကြောက်အားတကြီး
အမူအရာကြောင့် မန်နေဂျာကြီးက ရေမန်းပုလင်းထဲက ရေကို ငှဲ့ပေးလိုက်တယ်။
ရေမန်းသောက်ပြီးတဲ့နောက်
သီတာတစ်ယောက် ခုနကထက် အတော့်ကို
ငြိမ်သက်သွားတယ်။
သီတာက မန်နေဂျာကြီးကို မဝံ့မရဲ
မော့ကြည့်ရင်း…
`ဂျာကြီး.. သီတာ ပြောပါရစေ၊ သီ…
သီတာ ဒီဟိုတယ်မှာ ဘယ်လိုမှ
ဆက်မနေရဲတော့ဘူး၊ ဒါ့ကြောင့် အလုပ်နှုတ်ထွက်ပါရစေ၊ ဇာတိဖြစ်တဲ့ မြစ်ဝကျွန်းပေါ်ကို ပြန်ပြီး လုပ်ကိုင်စားပါရစေတော့ရှင်
လို့ တောင်းဆိုလိုက်တော့တယ်။
သူမရဲ့စကားကြောင့်
ဂျာကြီးတစ်ယောက် မျက်နှာပျက်သွားတယ်။ • ‘အဲလောက်ထိ လုပ်ဖို့ လိုလို့လား
သီတာ၊ နင်က ငါတို့ဟိုတယ်ရဲ့
ဝန်ထမ်းကောင်းပါ၊ နင် စဉ်းစားပါဦးဟာ ဂျာကြီးရဲ့အပြောကို သူ

ခေါင်းခါရမ်းလိုက်တယ်။
“ဟင့်အင်း… စဉ်းစားစရာ မလိုပါဘူး ဂျာကြီးရဲ့၊ ကျွန်မ ဘာဖြစ်ခဲ့သလဲ ဘယ်လောက်ထိ ကြောက်လန့်ခဲ့သလဲ ကိုယ့်ဘာသာပဲ သိတယ်၊ ဟိုတယ်ပိုင်ရှင်သူဌေးက
သူ့အကျိုးအမြတ်ကလွဲရင် ဘာမှ
စိတ်မဝင်စားဘူး၊ တကယ်ဆို ဂျာကြီးရယ်.. အလုပ်သမားဆိုတာ သူဌေး
လစာပေးခိုင်းထားပေမယ့် သူဌေးနဲ့အလုပ်သမား အကျိုးတူ လုပ်ဆောင်သူတွေပါ၊ နတ်မင်းဘုံဟိုတယ်ပိုင်ရှင်သူဌေးက လူသားချင်း စာနာစိတ်မရှိဘူး၊ သူ့ဟိုတယ်ကလည်း မကောင်းဆိုးဝါးတွေပဲ ကြီးစိုးနေတယ်၊ ဒါ့ကြောင့် အလုပ်ထွက်ပြီ.. ဒါပဲ၊ ဒီတစ်ခါ ကျွန်မအလှည့်၊ ဂျာကြီးတို့အားလုံးရဲ့အလှည့် ဘယ်နေ့ရောက်မလဲစောင့်သာကြည့်ကြ… ကျွန်မ သွားပြီ
မသီတာဟာ ထိုသို့ပြောဆိုရင်း ဘာပစ္စည်းမှ မယူဘဲ နတ်မင်းဘုံဟိုတယ်ထဲက လုံး၀ ထွက်ခွာသွားတော့တယ်။
နေ့လယ်ခင်းချိန်တစ်ခုမှာ…
ဆလွန်းကားအဖြူရောင်တစ်စီးဟာ
ခပ်နှေးနှေးပုံစံနဲ့ နတ်မင်းဘုံဟိုတယ်ထဲ
ဝင်လာတယ်။
ကားပါကင်ဝန်ထမ်းက
ကားနေရာပြပြီးတဲ့အခါ.. “ကိုယ်တို့ကားက

ဘီးပေါက်သွားတာကွ၊ စပါယ်ယာဘီးလည်း ကွဲနေတယ်၊ ဒီတော့… ဘီးတွေဖြုတ်ပြီး မောင်ရင်က ဘီးဖာတဲ့ဆိုင်ကို သွားပို့ပေးပါ၊ ကိုယ်တို့ ဒီမှာ ခဏတည်းမယ်
ကားပိုင်ရှင်ရဲ့ စကားကြောင့်
ပါကင်စောင့်က…
“ဟုတ်ကဲ့ပါ သူဌေး၊ ကျွန်တော်
အားလုံး ကူညီပေးပါ့မယ်၊ အထဲကို ကြွပါခင်ဗျာ လို့ ပြောလိုက်တယ။
ဒီအခါ ကားပိုင်ရှင်ရဲ့ဇနီး
မိန်းမဝကြီးက မျက်နှာထား တင်းတင်းနဲ့…
“တို့က ဘီးပေါက်လို့
ခဏဝင်နားတာနော်၊ အခန်းခက ဘယ်လိုရှင်းရမလဲ

လို့ မေးတဲ့အတွက် ဝန်ထမ်းက…
“ဟုတ်ကဲ့ခင်ဗျ…
ဧည့်ကြိုကောင်တာက အဆင်ပြေအောင် စီစဉ်ပေးပါလိမ့်မယ်၊ အထဲကိုသာ ကြွပါခင်ဗျ လို့ ပြန်ဖြေလိုက်တယ်။
ဒီ့နောက်မျာတော့ သူဌေးလင်မယားနဲ့အတူ ခြောက်နှစ်အရွယ် ကောင်မလေးတို့ဟာ ဟိုတယ်ထဲ ဝင်သွားကြတယ်။
“ကြွပါရှင်… နတ်မင်းဘုံဟိုတယ်က
ကြိုဆိုပါတယ်ရှင်၊ ဘယ်လိုအခန်းများ တည်းချင်ပါသလဲရှင်
ဟိုတယ်အဝက ဧည့်ကြိုကောင်မလေးရဲ့ အမေးကို
မိန်းမ၀၀ကြီးက…
“တို့က ကားဘီးပေါက်လို့ ဝင်နားတာ၊
ခဏပဲ တည်းချင်တယ်၊ အခန်းခ ဘယ်လိုရှင်းရမလဲ သိချင်တယ်
လို့ မေးလိုက်တဲ့အခါ
ဧည့်ကြိုကောင်မလေးက ကောင်တာဆီကို ခေါ်သွားတယ်၊ ဧည့်ကြိုကောင်တာက လူတွေကို အကျိုးအကြောင်း ပြောလိုက်တဲ့အခါ…
“ဟုတ်ကဲ့.. ရပါတယ်ရှင့်၊ ကျွန်မတို့ရဲ့
နတ်မင်းဘုံဟိုတယ်က ဧည့်သည်တွေ အဆင်ပြေဖို့အတွက်သာ အဓိက ထားပါတယ်၊ လူကြီးမင်းတို့အနေနဲ့ ညမအိပ်ရင် အခန်းခရဲ့ တစ်ဝက်ကိုသာ ပေးရမှာ ဖြစ်ပါတယ်ရှင်
ဝန်ထမ်းကောင်မလေးရဲ့ စကားကြောင့်
မိန်းမဝဝကြီးဟာ မျက်နှာရှုံ့မဲ့သွားတယ်။
“အမယ်လေးတော်… တစ်ရက်မှာ
နှစ်ဆယ့်လေးနာရီရှိတယ်၊ ဒါကို ပြန်ခွဲရင် ဆယ့်နှစ်နာရီရှိတယ်၊ တို့က သုံးလေးနာရီပဲ နေရမှာလေး၊ ဝန်ဆောင်မှုကလည်း ညံ့လိုက်တာအေ
ထိုအသံကို ဟိုတယ်မန်နေဂျာ စိန်ဝင်း
ကြားတဲ့အတွက် ကောင်တာကို
လျှောက်သွားလိုက်တယ်။
• “ဒီလိုရှိပါတယ် အစ်မကြီး… ကျွန်တော်က နတ်မင်းဘုံဟိုတယ်ရဲ့ မန်နေဂျာပါ၊ ကျွန်တော်တို့ပြောတဲ့ အခန်းခရဲ့ ဈေးနှုန်းတွေက ပိုင်ရှင်သူဌေး သတ်မှတ်ထားတာပါ ခင်ဗျ၊ အစ်မကြီးတို့လည်း သိပါတယ်… မြို့ကြီးတွေကဟိုတယ်တွေဆိုရင် ခဏတည်းလည်း တစ်ရက်စာပဲ ရှင်းရတာ ပါ ခင်ဗျ။
စိတ်မရှိပါနဲ့ခင်ဗျာ
မန်နေဂျာရဲ့စကားကြောင့်
ယောက်ျားဖြစ်သူက…
““ကဲပါ မအေးရာ
ဘာမဟုတ်တာလေးကို ကတ်တွက်မနေပါနဲ့၊ အဓိက ငါတို့ကား အမြန်ကောင်းပြီး ခရီးဆက်ရဖို့ အရေးကြီးတယ်၊ မန်နေဂျာကြီး… ကျုပ်တို့ကို အခန်းအမြန်စီစဉ်ပေးပါ၊ သိပ်ပင်ပန်းနေပြီ လို့ ပြောလိုက်တဲ့အခါ
ခြောက်နှစ်အရွယ် ကောင်မလေးက… “ဟုတ်တယ် ဒယ်ဒီ၊ မီးလည်း
ဗိုက်တွေ သိပ်ဆာနေပါပြီလို့ ပြောလိုက်တော့တယ်။
“ဟုတ်ကဲ့ပါခင်ဗျ…. လူကြီးမင်းတို့ လိုအပ်တာအားလုံးကို ခဏတွင်းလေးမှာ အဆင်ပြေအောင် လုပ်ပေးပါ့မယ် ခင်ဗျ မန်နေဂျာကြီးကိုယ်တိုင်
ဧည့်သည်တွေကို အခန်းလိုက်ပြဖို့ ပြင်လိုက်တယ်။
“နေပါဦး ဂျာကြီး… ကျွန်တော်
ပြောစရာရှိလို့
ဂျာကြီးရဲ့ခြေလှမ်း ရပ်သွားပြီး
လှည့်ကြည့်လိုက်တယ်…။
“ဟောဒီ့ဧည့်သည်တွေက
ကားဘီးပေါက်လို့ လာတည်းကြတာပါ၊ ကျွန်တော်
သူတို့ကားဘီးကို အနီးဆုံးမြို့ထဲ ကားကြုံနဲ့
သွားဖာပေးရမှာပါ ခင်ဗျ၊ အဲဒါ… ဂျာကြီးကိုအကြောင်းကြားတာပါ
ဂျာကြီးက…
ကားပါကင်ဝန်ထမ်းရဲ့ အပြောကို
“အေး… အဆင်ပြေအောင်
လုပ်ပေးလိုက်ပါ၊ သွား… သွား… မင်းနေရာ မောင်သီးကို အစားထိုးခဲ့
လို့ ခွင့်ပြုလိုက်တယ်။
““မာမီ… ကားဘီးပြင်တာ
ပြန်မလာသေးဘူးလား ဟင်၊ မီး ပျင်းနေပြီ မာမီရဲ့
ကလေးငယ်ရဲ့ အပြောကြောင့်

မိန်းမဝကြီးက လက်မှနာရီကို ငုံ့ကြည့်လိုက်တယ်။ “ဟုတ်ပါရဲ့… ညနေတောင်
စောင်းနေပြီ၊ ယောက်ျားရေ….. ဧည့်ကြိုကောင်တာကို လှမ်းမေးဦးရှင့် မိန်းမရဲ့ အပြောကြောင့်
စာစောင်ဖတ်နေတဲ့လူကြီးက
ဖုန်းခွက်ကောက်ကိုင်ရင်း ဖုန်းဆက်လိုက်တယ်။ – “ မာမီ… မီး ပျင်းတယ်၊
ဟိုဘယ်ဘေးက မြက်ခင်းထဲ သွားဆော့ချင်တယ်
မာမီ
`အေး… အေး… ဆော့ချင်သွားဆော့၊
အကြာကြီး မဆော့ရဘူးနော်၊ ဒီအချိန်ဆို
နေလည်း အေးနေပြီပဲ… သွား.. သွား
ကလေးမလေးက အခန်းတံခါးကို

ပြေးဖွင့်ပြီး ဟိုတယ်ရဲ့အောက်ထပ်ကို ပြေးဆင်းသွားတယ်။
“ခုပဲ သူတို့ ပြောတယ်ကွ၊
ဘီးဖာတဲ့ဝန်ထမ်း ပြန်မရောက်သေးဘူးတဲ့၊ ဟိုတယ်ခကို ခေါင်းထဲ မထည့်ပါနဲ့တဲ့၊ သူတို့ အဆင်ပြေအောင် လုပ်ပေးမယ်တဲ့ကွ၊ အခန်းမှာပဲ အေးအေးဆေးဆေး နားနေဖို့ ပြောတယ်၊ မင်းကလည်းကွာ.. ဒီလောက်
ဆက်ဆံရေးကောင်းတဲ့ ဟိုတယ်ကြီးမှာ တန်အောင်နေစမ်းပါကွ၊ လောပြီး ပူမနေပါနဲ့ကွာ
“ဪ.. ရှင်က ပြောအားရှိမှာပေါ့။
ကျွန်မတို့ ခရီးထွက်လာတာ ကျွန်မအမေ
အသည်းအသန် ဖြစ်နေလို့လေ၊ ရှင့်အမေ မဟုတ်တော့ ဒီလိုပဲ ပြောမှာပေါ့၊ ဘာပဲဖြစ်ဖြစ်

ကျွန်မကတော့ အမြန်ဆုံး ခရီးဆက်ချင်နေပြီ
လင်မယားနှစ်ယောက်
ထိုသို့ပြောဆိုနေစဉ် ၎င်းတို့ရဲ့ သမီးလေးဟာ မြက်ခင်းပြင်ရှိ ဒန်းမှာ ရောက်ရှိနေတယ်။ ကောင်မလေးရဲ့ မလှမ်းမကမ်းမှာတော့
ပစ်တိုင်းထောင်ရုပ် ပိုက်ထားတဲ့ ကောင်မလေးတစ်ယောက်။
ထိုအရုပ်နဲ့ ကောင်မလေးက သူမကို
ငေးစိုက်ကြည့်နေတယ်။
ဒန်းစီးနေတဲ့ ကောင်မလေးက အရုပ်နဲ့ ကောင်မလေးကို မြင်တွေ့ သွားပြီး `ဘာလဲ ဆိုတဲ့သဘောနဲ့ ခေါင်းဆတ်ပြလိုက်တယ။
အရုပ်နဲ့ကောင်မလေးဟာ ဒန်းအနီးကို
တရွေ့ရွေ့က လျှောက်လာတယ်။

“ငါလည်း နင်နဲ့အတူ ဆော့ချင်တယ် “နင်က ဘယ်ကလဲ၊ ငါမှ မသိဘဲဟ
“နင့်လိုပဲပေါ့
ဒီဟိုတယ်ကြီးကပဲ၊
ငါတို့ အတူဆော့ရအောင်နော်
“ဆော့တာတော့ ရပါတယ်ဟ၊
ဒါပေမယ့် ငါ့ကို ဒန်းလွှဲပေး၊ ပြီးရင် နင်နဲ့ဆော့မယ်လေ
ဒန်းပေါ်ကကောင်မလေးရဲ့စကားကြောင့်
ပစ်တိုင်းထောင်အရုပ်နဲ့ ကောင်မလေးဟာ ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်ပြီး ဒန်းကို လွှဲပေးလိုက်တယ်။ပစ်တိုင်းထောင်ရုပ်နဲ့ ကောင်မလေးက
ဒန်းကို မရပ်မနား လွှဲပေးနေတယ်။

အရှိန်ရလာသည်နှင့်အမျှ
ဒန်းရဲ့မြန်နှုန်းက ပိုမိုပြင်းထန်လာတယ်။ ဒါ့ကြောင့် ဒန်းစီးနေတဲ့
ကောင်မလေးက တဖြည်းဖြည်း ကြောက်စိတ်ဝင်ပြီး ထိတ်လန့်လာတယ်။ “ဟဲ့.. ငါ့ကို ရပ်ပေးတော့၊ ငါကြောက်တယ်၊ မစီးချင်တော့ဘူး၊ ရပ်ပေး…ရပ်ပေး
ဒန်းပေါ်က ကောင်မလေးရဲ့ စကားကို
အရုပ်နဲ့ ကောင်မလေးက လုံး၀ ဂရုမစိုက်ဘဲ `တဟီးဟီး ရယ်မောရင်း အရှိန်ကို ပိုပြင်းအောင် လွှဲထည့်လိုက်တယ်။နောက်ဆုံး လွှဲလိုက်ချိန်မှာတော့
ပြင်းလွန်းတဲ့အရှိန်ကြောင့် ကောင်မလေးက

ဒန်းပေါ်က လွင့်စဉ်ပြီး မြေပေါ်ဝမ်းလျားမှောက် ပြုတ်ကျသွားတယ်။
`အား… နာတယ်၊ နာတယ်၊
မာမီရေ…. မာမီ လုပ်ပါဦး.. အီး.. ဟီး… ဟီး…
ဝန်ထမ်းအမျိုးသမီးတစ်ဦးက
ထိုအဖြစ်ကို မြင်တွေ့ရင်း ပြေးသွားလိုက်တယ်။ သူမဟာ ကောင်မလေးကို ပွေ့ချီပြီး
ဟိုတယ်ထဲ ခေါ်သွားလိုက်တယ်။
ဂျာကြီးအပါအဝင် ဝန်ထမ်းအားလုံး
ပျာယာခတ်သွားကုန်တယ်။
ဂျာကြီးက သူ့မိဘတွေဆီ အကြောင်းကြားရင်း ဆေးသေတ္တာ
ယူခိုင်းလိုက်တယ်။ကောင်မလေးက မြေပြင်ကို
အရှိန်နဲ့ကျတာကြောင့် သွားကျိုးသွားသလို သွေးတွေလည်း သိပ်ထွက်နေတယ်။
ဒါ့ကြောင့် နာကျင်မှုဒဏ်ကြောင့် ချော့မရနိုင်အောင် ငိုကြွေးနေရှာတယ်။ • “ အမယ်လေးတော်.. ငါ့သမီး…
သမီးလေး ဘာဖြစ်တာလဲ
ဂျာကြီးက မိန်းမဝကြီးကို အကြောင်းစုံ
ရှင်းပြလိုက်သလို ကောင်မလေးကလည်း… “ “ အီး… သိပ်နာတယ် မာမီ၊ မီးကို သွားကျိုးအောင်လုပ်တာ ဟိုကောင်မလေးပဲ၊ သူ့ကို လုံးဝ မကျေနပ်ဘူး၊ အီး… ဟီး… ဟီး “ဘာ… ဘယ်လို၊ ငါ့သမီး
ဒီလိုဖြစ်အောင် လုပ်တဲ့လူ ရှိတယ် ဟုတ်လား… ဘယ်မှာလဲ ဒင်း…

`သူက ဒီဟိုတယ်မှာ မီးတို့လို
တည်းတာပဲ မာမီ၊ သူ့ကို ခေါ်ပေး၊ အပြစ်ပေးရမယ်၊ ဟင့်.. ဟင့်
ကောင်မလေးရဲ့အပြောကြောင့် ဂျာကြီးရဲ့ဝန်ထမ်းတွေ မျက်လုံးပြူးကုန်တယ်။
`ကြားလား… ငါ့သမီး ပြောတာ၊
ခေါ်လိုက်စမ်း၊ နင်တို့ဟိုတယ်မှာ တည်းနေတဲ့
ကောင်မလေးကို ခေါ်လိုက်
ဂျာကြီးက ပြူးတူးပျာတာဟန်နဲ့
“မဖြစ်နိုင်ဘူး အစ်မကြီး၊
ကျွန်တော်တို့ဟိုတယ်မှာ အခန်းငါးခန်းပဲ ခုချိန် လူရှိနေပါတယ်၊ အစ်မကြီးတို့တစ်ခန်းသာ
မိသားစုပါ၊ ကျန်တာက စုံတွဲတွေ့ချည်းပဲ ခင်ဗျ
ကလေးအမေကပိုမိုဒေါသထွက်ဟန်နဲ့ ….
“ဘာပြောတယ်… ငါ လုံးဝမယုံဘူး၊
ငါ့ကို အဲဒီ အခန်းလေးခန်းစလုံးကို လိုက်ပြစမ်း
“ဟို.. ဒါတော့ မဖြစ်နိုင်ဘူးဗျ၊
ဟိုတယ်စည်းကမ်းအရ
တခြားဧည့်သည်ဘက်ကိုလည်း ငဲ့ရမယ့် အနေအထားတွေ ရှိနေပါတယ်၊ ဒီလိုလုပ်ပါ ခင်ဗျ… ဧည့်သည်ထဲမှာ အစ်မကြီးရဲ့ ကလေးကလွဲရင် ကလေးမပါပေမယ့် သေချာအောင် ဟိုတယ်ဝင်းအနှံ့ လိုက်ကြည့်ပေးပါ့မယ်ဂျာကြီးရဲ့ စကားကို ကလေးအဖေက…
“ဟုတ်သားပဲ မိန်းမရာ၊ မန်နေဂျာကြီးပြောတာ ငါလက်ခံတယ်၊ အတွဲတွေ

သူတို့ဘာသာ အေးအေးဆေးဆေး နားနေတာကို သူခိုးလို အခန်းတိုင်း လိုက်ရှာလို့ ရမလားကွ၊ မင်းရဲ့စိတ်ကို လျှော့လိုက်စမ်းပါလို့ ပြောလိုက်တဲ့အတွက်
မိန်းမကြီးက…
“လာခဲ့ မီးမီး…. မာမီးတို့ သွားမယ် ဆိုရင် အခန်းရှိရာဆီ ခြေဆောင့်နင်းထွက်သွားလိုက်တယ်။
ထိုနေ့ည ဆယ်နှစ်နာရီခန့် အချိန်…
အိုးဘိုရွာရှိယောက်ျားကာလသားအားလုံး

သူကြီးသက်ညိုရဲ့အိမ်ဝိုင်းထဲ ရောက်နေတကြတယ်။
ရပ်ရင်း…သူကြီးက စားပွဲရှည်ကြီးရဲ့နောက်
‘ဒီညဟာ လကွယ်ညပဲ၊ ငါ့ကို
ဒေါ်အိုစာ ပြောထားတာ ရှိတယ်၊ ဒီည သန်းခေါင်ချိန်ရောက်တာနဲ့ တစ်ရွာလုံး ဘယ်သူမှ အိမ်ထဲကအိမ်ပြင် မထွက်ရဘူး၊ ဒေါ်အိုစာဟာ
သူ့ပညာရပ်ရဲ့ နောက်ဆုံးအဆင့် ထုံကူးမှုကို ဒီည အဆုံးသတ်လိမ့်မယ်၊ ဒီအဆင့် သူ
အထမြောက်သွားရင် ငါတို့ရွာမှာ
မကောင်းဆိုးဝါးဆိုတာ လုံးဝ မရှိနိုင်တော့ဘူး၊ ငါပြောတဲ့စကားကို နားလည်ကြလားဟေ့
လို့ ပြောလိုက်တဲ့အခါ
ရွာသားအားလုံးက တညီတညွတ်တည်း… “နားလည်ပါတယ် သူကြီး၊ ကျုပ်တို့
ခြံဝိုင်းအပြင် မထွက်ဘဲ နေပေးပါ့မယ်
လို့ ဝိုင်းကတိပေးကုန်ကြတယ်။
ထိုအချိန် နတ်မင်းဘုံဟိုတယ်ကြီးထဲကို
ကိုယ်ပိုင်ကားတစ်စီး ဝင်လာတယ်။
ကားပေါ်က ဆင်းလာသူကို မြင်တဲ့အခါ
ဝန်ထမ်းတွေ မျက်လုံးပြူးသွားကုန်တယ်။
နတ်မင်းဘုံရဲ့ပိုင်ရှင် သူဌေးတရုတ်ဟာ
ဒယိမ်းဒယိုင်နဲ့ ကားပေါ်က ဆင်းလာတယ်။
သူ့ရဲ့နံဘေးမှာလည်း
အသက်နှစ်ဆယ်မျှ မရှိသေးတဲ့ မြန်မာဆန်ဆန် မိန်းကလေး ပါလာတယ်။

`ဟေ့ကောင်တွေ… ငါ့ကို
ဘာကြည့်နေကြတာလဲ… အေ့၊ ဒီဟိုတယ်မှာ အကောင်းဆုံးဖြတ်တဲ့ ငါ့အခန်းမှာ ငါ သွားနားမယ်…. အေ့၊ မင်းတို့ငါ့ကိုတွဲခေါ်ကြစမ်းကွသူဌေးရဲ့အမိန့်ကို မလွန်ဆန်ဝံ့တဲ့
ဝန်ထမ်းတွေက သူ့ကိုတွဲရင်း အခန်းဆီ
လိုက်ပို့ပေးရတယ်။
နံဘေးက ကောင်မလေးကတော့
စိတ်ညစ်ညူးဟန်နဲ့ လိုက်ပါသွားတယ်။ ဂျာကြီးက ထိုအဖြစ်ကိုကြည့်ပြီး…
“ဟူး. သူဌေးကတော့ လုပ်ချပြန်ပြီ၊
ဟိုတယ် ဖွင့်ခါစကလည်း သူ့စမောလေး ခေါ်လာလို့ မယားကြီးနဲ့ ပြဿနာတက်ပြီးပြီ၊

ခုလည်း ထပ်လုပ်ပြန်ပြီ၊ ဒီဟိုတယ်မှာ မန်နေဂျာလုပ်ရတာ သိပ် မျက်ခုံးလှုပ်တယ်၊ စိတ်ပျက်တယ်ကွာလို့ ညည်းညူလိုက်တယ်။
ထိုအခိုက်မိသားစုသုံးယောက်ရှိတဲ့
အခန်းထဲမှာတော့….
“မီးရေ.. ဒီဆေးက အရောင်ကျဆေး၊
ဒါသောက်ပြီး အိပ်တော့နော်၊ ဒါမှ သွားကျိုးသွားတဲ့နေရာက မနာကျင်မှာ မီးရဲ့ မိခင်ရဲ့အပြောကြောင့်
ကလေးမလေးက မျက်နှာရှုံ့ မဲ့ပြီး…
“ဟင့်အင်း.. မီးကြောက်တယ် မာမီ၊ ဒီမှာမနေချင်တော့ဘူး၊ မီးတို့ကားဘီးတွေက

