သူများမကောင်းကြံကိုယ်ပြန်ခံ

သူများမကောင်းကြံကိုယ်ပြန်ခံ(စ/ဆုံး)

——————————–

 

“မဆိုးပါဘူး ဒီစျေးနဲ့ဒီလိုပစ္စည်းကောင်းရတာ

တန်ပါတယ် သားရာ”

 

“လိုင်စင်လည်းတစ်ခါတည်းပါပြီးသား

ဆိုတော့ဟန်ကျတာပေါ့ အဖေရာ

ဒါကြောင့်သားလည်းတုံ့ဆိုင်းမနေပဲ

ဝယ်လိုက်တာ”

 

“မင်းဆိုင်ကယ်ကခရီးဝေးလည်း

သွားလို့ကောင်းတော့ အမျိုးတွေဆီ

အလည်သွားရင်ပူစရာမလိုတော့ဘူးပေါ့

သားရယ်”

 

“ဟုတ်တယ်အမေရ

ကိုယ့်မှာရှိတော့ ဘယ်သူ့မှအောက်ကျို့

နေစရာမလိုတော့တာပေါ့ဗျာ”

 

ဒေါ်စိုးစိုး၊ဦးတင်လေး၏သား

ကိုစိုးအောင်တစ်ယောက် မိမိကိုယ်ပိုင်

ဝင်ငွေလေးဖြင့်ဆိုင်ကယ်တစ်စီးဝယ်

လာခြင်းဖြစ်သည်။

 

“အမေ ဟိုဘက်အိမ်က

ကိုစိုးအောင်ဆိုင်ကယ်ဝယ်လာတာ

ထင်တယ်”

 

“သမီးရယ် ဘာအထင်ကြီးစရာရှိလဲ။

စျေးပေါပေါနဲ့အချောင်ရလို့ဝယ်လာတဲ့

အဟောင်းကြီးကိုများ လူအထင်ကြီးအောင် ထုတ်ကြွားပြနေတာ”

 

“ဟုတ်ပါ့ အမြင်ကိုကပ်လိုက်တာ

သူတို့မှဝယ်စီးနိုင်တာကြနေတာပဲ”

 

“ဟွန်း”

 

“သမီးရယ် အဲ့ဒီမိသားစုက

အမေတို့ကိုလိုက်ပြိုင်နေတာ

သူတို့အဆင့်နဲ့များ ရယ်တောင်ရယ်ချင်သေး”

 

“ဟုတ်ပါ့ သူတို့တစ်စီးဝယ်နိုင်ရင်

သမီးတို့ကဆယ်စီးထိဝယ်နိုင်တယ်

ဆိုတာသူတို့မှမသိပဲကိုး ဟင်းဟင်း”

 

ဘေးအိမ်မှဒေါ်သီတာနှင့်သမီးဖြစ်သူ

မကြည်ပြာတို့ ကိုစိုးအောင်ဆိုင်ကယ်

သည့်အပေါ်မနာလိုမရှုစိတ်ဖြစ်ကာ

ပြောဆိုနေကြခြင်းဖြစ်သည်။

 

================

 

နောက်တစ်နေ့ မနက်စောစော

ကိုစိုးအောင်တစ်ယောက်အလုပ်

သွားရန်ပြင်ဆင်နေသည်။

 

“သားထမင်းချိုင့်မေ့နေဦးနော်”

 

“မေမ့ပါဘူး အေမရဲ့ ”

 

“အေးပါ ဆိုင်ကယ်ကို ဂရုစိုက်ပြီးမောင်းသွားဦးသား”

 

“အင်းပါအမေရဲ့”

 

“သွားပြီအမေရေ အဖေသွားပြီနော်”

 

“အေး သား”

 

“ဖြည်းဖြည်းမောင်း ငါ့သား”

 

“ဟုတ်အဖေ”

 

“ဘွန်း ဘူး ဘူး”

 

“ဝူး ဝူး”

 

“တီတီ”

 

ကိုစိုးအောင်လည်း ဆိုင်ကယ်အား

ပုံမှန်အတိုင်းမောင်းပြီးအိမ်ထဲမှ

ထွက်လာခဲ့သည်။

 

ဒေါ်သီတာတစ်ယောက်အိမ်ရှေ့ ၌

တံမြက်စည်းလှည်းနေလေသည်။

ကိုစိုးအောင်လည်း ဒေါ်သီတာနှင့်

လွတ်အောင်မောင်းလိုက်သည်။

 

“ဟဲ့…ဘယ်လိုစီးနေတာလဲ၊

လူတစ်ယောက်လုံးကိုမမြင်ဘူးလား”

 

“ဟ အလွတ်ကြီးလေဗျာ

ခင်ဗျားနဲ့အဝေးကြီးထိတောင်မထိပဲနဲ့

အသားလွတ်လာကောနေတယ်”

