” သရဲသားအမိ ” (စ/ဆုံး)
=======================
တွင်းကြီးရွာ အနောက်ပိုင်းမှ
မခင်ကြည် ကလေးမွေးရင်း
ဆုံးသွားလို့ဆိုတဲ့သတင်းကြောင့်
တစ်ရွာလုံးအံ့သြပြီးသနားနေကြသည်
မခင်ကြည်တို့မိသားစုက
ရွာအနောက်ပိုင်းအဖျားတွင်နေထိုင်ကြသည်
ယောကျာင်္းဖြစ်သ ူကိုစိုးတင် ခင်ဗျာ
မိန်းမရွာကိုလိုက်လာပြီး
အတူလုပ်ကိုင်စားသောက်ကြပြီး
ဘဝကိုဖြတ်သန်းကြသည်
ဒါပေမယ့်အခုကိုစိုးတင်ခင်ဗျာ
သားရောဇနီးရောဆုံးပါးသွားတော့
အရူးတစ်ပိုင်းဖြစ်နေရသည်
•••••
“မောင်စိုးတင်နင်ငိုနေလို့ရော နင့်မိန်းမနဲ့
နင့်သားလေးပြန်ရှင်လာပါ့မလား
တိတ်တော့ နင့်မှာရှေ့ဆတ်ပြီး
လူလုပ်ရဦးမယ်မလား တရားနဲ့သာဖြေကောင်လေး
“ကျွန်တော်သိပါတယ် ကိုကြီးမောင်ရယ်
ကျွန်တော်သူတို့သားအမိအတွက်
ယူကျုံးမရဖြစ်နေလို့ပါ
“အေးပါကွာ ငါတို့လည်းကိုယ်ချင်းစာပါတယ်
မင်းတို့နဲ့ငါတို့နဲ့ကမိသားစုတွေလိုနေလာကြ
တာဆိုတော့ငါတို့လည်း
ခံစားရပါတယ်ကွာ
ကိုကြီးမောင်ကအားပေးနှစ်သိမ့်နေရှာသည်
မခင်ကြည်တို့သားအမိကို
ညနေပိုင်းရွာသုသာန်မှာပဲ
သဂြိုလ်လိုက်ကြပါတယ်
ရက်လည်တဲ့နေ့ပြီးတော့
ကိုစိုးတင်ဟာ မွေးရပ်မြေ မှာရှိတဲ့
သူ့မိဘတွေဆီကိုပြန်သွားပါတယ်
သူဒီရွာရှိနေရင်သူတို့သားအမိကို
လွမ်းတဲ့စိတ်နဲ့ပဲ အချိန်ကုန်နေမည်
ဒါကြောင့် စိတ်ပြေလက်ပျောက်
မိဘတွေရှိတဲ့ဆီသို့သာပြန်လာခဲ့ရသည်။
အရင်သူတို့နေတဲ့အိမ်အဟောင်းလေးကတော့
ပိတ်ထားလေရဲ့
အိမ်နီးခြင်းတွေဖြစ်တဲ့ ကိုကြီးမောင်တို့မိသားစုကို
အိမ်ကိုအပ်ထားခဲ့သည်
“အင်း လူတွေများနေ့မြင်ညပျောက်ဆိုတာ
တယ်မှန်ပါလားနော်
“အဖေ ဘာကိုပြောတာလဲဟင်
“အော် သားကလည်း အန်တီခင်ကြည်သေသွာတာ
ကိုပြောတာကွ
“အော် အန်တီခင်ကြည်လား
သနားပါတယ်အဖေရယ်
“အေးဟုတ်တယ်ကွ
ခင်ကြည်တို့မိသားစုနဲ့တို့နဲ့က
ဆွေမျိုးရင်းချာတွေလိုနေလာကြတာ
ကြ
“ဒါဆိုအန်တီခင်ကြည်က
နောက်ဘဝရောက်သွားပြီပေါ့အဖေ
“အေးပေါ့ ရောက်မှာပေါ့သားရဲ့
ရက်လည်တဲ့ညက
တစ်ရွာလုံးထူးထူးခြားခြားဆိုသလို
ခွေးတွေကအူ ကျီးကန်းတွေက အာ
နဲ့ ရွာတစ်ရွာလုံး ညကြီးအချိန်မတော်
ူဆူညံပွက်နေသည်
“အူ ဝူး ဝူး”
“အ အ အ ”
“ဝုန်း”
ကျီးတွေအုပ်လိုက်ထပျံတဲ့အသံတွေ
နဲ့ဆူညံနေသည်
“ယောင်္ကျား ကိုကြီးမောင် ထပါဦး
“ဘာလဲဟာ
“ကျွန်မ အပေါ့သွားချင်လို့တော့်
အဖော်လိုက်ပေးစမ်းမှ
“ဟာကွာ မင်းကလည်းခါတိုင်းလည်း
သွားနေကြပဲဟာကို
“မတူလို့ပေါ့ ကျွန်မသရဲကြောက်တယ်
“ဘယ်ကသရဲကွာ သွား မှာသာ သွားစမ်းပါ
ကိုကြီးမောင် အား နှိုးမရတော့
မတင်စိန် ကိုယ့်ဘာသာထလာခဲ့ရသည်
“ဓာတ်မီးနဲ့ဟိုထိုးဒီထိုးလုပ်ပြီး
အိမ်သာကိုအပြေးအလွှားသွား
တက်နေသည်
