“သရဲခြောက်တဲ့အိမ်ကြီး”(စ-ဆုံး)
——————————————–
သရဲခြောက်တဲ့ခြံကြီး ဒီခြံကြီးက လှိုင်သာယာမြို့နယ်၊ ၁၃- ရပ်ကွက်ထဲမှာ ရှိတယ် ။လမ်းနာမည်နဲ့ ခြံအမှတ်တွေကို တိတိကျကျ ပြောပြ ချင်ပေမဲ့ လက်ရှိပိုင်ဆိုင်နေတဲ့သူတွေအတွက် ငှဲ့ပြီး မပြောတော့ ပါဘူး။
ခြံကြီးထဲမှာ သရဲတစ္ဆေတွေ ရှိတယ်၊ သရဲခြောက်တယ် လို့ နာမည်ကြီးလွန်းလို့နဲ့ တူပါရဲ့၊
ကိုကျော်ကျော်တို့မိသားစု ပြောင်းရွှေ့မလာမီ တလျှောက်လုံး၊ ဒီခြံကြီးထဲမှာ လူသူနေထိုင်တာမရှိခဲ့ဘူး၊
အိမ်ဆောက်ခဲ့ဖူးတယ်ဆိုတဲ့ သိသာတဲ့ အမှတ်အသား လက္ခဏာရယ်လို့ တစ်ခုမှ မရှိဘူး။
နှစ်ကာလများစွာ လူမနေတဲ့ အတွက်လည်း ခြံကြီးထဲ မှာ မြက်ရိုင်းပင်တွေ၊ ခြုံတွေနဲ့ နွယ်စိမ်းပင်တွေ ရှုပ်ထွေးပြီးအကျည်းတန်နေတယ် . . .၊ ကိုကျော်ကျော် ဒီခြံကြီးထဲ ပြောင်းရွှေ့မလာမီကတော့ ဒီခြံကြီးနဲ့ ပတ်သက်လို့ ဘာမှမသိသေးဘူး၊သရဲရှိတာလည်း မသိဘူး၊ တစ္ဆေခြောက်တာလည်း မသိဘူး၊
ဒါ့ကြောင့်လည်း ဒီခြံကြီးထဲမှာ လူတွေဘာကြောင့် မနေ တာလဲလို့ စဉ်းစားမိခဲ့ဖူးတယ်။
တစ်ခုတော့ ရှိတယ်၊ ခြံထဲပတ်ပတ်လည်မှာ အုန်းပင် တွေ အစိတ်၊ သုံးဆယ်လောက်ရှိနေတယ်။
အုန်းပင်တစ်ဝက်ကျော်ကျော်က အုန်းသီးတွေ အတွဲ လိုက်၊ အခိုင်လိုက် သီးနေကြပြီ . . . .၊နောက်ပြီး သရက်ပင် သုံးပင်၊ မာလကာပင် လေးပင် နဲ့ ဒူးရင်းဩဇာသီးပင် တစ်ပင်ကိုလည်း တွေ့ရတယ်။
ခြံက ပေလေးဆယ် × ခြောက်ဆယ်ခြံကြီး၊ ဒီနေ့ခေတ်လို ခေါင်ခိုက်ရှားပါးလွန်းတဲ့ အိမ်ခြံမြေဈေး ကွက်နဲ့ ကြည့်ရင် ကျယ်ဝန်းတယ်လို့တောင် ပြောနိုင်တယ်၊နောက်ပြီး ခြံကြီးရှိတဲ့ ဆယ့်သုံးရပ်ကွက်ဆိုတာက
လှိုင်သာယာရဲ့ အစွန်အဖျားလူနေကျဲပါးတဲ့နေရာမဟုတ်ဘူး၊
သုံးထိပ်မှတ်တိုင်ကနေ အောင်ဇေယျကြိုးတံတားကြီးကျော်တာနဲ့ အင်းစိန်ထဲ ရောက်ပြီ ၊အင်းစိန်ကို ရောက်ရင်ပဲ ရန်ကုန်တစ်မြို့လုံးကို သွား
လို့ရပြီ၊ကွန်ရက်လို ချိတ်ဆက်ထားတဲ့ ဘတ်စ်ကားယာဉ်လိုင်းတွေနဲ့ ရန်ကုန်မြို့ထဲသွားမလား၊အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်သွား မလား၊ ဘယ်သွားသွား လွယ်လင့်တကူသွားလို့ရတယ်။ ပြောချင်တာက သွားရေး၊ လာရေးလည်း လွယ်ကူတဲ့အကြောင်းပါ၊
ဒီလိုနေရာ အကွက်အကွင်းကျတဲ့ခြံကြီးထဲကို ပိုင်ရှင် အဆက်ဆက်အိမ်ဆောက်မနေခဲ့ကြဘူးလား၊
