သိုက်နန်းရှင်ရဲ့ချစ်သူ(စ/ဆုံး)

Unicode Version

သိုက်နန်းရှင်ရဲ့ချစ်သူ(စ/ဆုံး)
———————————–
ကျွန်တော့်ဆန္ဒက ပဲခူးရိုးမတောတောင်ကြီးတွေထဲ သစ်၊ ဝါး၊ ထင်း၊ လှည်းတွေနဲ့အကြုံလိုက်ပြီးတောတောင်သဘာဝအလှခံစားချင်စိတ်၊ ဗဟု သုတ ရှာမှီးလိုတဲ့စိတ်ကို ချိုးနှိမ်မရလို့ပါပဲ။ ရင်ထဲဖြစ်နေတဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်ပြီး ခွင့်ပြုချက်တောင်းတဲ့အခါအဖေက …
“သေချင်လို့လား- လုံးဝ ခွင့်မပြုဘူး”
ရယ်လို့ ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။ ကျွန်တော်ကလည်း ညင် ညင်သာသာနဲ့ တုံ့ပြန်ပြီး အစာငတ်ခံ ဆန္ဒပြလိုက်တာကြောင့် ဆေးဝါးအစုံ အလင် ရိက္ခာအပြည့်အစုံနဲ့ စိတ်ချရတဲ့ လှည်းကြုံရှာပြီး ခွင့်ပြုလိုက်ပါ တယ်။
အသွားမတော် တစ်လှမ်းလို့ ဆိုရမလား၊ မိဘမေတ္တာ စူးတယ်ပဲ ခေါ် မလား၊ သေချင် စိန်မစားနဲ့ သဲဝါကိုသွား။ သဲဝါငှက်များ အရှင်မထားအဆိုနဲ့ အညီငှက်ဖျားမိပြီးအပြင်းဖျားတော့တာပါပဲ။အိမ်အရောက်မြန်ပေလို့သာပါ။ နာရီပိုင်းနောက်ကျရင် အသက်ရှင်ခွင့် ရမှာမဟုတ်ပါဘူး။
အသက်မသေပေမဲ့ သတိလစ်မေ့မြောပြီး ကျွန်တော် လိပ်ပြာလွင့်စဉ် သွားလို့ကျွန်တော့်အဖေကျွန်တော့်အစ်မသောကမီးတွေဟုန်းဟုန်းတောက်
လောင်ကုန်ပါတယ်။
ကောင်းကင်ယံမှာလေအဟုန်နဲ့လွင့်မျောနေတဲ့ကျွန်တော်ဟာမြစ်ကြီး တစ်စင်းရဲ့အရှေ့ဘက်စေတီပုထိုးဆင်းတုသာသနိကအဆောက်အအုံတွေ
ပေါများလှတဲ့ တောင်တန်းကြီးတစ်ခုရဲ့ တောင်ဘက်အစွန်ဆုံးက စေတီ
တစ်ဆူခြေတော်ရင်းကိုရောက်ရှိဖူးမြော်ပြီးဟိုဟိုဒီဒီလိုက်ကြည့်ရင်းစေတီ
ကြီးရဲ့တောင်ဘက်ပေါင်မုန့်လှီးဖြတ်ထားသလိုပဲ့ကျနေတဲ့နေရာကိုလေမှာ
လွင့်မျောရင်းလိုဏ်ဂူကြီးထဲ ရောက်သွားပါတယ်။
လိုဏ်ဂူကြီးထဲမှာတော့မြင်မြင်သမျှရွှေရောင်တဖိတ်ဖိတ်လင်းလက်ပြီး ကျောက်မျက်ရတနာတွေနဲ့အတိပြီးတဲ့နတ်ဘုံနတ်နန်းကြီးကိုအံ့မခန်းမြင်
တွေ့ရပါတယ်။
“ဟင်…”
အဆန်းတကြယ်မြင်ကွင်းတွေ ရင်သပ်ရှုမောကြည့်ရင်းကျွန်တော့်ကို ကျွန်တော် ပြန်ကြည့်လိုက်ချိန်မှာတော့ ကျွန်တော့် အသားအရေတွေ တသွေးတမွေးနုပျိုနေသလိုကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာပဲအိမ်ရှေ့မင်းသား
လို မင်းညီမင်းသားတစ်ပါးလို ဖြစ်နေပါလား။
“ညီတော်”
အသံကြားရာကြည့်လိုက်တော့ကျွန်တော့်လိုပဲမင်းညီမင်းသားဝတ်စုံ
နဲ့ တစ်ယောက်အငြိမ့်မင်းသမီးလို ဘုရင့်သမီးတော်လိုအဝတ်အစားတွေနဲ့
ခပ်ရွယ်ရွယ်အမျိုးသမီးသုံးယောက်ကကျွန်တော့်ကိုအပြုံးနဲ့ လက်ကမ်းကြို
နေပါတယ်။ “မိကြွေ”
“ဟုတ်တယ်- ညီတော်၊လူ့ဘဝကမိကြွေ၊အခုဘဝမှာတော့အစ်ကိုကြီး
ရဲ့နှမတော် နန်းမြထွေးပေါ့”
ကျွန်တော်မိကြွေကိုတစိုက်မတ်မတ်ကြည့်နေမိပါတယ်။ “ညီတော်- အစ်ကိုကြီးတို့မနေချင်ဘူးလား”
မိကြွေရှိတဲ့နေရာ၊ မိကြွေနေတဲ့ကမ္ဘာ ကျွန်တော် နေချင်ပါတယ်။ ဒါကြောင့် နေချင်ပါတယ်လို့ ပြောမယ့် စကားလုံးဟာ နှုတ်ဖျားက ထွက်ကျ မလာဘဲရင်ထဲမှာတစ်ဆို့ရင်းတစ်စုံတစ်ခုကပွေ့ချီသယ်ဆောင်ရာကိုလွင့်မျောလိုက်ပါသွားပါတယ်။
လာလမ်းအတိုင်းအပြန် မြစ်ကြီးတစ်စင်းရဲ့အနောက်ဘက် ခပ်လှမ်း
လှမ်းရောက်တဲ့အခါမြေပြင်မှာချပြီးခြုံလွှာကြီးကိုဖယ်ရှားလိုက်ချိန်မှာတော့
လွန်ခဲ့တဲ့ငါးနှစ်ကသေဆုံးသွားတဲ့ကျွန်တော့်အမေ ဖြစ်နေပါတယ်။
ကျွန်တော်ဟာ အမေ့ကို ကြည့်လိုက်၊ နောက်ကြောင်းကို ကြည့်လိုက် ဒွိဟ ဖြစ်နေစဉ်မှာ အမေ့ပုံဟာ ပုံဆိုးပန်းဆိုး ရုပ်ပျက်ဆင်းပျက် ဖြစ်လိုက်၊ အမေ့ပုံပြန်ပေါ်လိုက်နဲ့မို့ကြောက်လန့်ပြီးကိုင်းတောကြီးတွေတိုးခယောင်း
လမ်းကပြေးလွှားနေရပါတယ်။

“အမေ-အမေ- မလုပ်ပါနဲ့ – အမေ”
“အဖေ-လာပါဦး၊ မောင်လေးသတိရလာပြီ။ အမလေး-ငါ့မောင်လေး မသေတော့ဘူး။ အဖေ မောင်လေးမသေတော့ဘူး”
“သား – ရေသောက်- ရေသောက် ရော့”
ကျွန်တော် အဖေပေးတဲ့ ရေခွက်ကို ဆွဲယူပြီး အားပါးတရ သောက်ချ လိုက်ပါတယ်။ အစ်မ – ခပ်ပေးတဲ့ ရေခွက်ကြီးထဲက ရေတွေနဲ့ မျက်နှာသစ် လိုက်လို့ လန်းဆန်းသွားပါတယ်။
အဖေနဲ့အစ်မအနီးကပ်ပြုစုလို့အသက်ရှင်ခွင့်ရတယ်လို့ဆိုနိုင်ပေမယ့်
ကျွန်တော့်ဆန္ဒ မပြည့်ဝသေးပါဘူး။ ကျွန်တော့်ဆန္ဒကမိကြွေနဲ့ တွေ့ရလို့ပါ။ အချိန်အတော်ကြာ အဖေ ကျွန်တော့် အခြေအနေကို သုံးသပ်ပြီး အိမ်ရှေ့ ဘက်ထွက်သွားချိန်မှာတော့..
“မမ – ကျွန်တော် မိကြွေနဲ့ တွေ့ချင်တယ်”
လို့ တောင်းဆိုပါတယ်။
“တွေ့ရမှာပေါ့ – မောင်လေးရယ်။ မောင်လေး- မြန်မြန်နာလန်ထသွား အောင်ဆေးမှန်မှန်သောက်။ အစားများများစားနော်။ ကျန်းမာရေးကောင်း လာပြီဆို မမကိုယ်တိုင် မိကြွေတို့အိမ်လိုက်ပေးမယ်နော်မောင်လေး” အစ်မပြောတာလည်းမှန်ပါတယ်။ ပိန်ချုံးချိနဲ့ပြီးကမ္မဋ္ဌာန်းရုပ်ပေါက်နေ တဲ့ကျွန်တော့်ပုံစံကိုမြင်ရရင် မိကြွေစိတ်ချမ်းသာမှာမဟုတ်ပါဘူး။ ကျန်းမာ အောင်ကြိုးစားပြီး သွားတွေ့မှ ဖြစ်မှာပါ။
သွားတွေ့မှ ဆိုတာက အဖေ့ကြောင့်ပါ။
“သား- မင်းအရွယ်မငယ်တော့ဘူး။မင်းလူပျိုပေါက်ဖြစ်နေပြီ။ မိကြွေ ကလည်းအပျိုကြီးဖားဖားဖြစ်နေပြီ”
ဟုတ်ပါတယ်၊အဖေစကားလုံးနဲ့ ပစ်လိုက်တဲ့မြားကကျွန်တော်တို့ နှစ်
ယောက်ဟာငယ်စဉ်ဆော့ကစားတတ်တဲ့အရွယ်ကတည်းကတစ်ယောက်နဲ့
တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် သံယော ဇဉ်တွေ ချည်နှောင်ထားကြတာပါ။ ဘယ်လိုမှ ဖြတ်မရတဲ့ သံယောဇဉ်နဲ့ တစ်နေ့တစ်ချိန်အိုးချင်းထားအိုးချင်းထိအဆင့်မျိုးမရောက်စေချင်တဲ့မိဘ မေတ္တာနဲ့ ပိတ်ပင်တားဆီးခြင်းဖြစ်ကြောင်းနားလည်ပေးပါတယ်။ ခက်တာကကျွန်တော်အမှန်အတိုင်းဝန်ခံရရင် အိုးချင်းထိခါမှ ထိရော
ဆိုတဲ့ ဆန္ဒရှိပါတယ်။
မိကြွေတို့ မိဘတွေဟာ ဆင်းရဲနွမ်းပါးသူတွေတော့ မဟုတ်ပါဘူး။ လယ်နဲ့၊ ယာနဲ့၊ ကျွဲနဲ့၊ နွားနဲ့ တောသူဌေးတွေပါ။မိသားစုစည်းစည်းလုံးလုံးနဲ့ ရိုးသားမှု၊ ကြိုးစားမှုတွေနဲ့ ရပ်တည်နေကြတာပါ။ မိကောင်းဖခင်သားသမီး တွေပါ။
မိကြွေဆိုရင်လည်း တစ်ကိုယ်လုံး အပြစ်ပြောစရာမရှိအောင် လှတဲ့ အလှပိုင်ရှင်လေးပါ။ ကြွေရုပ်ကလေးလို လှလို့ မိကြွေရယ်လို့ မှည့်ခေါ်ထား တာပါ။
မိကြွေမိဘတွေဘယ်လောက်ပဲချမ်းသာချမ်းသာမိကြွေဘယ်လောက် ပဲလှလှ အဖေ ဘယ်လိုမှ သဘောတူမှာမဟုတ်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ မိကြွေဟာ မွေးရာပါ စကားမပြောတတ်တဲ့ အ,အမလေးဖြစ်နေလို့ပါပဲ။

မိကြွေသာ စကားပြောတတ်မယ်ဆိုရင် သာလိကာ ငှက်ကလေး ကတောင် အရှုံးပေးရမလောက်ပါ။ စကားမပြောတတ်လေတော့ သူ့လက်
ချောင်းလေးတွေ၊
သူ့ခြေဟန်လက်ဟန်တွေကပဲပြောနေရပါတယ်။
မိကြွေမှာ အစ်ကိုခြောက်ယောက်ရှိပါတယ်။ နံပါတ်ခုနစ်မြောက် အထွေးဆုံးလည်းဖြစ်တဲ့ မိကြွေတစ်ယောက်တည်း မိန်းကလေးဆိုတော့ အစ်ကိုတွေက တုန်နေအောင် ချစ်ကြပါတယ်။ ဒါပေမဲ့ – မိကြွေ လက်ဟန် ခြေဟန်နဲ့ဘာတွေပြောနေတယ်ဆိုတာတော့ ဘယ်အစ်ကိုမှမသိကြပါဘူး။
နားမလည်ကြပါဘူး။
အစ်ကိုတွေမပြောနဲ့ မွေးထုတ်တဲ့ မိဘနှစ်ပါးကတောင် ဘာတွေပြော လို့ ဘာတွေဆိုနေတယ်ဆိုတာနားမလည်ကြပါဘူး။
မိကြွေ ဘယ်သူ့ကို ဘာတွေပြောနေတယ်ဆိုတာ နားလည်တဲ့သူ။ တစ်ရပ်ကွက်လုံးမှ တစ်ယောက်တည်းပဲ ရှိပါတယ်။ အဲဒီတစ်ယောက် ကတော့ ကျွန်တော်ဆိုတဲ့ မောင်ဘိုကြီးပါ။
မိကြွေဘက်ကလည်းခြေဟန်လက်ဟန်မပါဘဲကျွန်တော့် ပါးစပ်လှုပ်
ရုံနဲ့နားလည်သဘောပေါက်ပါတယ်။ ဆော့ကစားတတ်တဲ့အရွယ်ကတည်း ကကျွန်တော်နဲ့ပဲ အဖော်ပြုခဲ့ရတာကြောင့်လို့ ဆိုနိုင်ပါတယ်။ အရှင်းဆုံးပြောရရင် ကျွန်တော်ဟာ မိကြွေအတွက် မိကြွေ မိသားစု တစ်စလုံးကို စကားပြန်လုပ်ပေးရတဲ့သူပဲ ဖြစ်ပါတယ်။
မိသားတစ်စုလုံးက မိကြွေလောက် တန်းညှိပြီး မချစ်နိုင်ပေမဲ့ မိသားစု လိုပဲ လက်ခံထားလို့ မိကြွေတို့ အိမ်ဂေဟာဟာ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကွန်းခိုရာမိကြွေတို့အိမ်ရှေ့ကွက်လပ်ဟာကျွန်တော်တို့နှစ်ယောက်ရဲ့ကစား
ကွင်းပါ။ အိမ်ရှေ့ကုက္ကိုပင်ကြီးအောက်က ကွပ်ပျစ်ဟာ ကျွန်တော်တို့ နှစ် ယောက်ရဲ့အပန်းဖြေရာပါ။ မိကြွေတို့အိမ် မီးဖိုချောင်ဟာ ကျွန်တော်တို့ နှစ် ယောက်ရဲ့စားရိပ်သာလေးပါ။

ကျွန်တော် ငါးနှစ်သားအရွယ်မှာတော့ မိကြွေအတွက် အချိန်ပြည့်
အဖော်မပြုနိုင်တော့ပါဘူး။ ဘာကြောင့်ဆိုကျွန်တော်ကကျောင်းစတက်ပြီး စကားမပြောတတ်တဲ့ အ,အမလေး မိကြွေကတော့ ကျောင်းမနေရရှာပါဘူး။
သနားစရာလည်းကောင်းပါတယ်။ ကျွန်တော်ကျောင်းတက်နေချိန်ဆို
အိမ်ရှေ့ကွပ်ပျစ်မှာငူငူကြီးထိုင်ပြီးကျောင်းပြန်ချိန်ကိုမျှော်နေတတ်ပါတယ်။
ရပ်ကွက်ထဲမှာ ရွယ်တူကလေးတွေနဲ့ ဆော့ပါဆိုလည်း လက်မခံပါဘူး။ ကျွန်တော် ကျောင်းကအပြန် ဝယ်ချမ်းလာတဲ့ မုန့်တွေဆို အငမ်းမရ စား သောက်တတ်ပါတယ်။
ဒါလောက်ခိုင်မာတဲ့ သံယောဇဉ်ကြိုးနဲ့ ရစ်ပတ်နှောင်ဖွဲ့ထားမှတော့ ကျွန်တော် ဘယ်လိုလုပ် ဥပက္ခောပြုရက်ပါ့မလဲ။
“မမ-မောင်လေးလမ်းလျှောက်နိုင်ပြီလေ”
အစ်မ သဘောပေါက်မှာပါ။
“မောင်လေး”
“ဘာလဲ-မမ”
“မမပြောရမှာပါးစပ်ထဲကမထွက်ဘူးကွယ်”
စကားမစခင်ကတည်းက အစ်မ မျက်နှာ ညိုနေပါတယ်။ ကျွန်တော် ကြည့်နေဆဲမှာပဲ ပြိုတော့မယ့်မိုးလို မည်းမှောင်သွားပါတယ်။ ကျွန်တော်
ကျန်းမာရေးကောင်းလာတာဝမ်းမသာနိုင်ဘဲဘာကြောင့်ဝမ်းနည်းရိပ်တွေ ပြနေရလဲဆိုတာ မခန့်မှန်းနိုင်လို့ ရင်တထိတ်ထိတ်ပါ။
“မောင်လေးစိတ်ခိုင်ခိုင်ထားနော်”

“ပြောစရာရှိတာ ပြောပါ… မမရယ်”
“မောင်လေး တောက ငှက်ဖျားမိပြီး ပြန်လာကတည်းက မိကြွေဟာ တို့ အိမ်ရှေ့မှာ စောင့်နေတယ်။ တို့အိမ်က ထွက်လာတဲ့ လူမှန်သမျှ မောင် လေးသတင်းကို မေးတယ်။ စကားမပြောတတ်တဲ့လူဆိုတော့ ခြေဟန် လက်ဟန်နဲ့ပြောတာဘယ်သူမှနားမလည်ကြဘူးလေ။ သူ့မိဘ သူ့တစ်အိမ် တည်းအတူနေ အစ်ကိုတွေတောင် နားမလည်တာဟယ်”
ပြောရင်းနဲ့ပဲ အစ်မမျက်ဝန်းမှာမျက်ရည်စတွေတွဲခိုနေပါတယ်။ “မောင်လေး – ပြန်ရောက်ပြီး သုံးရက်မြောက်နေ့မှာကိုယ်တွေတအား
ပူပြီး တဟီးဟီးနဲ့ အဖျားတုန်တက်ရာက ခေါက်ခနဲ ဇက်ကြီးလည်ပြီး သတိ လစ်မေ့မြောသွားတာကို မောင်လေး သေပြီဆိုပြီး မမလေ ရင်ထုပြီး အသံ ကုန်ဟစ်ငိုမိတယ်”
“အဲလို ငိုတော့ ဘေးအိမ်တွေကလည်း အပြေးအလွှား ရောက်လာကြ တာပေါ့။ အဲဒီအချိန်မှာ မိကြွေတို့ အိမ်ရှေ့မှာ ရှိနေတယ်လေ။ အခြေအနေ ရိပ်စားမိမှာပေါ့”
“မမကတော့မိန်းမသားချင်းဆိုတော့မိကြွေစိတ်ကိုခန့်မှန်းလို့ရတယ်။
မိကြွေ-မောင်လေးကိုတစ်ဖက်သတ်ကြိုက်နေတာ ကြာပြီ”
လိုရင်းရောက်အောင် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးရပါတယ်။ “အဲလို – အချစ်စိတ်နဲ့ပဲ သူ့အိမ်မှာ ဘယ်သူမှ မရှိတုံး ထုပ်တန်းမှာ ကြိုးနဲ့ချည်ပြီး ကြိုးဆွဲချသေကြောင်းကြံလိုက်တယ်လေ”
အော်- မိကြွေရယ်။ နင် မရှိတော့တဲ့ ဒီရပ်၊ ဒီရွာ၊ ဒီနေရာ ငါ ဆက်ရှိနေ
လို့ စိတ်ချမ်းသာနိုင်ပါတော့မလား-မိကြွေ။
၁၂-၁၂-၁၉၆၁။
ပဲခူးခရိုင်၊ တိုက်ခိုက်ရေးရဲ (အရန်ရဲ) မောင်ဘိုကြီး ပါဝင်တဲ့ ရဲတပ်စု လေးဟာ ပဲခူးခရိုင် ရဲဝန်ရုံး လက်နက်တိုက်မှာ သေနတ်တွေထုတ်၊ ဝေါကို ကားနဲ့သွား။ တူးမြောင်းအတိုင်း မော်တော်နဲ့ မြစ်ကျိုးရွာကြီးကို စီးနင်းပြီး ညအိပ်ရပ်နားပါတယ်။
နောက်တစ်နေ့ မြစ်ကျိုးကနေ လက်ပံရွာကို ခြေကျင်လျှောက်ပြီး လက်ပံရွာ ရောက်တဲ့အခါ ကမ်းကြီးဆိပ်ကအပြန် မော်တော်နဲ့ သူရဲသမိန် ရွာကြီးကို ခရီးနှင်ပါတယ်။ ကျွန်တော်တို့တပ်စု စခန်းထိုင်ရမယ့် ရွာကြီးပဲ ဖြစ်ပါတယ်။
လက်ပံရွာကနေရေဆန်အတိုင်းတအိအိနဲ့ ဆန်တက်ရင်း အညာစုရွာ ကိုကျော်၊ ညောင်ခြေထောက်ကျွန်းကို ကွေ့ပတ်ပြီးချိန်မှာတော့ သူရဲသမိန် ရွာကိုအဝေးကလှမ်းမြင်ရတဲ့အပြင်စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ပေါင်း လောင်းတောင်ကြောနဲ့ ထုံးဖြူဖြူ စေတီကို ဖူးမြော်ရတဲ့အချိန်မှတော့ ကျွန် တော့်စိတ်အစဉ်ဟာ ချာချာလည်သွားသလိုပါပဲ။
ကျွန်တော် ရောက်ဖူး၊ မြင်ဖူး၊ တွေ့ဖူးတဲ့ မြင်ကွင်းရယ်လို့ အသိရှိနေ ပေမယ့် ဘယ်တုံးကဆိုတာတော့ စဉ်းစားလို့ အဖြေမပေါ်ပါ။
ကျွန်တော်တို့တပ်စုကို သယ်ဆောင်လာတဲ့ ခင်ဦးမောင် အမည်ရှိတဲ့ မော်တော်ဟာ ခရီးဆုံးဖြစ်တဲ့ သူရဲသမိန်ရွာနဲ့ အပြင်နီးလာလာလေ၊ ပီပီ ပြင်ပြင် တွေ့ရတဲ့ ပေါင်းလောင်းတောင်တန်းကြီးရဲ့ဘယ်နေရာမှာ ဘယ်လို ပုံစံနဲ့တည်ထားတဲ့ရုပ်ပွား၊ ဆင်းတု၊စေတီ၊ သာသနိကအဆောက်အအုံတွေ ရှိနေတယ်ဆိုတာ အသိကလှုံ့ဆော်နေပါတယ်။
ကျွန်တော်လူဝင်စား မဟုတ်ပါ။
ကျွန်တော့်မှာ နတ်မျက်စိမရှိပါ။

ပထဝီမြေပြင်အနေအထား ဘယ်သို့ဘယ်ပုံရှိတယ်ဆိုတာကျွန်တော့်
ကို ပြောပြသူတစ်ယောက်မရှိပါ။
သို့ဆိုပါလျှင် ….

