သိုက်ဆက်ဖြတ်ခန်း(စ/ဆုံး)
—————————–
ညှီနံ့ကြီး…..။ ညှီနံ့ကြီး..။ ထူးဆန်းတဲ့ ညှီနံ့ကြီးလို့ဆိုရခြင်းက အ ကြောင်းမဲ့မဟုတ်ပါ။
ထူးထူးဆန်းဆန်းထွက်ပေါ်လာသောညှိနံ့ကြီးဖြစ်သည့် အပြင်၊ ညှီနံ့နံပုံကလည်း ထူးခြားနေတာကြောင့်ပါ။ငါးမျိုးစုံ ရောင်းချခုတ်ထစ်နေရတဲ့ ငါးသည်တန်းကို
ရောက်ဖူးကြပါလိမ့်မယ်….။ ထိုအခါမှာ မခံမရပ်နိုင်အောင် နံစော်လှတဲ့ငါးနံ့တွေ ရှု ရှိုက်မိပါတယ်၊ ဒါပေမယ့်..။
သူ့ထက် ပိုညှိတယ်၊ သူ့ထက် ပိုပြီးနံတယ်။ တစ်ခုရှိတာက အကောင်ပုပ်နံ့ ရောထွေးနေတဲ့ ညှီနံ့ မျိုးမဟုတ်ဘူး…
အညီှဆှုံးဆိုတဲ့ ငါးရှည့်ညှီနံ့မျိုးနဲ့လည်း မတူဘူး။ ဘယ်လိုပြောရမှန်းမသိတဲ့ ညှီနံ့မျိုးကြီးဆိုပါတော့…၊ ငါးရှဥ့်ဥှိနံ့၊ရေညှီနံ့တွေရောထွေး ပေါင်းစုံပါဝင်နေတဲ့ ညှီနံ့ကြီးလို့ ပြောချင်ပါတယ်….။ ဒီညှီနံ့ကြီး မြတ်နိုးသဇင်ဆီကိုရောက်လာတာ လွန်ခဲ့တဲ့ လေးလလောက်ကပါ။
မြတ်နိုးသဇင်ဆိုတာက ဆံပင်အရှည်ကြီးနဲ့ ချောသော၊ လှသော၊ ယဉ်ကျေးသော မိန်းမပျိုလေးပါ။ မုံရွာမြို့၊ ပါဝါလွန်း ရက်ကန်းရုံကြီးအရှေ့ဘက်၊ ချမ်းမြသာစည်ရပ်မှာ သူ့ကိုမွေးဖွါးတယ်… မုံရွာ ကွန်ပျူတာတက္ကသိုလ်ကဘွဲ့ရပြီး ပုဂ္ဂလိက ဘဏ် တစ်ခုမှာ အလုပ်ဝင်လုပ်တယ်။
သူ့ရဲ့အလုပ်ကြိုးစားမှု၊ တာဝန်ကျေပွန်မှုတွေနဲ့ သစ္စာရှိ မှုတွေကြောင့် ရာထူးအဆင့်ဆင့်တိုးခဲ့တယ်။ အခုတော့ ရန်ကုန်မြို့မှာရှိတဲ့ရုံးချုပ်ကြီးမှာ နေရာကြီးကြီးတစ်ခုရနေပြီ။
ဘဏ်က သူ့အတွက် တစ်ထပ်တိုက်လေးတစ်လုံး ဖော့ ကန်မှာ ငှားပေးထားတယ်။
ကားတစ်စီး သပ်သပ်မပေးထားပေမဲ့ သူအလိုရှိရင် မော်တော်ယာဉ်ဋ္ဌာနစိတ်ကို ဖုန်းဆက်လိုက်၊ ကားတစ်စီး မိနစ် အနည်းငယ်အတွင်း ရောက်လာမယ်။ဒါ့ကြောင့်မြတ်နိုးသဇင် သည်တိုက်လေးကိုရောက်စက သည် တိုက်လေးမှာ မိဘနှစ်ပါးခေါ်ပြီး အတူနေကြဖို့ စိတ်ကူးမိသေး တယ်…၊မိဘတွေကလည်း မုံရွာနယ်ထဲမှာ သနပ်ခါး ခြံ ဧကများများ မလာနိုင်ဘူး။ဆွေမျိုးနီးစပ်ထဲက ကောင်မလေးတစ်ယောက်ပဲ အ ဖော်ရအောင် ပို့ပေးလိုက်တယ်။
ဒါ့ကြောင့် မြတ်နိုးသဇင်တို့နှစ်ယောက် ဒီတိုက်လေးမှာ ့နေကြတယ်၊ ခုဆိုရင်. နှစ်နှစ်ကျော်လောက်ဖြစ်နေပြီ… လွန်ခဲ့တဲ့ လေးလလောက်ကတော့ ညှိနံ့ကြီးစရောက် လာဗျာယ်။ ·
မြတ်နိုးသဇင် အိပ်ရာဝင်ဖို့ အခန်းထဲအဝင်မှာ ရှူရှိုက်မိတာ…တစ်ခါမှ ဒီလိုအနံ့ဆိုးမျိုးမရဘူးတော့ မြတ်နိုးသဇင် အံ့ ဩသွားတယ်….။
ညှီနံ့က တော်တော်ဆိုးဆိုးရွားရွား အနံ့ကြီး…၊ အဖော်ကောင်မလေး၊ အသား၊ ငါးတွေကိုင်ပြီး မလိုတာ တွေကို ဟိုပစ်၊ သည်ပစ်- ပစ်မယ်၊ အဲဒါတွေကို ကြောင်ကချီလာ မယ်။
ဒီလိုနဲ့ အိပ်ခန်းတစ်ခန်းလုံး ညှိနံ့တွေ နံဟောင်သွားတာ ဖြစ်မယ်။
တခြားအိမ်မှာ မွေးထားတဲ့ ကြောင်တစ်ကောင်က လည်း မကြာခဏလာနေကျဆိုတော့ မြတ်နိုးသဇင် သည်လိုပဲ တွေးမိတယ်…..။ အိပ်ခန်းထဲ ရှာကြတယ်၊ မတွေ့ဘူး။ ချောင်ကြို ချောင်ကြား၊ ကုတင်အောက်၊ အပေါ်တန်း တွေပေါ် ဘီရိုပေါ် အနှံ့ရှာကြပြန်တယ်၊ ဒါလည်း မတွေ့ဘူး။ ဘယ်လိုမှရှာမတွေ့တဲ့အဆုံး မောေမာနဲ့ အခန်းအပြင် ဘက် ထွက်လာကြတယ်။ အဲဒီမှာ ထူးခြားမှုတစ်ခုတွေ့လိုက်တယ်။
အိပ်ခန်းရဲ့အပြင်ဘက်မှာ ဘာညီနံ့မှမရဘူး။ ထူးခြားတဲ့ အဲဒီအခြေအနေကြောင့် အိပ်ခန်းထဲပြန်ဝင်ကြည့်ကြတယ်။
