” သရဲကြီးဆီကမီးထိုးခံလာရသူ “(စ/ဆုံး)

Unicode Version

” သရဲကြီးဆီကမီးထိုးခံလာရသူ “(စ/ဆုံး)
——————————————

ကျွန်ုပ်တို့ ပဉ္စနိကာယ သာသနာ့ ဗိမာန်ကျောင်းတိုက်ကြီးရှိ စာချ၊ စာသင်
သံဃာ (၃ဝဝ) ကျော်တို့အား အစိုးရ
ပထမပြန်စာမေးပွဲကြီး စတင် ကျင်းပ
သောအဖွင့်နေ့မှစ၍ ခုနစ်ရက်တိုင်တိုင်
အရုဏ်၊ နေ့ဆွမ်း လှူဒါန်း ဆက်ကပ်ကြ
သော မြောက်ဥက္ကလာပနေ ဦးသန်း
မောင်၊ ဒေါ်သောင်းတင်တို့ မိသားစုနှင့်
တစ်နေ့စကားစပ်မိကြရာ ဦးသန်းမောင်
က “ခင်ဗျား သူငယ်ချင်း ကိုထွန်းရွှေ
ဆီးချိုဖြစ်နေတယ်”ဟု ပြော၏။
သူငယ်ချင်းကိုထွန်းရွှေ မြောက် ဥက္ကလာပနေမှန်း မိမိသိ၏။ သူ့အိမ်ကို
ယခင်ကမိမိရောက်ဖူ၊သည်။သို့သော်-
မှော်ဘီရှိ သာသနာ့ဂုဏ်ရည် ကျောင်း
ဒကာ၊ ကျောင်းထိုင်ဘုန်းကြီး ခမည်း
တော်၊ မယ်တော်တို့နှင့် ကိုထွန်းရွှေ
ရင်းနှီးခင်မင်ကြမှန်းမသိ၊ ယခု ဦးသန်း
မောင်ပြောမှ သူတို့ ရင်းနှီးခင်မင်ကြ
ကြောင်း သိရသည်။
ဦးသန်းမောင်က ကိုထွန်းရွှေ
အကြောင်း ပြောလာတော့ ကိုထွန်းရွှေ
တို့ကြပြိန်ရွာ၊ သပြုတောင်မှမောင်တင် သိန်း ရုက္ခစိုးဆီတွင် မီးထိုးခံခဲ့ရသည့်
အကြောင်း သတိရမိသွားသည်။ နှစ် အားဖြင့်မှုအတော်ကြာခဲ့ပြီ။ သို့သော်ထို

အကြောင်းကိုကျွန်ုပ်တို့အရပ်တွင် ပုံပြင်
ပမာ ယခုထိ ပြောနေကြတုန်းပင်။
မောင်တင်သိန်း ရုက္ခစိုးကြီးဆီ၌ မီး ထိုးခံလာရသည့်အကြောင်းကို မဖော်
ပြမီ ကျွန်ုပ်တို့ဆီနှင့်တကွ မြန်မာနိုင်ငံ
အရပ်တော်တော်များများတွင် ကာလ
သားကာလသမီးများ ကျင့်သုံးခဲ့ကြ
သော ရပ်ဓလေ့၊ ရွာဓလေ့များ ဖြစ်သည့်
အလေ့အထတစ်ခုကို ဦးစွာဖော်ပြမှ
ပြည့်စုံမည်ဟု ထင်သဖြင့် အောက်ပါ
အတိုင်း ရေးသားထားဖော်ပြရပါသည်။
ကျွန်ုပ်တို့ ရမ်းဗြဲကျွန်း၌ ဘယ် ခေတ်၊ ဘယ်ကာလကပင် ကျင့်သုံးလာ
ခဲ့ကြသည်မသိသောရပ်လေ့၊ ရွာဓလေ့
တစ်ခုမှာ”အပေါက်နှိုက်၊ အောက်နှိုက်”
ဟု ခေါ်၏။ ထိုအလေ့အထမှာ အရွယ်
ရောက်လာသူ လူပျိုကာလသားတစ် ယောက်သည်
အပျိုကာလသမီးတစ် ယောက်အား ချစ်ကြိုက်နေပါက
ည လူခြေတိတ်၊ လူကြီးမျာ၊ အိပ်ချိန် သန်း

ခေါင်ည၌ ထိုအပျိုရှိရာ အိမ်အောက်ကို သွားရသည်။
ထိုအိမ်၌ သူ ချုပ်ကြိုက်နေသော
အပျိုမ၏အိပ်ရာအောက်ကို ဦးစွာ လေ့
လာရ၏။အိပ်ရာကို သိပြီးလျှင်အပျိုမ၏
အိပ်ရာအောက်က ကြမ်းခင်းပျဉ်ကို
ခေါက်၍ နှိုးရ၏။ အပျိုမနိုးလာလျှင် သူ
မည်သူမည်ဝါဖြစ်ကြောင်း သူ့ကို ချစ်
ကြိုက်နေ၍ လာကြောင်းပဏာမတိုးတိုး လေး ခေါ်ပြောရသည်။
အပျိုမကလည်းသူ့ကိုသဘောကျ နေပါကလက်ခံစကားပြော၏။
မကြိုက် မနှစ်သက်ပါက နေမကောင်း၍၊ ခေါင်း
ကိုက်နေ၍၊ အိပ်ရေးပျက် မခံနိုင်၍၊
မနက်အလုပ်ရှိသေး၍ စသည် ဥပါယ်
တံမျဉ် တစ်ခုခုဖြင့် ကာလသား ကို နင်
လွှတ်တတ်၏။ သူချစ်ကြိုက်နေပါကမိုး
လင်းပိုင်းကြက်ဦးတွန်သံထိ ကားဒိုင်ခံ
ပြောလေသည်။ဤသို့နှင့်ညစဉ်ညတိုင်း
သူ့ဆီ ရောက်လာသော လုလင်ပျိုနှင့်
ချစ်ကြိုက်သွားကြပြီဆိုလျှင်ယောကျ်ား လေးက
မိန်းမပျို၏ အိပ်ရာခေါင်းရင်း၌ လက်တစ်နှိုက်စာ အပေါက်တစ်ပေါက်

