သရဲမိသားစု(စ/ဆုံး)

Unicode Version

သရဲမိသားစု(စ/ဆုံး)
————————
ကြီးမားလှသည့်သစ်ပင်ကြီးများက
ကိုသာစံတို့အိမ်ပတ်ပတ်လည်တွင်
စိမ်းလန်းစွာရှိနေကြသည်။
မန်ကျည်း၊တမာ၊ပိတောက်စသည့်
သစ်ပင်ကြီးများလည်းရှိလေသည်။
ကွယ်လွန်သွားပြီဖြစ်သော ကိုသာစံ၏
မိဘများကအိမ်ပတ်ပတ်လည်၌
သစ်ပင်များစွာစိုက်ပျိုးခဲ့သောကြောင့်
နောင်လာနောင်သားများအရိပ်ရကာ
အေးချမ်းနေခြင်းဖြစ်သည်။
ကိုသာစံအိမ်ထောင်ကျပြီး မကြာမီ
ကိုသာစံ၏မိဘများကွယ်လွန်သွား
ကြသည်။
ကိုသာစံလည်းဇနီးသည်မခိုင်နှင့်
သားတစ်ယောက်သမီးတစ်ယောက်
ရခဲ့လေသည်။
သမီးကြီးသက်သက်က၈နှစ်
သားငယ်ဖြိုးခိုင်က၅နှစ်ရှိပြီဖြစ်သည်။
မချမ်းသာကြပေမယ့်အဆင်ပြေတလှည့်
မပြေတလှည့်ဖြင့်ဘဝကိုရုန်းကန်နေကြ
ရလေသည်။
“ကိုသာစံ ထမင်းစားတော့မှာလား၊
ကျုပ်ပြင်လိုက်တော့မယ် ကလေးတွေလည်းရှင့်ကိုစောင့်နေကြတာ
သူတို့လည်းဆာနေရော့မယ်။
“အေးအေး အသင့်ပြင်ထားလိုက်
ငါအဝတ်အစားလဲပြီးထွက်လာခဲ့မယ်”
“အင်း…”
မခိုင်လည်းထမင်းဝိုင်းအား
အသင့်ပြင်ထားလိုက်သည်။
“သားနဲ့သမီးရေ ထမင်းစားရအောင်ဟေ့”
“လာပြီ အမေ မောင်လေးလာထမင်းစားသွားရအောင်”
“ဟုတ်အစ်မ”
မောင်နှမနှစ်ယောက်ထမင်းဝိုင်းသို့
ပြေးလွှားရောက်ရှိလာကြသည်။
ကိုသာစံလည်းအဝတ်အစားလဲပြီး
ထမင်းစားပွဲသို့ရောက်လာပြီးညစာ
ထမင်းအတူတူစားကြလေသည်။
“ရော့ ဒါဖေကြီးအတွက် သားကဦးချတာ”
“သားကလိမ္မာလိုက်တာကွာ
ကြည့်ပါဦး……”
“မေကြီး ဒါကမေကြီးကိုသမီးက
ဦးချတာပါ ……”
“အင်း…လိမ္မာလိုက်တဲ့အမေ့သားနဲ့သမီး
သားတို့ဟင်းတွေထည့်စားကြနော်”
“ဟုတ်အမေ”
“ကိုသာစံ ထည့်စားလေ
မကြိုက်ဘူးလား ”
“မဟုတ်ပါဘူး ကြိုက်ပါတယ်
ခေါင်းသိပ်မကြည်လို့ အစားနည်းတာပါ”
“ထမင်းစားပြီးရင် ဆေးလေးသောက်လိုက်လေ။
“အင်း…”
“အဖေ သမီးဇတ်ကြောတွေနှိပ်ပေးရမလား”
“နေပါစေ အဖေဘာမှမဖြစ်ပါဘူး”
“အိပ်ရာဝင်ခါနီးရင် ကျုပ်နှိပ်ပေးမယ်လေ
အကြောတွေတအားတက်နေတာရယ်
အလုပ်ပင်ပန်းတာတွေကြောင့်ဖြစ်တာပါ။
“နေပါစေ မင်းလည်းတနေကုန်
နားနေရတာမှမဟုတ်တာ”
“လင်နဲ့မယားပဲတော်
တစ်ယောက်ဖြစ်ရင်တစ်ယောက်
ပြုစုပေးရမှာပေါ့တော့်။
“အေးပါ”
=================
ညစာစားပြီး ၉နာရီခန့်
အိပ်ရာဝင်ခဲ့ကြသည်။
မခိုင်လည်းခင်ပွန်းသည်အားနှိပ်နယ်
ပေးပြီးမှအိပ်လိုက်သည်။
ကိုသာစံလည်းသောက်ထားသည့်
ဆေးအရှိန်နှင့်ပင်ပန်းမှုဒဏ်ကြောင့်
ချက်ချင်းပဲအိပ်ပျော်သွားတော့သည်။