ဘယ်တော့ ပြန်ရမှာလဲဟင်
လို့ မျက်လုံးအဝိုင်းသားနဲ့မေးလိုက်တယ်။
“ညဦးပိုင်းက ဘီးဖာတဲ့ဝန်ထမ်းလေး
ဟိုတယ်ကို ဖုန်းဆက်တယ်၊ ဘီးက ဖာလို့ပြီးပြီ မီးရဲ့၊ ကားမရလို့ သူက ပြန်လာလို့ မရတာ ၊ မိုးလင်းတာနဲ့ သူပြန်ရောက်မှာ၊ မာမီတို့ မိုးလင်းရင် ပြန်လို့ရပြီ၊ အိပ်… အိပ်တော့ မိခင်ဖြစ်သူ မိန်းမဝကြီးရဲ့
အပြောကြောင့် ကလေးမလေးဟာ ကျေနပ်ဟန်နဲ့ မျက်လုံးမှိတ်သွားရှာတယ်။
အချိန်ကညဆယ့်တစ်နာရီကျော်သွားချေပြီ။
သူကြီးရဲ့အမိန့်ကြောင့် ဟိုတယ်ကြီးရဲ့

အနောက်ဘက်ရှိ အိုးဘိုတစ်ရွာလုံး တုတ်တုတ်မျှမလှုပ်ဝံ့ကြဘူး။
ဒေါ်အိုစာပြောထားတဲ့အတိုင်း
ညဆယ့်တစ်နာရီကျော်သွားတဲ့အတွက်
သူကြီးသက်ညိုဟာ ၎င်းရဲ့
တပည့်နှစ်ယောက်နဲ့အတူ ဒေါ်အိုစာအိမ်ဝိုင်းဘက်
ထွက်ခဲ့ကြတယ်။
၎င်းရဲ့အိမ်ပိုင်းရှေ့ရောက်တော့ ခြံဝမှာ
အသင့်စောင့်နေတဲ့ ဒေါ်အိုစာကိုတွေ့လိုက်ရတယ်။
ဒေါ်အိုစာ ထဘီကိုဇောက်ထိုးပတ်ထားသလို ထဘီရင်ရှားကြီးနဲ့…
သူမရဲ့ခေါင်းမှာတော့
အရိုးချောင်းကြီးကိုဆံထိုးထိုးထားတယ်။
သူမဟာ ဖျင်လွယ်အိတ်ကြီးလွယ်ရင်း
သူကြီးတို့နဲ့အတူ သင်္ချိုင်းဟောင်းဘက် တရွေ့ရွေ့ လျှောက်ခဲ့တယ်။
ညဆယ့်နှစ်နာရီထိုးခါနီး ဆယ်မိနစ်အလိုမှာတော့ ၎င်းတို့ဟာ ရွာထိပ်ရှိ သချင်းဟောင်းနေရာ နတ်မင်းဘုံဟိုတယ်ကြီးအနီးကို ရောက်ရှိသွားကြတယ်။
ထိုစဉ် ဟိုတယ်ကြီးရဲ့ မိသားစုသုံးဦးတည်းတဲ့ အခန်းတွင်းမှာတော့… ကောင်မလေးဟာ နားရွက်ကိုလာပြီးလှုပ်ဆွဲခံရတာ ကြောင့် မျက်လုံးတွေပွင့်သွားတယ်။
ဘေးကိုကြည့်တော့ မိခင်ရော၊ ဖခင်ပါ
နှစ်ခြိုက်စွာ အိပ်ပျော်နေကြတယ်။
“ဟင်.. နင်… နင်.. လာပြန်ပြီလား၊
နင် ဘယ်ကလဲ၊ ညနေက နင့်ကို ဟိုတယ်တစ်ဝန်းလုံး လိုက်ရှာကြတယ်။ မတွေ့ခဲ့ဘူးဟဲ့၊ နင်.. လူမှ ဟုတ်ရဲ့လား။လူယုတ်မာမရဲ့ကောင်မလေးက သူမအား ရပ်ပြီး
ကြည့်နေတဲ့ ရွယ်တူမိန်းကလေးကို ဒေါသတကြီး
ပြောလိုက်တယ်။
အရွယ်နဲ့မလိုက်အောင် သြရှတဲ့အသံက
ရပ်နေတဲ့ ကောင်မလေးရဲ့နှုတ်ကနေထွက်လာတယ်။
လူမဟုတ်ဘူး၊ ငါက… သရဲမပဲ၊ နင်နဲ့ ဒီနေရာအားလုံးကို ဒီ … ည… မြေလှန်ပစ်မယ်၊ ဟီး… ဟီး… ဟီး… ဟီး
သရဲမလေးရဲ့ အပြောကြောင့်
ကောင်မလေးဟာ မျက်လုံးတွေ ဝိုင်းစက်သွားရှာတယ်။
ထိုအချိန် မန်နေဂျာကြီးရဲ့အခန်းဝမှာတော့…
“ဒုန်း……. ဒုန်း… ဒုန်း…
` `ဂျာကြီး… ထပါဦး ဂျာကြီးရ၊ အရေးကြီးလို့ပါ၊ ကျုပ် မောင်သီပါဗျ
အသံကြောင့် အိပ်ပျော်လုဆဲဆဲ
ဖြစ်နေတဲ့ ဂျာကြီး လန့်သွားတယ်။

တံခါးထဖွင့်ပေးရင်း… “ဟေ့ကောင် ငသီး… အချိန်လည်း
ကြည့်ဦးကွာ၊ ဘာဖြစ်တာလဲ
လို့ မျက်လုံးပွတ်မေးလိုက်တယ်။
“ကျွန်တော် ရွာထဲက သူငယ်ချင်းအိမ်
သွားတာဗျ၊ ခုပဲ ပြန်ရောက်တာ၊ အရေးများ ကြီးမလားလို့ပါ၊ ဂျာကြီးကို သတင်းပို့တာ၊ ဒီည. ရွာထဲက စုန်းမကြီး ဒေါ်အိုစာဟာ မကောင်းဆိုးရွာတွေကို အပြတ်ရှင်းမယ်တဲ့ဗျ၊ ပြီးတော့… ကျွန်တော်တို့ ဟိုတယ်က ခြောက်လှန့်မှုတွေကို ရပ်တန့်စေချင်ရင် သူဌေးကိုယ်တိုင် သူ့ဆီ လာတောင်းပန်မှ လုပ်ပေးနိုင်မယ်ဗျ၊ ဒီည.. တစ်ခုခုတော့ဖြစ်တော့မယ်ထင်တယ်ဗျာ

ကားပါကင်ဝန်ထမ်း မောင်သီးရဲ့
စကားကြောင့် ဂျာကြီး မျက်မှောင်ကြုတ်သွားရှာတယ်။
“ဒါပေမယ့်… မဖြစ်နိုင်ဘူး မောင်သီး၊
သူဌေးက ဒါမျိုးတွေ လုံးဝလက်ခံတာ မဟုတ်ဘူးကွ၊ ဘာမှမဖြစ်လောက်ပါဘူးကွာ၊ မင်းလည်း သွားအိပ်တော့၊ ညဉ့်နက်နေပြီ… သွား သွား
မောင်သီက ဂျာကြီးရဲ့ အပြောကြောင့်
ဘာမှမပြောတော့ဘဲ ထွက်သွားတော့တယ်။
မိသားစုသုံးဦးရှိတဲ့ အခန်းထဲမှာတော့…
မီးမီးဆိုတဲ့ ကောင်မလေးက နှုတ်က
အသံမထွက်နိုင်လောက်အောင်
ကြောက်လန့်နေရှကြယ်။

“ငါ့… ကို… စိုက်ကြည့်စမ်း…၊ ခု… ချိန်ကစပြီး… ငါ့အမိန့်ကို နင်… လွန်ဆန်လို့ မရဘူး၊ ကြည့်စမ်း… ကြည့်စမ်းမီးမီးတစ်ယောက်
စူးစိုက်ကြည့်နေစဉ်မှာပဲ သရဲမလေးကနေ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ သရဲကြီးအသွင် ပြောင်းလဲသွားတယ်။
သရဲကြီးက သူ့အနီး တရွေ့ရွေ့
ရွေ့လျားလာပြီး သူ့ကိုယ်ထဲ စွပ်ခနဲဝင်လိုက်တယ်။
မီးမီးဟာ ဆတ်ခနဲ တုန်သွားတယ်။
သူမရဲ့မျက်လုံးတွေ တင်းမာပြီး
မျက်လုံးတွေ ပြူးထွက်နေသလို…
“သဘက်ကြီး.. ငါ့အကြောင်း
သိစေရမယ်လို့ ကြုံးဝါးလိုက်တယ်။
မကောင်းဆိုးဝါးကောင်ကြီးဟာ
လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း နှုတ်က တတွတ်တွတ် ရေရွတ်လိုက်တယ်။
နတ်မင်းဘုံဟိုတယ်ရှိ
တံခါးပေါက်အားလုံး ရုတ်ခြည်းဆိုသလိုပွင့်ထွက်ကုန်တယ်။
အချိန်က ညဆယ့်နှစ်နာရီတိတိ
ရှိချေပြီ။ဒေါ်အိုစာဟာ မြေပြင်ပေါ်
တင်ပျဉ်ခွေထိုင်ရင်း တံတောင်လောက်ရှိတဲ့ ဆေးဖယောင်းတိုင်ကြီးကို မီးညှိလိုက်တယ်။
ပြီးတော့ မျက်လုံးစုံမှိတ်ပြီးအရိုးခေါင်းကြီးကို အရိုးချောင်းနဲ့ တတုံတုံ ခေါက်လိုက်တယ်။
သူကြီးနဲ့ တပည့်နှစ်ယောက်ဟာ
ဒေါ်အိုစာလုပ်သမျှ ဘေးက စိုက်ကြည့်နေကြတယ်။ ဒီအချိန်မှာပဲ
နတ်မင်းဘုံဟိုတယ်ကြီးဆီက ဝုန်းဝုန်းဒိုင်းဒိုင်း အသံတွေ ထွက်ပေါ်လာတယ်။
အသံတွေကြောင့် ဟိုတယ်ရှိ လူအားလုံး
လန့်ဖျပ်ပြီး အပြင်ကို ပြေးထွက်ကုန်ကြတယ်။
မကောင်းဆိုးဝါးကောင်ရဲ့ရယ်မောသံကြီးနဲ့အတူ ဟိုတယ်မှာရှိတဲ့ ပစ္စည်းတွေအားလုံးဟာလည်း
တံခါးပေါက်တွေကနေ လွင့်စဉ်လာတယ်။ “ဟာ… ငါ့ပစ္စည်းတွေ ကုန်ပါပြီ၊ ဒါ
ဒါ… ဘာဖြစ်ကုန်တာလဲဟ
သူဌေး တရုတ်တစ်ယောက် တအံ့တသြ
ရေရွတ်လိုက်သလို ဝန်ထမ်းတွေအားလုံး ဒူးတုန်မတတ် ကြောက်လန့်နေကြတယ်။ မောင်သီးက လွင့်စဉ်လာတဲ့ပစ္စည်းတွေကို ကြည့်ရင်း…
“ဒါ… ဒါ သရဲခြောက်နေတာဗျ၊
ပုဏ္ဏက တိုက်ခံနေရတာ
လို့ ပြောလိုက်တဲ့အခါ သူဌေးနဲ့ လူအားလုံး မျက်လုံးပြူးကုန်ကြတယ်။

“ကယ်ကြပါဦးရှင်… အထဲမှာ
ကျွန်မသမီးလေး ကျန်ခဲ့တယ်၊ ကျွန်မတို့လည်း အသံတွေကြောင့် ငလျင်လှုပ်တယ်ထင်ပြီး လန့်ဖျပ်ပြေးထွက်လာတာ၊ လုပ်ကြပါဦး.. ဟီး…
ဟီး… ဟီး
“ဟာ… ဟိုမှာ အစ်မကြီး သမီး၊ သူ.
သူထွက်လာပြီး ကြည့်ပါဦး… သူ့မျက်နှာက ကြောက်စရာကြီးဗျ
မောင်သီးရဲ့အပြောကြောင့်
အားလုံးရဲ့အကြည့်က ဟိုတယ်ရဲ့ဝင်ပေါက်ဆီ ရောက်သွားကြတယ်။
“ဟီး… ဟီး… ဟီး.. ဟီး….ည..
ဒီနေရာကို အားလုံး ဖြိုဖျက်ပစ်မယ်၊ ငါတို့ကို မတောင်းပန်ဘဲ ငါတို့နေရာ အပိုင်စီးတဲ့ကောင်…

နင့်စည်းစိမ် ပြုတ်ဖို့ပြင်ထားဟေ့… ဟား….
ဟား… ဟား… ဟား…
မကောင်းဆိုးဝါးဝင်စီးခံရတဲ့
မီးမီးရဲ့အသံကြောင့် အားလုံး လန့်ဖျပ်သွားကုန်တယ်။
“အမယ်လေးတော်… ငါ့သမီးလေး
သရဲစီးခံနေရပြီ၊ ဒါ… နင်တို့ဆီမှာ
တည်းလို့ဖြစ်ရတာ ၊ နင်တို့ ဘယ်လိုရှင်းမလဲ ပြောကြစမ်းသူဌေးတရုတ်ဟာ
ချွေးသီးချွေးပေါက်ကျအောင်တုန်လှုပ်နေရှာတယ်။
ဂျာကြီးဘက်လှည့်ပြီး
“ငါ… ငါ ယုံတောင်မယုံဘူးကွာ၊
ဒါမျိုးတွေက တကယ်ပဲ ရှိသလားဟ၊ ဘာ… ဘာလုပ်ရမလဲ စိုးဝင်းရာ
လို့ ပြောနေစဉ်မှာပဲ `ဝုန်း နဲ အသံကြီးကြားလိုက်ရတယ်။
ဟိုတယ်ခေါင်မိုးပြားကြီးတွေ
ကျိုးကြေပြီး လွင့်စဉ်လာတဲ့အတွက် အားလုံး
ခြေဦးတည့်ရာ ပြေးကုန်ကြတယ်။
`သူဌေး.. အခု ယုံပြီမဟုတ်လား၊
ဒေါ်အိုစာဆိုတဲ့ စုန်းမကြီးကို သူဌေး
တောင်းပန်ရမယ်၊ ဒါမှ …. သူဌေး ဒီထက်ပိုပြီး
မဆုံးရှုံးမှာဗျ၊ ကျုပ်နဲ့ လိုက်ခဲ့မန်နေဂျာစိုးဝင်းက
သူဌေးတရုတ်ရဲ့လက်ကို ဆွဲရင်း ဒေါ်အိုစာတို့ရှိရာ
ပြေးသွားတယ်။ထိုအချိန်မှာ
ဒေါ်အိုစာတို့ဆီမှာတော့…
သူကြီးနဲ့ တပည့်တွေဟာ ဒေါ်အိုစာ့အနီး
ဝိုင်းအုံလာတဲ့ အရိပ်မည်းကြီးတွေကြောင့် အကြီးအကျယ် ကြောက်လန့်နေကြတယ်။
ဒေါ်အိုစာက ထိုင်ရာကထရပ်လိုက်တယ်။
`ဟား.. ဟား… ဟား.. ငါ့အမေ
မနိုင်ခဲ့တဲ့ နာနာဘာဝအားလုံးကို ငါ အနိုင်ရပြီ၊ ခုချိန်ကစပြီး ဖုတ် တစ္ဆေ သရဲ သဘက်အားလုံး အိုစာမရဲ့ထုံကူးမှု အောင်မြင်ခဲ့ပြီ၊ ကဲ..
လာကြစမ်းဒေါ်အိုစာက ထိုသို့ကြွေးကြော်ရင်း
ပြာမှုန့်တွေနဲ့ အရိပ်မည်းတွေကို
လှမ်းပက်လိုက်တယ်။မကောင်းဆိုးဝါးတွေရဲ့
ကြောက်မက်ဖွယ် အော်ဟစ်ငိုကြွေးသံတွေက အိုးဘိုတစ်ရွာလုံး တုန်လှုပ်ဖွယ် ကြားလိုက်ရတယ်။
“အမေအိုစာ အမေအိုစာ… ကျုပ်ကို
ကယ်ပါဦးဗျာ၊ မကောင်းဆိုးဝါးတွေ ကျုပ်ဟိုတယ်ကြီးကို ဖျက်ဆီးနေကြပါပြီ၊ ခြေထောက်ဖက် တောင်းပန်းပါတယ်ဗျာ၊ ကယ်တင်ပေးပါ အမေအိုစာ
သူဌေးတရုတ်ဟာ ပြေးလွှားလာရ်း
ဒေါ်အိုစာရဲ့ဘေး ဒူးထောကတောင်းပန်လိုက်တယ်။
– ` ဒီမယ် သူဌေးကောင်ရဲ့ … ငွေရှိလို့ ဘာမှအယူမရှိဘူးဆိုတဲ့ စိတ်ကို ပြင်လိုက်ပါ၊

တကယ်ဆို ကိုယ် စီးပွားရှာမယ့်နေရာမှ လုပ်သင့်တာကိုတော့ လုပ်ပေးခဲ့ရမယ်၊ ဒါတွေဖြစ်လာခြင်းဟာ နင် ပိုင်ရှင်ကိုယ်တိုင် သင်္ချိုင်းမြေက ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်တွေအတွက် ပွဲနဲ့ တောင်းပန်ခဲ့ရမှာအေ့၊ ခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရပြီ၊ ကျုပ်ကို ခြေထောက်ဖက် တောင်းပန်တော့လည်း ကူညီရတာ ပေါ့၊ နင့်ဟိုတယ်မှာ သောင်းကျန်းနေတာ ဒီနေရာရဲ့
သက်တမ်းအကြာမြင့်ဆုံး သဘက်ကြီးပဲ၊ ကဲ… ကျုပ်နောက် လိုက်ခဲ့ကြ
ဒေါ်အိုစာက ထိုသို့ပြောပြီး
ဟိုတယ်ကြီးဆီ အရိုးတောင်ဝှေးကို တဒေါက်ဒေါက်ထောက်ရင်း လျှောက်သွားတယ်။ သူတို့အားလုံး ဒေါ်အိုစာနောက်ကလိုက်ပါသွားကြတယ်။
သူဌေးတရုတ်တို့ကို မြင်တဲ့အခါ မီးမီးရဲ့မိဘတွေ ပြေးလွှားရောက်လာပြီး…
“နင်ဟာ အသုံးမကျတဲ့ သူဌေးပဲ၊
ဟိုမှာကြည့်စမ်း… နင့်ကြောင့် ငါ့ကလေး သေမတတ် ခံစားနေရတယ်၊
နင့်ဝန်ထမ်းအချို့လည်း လွင့်လာတဲ့ ပစ္စည်းတွေထိပြီး ဒဏ်ရာတွေ ရကုန်ပြီ၊ ငါ့သမီး တစ်ခုခု ဖြစ်လို့ကတော့ နင့်ကို တရားစွဲပြီး ထောင်ချပစ်မယ်၊ ဟီး… ဟီး… ဟီး… လို့ ငိုယိုပြောလာတယ်။
ဒေါ်အိုစာက ဟိုတယ်ကြီးကို
လှမ်းကြည့်ရင်း တရွေ့ရွေ့ လျှောက်သွားတယ်။
မီးမီးရဲ့ဟားတိုက်ရယ်မောသံကြီးနဲ့အတူ ပစ္စည်းတွေက
တဖွားဖွား လွင့်စဉ်ကျနေဆဲ။
“ဟား… ဟား… ဟား… ကုန်စမ်း…
အားလုံးကို ဖျက်ဆီးပစ်မယ်ဟေ့၊ ပြီးရင် .. အားလုံးကို မသာဘ၀ ပြောင်းပစ်မယ်၊ ဟား…

ဒေါ်အိုစာက တံခါးပေါက်ရှေ့ ရပ်ရင်း
တောင်ဝှေးကို ဆောင့်ချလိုက်တယ်။
`ဟေ့… မကောင်းဆိုးဝါးကောင်၊
အခု… နင့်ကို သဘက်ဘဝကနေ ချွတ်ဖို့ ငါ
ရောက်လာပြီ၊ အိုစာမအကြောင်း နင် သိရစေမယ်၊
လာခဲ့စမ်းဒေါ်အိုစာရဲ့ လက်ညှိုးထိုး
အပြောကြောင့် သဘက်ကြီးဟာ

ဒေါထွက်သွားပုံရတယ်။
၎င်းရဲ့လက်အစုံကို မြှောက်ရင်း
လေထဲကနေ ဒေါ်အိုစာကို ကိုင်ပေါက်ဖို့
ကြိုးစားနေတယ်။
ဒေါ်အိုစာက သူ့ဆီ ရွေ့လျားလာတဲ့
လေပွေလုံကြီးကို တောင်ဝှေးနဲ့ ဆတ်ခနဲ ရိုက်ချလိုက်တယ်။
`ဟား… ဟား… ဟား… ဒီအချိန်မှာပဲ မကောင်းဆိုးဝါးအားလုံးကို ချုပ်ကိုင်နိုင်တဲ့ ငါ အိုစာမ ဖြစ်သွားပြီ၊ နင့်ကို ချုပ်ကိုင်နိုင်ဖို့ နှစ်ပေါင်းများစွာ ငါ ကြိုးစားခဲ့ရတယ်၊ ဒီနေ့ ဒီည ငါ့ရဲ့အောင်မြင်မှု၊ နင့်ရဲ့ ကျရှုံးမှုပဲတဲ့၊ စုန်းမကြီး ဒေါ်အိုစာရဲ့အစွမ်းကို နင် သိရတော့မယ်
ဒေါ်အိုစာက ဖျင်လွယ်အိတ်ထဲက

အရိုးပြာမှုန့်တွေ ထုတ်ရင်း မီးမီးရှိရာ လှမ်းပက်လိုက်တယ်။
ပြာမှုန့်တွေဟာ လေထဲမှာပဲဘောလုံးလောက်ရှိတဲ့
ဖန်လုံးသဏ္ဌာန်ဖြစ်သွားတယ်။
ထိုဖန်လုံးဟာ လေထဲဝဲပျံသွားပြီး
မီးမီးလေးရဲ့ ကိုယ်ပေါ် အခိုးအငွေ့အဖြစ်လွှမ်းခြုံသွားတယ်။
မကောင်းဆိုးဝါးသဘက်ကြီးရဲ့
ကမ္ဘာပျက်မတတ် အော်ဟစ်သံကြီးက
နားကွဲလုမတတ် ကြားလိုက်ရတယ်။
လူအားလုံး အသံဆိုးကြီးကြောင့်
နားကိုယ်စီ ပီထားကြကုန်တယ်။
မီးမီးလေးဟာ အချိန်ကြာမြင့်စွာ မြေမှာ

လူးလှိမ့်ရင်း အော်ဟစ်နေရှာတယ်။
ဒေါ်အိုစာကြီးရဲ့ အောင်မြင်ဝံ့ကြွားတဲ့
ဟားတိုက်ရယ်မောသံကြီးဟာ
မကောင်းဆိုးဝါးအော်သံနဲ့
အားပြိုင်းနေသည့်အလား….။
အတန်ကြာမြင့်တဲ့အခါ မီးမီးလေးငြိမ်ကျသွားရှာတယ်။
သူမရဲ့ကိုယ်ထဲက အခိုးအငွေ့ တွေထွက်လာတယ်။
ထိုအခိုးအငွေ့ တွေဟာ တဖြည်းဖြည်း
ပေါင်းစုရင်း ဖန်လုံးသဏ္ဌာန် ပြန်ဖြစ်သွားတယ်။
ဖန်လုံးလေးထဲမှာတော့ ရုန်းကန်နေတဲ့မကောင်းဆိုးဝါးသဘက်ကြီး။
ဖန်လုံးလေးဟာ လေပေါ်ဝဲပျံရင်း
ဒေါ်အိုစာရှိရာ ရောက်သွားတယ်။ ဒေါ်အိုစာ ဖန်လုံးကိုလက်ပေါ်တင်ရင်း..
”ဟား… ဟား… ဟား…
အခုချိန်ကစပြီး နင့်ကို ငါ ပိုင်သွားပြီ၊ ငါ စေလိုရာ နင် လုပ်ပေးရတော့မယ်၊ စုန်းမကြီးဒေါ်အိုစာဟာ မကောင်းဆိုးဝါးအားလုံးကို ချုပ်ကိုင်နိုင်ပြီ… ဟား… ဟား.. ဟား …
လို့ ကြွေးကြော်လိုက်တယ်။
သူကြီးနဲ့ လူအားလုံး မီးမီးလေးရှိရာ
ပြေးလွှားရင်း ကလေးငယ်ကို ထွေးပွေ့လိုက်ကြတယ်။
“လုပ်ကြပါဦး.. သူ့ကို ခေါ်လို့ မရဘူး

လူတွေရဲ့ စိုးရိမ်မှုကို ဒေါ်အိုစာက -‘ဘာမှ စိတ်မပူကြပါနဲ့ …
ရေသွားယူခဲ့စမ်းလို့ စေခိုင်းလိုက်တယ်။
ရေယူလာတဲ့အခါ ဒေါ်အိုစာက
မှိုင်းခံစက္ကူနဲ့ စီရင်ထားတဲ့ အင်းချပ်ကို မီးမီးရဲ့ ပါးစပ်ထဲ ထည့်ပြီး ရေနဲ့မျှောချစေတယ်။
မီးမီးလေးသတိပြန်ရလာတဲ့အခါမှာတော့ အားလုံး
ဝမ်းသာသွားပြီး ဒေါ်အိုစာကို ကျေးဇူးတင်စကားဆိုကြကုန်တယ်။
ဒေါ်အိုစာက အားလုံးကိုလက်ကာပြရင်း…
“ကျုပ်အတွက် ကျေးဇူးဟာဘာမှသုံးစားလို့ မရဘူး၊ ကျုပ် လုပ်သင့်တာ လုပ်ခဲ့ပြီးပြီ၊ ကျုပ် သွားမယ်
လို့ ပြောဆိုပြီး တောင်ဝှေးကို
တဒေါက်ဒေါက် ထောက်ရင်း ထွက်ခွာသွားသည်။ သူကြီး၊ တရုတ်သူဌေးနဲ့ လူအားလုံး
ဒေါ်အိုစာကြီးရဲ့ ကျောပြင်ကို ငေးကြည့်ရင်း သချ‚င်းဟောင်းမြေ ဟိုတယ်ကြီးရှေ့ ငြိမ်သက်စွာ ကျန်ရစ်ခဲ့တော့တယ်။