ကြောက်တက်တဲ့သူကိုဖြဲခြောက်ခံရတယ်
ဟုတ်တယ်ဗျ
“အူ ဝဲ အူဝဲ ”
“အို သား သား မငိုနဲ့ ကျွတ် ကျွတ် ကျွတ်
“ဟင် ကလေးချော့နေတဲ့အသံပါလား
ဒီအချိန်ကြီးဘယ်က ကလေးအမေဘာလိမ့်
ဒီနားမှာကလေးမွေးတဲ့သူမရှိပါဘူး
မွေးတဲ့ ခင်ကြည်ကလည်းမီးတွင်းထဲတင်သေတာ
ဆိုတော့ဘယ်သူများပါလိမ့်
မတင်စိန် စဉ်းစားနေမိသည်
“ဟင် ဒါမှမဟုတ် ခင်ကြည်များသေပြီး
သရဲဖြစ်နေတာလားမသိဘူး
ဘုရား ဘုရား တွေးရင်းကြက်သီးတွေထလာပြီ
မြန်မြန်ဆင်းမှပဲ
မတင်စိန်အိမ်သာပေါ်မှ
အပြေးဆင်းကာ
အိပ်ယာထဲဝင်အိပ်နေတော့သည်
မနက်လင်းတော့
ကိုကြီးမောင်အားအကြောင်းစုံရှင်းပြလေသည်
“ကိုကြီးမောင် ကျွန်မ မနေ့ညက
အိမ်သာတက်ရင်းဟိုဘက်အိမ်ထဲက
ကလေးချော့သံကြားတယ်တော့
“ဘယ်က ကလေးချော့သံလဲ
ဒီနားမှာကလေးအမေ မှမရှိတာ
“ကျွန်မလည်းအဲဒါစဉ်းစားနေတာပဲ
ဒီနားမှာ ကလေးအမေ မရှိတော့
ကျွန်မအထင် ခင်ကြည်များ သရဲဖြစ်နေတာလား
မသိဘူး အခုဟာက ကလေးသံလည်း
ကြားတယ်ဆိုတော့ ကလေးလည်းသရဲဖြစ်နေတာ
လားမသိဘူး
“မင်းဟာကပေါက်ပေါက်ရှာရှာကွာ
ဟိုကဖြင့် ဘယ်ဘဝရောက်လည်းမသိဘူး
“ကျွန်မကြားတာပြောတာပေါ့
တော်
“ဒီလင်မယားနှစ်ယောက်
ဘာတွေငြင်းခုန်နေကြတာလဲ
စောစောစီးစီး
“ဟာ ကိုသာကျော်ပါလား
လာထိုင်ပါ ဘယ်ကလှည့်လာတာလဲ
“ဘယ်ကမှလှည့်လာတာ
မဟုတ်ဘူးကွ ဒီဆီကိုပဲ
သက်သက်လာခဲ့တာ
“ပြောပါဦး စောစောစီးစီးကြီး
ရောက်လာတာဆိုတော့
ဘာကိစ္စများလဲ
အင်း ပြောရမယ် ဆိုရင် ကိုကြီးမောင်ရဲ့
မနေ့ညက တစ်ရွာလုံးခွေးတွေအူ
ကျီးတွေပြို သံခင်ဗျားလည်း
ကြားတယ်မလား
“ဟုတ်ကြားပါတယ် ကိုသာကျော်ရဲ့
ဘာလို့လဲဗ်
“အေး အဲဒါ ပြောမလို့
မနေ့ညက ရွာလယ်က မလှလှ အကြွေးသွား
တောင်းတာ မိုးချုပ်သွားတယ်ဆိုပဲ
သူလည်းပြန်လာတော့
မှောင်တောင်မှောင်နေပြီတဲ့
သူလည်း ရွာအနောက်ပိုင်းကနေ
အိမ်အပြန်လမ်းမှာ
ခင်ကြည်တို့အိမ်နားရောက်တော့
သူကို့လှမ်းခေါ်ပြီးမေးတာတဲ့
“ဘာမေးတာလဲကိုသာကျော
ဘယ်သူကလဲ
“ခင်ကြည်ကတဲ့ဟေ့
“ဗျာ”
“ရှင် ”
“ဟုတ်တယ် မလှလှ ကျွန်မယောင်္ကျား
ကိုမတွေ့လို့တဲ့ ဘယ်သွားတာလဲ
ဆိုပြီးမေးတာတဲ့ကွ
ကလေးကြီးကပွေ့ထားသေးတယ်တဲ့
ကလေးကလည်း
မျက်ကွင်းမဲကြီးနဲ့ပြီးတော့
မျက်လုံးကြီး လည်းမပါဘူးတဲ့
“ဘုရား ဘုရား
“ဟာ”
“အဲဒါနဲ့ မလှလှလည်းသတိဝင်လာပြီး
ရွာကိုပြန်ပြေးလာရတယ်
အခုမနက်အကြောက်လွန်ပြီး
ဖျားနေလေရဲ့
အဲဒါ ခင်ကြည်နဲ့မင်းတို့နဲ့က
အိမ်နောက်ကျောပေးခြင်းဆိုတော့
ဘာကြားသေးလဲလာမေးတာ
“ဟာ ဟုတ်လား
အခုလေးတင်ပဲကျွန်တော့်မိန်းမနဲ့
အဲဒီခင်ကြည်အကြောင်းပဲ
ပြောနေကြတာ ကိုသာကျော်
“ဟေ ဟုတ်လား ဘာများလဲ
“ဒီလိုတော့် ကိုသာကျော်ရဲ့
ကျွန်မ မနေ့ညက
အပေါ့သွားချင်လို့
ကိုကြီးမောင်ကိုနှိုးတာ