“အိမ်ရှင်တို့ အိမ်ရှင်တို့ ”
“ဟင်…ဘယ်သူပါလိမ့်
အိမ်ရှေ့ကနေအော်ကြီးဟစ်ကျယ်နဲ့”
ကိုသာစံလည်းအိမ်အပြင်ဘက်သို့
ထွက်လာခဲ့သည်။
“ဂျောက်”
တံခါးဖွင့်လိုက်သည်နှင့်အိမ်ရှေ့၌
အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးနှင့်
၅နှစ်ခန့်အရွယ်ရှိကလေးငယ်တစ်ဦးကို
မြင်လိုက်ရသည်။
“ဘာကိစ္စများလဲမသိဘူး”
ကိုသာစံကမေးလိုက်သည်။
“ကျွန်တော်တို့ကနေစရာလိုက်ရှာ
နေကြတာပါ။
ဘယ်မှာမှနေလို့မရတဲ့အတွက်
ဒီအိမ်ကသစ်ပင်တစ်ပင်ပင်မှာ
နေစရာလေးပေးဖို့ တောင်းဆိုတာပါ။
ဒုက္ခရောက်နေလို့ ကူညီပါဗျာ”
“ဟုတ်ပါတယ်ရှင်
ကျွန်မတို့မိသားစုကိုသနားပါဦးရှင်
နေစရာမရှိလို့ ဒုက္ခတွေအကြီးအကျယ်
ဖြစ်နေရတာ ကူညီပါရှင်”
ထိုလင်မယားပြောလိုက်သည့်
စကားကြောင့် ကိုသာစံလည်း
ထိုမိသားစုအားလူမဟုတ်မှန်းအတတ်
သိလိုက်လေသည်။
“နေစရာပေးတာကတော့ရပါတယ်
ဒါပေမယ့် ခင်ဗျားတို့ကလူသားတွေ
မဟုတ်တဲ့နာနာဘာဝတွေဆိုတော့
ကျုပ်ကလေးတွေကိုခြောက်လန့်မှာ
စိုးတယ်ဗျာ။
“အဲ့အတွက်တော့စိတ်ချပါ
ကလေးတွေကြောက်အောင်လန့်အောင်
မပြုလုပ်ပါဘူးလို့ ကတိပေးပါတယ်ခင်ဗျာ”
“ကောင်းပြီ ခင်ဗျားတို့ကတိတည်ပါစေ
တကယ်လို့ပြောတဲ့အတိုင်းမနေရင်
ကျုပ်ကမောင်းထုတ်ပစ်ရလိမ့်မယ်”
“စိတ်ချပါ စိတ်ချပါ
အခုလိုကျုပ်တို့မိသားစုကိုကူညီတဲ့
ကျေးဇူးကိုဘယ်တော့မှ မမေ့ပါဘူးဗျာ”
“ကဲခင်ဗျားတို့နေချင်တဲ့အပင်မှာ
နေလို့ရပြီ”
ကိုသာစံစကားဆုံးသွားသည်နှင့်
သရဲမိသားစုလည်းပျောက်ကွယ်
သွားလေသည်။
==============
မနက်လင်းတော့ ကိုသာစံလည်း
ဇနီးသည်မခိုင်အား သူမက်ခဲ့သည့်
အိပ်မက်အကြောင်းအား ပြောပြ
လိုက်သည်။
“ဟင်…ကိုသာစံရယ် ရှင်ကတော့လေ
လုက်လိုက်မှဖြင့် တကယ်ပဲ။
သရဲတွေမှန်းသိသိလျက်နဲ့ ဘာလို့
နေခိုင်းလိုက်တာလဲ။
“သြော် မိန်းမရယ်သူတို့လည်းနေစရာမရှိလို့
ဒုက္ခရောက်နေကြတာလေ။
လူဆိုတာနေစရာမရှိတဲ့အဆုံးအိမ်ငှားနေလို့ရသေးတယ်………
သူတို့လိုပရလောကသားတွေကြတော့
နေရာတိုင်းမှနေလို့မရတာ
ဒါကြောင့်သူတို့မိသားစုကို သနားပြီး
နေခွင့်ပေးလိုက်တာပေါ့။
သူတို့ကိုငါပြောထားပြီးသားပါ
ကလေးတွေကြောက်အောင်လန့်အောင်
မခြောက်လှန့်ပါနဲ့လို့ ။
သူတို့ဘက်ကလည်း အဲ့အတွက်တော့
စိတ်ချပါတဲ့ အခုလိုနေခွင့်ပေးတဲ့
ကျေးဇူးကိုမမေ့ပါဘူးတဲ့လေ
အခက်အခဲဖြစ်နေတဲ့သူကို
ကူညီခွင့်ရတာ တို့လည်းကုသိုလ်ရပါတယ်ကွာ”
“အင်းပါ…ရှင်ကအကြောက်အလန့်မှ
