Unicode Version
သူယောင်ရုပ်(စ/ဆုံး)
————————–
ဆရာများသည်တပည့်အမျိုးမျိုးနှင့်သူတို့၏အကျင့်
စာရိတ္တကိုလည်းကောင်း၊ ဆရာဝန်များသည် လူနာအမျိုးမျိုးနှင့်ရောဂါဘယများကိုလည်းကောင်း၊ တရားသူကြီးများသည် မိမိရုံးသို့ ရောက်လာသော
အမှုအမျိုးမျိုးကိုလည်းကောင်းတွေ့ကြရသည်ဖြစ်ရာ
အသက်ရွယ်ကြီး၍ထိုအလုပ်များမှအနားယူကြသော
အခါ စိတ်ထဲတွင် အမှတ်တရစွဲ၍ ကျန်ရစ်ခဲ့သော
အရာများ အလွန်နည်းပါးလေသည်။ ဆရာဝန်တစ်ယောက်အားမည်သည့်အချိန်က
မည်သည့်လူနာကို မှတ်မိပါသလောဟုမေးရာ
မမှတ်မိသကဲ့သို့ တရားသူကြီးတစ်ယောက်အား မည်သည့်နှစ် မည်သည့်နေ့ရက်က အပြစ်ပေးလိုက် သော မည်သည့်တရားခံကို မှတ်မိပါသလောဟု မေးလျှင် မှတ်မိလိမ့်မည်မဟုတ်ပေ။
ဆရာဝန်များသည်လည်းကောင်း၊ တရားသူကြီးများသည်လည်း
ကောင်း မိမိတို့အလုပ်ဝတ္တရားများအတိုင်းဆောင်ရွက်သွားခြင်းမျှသာဖြစ်၍ ပုဂ္ဂိုလ်စွဲအား ဖြင့် မည်သူကိုမျှမသိချေ။
ဆရာဝန်တစ်ယောက်သည်လူနာ၏အသားကိုကိုင်တွယ်စမ်းသပ်ရာ၌ ယောက်ျား၊မိန်းမဟူသောအသိဉာဏ်ဖြင့်တွေ့ထိခံစားမှုပင်မရှိချေ။ထို့အတူ တရာသူကြီးသည်လည်း မည်သည့်တရားလိုသည် မည်သူဖြစ်သည်။ မည် သည့် တရားခံသည် မည်သူဖြစ်သည်၊ မည်သူ့ကိုချစ်သည်၊ မည်သူ့ကို မုန်း သည်ဟူ၍မရှိချေ။
ဆရာဝန်တစ်ယောက်သည် ဆေးခန်းမှ ထွက်လာသောအခါ မည် သည့်အရာကိုမျှ အမှတ်မထား၊ မည်သည့်လူနာကိုမျှ သတိမရတော့ဘဲ ရှိသကဲ့သို့ တရားသူကြီးတစ်ယောက်သည်လည်း တရားခွင်မှ ဆင်းလာ သည်နှင့်တစ်ပြိုင်နက်တရားလိုများ၊ တရားခံများ၊ သက်သေများ၊အမှုတွဲများ၊ ဥပဒေများသည် အိမ်သို့မပါဘဲ ရုံးခန်း၌ ကျန်ရစ်ခဲ့လေသည်။ အလုပ်မှ ထွက်သွားသောအခါ၌မူ ပြောစရာမရှိတော့ချေ။
အစဉ်အလာအရဤသို့ပင်ဖြစ်ရမည်ဖြစ်သော်လည်းကျွန်ုပ်မှာမူအလုပ်
မှ အနားယူပြီးသည့်နောက် ယခုအချိန်တွင်ဆယ်နှစ်မျှ ရှိပြီဖြစ်သော်လည်း ယခုအချိန်ထိကျွန်ုပ်၏စိတ်ထဲတွင်မမေ့ပျောက်ဘဲစွဲမြဲကျန်ရစ်ခဲ့သောအမှု
တစ်ခုရှိလေသည်။
ကျွန်ုပ်မှာထိုအခါကကျောက်ဖြူမြို့တွင်အထူးအာဏာရနယ်ပိုင်တရား သူကြီးတစ်ယောက်ဖြစ်၍ ကျွန်ုပ်နယ်ပယ်အတွင်း ဖြစ်ပွားသောလူသတ်မှု များကို “မူလမှု” အဖြစ် စစ်ဆေးရ၏။ ရဲဘက်မှ အမှုတွဲပြုလုပ်တင်ပြရသော မူလမှုများကိုကျွန်ုပ်ကအောက်ရုံးတရားသူကြီးအဖြစ်စစ်ဆေးရ၍အကယ် ၍ သက်သေခံအထောက်အား ယုတ္တိရှိ၍ ခိုင်လုံလောက်သည်ဟု ယူဆက စက်ရှင်ရုံးသို့တင်ပို့ရ၏။ သို့သော်တရားလိုအစိုးရဘက်မှ သက်သေခံချက် များ မလုံလောက်ခဲ့သော်လည်းကောင်း၊ ယုတ္တိယုတ္တာ မရှိခဲ့သော်လည်း၊
အချိတ်အဆက်မညီညွတ်ဘဲယိမ်းယိုင်ပြိုပျက်ခဲ့သော်လည်းကောင်းကျွန်ုပ်
သဘောအတိုင်းလွှတ်ပစ်နိုင်လေသည်။
သို့သော် ကျွန်ုပ်ရုံးမှ လွှတ်ပစ်ခဲ့သော် သက်သေမလုံလောက်သဖြင့် လွှတ်ပစ်ရသော “တရားရှင်”လွှတ်ခြင်းမျှသာဖြစ်၍ အကယ်၍ ရဲဘက်က နောက်ထပ်မံသက်သေခံများရရှိခဲ့ပါက ထပ်မံအမှုဖွင့်နိုင်လေသည်။ စက် ရှင်ရုံးသို့ရောက်၍ “တရားသေ”လွှတ်ပြီးသောအခါမှသာအမှုကိုရဲဘက်က ထပ်မံမဖွင့်နိုင်တော့ဘဲ တစ်ခါတည်းပိတ်ရလေသည်။ ကျွန်ုပ်မှာတရားသူကြီးတစ်ယောက်ဖြစ်သည့်အတွက်နေ့စဉ်နှင့်အမျှ
အမှုကြီးငယ်တို့ကို စစ်ဆေးလျက်အပြစ်ပေးတန်လျှင် ပေး၊ လွှတ်တန်လျှင် လွတ်ပြုလုပ်နေရသော်လည်း၊ မည်သူ့အားမုန်းတီး၍အပြစ်ပေးလိုက်သည် ဟူ၍လည်းကောင်း၊ မည်သူ့အား သနားသဖြင့် လွှတ်ပေးလိုက်သည်ဟူ၍ လည်းကောင်းမရှိချေ။ရတနာသုံးပါးမိဘဆရာသမားစသည့်အနန္တောအနန္တ
ငါးပါးကိုကိုင်းရှိုင်းရိုသေလေးစားခြင်း၊ ကတိလေးပါးမလိုက်စားခြင်း၊ ဖြောင့် မတ်တည်ကြည်ခြင်းစသော ဂုဏ်ကျေးဇူးတို့ကြောင့်လည်းကောင်း ကျွန်ုပ် မှာ စာရေးကြီးဘဝမှ မြို့အုပ်ရာထူးကိုရပြီးနောက် ငါးနှစ်အကြာတွင် ဝန် ထောက်ဖြစ်၍လာခဲ့လေသည်။
တစ်နေ့တွင်ကျွန်ုပ်ရုံးသို့လူသတ်မှုတစ်ခုရောက်ရှိလာရာ သတ်သည်
ဟုစွပ်စွဲခြင်းခံရသောတရားခံမှာ မွန်မွန်ရည်ရည်ရှိ၍ရုပ်ရည်သန့်ပြန့်သော အသက် ၄ဝ ခန့်ရှိလူတစ်ယောက်ဖြစ်၏။ အမှုမှာ သူ၏ယောက်ဖ (မိန်းမ၏ မောင်ဝမ်းကွဲ)ကို သတ်သောအမှု ဖြစ်လေသည်။