ဒီအချက်ကို ကိုကျော်ကျော်နားမလည်ခဲ့ဘူး၊ တစ်ခုတော့ရှိတယ်၊ အုန်းပင်တွေ ပြည့်နေတယ်၊ လူနေတဲ့အခါ ခေါင်းပေါ်ကို အုန်းသီး ကြွေကျနိုင်တယ် အန္တရာယ်ရှိနိုင်တယ်၊ဒါ့ကြောင့် လူမနေတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး အိမ်ဆောက်မယ်ဆိုရင်လည်း အုန်းပင်အချို့ကို ခုတ်လှဲပစ်မှရမယ်၊
ဒါလည်း နှမျောဖို့ကောင်းတယ်၊ ဒါတွေကြောင့် လူမနေတာဖြစ်မယ်လို့ပဲ ဘုမသိ၊ ဘမသိ တွေးမိတယ် . . . ၊ဘယ်လိုပဲဖြစ်ဖြစ် ကိုကျော်ကျော်ကတော့ ခြံကြီးကို သဘောကျနေတယ်၊သူ့လို နွမ်းပါးချို့ငဲ့တဲ့သူအဖို့ ခြံကြီးက မက်မောဖို့ ကောင်းတယ်၊အုန်းသီးရောင်းတာနဲ့တင် စားဝတ်နေရေးအသင့်အတင့် ပြေလည်နိုင်တယ်လို့ တွေးမိတယ်။
ဒါ့ကြောင့်လည်း မိန်းမနဲ့ သားကိုခေါ်ပြီး ခြံကြီးထဲချက် ချင်းပြောင်းရွှေ့လာတာဖြစ်တယ် . . . ၊ ခြံကြီးထဲရောက်လို့မှ သိပ်မကြာလိုက်ဘူး၊ ထိတ်လန့်စရာ သရဲတစ်ကောင်နဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့လိုက်ရတယ်၊ ဒီတော့မှ ဒီခြံကြီးထဲကို ဘယ်သူမှ မနေတဲ့အကြောင်း သူတို့မောင်နှမတွေ အမွေခွဲကြတော့ လှိုင်သာယာမှာ နေကြတဲ့ ညီမတွေကတောင် ဒီခြံကြီးကို မယူကြဘဲ၊ တောင်ဥက္ကလာက သူ့ကို ဘာကြောင့်ပေးတာလဲ ဆိုတာ သူကောင်းကောင်းကြီး သဘော ပေါက်နားလည်သွားခဲ့ ရပါတယ်။
ကိုကျော်ကျော် ခြံကြီးရဲ့ အလယ်လောက်မှာ အိမ်သေး သေးလေးတစ်လုံးဆောက်လိုက်တယ် . . . ။အုန်းပင်တွေကြားက မြေကွက်လပ်ရှိတဲ့အတိုင်း ဆောက်ရတာကြောင့် အိမ်က နည်းနည်းသေးတယ်။
ဒါပေမဲ့ ကိုကျော်ကျော်တို့ လင်မယားနှစ်ယောက်နဲ့ သုံးနှစ်အရွယ်သားလေးတစ်ယောက်ပဲရှိတာမို့ နေလို့ဖြစ်တယ်။ ကိုကျော်ကျော့်အိမ် အကြမ်းထည်လေးပြီးလို့၊ ခေါင်း ရင်းနဲ့ ခြေရင်းဘက်ပဲ ဝါးထရံကာရသေးတယ်၊ အိမ်ငှားမယ့်သူရောက်လာတယ် . . . ၊
စကားပြောကြည့်တော့ အိမ်ငှားချင်သူက ကိုကျော် ကျော်တို့လိုပဲလင်ကိုယ်မယားနှစ်ယောက်နဲ့ ငါးနစ်အရွယ်သားလေးတစ်ယောက်ပဲ ရှိတယ်။
ကိုကျော်ကျော်တို့လင်မယားတိုင်ပင်ကြပြီး အိမ် ငှားထားဖို့ ဆုံးဖြတ်လိုက်တယ် . . . ၊
ဆောက်လက်စ သူတို့အိမ်လေးကိုတော့ မဟုတ်ဘူး၊ အိမ်ငှားဖို့ သူတို့အိမ်ရှေ့မကျတကျ၊ ခြေရင်းဘက်မှာ အိမ်တစ်လုံးထပ်ဆောက်ပေးတယ်၊
အိမ်တစ်လုံးထပ်ဆောက်လိုက်ရလို့ သူတို့နေတဲ့အိမ် တောင် အပြီးမသတ်နိုင်ဘူး . . . ၊အိမ်ရှေ့နဲ့ နောက်ကျောဘက်က ဟင်းလင်းပွင့်နေတယ်။
ကိုကျော်ကျော်စောင်တစ်ထည်ယူတယ်၊ အစနှစ်ဖက် ကြိုးနဲ့ ချည်ပြီး အိမ်နောက်ဘက်ကို ကာလိုက်တယ်။အဲဒီညမှာပဲ ကိုကျော်ကျော် သရဲတစ်ကောင်ကို စတွေ့ ရတာဖြစ်တယ် . . . ၊ .