မရှိတာ၊ကျုပ်တို့ကတော့ သရဲဆို
နာမည်ကြားတာနဲ့တင်လန့်နေပြီ”
“မကြောက်ပါနဲ့ကွာ ”
============
သရဲမိသားစုစရောက်သည့်
နေ့မှစ၍အသံပေးခြင်း၊အနံ့ပေးခြင်း
အဆင်းပြပြီးခြောက်ခြင်း၊ထမင်းဟင်း
ပျောက်ဆုံးခြင်းများမရှိခဲ့ပေ။
သက်သက်နှင့်ဖြိုးခိုင်လည်း
မန်ကျည်းပင်တွင်နေထိုင်သော
သရဲမိသားစုထဲမှ
သရဲကလေးလေးနှင့်ပင် ခင်မင်ကာ
အတူတူဆော့ကစားဖြစ်ကြလေသည်။
မိခင်ဖြစ်သူကသရဲလေးနှင့်
မဆော့ရန်မှာထားသော်လည်း
မိခင်၏စကားကိုနားထောင်ခြင်းမရှိပေ။
သရဲလေးအားအိမ်ထဲဝင်ပြီး
ဆော့ကစားရန်ခေါ်သည့်အခါတိုင်း
သရဲလေးကအမြဲခေါင်းခါပြီး
ငြင်းဆန်လေသည်။
မိဘများကအိမ်ထဲမဝင်ရန်
သေချာတားမြစ်ထားခြင်းကြောင့်
ဖြစ်သည်။
တဖြည်းဖြည်းနှင့်လတွေနှစ်တွေ
ကြာလာခဲ့သည်။
မန်ကျည်းပင်မှသရဲမိသားစုနှင့်
ကိုသာစံတို့မိသားစုလည်း
အလွန်ပင်ရင်းနီးခဲ့ကြလေသည်။
တစ်ညကိုသာစံအိပ်မက်
တစ်ခုမက်လေသည်။
“ကိုသာစံ ကျုပ်တို့မိသားစု
သွားရတော့မယ်ဗျ”
“ဟင် ဘယ်ကိုသွားကြမှာလဲ
ဒီမှာနေရတာ ဘာဖြစ်လို့လဲ”
“ကျုပ်တို့မိသားစုတခြားနေရာကို
အပြီးသွားရတော့မှာမလို့ ကိုသာစံကို
လာနှုတ်ဆက်တာပါ။
ဒီမှာနေရတာအဆင်ပြေခဲ့ပါတယ်
နေခွင့်ပေးခဲ့လို့လည်းကိုသာစံတို့မိသားစုကိုကျေးဇူးလည်းတင်မိပါတယ်။
ဒါကြောင့်ကျေးဇူးဆပ်တဲ့အနေနဲ့
ဒီပစ္စည်းလေးကိုပေးခဲ့ပါရစေဗျာ”
ကိုသာစံလည်းသရဲပေးသော
ပစ္စည်းလေးအားယူလိုက်သည်။
ရွှေဆွဲကြိုးတစ်ကုံးပင်ဖြစ်သည်။
ဆွဲကြိုး၌ကျောက်များဖြင့်စီချယ်ထား
သောဆွဲသီးလေးလည်းပါလေသည်။
မျက်စိအောက်မှာရွှေဆွဲကြိုးလေးက
အရောင်တဖိတ်ဖိတ်တောက်နေသည်။
“ဒီပစ္စည်းလေးကကျုပ်တို့ပိုင်ဆိုင်တဲ့
ကျုပ်တို့ရဲ့တစ်ခုတည်းသောရတနာပါ။
စိတ်သန့်သန့်နဲ့ယူနိုင်ပါတယ်…
ဒီပစ္စည်းလေးကိုထုခွဲရောင်းချပြီး
အလှူအတန်းလေးတွေပြုလုပ်ပေးပါ။
ပြီးတော့ကျုပ်တို့မိသားစုကိုအမျှဝေပေးပါ
ကိုသာစံ။
“စိတ်ချပါ ကျုပ်သေချာပြုလုပ်ပေးပါ့မယ်
အတူနေလာခဲ့တဲ့ကာလတစ်လျှောက်
ကျုပ်တို့မိသားစုကိုစောင့်ရှောက်ခဲ့လို့
ခင်ဗျားတို့ကိုလည်း ကျုပ်ကကျေးဇူး
တင်ပါတယ်ဗျာ”
“ကျုပ်တို့ကိုသွားခွင့်ပြုပါ ကိုသာစံ”
“ဟုတ်ကဲ့”
ကိုသာစံလည်းအိပ်မက်ကနိုးလာပြီး
ထထိုင်လိုက်သည်။
လက်ထဲ၌တစ်စုံတစ်ခုကိုကိုင်ထားမိ
သည့်အတွက်လက်ဖဝါးဖြန့်ကာ
ကြည့်လိုက်မိသည်။
“ဟင်……ရွှေဆွဲကြိုးလေးပါလား”
“ဒါဆိုငါ့အိပ်မက်တွေကအမှန်ပေါ့”
ကိုသာစံလည်းဆွဲကြိုးလေးကို