Zawgyi Version

” သခ်ႋဳင္းကုန္းက ဟိုတယ္ႀကီး ”(စ/ဆုံး)
———————————————
(၁၉၉၁ ခုႏွစ္…)
အိုးဘိုရပ္ကြက္ေလးရဲ႕ မနက္ခင္းက ဆူညံဆူညံအသံမ်ားနဲ႔ လန္းဆန္းေနတယ္။ ႐ြာသူႀကီးရဲ႕ အိမ္ဝိုင္းထဲ လူေတြ
ၿခံလုံးျပည့္မွ် စုၿပဳံေရာက္ေနသလို သူႀကီးရဲ႕ မ်က္ႏွာမွာေတာ့ စိတ္ရႈပ္ေထြးမႈေတြပဲ ႀကီးစိုးေနရွာတယ္။
– “ဒီမယ္ သူႀကီး.. ဒီကိစၥကို က်ဳပ္တို႔ လုံး၀ လက္မခံဘူး၊ အဓိပၸါယ္မရွိတဲ့ကိစၥ၊
လူမဆန္တဲ့ လုပ္ရပ္ဗ်
႐ြာသားလူငယ္တစ္ေယာက္ရဲ႕စကားကို
က်န္တစ္ေယာက္က
“ဟုတ္တယ္ဗ်၊ ဒါက
အမ်ားနဲ႔ဆိုင္တဲ့ကိစၥဗ်၊ ဟိုက ေျပာတဲ့အတိုင္း သူႀကီးလုပ္ရင္ ႐ြာနီးခ်ဳပ္စပ္ေတြအားလုံး သူႀကီးကို ျပႆနာရွာလိမ့္မယ္
“ဟုတ္တယ္ေတာ့ သူႀကီးရဲ႕၊
သူႀကီးက က်ဳပ္တို႔႐ြာမွာ မ်ိဳး႐ိုးစဥ္ဆက္ သူႀကီးလုပ္ခဲ့တာေလ၊ ဓနရွင္ေတြေၾကာင့္ သူႀကီးအေပၚ႐ြာေတြအားလုံးထားတဲ့ ေလးစားမႈကို မေပါ့ေလ်ာ့ေစခ်င္ဘူးရွင္ ႐ြာသူရဲ႕အေျပာကို က်န္လူေတြကပါ “ဟုတ္တယ္ မွန္တယ္၊
႐ြာသားေတြဘက္က ရပ္တည္ေပးပါ သူႀကီး
လို႔ ဝိုင္းဝန္း ေျပာၾကကုန္တယ္။
အိုးဘို႐ြာသူႀကီး ဦးသက္ညိဳက
႐ြာသူ႐ြာသားေတြရဲ႕ စကားေတြေၾကာင့္
အႀကီးအက်ယ္ စိတ္ညစ္ညဴးသြားရတယ္။
ဒါ့ေၾကာင့္ စားပြဲခုံႀကီးကို တဘုန္းဘုန္းထုလိုက္ရင္း…
“ေတာ္ၾကပါေတာ့…
ရပ္ၾကပါေတာ့ဟ၊ ဒီကိစၥကို ငါ ေသေသခ်ာခ်ာ စဥ္းစားပါဦးမယ္၊ ျပန္ၾကပါေတာ့… ေတာင္းပန္ပါတယ္။ ၾကာရင္… ငါ အသက္ထြက္ေတာ့မယ္ဟ
လို႔ ေအာ္ဟစ္ပစ္လိုက္တယ္။
႐ြာသူ႐ြာသားေတြဟာ သူႀကီးရဲ႕

ေပါက္ကြဲမႈေၾကာင့္ တိတ္ဆိတ္သြားကုန္တယ္။ တစ္ေယာက္လက္ တစ္ေယာက္တို႔ရင္း
သူႀကီးရဲ႕ ၿခံဝိုင္းထဲကေန အသီးသီး
ထြက္ခြာသြားၾကတယ္။
ဒီအခ်ိန္မွာပဲ ႐ြာမွာ
အသက္အႀကီးဆုံးျဖစ္တဲ့ ဘြားအိုစာဟာ
တုတ္ေကာက္ကို အားျပဳရင္း သူႀကီးရဲ႕ ၿခံဝိုင္းထဲ ေရာက္လာတယ္။
`ဟာ… ဘြားေလးပါလား၊ ႂကြပါ…
ႂကြပါ ဘြားေလး၊ ဘြားေလးက
အိမ္ထဲေအာင္းေနတာ
ႏွစ္ေပါင္းမနည္းေတာ့ဘူးေလ၊ ဘယ္အေၾကာင္းေၾကာင့္မ်ား က်ဳပ္အိမ္
လာရပါသလဲ… ေျပာပါ ဘြားေလး
သူႀကီးက အိမ္ဦးခန္းမွာ ေနရာခ်ေပးရင္း ပ်ာပ်ာသလဲ ေမးလိုက္တယ္။
ေဒၚအိုစာဆိုတာက မ်ိဳး႐ိုးစဥ္ဆက္ ေအာက္လမ္းပညာရပ္မွာ တစ္ဖက္ကမ္းခပ္တဲ့သူ။ ဒါ့ေၾကာင့္ အိုးဘိုတစ္႐ြာလုံး
ဘြားေလးအိုစာကို အႀကီးအက်ယ္ ေၾကာက္လန႔္သည္။
အရမ္းလည္း ေလးစားၾကတယ္။
“နင္… အခု ဘာေတြလုပ္ေနသလဲ၊ ေျပာစမ္း သက္ညိဳ၊ ႐ြာသားေတြ နင္လုပ္တာ
မေက်နပ္ဘူးလို႔ ငါ သတင္းရတယ္ေဟ့
ဘြားေလးအိုစာရဲ႕ ေတာင္ေဝွးကို
ေဆာင့္ေျပာလိုက္တဲ့စကားေၾကာင့္ သူႀကီးသက္ညိဳဟာ အႀကီးအက်ယ္
ပ်ာယာခတ္သြားရရွာတယ္။
– “ ဒီ … ဒီလိုပါ ဘြားေလးရယ္၊
က်ဳပ္ကလည္း ဆႏၵအရ လုပ္ခ်င္လို႔ မဟုတ္ပါဘူး၊ ဘယ္သူ႔ကိုမွ က်ဳပ္မေျပာျပေပမယ့္ ဘြားေလးကို က်ဳပ္ ေျပာျပပါ့မယ္၊ တကယ္ေတာ့ ဘြားေလးရဲ႕.. ဒီသခ်ႋဳင္းရဲ႕ ေျမေနရာက က်ဳပ္တို႔႐ြာက ပိုင္ဆိုင္တာ မဟုတ္ဘူး၊ လြန္ခဲ့တဲ့ႏွစ္ေပါင္း ငါးဆယ္ေလာက္ကတည္းက သူေဌးႀကီး
ဦးက်င္ဆိုင္ ပိုင္ဆိုင္ခဲ့တာပါ၊ သူေဌးႀကီးက သေဘာေကာင္းတဲ့အတြက္ ႐ြာမွာ
သခ်ႋဳင္းေျမမရွိတုန္း သူ႔ေျမကြက္ကို သုံးခြင့္ျပဳခဲ့တာပါ၊ ဒါကို… သူႀကီးျဖစ္တဲ့ က်ဳပ္ကလြဲရင္ ဘယ္သူမွ မသိခဲ့ပါဘူး၊ အခု.. သူ႔ရဲ႕ မ်ိဳးဆက္ေတြက သခ်ႋဳင္းေျမေနရာကို
ေရာင္းခ်ခ်င္တဲ့အတြက္ က်ဳပ္ကို

သခ်.င္းဖယ္ခိုင္းေနၿပီ၊ က်ဳပ္ ဘာလုပ္ရမလဲ၊ က်ဳပ္ဘက္လည္း ထည့္စဥ္းစားပါဦး
ဘြားေလးရယ္
ေဒၚအိုစာက
သူႀကီးသက္ညိဳရဲ႕ ရွင္းျပမႈေၾကာင့္
“ေကာင္းၿပီး သက္ညိဳ၊ နင့္စကား
အမွန္ဆိုရင္ ငါကိုယ္တိုင္ ႐ြာသူ႐ြာသားေတြကို ေျပာေပးမယ္၊ သခ်ႋဳင္းဖယ္တာေတာ့ ဟုတ္ပါၿပီ၊ နာေရးေပၚလို႔ မသာခ်ရင္ ဘယ္သြားခ်ၾကမလဲေအ့
“ဒီအတြက္လည္း စိတ္မပူပါနဲ႔၊
႐ြာေနာက္ဘက္က ေခ်ာင္းစပ္ဘက္ေ႐ႊ႕ဖို
စီစဥ္ထားပါတယ္၊ ဘြားေလးသာ ႐ြာသားေတြကို
ရွင္းျပေပးပါဗ်ာသူႀကီးရဲ႕စကားကို ေဒၚအိုစာက
မ်က္ေမွာင္ၾကဳတ္ရင္း
“ေနစမ္းပါဦး၊ သူတို႔က သခ်ႋဳင္းေျမမွာ
ဘာလုပ္မယ္တဲ့လဲ
လို႔ ေမးလိုက္တဲ့အခါ သူႀကီးက…
– “ က်ဳပ္တို႔႐ြာက အေဝးေျပးလမ္းမရဲ႕ေဘးမွာ ရွိေနသလို၊ သခ်င္းကလည္း လမ္းမေဘးမွာ ရွိေနတာကိုး ဘြားေလးရဲ႕… ဒါေၾကာင့္ သူတို႔က အဲဒီ ေျမကို တည္းခိုခန္းလား၊ ဟိုတယ္လားေတာ့
မသိပါဘူးဗ်ာ၊ အဲဒါ ေဆာက္မယ္လို႔ ေျပာတာပါပဲ
သူႀကီးသက္ညိဳရဲ႕ စကားေၾကာင့္ ေဒၚအိုစာဟာ တအံ့တၾသ ေရ႐ြတ္လိုက္မိတယ္။

“ဘယ္လို… ဟိုတယ္ေဆာက္မယ္…
ဟုတ္လား၊ ႀကံႀကီးစည္ရာေတာ္… သခ်ႋဳင္းေျမႀကီးမွာ
သခ်ႋဳင္းေျမမွာ
ဟိုတယ္ေဆာက္မယ့္သတင္းက အိုးဘိုတစ္႐ြာလုံး အုတ္ေအာ္ေသာင္းတင္း ပ်ံ႕ႏွံ႔သြားသည္။
႐ြာသူ႐ြာသားေတြဟာ ဟိုတစ္ဟု
သည္တစ္စုနဲ႔ ထိုအေၾကာင္းကိုသာ
ေျပာၾကကုန္တယ္။
“ေျမပိုင္ရွင္ရွိလို႔ သခ်င္းဖယ္ရတာ
ဟုတ္ပါၿပီ၊ ဒါေပမယ့္
ဟိုတယ္ေဆာက္မယ္ဆိုတာေတာ့ မလုပ္သင့္ဘူးဗ်
“မွန္တာေပါ့ရွင္၊
ေျမပိုင္ရွင္ေတြက
စီးပြားေရး သိပ္ဆန္လြန္းတယ္၊ ဟိုတယ္ဆိုတာက
လူေတြက ခရီးသြားရင္း ပင္ပန္းရင္
ဝင္နားၾကမွာေလ၊ အ,မဂၤလာေနရာႀကီးမွာ ေဆာက္ထားေတာ့ အမယ္ေလး… ေတြး႐ုံနဲ႔
ၾကက္သီးထစရာႀကီးေတာ္
“အေကာင္းဘက္က ေတြးရင္ေတာ့
ေကာင္းပါတယ္ဗ်ာ၊ တို႔႐ြာထိပ္မွာ ဟိုတယ္ႀကီးရွိေတာ့ ဂုဏ္တက္တာေပါ့ဟ ‘‘ဂုဏ္တက္တာ အသာထားဦး၊
သရဲေတြ ဟိုတယ္ေပၚတက္ၿပီး ေျခက္လွန႔္ရင္ ေၾကာက္စာႀကီးေနာ္၊ အရင္ကတည္းက တို႔သခ်ႋဳ.င္းက ရာဇဝင္နဲ႔၊ ဒီသခ်ႋဳင္းကုန္း
ဘယ္ေလာက္အေျခာက္ၾကမ္းတယ္ဆိုတာ အားလုံး အသိပဲေလ၊ ညဘက္မေျပာနဲ႔… ေနဝင္ရီတေရာေတာင္ ျဖတ္ဝံ့တာမဟုတ္ဘူး
“ဒါေတာ့ဟုတ္တယ္ဗ်ိဳ႕၊ ၿမိဳ႕တက္ၿပီး
အျပန္ဆိုရင္ ေနမဝင္ခင္ အမီျပန္မွ၊ အသုဘခ်ရင္လည္း ေန႔ခင္းဘက္ ခ်ရဲၾကတာ၊ ေခတ္အဆက္ဆက္က သရဲ သဘက္ေတြ သခ်ႋဳင္းမွာ ႀကီးစိုးထားတာ အားလုံး အသိပဲ “ဟုတ္တယ္ေနာ္၊ ဒီအတိုင္းဆို
ဟိုတယ္ႀကီးသာ ေဆာက္ၿပီးသြားရင္… ဘာေတြျဖစ္ႏိုင္လဲ ေတြးမိ႐ုံနဲ႔ ေက်ာခ်မ္းမိပါရဲ႕၊ ေၾကာက္စရာႀကီးေတာ္႐ြာသူ႐ြာသားေတြဟာ
တစ္ေယာက္တစ္မ်ိဳး ေဝဖန္ေျပာဆိုရင္
႐ြာလမ္းအတိုင္း ေလွ်ာက္လာတဲ့ သူႀကီးကို ေတြ႕သြားၾကတယ္။
`ပ်ိဳ႕ သူႀကီး…. ဘယ္လဲဗ်
႐ြာသားေတြရဲ႕ ႏႈတ္ဆက္မႈေၾကာင့္
သူႀကီးက ၎တို႔ရွိရာ ေလွ်ာက္လာတယ္။
“လူေတြစုၿပီး ဘာေတြမ်ား
တိုင္ပင္ေနၾကတာလဲကြ
“တိုင္ပင္တာ မဟုတ္ပါဘူး သူႀကီးရာ၊
အတင္းခ်ေနၾကတာပါ.. ဟဲ.. ဟဲ “ေဟ… အတင္းခ်ေနတာ…
ဟုတ္လား၊ ဘယ္သူ႔အတင္းမ်ားလဲကြ
“ဟို… သခ်ႋဳ.င္း… သခ်ႋဳင္းကုန္းအတင္းဗ် ဟဲ…ဟဲ

“မင္းတို႔ေကာင္ေတြကြာ၊ ခ်စရာရွားလို႔ သခ်ႋဳင္းကုန္းအတင္းမ်ား ခ်ရတယ္လို႔
“ “ဒါနဲ႔… သူႀကီးကေရာ
ဘယ္သြားမလို႔လဲေတာ့္
“ငါလည္း သခ်ႋဳင္းကိစၥပဲေလ၊ ဘြားေလးအိုစာအိမ္ သြားမလို႔ဟ၊ နင္တို႔ လိုက္ခ်င္လိုက္ခဲ့ၾကေလ
သူႀကီးသက္ညိဳနဲ႔ ႐ြာသူ႐ြာသားတခ်ိဳ႕ဟာ ႐ြာရဲ႕ အေနာက္ဘက္အစြန္မွာရွိတဲ့ ေဒၚအိုစာၿခံကို ထြက္ခဲ့
ၾကတယ္။
“ဗ်ိဳ႕ .. ဘြားေလး… ဘြားေလးေရ၊
က်ဳပ္တို႔ ၿခံထဲဝင္ခဲ့မယ္ေနာ္
သူႀကီးသက္ညိဳက ထိုသို႔အသံျပဳရင္း
ၿခံဝိုင္းထဲ ဝင္သြားတယ္။
ေရနံေခ်း သုတ္ထားတဲ့
အိမ္ႀကီးနားေရာက္ေတာ့…
ေတာက္…
“ ေတာက္…. ေတာက္… ေတာက္….
သူတို႔အားလုံး အိမ္ေပၚေရာက္တံအခါ
ေက်ာေပးထိုင္ေနတဲ့ ေဒၚအိုစာကို
ေတြ႕လိုက္ၾကရတယ္။
ေဒၚအိုစာဟာ ေဟာင္းႏြမ္းေနတဲ့
အနက္ေရာင္ဝတ္စုံ ဝတ္ဆင္ထားသလို… အ႐ိုးေခါင္းႀကီးကို အ႐ိုးေခ်ာင္းနဲ႔ တေတာက္ေတာက္ ေခါက္ေနတယ္။
သူႀကီးနဲ႔ ႐ြာသားေတြဟာ ၎ရဲ႕ေနာက္
ဝင္ထိုင္ရင္ ၿငိမ္သက္စြာ ေစာင့္ေနလိုက္တယ္။
အတန္ၾကာမွ ေဒၚအိုစာဟာ
ေနာက္လွည့္လာတယ္။
ေျပာစမ္း
“ဘာအေၾကာင္းရွိလဲ သက္ညိဳ…
“ ဒီလိုပါ ဘြားေလး… မၾကာခင္မွာ သခ်ႋဳင္းေနရာကို ဖယ္ေပးရမွာ မဟုတ္လား၊ က်ဳပ္တို႔ အိုးဘို႐ြာသခ်င္းဆိုတာက သရဲ တေစၦ အေျခာက္ၾကမ္းတယ္ဆိုၿပီး ႐ြာနီးခ်ဳပ္စပ္အထိ သတင္းႀကီးတာ ဘြားေလး သိမွာပါ…။ ၿပီးေတာ့ အဲဒီ သခ်ႋဳင္းေျမမွာက ဟိုတယ္ေဆာက္မွာေလ၊ ဒါ့ေၾကာင့္ ေနာင္အခါ မလိုအပ္တဲ့ ကိစၥေတြ ျဖစ္လာမွာစိုးလို႔ သခ်ႋဳ.င္းေျမက နာနာဘာဝေတြကို ေ႐ႊ႕ေျပာင္းေပးရင္ ေကာင္းမလား ေတြးမိပါတယ္၊ ဒါေၾကာင့္ ဘြားေလးနဲ႔လာၿပီး တိုင္ပင္တာပါဗ်ာ

သူႀကီးသက္ညိဳရဲ႕စကားေၾကာင့္ ေဒၚအိုစာက ေခါင္းဆတ္ဆတ္ ညိတ္ရင္း.. “ဒါ လုပ္သင့္တဲ့ကိစၥပဲ၊ နင္တို႔သာ
ရက္သတ္မွတ္လိုက္၊ သခ်ႋဳင္းက နာနာဘာဝေတြ
ေ႐ႊ႕ဖို႔ ငါကူညီမယ္၊ ဒါပဲ မဟုတ္လား…
ျပန္ၾကေတာ့
လို႔ ေျပာတဲ့အတြက္ သူႀကီးနဲ႔ ႐ြာသားေတြလည္း လွည့္ျပန္ခဲ့ၾကရတယ္။ အျပန္လမ္းမွာ
႐ြာသားတစ္ေယာက္က………
“ဒီအဘြားႀကီးက ထူးဆန္းတယ္ကြ၊
အေၾကာင္းမရွိရင္ သူ႔ၿခံဝိုင္းထဲက အျပင္
လုံးဝမထြက္ဘူး၊ အၿမဲတမ္းလည္း အနက္ေရာင္ပဲ ဝတ္တယ္၊ ၿပီးေတာ့… ထဘီကလည္း

ေဇာက္ထိုးႀကီးကြ၊ မိန္းမေတြ ထဘီဝတ္ရင္ အထက္ဆင္က အေပၚဝတ္ၾကတာပဲ၊ သူက်မွ ေအာက္ေရာက္ေနတယ္လို႔၊ တကယ့္ စုန္းမႀကီးကြ
“ဟေကာင္ရ… စုန္းမႀကီးကပဲ
သခ်င္းက သရဲေတြ ေ႐ႊ႕ေပးမွာေနာ္၊ သူ႔အေၾကာင္း မေျပာနဲ႔ကြ၊ ေတာ္ၾကာ
ေနရင္းထိုင္ရင္ ျပဳစားေနဦးမယ္
“ဘယ္လိုလဲ သူႀကီး…
က်ဳပ္တို႔ေျပာထားတဲ့ကိစၥ အဆင္ေျပလား၊
အဆင္မေျပလည္း ဂ႐ုမစိုက္ဘူးေနာ္၊ က်ဳပ္တို႔က
သခ်င္းတစ္ခုလုံးကို ႐ိုက္ခ်ိဳးဖ်က္ဆီးၿပီး
ေျမလွန္ပစ္လိုက္မယ္၊ ေငြလမ္းခင္းလိုက္ရင္ ခင္ဗ်ားတို႔တစ္႐ြာလုံးပါ မသာနဲ႔အတူ ေ႐ႊ႕လိုက္ရမယ္၊ ဘာမွတ္ေနလဲ
သခ်ႋဳ.င္းေျမပိုင္ရွင္ရဲ႕ ေျမးျဖစ္သူ
ေမာင္တ႐ုတ္ရဲ႕ ႀကဳံးဝါးသံေၾကာင့္
သူႀကီးသက္ညိဳက လက္ကာလိုက္ရင္း…
“ဒီလိုမဟုတ္ရပါဘူး သူေဌးေလးရယ္၊
႐ြာသားအားလုံးလည္း သခ်ႋဳင္းေ႐ႊ႕မယ့္ကိစၥကို
လက္ခံၾကပါတယ္၊ မနက္ျဖန္ညဆို
သခ်င္းအၿပီးေ႐ႊ႕ၿပီးမွာပါ၊ က်ဳပ္ တာဝန္ယူပါတယ္
သူေဌးေလး
လို႔ ေျပာလိုက္တယ္။
“ဘာဗ်… သခ်ႋဳင္းေ႐ႊ႕တာ ဘယ္အခ်ိန္လုပ္လုပ္ ရတာ ပဲဗ်၊ ဘာလို႔
မနက္ျဖန္ညမွ ၿပီးရမွာလဲ၊ က်ဳပ္တို႔မွာ အခ်ိန္မရွိဘူးေနာ္
“ဟုတ္ပါတယ္ သူေဌးေလးရယ္၊
ဒီလိုပါဗ်ာ… ေနာက္ေန႔မနက္မွာ အုတ္ဂူေတြ၊ ေျမပုံေတြ ေ႐ႊ႕ဖို႔ စီစဥ္ထားပါတယ္၊ ည
ညပိုင္းမွာက သန္းေခါင္ခ်ိန္မွာ သခ်ႋဳင္းမွာရွိတဲ့ ဝိညာဥ္ေတြကို ေ႐ႊ႕ဖို႔အတြက္ပါ၊ ဒါ့ေၾကာင့္ သန္ဘက္ခါမွ သူေဌးေလးတို႔လက္ထဲ
သခ်ႋဳင္းေျမကို ျပန္အပ္ႏိုင္မွာပါဗ်ာ
သူႀကီးသက္ညိဳရဲ႕စကားေၾကာင့္
ေမာင္တ႐ုတ္ဟာ မ်က္ေမွာင္ႀကီး
ၾကဳတ္သြားတယ္။
“ဘယ္လိုလူေတြလဲဟ၊ ဒါ့ေၾကာင့္
ခင္ဗ်ားတို႔လိုလူေတြ ဖုန္ေတာထဲက
မထြက္ႏိုင္တာ၊ အလကား အယူသီးတဲ့လူေတြ၊ လူဟာ ေသရင္ၿပီးၿပီ… မွတ္ထား၊ ဘာဝိညာဥ္မွ မရွိဘူးဗ်၊ က်ဳပ္ ဘာမွမယုံဘူး
“ဟုတ္ပါတယ္ သူေဌးေလးရယ္၊
တစ္႐ြာလုံး စိတ္ရွင္းဖို႔ လုပ္ရတာ ပါဗ်ာ၊ တစ္ရက္ပဲ ေစာင့္ေပးပါဗ်ာ… တကယ္ပါ “ေကာင္းၿပီ… တစ္ရက္
အခ်ိန္ေပးလိုက္မယ္၊ ကတိမတည္ရင္ ခင္ဗ်ားတို႔တစ္႐ြာလုံး အိမ္ေျခမဲ့ဖို႔ ျပင္ထား… ဒါပဲ
သခ်ႋဳင္းေျမပိုင္ရွင္ရဲ႕ ေျမး
ေမာင္တ႐ုတ္ဟာ ၎ေျပာခ်င္တာကို
မိုက္မိုက္႐ိုင္း႐ိုင္း ေျပာဆိုၿပီး သူႀကီးၿခံဝိုင္းထဲက
လွည့္ထြက္သြားတယ္။
႐ြာသားတစ္ခ်ိဳ႕ က သူႀကီးရဲ႕ဝိုင္းထဲ
ဝင္လာရင္း…
“ပုံစံကိုက ေထာင့္မက်ိဳးဘူး
သူႀကီးရာ… ေျမရွင္ျဖစ္ၿပီး
သိပ္ေအာင္တန္းက်တယ္၊ က်ဳပ္ေတာ့ ဒင္းကို ေခ်ာင္း႐ိုက္ခ်င္စိတ္ ေပၚေနၿပီ… ေတာက္
လူမိုက္မီးခဲရဲ႕ အေျပာေၾကာင့္ သူႀကီးသက္ညိဳဟာ ေခါင္းခါရမ္းလိုက္တယ္။ • “မဟုတ္ေသးဘူး မီးခဲရ၊ ဘာပဲျဖစ္ျဖစ္
သူ႔အဘိုးရဲ႕ ေက်းဇူးကို ေထာက္ရမယ္ကြ၊ သူတို႔ပိုင္ေျမမွာ ႏွစ္ေတြအမ်ားႀကီး သခ်ႋဳ.င္းေနရာ ေပးထားခဲ့တယ္၊ အင္း … ပိုက္ဆံကလည္း ရွိ၊ ေခတ္ပညာတတ္ လူငယ္လည္းျဖစ္ေတာ့
နည္းနည္းေတာ့ ေအာက္ေျခလြတ္တာေပါ့ကြာ၊

