သားစွဲမယားစွဲ

သားစွဲမယားစွဲ(စ/ဆုံး)

——————–

“အူငဲ..အူငဲ…အူငဲ…”

“မွေးပြီဟေ့ ယောက်ျားလေး…အမေရောခလေးရောကျန်းမာတယ်..”

လက်သည်ဒေါ်မတင်အော်ပြောလိုက်သောအသံကြောင့်အခန်းအပြင်တွင်ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီးမိန်းမမီးဖွားနေမှုကိုစိတ်ပူစွာဖြင့်စောင့်ဆိုင်းနေသောအေးထွန်းတစ်ယောက်အခုမှပဲအပူလုံးကြီးကျကာ၀မ်းသာသွားပြီးထခုန်မတတ်ဖြစ်သွားတော့သည်။

“မွေးပြီကွ..ဟဟ…”

အေးထွန်းတစ်ယောက်အပျော်ကြီးပျော်နေတော့သည်။

အေးထွန်းနှင့်စုစုမော်သည်အသက်၂၅နှစ်ခန့့်ရှိပြီး သူတို့အိမ်ထောင်ကျသည်မှာ၂နှစ်မျှ ရှိပြီဖြစ်ပြီး ယခုသားဦးရတနာလေးမွေးဖွားလာခဲ့ပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံးကဆင်းရဲသဖြင့်တစ်နေ့လုပ်တစ်နေ့စားဘ၀နှင့်သာဖြတ်သန်းလာခဲ့ရသည်…အေးထွန်းသည်ရွာထဲတွင်ကြုံရာကျပန်းအလုပ်လုပ်ပြီးဇနီးသည်ကိုရှာဖွေကျွေးမွေးခဲ့သည်။ ယခုသားလေးကသူတို့ဘ၀ထဲကိုရောက်ရှိလို့လာခဲ့ပြီ သားလေးကိုသူတို့လိုဆင်းဆင်းရဲရဲမနေစေချင် ထို့ကြောင့်သူစွန့်စားရမည်…အေးထွန်းခေါင်းထဲတွင်အတွေးပေါင်းစုံ အပူပင်ပေါင်းစုံဖြစ်နေတော့သည်။

“ဘာတွေတွေးနေတာလဲယောက်ျား မျက်နှာလဲမကောင်းဘူး”

“သားရဲ့ရှေ့ရေးအတွက်တွေးနေတာပါကွာ..သားကိုတို့လိုဆင်းဆင်းရဲရဲမနေစေချင်ဘူး”

“ဘယ်သူမဆိုကို့သားသမီးကိုဆင်းဆင်းရဲရဲဘယ်ပေးနေစေချင်ပါ့မလဲရှင်…ဒါပေမဲ့လဲဘယ်တတ်နိုင်ပါ့မလဲကျမတို့ကဆင်းရဲတယ်လေ”

“အဲ့ဒါကြောင့်ငါဖါးကန့်ဘက်မှာကျောက်သွားတူးရင်ကောင်းမလားလို့စဉ်းစားနေတာ သူများတွေသွားတာအဆင်ပြေတယ်ကြားတယ်”

“အဲ့ဒီအလုပ်ကအန္တရာယ်များတယ် မပြောကောင်းမဆိုကောင်းတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ မသွားပါနဲ့နော်”

“မိန်းမကလဲ ငါဘာမှမဖြစ်စေရပါဘူးကွ သားနဲ့မိန်းမအတွက်ပဲဒီလောက်တော့စွန့့်စားရမှာပေါ့ ဒီမှာပဲလုပ်စားလို့ကတော့အချိန်သာကုန်သွားမယ်ငါတို့ဘ၀တိုးတက်လာမှာမဟုတ်ဘူး ငါသွားပါရစေနော် ၁လတစ်ခါငါပိုက်ဆံပို့ပေးမှာပါ”