 

“အံမယ် အံမယ် မနေ့တစ်နေ့ကမှ

ဆိုင်ကယ်စီးနိုင်တဲ့ကောင်ကများ

မာရေကျောရေနဲ့ ထိရဲထိကြည့်

တိုက်ရဲတိုက်ကြည့်လိုက်လေ သီတာ

အကြောင်းသိသွားမယ် ဟင်းဟင်း”

 

“အမေ ဘာဖြစ်တာလဲ”

 

ဒေါ်သီတာသမီးမကြည်ပြာ

အိမ်ထဲမှထွက်လာပြီးမေးလိုက်ခြင်း

ဖြစ်သည်။

 

“ဘာဖြစ်ရမလဲ သမီးရယ်

မနေ့တစ်နေ့ကမှ ဆိုင်ကယ်စီးနိုင်တဲ့

လူတွေပေါ့အေ၊ဆိုင်ကယ်ကိုမိုးမမြင်

လေမမြင်မောင်းလို့ အမေကပြောနေရတာ”

 

“ဘာမိုးမမြင်လေမမြင်လဲဗျ

ခင်ဗျားအသားကိုထိတောင်ထိမိတာ

မဟုတ်ဘူး။

လူကြီးဖြစ်ပြီးစကားကို လူကြီးပီပီသသ

ပြောစမ်းပါ ဒေါ်သီတာရာ”

 

“အံမယ် နင်ကငါ့အမေကိုများ

လူကြီးမပီသဘူးလေးဘာလေးနဲ့

နင်ကဘာစောက်ဆင့်ရှိလို့လဲ

အကောင်ရဲ့ နင့်လိုဆိုင်ကယ်အစုတ်ကို

ငွေနဲ့ပေါက်ပြီးမီးရှို့လိုက်လို့ရတယ်

ဆိုတာသဘောပေါက် ”

 

“ဟိတ် နင်တို့သားအမိငါ့သားကို

လက်ညှိုးတထိုးထိုးနဲ့ ဘာလုပ်တာလဲ။

နင်တို့ပြောသမျှငါ့အိမ်ဘက်ကနေ

အားလုံးကြားတယ်။

ဘယ့်နှယ့်တော် သူများဝတ်နိုင်စားနိုင်ရင်မနာလိုဝန်တို

ဖြစ်နေလိုက်ကြတာ အံ့ပါရဲ့”

 

“မိန်းမ တော်တော့ သူတို့နဲ့

တုပြီးဖြစ်မနေနဲ့”

 

“မတုလို့်မရဘူး ယောက်ျား

ဒီလိုဟာတွေကဒီလိုပြောမှ

တော်ကာကြလိမ့်မယ်”

 

“ငါတို့ကမနာလိုစရာ ဘာအကြောင်းမှ

မရှိဘူး၊နင့်တို့သားစီးတဲ့ ဆိုင်ကယ်မျိုး

အသစ်ဂျက်ချွတ်ဆယ်စီးတောင်

ဝယ်နိုင်တယ်ဆိုတာ မှတ်ထားလိုက်”

 

“ညည်းတို့ချမ်းသာတာလူတိုင်းသိ

ပိုက်ဆံချမ်းသာသလောက်

ညည်းတို့အောက်တန်းကျတာလည်း

လူတိုင်းအသိပဲဟေ့ မိသီတာရေ”

 

“ဒီမယ် အဖွားကြီး ကျုပ်အမေကိုများ

အောက်တန်းကျသလေးဘာလေးနဲ့။

ရှင်တို့လိုအောက်တန်းစားမဟုတ်ဘူး

ဆိုတာမြဲမြဲမှတ်ထား ”

 

“ဟား ဟား ဟား

ရယ်တောင်ရယ်လိုက်ချင်သေးရဲ့

မိကြည်ပြာရယ် ညည်းတို့က

လူတစ်ယောက်အဆင့်အတန်းကို

ဘာနဲ့တိုင်းတာကြသလဲ။

ငါတို့ကတော့ လူ့အဆင့်အတန်းကို

စိတ်ဓာတ်နဲ့ပဲတိုင်းတာတတ်တာအေ့

ညည်းတို့လိုငွေမြင်ရင်သွားရေတများများ

ကျပြီးငတ်ငတ်ထိုးနေတာတော့

မဟုတ်ဘူးအေ့”

 

“အံမယ် ဒင်းကများလူပါးဝလို့

ငါ့အကြောင်းကောင်းကောင်းသိမယ်

မိစိုးစိုးရေ နင့်ဘဝနင့်ခန္ဓာပျက်စီးစေရမယ်”

 

“လာသမီးအိမ်ထဲသွားမယ်”

 