ညှီနံ့ကြီး ရှုရှိုက်မိရတယ်…..။
အိပ်ခန်းအပြင်ထွက်ကြည့်တော့ ညှီနံ့မနံပြန်ဘူး….။ မြတ်နိုးသဇင်ရဲ့အိပ်ခန်းထဲမှာပဲ ညှီနံ့ကြီးနံနေတယ်။ ဒါနဲ့ တစ်ခုခုတော့ရှိမှာပဲဆိုပြီး ထပ်ရှာကြတယ်။ သူတို့ နှစ်ယောက်လုံးသာ မောသွားတယ်၊ ဘာဆိုဘာမှမတွေ့ရဘူး။ ညှီနံ့ကြီး ဘာ့ကြောင့်နံနေရတာလဲ၊ ဘယ်လိုမှ စဉ်းစား လို့မရဘူး။
ဘယ်နေရာက ထွက်ပေါ်လာတာလဲ၊ ဒါလည်း မသိဘူး။ “ဒီလောက် ညှီစော်နံတဲ့အခန်းထဲယ်လိုလုပ်ပြီးအိပ် လို့ရမှာလဲ…”
မြတ်နိုးသဇင် အဖော်ကောင်မလေးအခန်းထဲ ပြောင်း အိပ်တယ်။
အနံ့ကြီးမနံဘူးဆိုပြီးစိတ်အေးသက်သာအိပ်ဖို့ကြံရွယ် စဉ်မှာပဲ ညှီနံ့ကြီးကို ထောင်းခနဲရှုလိုက်ရတယ်။ဒီတော့မှ ထူးဆန်းတဲ့ညှီနံ့ကြီးဟာ မြတ်နိုးသဇင်သွားရာနောက် ကောက်ကောက်ပါအောင်လိုက်နေတယ်ဆိုတာ ထင်ထင်ရှားရှား သိလာရတော့တယ်။
ဒီထူးဆန်းတဲ့ညှီနံ့ကြီးတာ မြတ်နိုးသဇင်ကို ရက်သတ္တ၊ နှစ်ပတ်လောက် ဒုက္ခပေးခဲ့တယ်။
နံဟောင်နေတဲ့ ညှီနံ့ဆိုးကြီးကို သူလှိမ့်ခံခဲ့ရတယ်။ အိပ်ပျက်ညတွေ ဖြစ်ခဲ့ရတယ်။ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ပြီး ပြည့်ပြည့်ဖြိုးဖြိုး သူ့ ကိုယ်လုံးလေးတောင် ပိန်ကျသွားခဲ့တယ်။
ဒီအတောအတွင်း ညှီနံ့ဆိုးကြီးနဲ့ပတ်သက်တဲ့ ထူးခြား ချက်တွေကို သတိပြုမိခဲ့ကြတယ်..။ ညှီနံ့ဟာ မြတ်နိုးသဇင်အိပ်တဲ့အခန်းမှာပဲ ရောက်လာတတ်တယ်…။
အခြား ဘယ်အခန်းမှ ညှီနံ့မနံဘူး။ နောက်ပြီး နေ့လည် နေ့ခင်းတွေမှာမနံဘဲ ညဘက်မှသာ ညှီနံ့ကိုရတယ်။
ဒီတွေ့ရှိချက်တွေအရ ထူးဆန်းတဲ့ညှီနံ့ကြီးဟာ မြတ်နိုး သဇင်နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတာ သိသာနေတယ်။
“ဒါဟာ မလိုတဲ့သူတစ်ယောက်ယောက်က အောက် လမ်းပညာနဲ့လုပ်တဲ့ ညှီနံ့ကြီးလား..” မြတ်နိုးသဇင် စဉ်းစားမိတယ်။ လူဆိုတာက ဘယ်လောက်ကောင်းအောင်နေနေ ချစ် သူခင်သူရော၊ မုန်းသူပါရှိတတ်တာ မဟုတ်ပါလား။ ညှီနံ့ကြီးရောက်လာပြီး ပထမနှစ်ပတ်လောက်အကြာ မှာတော့ နည်းနည်းရိုးသလိုဖြစ်လာတယ်။ ပြောရရင် နှာခေါင်းယဉ်သွားတာပေါ့။ ထူးဆန်းတဲ့ ညှီနံ့နဲ့ပတ်သက်ပြီး သူ့စိတ်ထဲမှာ လေး လေးနက်နက် မခံစားရတော့ဘူး။အညှီနံ့ကိုပဲ ရနေတာဖြစ်ပြီး ဘယ်လို ်လိုဘေးအန္တရာယ်၊ ဘယ်လိုကြောက်စရာ၊ လန့်စရာမှ မကြုံရ တာကြောင့် ဖြစ်မယ်။
အချိန်က ကု စားလိုက်တာကြောင့်လည်း ဖြစ်မယ်။ ဝင်ရောက်လာချိန်ကလောက် အော်ဂလီဆန်တာ ေတွမဖြစ်တော့ဘူး…..။ ‘
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ မဖြစ်တော့ဘူး..၊ညှီနံ့နံနေလျက်နဲ့ အိပ်တတ်သွားတယ်။ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ပဲ အိပ်လို့ရသွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညှီနံ့ကတော့ ညညမှာနံနေတုန်းပဲ။ မြတ်နိုးသဇင် ဒီအကြောင်းတွေ မိဘကိုပြန်မပြောဘူး၊ အဖော်လာနေပေးတဲ့ ညီမဝမ်းကွဲကိုလည်း မိဘတွေ ပြန်မပြောဖို့ နှုတ်ပိတ်ထားတယ်။
မလိုအပ်ဘဲ မိဘတွေစိတ်သောကရောက်မှာ စိုးရိမ်လို့။ဒီလိုနဲ့ညှီနံ့ကြီးသူ့ဆီရောက်လာတာ လေးလကျော်ကာလအထိ ရောက်လာတယ်။
ဒီအချိန်မှာပဲ ပြဿနာက တစ်မျိုးတစ်ဖုံထပ်တက်လာ ပြန်တယ်။