“ကျမသဘောကတော့ပေးမသွားချင်ဘူး ဒါပေမဲ့ရှင်သွားချင်နေတယ်ဆိုတော့လဲသွားပါ”

“ဒါဆိုရင်မနက်ဖြန်ပဲသွားမယ်မိန်းမ ခွင့်ပြုပေးတဲ့အတွက်ကျေးဇူးပါကွာ…ပိုက်ဆံတွေအများကြီးရှာပြီးသားလေးနဲ့မိန်းမဆီအမြန်ဆုံးပြန်လာခဲ့မယ်”

အေးထွန်းတစ်ယောက်မိန်းမနဲ့သားလေးအတွက်ပိုက်ဆံများများရှာနိုင်တော့မည်ကိုတွေးရင်းပီတိဖြာနေတော့သည်…စုစုမော်ကတော့ခင်ပွန်းအတွက်စိုးရိမ်ပူပန်နေမိသည်။
နောက်နေ့တွင်အေးထွန်းသည်အထုပ်အပိုးများပြင်ပြီး ၁လအရွယ်သာရှိသေးသောသားလေး၏ပါးကိုအသာနမ်းကာနှုတ်ဆက်လိုက်ပြီးဇနီးဖြစ်သူစုစုမော်ကိုလဲအစစအရာရာဂရုစိုက်ရန်မှာတမ်းချွေကာခရီးစတင်ထွက်ခွါတော့သည်။

ယခင်ကရွာတွင်ကြုံရာကျပန်းလုပ်ပြီး၀မ်းရေးအတွက်ခက်ခက်ခဲခဲဖြေရှင်းနေရသောအေးထွန်းမှာယခုတော့ဖါးကန့်တွင်ကျောက်တူးသမားအဖြစ်ဘ၀ကိုပင်ပင်ပန်းပန်းဖြတ်သန်းနေရပြန်သည်။ သို့ပေမဲ့ပင်ပန်းတာနှင့့်တန်အောင်ငွေများများရသောကြောင့်သူအရမ်းပျော်နေမိသည်…တစ်လတစ်ခါမိန်းမဆီငွေလွှဲသည်စာပို့သည်…ယခုဆိုလျှင်သူဖါးကန့့်တွင်သူအလုပ်လုပ်နေခဲ့သည်မှာ၇လပင်ရှိပြီဖြစ်သောကြောင့်မိန်းမနှင့်သားလေးကိုလဲတွေ့ချင်နေမိသည်…ထို့ကြောင့်၁လလောက်နေပြီးလျှင်သားနှင့်မိန်းမဆီခဏမျှ ပြန်လည်ရန်ဆုံးဖြတ်ထားလိုက်သည်။

ခင်ပွန်းသည်အေးထွန်းကတစ်လတစ်ခါဆိုသလိုပိုက်ဆံပို့ပေးသဖြင့် စုစုမော်တစ်ယောက်ယခုဆိုလျှင်ရွှေတိုရွှေစတို့ကိုပင်၀ယ်ယူစုဆောင်းနိုင်နေပြီး အတော်လေးလဲအဆင်ပြေနေပြီဖြစ်သည်။
စုစုမော်သည်သားလေးကိုအိပ်ရန်အခန်းထဲ တွင်ချော့သိပ်နေလေသည်။ထိုစဉ်

“မိန်းမရေ…မိန်းမ…ငါပြန်လာပြီကွ”

အိမ်ရှေ့မှခင်ပွန်းသည်၏၀မ်းသာအားရခေါ်သံကြောင့်စုစုမော်အံ့ဩသွားပြီးအိမ်ရှေ့ကိုအပြေးတစ်ပိုင်းဖြင့်ထွက်သွားတော့သည် အိမ်ရှေ့ရောက်သော်မည်သူမျှ မရှိသဖြင့်စုစုမော်ဇဝေဇ၀ါဖြစ်သွားတော့သည်။

“ဟင်…ဘယ်သူမှလဲမရှိဘူး ခုဏကခေါ်သံကြားလိုက်ပါတယ် ငါနားကြားများမှားတာလား”

ထို့နောက်နားကြားမှားသည်ဟုပဲသတ်မှတ်ကာအခန်းထဲပြန်၀င်လာလိုက်ပြီးသားလေးကိုပြန်ချော့သိပ်နေလိုက်သည်။
ထိုစဉ်

“ဒေါက်…ဒေါက်…ဒေါက်..”