“သားကိုယ့်အလုပ်ကိုသွားတော့”

 

“ဟုတ်အမေ”

 

“ဘူး ဘူး ဝူး”

 

ကိုစိုးအောင်လည်းဆိုင်ကယ်ကို

မောင်းကာထွက်သွားလေသည်။

 

ဒေါ်စိုးစိုးနှင့်ဦးတင်လေးလည်း

အိမ်ထဲဝင်လာခဲ့ကြသည်။

 

“လူတွေများနော် ကိုယ့်ထမင်းကိုယ်စားပြီးမနာလိုမရှုစိမ့်

တွေဖြစ်နေလိုက်ကြတာ အံ့ပါရဲ့”

 

“ပြောမနေပါနဲ့မိန်းမရာ

သူတို့အကြောင်းတစ်ရပ်ကွက်လုံး

သိနေတာပဲ။

ဘယ်သူဘာဆိုတာအားလုံးသိပါတယ်

အကုသိုလ်အများခံပြီးပြောမနေနဲ့တော့

သူ့အကျိုးနဲ့သူသွားကြလိမ့်မယ်”

 

ဦးတင်လေးပြောမှဒေါ်စိုးစိုးလည်း

ဒေါသကိုဖြေလျှော့လိုက်တော့သည်။

 

================

 

ရက်တွေလတွေကြာလာခဲ့သည်။

ဒေါ်စိုးစိုးလည်းရုတ်တရက်ထပြီး

ကျန်းမာရေးကဆိုးလာခဲ့သည်။

 

မစားနိုင်မသောက်နိုင်တပိန်ပိန်

တလိန်လိန်ဖြစ်လာခဲ့သည်။

လူကလည်းအရိုးပေါ်အရေတင်

သကဲ့သို့ပိန်လီလာသည်။

ရေသောက်ရေအန်၊ထမင်းစားလည်းပြန်အန်သည်။

အစာရေဆာမဝင်သဖြင့် လူလည်းအားအင်ပြတ်ကာနွမ်းလျနေ

တော့သည်။

 

ဆေးရုံဆေးခန်းသို့ အကြိမ်ကြိမ်

ပြသပါသော်လည်းရောဂါအဖြေရှာမရပဲ

ဆေးလည်းမတိုးခဲ့ပေ။

 

“အမေ ဟိုဘက်အိမ်ကအဖွားကြီးတော့

တပိန်ပိန်တလိန်လိန်နဲ့သေတော့မယ်

ထင်တယ်”

 

“ဟင်းဟင်း သမီးမျှော်လင့်သလို

ဖြစ်လာပါလိမ့်မယ်၊လောကမှာ

ငွေပေးပြီးခိုင်းရင်ဘာမဆိုလုပ်ပေးမယ့်

သူတွေတပုံကြီးပဲသမီးရေ”

 

ဒေါ်သီတာတို့သားအမိနှစ်ယောက်

ယုတ်မာကောက်ကျစ်စွာပြုံးနေကြ

လေသည်။

 

ဒေါ်စိုးစိုး၏ကျန်းမာရေးအခြေအနေ

အားအိမ်နီးချင်းများမှမသင်္ကာဖြစ်ကာ

ဦးတင်လေးအားတီးတိုးစကားဆိုကာ

အကြံပေးကြလေသည်။

 

“ဦးတင်လေး ကျုပ်ခင်ဗျားကို

ပြောစရာရှိတယ်ဗျ။

ခင်ဗျားစိတ်ဆိုးလည်းမတတ်နိုင်ဘူးဗျာ

ကျုပ်ကစေတနာနဲ့ပြောမလို့ပါ”

 

“ကိုသိန်းကြွယ်ရယ် ခင်များနဲ့ကျုပ်က

စိတ်ဆိုးရမယ့်လူတွေလားဗျာ၊

ပြောစရာရှိတာပြောစမ်းပါ”

 

“ခင်များကစိတ်မဆိုးဘူးဆိုတော့

ကျုပ်ပြောပါ့မယ် အခုခင်များမိန်းမ

မစိုးစိုးကျန်းမာရေးဆိုးနေတာ

ကျုပ်တို့လည်းသိနေတာပဲ။

ဆေးရုံဆေးခန်းပြလည်းဆေးကတိုးမလာသလိုရောဂါလည်းရှာမရဘူးမလား၊

အဲဒီတော့မစိုးစိုးမှာဖြစ်နေတဲ့ဟာက

သွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူးဗျာ။

စုန်းပညာအောက်လမ်းပညာတစ်ခုခုနဲ့

ပြုလုပ်ထားတယ်လို့ပဲထင်တယ်။

ဒါကြောင့်နားလည်တန်ကျွမ်းတဲ့

အထက်လမ်းဆရာတစ်ယောက်နဲ့

စစ်ဆေးကြည့်ရင်မကောင်းဘူးလားဗျာ”