တစ်ညမှာ မြတ်နိုးသဇင် အိမ်မက်ဆိုးတွေမက်ပြီး အိပ် ရာက လန့်နိုးလာတယ်….။ အိပ်မက်ထဲမှာ မြွေကြီးတစ်ကောင်က သူ့နောက်ကို အတင်းလိုက်နေတယ်… သူက ကြောက်လန့်ခြင်းကြီးစွာနဲ့အသည်းအသန်ထွက် ပြေးနေရတယ်…။သူက ချောင်းတွေကို ဖြတ်ပြေးရတယ်၊ ရွှံ့ နွံအိုင်တွေကိုလည်း ရုန်းပြေးရတယ်၊ ကျောက်လှိုဏ်ဂူပေါက်တွေထဲကလည်း ပြေးရတယ်၊ သူ ဘယ်နေရာရောက်ရောက် မြွေကြီးက လိုက်နေတုန်းပဲ…။
မြွေကြီးက အကြီးကြီး၊ ဗီဒီယိုကားတွေထဲမှာတွေ့ဖူးတဲ့ အာဖရိကတိုက် တော ကြီးတွေထဲက အင်နာကွန်ဒါဆိုတဲ့ မြွေကြီးလိုမျိုးပဲ… သူ့နောက်ကို လျှောခနဲ၊ လျှောခနဲ လျင်လျင်မြန်မြန်နဲ့ လိုက်နေတယ်၊
သူ သေပြေးရှင်ပြေး ပြေးနေပေမယ့် ပြေးနေပေမယ့် ကုန်းဂမူလေး တစ်ခုအနီးမှာ မြွေကြီးသူ့ကိုမီသွားတယ်….။ သူက “မသတ်ပါနဲ့၊ ကျွန်မကို မသတ်ပါနဲ့” လို့ လက် အုပ်ချီပြီး တောင်းပန်တယ်။
မြွေကြီးက နီရဲနေတဲ့မျက်လုံးအစုံနဲ့ သူ့ကိုအပေါ်ကနေ မိုးပြီး ကြည့်နေတယ်။ လျှာနှစ်ခွကလည်း ပြူတစ်၊ ပြူတစ်ထုတ်လို့။ ခဏနေတော့ သူ့ရဲ့အမြီးကြီးနဲ့ မြတ်နိုးဇင်ရဲ့ခန္ဓာကိုယ်ကို စပြီးရစ်ပတ်တယ်…။
ထိတ်လန့်ချောက်ချားခြင်းကြီးစွာနဲ့မြတ်နိုးသဇင်အော် ဟစ်ရုန်းကန်တယ်။
ကံအားလျော်စွာ သူအိပ်ရာက လန့်နိုးသွားတယ်။ ကြောက်စိတ်ကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေတယ်…၊ ချွေးတွေကလည်း ရွှဲနစ်လို့…။ အဲဒီအချိန်မှာပဲ တစ်စုံတစ်ခုကို သူသတိပြုမိလိုက်တယ်_၊
သူ့ညာဘက်လက်တာ အကောင်တစ်ကောင်ရဲ့ ကိုယ် ပေါ်က အကြေးခွံလိုအရာတွေနဲ့ ထိမိနေတယ်ဆိုတာ သိလိုက် တယ်။သိတဲ့အချိန်မှာပဲ အကြေးခွံတွေဟာ ဆတ်ခနဲ တွန့်သွား ဘာကို သူခံစားသိ_ သိလိုက်တယ်။
“အကောင်တစ်ကောင်….”သူ ငယ်သံပါအောင် အလန့်တကြားအော်ပြီး လက်ကို ပုပ်လိုက်တယ်၊ ပြီးတော့ ချက်ချင်းဆိုသလိုပဲ နောက်တစ်ကြိမ် သူပြန်လှည့်ကြည့်လိုက်တယ်။ အကြေးခွံလိုအရာတွေ မရှိတော့ဘူး..၊
သူ အရမ်းအံ့ဩသွားတယ်….
“စောစောတုန်းက အမှန်တကယ် ထိမိကိုင်မိလိုက်တဲ့ အကြေးခွံလိုအရာတွေ ဘယ်ရောက်သွားတာလဲ… အိပ်မက်ကို တကယ်ထင်နေတာများလား..” သူ သေသေချာချာ ပြန်ပြီးစဉ်းစားတယ်။ ဒီတော့လည်း အိပ်မက်မဟုတ်ဘဲ အကြေးခွံလိုအရာ တွေကို အမှန်တကယ် ထိမိ၊ ကိုင်မိတယ်လို့ပဲ အဖြေကထွက်လာ တယ်…
သေသေချာချာ ထိကိုင်မိတယ်..။ ဒါဆိုရင် အခုဘယ်ရောက်သွားလဲ… ဒီလိုကျပြန်တော့လည်း သူ မပြောတတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့စိတ်ထဲ သံသယအတွေးတစ်စ ရောက်လာတယ်။
အဲဒီအတွေးကတော့….။
‘“ညစဉ်ညတိုင်း ရရှိ၊ ရှုရှိုက်နေရတဲ့ညှီနံ့ကြီးဟာ ဒီည တွေ့လိုက်တဲ့ အကြေးခွံတွေနဲ့အကောင်ကြီးဆီက ထွက်လာတဲ့ ညှီနံ့ကြီးများလား…” ဆိုတဲ့ သံသယအတွေးတစ်စပဲဖြစ်ပါ တယ်။“ကျွန်တော့်ဆီကို အမျိုးသမီးတစ်ယောက် ရောက်လာတယ်….။
ညစဉ်ညတိုင်း သူ့အိပ်ခန်းထဲမှာ ညှီနံ့ကြီးနံနေလို့တဲ့…။ ပြီးတော့ သူ့အိပ်ရာကုတင်ပေါ်မှာ အကြေးခွံတွေနဲ့အ ေကာင်ကြီးတစ်ကောင် ရောက်လာတယ်လို့လည်း ပြောတယ်၊ အဖြစ်အပျက်ကတော့ တော်တော်ထူးဆန်းတယ်။ စစ်ဆေးကြည့်ဖို့ မနက်ဖြန် မနက်ကိုးနာရီ ချိန်းထားတယ်…
လက်တွေ့လေ့လာချင်ရင် ကျွန်တော့်ဓါတ်ခန်းကို လာခဲ့။မနေ့က ဆရာပွင့် ဖုန်းဆက်တယ်။ •