ညသန်းကောင်လောက်မှာ သူတစ်ရေးနိုးလာတယ်။ အပေါ့သွားချင်တာကြောင့် ကာထားတဲ့စောင်ကို မပြီး အောက်ဆင်းခဲ့တယ် . . . ၊
အိမ်သာက နောက်ဘက်ခြံစည်းရိုးနဲ့ ကပ်ပြီး ထောက်ထားတာကြောင့် ဝေးနေတယ်၊ဒါ့ကြောင့် အိမ်သာထိမသွားတော့ဘဲ နီးရာ အုန်းပင် တစ်ပင်ရဲ့ ခြေရင်းမှာပဲ ထိုင်လိုက်တယ်။
ညကလည်း မှောင်မည်းပြီး တိတ်ဆိတ်လွန်းနေတယ်။ အဲဒီအချိန်မှာပဲ ကိုကျော်ကျော်၊ ခေါင်းပေါ်ကအသံတွေ ကြားလိုက်တယ် . . . ၊
သူ ချက်ချင်း၊ အလန့်တကြားထပြီး ခြေနှစ်လှမ်း၊ သုံး လှမ်းလောက် နောက်ပြန်ဆုတ်လိုက်တယ် . . ‘ အုန်း . . . ဝုန်း . . . ဝုန်း . .
ကျယ်ကျယ်လောင်လောင်မြည်ဟိန်းသံကြီးနဲ့အတူစောစောက သူထိုင်နေတဲ့ နေရာတည့်တည့်ကို အုန်းသီးခိုင်ကြီးပြုတ်ကျလာတယ် . . .
သူ အမှောင်ထဲမှာပဲ အုန်းပင်ပေါ်မော့ကြည့်လိုက်တယ် အုန်းပင်ရဲ့ တစ်ဝက်လောက်မှာ မည်းမည်းအကောင် ကြီးတစ်ကောင်၊ ဇောက်ထိုးကြီးဖြစ်နေတာကို ကောင်းကင် အရောင်ကြောင့် တွေ့လိုက်ရတယ် . . . ၊
မည်းမည်းအကောင်ကြီးရဲ့ မျက်လုံးနှစ်လုံးက ထန်းသီးလုံးကြီးတွေလောက်ရှိပြီး ရဲရဲတောက်နေတယ် . . .၊ကြည့်နေတုန်းမှာပဲ မည်းမည်းကောင်ကြီးဟာ နေရာ မှာ ဖျတ်ခနဲ ပျောက်သွားတယ်..
နောက်နေ့မနက်လင်းလို့ ကိုကျော်ကျော်ထကြည့်တော့ အုန်းသီးခိုင်က ဘယ်လိုမှ ပြုတ်မကျနိုင်တဲ့ အုန်းစိမ်းခိုင်ကြီးဖြစ် နေတာ တွေ့ရတယ် . . . ၊
မျက်လုံးနီနီကြီးနဲ့ မကောင်းဆိုးဝါးမည်းမည်း ကောင်ကြီးဟာ သူနေတဲ့ အပင်အောက်အပေါ့လာစွန့်တာကို မကြိုက်လို့ အုန်းခိုင်ကြီး ပြုတ်ကျလာတာ ဖြစ်မယ်လို့ ကိုကျော်ကျော်စဉ်းစားလိုက်မိတယ်၊
ဒီအချိန်မှာပဲ သူ့တစ်ကိုယ်လုံး ကြက်သီးတွေ တဖျန်း ဗျန်းထသွားတယ်။
ရှေ့အိမ်က ကောင်လေးသရက်ပင်ပေါ်က လိမ့်ကျလို့ ညနေပိုင်းကိုကျော်ကျော်အလုပ်ကပြန်လာတာနဲ့ သူ့မိန်းမကဆီးပြောတယ် . . . ။
“ သရက်ပင်ပေါ်တက်သရက်သီးခူးရင်း လိမ့်ကျတာလား ကိုကျော်ကျော် မေးပြောပြောပြီး ရေချိုးတယ်၊ အဝတ် အစားလဲတယ်၊
ထမင်းစားပြီးတာနဲ့ လင်မယားနှစ်ယောက် သားလေး ကိုပါ ခေါ်ပြီး ရှေ့အိမ်ကို လာခဲ့ကြတယ် ကလေးလက် ဘာဖြစ်သွားသေးလဲ ကိုအောင် အောင်
ကလေးရဲ့ ညာဘက်လက်မှာ ကျောက်ပတ်တီးစည်း ထားတယ်၊ လက်ကိုလည်း ပတ်တီးစ လည်မှာသိုင်းပြီ။ မြှောက် ထားတယ်၊
လက်ကျိုးသွားတယ်ကိုကျော်ကျော်၊ဆေးရုံက ကျောက်ပတ်တီးစည်းပေးလိုက်တယ်. .. ကလေးလိမ့်ကျတယ် လာပြောလို့ ကျွန်တော်လည်း
အလုပ်က ခွင့်နေ့ဝက်ယူပြီး ပြေးလာခဲ့ရတယ်၊ ခြံထဲက အပင်တွေပေါ်တက် မဆော့ရဘူးလို့ကျွန်တော် ခဏခဏဆုံးမပါတယ်။ အဲဒါကို နားမထောင်ဘူးဗျာ
သရက်ပင်ပေါ်တက်ဆော့တော့ လိမ့်ကျတာပေါ့ . .” လိမ့်ကျတာမဟုတ်ဘူးအဖေရ၊ သားကို တွန်းချတာ၊ မျက်လုံးနီနီကြီးနဲ့ မည်းမည်းဧကောင်ကြီးက တွန်းချတာဒါ့ကြောင့် သားသစ်ပင်ပေါ်က ကျတာ
ဟာ .ဒီကောင်တော့ မဟုတ်က၊ ဟုတ်က …” ကလေးပြောတဲ့စကားကြောင့် ကိုကျော်ကျော်လန့်သွားတယ်။
ဒီမျက်လုံးနီနီနဲ့ မည်းမည်းကောင်ကြီးကို သူလည်း ြမင်ဖူးတယ်လေ . . . .၊ကလေးအဖေကိုအောင်အောင်က ချက်ချင်းဟန့်ပြီး ငေက်လိုက်ပေမဲ့ ကလေးကဆက်ပြောတယ် . . .