သူရဲသမိန်ရွာ …
ပဲခူးခရိုင်၊ဝေါမြို့နယ်၊စစ်တောင်းမြစ်အနောက်ဘက်ကမ်းနဖူးမှာတည် ရှိတဲ့အိမ်ခြေ(၁၃၀၀)ကျော်ရပ်ကွက်ကြီး (၁၃) ကွက်နဲ့ဖွဲ့စည်းပြီးတောင်နဲ့ မြောက်အလျားလိုက်တန်းနေပါတယ်။
စစ်တောင်းမြစ်ရဲ့အရှေ့ဘက်သူရဲသမိန်ရွာနဲ့မျက်နှာချင်းဆိုင်မှာတော့ ပေါင်းလောင်းတောင်လို့ခေါ်တဲ့ ရေဝေတောင်တန်းကြီး ရှိပါတယ်။ ပေါင်းလောင်းတောင်တန်းကြီးပေါ်မှာတော့စေတီ၊ပုထိုး၊ ဆင်းတုတော် မုဒြာမျိုးစုံနဲ့ ရုပ်ပွားတော်တွေ နေရာအနှံ့အပြားမှာ တည်ရှိနေကြောင်း သိရ ပေမဲ့ မြို့ပျက်၊ ငုတ္ထိ၊ မြေပြင်ညီအထိ ပျက်ဆီးနေပြီး ချုံနွယ်၊ မြက်ရိုင်းတွေ တောင် ဖုံးလွှမ်းနေလို့သူရဲသမိန်ဘက်ကမ်းကကြည့်ရင်မြောက်ဘက်အစွန် နဂါးလိမ်ဘုရား ကွမ်းဆိပ်ရွာတောင်ဘက် ဝဠာအောင်မြစေတီလို့ ဘွဲ့မည် တွင်တဲ့ မုဆိုးမတောင်ကုန်းစေတီနဲ့ တောင်ဘက်အစွန်ဆုံးမှာတော့ အပြင် ကျိုက်ဒေးသုတ်။ တောင်ခြေခပ်လှမ်းလှမ်းမှာ ခြေတော်ရာတို့လောက်သာ ရင်ပြင်တော်ကနေ ထီးတော်၊ စိန်ဖူးတော်၊ အင်္ဂါရပ်နဲ့ ပြည့်စုံတာ ဖူးတွေ့ရပါ တယ်။
ကျွန်တော်တို့ ပဲခူးခရိုင်ရဲ့ တိုက်ခိုက်ရေး (ဃ) တပ်ခွဲနဲ့ တပ်ခွဲရုံးတပ်စု တည်နေရာကတော့ တစ်ကျောင်းတည်းသာရှိတဲ့ ရွာလယ်တိုင်တစ်ရာ ဘုန်းတော်ကြီးကျောင်း (ဘုန်းတော်ကြီးသင်တွဲဖက်အ.လ.ကကျောင်း)ရဲ့
အနောက်ဘက်ကိုက်နှစ်ရာအကွာကျိုက်သွန်စေတီတော်မဟာရံတံတိုင်း
မြောက်ဘက်မှာပါ။
ကျွန်တော်တို့ တပ်ခွဲရုံးတပ်စု မြောက်ဘက်မှာ (၁၀) ရပ်ကွက်၊ ကျွန် တော်တို့စခန်းတောင်ဘက်နဲ့ကပ်လျက်ပေနှစ်ရာပတ်လည်မဟာရံတံတိုင်း ခတ်ထားတဲ့ကျိုက်သွန်စေတီတောင်ဘက်မုခ်တည့်တည့်ဆယ့်ငါးပေအကွာ
လောက်မှာ မချစ်စုသရက်ပင်တွေ အုပ်ဆိုင်းနေတဲ့ အုတ်ရေတွင်း တောင်

ဘက် ပေတစ်ရာလောက်မှာ သောက်သုံးရေကန် တောင်ဘက်တစ်ဆက် တည်း (၁) ရပ်ကွက်လို့ခေါ်တဲ့ တလိုင်းကုန်းတည်ရှိပါတယ်။
ဇာတ်အိမ်ဖွဲ့ ဇာတ်လမ်းတည်နေရာကို အသေးစိတ် ခြယ်မှုန်းတင်ပြ ရခြင်းကတော့ အကြောင်းရှိလို့ပါ။

၁၉၆၂ – ခုနှစ်ရဲ့နွေဥတုဟာ ပူပြင်းခြောက်သွေ့လှပါတယ်။ ဆယ်ရပ်ကွက်လို့ခေါ်တဲ့ တလိုင်းကုန်းရပ်ကွက် အိမ်ခြေတစ်ရာကျော် သောက်သုံးရေအဖြစ်သုံးစွဲတဲ့ကျိုက်သွန်စေတီတောင်ဘက်ကရေကန်ဟာ ရေတွေ ခန်းခြောက်ပြီး ကန်ကြမ်းပြင်ကြီးတစ်ခုလုံး ပပ်ကြားအက်တွေမှ မြင်မကောင်းအောင်ပါ။
ရေကျချိန် ရေသေရက်မှာ စစ်တောင်းမြစ်ကြီးရဲ့ကြည်လင်အေးမြတဲ့ ရေချိုကိုသောက်သုံးလို့အဆင်ပြေပေမယ့်ရေတက်ရက်၊ ရေထရက်ဆိုရင် တော့ အမြင့် နှစ်ပေခွဲ သုံးပေလောက်ရှိတဲ့ ဒီရေလှိုင်းကြီးနဲ့အတူ ဝင်လာတဲ့ ရေတွေကတော့ ပင်လယ်ရေတွေ ပါလာလို့ ငန်ညှိနောက်ကျိလို့ နေပါတယ်။
ကဆုန်လပြည့်ရက်တွေဖြစ်လို့ စစ်တောင်းမြစ်ရေ သုံးလို့မရ။ ကန်ရေ ကလည်း ခန်းခြောက်နေတာကြောင့် တစ်တွင်းထဲသာရှိတဲ့ ဘုရားတောင် ဘက်မုခ်အတွက် မချစ်စုသရက်ပင်တွေ အုံ့ဆိုင်းနေတဲ့ အုတ်ရေတွင်းကိုပဲ ကျွန်တော်တို့ ရဲဘော်တွေနဲ့ တလိုင်းကုန်းရပ်ကွက်သူ ရပ်ကွက်သားတွေ အလုအယက် ခပ်ယူသုံးစွဲရပါတယ်။
လေးထောင့်ပုံးနှစ်လုံးပါ ရေတစ်ထမ်းရရှိဖို့အရေး နာရီဝက် တစ်နာရီ ကြာ အချိန်ပေးရပါတယ်။ အုတ်ရေတွင်းက စိမ့်ထွက်တဲ့ စမ်းရေကို စစ်ပြီး ခပ်ယူ ရလို့ပါ။
မောင်ဘိုကြီးတို့ ရဲဘော်တွေ ကိုယ်စီ ကိုယ်စီ အလုပ်တွေနဲ့ ရေခပ်ဖို့ အချိန်မပေးနိုင်တာကြောင့် ညသန်းခေါင်သန်းလွဲကိုပဲ ရွေးပြီး အလုပ်ပျက်
အအိပ်ပျက် အပင်ပန်းခံ ခပ်ယူကြပါတယ်။
ကျွန်တော်တို့တပ်ခွဲရုံးနဲ့လက်အောက်ခံတပ်စုမှာလူပျိုလူလွတ်ရဲဘော်
ခုနစ်ယောက်ရှိပါတယ်။
တစ်လစာရိက္ခာအတွက်အချိုးကျထည့်ပြီးထမင်း
ချက်၊ ရေခပ်၊ ထင်းခွေအလုပ်ကို အလှည့်ကျနဲ့ ဆောင်ရွက်ကြပါတယ်။ တပ်ခွဲရုံး လူပျိုရဲဘော်ဖြစ်တဲ့ ကျွန်တော်နဲ့ မြင့်စိုးကတော့ ခုနစ်ပေ ပတ်လည်အကျယ်ရှိတဲ့အခန်းထဲမှာ ခုတင်တစ်ယောက်တစ်လုံးနဲ့ အိပ်စက် ပြီး ချစ်ထွန်းကတော့ ရုံးခန်းကျယ်ကြီးထဲမှာ အိပ်စက်ပါတယ်။
ကဆုန်လပြည့်ည …
မြူတိမ်ကင်းစင်လို့ အလင်းရောင်စွမ်းအား တိုးမြင့်နေတဲ့ စန္ဒာလမင်း ကြီး အလင်းရောင်ကြောင့် သူရဲသမိန်ရွာကြီးရဲ့အိမ်အဆောက်အအုံတွေနဲ့
သစ်ပင်ဝါးပင်တွေရဲ့အနားလိုင်းတွေဟာမျက်စိပသာဒရှိလှပါတယ်။အပ်ကျ
ရင်တောင် ကုန်းကောက်လို့ရတယ်ဆိုတဲ့ အလင်းရောင်မျိုးပါ။
ကဆုန်လပြည့်ကျော်တစ်ရက်နေ့အထူးညဉ့်သန်းခေါင်ကျော်လောက် မှာတော့ ရေခပ်အလှည့်ကျတဲ့ကျွန်တော်မောင်ဘိုကြီးဟာစည်ပိုင်းနှစ်လုံး ထဲကလက်ကျန်ရေနဲ့ အနယ်တွေမွှေနှောက်ပြီးသွန်မှောက်၊လေးထောင့်ပုံး နှစ်လုံး ရေငင်ပုံးတစ်လုံးနဲ့ ရေခပ်ဖို့ လုပ်ငန်းစပါတယ်။
ကျွန်တော်သူငယ်ချင်းမြင့်စိုးကတော့မပြီးပြတ်သေးတဲ့အလုပ်တွေကို
မှန်အိမ်အလင်းရောင်နဲ့ လုပ်ကိုင်နေဆဲပါ။
ရေငင်ပုံးလက်က ဆွဲ၊ ရေထမ်းပုံးကို ပခုံးမှာထမ်းပြီး ကျိုက်သွန်စေတီ မြောက်ဘက်မုခ်ကဝင်၊ စေတီအရှေ့ဘက် လက်ျာရစ်ဝိုက်ပြီး တောင်ဘက် မုခ်နဲ့ ခြေဆယ်လှမ်းလောက်အကွာတောင်ဘက်မုခ်ပေါက်မှာ ဘွားခနဲမြင် လိုက်ရတာကတော့…
မိန်းမချောလေး သုံးယောက်ပါ။
ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေထပြီး ထိတ်လန့်
တုန်လှုပ်သွားပါတယ်။ကြောက်လန့်တကြားနဲ့ရေပုံးတွေပစ်ချပြီးထွက်ပြေး
ရင်တော့ သေနတ်ကိုင်ထားတဲ့ ကျွန်တော့်ကို သရဲဘောကြောင်တယ်လို့ အပြစ်ဆိုကြတော့မှာပါ။
လူသားဆန်ဆန်ဆင်ယဉ်ထုံးဖွဲ့ထားပေမယ့်လူသားစင်စစ်ဧကန်မဖြစ်
တာတော့သေချာပါတယ်။ သန်းခေါင်သန်းလွဲဘုရားဖူးလာဖို့ဘယ်မိဘကမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။
ကျိုက်သွန်စေတီရဲ့ အရပ်လေးမျက်နှာ မုခ်ပေါက်တွေမှာ ကျွဲ၊ နွား၊ တိရစ္ဆာန်မဝင်နိုင်အောင် ထွာဆိုင်သာသာနဲ့ အမြင့်သုံးပေခွဲလောက်ရှိတဲ့ ပျဉ်းကတိုးငုတ်တိုင်နှစ်တိုင်စီ စိုက်ထားပါတယ်။
ကိုယ်ထင်ပြတယ်ဆိုတာစက္ကန့်ပိုင်းလောက်ပါ။ကျွန်တော့်မြင်ကွင်းမှာ
ကတော့မိနစ်တွေတောင် ကျော်လွန်နေပါပြီ။
ပျဉ်းကတိုးငုတ်တိုင်နှစ်တိုင်မှာ နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ခြေ ထောက်တွဲလောင်းချထားပါတယ်။အလယ်တစ်ယောက်ကတော့ရပ်လျက်
အနေအထားနဲ့ပါ။
သုံးယောက်သားကျွန်တော့်ကို ပြုံးပြနေပါတယ်။
သူတို့အပြုံးက ကျွန်တော့်ရဲ့ကြောက်လန့်စိုးရိမ်စိတ်တွေ လွင့်ပြယ်စေ ပါတယ်။ သူတို့ ကျွန်တော့်ကို ပါးစပ်တပြင်ပြင်နဲ့ မိတ်ဆွေဖွဲ့ချင်ပုံရပါတယ်။ ကျွန်တော့်စိတ်နဲ့ နှိုင်းယှဉ်ပြီး ထင်မြင်ချက်ပေးတာပါ။ ကျွန်တော်ရှေ့သုံးလေးလှမ်းတိုးပြီး မြင်သာအောင် ကြည့်ပါတယ်
“မိကြွေ”
ကျွန်တော့်ကို တစ်ဖက်သတ်အချစ်နဲ့ အသက်စွန့်သွားတဲ့ မိကြွေနဲ့ တစ်ပုံစံတည်း တူလွန်းလို့ ကျွန်တော့် ပါးစပ်က လွှတ်ခနဲ ထွက်သွားတာပါ။

မိကြွေမှန်းသိစေချင်လို့အချိန်အတော်ကြာကိုယ်ထင်ပြတဲ့သဘောပဲထင်ပါ
တယ်။ ကျွန်တော် မိကြွေလို့ တမ်းတမ်းတတ ခေါ်လိုက်တာနဲ့ပဲ မြင်ကွင်းက
ပျောက်သွားပါတယ်။
မိကြွေကိုတဒင်္ဂမြင်ရတဲ့ကျွန်တော်ဟာစိတ်မသာမယာဖြစ်လို့ရေခပ်
တဲ့အလုပ်ကို ဆက်မလုပ်ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်။ ရေငင်ပုံး
လေးထောင့်ပုံးထမ်းတံပိုးကိုသိမ်းဆည်းရင်းဆေးကြောသွန်စစ်ပြီးမှောက် ထားတဲ့ပေပါနှစ်လုံးစီမျက်စိရောက်သွားချိန်မှာတော့ကျွန်တော့်တစ်ကိုယ်
လုံးအံ့ဩလွန်းလို့မြောက်တက်သွားသလိုပါပဲ။
ပေပါနှစ်လုံးမှာ ရေတွေ ပြည့်လျှံနေပါတယ်။
ကျွန်တော်မခပ်ဘဲဘာကြောင့်ရေတွေပြည့်လျှံနေရလဲ။ သိုက်နန်းရှင်
ရဲ့ချစ်သူဘဝ ရောက်တော့မယ့် ကျွန်တော့်ရဲ့ ပထမဦးဆုံးသော အဆန်း တကြယ် ဖြစ်ရပ်ပါ။
“ဟေ့ကောင် – ဒီအချိန်မခပ်ဘယ်အချိန်ခပ်မှာလဲ။ကိုယ့်အလှည့်ကိုယ် တာဝန်ကျေအောင်လုပ်နော်”
“ဟေ့ကောင် မြင့်စိုး၊ မင်းပေပါတွေ သွားကြည့်ဦး”
“မင်း သွားတာ မိနစ်ပိုင်းပဲ ရှိသေးတာ သွားကြည့်စရာလိုလား”
“သွားကြည့်ပါဆိုကွာ”
အဲဒီနေ့ည မြင့်စိုးသာ သက်သေမရှိရင် ကျွန်တော် ဘယ်လိုဖြေရမှန်း
မသိတော့ပါ။
နယုန်လပြည့်နေ့ည
မိုးဦးကျစောလို့ရေ၊မြေ၊တော၊တောင်သဘာဝတွေဟာစိမ်းလန်းစိုပြေ
နေပါတယ်။ မစိုပြေတာကတော့ ကျွန်တော်တစ်ယောက်တည်းပဲ ဖြစ်မှာပါ။

မနေ့ညနေကကိုဘိုမြင့် အပ်ချုပ်ဆိုင်မှာ အမြန်ကြေးပေးပြီး ချုပ်ခိုင်းထားပါ လျက် အချိန်မီ မပြီးရကောင်းလားလို့ ဆိုင်ရှင်နဲ့ စကားများပြီး ဒေါသအရှိန် မပြေသေးလို့ညဉ့်နက်သည်အထိ အိပ်လို့မပျော်နိုင်ပါ။
ကျွန်တော် ချုပ်ခိုင်းထားတဲ့ ဝတ်စုံဟာ ဘာကြောင့် အလောသုံးဆယ် ဖြစ်ရလဲဆိုတော့ မနက်ဖြန်နယုန်လပြည့်ကျော်တစ်ရက်နေ့မင်္ဂလာဆောင် မှာ သတို့သားအရန် လုပ်ပေးဖို့ပါ။
ကျွန်တော့်မှာ ပွဲတက်ဝတ်စုံတွေ ရှိပါတယ်။ အဲဒီဝတ်စုံတွေ ဝတ်ပြီး သတို့သားအရန်လုပ်ရင် မင်္ဂလာမောင်မယ်နှစ်ယောက်လုံးကို စော်ကားရာ ရောက်ပါတယ်။ ဘာကြောင့်ဆိုမင်္ဂလာမောင်မယ်နှစ်ယောက်လုံးကအရင်း
နှီးဆုံးမိတ်ဆွေတွေဖြစ်လို့သတို့သားလောင်းကအင်းလေးပုဆိုး၊ သတို့သမီး လောင်းကတက်ထွန်ပိတ်စလက်ဆောင်ပေးထားလို့ပဲဖြစ်ပါတယ်။
မတည်ငြိမ်တဲ့ စိတ်ကို တည်ငြိမ်အောင် စာတွေဖတ်၊ စာတွေရေးဆွဲပြီး သားနှစ်ချုပ်၊ လချုပ်စာရင်းဇယားတွေပြန်စစ်ရင်း သန်းခေါင်ကျော်လောက် မှအိပ်ပျော်သွားပါတယ်။
မိန်းမပျိုသုံးယောက်..
ကျွန်တော်ဟာမိန်းမပျိုသုံးယောက်ခေါ်ဆောင်ရာလေဟုန်စီးပြီးလိုက်
ပါသွားပါတယ်။ ကဆုန်လပြည့်နေ့ညက သူရဲသမိန်ရွာ၊ ကျိုက်လွန်စေတီ တောင်ဘက်မုခ်ပေါက်မှာတွေ့ခဲ့တဲ့အမျိုးသမီးသုံးယောက်ပါပဲ။
ကျွန်တော်တို့လေးယောက် ပေါင်းလောင်းတောတန်းကြီးရဲ့တောင်
ဘက်အစွန်ကျိုက်ဒေးသုတ်စေတီကစလို့မြောက်ဘက်အစဉ်လိုက်ဆင်းတု တော်စေတီ ပုထိုးတော်တွေကို လိုက်လံဖူးမြော်ကြပါတယ်။ သာသနိက အဆောက်အအုံတိုင်းဟာ ဘုရားဖူးခရီးသည်တွေ စဉ်ဆက်မပြတ် လာ ရောက် ဖူးမြော်ထားသလို အနေအထားနဲ့ မြင်တွေ့ရသလို ဂေါပကအဖွဲ့ ကုသိုလ်တော် ပြုပြင်မွမ်းမံထားမှု၊ ဘုရားပရဝုဏ် သန့်ရှင်းသပ်ရပ်အောင် ဖန်တီးထားမှုကြောင့် ဖူးမြော်လို့အားမရနိုင်အောင်ပါ။

ကျွန်တော်တို့လေးယောက်လုံးလက်ချည်းဗလာနဲ့လာရောက်ဖူးမြော်
ပြီး စေတီတစ်ဆူ၊ ဘုရားတစ်ဆူရောက်တိုင်းမှာ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေး တိုင်၊ မုန့်၊ ဆွမ်း ဆက်ကပ်ဖြစ်တာ သတိထားမိပါတယ်။ ကျိုက်ဒေးသုတ်စေတီတော်ကနေမြောက်ဘက်အစဉ်လိုက် ဘုရားဖူး ခရီးစဉ်ကတော့ခြေကျင်ခရီးစဉ်ပါ။တောင်ဆင်းတောင်တက်တွေမှာတော့ အမျိုးသမီးအငယ်ဆုံးလေးကကျွန်တော့်ခါးကိုဆွဲ၊ကျွန်တော့်လက်မောင်း ကိုတွဲခို၊ စကားမရှိ စကားရှာပြောဆိုရင်းလိုက်ပါခဲ့ပါတယ်။ ဝဠာအောင်မြစေတီလို့ခေါ်တဲ့မုဆိုးမဘုရားကုန်းတော်ပေါ်ရောက်ချိန်
မှာတော့ နေမွန်းတည့်နေပြီဖြစ်လို့ ဗိုက်ဆာလာပါတယ်။ ဘုန်းကြီးကျောင်း တောင်မရှိတဲ့နေရာစွန့်စားလို့ မဖြစ်တဲ့အတွက် ဆာဆာနဲ့ပဲ သည်းခံနေရပါ
တယ်။
“အစ်ကို- ကုန်းတော်ပေါ်လိုက်ကြည့်ချင်လို့အဖော်လိုက်ပေးပါ” အငယ်ဆုံး အမျိုးသမီးလေးရဲ့ ဆန္ဒလိုက်လျောခွင့် ပြု၊ မပြု ကျန်အစ်မ နှစ်ယောက်ကိုမျက်လုံးနဲ့ တောင်းခံကြည့်ပါတယ်။
“လိုက်သွားပေးလိုက်ပါ- မောင်လေးရယ်”
အမျိုးသမီးကြီးရဲ့ခွင့်ပြုချက်ပါ။
“မြန်မြန်သွား၊ မြန်မြန်ပြန်လာဟေ့။ ဗိုက်ဆာပြီ – ထမင်းစားကြမယ်”
အမျိုးသမီးအလတ်ရဲ့ဆော်ဩမှုပါ။
ထမင်းစားကြမယ်ဆိုမှပဲကျွန်တော့်ဗိုက်ကပိုဆာလောင်လာပါတယ်။ “ဟယ် – အစ်ကို ပိန္နဲသီးနံ့ မွှေးလိုက်တာ”
စေတီအရှေ့တောင်ထောင့်ဘက်ရောက်တဲ့အခါကျွန်တော့်နှာခေါင်းဝ
ကိုပါ ပိန္နဲသီးအမှည့်နံ့ တိုးဝင်လာလို့ ရှာကြည့်လိုက်ချိန်မှာတော့ ပင်စည်နဲ့ ကိုင်းခွကြားတွေမှာ ပြွတ်သိပ်နေအောင် သီးနေတဲ့ ပိန္နဲပင်ကြီးကို မြင်တွေ့ရ ပါတယ်။

ပိန္နဲပင်ရှိရာသို့ ကျွန်တော် ရှေ့ဆောင်သွားပြီး ခါးတောင်းမြှောင်အောင် ကျိုက်လိုက်ပါတယ်။ အပင်ပေါ်အသီးမှည့်တက်ရှာပြီး ဆွတ်ဖို့ပါ။
“ဟယ် – အစ်ကို၊ ဒီမှာ – ဒီမှာ”
ပင်ခြေမြေကြီးပေါ်မေးတင်ပြီး သီးနေတဲ့ထဲက ထွားထွားကျိုင်းကျိုင်း အသီးကြီးတစ်လုံးမှာ ယင်ကောင်စိမ်းကြီးတွေ အုံခဲနေပါတယ်။ ကျွန်တော် ဆွတ်ချူထမ်းပိုးပြီးအစ်မနှစ်ယောက်ရှိရာကိုပြန်လာချိန်မှာတော့ကျွန်တော့်
မျက်လုံးတောင် ကျွန်တော်မယုံကြည်နိုင်တဲ့ မြင်ကွင်းပါ။
ငှက်ပျောဖက်တွေပေါ်က
အငွေ့တထောင်းထောင်းထနေတဲ့ထမင်း။
ဝင်းဝင်းဝါနေတဲ့ ရွှေဖရုံသီးဟင်း။
မွှေးကြိုင်သင်းပျံ့နေတဲ့ ပဲငါးပိကြော်။
စားရင်းသောက်ရင်းနဲ့ပဲ စကားတွေဖောင်ဖွဲ့ပြောဖြစ်ကြပါတယ်။ ပြော ဖြစ်တယ်ဆိုတာက မိန်းမပျိုတွေကချည်း ပြောတာပါ။ ကျွန်တော်ကတော့ ဆာဆာနဲ့ပဲကုန်းကွေးနေမိပါတယ်။
မိန်းမပျိုသုံးယောက်နာမည်တွေကနန်းမြရှင်၊ နန်းမြခင်၊နန်းမြထွေးပါ
တဲ့။ ကျွန်တော်မှတ်သားလိုက်ပါတယ်။
ထမင်းစားသောက်ပြီးတော့ အချိုတည်းဖို့အတွက် ပိန္နဲသီးမှည့်ကြီးကို ဇရပ်တိုင်နဲ့ရိုက်ခွဲပြီး စားကြပါတယ်။နန်းမြထွေးကတော့ကျွန်တော်ခွံ့ကျွေး မှာ စားမယ်ပါတဲ့။ အစ်မတွေ ရှေ့မှာ သင့်တော်ပါ့မလား။
“ခွံ့ကျွေးပါဆိုတော့လည်း ခွံ့ကျွေးလိုက်ပေါ့ကွယ်”
ခွင့်ပြုချက်ရပြီဖြစ်လို့ ကျွန်တော် ခွံ့ကျွေးပါတယ်။

“အား မကိုက်နဲ့လေ – နာတယ်”

အိပ်မက်သံသရာကကျွန်တော်နိုးထချိန်မှာတော့လေးနာရီထိုးနေပါပြီ။ ကျွန်တော် ဆက်မအိပ်ချင်တော့လို့ အိပ်မက်ဖြစ်စဉ်ကို တွေးနေပါတယ်။
အိပ်မက်ထဲက အမြင်အားလုံးဟာ ကျွန်တော်နဲ့ မစိမ်းပါဘူး။ ဘယ် တောင်ကုန်းရောက်ရင်ဘယ်လိုပုံစေတီ၊ ပုထိုး၊ ဆင်းတုတော်တွေမှာအစဉ် လိုက်သိနေပါတယ်။ ကျွန်တော် ဘယ်လိုသိလဲဆိုတာ စဉ်းစားလို့ရပါပြီ။ ကျွန်တော် ငှက်ဖျားမိ အပြင်းဖျား၊ သတိလစ်မေ့မြောစဉ်က လိပ်ပြာလွင့်ပြီး ရောက်ဖူးခဲ့တဲ့ နေရာတွေပါ။ မှတ်မိသွားပါပြီ။
ဆန်းတာကတော့လက်တွေ့ဘဝ၊ ကျွန်တော့်လေ့လာမှတ်သားမိသမျှ ဟာပေါင်းလောင်းတောင်ပေါ်မှာစေတီပျက်၊ ဘုရားပျက်တွေချည်းပဲ။ ချုံနွယ် တွေ၊ မျက်ရိုင်းတွေ ဖုန်အုပ်နေလို့ ဘယ်သူမှ မရောက်ဖူးကြဘူးဆိုတဲ့ သာသနိကအဆောက်အအုံတွေဟာအားလုံးသစ်လွင်၊တောက်ပ၊သန့်ရှင်း သပ်ယပ်ပြီး ဘုရားဖူးခရီးသည်စဉ်ဆက်မပြတ်လာရောက်ဖူးမြော်တဲ့အနေ
အထားတွေချည်းပဲမြင်တွေ့ရပါတယ်။ ပြီးတော့ – နန်းမြထွေး။
ကျွန်တော် နန်းမြထွေးရဲ့အတွေ့အထိ၊ အပြောအဆိုတွေကို သာယာ တတ်လာပါတယ်။ မျက်စိထဲ ဖျောက်မရအောင် စွဲလမ်းမိသလိုပါပဲ။ “ဟေ့ကောင် – ဘိုကြီး၊ ဘာထိုင်လုပ်နေတာလဲ”
“ငါမအိပ်ချင်တော့လို့ပါ – မြင့်စိုးရာ”
ကျွန်တော်မြင့်စိုးကိုပြောနေဆဲမှာနှာခေါင်းထဲပိန္နဲသီးမှည့်အနံ့တိုးဝင်
လာပါတယ်”
“ဟေ့ကောင် – ဘိုကြီး၊ ငါတို့အခန်းထဲ ပိန္နဲသီးနံ့ ရတယ်ကွ”
မြင့်စိုးပြောပြောဆိုဆိုနဲ့သူ့ခေါင်းအုံးဘေးကဓာတ်မီးနဲ့ထိုးရှာပါတယ်။
မရှိတဲ့အရာကို ရှာနေတော့လည်း ပင်ပန်းရုံပေါ့ကွာလို့ စိတ်ထဲက ပြောမိပါတယ်။

“ဟာ-ဟေ့ကောင်”
“ဘာလဲကွာ – မင်းကလည်း အလန့်တကြား”
မြင့်စိုး ကျွန်တော်တို့ နှစ်ယောက်ကြား စားပွဲပေါ်က စက္ကူအိမ်ကိုဆွဲယူ ပြီးဓာတ်မီးနဲ့ ထိုးကြည့်လိုက်ပါတယ်။
တက်ထွန် အဖြူရောင်လည်ခေါင်းတုံးရှပ်အင်္ကျီတစ်ထည်။ အင်းလေးပုဆိုး ကျူထရံကွက်အစိမ်းရောင်တစ်ထည်။ အပ်ချုပ်ဆိုင်နာမည်ပျက်မှာစိုးရိမ်လို့လာပို့တာတော့မဖြစ်နိုင်ပါ။ဝတ်စုံ
ကိုကြည့်ရင်းမြင့်စိုးမျက်နှာမှာအံ့ဩရိပ်တွေပြနေပါတယ်။ အိပ်မက်နဲ့လက် တွေ့ဘဝ ထင်ဟပ်ခံထားရတဲ့ ကျွန်တော့်အတွက် ပြောမပြတတ်အောင်ပါပဲ။
ဝါဆိုလပြည့်ကျော်တစ်ရက် ..