ဒါ့ကြောင့် ဒီနေ့မနက်စောစော ထွက်လာခဲ့တယ်။ ရွှေပြည်သာကနေ ၁၂၄ (အထူး) စီးပြီး ဘတ္တာမှတ်တိုင် က ဆင်းတယ်။
အဲဒီနောက် ဆရာပွင့်ရဲ့ဓါတ်ခန်းရှိတဲ့လှိုင်မြို့နယ်၊တတား ဦးအရှေ့ဘက်က ကျိုက်သာဒီကံပွင့် ဆုတောင်းပြည့်စေတီတော်ဆီ ဆက် လျှောက်လာခဲ့တယ်။
စာရေးသူ ရောက်သွားတဲ့အချိန်က ကိုးနာရီထိုးဖို့ဆယ့်ငါးမိနစ်လောက်လိုသေးတယ်….။
ဆရာပွင့်ကတော့ ဓါတ်ခန်းတံခါး ဖွင့်ပြီးနေပြီ…၊ စားပွဲခုံပုလေးပေါ်က ပန်းအိုးမှာ ပန်းတွေလဲပြီးနေပါပြီ။ ““လာ…. စာရေးဆရာရေ..၊ ဧည့်သည်တွေလည်း ကား နဲ့ လာနေကြပြီတဲ့၊ အခုလေးတင်ပဲ ဖုန်းဆက်တယ်…” ဆရာပွင့်က စာရေးသူကို ဆီးကြိုနေရာပေးရင်း ပြော တယ်။
ဆရာပွင့်နဲ့ စာရေးသူခင်မင်ကြတာ နှစ်တွေတော်တော် ကြာနေပါပြီ….။
ဆရာပွင့် အရင်နေတာက လှိုင် (၇) ရပ်ကွက်ထဲမှာ။ စာရေးသူရဲ့ တစ်ဝမ်းကွဲ ညီနဲ့ညီမတွေကလည်း (၇) ရပ်ကွက်၊ သရက်မြိုင်ထဲမှာ နေကြတယ်…။ညီ၊ ညီမတွေဆီ စာရေးသူအလည်ရောက်တဲ့အခါဆရာ ပွင့်နဲ့ မျက်မှန်းတန်းမိလာတယ်….။
အဲဒီကနေ ဖြစ်ရပ်မှန် ထူးထူးဆန်းဆန်းအဖြစ်အပျက် တွေ ရှာဖွေရေးနေတဲ့စာရေးသူနဲ့…၊ စုန်းကဝေ၊တစ္ဆေ၊ မြေဖုတ်ပယောဂအတိုက်အခိုက်
တွေတုတဲ့ ရွှေရင်ကျော်ဆရာပွင့်တို့သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့မိကြပါတယ်။
အဲဒီနောက်ပိုင်းမှာ ဆရာပွင့်ကိုယ်တွေ့ ကုသပေးခဲ့ရတဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်တော်တော်များများ စာရေးသူ ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ဖြစ်လာခဲ့တယ်…၊
“ဆရာပွင့်ရေ…။ လူနာအခြေအနေက ဘယ်လိုတဲ့”
ဆရာပွင့်က အနီးကထွေးခံကို ယူတယ်၊ ကွမ်းတံတွေး ထွေးထည့်တယ်။
ပြီးမှ စာရေးသူရဲ့အမေးကို ဖြေတယ်။ “လူနာလို့တော့ မပြောနိုင်ဘူးဗျ…၊ ဒါပေမဲ့ သူ့မှာ ပယောဂတစ်စုံတစ်ခုတော့ အနှောင့်အ ယှက်ပြုတာ ခံနေရပုံရတယ်၊ နာမည်က မြတ်နိုးသဇင်တဲ့…။ သူပြောတဲ့အတိုင်းဆိုရင်တော့တော်တော်ထူးဆန်းမယ့် အဖြစ်အပျက်ပဲ….
ဘယ်ကဘယ်လို ရောက်နေမှန်းမသိတဲ့ ညှိနံ့ကြီးနံနေ တာ လေးလလောက်ရှိပြီတဲ့…။
နောက်ပြီးတိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ကိုယ်ခန္ဓာက လို့ထင်ရတဲ့ အကြေးခွံတွေကိုလည်း အိပ်ရာပေါ်မှာ လက်နဲ့စမ်းမိတယ်…..။
ဒါပေမဲ့ ဘာမှန်းမသိခင် ပျောက်သွားတယ်တဲ့… ““အဲဒါ ဘာသဘောလဲ ဆရာပွင့်၊ ဘာဖြစ်နိုင်လဲ…” “စစ်ကြည့်မှ သိရမှာပဲဗျ..၊ ခဏနေရင် ရောက်လာမှာပါ…”
စာရေးသူနဲ့ ဆရာပွင့်တို့နှစ်ယောက် စုန်းကဝေ အောက်လမ်းပညာသည်တွေအကြောင်းနဲ့ဆန်းကြယ်ပြီးတန်ခိုး ရှိတဲ့စုန်းနိုင်ဂမုန်းတွေအကြောင်းပြောရင်းစကားကောင်းနေကြ တယ်….။
အဲဒီအချိန်မှာပဲ ဓါတ်ခန်းရှေ့ကို ပါဂျဲရိုးကားလေးတစ်စီး ထိုးဆိုက်လာတယ်။
စာရေးသူရော၊ ဆရာပွင့်ပါ ကားလေးဆီကို ပြိုင် ကြည့်မိကြတယ်။
ပထမဦးဆုံး အရပ်မြင့်မြင့်၊ ဆံနွယ်ရှည်ရှည်တွေ ကျော ပေါ်ဖြန့်ချထားတဲ့…။မိန်းပချင်းတောင် အနည်းဆုံးနှစ်ခါလောက် ပြန်လှည် ကြည့်ရမလောက်၊ မျက်နှာဟန်ပန်ရော၊ ကိုယ်လုံးကိုယ်ပေါက်ပါ အချိုးကျကျလှပတဲ့ မိန်းမချောလေးတစ်ယောက် ကားခန်းတံခါးဖွင့် ဆင်းလာတယ်။