အိမ်တံခါးခေါက်သံထွက်ပေါ်လာသဖြင့်စုစုမော်လဲသားလေးကိုအခန်းထဲတွင်ချန်ခဲ့ကာတံခါးဖွင့်ရန်အိမ်ရှေ့သို့ပြန်ထွက်လာရပြန်သည်။
စုစုမော်တံခါးဖွင့်လိုက်သောအခါ

“ဟင်…ယောက်ျားပြန်လာတယ်…၀မ်းသာလိုက်တာ”

စုစုမော်မှာခင်ပွန်းသည်အေးထွန်းရုတ်တရက်ပြန်လာသဖြင့်အံ့ဩ၀မ်းသာသွားပြီးဖက်ထားလိုက်တော့သည်။ထိုအခါအေးထွန်း၏ခန္တာကိုယ်သည်အေးစက်တောင့်တင်းနေသည်ကိုစုစုမော်သတိထားမိသွားသည်။

“တစ်ကိုယ်လုံးလဲအေးစက်နေပါလား နေမကောင်းဘူးလားယောက်ျား”

“ကောင်းပါတယ် ငါဘာမှမဖြစ်ပါဘူးကွာ”

စုစုမော်၏အမေးကိုအေးထွန်းပြုံးပြပြီးပြန်ဖြေလိုက်သည်…သို့ပေမဲ့သူ့ရဲ့အပြုံးကအသက်မပါလှပါ။

“ဒါနဲ့များယောက်ျားရယ် ပြန်လာမယ်ဆိုလဲကြို ပြီးတော့စာပို့အကြောင်းကြားမှပေါ့ အခုပြန်လာတဲ့ပုံကလဲကြည့်အုံး အလုပ်လုပ်ပြီးတာနဲ့ထပြန်လာတဲ့ပုံပဲ အင်းကျီမှာလဲမြေကြီးတွေပေလို့”

အေးထွန်း၏အ၀တ်စားတွင်မြေကြီးများပေကျန်နေသဖြင့်စုစုမော်ပြောလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ် ငါအလုပ်ကနေပဲထပြန်လာတာ အဲ့ဒါကြောင့်ညစ်ပတ်နေတာပါ”

“ဘာဖြစ်လို့လဲ အလုပ်မှာစကားများလို့လား”

“မဟုတ်ပါဘူး သားနဲ့မိန်းမကိုသတိရလို့ထပြန်လာတာပါ တစ်နေ့လုံးငါဘာမှမစားရသေးဘူး ဗိုက်ဆာနေပြီအိမ်ထဲ၀င်ပါရစေထမင်းလဲကျွေးအုံး”

“ဟုတ်သားပဲ ယောက်ျားရုတ်တရက်ပြန်လာလို့အံ့ဩပြီးအထဲခေါ်၀င်ဖို့မေ့သွားတာ”

စုစုမော်လဲထိုအခါမှခင်ပွန်းဖြစ်သူအေးထွန်းအားအိမ်ထဲခေါ်၀င်ရန်သတိရသွားပြီးအိမ်ထဲခေါ်၀င်ကာထမင်းစားရန်ထမင်းဟင်းခူးခပ်ပေးလိုက်သည်။

“ထမင်းကအများကြီးရှိတယ် ဟင်းတော့နဲနဲပဲကျန်တာ အခုကမိုးချုပ်နေပြီဆိုတော့သွား၀ယ်လို့လဲရမှာမဟုတ်တော့ဘူး”