သူ႔အဘိုး သူေဌးႀကီးက သိပ္ကို စိတ္ထားျပည့္ဝတာကြ၊ သူလည္း ငါတို႔အိုးဘို႐ြာသားပဲေလ၊
ထားလိုက္ပါေတာ့ကြာ… မၾကာခင္ ၿပီးသြားမယ့္ကိစၥပါကြာ
“မီးခဲေျပာသလိုပဲဗ်… က်ဳပ္လည္း
မခံႏိုင္ဘူး၊ အယူမသီးဘူး
အယုံၾကည့္မရွိဘူးဆိုၿပီး… တစ္ခ်ိန္
သူ႔ဟိုတယ္ႀကီး ဧည့္သည္ေတြနဲ႔ ျပႆနာတက္ရင္ သူပဲ စီးပြားပ်က္မွာ၊ ပညာသာတတ္တာဗ်၊ ဒီလူ ဘာမွ ဦးေႏွာက္မရွိဘူး
“ဒါေတာ့လည္း မင္းေျပာတာ
မွန္ပါတယ္၊ ဘုရားေဟာထဲမွာေတာင္ လူဟာ
ေသရင္ ေနာက္ဘဝဆိုတာ ရွိတယ္ကြ၊ ဘဝႏွစ္ခု ကူးေျပာင္းကာလ… ကိုယ့္ရဲ႕ကုသိုလ္,

အကုသိုလ္တရားေၾကာင့္ ႐ုပ္ခႏၶာကေန နာမ္ခႏၶာဘ၀ ေရာက္ႏိုင္တာပဲ။ ဒါေပမယ့္… တို႔႐ြာက သခ်ဳင္းကေတာ့ လူအားလုံး လိပ္ျပာလြင့္ေလာက္ေအာင္ ေျခာက္လွန္တယ္လို႔ နာမည္ႀကီးတာ အားလုံး အသိပဲ၊ သူတို႔ သခ်.င္းအေၾကာင္း မသိေသးလို႔ပါကြာ၊ ငါေတာ့ ဘာေတြျဖစ္မလဲဆိုတာ ရင္တထိတ္ထိတ္နဲ႔ နားစြင့္ေနရမွာပဲေဟ့
ေနာက္တစ္ေန႔…
အိုးဘို႐ြာရွိ ေယာက္်ားအားလုံး
မနက္ခုႏွစ္နာရီကတည္းက သခ်ႋဳင္းေ႐ႊ႕ဖို႔
လုပ္အားေပးၾကေတာ့တယ္။

ထိုသခ်ႋဳင္းက အိုးဘို႐ြာတင္မကဘဲ အနီးအနား႐ြာေတြကပါ
လာေရာက္ျမႇဳပ္ႏွံတဲ့အတြက္ အုတ္ဂူေတြ၊ ကမၺည္းတိုင္းေတြ အျပည့္အသိပ္။ ေဒၚအိုစာစီစဥ္ေပးတဲ့
ကန္ေတာ့ပြဲနဲ႔အတူ ထိုပြဲမွာ သူႀကီးက အေမႊးတိုင္ကို မျပတ္ထြန္းညႇိေပးေနရတယ္။
႐ြာသားေတြက
ညေနေစာင္းတဲ့အခ်ိန္ထိ သခ်ႋဳင္းေ႐ႊ႕ျခင္းကို အားသြန္ခြန္စိုက ျပဳလုပ္ေနၾကရွာတယ္။
အလုံးစုံ ေျပာင္းေ႐ႊ႕မႈျပဳၿပီးခ်ိန္မွာေတာ့
ည ေျခာက္နာရီ ရွိေနေခ်ၿပီ။
သခ်ႋဳင္း ေ႐ႊ႕ၿပီးတဲ့အတြက္ သူႀကီးဟာ
႐ြာသားတစ္ဦးကို လႊတ္ၿပီး ေဒၚအိုစာဆီ

အိမ္ျပန္ၿပီး တေရာ္နဲ႔ ေခါင္းေလွ်ာ္ပစ္ရမယ္ကြ
႐ြာသားတစ္အုပ္ဟာ ထိုသို႔ေျပာဆိုရင္း
ထန္းရည္ဆိုင္ဘက္ ဦးလွည့္ၾကတယ္။
ထန္းရည္ဆိုင္ေရာက္ေတာ့
ထန္းရည္ငါးပုလင္းနဲ႔ ပဲႀကီးေလွာ္မွာၿပီး ေသာက္စားၾကေတာ့တယ္။ ေသာက္စားရင္း အရွိန္ရလာတဲ့အခါမွာေတာ့…. “ေဟ့လူေတြ.. ခင္ဗ်ားတို႔
ေတြးၾကည့္စမ္းပါ၊ ဒီေန႔ည… ဘာညလဲဗ်၊
ေျပာစမ္းပါ
ႏြားေက်ာင္းသားလူငယ္ရဲ႕စကားေၾကာင့္
တစ္ေယာက္က…
““ အာ.. သိတာေပါ့ဗ်၊ ဒီညက

လျပည့္ည၊ က်ဳပ္ေတာင္ သန္းေခါင္ေက်ာ္ရင္ ေကာက္႐ိုးပုံမွာ ေအးမိနဲ႔ ခ်ိန္းထားေသးတယ္ Us… Us
လို႔ ေျပာလိုက္တယ္။
“ေဟ.. မင္းက ဒီလိုႀကီးလားကြ၊
ဒါဆိုရင္ေတာ့ မင္း ေက်ာခ်မ္းဖို႔သာ ျပင္ထား “အာ… က်ဳပ္ ေက်ာခ်မ္းေတာ့
ေအးမိက ဖက္ထားမွာေပါ့ဗ်ာ၊ အိုရခ်ည္ေသးရဲ႕ဗ်ာ
ႏြားေက်ာင္းသားက
ထိုလူရဲ႕အေျပာေၾကာင့္ ခြက္ထိုးခြက္လန္
ရယ္လိုက္တယ္။
“ဟား ဟား… ဟား…
ေသာက္႐ူးေကာင္၊ မင္း ေက်ာခ်မ္းရင္

ေအးမိေတာ့ ဖက္မွာမဟုတ္ဘူး၊ သရဲေတြပဲ ဖက္ထားလိမ့္မယ္ကြ… ဟား… ဟား…
“ဘာဗ် က်ဳပ္က သရဲနဲ႔ ႀကိဳက္တာမွ
မဟုတ္တာ၊ ေအးမိနဲ႔ ႀကိဳက္ေနတာဗ်
“ဟေကာင္ရ… ဒီည
သန္းေခါင္းခ်ိန္မွာ ေဒၚအိုစာႀကီး ဦးေဆာင္ၿပီး မေကာင္းဆိုးဝါးေတြကို သခ်ႋဳင္းေ႐ႊ႕မွာေလကြာ၊ ဒီညက်မွ ခ်ိန္းေတြ႕ မယ့္ မင္းတို႔အတြဲကေတာ့… ဟာ ဟ… ကံစမ္းမဲေပါက္တာပဲေဟ့
ႏြားေက်ာင္းသားရဲ႕ အေျပာေၾကာင့္
ထိုလူဟာ မ်က္ႏွာျပဴးသြားတယ္။
“ဟာ… ဟုတ္သားပဲ။ ဒီကိစၥကို ငါ
ေမ့သြားတယ္၊ မျဖစ္ဘူး.. မျဖစ္ဘူး၊ ေအးမိဆီ အျမန္သြားၿပီး ဘရိတ္အုပ္မွ ျဖစ္မယ္
ဟား… ဟား… ဟား…
ၾကည့္စမ္းပါဦး ကိုပိန္တစ္ေယာက္ ဆက္မေသာက္ႏိုင္ဘဲ ေျပးၿပီကြ၊ အလာကား ငေၾကာက္ႀကီး
ထိုေန႔ည သန္းေခါင္းယံအခ်ိန္..
ေဒၚအိုစာရဲ႕ ခိုင္းေစမႈေၾကာင့္
သူႀကီးသက္ညိဳကိုယ္တိုင္
သခ်ႋဳင္းေျမေရာက္ေနသလို
ႏြားလွည္းဆယ္စီးကိုပါ အသင့္ေခၚထားရသည္။
လျပည့္ညမို႔သခ်ႋဳင္းေျမတစ္ခုလုံး
လေရာင္ျဖာက်ေနသည္။
အေဝးက ၾကားရတဲ့
ေခြးအူသံေတြေၾကာင့္ သခ်ႋဳင္းကို ေရာက္ေနတဲ့ သူႀကီးရဲ႕ လွည္းသမားေတြဟာ ေက်ာထဲ စိမ့္မတတ္ ၾကက္သီးထသြားၾကတယ္။ ဒီအခ်ိန္မွာပဲ…
“ကဲ… အခ်ိန္က်ၿပီေဟ့၊
လွည္းသမားအားလုံး
လွည္းေပၚအသင့္ေနရာယူၾက
သူႀကီးရဲ႕ ေဆာ္ၾသမႈေၾကာင့္
လွည္းသမားေတြဟာ လွည္းအသီးသီးေပၚတက္ၿပီး
အသင့္ျပင္လိုက္ၾကတယ္။
ထိုအခ်ိန္ ေဒၚအိုစာဟာ

အမဲသားအစိမ္းေတြပါတဲ့ လင္ဗန္းႀကီးကိုင္ရင္း သခ်ႋဳင္းေျမရဲ႕အလယ္ဆီ ေလွ်ာက္သြားတယ္။
သခ်ႋဳင္းေျမရဲ႕
အလယ္ကိုေရာက္တဲ့အခါ အမဲသားဗန္းကို
ခ်လိုက္ၿပီး….
“အိုးဘို႐ြာရဲ႕သခ်ႋဳင္းမွာ ေနထိုင္တဲ့
သရဲ တေစၦ ဖုတ္ ၿပိတၱာ အသူရကာယ္အေပါင္းတို႔ နာနာဘာဝအေပါင္းအတြက္ က်ဳပ္ မယ္အိုစာ အသားစိမ္းမ်ား ေကြၽးေမြးပါတယ္၊ နာနာဘဝအေပါင္း
လာေရာက္စားေသာက္ႏိုင္ပါတယ္၊ ေအး… ၿပီးရင္ေတာ့ မယ္အိုစာအေျပာတဲ့အတိုင္း နင္တို႔အားလုံး လိုက္နာရမယ္… ၾကားၾကသလားေဟ့
လို႔ ေျပာၿပီး ေတာင္ေဝွးႀကီးကို ဒုန္းခနဲ
ေဆာင့္ခ်လိုက္တယ္။
ဒီအခ်ိန္မွာပဲ လေရာင္ေအာက္
အရိပ္မည္းႀကီးေတြဟာ
သခ်င္းရဲ႕အလယ္ေနရာဆီ တေ႐ြ႕ေ႐ြ႕ စုၿပဳံေရာက္လာၾကတယ္။
အမဲသားဗန္းဟာ ခဏခ်င္းဆိုသလို
ေျပာင္သလင္းခါေအာင္ ကုန္စင္သြားေတာ့တယ္။
ေဒၚအိုစာဟာ ဘာမွမရွိေတာ့ဘဲ
ဗန္းကိုၾကည့္ၿပီး ေက်နပ္စြာ ေခါင္းဆတ္ဆတ္
ညိတ္လိုက္တယ္။
“ေကာင္းၿပီေဟ့… ငါေကြၽးတဲ့အစာကို
စားၿပီးရင္ ငါေျပာတဲ့အတိုင္း လုပ္ရလိမ့္မယ္၊ ဟိုမွာရွိတဲ့ လွည္းေတြေပၚ နင္တို႔အားလုံး

တက္ရမယ္။ နင္တို႔ မွတ္ထားရမွာက.. အခု သခ်ႋဳ.င္းဟာ နင္တို႔အတြက္ မဟုတ္ေတာ့ဘူး၊ ဒီထက္ေကာင္းတဲ့သခ်ႋဳင္းကို နင္တို႔အားလုံး ပို႔ေပးမယ္၊ သြားၾကစမ္း
ေဒၚအိုစာဟာ ေတာင္ေဝွးကို `ဒုန္း ခနဲ
ေဆာင့္ၿပီး အသံစာစာနဲ႔ ေျပာလိုက္တယ္။
အရိပ္မည္းႀကီးေတြဟာ
ေဒၚအိုစာရဲ႕ေဘးကေန တရိပ္ရိပ္ ထြက္သြားၾကတယ္။
ဆိုတဲ့အသံနဲ႔အတူ လွည္းဆယ္စီးဟာ
အိခနဲ ျဖစ္သြားတဲ့အတြက္
လွည္းသားေတြအားလုံး မ်က္လုံးျပဴးရင္း လန႔္ဖ်ပ္သြားကုန္ၾကတယ္။

လွည္သမားေပသီးဟာ ေဇာေခြၽးျပန္စိတ္နဲ႔အတူ
`ဘုရား ဘုရား..
ဘယ္ေလက္မ်ားတဲ့ မေကာင္းဆိုးဝါးေတြလဲ မသိဘူး၊ လွည္းေပၚတက္ၾကတာမ်ား အိခနဲပဲ၊ ငါ့လွည္း ဝင္႐ိုးက်ိဳးတဲ့ရင္ေတာ့ ဒုကၡပဲ၊ အို… ဘာပဲျဖစ္ျဖစ္ သူႀကီးကို မလြန္ဆန္ရဲဘူး၊ ႐ြာေနာက္က သခ်ဳင္းသစ္ကို အျမန္ေရာက္မွ ေအးမယ္၊ ခုေတာ့.. ဘုရားစာ႐ြတ္႐ုံပဲ ရွိတယ္ လို႔ ေတြးလိုက္မိတယ္။
ဒီေနာက္မွာေတာ့ ေဒၚအိုစာနဲ႔
သူႀကီးသက္ညိဳတို႔ ဦးေဆာင္တဲ့
လွည္းဆယ္စီးဟာ အေနာက္သခ်ႋဳင္းကို သြားဖို႔
စတင္လိုက္ၾကတယ္။

ဒီအခ်ိန္မွာပဲ..
“မယ္အိုစာ.. နင့္လုပ္ရပ္ကို ငါတို႔
လက္မခံဘူး၊ ငါတို႔ ဒီေရာဟာ ဘယ္အေၾကာင္းနဲ႔မွ ဖယ္မေပးႏိုင္ဘူး
ဆိုတဲ့ ေၾကာက္မယ္ဖြယ္အသံႀကီးကို
သူႀကီးေရာ လွည္းသမားေတြပါ ထိတ္လန႔္ဖြယ္ ၾကားလိုက္ရတယ္။
ေဒၚအိုစာဟာ ေရွ႕မွ
ဦးေဆာင္သြားေနရာကေန ေျခလွမ္းရပ္ၿပီး ေတာင္ေဝွးကို ဒုန္းခနဲ ေဆာင့္ခ်လိုက္တယ္။
“ဘယ္သူေတြလဲေဟ့… ငါ့အလုပ္ကို
ဝင္ရႈပ္ရင္ ငါ လုံးဝ သည္းမခံဘူးေဟ့၊ ခုခ်က္ခ်င္း
ငါ့ေရွ႕ေရာက္စမ္းေဒၚအိုစာရဲ႕ရာဇသံမဆုံးခင္ဘဲ

႐ုပ္ရည္အလြန္ဆိုးတဲ့
မေကာင္းဆိုးဝါးငါးေယာက္က သူမေရွ႕ ဘြားခနဲ
ေပၚလာတယ္။
ျမင္မေကာင္းေလာက္တဲ့
ေၾကာက္မက္ဖြယ္ ႐ုပ္အဆင္းေတြေၾကာင့္ သူႀကီးနဲ႔ လွည္းသမားေတြဟာ ေၾကာက္ဒူးတုန္ၿပီး ေခါင္းေမြးေထာင္သြားကုန္တယ္။
“မယ္အိုစာ… ငါတို႔ဟာ ဒီသခ်ႋဳင္းမွာ
အေစာဆုံျမႇဳပ္ႏွံခဲ့ရတဲ့ အစိမ္းေသေတြပဲ၊ ငါတို႔ ဒီမွာ ေနထိုင္ခဲ့တာ ႏွစ္ေပါင္း ငါးဆယ္ရွိၿပီ၊ ငါတို႔ဟာ သမာၻရင့္ေနတဲ့ သဘက္ႀကီးေတြပဲ၊ ငါတို႔ ဒီေနရာက လုံး၀ မခြာေပးႏိုင္ဘူး၊ နင္ဟာ
မ်ိဳး႐ိုးစဥ္ဆက္ စုန္းမပဲ၊ နင္ အပ်ိဳအ႐ြယ္ နင့္အေမေတာင္ ငါတို႔ငါးေယာက္ကို သခ်ႋဳင္းက မဖယ္ရွားႏိုင္ခဲ့ဘူး၊ ဒါေၾကာင့္ နင့္ကို ငါတို႔

သတိေပးမယ္၊ ဘယ္အေၾကာင္းနဲ႔မွ ငါတို႔ ဒီသခ်ႋဳင္းေျမက ဖယ္မေပးႏိုင္ဘူးကြ… ဟား…
ဟား… ဟား.. ဟား..
မေကာင္းဆိုးဝါး သဘက္ႀကီးေတြရဲ႕
အသံေၾကာင့္ ေဒၚအိုစာဟာ အႀကီးအက်ယ္ မ်က္ႏွာပ်က္သြားတယ္။
ဒီအခ်ိန္မွာပဲ ႐ုတ္ျခည္းဆိုသလို
မေကာင္းဆိုးဝါးေတြလည္း
ေပ်ာက္ကြယ္သြားေတာ့တယ္။
ေဒၚအိုစာက မ်က္ႏွာမသာမယာနဲ႔ လွည္းသမားေတြကို အခ်က္ျပလိုက္တယ္။
လွည္းသမားေတြလည္း
ေၾကာက္ေၾကာက္နဲ႔ပဲ နားကို ႀကိမ္တို႔ရင္း ေဒၚအိုစာေနာက္ လိုက္သြားၾကရတယ္။

သူႀကီးသက္ညိဳဟာ ေဒၚအိုစာကို ေမးစရာရွိေပမယ့္ မေမးရဲတဲ့အတြက္ ႏႈတ္ဆက္လိုက္ပါသြားရွာတယ္။
` `သက္ညိဳ… နင္ ငါ့ကို
ေမးစရာရွိေနတယ္ မဟုတ္လား၊ ဘာေမးခ်င္သလဲ
သူ႔စိတ္ထဲျဖစ္ေနတာကို ေဒၚအိုစာက
တဲ့တိုးႀကီး ေမးခ်လိုက္တဲ့အတြက္ သူႀကီးသက္ညိဳ
ဆတ္ခနဲ တုန္သြားတယ္။
“ဟုတ္… ဟုတ္ေတာ့ ဟုတ္ပါတယ္
ဘြားေလး၊ က်ဳပ္ သိခ်င္ေနတာက ခုနက
ကိစၥကိုပါ၊ က်ဳပ္ အေမးမွားခဲ့ရင္ စိတ္မခုပါနဲ႔ေနာ္
ဘြားေလးေဒၚအိုစာက သူ႔အေျပာေၾကာင့္

မဲ့ၿပဳံးၿပဳံရင္း ေခါင္းကို ဆတ္ခနဲ ညိတ္လိုက္တယ္။ “ေမးသင့္တဲ့ ေမးခြန္းပါ သက္ညိဳ၊
နင္တို႔ တစ္႐ြာလုံးက ငါ့ကို စုန္းမႀကီးဆိုၿပီး
ေၾကာက္႐ြံ႕႐ိုေသေနၾကတယ္။ ဒီလိုပဲ မေကာင္းဆိုးဝါး အမ်ားစုဟာလည္း ငါ့ရဲ႕အာဏာစက္ကို ဘယ္သူမွ လြန္ဆန္လို႔ မရဘူး၊ ဒီအတိုင္းပါပဲ… ငါ့အေမ မလုပ္ႏိုင္တဲ့ အေၾကာင္းအရာကို ငါ ဘယ္ေတာ့မွ လုပ္ႏိုင္မွာ မဟုတ္ဘူး၊ ငါ အာ႐ုံခံၾကည့္ၿပီးၿပီ သက္ညိဳ… မေကာင္းဆိုးဝါး သဘက္ႀကီးေတြက သိပ္ဝါရင့္ေနၾကၿပီ၊ စိတ္မေကာင္းေပမယ့္ ငါ ဒီထက္ပိုၿပီး မတတ္ႏိုင္ေတာ့ဘူး၊ ဒါပါပဲ

ေနာက္တစ္ေန႔မွာေတာ့…
ေျမပိုင္ရွင္ ေမာင္တ႐ုတ္ဟာ ၎ရဲ႕လူေတြေခၚၿပီး သခ်ႋဳင္းေျမမွာ စတင္ တူးဆြေတာ့တယ္။
ပန္းရံအလုပ္သမားေတြဟာ
ညေနေစာင္းအခ်ိန္ထိ ေခြၽးတလုံးလုံးနဲ႔ ေဖာင္ေဒးရွင္းအတြက္ တူးဆြၾကကုန္တယ္။
ညေန ငါးနာရီအခ်ိန္မွာေတာ့ `အား
ခနဲ ေအာ္ဟစ္လိုက္တဲ့ အသံနက္ႀကီးကို အိုးဘိုတစ္႐ြာလုံး အထင္အရွား ၾကားလိုက္ရတယ္။
သူႀကီးနဲ႔႐ြာသားေတြဟာ ထိုေနရာဆီ

အေျပး သြားၾကည့္ခ်ိန္မွာေတာ့ ပါးစပ္က
အျမႇဳပ္တစီစီ ထြက္ေနတဲ့
အလုပ္သမားတစ္ဦးကို
ေတြ႕လိုက္ၾကတယ္။
“လုပ္ၾကပါဦးဗ်.. သူ.. သူ႔ကို
ေႁမြေပါက္သြားၿပီ
အလုပ္သမားေတြရဲ႕
တစ္ေယာက္တစ္ေပါက္ ေအာ္ဟစ္သံေၾကာင့္ ႐ြာသားေတြဟာ နီးစပ္ရာ ဝါးရင္းတုတ္ကို
ဆြဲရင္း…
“ဘယ္မွာလဲ ေပါက္တဲ့ေႁမြ၊ အေသ႐ိုက္သတ္မွ ျဖစ္မယ္၊ ဘယ္မလဲ
လို႔ ဝိုင္းဝန္းေမးျမန္းၾကတယ္။
“မ… မသိဘူးဗ်၊ ဟိုဘက္ေတာ့
ထြက္သြားတာပဲ
“ဟာ… ဒါဆို ဘယ္ျဖစ္မလဲကြ၊ သူေဌးကို အေၾကာင္းၾကားမွ ျဖစ္မယ္
႐ြာသားေတြက တစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ၾကည့္ၿပီး…
“ အင္း… ဒီေနရာရဲ႕ ဇာတ္လမ္းေတာ့
စၿပီထင္တယ္ကြာ၊ ဒီေန႔ပဲ ေျမတူးတယ္၊ ဒီေန႔ပဲ လူေသရတယ္လို႔၊ နိမိတ္မေကာင္းလိုက္တာ “တိုက္ဆိုင္မႈလည္း ျဖစ္မွာပါကြာ၊
ေဒၚအိုစာကိုယ္တိုင္ ဝိညာဥ္ေတြကို ေနရာေ႐ႊ႕ၿပီးၿပီပဲ၊ ဘာမွ မျဖစ္ေလာက္ပါဘူးကြ “ “မင္းကလည္းကြာ…
လွည္းသမားေတြ ေျပာတာ မၾကားဘူးလား၊ အဲဒီ
ညက သခ်ႋဳ.င္းက ဝိညာဥ္ေတြေ႐ႊ႕ခ်ိန္မွာ
မေကာင္းဆိုးဝါးေတြနဲ႔ ေဒၚအိုစာႀကီး

စကားေျပာတယ္ဆိုပဲကြ၊ သခ်ႋဳင္းသစ္ကို မလိုက္တဲ့ ဝိညာဥ္ေတြ ရွိတယ္ေလ၊ ငါ့အထင္ေတာ့ ဒီလူေသတာဟာ သရဲေတြ လက္ခ်က္ပဲ ျဖစ္ရမယ္ကြ
႐ြာသားေတြ ထိုသို႔ေျပာေနခ်ိန္မွာပဲ
ေျမပိုင္ရွင္တ႐ုတ္ ေရာက္ရွိလာတယ္။
ေျမပိုင္ရွင္တ႐ုတ္ဟာ အုံခဲ့ေနတဲ့
လူေတြကို ၾကည့္ၿပီး….
“ ေဟ့… ကိုယ့္အလုပ္ကို
ဆက္လုပ္ၾကစမ္းပါ၊ ေႁမြေပါက္ခံရလို႔ ေသတဲ့လူလည္း ေသၿပီ၊ အခ်ိန္ကုန္မခံနဲ႔ … သြားၾက… သြားၾက
လို႔ ေျပာဆိုရင္း ၎ရဲ႕
မန္ေနဂ်ာဘက္လွည့္ကာ…