နှိုးမရတာနဲ့တစ်ယောက်တည်းအိမ်သာ
သွားတော့ ခင်ကြည်တို့အိမ်ဘက်က
ကလေးချော့သံကြားလို့
ကျွန်မအိမ်သာပေါ်ကအမြန်ဆင်းပြေး
လာရတယ် ကိုသာကျော်
အဲဒါကို ကိုကြီးမောင်ကို
ပြောပြတာလေ သူကမယုံဘူး
“မယုံမရှိနဲ့ကွ ကိုကြီးမောင်ရ
လောကမှာ တစ္ဆေ သရဲဆိုတာရှိတယ်လေ
ကြာ
“ကျွန်တော်ယုံပါတယ် ကိုသာကျော်ရဲ့
ဒါပေမယ့် ခင်ကြည်တို့သားအမိ
နောက်ဘဝကူးသွားပြီထင်နေတာ
“ဘယ်ကူးဦးမလဲ ကိုကြီးမောင်ရယ်
ခင်ကြည်က သူ့ယောင်္ကျားကို
သိတ်ချစ်တာ အခုလည်းကြည့်လေ
သေပြီးတာတောင် သူ့ယောင်္ကျားကို
မတွေ့လို့လိုက်ရှာနေလေရဲ့
“အင်း ခတ်တော့ခက်သားပဲ
ကိုသာကျော်ရဲ့ ကိုစိုးတင်ကလည်း
သူ့မိန်းမသေသွားတော့
ဒီရွာမှာဆတ်မနေချင်ရှာဘူးလေ
သူ့မ်ိန်းမနဲ့ကလေးကို
သတိရနေမှာဆိုးလို့တဲ့ဗျ
အဲဒီလိုသတိရနေရင် သူဘာမှလုပ်နိုင်မှာ
မဟုတ်ဘူးဆိုပြီး သူ့မွေးရပ်မြေ
ပြန်သွားလေရဲ့
“အဲဒါဆို သူနေတဲ့အိမ်လိပ်စာမသိဘူးလား
ကိုကြီးမောင်ရဲ့
“မသိဘူး ဗျ သူက ပြောမသွားဘူး
“အင်း အဲဒါ မှ ခတ်တာပဲ
လင်ပျောက်ကိုရှာနေတဲ့
ခင်ကြည်ကို တို့ဘယ်လို
လုပ်ကြမလဲကွ
“ဟုတ်တယ် ခင်ကြည်ကကျုပ်တို့
လက်ပေါ်မှာကြီးပြင်းလာတဲ့
သူဆိုတော့ သူ့ကိုနိုင်ထက်စီးနင်း
မလုပ်ချင်ဘူး
“အေးပေါ့ကွာ စိုးတင်ကို
ဘယ်လိုဆတ်သွယ်လို့ရနိုင်မလဲ
ဆိုတာသာ စဉ်းစားရတော့မှာပဲ
ကဲ ငါပြန်ဦးမယ် ကိုကြီးမောင်တို့
“ဟုတ်ကဲ့ ကိုသာကျော်
••••••
“ဟေ့ကောင် ဖိုးလုံး မခင်ကြည်တို့
ဝိုင်းထဲမှာ ဇီးသီးတွေ အများကြီးပဲ
သွားခူးရအောင်
“ဟာ ဟုတ်လား သံချောင်း ငါတို့နှစ်ယောက်ထဲ
သွားခူးရအောင် ဟိုကောင်တွေကို
ပြောနေရင် ငါတို့ရတာနည်းနေမှာ
လာသွားရအောင်
ဖိုးလုံး နဲ့ သံချောင်း
ရွာနောက်ပိုင်းရှိမခင်ကြည်တို့အ်ိမ်ဝိုင်းထဲ
ခြံစည်းကိုကျော်ကာဝင်လာကြသည်
“ဟား ဟား အသီးကြီးတွေမှ ရှယ်ပဲ
ဖိုးလုံး
“အေးကွ သံချောင်းရ
ငါအပင်တက်လိုက်မယ်
ထည့်စရာပါလား
“မပါဘူးကွ ဖိုးလုံး
“အဲဒါဆိုမင်းအင်္ကျီချွတ်ပြီး
အောက်ကနေ လိုက်ကောက်ကြားလား
“အေးအေး များများလှုပ်ချ
ဖိုးလုံးကအပေါ်ကနေဇီးသီးများကို
လှုပ်ချလိုက်သည်
“ဝုန်း ဝုန်း”
“ဟာ အများကြီးကြလာပြီဖိုးလုံး
ဟိုအရှေ့ဘက်ကိုင်းဘက်ကို လှုပ်ချလိုက်
အရှေ့ဘက်ကိုင်းအားလှုပ်ချလိုက်တော့
တချို့ဇီးသီးတွေက အိမ်ထဲပါဝင်ကုန်သည်
“ဟာ ဇီးသီးတွေ အိမ်ထဲဝင်သွားပြီ
သံချောင်းအိမ်ထဲဝင်သွားသောဇီးသီး
များအားလိုက်ကောက်သည်
ဇီးသီးကအရှိန်နဲ့လိမ့်သွားတော့
“ဟာ ရပြီ ဟိုမှာတစ်လုံးကျန်သေးပါလား
သံချောင်းက ကုတင်နားမှာရှိနေတဲ့
ဇီးသီးအားလှမ်းအကောက်
ကုတင်ပေါ်မှ လက်ကြီးကသူ့အရင်
ဦးစွာကောက်သွားသည်
“ဟီး ဟီး ဟီး”
“ဒါ ငါ့သားစားဖို့”