“ငါမင်းကိုစကားတွေအများကြီးပြောစရာရှိတယ်၊ ဘိုကြီးမေးစရာတွေ
လည်း ရှိတယ်။ မင်း ငါ့ကိုတော့ မလိမ်မညာဘဲ အမှန်အတိုင်း ပြောစေချင် တယ်ကွာ”
“မင်းနဲ့ငါ့ကြားမှာ လိမ်တာညာတာ ထိမ်ချန်တာမရှိပါဘူး – မြင့်စိုးရာ” ကျွန်တော့်မျက်နှာကိုစိုက်ကြည့်ရင်း မြင့်စိုးပြုံးပါတယ်။ မယုံကြည်တဲ့ အပြုံး၊ မသင်္ကာတဲ့ အပြုံးပါ။
“ဘာပြုံးတာလဲ- ဟေ့ကောင်”
“မလိမ်မညာ မထိမ်ချန်ဘူးဆိုလို့ပါ။ မင်းငြင်းလို့မရတဲ့အချက်တွေကို ငါ နောက်မှ ပြောမယ်။ လောလောဆယ် ငါ မင်းကို သတိထားကြည့်တယ်။ ကဆုန်လပြည့်ကျော်လောက်ကစပြီး မင်း ငူတူတူငေါင်တောင်တောင်နဲ့
တွေးနေငေးနေတယ်၊ တစ်ခုခု စွဲလမ်းနေသလိုပဲ။ မသင်္ကာစရာတွေလည်း တော်တော်များများတွေ့ရတယ်။ပထမအကြိမ်ကဆုန်လပြည့်ညရေတိုင်ကီ နှစ်လုံး ရေပြည့်နေတယ်။ အဲဒါ မင်း ခပ်ထည့်တာ လုံးဝမဖြစ်နိုင်ဘူး။ နယုန် လပြည့်နေ့မှာတို့အခန်းကျဉ်းလေးထဲမှာပဲကွက်ပြီးပိန္နဲသီးအမှည့်နံ့ရတယ်။ ငါ ရှာတယ် မတွေ့ဘူး။ မရှာတဲ့ပစ္စည်းကတော့ စားပွဲပေါ်မှာတွေ့တယ်။ တက်ထွန်အင်္ကျီနဲ့ အင်းလေးပုဆိုး ဝါဆိုလထဲမှာတစ်ခါ၊ လပြည့်ကျော် တစ်ရက်နေ့ထင်တယ်။ တို့အခန်းထဲမှာစကားဝါပန်းနံ့ရတယ်ကွာလို့ငါပြော တော့ မင်း မလုံမလဲနဲ့ ဟိုရှာဒီရှာ ရှာတယ်။ မင်းမတွေ့ဘူး။ ဘယ်တွေ့မှာလဲ ငါ ဝှက်ထားတာပဲ။ အင်မတန် ရှေးဆန်တဲ့ လက်ကိုင်ပဝါလေးတစ်ထည်။ အထဲမှာက စကားဝါပန်းလေးနှစ်ပွင့်။ ငါ မရှိတုန်း မင်း ရှာတာတွေ့ပြီး သိမ်း လိုက်တယ်။ အဲဒါမင်းငါ့ကိုလိမ်တာ၊ညာတာ၊ထိမ်ချန်တာမဟုတ်လို့ဘာလဲ။ အေးလေ – ထားပါတော့”
“အဲဒီပစ္စည်းတွေဟာမင်းသွားမယူဘူးဆိုတာငါသိတယ်။ မင်းကိုဘယ် သူကပေးတာလဲ။ငါသိပ်အံ့ဩတယ်ကွာ။ အဆန်းတွေချည်းပဲ။ သဒ္ဓါလွန်ရင် တဏှာကျွန်ဖြစ်တတ်တယ် – ဟေ့ကောင်”
“မင်းတို့ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေက ပေး၊ ဘိုးတော်တွေ မင်းကို စောင့် ရှောက်သူတွေ၊သူတော်ကောင်းတွေ၊အထက်ပုဂ္ဂိုလ်တွေကပေးတယ်ဆိုရင်
တော့အန္တရာယ်မရှိနိုင်ပေမဲ့စုန်း၊ကဝေ၊ သရဲ၊တစ္ဆေ၊ပရလောကသားတွေက ပေးတယ်ဆိုရင်တော့ မင်း အသက်ဆုံးရှုံးအောင် ဆိုးကျိုးတွေ ပေးလာနိုင် တယ်ဆိုတာ သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့တားမြစ်ချင်တယ်”
သူငယ်ချင်းမြင့်စိုး အမှန်စကားတွေပဲပြောတာပါ။ ကျွန်တော်ကတော့ မှားသည်မှန်သည် ဘာတစ်ခုမှပြောဆိုခြင်းမရှိပဲရေငုံနှုတ်ပိတ်နေပါတယ်။ ကျွန်တော် စွဲစွဲလမ်းလမ်းဖြစ်နေတဲ့ နန်းမြထွေးဘဝကို အစမထွက်စေချင် လို့ပါပဲ။

ထောင့်စွန်းလေးမှာထွေးလို့ရေးထိုးအမှတ်အသားပြုထားတဲ့ရှေးဆန်
ဆန် လက်ကိုင်ပဝါလေးနဲ့ စကားဝါပန်းလေး နှစ်ပွင့်ဟာလည်း နန်းမြထွေး
ပေးထားတာပါ။
ဝါဆိုလကွယ်နေ့ညက အိပ်မက်ဖြစ်စဉ်မှာ ပေးလိုက်တာပါ။
အဲဒီနေ့က မုဆိုးမကုန်းတော်ပေါ်က ဝဠာအောင်မြစေတီရဲ့အနောက် တောင်ထောင့်ပေတစ်ရာအကွာလောက်ကစကားဝါပင်ယံထက်မှာစကား
ဝါပန်းတွေ လှိုင်လှိုင်ပွင့်နေပါတယ်။ ကုန်းတော်တစ်ခုလုံး မွှေးကြိုင်လို့ပါ။ ထွေး အလိုရှိတယ်ဆိုလို့ အပင်ပေါ်တက်ဆွတ်ခြွေချပေးပါတယ်။ ညီအစ်မ သုံးယောက် လုကောက်လို့ ကြေမွကုန်လို့ ကျွန်တော် ဝှက်ယူလာတဲ့ပန်း၊ နန်းမြထွေး တောင်းဆိုလို့ ကျွန်တော်ကိုယ်တိုင် ပန်ဆင်ပေးရတဲ့ ပန်းလေး နှစ်ပွင့်ပါ။
ကျွန်တော့် စစ်သုံးမျက်နှာသုတ်ပဝါလေးတောင် အမှတ်တရ ပေးခဲ့ပါ ဆိုလို့ ပေးခဲ့ရပါတယ်။
အကယ်၍သာ ကျွန်တော် လပြည့်လကွယ်ရယ်မှမဟုတ်ပဲ ကျွန်တော် တမ်းတတဲ့အချိန်တိုင်းလို အိပ်မက် မြင်မက်ပြီး လက်တွေ့ဘဝအထိ ပါလာ တဲ့ စိန်၊ နီလာ၊ မြ၊ ပတ္တမြားလက်စွပ်လေးကွင်းရှိနေကြောင်းသာ မြင့်စိုး သိသွားရင် စိုးရိမ်စိတ်နဲ့ မောင်းတီးကြေငြာတော့မှာ သေချာပါတယ်။ သဒ္ဓါလွန်ရင်တဏှာကျွန်ဖြစ်တတ်တယ်တဲ့။ ပရလောကသားတွေဆို ရင် အသက်အန္တရာယ် ထိခိုက်နိုင်အောင် ဆိုးကျိုးတွေပေးနိုင်သတဲ့။ ကျွန် တော်ရှေ့တိုးသင့်သလား၊နောက်ဆုတ်သင့်သလား။ မြင့်စိုးကတော့နောက်
ဆုတ်စေချင်မှာပါ။
ကျွန်တော်ဆုံးဖြတ်ချက်ချထားပြီးပါပြီ။ကျွန်တော်ရှေ့ပဲတိုးတော့မှာပါ။ ကျွန်တော့်အပေါ်မနန်းမြရှင်၊မနန်းမြခင်တို့နှစ်ယောက်ကလည်းနားလည်မှုတွေပေးထားကြပါပြီ။

လက်ကိုင်ပဝါ၊ စကားဝါပန်း၊ ပွဲတက်ဝတ်စုံ၊ လက်စွပ်လေးကွင်း ပေး တယ်၊ ကမ်းတယ်ဆိုတာ ချစ်သူရည်းစားတွေရဲ့ အချစ်သင်္ကေတပါ။ ကျွန် တော်နဲ့ နန်းမြထွေး သမီးရည်းစားဘဝ မရောက်သေးပါဘူး။ ကျွန်တော့် ပါးစပ်က ဖွင့်ဟခြင်းမရှိသေးလို့ မဖြစ်တဲ့သဘောပါ။
ပေးတိုင်ယူ ကျွေးတိုင်းစား တစ်လမ်းအောင်းတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လည်းရှက်လှပါပြီ။
“နန်းမြထွေးကို တွေ့ချင်ရင် မုဆိုးမတောင်ကုန်းကိုလာခဲ့နော်”
ကျွန်တော့် နားထဲမှာ နန်းမြထွေး အသံ ပဲ့တင်ထပ်နေပါတယ်။ ကျွန် တော် အချိန်ကာလကန့်သတ်မှုရှိတဲ့ အိပ်မက်ကို မစောင့်နိုင်တော့ပါဘူး။ နန်းမြထွေး ချိန်းဆိုရာလက်တွေ့ဘဝနဲ့ သွားတွေ့ပြီးဖွင့်ဟတောင်းဆိုတော့ မှာပါ။

ဝဠာအောင်မြေစေတီလို့ခေါ်တဲ့ မုဆိုးမတောင်ကုန်းပေါ်ကနေ စီးမိုး မြင်ရတဲ့ သူရဲသမိန်ရွာရဲ့ အလှဟာ ရုပ်လုံးကြွပြီး အသက်ဝင်လှပါတယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ ကွေ့ဝိုက်စီးဆင်းတဲ့ စစ်တောင်းမြစ်ကြီးရဲ့ရေစီး သံဟာ သာယာငြိမ့်ညောင်းပြီး နားဝင်ပီယ ရှိပါတယ်။ ဝဠာအောင်မြစေတီရဲ့ ဆည်းလည်းသံလေးကလည်းကြည်နူးချမ်းမြေ့မှုကို ပေးစွမ်းလျက်ပါ။
“အစ်ကို” “မနန်းမြထွေး”
လက်တွေ့ပစ္စက္ခဘဝကနန်းမြထွေးစစ်စစ်ပါ။
“ဘယ်လိုခေါ်လိုက်တာလဲ အစ်ကိုရယ်”
“မနန်းမြထွေးလို့”
“သူစိမ်းဆန်လိုက်တာ၊ ထွေးလို့ ခေါ်ပါအစ်ကိုရယ်”
“ထွေး” “အစ်ကို”
“ထွေး- ဒီနေ့ သိပ်လှနေပါလားဟင်”
ထွေး အပြုံးနဲ့ တုံ့ပြန်ပါတယ်။
“အစ်ကို “ဒီနေ့ ပေးစရာရှိလို့လာခဲ့တာပါ။ အစ်ကို့မှာထွေးကိုပေးစရာ
အဖိုးတန်လက်ဝတ်ရတနာတော့ မရှိဘူးကွယ်”
“ထွေး-မမက်မောပါဘူး။ ထွေးလိုချင်တာက….”

“အချစ်မဟုတ်လား၊ အစ်ကို ထွေးကို အချစ်တွေပေးပါရစေ ထွေး
လက်ခံပါ”
ထွေး ခေါင်းညိတ်ရင်း မျက်ဝန်းက မျက်ရည်မိုးတွေ ရွာသွန်းလာပါ တယ်။
“ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာဆိုသလို တောင်းပန်ပါတယ်။ ဒါပေမဲ့ – ထွေးရယ်၊ အစ်ကို့စကားကို မရုပ်သိမ်းပါရစေနဲ့” “ထွေး-ဝမ်းသာလို့ပါ။ တကယ်တော့ထွေးဟာလူ့ဘဝမှာထဲကအစ်ကို
ကို အသည်းနင့်အောင် ချစ်ခဲ့ရသူပါ”
“ဟင်-ဒါဆိုထွေးဟာ လူ့ဘဝက” “အသက်ပေးချစ်ခဲ့ရတဲ့ မိကြွေပါ”
“အော်”
“အစ်ကို”
“ပြောပါ-ထွေး”
“ထွေးကို အစ်ကိုတကယ်ချစ်တာပါနော်”
“မမေးပါနဲ့ – ထွေးရယ်၊ အသည်းနင့်အောင် ချစ်တာပါ” လို့ပြောပြီးထွေးကိုယ်လုံးလေးကိုပွေ့ဖက်ပြီးထွေးပါးပြင်ကိုအနမ်းမိုး
တွေရွာချလိုက်ပါတယ်။
“အစ်ကို ကတိတစ်ခု ပေးပါနော်”
“မတောင်းခင်ကတည်းက ပေးပြီးသားပါ”
“အစ်ကို – အသက်ဇီဝိန်”

“ဘိုကြီးပျောက်နေတာသုံးရက်ရှိပြီ။မင်းနဲ့တစ်ရုံးတည်းတစ်ခန်းတည်း အတူနေပြီးမင်းမသိဘူးဆိုတာ ငါလက်မခံဘူး မြင့်စိုး”

တပ်ခွဲမှူး မြင့်စိုးကို အော်ငေါက်မေးမြန်းပါတယ်။
“ကျွန်တော်ကတော့ ရူးချင်တယ်။ သွပ်ချာပါဒလည်အောင်ကို ရူးချင် တယ်။ ကျွန်တော်လည်းရှာတာပဲ။ ရှာတာမှမြေလှန်ရှာတာ။ ဒီကောင် ရှိနေ မှန်းသိရက်နဲ့ မမြင်ရလို့ ရှာနေတာ။ ဒီကောင် ဒီမှာပဲ ရှိနေတယ်ဆိုတာ ဘာအထောက်အထားနဲ့ ပြောရလဲဆိုတော့ ဗိုလ်ကြီး -ဒီမှာကြည့်”
လို့ဆိုပြီး တီအေ၊ ဒီအေတောင်းခံလွှာ နေ့စဉ်မှတ်တမ်းလွှာ ကျွန်တော့် လက်ရေးမူတွေကို ပြပါတယ်။
ကျွန်တော့်လက်ရေးမူအစစ်တွေပါ။ နေ့စဉ်ဆောင်ရွက်ရမယ့်လုပ်ငန်း ဆောင်တာတွေကို အချိန်ကိုက် မလစ်ဟင်းအောင် ရေးသွင်းနေပါတယ်။ မြင့်စိုးသာမက တပ်ခွဲမှူး တပ်စုမှူးကအစ ရဲဘော်တွေ ကျွန်တော့်ကို နေရာ အနှံ့ လိုက်ရှာနေကြတာ ကျွန်တော့်အမြင်ပါ။ “ဘိုကြီးရေ” လို့ တစာစာ ခေါ်နေတာလည်း ကျွန်တာ် ကြားနေရလို့ ကျွန်တော် ဒီမှာပါလို့ အကြိမ်ကြိမ် ပြန်ထူးပါတယ်။
ကြပါ။
ကျွန်တော့်ကိုမမြင်မတွေ့ ကြပါ။ ကျွန်တော့်အသံကိုဘယ်သူမှမကြား
“ငါ သတိထားမိတယ် – မြင့်စိုး၊ ဒီကောင် ငူတူတူ၊ ငိုင်တိုင်တိုင်နဲ့ ဗွေ ဖောက်နေတာတစ်လလောက်ရှိပြီ”
“ဘယ်ကလာတစ်လကတော့မလဲ – ဘိုကြီးရယ်။ကဆုန်လကတည်း
က ခုဆိုရင် သုံးလလောက်ရှိနေပြီ”
မြင့်စိုး သူသိသမျှ ကြားသမျှတွေ တင်ပြနေစဉ်မှာတော့ ကျွန်တော့် ရင်တွေ တထိတ်ထိတ်ပါ။ ထွေးပေးထားတဲ့ သဲလွန်စတွေ ပေါ်ကုန်မှာစိုးရိမ် လို့ပါ။
မြင့်စိုးတော်ပါတယ်။ ကျွန်တော့် ပေးထားတဲ့ကတိအတိုင်းပစ္စည်းတွေ ရှိတဲ့အကြောင်း ဖုံးဖိထားနိုင်လို့ပါ။
“မြင့်စိုး – ဒါဆိုရင် ပယောဂဆရာနဲ့ ကုမှ ဒီကောင် သိုက်အစွဲ၊ ပယောဂ အစွဲ ချွတ်လို့ရတော့မှာ။ ဒီကောင် တို့မြင်ကွင်းထဲပြန်ရောက်ဖို့ပဲလိုတယ်။ တပ်ခွဲရုံး ထုတ်တန်းမှာ ကြိုးဆွဲချသေရမလား။ အဆိပ်သောက်ပြီး သေရမလား။ သေနတ်
နားထင်တေ့ပြီးဖြုတ်ချလိုက်ရမလားအမျိုးမျိုးသေ
ကြောင်းကြံစည်နေတဲ့ကျွန်တော့်အတွက်မြင့်စိုးအပါအဝင်ဆရာသမားတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေကို နှုတ်ဆက်ဖို့ သတ္တလောကကြီးထဲ ပြန် ရောက်ချင်ပါတယ်။
ကျွန်တော် ထွေးနဲ့ ချိန်းဆိုပြီး ဖြစ်ချင်တဲ့ဆန္ဒကို ပြောပြလို့ ကြည်ဖြူစွာ ခွင့်ပြုတဲ့အတွက်ထင်သာမြင်သာတဲ့ဘဝကိုပြန်လည်ရောက်ရှိလာပါတယ်။ ကောင်းသောရောက်ခြင်းတော့ မဟုတ်ပါဘူး။ နှိပ်စက်ညှဉ်းပန်းခံရဖို့ ဆိုး ကျိုးတွေ ရင်ဆိုင်ရဖို့ ပြန်ရောက်ရခြင်းပါ။

တပ်ခွဲရုံးကို နေအိမ်လို အခန်းတွေ ဖွဲ့ထားတဲ့ ဘုရားခန်းမှာတော့ အလင်းတိုင် အငွေ့အသက်တွေ ပြန့်လွင့်နေပါတယ်။ ဖယောင်းတိုင်တွေရဲ့ အလင်းရောင်က တစ်ခန်းလုံးလင်းနေပါတယ်။
ဘုရားကျောင်းဆောင်ရှေ့မှာတော့အုန်း၊ ငှက်ပျောပွဲသုံးပွဲ ခင်းကျင်းပြီး ကလပ်တစ်ခုပေါ်မှာ ဆေးတော်၊ စုတ်တော်၊ နောက်ကလပ်တစ်ခုပေါ်မှာက အနီရောင်ဆေးခြယ်ထားတဲ့ကြိမ်လုံးတစ်လုံးကလပ်နှစ်ခုကြားမှာကဖောင်း ကားနေတဲ့လွယ်အိတ်တစ်လုံး အစီအရီ ချထားပါတယ်။ အုန်းငှက်ပျောပွဲအနီးဆုံးနေရာမှာ သျှောင်တစောင်းထုံးပြီး အသက် လေးဆယ်ဝန်းကျင် ပုဂ္ဂိုလ်တစ်ယောက် ထိုင်နေပါတယ်။ ကျွန်တော့်ကို ကုမယ့်ပယောဂဆရာပါပဲ။

ပရိသတ်ကတော့ ဘုရားကျောင်းဆောင်နဲ့မဆံ့အောင်ပါပဲ။ ကျွန်တော့်ဘေးနှစ်ဖက်မှာက သန်မာထွားကျိုင်းတဲ့ သူငယ်ချင်းနှစ် ယောက်ကပ်ထိုင်နေပါတယ်။ သက်ဦးနဲ့ သန်းညွန့်ပါ။
ပယောဂဆရာဟာ ဘယ်ရပ်ဘယ်ရွာမှာ ဘယ်လိုသိုက်အဆက်နဲ့ သေလုမြောပါးဖြစ်နေတဲ့လူနာကိုဘယ်နှရက်တည်းနဲ့ပျောက်အောင်ကုသ ခဲ့ကြောင်း၊ ဒီနေ့အထိ လူနာ ဘယ်နှယောက် အသက်ကို ကယ်တင်ခဲ့တဲ့ အကြောင်း အချိန်အတော်ကြာ အာပေါင်အာရင်းသန်သန်နဲ့ သမားဂုဏ်ပြု ကြွားလုံးတွေထုတ်ပါတယ်။
အားရအောင်ပြောဆိုပြီး တောပိုင် တောင်ပိုင် ရှိရှိသမျှ နတ်တွေ၊ စုန်း ကဝေ၊ တစ္ဆေ၊ သရဲ၊ ပရလောကသားတွေအားလုံး သူ့ထံ လာခစားကြဖို့ အမိန့်ပေးကြဖို့ အမိန့်ပေးပါတယ်။
“ကဲ- လူနာရှင် မိဘနှစ်ပါးကတော့ တပ်ခွဲမှူးနဲ့ တပ်ခွဲမှူးက တော်ပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်”
တပ်ခွဲမှူးဇနီးမောင်နှံ ပြိုင်တူပြောပါတယ်။
“လူနာကို ဆေးကုဖို့အပ်နှံကြောင်း ပရိတ်သတ်ကြားအောင်ပြောပါ” “ဟုတ်ကဲ့ – အပ်ပါတယ်။အားလည်းကိုးပါတယ်။ပျောက်အောင်လည်း ကုပေးပါ ဆရာရယ်”
“စိတ်ချ – စိတ်ချ၊ အောင်ဒင်ကုတဲ့လူနာမပျောက်မရှိပဲ”
လို့ ပြောပြီး ကျွန်တော့်ကို ဘုရားရှိခိုးခိုင်းပါတယ်။ ပြီးတော့ – ဆရာကို ကန်တော့ဆိုလို့ ရိုသေကျိုးနွံစွာပဲ ကန်တော့ပါတယ်။
အောင်ဒင်အမည်ရှိတဲ့ ပယောဂဆရာဟာ ကျွန်တော့်ခေါင်းကို အုပ်မိုး ကိုင်ပြီး ဥုံ- အင်နဲ့ ဂါထာတွေ ရွတ်ဆိုပြီး ဆိုင်ရာပိုင်ရာတွေ ပူးဆိုပူး၊ ကပ်ဆို ကပ်နဲ့ ကျယ်ကျယ်လောင်လောင် အော်ဟစ်အမိန့်ပေးပါတယ်။

“မင်းနဲ့ သက်ဆိုင်တဲ့နေရာ သက်ဆိုင်သူတွေကို အာရုံပြုထား” စခန်းတောင်ဘက်က ကျိုက်သွန်စေတီကို တည်တည်ငြိမ်ငြိမ်နဲ့ အာရုံ ပြုထားပါတယ်။
“ငါ ဆရာမေးတာတစ်ခုချင်းဖြေစမ်း၊ မင်း ဘယ်သူလဲ”
“ကျွန်တော်မောင်ဘိုကြီးပါ”
“မင်းဘယ်ကလဲ”
“ကျွန်တော် သူရဲသမိန်စခန်းထဲကပါ” “မင်း နားမှာ ဘယ်သူတွေရှိလဲ” “စခန်းထဲက ရဲဘော်တွေရှိပါတယ်”
“ဟား- ဟား- ဟား-ငါ့ကို စမ်းနေပြီကွ။ ဒါမျိုး လုပ်လို့ ရရိုးလားကွာ။ အောင်ဒင် ရာဇဝင်ရိုင်းသွားမှာပေါ့။ ငါ သုံးကြိမ် မေးမယ်။ သုံးကြိမ်လုံး ကျွန် တော် ဘိုကြီးပါ။ သူရဲသမိန်စခန်းထဲကပါဖြေလို့ကတော့ သေပြီမှတ်”
လိုကြိမ်းမောင်းပြီးသုံးကြိမ်သုံးခါမေးပါတယ်။ကျွန်တော့်ဘက်ကလည်း သုံးကြိမ်လုံး မပြောင်းမလဲ ဖြေဆိုပါတယ်။ ဒါကို စိတ်တိုပြီး ကလပ်ပေါ်က ဆေးနီသုတ်ထားတဲ့ ကြိမ်လုံးကို ဆွဲယူလိုက်ပါတယ်။
“မှတ်ထား – ဒါ ဆေးကြိမ်လုံးလို့ ခေါ်တယ်။ လူနာကို ရိုက်ရတော့မယ်။ ဒါပေမဲ့ – မစိုးရိမ်ပါနဲ့။ ခင်ဗျားတို့ လူနာ၊ နာနာကျင်ကျင် မခံစားရပါဘူး။ တကယ်ခံစားရမှာကသူ့သိုက်ဆက်တွေ၊သူ့အစွဲတွေပဲ။ဆတ်ဆတ်ခါအောင်
နာကျင်ကြမှာပါ”
“သုံးကြိမ်ပြည့်သွားပြီနော်။ လေသံမပြောင်းရင်တော့ ဆော်ပြီ” “မင်း− ဘယ်သူလဲ”
“မောင်ဘိုကြီးပါ”
“ရွှမ်း – ဖြန်း”
“မင်း- ဘယ်ကလဲ”

“သူရဲသမိန်စခန်းကပါ” “ရွှီး – ဖြန်း”
“မင်းနားမှာ ဘယ်သူတွေရှိလဲ”
“သက်ဦးနဲ့ သန်းညွန့် ရှိပါတယ်”
ကျွန်တော့် လက်မောင်းတွေကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ပြီး ပယောဂဆရာအောင်ဒင် စိတ်ကြိုက် ရိုက်နှက်နိုင်အောင် ထိန်းပေးထားတဲ့ သူငယ်ချင်းနှစ်ယောက်ကိုရည်ညွှန်းပြောလိုက်ခြင်းပါ။
“ဒါလောက်တောင် ခေါင်းမာတဲ့ကောင်”
လို့ ကြိမ်းမောင်းပြီး တရွမ်းရွှမ်း တဖြန်းဖြန်းနဲ့ ရိုက်တော့တာပါပဲ။ “အမလေး – ကယ်ကြပါဦး၊ အရပ်ကတို့ရဲ့”
ကုလားမောင်ညွန့် မိန်းမနတ်ကတော်မဌေးဟာ တစ်ကိုယ်လုံး ဆတ် ဆတ်ခါတုန်လှုပ်ရင်းပရိသတ်ကိုတိုးဝင်လာပါတယ်။ မနုဿလူသားစစ်စစ် မဌေးဖြစ်ပေမယ့် အသံကတော့ ချစ်ရတဲ့ထွေးရဲ့အသံပါ။
“အစ်ကိုထွေးသေရပါတော့မယ်။ အမှန်အတိုင်းပြောလိုက်ပါ” သေချင်နေတဲ့ ကျွန်တော့်အတွက် နာကျင်ခြင်းကို ကြံ့ကြံ့ခံနိုင်ပေမယ့် ထွေးကိုပါ ကူးစက်လာပြီဆိုရင်တော့ မခံစားနိုင်တော့ပါဘူး။ သည်းခံမှု စွမ်းအားမရှိတော့ပါဘူး။
“မြဲမြဲထိန်းထားနော်။ ကြမ်းမှ ရမယ်ဆိုတာ အားလုံးအမြင်ပဲ” “ပြောခိုင်းနေပြီလေကွာ”
“မပြောဘူး”
“မပြောရင် ဆော်တယ်ကွာ။ ဖြန်း – ရွှမ်း – ဖြန်း”
“ပြောခိုင်းနေပြီလေကွာ”
“မပြောဘူး”
“မပြောရင် ဆော်တယ်ကွာ၊ ဖြန်း- ရွှမ်း- ဖြန်း”

“တော်ပြီ – ရပ်တော့”
ကျွန်တော့်အော်ဟစ်တားမြစ်သံကြောင့် လန့်ဖျပ်ကုန်ပါတယ်။ “မတော်ဘူးကွာ “ ရွှမ်း – ဖြန်း”
“ဝုန်း”
“ကလုံ”
“ဂလွမ်း”
“ဟ-ထိန်းထားလေ၊ ဘာလို့ထွက်ပြေးကုန်တာလဲ” “လုပ်ကြပါဦး၊ ငါ့ဆံပင်တွေဆွဲပြီးထိုးကြိတ်၊ကန်ကြောက်နေပြီ။ခင်ဗျား တို့ လူနာကို ဆွဲကြဦးလေ။ ဘာလို့ပြေးကုန်ကြတာလဲ”