“သူ႔မိသားစုဆီ အေၾကာင္းၾကားလိုက္၊ ထိုက္သင့္တဲ့ ေလ်ာ္ေၾကးေပးၿပီး အသုဘကိစၥကို
စီစဥ္ေပးလိုက္… ၾကားလား
ေျမပိုင္ရွင္တ႐ုတ္ဟာ ထိုသို႔ေျပာဆိုၿပီး
အေလာင္းကို တစ္ခ်က္မွ မၾကည့္ဘဲ
ထြက္သြားေတာ့တယ္။
႐ြာသားေတြဟာ ေျမပိုင္ရွင္ရဲ႕
လုပ္ရပ္ေၾကာင့္ ႐ြံရွာစက္ဆုပ္ဟန္နဲ႔…
““႐ိုင္းလိုက္တဲ့ သူေဌးကြာ၊
လူတစ္ေယာက္လုံး ေသတာကို
ပု႐ြက္ဆိတ္ေသတာေလာက္ပဲ သေဘာထားတယ္၊
လူမဆန္တဲ့ေကာင္ပဲ
သခ်ႋဳ.င္းေျမမွာ ဟိုတယ္ေဆာက္ဖို႔
ေျမတူးတဲ့ ဒုတိယေန႔…
ေျမတူစက္ႀကီးေတြနဲ႔အတူ
အလုပ္သမားေတြအားလုံး
အလုပ္မ်ားေနၾကတယ္။
အလုပ္သမားတစ္ခ်ိဳ႕က ေျမႀကီးေတြကို
ေတာင္းေတြနဲ႔ က်ဳံးထည့္ေနၾကတယ္။ “ေဟ့ေကာင္.. ၾကည့္စမ္းပါဦးကြ၊
ေျမႀကီးေတြထဲမွာ အ႐ိုးေတြလည္း ပါတယ္ကြ၊
႐ြံစရာႀကီးကြာ
ေျမသယ္အလုပ္သမားရဲ႕ အေျဖကို
က်န္တစ္ေယာက္က
“ဟ… ဒါက သခ်ႋဳ.င္းကုန္းႀကီးေလ၊
အ႐ိုးေတြ႕ တာ ဘာထူးဆန္းလို႔လဲ၊ ပိုက္ဆံရွိတဲ့

လူေတြမ်ားကြာ သခ်င္းေတာင္ အလြတ္မေပးဘူး၊ ဒီေနရာမွာ ဟိုတယ္ႀကီးေဆာက္ပစ္မွာကြ၊ ငါသာ ပိုက္ဆံရွိရင္ ဒီဟိုတယ္မွာ ဘယ္ေတာ့မွ မတည္းဘူး၊ ေၾကာက္စရာႀကီးကြ
လို႔ ေျပာလိုက္တယ္။
ေျမတူးရာနဲ႔ မလွမ္းမကမ္းမွာေတာ့ အလုပ္သမားတစ္စုဟာ ေညာင္ပင္ႀကီးကို ခုတ္လွဲဖို႔ ႀကိဳးစားေနၾကတယ္။
ဒီအခ်ိန္မွာပဲ ေညာင္ပင္ႀကီးဟာ ဝုန္းခနဲ
ၿပိဳက်သံ ၾကားလိုက္ရသလို `အား ခနဲ ေအာ္ဟစ္လိုက္တဲ့ အသံႀကီးကိုပါ ၾကားလိုက္ရတယ္။
အလုပ္သမားအားလုံး လန႔္ဖ်ပ္ၿပီး
ေညာင္ပင္ရွိရာ တဝုန္းဝုန္း

ေျပးလာၾကကုန္တယ္။
“ ကယ္ၾကပါ… ပိေနၿပီဗ်၊ က်ဳပ္တို႔ကို အျမန္ဆြဲထုတ္ေပးပါ၊ နာတယ္… နာတယ္
ေညာင္ပင္ႀကီးေအာက္မွာ ပိေနတဲ့
အလုပ္သမား ငါးေယာက္။
က်န္လူေတြက ရွိသမွ်အားကုန္သုံးၿပီး
လဲေနတဲ့ ေညာင္ပင္ႀကီးကို တြန္းေ႐ႊ႕ၾကတယ္။ “ဟာ… ေသြးေတြနဲ႔ကြ၊ ဒဏ္ရာေတြ
ရကုန္ၿပီ၊ လာကူၾကပါဦးေဟ့
အလုပ္သမားႀကီးတစ္ေယာက္ရဲ႕
ေအာ္သံေၾကာင့္ က်န္လူေတြက ေညာင္ပင္ပိေနတဲ့ လူေတြကို ဆြဲထုတ္ၾကတယ္။
“ ဟာ… ဒီလူ႔ေခါင္းမွာ
ေသြးေတြအမ်ားႀကီး ထြက္ေနပါလား၊ မျဖစ္ဘူးကြ၊
ေဆး႐ုံပို႔မွ ရလိမ့္မယ္
ေညာင္ပင္ပိသူ ငါးဦးမွာ
တစ္ေယာက္က အေျခအေန
အရမ္းဆိုေနတဲ့အတြက္ ေထာ္လာဂ်ီတစ္စီး အျမန္စီစဥ္ၿပီး တိုက္နယ္ေဆး႐ုံပို႔ဖို႔
ျပင္လိုက္ၾကတယ္။
“မင္းတို႔ကြာ… အပင္ခုတ္တာ
သတိထားမွေပါ့ကြ၊ ခုေတာ့ မျဖစ္သင့္တာေတြ
ျဖစ္ကုန္ၿပီ
“က်ဳပ္တို႔ သတိထားပါတယ္
အလုပ္သမားေခါင္းရယ္…. ထူးဆန္းတယ္ဗ်… က်ဳပ္တို႔ တြက္တာက ေညာင္ပင္ႀကီးက ညာဘက္ကို လဲရမွာ၊ ဘယ္ဘက္လဲသြားေတာ့လူေတြပိကုန္တာေပါ့၊ တကယ္

မရည္႐ြယ္ပါဘူးဗ်ာ၊ သူတို႔အတြက္လည္း စိတ္မေကာင္းဘူး
ေညာင္ပင္ပိတဲ့အတြက္
အလုပ္သမားေလးဦး ဒဏ္ရာရၿပီး
တစ္ဦးေဆး႐ုံပို႔ရတဲ့သတင္းက ခဏခ်င္းဆိုသလို
အိုးဘိုတစ္႐ြာလုံး ပ်ံ႕ႏွံ႔သြားတယ္။
ဒီသတင္းဟာ သူႀကီးသက္ညိဳရဲ႕နား
ေပါက္သြားတဲ့အခါ။
”အင္း…
သခ်င္းေဟာင္းရဲ႕ေျမကေတာ့ တစ္ေန႔တစ္မ်ိဳး အေၾကာင္းေပၚေနၿပီ၊ ဒါမ်ိဳးျဖစ္မွာစိုးလို႔
လုပ္သင့္တာလည္း လုပ္ေပးခဲ့ၿပီးၿပီ၊ ေငြကလြဲရင္ ဘာမွလက္မခံတဲ့ ေျမရွင္သူေဌးေလးနရဲ႕
သခ်င္းေဟာင္းဟာ

ဒီထက္ဆိုး႐ြာတဲ့အေၾကာင္းေတြ မျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းရေတာ့မယ္
အထက္ပါအေၾကာင္းအရာမ်ား
ျဖစ္ပြားၿပီး (၂)ႏွစ္ခန႔္ၾကာေသာအခါ….
အေဝးေျပးလမ္းမႀကီးေပၚ
ဗင္ကားအျဖဴေလးတစ္စီးဟာ တရိပ္ရိပ္ ေျပးလႊားေနတယ္။
အခ်ိန္က
ညဆယ့္တစ္နာရီေက်ာ္ေနသလို
ကားအတြင္းမွာေတာ့ စုံတြဲတစ္တြဲ ပါလာတယ္။ ေကာင္မေလးက ကားေမာင္းေနတဲ့

လူႀကီးရဲ႕ပခုံးကို လွမ္းမွီလိုက္ရင္း…
“ကိုကို.. မီး အရမ္းပင္ပန္းေနၿပီ
ကိုကိုရဲ၊ အိပ္လည္း အရမ္းအိပ္ခ်င္ေနတယ္…
သိလား
လို႔ မ်က္ႏွာရႈံ႕ မဲ့ၿပီး ေျပာလိုက္တယ္။
ကိုကိုဆိုတဲ့လူက ေကာင္မေလးရဲ႕
ေခါင္းကို ပြတ္သပ္လိုက္ရင္း…
` ` မီးရယ္ … ဒီခရီးက ကိုကိုတို႔ရဲ႕ ဟန္းနီးမြန္းခရီးေလကြာ၊ ကဲ ကဲ…. မီး အရမ္းပင္ပန္းေနလည္း အိပ္လိုက္… ဟုတ္လား လို႔ ေျပာလိုက္တဲ့အခါ
ေကာင္မေလးက…
“အာ.. ကိုကိုကလည္း မီးက
ကားေပၚမွာ မအိပ္တတ္ဘူးေလ၊

ဟိုတယ္ေကာင္းေကာင္းတစ္ခုမွာပဲ နားခ်င္တာ…
ေနာ္ ကိုကို
• “ အင္းပါ မီးရယ္.. ကိုကို
ဟိုတယ္ရွာၾကည့္ပါဦးမယ္၊ ခဏေလး
သည္းခံေနာ္
လူႀကီးက ကားေမာင္းေနရာက
ပတ္ဝန္းက်င္ကို မ်က္လုံးေဝွ႔ရင္
ရွာေဖြေနလိုက္တယ္။
“ဟာ.. မီးေရ… မီးေတာ့
ကံေကာင္းတာပဲကြ၊ ဟိုမွာ ၾကည့္စမ္း… ဟိုတယ္
ေတြ႕ၿပီကြ
လူႀကီးရဲ႕ အေျပာေၾကာင့္
ေကာင္မေလးက ေမွးေနတဲ့ မ်က္လုံးကို အတင္းၿဖဲၿပီး ၾကည့္လိုက္တယ္။

မီးေရာင္စုံေတြနဲ႔ ဟိုတယ္ဆိုင္းဘုတ္တစ္ခု..
”အင္…
နတ္မင္းဘုံဟိုတယ္ဆိုပါလား၊ နာမည္ကေတာ့ အပ်ံစားပဲ ကိုကိုရဲ႕၊ မီးတို႔ ဒီမွာ ဝင္နားရင္ ေကာင္းမယ္၊ ကိုကိုလည္း တစ္ေလွ်ာက္လုံး ကားေမာင္းရတာ ပင္ပန္းေနၿပီေနာ္
ေကာင္မေလးရဲ႕စကားကို လူႀကီးက
ၿပဳံးၿပဳံးႀကီးနဲ႔ …
“သိပ္ဟုတ္တာေပါ့ မီးရယ္၊
ကိုကိုလည္း သိပ္ပင္ပန္းေနၿပီ၊
နတ္မင္းဘုံဟိုတယ္မွာ ဝင္နားၿပီး တဝႀကီး
အနားယူပစ္လိုက္မယ္… ဟဲ …. ဟဲ
လို႔ ေျပာလိုက္ေတာ့တယ္။

လူႀကီးက ေျပာဆိုရင္ ဟိုတယ္ထဲ ကားကို ခ်ိဳးေကြ႕ဝင္လိုက္တယ္။
ပါကင္မွာ ကားရပ္ၿပီး ဟိုတယ္ရဲ႕ဧည့္ႀကိဳေကာင္တာဆီ ေလွ်ာက္သြားတယ္။
“က်ဳပ္တို႔ ႏွစ္ေယာက္ခန္းတစ္ခန္း
လိုခ်င္တယ္ ရႏိုင္မလား
လူႀကီးရဲ႕စကားေၾကာင့္ ဧည့္ႀကိဳေကာင္တာမွ မိန္းကေလးက ဧည့္မွတ္တမ္းစာအုပ္ကို လွန္လိုက္ရင္း… “ရပါတယ္ရွင္…
လူႀကီးမင္းတို႔အခန္းက ၁၀၉ ပါ၊
မွတ္ပုံတင္ေပးခဲ့ၿပီး အနားယူလို႔ ရပါၿပီရွင္
လို႔ ျပန္ေျပာလာတယ္။

ၾကင္စဦး ဇနီးေမာင္ႏွံႏွစ္ဦးက အခန္းေသာ့ကို ယူရင္း ေပ်ာ္႐ႊင္စြာ အခန္း ၁၀၉ ကို သြားၾကေတာ့တယ္။
အခန္းထဲေရာက္တဲ့အခါမွာေတာ့… “အားပါး… ၾကည့္စမ္းပါဦး မီးမီးရယ္၊
အဲကြန္းကလည္း ေအးစိမ့္ေနတာပဲ၊ အခန္းအေနအထားကလည္း ရန္ကုန္ၿမိဳ႕ေပၚက
နာမည္ႀကီး ဟိုတယ္ႀကီးေတြလိုပဲကြ၊ ေဈးကလည္း သက္သာေနေတာ့ ဒီမွာ တည္းရတာ တန္ပါတယ္
“ဟုတ္တယ္ေနာ္ ကိုကို၊
ဖဆက္လတီအားလုံးကရန္ကုန္ဟိုတယ္ေတြအတိုင္းပဲ၊ မီးေတာ့
ပင္ပန္းသမွ် အတိုးခ်ၿပီး အိပ္ၿပီ ကိုကိုေရ

မီးဆိုတဲ့ မိန္းကေလးက
ႏွစ္ေယာက္အိပ္ ေမြ႕ရာႀကီးေပၚ ေျခပစ္လက္ပစ္ လွဲခ်ရင္း အိပ္ပစ္လိုက္တယ္။
ကိုကိုဆိုတဲ့လူႀကီးက မီနီေရခဲေသတၱာေလးကို ဖြင့္လိုက္ရင္း…. • “ အားပါး … ငါ့အႀကိဳက္ ဘီယာတံဆိပ္မ်ိဳးစုံ ထည့္ထားပါလား၊ ဟာ ဟ… မီးလည္း အိပ္ၿပီဆိုေတာ့ ဘီယာေတြ တဝႀကီးေသာက္ၿပီးမွ အိပ္ပစ္မယ္ကြ လို႔ ႀကဳံးဝါးလိုက္ေတာ့တယ္။
လူႀကီးဟာ ႏွစ္နာရီခြဲအခ်ိန္အထိ
ဘီယာဘူးေတြကို စိမ္ေျပနေျပ ထိုင္ေသာက္ေနတယ္။
သုံးနာရီထိုးခါနီး မွာေတာ့

ဘယ္ကိုေဟာအရွိန္ေၾကာင့္ မ်က္ခြံေတြ
ေလးလံလာတယ္။
ဒါ့ေၾကာင့္ ထိုင္ရာကထရင္း ဒယီးဒယိုင္ေျခလွမ္းနဲ႔ အိပ္ရာရွိရာ ေလွ်ာက္သြားလိုက္တယ္။
– “ေဒါက္…ေဒါက္…ေဒါက္…
“ေဒါက္… ေဒါက္ ေဒါက္…
႐ုတ္တရက္ ထြက္ေပၚလာတဲ့ တံခါးေခါက္သံေၾကာင့္ လူႀကီးရဲ႕ေခါင္း ေထာင္သြားတယ္။
• “ အာ… ဒီအခ်ိန္ႀကီး ဘယ္သူလဲကြာ၊
စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ
ဒယီးဒယိုင္ေျခလွမ္းနဲ႔ပဲ တံခါးေပါက္ရွိရာ ေလွ်ာက္သြားတယ္။

-“အင္း… တံခါးေခါက္သံက
ၾကားရျပန္ၿပီ၊ ဒါေပမယ့္… ဒီအေပါက္ကအသံ
မဟုတ္ပါဘူး၊ ဒါဆို ဘယ္ကလဲကြ
လူႀကီးက အခန္းတစ္ခုလုံး
မ်က္လုံးေဝွ႔ၾကည့္မိတယ္။
“ ေဒါက္…ေဒါက္…
ထပ္ၾကားလိုက္တဲ့အသံေၾကာင့္
၎ဟာ အိပ္ရာနံေဘးရွိ ဝရန္တာတံခါးဆီ ေလွ်ာက္သြားတယ္။
“ ဟာ ဟ… ေတြ႕ၿပီကြ၊
လက္စသတ္ေတာ့… အသံက ဒီတံခါးကကိုး၊ ကဲ.. ဖြင့္ၿပီကြာ၊ လာစမ္း.. ဘယ္သူလဲကြ
လူႀကီးက မူးမူးနဲ႔ေျပာရင္း တံခါးကို

ဆတ္ခနဲ ဆြဲဖြင့္လိုက္တယ္။
သူ မ်က္လုံးအစုံ ျပဴးက်ယ္မတတ္
အံ့အားသင့္သြားတယ္။
“ဟ… ဘယ္သူမွ မရွိပါလား၊ မဟုတ္ေသးပါဘူး၊ ငါကိုယ္တိုင္ အႀကိမ္ႀကိမ္ နားနဲ႔ ၾကားလိုက္ရပါတယ္၊ ဟိုတယ္ထဲမ်ား သူခိုးဝင္ေနသလား
သူဟာ တံခါးကေန ဝရန္တာရွိရာ
ေလွ်ာက္သြားတယ္။
“အေရးထဲ ငွက္ဆိုးကလည္း ထိုးေသး၊ မိုးလည္း လင္းေတာ့မယ္၊ ငါ အိပ္မွျဖစ္မယ္၊ မနက္ ကားေမာင္းရဦးမွာ လူႀကီးက တစ္ေယာက္တည္း

ထိုသို႔ေရ႐ြတ္ရင္း အခန္းထဲ ျပန္ဝင္ဖို႔ ဝရန္တာကို ေက်ာခိုင္းလိုက္တယ္။
ဒီအခါမွာပဲ ၎ရဲ႕ေနာက္
တစ္ေယာက္ေယာက္ ရွိေနသလို ခံစားလိုက္ရတယ္။
ဒါ့ေၾကာင့္ ေနာက္ကို အသာေစာင္းငဲ့ၾကည့္မိလိုက္တယ္
“အား.. အမယ္ေလး… ေခါင္းျပတ္ႀကီး.. သရဲ သရဲ
ထိုလူႀကီးရဲ႕ ေအာ္ဟစ္သံေၾကာင့္…
သူ႔ေကာင္မေလးေရာ ဟိုတယ္မန္ေနဂ်ာရဲ႕ ဝန္ထမ္းေတြ ထိတ္လန႔္သြားကုန္တယ္။ “ကိုကို… ကိုကို… ဘာျဖစ္လို႔လဲ
ေကာင္မေလးက လူႀကီးကို အခန္းထဲ

ဆြဲသြင္းရင္း စိုးရိမ္တႀကီး ေမးလိုက္သလို.. “လူႀကီးမင္းတို႔ … လူႀကီးမင္းတို႔…
ဘာမ်ားျဖစ္ပါသလဲ ခင္ဗ်
အျပင္က အသံေၾကာင့္
ေကာင္မေလးက ဝင္ခဲ့ဖို႔ လွမ္းေျပာလိုက္တယ္။
လူႀကီးက ေရတစ္ခြက္ အငမ္းမရ
ေမာ့ေသာက္လိုက္ရင္း…
သြားၾကမယ္
– “ မီး… အထုပ္ေတြျပင္ေတာ့..
လို႔ ေျပာလိုက္တယ္။
“ဘာမ်ား အဆင္မေျပတာ ရွိပါသလဲ၊
ကြၽန္ေတာ္တို႔ ဘာလုပ္ေပးရမလဲခင္ဗ်
မန္ေနဂ်ာရဲ႕စကားကို လူႀကီးက

ကတုန္ကယင္ဟန္နဲ႔ လက္ကာျပၿပီး…
“မလိုဘူး၊ က်ဳပ္တို႔ကို ခ်က္ေအာက္
လုပ္ေပး၊ ဒါပဲ၊ ခင္ဗ်ားတို႔ ဟိုတယ္မွာ သရဲရွိတယ္၊ ေခါင္းျပတ္ႀကီး ေသြးတရဲရဲနဲ႔ မ်က္လုံးျပဴးၿပီး ၾကည့္ေနတာ အထုပ္ေတြ ကားထဲပို႔ေပး၊ လာ… မီး သြားၾကမယ္
ထိုအျဖစ္အပ်က္ျဖစ္ၿပီး
(၃)ရက္အၾကာ…
နတ္မင္းဘုံဟိုတယ္ရဲ႕
သန႔္ရွင္းေရးဝန္ထမ္း လွလွတစ္ေယာက္ သူမရဲ႕
ဂ်ဴတီခ်ိန္မို႔ ထမင္းခ်ိဳင့္ေလး ဆြဲရင္း ဟိုတယ္ထဲ ဝင္လာတယ္။

“ေဟ့. လွလွ… ဒီကို ခဏလာပါဦး
အသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ ဟိုတယ္ရဲ႕ မန္ေနဂ်ာႀကီးကို ေကာင္တာနားမွာ ေတြ႕လိုက္ရတယ္။
“ဟုတ္ကဲ့.. ေျပာပါ ဂ်ာႀကီး
“တျခားမဟုတ္ဘူး၊ နင္က သန႔္ရွင္းေရးဝန္ထမ္းေခါင္းေဆာင္ မဟုတ္လား၊ အမႈိက္ေတြကို ဒီေန႔ကစၿပီး ပုံစံေျပာင္း စြန႔္ပစ္ရမယ္၊ အမႈိက္အားလုံး အစို အေျခာက္ ခြဲပါ၊ ဘီယာဘူးတို႔ ပုလင္းခြံတို႔ကိုလည္း သူဟာနဲ႔သူ ခြဲရမယ္၊ ၿပီးရင္ အမႈိက္ေျခာက္ေတြကို ဟိုတယ္ရဲ႕ အေနာက္ဘက္မွာ မီးရႈိ႕ပစ္ရမယ္၊
ၾကားလား
မန္ေနဂ်ာႀကီးရဲ႕ အမိန႔္ေၾကာင့္ သူမ
ေခါင္းညိတ္လိုက္တယ္။
“ဟုတ္ကဲ့ပါ ဂ်ာႀကီး… ကြၽန္မ
ေသေသခ်ာခ်ာ လုပ္လိုက္ပါ့မယ္ လွလွက ထိုသို႔ေျပာၿပီး
ဟိုတယ္အေနာက္ရွိ အမႈိက္ပုံေတြရွိရာ ေလွ်ာက္သြားတယ္။
ဟိုတယ္မွာက
သန႔္ရွင္းေရးအလုပ္သမား ခုႏွစ္ေယာက္ရွိတယ္။
သူက သန႔္ရွင္းေရးဝန္ထမ္း
ေခါင္းေဆာင္။
ဒါ့ေၾကာင့္ ဝန္ထမ္းသုံးေယာက္ကို
ေခၚၿပီး လက္အိတ္ကိုယ္စီနဲ႔ အမႈိက္ေတြကို
စရွင္းေတာ့တယ္။
အားလုံးရွင္းၿပီးတဲ့အခါ…

“ျမေမာင္နဲ႔
ေအးသန္းက
ပုလင္းခြံေတြကို ပီနံအိတ္ထဲ ထည့္ၾက၊
ေန႔လယ္က်ရင္ ေဘာ္တယ္ကုလား လာလိမ့္မယ္၊ မိစမ္းက ငါနဲ႔လိုက္ခဲ့၊ ၿခံအေနာက္သြားၿပီး အမႈိက္ေျခာက္ေတြ မီးရႈိ႕ ရမယ္
လွလွက ထိုသို႔ေစခိုင္းရင္း
မိမိကိုယ္တိုင္ မိစမ္းနဲ႔အတူ အမႈိက္ေျခာက္အိမ္မ,ၿပီး ၿခံေနာက္ဆီ ေလွ်ာက္သြားတယ္။ ၿခံအေနာက္ပိုင္းရွိ ေျမတလင္းေရာက္တဲ့အခါ…
– “ မိစမ္းေရ… ငါ ေမ့ခဲ့ျပန္ၿပီ၊ သြား…
မီးျခစ္ယူခဲ့ေခ်
သူမ မိစမ္းကို ေျပာၿပီး
အမႈိက္ေျခာက္အိတ္ကို သြန္ခ်လိုက္တယ္။

ဒီအခ်ိန္မွာပဲ သူမရဲ႕ ႏွာေခါင္းထဲ အနံ႔ဆိုးႀကီးကို ရႉရႈိက္လိုက္မိတယ္။ ““ဟင္… ဘာအနံ႔ႀကီးလဲ၊
ပုပ္ေစာ္နံလိုက္တာ၊ ဘယ္ကပါလိမ့္… မျဖစ္ဘူး၊ ဒီအနံ႔ကို ရေအာင္ရွာရမယ္၊ ဟိုတယ္ထဲအထိ ေရာက္သြားရင္ ဧည့္သည္ေတြနဲ႔ ျပႆနာတက္လိမ့္မယ္
လွလွဟာ အေတြးနဲ႔အတူ အပုပ္နံ႔လာရာကို ရွာေဖြမိတယ္။
အပုပ္နံ႔ႀကီးက ပိုပိုဆိုးလာသလို မခံႏိုင္ေလာက္ေအာင္ ျဖစ္တဲ့အတူ သူမဟာ ႏွာေခါင္းကို လက္နဲ႔အုပ္ထားရတယ္။
“အလို… ဟိုေရွ႕မွာ လူတစ္ေယာက္ထိုင္ၿပီး ဘာလုပ္ေနပါလိမ့္၊