“အေမ့ သရဲမျကီး
သရဲမျကီး
သံချောင်းဖိုးလုံးအားမစောင့်ပဲ
ထွက်ပြေးသွားတော့သည်
ဖိုးလုံးလည်းသရဲမကြီးဆိုတဲ့
ကြားလို့အပင်ပေါ်မှခုန်ဆင်းချလိုက်ရာ
ခြေထောက်အကျောတင်သွားသည်
ဒါကိုမရမကအိမ်သို့ရောက်အောင်
ပြန်ပြေးလာရတယ်
ကလေးနှစ်ယောက် အကြောက်လွန်၍
လန့်ပြီး ချီးများပါ ပါကြသည်
ဆေးဆရာနဲ့တော်တော်ကုယူရတယ်ဗျ
“တော်တော် ကိုဆိုးနေတဲ့
သရဲသားအမိပါလား
“ဆိုးတယ်တော့မဟုတ်ဘူးပေါ့
သူ့အိမ်ထဲသွားပြီး
ဇီးသီးသွားကောက်တော့
ဟိုကခြောက်လွှတ်လိုက်တာပေါ့
ကျွန်မဆိုမသွားရဲပေါင်
“ကလေးတွေဆိုတော့လည်း
ဘာသိမှာလည်းကွာ
စားချင်တာပဲသိတာပေါ့
မတင်စိန်ရဲ့
“အခုသူတို့လည်း အကြောက်လွန်ပြီး
ဖျားနေကြတယ်ဆို ကိုကြီးမောင်
“ဟုတ်တယ် ကွ တော်တော့်ကို
လန့်သွားကြတာနေမှာ
နေဦး တို့အိမ်ကသားကိုလည်း
အဲဒီဘက်မသွားမိပေစေနဲ့
“အင်းပါ ကျွန်မပြောထားပါတယ်
•••••••
“ရွာလူကြီး ဗျို့ ရွာလူကြီး
“ဘာကိစ္စများလဲ ကိုမြမောင်
“ရွာလူကြီး အခုကျွန်တော့်သားလေး
တော်တော့်ကိုဖျားနေတယ်
သရဲသားအမိကိုဒီအတိုင်းထားတော့မှာလား
ရွာလူကြီးရဲ့
“ဖိုးလုံး ကမသက်သာသေးဘူးလား
“မသက်သာသေးဘူး
အခုခြေထောက်ကလည်း
ယောင်နေတယ် ရွာလူကြီး
ရွာလူကြီး ဒီသရဲသားအမိကို
မြန်မြန်နှင်ထုပ်ပေးပါ
မဟုတ်ရင် တစ်ရွာလုံး
သူ့ကြောက်နေရလိမ့်မယ်
“အေးပါကွာ ငါလည်း
ကြားပါတယ် မြမောင်ရဲ့
ဆရာတော့်ကိုလည်းပရိတ်ရွတ်ဖို့
ငါရှောက်ထားပါတယ်
ဆရာတော်က မြတ်စွာဘုရား
တရားတော်တွေနဲ့သူတစ်ပါကိုး
အနိုင်မယူချင်ဘူးတဲ့ မြမောင်ရဲ့
ဆရာတော်က ခင်ကြည်အသိတရားရ
အောင်လို့ပြောဆိုဆုံးမပေးမယ်တဲ့
မြမောင်ရ
“အဲဒါဆိုလည်းပြီးရော
ရွာလူကြီး ကျွန်တော့်သားလေးသာ
တစ်ခုခုဖြစ်ရင် သူတို့သားအမိနေတဲ့
အိမ်ကိုမီးနဲ့ရှို့ပစ်မယ်
“မဟုတ်ပါနဲ့ကွာ မြမောင်ရ
မင်းစိတ်ကိုလျှော့ပါ
ဘယ်သူဖြစ်ဖြစ် ကိုယ့်သားသမီးကို
တစ်ခုခုဖြစ်အောင်လုပ်ရင်
မကြိုက်ကြပါဘူးကွ
စိတ်ကိုလျှော့မှပေါ့
မင်းဒီလိုလုပ်ရင် မင်းအမှုပက်မှာသိလား
မြမောင်
“ဟုတ်ကဲ့ ရွာလူကြီး
အဲဒါဆိုပြန်ဦးမယ်ဗျာ
“အေးအေး မြမောင်
“အင်း ခင်ကြည် ခင်ကြည်
နင်အမြန်ဆုံးကျွတ်လွတ်မှအေးမယ်
ရွာလူကြီးလည်းသက်ပျင်းချပြီး
အိမ်ထဲဝင်သွားသည်
“ဘုတ် ဘုတ် ”
“ဟေး ဟေး ”
“သား ဘောလုံးနဲ့ဆော့တာလည်းဆော့
မခိုက်မိပေစေနဲ့ကြားလား
“ဟုတ်ကဲ့ပါအမေရဲ့
“အေးအေး မေမေ ဒီမှာထမင်းအိုးကြီးနဲ့မလို့
ဟိုဘက်အိမ်ထဲမသွားနဲ့နော်ကြားလား
“ဟုတ် ”
မတင်စိန်ရဲ့သားဖြစ်သူ
ဘောလုံးကလေးနဲ့ပုတ်ပုတ်ပြီးဆော့နေသည်
ဘောလုံးက ကော်ဘောလုံးလေးဆိုတော့
ပေါ့ပါးသဖြင့်ပုတ်လိုက်ရင်
အဝေးကြီးကိုရောက်ရောက်သွားတက်သည်
အခုလည်းကြည့်လေ ဘောလုံးက