“အဲဒါပေါ့..၊ မြတ်နိုးသဇင်ဆိုတာ….” ဆရာပွင့်က စာရေးသူကြားရုံသာ ပြောတယ်။ မြတ်နိုးသဇင်ဆိုတဲ့ မိန်းမချောလေးက ကားပေါ်ကခပ် သွက်သွက်ဆင်းပြီး နောက်ခန်းတံခါးကို ဆွဲဖွင့်ပေးတယ်။ ကားပေါ်က အသားလတ်လတ်၊ ထောင်ထောင်မောင်း မောင်း၊ ခန့်ခန့်ညားညားလူကြီးတစ်ယောက်နဲ့…။ အသားဖွေးဖွေး၊ · မပိန်မဝနဲ့ စိတ်သဘောထားပြည့်ဝ ပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးကြီးတစ်ဦးတို့ ဆင်း လာတယ်…
မြတ်နိုးသဇင်ဟာ လူကြီးနှစ်ယောက်ကို အသာအယာ တွဲခေါ်ပြီး ဓါတ်ခန်းထဲဝင်လာတယ်။” ဆရာ..သမီးကို စိတ်ပူလို့တဲ့လေ၊ မုံရွာက အားချင်းလိုက်လာတာ… ”
မြတ်နိုးသဇင်က သူ့မိဘနှစ်ပါးနှင့် ဆရာပွင့်ကိုမိတ် ဆက်ပေးတယ်။
2“ကျွန်တော့်သမီး ရင်ဆိုင် ကြုံတွေ့နေရတဲ့အဖြစ်ကတော့ ကျွန်တော့်တစ်သက်နဲ့တစ်ကိုယ် မကြားဘူးတဲ့ အဖြစ်ပါပဲ။ ဆရာ့ပညာနဲ့ ဖယ်ရှားရှင်းလင်းပေးဖို့ မေတ္တာရပ်ခံပါ တယ်…”
မြတ်နိုးသဇင်ရဲ့ဖခင်ကလည်း ရည်ရည်မွန်မွန်နဲ့ ဆရာ ပွင့်ကို မေတ္တာရပ်ခံတယ်၊ ပဋိသန္တာရစကား ဆိုတယ်။
“ဒါက စာရေးဆရာ မောင်မှိုင်းညို့ပါ။ ထူးထူးဆန်းဆန်း ဖြစ်ရပ်မှန်တွေရေးတဲ့ စာရေးဆရာ
ဆရာပြောပြလို့ သမီးကြုံတွေ့နေရတဲ့ အဖြစ်အပျက်ကို သိပြီး စိတ်ဝင်စားလို့တဲ့၊လက်တွေ့ လေ့လာဖို့လာတာ…” ဆရာပွင့်က မြတ်နိုးသဇင်တို့မိသားစုသုံးယောက်နဲ့ စာ ရေးသူကို မိတ်ဆက်ပေးတယ်။
“ဆရာ၊ သမီးရဲ့ အဖြစ်အပျက်ကို စာရေးမလို့လား”
“အခုအခြေအနေက ဘာမှန်းမသိရသေးဘူးလေ၊ အ မှန်တကယ် ထူးထူးခြားခြား ဖြစ်ရပ်ဆန်းဆိုရင်တော့ ရေးဖြစ် ပါမယ်….အဲဒီအတွက်လည်း တစ်ခါတည်းခွင့်တောင်းပါတယ်…” “ရပါတယ် ဆရာ၊
သမီးကြုံတွေ့နေရတဲ့ အဖြစ်အပျက်က ထိတ်လန့်အံ့ဩ စရာကောင်းလွန်းလို့သမီးကိုယ်တိုင်တောင်ဝတ္ထုရေးချင်နေတာ၊ မရေးတတ်လို့သာပေါ့….။
အခု ဆရာရေးမယ်ဆိုတော့ သမီးသဘောတူပါတယ်၊ ရေးပေးပါ ဆရာ…”
“ကဲ…. ကဲ.. ကဲ.. ဒါဆိုလည်း စစ်ကြည့်လိုက်ရ အောင်…
ပထမဦးစွာ သမီးရဲ့အသက်နဲ့ ခန္ဓာကို ဆရာ့ကိုအပ်ပါ၊ ဒီလိုအပ်နှံမှ ဆရာတို့က လူနာကို ကုသခွင့်ရတယ် ကွယ့်….
ဒါက ဆရာတို့ဂိုဏ်းတော်ကြီးက ချမှတ်ထားတဲ့ စည်း မျဉ်းစည်းကမ်း ဖြစ်ပါတယ်…”
ဆရာပွင့်ကား ပယောဂစစ်ရန် သူ၏လုပ်ငန်းကို နိဒါန်း ပျိုးလိုက်ပြီ ဖြစ်ပါတယ်။
ဆရာပွင့်က မြတ်နိုးသဇင်ကို ခြေထောက်နှစ်ဖက်စင်း ပြီး ထိုင်ခိုင်းတယ်။
လက်နှစ်ဖက်ကိုတော့ အောက်က သင်ဖြူးဖျာပေါ် ထောက်ထားစေတယ်။
“ကြာသပတေးသမီး မမြတ်နိုးသဇင်ကို အနှောင့် အယှက်ပြုနေတဲ့ပုဂ္ဂိုလ်ဟာ စုန်းအမျိုးမျိုး၊ ကဝေအမျိုးမျိုး၊
အောက်လမ်းပညာသည် အမျိုးမျိုးထဲက တစ်မျိုးဖြစ်နေရင် ညာခြေ မြှောက်မရပါစေ”
ဆရာပွင့်ဟာ “စေ” တစ်လုံးသုံးပြီး အမိန့်ပေးလိုက် တယ်၊ ပြီးတော့…
“ကဲ သမီးရဲ့ ညာခြေကို မြှောက်ကြည့်ပါ” လို့ ပြောလိုက်တယ်။
မြတ်နိုးသဇင်ဟာ သူမရဲ့ထမီစကို အသာအယာ လက် ဖြင့်ထိန်းဖိပြီး ညာခြေကိုမြှောက်ကြည့်တယ်။ ညာခြေ အပေါ်မြောက်လာတာ တွေ့ ကြရတယ်။ ဆရာပွင့် ရှေ့နည်းအတိုင်းပြောပြီး အမိန့်ပေးပြန်တယ်….။
“ကြာသပတေးသမီး မပြတ်နိုးသဇင်ကို အနှောင့်အယှက်ပြုနေတဲ့ပုဂ္ဂိုလ်ဟာ စုန်းအမျိုးမျိုး၊ ကဝေအမျိုးမျိုး၊ အောက်လမ်းပညာသည် အမျိုးမျိုးထဲက တစ်မျိုးဖြစ်နေရင် ဘယ်ခြေ မြှောက်…မရစေ….”