ၾကည့္ရတာ အဘိုးႀကီးတစ္ေယာက္ပဲ၊ သူ ဘယ္သူလဲ သိရေအာင္ ငါ သြားၾကည့္ရမယ္
အေတြးနဲ႔အတူ ထိုအဘိုးႀကီးရွိရာ
ခ်ဥ္းကပ္သြားတယ္။
အပုပ္နံ႔ႀကီးဟာ ပိုဆိုးလာသလို… မခံႏိုင္ေအာင္ ျဖစ္လာတဲ့အတြက္ သူမဟာ ပ်ိဳ႕ခ်င္ အန္ခ်င္သလိုႀကီး ျဖစ္လာတယ္။
အဘိုးႀကီးဟာ သူမကို
ေက်ာေပးထိုင္ရင္း တလႈပ္လႈပ္ လုပ္ေနတယ္။ အဘိုးႀကီးရဲ႕
လက္တစ္ကမ္းအလိုေရာက္ေတာ့…
“ဒီမယ္ ဦးေလးႀကီး… ရွင္ ကြၽန္မတို႔
ဟိုတယ္ဝင္းထဲ ဘာလာလုပ္တာလဲ၊ ရွင္
ဘယ္သူလဲဆြတ္ဆြတ္ျဖဴေနတဲ့ ဆံပင္ေတြကို အဘိုးႀကီးရဲ႕ ေခါင္းက သူမဘက္ လွည့္လာတယ္။
အဘိုးႀကီးက လက္တစ္ဖက္ကို
ေျမႇာက္ရင္း..
“စားပါဦးလား
လို႔ ေျပာသံနဲ႔အတူ သူမ မ်က္လုံးအစုံ
ျပဴးက်ယ္သြားေတာ့တယ္။
အဘိုးႀကီးဟာ မစင္ေတြကို
ၿမိန္ေရရွက္ေရ စားေနသလို မ်က္ႏွာကလည္း ေလာက္ေကာင္ေတြက အျပည့္။
လွလွတစ္ေယာက္ `အမယ္ေလး ဆိုတဲ့
အသံႀကီးနဲ႔အတူ ထိုေနရာမွာပဲ ေပ်ာ့ေခြက်သြားရွာတယ္။
မီးျခစ္ယူၿပီးလာတဲ့ မိစမ္းက
အေဝးကေန လွလွကို ျမင္သြားၿပီး…. “လာၾကပါဦးေတာ္… အစ္မလွ
လဲက်ေနတယ္၊ လာၾကပါဦး
လို႔ အသံကုန္ ေအာ္ဟစ္လိုက္တယ္။
“လွလွ လဲက်တယ္… ဟုတ္လား၊
ဘာျဖစ္လို႔လဲ
မန္ေနဂ်ာႀကီးနဲ႔ ဝန္ထမ္းအခ်ိဳ႕
ေျပးလႊာလာရင္း ေမးကုန္ၾကတယ္။
“ဟဲ့ လွလွ … နင္ ဘာျဖစ္တာလဲ၊ လုပ္ၾကပါဟ.. သတိလစ္ေနတာ ထင္တယ္။ လာ.. လာ.. သူ႔ကို ဟိုတယ္ထဲ
ေခၚသြားမွာျဖစ္မယ္၊ ဝိုင္းမ,ၾကပါဟ
ဟိုတယ္ဝန္ထမ္းေတြဟာ လွလွကို တစ္ဖက္တစ္ခ်က္စီ မ,ရင္း ေခၚသြားၾကတယ္

ဟိုတယ္ရဲ႕ အခန္းလြတ္ရွိ အိပ္ရာေပၚတင္ရင္း အဲယားကြန္းေျပးဖြင့္သူ၊ သံပုရာသီးေပးရႉသူေတြနဲ႔ ဗ်ာမ်ားကုန္ၾကတယ္။
အတန္ၾကာမွ လွလွဟာ အင္း… ခနဲ
အသံထြက္ၿပီး သတိျပန္လည္လာတယ္။ “ေၾကာက္တယ္… သရဲႀကီး၊
မေကာင္းဆိုးဝါးႀကီး၊ ေခ်းေတြ ထိုင္စားေနတယ္၊ မ်က္ႏွာမွာလည္း ေလာက္ေကာင္ေတြနဲ႔ ကြၽန္မ သိပ္ေၾကာက္တယ္.. အီး.. ဟီး… ဟီး…
လွလွရဲ႕ ေၾကာက္လန႔္တႀကီး
အေျပာေၾကာင့္ လူအားလုံး အံ့အားသင့္သြားကုန္တယ္။
မန္ေနဂ်ာႀကီးက….
“ကဲ.. တစ္ေယာက္သြားၿပီး

ဘုရားခန္းက ေရမန္းပုလင္း ယူခဲ့၊ သူ႔ၾကည့္ရတာ သိပ္လန႔္ေနတယ္၊ တို႔ဟိုတယ္လည္း
ဘာျဖစ္မွန္းကို မသိဘူး၊ ဟိုေန႔ကလည္း ဧည့္သည္က ေခါင္းျပတ္သရဲတဲ့၊ ခုလည္း လွလွက ေခ်းစားသရဲ ေျပာျပန္ၿပီ၊ မျဖစ္ဘူး… ဒီအေၾကာင္းေတြ သူေဌးကို ေျပာမွျဖစ္မယ္ လို႔ စိတ္လက္မသက္သာစြာ
ေရ႐ြတ္လိုက္တယ္။
နတ္မင္းဘုံဟိုတယ္က ဝန္ထမ္းေတြရဲ႕
သတင္းျဖန႔္မႈေၾကာင့္ ဟိုတယ္ႀကီးက
အျဖစ္အပ်က္ေတြကို အိုးဘို႐ြာသားေတြ
သိသြားၾကတယ္။
႐ြာသားေတြဟာ သူႀကီးသက္ညိဳဆီ
သြားေျပာတဲ့အခါ…
“ “ အင္း… တခ်ိန္မွာ ဒါေတြ
ႀကဳံရမယ္လို႔ ထင္မိတာ အမွန္ပါပဲလား၊ ဒီကိစၥေတြကို ဘာလုပ္ေပးႏိုင္မွာလဲ၊ ဒါေတြအားလုံး လုပ္ေပးႏိုင္တာ ေဒၚအိုစာပဲ ရွိတယ္၊ ငါ သူနဲ႔သြားေတြ႕တာ ေကာင္းမယ္ထင္ သူႀကီးရဲ႕စကားကို လူတစ္ခ်ိဳ႕က
“တကယ္ဆို သခ်ႋဳင္းေျမေဟာင္းက
ဟိုတယ္ႀကီးကိစၥဟာ က်ဳပ္တို႔အိုးဘို႐ြာနဲ႔ မသက္ဆိုင္ေတာ့ဘူး၊ ဟိုတယ္ပိုင္ရွင္သူေဌးရဲ႕ ႐ိုင္းစိုင္းေမာက္မာမႈကို လြန္ခဲ့တဲ့ ႏွစ္ေတြတည္းက က်ဳပ္တို႔ သိၿပီးသား၊ ဒါေပမယ့္…
ေျခာက္လွန႔္႐ုံထက္ပိုတဲ့ အေၾကာင္းေတြ

ျဖစ္လာရင္ ဟိုတယ္ႀကီးမွာ ဘာမွမသိဘဲ
လာတည္းတဲ့ လူေတြအတြက္
လူသားခ်င္းစာနာစိတ္
ထားေပးရမယ္ဗ်….
ဒါ့ေၾကာင့္ ေဒၚအိုစာႀကီးကို သူႀကီး
လုံးဝသြားေတြ႕သင့္တယ္
လို႔ ေျပာၾကကုန္တယ္။
သူႀကီးက ေခါင္းတဆတ္ဆတ္
ညိတ္လိုက္ရင္း
“ထိုင္ေနတာ ၾကာပါတယ္၊ ငါ အခုပဲ
သူ႔ဆီသြားမယ္၊ ဘယ္သူမွ မလိုက္ခဲ့နဲ႔…
ျပန္ၾကေတာ့လို႔ ေျပာလိုက္တယ္။
ထို႔ေနာက္မွာေတာ့ သူႀကီးသက္ညိဳတစ္ေယာက္ ေဒၚအိုစာၿခံဝိုင္းဘက္
ခပ္သုတ္သုတ္ ေလွ်ာက္သြားခဲ့တယ္။
ၿခံဝိုင္းေရွ႕ေရာက္တဲ့အခါ…
“ဘြားေလး အိုစာ က်ဳပ္ သူႀကီးသက္ညိဳပါ၊ ဝင္ခဲ့မယ္ေနာ္
လို႔ အသံျပဳၿပီး ဝင္သြားလိုက္တယ္။
အိမ္မည္းႀကီးေပၚေရာက္တဲ့အခါ
ေၾကးကြမ္းအစ္ႀကီး ေရွ႕မွာခ်ရင္း
ကြမ္းသီးညႇပ္ေနတဲ့ ေဒၚအိုစာကို
ေတြ႕လိုက္ရတယ္။
သူႀကီးသက္ညိဳက ၎ေရွ႕
ဝင္ထိုင္လိုက္တယ္။
ေဒၚအိုစာက ကြမ္းသီးညႇပ္မပ်က္။
“နင္လာတဲ့အေၾကာင္းက …
သခ်င္းေဟာင္းေနရာကိစၥ မဟုတ္လား
သူႀကီးသက္ညိဳ ပါးစပ္အေဟာင္းသားနဲ႔
အံ့အားသင့္ရင္း…
“ဟုတ္… ဟုတ္ပါတယ္ ဘြားေလး၊
က်ဳပ္တို႔နဲ႔ ဘာမွမသက္ဆိုင္ေတာ့ေပမယ့္ ဘာမွမသိတဲ့လူေတြ ဒီ့ထက္ပိုၿပီး ေဘးေတြ႕မွာ စိုးရိမ္ေနမိတယ္
ေဒၚအိုစာက ကြမ္းတစ္ယာကို ယာၿပီး
ပါးေစာင္ထဲ ထိုးထည့္လိုက္တယ။
“သခ်ႋဳင္းေဟာင္းက ဝိညာဥ္ေတြ
ေ႐ႊ႕ေျပာင္းစဥ္က အဲဒီ မွာက်န္ခဲ့တဲ့
ဝါရင့္သဘက္ႀကီးေတြ ရွိေနခဲ့တယ္၊ ဒီ့အတြက္ ႏွစ္ႏွစ္လုံး ငါ့ရဲ႕ပညာ အဆင့္ျမႇင့္ဖို႔ ငါ အမ်ားႀကီး
အားထုတ္ခဲ့ရတယ္၊ မၾကာခင္

ငါ့ရဲ႕ေအာင္ျမင္မႈေတြ အၿပီးသတ္ ေအာင္ျမင္ေတာ့မယ္၊ ပညာရပ္ေတြ အထေျမာက္မယ့္အခ်ိန္က မၾကာခင္ ေရာက္ေတာ့မယ္ လကြယ္ညပဲ
ေဒၚအိုစာရဲ႕စကားေၾကာင့္ သူႀကီးက
ဝမ္းသာအားရဟန္နဲ႔…
“ေကာင္းပါတယ္ ဘြားေလး၊
ဘြားေလးရဲ႕က်င့္ႀကံမႈေတြ
အထေျမာက္ၿပီးဆုံးသြားရင္
ဝိညာဥ္ေလာကအားလုံးကို ဘြားေလးဟာ ထိန္းခ်ဳပ္ႏိုင္ေတာ့မယ္၊ ဝမ္းသာတယ္ ဘြားေလးရယ္
လို႔ ေျပာလိုက္တဲ့အခါ ေဒၚအိုစာက
သူ႔ကို မ်က္လုံး လွန္ၾကည့္လိုက္တယ္။

“မဟုတ္ေသးဘူး၊ ေနာက္ဆုံး
ထုံအဆင့္ကို ေက်ာ္ျဖတ္ရမွာ၊ အေရးႀကီးတဲ့အခ်က္ က်န္ေသးတယ္
““ဟုတ္ကဲ့.. ေျပာပါ ဘြားေလး၊
ဘယ္လိုမ်ား အေရးႀကီးပါသလဲဗ်
ေဒၚအိုစာ ကြမ္းကို တစ္ခ်က္မွ်
ဝါးလိုက္ၿပီး သူႀကီးကို လက္ညႇိဳးထိုး ေျပာလိုက္တယ္။
“ လာမယ့္…. လကြယ္ည
ဆယ့္ႏွစ္နာရီတိတိမွာ ငါ ေနာက္ဆုံးအဆင့္ ထုံကူးရမယ္၊ နင္ လုပ္ေပးရမွာက အဲ့ဒီည အဲဒီ အခ်ိန္မွာ ႐ြာကလူ တစ္ေယာက္ကိုမွ ၿခံဝိုင္းအျပင္ မထြက္မိေစဖို႔ပဲ၊ သိပ္အေရးႀကီးတယ္ သက္ညိဳ၊ နင္ လုပ္ႏိုင္မလား
“ရပါတယ္ ဘြားေလးရဲ႕ .. က်ဳပ္ လုပ္ႏိုင္ပါတယ္၊ ဘြားေလး ထုံကူးတာ ေအာင္ျမင္ရင္ သခ်ႋဳင္းေဟာင္းက သဘက္ႀကီးေတြကို ႏွင္ထုတ္ႏိုင္ၿပီေပါ့ေနာ္
သူႀကီးရဲ႕အေမးကို ေဒၚအိုစာ
ေခါင္းခါရမ္းလိုက္တယ္။
“လုပ္ႏိုင္ေပမယ့္…
မလုပ္ေပးႏိုင္ေသးဘူး၊ သခ်င္းေဟာင္းရဲ႕ ေျမပိုင္ရွင္ကိုယ္တိုင္ ငါ့ကို ပြဲနဲ႔ပင့္ၿပီး ခခယယ ေတာင္းပန္မွ လုပ္ေပးႏိုင္မယ္၊ နင္ ၿမဲၿမဲမွတ္ထား၊ နင္ ျပန္လို႔ရၿပီ… သြားေတာ့
“ဘာကြ.. မင္းဘာစကားေျပာလိုက္သလဲ စိန္ဝင္း၊
မျဖစ္ႏိုင္တာေတြ ေလွ်ာက္မေျပာနဲ႔၊ အိုး…. ျဖစ္ခဲ့ရင္ေတာင္ ငါ လုံး၀ လက္မခံဘူးကြ သူေဌးရဲ႕ေဒါသတႀကီး
ေအာ္ဟစ္သံေၾကာင့္ မန္ေနဂ်ာ စိန္ဝင္းအျပင္ ဝန္ထမ္းေတြပါ လန႔္ဖ်ပ္ကုန္တယ္။
“ဟုတ္… ဟုတ္ပါတယ္ သူေဌးရယ္၊
ဒီကိစၥက သူေဌးလက္ခံႏိုင္မယ့္ ကိစၥမဟုတ္ပါဘူး၊ ဒါေပမယ့္ ဧည့္သည္ေရာ၊ ဒီကဝန္ထမ္းပါ တကယ္ကို ေျခာက္လွန႔္ခံခဲ့ရပါတယ္၊ ဒါ့ေၾကာင့္ ဘုန္းႀကီးပင့္ၿပီး ဟိုတယ္မွာ ႐ြတ္ဖတ္ေပးပါလို႔

ေတာင္းဆိုမိတာပါ ခင္ဗ်ာ
မန္ေနဂ်ာစိန္ဝင္းရဲ႕စကားေၾကာင့္
သူေဌးတ႐ုတ္ဟာ ပိုမိုစိတ္ဆိုးဟန္နဲ႔… “ ေတာ္စမ္း စိန္ဝင္း…
ဘာတေစၦသရဲကိုမွ ငါ လက္မခံဘူး၊ ဘာမွလည္း လုပ္ခြင့္မျပဳဘူးကြ၊ ေအး .. ဒါမွ မေက်နပ္ရင္ အလုပ္ထြက္ၾက၊ ဒီကိစၥ ေနာက္ ဘယ္ေတာ့မွ ငါ့ကို မေျပာမိေစနဲ႔
လို႔ ေျပာဆိုၿပီး ဟိုတယ္ထဲက
ထြက္သြားေတာ့တယ္။
“သူေဌးကကြာ…. လုံးဝ
အဓိပၸါယ္မရွိဘူး၊ သူ႔လို ေလာဘႀကီးၿပီး ဘာအယူအဆမွ မရွိတဲ့လူက ေသရင္
ကြၽတ္လြတ္မွာ မဟုတ္ဘူး၊ မင္းတို႔အားလုံး

ၾကားၾကတယ္မဟုတ္လား၊ သူ႔ဟိုတယ္မွ
သရဲေျခာက္တယ္လို႔ ထပ္ေျပာရင္ အလုပ္ထုတ္ပစ္မယ္တဲ့၊ စိတ္ပ်က္ဖို႔ ေကာင္းလိုက္တာ
မန္ေနဂ်ာစိန္ဝင္းရဲ႕ စိတ္ပ်က္လက္ပ်က္
ညည္းညဴသံေၾကာင့္
ေဟာက္ကီပင္ဝန္ထမ္းတစ္ဦးက…
“‘႐ြာထဲက ၾကားရတာ ေတာ့
ဒီဟိုတယ္ႀကီးက သခ်ႋဳင္းကို
ဖ်က္ေဆာက္ထားတာတဲ့ ဂ်ာႀကီးရ၊ ႐ြာကလူေတြလည္း သူေဌးကို ေမာက္မာလို႔
ဘယ္သူမွ ၾကည့္မရဘူး၊ ဟိုတယ္ေနရာ
သခ်.င္းႀကီးက သိပ္သရဲေျခာက္ၾကမ္းတဲ့ေနရာလို႔
႐ြာသားေတြက ေျပာတယ္

၎တို႔ စကားေျပာေနစဥ္မွာပဲ ဧည့္ႀကိဳေကာင္မေလးတစ္ဦးဟာ အူယားဖားယား
ေျပးလာၿပီး…
“ဂ်ာႀကီး ဂ်ာႀကီး… လုပ္ပါဦးရွင္…. ျပႆနာေတာ့ တက္ေနၿပီ၊ မသီတာ မသီတာ..
သူမအေျပာေၾကာင့္ မန္ေနဂ်ာႀကီးက
စိတ္မရွည္ေတာ့ဘဲ…
“ညည္း… တဟိုဟိုနဲ႔
ဘာျဖစ္ေနတာလဲ၊ ဘယ္မွာလဲ သီတာ၊
ညည္းေရွ႕က သြားစမ္း
ဧည့္ႀကိဳေကာင္မေလးဟာ
အထိတ္အလန႔္ဟန္နဲ႔ ေရွ႕ကေျပးလႊားသြားတယ္။
ဝန္ထမ္းသုံး အိပ္သာေရွ႕ေရာက္ေတာ့

မန္ေနဂ်ာရဲ႕ လူအားလုံး မ်က္လုံးျပဴးသြားကုန္တယ္။
“မလုပ္နဲ႔ သီတာ.. နင္
ဘာျဖစ္ေနတာလဲ၊ လႊတ္စမ္း နင့္လက္ကို
သီတာက သူ႔လည္ပင္းသူ
ျပန္ညႇစ္ေနသလို ဝန္ထမ္းသုံးေယာက္က သူမကို တားဆီးထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနၾကတယ္။
မန္ေနဂ်ာႀကီးကိုယ္တိုင္
ထိုျမင္ကြင္းေၾကာင့္ ဘာလုပ္ရမွန္း မသိေအာင္
ျဖစ္ေနရတယ္။
ဒီအခ်ိန္မွာပဲ လွလွက
ေရာက္ရွိလာၿပီး..
“ဂ်ာႀကီး သီတာ့ကို သရဲစီးေနတာ၊
ဒီမွာႀကိဳး… လည္ပင္းက သူ႔လက္ကို

ရေအာင္ဖယ္ၿပီး ႀကိဳးတုပ္ထားလိုက္
ဝန္ထမ္းေတြဟာ မသီတာရဲ႕လက္ကို
မရမက ဆြဲဖယ္ရင္း ႀကိဳးတုပ္ဖို႔ ႀကိဳးစားလိုက္တယ္။
မန္ေနဂ်ာႀကီးက သံဗုေဒၶဂါထာ႐ြတ္ရင္း
ေရမန္းနဲ႔ သူမကို ပက္ဖ်န္းလိုက္တယ္။
မသီတာတစ္ေယာက္
ေအာ္ဟစ္႐ုန္းကန္ေနရွာတယ္။
“အား… ပူတယ္၊ ငါ့ကို ေရေႏြးနဲ႔
မေလာင္းပါနဲ႔၊ ပူတယ္.. ပူတယ္.. ဟီး… ဟီး…
ဟီး
“ “ သီတာ… သူငယ္ခ်င္း
သတိထားေလဟာ.. သီတာ.. သီတာ
သူငယ္ခ်င္းေတြရဲ႕ လႈပ္ေခၚသံေၾကာင့္

မသီတာတစ္ေယာက္ ၿငိမ္က်သြားတယ္။
သူမ မ်က္လုံးဖြင့္လာတဲ့အခါ…
`ငါ… ငါ့ကို လည္ပစ္ညႇစ္ေနတဲ့
သရဲႀကီး၊ ေၾကာက္တယ္… သိပ္ေၾကာက္တယ္၊ ငါ… ငါ… သူ႔လက္က ႐ုန္းလို႔မရဘူး၊ ငါ့လည္ပင္းကို တအားႀကီးညစ္ထားတယ္၊ ေရ… ေရေသာက္ခ်င္တယ္၊ ေရေပးပါ
သီတာရဲ႕ ေၾကာက္အားတႀကီး
အမူအရာေၾကာင့္ မန္ေနဂ်ာႀကီးက ေရမန္းပုလင္းထဲက ေရကို ငွဲ႔ေပးလိုက္တယ္။
ေရမန္းေသာက္ၿပီးတဲ့ေနာက္
သီတာတစ္ေယာက္ ခုနကထက္ အေတာ့္ကို
ၿငိမ္သက္သြားတယ္။
သီတာက မန္ေနဂ်ာႀကီးကို မဝံ့မရဲ
ေမာ့ၾကည့္ရင္း…
`ဂ်ာႀကီး.. သီတာ ေျပာပါရေစ၊ သီ…
သီတာ ဒီဟိုတယ္မွာ ဘယ္လိုမွ
ဆက္မေနရဲေတာ့ဘူး၊ ဒါ့ေၾကာင့္ အလုပ္ႏႈတ္ထြက္ပါရေစ၊ ဇာတိျဖစ္တဲ့ ျမစ္ဝကြၽန္းေပၚကို ျပန္ၿပီး လုပ္ကိုင္စားပါရေစေတာ့ရွင္
လို႔ ေတာင္းဆိုလိုက္ေတာ့တယ္။
သူမရဲ႕စကားေၾကာင့္
ဂ်ာႀကီးတစ္ေယာက္ မ်က္ႏွာပ်က္သြားတယ္။ • ‘အဲေလာက္ထိ လုပ္ဖို႔ လိုလို႔လား
သီတာ၊ နင္က ငါတို႔ဟိုတယ္ရဲ႕
ဝန္ထမ္းေကာင္းပါ၊ နင္ စဥ္းစားပါဦးဟာ ဂ်ာႀကီးရဲ႕အေျပာကို သူ

ေခါင္းခါရမ္းလိုက္တယ္။
“ဟင့္အင္း… စဥ္းစားစရာ မလိုပါဘူး ဂ်ာႀကီးရဲ႕၊ ကြၽန္မ ဘာျဖစ္ခဲ့သလဲ ဘယ္ေလာက္ထိ ေၾကာက္လန႔္ခဲ့သလဲ ကိုယ့္ဘာသာပဲ သိတယ္၊ ဟိုတယ္ပိုင္ရွင္သူေဌးက
သူ႔အက်ိဳးအျမတ္ကလြဲရင္ ဘာမွ
စိတ္မဝင္စားဘူး၊ တကယ္ဆို ဂ်ာႀကီးရယ္.. အလုပ္သမားဆိုတာ သူေဌး
လစာေပးခိုင္းထားေပမယ့္ သူေဌးနဲ႔အလုပ္သမား အက်ိဳးတူ လုပ္ေဆာင္သူေတြပါ၊ နတ္မင္းဘုံဟိုတယ္ပိုင္ရွင္သူေဌးက လူသားခ်င္း စာနာစိတ္မရွိဘူး၊ သူ႔ဟိုတယ္ကလည္း မေကာင္းဆိုးဝါးေတြပဲ ႀကီးစိုးေနတယ္၊ ဒါ့ေၾကာင့္ အလုပ္ထြက္ၿပီ.. ဒါပဲ၊ ဒီတစ္ခါ ကြၽန္မအလွည့္၊ ဂ်ာႀကီးတို႔အားလုံးရဲ႕အလွည့္ ဘယ္ေန႔ေရာက္မလဲေစာင့္သာၾကည့္ၾက… ကြၽန္မ သြားၿပီ
မသီတာဟာ ထိုသို႔ေျပာဆိုရင္း ဘာပစၥည္းမွ မယူဘဲ နတ္မင္းဘုံဟိုတယ္ထဲက လုံး၀ ထြက္ခြာသြားေတာ့တယ္။
ေန႔လယ္ခင္းခ်ိန္တစ္ခုမွာ…
ဆလြန္းကားအျဖဴေရာင္တစ္စီးဟာ
ခပ္ေႏွးေႏွးပုံစံနဲ႔ နတ္မင္းဘုံဟိုတယ္ထဲ
ဝင္လာတယ္။
ကားပါကင္ဝန္ထမ္းက
ကားေနရာျပၿပီးတဲ့အခါ.. “ကိုယ္တို႔ကားက

ဘီးေပါက္သြားတာကြ၊ စပါယ္ယာဘီးလည္း ကြဲေနတယ္၊ ဒီေတာ့… ဘီးေတြျဖဳတ္ၿပီး ေမာင္ရင္က ဘီးဖာတဲ့ဆိုင္ကို သြားပို႔ေပးပါ၊ ကိုယ္တို႔ ဒီမွာ ခဏတည္းမယ္
ကားပိုင္ရွင္ရဲ႕ စကားေၾကာင့္
ပါကင္ေစာင့္က…
“ဟုတ္ကဲ့ပါ သူေဌး၊ ကြၽန္ေတာ္
အားလုံး ကူညီေပးပါ့မယ္၊ အထဲကို ႂကြပါခင္ဗ်ာ လို႔ ေျပာလိုက္တယ။
ဒီအခါ ကားပိုင္ရွင္ရဲ႕ဇနီး
မိန္းမဝႀကီးက မ်က္ႏွာထား တင္းတင္းနဲ႔…
“တို႔က ဘီးေပါက္လို႔
ခဏဝင္နားတာေနာ္၊ အခန္းခက ဘယ္လိုရွင္းရမလဲ