“ ဟုတ်ပါတယ်ဆို အဖေကလည်း၊သားက ညာပြောပါ့မလား
သား သရက်သီးခူးနေတုန်း၊ လူမည်းမည်းကြီးရယ် သစ်ကိုင်းပေါ် မတ်တတ်ရပ်ပြီး လျှောက်လာတယ်။ပြီးတော့သားကို တွန်းချလိုက်တယ်
မိန်းမ မင်း သားကို ခေါ်ပြီး သွားသိပ်စမ်းကွာ၊
ကြာရင် ငါထရိုက်မိ ့မယ်
ကိုအောင်အောင် ကလေးကို ကြိမ်းမောင်းတယ်။
သူ့မိန်းမ မမော်က ကလေးကို အိပ်ရာထဲခေါ်သွားပြီး
ချော့သိပ်နေတယ် . . . ၊
ကိုကျော်ကျော်တို့လည်း ခဏတစ်ဖြုတ် စကားဆက်ပြောပြီးတာနဲ့ ပြန်လာခဲ့ကြတယ် . . . ၊
အိမ်ရောက်တော့ မိန်းမကမေးတယ် . . .
ကလေးပြောတဲ့ မျက်လုံးနီနီနဲ့ လူမည်းမည်းကြီးဆို တာ အဟုတ်များလားနော်အစ်ကို . . .မင်းနှယ်ကွာ၊ မဟုတ်ပါဘူး၊သစ်ပင်ပေါ်တက်ဆော့တယ်ဆိုရင် သူ့အမေရိုက်မှာစိုး လို့ ထင်ရာရှောက်ပြောတာပါ
မဟုတ်ဘူးအစ်ကို၊ ကလေးကတော့ အဟုတ်ကို ပြောနေတာနော် . . . ၊ပြီးတော့ ကျွန်မ ပြောရဦးမယ်၊အရင်ကတည်းက ပြောချင်တာ၊ အစ်ကိုစိတ်မကောင်း မှာစိုးလို့ မပြောခဲ့တာ . . .
ဘာများလဲကွ၊ ပြောပါဦး
ကျွန်မ ဒီခြံထဲ ရောက်တဲ့နေ့ကစပြီး စိတ်ထဲမှာတစ်မျိုးကြီးပဲ . . . ၊
ခြံထဲဝင်ရမှာကို အလိုလိုကြောက်နေတယ်ညရေးညတာ ချိုးချိုးချွတ်ချွတ်အသံကြားရင်လည်း ဘာမှန်းမသိဘဲ ရင်တွေတုန်ပြီးလန့်သွားတတ်တယ်။
ခေါင်းနပန်းကြီးပြီး ကြက်သီးတွေလည်း တဖြန်းဖြန်း ထတယ်
မဟုတ်ပါဘူး မိန်းမရာ သစ်ပင်တွေအုပ်နေတော့ စိတ်ထဲက ကြောက်သလိုလို၊ အားငယ်သလိုလို ခံစားရတာ ဖြစ်မှာပါ . . .
ဘာတစ္ဆေသရဲမှ မရှိပါဘူး ကိုကျော်ကျော် မိန်းမကို ချော့မော့နှစ်သိမ့်ပေးတယ် ခဏနေတော့ မိန်းမဖြစ်သူက ကလေးကို ချော့သိပ်ရင်းသူပါ အိပ်ပျော်သွားတယ် . . . ၊
ကိုကျော်ကျော်ကတော့ အိပ်လို့မရတော့ဘူး၊ ညတစ်ညရဲ့ သန်းခေါင်ယံမှာ သူမြင်ခဲ့ရတဲ့ အုန်းပင်ပေါ် က မျက်လုံးနီနိနဲ့ လူမည်းမည်းကြီးကို ပြန်လည်မြင်ယောင်နေတယ်။
သရက်ပင်ပေါ်က ကလေးဟာ သူပြောတဲ့ အတိုင်း လူမည်းမည်းကြီးတွန်းချခံရတယ်ဆိုတာလည်း အမှန် ဖြစ်မယ်လို့ သူယုံတယ် . . .