 

“ကိုသိန်းကြွယ်ပြောတာ

ဖြစ်နိုင်သလို နားလည်းနားလည်ပါတယ်

ဒါပေမယ့် အဲ့ဒီလိုဆရာမျိုးကို

ဘယ်မှာသွားပင့်ရမလဲ ကျုပ်အသိတွေထဲမှာ ဒီလိုလူမျိုးမရှိဘူးဗျ”

 

“ဒီအတွက်တော့ဘာမှမပူနဲ့ ဦးတင်လေး

ကျုပ်မှာအသိဆရာတစ်ယောက်ရှိပါတယ်ဗျ။

သူ့နာမည်ကဆရာရွှေတဲ့လေ

အထက်လမ်းဆရာကြီးတစ်ယောက်ပဲ

သူဆေးကုနေတာနှစ်ပေါင်းအတော်

ကြာပြီဗျ။

ကျုပ်သူ့ကိုသွားပင့်ပေးလို့ရတယ်”

 

“ဒါဖြင့်ရင် ကျုပ်သားစိုးအောင်ကို

ခေါ်ပြီးခင်များပြောတဲ့ ဆရာရွှေကို

သွားပင့်ပေးပါလားဗျာ”

 

“စိတ်ချ အခုပဲသွားပင့်ပေးမယ်”

 

“သားရေ သား”

 

“ဗျာ အဖေ”

 

“ဦးလေးသိန်းကြွယ်ကို ဆိုင်ကယ်နဲ့

လိုက်ပို့ပေးလိုက် သူကလမ်းပြောပြ

လိမ့်မယ်”

 

“ဘာလဲအဖေ သားနားမလည်ဘူး”

 

“ပြီးကြရင် မင်းသဘောပေါက်သွားလိမ့်မယ်သား၊

အခုတော့အဖေခိုင်းသလိုဆိုင်ကယ်နဲ့

လိုက်ပို့လိုက်”

 

“ဟုတ်အဖေ”

 

ကိုစိုးအောင်လည်းဆိုင်ကယ်ထုတ်ကာ

ဦးသိန်းကြွယ်နှင့်အတူထွက်လာခဲ့သည်။

 

လမ်းမှာဦးသိန်းကြွယ်ကအားလုံး

ရှင်းပြသဖြင့်နားလည်သဘောပေါက်

သွားလေသည်။

 

ဦးသိန်းကြွယ်ကကိုစိုးအောင်အား

နောက်မှလမ်းပြပေးပြီးဆရာရွှေထံသို့

ခေါ်လာခဲ့သည်။

 

ပျဉ်ထောင်အိမ်ကြီးရှေ့ရောက်တော့

ဆိုင်ကယ်အားရပ်ကာအိမ်ထဲဝင်လာ

ခဲ့ကြသည်။

 

“ဒါဆရာကြီးအိမ်ပဲ စိုးအောင်ရ

ဆရာကြီးကအိမ်ထဲမှာရှိတယ် လာ”

 

“ဟုတ်”

 

“ဆရာကြီး ဆရာကြီးကျွန်တော်

သိန်းကြွယ်ပါ ဆရာကြီး”

 

“သြော် သိန်းကြွယ်ပါလားကွ။

လာဟေ့အိမ်ထဲလာ”

 

ဘုရားခန်းထဲမှတည်ကြည်

အေးချမ်းသောအသံဖြင့်ဖိတ်ခေါ်

လိုက်သည်။

ဦးသိန်းကြွယ်နှင့်ကိုစိုးအောင်လည်း

ဆရာကြီးရှိသည့် ဘုရားခန်းထဲဝင်လာခဲ့ကြသည်။

 

“မလာစဖူးအလာထူးလို့ပါလား

သိန်းကြွယ်ရ”

 

“မလာစဖူးအလာထူးဆို

ဟောဒီကမောင်စိုးအောင်ရဲ့မိခင်

မစိုးစိုးတစ်ယောက် အဖြေရှာမရတဲ့

ရောဂါဝေဒနာတစ်ခုကြောင့်

မစားနိုင်မသောက်နိုင် တပိန်ပိန်တလိန်လိန်ဖြစ်ပြီး စားသမျှအကုန်ပြန်အန်တယ်ဆရာ

ဆေးရုံဆေးခန်းသွားပြလည်း

ငွေသာကုန်သွားတယ် ဘာမှရေရေရာရာ

မသိရဘူးဆရာ။

ဒါကြောင့်သွေးရိုးသားရိုးဟုတ်မဟုတ်

စစ်ဆေးပေးဖို့ဆရာကြီးကို

လာပင့်ရတာပါဆရာ”

 