အမှုတွင်မျက်မြင်သက်သေဟူ၍တစ်ယောက်သာရှိ၏။ထိုသက်သေမှာ လည်းအခြားသူမဟုတ်၊ သူ၏ဇနီးပင်ဖြစ်လေသည်။ အခြားသက်သေတစ် ယောက်မှာအခင်းဖြစ်ပွားပြီးစတွင်ရောက်လာသောအသက်၁၂ နှစ်အရွယ်
ရှိမိန်းကလေးတစ်ယောက်ဖြစ်၏။ သို့ဖြစ်၍ယင်းအမှုကိုစီရင်ရန်မှာထိုသက် သေများ၏ထွက်ချက်၊ တရားခံထွက်ချက်၊ ပတ်ဝန်းကျင်ဖြစ်ပျက်မှုအခြေ အနေများကိုပေါင်းစပ်ကာကျွန်ုပ်ကိုယ်တိုင်ယုံမယုံဟူသောပြဿနာပေါ်တွင်
တည်ရှိလေသည်။
ပထမဦးစွာ အမှုလိုက်ရဲအရာရှိကို စစ်ဆေးပြီးနောက် မျက်မြင်သက် သေဖြစ်သော တရားခံ၏ဇနီးကို စစ်ရ၏။ ပြီးသောအခါ ထမင်းချက် မိန်း
ကလေးကိုစစ်၏။ ထို့နောက်ဆရာဝန်ကိုစစ်၏။ နောက်ဆုံးတွင်တရားခံအား စစ်ရန် အလှည့်ရောက်သောအခါ တရားခံက မိမိအမှုမှာ ရှုပ်ထွေးနက်နဲ သောအချက်အလက်များပါရှိသဖြင့် တစ်ကြောင်း၊ အမှုနှင့်ပတ်သက်၍ဖြစ် ပွားရပုံများမှာလည်း အတော်ပင် ရှည်လျားသဖြင့် တစ်ကြောင်း မိမိဘက်မှ တင်ပြမည့်သက်သေမှာလည်း လူသက်သေမဟုတ်ဘဲ အသက်မရှိသော အရုပ်ကြီးတစ်ရုပ်ဖြစ်သဖြင့် တစ်ကြောင်း၊ ထို့ကြောင့် နှုတ်ဖြင့် အစစ်မခံဘဲ စာဖြင့်ရေး၍ အစစ်ခံရန် ခွင့်တောင်းသဖြင့် ကျွန်ုပ်လည်း ဥပဒေရှိသည့် အတိုင်း ခွင့်ပြုလိုက်ပြီးလျှင် ရက်ချိန်းပေးလိုက်လေသည်။
ရက်ချိန်းစေ့သောနေ့တွင် တရားခံသည် လျှောက်လွှာစက္ကူနှင့် ၁ဝ မျက်နှာခန့်ရှိသော အစစ်ခံချက်များကို တင်ပြ၍ ၎င်းနှင့်အတူ ၂ ပေခွဲခန့် ရှိသော သစ်နက်သားတစ်မျိုးဖြင့် ထုလုပ်ထားသည့် အရုပ်ကြီးတစ်ရုပ်ကို တင်ပြလေသည်။ ယင်းကဲ့သို့ထူးခြားခြားတင်ပြသောသက်သေခံချက်များ ကိုတစ်ကြိမ်မျှကျွန်ုပ်မတွေ့ဖူးချေ။
အောက်တွင်ကျွန်ုပ်ရေးသားဖော်ပြအံ့သောစာများမှာကျွန်ုပ်မှတ်မိသ
လောက် တရားခံတင်ပြသော အစစ်ခံချက်များဖြစ်၍ ကျွန်ုပ်ကိုယ်တိုင် အစ အဆုံး ၃ – ၄ ခေါက်မျှ ဖတ်မိလေသည်။ ဤကဲ့သို့ စိတ်ဝင်စားသဖြင့်လည်း ယခုတိုင် ကျွန်ုပ်မှတ်သားမိခြင်းဖြစ်ရာ ကျွန်ုပ်၏ တင်ပြချက်မှာ ထိုအခါက တရားခံရေးသားတင်ပြချက်နှင့်ထပ်တူထပ်မျှပင်မဟုတ်စေကာမူတတ်နိုင် သမျှ အနီးကပ်ဆုံးဖြစ်၍ အဓိပ္ပာယ်သဘော သက်ရောက်ပုံမှာမူ ထပ်တူ ထပ်မျှ တိကျမှန်ကန်ပါကြောင်း။
တရားခံအစစ်ခံချက်
မောင်အောင်ဘန်း၊ အသက်၄၂
မြန်မာ/ရခိုင်၊ ဗုဒ္ဓဘာသာ။
ကျွန်တော်သည်သည်ကုန်သည်ပွဲစားအလုပ်ကိုလုပ်ကိုင်၍လွန်ခဲ့သော
၅ နှစ်ခန့်က မဝါနုဆိုသူနှင့် အိမ်ထောင်ကျခဲ့ပါသည် ။ လူကြီးချင်း စေ့စပ်
ထိမ်းမြားအကြောင်းပါခဲ့ရသော်လည်း ကျွန်တော်တို့ချင်းမှာ အလွန်ချစ်ခင် သင့်မြတ်ပါသည်။
ထိုအခါ ကျွန်တော့်အသက် ၃၄ နှစ်၊ မဝါနု အသက်မှာ (၂၂)နှစ်ဖြစ် ပါသည်။ မဝါနုမှာ အချက်အပြုတ်၌လည်းကောင်း၊ အိမ်ထောင်သိမ်းဆည်း ရေး၌လည်းကောင်း၊ လင်သားအပေါ်ပြုစုရာ၌လည်းကောင်း၊ အလွန်တော် ၍ကျေနပ်နှစ်သိမ့်ဖွယ်ဖြစ်ပါသည်။
အထူးသဖြင့် အိမ်ရှေ့ဧည့်ခန်းကို အလှအပပြင်ဆင်ခြင်း၊ အိမ်ရှေ့မျက် နှာစာကို ပြုပြင်ခြင်းတို့တွင် များစွာဝါသနာပါသည်။ ကျွန်တော့်အိမ်ခန်းမှာ အတော်ပင်ကျယ်၍ ဧည့်ခန်းအလယ်၌ စားပွဲနှင့် ကုလားထိုင်စုံကို ချထား သည့်ပြင် အခန်းထောင့်များတွင် ရုပ်လုံးတစ်ခုခုသော်လည်းကောင်း၊ အလှ စိုက်ပျိုးထားသော ပန်းအိုးသော်လည်းကောင်း ထားရှိပါသည်။ ခေါင်းရင်း ခန်းတွင် အရုပ်များထည့်သော မှန်ဗီရိုတစ်လုံးရှိရာ အထဲတွင် သစ်သားရုပ်၊ ကြွေရုပ်၊ ကြေးရုပ်၊ သံရုပ်၊ ရွှံ့စေးရုပ်မှမကျန် စုဆောင်းထည့်သွင်းထားသဖြင့် အလွန်ပင် “ကလေး” ဆန်ကြောင်းဖြင့် တစ်ခါတစ်ရံ ကျွန်တော်က ပြောပြ ပါသည်။ မဝါနုသည် ငယ်စဉ်က ကစားခဲ့သော အိုးကလေး၊ ခွက်ကလေး၊ ယမင်းရုပ်နှင့် အခြားကလေးကစားစရာများပါ တရိုတသေ သိမ်းဆည်း ထားတတ်သဖြင့် ကျွန်တော်က ဤကဲ့သို့ပြောခြင်းဖြစ်ပါသည်။ ဧည့်ခန်းရှိ အလှထားသော အရုပ်များ၊ ကြွေနှင့် ကြေးပန်းအိုးများ၊ ပန်းများကိုလည်း မကြာခဏ ပြောင်းလဲပြင်ဆင်လေ့ရှိရာ ကျွန်တော်ကလည်း လူဝါသနာဆို သည်မှာ စွန့်ပစ်ရန် ခဲယဉ်းကြောင်းကျွန်တော် သိပါသည်။
သို့ဖြစ်၍ ကျွန်တော်တို့ နေထိုင်သည့်အိမ်ကလေးမှာ တောရွာနှင့် မလိုက်အောင် အဆင်အပြင်လှပ၍ကျွန်တော်တို့အိမ်ထောင်ရေးမှာလည်း အလွန်ပင် ပြေပြစ်သာယာခဲ့ပါသည်။