ကျွန်တော်ကျန်းမာရေးအခြေအနေဆိုးဆိုးဝါးဝါးဖြစ်နေတဲ့အကြောင်း ကျွန်တော့်တပ်ခွဲမှူးကလူလွှတ်ပြီးအကြောင်းကြားပါတယ်။ဒါပေမဲ့- အဖေ ချက်ချင်းလိုက်မနာနိုင်ဘဲတစ်ရက်နောက်ကျပြီးရောက်လာလို့ကျွန်တော်
နဲ့ ပယောဂဆရာရဲ့ ပြဿနာအရပ်ရပ်ကို ကြိုတင်မတားဆီးနိုင်ခဲ့ပါဘူး။ အဖေသာရှိနေလို့ကတော့ဒီလိုအောက်လမ်းနည်းတွေနဲ့ဓာတ်ကြမ်းကိုင်ပြီး
ကုတာလက်ခံမှာမဟုတ်သလိုကျွန်တော်လည်းအသားအနာခံရမှာမဟုတ်
တကယ်တော့ပယောဂဆရာဟာကျွန်တော့်ဘကြီးဘဒွေးအရွယ်ပါ။

ကျွန်တော့် အသားအနာခံနိုင်ပေမယ့် ကျွန်တော့်ချစ်သူထွေးပါ မဆီမဆိုင်
ရိုက်နှက်ခံရလို့ဒေါသပေါက်ကွဲပြီးကန်တော့ပွဲတွေကန်ကြောက်၊ပယောဂ
ဆရာသျှောင်ထုံးကိုဆွဲတိုင်နဲ့ဆောင့် ထိုးကြိတ်မိခြင်းပါ။
ကျွန်တော်ဘယ်ညာနှစ်ဖက်ကိုထိန်းချုပ်ထားတဲ့ဗလကြီးနှစ်ယောက် ပိန်းချုံးချိနဲ့အားပြတ်နေတဲ့ကျွန်တော့်ကိုထိန်းချုပ်လို့မရတာဟာ အခင်းဖြစ်

ချိန်ကကျွန်တော်ရယ်လို့အသိမရှိတော့ဘဲကျွန်တော့်ရဲ့မမြင်ရတဲ့အစောင့် အရှောက်တွေကပူးကပ်နေတယ်အထင်ရှိပြီးကြောက်လန့်စွာနဲ့လွတ်ပေး
လိုက်တာလို့ ဆိုပါတယ်။
“ငါ့သား မင်း သိပ်မှားသွားပြီ”
အဖေ အပြစ်ဆို စကားနဲ့စပါတယ်။
“ကိုယ့် ဘကြီး ဘထွေးအရွယ်ကို ဒါလောက် မလုပ်သင့်ဘူး။ ပြီးတော့ သားရဲ့ ဆရာသမား အကြီးအကဲတွေရဲ့ စေတနာကိုလည်း စော်ကားရာ ရောက်တယ်။ လူမိုက်သားရမ်းကားသလိုဖြစ်နေပြီး အဖေ့ပါထိခိုက်နေပြီ” ကိုယ့်အပြစ်နဲ့ကိုယ်မို့ ကျွန်တော် ဆိတ်ဆိတ်ပဲနေလိုက်ပါတယ်။ ည အိပ်ရာဝင်ချိန်မှာတော့ စကားတစ်မျိုးနဲ့ စပါတယ်။
“သား- ဘယ်လိုကနေ ဘယ်လိုဖြစ်တယ်ဆိုတာ သားရဲ့ ဆရာ တပ်ခွဲ မှူးနဲ့ တပ်ခွဲမှူးကတော်ကရော၊ သူငယ်ချင်း မောင်မြင့်စိုးကရော ပြောပြလို့ အဖေ သိတန်သလောက် သိပြီးပါပြီ။ ဒါပေမဲ့ – ကာယကံရှင် ဖြစ်တဲ့ ငါ့သား ကိုယ်တိုင်ပြောပြတာ အဖေ နားထောင်ချင်တယ်”
ဆိုလို့ကဆုန်လပြည့်နေ့ကဖြစ်စဉ်နဲ့အစချီပြီးနောက်ဆုံးပယောဂဆရာ
နဲ့ ကုသရတဲ့အထိ မခြွင်းမချန် ပြောပြပါတယ်။ ထွေး ကျွန်တော့်ကိုပေးတဲ့ လက်ဝတ်ရတနာနဲ့ ပစ္စည်းတွေကိုပါ ထုတ်ပြပါတယ်။ အလုံးစုံသိမှ အဖေ ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ချက်ချနိုင်အောင်လို့ပါ။
“ဒီပစ္စည်းတွေ အကုန်ပဲလား၊ စုံကော စုံရဲ့လား”
“အစုံပါ- အဖေ”
အဖေ ခေါင်းတဆတ်ဆတ်နဲ့ ညိတ်နေပါတယ်။ မသင်္ကာတဲ့ သဘော
“စကားဝါပန်းလေးတွေ ပဝါလေးတွေ ရောဆို”
မြင့်စိုး ကတိမတည်တော့ပါ။ အေးလေ- မိဘဆိုတော့လည်း ပြောပြမိ မှာပေါ့။ တခြားလူမပြောတာပဲ ကျေးဇူးတင်ရမှာပါ။
“နွမ်းခြောက်ကုန်လို့ ပန်းရော၊ ပန်းထုပ်တဲ့ ပဝါရော စစ်တောင်းမြစ်ထဲ မျှောလိုက်ပြီအဖေ”
ရှေ့ဆက်လို့မရအောင်ယတိပြတ်ပြောပြလိုက်တာပါ။အဖေအပါအဝင်
ဘယ်သူ့ကိုမှ ထုတ်ဖော်ပြသဖို့ ဆန္ဒမရှိပါဘူး။
အဲဒီနေ့ညက အဖေ ပုံပြင်တွေ ပြန်ပြောင်းပြောပြလို့ ကျွန်တေဟာ ရင်ခွင်ပိုက်ကလေးငယ်တစ်ယောက်လိုခံစားမိပါတယ်။ညဉ့်နက်လို့အိပ်ချင် ကြောင်းပြောတဲ့အခါ ခွင့်မပြုဘဲ ပရိတ်တရားတော်တွေ ရွတ်ပြ။ အဓိပ္ပာယ် တွေရှင်းပြပါတယ်။ကျွန်တော်အိပ်ပျော်ရင်အိပ်မက်မက်ပြီးပြန်လည်ဆက် သွယ်မှာပဲလို့ အထင်နဲ့ ကာကွယ်တဲ့သဘောပဲဖြစ်မှာပါ။ တစ်ညတာခရီးကိုအဖေ့ရဲ့တန်ဖိုးရှိတဲ့ပရိတ်တရားတော်တွေနာခံရင်း
တန်ဖိုးရှိစွာ ကုန်လွန်စေခဲ့ပါတယ်။
“တို့သားအဖ ခရီးထွက်ရမယ်”
အဖေဟာ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး စကားစပါတယ်။ “ဘယ်ကိုလဲ- အဖေ”
“ပဲခူးကို …”
“ဘာကိစ္စလဲဟင်”
“ဘာကိစ္စရမှာလဲ- သားကို ဆေးကုဖို့ပေါ့” “သားမှာ ဘာရောဂါမှ မရှိပဲ”
“အဲဒါ သားတစ်ယောက်တည်းက ပြောတဲ့စကား၊ သား ပတ်ဝန်းကျင် ကရော၊ အဖေကိုယ်တိုင်ကပါအသိ၊အမြင်၊အကြားနဲ့ပြောရရင် သိုက်ဆက် သိုက်စွဲ ရောဂါရှိနေတယ်လို့ လက်ခံထားကြတယ်။ အဖေပြောတာလက်ခံ ပါ သားရယ်။ ငါ့သားက အခြေအနေ ဆိုးဆိုးဝါးဝါး မဖြစ်စေချင်လို့ အဖေ့မှာ အလုပ်အကိုင်တွေဖြစ်ပြီး လာခဲ့ရတာပါ”
ပျော့ပျောင်းတဲ့လေသံ မေတ္တာရပ်ခံတဲ့ စကားကိုတော့ ကျွန်တော် ငြင်းဆန်ဖို့မသင့်ပါဘူး။
“အဖေကတိတစ်ခုတော့ ပေးပါ”
“ဘာကတိလဲ”
“ထွေးနဲ့ မင်္ဂလာဆောင်ပေးမယ်ဆိုတဲ့ ကတိ”
“အေး- ဟုတ်ပြီ။ ဒါဆို အဖေ့ချွေးမလောင်းကိုမြင်ချင်တယ် ခေါ်ပေး” “ခေါ်လို့မရဘူး အဖေ”
“သား…”
“ဗျာ…”
“အဲဒါ သားမှာ စွဲကပ်နေတဲ့ရောဂါပဲ”
အဖေ ပြောထားတဲ့ အစီအစဉ်အတိုင်းဆို ပဲခူးရောက်ရင် အရှေ့မြို့ ထောင့်ကျောင်းလို့ခေါ်တဲ့ မြို့အစွန်ညာဘက် သနပ္ပင်လမ်းက ဘုန်းကြီး ကျောင်းပါ။ ကျောင်းထိုင်ဆရာတော်ဟာ အဖေ ပဉ္စင်းခံပေးထားတဲ့ ဆရာ တော်ပဲဖြစ်ပြီး ကျွန်တော့်ပယောဂဝေဒနာကိုကုသဖို့ပါ။
ပဲခူးဘူတာရောက်လို့ မြင်းလှည်းစီးလုံးငှားပြီး ဦးတည်ရာ ခရီးစဉ်
ကတော့ ဆန့်ကျင်ဘက်အနောက်အရပ်ပါ။
“အဖေပြောတော့ အရှေ့မြို့ထောင့်ကျောင်းဆို”
“အေးပါ -ရွှေသာကျောင်း၊ မဟာစေတီ၊ ရွှေဂူလေးဘုရားတွေ ဖူးမြော် ကြည်ညိုလိုက်ရင် သားရဲ့စိတ်တွေ ကြည်နူးလန်းဆန်းသွားအောင်လို့ပါ” အဖေ့မေတ္တာ၊ အဖေ့စေတနာကို လေးစားလို့စကားမစတော့ပါ။
ကျွန်တော်တို့သားအဖပထမဦးဆုံးဖူးမြော်ရတာကတော့ပြုပြင်တည်
ဆောက်ဆဲ မဟာစေတီတော်ကြီးပါ။ ပန်း၊ ရေချမ်း၊ ဆီမီးတွေ ပူဇော်ပြီး လက်ျာရစ်လှည့်ပါတယ်။ ဘုရားကြီး ဌာပနာအတွက် ရွှေ၊ ငွေ၊ လက်ဝတ် ရတနာတွေကိုအလှူခံတဲ့ဂေါပကရုံးရှေ့ရောက်တဲ့အခါ။

“အဖေကတိတစ်ခုတော့ ပေးပါ”
“ဘာကတိလဲ”
“ထွေးနဲ့ မင်္ဂလာဆောင်ပေးမယ်ဆိုတဲ့ ကတိ”
“အေး- ဟုတ်ပြီ။ ဒါဆို အဖေ့ချွေးမလောင်းကိုမြင်ချင်တယ် ခေါ်ပေး” “ခေါ်လို့မရဘူး အဖေ”
“သား…”
“ဗျာ…”
“အဲဒါ သားမှာ စွဲကပ်နေတဲ့ရောဂါပဲ”
အဖေ ပြောထားတဲ့ အစီအစဉ်အတိုင်းဆို ပဲခူးရောက်ရင် အရှေ့မြို့ ထောင့်ကျောင်းလို့ခေါ်တဲ့ မြို့အစွန်ညာဘက် သနပ္ပင်လမ်းက ဘုန်းကြီး ကျောင်းပါ။ ကျောင်းထိုင်ဆရာတော်ဟာ အဖေ ပဉ္စင်းခံပေးထားတဲ့ ဆရာ တော်ပဲဖြစ်ပြီး ကျွန်တော့်ပယောဂဝေဒနာကိုကုသဖို့ပါ။
ပဲခူးဘူတာရောက်လို့ မြင်းလှည်းစီးလုံးငှားပြီး ဦးတည်ရာ ခရီးစဉ်
ကတော့ ဆန့်ကျင်ဘက်အနောက်အရပ်ပါ။
“အဖေပြောတော့ အရှေ့မြို့ထောင့်ကျောင်းဆို”
“အေးပါ -ရွှေသာကျောင်း၊ မဟာစေတီ၊ ရွှေဂူလေးဘုရားတွေ ဖူးမြော် ကြည်ညိုလိုက်ရင် သားရဲ့စိတ်တွေ ကြည်နူးလန်းဆန်းသွားအောင်လို့ပါ” အဖေ့မေတ္တာ၊ အဖေ့စေတနာကို လေးစားလို့စကားမစတော့ပါ။
ကျွန်တော်တို့သားအဖပထမဦးဆုံးဖူးမြော်ရတာကတော့ပြုပြင်တည်
ဆောက်ဆဲ မဟာစေတီတော်ကြီးပါ။ ပန်း၊ ရေချမ်း၊ ဆီမီးတွေ ပူဇော်ပြီး လက်ျာရစ်လှည့်ပါတယ်။ ဘုရားကြီး ဌာပနာအတွက် ရွှေ၊ ငွေ၊ လက်ဝတ် ရတနာတွေကိုအလှူခံတဲ့ဂေါပကရုံးရှေ့ရောက်တဲ့အခါ။

ပဲခူးအနောက်ဘက်ခြမ်း၊ ကျိုက်ပွန်လေးမျက်နှာဘုရားရွှေသာလျောင်း ဘုရား၊ ရွှေဂူလေး မဟာစေတီဘုရားစုံဖူးမြော်ပြီး ရွှေမော်ဓောဘုရားဈေး ဝင်ပါတယ်။ ထွေးပေးထားတဲ့ ပုဆိုးတွေကို စပ်လိုက်ကာ ချုပ်ပြီး “မောင်ဘို ကြီး – မနန်းမြထွေး ကောင်းမှု”လို့ ကမ္ပည်းတင်ဖို့ အပ်နှံခဲ့ပါတယ်။
ဘုရားစုံဖူးမြော်ခွင့် လက်ဝတ်ရတနာတွေ လှူဒါန်းခွင့်ရတဲ့ ကုသိုလ် ကောင်းမှု အလုံးစုံကို ပြန်လည်ခံစားရင်း ဝမ်းသာကြည်နူးမှုကြောင့် စိတ် ကြည်လင် လန်းဆန်းစွာနဲ့ အရှေ့မြို့ထောင့်ကျောင်းကို ဦးတည်ခဲ့ပါတယ်။

ကျောင်းမကြီးအပေါ်ထပ်ဘုရားခန်းရှေ့မှာအသင့်တွေ့ရတဲ့ဆရာတော်
ကို ဖူးမြော်ကန်တော့ပြီး…
“အကြောင်းကိစ္စရှိလား- ဒကာကြီး”လို့အမေးရှိတာကြောင့်။ “တင်ပါ့ ဘုရား၊ သား မောင်ဘိုကြီးကိစ္စပါ”
လို့အစချီပြီးဖြစ်ကြောင်းကုန်စင်ကိုလျှောက်ထားပါတယ် ဆရာတော်
ဟာ။ အချိန်အတော်ကြာ စဉ်းစားပြီး မိန့်ကြားလိုက်တာကတော့။ “အင်း – ဒီအတိုင်းဆို ဘုရားကု ကုမှရတော့မှာပဲ” “တင်ပါ့ဘုရား တပည့်တော် သားကို အပ်ပါတယ်” ကျွန်တော်ကြားဝင်ပြီး ဆရာတော်ကိုလျှောက်ပါတယ်။
“ဘုရားကု ကုတယ်ဆိုတာ ဘယ်လိုဟာလဲဘုရား” “ဘဝပြောင်းဖို့ ပြောတာ”
“ဟာ-ဝမ်းသာလိုက်တာ၊ တပည့်တော်ဘဝ ပြောင်းချင်နေတာပါ
မြန်မြန်ပြောင်းပေးပါ ဘုရား”
“သား-မင်းဘာတွေပြောနေတာလဲ။ ဘုန်းကြီးကဘဝပြောင်းပေးမယ် ဆိုတာသားကိုလူ့ဘဝကနေဘုရားသားတော်ဘဝရောက်အောင် သင်္ကန်း
ဆီးပေးဖို့ ပြောနေတာ”
“ဘယ်လောက်ကြာအောင် ဝတ်ရမှာလဲ- အဖေ” “မင်း ရောဂါပျောက်တဲ့အထိပဲ”
“သားမှာ ဘာရောဂါရှိလို့လဲ”
“မင်းရဲ့မတည်ငြိမ်တဲ့စိတ်တွေ၊ မူမမှန်တဲ့စိတ်တွေ၊ မင်းရဲ့လှုပ်ရှားမှုတွေ
အားလုံးဟာ ရောဂါလက္ခဏာတွေပဲ”
ပါပဲ။
မင်းငါအသုံးအနှုန်းတွေဟာအဖေမထိန်းသိမ်းနိုင်တော့တဲ့ဒေါသတွေ
“လူပြန်ထွက်ရင် အဖေ – ထွေးနဲ့ ပေးစားပါနော်”
“အေးပါကွာ- မင်းရောဂါပဲပျောက်အောင်ကုစမ်းပါ” “ပျောက်ရင် တကယ်ပေးစားနော်” “အေး-အေး”
ကျွန်တော်မောင်ဘိုကြီးလူ့ဘဝကနေဦးပဏ္ဍိတဒုလ္လဘရဟန်းဘဝကို
ခုနစ်ရက်ပဲ မျှော်မှန်းခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ဆရာတော်ရဲ့ တရားဟောတရားပြဆုံးမဩဝါဒတရားရေအေးတွေ သောက်သုံးခွင့်ရလို့ ဆယ့်တတစ်မီးငြိမ်းအောင် ဆယ့်တစ်ရက် ဝတ်ဖြစ်ခဲ့ပါတယ်။ အစိုးရဝန်ထမ်းရဲတပ်သားလေးဖြစ်နေတာကြောင့်ခွင့်ပြုရက်မလွန်စေ
ချင်လို့ပါ။
ဒုလ္လဘရဟန်းဘဝကနေ လူ့ဘဝပြန်ရောက်တဲ့အခါ စိတ်ကြည်လင် လန်းဆန်းပေါ့ပါးပြီးစိတ်သစ်၊ လူသစ်နဲ့ ဘဝကို ပြန်စခဲ့ပါတယ်။ ယနေ့ဆိုရင် ကျွန်တော်မောင်ဘိုကြီးလူ့ဘဝသက်တမ်းခုနစ်ဆယ်တန်းဝင်လာပြီဖြစ်လို့
လွန်ခဲ့တဲ့နှစ်ပေါင်းငါးဆယ်ကျော်ကပရလောကသား သိုက်နန်းရှင်ထွေးနဲ့ ချစ်ကျွမ်းဝင်ခဲ့တာတွေ၊ အစဖော်မရလောက် ရှိနေပါပြီ။

ကျွန်တော် သံယောဇဉ်ပြတ်ပေမယ့်…
အလုပ်အားရက်တစ်ရက်ကုန်ကြမ်းလိုလို့ဒိုင်ယာရီအဟောင်းတွေပြန်
လှန်လှောရင်း ၁၉၆၃ခုနှစ်၊ စက်တင်ဘာလဆန်း ရောက်တဲ့အခါ ဘွားခနဲ ပေါ်လာတာကတော့
ထီးသုံးနန်းသုံး လက်ကိုင်ပဝါလေးနဲ့ စကားဝါပန်းခြောက်လေးနှစ်ပွင့် ဖြစ်နေလို့ ဒီဇာတ်လမ်း ရေးသားတင်ဆက်လိုက်ရခြင်းပါ။
စာကြွင်း
၂ဝဝ၃- ခုနှစ်၊ စာရေးသူကျွန်တော်မောင်ဘိုကြီးဒုလ္လဘရဟန်းဝတ်ရန် သင်္ကြန်ကာလမှာ သူရဲသမိန်ရွာကို ရောက်ဖြစ်ပါတယ်။ အညာစုရွာအလွန် ညောင်ခြေထောက်ကျွန်းကိုကွေ့ဝိုက်ပြီးတဲ့အခါမြင်တွေ့ရတဲ့ပေါင်းလောင်း တောင်ကြီးဟာ စစ်ကိုင်းတောင်ရိုးအလား သစ်လွင်တဲ့ စေတီပုထိုးတွေနဲ့
သာသနာရောင်ဝါထွန်းလင်းနေပါတယ်။
လက်ညှိုးထိုးမလွဲ မြို့ပျက်၊ ငုတ်တိုစေတီ၊ ပုထိုး၊ ဆင်းတုတော်တွေကို ပြုပြင်တဲ့ နယ်မြေခံနဲ့ ရန်ကုန်ရောက်ပေါင်းလောင်းအသင်းသူအသင်းသား တွေရဲ့ဘာသာ၊ သာသနာအပေါ်သက်ဝင်ယုံကြည်မှု ကုသိုလ်ဒါနတွေပါပဲ။
– ရှစ်ခွင်ကျော် (ဖောင်တော်သီ)

Zawgyi Version

သိုက္နန္းရွင္ရဲ႕ခ်စ္သူ(စ/ဆုံး)
———————————–
ကြၽန္ေတာ့္ဆႏၵက ပဲခူး႐ိုးမေတာေတာင္ႀကီးေတြထဲ သစ္၊ ဝါး၊ ထင္း၊ လွည္းေတြနဲ႔အႀကဳံလိုက္ၿပီးေတာေတာင္သဘာဝအလွခံစားခ်င္စိတ္၊ ဗဟု သုတ ရွာမွီးလိုတဲ့စိတ္ကို ခ်ိဳးႏွိမ္မရလို႔ပါပဲ။ ရင္ထဲျဖစ္ေနတဲ့ ဆႏၵအမွန္ကို ထုတ္ေဖာ္ၿပီး ခြင့္ျပဳခ်က္ေတာင္းတဲ့အခါအေဖက …
“ေသခ်င္လို႔လား- လုံးဝ ခြင့္မျပဳဘူး”
ရယ္လို႔ ျပင္းျပင္းထန္ထန္ ျငင္းဆိုပါတယ္။ ကြၽန္ေတာ္ကလည္း ညင္ ညင္သာသာနဲ႔ တုံ႔ျပန္ၿပီး အစာငတ္ခံ ဆႏၵျပလိုက္တာေၾကာင့္ ေဆးဝါးအစုံ အလင္ ရိကၡာအျပည့္အစုံနဲ႔ စိတ္ခ်ရတဲ့ လွည္းႀကဳံရွာၿပီး ခြင့္ျပဳလိုက္ပါ တယ္။
အသြားမေတာ္ တစ္လွမ္းလို႔ ဆိုရမလား၊ မိဘေမတၱာ စူးတယ္ပဲ ေခၚ မလား၊ ေသခ်င္ စိန္မစားနဲ႔ သဲဝါကိုသြား။ သဲဝါငွက္မ်ား အရွင္မထားအဆိုနဲ႔ အညီငွက္ဖ်ားမိၿပီးအျပင္းဖ်ားေတာ့တာပါပဲ။အိမ္အေရာက္ျမန္ေပလို႔သာပါ။ နာရီပိုင္းေနာက္က်ရင္ အသက္ရွင္ခြင့္ ရမွာမဟုတ္ပါဘူး။
အသက္မေသေပမဲ့ သတိလစ္ေမ့ေျမာၿပီး ကြၽန္ေတာ္ လိပ္ျပာလြင့္စဥ္ သြားလို႔ကြၽန္ေတာ့္အေဖကြၽန္ေတာ့္အစ္မေသာကမီးေတြဟုန္းဟုန္းေတာက္
ေလာင္ကုန္ပါတယ္။
ေကာင္းကင္ယံမွာေလအဟုန္နဲ႔လြင့္ေမ်ာေနတဲ့ကြၽန္ေတာ္ဟာျမစ္ႀကီး တစ္စင္းရဲ႕အေရွ႕ဘက္ေစတီပုထိုးဆင္းတုသာသနိကအေဆာက္အအုံေတြ
ေပါမ်ားလွတဲ့ ေတာင္တန္းႀကီးတစ္ခုရဲ႕ ေတာင္ဘက္အစြန္ဆုံးက ေစတီ
တစ္ဆူေျခေတာ္ရင္းကိုေရာက္ရွိဖူးေျမာ္ၿပီးဟိုဟိုဒီဒီလိုက္ၾကည့္ရင္းေစတီ
ႀကီးရဲ႕ေတာင္ဘက္ေပါင္မုန႔္လွီးျဖတ္ထားသလိုပဲ့က်ေနတဲ့ေနရာကိုေလမွာ
လြင့္ေမ်ာရင္းလိုဏ္ဂူႀကီးထဲ ေရာက္သြားပါတယ္။
လိုဏ္ဂူႀကီးထဲမွာေတာ့ျမင္ျမင္သမွ်ေ႐ႊေရာင္တဖိတ္ဖိတ္လင္းလက္ၿပီး ေက်ာက္မ်က္ရတနာေတြနဲ႔အတိၿပီးတဲ့နတ္ဘုံနတ္နန္းႀကီးကိုအံ့မခန္းျမင္
ေတြ႕ရပါတယ္။
“ဟင္…”
အဆန္းတၾကယ္ျမင္ကြင္းေတြ ရင္သပ္ရႈေမာၾကည့္ရင္းကြၽန္ေတာ့္ကို ကြၽန္ေတာ္ ျပန္ၾကည့္လိုက္ခ်ိန္မွာေတာ့ ကြၽန္ေတာ့္ အသားအေရေတြ တေသြးတေမြးႏုပ်ိဳေနသလိုကြၽန္ေတာ့္ခႏၶာကိုယ္ေပၚမွာပဲအိမ္ေရွ႕မင္းသား
လို မင္းညီမင္းသားတစ္ပါးလို ျဖစ္ေနပါလား။
“ညီေတာ္”
အသံၾကားရာၾကည့္လိုက္ေတာ့ကြၽန္ေတာ့္လိုပဲမင္းညီမင္းသားဝတ္စုံ
နဲ႔ တစ္ေယာက္အၿငိမ့္မင္းသမီးလို ဘုရင့္သမီးေတာ္လိုအဝတ္အစားေတြနဲ႔
ခပ္႐ြယ္႐ြယ္အမ်ိဳးသမီးသုံးေယာက္ကကြၽန္ေတာ့္ကိုအၿပဳံးနဲ႔ လက္ကမ္းႀကိဳ
ေနပါတယ္။ “မိေႂကြ”
“ဟုတ္တယ္- ညီေတာ္၊လူ႔ဘဝကမိေႂကြ၊အခုဘဝမွာေတာ့အစ္ကိုႀကီး
ရဲ႕ႏွမေတာ္ နန္းျမေထြးေပါ့”
ကြၽန္ေတာ္မိေႂကြကိုတစိုက္မတ္မတ္ၾကည့္ေနမိပါတယ္။ “ညီေတာ္- အစ္ကိုႀကီးတို႔မေနခ်င္ဘူးလား”
မိေႂကြရွိတဲ့ေနရာ၊ မိေႂကြေနတဲ့ကမာၻ ကြၽန္ေတာ္ ေနခ်င္ပါတယ္။ ဒါေၾကာင့္ ေနခ်င္ပါတယ္လို႔ ေျပာမယ့္ စကားလုံးဟာ ႏႈတ္ဖ်ားက ထြက္က် မလာဘဲရင္ထဲမွာတစ္ဆို႔ရင္းတစ္စုံတစ္ခုကေပြ႕ခ်ီသယ္ေဆာင္ရာကိုလြင့္ေမ်ာလိုက္ပါသြားပါတယ္။
လာလမ္းအတိုင္းအျပန္ ျမစ္ႀကီးတစ္စင္းရဲ႕အေနာက္ဘက္ ခပ္လွမ္း
လွမ္းေရာက္တဲ့အခါေျမျပင္မွာခ်ၿပီးၿခဳံလႊာႀကီးကိုဖယ္ရွားလိုက္ခ်ိန္မွာေတာ့
လြန္ခဲ့တဲ့ငါးႏွစ္ကေသဆုံးသြားတဲ့ကြၽန္ေတာ့္အေမ ျဖစ္ေနပါတယ္။
ကြၽန္ေတာ္ဟာ အေမ့ကို ၾကည့္လိုက္၊ ေနာက္ေၾကာင္းကို ၾကည့္လိုက္ ဒြိဟ ျဖစ္ေနစဥ္မွာ အေမ့ပုံဟာ ပုံဆိုးပန္းဆိုး ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္လိုက္၊ အေမ့ပုံျပန္ေပၚလိုက္နဲ႔မို႔ေၾကာက္လန႔္ၿပီးကိုင္းေတာႀကီးေတြတိုးခေယာင္း
လမ္းကေျပးလႊားေနရပါတယ္။