“ရတယ် ရှိတာနဲ့ပဲစားလိုက်မယ်”

ပြောပြီးတာနှင့်အေးထွန်းသည်လက်ပင်မဆေးတော့ပဲထမင်းကိုအားရပါးရစားနေတော့သည်။
အေးထွန်းထိုသို့ပြုလုပ်မှုကိုစုစုမော်နားမလည်နိုင်ဖြစ်နေတော့သည်…သူမအတွက်သည်ညကြုံနေခဲ့ရသည်ကအံ့ဩစရာတွေကြီးပင်ဖြစ်သည်။
တခဏအတွင်းမှာပင်ထမင်းဟင်းအားလုံးတက်တက်စင်အောင်ပြောင်သွားတော့သည်…ယခင်ကအေးထွန်းသည်ထိုမျှလောက်မစားနိုင် ယခုတော့စားလို့ဝသေးပုံပင်မရချေ။၊

“စားလို့၀ရဲ့လားယောက်ျား”

“၀ပါတယ် ဒါနဲ့သားလေးကိုမတွေ့ရသေးဘူး သားလေးဘယ်မှာလဲ”

“သားလေးကအိပ်နေတာ ယောက်ျားလဲသားလေးကိုလွမ်းနေရောပေါ့ လာ..သားလေးကိုသွားတွေ့ရအောင်”

စုစုမော်သည်အေးထွန်းလက်ကိုဆွဲကာသားလေးအိပ်နေသောအခန်းသို့၀င်လာလိုက်သည်။
အခန်းထဲသို့ရောက်သည်နှင့်ခလေးမှာအေးထွန်းကိုကြည့်ကာကြောက်လန့်တကြားအော်ငိုတော့သည်…ထို့ကြောင့်စုစုမော်လဲသားလေးကိုအမြန်ပွေ့ချီပြီးအငိုတိတ်အောင်ချော့ရတော့သည်။ အေးထွန်းလဲမျက်နှာပျက်နေတော့သည်။

“သားလေးဘာဖြစ်တာလဲမသိဘူး ဒီလိုတစ်ခါမှအော်မငိုဖူးဘူး အခုယောက်ျားကိုပဲကြည့့်ပြီးငိုနေတာ စိမ်းနေလို့ထင်တယ်”

“ဟုတ်မှာ သားလေးကငါရှိရင်ငိုနေအုံးမှာ အဲ့ဒါကြောင့်အပြင်မှာပဲအိပ်လိုက်တော့မယ်”

ပြောပြီးတာနှင့်အေးထွန်းသည်အခန်းမှအမြန်ပြန်ထွက်သွားတော့သည်။ အေးထွန်းအခန်းမှာမရှိသောအခါမှခလေးမှာအငိုတိတ်သွားပြီးစုစုမော်ကိုကပ်နေတော့သည် ဘယ်လိုမှချ၍မရတော့။

စုစုမော်သည်မနက်ရောက်သည်နှင့်အေးထွန်းအတွက်ဖွယ်ဖွယ်ရာရာချက်ပြု တ်ကျွေးရန် သားလေးကိုချီကာစျေးသွားတော့သည်။

“ဟဲ့ စုစုမော်၀ယ်တာတွေလဲအများကြီးပဲနင့်အိမ်ဧည့့်သည်လာမှာမို့လား”

“မဟုတ်ပါဘူးခင်ခင်ရဲ့ ငါ့ယောက်ျားကိုဖွယ်ဖွယ်ရာရာချက်ပြု တ်ကျွေးချင်လို့ပါ”

“ဟင်..အေးထွန်းပြန်ရောက်နေပြီလား”

“ဟုတ်တယ်ဟ ညကပဲပြန်ရောက်တာ နင်အားရင်အိမ်ကိုလာလည်အုံး”

“လာလည်မှာပါဟ နင်တို့မိသားစုပြန်ဆုံပြီဆိုတော့ငါ၀မ်းသာတယ်”

“ဒါဆိုရင်ငါပြန်အုံးမယ်ခင်ခင်၀ယ်တာလဲစုံပြီ”

“အေး..အေး..”