တစ်နေ့သောတနင်္ဂနွေနေ့တွင်ကျွန်တော်တို့သည်ရမ်းဗြဲကမ်းခြေစကု ကျွန်း၊“စံလက်မော်”ရွာသို့အိမ်နီးချင်းမိန်းမဖော်များနှင့်အတူပျော်ပွဲစားထွက်
ကြပါသည်။ကမ်းခြေမှာအလွန်သာယာ၍တစ်ခါတစ်ရံကမ်းခြေသဲပြင်များ၌
ထူးဆန်းသောငါးသေများ၊အရိုးစုများပင်လယ်လှိုင်းပုတ်သဖြင့်မျောပါလာပြီး
လျက် ဒီရေအတက်အကျ၌ တင်၍ကျန်ရစ်ခဲ့သော သစ်ကိုင်းခြောက်များ၊ သစ်တုံးတိုတုံးစမှစ၍ဒိုက်သရောများကိုအများအပြားတွေ့ရတတ်ပါသည်။
ထိုနေ့မှာ နံနက်ခင်းတွင်လေထန်သဖြင့် ပင်လယ်လှိုင်းများ ပို၍ကြီးပြီး လျှင် ထိုနေ့မျိုး၌ ဒိုက်သရောများလည်း အချို့မြေနိမ့်သောနေရာတွင် စုပုံ ကျန်ရစ်ခဲ့တတ်ပါသည်။
လေငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက်ကျွန်တော်တို့နံနက်စာစားပြီး နောက်နေ့လယ်လက်ဖက်ရည်သောက်ရန်လက်ဖက်ရည်နှင့်မုန့်ချိုင့်များကို
ယူပြီးလျှင်“ရေမျောကမ်းတင်” ပစ္စည်းများ၊ဒိုက်သရောများကိုအပျော်ရှာဖွေ ကောက်ယူရန် သွားကြပါသည်.။
ကျွန်တော်တို့ထင်သည့်အတိုင်းမြေနိမ့်ရာချိုင့်ဝှမ်းဒေသသဲမြေသောင်
ခုံများပေါ်တွင် ပင်လယ်လှိုင်းပုတ်သဖြင့်တင်၍ကျန်ရစ်သော သစ်တိုသစ်စ များ၊ အမှိုက်သရိုက်များ၊ ငါးသေများ၊ ငါးရိုးများ ၊ ကနုမာခွံ ခုံးခွံများကို ရှာဖွေ ကြရာအတော်များပင်တွေ့၍မိမိကြိုက်နှစ်သက်ရာအလုအယက်ကောက်ယူကြပါသည်။
ကျွန်တော်၏ဇနီးမှာပင်လယ်ခရုကြီးခွံများကိုရှာဖွေကောက်ယူလျက်
ရှိစဉ် ကျွန်တော်လည်း သူတို့ရှာဖွေနေသောနေရာနှင့် ခပ်လှမ်းလှမ်း ပင် လယ်ရေစပ်နှင့် မနီးမဝေး ချိုင့်ဝှမ်းတစ်ခုတွင် အမြင့် ၂ ပေခွဲ လုံးပတ် ၄ ထွာ ဆိုင်ခန့်ရှိသည့် အရုပ်တစ်ခုနှင့် ခပ်ဆင်ဆင်တူသည့်သစ်တုံးလိုတစ်ခုကို တွေ့ရပါသည်။ အနီးသို့ ကပ်၍ကြည့်ရှုရာ အကြမ်းဖျင်းထုလုပ်ထားဟန် တူသောလူရုပ်လိုလို၊ မျောက်ရုပ်လိုလို ရုပ်လုံးတစ်ခုကိုတွေ့ရသဖြင့်၎င်းသို့ ငြိတွယ်နေသည့် အမှိုက်သရိုက်များ၊ နွယ်ပင်များနှင့် ဒိုက်သရောများကို ဖယ်ရှားပြီးလျှင်ရှင်းလင်းသော သဲသောင်ပြင်တစ်နေရာသို့ဆွဲယူခဲ့ပါသည်။
ရုပ်လုံး၏အသားမှာရင်းတိုက်နှစ်သားလည်းမဟုတ်၊ရခိုင်ပြည်နှင့်ရိုးမတောင် ပေါ်တွင် ပေါက်လေ့ရှိသော ရေအုန်းသားလည်းမဟုတ်၊ ကျွန်တော့်စိတ် အထင်အားဖြင့်ရခိုင်များက”စေဟုန်း”ဟုခေါ်လေ့ရှိသောအသားမျိုးဟုထင်
ပါသည်။ ကျွန်တော်ထင်သည့်အတိုင်းလည်း မှန်ကန်ကြောင်း နောင်အခါ တွေ့ ရှိပါသည်။ သစ်သားမှာညိုပုပ်ပုပ် အရောင်ရှိ၏။ မျက်နှာပုံသဏ္ဌာန် မှာကုလားအဘိုးကြီးတစ်ယောက်နှင့်လည်းကောင်း၊မျောက်ဝံတစ်ကောင် နှင့်လည်းကောင်းတူပါသည်။ ဦးခေါင်းထိပ်မှာ အပေါ်သို့ ခပ်ချွန်းချွန်းတက် လျက်မျက်နှာနေရာတွင်မူအမှိုက်သရိုက်များသစ်စသစ်နများရေညှိများရှိပါ
သည်။မည်သို့ပင်ဖြစ်စေ သစ်ကိုင်းတစ်ခုမဟုတ်ဘဲလူတို့လက်ဖြင့်ထုလုပ် ထားသော ရုပ်လုံးတစ်ခုဖြစ်ကြောင်းကားထင်ရှားပါသည်။ ကျွန်တော့်မှာအနုပညာကိုဝါသနာပါသောဇနီးသည်၏စိတ်ဓာတ်များကူးဝင်နေပြီဖြစ်သဖြင့် ဤအရုပ်ကို ဆေးကြောသုတ်သင်အရောင်တင်ပြီး
နောက်တစ်နေရာရာ၌ထားမည်ဟုစိတ်ကူးကာ သစ်သားစများနှင့်အမှိုက်
သရိုက်များကိုတတ်နိုင်သမျှ သုတ်သင်ဖယ်ရှား၍ဇနီးသည်ရှိရာသို့ထမ်းယူ ခဲ့ပါသည်။
ကျွန်တော်၏ ဇနီးသည် အရုပ်ကိုကြည့်ပြီးလျှင် ဟက်ဟက်ပက်ပက် ရယ်မောလျက်…
“ကုလားအိုရုပ်ကြီးနဲ့ တူပါတယ် မောင်ရယ် ၊ ဘာလုပ်ဖို့လဲ” “ဘာရုပ်ပဲဖြစ်ဖြစ် – အဆန်းပေါ့မဝါနုရဲ့” “မောင်၊ အိမ်ယူလာမလို့လား” “ယူမယ်လေ”
“ကျက်သရေမရှိပါဘူးမောင်ရယ်။အရုပ်ကြီးကလှလှပပလည်းမဟုတ်
ဘူး။ အရုပ်က ဆိုးသနဲ့”
“ကောင်းပါတယ် မဝါနုရယ်။ အိမ်ကျတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင်
လုပ်ပေးမယ်”
“ဘယ်ကမျောပါလာသလဲ- မသိဘူးနော်မောင်”
“လှေကြီးဖြစ်ဖြစ်၊ သင်္ဘောဖြစ်ဖြစ်ပျက်လို့ အဲဒီက အရုပ်ဖြစ်မှာပေါ့။ လှေဦးမှာတပ်ထားတဲ့ အရုပ်မျိုးလည်း ဖြစ်နိုင်တယ်”
“ဟုတ်ချင်ဟုတ်မှာပဲ။ တချို့ပင်လယ်ကူးလှေကြီးတွေမှာ အရုပ်တပ်
ထားတာ မြင်ဖူးတယ်”
သို့နှင့်ကျွန်တော်သည်မဝါနုကများစွာသဘောမကျသော်လည်းအရုပ်