ဟိုဘက်အိမ်ခြံထဲဝင်သွားပေါ့
“ဟင် ဒုက္ခပဲ ဘောလုံးက
မခင်ကြည်တို့အိမ်ထဲဝင်သွားပြီ
ခြံစည်းရိုးအောက်ကနေ တုတ်နဲ့လှမ်းပြီးယူ
မှ
ကလေးကတုတ်ဖြင့်လှမ်းထိုးပြီးယူသော်လည်း
ပါမလာကြာတော့စိတ်မရှည်တော့
ဒါနဲ့ကလေးက
“တော်ပြီ ကို့ဘာသာ ခြံထဲဝင်ပြီး
သွားကောက်တော့မယ်
အမေကလည်း မအားဘူး
ခြံစည်းရိုးကိုဖြဲလိုက်ရင်ကလေးတစ်ယောက်စာ
ဝင်လွယ်သည်
“ဟား ရပြီ ကွ
“ဘောလုံးလေးအန်တီသားဖို့ပေးပါလား
လှည့်ပြန်မည်အလုပ်မှနောက်က
နေအသံကြားလို့ကြည့်လိုက်တော့
“ဟင် သရဲ သရဲ မ ကြီး
ကလေးကစိတ်ထဲကနေသာ
အော်နေမိသည်
တကယ့်တကယ်အပြင်မှာ
အသံကထွက်မလာ
ခြေထောက်ကလည်းလှုပ်မရ
ပြေးလို့လည်းမရဖြစ်နေသည်
“အန်တီကိုဘောလုံးလေးပေးပါလား
သားလေးကဆော့ချင်လို့တဲ့
တဖြည်းဖြည်းချင်းရှေ့တိုးလာပြီး
တောင်းတော့ ကလေးမှာအကြောက်လွန်ပြီး
မေ့လဲနေသည်
“သား သားရေ
ဟော်တော် ဟိုကောင်လေးဘဟ်ရောက်သွား
ပါလိမ့်
“သားရေ သား
ရုတ်တရက် မတင်စိန် ခင်ကြည်တို့
အိမ်ဝိုင်းထဲလှမ်းကြည့်လိုက်တော့
သူ့သားကမြေကြီးပေါ်မှာလဲနေသည်
“ဟင် သား သားလေး
မတင်စိန်သားသမီးဇောနဲ့ဆိုတော့
ကြောက်မနေနိုင် အတင်းပြေးပြီး
ခြံစည်းရိုးတွေချိုးဖဲ့ကာဝင်လာတော့သည်
“အမလေး သားလေး
ဘာမှမဖြစ်ပါစေနဲ့
ကလေးအားမချီလာကာ
အိမ်ထဲမှာတင်ထားလိုက်ပြီး
ဆေးဆရာခေါ်ဖို့ပြေးရတော့သည်
“အရေးထဲမှာကိုကြီးမောင်က
ဘယ်သွားနေတာလဲမသိဘူး
မတင်စိန်ပြေးသွားပြီးဆရာခေါ်ရတော့သည်
“ဆရာ ဆရာ ရှိလား
ကျွန်မသားလေးကို လိုက်ကြည့်ပေးပါဦး
“မတင်စိန် ခင်ဗျားသားဘာဖြစ်လို့လဲ
“မသိဘူးဆရာ သားလေးက ခင်ကြည်တို့ဝိုင်းထဲမှာ
လဲကျနေလို့ဆရာ့ကိုလာခေါ်တာ
“အေးအေး ခဏစောင့်
ငါဆေးအိပ်ယူလိုက်ဦးမယ်
ဆရာဖြစ်သုနဲ့မတင်စိန်တို့
အမြန်ပြေးလာကြသည်
အိမ်နားလေးရောက်တော့
ကိုကြီးမောင်နဲ့တမ်းတိုးတော့
“မတင်စိန်ဘာဖြစ်လာတာလဲ
ပျာတိပျာယာနဲ့
“ကျွန်မသားလေး
ဘာဖြစ်တာလဲ မသိဘူး
မြေကြီးပေါ်မှာလဲနေလို့
ဆရာခေါ်လာတာ
“ဟင် ဟုတ်လား သားလေးဘာမှမဖြစ်ပါစေနဲ့
“အင်း လူနာက ဘာမှတော့မဖြစ်ပါဘူး
တစ်ခုခုကိုစိတ်လှုပ်ရှားပြီး
သတိမေ့သွားတာပါ
မတင်စိန် ရေဖလားနဲ့ပဝါ ယူခဲ့ပါ
ကလေးကိုသတိရအောင်လုပ်ပေးရမယ်
“ဟုတ်ကဲ့ဆရာ
၁၅မိနစ်လောက်ကြာတော့
မတင်စိန်တို့သားလေး
သတိရလာသည်
“ဟင် သားသတိရပြီလား
“သရဲမကြီး အမေ သားကြောက်တယ်
သားကြောက်တယ်
“သားရယ် အမေရှိတယ်လေ
ဘာမှမဖြစ်တော့ဘူးနော်
“သားဟိုဘက်ခြံထဲ
သွားမိသေးလား
ကိုကြီးမောင်ကမေးလိုက်သည်
“သားမသွားချင်ပေမယ့်
ဘောလုံးဆော့နေရင်
ဘောလုံးက ဟိုဘက်ခြံထဲဝင်သွားလို့
တုတ်နဲ့ချူပြီးကောက်တာ
မရလို့ ဝင်သွားကောက်တာ
ပြန်လာမယ်လည်းလုပ်ရော