လို႔ ေမးတဲ့အတြက္ ဝန္ထမ္းက…
“ဟုတ္ကဲ့ခင္ဗ်…
ဧည့္ႀကိဳေကာင္တာက အဆင္ေျပေအာင္ စီစဥ္ေပးပါလိမ့္မယ္၊ အထဲကိုသာ ႂကြပါခင္ဗ် လို႔ ျပန္ေျဖလိုက္တယ္။
ဒီ့ေနာက္မ်ာေတာ့ သူေဌးလင္မယားနဲ႔အတူ ေျခာက္ႏွစ္အ႐ြယ္ ေကာင္မေလးတို႔ဟာ ဟိုတယ္ထဲ ဝင္သြားၾကတယ္။
“ႂကြပါရွင္… နတ္မင္းဘုံဟိုတယ္က
ႀကိဳဆိုပါတယ္ရွင္၊ ဘယ္လိုအခန္းမ်ား တည္းခ်င္ပါသလဲရွင္
ဟိုတယ္အဝက ဧည့္ႀကိဳေကာင္မေလးရဲ႕ အေမးကို
မိန္းမ၀၀ႀကီးက…
“တို႔က ကားဘီးေပါက္လို႔ ဝင္နားတာ၊
ခဏပဲ တည္းခ်င္တယ္၊ အခန္းခ ဘယ္လိုရွင္းရမလဲ သိခ်င္တယ္
လို႔ ေမးလိုက္တဲ့အခါ
ဧည့္ႀကိဳေကာင္မေလးက ေကာင္တာဆီကို ေခၚသြားတယ္၊ ဧည့္ႀကိဳေကာင္တာက လူေတြကို အက်ိဳးအေၾကာင္း ေျပာလိုက္တဲ့အခါ…
“ဟုတ္ကဲ့.. ရပါတယ္ရွင့္၊ ကြၽန္မတို႔ရဲ႕
နတ္မင္းဘုံဟိုတယ္က ဧည့္သည္ေတြ အဆင္ေျပဖို႔အတြက္သာ အဓိက ထားပါတယ္၊ လူႀကီးမင္းတို႔အေနနဲ႔ ညမအိပ္ရင္ အခန္းခရဲ႕ တစ္ဝက္ကိုသာ ေပးရမွာ ျဖစ္ပါတယ္ရွင္
ဝန္ထမ္းေကာင္မေလးရဲ႕ စကားေၾကာင့္
မိန္းမဝဝႀကီးဟာ မ်က္ႏွာရႈံ႕မဲ့သြားတယ္။
“အမယ္ေလးေတာ္… တစ္ရက္မွာ
ႏွစ္ဆယ့္ေလးနာရီရွိတယ္၊ ဒါကို ျပန္ခြဲရင္ ဆယ့္ႏွစ္နာရီရွိတယ္၊ တို႔က သုံးေလးနာရီပဲ ေနရမွာေလး၊ ဝန္ေဆာင္မႈကလည္း ညံ့လိုက္တာေအ
ထိုအသံကို ဟိုတယ္မန္ေနဂ်ာ စိန္ဝင္း
ၾကားတဲ့အတြက္ ေကာင္တာကို
ေလွ်ာက္သြားလိုက္တယ္။
• “ဒီလိုရွိပါတယ္ အစ္မႀကီး… ကြၽန္ေတာ္က နတ္မင္းဘုံဟိုတယ္ရဲ႕ မန္ေနဂ်ာပါ၊ ကြၽန္ေတာ္တို႔ေျပာတဲ့ အခန္းခရဲ႕ ေဈးႏႈန္းေတြက ပိုင္ရွင္သူေဌး သတ္မွတ္ထားတာပါ ခင္ဗ်၊ အစ္မႀကီးတို႔လည္း သိပါတယ္… ၿမိဳ႕ႀကီးေတြကဟိုတယ္ေတြဆိုရင္ ခဏတည္းလည္း တစ္ရက္စာပဲ ရွင္းရတာ ပါ ခင္ဗ်။
စိတ္မရွိပါနဲ႔ခင္ဗ်ာ
မန္ေနဂ်ာရဲ႕စကားေၾကာင့္
ေယာက္်ားျဖစ္သူက…
““ကဲပါ မေအးရာ
ဘာမဟုတ္တာေလးကို ကတ္တြက္မေနပါနဲ႔၊ အဓိက ငါတို႔ကား အျမန္ေကာင္းၿပီး ခရီးဆက္ရဖို႔ အေရးႀကီးတယ္၊ မန္ေနဂ်ာႀကီး… က်ဳပ္တို႔ကို အခန္းအျမန္စီစဥ္ေပးပါ၊ သိပ္ပင္ပန္းေနၿပီ လို႔ ေျပာလိုက္တဲ့အခါ
ေျခာက္ႏွစ္အ႐ြယ္ ေကာင္မေလးက… “ဟုတ္တယ္ ဒယ္ဒီ၊ မီးလည္း
ဗိုက္ေတြ သိပ္ဆာေနပါၿပီလို႔ ေျပာလိုက္ေတာ့တယ္။
“ဟုတ္ကဲ့ပါခင္ဗ်…. လူႀကီးမင္းတို႔ လိုအပ္တာအားလုံးကို ခဏတြင္းေလးမွာ အဆင္ေျပေအာင္ လုပ္ေပးပါ့မယ္ ခင္ဗ် မန္ေနဂ်ာႀကီးကိုယ္တိုင္
ဧည့္သည္ေတြကို အခန္းလိုက္ျပဖို႔ ျပင္လိုက္တယ္။
“ေနပါဦး ဂ်ာႀကီး… ကြၽန္ေတာ္
ေျပာစရာရွိလို႔
ဂ်ာႀကီးရဲ႕ေျခလွမ္း ရပ္သြားၿပီး
လွည့္ၾကည့္လိုက္တယ္…။
“ေဟာဒီ့ဧည့္သည္ေတြက
ကားဘီးေပါက္လို႔ လာတည္းၾကတာပါ၊ ကြၽန္ေတာ္
သူတို႔ကားဘီးကို အနီးဆုံးၿမိဳ႕ထဲ ကားႀကဳံနဲ႔
သြားဖာေပးရမွာပါ ခင္ဗ်၊ အဲဒါ… ဂ်ာႀကီးကိုအေၾကာင္းၾကားတာပါ
ဂ်ာႀကီးက…
ကားပါကင္ဝန္ထမ္းရဲ႕ အေျပာကို
“ေအး… အဆင္ေျပေအာင္
လုပ္ေပးလိုက္ပါ၊ သြား… သြား… မင္းေနရာ ေမာင္သီးကို အစားထိုးခဲ့
လို႔ ခြင့္ျပဳလိုက္တယ္။
““မာမီ… ကားဘီးျပင္တာ
ျပန္မလာေသးဘူးလား ဟင္၊ မီး ပ်င္းေနၿပီ မာမီရဲ႕
ကေလးငယ္ရဲ႕ အေျပာေၾကာင့္

မိန္းမဝႀကီးက လက္မွနာရီကို ငုံ႔ၾကည့္လိုက္တယ္။ “ဟုတ္ပါရဲ႕… ညေနေတာင္
ေစာင္းေနၿပီ၊ ေယာက္်ားေရ….. ဧည့္ႀကိဳေကာင္တာကို လွမ္းေမးဦးရွင့္ မိန္းမရဲ႕ အေျပာေၾကာင့္
စာေစာင္ဖတ္ေနတဲ့လူႀကီးက
ဖုန္းခြက္ေကာက္ကိုင္ရင္း ဖုန္းဆက္လိုက္တယ္။ – “ မာမီ… မီး ပ်င္းတယ္၊
ဟိုဘယ္ေဘးက ျမက္ခင္းထဲ သြားေဆာ့ခ်င္တယ္
မာမီ
`ေအး… ေအး… ေဆာ့ခ်င္သြားေဆာ့၊
အၾကာႀကီး မေဆာ့ရဘူးေနာ္၊ ဒီအခ်ိန္ဆို
ေနလည္း ေအးေနၿပီပဲ… သြား.. သြား
ကေလးမေလးက အခန္းတံခါးကို

ေျပးဖြင့္ၿပီး ဟိုတယ္ရဲ႕ေအာက္ထပ္ကို ေျပးဆင္းသြားတယ္။
“ခုပဲ သူတို႔ ေျပာတယ္ကြ၊
ဘီးဖာတဲ့ဝန္ထမ္း ျပန္မေရာက္ေသးဘူးတဲ့၊ ဟိုတယ္ခကို ေခါင္းထဲ မထည့္ပါနဲ႔တဲ့၊ သူတို႔ အဆင္ေျပေအာင္ လုပ္ေပးမယ္တဲ့ကြ၊ အခန္းမွာပဲ ေအးေအးေဆးေဆး နားေနဖို႔ ေျပာတယ္၊ မင္းကလည္းကြာ.. ဒီေလာက္
ဆက္ဆံေရးေကာင္းတဲ့ ဟိုတယ္ႀကီးမွာ တန္ေအာင္ေနစမ္းပါကြ၊ ေလာၿပီး ပူမေနပါနဲ႔ကြာ
“ဪ.. ရွင္က ေျပာအားရွိမွာေပါ့။
ကြၽန္မတို႔ ခရီးထြက္လာတာ ကြၽန္မအေမ
အသည္းအသန္ ျဖစ္ေနလို႔ေလ၊ ရွင့္အေမ မဟုတ္ေတာ့ ဒီလိုပဲ ေျပာမွာေပါ့၊ ဘာပဲျဖစ္ျဖစ္

ကြၽန္မကေတာ့ အျမန္ဆုံး ခရီးဆက္ခ်င္ေနၿပီ
လင္မယားႏွစ္ေယာက္
ထိုသို႔ေျပာဆိုေနစဥ္ ၎တို႔ရဲ႕ သမီးေလးဟာ ျမက္ခင္းျပင္ရွိ ဒန္းမွာ ေရာက္ရွိေနတယ္။ ေကာင္မေလးရဲ႕ မလွမ္းမကမ္းမွာေတာ့
ပစ္တိုင္းေထာင္႐ုပ္ ပိုက္ထားတဲ့ ေကာင္မေလးတစ္ေယာက္။
ထိုအ႐ုပ္နဲ႔ ေကာင္မေလးက သူမကို
ေငးစိုက္ၾကည့္ေနတယ္။
ဒန္းစီးေနတဲ့ ေကာင္မေလးက အ႐ုပ္နဲ႔ ေကာင္မေလးကို ျမင္ေတြ႕ သြားၿပီး `ဘာလဲ ဆိုတဲ့သေဘာနဲ႔ ေခါင္းဆတ္ျပလိုက္တယ။
အ႐ုပ္နဲ႔ေကာင္မေလးဟာ ဒန္းအနီးကို
တေ႐ြ႕ေ႐ြ႕က ေလွ်ာက္လာတယ္။

“ငါလည္း နင္နဲ႔အတူ ေဆာ့ခ်င္တယ္ “နင္က ဘယ္ကလဲ၊ ငါမွ မသိဘဲဟ
“နင့္လိုပဲေပါ့
ဒီဟိုတယ္ႀကီးကပဲ၊
ငါတို႔ အတူေဆာ့ရေအာင္ေနာ္
“ေဆာ့တာေတာ့ ရပါတယ္ဟ၊
ဒါေပမယ့္ ငါ့ကို ဒန္းလႊဲေပး၊ ၿပီးရင္ နင္နဲ႔ေဆာ့မယ္ေလ
ဒန္းေပၚကေကာင္မေလးရဲ႕စကားေၾကာင့္
ပစ္တိုင္းေထာင္အ႐ုပ္နဲ႔ ေကာင္မေလးဟာ ေခါင္းကို ဆတ္ခနဲ ညိတ္လိုက္ၿပီး ဒန္းကို လႊဲေပးလိုက္တယ္။ပစ္တိုင္းေထာင္႐ုပ္နဲ႔ ေကာင္မေလးက
ဒန္းကို မရပ္မနား လႊဲေပးေနတယ္။

အရွိန္ရလာသည္ႏွင့္အမွ်
ဒန္းရဲ႕ျမန္ႏႈန္းက ပိုမိုျပင္းထန္လာတယ္။ ဒါ့ေၾကာင့္ ဒန္းစီးေနတဲ့
ေကာင္မေလးက တျဖည္းျဖည္း ေၾကာက္စိတ္ဝင္ၿပီး ထိတ္လန႔္လာတယ္။ “ဟဲ့.. ငါ့ကို ရပ္ေပးေတာ့၊ ငါေၾကာက္တယ္၊ မစီးခ်င္ေတာ့ဘူး၊ ရပ္ေပး…ရပ္ေပး
ဒန္းေပၚက ေကာင္မေလးရဲ႕ စကားကို
အ႐ုပ္နဲ႔ ေကာင္မေလးက လုံး၀ ဂ႐ုမစိုက္ဘဲ `တဟီးဟီး ရယ္ေမာရင္း အရွိန္ကို ပိုျပင္းေအာင္ လႊဲထည့္လိုက္တယ္။ေနာက္ဆုံး လႊဲလိုက္ခ်ိန္မွာေတာ့
ျပင္းလြန္းတဲ့အရွိန္ေၾကာင့္ ေကာင္မေလးက

ဒန္းေပၚက လြင့္စဥ္ၿပီး ေျမေပၚဝမ္းလ်ားေမွာက္ ျပဳတ္က်သြားတယ္။
`အား… နာတယ္၊ နာတယ္၊
မာမီေရ…. မာမီ လုပ္ပါဦး.. အီး.. ဟီး… ဟီး…
ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးက
ထိုအျဖစ္ကို ျမင္ေတြ႕ရင္း ေျပးသြားလိုက္တယ္။ သူမဟာ ေကာင္မေလးကို ေပြ႕ခ်ီၿပီး
ဟိုတယ္ထဲ ေခၚသြားလိုက္တယ္။
ဂ်ာႀကီးအပါအဝင္ ဝန္ထမ္းအားလုံး
ပ်ာယာခတ္သြားကုန္တယ္။
ဂ်ာႀကီးက သူ႔မိဘေတြဆီ အေၾကာင္းၾကားရင္း ေဆးေသတၱာ
ယူခိုင္းလိုက္တယ္။ေကာင္မေလးက ေျမျပင္ကို
အရွိန္နဲ႔က်တာေၾကာင့္ သြားက်ိဳးသြားသလို ေသြးေတြလည္း သိပ္ထြက္ေနတယ္။
ဒါ့ေၾကာင့္ နာက်င္မႈဒဏ္ေၾကာင့္ ေခ်ာ့မရႏိုင္ေအာင္ ငိုေႂကြးေနရွာတယ္။ • “ အမယ္ေလးေတာ္.. ငါ့သမီး…
သမီးေလး ဘာျဖစ္တာလဲ
ဂ်ာႀကီးက မိန္းမဝႀကီးကို အေၾကာင္းစုံ
ရွင္းျပလိုက္သလို ေကာင္မေလးကလည္း… “ “ အီး… သိပ္နာတယ္ မာမီ၊ မီးကို သြားက်ိဳးေအာင္လုပ္တာ ဟိုေကာင္မေလးပဲ၊ သူ႔ကို လုံးဝ မေက်နပ္ဘူး၊ အီး… ဟီး… ဟီး “ဘာ… ဘယ္လို၊ ငါ့သမီး
ဒီလိုျဖစ္ေအာင္ လုပ္တဲ့လူ ရွိတယ္ ဟုတ္လား… ဘယ္မွာလဲ ဒင္း…

`သူက ဒီဟိုတယ္မွာ မီးတို႔လို
တည္းတာပဲ မာမီ၊ သူ႔ကို ေခၚေပး၊ အျပစ္ေပးရမယ္၊ ဟင့္.. ဟင့္
ေကာင္မေလးရဲ႕အေျပာေၾကာင့္ ဂ်ာႀကီးရဲ႕ဝန္ထမ္းေတြ မ်က္လုံးျပဴးကုန္တယ္။
`ၾကားလား… ငါ့သမီး ေျပာတာ၊
ေခၚလိုက္စမ္း၊ နင္တို႔ဟိုတယ္မွာ တည္းေနတဲ့
ေကာင္မေလးကို ေခၚလိုက္
ဂ်ာႀကီးက ျပဴးတူးပ်ာတာဟန္နဲ႔
“မျဖစ္ႏိုင္ဘူး အစ္မႀကီး၊
ကြၽန္ေတာ္တို႔ဟိုတယ္မွာ အခန္းငါးခန္းပဲ ခုခ်ိန္ လူရွိေနပါတယ္၊ အစ္မႀကီးတို႔တစ္ခန္းသာ
မိသားစုပါ၊ က်န္တာက စုံတြဲေတြ႕ခ်ည္းပဲ ခင္ဗ်
ကေလးအေမကပိုမိုေဒါသထြက္ဟန္နဲ႔ ….
“ဘာေျပာတယ္… ငါ လုံးဝမယုံဘူး၊
ငါ့ကို အဲဒီ အခန္းေလးခန္းစလုံးကို လိုက္ျပစမ္း
“ဟို.. ဒါေတာ့ မျဖစ္ႏိုင္ဘူးဗ်၊
ဟိုတယ္စည္းကမ္းအရ
တျခားဧည့္သည္ဘက္ကိုလည္း ငဲ့ရမယ့္ အေနအထားေတြ ရွိေနပါတယ္၊ ဒီလိုလုပ္ပါ ခင္ဗ်… ဧည့္သည္ထဲမွာ အစ္မႀကီးရဲ႕ ကေလးကလြဲရင္ ကေလးမပါေပမယ့္ ေသခ်ာေအာင္ ဟိုတယ္ဝင္းအႏွံ႔ လိုက္ၾကည့္ေပးပါ့မယ္ဂ်ာႀကီးရဲ႕ စကားကို ကေလးအေဖက…
“ဟုတ္သားပဲ မိန္းမရာ၊ မန္ေနဂ်ာႀကီးေျပာတာ ငါလက္ခံတယ္၊ အတြဲေတြ

သူတို႔ဘာသာ ေအးေအးေဆးေဆး နားေနတာကို သူခိုးလို အခန္းတိုင္း လိုက္ရွာလို႔ ရမလားကြ၊ မင္းရဲ႕စိတ္ကို ေလွ်ာ့လိုက္စမ္းပါလို႔ ေျပာလိုက္တဲ့အတြက္
မိန္းမႀကီးက…
“လာခဲ့ မီးမီး…. မာမီးတို႔ သြားမယ္ ဆိုရင္ အခန္းရွိရာဆီ ေျခေဆာင့္နင္းထြက္သြားလိုက္တယ္။
ထိုေန႔ည ဆယ္ႏွစ္နာရီခန႔္ အခ်ိန္…
အိုးဘို႐ြာရွိေယာက္်ားကာလသားအားလုံး

သူႀကီးသက္ညိဳရဲ႕အိမ္ဝိုင္းထဲ ေရာက္ေနတၾကတယ္။
ရပ္ရင္း…သူႀကီးက စားပြဲရွည္ႀကီးရဲ႕ေနာက္
‘ဒီညဟာ လကြယ္ညပဲ၊ ငါ့ကို
ေဒၚအိုစာ ေျပာထားတာ ရွိတယ္၊ ဒီည သန္းေခါင္ခ်ိန္ေရာက္တာနဲ႔ တစ္႐ြာလုံး ဘယ္သူမွ အိမ္ထဲကအိမ္ျပင္ မထြက္ရဘူး၊ ေဒၚအိုစာဟာ
သူ႔ပညာရပ္ရဲ႕ ေနာက္ဆုံးအဆင့္ ထုံကူးမႈကို ဒီည အဆုံးသတ္လိမ့္မယ္၊ ဒီအဆင့္ သူ
အထေျမာက္သြားရင္ ငါတို႔႐ြာမွာ
မေကာင္းဆိုးဝါးဆိုတာ လုံးဝ မရွိႏိုင္ေတာ့ဘူး၊ ငါေျပာတဲ့စကားကို နားလည္ၾကလားေဟ့
လို႔ ေျပာလိုက္တဲ့အခါ
႐ြာသားအားလုံးက တညီတၫြတ္တည္း… “နားလည္ပါတယ္ သူႀကီး၊ က်ဳပ္တို႔
ၿခံဝိုင္းအျပင္ မထြက္ဘဲ ေနေပးပါ့မယ္
လို႔ ဝိုင္းကတိေပးကုန္ၾကတယ္။
ထိုအခ်ိန္ နတ္မင္းဘုံဟိုတယ္ႀကီးထဲကို
ကိုယ္ပိုင္ကားတစ္စီး ဝင္လာတယ္။
ကားေပၚက ဆင္းလာသူကို ျမင္တဲ့အခါ
ဝန္ထမ္းေတြ မ်က္လုံးျပဴးသြားကုန္တယ္။
နတ္မင္းဘုံရဲ႕ပိုင္ရွင္ သူေဌးတ႐ုတ္ဟာ
ဒယိမ္းဒယိုင္နဲ႔ ကားေပၚက ဆင္းလာတယ္။
သူ႔ရဲ႕နံေဘးမွာလည္း
အသက္ႏွစ္ဆယ္မွ် မရွိေသးတဲ့ ျမန္မာဆန္ဆန္ မိန္းကေလး ပါလာတယ္။

`ေဟ့ေကာင္ေတြ… ငါ့ကို
ဘာၾကည့္ေနၾကတာလဲ… ေအ့၊ ဒီဟိုတယ္မွာ အေကာင္းဆုံးျဖတ္တဲ့ ငါ့အခန္းမွာ ငါ သြားနားမယ္…. ေအ့၊ မင္းတို႔ငါ့ကိုတြဲေခၚၾကစမ္းကြသူေဌးရဲ႕အမိန႔္ကို မလြန္ဆန္ဝံ့တဲ့
ဝန္ထမ္းေတြက သူ႔ကိုတြဲရင္း အခန္းဆီ
လိုက္ပို႔ေပးရတယ္။
နံေဘးက ေကာင္မေလးကေတာ့
စိတ္ညစ္ညဴးဟန္နဲ႔ လိုက္ပါသြားတယ္။ ဂ်ာႀကီးက ထိုအျဖစ္ကိုၾကည့္ၿပီး…
“ဟူး. သူေဌးကေတာ့ လုပ္ခ်ျပန္ၿပီ၊
ဟိုတယ္ ဖြင့္ခါစကလည္း သူ႔စေမာေလး ေခၚလာလို႔ မယားႀကီးနဲ႔ ျပႆနာတက္ၿပီးၿပီ၊

ခုလည္း ထပ္လုပ္ျပန္ၿပီ၊ ဒီဟိုတယ္မွာ မန္ေနဂ်ာလုပ္ရတာ သိပ္ မ်က္ခုံးလႈပ္တယ္၊ စိတ္ပ်က္တယ္ကြာလို႔ ညည္းညဴလိုက္တယ္။
ထိုအခိုက္မိသားစုသုံးေယာက္ရွိတဲ့
အခန္းထဲမွာေတာ့….
“မီးေရ.. ဒီေဆးက အေရာင္က်ေဆး၊
ဒါေသာက္ၿပီး အိပ္ေတာ့ေနာ္၊ ဒါမွ သြားက်ိဳးသြားတဲ့ေနရာက မနာက်င္မွာ မီးရဲ႕ မိခင္ရဲ႕အေျပာေၾကာင့္
ကေလးမေလးက မ်က္ႏွာရႈံ႕ မဲ့ၿပီး…
“ဟင့္အင္း.. မီးေၾကာက္တယ္ မာမီ၊ ဒီမွာမေနခ်င္ေတာ့ဘူး၊ မီးတို႔ကားဘီးေတြက

ဘယ္ေတာ့ ျပန္ရမွာလဲဟင္
လို႔ မ်က္လုံးအဝိုင္းသားနဲ႔ေမးလိုက္တယ္။
“ညဦးပိုင္းက ဘီးဖာတဲ့ဝန္ထမ္းေလး
ဟိုတယ္ကို ဖုန္းဆက္တယ္၊ ဘီးက ဖာလို႔ၿပီးၿပီ မီးရဲ႕၊ ကားမရလို႔ သူက ျပန္လာလို႔ မရတာ ၊ မိုးလင္းတာနဲ႔ သူျပန္ေရာက္မွာ၊ မာမီတို႔ မိုးလင္းရင္ ျပန္လို႔ရၿပီ၊ အိပ္… အိပ္ေတာ့ မိခင္ျဖစ္သူ မိန္းမဝႀကီးရဲ႕
အေျပာေၾကာင့္ ကေလးမေလးဟာ ေက်နပ္ဟန္နဲ႔ မ်က္လုံးမွိတ္သြားရွာတယ္။
အခ်ိန္ကညဆယ့္တစ္နာရီေက်ာ္သြားေခ်ၿပီ။
သူႀကီးရဲ႕အမိန႔္ေၾကာင့္ ဟိုတယ္ႀကီးရဲ႕