စုစုမော်လဲ၀ယ်တာစုံပြီဖြစ်သောကြောင့်အိမ်ပြန်လာကာချက်ပြုတ်တော့သည်…ချက်ပြုတ်ပြီးစီးသောအခါထမင်းစားရန်အဆင်သင့်ပြင်ပြီးအေးထွန်းကိုစောင့်နေသော်လဲပေါ်မလာခဲ့ချေ။၊ မနက်သူမအိပ်ယာထစဉ်ကပင်အေးထွန်းအိမ်မှာမရှိသည်ကိုသတိထားမိသည်…သို့ပေမဲ့အသိအိမ်ကိုသွားလည်တာဖြစ်မည်ဟုပဲသူမထင်နေမိသည်။သို့နှင့်စောင့်နေရင်း နေသာ၀င်သွားခဲ့သည်အေးထွန်း၏အရိပ်ယောင်ကိုမျှမတွေ့ရချေ။၊ စုစုမော်စိတ်ပူသွားပြီး ရွာထဲတွင်ရှာရန်သားလေးကိုချီကာအိမ်အောက်သို့ဆင်းလာလိုက်သည်။ ထိုအခါမှအိမ်ရှေ့တွင်ကျောက်ရုပ်ပမာမတ်တပ်ရပ်နေသောအေးထွန်းကိုတွေ့သွားတော့သည်။ အေးထွန်းကိုတွေ့သည်နှင့်ခလေးမှာအသံကျယ်လောင်စွာအော်ငိုတော့သည်။

“သားကလဲငိုပြန်ပြီ… တစ်နေ့လုံးဘယ်သွားနေတာလဲယောက်ျား ထမင်းစားဖို့စောင့်နေတာအခုမှပေါ်လာတော့တယ်”

“အပြင်သွားနေလို့ပါ ဗိုက်ဆာပြီထမင်းစားမယ်”

ပြောပြီးတာနှင့်အေးထွန်းသည်အိမ်ပေါ်အမြန်တက်ကာ စားပွဲပေါ်တွင်ခူးထားသောထမင်းဟင်းကိုအားရပါးရစားနေတော့သည်။
စုစုမော်မှာသားလေးအငိုတိတ်အောင်ချော့ပြီး အခန်းထဲတွင်သိပ်ရတော့သည်။ စိတ်ထဲတွင်လဲတစ်ခုခုထူးဆန်းနေသလိုစုစုမော်ထင်နေမိသည်။
သည်လိုနှင့်နေ့တိုင်းလိုလိုပင် အေးထွန်းသည်မနက်ဆိုပျောက်သွားလိုက်ညဆိုပြန်ပေါ်လာလိုက်ဖြစ်နေသည်မှာတစ်ပတ်မျှပင်ရှိပြီဖြစ်သည်။ စုစုမော်ကိုလဲမျက်နှာချင်းသိပ်မဆိုင်ပေ စကားလဲမေးတစ်ခွန်းပြောတစ်ခွန်းပဲပြောသည်…ထူးဆန်းသည်ကအေးထွန်းကိုတွေ့လျှင်ခလေးမှာကြောက်လန့်ရုန်းကန်ကာအော်ငိုနေခြင်းပင်…ထို့ကြောင့်စုစုမော်သည်သားလေးနှင့်အေးထွန်းကိုပေးမတွေ့တော့ပေ။

ခင်ခင်သည်စုစုမော်ကသူ့အိမ်သို့လာလည်ရန်မှာထားသဖြင့်အလုပ်အားတုန်းထွက်လာခဲ့လိုက်သည်။ စုစုမော်အိမ်သို့ရောက်သော် အိမ်ရှေ့တွင်မည်သူမျှမတွေ့ရသဖြင့်အိမ်ပေါ်သို့တက်လာခဲ့လိုက်သည်။

“ထမင်းစားနေတာလားစုစုမော်..”