အမိန့်ပေးပြီး ဘယ်ခြေကိုမြှောက်ခိုင်းတယ်။ ဘယ်ခြေ မြှောက်လို့ရပြန်တယ်။
“သမီးကို အနှောင့်အယှက် ပြုနေတဲ့ပုဂ္ဂိုလ်က စုန်း၊ ၀၊အောက်လမ်းပညာသည်တွေထဲက မဟုတ်ဘူးဆိုတာ ကဝေ၊ သေချာတယ်..၊
ကဲ နောက်တစ်မျိုး စမ်းစစ်ကြည့်ကြဦးစို့…”
“ကြာသပတေးသမီး မမြတ်နိုးသဇင်ကို အနှောင့်အ ယှက် ပြုနေတဲ့ပုဂ္ဂိုလ်ဟာ သုံးဆယ့်တစ်ဘုံသား ပြိတ္တာမျိုးနွယ်၊ တစ္ဆေ၊သရဲ၊မြေဖုတ်၊ဘီလူး၊ကျတ်၊မှင်စာအစရှိသောနာနာ ဘာဝပုဂ္ဂိုလ်သတ္တဝါဆိုရင် ညာခြေ မြှောက်မရစေ ”
ဆရာပွင့်က အမိန့်ပေးပြီး ညာခြေမြှောက်ခိုင်းတယ်။ ညာခြေမြှောက်လို့ရတာ တွေ့ရတယ်။ နောက်တစ်ကြိမ်အမိန့်ပေးပြီး ဘယ်ခြေမြှောက်ခိုင်း တော့လည်း ဘယ်ခြေအပေါ် မြောက်လာတယ်….။
““လူသားတစ်ယောက်ကို ပြုစားတာ၊ ဖမ်းစားကာ၊ အနှောင့်အယှက် အပြုတတ်ဆုံးသူတွေကတော့ စုန်းကဝေ၊ အောက်လမ်းပညာသည် အမျိုးမျိုးနဲ့…ဖုတ်၊ပြိတ္တာ၊တစ္ဆေ၊သရဲ၊ကျတ်၊မှင်စာအစရှိတဲ့နာ နာဘာဝတွေပဲ….၊
ဒါပေမဲ့ ဆရာစစ်ဆေးကြည့်တော့ သူတို့နဲ့ပတ်သက် စပ်ဆိုင်ခြင်းမရှိတာ တွေ့ရတယ်။ဒါဆိုရင်နှောင့်ယှက်နေတဲ့ ပုဂ္ဂိုလ်သတ္တဝါဘယ်သူလဲဆို တာသိဖို့ ဆက်စစ်ကြတာပေါ့..
ဆရာပွင့်က “စေ” တစ်လုံးနဲ့အမိန့်ပေးပြီး အနှောင့်အ ယှက်ပြုနေသူ ဘယ်သူလဲဆိုတာ ဆက်စစ်တယ်။
အသူရကာယ် ဘုံသားတွေဖြစ်တဲ့ နေ့စံညခံ ပုဂ္ဂိုလ်တွေ၊ နေ့ခံညစံ ပုဂ္ဂိုလ်တွေ….၊ရုက္ခစိုး၊ အာကာသစိုး၊ ရက္ခိုလ်ဆိုတဲ့ ဝိနာဘာဝတွေ…၊ ဥစ္စာစောင့်၊သိုက်စောင့်အမျိုးမျိုးတွေကို တစ်မျိုးပြီးတစ် မျိုး စစ်ကြည့်တယ်၊ ဒါပေမဲ့..။
မမြတ်နိုးသဇင် ကြုံတွေ့နေရတဲ့ ပယောဂအနှောင့်အ ယှက်ဟာ သူတို့အားလုံးနဲ့ လုံးဝမသက်ဆိုင်ဘူးဆိုတာ ထင်တင် ရှားရှားတွေ့ရတယ်….၊
“ကြာသပတေးသမီး မမြတ်နိုးသဇင် ကြုံတွေ့နေရတဲ့ ပယောဂအနှောင့်အယှက်ဟာ အဏ္ဏဝါပျော်ပါး ရေနဂါးတို့နဲ့ ပတ်သက်ဆက်နွယ်ပါက ညာခြေ မြှောက်လို့မရစေ…..”
ဆရာပွင့်က နတ်နဂါးအမည်ဖော်ပြီး အမိန့်ပေးတယ်။ ရှေးနည်းအတိုင်း မြတ်နိုးသဇင်ရဲ့ ညာခြေကို မြှောက် ခိုင်းလိုက်တယ်။
မြတ်နိုးသဇင်ကလည်း ဆရာပွင့်ညွှန်ကြားတဲ့အတိုင်း ညာခြေကို မြှောက်လိုက်တယ်…၊
သူမ အံ့ဩသွားတယ်။
ပယောဂစစ်နေတဲ့တစ်လျှောက်လုံး မြှောက်လို့၊ မ..လို့ရခဲ့တဲ့ခြေထောက်ဟာ ဒီတစ်ခါတော့ မြှောက်လို့မရဘူး…၊ သူမ အားစိုက်ပြီးမြှောက်ကြည့်တယ်။ မရဘူး…၊ တစ်စုံတစ်ယောက်က ညာခြေကို အပေါ်က နေ အားနဲ့ဖိပြီး ကပ်ထားတဲ့အတိုင်း ကပ်နေတယ်။ သူမ ဘယ်လိုမြှောက်မြှောက် ညာခြေကြွမလာဘူး….၊ “ကလေးမကတော့ခြေထောက်မြှောက်မရဘူးဖြစ်နေ
အမေဖြစ်သူက သမီးရဲ့ညာခြေကို အပေါ်ရောက်အောင် မြှောက်ပေးပါဦး…” ဆရာပွင့်စကားကြောင့်မြတ်နိုးသဇင်ရဲ့မိခင်ရှေ့တိုးလာတယ်။
သမီးဖြစ်သူရဲ့ ညာခြေကိုကိုင်ပြီး မြှောက်တယ်။ အံ့အားသင့်သွားတဲ့အမူအရာ သူမမျက်နှာမှာ ထင်ဟပ် သွားတယ်…၊
သူမ အားစိုက်ပြီး ရအောင်မြှောက်ကြည့်တယ်။ မြတ်နိုးသဇင်ရဲ့ ခြေထောက်ကတော့ ဘယ်လိုမြှောက် မြှောက် မြောက်မလာဘူး..။
“ကြာသပတေးသမီး မမြတ်နိုးသဇင် ကြုံတွေ့နေရတဲ့ ပယောဂအနှောက်အယှက်ဟာ အဏ္ဏဝါပျော်ပါး၊ ရေနဂါးတို့နဲ့ ပတ်သက်ဆက်နွယ်ပါက ညာခြေမြှောက်လို့ရစေ…..”