ကြည့်ပြီးသိမ်းထားလိုက်တော့သည်။
မနက်လင်းတော့ ဇနီးသည်မခိုင်အား
သူမက်ခဲ့သည့်အိပ်မက်အားပြောပြ
လိုက်လေသည်။
ထို့နောက်ဆွဲကြိုးလေးကိုထုတ်ပြ
လိုက်သည်။
မခိုင်လည်းတအံ့တသြဖြစ်ကာ
ဝမ်းသာပီတိဖြစ်နေလေသည်။
“ဒါဖြင့်ရင် ဒီဆွဲကြိုးလေးကို
မြို့ တက်ပြီးထုခွဲရောင်းချလိုက်ပါလား။
“အင်း…ငါလည်းအဲ့လိုပဲလုပ်ဖြစ်မှာပါ
မနက်ဖြန်ကြရင် ကားကြုံစုံစမ်းပြီး
မြို့ သွားရောင်းတာပေါ့ကွာ”
နောက်တစ်နေ့ ရွာမှထွက်သည့်
ကားဖြင့်မြို့ ပေါ်တက်ပြီးဆွဲကြိုး
လေးအားရောင်းချလိုက်သည်။
ရွှေကောင်းကျောက်ကောင်းဖြစ်သည့်
အတွက် ငွေတော်တော်လေးရလိုက်
သည်။
ရွာကိုပြန်ရောက်တော့ ဘုန်းကြီး၅ပါးပင့်ကာဝတ္ထုငွေများနှင့်
ဆွမ်းကျွေးလေသည်။
ထို့နောက်မန်ကျည်းပင်မှာနေသော
သရဲမိသားစုအားအမျှအတန်းပေးဝေ
လိုက်သည်။
“အားလုံးကြားကြားသမျှ”
“အမျှ အမျှ အမျှ”
“ယူတော်မူကြပါကုန်လော့”
“သာဓု သာဓု သာဓု”
အမျှပေးဝေသံကအေးချမ်းစွာဖြင့်
ထွက်ပေါ်လာခဲ့သည်။
ကိုသာစံတို့မိသားစုလည်းအပြုံးကိုယ်
စီဖြင့်ကြည့်နေကြသည်။
မန်ကျည်းပင်မှာနေသော
သရဲမိသားစုလည်းကိုသာစံတို့မိသားစုအားနှုတ်ဆက်ထွက်ခွာနေကြလေသည်။
“ဟာ မမ ဟိုမှာသရဲလေးက
မောင်လေးတို့ကို လက်ပြနှုတ်ဆက်
နေတယ်၊ဘေးမှာလည်း သူ့အမေနဲ့
သူ့အဖေကပြုံးပြုံးကြီးကြည့်နေကြတယ်”
“တာ့တာ တာ့တာ သရဲလေးရေ”
“သားနဲ့သမီးကသရဲလေးကိုမြင်ရ
လို့လား”
“မြင်ရတယ်လေ အမေရဲ့
မြင်ရလို့ပဲသူနဲ့ကစားလာတာကြာပေါ့။
အခုသူကထွက်သွားတော့မှာဆိုတော့
သားနဲ့မမအတွက် သူငယ်ချင်းတစ်ယောက် လျော့သွားပြီပေါ့
အမေရယ်……”
“သြော်သားရယ်……”
မခိုင်လည်းသားဖြစ်သူအတွက်
စိတ်မကောင်းဖြစ်ပြီးဖက်ထားလိုက်
မိသည်။
“သား သူတို့မိသားစုက
ဟိုးအဝေးကြီးကိုသွားရတော့မှာကွ။
သားသူငယ်ချင်းကဒီထက်အဆင့်မြင့်တဲ့
နေရာသစ်ကိုပြောင်းရတော့မှာလေ
ဒါသူ့အတွက်ဝမ်းသာစရာပဲပေါ့ သားရယ်
သားရောသားသူငယ်ချင်းကို
ဒီလိုနေရာမျိုးမှာနေရတာ ကြည့်ရက်လို့လား သားရဲ့”
“ဟင့်အင်း…”
“ပြုံးစမ်းပါသားရယ် သားသူငယ်ချင်းအတွက်ဝမ်းသာလိုက်ပါ”
“ဟုတ် အဖေ”
“ဒါဆိုသားသူငယ်ချင်းက တိုက်အကြီးကြီးနဲ့နေရတော့မှာပေါ့နော်”
“ဒါပေါ့သားရဲ့ တိုက်အကြီးကြီးနဲ့
သူနေရတော့မှာပေါ့ သားရယ်”
ဖြိုးခိုင်လည်းပြုံးရွှင်စွာဖြင့်
ပျောက်ကွယ်သွားသည့် သရဲသားအမိအား
ကြည့်နေမိတော့သည်။
The End……
စာရေးသူစာတင်တဲ့အခါLikeပေးခြင်း
Commentရေးခြင်းဖြင့်အားဆေးလေး