ထမင်းစားပွဲဘေးတွင်စုစုမော်ထိုင်နေသည်ကိုမြင်၍မေးလိုက်ခြင်းဖြစ်သည်။

“ဟော လာလည်တာလားခင်ခင်…အတော်ပဲထမင်းတစ်ခါတည်း၀င်စားလိုက်ငါ့ယောက်ျားနဲ့တူတူ ခုဏကမှသူအပြင်ကပြန်လာလို့လေ သူကတစ်နေ့လုံးလမ်းသလားပြီးနေ၀င်မှပြန်နေကြ အဲ့ဒါကြောင့်ငါမစောင့်နိုင်ပဲအစောကြီးစားလိုက်တာ”

“ဟင်…ဘယ်သူနဲ့တူတူ”

ထမင်းစားပွဲဘေးတွင်စုစုမော်တစ်ယောက်သာရှိပြီး စုစုမော်ကသူယောက်ျားနှင့့်အတူထမင်း၀င်စားဆိုသဖြင့်ခင်ခင်အံ့အားသင့်သွားသည်…တစ်ဆက်တည်းမှာပဲပုတ်နံ့လှိုင်ခနဲ့နှာခေါင်းထဲသို့တိုး၀င်လာပြီးကြက်သီးများပါထသွားတော့သည်။

“နင်ကလဲ ဒီမှာငါ့ယောက်ျားထမင်းစားနေတာမမြင်ဘူးလား..”

“မဟုတ်ဘူး…တစ်ခုခုလွဲနေပြီ နင့်နားမှာဘယ်သူမှမရှိဘူးလေ သေချာကြည့့်ပါအုံးဟာ”

“နင်ကလဲငါ့ကိုလာနောက်နေတယ် နင်သာသေချာကြည့်ရမှာ”

စုစုမော်၏အပြောကိုခင်ခင်တစ်ယောက်နားမလည်နိုင်ဖြစ်နေမိသည်…စုစုမော်ရူးနေပြီဟုလဲထင်သွားသည်…ထို့နောက်သူစိတ်ထဲမသန့်သဖြင့်နှုတ်ဆက်ကာချက်ချင်းပြန်သွားတော့သည်။

* * * * * * * * * * * * * *

“ဗျို့…အိမ်ရှင်တို့…အိမ်ရှင်တို့ရှိလားခင်ဗျ”

အိမ်ရှေ့မှခေါ်သံကြောင့်စုစုမော်မနက်စာချက်နေရာမှအိမ်ရှေ့သို့အမြန်ထွက်လာခဲ့လိုက်သည်။

“ဘာကိစ္စများရှိလို့ပါလဲရှင်”

“ဟုတ်ကဲ့ အမကမစုစုမော်ဟုတ်ပါတယ်နော်”

“ဟုတ်ပါတယ်ရှင်”

“မစုစုမော်ရဲ့ခင်ပွန်းကိုအေးထွန်းဟာ လွန်ခဲ့တဲ့တစ်ပတ်ကဖါးကန့်မှာကျောက်တူးရင်းကျောက်တွင်းပြို ကျပြီးသေဆုံးသွားတဲ့အတွက်အကြောင်းလာကြားတာပါ ကျွန်တော်တို့လဲသေဆုံးသွားတဲ့လူအားလုံးရဲ့နေရပ်လိပ်စာကိုစုံစမ်းနေရလို့အကြောင်းကြားဖို့အချိန်နှောင့်နှေးသွားတာပါ”

“ရှင်လူမှားနေပြီထင်တယ် အေးထွန်းကကျမယောက်ျားဆိုတာမှန်ပါတယ် ဒါပေမဲ့ကျမယောက်ျားကလွန်ခဲ့တဲ့တစ်ပတ်ကပဲအိမ်ကိုပြန်ရောက်လာခဲ့တာပါ”