ကို ဖောက် တော့သည်။ ထိုခေတ်က ကာလသားတိုင်းတွင်
ခါး၌ ဓားမြှောင်ပါ သဖြင့် ကြမ်းခင်းပျဉ်ပြားကို လက်တစ်
နှိုက်စာ အပေါက်တစ်ပေါက်ဖောက်ရန်
မခဲယဉ်းပေ။ သူ့အား ချစ်ကြိုက်နေသော
မိန်းမပျိုကလည်းဘယ်နေရာ၌အပေါက်
ဖောက်ရန်ကိုညွှန်ပြတတ်သည်လည်း
ရှိ၏။ဤသည်မှာကာလသားနှင့်ကာလ
သမီးတို့ ရက်လအတော်ကြာကြာမည်။
စားဖြစ်ကြပြီးမှ တစ်ဦးကိုတစ်ဦး ရာ
သက်ပန်ရိုးမြေကျပေါင်းသင်းတော့မည်
ဟု စိတ်ဆုံးဖြတ်ကြပြီးမှဖောက်ရသော
အပေါက်ဖြစ်သည်။နောက်ညနောက်ည
တွေမှာတော့ လူပျိုကာလသားသည်
မိန်းမပျိုအား ခေါ်နှိုးရန် မလိုတော့ဘဲ
ထိုအပေါက်မှ လက်နှိုက်၍ အပျိုမကိုနှိုးရန်သာ
ဤသည်မှာ အစဉ်အလာအရ
ကျွန်ုပ်တို့ဆီ၌ လူပျိုလှည့်သော အလေ့ အထ
ဤသည်ကို “အောက်နှိုက်” သည်။ အပေါက်နှိုက် သည်ဟုလည်း ခေါ်ကြ၏။
ဤသို့နှင့်ကြတ္တိန်ရွာကမောင်တင်
သိန်းသည် သပြုတောင်ရွာသူ မပိုပိုဆိ
ညတိုင်းလိုလို ရည်းစားစကား သွားပြော
နေလေ၏။ ကြက်ဦးတွန် ချိန်ရောက်မှ
မိမိရွာ ကြတ္တိန်ကို ပြန်သည်။ ကြတ္တိန်
ရွာနှင့် သပြုတောင်ရွာမှာ တစ်ကျောင်း
တည်း၊ တစ်ကန်တည်း ကိုးကွယ်ကြ
သော်လည်း ရွာနစ်ရွာကြားတွင် တောင်
ပူစာများ၊ ကုန်းတန်းများ၊ သစ်တောမျာ၊
ရှိသည်။ ကြတ္တိန်ရွာနှင့် သပြုတောင်ရွာ
ကြားတွင် တောင်ပေါက်လမ်းတစ်ခုလည်းရှိ၏။
တောင်ပေါက်လမ်းဆိုသည်မှာ
တောင်နစ်လုံးကြားရှိ ဝါးသုံးလေးပြန်
ရှည်သောလမ်းဖြစ် သည်။ ဟို ဘက်
သည်ဘက်တွင်တော့ လယ်ကွင်းများ
ရှိသည်။ ဤသို့ တောင်ပေါက်လမ်း ဖြစ်
နေသည်မှာ လူများနှင့် ကျွဲနွားတိရစ္ဆာန်
များ အသွားအလာများခြင်း၊ မိုးတွင်း၌
ရေတိုက်စားခြင်းတို့ကြောင့် ယခုအခါ
ထိုတောင်ပေါက်လမ်နှစ်ဖက်မှာလူနစ်
ယောက်ရပ်ကျော်ကျော်လောက် နက်
သော ချောက်ကြီးလို ဖြစ်နေသည်။ ထို
လမ်းထဲတွင် လူနစ်ယောက် ရှောင်သာ ရုံခန့်သာရှိသည်။
ထိုလမ်းကိုဖြတ်ပြီး ကြတ္တိန်ရွာက
လူပျိုမောင်တင်သိန်းသည် သပြုတောင်
ရွာရှိ သူ့ချစ်သူ အပျိုမ ပိုပို့ဆီ ညတိုင်၊
သွားနေကျအတိုင်း ဤည၌လည်း လူ
ခြေတိတ်ချိန်တွင် ကြတ္တိန်ရွာမှ သပြု
တောင်ရွာကို ရောက်လာလေ၏။ညစဉ်
လာနေကျဖြစ်သဖြင့် မလွယ်ပေါက်ကို
လည်း သိထားလေရာ ထိုအပေါက်မှ
လက်နှိုက်ပြီး မပိုပိုကို နှိုးသည်။ မပိုပိုက
လာနေကျ သူ့ချစ် သူမှန်း သိသဖြင့်
တမင်မူပြီး အိပ်ပျော်ယောင်ဆောင်နေ
၏။ ထိုအခါ မောင်တင်သိန်းက မပိုပို၏
ကိုယ်လုံးလေးကိုကိုင်လှုပ်၍ နှိုးရသည်။
ထိုအခါမှ ချစ်သူနှစ်ဦး ချစ်တင်းနှော
ဖြစ်ကြတော့၏။
ချစ်သူတို့သဘာဝ မည်မျှချစ်တင်း
နှော စကားကောင်းခဲ့ကြသည် မသိ၊ မိုးလင်းရန်
ကြက်ဦးတွန်သံကြားတော့မှ မိုးလင်းပိုင်း ရောက်လာမှန်း သိကြ
တော့သည်၊ ထိုအခါမှ မောင်တင်သိန်။ လည်း မပိုပိုကို နှုတ်ဆက်ကာ သပြု
တောင်ရွာမှ မိမိရွာရှိရာ ကြတ္တိန်ကို ပြန် လာလေ၏။
အချိန်မှာ နံနက်မိုးလင်းပိုင်းဟု ဆို
သော်လည်းရောင်နီကိုပင်မမြင်ရသေ။ ရောင်နီလာမှသပြုတောင်ရွာကပြန်လာ
လျှင် လယ်တဲ၊ ယာတဲလာသူများနှင့်
ပက်ပင်၊သွားတွေ့ပါက သူလူပျိုလှည့်
ရာကပြန်လာမှန်းအများသိမှာစိုးသဖြင့်
ညမိုက်ည၌ပင် မိမိရွာသို့ ပြန်လာခြင်း
ဖြစ်သည်။ မကြာမီမှာပင် ရွာနှစ်ရွာကြား ကျောက်တောင်ပေါက်လမ်းထဲ ဝင်
လာ၏။
သူ ကျောက်တောင်ပေါက်လမ်း၏ အလယ်လောက်အရောက်မှာ သူ ကဲ့
သို့ပင် မိမိရွာဘက်ရှိ ကျောက်တောင်
ပေါက်လမ်းအတိုင်း သူ့ရှေ့က ထီးထီး
မားမားကြီး လာနေသော ဧရာမ လူကြီး
တစ်ယောက်ကို မျက်နာချင်းဆိုင်မှာ
မြင်လိုက်ရသည်။ ထို့ကြောင့် အလိုလို
ခြေလှမ်းတန့်သွားမိသည်။
မောင်တင်သိန်းသည် ရှေ့က ခြေ
လှမ်းတုံ့ပြီး ရပ်ကြည့်နေသော်လည်း သူ့အရပ်ထက် နှစ်ပြန်ခန့်မြင့်သော
လူကြီးကားမောင်တင်သိန်းရှိရာဘက်
သို့သာ မျက်နှာချင်းဆိုင်ဘက်မှ လာမြဲ
လာနေ၏။ ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း
လှမ်းတိုင်းထိုလူ၏အရပ်မှာနိမ့်နိမ့်သွား
သည်။ထိုလူကြီးနှင့် မောင်တင်သိန်းတို့
ဝါးတစ်ရပ်ကျော်ကျော်အရောက်မှာ
တော့ ထိုလူကြီး၏ အရပ်မှာ မောင်တင်
သိန်းအရပ်နှင့် အတူတူနီးပါး ဖြစ်သွား၏။
သူ့ကို တစ္ဆေခြောက်ပြီးဟု မောင်
တင်သိန်း အတတ်ထင်လိုက်၏။ ဤ
ကျောက်တောင်ပေါက်၏ သပြုတောင်
ရွာဘက် အဝင်ဝတွင် ပညောင်ပင်ကြီး
တစ်ပင်ရှိ၏။ ထိုပညောင်ပင်ကြီးတွင်
သရဲကြီးတစ်ကောင်ရှိသည်။ထိုသရဲကြီး
ကိုဤလမ်းကညညဖြတ်သွားဖြတ်လာ
သူများမြင်ကြတွေ့ကြသည်ဟုလူပြော၊
သူပြောများ၏။
ထိုသရဲကြီးသည် ယခု သူ့ကို ခြောက်လေပြီ၊ စမြင်စဉ်က
သူ့အရပ် နှစ်ပြန်ခန့်မြင့်သောသရဲကြီးသည် ယခု သူနှင့်
ဝါးတစ်ပြန်ကျော်ကျော် အကွာ အဝေးသို့ ရောက်လာသောအခါ သူ