တိုက်ကျွေးခဲ့ပါ စာချစ်သူတို့ရေ။

Zawgyi Version

သရဲမိသားစု(စ/ဆုံး)
————————
ႀကီးမားလွသည့္သစ္ပင္ႀကီးမ်ားက
ကိုသာစံတို႔အိမ္ပတ္ပတ္လည္တြင္
စိမ္းလန္းစြာရွိေနၾကသည္။
မန္က်ည္း၊တမာ၊ပိေတာက္စသည့္
သစ္ပင္ႀကီးမ်ားလည္းရွိေလသည္။
ကြယ္လြန္သြားၿပီျဖစ္ေသာ ကိုသာစံ၏
မိဘမ်ားကအိမ္ပတ္ပတ္လည္၌
သစ္ပင္မ်ားစြာစိုက္ပ်ိဳးခဲ့ေသာေၾကာင့္
ေနာင္လာေနာင္သားမ်ားအရိပ္ရကာ
ေအးခ်မ္းေနျခင္းျဖစ္သည္။
ကိုသာစံအိမ္ေထာင္က်ၿပီး မၾကာမီ
ကိုသာစံ၏မိဘမ်ားကြယ္လြန္သြား
ၾကသည္။
ကိုသာစံလည္းဇနီးသည္မခိုင္ႏွင့္
သားတစ္ေယာက္သမီးတစ္ေယာက္
ရခဲ့ေလသည္။
သမီးႀကီးသက္သက္က၈ႏွစ္
သားငယ္ၿဖိဳးခိုင္က၅ႏွစ္ရွိၿပီျဖစ္သည္။
မခ်မ္းသာၾကေပမယ့္အဆင္ေျပတလွည့္
မေျပတလွည့္ျဖင့္ဘဝကို႐ုန္းကန္ေနၾက
ရေလသည္။
“ကိုသာစံ ထမင္းစားေတာ့မွာလား၊
က်ဳပ္ျပင္လိုက္ေတာ့မယ္ ကေလးေတြလည္းရွင့္ကိုေစာင့္ေနၾကတာ
သူတို႔လည္းဆာေနေရာ့မယ္။
“ေအးေအး အသင့္ျပင္ထားလိုက္
ငါအဝတ္အစားလဲၿပီးထြက္လာခဲ့မယ္”
“အင္း…”
မခိုင္လည္းထမင္းဝိုင္းအား
အသင့္ျပင္ထားလိုက္သည္။
“သားနဲ႔သမီးေရ ထမင္းစားရေအာင္ေဟ့”
“လာၿပီ အေမ ေမာင္ေလးလာထမင္းစားသြားရေအာင္”
“ဟုတ္အစ္မ”
ေမာင္ႏွမႏွစ္ေယာက္ထမင္းဝိုင္းသို႔
ေျပးလႊားေရာက္ရွိလာၾကသည္။
ကိုသာစံလည္းအဝတ္အစားလဲၿပီး
ထမင္းစားပြဲသို႔ေရာက္လာၿပီးညစာ
ထမင္းအတူတူစားၾကေလသည္။
“ေရာ့ ဒါေဖႀကီးအတြက္ သားကဦးခ်တာ”
“သားကလိမၼာလိုက္တာကြာ
ၾကည့္ပါဦး……”
“ေမႀကီး ဒါကေမႀကီးကိုသမီးက
ဦးခ်တာပါ ……”
“အင္း…လိမၼာလိုက္တဲ့အေမ့သားနဲ႔သမီး
သားတို႔ဟင္းေတြထည့္စားၾကေနာ္”
“ဟုတ္အေမ”
“ကိုသာစံ ထည့္စားေလ
မႀကိဳက္ဘူးလား ”
“မဟုတ္ပါဘူး ႀကိဳက္ပါတယ္
ေခါင္းသိပ္မၾကည္လို႔ အစားနည္းတာပါ”
“ထမင္းစားၿပီးရင္ ေဆးေလးေသာက္လိုက္ေလ။
“အင္း…”
“အေဖ သမီးဇတ္ေၾကာေတြႏွိပ္ေပးရမလား”
“ေနပါေစ အေဖဘာမွမျဖစ္ပါဘူး”
“အိပ္ရာဝင္ခါနီးရင္ က်ဳပ္ႏွိပ္ေပးမယ္ေလ
အေၾကာေတြတအားတက္ေနတာရယ္
အလုပ္ပင္ပန္းတာေတြေၾကာင့္ျဖစ္တာပါ။
“ေနပါေစ မင္းလည္းတေနကုန္
နားေနရတာမွမဟုတ္တာ”
“လင္နဲ႔မယားပဲေတာ္
တစ္ေယာက္ျဖစ္ရင္တစ္ေယာက္
ျပဳစုေပးရမွာေပါ့ေတာ့္။
“ေအးပါ”
=================
ညစာစားၿပီး ၉နာရီခန႔္
အိပ္ရာဝင္ခဲ့ၾကသည္။
မခိုင္လည္းခင္ပြန္းသည္အားႏွိပ္နယ္
ေပးၿပီးမွအိပ္လိုက္သည္။
ကိုသာစံလည္းေသာက္ထားသည့္
ေဆးအရွိန္ႏွင့္ပင္ပန္းမႈဒဏ္ေၾကာင့္
ခ်က္ခ်င္းပဲအိပ္ေပ်ာ္သြားေတာ့သည္။