ဆရာပွင့်ရဲ့အမိန့်အဆုံးမှာ စောစောက ဘယ်လိုမြှောက် လို့မှမရတဲ့ညာခြေတာလွယ်လင့်တကူပဲမြှောက်လို့ရသွားတယ်။ ဆရာပွင့်ဟာ သေချာသည်ထက် သေချာအောင်၊ ဘယ် ခြေမြှောက်ခိုင်းပြီး စစ်ပြန်တယ်။
“ကြာသပတေးသမီး မမြတ်နိုးသဇင် ကြုံတွေ့ေနရတဲ့ပယောဂအနှောင့်အယှက်ဟာ အဏ္ဏဝါပျော်ပါး၊ ရေနဂါးတို့နဲ့ ပတ်သက်ဆက်နွယ်ပါက ဘယ်ခြေမြှောက်လို့ မရစေ…..”
ဆရာပွင့် အမိန့်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် မြတ်နိုး သဇင်ရဲ့ဘယ်ခြေဟာမမြင်ရတဲ့တစ်ဦးတစ်ယောက်ရဲ့ဖိကပ်ထား တာကို ခံနေရတဲ့အတိုင်း အပေါ်ကိုမြှောက်လို့မရတော့ဘူး…..။ ဆံရာပွင့်က ကာယကံရှင်ရဲ့မိခင်နဲ့ ဖခင်ကိုပါ သမီးဖြစ် သူရဲ့ဘယ်ခြေကို မြှောက်ခိုင်းတယ်….
ဘယ်ခြေကတော့ ဘယ်လိုမှ မြောက်မလာဘူး။ “ကဲ…. ကဲ….ဒီလောက်ဆိုရင်သမီးကိုအနှောင့်အယှက် ပြုနေတဲ့သူဟာ နဂါးသိုက်ကနဂါးဆိုတာ ထင်ထင်ရှားရှားသိ လောက်ပါပြီ…။
ရေထဲမှာ ပျော်ပါးကျက်စားနေထိုင်ကြတဲ့သတ္တဝါမှန်သ မျှမှာ အညှီနံ့ရှိကြပါတယ်။
သမီးဆီကို ဒီနဂါးရောက်လာပါလိမ့်မယ်…။ ဒီလိုရောက်လာတဲ့အချိန်ကစပြီး ညှီနံ့ကြီးနံနေခဲ့တာ ဖြစ်တယ်…
နောက်ပိုင်းမှာ နဂါးက သမီးအိပ်တဲ့ကုတင်ပေါ်ထိ တက်လာတယ်၊
ဒါ့ကြောင့် သူ့ရဲ့ခန္ဓာကိုယ်က အကြေးခွံတွေကို သမီးကိုင် မိလိုက်တာပေါ့…”
““ဆရာ့ကြောင့်သာ ရှင်းရှင်းလင်းလင်း သိရပါတော့ တယ်….။
ကျွန်တော်တို့ မိဘတွေရော၊ သမီးကပါ မနာလိုတဲ့သူ တစ်ယောက်ယောက်က အောက်လမ်းပညာသည်နဲ့ နှောင့် ယှက်နေတယ်လို့ပဲ ထင်ခဲ့ကြတယ်..”
“မဟုတ်ပါဘူးခင်ဗျာ၊စုန်းကဝေ၊ တစ္ဆေ၊ မြေဖုတ်၊ နာနာဘာဝ၊ ဝိနာဘာဝ ဘာတစ်ခုမှ မဟုတ်ဘူး…။
နဂါးသိုက်က နဂါးတစ်ကောင် နှောင့်ယှက်နေတာပါ
“ဟုတ်ပါတယ် ဆရာ၊ ဆရာ့ကျေးဇူးကြောင့် ယုံမှား သံသယရှင်းရှင်းနဲ့ နဂါးဆိုတာသိရပါပြီ.. သမီးအပေါ်ကျရောက်နေတဲ့ အနှောင့်အယှက်ကိုသာ ကင်းစင်သွားအောင် ရှင်းပေးပါဆရာ…”
“ဟုတ်ကဲ့ပါ၊ ဒီအတွက် ဘာမှမပူပါနဲ့၊ ကျွန်တော်က တာဝန်ယူပါတယ်..။
တစ်ခုရှိတာက ဒီလိုဖြေရှင်းနိုင်ဖို့ဆိုရင် အကြောင်းခြင်း ၃။ အချက်အလက် အစုံအလင်သိမှ ဖြစ်ပါမယ်.။ ဒါတွေကိုသိဖို့ စောစောကလိုပဲ ဆက်ပြီးစစ်ကြည့်ရမှာ ဖြစ်ပါတယ်..”
“ဟုတ်ကဲ့ပါ။ ကျွန်တော်တို့မိဘတွေက ဆရာ့ကိုအပ်နှံ တယ်..”
“ကဲ… သမီးလည်း ပင်ပန်းနေရော့မယ်၊ ခဏနားမယ်၊ နားပြီးမှ ပြန်စစ်ကြည့်ကြတာပေါ့…” စာရေးသူကား ဆရာပွင့် ပယောဂစစ်ဆေးနေမှုကို လည်းကောင်း၊ဆရာပွင့်နှင့် မမြတ်နိုးသဇင်၏ဖခင်တို့ ပြောဆိုနေကြ သည်ကိုလည်းကောင်း.…..