“ကောင်းပြီ ဒါဆိုဆရာကြီးလိုက်ခဲ့ပါ့မယ်”

 

“ကျေးဇူးတင်ပါတယ်ဆရာ

ကျွန်တော့်အမေကိုကယ်ပါဦးဆရာ”

 

“အောက်လမ်းအတတ်ပညာနဲ့

လုက်ထားတာမှန်တယ်ဆိုရင်

ဆရာကြီးကယ်တင်ပေးနိုင်ပါတယ်၊

ဝဋ်နာကံနာကြောင့်ဖြစ်ရတယ်ဆိုရင်တော့ဆရာကြီးလည်းမတတ်နိုင်ဘူး

လူကလေး”

 

“ဟုတ်ကဲ့ ဆရာ”

 

“ကဲသွားကြတာပေါ့”

 

“ဟုတ်ဆရာ”

 

ဦးသိန်းကြွယ်နှင့်ကိုစိုးအောင်လည်း

ဆရာရွှေအားအိမ်သို့ခေါ်ဆောင်လာ

ခဲ့ကြသည်။

 

“ဆရာကြီးကြွပါခင်ဗျာ”

 

ဦးတင်လေးကဆရာရွှေအား

မြင်တော့အိမ်ထဲသို့ဖိတ်ခေါ်လိုက်သည်။

ဆရာရွှေလည်းဘုရားခန်းရှေ့ ၌

နေရာယူပြီးဝင်ထိုင်လိုက်သည်။

 

“လူနာကိုဆရာ့ရှေ့ခေါ်လာခဲ့ပါ”

 

“ဟုတ်ဆရာကြီး”

 

ဦးတင်လေးတို့သားအဖလည်း

အခန်းထဲဝင်သွားကြသည်။

ဦးသိန်းကြွယ်ကတော့ ဆရာရွှေအနား

တွင်ကျန်နေခဲ့သည်။

 

ခဏနေတော့ အခန်းတွင်းမှ

ဒေါ်စိုးစိုးအားတွဲကာထွက်လာကြ

သည်။

ဒေါ်စိုးစိုးအားဆရာရွှေရှေ့သို့ထိုင်စေသည်

အားအင်ပြတ်လတ်နေသဖြင့်

ကောင်းကောင်းပင်မထိုင်နိုင်ချေ။

ထို့ကြောင့်ဦးတင်လေးနှင့်ကိုစိုးအောင်က

ဘေးမှထိန်းပေးထားရသည်။

 

“လူနာရှင် ဒေါ်စိုးစိုး ခြေထောက်တွေကိုဆင်းထားပါ”

 

ဒေါ်စိုးစိုးလည်းသူ၏ခြေထောက်

နှစ်ဖက်အားဆရာကြီးခိုင်းသလို

ဆင်းထားလိုက်သည်။

 

“ပယောဂမမှန်ရင် ဘယ်ခြေထောက်

မြှောက်လို့ ရစေ”

 

ဒေါ်စိုးစိုးလည်းသူ၏ဘယ်ခြေထောက်ကိုလွယ်လွယ်ကူကူပင်မြှောက်ပြနိုင်သည်။

 

“ပယောဂမှန်ရင် ညာခြေထောက်

မြှောက်လို့ မရစေ”

 

ဒေါ်စိုးစိုးလည်းသူ၏ညာခြေထောက်

အားကြိုးစားပြီးမြှောက်ကြည့်သည်။

ညာခြေထောက်ကကြွမလာခဲ့ပေ။

 

ဦးတင်လေးလည်း ဒေါ်စိုးစိုး၏

ညာဘက်ခြေထောက်အားလက်နှစ်ဖက်

ဖြင့်မကြည့်သည်။

ယောက်ျားအားဖြင့် ကြိုးစား၍မပေမယ့်

မြှောက်ကြွမလာခဲ့ပေ။

ဦးတင်လေးလည်းတအံ့တသြဖြစ်ပြီး

ပြန်ထိုင်နေလိုက်သည်။

 

ဆရာရွှေလည်းဦးတင်လေးအား

ပြုံးပြီးကြည့်နေသည်။

 

ထို့နောက်ဆရာကြီးက

အမိန့်ပြောင်းပြန်ပေးကာဘယ်ခြေညာခြေ

မြှောက်ပြခိုင်းလေသည်။

ပယောဂဟုတ်မှန်ကြောင်းသိသဖြင့်

ဆရာကြီးကကိုစိုးအောင်အား

ရေတစ်ခွက်တောင်းလိုက်သည်။

 