“အေမ-အေမ- မလုပ္ပါနဲ႔ – အေမ”
“အေဖ-လာပါဦး၊ ေမာင္ေလးသတိရလာၿပီ။ အမေလး-ငါ့ေမာင္ေလး မေသေတာ့ဘူး။ အေဖ ေမာင္ေလးမေသေတာ့ဘူး”
“သား – ေရေသာက္- ေရေသာက္ ေရာ့”
ကြၽန္ေတာ္ အေဖေပးတဲ့ ေရခြက္ကို ဆြဲယူၿပီး အားပါးတရ ေသာက္ခ် လိုက္ပါတယ္။ အစ္မ – ခပ္ေပးတဲ့ ေရခြက္ႀကီးထဲက ေရေတြနဲ႔ မ်က္ႏွာသစ္ လိုက္လို႔ လန္းဆန္းသြားပါတယ္။
အေဖနဲ႔အစ္မအနီးကပ္ျပဳစုလို႔အသက္ရွင္ခြင့္ရတယ္လို႔ဆိုႏိုင္ေပမယ့္
ကြၽန္ေတာ့္ဆႏၵ မျပည့္ဝေသးပါဘူး။ ကြၽန္ေတာ့္ဆႏၵကမိေႂကြနဲ႔ ေတြ႕ရလို႔ပါ။ အခ်ိန္အေတာ္ၾကာ အေဖ ကြၽန္ေတာ့္ အေျခအေနကို သုံးသပ္ၿပီး အိမ္ေရွ႕ ဘက္ထြက္သြားခ်ိန္မွာေတာ့..
“မမ – ကြၽန္ေတာ္ မိေႂကြနဲ႔ ေတြ႕ခ်င္တယ္”
လို႔ ေတာင္းဆိုပါတယ္။
“ေတြ႕ရမွာေပါ့ – ေမာင္ေလးရယ္။ ေမာင္ေလး- ျမန္ျမန္နာလန္ထသြား ေအာင္ေဆးမွန္မွန္ေသာက္။ အစားမ်ားမ်ားစားေနာ္။ က်န္းမာေရးေကာင္း လာၿပီဆို မမကိုယ္တိုင္ မိေႂကြတို႔အိမ္လိုက္ေပးမယ္ေနာ္ေမာင္ေလး” အစ္မေျပာတာလည္းမွန္ပါတယ္။ ပိန္ခ်ဳံးခ်ိနဲ႔ၿပီးကမၼ႒ာန္း႐ုပ္ေပါက္ေန တဲ့ကြၽန္ေတာ့္ပုံစံကိုျမင္ရရင္ မိေႂကြစိတ္ခ်မ္းသာမွာမဟုတ္ပါဘူး။ က်န္းမာ ေအာင္ႀကိဳးစားၿပီး သြားေတြ႕မွ ျဖစ္မွာပါ။
သြားေတြ႕မွ ဆိုတာက အေဖ့ေၾကာင့္ပါ။
“သား- မင္းအ႐ြယ္မငယ္ေတာ့ဘူး။မင္းလူပ်ိဳေပါက္ျဖစ္ေနၿပီ။ မိေႂကြ ကလည္းအပ်ိဳႀကီးဖားဖားျဖစ္ေနၿပီ”
ဟုတ္ပါတယ္၊အေဖစကားလုံးနဲ႔ ပစ္လိုက္တဲ့ျမားကကြၽန္ေတာ္တို႔ ႏွစ္
ေယာက္ဟာငယ္စဥ္ေဆာ့ကစားတတ္တဲ့အ႐ြယ္ကတည္းကတစ္ေယာက္နဲ႔
တစ္ေယာက္ မ်က္စိေအာက္က အေပ်ာက္မခံႏိုင္ေလာက္ေအာင္ သံေယာ ဇဥ္ေတြ ခ်ည္ေႏွာင္ထားၾကတာပါ။ ဘယ္လိုမွ ျဖတ္မရတဲ့ သံေယာဇဥ္နဲ႔ တစ္ေန႔တစ္ခ်ိန္အိုးခ်င္းထားအိုးခ်င္းထိအဆင့္မ်ိဳးမေရာက္ေစခ်င္တဲ့မိဘ ေမတၱာနဲ႔ ပိတ္ပင္တားဆီးျခင္းျဖစ္ေၾကာင္းနားလည္ေပးပါတယ္။ ခက္တာကကြၽန္ေတာ္အမွန္အတိုင္းဝန္ခံရရင္ အိုးခ်င္းထိခါမွ ထိေရာ
ဆိုတဲ့ ဆႏၵရွိပါတယ္။
မိေႂကြတို႔ မိဘေတြဟာ ဆင္းရဲႏြမ္းပါးသူေတြေတာ့ မဟုတ္ပါဘူး။ လယ္နဲ႔၊ ယာနဲ႔၊ ကြၽဲနဲ႔၊ ႏြားနဲ႔ ေတာသူေဌးေတြပါ။မိသားစုစည္းစည္းလုံးလုံးနဲ႔ ႐ိုးသားမႈ၊ ႀကိဳးစားမႈေတြနဲ႔ ရပ္တည္ေနၾကတာပါ။ မိေကာင္းဖခင္သားသမီး ေတြပါ။
မိေႂကြဆိုရင္လည္း တစ္ကိုယ္လုံး အျပစ္ေျပာစရာမရွိေအာင္ လွတဲ့ အလွပိုင္ရွင္ေလးပါ။ ေႂကြ႐ုပ္ကေလးလို လွလို႔ မိေႂကြရယ္လို႔ မွည့္ေခၚထား တာပါ။
မိေႂကြမိဘေတြဘယ္ေလာက္ပဲခ်မ္းသာခ်မ္းသာမိေႂကြဘယ္ေလာက္ ပဲလွလွ အေဖ ဘယ္လိုမွ သေဘာတူမွာမဟုတ္ပါဘူး။ ဘာေၾကာင့္လည္း ဆိုေတာ့ မိေႂကြဟာ ေမြးရာပါ စကားမေျပာတတ္တဲ့ အ,အမေလးျဖစ္ေနလို႔ပါပဲ။

မိေႂကြသာ စကားေျပာတတ္မယ္ဆိုရင္ သာလိကာ ငွက္ကေလး ကေတာင္ အရႈံးေပးရမေလာက္ပါ။ စကားမေျပာတတ္ေလေတာ့ သူ႔လက္
ေခ်ာင္းေလးေတြ၊
သူ႔ေျခဟန္လက္ဟန္ေတြကပဲေျပာေနရပါတယ္။
မိေႂကြမွာ အစ္ကိုေျခာက္ေယာက္ရွိပါတယ္။ နံပါတ္ခုနစ္ေျမာက္ အေထြးဆုံးလည္းျဖစ္တဲ့ မိေႂကြတစ္ေယာက္တည္း မိန္းကေလးဆိုေတာ့ အစ္ကိုေတြက တုန္ေနေအာင္ ခ်စ္ၾကပါတယ္။ ဒါေပမဲ့ – မိေႂကြ လက္ဟန္ ေျခဟန္နဲ႔ဘာေတြေျပာေနတယ္ဆိုတာေတာ့ ဘယ္အစ္ကိုမွမသိၾကပါဘူး။
နားမလည္ၾကပါဘူး။
အစ္ကိုေတြမေျပာနဲ႔ ေမြးထုတ္တဲ့ မိဘႏွစ္ပါးကေတာင္ ဘာေတြေျပာ လို႔ ဘာေတြဆိုေနတယ္ဆိုတာနားမလည္ၾကပါဘူး။
မိေႂကြ ဘယ္သူ႔ကို ဘာေတြေျပာေနတယ္ဆိုတာ နားလည္တဲ့သူ။ တစ္ရပ္ကြက္လုံးမွ တစ္ေယာက္တည္းပဲ ရွိပါတယ္။ အဲဒီတစ္ေယာက္ ကေတာ့ ကြၽန္ေတာ္ဆိုတဲ့ ေမာင္ဘိုႀကီးပါ။
မိေႂကြဘက္ကလည္းေျခဟန္လက္ဟန္မပါဘဲကြၽန္ေတာ့္ ပါးစပ္လႈပ္
႐ုံနဲ႔နားလည္သေဘာေပါက္ပါတယ္။ ေဆာ့ကစားတတ္တဲ့အ႐ြယ္ကတည္း ကကြၽန္ေတာ္နဲ႔ပဲ အေဖာ္ျပဳခဲ့ရတာေၾကာင့္လို႔ ဆိုႏိုင္ပါတယ္။ အရွင္းဆုံးေျပာရရင္ ကြၽန္ေတာ္ဟာ မိေႂကြအတြက္ မိေႂကြ မိသားစု တစ္စလုံးကို စကားျပန္လုပ္ေပးရတဲ့သူပဲ ျဖစ္ပါတယ္။
မိသားတစ္စုလုံးက မိေႂကြေလာက္ တန္းညႇိၿပီး မခ်စ္ႏိုင္ေပမဲ့ မိသားစု လိုပဲ လက္ခံထားလို႔ မိေႂကြတို႔ အိမ္ေဂဟာဟာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ကြန္းခိုရာမိေႂကြတို႔အိမ္ေရွ႕ကြက္လပ္ဟာကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ကစား
ကြင္းပါ။ အိမ္ေရွ႕ကုကၠိဳပင္ႀကီးေအာက္က ကြပ္ပ်စ္ဟာ ကြၽန္ေတာ္တို႔ ႏွစ္ ေယာက္ရဲ႕အပန္းေျဖရာပါ။ မိေႂကြတို႔အိမ္ မီးဖိုေခ်ာင္ဟာ ကြၽန္ေတာ္တို႔ ႏွစ္ ေယာက္ရဲ႕စားရိပ္သာေလးပါ။

ကြၽန္ေတာ္ ငါးႏွစ္သားအ႐ြယ္မွာေတာ့ မိေႂကြအတြက္ အခ်ိန္ျပည့္
အေဖာ္မျပဳႏိုင္ေတာ့ပါဘူး။ ဘာေၾကာင့္ဆိုကြၽန္ေတာ္ကေက်ာင္းစတက္ၿပီး စကားမေျပာတတ္တဲ့ အ,အမေလး မိေႂကြကေတာ့ ေက်ာင္းမေနရရွာပါဘူး။
သနားစရာလည္းေကာင္းပါတယ္။ ကြၽန္ေတာ္ေက်ာင္းတက္ေနခ်ိန္ဆို
အိမ္ေရွ႕ကြပ္ပ်စ္မွာငူငူႀကီးထိုင္ၿပီးေက်ာင္းျပန္ခ်ိန္ကိုေမွ်ာ္ေနတတ္ပါတယ္။
ရပ္ကြက္ထဲမွာ ႐ြယ္တူကေလးေတြနဲ႔ ေဆာ့ပါဆိုလည္း လက္မခံပါဘူး။ ကြၽန္ေတာ္ ေက်ာင္းကအျပန္ ဝယ္ခ်မ္းလာတဲ့ မုန႔္ေတြဆို အငမ္းမရ စား ေသာက္တတ္ပါတယ္။
ဒါေလာက္ခိုင္မာတဲ့ သံေယာဇဥ္ႀကိဳးနဲ႔ ရစ္ပတ္ေႏွာင္ဖြဲ႕ထားမွေတာ့ ကြၽန္ေတာ္ ဘယ္လိုလုပ္ ဥပေကၡာျပဳရက္ပါ့မလဲ။
“မမ-ေမာင္ေလးလမ္းေလွ်ာက္ႏိုင္ၿပီေလ”
အစ္မ သေဘာေပါက္မွာပါ။
“ေမာင္ေလး”
“ဘာလဲ-မမ”
“မမေျပာရမွာပါးစပ္ထဲကမထြက္ဘူးကြယ္”
စကားမစခင္ကတည္းက အစ္မ မ်က္ႏွာ ညိဳေနပါတယ္။ ကြၽန္ေတာ္ ၾကည့္ေနဆဲမွာပဲ ၿပိဳေတာ့မယ့္မိုးလို မည္းေမွာင္သြားပါတယ္။ ကြၽန္ေတာ္
က်န္းမာေရးေကာင္းလာတာဝမ္းမသာႏိုင္ဘဲဘာေၾကာင့္ဝမ္းနည္းရိပ္ေတြ ျပေနရလဲဆိုတာ မခန႔္မွန္းႏိုင္လို႔ ရင္တထိတ္ထိတ္ပါ။
“ေမာင္ေလးစိတ္ခိုင္ခိုင္ထားေနာ္”

“ေျပာစရာရွိတာ ေျပာပါ… မမရယ္”
“ေမာင္ေလး ေတာက ငွက္ဖ်ားမိၿပီး ျပန္လာကတည္းက မိေႂကြဟာ တို႔ အိမ္ေရွ႕မွာ ေစာင့္ေနတယ္။ တို႔အိမ္က ထြက္လာတဲ့ လူမွန္သမွ် ေမာင္ ေလးသတင္းကို ေမးတယ္။ စကားမေျပာတတ္တဲ့လူဆိုေတာ့ ေျခဟန္ လက္ဟန္နဲ႔ေျပာတာဘယ္သူမွနားမလည္ၾကဘူးေလ။ သူ႔မိဘ သူ႔တစ္အိမ္ တည္းအတူေန အစ္ကိုေတြေတာင္ နားမလည္တာဟယ္”
ေျပာရင္းနဲ႔ပဲ အစ္မမ်က္ဝန္းမွာမ်က္ရည္စေတြတြဲခိုေနပါတယ္။ “ေမာင္ေလး – ျပန္ေရာက္ၿပီး သုံးရက္ေျမာက္ေန႔မွာကိုယ္ေတြတအား
ပူၿပီး တဟီးဟီးနဲ႔ အဖ်ားတုန္တက္ရာက ေခါက္ခနဲ ဇက္ႀကီးလည္ၿပီး သတိ လစ္ေမ့ေျမာသြားတာကို ေမာင္ေလး ေသၿပီဆိုၿပီး မမေလ ရင္ထုၿပီး အသံ ကုန္ဟစ္ငိုမိတယ္”
“အဲလို ငိုေတာ့ ေဘးအိမ္ေတြကလည္း အေျပးအလႊား ေရာက္လာၾက တာေပါ့။ အဲဒီအခ်ိန္မွာ မိေႂကြတို႔ အိမ္ေရွ႕မွာ ရွိေနတယ္ေလ။ အေျခအေန ရိပ္စားမိမွာေပါ့”
“မမကေတာ့မိန္းမသားခ်င္းဆိုေတာ့မိေႂကြစိတ္ကိုခန႔္မွန္းလို႔ရတယ္။
မိေႂကြ-ေမာင္ေလးကိုတစ္ဖက္သတ္ႀကိဳက္ေနတာ ၾကာၿပီ”
လိုရင္းေရာက္ေအာင္ စိတ္ရွည္ရွည္နဲ႔ နားေထာင္ေပးရပါတယ္။ “အဲလို – အခ်စ္စိတ္နဲ႔ပဲ သူ႔အိမ္မွာ ဘယ္သူမွ မရွိတုံး ထုပ္တန္းမွာ ႀကိဳးနဲ႔ခ်ည္ၿပီး ႀကိဳးဆြဲခ်ေသေၾကာင္းႀကံလိုက္တယ္ေလ”
ေအာ္- မိေႂကြရယ္။ နင္ မရွိေတာ့တဲ့ ဒီရပ္၊ ဒီ႐ြာ၊ ဒီေနရာ ငါ ဆက္ရွိေန
လို႔ စိတ္ခ်မ္းသာႏိုင္ပါေတာ့မလား-မိေႂကြ။
၁၂-၁၂-၁၉၆၁။
ပဲခူးခ႐ိုင္၊ တိုက္ခိုက္ေရးရဲ (အရန္ရဲ) ေမာင္ဘိုႀကီး ပါဝင္တဲ့ ရဲတပ္စု ေလးဟာ ပဲခူးခ႐ိုင္ ရဲဝန္႐ုံး လက္နက္တိုက္မွာ ေသနတ္ေတြထုတ္၊ ေဝါကို ကားနဲ႔သြား။ တူးေျမာင္းအတိုင္း ေမာ္ေတာ္နဲ႔ ျမစ္က်ိဳး႐ြာႀကီးကို စီးနင္းၿပီး ညအိပ္ရပ္နားပါတယ္။
ေနာက္တစ္ေန႔ ျမစ္က်ိဳးကေန လက္ပံ႐ြာကို ေျခက်င္ေလွ်ာက္ၿပီး လက္ပံ႐ြာ ေရာက္တဲ့အခါ ကမ္းႀကီးဆိပ္ကအျပန္ ေမာ္ေတာ္နဲ႔ သူရဲသမိန္ ႐ြာႀကီးကို ခရီးႏွင္ပါတယ္။ ကြၽန္ေတာ္တို႔တပ္စု စခန္းထိုင္ရမယ့္ ႐ြာႀကီးပဲ ျဖစ္ပါတယ္။
လက္ပံ႐ြာကေနေရဆန္အတိုင္းတအိအိနဲ႔ ဆန္တက္ရင္း အညာစု႐ြာ ကိုေက်ာ္၊ ေညာင္ေျခေထာက္ကြၽန္းကို ေကြ႕ပတ္ၿပီးခ်ိန္မွာေတာ့ သူရဲသမိန္ ႐ြာကိုအေဝးကလွမ္းျမင္ရတဲ့အျပင္စစ္ေတာင္းျမစ္အေရွ႕ဘက္ကမ္း၊ ေပါင္း ေလာင္းေတာင္ေၾကာနဲ႔ ထုံးျဖဴျဖဴ ေစတီကို ဖူးေျမာ္ရတဲ့အခ်ိန္မွေတာ့ ကြၽန္ ေတာ့္စိတ္အစဥ္ဟာ ခ်ာခ်ာလည္သြားသလိုပါပဲ။
ကြၽန္ေတာ္ ေရာက္ဖူး၊ ျမင္ဖူး၊ ေတြ႕ဖူးတဲ့ ျမင္ကြင္းရယ္လို႔ အသိရွိေန ေပမယ့္ ဘယ္တုံးကဆိုတာေတာ့ စဥ္းစားလို႔ အေျဖမေပၚပါ။
ကြၽန္ေတာ္တို႔တပ္စုကို သယ္ေဆာင္လာတဲ့ ခင္ဦးေမာင္ အမည္ရွိတဲ့ ေမာ္ေတာ္ဟာ ခရီးဆုံးျဖစ္တဲ့ သူရဲသမိန္႐ြာနဲ႔ အျပင္နီးလာလာေလ၊ ပီပီ ျပင္ျပင္ ေတြ႕ရတဲ့ ေပါင္းေလာင္းေတာင္တန္းႀကီးရဲ႕ဘယ္ေနရာမွာ ဘယ္လို ပုံစံနဲ႔တည္ထားတဲ့႐ုပ္ပြား၊ ဆင္းတု၊ေစတီ၊ သာသနိကအေဆာက္အအုံေတြ ရွိေနတယ္ဆိုတာ အသိကလႈံ႕ေဆာ္ေနပါတယ္။
ကြၽန္ေတာ္လူဝင္စား မဟုတ္ပါ။
ကြၽန္ေတာ့္မွာ နတ္မ်က္စိမရွိပါ။

ပထဝီေျမျပင္အေနအထား ဘယ္သို႔ဘယ္ပုံရွိတယ္ဆိုတာကြၽန္ေတာ့္
ကို ေျပာျပသူတစ္ေယာက္မရွိပါ။
သို႔ဆိုပါလွ်င္ ….

သူရဲသမိန္႐ြာ …
ပဲခူးခ႐ိုင္၊ေဝါၿမိဳ႕နယ္၊စစ္ေတာင္းျမစ္အေနာက္ဘက္ကမ္းနဖူးမွာတည္ ရွိတဲ့အိမ္ေျခ(၁၃၀၀)ေက်ာ္ရပ္ကြက္ႀကီး (၁၃) ကြက္နဲ႔ဖြဲ႕စည္းၿပီးေတာင္နဲ႔ ေျမာက္အလ်ားလိုက္တန္းေနပါတယ္။
စစ္ေတာင္းျမစ္ရဲ႕အေရွ႕ဘက္သူရဲသမိန္႐ြာနဲ႔မ်က္ႏွာခ်င္းဆိုင္မွာေတာ့ ေပါင္းေလာင္းေတာင္လို႔ေခၚတဲ့ ေရေဝေတာင္တန္းႀကီး ရွိပါတယ္။ ေပါင္းေလာင္းေတာင္တန္းႀကီးေပၚမွာေတာ့ေစတီ၊ပုထိုး၊ ဆင္းတုေတာ္ မုျဒာမ်ိဳးစုံနဲ႔ ႐ုပ္ပြားေတာ္ေတြ ေနရာအႏွံ႔အျပားမွာ တည္ရွိေနေၾကာင္း သိရ ေပမဲ့ ၿမိဳ႕ပ်က္၊ ငုတၳိ၊ ေျမျပင္ညီအထိ ပ်က္ဆီးေနၿပီး ခ်ဳံႏြယ္၊ ျမက္႐ိုင္းေတြ ေတာင္ ဖုံးလႊမ္းေနလို႔သူရဲသမိန္ဘက္ကမ္းကၾကည့္ရင္ေျမာက္ဘက္အစြန္ နဂါးလိမ္ဘုရား ကြမ္းဆိပ္႐ြာေတာင္ဘက္ ဝဠာေအာင္ျမေစတီလို႔ ဘြဲ႕မည္ တြင္တဲ့ မုဆိုးမေတာင္ကုန္းေစတီနဲ႔ ေတာင္ဘက္အစြန္ဆုံးမွာေတာ့ အျပင္ က်ိဳက္ေဒးသုတ္။ ေတာင္ေျခခပ္လွမ္းလွမ္းမွာ ေျခေတာ္ရာတို႔ေလာက္သာ ရင္ျပင္ေတာ္ကေန ထီးေတာ္၊ စိန္ဖူးေတာ္၊ အဂၤါရပ္နဲ႔ ျပည့္စုံတာ ဖူးေတြ႕ရပါ တယ္။
ကြၽန္ေတာ္တို႔ ပဲခူးခ႐ိုင္ရဲ႕ တိုက္ခိုက္ေရး (ဃ) တပ္ခြဲနဲ႔ တပ္ခြဲ႐ုံးတပ္စု တည္ေနရာကေတာ့ တစ္ေက်ာင္းတည္းသာရွိတဲ့ ႐ြာလယ္တိုင္တစ္ရာ ဘုန္းေတာ္ႀကီးေက်ာင္း (ဘုန္းေတာ္ႀကီးသင္တြဲဖက္အ.လ.ကေက်ာင္း)ရဲ႕
အေနာက္ဘက္ကိုက္ႏွစ္ရာအကြာက်ိဳက္သြန္ေစတီေတာ္မဟာရံတံတိုင္း
ေျမာက္ဘက္မွာပါ။
ကြၽန္ေတာ္တို႔ တပ္ခြဲ႐ုံးတပ္စု ေျမာက္ဘက္မွာ (၁၀) ရပ္ကြက္၊ ကြၽန္ ေတာ္တို႔စခန္းေတာင္ဘက္နဲ႔ကပ္လ်က္ေပႏွစ္ရာပတ္လည္မဟာရံတံတိုင္း ခတ္ထားတဲ့က်ိဳက္သြန္ေစတီေတာင္ဘက္မုခ္တည့္တည့္ဆယ့္ငါးေပအကြာ
ေလာက္မွာ မခ်စ္စုသရက္ပင္ေတြ အုပ္ဆိုင္းေနတဲ့ အုတ္ေရတြင္း ေတာင္

ဘက္ ေပတစ္ရာေလာက္မွာ ေသာက္သုံးေရကန္ ေတာင္ဘက္တစ္ဆက္ တည္း (၁) ရပ္ကြက္လို႔ေခၚတဲ့ တလိုင္းကုန္းတည္ရွိပါတယ္။
ဇာတ္အိမ္ဖြဲ႕ ဇာတ္လမ္းတည္ေနရာကို အေသးစိတ္ ျခယ္မႈန္းတင္ျပ ရျခင္းကေတာ့ အေၾကာင္းရွိလို႔ပါ။