သရဲမျကီးမ
အန်တီကိုဘောလုံးလေးပေးပါလားတဲ့
သူ့သားလေးကဆော့ချင်လို့တဲ့
တောင်းတာ
“ဟင် မတင်စိန် ကလေးကို
ဒီအတိုင်းပဲလွှတ်ထားသလား
“မဟုတ်ပါဘူးတော် ကျွန်မလည်းသူ့ကို
အတန်တန်မှာထားသားပဲ
ကျွန်မက ထမင်းအိုးချက်နေလို့
မသိလိုက်တာပါ
ရှင်ကရောဘယ်သွားနေတာလဲ
အခုမှလာပြီး တော့
“ဟ ငါလည်းအပြင်ခဏသွားနေ
မိတာကိုးဟ
“ကဲ ကဲ ခင်ဗျားတို့လင်မယား
နှစ်ယောက်ရန်ဖြစ်မနေပါနဲ့တော့
ကလေးလည်းအခုမှသတိရလာတာမလား
ဆရာကဝင်ပြောမှငြိမ်သွားသည်
••••••
“တစ်ခွက်သောက်တော့မူး
နှစ်ခွက်သောက်တော့ရူး
သုံးခွက်သောက်တော့
“သုံးခွက်သောက်တော့ ဘာဖြစ်လဲ
ငစွေရ
အရက်သမားနှစ်ယောက် သီချင်းတကြော်ကြော်
နဲ့အရက်ဆိုင်မှပြန်လာနေကြသည်
ပြန်လာတဲ့အချိန်ကလည်းလူအိပ်ချိန်တောင်
ရောက်နေပြီ အော်ကြီးဟစ်ကျယ်နဲ့
ရွာအနောက်းပိုင်းဆီမှ အော်လာကြသည်
“ဟေ့ ကောင်ငစွေ ရှုးတိုးတိုး
“ဘာလဲ ကြ ဖိုးသားရ
“ခင်ကြည်တို့အိမ်နားရောက်နေပြီ
မင်းအပေါက်ကိုပိတ်တော့
“ဘာလို့လဲကွ မင်းကကြောက်လို့လား
ဖိုးသားရ
“မကြောက်ပါဘူး ကွ တော်ကြာသရဲမ
လိုက္လာမွာဆိုးလို့
“လိုက်လာတော့ဘာဖြစ်
ငါခေါ်သွားမယ် ခင်ကြည်ကို
ပြီးတော့သူ့ရဲ့လစ်ဟာနေတဲ့
နေရာလေးကိုငါ
ဖြည့်ဆည်းပေးလိုက်မှာပေါ့
ဟား ဟား ဟား
ခင်ကြည်ရေ နင်ငါနဲ့လိုက်ခဲ့ပါလား
ငါနင့်ဆန္ဒတွေဖြည့်ပေးမယ်လေ
“ဟင် ဘာနံ့ကြီးလဲ ကွ ဖိုးသားရ
“ဟာ ဟုတ်တယ်ကွ အပုပ်နဲ့ကြီးလိုပဲ
“ဟာ ငစွေ ဟို ဟို မှာ
ခင် ခင်ကြည် မလား
“ဘယ်မှာလဲ ခင်ကြည် က
“ဟိုမှာလေ ကွာ ကလေးကြီးပိုက်ပြီး
ငါတို့ဆီလာနေတာ
“ဟင် ဟုတ်သားပဲကွ
လာ လာပြေးရအောင်
သူပဲခေါ်အခုပြေးတော့လည်း
သူပဲထိပ်ဆုံးက
“ကိုငစွေနဲ့ဖိုးသား ဘာလို့ပြေးလားကြတာလဲ
“ဒီကောင် ငစွေပေါ့ မူးမူးရူးရူးနဲ့
ခင်ကြည်တို့အိမ်ရှေ့ရောက်တော့
ခင်ကြည်ကိုခေါ်လာတယ်လေ
ဟိုကအခုတကယ်လိုက်လာပြီ
“ဟင် ဟုတ်လား ကိုငစွေ
ရှင်တော်တော် အားယားနေတာလား
“အေမ သရဲမျကီး
ခြံအပြင်မှာ ရှိတယ်
ကလေးတွေလည်းသရဲအားမြင်တော့
ငိုကြယိုကြနဲ့ဆူညံနေသည်
“ဟိတ် ငစွေတို့အိမ်ကဆူညံနေပါလား
ဘာလဲရန်ဖြစ်နေကြတာလား
“ရန်မဖြစ်ပါဘူး
ကိုအောင်စိုးရယ် ဒီငမူးနှစ်ကောင်
ရွာအနောက်ပိုင်းက သရဲသားအမိကို
အိမ်ခေါ်လာတယ်လေ
ကလေးတွေကမြင်ပြီးကြောက်နေကြပြီ
ကျွန်မလည်းဘာလုပ်ရမှန်းမသိဘူး
“ဟေ ဟုတ်လား အဲဒါဆို ခဏ
နေဦး ငါ့အိမ်မှာ ပရိတ်ရေရှိတယ်
သွားယူလိုက်ဦးမယ်
ခဏကြာတော့ကိုအောင်စိုးရောက်လာပြီး
ငစွေတို့အိမ်ကို ဖြန်းလိုက်သည်
တော်တော်ကြာမှကလေးတွေလည်း
အငိုတိတ်သွားကြပြီး
သရဲသားအမိကတော့ပျောက်သွားသည်
“ငစွေမင်းမလည်းကွာ အရက်သောက်ရင်
အေးဆေးသောက်စမ်းပါကွ
အခုမင်းလုပ်ပုံက