ဆရာကြီးကရေခွက်အား

လက်နှစ်ဖက်ဖြင့်ကိုင်ပြီးသစ္စာဆိုလေ

သည်။

ထို့နောက် သစ္စာရေအားဒေါ်စိုးစိုးကိုသောက်စေ

သည်။

ဒေါ်စိုးစိုးလည်း ဆရာရွှေပေးသည့်

သစ္စာရေအားသောက်လိုက်သည်။

ရေတစ်ခွက်လုံးကုန်သွားသည်။

အခါတိုင်းရေသောက်လျှင်ရေအန်သည်

ယခုဆရာကြီးတိုက်သည့်သစ္စာရေအား

တစ်ခွက်လုံးသောက်ပေမယ့် ပြန်အန်ခြင်းမရှိပဲဝမ်းတွင်း၌အေးမြလန်းဆန်းသွားသည်။

 

“ဘယ်ဆေးရုံဆေးခန်းမှသွားစရာ

မလိုတော့ဘူး၊ပယောဂမှန်နေတော့

ဆရာကြီးပဲကုပေးပါ့မယ်။

လူနာကအားအင်မရှိသေးတော့

မနက်ဖြန်မှ တစ်ခါထပ်ပြီး

ဆရာကြီးလာခဲ့မယ် ”

 

“အခုတော့သူစားချင်တာကို

ကျွေးထားပေးပါ ဒေါ်စိုးစိုးကလည်း

အစားကိုဝင်သလောက်စားပြီး

အားရှိအောင်နေပါ။

မနက်ဖြန်ဆရာကြီးလာခဲ့မယ်

ဘာကြောင့်ဒီလိုဖြစ်အောင်လုပ်တာလဲဆိုတာသိအောင်မေးရမယ်”

 

“ဟုတ်ကဲ့ဆရာကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ”

 

“မလိုပါဘူးကွယ် ဆရာကြီးပြန်မယ်”

 

“ကျွန်တော်လိုက်ပို့ပါရစေဆရာကြီး”

 

“အေးအေး”

 

ကိုစိုးအောင်လည်းဆရာကြီးအား

ဆိုင်ကယ်ဖြင့်ပြန်လိုက်ပို့သည်။

ဒေါ်စိုးစိုးလည်းဆရာကြီးတိုက်သည့်

ရေအားသောက်ပြီးသည်နှင့်တနေကုန်

လန်းဆန်းကာထမင်းများလည်း

ပုံမှန်အတိုင်းပြန်စားနိုင်ခဲ့သည်။

 

အစာဝင်သွားသည်နှင့်လူက

ထူထူထောင်ထောင်ဖြစ်လာပြီးအားရှိ

သွားလေသည်။

 

နောက်တစ်နေ့ ဆရာကြီး

ပြန်ရောက်လာသည်။

 

ဘုရားခန်းတွင်ထိုင်ပြီး ဒေါ်စိုးစိုးအား

ပြုလုပ်သည့် ပညာသည်အားခေါ်လေ

သည်။

 

ဒေါ်စိုးစိုးကလက်အုပ်ချီကာ

ထိုင်နေသည်။

 

ဆရာကြီးကအောင်မြင်သည့်

အသံဖြင့်အောက်လမ်းပညာသည်အား

ဆင့်ခေါ်လိုက်သည်။

 

“မစိုးစိုးကိုအတတ်ပညာနဲ့ပြုလုပ်ထားတဲ့ ပညာသည် အခုချက်ချင်းဝင်စေ ”

 

ဆရာရွှေ၏အမိန့်သံဆုံးသည်နှင့်

ဒေါ်စိုးစိုး၏ခန္ဓာကိုယ်တစ်ခုလုံး

ဆက်ခနဲတုန်ယင်သွားလေသည်။

 

“ငါ့ကိုဘာလို့ခေါ်တာလဲဟေ့”

 

“ဆရာကိုမလေးမစားနဲ့

အသံကိုပြန်ပြင်ပြီးပြောစမ်း

ငါ့ကိုဘာထင်နေလဲ”

 

“နင့်ဟာနင် ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး

နင်မသေချင်ရင် ငါ့ကိုမစမ်းနဲ့”

 

“ဟင်း…”

 

ဆရာရွှေကပြုံးလိုက်သည်။

ပြီးမှစကားဆက်လေသည်။

 

“ဆရာမေးမယ် ဘာကြောင့်

မစိုးစိုးကို ပညာနဲ့လုပ်တာလဲ။

မစိုးစိုးကနင်နဲ့ ဘာရန်ငြိုးတွေရှိလို့လဲ”

 

“ဘာရန်ငြိုးမှမရှိဘူး

င့ါကိုငွေပေးခိုင်းလို့ လုပ်တာ”

 

“ဘာကြောင့်လုပ်ခိုင်းတာလဲ

နာမည်ထည့်မပြောနဲ့”

 