့ကိုယ့်ကိုလည်း အုန်းသီးခိုင်နဲ့ ပေါက်တယ်၊ ကလေးကိုလည်း သစ်ပင်ပေါ်က တွန်းချတယ် . : ဒီကောင် တော်တော်ရန်လိုတဲ့ မကောင်းဆိုးဝါးကောင် ပဲ” လို့ ကိုကျော်ကျော် တွေးလိုက်မိတယ်
ညဆယ်နာရီလောက်ရှိနေပြီ ကိုကျော်ကျော်တို့ တစ်မိသားစုလုံးလည်း အိပ်မောကျနေကြပြီ
ဒီအချိန်ကြီးမှ ငယ်သံပါအောင် အလန့်တကြားအော် လိုက်တဲ့ မမော်ရဲ့ အသံထွက်ပေါ်လာတယ် . . . ၊
“အမလေး သရဲ သရဲ”
ကိုကျော်ကျော် အိပ်ရာထဲက ဝုန်းခနဲ ထပြီး အော်သံ ကြားတဲ့ဆီကို ပြေးသွားတယ် . . . ၊ မမော် သူ့အိမ်ပြန်ရောက်သွားပြီ။ ကိုအောင်အောင်နဲ့ မပော်တို့ စကားပြောသံတွေကြား နေရတယ်။
ကိုကျော်ကျော် ကိုအောင်အောင်တို့ အိမ်ကို သွားတယ်။
ဘာဖြစ်တာလဲ ကိုအောင်အောင် . . . ”
ခင်ဗျား ညီမကို သရဲခြောက်လို့တဲ့ဗျာ၊ ကျွန်တော်လည်း မေးနေတုန်းပဲ . . . ၊ မိန်းမ ဘယ်လိုဖြစ်တာလည်း ပြောပြပါဦး . . . ” ကိုအောင်အောင်က သူ့မိန်းမ မမော်ကို ပြောလိုက်
“ ကလေးက ညနေကတည်းက ဝမ်းပျက်နေတာ လေ၊ အခုလည်း အီအီးပါချင်တယ်ဆိုလို့ ထတည်တာ။ အိမ်သာထိ မသွားရဲလို့ နောက်ဖေးက ဒူးရင်းဩဇာပင် အောက်မှာပဲ တည်လိုက်တယ် . . . ”
မမော်ရဲ့ အသံက တုန်နေတယ်၊ အကြောက်လွန်နေ သေးပုံရတယ်။
မောနေပြီး စကားကို နားနားပြောနေရတယ်၊ “ အဲဒါ . . . ကလေးအီးပါလို့တောင် မပြီးသေးဘူး၊ ဒူးရင်းဩဇာပင်ပေါ်က မည်းမည်းကောင်ကြီးဆင်းလာတယ်။ဆင်းလာတာကို မပြင်လိုက်ရဘူး၊ ကလေးရဲ့ နောက် ဘက်ရောက်မှ တွေ့တာ၊
ကျွန်မမြင်တဲ့အချိန်မှာ အဲဒီမည်းမည်းကောင်ကြီးက ခွေးကြီးလိုပဲ၊ ကလေးဖင်အောက်က အီအီးတွေကို စားနေ တယ်. . . ၊
ကျွန်မလည်း မြင်မြင်ချင်းလန့်အော် ကလေးကိုပါချိုင်း ကမပြီး တစ်ချိုးတည်း အိမ်ပေါ်တက်ပြေးခဲ့တာပဲ . . .”
မမော်ကစကားပြောပြီး ကလေးကို သန့်စင်ပေးနေ တယ်။
ကိုကျော်ကျော်၊ ကိုအောင်အောင်ရဲ့ မျက်နှာကို ကြည့် ပြီး အကဲခတ်နေမိတယ် . . . ၊ကိုအောင်အောင်ရဲ့ မျက်နှာမှာ ယုံရနိုးနိုး၊ မယုံရနိုးနိုးနဲ့ ဒွိဟသံသယတွေ ထင်ထင်ရှားရှားပေါ်လွင်နေတယ်။
“ ကျွန်တော်လည်း ပြန်လိုက်ဦးမယ် ကိုအောင်အောင် အိမ်မှာ မိန်းမနဲ့ ကလေးပဲ ကျန်ရစ်တယ် . . . ” ကိုကျော်ကျော်နှုတ်ဆက်ပြီး ပြန်ခဲ့တယ် . . . ။
ဘာဖြစ်လို့တဲ့လဲ အစ်ကို
ဒီတစ်ကြိမ်တော့ ကိုကျော်ကျော် မညာေတော့ဘူး၊
အမှန်အတိုင်းပဲ ပြောလိုက်တယ်၊
ကလေး အီအီးဆင်းတည်တာ၊ သရဲခြောက်ခံရလို့တဲ့ကွာ . ..” ကိုကျော်ကျော်၊ မမော်ပြောပြတဲ့အတိုင်း အစအဆုံး မိန်းမကို ပြောပြလိုက်တယ်။
ဒါဆိုရင် ဟိုနေ့က သစ်ပင်ပေါ်က တွန်းချတဲ့ အကောင်ကြီးပဲပေါ့ အစ်ကို