အေနာက္ဘက္ရွိ အိုးဘိုတစ္႐ြာလုံး တုတ္တုတ္မွ်မလႈပ္ဝံ့ၾကဘူး။
ေဒၚအိုစာေျပာထားတဲ့အတိုင္း
ညဆယ့္တစ္နာရီေက်ာ္သြားတဲ့အတြက္
သူႀကီးသက္ညိဳဟာ ၎ရဲ႕
တပည့္ႏွစ္ေယာက္နဲ႔အတူ ေဒၚအိုစာအိမ္ဝိုင္းဘက္
ထြက္ခဲ့ၾကတယ္။
၎ရဲ႕အိမ္ပိုင္းေရွ႕ေရာက္ေတာ့ ၿခံဝမွာ
အသင့္ေစာင့္ေနတဲ့ ေဒၚအိုစာကိုေတြ႕လိုက္ရတယ္။
ေဒၚအိုစာ ထဘီကိုေဇာက္ထိုးပတ္ထားသလို ထဘီရင္ရွားႀကီးနဲ႔…
သူမရဲ႕ေခါင္းမွာေတာ့
အ႐ိုးေခ်ာင္းႀကီးကိုဆံထိုးထိုးထားတယ္။
သူမဟာ ဖ်င္လြယ္အိတ္ႀကီးလြယ္ရင္း
သူႀကီးတို႔နဲ႔အတူ သခ်ႋဳင္းေဟာင္းဘက္ တေ႐ြ႕ေ႐ြ႕ ေလွ်ာက္ခဲ့တယ္။
ညဆယ့္ႏွစ္နာရီထိုးခါနီး ဆယ္မိနစ္အလိုမွာေတာ့ ၎တို႔ဟာ ႐ြာထိပ္ရွိ သခ်င္းေဟာင္းေနရာ နတ္မင္းဘုံဟိုတယ္ႀကီးအနီးကို ေရာက္ရွိသြားၾကတယ္။
ထိုစဥ္ ဟိုတယ္ႀကီးရဲ႕ မိသားစုသုံးဦးတည္းတဲ့ အခန္းတြင္းမွာေတာ့… ေကာင္မေလးဟာ နား႐ြက္ကိုလာၿပီးလႈပ္ဆြဲခံရတာ ေၾကာင့္ မ်က္လုံးေတြပြင့္သြားတယ္။
ေဘးကိုၾကည့္ေတာ့ မိခင္ေရာ၊ ဖခင္ပါ
ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနၾကတယ္။
“ဟင္.. နင္… နင္.. လာျပန္ၿပီလား၊
နင္ ဘယ္ကလဲ၊ ညေနက နင့္ကို ဟိုတယ္တစ္ဝန္းလုံး လိုက္ရွာၾကတယ္။ မေတြ႕ခဲ့ဘူးဟဲ့၊ နင္.. လူမွ ဟုတ္ရဲ႕လား။လူယုတ္မာမရဲ႕ေကာင္မေလးက သူမအား ရပ္ၿပီး
ၾကည့္ေနတဲ့ ႐ြယ္တူမိန္းကေလးကို ေဒါသတႀကီး
ေျပာလိုက္တယ္။
အ႐ြယ္နဲ႔မလိုက္ေအာင္ ၾသရွတဲ့အသံက
ရပ္ေနတဲ့ ေကာင္မေလးရဲ႕ႏႈတ္ကေနထြက္လာတယ္။
လူမဟုတ္ဘူး၊ ငါက… သရဲမပဲ၊ နင္နဲ႔ ဒီေနရာအားလုံးကို ဒီ … ည… ေျမလွန္ပစ္မယ္၊ ဟီး… ဟီး… ဟီး… ဟီး
သရဲမေလးရဲ႕ အေျပာေၾကာင့္
ေကာင္မေလးဟာ မ်က္လုံးေတြ ဝိုင္းစက္သြားရွာတယ္။
ထိုအခ်ိန္ မန္ေနဂ်ာႀကီးရဲ႕အခန္းဝမွာေတာ့…
“ဒုန္း……. ဒုန္း… ဒုန္း…
` `ဂ်ာႀကီး… ထပါဦး ဂ်ာႀကီးရ၊ အေရးႀကီးလို႔ပါ၊ က်ဳပ္ ေမာင္သီပါဗ်
အသံေၾကာင့္ အိပ္ေပ်ာ္လုဆဲဆဲ
ျဖစ္ေနတဲ့ ဂ်ာႀကီး လန႔္သြားတယ္။

တံခါးထဖြင့္ေပးရင္း… “ေဟ့ေကာင္ ငသီး… အခ်ိန္လည္း
ၾကည့္ဦးကြာ၊ ဘာျဖစ္တာလဲ
လို႔ မ်က္လုံးပြတ္ေမးလိုက္တယ္။
“ကြၽန္ေတာ္ ႐ြာထဲက သူငယ္ခ်င္းအိမ္
သြားတာဗ်၊ ခုပဲ ျပန္ေရာက္တာ၊ အေရးမ်ား ႀကီးမလားလို႔ပါ၊ ဂ်ာႀကီးကို သတင္းပို႔တာ၊ ဒီည. ႐ြာထဲက စုန္းမႀကီး ေဒၚအိုစာဟာ မေကာင္းဆိုး႐ြာေတြကို အျပတ္ရွင္းမယ္တဲ့ဗ်၊ ၿပီးေတာ့… ကြၽန္ေတာ္တို႔ ဟိုတယ္က ေျခာက္လွန႔္မႈေတြကို ရပ္တန႔္ေစခ်င္ရင္ သူေဌးကိုယ္တိုင္ သူ႔ဆီ လာေတာင္းပန္မွ လုပ္ေပးႏိုင္မယ္ဗ်၊ ဒီည.. တစ္ခုခုေတာ့ျဖစ္ေတာ့မယ္ထင္တယ္ဗ်ာ

ကားပါကင္ဝန္ထမ္း ေမာင္သီးရဲ႕
စကားေၾကာင့္ ဂ်ာႀကီး မ်က္ေမွာင္ၾကဳတ္သြားရွာတယ္။
“ဒါေပမယ့္… မျဖစ္ႏိုင္ဘူး ေမာင္သီး၊
သူေဌးက ဒါမ်ိဳးေတြ လုံးဝလက္ခံတာ မဟုတ္ဘူးကြ၊ ဘာမွမျဖစ္ေလာက္ပါဘူးကြာ၊ မင္းလည္း သြားအိပ္ေတာ့၊ ညဥ့္နက္ေနၿပီ… သြား သြား
ေမာင္သီက ဂ်ာႀကီးရဲ႕ အေျပာေၾကာင့္
ဘာမွမေျပာေတာ့ဘဲ ထြက္သြားေတာ့တယ္။
မိသားစုသုံးဦးရွိတဲ့ အခန္းထဲမွာေတာ့…
မီးမီးဆိုတဲ့ ေကာင္မေလးက ႏႈတ္က
အသံမထြက္ႏိုင္ေလာက္ေအာင္
ေၾကာက္လန႔္ေနရွၾကယ္။

“ငါ့… ကို… စိုက္ၾကည့္စမ္း…၊ ခု… ခ်ိန္ကစၿပီး… ငါ့အမိန႔္ကို နင္… လြန္ဆန္လို႔ မရဘူး၊ ၾကည့္စမ္း… ၾကည့္စမ္းမီးမီးတစ္ေယာက္
စူးစိုက္ၾကည့္ေနစဥ္မွာပဲ သရဲမေလးကေန အလြန္ေၾကာက္မက္ဖြယ္ေကာင္းတဲ့ သရဲႀကီးအသြင္ ေျပာင္းလဲသြားတယ္။
သရဲႀကီးက သူ႔အနီး တေ႐ြ႕ေ႐ြ႕
ေ႐ြ႕လ်ားလာၿပီး သူ႔ကိုယ္ထဲ စြပ္ခနဲဝင္လိုက္တယ္။
မီးမီးဟာ ဆတ္ခနဲ တုန္သြားတယ္။
သူမရဲ႕မ်က္လုံးေတြ တင္းမာၿပီး
မ်က္လုံးေတြ ျပဴးထြက္ေနသလို…
“သဘက္ႀကီး.. ငါ့အေၾကာင္း
သိေစရမယ္လို႔ ႀကဳံးဝါးလိုက္တယ္။
မေကာင္းဆိုးဝါးေကာင္ႀကီးဟာ
လက္ႏွစ္ဖက္ကို ဆန႔္ထုတ္ရင္း ႏႈတ္က တတြတ္တြတ္ ေရ႐ြတ္လိုက္တယ္။
နတ္မင္းဘုံဟိုတယ္ရွိ
တံခါးေပါက္အားလုံး ႐ုတ္ျခည္းဆိုသလိုပြင့္ထြက္ကုန္တယ္။
အခ်ိန္က ညဆယ့္ႏွစ္နာရီတိတိ
ရွိေခ်ၿပီ။ေဒၚအိုစာဟာ ေျမျပင္ေပၚ
တင္ပ်ဥ္ေခြထိုင္ရင္း တံေတာင္ေလာက္ရွိတဲ့ ေဆးဖေယာင္းတိုင္ႀကီးကို မီးညႇိလိုက္တယ္။
ၿပီးေတာ့ မ်က္လုံးစုံမွိတ္ၿပီးအ႐ိုးေခါင္းႀကီးကို အ႐ိုးေခ်ာင္းနဲ႔ တတုံတုံ ေခါက္လိုက္တယ္။
သူႀကီးနဲ႔ တပည့္ႏွစ္ေယာက္ဟာ
ေဒၚအိုစာလုပ္သမွ် ေဘးက စိုက္ၾကည့္ေနၾကတယ္။ ဒီအခ်ိန္မွာပဲ
နတ္မင္းဘုံဟိုတယ္ႀကီးဆီက ဝုန္းဝုန္းဒိုင္းဒိုင္း အသံေတြ ထြက္ေပၚလာတယ္။
အသံေတြေၾကာင့္ ဟိုတယ္ရွိ လူအားလုံး
လန႔္ဖ်ပ္ၿပီး အျပင္ကို ေျပးထြက္ကုန္ၾကတယ္။
မေကာင္းဆိုးဝါးေကာင္ရဲ႕ရယ္ေမာသံႀကီးနဲ႔အတူ ဟိုတယ္မွာရွိတဲ့ ပစၥည္းေတြအားလုံးဟာလည္း
တံခါးေပါက္ေတြကေန လြင့္စဥ္လာတယ္။ “ဟာ… ငါ့ပစၥည္းေတြ ကုန္ပါၿပီ၊ ဒါ
ဒါ… ဘာျဖစ္ကုန္တာလဲဟ
သူေဌး တ႐ုတ္တစ္ေယာက္ တအံ့တၾသ
ေရ႐ြတ္လိုက္သလို ဝန္ထမ္းေတြအားလုံး ဒူးတုန္မတတ္ ေၾကာက္လန႔္ေနၾကတယ္။ ေမာင္သီးက လြင့္စဥ္လာတဲ့ပစၥည္းေတြကို ၾကည့္ရင္း…
“ဒါ… ဒါ သရဲေျခာက္ေနတာဗ်၊
ပုဏၰက တိုက္ခံေနရတာ
လို႔ ေျပာလိုက္တဲ့အခါ သူေဌးနဲ႔ လူအားလုံး မ်က္လုံးျပဴးကုန္ၾကတယ္။

“ကယ္ၾကပါဦးရွင္… အထဲမွာ
ကြၽန္မသမီးေလး က်န္ခဲ့တယ္၊ ကြၽန္မတို႔လည္း အသံေတြေၾကာင့္ ငလ်င္လႈပ္တယ္ထင္ၿပီး လန႔္ဖ်ပ္ေျပးထြက္လာတာ၊ လုပ္ၾကပါဦး.. ဟီး…
ဟီး… ဟီး
“ဟာ… ဟိုမွာ အစ္မႀကီး သမီး၊ သူ.
သူထြက္လာၿပီး ၾကည့္ပါဦး… သူ႔မ်က္ႏွာက ေၾကာက္စရာႀကီးဗ်
ေမာင္သီးရဲ႕အေျပာေၾကာင့္
အားလုံးရဲ႕အၾကည့္က ဟိုတယ္ရဲ႕ဝင္ေပါက္ဆီ ေရာက္သြားၾကတယ္။
“ဟီး… ဟီး… ဟီး.. ဟီး….ည..
ဒီေနရာကို အားလုံး ၿဖိဳဖ်က္ပစ္မယ္၊ ငါတို႔ကို မေတာင္းပန္ဘဲ ငါတို႔ေနရာ အပိုင္စီးတဲ့ေကာင္…

နင့္စည္းစိမ္ ျပဳတ္ဖို႔ျပင္ထားေဟ့… ဟား….
ဟား… ဟား… ဟား…
မေကာင္းဆိုးဝါးဝင္စီးခံရတဲ့
မီးမီးရဲ႕အသံေၾကာင့္ အားလုံး လန႔္ဖ်ပ္သြားကုန္တယ္။
“အမယ္ေလးေတာ္… ငါ့သမီးေလး
သရဲစီးခံေနရၿပီ၊ ဒါ… နင္တို႔ဆီမွာ
တည္းလို႔ျဖစ္ရတာ ၊ နင္တို႔ ဘယ္လိုရွင္းမလဲ ေျပာၾကစမ္းသူေဌးတ႐ုတ္ဟာ
ေခြၽးသီးေခြၽးေပါက္က်ေအာင္တုန္လႈပ္ေနရွာတယ္။
ဂ်ာႀကီးဘက္လွည့္ၿပီး
“ငါ… ငါ ယုံေတာင္မယုံဘူးကြာ၊
ဒါမ်ိဳးေတြက တကယ္ပဲ ရွိသလားဟ၊ ဘာ… ဘာလုပ္ရမလဲ စိုးဝင္းရာ
လို႔ ေျပာေနစဥ္မွာပဲ `ဝုန္း နဲ အသံႀကီးၾကားလိုက္ရတယ္။
ဟိုတယ္ေခါင္မိုးျပားႀကီးေတြ
က်ိဳးေၾကၿပီး လြင့္စဥ္လာတဲ့အတြက္ အားလုံး
ေျခဦးတည့္ရာ ေျပးကုန္ၾကတယ္။
`သူေဌး.. အခု ယုံၿပီမဟုတ္လား၊
ေဒၚအိုစာဆိုတဲ့ စုန္းမႀကီးကို သူေဌး
ေတာင္းပန္ရမယ္၊ ဒါမွ …. သူေဌး ဒီထက္ပိုၿပီး
မဆုံးရႈံးမွာဗ်၊ က်ဳပ္နဲ႔ လိုက္ခဲ့မန္ေနဂ်ာစိုးဝင္းက
သူေဌးတ႐ုတ္ရဲ႕လက္ကို ဆြဲရင္း ေဒၚအိုစာတို႔ရွိရာ
ေျပးသြားတယ္။ထိုအခ်ိန္မွာ
ေဒၚအိုစာတို႔ဆီမွာေတာ့…
သူႀကီးနဲ႔ တပည့္ေတြဟာ ေဒၚအိုစာ့အနီး
ဝိုင္းအုံလာတဲ့ အရိပ္မည္းႀကီးေတြေၾကာင့္ အႀကီးအက်ယ္ ေၾကာက္လန႔္ေနၾကတယ္။
ေဒၚအိုစာက ထိုင္ရာကထရပ္လိုက္တယ္။
`ဟား.. ဟား… ဟား.. ငါ့အေမ
မႏိုင္ခဲ့တဲ့ နာနာဘာဝအားလုံးကို ငါ အႏိုင္ရၿပီ၊ ခုခ်ိန္ကစၿပီး ဖုတ္ တေစၦ သရဲ သဘက္အားလုံး အိုစာမရဲ႕ထုံကူးမႈ ေအာင္ျမင္ခဲ့ၿပီ၊ ကဲ..
လာၾကစမ္းေဒၚအိုစာက ထိုသို႔ေႂကြးေၾကာ္ရင္း
ျပာမႈန႔္ေတြနဲ႔ အရိပ္မည္းေတြကို
လွမ္းပက္လိုက္တယ္။မေကာင္းဆိုးဝါးေတြရဲ႕
ေၾကာက္မက္ဖြယ္ ေအာ္ဟစ္ငိုေႂကြးသံေတြက အိုးဘိုတစ္႐ြာလုံး တုန္လႈပ္ဖြယ္ ၾကားလိုက္ရတယ္။
“အေမအိုစာ အေမအိုစာ… က်ဳပ္ကို
ကယ္ပါဦးဗ်ာ၊ မေကာင္းဆိုးဝါးေတြ က်ဳပ္ဟိုတယ္ႀကီးကို ဖ်က္ဆီးေနၾကပါၿပီ၊ ေျခေထာက္ဖက္ ေတာင္းပန္းပါတယ္ဗ်ာ၊ ကယ္တင္ေပးပါ အေမအိုစာ
သူေဌးတ႐ုတ္ဟာ ေျပးလႊားလာရ္း
ေဒၚအိုစာရဲ႕ေဘး ဒူးေထာကေတာင္းပန္လိုက္တယ္။
– ` ဒီမယ္ သူေဌးေကာင္ရဲ႕ … ေငြရွိလို႔ ဘာမွအယူမရွိဘူးဆိုတဲ့ စိတ္ကို ျပင္လိုက္ပါ၊

တကယ္ဆို ကိုယ္ စီးပြားရွာမယ့္ေနရာမွ လုပ္သင့္တာကိုေတာ့ လုပ္ေပးခဲ့ရမယ္၊ ဒါေတြျဖစ္လာျခင္းဟာ နင္ ပိုင္ရွင္ကိုယ္တိုင္ သခ်ႋဳင္းေျမက ဆိုင္ရာပိုင္ရာ ပုဂၢိဳလ္ေတြအတြက္ ပြဲနဲ႔ ေတာင္းပန္ခဲ့ရမွာေအ့၊ ခုေတာ့ မျဖစ္သင့္တာေတြ ျဖစ္ကုန္ရၿပီ၊ က်ဳပ္ကို ေျခေထာက္ဖက္ ေတာင္းပန္ေတာ့လည္း ကူညီရတာ ေပါ့၊ နင့္ဟိုတယ္မွာ ေသာင္းက်န္းေနတာ ဒီေနရာရဲ႕
သက္တမ္းအၾကာျမင့္ဆုံး သဘက္ႀကီးပဲ၊ ကဲ… က်ဳပ္ေနာက္ လိုက္ခဲ့ၾက
ေဒၚအိုစာက ထိုသို႔ေျပာၿပီး
ဟိုတယ္ႀကီးဆီ အ႐ိုးေတာင္ေဝွးကို တေဒါက္ေဒါက္ေထာက္ရင္း ေလွ်ာက္သြားတယ္။ သူတို႔အားလုံး ေဒၚအိုစာေနာက္ကလိုက္ပါသြားၾကတယ္။
သူေဌးတ႐ုတ္တို႔ကို ျမင္တဲ့အခါ မီးမီးရဲ႕မိဘေတြ ေျပးလႊားေရာက္လာၿပီး…
“နင္ဟာ အသုံးမက်တဲ့ သူေဌးပဲ၊
ဟိုမွာၾကည့္စမ္း… နင့္ေၾကာင့္ ငါ့ကေလး ေသမတတ္ ခံစားေနရတယ္၊
နင့္ဝန္ထမ္းအခ်ိဳ႕လည္း လြင့္လာတဲ့ ပစၥည္းေတြထိၿပီး ဒဏ္ရာေတြ ရကုန္ၿပီ၊ ငါ့သမီး တစ္ခုခု ျဖစ္လို႔ကေတာ့ နင့္ကို တရားစြဲၿပီး ေထာင္ခ်ပစ္မယ္၊ ဟီး… ဟီး… ဟီး… လို႔ ငိုယိုေျပာလာတယ္။
ေဒၚအိုစာက ဟိုတယ္ႀကီးကို
လွမ္းၾကည့္ရင္း တေ႐ြ႕ေ႐ြ႕ ေလွ်ာက္သြားတယ္။
မီးမီးရဲ႕ဟားတိုက္ရယ္ေမာသံႀကီးနဲ႔အတူ ပစၥည္းေတြက
တဖြားဖြား လြင့္စဥ္က်ေနဆဲ။
“ဟား… ဟား… ဟား… ကုန္စမ္း…
အားလုံးကို ဖ်က္ဆီးပစ္မယ္ေဟ့၊ ၿပီးရင္ .. အားလုံးကို မသာဘ၀ ေျပာင္းပစ္မယ္၊ ဟား…

ေဒၚအိုစာက တံခါးေပါက္ေရွ႕ ရပ္ရင္း
ေတာင္ေဝွးကို ေဆာင့္ခ်လိုက္တယ္။
`ေဟ့… မေကာင္းဆိုးဝါးေကာင္၊
အခု… နင့္ကို သဘက္ဘဝကေန ခြၽတ္ဖို႔ ငါ
ေရာက္လာၿပီ၊ အိုစာမအေၾကာင္း နင္ သိရေစမယ္၊
လာခဲ့စမ္းေဒၚအိုစာရဲ႕ လက္ညႇိဳးထိုး
အေျပာေၾကာင့္ သဘက္ႀကီးဟာ

ေဒါထြက္သြားပုံရတယ္။
၎ရဲ႕လက္အစုံကို ေျမႇာက္ရင္း
ေလထဲကေန ေဒၚအိုစာကို ကိုင္ေပါက္ဖို႔
ႀကိဳးစားေနတယ္။
ေဒၚအိုစာက သူ႔ဆီ ေ႐ြ႕လ်ားလာတဲ့
ေလေပြလုံႀကီးကို ေတာင္ေဝွးနဲ႔ ဆတ္ခနဲ ႐ိုက္ခ်လိုက္တယ္။
`ဟား… ဟား… ဟား… ဒီအခ်ိန္မွာပဲ မေကာင္းဆိုးဝါးအားလုံးကို ခ်ဳပ္ကိုင္ႏိုင္တဲ့ ငါ အိုစာမ ျဖစ္သြားၿပီ၊ နင့္ကို ခ်ဳပ္ကိုင္ႏိုင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ ငါ ႀကိဳးစားခဲ့ရတယ္၊ ဒီေန႔ ဒီည ငါ့ရဲ႕ေအာင္ျမင္မႈ၊ နင့္ရဲ႕ က်ရႈံးမႈပဲတဲ့၊ စုန္းမႀကီး ေဒၚအိုစာရဲ႕အစြမ္းကို နင္ သိရေတာ့မယ္
ေဒၚအိုစာက ဖ်င္လြယ္အိတ္ထဲက

အ႐ိုးျပာမႈန႔္ေတြ ထုတ္ရင္း မီးမီးရွိရာ လွမ္းပက္လိုက္တယ္။
ျပာမႈန႔္ေတြဟာ ေလထဲမွာပဲေဘာလုံးေလာက္ရွိတဲ့
ဖန္လုံးသဏၭာန္ျဖစ္သြားတယ္။
ထိုဖန္လုံးဟာ ေလထဲဝဲပ်ံသြားၿပီး
မီးမီးေလးရဲ႕ ကိုယ္ေပၚ အခိုးအေငြ႕အျဖစ္လႊမ္းၿခဳံသြားတယ္။
မေကာင္းဆိုးဝါးသဘက္ႀကီးရဲ႕
ကမာၻပ်က္မတတ္ ေအာ္ဟစ္သံႀကီးက
နားကြဲလုမတတ္ ၾကားလိုက္ရတယ္။
လူအားလုံး အသံဆိုးႀကီးေၾကာင့္
နားကိုယ္စီ ပီထားၾကကုန္တယ္။
မီးမီးေလးဟာ အခ်ိန္ၾကာျမင့္စြာ ေျမမွာ

လူးလွိမ့္ရင္း ေအာ္ဟစ္ေနရွာတယ္။
ေဒၚအိုစာႀကီးရဲ႕ ေအာင္ျမင္ဝံ့ႂကြားတဲ့
ဟားတိုက္ရယ္ေမာသံႀကီးဟာ
မေကာင္းဆိုးဝါးေအာ္သံနဲ႔
အားၿပိဳင္းေနသည့္အလား….။
အတန္ၾကာျမင့္တဲ့အခါ မီးမီးေလးၿငိမ္က်သြားရွာတယ္။
သူမရဲ႕ကိုယ္ထဲက အခိုးအေငြ႕ ေတြထြက္လာတယ္။
ထိုအခိုးအေငြ႕ ေတြဟာ တျဖည္းျဖည္း
ေပါင္းစုရင္း ဖန္လုံးသဏၭာန္ ျပန္ျဖစ္သြားတယ္။
ဖန္လုံးေလးထဲမွာေတာ့ ႐ုန္းကန္ေနတဲ့မေကာင္းဆိုးဝါးသဘက္ႀကီး။
ဖန္လုံးေလးဟာ ေလေပၚဝဲပ်ံရင္း
ေဒၚအိုစာရွိရာ ေရာက္သြားတယ္။ ေဒၚအိုစာ ဖန္လုံးကိုလက္ေပၚတင္ရင္း..
”ဟား… ဟား… ဟား…
အခုခ်ိန္ကစၿပီး နင့္ကို ငါ ပိုင္သြားၿပီ၊ ငါ ေစလိုရာ နင္ လုပ္ေပးရေတာ့မယ္၊ စုန္းမႀကီးေဒၚအိုစာဟာ မေကာင္းဆိုးဝါးအားလုံးကို ခ်ဳပ္ကိုင္ႏိုင္ၿပီ… ဟား… ဟား.. ဟား …
လို႔ ေႂကြးေၾကာ္လိုက္တယ္။
သူႀကီးနဲ႔ လူအားလုံး မီးမီးေလးရွိရာ
ေျပးလႊားရင္း ကေလးငယ္ကို ေထြးေပြ႕လိုက္ၾကတယ္။
“လုပ္ၾကပါဦး.. သူ႔ကို ေခၚလို႔ မရဘူး

လူေတြရဲ႕ စိုးရိမ္မႈကို ေဒၚအိုစာက -‘ဘာမွ စိတ္မပူၾကပါနဲ႔ …
ေရသြားယူခဲ့စမ္းလို႔ ေစခိုင္းလိုက္တယ္။
ေရယူလာတဲ့အခါ ေဒၚအိုစာက
မႈိင္းခံစကၠဴနဲ႔ စီရင္ထားတဲ့ အင္းခ်ပ္ကို မီးမီးရဲ႕ ပါးစပ္ထဲ ထည့္ၿပီး ေရနဲ႔ေမွ်ာခ်ေစတယ္။
မီးမီးေလးသတိျပန္ရလာတဲ့အခါမွာေတာ့ အားလုံး
ဝမ္းသာသြားၿပီး ေဒၚအိုစာကို ေက်းဇူးတင္စကားဆိုၾကကုန္တယ္။
ေဒၚအိုစာက အားလုံးကိုလက္ကာျပရင္း…
“က်ဳပ္အတြက္ ေက်းဇူးဟာဘာမွသုံးစားလို႔ မရဘူး၊ က်ဳပ္ လုပ္သင့္တာ လုပ္ခဲ့ၿပီးၿပီ၊ က်ဳပ္ သြားမယ္
လို႔ ေျပာဆိုၿပီး ေတာင္ေဝွးကို
တေဒါက္ေဒါက္ ေထာက္ရင္း ထြက္ခြာသြားသည္။ သူႀကီး၊ တ႐ုတ္သူေဌးနဲ႔ လူအားလုံး
ေဒၚအိုစာႀကီးရဲ႕ ေက်ာျပင္ကို ေငးၾကည့္ရင္း သခ်‚င္းေဟာင္းေျမ ဟိုတယ္ႀကီးေရွ႕ ၿငိမ္သက္စြာ က်န္ရစ္ခဲ့ေတာ့တယ္။