ကိုအိမ်သို့ရောက်အောင် ခဲယဉ်းစွာ ယူခဲ့ပါသည်။
နောက်တစ်နေ့ ၌ ကျွန်တော်သည် အလုပ်မှပြန်လာလျှင် ပြန်လာခြင်း အရုပ်ကြီးကို ပြုပြင်ပါတော့သည်။ မျက်နှာတွင်ဖုံးနေသောရွှံ့စေးများ၊ ကြေး ညှော်များကို အလွန်သေးငယ်သော လက်သည်းစောင်းကလေးဖြင့် မူလ
မျက်နှာပြင်ကိုမထိခိုက်စေဘဲခြစ်၍ပစ်ပါသည်။ထို့နောက်ကော်ဖတ်နုနုဖြင့် စားပါသည်။ ကိုယ်နှင့်အောက်ပိုင်းကိုလည်း ဤနည်းအတိုင်းအချိန်ကုန်ခံ၍ လုပ်ပါသည်။
၃ ရက်မျှလုပ်မိသောအခါအတော်ပင်ရုပ်လုံးပေါ်လာပါသည်။ မျက်နှာ တွင် ချိုင့်ဝင်နေသော ပါးများ၊ မေးရိုးအထက်တွင် မို့မောက်နေသော အဖုကြီးများ၊
ခပ်ဟောက်ဟောက်ရှိနေသောမျက်လုံးအိမ်များပေါ်လာပါသည်။ သေးငယ်သော မျက်လုံး၊ ချွန်ထွက်နေသောနှာတံမှာလည်း မျက်နှာပေါက် ကိုပို၍ဆိုးစေသကဲ့သို့ရှိနေပါသည်။ နောက်ဆုံး၌ကျွန်တော်သည်သစ်စေး
အနည်းငယ်ကိုအောက်ခံဆေးအဖြစ်သုတ်ပေးပြီးလျှင်အပေါ်မှ“ဗားနစ်”ခေါ် အရောင်တင်ဆီကိုသုတ်ပေးပါသည်။ရုပ်လုံးကြီးမှာအရောင်ထွက်လာလျက်
အတော်ပင်ကြည့်ပျော်ရှုပျော်ဖြစ်လာပါသည်။ မျက်လုံးနှင့် အတွင်းမျက်ဆံ
များကိုလည်းဆေးနက်ထဲတွင်အဖြူစက်ကလေးဖြင့်ခြယ်မှုန်းပေးရာမျက်နှာ
အနေအထားပင် ပေါ်လွင်လာပါတော့သည်။ ထို့နောက် ကျွန်တော်လည်း တစ်ပေသာသာခန့်မြင့်သောအောက်ခံခုံတစ်ခုကိုကျွန်းသားဖြင့်ပြုလုပ်ပြီး လျှင် ရုပ်လုံးကြီးကို တင်ထားလိုက်ပါသည်။
“မောင်ကလည်းသူ့အရုပ်ကြီးကလှလွန်းလို့-ကျွန်မဖြင့်သူမျက်နှာကြီး ကြည့်ရတာ ကြောက်တောင်ကြောက်သေးတယ်”
ဟုမဝါနုကမကြာခဏပြောလေ့ရှိပါသည်။ပထမအဝတ်ကြမ်းဖြင့်လည်း
ကောင်း၊ ထို့နောက် ဂွမ်းဖတ်များ၊ ပိုးထည်စုတ်များဖြင့်လည်းကောင်း ပွတ် တိုက်ပေးသောအခါ အရောင်တလက်လက်ထွက်လာလျက် မျက်နှာထား ပုံမှာလည်းယခင်ကထက်အသက်ဝင်လာပါသည်။မျက်နှာကိုအသေအချာ ကြည့်သောအခါ အရေများတွန့်လိမ်နေသော မျောက်အိုကြီးတစ်ကောင် သည် သွားများကို ဖြီးကာ ကျွန်တော်၏ မျက်လုံးများကို စူးစိုက်ကြည့်နေ သကဲ့သို့ထင်မိပါသည်။သို့နှင့်အရုပ်ကြီးကိုအလင်းရောင်များစွာမရှိလှသော ထောင့်တစ်ထောင့်တွင် နေရာချထားပေးလိုက်ပါသည်။ ဝါနုမှာ ဧည့်ခန်း အတွင်း၌ အရုပ်ကြီးထားသည်ကိုပင် မကျေနပ်ဘဲ တဗျစ်တောက်တောက် ပြောနေပါသည် ။
အရုပ်ကြီး၏ မျက်နှာချင်းဆိုင်ဘက်တွင် ပေါ့ပါးသောသစ်သားဖြင့် ပြုလုပ်ပြီးသောဗျိုင်းရုပ်တစ်ခုရှိ၏။ အောက်ခံခုံမှာငွေကွပ်ထားသည့်ကြာဖူး
၄ ပွင့်သဏ္ဌာန် ရေအုန်းသားဖြင့်ပြုလုပ်ထားသော ခုံတစ်ခုဖြစ်လေသည်။ ဗျိုင်းရုပ်မှာ ကိုင်းပင်များကြားမှ ခြေတစ်ဖက်လှမ်း၍ ထွက်လာဟန်ဖြစ်ပြီး လျှင်လွန်စွာလှပစွာဆေးခြယ်ထား၏။ ပခုက္ကူမြို့ရှိမိတ်ဆွေတစ်ဦးကမဝါနု အားလက်ဆောင်ပေးသော အရုပ်ဖြစ်သဖြင့် ကျွန်တော်၏ ဇနီးကိုယ်တိုင် အရိပ်တကြည့်ကြည့်နေသော အရုပ် ဖြစ်လေသည်။ တစ်နေ့သောနံနက်ခင်း၌မဝါနုသည်ဗျိုင်းရုပ်ကိုဖုန်များသုတ်ပြီးနောက် အခြားခေါင်းရင်းဘက်ထောင့်သို့ပြောင်းရွှေ့ရန်အောက်ခြေကိုချွတ်၍”မ”ယူ လာ၏။ခေါင်းရင်းဘက်သို့လာစဉ်လမ်း၌ကုလားထိုင်တစ်ခုဆီး၍နေသဖြင့် ထရံဘက်သို့ခပ်ကပ်ကပ်လာခဲ့ရာကျွန်တော်ယူခဲ့သော ကုလားအဘိုးကြီး” ရုပ်ရှေ့သို့ရောက်သောအခါမဝါနု၏လက်ဝဲဘက်ပခုံးနောက်ခပ်မှီမှီထား၍ ယူလာသောဗျိုင်း၏လည်တံသည်အဘိုးကြီး၏လက်ဝဲဘက်လက်နှင့်ငြိပြီး
နောက်အရုပ်သည် မဝါနုလက်မှလွတ်ကျကာလည်တံရောခြေထောက်ပါ ကျိုး၍သွားလေသည်။
“ဝုန်း”ခနဲအသံကြားရသဖြင့် ကျွန်တော်သည် အလုပ်ခန်းမှ ဧည့်ခန်း ဘက်သို့ ကူးလာခဲ့ရာ မဝါနုမှာ သူအမြတ်တနိုးထားသော ဗျိုင်းရုပ်ကလေး ကျိုးသွားသည်ကိုယူကျုံးမရဖြစ်ကာ သစ်သားစများကိုကြမ်းပေါ်မှကောက် ယူလျက် ရှိသည်ကို တွေ့ရလေ၏။ သူပြောပုံမှာ ဗျိုင်းရုပ်ကို ပခုံးနှင့် မှေး၍ ယူလာစဉ်ကုလားအဘိုးကြီးလက်ကဗျိုင်းလည်ပင်းကိုလှမ်းဆွဲလိုက်သကဲ့ သို့ပင် ထင်ရကြောင်းဖြင့် ကျွန်တော့်အားပြောပြပါသည်။
ကျွန်တော်။“မဟုတ်နိုင်တာပဲနုရယ် – အရုပ်က ဘယ့်နှယ်လုပ်ပြီးလှမ်း
ဆွဲနိုင်မလဲ”
နု။“ကျွန်မယူလာတာအရုပ်နဲ့လွတ်ပါတယ်မောင်ရယ်။ ကျွန်မစိတ်ထဲ မှာ ဒီအရုပ်ကြီး မကြည့်ချင်ဘူးမောင်။ မျက်နှာကြည့်ရတာ လူကိုခြောက်ပြ သလိုပဲ။ နုတော့ ကြည့်ရင်းကြည့်ရင်း ကြောက်လာတယ်”