နှင့်အရပ်တူနီးပါး ဖြစ်သွားသည်။ ဤ
သည်မှာ လူယောင်ဆောင်၍ သူ့အနာ။
ရောက်မှ ဖက်လုံးချင်၍လားဟု မောင်
တင်သိန်၊ တွေးလိုက်သည်။ ဤလမ်းဤခရီးမှာ
သူသည် ချစ်သူ ရှိသော သပြုတောင်ရွာကို ညညတိုင်း
လိုလို သွားနေရသောလမ်းဖြစ်ရာ သရဲကြီး သူ့ကို
နောက်နောင် မခြောက် လှန့်ရဲအောင်
တစ်ခုခုလုပ်မှဖြစ်တော့ မည်ဟု အတွေးတစ်ချက် ဝင်သွား၏။
ထို့ကြောင့် ငယ်စဉ်ကပင် တောထဲ
တောင်ထဲနေလာခဲ့၍တစ္ဆေသရဲများကို
အကြောက်အလန့်မရှိသောမောင်တင်
သိန်းသည် သူနှင့် မျက်နာချင်းဆိုင်မှ
လာနေသော သရဲကြီးအား လမ်းဖယ်
ပေးသည့်အနေနှင့်လမ်းဘေးတစ်ဖက်ရှိ
တောင်ပေါက်လမ်း ကမ်းပါးပေါ်သို့ ခုန်
တက်လိုက်၏။ ခါးတွင် ဓားမြှောင်ပါ
သော်လည်း သရဲကြီးက သူ့ကို တစ်ခုခု
လှမ်းလုပ်လာလျှင်ဓားမြှောင်နှင့်လှမ်းငုံ့
ထိုး၍ မမီနိုင်၊ တောင်ပေါက်လမ်း ချောက်က
လူတစ်ရပ်ကျော်ကျော် မြင့်၏။ ထို့ကြောင့်
သရဲကြီးသူ့ကိုတစ်စတစ်စ ရန်ပြုလာလျှင် အပေါ်စီက လှမ်း
ပေါက်နိုင်အောင် ကျောက်ခဲကြီးတစ်
လုံးကို မြဲမြဲဆုပ်ကိုင်ထားလိုက်သည်။
ကမ်းပါယံပေါ်ကလည်း လာအန သော သရဲကြီးကိုငုံ့ကြည့်နေ၏။ စောအစာကပင် သူရှိရာဘက် လာ နေသော သရဲကြီးသည် သူနှင့် နီးလာ
လေ သူ့အရပ်က နိမ့်နိမ့် သွားလေ။
တဖြည်းဖြည်း သူနှင့် ဘေးတည်တည်
အပေါ်အောက်သို့ အရောက်မှာ တံ
တောင်လောက်သာမြင့်သောလူပုလေး
တစ်ယောက် ဖြစ်သွား၏။ သူ့အား
သရဲခြောက်သည်မှာ သေချာသွားပြီ။
ဤသရဲ သူ့ကို နောက်နောင် မခြောက်နည်း။
ရဲအောင်မည်သို့လုပ်ရလျှင်ကောင်းမည်
မထင်သိန်း ထိုသို့ ထွေးလိုက်
စဉ်မှာပင် လူပုလေးသရဲသည် တောင်
ပေါက်လမ်းချောက်ထဲက သူ့ကို မော့
ကြည့်၏။ထိုအခါတော့မောင်တင်သိန်း
ခေါင်းနားပန်းကြီးသွားသည်။ လူပုလေး
သရဲ၏ မျက်လုံးနှစ်လုံးမှာ အရောင်
သကြီးတွင် မီးနှင့် လိုက်ထိုးခံရသည်ဟု
ပြောသည်ကို ယုံကြ၍ အင်္ကျီကို ချွတ်ကြည့်ကြရာ
မီးထက်ကွက်များကို ပြင်ကြ၏။
ထူးဆန်းသည်မှာ သူ ထားသော
အင်္ကျီက မဖြစ်ဘဲ ကိုသာ ဖီးထွက်များ
ဂးနေခြင်း ဖြာသည်။

အလျှံတဖိတ်ဖိတ်နှင့် သပြုသီးလောက်
ရှိသွား၏။
မောင်တင်သိန်းသည် ရုတ်တရက်
လန့်သွားပြီး “ငါ…မသာ၊ သရဲ”ဟု
ဝဲဆိုလိုက်သော လက်ထဲရှိ ကျောက်ခဲ
လုံးကြီးနှင့် သရဲငပူခေါင်းကို ပေါက်ထု
လိုက်သည်။ သူ ပေါက်ချလိုက်သော
ကျောက်ခဲကြီးသရဲငပုကိုထိမထိမသိ၊
ဝုန်းခနဲ ပေါက်ကွဲသံကြီးနှင့်အတူ မီးလုံး ကြီးတစ်လုံး
ဖြစ်သွားသည်။ ထိုအခါမှ မောင်တင်သိန်းသည်ကြောက်ကြောက်
နင့် မိမိရွာဘက်ကို ပြေးတော့၏။
ထိုအချိန်မှာ ရောင်နီကိုလည်း မြင် နေရပြီးဖြစ်၏။ မောင်တင်သိန်၊ ခြေကုန်
ပြေးနေရင်း နောက်သို့ တစ်ချက်
လှည့်ကြည့်လိုက်ရာ သူ့နောက်ကိုလိုက်
လာသော မီးလုံးသည် သူ့ကို မီလာပေ
တော့မည်။ ထိုအခါမှ မောင်တင်သိန်၊
မှာလည်း“အမယ်လေး-လေး- ကယ်
ကယ်ကြပါဦးဗျို့။ ကယ်ကြပါဦး-ကယ် ကြပါဦး”ဟု
အော်ဟစ်ကာ မိမိရွာဘက် ကို သေပြေး ရှင်ပြေး ပြေးလာတော့
မီးလုံးကလည်း မောင်တင်သိန်းနောက်