“ခင်ဗျာ…ကိုအေးထွန်းကအိမ်ကိုပြန်ရောက်လာတယ်”

“ဟုတ်ပါတယ် ရှင်လူမှားတာပါ ကျမယောက်ျားကအိမ်မှာရှိပါတယ် အခုတော့အပြင်သွားနေတယ် ညမှပြန်ရောက်လာမှာ”

ထိုစဉ် သူမတို့ဆီကိုခင်ခင်ရောက်လာပြီး

“လူးမှားတာမဟုတ်နိုင်ဘူး အေးထွန်းရုတ်တရက်ဆုံးသွားပြီးတော့နင့်ကိုစိတ်စွဲပြီးသူ့လိပ်ပြာကနင့်ဆီပြန်ရောက်လာတာဖြစ်ရမယ်”

“ဟင်…မဖြစ်နိုင်ပါဘူးဟာ ငါသူ့ကိုမြင်နေရတာကို”

“နင်မြင်ရပေမဲ့ ငါမနေ့ညကနင့့်ဆီလာတာသူ့ကိုငါမမြင်ဘူး ရွာထဲကလူတွေကိုလဲငါမေးပြီးပြီ အေးထွန်းကိုမမြင်မိပါဘူးတဲ့ တစ်ကယ်လို့သူပြန်လာတယ်ဆိုရင်သူများတွေတစ်နေ့မဟုတ်တစ်နေ့မြင်မှာပဲလေ ငါမလိမ်ဘူးအတည်ပြောနေတာ ကျောက်တွင်းပြိုလို့လူအများကြီးသေတယ်လို့ငါသတင်းကြားနေတယ်အေးထွန်းပါသွားမှန်းတော့ငါမသိဘူး”

ခင်ခင်၏အပြောကြောင့်စုစုမော်လဲလွန်ခဲ့တဲ့အပတ်ကအေးထွန်းရုတ်တရက်ပြန်ရောက်လာပုံနှင် နေ့ဆိုပျောက်သွားပြီးညမှပြန်ပေါ်လာသောထူးဆန်းသောအေးထွန်း၏အပြုအမူ အေးထွန်းကိုတွေ့လျှင်သားလေးအသည်းအသန်ငိုနေမှုတို့ကိုပြန်စဉ်းစားမိပြီးခင်ခင်ပြောတာဖြစ်နိုင်သည်ဟုမြင်မိသွားသည်။

“ငါ့ယောက်ျားတကယ်ပဲဆုံးပြီးပေါ့…ငါဘာလုပ်ရမလဲဟာ…အီး…ဟီးဟီး”

အခုမှပဲစုစုမော်၀မ်းနည်းစွာငိုနေမိတော့သည်။

“ဒီပုံစံအတိုင်းဆိုရင် ညဘက်ဆိုအေးထွန်းပြန်ရောက်လာအုံးမှာပဲ ဒီလိုလုပ် အခုအချိန်ရှိတုန်းငါတို့ရွာလူကြီးကိုပြောပြပြီးဘုန်းကြီးပင့့်တရားနာပြီးအေးထွန်းကိုအမျှဝြေကရအောင်”

“နင်ကောင်းသလိုသာစီစဉ်ပေးပါဟာ ငါဘာလုပ်ရမှန်းမသိတော့ဘူး”

“ဟုတ်ပြီ အဲ့ဒါဆိုရင်နင်အိမ်မှာတရားနာဖို့အတွက်နေရာစီစဉ်ထားလိုက် ငါအခုပဲရွာလူကြီးကိုသွားပြောပြပြီးဘုန်းကြီးပါပင့်ခိုင်းလိုက်မယ်”