“အိမ္ရွင္တို႔ အိမ္ရွင္တို႔ ”
“ဟင္…ဘယ္သူပါလိမ့္
အိမ္ေရွ႕ကေနေအာ္ႀကီးဟစ္က်ယ္နဲ႔”
ကိုသာစံလည္းအိမ္အျပင္ဘက္သို႔
ထြက္လာခဲ့သည္။
“ေဂ်ာက္”
တံခါးဖြင့္လိုက္သည္ႏွင့္အိမ္ေရွ႕၌
အမ်ိဳးသားတစ္ဦး အမ်ိဳးသမီးတစ္ဦးႏွင့္
၅ႏွစ္ခန႔္အ႐ြယ္ရွိကေလးငယ္တစ္ဦးကို
ျမင္လိုက္ရသည္။
“ဘာကိစၥမ်ားလဲမသိဘူး”
ကိုသာစံကေမးလိုက္သည္။
“ကြၽန္ေတာ္တို႔ကေနစရာလိုက္ရွာ
ေနၾကတာပါ။
ဘယ္မွာမွေနလို႔မရတဲ့အတြက္
ဒီအိမ္ကသစ္ပင္တစ္ပင္ပင္မွာ
ေနစရာေလးေပးဖို႔ ေတာင္းဆိုတာပါ။
ဒုကၡေရာက္ေနလို႔ ကူညီပါဗ်ာ”
“ဟုတ္ပါတယ္ရွင္
ကြၽန္မတို႔မိသားစုကိုသနားပါဦးရွင္
ေနစရာမရွိလို႔ ဒုကၡေတြအႀကီးအက်ယ္
ျဖစ္ေနရတာ ကူညီပါရွင္”
ထိုလင္မယားေျပာလိုက္သည့္
စကားေၾကာင့္ ကိုသာစံလည္း
ထိုမိသားစုအားလူမဟုတ္မွန္းအတတ္
သိလိုက္ေလသည္။
“ေနစရာေပးတာကေတာ့ရပါတယ္
ဒါေပမယ့္ ခင္ဗ်ားတို႔ကလူသားေတြ
မဟုတ္တဲ့နာနာဘာဝေတြဆိုေတာ့
က်ဳပ္ကေလးေတြကိုေျခာက္လန႔္မွာ
စိုးတယ္ဗ်ာ။
“အဲ့အတြက္ေတာ့စိတ္ခ်ပါ
ကေလးေတြေၾကာက္ေအာင္လန႔္ေအာင္
မျပဳလုပ္ပါဘူးလို႔ ကတိေပးပါတယ္ခင္ဗ်ာ”
“ေကာင္းၿပီ ခင္ဗ်ားတို႔ကတိတည္ပါေစ
တကယ္လို႔ေျပာတဲ့အတိုင္းမေနရင္
က်ဳပ္ကေမာင္းထုတ္ပစ္ရလိမ့္မယ္”
“စိတ္ခ်ပါ စိတ္ခ်ပါ
အခုလိုက်ဳပ္တို႔မိသားစုကိုကူညီတဲ့
ေက်းဇူးကိုဘယ္ေတာ့မွ မေမ့ပါဘူးဗ်ာ”
“ကဲခင္ဗ်ားတို႔ေနခ်င္တဲ့အပင္မွာ
ေနလို႔ရၿပီ”
ကိုသာစံစကားဆုံးသြားသည္ႏွင့္
သရဲမိသားစုလည္းေပ်ာက္ကြယ္
သြားေလသည္။
==============
မနက္လင္းေတာ့ ကိုသာစံလည္း
ဇနီးသည္မခိုင္အား သူမက္ခဲ့သည့္
အိပ္မက္အေၾကာင္းအား ေျပာျပ
လိုက္သည္။
“ဟင္…ကိုသာစံရယ္ ရွင္ကေတာ့ေလ
လုက္လိုက္မွျဖင့္ တကယ္ပဲ။
သရဲေတြမွန္းသိသိလ်က္နဲ႔ ဘာလို႔
ေနခိုင္းလိုက္တာလဲ။
“ေၾသာ္ မိန္းမရယ္သူတို႔လည္းေနစရာမရွိလို႔
ဒုကၡေရာက္ေနၾကတာေလ။
လူဆိုတာေနစရာမရွိတဲ့အဆုံးအိမ္ငွားေနလို႔ရေသးတယ္………
သူတို႔လိုပရေလာကသားေတြၾကေတာ့
ေနရာတိုင္းမွေနလို႔မရတာ
ဒါေၾကာင့္သူတို႔မိသားစုကို သနားၿပီး
ေနခြင့္ေပးလိုက္တာေပါ့။
သူတို႔ကိုငါေျပာထားၿပီးသားပါ
ကေလးေတြေၾကာက္ေအာင္လန႔္ေအာင္
မေျခာက္လွန႔္ပါနဲ႔လို႔ ။
သူတို႔ဘက္ကလည္း အဲ့အတြက္ေတာ့
စိတ္ခ်ပါတဲ့ အခုလိုေနခြင့္ေပးတဲ့
ေက်းဇူးကိုမေမ့ပါဘူးတဲ့ေလ
အခက္အခဲျဖစ္ေနတဲ့သူကို
ကူညီခြင့္ရတာ တို႔လည္းကုသိုလ္ရပါတယ္ကြာ”
“အင္းပါ…ရွင္ကအေၾကာက္အလန႔္မွ
မရွိတာ၊က်ဳပ္တို႔ကေတာ့ သရဲဆို