မိန်းမက မျက်လုံးပြူး၊ မျက်ဆံပြူးနဲ့ ပြောတယ်။ “ အင်း ဟုတ်တယ် . . . ”
ကိုကျော်ကျော် ရင်လေးလေးနဲ့ ပဲ ဖြေလိုက်တယ်… ဟုတ်တယ်၊ သူ့စိတ်တွေလေးသွားတယ်။နာနာဘာဝမကောင်းဆိုးဝါးနဲ့ လူသားဆိုတာက အတူယှဉ်တွဲနေလို့ မရတဲ့ သတ္တဝါတွေ . . . ၊
နောက်ပြီး ဒီကောင်ကြီးရဲ့ အပြုအမူတွေက ရန်လိုတဲ့ အပြုအမူတွေဖြစ်နေတယ်ဒီကောင်ကြီးကို နှင်ထုတ်မှ ရမယ် . . . ” လို့ တွေး တောရင်း ဆုံးဖြတ်လိုက်တယ်။
အမှန်တော့ ဒီခြံကြီးမှာ သရဲခြောက်တယ်ဆိုတာ ပတ် ဝန်းကျင်က သိပြီးသား၊
ဒီနေရာမှာ လူနေခြံကွက်တွေ ရိုက်ပြီးမြို့သစ်ဖွင့်က တည်းက ဒီခြံကြီးက စီးပွားရေးသမားတစ် ယောက်လက်ထဲရောက်သွားတယ်။
စီးပွားရေးသမားဆိုတာက နေဖို့မဟုတ်ဘူး၊ ငွေကို ရင်းနှီးမြှုပ်နှံထားတဲ့သဘော၊ဒီတော့ ခြံကြီးကို ဝယ်ပြီး ပစ်ထားတယ်။ ခြံရာင်းရင် ဈေးကောင်းရအောင် အုန်းပင်တွေ စိုက် ထားတယ်။
လူမနေဘဲ သစ်ပင်တွေချည်းရှိတဲ့ ခြံဆိုတော့ နာနာ ဘာဝကောင်တွေ ဝင်ရောက်နေထိုင်ဖို့ သိပ်အကြိုက်တွေ့တာ။
နာနာဘာဝတွေဆိုတာက လူမရှိတဲ့ကျောင်းအိုကျောင်း ပျက်၊ ဘုရားအိုဘုရားပျက်တွေ၊ သုသာန်ဇရပ်တွေမှာ နေတတ် ကြတာမဟုတ်ဘား . . .၊
ဒီလိုနဲ့ ခြံကြီးထဲကို နာနာဘာဝကောင်ကြီးရောက်လာ တာဖြစ်တယ်
ရောက်လာတဲ့ နာနာဘာဝကောင်ကြီးက ခြံကြီးကို သူအပိုင်စားရထားတဲ့နေရာ၊ ဘုံဋ္ဌာနအဖြစ်သတ်မှတ်ထားပုံရ တယ်၊
ခြံထဲဝင်လာသူကို နည်းအမျိုးမျိုးနဲ့ အနှောင့်အယှက် ပေးတယ်။ မနေနိုင်အောင်ရန်ပြု ခြောက်လှန့်တယ်။ ဒီလိုနဲ့ ဒီခြံကြီးဟာ သရဲခြောက်တဲ့ခြံကြီးအဖြစ် နာမည် ကြီးနေတာဖြစ်တယ်။
အမှန်တကယ်လည်း ခြံကြီးထဲမှာ နေထိုင်ကြတဲ့ ကိုကျော်ကျော်တို့ မိသားစုနဲ့ ကိုအောင်အောင်တို့ မိသားစုကို ခြောက်လှန့်ရန်ပြုနေတယ် . . . ၊
ကိုကျော်ကျော်ဆွမ်းခံကြွတဲ့ ဦးဇင်းတစ်ပါးနဲ့ ဘုန်းကြီး ကျောင်းကို လိုက်သွားတယ်။ဆရာတော်ကို ကန်တော့ပြီး အကျိုးအကြောင်း လျှောက်ထားတယ်။
တပည့်တော်အနေနဲ့ လူကိုအန္တရာယ်ပြုတတ်တဲ့ ့နာနာဘာဝမကောင်းဆိုးဝါးနဲ့ အတူယှဉ်တွဲနေလို့ မဖြစ်တဲ့ အတွက် ခြံထဲကနေ နှင်ချင်ပါတယ်ဘုရား . . . ”
ဆရာတော်က ကိုကျော်ကျော်ရဲ့ ဆန္ဒစကားကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတယ်
ကိုကျော်ကျော့်စကားဆုံးမှ –
“ဆရာတော့်ဆန္ဒကတော့ ပထမဦးစွာ သူတို့အတွက်
ရည်စူးပြီး မေတ္တာပို့အမျှအတန်းဝေချင်တယ်၊ အချို့သတ္တဝါတွေက သိလွယ်၊ နားလည်လွယ်တယ် မေတ္တာရဲ့ စွမ်းအားကို ယုံကြည်တယ်။
အမျှအတန်းဝေလို့ ကောင်းမှုကုသိုလ်ရဲ့ အဖို့ဘာဂကို ရရှိသွားရင်လည်း သူ့အတွက်မြင့်မြတ်ရာဘုံဘဝကို ကူးပြောင်း သွားနိုင်တယ်။