“နုကလည်းကွယ်-ကလေးမဟုတ် သူငယ်မဟုတ် စိတ်ထင်တာတွေ လျှောက်ပြောမနေစမ်းပါနဲ့”
“စိတ်ထင်တာမဟုတ်ပါဘူး မောင်။ ရှေ့နား နည်းနည်းလွန်မှ လှမ်းဆွဲ သလို တင်းခနဲဖြစ်သွားတယ်”
“ဒါက ဗျိုင်းလည်ပင်းနဲ့ သွားငြိလို့ဖြစ်မှာပေါ့နုရဲ့”
“ ဟင့်အင်း။ ဘာပဲဖြစ်ဖြစ် နုတော့ ဒီအရုပ်ကြီးကို အိမ်ထဲမှာတောင် မထားချင်တော့ဘူး။ ပြီးတော့ ဖုန်တွေဘာတွေ နုမသုတ်ဘူးနော်” “နု မသုတ်ချင်ရင် မိအေးအသုတ်ခိုင်းပေါ့ နုရဲ့”
“မိအေးကလည်း မသုတ်ချင်ဘူး။ သူလည်းကြောက်တယ်တဲ့” “ ဒါဖြင့် မောင့်အရုပ်ကြီးကို တစ်အိမ်လုံးကြောက်နေကြတာပေါ့”
“ဟုတ်တယ် မောင်”
အရုပ်ကြီး၏မျက်နှာကို အနီးသို့ကပ်၍ကြည့်မိသောအခါ အဘိုးကြီး သည်ကျွန်တော့်အားပြောင်ဖြီးဖြီးပြုံးစိစိကြည့်နေသကဲ့သို့ ထင်ရပါသည်။
ထို့နောက် ကျွန်တော်သည် မဝါနုအား ယခုကဲ့သို့ မပြောပလောက် သည့်မတော်တဆဖြစ်ပွားမှုကလေးကိုအယူမသည်းသင့်ကြောင်းဖြင့်ချော့ မော့ပြောဆိုကာ သုံးပိုင်းပြတ်လျက်ရှိသော ဗျိုင်းရုပ်ကလေးကို ကျွန်တော် ကိုယ်တိုင် တတ်နိုင်သမျှ နေသားတကျဖြစ်အောင် ပြန်၍ ဆက်ပေးလိုက် ပါသည်။ ကျွန်တော်၏ ကုလားအဘိုးကြီး” ရုပ်ကိုလည်း ချောင်ကျသော နေရာတစ်ခုသို့ ရွှေ့ပြောင်းထားလိုက်ပါသည်။
နံနက်လင်းလျှင်ကျွန်တော်၏ဇနီးသည်ဘုရားကျောင်းဆောင်ရှိညောင်
ရေအိုးများနှင့်တကွ အိမ်ဝရန်တာရှိ ပန်းအိုးများဧည့်ခန်းတွင် အလှထား သည့် ပစ္စည်းများကို လိုက်လံကြည့်ရှုလျက် တစ်ခါတစ်ရံ အစေခံမကလေး မိအေးကို မခိုင်းဘဲ သူကိုယ်တိုင်ဖများသုတ်လေ့ရှိပါသည်။ ကျွန်တော်၏ အရုပ်ကြီးကိုမူ မသုတ်ဘဲ ချန်ထားလေ့ရှိပါသည်။
ထမင်းချက်ရန်နှင့် အိမ်ဝေယျာဝစ္စလုပ်ရန် ငှားထားသော မိအေးက လည်းကြောက်ရွံ့သည်ဆိုကာအရုပ်ကြီးအနီးသို့ပင်မကပ်ပါ။ကျွန်တော်တစ် ယောက်တည်းသာ အားလပ်သည့်အခါများ၌ သုတ်သင်ပွတ်တိုက်ရပါ သည်။
နောက်တစ်နေ့ကျွန်တော်အလုပ်မှပြန်လာသောအခါအရုပ်ကြီးရှေ့တွင် ကုလားထိုင်တစ်လုံးရောက်နေသည်ကိုတွေ့ရသဖြင့်မဝါနုအားဤနေရာသို့ ကုလားထိုင်မည်သည့်အတွက်ရောက်နေကြောင်းမေးမြန်းရာထိုနေ့နံနက်
၁ဝ နာရီလောက်က သူရေချိုးခန်းသို့ အလာ၌ အရုပ်ကြီးရှေ့မှ ဖြတ်သွားစဉ် ပခုံးပေါ်၌တင်လာသော မျက်နှာသုတ်ပဝါသည် အရုပ်ကြီးလက်နှင့်ငြိ၍ ကျန်ရစ်ခဲ့ကြောင်း၊ နောင် ဤရှေ့မှ ဖျတ်ခနဲ ဆွဲယူလိုက်သကဲ့သို့ ထင်ရ ကြောင်းဖြင့် ပြောပါသေးသည်။ ကျွန်တော်၏ ဇနီးမှာ အလွန်အစွဲအလမ်း ကြီးနေဟန်တူပါသည်။ သို့သော် ကျွန်တော်ကမူ အနည်းငယ်မျှ မယုံကြည်
ပါ။
နောက်တစ်ပတ်ခန့်မျှကြာလတ်သောကျွန်တော်တို့၂ယောက်စလုံးပင် အရုပ်ကြီးအကြောင်းကို မေ့လျော့နေပါသည်။
ထိုနေ့မှာကျွန်တော်အလုပ်ကိစ္စမရှိသောနေ့ဖြစ်သဖြင့်နံနက်၁၁နာရီ လောက်တွင်မဝါနုနှင့်အတူထမင်းစားနေကြပါသည်။မိအေးမှာမီးဖိုချောင်
တွင် အလုပ်များလျက်ရှိနေပါသည်။ ထမင်းစား၍မပြီးမီ ဧည့်ခန်းဘက်မှ တကျိကျိမြည်နေသော အသံနှင့်အတူ ငှက်တစ်ကောင်၏ တောင်ပံရိုက် ခတ်သံကဲ့သို့ တဖျတ်ဖျတ်မြည်သောအသံများကို ကြားရပါသည်။ ဧည့်ခန်း မှာ ထမင်းစာခန်းနှင့် ကပ်လျက်ရှိသဖြင့် ကျွန်တော်တို့နှစ်ယောက်စလုံးပင် ဧည့်ခန်းဘက်သို့ အပြေးအလွှားလာခဲ့ကြရာ ပွင့်နေသော ပြတင်းပေါက် တစ်ပေါက်မှာလမ်းမှားဝင်လာဟန်တူသောစာကလေးတကောင်သည်ဧည့် ခန်းထဲတွင် တရကြမ်းပျံသန်းနေသည်ကိုတွေ့ရပါသည်။ထိုပြတင်းပေါက်မှ ပြန်ထွက်ရန်ကျွန်တော်တို့ကလည်းအခြားဘက်မှကာဆီး၍ခြောက်သော် လည်းစာကလေးသည် ပို၍ကြောက်လန့်ကာ အခန်းနံရံကိုလည်းကောင်း၊ အခန်းတွင်းရှိ အိမ်ထောင်ပရိဘောဂများကို လည်းကောင်း၊ အလှအပ ထားသောအရုပ်များနှင့်ပန်းအိုးများကိုလည်းကောင်းအတင်းဝင်၍တိုးတိုက် နေပါတော့သည်။ နောက်ဆုံး မဝါနုက လက်သုတ်ပဝါဖြင့် ပြတင်းပေါက် ဆီသို့ရောက်အောင် ခြောက်လိုက်သည်တွင် စာကလေးသည် အရုပ်ကြီး