ကို တရစပ် ဝဲပျံလိုက်လာကာလိုက်ထိုးနေလေ၏။
ကြတ္တိန်ရွာအဝင်ဝတွင် မောင်
တင်သိန်း အော်ဟစ်ရင်၊ သတိမေ့လဲကျ
သွားသည်။မောင်တင်သိန်း၏ အော်ဟစ် ပြေးလွှားသံကိုကြားသဖြင့်ကြတ္တိန်ရွာမှ
လူများ ထွက်လိုက်လာကြရာ ရွာဝင်ဝ
တွင် မောင်တင်သိန်းကို သတိမေ့လဲကျ
လျက် တွေ့ကြရ၏။ ရွာသားတွေက
မောင်တင်သိန်းကို ဆွဲထူပွေ့ပ၍ ရွာထဲ
သွင်းလာကြ၏။ သူ့အိမ်တွင်တစ်နေ့လုံး
သတိမရဘဲ မောင်တင်သိန်း မေ့မြောနေ၏။
ထိုအခါ မိဘ ညီအစ်ကို မောင်နမ ဆွေမျိုးများကနာနတ်ကြ၊ လှုပ်နိုးကြည့်
ကြ၊ ဆေးဆရာခေါ်ကြ၊ နတ်မေးကြ၊
ဗေဒင်ကြည့်ကြနှင့် အမျိုးမျိုး ကုသကြ
လုပ်ကြသော်လည်း မောင်ထင်သိန်း
ကား တစ်နေ့လုံးလုံး သတိမရဘဲ ဓမေ့မျောနေ၏။
နောက်တစ်နေ့ အရှက်တက်ချိန်
ရောက်မှ မောင်တင်သိန်။ လူးလွန့် လှုပ်ရှားလာပြီး သတိရလာ၏။ ထိုအခါမှ

မည်သို့မည်ပုံဖြစ်လာသည်ကို မေးမြန်း
ကြသည်။ မောင်တင်သိန်းကလည်း
သူ၏အဖြစ်အပျက်ကိုပြောပြနိုင်သည်။
သူက သရဲကြီးဆီတွင် မီးနှင့် လိုက်ထိုး
ခံရသည်ဟု ပြောသည်ကို မယုံကြ၍
အင်္ကျီကို ချွတ်လှန်ကြည့်ကြရာ အမှန်
ပင် သူ့နောက်ကျောတစ်ခုလုံးမှာ ပီ၊
လောင်ကွက်များကို ပြင်ကြရ၏။ ထူး
ဆန်းသည်မှာ သူ ဝတ်ထားသော
အင်္ကျီက ဘာမှမဖြစ်ဘဲ သူ့ကိုယ်၌သာ
မီးလောင်ကွက်များ ပေါ်နေခြင်း ဖြစ်
လေသည်။
ထိုအခါမှ မောင်တင်သိန်း သရဲ
ကြီးဆီ၌ မီးထိုးစံလာရသည်ကို ယုံ
ကြည်သွားကြ၏။ သို့သော်-အသက်
(၈၀)ကျော် လူကြီးတစ်ယောက် ပြော
သည်မှာ ယခု မောင်တင်သိန်းအား မီး
နှင့်လိုက်ထိုးသူမှာ သရဲကြီ။ မဟုတ်၊
သပြုတောင်ရွာဘက် သွား တုတ်
ပေါက်လမ်း တောင်ထိပ်ရှိ ပညောင်
ပင်ကြီးတွင် ရုက္ခစိုးကြီးတစ်ဦးနေသည်။
ရုက္ခစိုးကြီးသည် သူ့အကြောင်းကိစ္စ နှင့်အတူ သပြုတောင်ရွာနှင့်
ကြတ္တိန် ရွာကိုညည၌အသွားအလာ လုပ်တတ်
သည်။ ညဦးက ထွက်သွားပြီး မိုးလင်း

ပိုင်းရောက် မှ လူ့ဘုံဗိမာန် ပညောင်ပင်
ကြီးဆီ လာတတ်၏။ သူတို့ငယ်ငယ်
တုန်းကလည်း သပြုတောင်ရွာကို အပျို
လှည့်သွားရင်း မိုးလင်းပိုင်းအပြန်မှာဤ
ရုက္ခစိုးကြီးကို တွေ့ဖူးကြုံဖူးကြသည်။
တုတ်ပေါက်လမ်းတွင်လည်း တွေ့ရ
တတ်သည်။ သို့သော် သူ့ကို လမ်းဖယ်
ပေးလိုက်လျှင် ဘာမှလှတွေကိုဒုက္ခပေး
လေ့ ပေးကမရှိ၊ သူ့ ဘုံဗိမာန်ရှိရာကို
ပြန်သွားတတ်သည်။
ယခုမူ မောင်တင်သိန်းက သူ့ကို
စိတ်နှင့် ပြစ်မှာ။ သည့်အပြင် ကျောက်ခဲ
နှင့်ပါသူ့ကိုထုသဖြင့် ရုက္ခစိုးကြီးကစိတ်
ဆိုးပြီး မီးနင့်လိုက်ထိုးခြင်း ဖြစ်သည်။
ထို့ကြောင့် ဧမောင်တင်သိန်းနှင့်တကွ
သူ့မိဘနှစ်ပါးက ပညောင်ပင်ကြီး
ခြေရင်းသွားပြီး ငှက်ပျောပွဲ၊ အုန်းပွဲ၊
မုန့်ဖြူ၊ မုန့်နီများနှင့် သွားကန်တော့ ကြဟု ပြော၏။
ထိုအဘိုးကြီး ပြော သည့်အတိုင်၊ သွားရောက်ကန်တော့ကြ တော့မှ မောင်တင်သိန်းကိုယ်ပေါ်က မီးလောင်ဒဏ်ရာတွေမှာလည်းနေ့ချင်း၊ ညချင်းပျောက်သွားလေသည်။

Zawgyi Version

” သရဲႀကီးဆီကမီးထိုးခံလာရသူ “(စ/ဆုံး)
——————————————

ကြၽႏ္ုပ္တို႔ ပၪၥနိကာယ သာသနာ့ ဗိမာန္ေက်ာင္းတိုက္ႀကီးရွိ စာခ်၊ စာသင္
သံဃာ (၃ဝဝ) ေက်ာ္တို႔အား အစိုးရ
ပထမျပန္စာေမးပြဲႀကီး စတင္ က်င္းပ
ေသာအဖြင့္ေန႔မွစ၍ ခုနစ္ရက္တိုင္တိုင္
အ႐ုဏ္၊ ေန႔ဆြမ္း လႉဒါန္း ဆက္ကပ္ၾက
ေသာ ေျမာက္ဥကၠလာပေန ဦးသန္း
ေမာင္၊ ေဒၚေသာင္းတင္တို႔ မိသားစုႏွင့္
တစ္ေန႔စကားစပ္မိၾကရာ ဦးသန္းေမာင္
က “ခင္ဗ်ား သူငယ္ခ်င္း ကိုထြန္းေ႐ႊ
ဆီးခ်ိဳျဖစ္ေနတယ္”ဟု ေျပာ၏။
သူငယ္ခ်င္းကိုထြန္းေ႐ႊ ေျမာက္ ဥကၠလာပေနမွန္း မိမိသိ၏။ သူ႔အိမ္ကို
ယခင္ကမိမိေရာက္ဖူ၊သည္။သို႔ေသာ္-
ေမွာ္ဘီရွိ သာသနာ့ဂုဏ္ရည္ ေက်ာင္း
ဒကာ၊ ေက်ာင္းထိုင္ဘုန္းႀကီး ခမည္း
ေတာ္၊ မယ္ေတာ္တို႔ႏွင့္ ကိုထြန္းေ႐ႊ
ရင္းႏွီးခင္မင္ၾကမွန္းမသိ၊ ယခု ဦးသန္း
ေမာင္ေျပာမွ သူတို႔ ရင္းႏွီးခင္မင္ၾက
ေၾကာင္း သိရသည္။
ဦးသန္းေမာင္က ကိုထြန္းေ႐ႊ
အေၾကာင္း ေျပာလာေတာ့ ကိုထြန္းေ႐ႊ
တို႔ၾကၿပိန္႐ြာ၊ သျပဳေတာင္မွေမာင္တင္ သိန္း ႐ုကၡစိုးဆီတြင္ မီးထိုးခံခဲ့ရသည့္
အေၾကာင္း သတိရမိသြားသည္။ ႏွစ္ အားျဖင့္မႈအေတာ္ၾကာခဲ့ၿပီ။ သို႔ေသာ္ထို