မနက်ပိုင်းမှာ အဲဒီလိုလေးလုပ်ပြီး၊ ညနေပိုင်းကျမှ ဒကာကြီးရဲ့ ဆန္ဒအတိုင်းပရိတ်တရားနာတာ၊ ကမ္မဝါဖတ်တာတွေကို ပြုလုပ်စေချင်တယ်။ ဆရာတော်က သင့်တော်မယ့်လမ်းကြောင်းကို ညွှန်ပြ ခြင်းဖြစ်ပါတယ်။
ဒါပေမဲ့ ဒကာကြီးဆန္ဒရှိသလို ဆောင်ရွက်ပေးပါ့မယ်။ ဆရာတော်ရဲ့ လမ်းညွှန်စကားကို ကိုကျော်ကျော်က အားရ ဝမ်းမြောက်ဝမ်းသာ နာခံဆောင်ရွက်ပါ့မယ်လို့ လျှောက်ထားတယ်။
နောက်တစ်နေ့မနက်မှာ ကိုကျော်ကျော်တို့အိမ်ကို ဆရာတော်နှင့်တကွ သံဃာတော်ငါးပါးကြွလာတယ်။ကိုကျော်ကျော်တို့မိသားစုက နေ့ဆွမ်းဆက်ကပ်ပြီး ဖိတ်ကြားထားတဲ့ဧည့်ပရိသတ်တွေကိုလည်း ဧည့်ခံကျွေးမွေး တယ်။
သံဃာတော်တွေက မေတ္တာသုတ်ပရိတ်တရားတော် တွေ ဟောကြားတာကို ပရိသတ်နဲ့အတူ နာကြားတယ်။ တရားနာပြီးတာနဲ့ ခြံအတွင်းမှာ နေထိုင်တဲ့ မကျွတ် မလွတ်သော ပုဂ္ဂိုဟ်သတ္တဝါအပေါင်းနှင့် တကွ ဝေနေယျ၊ သုခိတ၊ ဒုက္ခိတ ပုဂ္ဂိုဟ်သတ္တဝါအပေါင်းတို့အား ရည်စူးပြီး ရေ စက်သွန်းချ အမျှအတန်းပေးဝေလိုက်ကြတယ်။
ကိုကျော်ကျော်အနေနဲ့ နာနာဘာဝမည်းမည်းကောင် ကြီးကို မကောင်းဆိုးဝါးဘဝကနေ လွတ်မြောက်ပြီးကောင်းရာ သုဂတိဘုံကို ရောက်ရှိသွားစေချင်ပါတယ်။
ဒါပေမဲ့ ထင်ထင်ရှားရှားမသိမမြင်နိုင်တဲ့ အတွက် မလွှဲမရှောင်သာဘဲ ရတနာသုံးပါးရဲ့ အမိန့်နဲ့ ဖယ်ရှားဖို့ ထပ်မံဆောင်ရွက်ရတယ်။
ညနေပိုင်းမှာ သံဃာတော်တွေ ပြန်ကြွလာပြီး ကိုကျော်ကျော်ရဲ့ ဆန္ဒအတိုင်း အန္တရာယ်တွေ ကင်းရှင်းစေဖို့ ပရိတ်ရွတ် တာတွေ၊ ကမ္မဝါဖတ်တာတွေ ရွက်ဆောင်ကြတယ်။
သံဃာတော်တွေ ပြန်ကြွသွားတာနဲ့ ကိုကျော်ကျော်နှင့် ကိုအောင်အောင်တို့ဟာ ပရိတ်ချည်တွေ ခြံပတ်ပတ်လည်ရစ် ပတ်တယ်။
ပရိတ်ရေတွေ ပရိတ်သဲတွေကိုလည်း ခြံအနှံ့လိုက်ပြီး ဖျန်းကြပက်ကြတယ် . . . ၊
အဲဒီအချိန်မှာပဲ ဝုန်းဝုန်းဒိုင်းဒိုင်းအသံတွေနဲ့ အတူမမျှော် လင့်တဲ့ မြင်ကွင်းကို မြင်လိုက်ကြရတယ်။
ကိုကျော်ကျော်တို့ အိမ်ရှေ့မှာရှိတဲ့ အုန်းပင်ကြီး ပေါ်ကနေ မည်းမည်းကောင်ကြီးခုန်ချလာတယ် . .
မည်းမည်းကောင်ကြီးဟာ အကာအရံမရှိတဲ့ ကိုကျော် ကျော်တို့ အိမ်ရှေ့ကနေ အိမ်ပေါ်ကို သွေးရူးသွေးတန်း တဝုန်း ဝုန်းတက်ပြေးတယ်၊
နောက်ကျောဘက်မှာ ကာရံထားတဲ့စောင်ကို တိုးပြီး ခုန်ချထွက်ပြေးတယ်၊
မည်းမည်းကောင်ကြီး ဝင်တိုးမှုကြောင့် ချည်နှောင် ထားဘဲ့ကြိုးတွေ ပြုတ်ထွက်သွားတယ်။ စောင်က မည်းမည်းကောင်ကြီးကို ရစ်ပတ်ပြီး ပြေး တဲ့နောက်ပါသွားတယ် . . ၊
အချိန်က ညနေမှောင်ရီစဖြစ်ပေမဲ့ အလင်းရောင် ကောင်းကောင်းရှိနေတယ် . . . ၊
ကိုကျော်ကျော်ရော၊ ကိုအောင်အောင်ပါ မည်းမည်း ကောင်ကြီးကို ထင်ထင်ရှားရှားပြင်တွေ့ ကြရတယ် .