နာမည္ၾကားတာနဲ႔တင္လန႔္ေနၿပီ”
“မေၾကာက္ပါနဲ႔ကြာ ”
============
သရဲမိသားစုစေရာက္သည့္
ေန႔မွစ၍အသံေပးျခင္း၊အနံ႔ေပးျခင္း
အဆင္းျပၿပီးေျခာက္ျခင္း၊ထမင္းဟင္း
ေပ်ာက္ဆုံးျခင္းမ်ားမရွိခဲ့ေပ။
သက္သက္ႏွင့္ၿဖိဳးခိုင္လည္း
မန္က်ည္းပင္တြင္ေနထိုင္ေသာ
သရဲမိသားစုထဲမွ
သရဲကေလးေလးႏွင့္ပင္ ခင္မင္ကာ
အတူတူေဆာ့ကစားျဖစ္ၾကေလသည္။
မိခင္ျဖစ္သူကသရဲေလးႏွင့္
မေဆာ့ရန္မွာထားေသာ္လည္း
မိခင္၏စကားကိုနားေထာင္ျခင္းမရွိေပ။
သရဲေလးအားအိမ္ထဲဝင္ၿပီး
ေဆာ့ကစားရန္ေခၚသည့္အခါတိုင္း
သရဲေလးကအၿမဲေခါင္းခါၿပီး
ျငင္းဆန္ေလသည္။
မိဘမ်ားကအိမ္ထဲမဝင္ရန္
ေသခ်ာတားျမစ္ထားျခင္းေၾကာင့္
ျဖစ္သည္။
တျဖည္းျဖည္းႏွင့္လေတြႏွစ္ေတြ
ၾကာလာခဲ့သည္။
မန္က်ည္းပင္မွသရဲမိသားစုႏွင့္
ကိုသာစံတို႔မိသားစုလည္း
အလြန္ပင္ရင္းနီးခဲ့ၾကေလသည္။
တစ္ညကိုသာစံအိပ္မက္
တစ္ခုမက္ေလသည္။
“ကိုသာစံ က်ဳပ္တို႔မိသားစု
သြားရေတာ့မယ္ဗ်”
“ဟင္ ဘယ္ကိုသြားၾကမွာလဲ
ဒီမွာေနရတာ ဘာျဖစ္လို႔လဲ”
“က်ဳပ္တို႔မိသားစုတျခားေနရာကို
အၿပီးသြားရေတာ့မွာမလို႔ ကိုသာစံကို
လာႏႈတ္ဆက္တာပါ။
ဒီမွာေနရတာအဆင္ေျပခဲ့ပါတယ္
ေနခြင့္ေပးခဲ့လို႔လည္းကိုသာစံတို႔မိသားစုကိုေက်းဇူးလည္းတင္မိပါတယ္။
ဒါေၾကာင့္ေက်းဇူးဆပ္တဲ့အေနနဲ႔
ဒီပစၥည္းေလးကိုေပးခဲ့ပါရေစဗ်ာ”
ကိုသာစံလည္းသရဲေပးေသာ
ပစၥည္းေလးအားယူလိုက္သည္။
ေ႐ႊဆြဲႀကိဳးတစ္ကုံးပင္ျဖစ္သည္။
ဆြဲႀကိဳး၌ေက်ာက္မ်ားျဖင့္စီခ်ယ္ထား
ေသာဆြဲသီးေလးလည္းပါေလသည္။
မ်က္စိေအာက္မွာေ႐ႊဆြဲႀကိဳးေလးက
အေရာင္တဖိတ္ဖိတ္ေတာက္ေနသည္။
“ဒီပစၥည္းေလးကက်ဳပ္တို႔ပိုင္ဆိုင္တဲ့
က်ဳပ္တို႔ရဲ႕တစ္ခုတည္းေသာရတနာပါ။
စိတ္သန႔္သန႔္နဲ႔ယူႏိုင္ပါတယ္…
ဒီပစၥည္းေလးကိုထုခြဲေရာင္းခ်ၿပီး
အလႉအတန္းေလးေတြျပဳလုပ္ေပးပါ။
ၿပီးေတာ့က်ဳပ္တို႔မိသားစုကိုအမွ်ေဝေပးပါ
ကိုသာစံ။
“စိတ္ခ်ပါ က်ဳပ္ေသခ်ာျပဳလုပ္ေပးပါ့မယ္
အတူေနလာခဲ့တဲ့ကာလတစ္ေလွ်ာက္
က်ဳပ္တို႔မိသားစုကိုေစာင့္ေရွာက္ခဲ့လို႔
ခင္ဗ်ားတို႔ကိုလည္း က်ဳပ္ကေက်းဇူး
တင္ပါတယ္ဗ်ာ”
“က်ဳပ္တို႔ကိုသြားခြင့္ျပဳပါ ကိုသာစံ”
“ဟုတ္ကဲ့”
ကိုသာစံလည္းအိပ္မက္ကႏိုးလာၿပီး
ထထိုင္လိုက္သည္။
လက္ထဲ၌တစ္စုံတစ္ခုကိုကိုင္ထားမိ
သည့္အတြက္လက္ဖဝါးျဖန႔္ကာ
ၾကည့္လိုက္မိသည္။
“ဟင္……ေ႐ႊဆြဲႀကိဳးေလးပါလား”
“ဒါဆိုငါ့အိပ္မက္ေတြကအမွန္ေပါ့”
ကိုသာစံလည္းဆြဲႀကိဳးေလးကို
ၾကည့္ၿပီးသိမ္းထားလိုက္ေတာ့သည္။