အေၾကာင္းကိုကြၽႏ္ုပ္တို႔အရပ္တြင္ ပုံျပင္
ပမာ ယခုထိ ေျပာေနၾကတုန္းပင္။
ေမာင္တင္သိန္း ႐ုကၡစိုးႀကီးဆီ၌ မီး ထိုးခံလာရသည့္အေၾကာင္းကို မေဖာ္
ျပမီ ကြၽႏ္ုပ္တို႔ဆီႏွင့္တကြ ျမန္မာႏိုင္ငံ
အရပ္ေတာ္ေတာ္မ်ားမ်ားတြင္ ကာလ
သားကာလသမီးမ်ား က်င့္သုံးခဲ့ၾက
ေသာ ရပ္ဓေလ့၊ ႐ြာဓေလ့မ်ား ျဖစ္သည့္
အေလ့အထတစ္ခုကို ဦးစြာေဖာ္ျပမွ
ျပည့္စုံမည္ဟု ထင္သျဖင့္ ေအာက္ပါ
အတိုင္း ေရးသားထားေဖာ္ျပရပါသည္။
ကြၽႏ္ုပ္တို႔ ရမ္းၿဗဲကြၽန္း၌ ဘယ္ ေခတ္၊ ဘယ္ကာလကပင္ က်င့္သုံးလာ
ခဲ့ၾကသည္မသိေသာရပ္ေလ့၊ ႐ြာဓေလ့
တစ္ခုမွာ”အေပါက္ႏႈိက္၊ ေအာက္ႏႈိက္”
ဟု ေခၚ၏။ ထိုအေလ့အထမွာ အ႐ြယ္
ေရာက္လာသူ လူပ်ိဳကာလသားတစ္ ေယာက္သည္
အပ်ိဳကာလသမီးတစ္ ေယာက္အား ခ်စ္ႀကိဳက္ေနပါက
ည လူေျခတိတ္၊ လူႀကီးမ်ာ၊ အိပ္ခ်ိန္ သန္း

ေခါင္ည၌ ထိုအပ်ိဳရွိရာ အိမ္ေအာက္ကို သြားရသည္။
ထိုအိမ္၌ သူ ခ်ဳပ္ႀကိဳက္ေနေသာ
အပ်ိဳမ၏အိပ္ရာေအာက္ကို ဦးစြာ ေလ့
လာရ၏။အိပ္ရာကို သိၿပီးလွ်င္အပ်ိဳမ၏
အိပ္ရာေအာက္က ၾကမ္းခင္းပ်ဥ္ကို
ေခါက္၍ ႏႈိးရ၏။ အပ်ိဳမႏိုးလာလွ်င္ သူ
မည္သူမည္ဝါျဖစ္ေၾကာင္း သူ႔ကို ခ်စ္
ႀကိဳက္ေန၍ လာေၾကာင္းပဏာမတိုးတိုး ေလး ေခၚေျပာရသည္။
အပ်ိဳမကလည္းသူ႔ကိုသေဘာက် ေနပါကလက္ခံစကားေျပာ၏။
မႀကိဳက္ မႏွစ္သက္ပါက ေနမေကာင္း၍၊ ေခါင္း
ကိုက္ေန၍၊ အိပ္ေရးပ်က္ မခံႏိုင္၍၊
မနက္အလုပ္ရွိေသး၍ စသည္ ဥပါယ္
တံမ်ဥ္ တစ္ခုခုျဖင့္ ကာလသား ကို နင္
လႊတ္တတ္၏။ သူခ်စ္ႀကိဳက္ေနပါကမိုး
လင္းပိုင္းၾကက္ဦးတြန္သံထိ ကားဒိုင္ခံ
ေျပာေလသည္။ဤသို႔ႏွင့္ညစဥ္ညတိုင္း
သူ႔ဆီ ေရာက္လာေသာ လုလင္ပ်ိဳႏွင့္
ခ်စ္ႀကိဳက္သြားၾကၿပီဆိုလွ်င္ေယာက်္ား ေလးက
မိန္းမပ်ိဳ၏ အိပ္ရာေခါင္းရင္း၌ လက္တစ္ႏႈိက္စာ အေပါက္တစ္ေပါက္