၁၉၆၂ – ခုႏွစ္ရဲ႕ေႏြဥတုဟာ ပူျပင္းေျခာက္ေသြ႕လွပါတယ္။ ဆယ္ရပ္ကြက္လို႔ေခၚတဲ့ တလိုင္းကုန္းရပ္ကြက္ အိမ္ေျခတစ္ရာေက်ာ္ ေသာက္သုံးေရအျဖစ္သုံးစြဲတဲ့က်ိဳက္သြန္ေစတီေတာင္ဘက္ကေရကန္ဟာ ေရေတြ ခန္းေျခာက္ၿပီး ကန္ၾကမ္းျပင္ႀကီးတစ္ခုလုံး ပပ္ၾကားအက္ေတြမွ ျမင္မေကာင္းေအာင္ပါ။
ေရက်ခ်ိန္ ေရေသရက္မွာ စစ္ေတာင္းျမစ္ႀကီးရဲ႕ၾကည္လင္ေအးျမတဲ့ ေရခ်ိဳကိုေသာက္သုံးလို႔အဆင္ေျပေပမယ့္ေရတက္ရက္၊ ေရထရက္ဆိုရင္ ေတာ့ အျမင့္ ႏွစ္ေပခြဲ သုံးေပေလာက္ရွိတဲ့ ဒီေရလႈိင္းႀကီးနဲ႔အတူ ဝင္လာတဲ့ ေရေတြကေတာ့ ပင္လယ္ေရေတြ ပါလာလို႔ ငန္ညႇိေနာက္က်ိလို႔ ေနပါတယ္။
ကဆုန္လျပည့္ရက္ေတြျဖစ္လို႔ စစ္ေတာင္းျမစ္ေရ သုံးလို႔မရ။ ကန္ေရ ကလည္း ခန္းေျခာက္ေနတာေၾကာင့္ တစ္တြင္းထဲသာရွိတဲ့ ဘုရားေတာင္ ဘက္မုခ္အတြက္ မခ်စ္စုသရက္ပင္ေတြ အုံ႔ဆိုင္းေနတဲ့ အုတ္ေရတြင္းကိုပဲ ကြၽန္ေတာ္တို႔ ရဲေဘာ္ေတြနဲ႔ တလိုင္းကုန္းရပ္ကြက္သူ ရပ္ကြက္သားေတြ အလုအယက္ ခပ္ယူသုံးစြဲရပါတယ္။
ေလးေထာင့္ပုံးႏွစ္လုံးပါ ေရတစ္ထမ္းရရွိဖို႔အေရး နာရီဝက္ တစ္နာရီ ၾကာ အခ်ိန္ေပးရပါတယ္။ အုတ္ေရတြင္းက စိမ့္ထြက္တဲ့ စမ္းေရကို စစ္ၿပီး ခပ္ယူ ရလို႔ပါ။
ေမာင္ဘိုႀကီးတို႔ ရဲေဘာ္ေတြ ကိုယ္စီ ကိုယ္စီ အလုပ္ေတြနဲ႔ ေရခပ္ဖို႔ အခ်ိန္မေပးႏိုင္တာေၾကာင့္ ညသန္းေခါင္သန္းလြဲကိုပဲ ေ႐ြးၿပီး အလုပ္ပ်က္
အအိပ္ပ်က္ အပင္ပန္းခံ ခပ္ယူၾကပါတယ္။
ကြၽန္ေတာ္တို႔တပ္ခြဲ႐ုံးနဲ႔လက္ေအာက္ခံတပ္စုမွာလူပ်ိဳလူလြတ္ရဲေဘာ္
ခုနစ္ေယာက္ရွိပါတယ္။
တစ္လစာရိကၡာအတြက္အခ်ိဳးက်ထည့္ၿပီးထမင္း
ခ်က္၊ ေရခပ္၊ ထင္းေခြအလုပ္ကို အလွည့္က်နဲ႔ ေဆာင္႐ြက္ၾကပါတယ္။ တပ္ခြဲ႐ုံး လူပ်ိဳရဲေဘာ္ျဖစ္တဲ့ ကြၽန္ေတာ္နဲ႔ ျမင့္စိုးကေတာ့ ခုနစ္ေပ ပတ္လည္အက်ယ္ရွိတဲ့အခန္းထဲမွာ ခုတင္တစ္ေယာက္တစ္လုံးနဲ႔ အိပ္စက္ ၿပီး ခ်စ္ထြန္းကေတာ့ ႐ုံးခန္းက်ယ္ႀကီးထဲမွာ အိပ္စက္ပါတယ္။
ကဆုန္လျပည့္ည …
ျမဴတိမ္ကင္းစင္လို႔ အလင္းေရာင္စြမ္းအား တိုးျမင့္ေနတဲ့ စႏၵာလမင္း ႀကီး အလင္းေရာင္ေၾကာင့္ သူရဲသမိန္႐ြာႀကီးရဲ႕အိမ္အေဆာက္အအုံေတြနဲ႔
သစ္ပင္ဝါးပင္ေတြရဲ႕အနားလိုင္းေတြဟာမ်က္စိပသာဒရွိလွပါတယ္။အပ္က်
ရင္ေတာင္ ကုန္းေကာက္လို႔ရတယ္ဆိုတဲ့ အလင္းေရာင္မ်ိဳးပါ။
ကဆုန္လျပည့္ေက်ာ္တစ္ရက္ေန႔အထူးညဥ့္သန္းေခါင္ေက်ာ္ေလာက္ မွာေတာ့ ေရခပ္အလွည့္က်တဲ့ကြၽန္ေတာ္ေမာင္ဘိုႀကီးဟာစည္ပိုင္းႏွစ္လုံး ထဲကလက္က်န္ေရနဲ႔ အနယ္ေတြေမႊေႏွာက္ၿပီးသြန္ေမွာက္၊ေလးေထာင့္ပုံး ႏွစ္လုံး ေရငင္ပုံးတစ္လုံးနဲ႔ ေရခပ္ဖို႔ လုပ္ငန္းစပါတယ္။
ကြၽန္ေတာ္သူငယ္ခ်င္းျမင့္စိုးကေတာ့မၿပီးျပတ္ေသးတဲ့အလုပ္ေတြကို
မွန္အိမ္အလင္းေရာင္နဲ႔ လုပ္ကိုင္ေနဆဲပါ။
ေရငင္ပုံးလက္က ဆြဲ၊ ေရထမ္းပုံးကို ပခုံးမွာထမ္းၿပီး က်ိဳက္သြန္ေစတီ ေျမာက္ဘက္မုခ္ကဝင္၊ ေစတီအေရွ႕ဘက္ လက္်ာရစ္ဝိုက္ၿပီး ေတာင္ဘက္ မုခ္နဲ႔ ေျခဆယ္လွမ္းေလာက္အကြာေတာင္ဘက္မုခ္ေပါက္မွာ ဘြားခနဲျမင္ လိုက္ရတာကေတာ့…
မိန္းမေခ်ာေလး သုံးေယာက္ပါ။
ကြၽန္ေတာ့္ တစ္ကိုယ္လုံး ၾကက္သီးေမြးညင္းေတြထၿပီး ထိတ္လန႔္
တုန္လႈပ္သြားပါတယ္။ေၾကာက္လန႔္တၾကားနဲ႔ေရပုံးေတြပစ္ခ်ၿပီးထြက္ေျပး
ရင္ေတာ့ ေသနတ္ကိုင္ထားတဲ့ ကြၽန္ေတာ့္ကို သရဲေဘာေၾကာင္တယ္လို႔ အျပစ္ဆိုၾကေတာ့မွာပါ။
လူသားဆန္ဆန္ဆင္ယဥ္ထုံးဖြဲ႕ထားေပမယ့္လူသားစင္စစ္ဧကန္မျဖစ္
တာေတာ့ေသခ်ာပါတယ္။ သန္းေခါင္သန္းလြဲဘုရားဖူးလာဖို႔ဘယ္မိဘကမွ ခြင့္ျပဳမွာ မဟုတ္ပါဘူး။
က်ိဳက္သြန္ေစတီရဲ႕ အရပ္ေလးမ်က္ႏွာ မုခ္ေပါက္ေတြမွာ ကြၽဲ၊ ႏြား၊ တိရစာၦန္မဝင္ႏိုင္ေအာင္ ထြာဆိုင္သာသာနဲ႔ အျမင့္သုံးေပခြဲေလာက္ရွိတဲ့ ပ်ဥ္းကတိုးငုတ္တိုင္ႏွစ္တိုင္စီ စိုက္ထားပါတယ္။
ကိုယ္ထင္ျပတယ္ဆိုတာစကၠန႔္ပိုင္းေလာက္ပါ။ကြၽန္ေတာ့္ျမင္ကြင္းမွာ
ကေတာ့မိနစ္ေတြေတာင္ ေက်ာ္လြန္ေနပါၿပီ။
ပ်ဥ္းကတိုးငုတ္တိုင္ႏွစ္တိုင္မွာ ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ၿပီး ေျခ ေထာက္တြဲေလာင္းခ်ထားပါတယ္။အလယ္တစ္ေယာက္ကေတာ့ရပ္လ်က္
အေနအထားနဲ႔ပါ။
သုံးေယာက္သားကြၽန္ေတာ့္ကို ၿပဳံးျပေနပါတယ္။
သူတို႔အၿပဳံးက ကြၽန္ေတာ့္ရဲ႕ေၾကာက္လန႔္စိုးရိမ္စိတ္ေတြ လြင့္ျပယ္ေစ ပါတယ္။ သူတို႔ ကြၽန္ေတာ့္ကို ပါးစပ္တျပင္ျပင္နဲ႔ မိတ္ေဆြဖြဲ႕ခ်င္ပုံရပါတယ္။ ကြၽန္ေတာ့္စိတ္နဲ႔ ႏႈိင္းယွဥ္ၿပီး ထင္ျမင္ခ်က္ေပးတာပါ။ ကြၽန္ေတာ္ေရွ႕သုံးေလးလွမ္းတိုးၿပီး ျမင္သာေအာင္ ၾကည့္ပါတယ္
“မိေႂကြ”
ကြၽန္ေတာ့္ကို တစ္ဖက္သတ္အခ်စ္နဲ႔ အသက္စြန႔္သြားတဲ့ မိေႂကြနဲ႔ တစ္ပုံစံတည္း တူလြန္းလို႔ ကြၽန္ေတာ့္ ပါးစပ္က လႊတ္ခနဲ ထြက္သြားတာပါ။

မိေႂကြမွန္းသိေစခ်င္လို႔အခ်ိန္အေတာ္ၾကာကိုယ္ထင္ျပတဲ့သေဘာပဲထင္ပါ
တယ္။ ကြၽန္ေတာ္ မိေႂကြလို႔ တမ္းတမ္းတတ ေခၚလိုက္တာနဲ႔ပဲ ျမင္ကြင္းက
ေပ်ာက္သြားပါတယ္။
မိေႂကြကိုတဒဂၤျမင္ရတဲ့ကြၽန္ေတာ္ဟာစိတ္မသာမယာျဖစ္လို႔ေရခပ္
တဲ့အလုပ္ကို ဆက္မလုပ္ဘဲ ေနာက္ေၾကာင္းျပန္လွည့္ခဲ့ပါတယ္။ ေရငင္ပုံး
ေလးေထာင့္ပုံးထမ္းတံပိုးကိုသိမ္းဆည္းရင္းေဆးေၾကာသြန္စစ္ၿပီးေမွာက္ ထားတဲ့ေပပါႏွစ္လုံးစီမ်က္စိေရာက္သြားခ်ိန္မွာေတာ့ကြၽန္ေတာ့္တစ္ကိုယ္
လုံးအံ့ဩလြန္းလို႔ေျမာက္တက္သြားသလိုပါပဲ။
ေပပါႏွစ္လုံးမွာ ေရေတြ ျပည့္လွ်ံေနပါတယ္။
ကြၽန္ေတာ္မခပ္ဘဲဘာေၾကာင့္ေရေတြျပည့္လွ်ံေနရလဲ။ သိုက္နန္းရွင္
ရဲ႕ခ်စ္သူဘဝ ေရာက္ေတာ့မယ့္ ကြၽန္ေတာ့္ရဲ႕ ပထမဦးဆုံးေသာ အဆန္း တၾကယ္ ျဖစ္ရပ္ပါ။
“ေဟ့ေကာင္ – ဒီအခ်ိန္မခပ္ဘယ္အခ်ိန္ခပ္မွာလဲ။ကိုယ့္အလွည့္ကိုယ္ တာဝန္ေက်ေအာင္လုပ္ေနာ္”
“ေဟ့ေကာင္ ျမင့္စိုး၊ မင္းေပပါေတြ သြားၾကည့္ဦး”
“မင္း သြားတာ မိနစ္ပိုင္းပဲ ရွိေသးတာ သြားၾကည့္စရာလိုလား”
“သြားၾကည့္ပါဆိုကြာ”
အဲဒီေန႔ည ျမင့္စိုးသာ သက္ေသမရွိရင္ ကြၽန္ေတာ္ ဘယ္လိုေျဖရမွန္း
မသိေတာ့ပါ။
နယုန္လျပည့္ေန႔ည
မိုးဦးက်ေစာလို႔ေရ၊ေျမ၊ေတာ၊ေတာင္သဘာဝေတြဟာစိမ္းလန္းစိုေျပ
ေနပါတယ္။ မစိုေျပတာကေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္းပဲ ျဖစ္မွာပါ။

မေန႔ညေနကကိုဘိုျမင့္ အပ္ခ်ဳပ္ဆိုင္မွာ အျမန္ေၾကးေပးၿပီး ခ်ဳပ္ခိုင္းထားပါ လ်က္ အခ်ိန္မီ မၿပီးရေကာင္းလားလို႔ ဆိုင္ရွင္နဲ႔ စကားမ်ားၿပီး ေဒါသအရွိန္ မေျပေသးလို႔ညဥ့္နက္သည္အထိ အိပ္လို႔မေပ်ာ္ႏိုင္ပါ။
ကြၽန္ေတာ္ ခ်ဳပ္ခိုင္းထားတဲ့ ဝတ္စုံဟာ ဘာေၾကာင့္ အေလာသုံးဆယ္ ျဖစ္ရလဲဆိုေတာ့ မနက္ျဖန္နယုန္လျပည့္ေက်ာ္တစ္ရက္ေန႔မဂၤလာေဆာင္ မွာ သတို႔သားအရန္ လုပ္ေပးဖို႔ပါ။
ကြၽန္ေတာ့္မွာ ပြဲတက္ဝတ္စုံေတြ ရွိပါတယ္။ အဲဒီဝတ္စုံေတြ ဝတ္ၿပီး သတို႔သားအရန္လုပ္ရင္ မဂၤလာေမာင္မယ္ႏွစ္ေယာက္လုံးကို ေစာ္ကားရာ ေရာက္ပါတယ္။ ဘာေၾကာင့္ဆိုမဂၤလာေမာင္မယ္ႏွစ္ေယာက္လုံးကအရင္း
ႏွီးဆုံးမိတ္ေဆြေတြျဖစ္လို႔သတို႔သားေလာင္းကအင္းေလးပုဆိုး၊ သတို႔သမီး ေလာင္းကတက္ထြန္ပိတ္စလက္ေဆာင္ေပးထားလို႔ပဲျဖစ္ပါတယ္။
မတည္ၿငိမ္တဲ့ စိတ္ကို တည္ၿငိမ္ေအာင္ စာေတြဖတ္၊ စာေတြေရးဆြဲၿပီး သားႏွစ္ခ်ဳပ္၊ လခ်ဳပ္စာရင္းဇယားေတြျပန္စစ္ရင္း သန္းေခါင္ေက်ာ္ေလာက္ မွအိပ္ေပ်ာ္သြားပါတယ္။
မိန္းမပ်ိဳသုံးေယာက္..
ကြၽန္ေတာ္ဟာမိန္းမပ်ိဳသုံးေယာက္ေခၚေဆာင္ရာေလဟုန္စီးၿပီးလိုက္
ပါသြားပါတယ္။ ကဆုန္လျပည့္ေန႔ညက သူရဲသမိန္႐ြာ၊ က်ိဳက္လြန္ေစတီ ေတာင္ဘက္မုခ္ေပါက္မွာေတြ႕ခဲ့တဲ့အမ်ိဳးသမီးသုံးေယာက္ပါပဲ။
ကြၽန္ေတာ္တို႔ေလးေယာက္ ေပါင္းေလာင္းေတာတန္းႀကီးရဲ႕ေတာင္
ဘက္အစြန္က်ိဳက္ေဒးသုတ္ေစတီကစလို႔ေျမာက္ဘက္အစဥ္လိုက္ဆင္းတု ေတာ္ေစတီ ပုထိုးေတာ္ေတြကို လိုက္လံဖူးေျမာ္ၾကပါတယ္။ သာသနိက အေဆာက္အအုံတိုင္းဟာ ဘုရားဖူးခရီးသည္ေတြ စဥ္ဆက္မျပတ္ လာ ေရာက္ ဖူးေျမာ္ထားသလို အေနအထားနဲ႔ ျမင္ေတြ႕ရသလို ေဂါပကအဖြဲ႕ ကုသိုလ္ေတာ္ ျပဳျပင္မြမ္းမံထားမႈ၊ ဘုရားပရဝုဏ္ သန႔္ရွင္းသပ္ရပ္ေအာင္ ဖန္တီးထားမႈေၾကာင့္ ဖူးေျမာ္လို႔အားမရႏိုင္ေအာင္ပါ။

ကြၽန္ေတာ္တို႔ေလးေယာက္လုံးလက္ခ်ည္းဗလာနဲ႔လာေရာက္ဖူးေျမာ္
ၿပီး ေစတီတစ္ဆူ၊ ဘုရားတစ္ဆူေရာက္တိုင္းမွာ ပန္း၊ ေရခ်မ္း၊ ဆီမီး၊ အေမႊး တိုင္၊ မုန႔္၊ ဆြမ္း ဆက္ကပ္ျဖစ္တာ သတိထားမိပါတယ္။ က်ိဳက္ေဒးသုတ္ေစတီေတာ္ကေနေျမာက္ဘက္အစဥ္လိုက္ ဘုရားဖူး ခရီးစဥ္ကေတာ့ေျခက်င္ခရီးစဥ္ပါ။ေတာင္ဆင္းေတာင္တက္ေတြမွာေတာ့ အမ်ိဳးသမီးအငယ္ဆုံးေလးကကြၽန္ေတာ့္ခါးကိုဆြဲ၊ကြၽန္ေတာ့္လက္ေမာင္း ကိုတြဲခို၊ စကားမရွိ စကားရွာေျပာဆိုရင္းလိုက္ပါခဲ့ပါတယ္။ ဝဠာေအာင္ျမေစတီလို႔ေခၚတဲ့မုဆိုးမဘုရားကုန္းေတာ္ေပၚေရာက္ခ်ိန္
မွာေတာ့ ေနမြန္းတည့္ေနၿပီျဖစ္လို႔ ဗိုက္ဆာလာပါတယ္။ ဘုန္းႀကီးေက်ာင္း ေတာင္မရွိတဲ့ေနရာစြန႔္စားလို႔ မျဖစ္တဲ့အတြက္ ဆာဆာနဲ႔ပဲ သည္းခံေနရပါ
တယ္။
“အစ္ကို- ကုန္းေတာ္ေပၚလိုက္ၾကည့္ခ်င္လို႔အေဖာ္လိုက္ေပးပါ” အငယ္ဆုံး အမ်ိဳးသမီးေလးရဲ႕ ဆႏၵလိုက္ေလ်ာခြင့္ ျပဳ၊ မျပဳ က်န္အစ္မ ႏွစ္ေယာက္ကိုမ်က္လုံးနဲ႔ ေတာင္းခံၾကည့္ပါတယ္။
“လိုက္သြားေပးလိုက္ပါ- ေမာင္ေလးရယ္”
အမ်ိဳးသမီးႀကီးရဲ႕ခြင့္ျပဳခ်က္ပါ။
“ျမန္ျမန္သြား၊ ျမန္ျမန္ျပန္လာေဟ့။ ဗိုက္ဆာၿပီ – ထမင္းစားၾကမယ္”
အမ်ိဳးသမီးအလတ္ရဲ႕ေဆာ္ဩမႈပါ။
ထမင္းစားၾကမယ္ဆိုမွပဲကြၽန္ေတာ့္ဗိုက္ကပိုဆာေလာင္လာပါတယ္။ “ဟယ္ – အစ္ကို ပိႏၷဲသီးနံ႔ ေမႊးလိုက္တာ”
ေစတီအေရွ႕ေတာင္ေထာင့္ဘက္ေရာက္တဲ့အခါကြၽန္ေတာ့္ႏွာေခါင္းဝ
ကိုပါ ပိႏၷဲသီးအမွည့္နံ႔ တိုးဝင္လာလို႔ ရွာၾကည့္လိုက္ခ်ိန္မွာေတာ့ ပင္စည္နဲ႔ ကိုင္းခြၾကားေတြမွာ ႁပြတ္သိပ္ေနေအာင္ သီးေနတဲ့ ပိႏၷဲပင္ႀကီးကို ျမင္ေတြ႕ရ ပါတယ္။

ပိႏၷဲပင္ရွိရာသို႔ ကြၽန္ေတာ္ ေရွ႕ေဆာင္သြားၿပီး ခါးေတာင္းေျမႇာင္ေအာင္ က်ိဳက္လိုက္ပါတယ္။ အပင္ေပၚအသီးမွည့္တက္ရွာၿပီး ဆြတ္ဖို႔ပါ။
“ဟယ္ – အစ္ကို၊ ဒီမွာ – ဒီမွာ”
ပင္ေျခေျမႀကီးေပၚေမးတင္ၿပီး သီးေနတဲ့ထဲက ထြားထြားက်ိဳင္းက်ိဳင္း အသီးႀကီးတစ္လုံးမွာ ယင္ေကာင္စိမ္းႀကီးေတြ အုံခဲေနပါတယ္။ ကြၽန္ေတာ္ ဆြတ္ခ်ဴထမ္းပိုးၿပီးအစ္မႏွစ္ေယာက္ရွိရာကိုျပန္လာခ်ိန္မွာေတာ့ကြၽန္ေတာ့္
မ်က္လုံးေတာင္ ကြၽန္ေတာ္မယုံၾကည္ႏိုင္တဲ့ ျမင္ကြင္းပါ။
ငွက္ေပ်ာဖက္ေတြေပၚက
အေငြ႕တေထာင္းေထာင္းထေနတဲ့ထမင္း။
ဝင္းဝင္းဝါေနတဲ့ ေ႐ႊဖ႐ုံသီးဟင္း။
ေမႊးႀကိဳင္သင္းပ်ံ႕ေနတဲ့ ပဲငါးပိေၾကာ္။
စားရင္းေသာက္ရင္းနဲ႔ပဲ စကားေတြေဖာင္ဖြဲ႕ေျပာျဖစ္ၾကပါတယ္။ ေျပာ ျဖစ္တယ္ဆိုတာက မိန္းမပ်ိဳေတြကခ်ည္း ေျပာတာပါ။ ကြၽန္ေတာ္ကေတာ့ ဆာဆာနဲ႔ပဲကုန္းေကြးေနမိပါတယ္။
မိန္းမပ်ိဳသုံးေယာက္နာမည္ေတြကနန္းျမရွင္၊ နန္းျမခင္၊နန္းျမေထြးပါ
တဲ့။ ကြၽန္ေတာ္မွတ္သားလိုက္ပါတယ္။
ထမင္းစားေသာက္ၿပီးေတာ့ အခ်ိဳတည္းဖို႔အတြက္ ပိႏၷဲသီးမွည့္ႀကီးကို ဇရပ္တိုင္နဲ႔႐ိုက္ခြဲၿပီး စားၾကပါတယ္။နန္းျမေထြးကေတာ့ကြၽန္ေတာ္ခြံ႕ေကြၽး မွာ စားမယ္ပါတဲ့။ အစ္မေတြ ေရွ႕မွာ သင့္ေတာ္ပါ့မလား။
“ခြံ႕ေကြၽးပါဆိုေတာ့လည္း ခြံ႕ေကြၽးလိုက္ေပါ့ကြယ္”
ခြင့္ျပဳခ်က္ရၿပီျဖစ္လို႔ ကြၽန္ေတာ္ ခြံ႕ေကြၽးပါတယ္။

“အား မကိုက္နဲ႔ေလ – နာတယ္”

အိပ္မက္သံသရာကကြၽန္ေတာ္ႏိုးထခ်ိန္မွာေတာ့ေလးနာရီထိုးေနပါၿပီ။ ကြၽန္ေတာ္ ဆက္မအိပ္ခ်င္ေတာ့လို႔ အိပ္မက္ျဖစ္စဥ္ကို ေတြးေနပါတယ္။
အိပ္မက္ထဲက အျမင္အားလုံးဟာ ကြၽန္ေတာ္နဲ႔ မစိမ္းပါဘူး။ ဘယ္ ေတာင္ကုန္းေရာက္ရင္ဘယ္လိုပုံေစတီ၊ ပုထိုး၊ ဆင္းတုေတာ္ေတြမွာအစဥ္ လိုက္သိေနပါတယ္။ ကြၽန္ေတာ္ ဘယ္လိုသိလဲဆိုတာ စဥ္းစားလို႔ရပါၿပီ။ ကြၽန္ေတာ္ ငွက္ဖ်ားမိ အျပင္းဖ်ား၊ သတိလစ္ေမ့ေျမာစဥ္က လိပ္ျပာလြင့္ၿပီး ေရာက္ဖူးခဲ့တဲ့ ေနရာေတြပါ။ မွတ္မိသြားပါၿပီ။
ဆန္းတာကေတာ့လက္ေတြ႕ဘဝ၊ ကြၽန္ေတာ့္ေလ့လာမွတ္သားမိသမွ် ဟာေပါင္းေလာင္းေတာင္ေပၚမွာေစတီပ်က္၊ ဘုရားပ်က္ေတြခ်ည္းပဲ။ ခ်ဳံႏြယ္ ေတြ၊ မ်က္႐ိုင္းေတြ ဖုန္အုပ္ေနလို႔ ဘယ္သူမွ မေရာက္ဖူးၾကဘူးဆိုတဲ့ သာသနိကအေဆာက္အအုံေတြဟာအားလုံးသစ္လြင္၊ေတာက္ပ၊သန႔္ရွင္း သပ္ယပ္ၿပီး ဘုရားဖူးခရီးသည္စဥ္ဆက္မျပတ္လာေရာက္ဖူးေျမာ္တဲ့အေန
အထားေတြခ်ည္းပဲျမင္ေတြ႕ရပါတယ္။ ၿပီးေတာ့ – နန္းျမေထြး။
ကြၽန္ေတာ္ နန္းျမေထြးရဲ႕အေတြ႕အထိ၊ အေျပာအဆိုေတြကို သာယာ တတ္လာပါတယ္။ မ်က္စိထဲ ေဖ်ာက္မရေအာင္ စြဲလမ္းမိသလိုပါပဲ။ “ေဟ့ေကာင္ – ဘိုႀကီး၊ ဘာထိုင္လုပ္ေနတာလဲ”
“ငါမအိပ္ခ်င္ေတာ့လို႔ပါ – ျမင့္စိုးရာ”
ကြၽန္ေတာ္ျမင့္စိုးကိုေျပာေနဆဲမွာႏွာေခါင္းထဲပိႏၷဲသီးမွည့္အနံ႔တိုးဝင္
လာပါတယ္”
“ေဟ့ေကာင္ – ဘိုႀကီး၊ ငါတို႔အခန္းထဲ ပိႏၷဲသီးနံ႔ ရတယ္ကြ”
ျမင့္စိုးေျပာေျပာဆိုဆိုနဲ႔သူ႔ေခါင္းအုံးေဘးကဓာတ္မီးနဲ႔ထိုးရွာပါတယ္။
မရွိတဲ့အရာကို ရွာေနေတာ့လည္း ပင္ပန္း႐ုံေပါ့ကြာလို႔ စိတ္ထဲက ေျပာမိပါတယ္။

“ဟာ-ေဟ့ေကာင္”
“ဘာလဲကြာ – မင္းကလည္း အလန႔္တၾကား”
ျမင့္စိုး ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ၾကား စားပြဲေပၚက စကၠဴအိမ္ကိုဆြဲယူ ၿပီးဓာတ္မီးနဲ႔ ထိုးၾကည့္လိုက္ပါတယ္။
တက္ထြန္ အျဖဴေရာင္လည္ေခါင္းတုံးရွပ္အက်ႌတစ္ထည္။ အင္းေလးပုဆိုး က်ဴထရံကြက္အစိမ္းေရာင္တစ္ထည္။ အပ္ခ်ဳပ္ဆိုင္နာမည္ပ်က္မွာစိုးရိမ္လို႔လာပို႔တာေတာ့မျဖစ္ႏိုင္ပါ။ဝတ္စုံ
ကိုၾကည့္ရင္းျမင့္စိုးမ်က္ႏွာမွာအံ့ဩရိပ္ေတြျပေနပါတယ္။ အိပ္မက္နဲ႔လက္ ေတြ႕ဘဝ ထင္ဟပ္ခံထားရတဲ့ ကြၽန္ေတာ့္အတြက္ ေျပာမျပတတ္ေအာင္ပါပဲ။
ဝါဆိုလျပည့္ေက်ာ္တစ္ရက္ ..