ရှိသော အခန်းထောင့်ဆီသို့ လျင်မြန်သောအဟုန်ဖြင့် ပျံသွားပြီးနောက် အရုပ်ကြီး၏ လက်ယာဘက်လက် ချွန်ထက်သော လက်ညှိုး၌ တံစို့ထိုး သကဲ့သို့ စိုက်၍နေပါတော့သည်။ တစ်လက်မခန့်သာ အဝှမ်းရှိသော လက် ကြားထဲသို့ဤကဲ့သို့ရောက်သွားပြီးလျှင် လက်မဖြင့်ညှပ်ကာမလှုပ်မယှက် ရှိနေသည့်အဖြစ်ကို ကျွန်တော်ပင် အံ့ဩမိပါတော့သည်။ စာကလေး၏ကိုယ်နှင့်တောင်ပံများကြားမှသွေးများစီးကျလာရာကျွန်
တော်တို့မှာ အလွန်ပင် စိတ်မကောင်းဖြစ်ကြရပါသည်။
ကျွန်တော်သည် စာကလေးကို အရုပ်ကြီးလက်ထဲမှ ခဲယဉ်းစွာ ဆွဲယူ လိုက်ပါသည်။ ကျွန်တော့်လက်ထဲတွင် တဖျတ်ဖျတ်ဖြစ်ကာ ကြမ်းပေါ်သို့ ကျသွားပြီးနောက်ငြိမ်သက်သွားပါတော့သည်။လက်ချောင်းသည်ရင်ဘတ် အတွင်းသို့လက်မဝက်ခန့်စူးဝင်သွားပြီးလျှင်တောင်ပံများလည်းကျိုးသွားပါ
သည်။ ဤမျှလောက် ခဲခဲယဉ်းယဉ်းဖြစ်ရသည်ကို ကျွန်တော်ကိုယ်တိုင် အံ့သြ၍နေမိပါသည်။မဝါနုမှာမူအလွန်ကြောက်ရွံ့ကာမျက်လုံးပြူးမျက်ဆံ ပြူးဖြစ်၍ နေပါတော့သည်။ အရုပ်ကြီးသည် မင်္ဂလာရှိသော အရုပ်မဟုတ် သဖြင့် ကောင်းကျိုးချမ်းသာမပေးသည့်အပြင် ဘေးဒုက္ခအမျိုးမျိုးဖြင့် တွေ့ ကြုံရကြောင်း ပြောပါသည်။ ကျွန်တော်က မတော်တဆ ဖြစ်ပွားခြင်းမျှသာ ဖြစ်ကြောင်း ခုခံပြောဆိုရသော်လည်း ဤတစ်ကြိမ်၌ ကျွန်တော်၏ စိတ် ထဲ၌ပင်ယနမကင်းသကဲ့သို့ဖြစ်လာပါသည်။ သို့သော် သာမန်သစ်သားရုပ် တစ်ရုပ်က ဤကဲ့သို့ ပြုလုပ်နိုင်ပါမည်လောဟု စဉ်းစားမိသောအခါ ကျွန် တော်ကိုယ်တိုင်ပင် ပြန်၍ရှက်မိသကဲ့သို့ ဖြစ်ပါတော့သည်။ အဘိုးကြီး၏လက်ယာဘက်လက်မှလက်ညှိုးမှာလက်ဝဲဘက်သို့ ငေါ
ထွက်ကာချွန်ထွက်လျက်ရှိသဖြင့် အနည်းဆုံးဤချွန်ထက်သောနေရာကို ဖြတ်ပစ်ရန် အကြံပေးပါသည်။
ဤသို့ဖြတ်ပစ်လိုက်လျှင် အစွန်းထွက်ခြင်းရှိတော့မည်မဟုတ်သဖြင့် တစ်စုံတစ်ရာနှင့် ငြိတွယ်ရန် အကြောင်းမရှိတော့ပါ။ သို့ဖြစ်၍ ကျွန်တော်၏ ဇနီးသည် အကြံပေးချက်မှာ အလွန်သင့်မြတ်လှပါသည်။ သို့သော် ဤမျှ
လောက် ရှားပါးစွာ ကောက်ယူရရှိခဲ့သော ပစ္စည်းဖြစ်သဖြင့် ကျွန်တော်မပြု လုပ်လိုပါ။ မဝါနုကမူ ယခုအချက်ချင်းပင် ဖြတ်ပစ်ရန် တိုက်တွန်းလျက် ရှိပါ တော့သည်။
နောက်ဆုံးတွင်နားပူလှသဖြင့်ချွန်ထွက်နေသောလက်ညှိုးကိုဖြတ်ပစ် တော့မည်…ဟုနောက်ဖေးဂိုဒေါင်သို့သွား၍လွှတစ်စင်းကိုယူလာခဲ့ပါသည်။
ကျွန်တော်သည်လွှကိုကိုင်၍အရုပ်ကြီးအနီးသို့ချဉ်းကပ်သွားပါသည်။အရုပ်
ကြီး၏မျက်နှာကိုကြည့်မိသောအခါကျွန်တော်သည်ဖျတ်ခနဲလန့်၍သွားမိ
ပါသည်။
မျက်နှာမှာ ယခင်က လူကိုစိုက်ကြည့်နေသကဲ့သို့ ပြောင်ဖြီးဖြီး ပြုံးစိစိ မျက်နှာမဟုတ်တော့ဘဲ မဲ့ရွဲ့ညှိုးငယ်စွာရှိနေသည်…ဟု ကျွန်တော်ထင်မိ ပါသည်။ အနီးသို့ကပ်၍ကြည့်လေလေ၊ဝမ်းနည်းကြေကွဲသည့်အမူအရာမျိုး
မျက်နှာပေါ်တွင်ပေါ်လာလေလေထင်ရပါသည်။
သို့နှင့်ကျွန်တော်လည်းမဝါနုအားဖျောင်းဖျကာအကယ်၍ဖြတ်ပစ်လိုက် ကအရုပ်မှာရုပ်ပျက်ဆင်းပျက်ဖြစ်ကာအချိုးအချိတ်တည့်တော့မည်မဟုတ် ကြောင်း၊ရှားပါးသောအနုပညာရှေးလက်ရာဟောင်းတစ်ခုကိုဖျက်ဆီးပစ်ရန်
မသင့်ကြောင်း၊ သူအမြတ်တနိုးထားသော အရုပ်များနှင့် နှိုင်းစာကြည့်သင့် ကြောင်းစသည်ဖြင့် ပြောရတော့၏။
ကျွန်တော်၏ဇနီးသည်မှာမူ စိတ်မကျေမချမ်းပင် ရှိနေသေး၏။ မဝါနုသည်အခန်းထဲမှထွက်သွား၍ကျွန်တော်လည်းမရှေးမနှောင်ပင် သူ့နောက်က လိုက်သွား၏။ သို့သော် တံခါးဆီသို့ရောက်၍ နောက်သို့ ပြန် လှည့်ကြည့်လိုက်သည်တွင်အရုပ်ကြီးသည်ကျွန်တော့်အားမျက်စိတစ်ဖက်
မှိတ်ကာပြုံး၍ပြလိုက်သကဲ့သို့ထင်လိုက်ရ၏။ ဤသည်တို့မှာ မဝါနု၏အယူ သည်းမှု၊ ကြောက်ရွံ့မှုတို့သည် ကျွန်တော့်အား ကူးစက်လျက်ကျွန်တော်၏ စိတ်များ ချောက်ချားလာသဖြင့် ဖြစ်ရခြင်းပေလော…မပြောတတ်ပေ။
ကျွန်တော်တို့၏ အိမ်ထောင်ရေးသည် ထိုအချိန်အထိ အဆင်ပြေ၍ လာခဲ့ပါသည်။
ဤသို့ရှိနေရာမှမောင်ဘမြိုင်ဆိုသောသူငယ်တစ်ယောက်ရောက်လာ
ပါသည်။ မောင်ဘမြိုင်မှာ မဝါနုဘက်မှ မောင်တစ်ဝမ်းကွဲ တော်စပ်သူဖြစ်၍ မကြာမီကမှ ကျောက်ဖြူမြို့ ကြေးတိုင်ရုံးသို့ စာရေးကြီးဘဝဖြင့် ပြောင်းရွှေ့ လာပါသည်။
ကျွန်တော်တို့ထံသို့ လာရောက်နှုတ်ဆက်ရာ မဝါနုကပင် အိမ်တွင် လူနည်းသဖြင့်တစ်ကြောင်း၊ ကျွန်တော့်မှာလည်းတောသို့မကြာခဏတက်၍