ခင်ခင်လဲရွာလူကြီးကိုအပြေးပြောပြီး လှူဖွယ်၀တ္ထု ကို၀ယ်ကာရွာကလူအနည်းငယ်ဖိတ်ပြီးချက်ချင်းပင်တရားဟောဖို့စီစဉ်တော့သည်။
ထို့နောက်စုစုမော်အိမ်သို့ဘုန်း ကြီးငါးပါးကြွလာပြီးအေးထွန်းအတွက်တရားဟောတော့သည်။တရားဟောနေစဉ်မှာပင် တရားလာနာသောမိစံထားသည်တစ်ကိုယ်လုံးတုန်လာကာချွေးများကျလာတော့သည်…ထို့ကြောင့်မိစံထားကိုတစ်စုံတစ်ယောက်၀င်ပူးနေသည်ဆိုတာအားလုံးသိသွားကြသည်။
ထို့ကြောင့်ဘုန်းကြီးလဲတရားဟောတာခဏရပ်ထားလိုက်ပြီး

“ဒကာလေးမောင်အေးထွန်း ဘာများပြောစရာရှိလို့လဲ”

ဘုန်းကြီး၏အမေးကြောင့်မိစံထားသည်တစ်ကိုယ်လုံးတုန်ပြီးလက်အုပ်ချီကာ

“တပြည့်တော်မိန်းမနဲ့သားလေးကိုမခွဲနိုင်လို့အခုလိုလာနေတာပါ…တပြည့်တော်ကိုနေခွင့်ပေးပါ”

“အင်း…လူတွေကသေဆုံးပြီးရင်စိတ်စွဲလန်းရာကိုရောက်လာတတ်စမြဲပါပဲဒကာလေး တစ်ချို့လူတွေကပစ္စည်းဥစ္စာကိုစွဲလန်းပြီးသရဲတစ္ဆေအပယ်ဘုံသားအဖြစ်ကနေမကျွတ်နိုင်ရှာကြဘူးကွဲ့ အခုဒကာလေးကသားနဲ့မယားကိုချစ်တဲ့စိတ်နဲ့သားစွဲမယားစွဲဖြစ်ပြီးအခုလိုဘ၀ကနေရုန်းမထွက်ချင်ပြန်ဘူး…အခုလိုဖြစ်နေတာဟာဒကာလေးအတွက်လဲမကောင်းသလိုဒကာလေးရဲ့သားမယားလဲဘယ်စိတ်ကောင်းနိုင်ပါ့မလဲ အဲ့ဒါကြောင့်အဲ့ဒီစွဲလန်းစိတ်ကိုဖျောက်ပြီးဘုန်းကြီးအမျှဝေပေးတာကိုသာဓုခေါ်လိုက်ပါဒကာလေး”

“တင်ပါ့ဘုရား….တပြည့်တော်နားလည်ပါပြီ သာဓုခေါ်ပါ့မယ်ဘုရား”

ထိုအခါမှဘုန်းကြီးလဲတရားပြန်ဆက်ဟောတော့သည်။

“”ဘ၀တစ်ပါးသို့ပြောင်းရွေ့ကွယ်လွန်သွားရှာပြီဖြစ်သော ဒကာမောင်အေးထွန်းနှင့်တကွ အားလုံးကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်တော်”

“” သာဓု သာဓု သာဓု””

ဘုန်းကြီးတရားနာအပြီးအမျှဝေသောအခါအေးထွန်းသာဓုခေါ်လိုက်သည်…ထို့နောက်မိစံထားကိုယ်မှပြန်ထွက်သွားတော့သည်။
ထိုညမှစပြီးအေးထွန်းအိမ်သို့ပြန်မလာတော့ချေ ….တရားနာ သာဓုခေါ်လိုက်သဖြင့်ကျွတ်တမ်း၀င်သွားပြီးကောင်းရာမွန်ရာဘုံဘ၀သို့ရောက်သွားခြင်းပင်ဖြစ်ပေလိမ့်မည်။

ပြီးပါပြီ

(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျှက်)

#crd နေဇင်မင်းသော်