ကို ေဖာက္ ေတာ့သည္။ ထိုေခတ္က ကာလသားတိုင္းတြင္
ခါး၌ ဓားေျမႇာင္ပါ သျဖင့္ ၾကမ္းခင္းပ်ဥ္ျပားကို လက္တစ္
ႏႈိက္စာ အေပါက္တစ္ေပါက္ေဖာက္ရန္
မခဲယဥ္းေပ။ သူ႔အား ခ်စ္ႀကိဳက္ေနေသာ
မိန္းမပ်ိဳကလည္းဘယ္ေနရာ၌အေပါက္
ေဖာက္ရန္ကိုၫႊန္ျပတတ္သည္လည္း
ရွိ၏။ဤသည္မွာကာလသားႏွင့္ကာလ
သမီးတို႔ ရက္လအေတာ္ၾကာၾကာမည္။
စားျဖစ္ၾကၿပီးမွ တစ္ဦးကိုတစ္ဦး ရာ
သက္ပန္႐ိုးေျမက်ေပါင္းသင္းေတာ့မည္
ဟု စိတ္ဆုံးျဖတ္ၾကၿပီးမွေဖာက္ရေသာ
အေပါက္ျဖစ္သည္။ေနာက္ညေနာက္ည
ေတြမွာေတာ့ လူပ်ိဳကာလသားသည္
မိန္းမပ်ိဳအား ေခၚႏႈိးရန္ မလိုေတာ့ဘဲ
ထိုအေပါက္မွ လက္ႏႈိက္၍ အပ်ိဳမကိုႏႈိးရန္သာ
ဤသည္မွာ အစဥ္အလာအရ
ကြၽႏ္ုပ္တို႔ဆီ၌ လူပ်ိဳလွည့္ေသာ အေလ့ အထ
ဤသည္ကို “ေအာက္ႏႈိက္” သည္။ အေပါက္ႏႈိက္ သည္ဟုလည္း ေခၚၾက၏။
ဤသို႔ႏွင့္ၾကတၱိန္႐ြာကေမာင္တင္
သိန္းသည္ သျပဳေတာင္႐ြာသူ မပိုပိုဆိ
ညတိုင္းလိုလို ရည္းစားစကား သြားေျပာ
ေနေလ၏။ ၾကက္ဦးတြန္ ခ်ိန္ေရာက္မွ
မိမိ႐ြာ ၾကတၱိန္ကို ျပန္သည္။ ၾကတၱိန္
႐ြာႏွင့္ သျပဳေတာင္႐ြာမွာ တစ္ေက်ာင္း
တည္း၊ တစ္ကန္တည္း ကိုးကြယ္ၾက
ေသာ္လည္း ႐ြာနစ္႐ြာၾကားတြင္ ေတာင္
ပူစာမ်ား၊ ကုန္းတန္းမ်ား၊ သစ္ေတာမ်ာ၊
ရွိသည္။ ၾကတၱိန္႐ြာႏွင့္ သျပဳေတာင္႐ြာ
ၾကားတြင္ ေတာင္ေပါက္လမ္းတစ္ခုလည္းရွိ၏။
ေတာင္ေပါက္လမ္းဆိုသည္မွာ
ေတာင္နစ္လုံးၾကားရွိ ဝါးသုံးေလးျပန္
ရွည္ေသာလမ္းျဖစ္ သည္။ ဟို ဘက္
သည္ဘက္တြင္ေတာ့ လယ္ကြင္းမ်ား
ရွိသည္။ ဤသို႔ ေတာင္ေပါက္လမ္း ျဖစ္
ေနသည္မွာ လူမ်ားႏွင့္ ကြၽဲႏြားတိရစာၦန္
မ်ား အသြားအလာမ်ားျခင္း၊ မိုးတြင္း၌
ေရတိုက္စားျခင္းတို႔ေၾကာင့္ ယခုအခါ
ထိုေတာင္ေပါက္လမ္ႏွစ္ဖက္မွာလူနစ္
ေယာက္ရပ္ေက်ာ္ေက်ာ္ေလာက္ နက္
ေသာ ေခ်ာက္ႀကီးလို ျဖစ္ေနသည္။ ထို
လမ္းထဲတြင္ လူနစ္ေယာက္ ေရွာင္သာ ႐ုံခန႔္သာရွိသည္။
ထိုလမ္းကိုျဖတ္ၿပီး ၾကတၱိန္႐ြာက
လူပ်ိဳေမာင္တင္သိန္းသည္ သျပဳေတာင္
႐ြာရွိ သူ႔ခ်စ္သူ အပ်ိဳမ ပိုပို႔ဆီ ညတိုင္၊
သြားေနက်အတိုင္း ဤည၌လည္း လူ
ေျခတိတ္ခ်ိန္တြင္ ၾကတၱိန္႐ြာမွ သျပဳ
ေတာင္႐ြာကို ေရာက္လာေလ၏။ညစဥ္
လာေနက်ျဖစ္သျဖင့္ မလြယ္ေပါက္ကို
လည္း သိထားေလရာ ထိုအေပါက္မွ
လက္ႏႈိက္ၿပီး မပိုပိုကို ႏႈိးသည္။ မပိုပိုက
လာေနက် သူ႔ခ်စ္ သူမွန္း သိသျဖင့္
တမင္မူၿပီး အိပ္ေပ်ာ္ေယာင္ေဆာင္ေန
၏။ ထိုအခါ ေမာင္တင္သိန္းက မပိုပို၏
ကိုယ္လုံးေလးကိုကိုင္လႈပ္၍ ႏႈိးရသည္။
ထိုအခါမွ ခ်စ္သူႏွစ္ဦး ခ်စ္တင္းေႏွာ
ျဖစ္ၾကေတာ့၏။
ခ်စ္သူတို႔သဘာဝ မည္မွ်ခ်စ္တင္း
ေႏွာ စကားေကာင္းခဲ့ၾကသည္ မသိ၊ မိုးလင္းရန္
ၾကက္ဦးတြန္သံၾကားေတာ့မွ မိုးလင္းပိုင္း ေရာက္လာမွန္း သိၾက
ေတာ့သည္၊ ထိုအခါမွ ေမာင္တင္သိန္။ လည္း မပိုပိုကို ႏႈတ္ဆက္ကာ သျပဳ
ေတာင္႐ြာမွ မိမိ႐ြာရွိရာ ၾကတၱိန္ကို ျပန္ လာေလ၏။
အခ်ိန္မွာ နံနက္မိုးလင္းပိုင္းဟု ဆို
ေသာ္လည္းေရာင္နီကိုပင္မျမင္ရေသ။ ေရာင္နီလာမွသျပဳေတာင္႐ြာကျပန္လာ
လွ်င္ လယ္တဲ၊ ယာတဲလာသူမ်ားႏွင့္
ပက္ပင္၊သြားေတြ႕ပါက သူလူပ်ိဳလွည့္
ရာကျပန္လာမွန္းအမ်ားသိမွာစိုးသျဖင့္
ညမိုက္ည၌ပင္ မိမိ႐ြာသို႔ ျပန္လာျခင္း
ျဖစ္သည္။ မၾကာမီမွာပင္ ႐ြာႏွစ္႐ြာၾကား ေက်ာက္ေတာင္ေပါက္လမ္းထဲ ဝင္
လာ၏။
သူ ေက်ာက္ေတာင္ေပါက္လမ္း၏ အလယ္ေလာက္အေရာက္မွာ သူ ကဲ့
သို႔ပင္ မိမိ႐ြာဘက္ရွိ ေက်ာက္ေတာင္
ေပါက္လမ္းအတိုင္း သူ႔ေရွ႕က ထီးထီး
မားမားႀကီး လာေနေသာ ဧရာမ လူႀကီး
တစ္ေယာက္ကို မ်က္နာခ်င္းဆိုင္မွာ
ျမင္လိုက္ရသည္။ ထို႔ေၾကာင့္ အလိုလို
ေျခလွမ္းတန႔္သြားမိသည္။
ေမာင္တင္သိန္းသည္ ေရွ႕က ေျခ
လွမ္းတုံ႔ၿပီး ရပ္ၾကည့္ေနေသာ္လည္း သူ႔အရပ္ထက္ ႏွစ္ျပန္ခန႔္ျမင့္ေသာ
လူႀကီးကားေမာင္တင္သိန္းရွိရာဘက္
သို႔သာ မ်က္ႏွာခ်င္းဆိုင္ဘက္မွ လာၿမဲ
လာေန၏။ ေျခလွမ္းတစ္လွမ္းလွမ္းတိုင္း
လွမ္းတိုင္းထိုလူ၏အရပ္မွာနိမ့္နိမ့္သြား
သည္။ထိုလူႀကီးႏွင့္ ေမာင္တင္သိန္းတို႔
ဝါးတစ္ရပ္ေက်ာ္ေက်ာ္အေရာက္မွာ
ေတာ့ ထိုလူႀကီး၏ အရပ္မွာ ေမာင္တင္
သိန္းအရပ္ႏွင့္ အတူတူနီးပါး ျဖစ္သြား၏။
သူ႔ကို တေစၦေျခာက္ၿပီးဟု ေမာင္
တင္သိန္း အတတ္ထင္လိုက္၏။ ဤ
ေက်ာက္ေတာင္ေပါက္၏ သျပဳေတာင္
႐ြာဘက္ အဝင္ဝတြင္ ပေညာင္ပင္ႀကီး
တစ္ပင္ရွိ၏။ ထိုပေညာင္ပင္ႀကီးတြင္
သရဲႀကီးတစ္ေကာင္ရွိသည္။ထိုသရဲႀကီး
ကိုဤလမ္းကညညျဖတ္သြားျဖတ္လာ
သူမ်ားျမင္ၾကေတြ႕ၾကသည္ဟုလူေျပာ၊
သူေျပာမ်ား၏။
ထိုသရဲႀကီးသည္ ယခု သူ႔ကို ေျခာက္ေလၿပီ၊ စျမင္စဥ္က
သူ႔အရပ္ ႏွစ္ျပန္ခန႔္ျမင့္ေသာသရဲႀကီးသည္ ယခု သူႏွင့္
ဝါးတစ္ျပန္ေက်ာ္ေက်ာ္ အကြာ အေဝးသို႔ ေရာက္လာေသာအခါ သူ