စပါးဝယ်ရသဖြင့်တစ်ကြောင်း၊မောင်ဘမြိုင်မှာလည်းအိုးအိမ်မရှိသေးသဖြင့် တစ်ကြောင်းမိမိတို့အိမ်သို့လာရောက်နေထိုင်ကနှစ်ဦးနှစ်ဖက်အဆင်ပြေ ရန် ရှိကြောင်းဖြင့် အကြံပေးရာကျွန်တော်ကပါ သဘောတူလိုက်ပါသည်။
သို့နှင့် မောင်ဘမြိုင်သည် ၄ – ၅ ရက်အတွင်း၌ သူ၏ပစ္စည်းကလေး များကို ယူ၍ ကျွန်တော်တို့အိမ်သို့ ပြောင်းရွေ့လာပါသည်။ လျင်မြန်ဖျတ် လတ်၍ ပေါ့ပါးသော လူငယ်တစ်ယောက်ဖြစ်ပြီးလျှင် ရုပ်ရည်လည်း သင့် တင့်သူတစ်ယောက် ဖြစ်ပါသည်။
ယခင်အခါများက ကျွန်တော်သည် တောသို့ နှစ်ညအိပ်၊ သုံးညအိပ်မျှ တက်သွားသောအခါ မဝါနုအား အိမ်တွင် စိတ်မချသဖြင့်တစ်ကြောင်း၊ သူ ကိုယ်တိုင်ကလည်း မနေရဲသဖြင့်တစ်ကြောင်း သူ၏ အရီးအိမ်သို့ ပို့၍ထား ခဲ့ရပြီးလျှင် ကျွန်တော်က ပြန်လာသောအခါမှ ဝင်၍ခေါ်ခဲ့ရပါသည်။ ထမင်း ချက် မိအေးမှာလည်း မျက်မမြင် အမေအိုကြီးတစ်ယောက်သာရှိ၍ အိမ်သို့ လာ၍မအိပ်နိုင်ပါ။ နံနက်ဝေလီဝေလင်းတွင်ရောက်လာတတ်၍ညဉ့်မှောင် လျှင် သူ့အိမ်သို့ ပြန်သွားပါသည်။
ယခုမူ အိမ်သို့ မောင်ဘမြိုင်ရောက်လာသဖြင့် အတော်ပင် အဆင် ပြေ၍ သွားပါတော့သည်။ တောသို့ ကုန်ဝယ်ရန် တစ်ရက်၊ နှစ်ရက်မျှ တက် သွားသောအခါ၌သော်လည်းကောင်း၊ ရပ်ဝေးသို့ ၃ – ၄ ညအိပ် ခရီးသွား သောအခါများ၌လည်းကောင်း အိမ်အတွက်ပူပန်စရာမရှိတော့ပါ။
မောင်ဘမြိုင်မှာ နံနက် ၉ နာရီအချိန်တွင် ရုံးသွား၍ ညနေ ၅ နာရီတွင်
အချိန်မှန် ပြန်လေ့ရှိပါသည်။ အလည်အပတ် အလွန်နည်း၍ အိမ်မှာသာ စာဖတ်နေလေ့ရှိပါသည်။ သူ့အစ်မကို အလွန်ခင်မင်ပြီးလျှင် သူ့အစ်မက လည်း အိမ်၌ အားကိုးအားထားရသူတစ်ယောက် တိုးလာသည့်အနေဖြင့် အလွန်ဂရုစိုက်ပါသည်။ မဝါနုအား“မမ” ဟုခေါ်၍ ကျွန်တော်အား“အစ်ကို ကြီး”ဟုခေါ်ပါသည်။စိတ်သဘောထားရိုးဖြောင့်သူတစ်ယောက်ဖြစ်ကြောင်း ကိုလည်း တွေ့ရပါသည်။ သို့ဖြစ်၍ ကျွန်တော့်မှာ အလုပ်ကို ယခင်ကထက် ကျယ်ပြန့်စွာလုပ်နိုင်ပြီးလျှင် ခရီးသွားရာ၌လည်းစိတ်အေးလက်အေးသွား နိုင်ပါတော့သည်။ အလုံးစုံခြုံ၍ပြောရမည်ဆိုသော်မောင်ဘမြိုင်ရောက်လာ သည့်အတွက်ကျွန်တော်တို့အိမ်ထောင်မှာယခင်ကထက်သာယာစိုပြည်၍ လာပါတော့သည်။ သို့သော် ကျွန်တော်၏ စိတ်အနှောင့်အယှက်တစ်ခုမှာ မောင်ဘမြိုင်ကအရုပ်ကြီး”ကိုမလိုမုန်းတီးကာမျက်စောင်းတခဲခဲနှင့်ရှိနေ ခြင်း ဖြစ်၏။ သူ့အစ်မ ခြေရာကိုနင်းကာ အရုပ်ကြီးကို မြင်သည့်အခါတိုင်း “ဖွ ဖွယ် ” ပင်လုပ်၍ သွားတတ်၏။ တစ်ခါတွင် မောင်ဘမြိုင်က ကျွန်တော်
အား .
“ဒီကုလားအဘိုးကြီးရုပ်ကိုဘာဖြစ်လို့ဧည့်ခန်းမှာလာထားသလဲအစ်ကို ကြီးရဲ့။ အကျည်းတန်က တန်ပါဘိနဲ့။ မြင်လိုက်တိုင်း အော့နှလုံးနာစရာ ကောင်းတာပဲ”
“အကျည်းတန်တာသာမောင်ဘမြိုင်ကမြင်တာကိုး။ရှေးကယဉ်ကျေးမှ လက်ရာတစ်ခုဆိုတာလည်း သတိရဦးမှပေါ့” “ဘယ်လို ရှေးဟောင်းလက်ရာလဲ”
“ပင်လယ်ကမ်းခြေကအစ်ကိုကြီးတို့ကောက်ယူခဲ့တယ်လေ။ပင်လယ်
လှိုင်းပုတ်ပြီးလာတင်နေတာမဟုတ်လား။ တို့ဗမာနိုင်ငံကပစ္စည်းမဟုတ်ဘူး မောင်ဘမြိုင်။ အစ်ကိုကြီးစိတ်ထင်တော့ အိန္ဒိယပြည်ဘက်ကလား၊ ဒါမှ မဟုတ်လည်းသင်္ဘောဖြစ်စေ၊လှေကြီးဖြစ်စေပျက်လို့အဲဒီကမျောပါလာတဲ့
အရုပ်လား မသိရဘူး”
“ ဘာပဲဖြစ်ဖြစ် ကြည့်ရတာ ကျက်သရေမရှိပါဘူး၊ အစ်ကိုကြီးရယ်”
“အနုပညာဆိုတာလှတာချောတာကိုမှအနုပညာရယ်လို့ ဘယ်ဟုတ် မလဲ မောင်ဘမြိုင်။ ထူးဆန်းတာ၊ ရှေးဆန်တာ၊ သဘာဝကျတာတွေဟာ လည်း အနုပညာတွေပဲ မဟုတ်လား”
“ဟုတ်တော့ဟုတ်ပါတယ်။ နို့ပေမဲ့- အစ်ကိုကြီးတို့အိပ်တဲ့အခန်းထဲက မမသဘောကျတဲ့ငွေဗျိုင်းဖြူရုပ်ကလေးလိုမှကျွန်
ကိန္နရာရုပ်ကလေးလိုမှ၊
တော်ကြည့်ချင်တယ်”
“ပြီးတော့ ဒီအရုပ်ဟာ လူရိုင်းကျွန်းတစ်ကျွန်းကျွန်းက ကိုးကွယ်တဲ့ နတ်၊ သို့မဟုတ် ဘုရားရုပ်တုမျိုးလည်း ဖြစ်နိုင်တယ်” “အိန္ဒိယသမုဒ္ဒရာထဲမှာတော့ ရှိနိုင်မယ်မထင်ပါဘူး အစ်ကိုကြီးရယ်” “ပစိဖိတ်သမုဒ္ဒရာတို့၊ တောင်သမုဒ္ဒရာတို့ကလည်းမျောလာနိုင်တယ်။ မြိတ်နဲ့ ထားဝယ်ဘက်ကမ်းခြေမှာ ပေါက်တဲ့ သစ်ပင်ကြီးတွေတောင် ရေစီး ကြောင်းနဲ့တစ်ခါတလေမျောပါပြီးရောက်လာတယ်။လွန်ခဲ့တဲ့၅နှစ်လောက်