“ငါမင္းကိုစကားေတြအမ်ားႀကီးေျပာစရာရွိတယ္၊ ဘိုႀကီးေမးစရာေတြ
လည္း ရွိတယ္။ မင္း ငါ့ကိုေတာ့ မလိမ္မညာဘဲ အမွန္အတိုင္း ေျပာေစခ်င္ တယ္ကြာ”
“မင္းနဲ႔ငါ့ၾကားမွာ လိမ္တာညာတာ ထိမ္ခ်န္တာမရွိပါဘူး – ျမင့္စိုးရာ” ကြၽန္ေတာ့္မ်က္ႏွာကိုစိုက္ၾကည့္ရင္း ျမင့္စိုးၿပဳံးပါတယ္။ မယုံၾကည္တဲ့ အၿပဳံး၊ မသကၤာတဲ့ အၿပဳံးပါ။
“ဘာၿပဳံးတာလဲ- ေဟ့ေကာင္”
“မလိမ္မညာ မထိမ္ခ်န္ဘူးဆိုလို႔ပါ။ မင္းျငင္းလို႔မရတဲ့အခ်က္ေတြကို ငါ ေနာက္မွ ေျပာမယ္။ ေလာေလာဆယ္ ငါ မင္းကို သတိထားၾကည့္တယ္။ ကဆုန္လျပည့္ေက်ာ္ေလာက္ကစၿပီး မင္း ငူတူတူေငါင္ေတာင္ေတာင္နဲ႔
ေတြးေနေငးေနတယ္၊ တစ္ခုခု စြဲလမ္းေနသလိုပဲ။ မသကၤာစရာေတြလည္း ေတာ္ေတာ္မ်ားမ်ားေတြ႕ရတယ္။ပထမအႀကိမ္ကဆုန္လျပည့္ညေရတိုင္ကီ ႏွစ္လုံး ေရျပည့္ေနတယ္။ အဲဒါ မင္း ခပ္ထည့္တာ လုံးဝမျဖစ္ႏိုင္ဘူး။ နယုန္ လျပည့္ေန႔မွာတို႔အခန္းက်ဥ္းေလးထဲမွာပဲကြက္ၿပီးပိႏၷဲသီးအမွည့္နံ႔ရတယ္။ ငါ ရွာတယ္ မေတြ႕ဘူး။ မရွာတဲ့ပစၥည္းကေတာ့ စားပြဲေပၚမွာေတြ႕တယ္။ တက္ထြန္အက်ႌနဲ႔ အင္းေလးပုဆိုး ဝါဆိုလထဲမွာတစ္ခါ၊ လျပည့္ေက်ာ္ တစ္ရက္ေန႔ထင္တယ္။ တို႔အခန္းထဲမွာစကားဝါပန္းနံ႔ရတယ္ကြာလို႔ငါေျပာ ေတာ့ မင္း မလုံမလဲနဲ႔ ဟိုရွာဒီရွာ ရွာတယ္။ မင္းမေတြ႕ဘူး။ ဘယ္ေတြ႕မွာလဲ ငါ ဝွက္ထားတာပဲ။ အင္မတန္ ေရွးဆန္တဲ့ လက္ကိုင္ပဝါေလးတစ္ထည္။ အထဲမွာက စကားဝါပန္းေလးႏွစ္ပြင့္။ ငါ မရွိတုန္း မင္း ရွာတာေတြ႕ၿပီး သိမ္း လိုက္တယ္။ အဲဒါမင္းငါ့ကိုလိမ္တာ၊ညာတာ၊ထိမ္ခ်န္တာမဟုတ္လို႔ဘာလဲ။ ေအးေလ – ထားပါေတာ့”
“အဲဒီပစၥည္းေတြဟာမင္းသြားမယူဘူးဆိုတာငါသိတယ္။ မင္းကိုဘယ္ သူကေပးတာလဲ။ငါသိပ္အံ့ဩတယ္ကြာ။ အဆန္းေတြခ်ည္းပဲ။ သဒၶါလြန္ရင္ တဏွာကြၽန္ျဖစ္တတ္တယ္ – ေဟ့ေကာင္”
“မင္းတို႔ မျမင္အပ္တဲ့ ပုဂၢိဳလ္ေတြက ေပး၊ ဘိုးေတာ္ေတြ မင္းကို ေစာင့္ ေရွာက္သူေတြ၊သူေတာ္ေကာင္းေတြ၊အထက္ပုဂၢိဳလ္ေတြကေပးတယ္ဆိုရင္
ေတာ့အႏၲရာယ္မရွိႏိုင္ေပမဲ့စုန္း၊ကေဝ၊ သရဲ၊တေစၦ၊ပရေလာကသားေတြက ေပးတယ္ဆိုရင္ေတာ့ မင္း အသက္ဆုံးရႈံးေအာင္ ဆိုးက်ိဳးေတြ ေပးလာႏိုင္ တယ္ဆိုတာ သူငယ္ခ်င္းေကာင္းတစ္ေယာက္အေနနဲ႔တားျမစ္ခ်င္တယ္”
သူငယ္ခ်င္းျမင့္စိုး အမွန္စကားေတြပဲေျပာတာပါ။ ကြၽန္ေတာ္ကေတာ့ မွားသည္မွန္သည္ ဘာတစ္ခုမွေျပာဆိုျခင္းမရွိပဲေရငုံႏႈတ္ပိတ္ေနပါတယ္။ ကြၽန္ေတာ္ စြဲစြဲလမ္းလမ္းျဖစ္ေနတဲ့ နန္းျမေထြးဘဝကို အစမထြက္ေစခ်င္ လို႔ပါပဲ။

ေထာင့္စြန္းေလးမွာေထြးလို႔ေရးထိုးအမွတ္အသားျပဳထားတဲ့ေရွးဆန္
ဆန္ လက္ကိုင္ပဝါေလးနဲ႔ စကားဝါပန္းေလး ႏွစ္ပြင့္ဟာလည္း နန္းျမေထြး
ေပးထားတာပါ။
ဝါဆိုလကြယ္ေန႔ညက အိပ္မက္ျဖစ္စဥ္မွာ ေပးလိုက္တာပါ။
အဲဒီေန႔က မုဆိုးမကုန္းေတာ္ေပၚက ဝဠာေအာင္ျမေစတီရဲ႕အေနာက္ ေတာင္ေထာင့္ေပတစ္ရာအကြာေလာက္ကစကားဝါပင္ယံထက္မွာစကား
ဝါပန္းေတြ လႈိင္လႈိင္ပြင့္ေနပါတယ္။ ကုန္းေတာ္တစ္ခုလုံး ေမႊးႀကိဳင္လို႔ပါ။ ေထြး အလိုရွိတယ္ဆိုလို႔ အပင္ေပၚတက္ဆြတ္ေႁခြခ်ေပးပါတယ္။ ညီအစ္မ သုံးေယာက္ လုေကာက္လို႔ ေၾကမြကုန္လို႔ ကြၽန္ေတာ္ ဝွက္ယူလာတဲ့ပန္း၊ နန္းျမေထြး ေတာင္းဆိုလို႔ ကြၽန္ေတာ္ကိုယ္တိုင္ ပန္ဆင္ေပးရတဲ့ ပန္းေလး ႏွစ္ပြင့္ပါ။
ကြၽန္ေတာ့္ စစ္သုံးမ်က္ႏွာသုတ္ပဝါေလးေတာင္ အမွတ္တရ ေပးခဲ့ပါ ဆိုလို႔ ေပးခဲ့ရပါတယ္။
အကယ္၍သာ ကြၽန္ေတာ္ လျပည့္လကြယ္ရယ္မွမဟုတ္ပဲ ကြၽန္ေတာ္ တမ္းတတဲ့အခ်ိန္တိုင္းလို အိပ္မက္ ျမင္မက္ၿပီး လက္ေတြ႕ဘဝအထိ ပါလာ တဲ့ စိန္၊ နီလာ၊ ျမ၊ ပတၱျမားလက္စြပ္ေလးကြင္းရွိေနေၾကာင္းသာ ျမင့္စိုး သိသြားရင္ စိုးရိမ္စိတ္နဲ႔ ေမာင္းတီးေၾကျငာေတာ့မွာ ေသခ်ာပါတယ္။ သဒၶါလြန္ရင္တဏွာကြၽန္ျဖစ္တတ္တယ္တဲ့။ ပရေလာကသားေတြဆို ရင္ အသက္အႏၲရာယ္ ထိခိုက္ႏိုင္ေအာင္ ဆိုးက်ိဳးေတြေပးႏိုင္သတဲ့။ ကြၽန္ ေတာ္ေရွ႕တိုးသင့္သလား၊ေနာက္ဆုတ္သင့္သလား။ ျမင့္စိုးကေတာ့ေနာက္
ဆုတ္ေစခ်င္မွာပါ။
ကြၽန္ေတာ္ဆုံးျဖတ္ခ်က္ခ်ထားၿပီးပါၿပီ။ကြၽန္ေတာ္ေရွ႕ပဲတိုးေတာ့မွာပါ။ ကြၽန္ေတာ့္အေပၚမနန္းျမရွင္၊မနန္းျမခင္တို႔ႏွစ္ေယာက္ကလည္းနားလည္မႈေတြေပးထားၾကပါၿပီ။

လက္ကိုင္ပဝါ၊ စကားဝါပန္း၊ ပြဲတက္ဝတ္စုံ၊ လက္စြပ္ေလးကြင္း ေပး တယ္၊ ကမ္းတယ္ဆိုတာ ခ်စ္သူရည္းစားေတြရဲ႕ အခ်စ္သေကၤတပါ။ ကြၽန္ ေတာ္နဲ႔ နန္းျမေထြး သမီးရည္းစားဘဝ မေရာက္ေသးပါဘူး။ ကြၽန္ေတာ့္ ပါးစပ္က ဖြင့္ဟျခင္းမရွိေသးလို႔ မျဖစ္တဲ့သေဘာပါ။
ေပးတိုင္ယူ ေကြၽးတိုင္းစား တစ္လမ္းေအာင္းတဲ့ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္လည္းရွက္လွပါၿပီ။
“နန္းျမေထြးကို ေတြ႕ခ်င္ရင္ မုဆိုးမေတာင္ကုန္းကိုလာခဲ့ေနာ္”
ကြၽန္ေတာ့္ နားထဲမွာ နန္းျမေထြး အသံ ပဲ့တင္ထပ္ေနပါတယ္။ ကြၽန္ ေတာ္ အခ်ိန္ကာလကန႔္သတ္မႈရွိတဲ့ အိပ္မက္ကို မေစာင့္ႏိုင္ေတာ့ပါဘူး။ နန္းျမေထြး ခ်ိန္းဆိုရာလက္ေတြ႕ဘဝနဲ႔ သြားေတြ႕ၿပီးဖြင့္ဟေတာင္းဆိုေတာ့ မွာပါ။

ဝဠာေအာင္ေျမေစတီလို႔ေခၚတဲ့ မုဆိုးမေတာင္ကုန္းေပၚကေန စီးမိုး ျမင္ရတဲ့ သူရဲသမိန္႐ြာရဲ႕ အလွဟာ ႐ုပ္လုံးႂကြၿပီး အသက္ဝင္လွပါတယ္။ ၿငိမ့္ၿငိမ့္ေညာင္းေညာင္းနဲ႔ ေကြ႕ဝိုက္စီးဆင္းတဲ့ စစ္ေတာင္းျမစ္ႀကီးရဲ႕ေရစီး သံဟာ သာယာၿငိမ့္ေညာင္းၿပီး နားဝင္ပီယ ရွိပါတယ္။ ဝဠာေအာင္ျမေစတီရဲ႕ ဆည္းလည္းသံေလးကလည္းၾကည္ႏူးခ်မ္းေျမ့မႈကို ေပးစြမ္းလ်က္ပါ။
“အစ္ကို” “မနန္းျမေထြး”
လက္ေတြ႕ပစၥကၡဘဝကနန္းျမေထြးစစ္စစ္ပါ။
“ဘယ္လိုေခၚလိုက္တာလဲ အစ္ကိုရယ္”
“မနန္းျမေထြးလို႔”
“သူစိမ္းဆန္လိုက္တာ၊ ေထြးလို႔ ေခၚပါအစ္ကိုရယ္”
“ေထြး” “အစ္ကို”
“ေထြး- ဒီေန႔ သိပ္လွေနပါလားဟင္”
ေထြး အၿပဳံးနဲ႔ တုံ႔ျပန္ပါတယ္။
“အစ္ကို “ဒီေန႔ ေပးစရာရွိလို႔လာခဲ့တာပါ။ အစ္ကို႔မွာေထြးကိုေပးစရာ
အဖိုးတန္လက္ဝတ္ရတနာေတာ့ မရွိဘူးကြယ္”
“ေထြး-မမက္ေမာပါဘူး။ ေထြးလိုခ်င္တာက….”

“အခ်စ္မဟုတ္လား၊ အစ္ကို ေထြးကို အခ်စ္ေတြေပးပါရေစ ေထြး
လက္ခံပါ”
ေထြး ေခါင္းညိတ္ရင္း မ်က္ဝန္းက မ်က္ရည္မိုးေတြ ႐ြာသြန္းလာပါ တယ္။
“ဝမ္းနည္းစရာ၊ စိတ္မေကာင္းစရာဆိုသလို ေတာင္းပန္ပါတယ္။ ဒါေပမဲ့ – ေထြးရယ္၊ အစ္ကို႔စကားကို မ႐ုပ္သိမ္းပါရေစနဲ႔” “ေထြး-ဝမ္းသာလို႔ပါ။ တကယ္ေတာ့ေထြးဟာလူ႔ဘဝမွာထဲကအစ္ကို
ကို အသည္းနင့္ေအာင္ ခ်စ္ခဲ့ရသူပါ”
“ဟင္-ဒါဆိုေထြးဟာ လူ႔ဘဝက” “အသက္ေပးခ်စ္ခဲ့ရတဲ့ မိေႂကြပါ”
“ေအာ္”
“အစ္ကို”
“ေျပာပါ-ေထြး”
“ေထြးကို အစ္ကိုတကယ္ခ်စ္တာပါေနာ္”
“မေမးပါနဲ႔ – ေထြးရယ္၊ အသည္းနင့္ေအာင္ ခ်စ္တာပါ” လို႔ေျပာၿပီးေထြးကိုယ္လုံးေလးကိုေပြ႕ဖက္ၿပီးေထြးပါးျပင္ကိုအနမ္းမိုး
ေတြ႐ြာခ်လိုက္ပါတယ္။
“အစ္ကို ကတိတစ္ခု ေပးပါေနာ္”
“မေတာင္းခင္ကတည္းက ေပးၿပီးသားပါ”
“အစ္ကို – အသက္ဇီဝိန္”

“ဘိုႀကီးေပ်ာက္ေနတာသုံးရက္ရွိၿပီ။မင္းနဲ႔တစ္႐ုံးတည္းတစ္ခန္းတည္း အတူေနၿပီးမင္းမသိဘူးဆိုတာ ငါလက္မခံဘူး ျမင့္စိုး”

တပ္ခြဲမႉး ျမင့္စိုးကို ေအာ္ေငါက္ေမးျမန္းပါတယ္။
“ကြၽန္ေတာ္ကေတာ့ ႐ူးခ်င္တယ္။ သြပ္ခ်ာပါဒလည္ေအာင္ကို ႐ူးခ်င္ တယ္။ ကြၽန္ေတာ္လည္းရွာတာပဲ။ ရွာတာမွေျမလွန္ရွာတာ။ ဒီေကာင္ ရွိေန မွန္းသိရက္နဲ႔ မျမင္ရလို႔ ရွာေနတာ။ ဒီေကာင္ ဒီမွာပဲ ရွိေနတယ္ဆိုတာ ဘာအေထာက္အထားနဲ႔ ေျပာရလဲဆိုေတာ့ ဗိုလ္ႀကီး -ဒီမွာၾကည့္”
လို႔ဆိုၿပီး တီေအ၊ ဒီေအေတာင္းခံလႊာ ေန႔စဥ္မွတ္တမ္းလႊာ ကြၽန္ေတာ့္ လက္ေရးမူေတြကို ျပပါတယ္။
ကြၽန္ေတာ့္လက္ေရးမူအစစ္ေတြပါ။ ေန႔စဥ္ေဆာင္႐ြက္ရမယ့္လုပ္ငန္း ေဆာင္တာေတြကို အခ်ိန္ကိုက္ မလစ္ဟင္းေအာင္ ေရးသြင္းေနပါတယ္။ ျမင့္စိုးသာမက တပ္ခြဲမႉး တပ္စုမႉးကအစ ရဲေဘာ္ေတြ ကြၽန္ေတာ့္ကို ေနရာ အႏွံ႔ လိုက္ရွာေနၾကတာ ကြၽန္ေတာ့္အျမင္ပါ။ “ဘိုႀကီးေရ” လို႔ တစာစာ ေခၚေနတာလည္း ကြၽန္တာ္ ၾကားေနရလို႔ ကြၽန္ေတာ္ ဒီမွာပါလို႔ အႀကိမ္ႀကိမ္ ျပန္ထူးပါတယ္။
ၾကပါ။
ကြၽန္ေတာ့္ကိုမျမင္မေတြ႕ ၾကပါ။ ကြၽန္ေတာ့္အသံကိုဘယ္သူမွမၾကား
“ငါ သတိထားမိတယ္ – ျမင့္စိုး၊ ဒီေကာင္ ငူတူတူ၊ ငိုင္တိုင္တိုင္နဲ႔ ေဗြ ေဖာက္ေနတာတစ္လေလာက္ရွိၿပီ”
“ဘယ္ကလာတစ္လကေတာ့မလဲ – ဘိုႀကီးရယ္။ကဆုန္လကတည္း
က ခုဆိုရင္ သုံးလေလာက္ရွိေနၿပီ”
ျမင့္စိုး သူသိသမွ် ၾကားသမွ်ေတြ တင္ျပေနစဥ္မွာေတာ့ ကြၽန္ေတာ့္ ရင္ေတြ တထိတ္ထိတ္ပါ။ ေထြးေပးထားတဲ့ သဲလြန္စေတြ ေပၚကုန္မွာစိုးရိမ္ လို႔ပါ။
ျမင့္စိုးေတာ္ပါတယ္။ ကြၽန္ေတာ့္ ေပးထားတဲ့ကတိအတိုင္းပစၥည္းေတြ ရွိတဲ့အေၾကာင္း ဖုံးဖိထားႏိုင္လို႔ပါ။
“ျမင့္စိုး – ဒါဆိုရင္ ပေယာဂဆရာနဲ႔ ကုမွ ဒီေကာင္ သိုက္အစြဲ၊ ပေယာဂ အစြဲ ခြၽတ္လို႔ရေတာ့မွာ။ ဒီေကာင္ တို႔ျမင္ကြင္းထဲျပန္ေရာက္ဖို႔ပဲလိုတယ္။ တပ္ခြဲ႐ုံး ထုတ္တန္းမွာ ႀကိဳးဆြဲခ်ေသရမလား။ အဆိပ္ေသာက္ၿပီး ေသရမလား။ ေသနတ္
နားထင္ေတ့ၿပီးျဖဳတ္ခ်လိုက္ရမလားအမ်ိဳးမ်ိဳးေသ
ေၾကာင္းႀကံစည္ေနတဲ့ကြၽန္ေတာ့္အတြက္ျမင့္စိုးအပါအဝင္ဆရာသမားေတြ၊ သူငယ္ခ်င္းအေပါင္းအသင္းေတြကို ႏႈတ္ဆက္ဖို႔ သတၱေလာကႀကီးထဲ ျပန္ ေရာက္ခ်င္ပါတယ္။
ကြၽန္ေတာ္ ေထြးနဲ႔ ခ်ိန္းဆိုၿပီး ျဖစ္ခ်င္တဲ့ဆႏၵကို ေျပာျပလို႔ ၾကည္ျဖဴစြာ ခြင့္ျပဳတဲ့အတြက္ထင္သာျမင္သာတဲ့ဘဝကိုျပန္လည္ေရာက္ရွိလာပါတယ္။ ေကာင္းေသာေရာက္ျခင္းေတာ့ မဟုတ္ပါဘူး။ ႏွိပ္စက္ညႇဥ္းပန္းခံရဖို႔ ဆိုး က်ိဳးေတြ ရင္ဆိုင္ရဖို႔ ျပန္ေရာက္ရျခင္းပါ။

တပ္ခြဲ႐ုံးကို ေနအိမ္လို အခန္းေတြ ဖြဲ႕ထားတဲ့ ဘုရားခန္းမွာေတာ့ အလင္းတိုင္ အေငြ႕အသက္ေတြ ျပန႔္လြင့္ေနပါတယ္။ ဖေယာင္းတိုင္ေတြရဲ႕ အလင္းေရာင္က တစ္ခန္းလုံးလင္းေနပါတယ္။
ဘုရားေက်ာင္းေဆာင္ေရွ႕မွာေတာ့အုန္း၊ ငွက္ေပ်ာပြဲသုံးပြဲ ခင္းက်င္းၿပီး ကလပ္တစ္ခုေပၚမွာ ေဆးေတာ္၊ စုတ္ေတာ္၊ ေနာက္ကလပ္တစ္ခုေပၚမွာက အနီေရာင္ေဆးျခယ္ထားတဲ့ႀကိမ္လုံးတစ္လုံးကလပ္ႏွစ္ခုၾကားမွာကေဖာင္း ကားေနတဲ့လြယ္အိတ္တစ္လုံး အစီအရီ ခ်ထားပါတယ္။ အုန္းငွက္ေပ်ာပြဲအနီးဆုံးေနရာမွာ ေသွ်ာင္တေစာင္းထုံးၿပီး အသက္ ေလးဆယ္ဝန္းက်င္ ပုဂၢိဳလ္တစ္ေယာက္ ထိုင္ေနပါတယ္။ ကြၽန္ေတာ့္ကို ကုမယ့္ပေယာဂဆရာပါပဲ။

ပရိသတ္ကေတာ့ ဘုရားေက်ာင္းေဆာင္နဲ႔မဆံ့ေအာင္ပါပဲ။ ကြၽန္ေတာ့္ေဘးႏွစ္ဖက္မွာက သန္မာထြားက်ိဳင္းတဲ့ သူငယ္ခ်င္းႏွစ္ ေယာက္ကပ္ထိုင္ေနပါတယ္။ သက္ဦးနဲ႔ သန္းၫြန႔္ပါ။
ပေယာဂဆရာဟာ ဘယ္ရပ္ဘယ္႐ြာမွာ ဘယ္လိုသိုက္အဆက္နဲ႔ ေသလုေျမာပါးျဖစ္ေနတဲ့လူနာကိုဘယ္ႏွရက္တည္းနဲ႔ေပ်ာက္ေအာင္ကုသ ခဲ့ေၾကာင္း၊ ဒီေန႔အထိ လူနာ ဘယ္ႏွေယာက္ အသက္ကို ကယ္တင္ခဲ့တဲ့ အေၾကာင္း အခ်ိန္အေတာ္ၾကာ အာေပါင္အာရင္းသန္သန္နဲ႔ သမားဂုဏ္ျပဳ ႂကြားလုံးေတြထုတ္ပါတယ္။
အားရေအာင္ေျပာဆိုၿပီး ေတာပိုင္ ေတာင္ပိုင္ ရွိရွိသမွ် နတ္ေတြ၊ စုန္း ကေဝ၊ တေစၦ၊ သရဲ၊ ပရေလာကသားေတြအားလုံး သူ႔ထံ လာခစားၾကဖို႔ အမိန႔္ေပးၾကဖို႔ အမိန႔္ေပးပါတယ္။
“ကဲ- လူနာရွင္ မိဘႏွစ္ပါးကေတာ့ တပ္ခြဲမႉးနဲ႔ တပ္ခြဲမႉးက ေတာ္ေပါ့ ဟုတ္လား”
“ဟုတ္ပါတယ္”
တပ္ခြဲမႉးဇနီးေမာင္ႏွံ ၿပိဳင္တူေျပာပါတယ္။
“လူနာကို ေဆးကုဖို႔အပ္ႏွံေၾကာင္း ပရိတ္သတ္ၾကားေအာင္ေျပာပါ” “ဟုတ္ကဲ့ – အပ္ပါတယ္။အားလည္းကိုးပါတယ္။ေပ်ာက္ေအာင္လည္း ကုေပးပါ ဆရာရယ္”
“စိတ္ခ် – စိတ္ခ်၊ ေအာင္ဒင္ကုတဲ့လူနာမေပ်ာက္မရွိပဲ”
လို႔ ေျပာၿပီး ကြၽန္ေတာ့္ကို ဘုရားရွိခိုးခိုင္းပါတယ္။ ၿပီးေတာ့ – ဆရာကို ကန္ေတာ့ဆိုလို႔ ႐ိုေသက်ိဳးႏြံစြာပဲ ကန္ေတာ့ပါတယ္။
ေအာင္ဒင္အမည္ရွိတဲ့ ပေယာဂဆရာဟာ ကြၽန္ေတာ့္ေခါင္းကို အုပ္မိုး ကိုင္ၿပီး ဥဳံ- အင္နဲ႔ ဂါထာေတြ ႐ြတ္ဆိုၿပီး ဆိုင္ရာပိုင္ရာေတြ ပူးဆိုပူး၊ ကပ္ဆို ကပ္နဲ႔ က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ဟစ္အမိန႔္ေပးပါတယ္။

“မင္းနဲ႔ သက္ဆိုင္တဲ့ေနရာ သက္ဆိုင္သူေတြကို အာ႐ုံျပဳထား” စခန္းေတာင္ဘက္က က်ိဳက္သြန္ေစတီကို တည္တည္ၿငိမ္ၿငိမ္နဲ႔ အာ႐ုံ ျပဳထားပါတယ္။
“ငါ ဆရာေမးတာတစ္ခုခ်င္းေျဖစမ္း၊ မင္း ဘယ္သူလဲ”
“ကြၽန္ေတာ္ေမာင္ဘိုႀကီးပါ”
“မင္းဘယ္ကလဲ”
“ကြၽန္ေတာ္ သူရဲသမိန္စခန္းထဲကပါ” “မင္း နားမွာ ဘယ္သူေတြရွိလဲ” “စခန္းထဲက ရဲေဘာ္ေတြရွိပါတယ္”
“ဟား- ဟား- ဟား-ငါ့ကို စမ္းေနၿပီကြ။ ဒါမ်ိဳး လုပ္လို႔ ရ႐ိုးလားကြာ။ ေအာင္ဒင္ ရာဇဝင္႐ိုင္းသြားမွာေပါ့။ ငါ သုံးႀကိမ္ ေမးမယ္။ သုံးႀကိမ္လုံး ကြၽန္ ေတာ္ ဘိုႀကီးပါ။ သူရဲသမိန္စခန္းထဲကပါေျဖလို႔ကေတာ့ ေသၿပီမွတ္”
လိုႀကိမ္းေမာင္းၿပီးသုံးႀကိမ္သုံးခါေမးပါတယ္။ကြၽန္ေတာ့္ဘက္ကလည္း သုံးႀကိမ္လုံး မေျပာင္းမလဲ ေျဖဆိုပါတယ္။ ဒါကို စိတ္တိုၿပီး ကလပ္ေပၚက ေဆးနီသုတ္ထားတဲ့ ႀကိမ္လုံးကို ဆြဲယူလိုက္ပါတယ္။
“မွတ္ထား – ဒါ ေဆးႀကိမ္လုံးလို႔ ေခၚတယ္။ လူနာကို ႐ိုက္ရေတာ့မယ္။ ဒါေပမဲ့ – မစိုးရိမ္ပါနဲ႔။ ခင္ဗ်ားတို႔ လူနာ၊ နာနာက်င္က်င္ မခံစားရပါဘူး။ တကယ္ခံစားရမွာကသူ႔သိုက္ဆက္ေတြ၊သူ႔အစြဲေတြပဲ။ဆတ္ဆတ္ခါေအာင္
နာက်င္ၾကမွာပါ”
“သုံးႀကိမ္ျပည့္သြားၿပီေနာ္။ ေလသံမေျပာင္းရင္ေတာ့ ေဆာ္ၿပီ” “မင္း− ဘယ္သူလဲ”
“ေမာင္ဘိုႀကီးပါ”
“႐ႊမ္း – ျဖန္း”
“မင္း- ဘယ္ကလဲ”