မည်းမည်းကောင်ကြီးဟာ မျောက်ဝံကြီးမဟုတ်ဘဲ အမွေးကြမ်းရှည်တွေ ဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါးနာနာဘာဝ ကောင်ကြီးဆိုတာ သိနိုင်တယ်
ထန်းသီးလုံးလောက်ရှိတဲ့ မျက်လုံးကြီးတွေကလည်း ညတစ်ညမှာ ကိုကျော်ကျော်တွေ့ခဲ့တဲ့ အတိုင်းပဲ နီရဲနေတယ်။နာနာဘာဝကောင်ကြီး သွေးရူးသွေးတန်း ထွက်ပြေး နေတဲ့ ပုံကမျက်တောင်ခတ်သလောက်ပဲ ကြာတ လျှပ်စီးလက်သလို အရမ်းမြန်လွန်းနေတယ်။ ကိုကျော်ကျော်နဲ့ ကိုအောင်အောင်တို့ရဲ့ ဇနီးသည်တွေ ့မှာလည်း ကြောက်ဖို့လန့်ဖို့တောင် အချိန်မရဘဲ အံ့အားသင့်ရင်း ကြက်သေသေနေကြတယ်။
ခဏနေမှ သတိဝင်ပြီး ကလေးတွေကို လိုက် ဆွဲကြတယ်။
အဲဒီအချိန်မှာတော့ နာနာဘာဝကောင်ကြီးဟာ ဘယ် ဆီ ရောက်လို့ ဘယ်ဆီပေါက်သွားမှန်းတောင်မသိနိုင်တော့ဘူး။ ပျောက်ခြင်းမလှ ပျောက်သွားပြီဖြစ်ပါတယ်။
ထူးဆန်းတာက အဲဒီနာနာဘာဝကောင်ကြီးကို မြင်ရ တာက ခြံထဲမှာ နေတဲ့ သူတို့တစ်တွေပဲဖြစ်ပြီး အခြားသူတွေ မမြင်ရတဲ့အချက်ပါ။
ခဏနေတော့ နောက်ဘက်လမ်းက လူနှစ်ယောက် ရောက်လာတယ်။ စောင်ကို လာပေးတယ်။
“ ခင်ဗျားတို့ ခြံထဲက စောင်ကြီးလွင့်လာလို့ဗျ၊ ပထမတော့ ခွေးတိုးပြီး လုံးထွေးပါလာတာလို့ ထင် သေးတယ်။
ဒါပေမဲ့ ဘာခွေးမှ မတွေ့ပါဘူးဗျာ . ဒီအတိုင်းပဲ လွင့်လာတာနဲ့ တူပါတယ် . . . . လို့ ပြောတယ်။ ”
ကိုကျော်ကျော် အသာငြိမ်နေလိုက်တယ်၊ နာနာဘာဝ ကောင်ကြီး ထွက်ပြေးသွားတဲ့အကြောင်းမပြောလိုက်တေ့ဘူး။ သရဲခြောက်တဲ့ ခြံကြီးဟာလည်း အဲဒီနေ့ကစပြီးသန့်ရှင်းသွားခဲ့တယ်။
မည်းမည်းကောင်ကြီးကို အစ အနတောင်မတွေ့ရတော့ တာ ယနေ့ထက်တိုင်လို့ ဆိုပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် တွေကို တစ္ဆေသရဲ နာနား ဘာဝဖြင့် မြတ်စွာဘုရားရဲ့ တရားေတာ်တွေဟာ နာနာဘာဝတွေ ထိတ်လန့်ကြောက်ရွံ့ကြ တယ်ဆိုတာ ထင်ရှားပါတယ်၊
ကုိကျော်ကျော်တို့မိသားစုလည်း အဲဒီခြံကြီးထဲမှာ ဆယ်နှစ်လောက်နေပြီး ဈေးကောင်းရတာနဲ့ ရောင်းချပြီး တောင်ဥက္ကလာကို ပြောင်းရွှေ့လာခဲ့ကြပါတယ်။ကိုကျော် ကျော်ကျော်ရဲ့ သားငယ်သုံးနှစ်သားလေးဟာခုချိန် မှာ လူလားမြောက်လို့ ကြီးပြင်းလာခဲ့ပါပြီ။
သရဲခြောက်တဲ့ ခြံကြီးတစ်ခြံရဲ့ အကြောင်း စာရေးသူ ကို ပြောပြသူကလည်း ကိုကျော်ကျော်ရဲ့ သားကိုကျော်ထက် ကိုယ်တိုင်ပဲဖြစ်ပါတယ်။
စာဖတ်သူများအား ထာဝရ
လေးစားချစ်ခင်လျက်ဖြင့်
မောင်မှိုင်းညို့(ချောင်းဦး)