“သူ့အဝတ်အစားတစ်ထည်ကိုယူပြီး

ငါ့ကိုအသေသတ်ခိုင်းလို့လုပ်တာ

လုပ်ခိုင်းတဲ့သူက သူ့ကိုအတော့်ကို

မုန်းတီးလို့သေအောင်သတ်ခိုင်းတာ”

 

“နင်ငွေဘယ်လောက်ရသလဲ”

 

“နှစ်သောင်းပေးပြီးလုပ်ခိုင်းတာ”

 

“ငွေလေးမဖြစ်စလောက်နဲ့

လူတစ်ယောက်အသက်ကိုသေအောင်

ပြုလုပ်တာမရှက်ဘူးလားဟမ်”

 

“ငွေရရင် ဘယ်သူ့ပဲသတ်ရပါစေ

ငါသတ်ရဲတယ်”

 

“နင်ဒီလိုလုပ်နေတာ အဝီစိငရဲထိ

ဆင်းရမှာ နင်မကြောက်ဘူးလား”

 

“မကြောက်ဘူး ”

 

“နင်လုပ်ထားတဲ့ဟာတွေ

နင့်ဟာနင်ပြန်ထုတ်သွား

ဒါအမိန့်ပဲ ဆရာနင့်ကိုနာကျင်အောင်

မလုပ်ချင်ဘူး”

 

“ပြန်နှုတ်စရာလား လုပ်ကတည်းက

အသေလုပ်ထားတာ ပြန်မနှုတ်ပေး

နိုင်ဘူး”

 

“ဒါဆိုလည်းကောင်းပြီ

ဆရာ့အဆိုးမဆိုနဲ့တော့”

 

“ကြိုးပိုင်များ ဒီပညာသည်ကို

မလှုပ်နိုင်အောင် ကြိုးနဲ့တုတ်ထား”

 

ဆရာကြီး၏အမိန့်သံဆုံးသည်နှင့်

ဒေါ်စိုးစိုး၏လက်နှစ်ဖက်က

ကျောဘက်သို့ရောက်သွားသည်။

 

ဒေါ်စိုးစိုးခန္ဓာကိုယ်၌

ဝင်နေသည့်စုန်းပညာသည်လည်း

တုတ်တုတ်မျှမလှုပ်နိုင်တော့ပေ။

 

“နင့်လိုပညာနဲ့ငါ့ကိုလာစမ်းရတယ်လို့

ကြိုးနဲ့တုတ်လို့လည်း ငါ့ကိုနိုင်မယ်

ထင်သလား”

 

“ဟား ဟား ဟား ဟား”

 

ဦးတင်လေး၊ဦးသိန်းကြွယ်နှင့်

ကိုစိုးအောင်လည်း ဒေါ်စိုးစိုးအား

ကြည့်ပြီးပါးစပ်အဟောင်းသား

ဖြစ်နေကြသည်။

 

“ကဲ…ဒီလောက်တောင်

ခေါင်းမာနေတဲ့စုန်းမ သိကြသေးတာပေါ့”

 

“မောင်စိုးအောင် ရေတစ်ခွက်ခပ်ခဲ့ပေးပါ”

 

“ဟုတ်ကဲ့ဆရာကြီး”

 

ကိုစိုးအောင်ကရေတစ်ခွက်အား

ခပ်ကာဆရာရွှေကိုပေးလိုက်သည်။

 

ဆရာကြီးကရေခွက်ကိုကိုင်ကာ

ပါးစပ်မှဂါထာမန္တာန်လိုမျိုး

တတွတ်တွတ်ရွတ်ဆိုနေသည်။

 

“ကဲ…ဒီရေမန်းအစွမ်းကို

နင်ခံနိုင်ရင်ခံပေတော့ ”

 

“ရော့”

 

“အား…အားပူတယ် အား”

 

ဆရာရွှေတောက်လိုက်သည့်

ရေမန်းများကဒေါ်စိုးစိုးမျက်နှာအား

ထိမှန်ကာဒေါ်စိုးစိုးအား

ပူးကပ်နေသည့်စုန်းမလည်း

ပူလောင်လွန်းသဖြင့်လူးလိမ့်ကာ

အော်ဟစ်နေသည်။

 

“ဘယ်လိုလဲ ရေမန်းအစွမ်းကို

သိပြီလား”

 

“နောက်ထပ်ရေနဲ့ထပ်တောက်ရဦးမလား”

 

“ကြောက် ကြောက်ပါပြီဆရာ

ထပ်မပက်ပါနဲ့တော့ ပူလို့သေရပါလိမ့်မယ်”

 

“ဒါဖြင့်ရင် အခုချက်ချင်းနင်လုပ်ထားတဲ့ပညာတွေ

အခုထုတ်”

 

“ထုတ် ထုတ်ပါ့မယ်ဆရာ”

 