“သူရဲသမိန္စခန္းကပါ” “႐ႊီး – ျဖန္း”
“မင္းနားမွာ ဘယ္သူေတြရွိလဲ”
“သက္ဦးနဲ႔ သန္းၫြန႔္ ရွိပါတယ္”
ကြၽန္ေတာ့္ လက္ေမာင္းေတြကို တင္းတင္းၾကပ္ၾကပ္ ခ်ဳပ္ကိုင္ၿပီး ပေယာဂဆရာေအာင္ဒင္ စိတ္ႀကိဳက္ ႐ိုက္ႏွက္ႏိုင္ေအာင္ ထိန္းေပးထားတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ကိုရည္ၫႊန္းေျပာလိုက္ျခင္းပါ။
“ဒါေလာက္ေတာင္ ေခါင္းမာတဲ့ေကာင္”
လို႔ ႀကိမ္းေမာင္းၿပီး တ႐ြမ္း႐ႊမ္း တျဖန္းျဖန္းနဲ႔ ႐ိုက္ေတာ့တာပါပဲ။ “အမေလး – ကယ္ၾကပါဦး၊ အရပ္ကတို႔ရဲ႕”
ကုလားေမာင္ၫြန႔္ မိန္းမနတ္ကေတာ္မေဌးဟာ တစ္ကိုယ္လုံး ဆတ္ ဆတ္ခါတုန္လႈပ္ရင္းပရိသတ္ကိုတိုးဝင္လာပါတယ္။ မႏုႆလူသားစစ္စစ္ မေဌးျဖစ္ေပမယ့္ အသံကေတာ့ ခ်စ္ရတဲ့ေထြးရဲ႕အသံပါ။
“အစ္ကိုေထြးေသရပါေတာ့မယ္။ အမွန္အတိုင္းေျပာလိုက္ပါ” ေသခ်င္ေနတဲ့ ကြၽန္ေတာ့္အတြက္ နာက်င္ျခင္းကို ႀကံ့ႀကံ့ခံႏိုင္ေပမယ့္ ေထြးကိုပါ ကူးစက္လာၿပီဆိုရင္ေတာ့ မခံစားႏိုင္ေတာ့ပါဘူး။ သည္းခံမႈ စြမ္းအားမရွိေတာ့ပါဘူး။
“ၿမဲၿမဲထိန္းထားေနာ္။ ၾကမ္းမွ ရမယ္ဆိုတာ အားလုံးအျမင္ပဲ” “ေျပာခိုင္းေနၿပီေလကြာ”
“မေျပာဘူး”
“မေျပာရင္ ေဆာ္တယ္ကြာ။ ျဖန္း – ႐ႊမ္း – ျဖန္း”
“ေျပာခိုင္းေနၿပီေလကြာ”
“မေျပာဘူး”
“မေျပာရင္ ေဆာ္တယ္ကြာ၊ ျဖန္း- ႐ႊမ္း- ျဖန္း”

“ေတာ္ၿပီ – ရပ္ေတာ့”
ကြၽန္ေတာ့္ေအာ္ဟစ္တားျမစ္သံေၾကာင့္ လန႔္ဖ်ပ္ကုန္ပါတယ္။ “မေတာ္ဘူးကြာ “ ႐ႊမ္း – ျဖန္း”
“ဝုန္း”
“ကလုံ”
“ဂလြမ္း”
“ဟ-ထိန္းထားေလ၊ ဘာလို႔ထြက္ေျပးကုန္တာလဲ” “လုပ္ၾကပါဦး၊ ငါ့ဆံပင္ေတြဆြဲၿပီးထိုးႀကိတ္၊ကန္ေၾကာက္ေနၿပီ။ခင္ဗ်ား တို႔ လူနာကို ဆြဲၾကဦးေလ။ ဘာလို႔ေျပးကုန္ၾကတာလဲ”

ကြၽန္ေတာ္က်န္းမာေရးအေျခအေနဆိုးဆိုးဝါးဝါးျဖစ္ေနတဲ့အေၾကာင္း ကြၽန္ေတာ့္တပ္ခြဲမႉးကလူလႊတ္ၿပီးအေၾကာင္းၾကားပါတယ္။ဒါေပမဲ့- အေဖ ခ်က္ခ်င္းလိုက္မနာႏိုင္ဘဲတစ္ရက္ေနာက္က်ၿပီးေရာက္လာလို႔ကြၽန္ေတာ္
နဲ႔ ပေယာဂဆရာရဲ႕ ျပႆနာအရပ္ရပ္ကို ႀကိဳတင္မတားဆီးႏိုင္ခဲ့ပါဘူး။ အေဖသာရွိေနလို႔ကေတာ့ဒီလိုေအာက္လမ္းနည္းေတြနဲ႔ဓာတ္ၾကမ္းကိုင္ၿပီး
ကုတာလက္ခံမွာမဟုတ္သလိုကြၽန္ေတာ္လည္းအသားအနာခံရမွာမဟုတ္
တကယ္ေတာ့ပေယာဂဆရာဟာကြၽန္ေတာ့္ဘႀကီးဘေဒြးအ႐ြယ္ပါ။

ကြၽန္ေတာ့္ အသားအနာခံႏိုင္ေပမယ့္ ကြၽန္ေတာ့္ခ်စ္သူေထြးပါ မဆီမဆိုင္
႐ိုက္ႏွက္ခံရလို႔ေဒါသေပါက္ကြဲၿပီးကန္ေတာ့ပြဲေတြကန္ေၾကာက္၊ပေယာဂ
ဆရာေသွ်ာင္ထုံးကိုဆြဲတိုင္နဲ႔ေဆာင့္ ထိုးႀကိတ္မိျခင္းပါ။
ကြၽန္ေတာ္ဘယ္ညာႏွစ္ဖက္ကိုထိန္းခ်ဳပ္ထားတဲ့ဗလႀကီးႏွစ္ေယာက္ ပိန္းခ်ဳံးခ်ိနဲ႔အားျပတ္ေနတဲ့ကြၽန္ေတာ့္ကိုထိန္းခ်ဳပ္လို႔မရတာဟာ အခင္းျဖစ္

ခ်ိန္ကကြၽန္ေတာ္ရယ္လို႔အသိမရွိေတာ့ဘဲကြၽန္ေတာ့္ရဲ႕မျမင္ရတဲ့အေစာင့္ အေရွာက္ေတြကပူးကပ္ေနတယ္အထင္ရွိၿပီးေၾကာက္လန႔္စြာနဲ႔လြတ္ေပး
လိုက္တာလို႔ ဆိုပါတယ္။
“ငါ့သား မင္း သိပ္မွားသြားၿပီ”
အေဖ အျပစ္ဆို စကားနဲ႔စပါတယ္။
“ကိုယ့္ ဘႀကီး ဘေထြးအ႐ြယ္ကို ဒါေလာက္ မလုပ္သင့္ဘူး။ ၿပီးေတာ့ သားရဲ႕ ဆရာသမား အႀကီးအကဲေတြရဲ႕ ေစတနာကိုလည္း ေစာ္ကားရာ ေရာက္တယ္။ လူမိုက္သားရမ္းကားသလိုျဖစ္ေနၿပီး အေဖ့ပါထိခိုက္ေနၿပီ” ကိုယ့္အျပစ္နဲ႔ကိုယ္မို႔ ကြၽန္ေတာ္ ဆိတ္ဆိတ္ပဲေနလိုက္ပါတယ္။ ည အိပ္ရာဝင္ခ်ိန္မွာေတာ့ စကားတစ္မ်ိဳးနဲ႔ စပါတယ္။
“သား- ဘယ္လိုကေန ဘယ္လိုျဖစ္တယ္ဆိုတာ သားရဲ႕ ဆရာ တပ္ခြဲ မႉးနဲ႔ တပ္ခြဲမႉးကေတာ္ကေရာ၊ သူငယ္ခ်င္း ေမာင္ျမင့္စိုးကေရာ ေျပာျပလို႔ အေဖ သိတန္သေလာက္ သိၿပီးပါၿပီ။ ဒါေပမဲ့ – ကာယကံရွင္ ျဖစ္တဲ့ ငါ့သား ကိုယ္တိုင္ေျပာျပတာ အေဖ နားေထာင္ခ်င္တယ္”
ဆိုလို႔ကဆုန္လျပည့္ေန႔ကျဖစ္စဥ္နဲ႔အစခ်ီၿပီးေနာက္ဆုံးပေယာဂဆရာ
နဲ႔ ကုသရတဲ့အထိ မႁခြင္းမခ်န္ ေျပာျပပါတယ္။ ေထြး ကြၽန္ေတာ့္ကိုေပးတဲ့ လက္ဝတ္ရတနာနဲ႔ ပစၥည္းေတြကိုပါ ထုတ္ျပပါတယ္။ အလုံးစုံသိမွ အေဖ ဘာဆက္လုပ္မယ္ဆိုတာ ဆုံးျဖတ္ခ်က္ခ်ႏိုင္ေအာင္လို႔ပါ။
“ဒီပစၥည္းေတြ အကုန္ပဲလား၊ စုံေကာ စုံရဲ႕လား”
“အစုံပါ- အေဖ”
အေဖ ေခါင္းတဆတ္ဆတ္နဲ႔ ညိတ္ေနပါတယ္။ မသကၤာတဲ့ သေဘာ
“စကားဝါပန္းေလးေတြ ပဝါေလးေတြ ေရာဆို”
ျမင့္စိုး ကတိမတည္ေတာ့ပါ။ ေအးေလ- မိဘဆိုေတာ့လည္း ေျပာျပမိ မွာေပါ့။ တျခားလူမေျပာတာပဲ ေက်းဇူးတင္ရမွာပါ။
“ႏြမ္းေျခာက္ကုန္လို႔ ပန္းေရာ၊ ပန္းထုပ္တဲ့ ပဝါေရာ စစ္ေတာင္းျမစ္ထဲ ေမွ်ာလိုက္ၿပီအေဖ”
ေရွ႕ဆက္လို႔မရေအာင္ယတိျပတ္ေျပာျပလိုက္တာပါ။အေဖအပါအဝင္
ဘယ္သူ႔ကိုမွ ထုတ္ေဖာ္ျပသဖို႔ ဆႏၵမရွိပါဘူး။
အဲဒီေန႔ညက အေဖ ပုံျပင္ေတြ ျပန္ေျပာင္းေျပာျပလို႔ ကြၽန္ေတဟာ ရင္ခြင္ပိုက္ကေလးငယ္တစ္ေယာက္လိုခံစားမိပါတယ္။ညဥ့္နက္လို႔အိပ္ခ်င္ ေၾကာင္းေျပာတဲ့အခါ ခြင့္မျပဳဘဲ ပရိတ္တရားေတာ္ေတြ ႐ြတ္ျပ။ အဓိပၸာယ္ ေတြရွင္းျပပါတယ္။ကြၽန္ေတာ္အိပ္ေပ်ာ္ရင္အိပ္မက္မက္ၿပီးျပန္လည္ဆက္ သြယ္မွာပဲလို႔ အထင္နဲ႔ ကာကြယ္တဲ့သေဘာပဲျဖစ္မွာပါ။ တစ္ညတာခရီးကိုအေဖ့ရဲ႕တန္ဖိုးရွိတဲ့ပရိတ္တရားေတာ္ေတြနာခံရင္း
တန္ဖိုးရွိစြာ ကုန္လြန္ေစခဲ့ပါတယ္။
“တို႔သားအဖ ခရီးထြက္ရမယ္”
အေဖဟာ မ်က္ႏွာသစ္ကိုယ္လက္သန႔္စင္ၿပီး စကားစပါတယ္။ “ဘယ္ကိုလဲ- အေဖ”
“ပဲခူးကို …”
“ဘာကိစၥလဲဟင္”
“ဘာကိစၥရမွာလဲ- သားကို ေဆးကုဖို႔ေပါ့” “သားမွာ ဘာေရာဂါမွ မရွိပဲ”
“အဲဒါ သားတစ္ေယာက္တည္းက ေျပာတဲ့စကား၊ သား ပတ္ဝန္းက်င္ ကေရာ၊ အေဖကိုယ္တိုင္ကပါအသိ၊အျမင္၊အၾကားနဲ႔ေျပာရရင္ သိုက္ဆက္ သိုက္စြဲ ေရာဂါရွိေနတယ္လို႔ လက္ခံထားၾကတယ္။ အေဖေျပာတာလက္ခံ ပါ သားရယ္။ ငါ့သားက အေျခအေန ဆိုးဆိုးဝါးဝါး မျဖစ္ေစခ်င္လို႔ အေဖ့မွာ အလုပ္အကိုင္ေတြျဖစ္ၿပီး လာခဲ့ရတာပါ”
ေပ်ာ့ေပ်ာင္းတဲ့ေလသံ ေမတၱာရပ္ခံတဲ့ စကားကိုေတာ့ ကြၽန္ေတာ္ ျငင္းဆန္ဖို႔မသင့္ပါဘူး။
“အေဖကတိတစ္ခုေတာ့ ေပးပါ”
“ဘာကတိလဲ”
“ေထြးနဲ႔ မဂၤလာေဆာင္ေပးမယ္ဆိုတဲ့ ကတိ”
“ေအး- ဟုတ္ၿပီ။ ဒါဆို အေဖ့ေခြၽးမေလာင္းကိုျမင္ခ်င္တယ္ ေခၚေပး” “ေခၚလို႔မရဘူး အေဖ”
“သား…”
“ဗ်ာ…”
“အဲဒါ သားမွာ စြဲကပ္ေနတဲ့ေရာဂါပဲ”
အေဖ ေျပာထားတဲ့ အစီအစဥ္အတိုင္းဆို ပဲခူးေရာက္ရင္ အေရွ႕ၿမိဳ႕ ေထာင့္ေက်ာင္းလို႔ေခၚတဲ့ ၿမိဳ႕အစြန္ညာဘက္ သနပၸင္လမ္းက ဘုန္းႀကီး ေက်ာင္းပါ။ ေက်ာင္းထိုင္ဆရာေတာ္ဟာ အေဖ ပၪၥင္းခံေပးထားတဲ့ ဆရာ ေတာ္ပဲျဖစ္ၿပီး ကြၽန္ေတာ့္ပေယာဂေဝဒနာကိုကုသဖို႔ပါ။
ပဲခူးဘူတာေရာက္လို႔ ျမင္းလွည္းစီးလုံးငွားၿပီး ဦးတည္ရာ ခရီးစဥ္
ကေတာ့ ဆန႔္က်င္ဘက္အေနာက္အရပ္ပါ။
“အေဖေျပာေတာ့ အေရွ႕ၿမိဳ႕ေထာင့္ေက်ာင္းဆို”
“ေအးပါ -ေ႐ႊသာေက်ာင္း၊ မဟာေစတီ၊ ေ႐ႊဂူေလးဘုရားေတြ ဖူးေျမာ္ ၾကည္ညိဳလိုက္ရင္ သားရဲ႕စိတ္ေတြ ၾကည္ႏူးလန္းဆန္းသြားေအာင္လို႔ပါ” အေဖ့ေမတၱာ၊ အေဖ့ေစတနာကို ေလးစားလို႔စကားမစေတာ့ပါ။
ကြၽန္ေတာ္တို႔သားအဖပထမဦးဆုံးဖူးေျမာ္ရတာကေတာ့ျပဳျပင္တည္
ေဆာက္ဆဲ မဟာေစတီေတာ္ႀကီးပါ။ ပန္း၊ ေရခ်မ္း၊ ဆီမီးေတြ ပူေဇာ္ၿပီး လက္်ာရစ္လွည့္ပါတယ္။ ဘုရားႀကီး ဌာပနာအတြက္ ေ႐ႊ၊ ေငြ၊ လက္ဝတ္ ရတနာေတြကိုအလႉခံတဲ့ေဂါပက႐ုံးေရွ႕ေရာက္တဲ့အခါ။

“အေဖကတိတစ္ခုေတာ့ ေပးပါ”
“ဘာကတိလဲ”
“ေထြးနဲ႔ မဂၤလာေဆာင္ေပးမယ္ဆိုတဲ့ ကတိ”
“ေအး- ဟုတ္ၿပီ။ ဒါဆို အေဖ့ေခြၽးမေလာင္းကိုျမင္ခ်င္တယ္ ေခၚေပး” “ေခၚလို႔မရဘူး အေဖ”
“သား…”
“ဗ်ာ…”
“အဲဒါ သားမွာ စြဲကပ္ေနတဲ့ေရာဂါပဲ”
အေဖ ေျပာထားတဲ့ အစီအစဥ္အတိုင္းဆို ပဲခူးေရာက္ရင္ အေရွ႕ၿမိဳ႕ ေထာင့္ေက်ာင္းလို႔ေခၚတဲ့ ၿမိဳ႕အစြန္ညာဘက္ သနပၸင္လမ္းက ဘုန္းႀကီး ေက်ာင္းပါ။ ေက်ာင္းထိုင္ဆရာေတာ္ဟာ အေဖ ပၪၥင္းခံေပးထားတဲ့ ဆရာ ေတာ္ပဲျဖစ္ၿပီး ကြၽန္ေတာ့္ပေယာဂေဝဒနာကိုကုသဖို႔ပါ။
ပဲခူးဘူတာေရာက္လို႔ ျမင္းလွည္းစီးလုံးငွားၿပီး ဦးတည္ရာ ခရီးစဥ္
ကေတာ့ ဆန႔္က်င္ဘက္အေနာက္အရပ္ပါ။
“အေဖေျပာေတာ့ အေရွ႕ၿမိဳ႕ေထာင့္ေက်ာင္းဆို”
“ေအးပါ -ေ႐ႊသာေက်ာင္း၊ မဟာေစတီ၊ ေ႐ႊဂူေလးဘုရားေတြ ဖူးေျမာ္ ၾကည္ညိဳလိုက္ရင္ သားရဲ႕စိတ္ေတြ ၾကည္ႏူးလန္းဆန္းသြားေအာင္လို႔ပါ” အေဖ့ေမတၱာ၊ အေဖ့ေစတနာကို ေလးစားလို႔စကားမစေတာ့ပါ။
ကြၽန္ေတာ္တို႔သားအဖပထမဦးဆုံးဖူးေျမာ္ရတာကေတာ့ျပဳျပင္တည္
ေဆာက္ဆဲ မဟာေစတီေတာ္ႀကီးပါ။ ပန္း၊ ေရခ်မ္း၊ ဆီမီးေတြ ပူေဇာ္ၿပီး လက္်ာရစ္လွည့္ပါတယ္။ ဘုရားႀကီး ဌာပနာအတြက္ ေ႐ႊ၊ ေငြ၊ လက္ဝတ္ ရတနာေတြကိုအလႉခံတဲ့ေဂါပက႐ုံးေရွ႕ေရာက္တဲ့အခါ။

ပဲခူးအေနာက္ဘက္ျခမ္း၊ က်ိဳက္ပြန္ေလးမ်က္ႏွာဘုရားေ႐ႊသာေလ်ာင္း ဘုရား၊ ေ႐ႊဂူေလး မဟာေစတီဘုရားစုံဖူးေျမာ္ၿပီး ေ႐ႊေမာ္ေဓာဘုရားေဈး ဝင္ပါတယ္။ ေထြးေပးထားတဲ့ ပုဆိုးေတြကို စပ္လိုက္ကာ ခ်ဳပ္ၿပီး “ေမာင္ဘို ႀကီး – မနန္းျမေထြး ေကာင္းမႈ”လို႔ ကမၸည္းတင္ဖို႔ အပ္ႏွံခဲ့ပါတယ္။
ဘုရားစုံဖူးေျမာ္ခြင့္ လက္ဝတ္ရတနာေတြ လႉဒါန္းခြင့္ရတဲ့ ကုသိုလ္ ေကာင္းမႈ အလုံးစုံကို ျပန္လည္ခံစားရင္း ဝမ္းသာၾကည္ႏူးမႈေၾကာင့္ စိတ္ ၾကည္လင္ လန္းဆန္းစြာနဲ႔ အေရွ႕ၿမိဳ႕ေထာင့္ေက်ာင္းကို ဦးတည္ခဲ့ပါတယ္။

ေက်ာင္းမႀကီးအေပၚထပ္ဘုရားခန္းေရွ႕မွာအသင့္ေတြ႕ရတဲ့ဆရာေတာ္
ကို ဖူးေျမာ္ကန္ေတာ့ၿပီး…
“အေၾကာင္းကိစၥရွိလား- ဒကာႀကီး”လို႔အေမးရွိတာေၾကာင့္။ “တင္ပါ့ ဘုရား၊ သား ေမာင္ဘိုႀကီးကိစၥပါ”
လို႔အစခ်ီၿပီးျဖစ္ေၾကာင္းကုန္စင္ကိုေလွ်ာက္ထားပါတယ္ ဆရာေတာ္
ဟာ။ အခ်ိန္အေတာ္ၾကာ စဥ္းစားၿပီး မိန႔္ၾကားလိုက္တာကေတာ့။ “အင္း – ဒီအတိုင္းဆို ဘုရားကု ကုမွရေတာ့မွာပဲ” “တင္ပါ့ဘုရား တပည့္ေတာ္ သားကို အပ္ပါတယ္” ကြၽန္ေတာ္ၾကားဝင္ၿပီး ဆရာေတာ္ကိုေလွ်ာက္ပါတယ္။
“ဘုရားကု ကုတယ္ဆိုတာ ဘယ္လိုဟာလဲဘုရား” “ဘဝေျပာင္းဖို႔ ေျပာတာ”
“ဟာ-ဝမ္းသာလိုက္တာ၊ တပည့္ေတာ္ဘဝ ေျပာင္းခ်င္ေနတာပါ
ျမန္ျမန္ေျပာင္းေပးပါ ဘုရား”
“သား-မင္းဘာေတြေျပာေနတာလဲ။ ဘုန္းႀကီးကဘဝေျပာင္းေပးမယ္ ဆိုတာသားကိုလူ႔ဘဝကေနဘုရားသားေတာ္ဘဝေရာက္ေအာင္ သကၤန္း
ဆီးေပးဖို႔ ေျပာေနတာ”
“ဘယ္ေလာက္ၾကာေအာင္ ဝတ္ရမွာလဲ- အေဖ” “မင္း ေရာဂါေပ်ာက္တဲ့အထိပဲ”
“သားမွာ ဘာေရာဂါရွိလို႔လဲ”
“မင္းရဲ႕မတည္ၿငိမ္တဲ့စိတ္ေတြ၊ မူမမွန္တဲ့စိတ္ေတြ၊ မင္းရဲ႕လႈပ္ရွားမႈေတြ
အားလုံးဟာ ေရာဂါလကၡဏာေတြပဲ”
ပါပဲ။
မင္းငါအသုံးအႏႈန္းေတြဟာအေဖမထိန္းသိမ္းႏိုင္ေတာ့တဲ့ေဒါသေတြ
“လူျပန္ထြက္ရင္ အေဖ – ေထြးနဲ႔ ေပးစားပါေနာ္”
“ေအးပါကြာ- မင္းေရာဂါပဲေပ်ာက္ေအာင္ကုစမ္းပါ” “ေပ်ာက္ရင္ တကယ္ေပးစားေနာ္” “ေအး-ေအး”
ကြၽန္ေတာ္ေမာင္ဘိုႀကီးလူ႔ဘဝကေနဦးပ႑ိတဒုလႅဘရဟန္းဘဝကို
ခုနစ္ရက္ပဲ ေမွ်ာ္မွန္းခဲ့ေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ ဆရာေတာ္ရဲ႕ တရားေဟာတရားျပဆုံးမဩဝါဒတရားေရေအးေတြ ေသာက္သုံးခြင့္ရလို႔ ဆယ့္တတစ္မီးၿငိမ္းေအာင္ ဆယ့္တစ္ရက္ ဝတ္ျဖစ္ခဲ့ပါတယ္။ အစိုးရဝန္ထမ္းရဲတပ္သားေလးျဖစ္ေနတာေၾကာင့္ခြင့္ျပဳရက္မလြန္ေစ
ခ်င္လို႔ပါ။
ဒုလႅဘရဟန္းဘဝကေန လူ႔ဘဝျပန္ေရာက္တဲ့အခါ စိတ္ၾကည္လင္ လန္းဆန္းေပါ့ပါးၿပီးစိတ္သစ္၊ လူသစ္နဲ႔ ဘဝကို ျပန္စခဲ့ပါတယ္။ ယေန႔ဆိုရင္ ကြၽန္ေတာ္ေမာင္ဘိုႀကီးလူ႔ဘဝသက္တမ္းခုနစ္ဆယ္တန္းဝင္လာၿပီျဖစ္လို႔
လြန္ခဲ့တဲ့ႏွစ္ေပါင္းငါးဆယ္ေက်ာ္ကပရေလာကသား သိုက္နန္းရွင္ေထြးနဲ႔ ခ်စ္ကြၽမ္းဝင္ခဲ့တာေတြ၊ အစေဖာ္မရေလာက္ ရွိေနပါၿပီ။

ကြၽန္ေတာ္ သံေယာဇဥ္ျပတ္ေပမယ့္…
အလုပ္အားရက္တစ္ရက္ကုန္ၾကမ္းလိုလို႔ဒိုင္ယာရီအေဟာင္းေတြျပန္
လွန္ေလွာရင္း ၁၉၆၃ခုႏွစ္၊ စက္တင္ဘာလဆန္း ေရာက္တဲ့အခါ ဘြားခနဲ ေပၚလာတာကေတာ့
ထီးသုံးနန္းသုံး လက္ကိုင္ပဝါေလးနဲ႔ စကားဝါပန္းေျခာက္ေလးႏွစ္ပြင့္ ျဖစ္ေနလို႔ ဒီဇာတ္လမ္း ေရးသားတင္ဆက္လိုက္ရျခင္းပါ။
စာႂကြင္း
၂ဝဝ၃- ခုႏွစ္၊ စာေရးသူကြၽန္ေတာ္ေမာင္ဘိုႀကီးဒုလႅဘရဟန္းဝတ္ရန္ သၾကၤန္ကာလမွာ သူရဲသမိန္႐ြာကို ေရာက္ျဖစ္ပါတယ္။ အညာစု႐ြာအလြန္ ေညာင္ေျခေထာက္ကြၽန္းကိုေကြ႕ဝိုက္ၿပီးတဲ့အခါျမင္ေတြ႕ရတဲ့ေပါင္းေလာင္း ေတာင္ႀကီးဟာ စစ္ကိုင္းေတာင္႐ိုးအလား သစ္လြင္တဲ့ ေစတီပုထိုးေတြနဲ႔
သာသနာေရာင္ဝါထြန္းလင္းေနပါတယ္။
လက္ညႇိဳးထိုးမလြဲ ၿမိဳ႕ပ်က္၊ ငုတ္တိုေစတီ၊ ပုထိုး၊ ဆင္းတုေတာ္ေတြကို ျပဳျပင္တဲ့ နယ္ေျမခံနဲ႔ ရန္ကုန္ေရာက္ေပါင္းေလာင္းအသင္းသူအသင္းသား ေတြရဲ႕ဘာသာ၊ သာသနာအေပၚသက္ဝင္ယုံၾကည္မႈ ကုသိုလ္ဒါနေတြပါပဲ။
– ရွစ္ခြင္ေက်ာ္ (ေဖာင္ေတာ္သီ)