ႏွင့္အရပ္တူနီးပါး ျဖစ္သြားသည္။ ဤ
သည္မွာ လူေယာင္ေဆာင္၍ သူ႔အနာ။
ေရာက္မွ ဖက္လုံးခ်င္၍လားဟု ေမာင္
တင္သိန္၊ ေတြးလိုက္သည္။ ဤလမ္းဤခရီးမွာ
သူသည္ ခ်စ္သူ ရွိေသာ သျပဳေတာင္႐ြာကို ညညတိုင္း
လိုလို သြားေနရေသာလမ္းျဖစ္ရာ သရဲႀကီး သူ႔ကို
ေနာက္ေနာင္ မေျခာက္ လွန႔္ရဲေအာင္
တစ္ခုခုလုပ္မွျဖစ္ေတာ့ မည္ဟု အေတြးတစ္ခ်က္ ဝင္သြား၏။
ထို႔ေၾကာင့္ ငယ္စဥ္ကပင္ ေတာထဲ
ေတာင္ထဲေနလာခဲ့၍တေစၦသရဲမ်ားကို
အေၾကာက္အလန႔္မရွိေသာေမာင္တင္
သိန္းသည္ သူႏွင့္ မ်က္နာခ်င္းဆိုင္မွ
လာေနေသာ သရဲႀကီးအား လမ္းဖယ္
ေပးသည့္အေနႏွင့္လမ္းေဘးတစ္ဖက္ရွိ
ေတာင္ေပါက္လမ္း ကမ္းပါးေပၚသို႔ ခုန္
တက္လိုက္၏။ ခါးတြင္ ဓားေျမႇာင္ပါ
ေသာ္လည္း သရဲႀကီးက သူ႔ကို တစ္ခုခု
လွမ္းလုပ္လာလွ်င္ဓားေျမႇာင္ႏွင့္လွမ္းငုံ႔
ထိုး၍ မမီႏိုင္၊ ေတာင္ေပါက္လမ္း ေခ်ာက္က
လူတစ္ရပ္ေက်ာ္ေက်ာ္ ျမင့္၏။ ထို႔ေၾကာင့္
သရဲႀကီးသူ႔ကိုတစ္စတစ္စ ရန္ျပဳလာလွ်င္ အေပၚစီက လွမ္း
ေပါက္ႏိုင္ေအာင္ ေက်ာက္ခဲႀကီးတစ္
လုံးကို ၿမဲၿမဲဆုပ္ကိုင္ထားလိုက္သည္။
ကမ္းပါယံေပၚကလည္း လာအန ေသာ သရဲႀကီးကိုငုံ႔ၾကည့္ေန၏။ ေစာအစာကပင္ သူရွိရာဘက္ လာ ေနေသာ သရဲႀကီးသည္ သူႏွင့္ နီးလာ
ေလ သူ႔အရပ္က နိမ့္နိမ့္ သြားေလ။
တျဖည္းျဖည္း သူႏွင့္ ေဘးတည္တည္
အေပၚေအာက္သို႔ အေရာက္မွာ တံ
ေတာင္ေလာက္သာျမင့္ေသာလူပုေလး
တစ္ေယာက္ ျဖစ္သြား၏။ သူ႔အား
သရဲေျခာက္သည္မွာ ေသခ်ာသြားၿပီ။
ဤသရဲ သူ႔ကို ေနာက္ေနာင္ မေျခာက္နည္း။
ရဲေအာင္မည္သို႔လုပ္ရလွ်င္ေကာင္းမည္
မထင္သိန္း ထိုသို႔ ေထြးလိုက္
စဥ္မွာပင္ လူပုေလးသရဲသည္ ေတာင္
ေပါက္လမ္းေခ်ာက္ထဲက သူ႔ကို ေမာ့
ၾကည့္၏။ထိုအခါေတာ့ေမာင္တင္သိန္း
ေခါင္းနားပန္းႀကီးသြားသည္။ လူပုေလး
သရဲ၏ မ်က္လုံးႏွစ္လုံးမွာ အေရာင္
သႀကီးတြင္ မီးႏွင့္ လိုက္ထိုးခံရသည္ဟု
ေျပာသည္ကို ယုံၾက၍ အက်ႌကို ခြၽတ္ၾကည့္ၾကရာ
မီးထက္ကြက္မ်ားကို ျပင္ၾက၏။
ထူးဆန္းသည္မွာ သူ ထားေသာ
အက်ႌက မျဖစ္ဘဲ ကိုသာ ဖီးထြက္မ်ား
ဂးေနျခင္း ျဖာသည္။

အလွ်ံတဖိတ္ဖိတ္ႏွင့္ သျပဳသီးေလာက္
ရွိသြား၏။
ေမာင္တင္သိန္းသည္ ႐ုတ္တရက္
လန႔္သြားၿပီး “ငါ…မသာ၊ သရဲ”ဟု
ဝဲဆိုလိုက္ေသာ လက္ထဲရွိ ေက်ာက္ခဲ
လုံးႀကီးႏွင့္ သရဲငပူေခါင္းကို ေပါက္ထု
လိုက္သည္။ သူ ေပါက္ခ်လိုက္ေသာ
ေက်ာက္ခဲႀကီးသရဲငပုကိုထိမထိမသိ၊
ဝုန္းခနဲ ေပါက္ကြဲသံႀကီးႏွင့္အတူ မီးလုံး ႀကီးတစ္လုံး
ျဖစ္သြားသည္။ ထိုအခါမွ ေမာင္တင္သိန္းသည္ေၾကာက္ေၾကာက္
နင့္ မိမိ႐ြာဘက္ကို ေျပးေတာ့၏။
ထိုအခ်ိန္မွာ ေရာင္နီကိုလည္း ျမင္ ေနရၿပီးျဖစ္၏။ ေမာင္တင္သိန္၊ ေျခကုန္
ေျပးေနရင္း ေနာက္သို႔ တစ္ခ်က္
လွည့္ၾကည့္လိုက္ရာ သူ႔ေနာက္ကိုလိုက္
လာေသာ မီးလုံးသည္ သူ႔ကို မီလာေပ
ေတာ့မည္။ ထိုအခါမွ ေမာင္တင္သိန္၊
မွာလည္း“အမယ္ေလး-ေလး- ကယ္
ကယ္ၾကပါဦးဗ်ိဳ႕။ ကယ္ၾကပါဦး-ကယ္ ၾကပါဦး”ဟု
ေအာ္ဟစ္ကာ မိမိ႐ြာဘက္ ကို ေသေျပး ရွင္ေျပး ေျပးလာေတာ့
မီးလုံးကလည္း ေမာင္တင္သိန္းေနာက္