“ကျွန်တော်တောင်းပန်ပါတယ်
ကိုအောင်စိုး နောက်မဖြစ်စေရပါဘူး
ဗျာ အခုတောင်အမူးပြေချင်သလိုဖြစ်သွားပြီ
“ဘာလဲရှင်က အမူးပြေသွားတော့
ထပ်သောက်ချင်နေပြီလား
အရက်တော့မရဘူး ကဲသေစမ်း
ကိုငစွေအားမိန်းမဖြစ်သူက
လိုက်ရိုက်တော့သည်
••••••
တစ်လခန့်ကြာသော်
ကိုစိုးတင်တစ်ယောက်ရွာကိုဗြုန်းစား
ကြီးပြန်ရောက်ချလာသည်
“ကိုကြီးမောင်ရေ ကိုကြီးမောင်
“ဟာ မောင်စိုးတင် လာကွာ
မင်းကိုမျှော်နေတာနဲ့အတော်ပဲ
လာ လာ
ဒါနဲ့မင်းရွာကိုအလည်လာတာလား
“ဟုတ်တယ်ဗျ အလည်လာတာထက်
ခင်ကြည်အတွက်လာတာဆိုပိုမှန်လိမ့်မယ်ဗျ
“ဟင် ခင်ကြည်အတွက် ဟုတ်လား
“ဟုတ်တယ် ကိုကြီးမောင်
“ရော့ငါ့မောင် လက်ဖက်သုပ်လေးစား
“ဟုတ်ကဲ့ မတင်စိန်
“ဒီလိုဗျ ကိုကြီးမောင် ကျွန်တော့်ကို
မခင်ကြည်အိမ်မက်ပေးတယ်ဗျ
“ဟေ ဟုတ်လား ဘယ်လိုအိမ်မက်မျိုးလဲ
“အခုသူတို့သားအမိနှစ်ယောက်က
အမျှပေးပြီးသာဓုခေါ်ချင်နေတယ်တဲ့
ကိုစိုးတင်ကိုယ်တိုင် ဆရာတော်ဆီမှာ
သင်္ကန်းကပ်ပြီး ရေစက်ချပေးပါတဲ့
အဲဒီလိုကျွန်တော်လုပ်ပေးမှ သူတို့သာဓု
ခေါ်ပြီး ကျွတ်မှာတဲ့ဗျာ
“အင်း ဟုတ်မယ် ကွ
မောင်စိုးတင်ရ
မင်းမရှိတဲ့နောက်ပိုင်း ဒီရွာမှာ
မခင်ကြည်တို့သားအမိနှစ်ယောက်
ခြောက်လို့လန့်ပြီးဖျားကြတဲ့သူတွေ
မနည်းဘူးကွ မောင်စိုးတင်ရ
“ဗျာ ဟုတ်လား
“အေး ဟုတ်တယ် ပြီးတော့ ခင်ကြည်က
ပြောသေးတယ် ငါ့ယောင်္ကျားကိုတွေ့မိသေးလားတဲ့
အဲဒီလိုမေးမေးပြီးခြောက်တာကွ
ငါ့သားလေးလည်း ခြောက်ခံရတယ်
ငါ့မိန်းမ မတင်စိန်ရောပဲကွ
“ဒါဆိုရင် ကျွန်တော် မခင်ကြည်တို့သားအမိနှစ်ယောက်အတွက်
အခုပဲဆရာတော်ဆီသွားပြီး
သင်္ကန်းကပ်ပြီးရေစက်ချသွားဦးမယ်
ကိုကြီးမောင်
“ဟေ ဒါဆိုငါတို့လည်း
ကုသိုလ်ပါဝင်မကွယ်
ခင်ကြည်ဆိုတာငါတို့ဆွေမျိုးရင်း
ချာလိုနေလာခဲ့တဲ့မိန်းကလေးဆိုတော့
ငါတို့လည်း ကုသိုလ်လုပ်ပေးပါရစေ
“ဟုတ်ကဲ့ ကိုကြီးမောင်တို့သဘောပါပဲ
ဒါဆိုရင်ကျွန်တော်သူတို့သားအမိကို
တရားနာဖို့သွားခေါ်ပါရစေ
“အေးကောင်းပြီ
မောင်စိုးတင်
ကိုစိုးတင်လည်းသူတို့လင်မယား
နေခဲ့တဲ့အိမ်လေးဆီပြန်လာပြီး
ဇနီးနှင့်သားအားတရားနာရန်ခေါ်လာခဲ့သည်
“မခင်ကြည် ငါနင်တို့သားအမိအတွက်
သင်္ကန်းကပ်ပြီး
ကုသိုလ်ပြုပေးမလိူ့
အဲဒါနင်တို့သားအမိ ငါနဲ့
တရားနာလိုက်ခဲ့ကြပါ
ရွာဦးကျောင်းဆရာတော် ဆီကို
ကိုကြီးမောင် မတင်စိန် ကိုစိုးတင်တို့
လာခဲ့ကြသည်
သူတို့နဲ့လိုက်လာတဲ့သရဲသားအမိကို
တော့ဘယ်သူမြင်နိုင်မှာလဲဗျာ
“ဆရာတော်ဘုရား
တပည့်တော် အရှင်ဘုရားကို
သင်္ကန်းကပ်ပါရစေ
“ဟာ ဒကာစိုးတင်ပါလား
ရွာကိုအလည်လာတာလား
ဒကာကြီး
“တင်ပါ့ဘုရား တပည့်တော်ရွာကို
မခင်ကြည်တို့သားအမိကို