ဘာတစ်ခုမှ ဝင်ရောက်ပြောဆိုမှု မပြုပါ.။ သူတို့ ပြောကြဆိုကြသည်များကို ဖုန်းဖြင့်အသံဖမ်း ရံဖန်ရံခါ ဖုန်းဖြင့် မှတ်တမ်းတင်၊ ဓါတ်ပုံရိုက်ကူးခြင်း တို့ကိုသာ ပြုလုပ်လျက်ရှိပါတယ်။
မလှမ်းမကမ်းရှိ လက်ဖက်ရည်ဆိုင်မှ ဆရာပွင့်မှာယူဧည့်ခံတဲ့ လက်ဖက်ရည်နှင့်မုန့်များကို စားရင်းသောက်ရင်း နား နားနေနေ စကားပြောကြတယ်။ ဆယ့်ငါးမိနစ်လောက်ကြာမှ “ကဲ…. အလုပ်လေး ဆက်လုပ်လိုက်ကြဦးသို့ကွဲ့…” ဟု ဆရာပွင့်က ပြောလိုက်ပါတော့တယ်။
ဒိနေရာမှာ စာရေးသူအနေနဲ့ စာဖတ်သူကို ကြိုတင် တင်ပြစရာ အချက်နှစ်ချက်ရှိပါတယ်..။ နံပါတ်တစ် အချက်က….
ဆရာပွင့်အနေနဲ့ ယခင်ပြုလုပ်နေကျ ပယောဂစစ်နေ ကျအတိုင်း….။
ပြုစားနှောင့်ယှက်သူကို အမိန့်ပေးပြီးခေါ် တစ်စုံတစ်ဦး ဆီကို ပူးကပ်ခိုင်း၊
ထို့နောက်မှ သိချင်တဲ့အချက်အလက်၊ အကြောင်းအရာ တွေ မေးမြန်းတဲ့နည်းကို အသုံးမပြုတဲ့အချက် ဖြစ်ပါတယ်။
(ဒီလိုပူးကပ်ခိုင်းပြီးပေးတဲ့နည်းကိုဆရာပွင့်ပြုလုပ်ခဲ့ဖူး / တဲ့အကြောင်း၊ စာရေးသူရဲ့ ပြသပိတ်တောင်က သိုက်ဆက်ညီအစ်မ စာအုပ်နဲ့၊ ဥစ္စာစောင့်တွေ လှူတဲ့ငွေ စာအုပ်တွေမှာ ဖော် ပြထားပါတယ်..။)
နံပါတ်နှစ် အချက်ကတော့…..
ယခုတစ်ကြိမ်ဆရာပွင့်ပယောဂစစ်ဆေးရာမှာ ညာခြေ၊ ဘယ်ခြေမြှောက်ခိုင်းတဲ့ နည်းတစ်ခုတည်းကိုသုံးပြီး ဟုတ်၊ မဟုတ် စစ်ဆေးခဲ့ပါတယ်။
ဥပမာ- မမြတ်နိုးသဇင်နဲ့ လာရောက်နှောင့်ယှက်တဲ့ နဂါးတို့ ယခင်ဘဝက ဘယ်လိုတော်စပ်ခဲ့သလဲလို့ စစ်ဆေးတဲ့ အခါ….မိဘနဲ့ သားသမီးတော်စပ်ခဲ့ရင် ညာခြေမြှောက်၍ ညီအစ်ကို၊ မောင်နှမတော်စပ်ခဲ့ရင် ညာခြေမြှောက်၍မရစေ….
ညီအစ်ကို၊ မောင်နှမတော်စပ်ခဲ့ရင် ညာခြေမြှောက်၍ မရစေ….. ချစ်သူရည်းစား တော်စပ်ခဲ့တယ်ဆိုရင်… လင်မယားတော်စပ်ခဲ့တယ်ဆိုရင် ညာခြေမြှောက်၍ မရစေ.. စသည်ဖြင့် စစ်ဆေးခဲ့ပါတယ်။ ဒီလိုမေးသမျှ မြန်းသမျှအားလုံးကို ရေးသားဖော်ပြနေ ပါက မလိုအပ်ဘဲ စာမျက်နှာဖြုန်းတီးရာကျတဲ့အပြင် စာဖတ်အနေနဲ့လည်း ငြီးငွေ့ ပျင်းရိနိုင်တဲ့အတွက်… ဖြစ်စဉ်ကို တစ်လုံးမကျန်ရေးသားဖော်ပြမှု မပြုတော့ ဘဲ လိုအပ်သလောက်သာ ဖော်ပြပါ့မယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါ တယ်။
တစ်နာရီနဲ့ ဆယ်မိနစ်တိတိစစ်ဆေးပြီးမှ ဆရာပွင့်သိ ချင်တဲ့ အချက်အလက်တွေ ရခဲ့ပါတယ်…။ ရရှိတဲ့ အချက်အလက်တွေက…။
မမြတ်နိုးသဇင်ဟာနဂါးသိုက်ကလာတဲ့နဂါးသိုက် ဆက်ဖြစ်တယ်….
လာရောက်နှောင့်ယှက်နေတဲ့နဂါးဟာအတိတ်က နဂါးဘဝမှာ မြတ်နိုးသဇင်ရဲ့ လင်ယောက်ျား တော် စပ်ခဲ့တယ်…။
ဒါ့ကြောင့်မမြတ်နိုးသဇင်ရှိရာသို့လာရောက်နေတာ ဖြစ်တယ်….။
မမြတ်နိုးသဇင်ဟာ လူ့ဘဝကနေနဂါးသိုက်ကိုပြန် ဖို့အချိန်နီးကပ်နေပြီဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ တွေ့ရှိချက်တွေက မြတ်နိုးသဇင်ကိုရော၊ သူ့ရဲ့မိဘနှစ် ပါးကိုပါ ထိတ်လန့်သွားစေဟန်တူရဲ့…။သူတို့အားလုံးရဲ့ မျက်နှာတွေမှာ စိုးရိမ်သောကအရိပ် မည်းတွေ သိသိသာသာ ဖုံးလွှမ်းသွားတယ်….၊
ဆရာပွင့် စစ်ဆေးပေးတာကိုလည်း မယုံလို့မရတဲ့ အနေအထား ဖြစ်နေတယ်။
ဘာ့ကြောင့်လည်းဆိုတော့သူတို့ရှေ့မှာသူတို့ကိုယ်တိုင် ကိုယ်ကျ ပါဝင်စစ်ဆေးခဲ့တာကြောင့်ပါ…..၊
“ဒါဆိုရင် ကျွန်တော့်သမီးလေးအပေါ် ကျရောက်လာ မယ့် . ဘေးအန္တရာယ်တွေကို ဘယ်လိုနည်းနဲ့ ကာကွယ်စောင့် ရှောက်လို့ရမလဲ ….