မနက္လင္းေတာ့ ဇနီးသည္မခိုင္အား
သူမက္ခဲ့သည့္အိပ္မက္အားေျပာျပ
လိုက္ေလသည္။
ထို႔ေနာက္ဆြဲႀကိဳးေလးကိုထုတ္ျပ
လိုက္သည္။
မခိုင္လည္းတအံ့တၾသျဖစ္ကာ
ဝမ္းသာပီတိျဖစ္ေနေလသည္။
“ဒါျဖင့္ရင္ ဒီဆြဲႀကိဳးေလးကို
ၿမိဳ႕ တက္ၿပီးထုခြဲေရာင္းခ်လိုက္ပါလား။
“အင္း…ငါလည္းအဲ့လိုပဲလုပ္ျဖစ္မွာပါ
မနက္ျဖန္ၾကရင္ ကားႀကဳံစုံစမ္းၿပီး
ၿမိဳ႕ သြားေရာင္းတာေပါ့ကြာ”
ေနာက္တစ္ေန႔ ႐ြာမွထြက္သည့္
ကားျဖင့္ၿမိဳ႕ ေပၚတက္ၿပီးဆြဲႀကိဳး
ေလးအားေရာင္းခ်လိုက္သည္။
ေ႐ႊေကာင္းေက်ာက္ေကာင္းျဖစ္သည့္
အတြက္ ေငြေတာ္ေတာ္ေလးရလိုက္
သည္။
႐ြာကိုျပန္ေရာက္ေတာ့ ဘုန္းႀကီး၅ပါးပင့္ကာဝတၳဳေငြမ်ားႏွင့္
ဆြမ္းေကြၽးေလသည္။
ထို႔ေနာက္မန္က်ည္းပင္မွာေနေသာ
သရဲမိသားစုအားအမွ်အတန္းေပးေဝ
လိုက္သည္။
“အားလုံးၾကားၾကားသမွ်”
“အမွ် အမွ် အမွ်”
“ယူေတာ္မူၾကပါကုန္ေလာ့”
“သာဓု သာဓု သာဓု”
အမွ်ေပးေဝသံကေအးခ်မ္းစြာျဖင့္
ထြက္ေပၚလာခဲ့သည္။
ကိုသာစံတို႔မိသားစုလည္းအၿပဳံးကိုယ္
စီျဖင့္ၾကည့္ေနၾကသည္။
မန္က်ည္းပင္မွာေနေသာ
သရဲမိသားစုလည္းကိုသာစံတို႔မိသားစုအားႏႈတ္ဆက္ထြက္ခြာေနၾကေလသည္။
“ဟာ မမ ဟိုမွာသရဲေလးက
ေမာင္ေလးတို႔ကို လက္ျပႏႈတ္ဆက္
ေနတယ္၊ေဘးမွာလည္း သူ႔အေမနဲ႔
သူ႔အေဖကၿပဳံးၿပဳံးႀကီးၾကည့္ေနၾကတယ္”
“တာ့တာ တာ့တာ သရဲေလးေရ”
“သားနဲ႔သမီးကသရဲေလးကိုျမင္ရ
လို႔လား”
“ျမင္ရတယ္ေလ အေမရဲ႕
ျမင္ရလို႔ပဲသူနဲ႔ကစားလာတာၾကာေပါ့။
အခုသူကထြက္သြားေတာ့မွာဆိုေတာ့
သားနဲ႔မမအတြက္ သူငယ္ခ်င္းတစ္ေယာက္ ေလ်ာ့သြားၿပီေပါ့
အေမရယ္……”
“ေၾသာ္သားရယ္……”
မခိုင္လည္းသားျဖစ္သူအတြက္
စိတ္မေကာင္းျဖစ္ၿပီးဖက္ထားလိုက္
မိသည္။
“သား သူတို႔မိသားစုက
ဟိုးအေဝးႀကီးကိုသြားရေတာ့မွာကြ။
သားသူငယ္ခ်င္းကဒီထက္အဆင့္ျမင့္တဲ့
ေနရာသစ္ကိုေျပာင္းရေတာ့မွာေလ
ဒါသူ႔အတြက္ဝမ္းသာစရာပဲေပါ့ သားရယ္
သားေရာသားသူငယ္ခ်င္းကို
ဒီလိုေနရာမ်ိဳးမွာေနရတာ ၾကည့္ရက္လို႔လား သားရဲ႕”
“ဟင့္အင္း…”
“ၿပဳံးစမ္းပါသားရယ္ သားသူငယ္ခ်င္းအတြက္ဝမ္းသာလိုက္ပါ”
“ဟုတ္ အေဖ”
“ဒါဆိုသားသူငယ္ခ်င္းက တိုက္အႀကီးႀကီးနဲ႔ေနရေတာ့မွာေပါ့ေနာ္”
“ဒါေပါ့သားရဲ႕ တိုက္အႀကီးႀကီးနဲ႔
သူေနရေတာ့မွာေပါ့ သားရယ္”
ၿဖိဳးခိုင္လည္းၿပဳံး႐ႊင္စြာျဖင့္
ေပ်ာက္ကြယ္သြားသည့္ သရဲသားအမိအား
ၾကည့္ေနမိေတာ့သည္။
The End……
စာေရးသူစာတင္တဲ့အခါLikeေပးျခင္း
Commentေရးျခင္းျဖင့္အားေဆးေလး
တိုက္ေကြၽးခဲ့ပါ စာခ်စ္သူတို႔ေရ။