ကို တရစပ္ ဝဲပ်ံလိုက္လာကာလိုက္ထိုးေနေလ၏။
ၾကတၱိန္႐ြာအဝင္ဝတြင္ ေမာင္
တင္သိန္း ေအာ္ဟစ္ရင္၊ သတိေမ့လဲက်
သြားသည္။ေမာင္တင္သိန္း၏ ေအာ္ဟစ္ ေျပးလႊားသံကိုၾကားသျဖင့္ၾကတၱိန္႐ြာမွ
လူမ်ား ထြက္လိုက္လာၾကရာ ႐ြာဝင္ဝ
တြင္ ေမာင္တင္သိန္းကို သတိေမ့လဲက်
လ်က္ ေတြ႕ၾကရ၏။ ႐ြာသားေတြက
ေမာင္တင္သိန္းကို ဆြဲထူေပြ႕ပ၍ ႐ြာထဲ
သြင္းလာၾက၏။ သူ႔အိမ္တြင္တစ္ေန႔လုံး
သတိမရဘဲ ေမာင္တင္သိန္း ေမ့ေျမာေန၏။
ထိုအခါ မိဘ ညီအစ္ကို ေမာင္နမ ေဆြမ်ိဳးမ်ားကနာနတ္ၾက၊ လႈပ္ႏိုးၾကည့္
ၾက၊ ေဆးဆရာေခၚၾက၊ နတ္ေမးၾက၊
ေဗဒင္ၾကည့္ၾကႏွင့္ အမ်ိဳးမ်ိဳး ကုသၾက
လုပ္ၾကေသာ္လည္း ေမာင္ထင္သိန္း
ကား တစ္ေန႔လုံးလုံး သတိမရဘဲ ဓေမ့ေမ်ာေန၏။
ေနာက္တစ္ေန႔ အရွက္တက္ခ်ိန္
ေရာက္မွ ေမာင္တင္သိန္။ လူးလြန႔္ လႈပ္ရွားလာၿပီး သတိရလာ၏။ ထိုအခါမွ

မည္သို႔မည္ပုံျဖစ္လာသည္ကို ေမးျမန္း
ၾကသည္။ ေမာင္တင္သိန္းကလည္း
သူ၏အျဖစ္အပ်က္ကိုေျပာျပႏိုင္သည္။
သူက သရဲႀကီးဆီတြင္ မီးႏွင့္ လိုက္ထိုး
ခံရသည္ဟု ေျပာသည္ကို မယုံၾက၍
အက်ႌကို ခြၽတ္လွန္ၾကည့္ၾကရာ အမွန္
ပင္ သူ႔ေနာက္ေက်ာတစ္ခုလုံးမွာ ပီ၊
ေလာင္ကြက္မ်ားကို ျပင္ၾကရ၏။ ထူး
ဆန္းသည္မွာ သူ ဝတ္ထားေသာ
အက်ႌက ဘာမွမျဖစ္ဘဲ သူ႔ကိုယ္၌သာ
မီးေလာင္ကြက္မ်ား ေပၚေနျခင္း ျဖစ္
ေလသည္။
ထိုအခါမွ ေမာင္တင္သိန္း သရဲ
ႀကီးဆီ၌ မီးထိုးစံလာရသည္ကို ယုံ
ၾကည္သြားၾက၏။ သို႔ေသာ္-အသက္
(၈၀)ေက်ာ္ လူႀကီးတစ္ေယာက္ ေျပာ
သည္မွာ ယခု ေမာင္တင္သိန္းအား မီး
ႏွင့္လိုက္ထိုးသူမွာ သရဲႀကီ။ မဟုတ္၊
သျပဳေတာင္႐ြာဘက္ သြား တုတ္
ေပါက္လမ္း ေတာင္ထိပ္ရွိ ပေညာင္
ပင္ႀကီးတြင္ ႐ုကၡစိုးႀကီးတစ္ဦးေနသည္။
႐ုကၡစိုးႀကီးသည္ သူ႔အေၾကာင္းကိစၥ ႏွင့္အတူ သျပဳေတာင္႐ြာႏွင့္
ၾကတၱိန္ ႐ြာကိုညည၌အသြားအလာ လုပ္တတ္
သည္။ ညဦးက ထြက္သြားၿပီး မိုးလင္း

ပိုင္းေရာက္ မွ လူ႔ဘုံဗိမာန္ ပေညာင္ပင္
ႀကီးဆီ လာတတ္၏။ သူတို႔ငယ္ငယ္
တုန္းကလည္း သျပဳေတာင္႐ြာကို အပ်ိဳ
လွည့္သြားရင္း မိုးလင္းပိုင္းအျပန္မွာဤ
႐ုကၡစိုးႀကီးကို ေတြ႕ဖူးႀကဳံဖူးၾကသည္။
တုတ္ေပါက္လမ္းတြင္လည္း ေတြ႕ရ
တတ္သည္။ သို႔ေသာ္ သူ႔ကို လမ္းဖယ္
ေပးလိုက္လွ်င္ ဘာမွလွေတြကိုဒုကၡေပး
ေလ့ ေပးကမရွိ၊ သူ႔ ဘုံဗိမာန္ရွိရာကို
ျပန္သြားတတ္သည္။
ယခုမူ ေမာင္တင္သိန္းက သူ႔ကို
စိတ္ႏွင့္ ျပစ္မွာ။ သည့္အျပင္ ေက်ာက္ခဲ
ႏွင့္ပါသူ႔ကိုထုသျဖင့္ ႐ုကၡစိုးႀကီးကစိတ္
ဆိုးၿပီး မီးနင့္လိုက္ထိုးျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ ဧေမာင္တင္သိန္းႏွင့္တကြ
သူ႔မိဘႏွစ္ပါးက ပေညာင္ပင္ႀကီး
ေျခရင္းသြားၿပီး ငွက္ေပ်ာပြဲ၊ အုန္းပြဲ၊
မုန႔္ျဖဴ၊ မုန႔္နီမ်ားႏွင့္ သြားကန္ေတာ့ ၾကဟု ေျပာ၏။
ထိုအဘိုးႀကီး ေျပာ သည့္အတိုင္၊ သြားေရာက္ကန္ေတာ့ၾက ေတာ့မွ ေမာင္တင္သိန္းကိုယ္ေပၚက မီးေလာင္ဒဏ္ရာေတြမွာလည္းေန႔ခ်င္း၊ ညခ်င္းေပ်ာက္သြားေလသည္။