ကုသိုလ်လုပ်ပေးချင်လို့ပြန်လာခဲ့တာပါဘုရား
“ကောင်းတယ်ဒကာကြီး
ဒကာမလေးခင်ကြည်
ကိုလည်းဘုန်းကြီးကတရားချပေးချင်နေတာ
နဲ့အတော်ပဲဒကာကြီး
ဆရာတော်အားသင်္ကန်း
ကပ်လှူပြီး တရားတော်နားကြားကြတော့
အမျှဝေခါနီး တွင်
“ဟီး ဟီး ကိုစိုးတင်ရေ ကျွန်မတို့သားအမိ
သွားတော့မယ်
မတင်စိန်က ငိုယိုပြီး
ပြောနေသည်
ဆရာတော်လည်းအံ့သြပြီးကြည်နေသည်
“ကိုစိုးတင် ကျွန်မခင်ကြည်ပါ
ကျွန်မ ရှင့်ကို လိုက်ရှာနေတာ
အကြာကြီးပဲ ကျွန်မရှင့်ကို
မတွေရသေးပဲ နောက်ဘဝမကူးနိုင်လို့
ရှင့်ကိုအိမ်မက်ပေးပြီးခေါ်လိုက်ရတာ
“မခင်ကြည်ရယ် ငါပြန်လာပြီပဲ
နင်တို့သားအမိ သာဓုခေါ်ကြနော်
ဒါမှနင်တို့သားအမိ ဒီထက်မြင့်တဲ့
ဘုံဘဝမှာနေရမှာ
“ကျွန်မသိပါတယ်
သာဓုလည်းခေါ်ပါ့မယ်
မတင်စိန်အားဝင်ရောက်ပူးကပ်ပြီး
သာဓုခေါ်ရှာသည်
ကိုစိုးတင်ခင်ဗျာ မျက်ရည်ဆတ်လက်ဖြင့်
ရေစက်ချပေးနေသည်
မခင်ကြည်နဲ့တကွ အားလုံးကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လို့
သာဓု သာဓု သာဓု ။
“ဝုန်း”
“မတင်စိန်ဟဲ့ မတင်စိန်
“ဟင် ကျွန်မ ဘာဖြစ်သွားတာလဲမသိဘူး
တရားနာနေရင်းမိုက်ခနဲမူးသွားတာ
အဲဒီနောက်ပိုင်းဘာမှမသိတော့ဘူး
“မတင်စိန်နင့်ကို ခင်ကြည်ကဝင်းပူးပြီး
သာဓုခေါ်သွားတာဟ
“ရှင် ဟုတ်လား
ဒါဆိုခင်ကြည်တို့သားအမိ
ကျွတ်လွတ်သွားကြပြီပေါ့ ကိုကြီးမောင်
“အေးပေါ့ ကျွတ်သွားပြီပေါ့
“အရှင်ဘုရား တပည့်တော် လျှောက်ထားပါရစေ
“ပြောပါ ဒကာ စိုးတင်
“တပည့်တော် နဲ့မခင်ကြည်တို့နေခဲ့ဝိုင်းကို
အရှင်ဘုရားတို့သာသနာအတွက် လှူဒါန်းပါရစေ
ဒီမှာ စာချုပ်စာတမ်းပါဘုရား
“ဟေ ဒီလိုလှူလိုက်ရင် ဒကာကြီးက
ဒီမှာမနေတော့ဘူးလား
“မနေပါဘူးဘုရား
တပည့်တော် အရှင်ဘုရားရဲ့
ဘုန်းကြီးကျောင်းမှာပဲ
သင်္ကန်းဝတ်ပြီးသာသာနာ့
ဘောင်ကိုအပြီးဝင်ပါရစေ
“ဟေ”
“ဟင်”
အကုန်လုံးအံ့သြသွားကြပြီး
“ဒကာကြီးဆုံးဖြတ်ချက်က
သေချာပြီလားကွဲ့
“သေချာပါတယ်အရှင်ဘုရား
တပည့်တော်မှာတွယ်တာစရာ
သံယောဇဉ်တွေလည်းမရှိတော့ပါဘူး
ဘုရား ဒါကြောင့် လောကီကို
စိတ်ကုန်ပြီး သံသရာကောင်းဖို့အတွက်
တပည့်တော်ဆုံးဖြတ်ချက်ချလိုက်တာပါဘုရား
“သာဓု သာဓု သာဓု ပါ ဒကာကြီး
“ဒါဆိုအရှင်ဘုရား
တပည့်တော်တို့လင်မယားက
မောင်စိုးတင်သင်္ကန်းဝတ်
မယ့် ကိစ္စမှာ တပည့်တော်တို့လင်မယားက
လိုအပ်တာမှန်သမျှပါဝင်လှူဒါန်းပါရစေ
“အေးကွယ် ဒါဆိုဟန်ကျပြီပေါ့ကွယ်
ကိုစိုးတင်ဘဝက
အရမ်းသနားစရာကောင်းလွန်းလှသည်
သားသေမယားသေ မိဘသေနဲ့
သူ့မှာနှောင်တွယ်စရာမရှိတော့ပေ
အခုလိုသာသနာ့ဘောင်ဝင်သွားတာ
သူ့အတွက်တော့ အေးချမ်းရာ
အစစ်အမှန်ကိုရှာဖွေတွေ့ရှိသွားပြီပေါ့ဗျာ
ပြီးပါပြီ
ရေးသားသူ- အောင်ဓူဝံ
#crd