“ကြိုးပိုင်တွေသူ့ကို ကြိုးဖြည်ပေးလိုက်ပါ”

 

ဒေါ်စိုးစိုးလည်းခြေထောက်ကို

ဆင်းကာတစ်ကိုယ်လုံးအား လက်နှစ်ဖက်ဖြင့် သပ်ချလေသည်။

 

အကြိမ်ကြိမ်အခါခါ ပြုလုပ်ပြီးမှ

ရပ်တန့်သွားလေသည်။

 

“ကျန်သေးလား အကုန်လုံးနှုတ်သွားနော်ကျန်နေရင်

ဒီမယ်ရေမန်းတွေ့လား”

 

“မကျန်ပါဘူးဆရာ တကယ်ပါ

ဘာမှမကျန်တော့ပါဘူး”

 

“နောက်တစ်ခါထပ်ပြီး

ဒီလိုမလုပ်တော့ပါဘူးလို့

ဆရာကြီးကိုကတိပေးနိုင်မလား”

 

“ကတိပေးပါတယ် ဆရာ

နောက်မလုပ်တော့ပါဘူး”

 

“ဒါဖြင့်ရင် နင်ပြန်လို့ရပြီ”

 

ဆရာရွှေ၏အမိန့်သံဆုံးသည်နှင့်

ဒေါ်စိုးစိုးအားဝင်ကပ်နေသည့်

စုန်းပညာသည်လည်းထွက်သွားတော့

သည်။

 

ဒေါ်စိုးစိုးအားရေခွက်ထဲမှ

လက်ကျန်ရေအနည်းငယ်ဖြင့်

ဆရာရွှေကတောက်ပေးလိုက်သည်။

 

ဒေါ်စိုးစိုးလည်းသတိပြန်ရလာပြီး

ဘာမှမမှတ်မိသည့်ပုံစံဖြစ်နေသည်။

 

“အားလုံးကြားကြတဲ့အတိုင်းပဲ

မုန်းလို့အသေလုပ်ခိုင်းတာတဲ့။

ဘယ်သူဘယ်ဝါဆိုတာအဖြေရှာမနေပဲ

မုန်းစကိုတိုစေလိုက်ပါ။

သူ့အကျိုးပေးနဲ့သူသွားပါလိမ့်မယ်

နောက်ကိုဆင်ဆင်ခြင်ခြင်နဲ့ပြောဆို

နေထိုင်ပါ။

ဘုရားတရားများများလုပ်ပြီး

သီလလုံအောင်ကျင့်ကြံပါ”

 

“ဟုတ်ကဲ့ပါဆရာကြီး”

 

“အခုလိုအမေ့ကိုပြန်ကောင်းအောင်

ကုသပေးလို့ ဆရာကြီးကိုကန်တော့ပါရစေ”

 

“သာဓု ပါသာဓု သာဓု”

 

“ကဲ ဆရာကြီးပြန်မယ်ကွယ့်”

 

“သားမင်းပဲလိုက်ပို့ပါကွယ်”

 

“ဟုတ်အဖေ”

 

ကိုစိုးအောင်လည်းဆရာရွှေအား

ဆိုင်ကယ်ဖြင့်ပြန်ပို့ပေးလိုက်သည်။

ထိုနေ့မှစပြီးဒေါ်စိုးစိုး တစ်ယောက်

ပြန်လည်ကျန်းမာလာကာ အရင်ကထက်ဘုရားတရားကို

အာရုံစိုက်ပြီးနေထိုင်ခဲ့သည်။

 

မည်သူ့ကိုမှအမုန်းမထားပဲ

နေ့ရက်တိုင်းမေတ္တာပို့ခဲ့လေသည်။

ယခုလိုအောက်လမ်းပညာဖြင့်

အသေလုပ်ခိုင်းသူကိုသိပေမယ့်

အငြိုးမထားပဲစိတ်ရှင်းရှင်းနဲ့

နေထိုင်ခဲ့သည်။

 

ဒေါ်စိုးစိုးပြန်လည်ကောင်းမွန်လာ

သည်ကိုမြင်ပြီးအကြီးအကျယ်ဒေါသ

ထွက်နေသည့်ဒေါ်သီတာတို့ သားအမိ

နှစ်ယောက်လည်း အချိန်ကြာလာသည်နှင့်စီးပွားပျက်ကာ

အိမ်နှင့်ခြံကိုပင်ရောင်းပြီး မြို့ မှထွက်သွား

ကြတော့သည်။

 

ပြီးပါပြီ။

လိုအပ်ချက်များအား နားလည်ပေးပါ

စာဖတ်သူတို့ရေ။

ဇာတ်လမ်းလေးကိုသဘောကျရင်

လက်မလေးတွေနှိပ်ပြီးအားပေးသွားပါ.

 

#အောင်ဓူဝံ