ကလည်း ပစိဖိတ်သမုဒ္ဒရာမှာနေတယ်တဲ့ ဝေလငါးကြီးမျိုးတစ်ကောင်ရဲ့ ခေါင်းပိုင်းကြီးဟာ ဝံလက်မော်ရွာ တောဘက်နားမှာ လှိုင်းပုတ်ပြီး ကမ်းမှာ တင်နေတာ တွေ့ဖူးတယ်”
“အဲဒီလိုလူရိုင်းတွေကိုးကွယ်တဲ့နတ်ရုပ်များဖြစ်လေရော့သလားအစ်
ကိုကြီးရယ်”
“ဖြစ်ချင်လည်း ဖြစ်နိုင်တာပေါ့ကွယ်။ အင်မတန် အချိုးအစားကျပြီး လက်ရာကလည်း တို့ဗမာလက်ရာနဲ့ မတူဘူး”
ဘူး”
“ပြီးတော့ ဒီဟာကြီးဟာ ခြောက်များခြောက်သလား … မပြောတတ်
“မဟုတ်တာကွယ်၊ ဘာဖြစ်လို့လဲ”
“မနေ့မနက်က ခေါင်းရင်ဘက်မှာထားတဲ့ပန်းအိုးကလေးကို အောက် ချပေးဖို့ မမခိုင်းလို့ကျွန်တော်သွားတဲ့အခါသူ့ရှေ့ကဖြတ်သွားရတယ်။ ကျွန် တော်လည်း သူ့မျက်နှာကြီး ကြည့်ရမှာ ကြောက်တာနဲ့ မျက်နှာကို ခပ်လွှဲလွှဲ
ထားသွားပါတယ်။ ရှေ့နားလည်းလွန်မိရော ကျွန်တော့ပခုံးကို နောက်က တို့လိုက်သလိုပဲ ထင်ရတယ်။ ဖျတ်ခနဲ ကျွန်တော် လှည့်ကြည့်တော့ သူ့ လက်တစ်ဖက်ကနောက်ကိုရုပ်လိုက်သလိုလှုပ်သွားတာမြင်လိုက်ရတယ်
အစ်ကိုကြီးရဲ့”
“ ဟုတ်မယ် မထင်ပါဘူးကွယ်၊ မင်း စိတ်ထင်လို့များလား” “ဒီဟာထားပါဦး။ ကျွန်တော်လည်းစိတ်ဆိုးပြီး-တယ်ဒီအကောင်ကြီး ငါကန်လိုက်ရဆိုပြီး ပါးစပ်က ရွတ်ရင်း ကစားရင်း ခြေထောက်နဲ့ကန်သလို လုပ်လိုက်မိတယ်။ အဲဒီလိုလည်းလုပ်လိုက်ရောကျွန်တော့်ညို့သကျည်းကို လူတစ်ယောက်ကတကယ်ကန်လိုက်သလိုဖျတ်ခနဲဖြစ်သွားတယ်။တကယ် နာသွားပြီး လုံချည်လှန်ကြည့်တဲ့အခါ အဲဒီနေရာမှာ အညိုမည်းစွဲနေပါလေ ရော့လား အစ်ကိုကြီးရဲ့။ မယုံရင် ဒီမှာကြည့်လေ”
သည်။
မောင်ဘမြိုင်သည် သူ၏ခြေသလုံးကိုလှန်၍ ကျွန်တော်အား ပြပါ
“အရာထင်နေတာတော့ ဟုတ်ပါရဲ့။ နို့ပေမဲ့- အောက်ကခုံစွန်းကိုများ မင်း သွားပြီး ကန်မိသလားမှ မပြောတတ်ဘဲ”
“မကန်မိပါဘူးအစ်ကိုကြီးရယ်။အောက်ခုံမှာရှေ့ကအစွန်းထွက်နေတာ လည်း မရှိပါဘူး။ အဲဒီအထဲက ကျွန်တော်တော့ အရင်ကထက် ကြောက် လာတယ်။ တခြားတစ်နေရာမှာ ထားလိုက်ပါ အစ်ကိုကြီးရယ်”
“အေးကွယ် – ငါလည်းစဉ်းစားပါဦးမယ်။မင်းတို့မောင်နှမနှစ်ယောက်က
ဒီလောက်ကြောက်နေရင်ငါတော့ရန်ကုန်ပြတိုက်လှူလိုက်ရင် အကောင်း
ဆုံးထင်တာပဲ”
“ကောင်းတာပေါ့ အစ်ကိုကြီးရဲ့- မြန်မြန်သာလှူလိုက်ပါ အစ်ကိုကြီး
ရက်သတ္တပတ်များသည်တဖြည်းဖြည်းကုန်လွန်လာခဲ့၏။ နေ့ရက်များ ကုန်လွန်သည်နှင့်အမျှ မဝါနုနှင့် မောင်ဘမြိုင်တို့၏ ရင်းနှီးမှုသည်လည်း တိုး၍လာခဲ့၏။မောင်ဘမြိုင်ကကျွန်တော်၏ဇနီးသည်အတွက်ပန်းများခူးပေး
ခြင်း၊ ကျွန်တော်၏ ဇနီးသည်ကလည်း မောင်ဘမြိုင်အတွက် အဝတ်အစား များ မီးပူတိုက်ပေးခြင်း၊ ခေါက်ပေးခြင်းများကို ပြုလုပ်၏။ လခထုတ်သည် နေ့များ၌ မောင်ဘမြိုင်သည် မဝါနုအတွက် အဝတ်အစား အသစ်အဆန်း ကလေးများကိုဝယ်၍လာတတ်၏။အချိန်ကြာမြင့်လေလေ၊ သူတို့၏ရင်းနှီးမှု
တိုးတက်လာလေလေဖြစ်တော့၏။
တစ်နေ့သောညနေ၌ကျွန်တော်သည်အလုပ်မှခပ်စောစောပြန်လာရာ
အိမ်ပေါ်တွင် မည်သူ့အသံမျှ မကြားရသည်နှင့် အောက်ထပ်သို့ ဆင်းလာ ခဲ့၏။ နောက်ဖေးစားဖိုဆောင်၌ရေနွေးအိုးတစ်လုံးသည်မီးဖိုပေါ်တွင်ဆူဝေ လျက်ရှိ၏။ ထိုအခါမှ ထမင်းချက် မိအေးသည် ဖျားနေသဖြင့် ထိုနေ့မလာ နိုင်ကြောင်းနံနက်ခင်းကသူ့မိခင်ကြီးလာပြောသည်ကိုကျွန်တော်သတိရ၏။ သို့ဖြစ်၍ အိမ်၌ မဝါနုတစ်ယောက်တည်းသာ ရှိပေမည်။ မဝါနုသည် အိမ် တွင် တစ်ယောက်တည်း ပျင်း၍သော်လည်းကောင်း၊ အခြား အသေးအဖွဲ ကိစ္စတစ်ခုခုရှိ၍သော်လည်းကောင်း၊ အိမ်နီးနားချင်းများထံအလည်အပတ် သွား၍နေလေသလော့ဟုအောက်မေ့မိ၏။
သို့နှင့် ရေနွေးအိုးကို မီးလျှော့ကာ အိမ်ပေါ်ထပ်သို့ တက်ခဲ့၏။ အဝတ် အစားများလဲ၍ ဧည့်ခန်းသို့ထွက်ခဲ့သောအခါ စားပွဲကုလားထိုင်နှင့် အခြား အလှအပ ပစ္စည်းအားလုံးပင် ပြောင်စင်စွာရှိနေလျက် ကျွန်တော်၏“အဘိုး ကြီးရုပ်” တစ်ခုသာဖုန်တသောသောရှိနေသည်ကိုတွေ့ရသဖြင့်ကျွန်တော်
လည်းအဝတ်စုတ်တစ်ခုကိုယူပြီးလျှင် အောက်ပိုင်းကိုအဝတ်ဖြင့်ပွတ်သပ် လျက်ရှိစဉ်တစ်စုံတစ်ခုကကျွန်တော်၏ပခုံးကိုလက်ဖြင့် တို့လိုက်သကဲ့သို့ ထင်ရ၏။ နောက်သို့ပြန်၍လှည့်ကြည့်ရာမည်သူမျှရှိချေ။ သို့နှင့် ဆက်လက် ပွတ်တိုက်လျက်ရှိရာ ဒုတိယအကြိမ် လူတစ်ယောက်က လက်နှင့်တို့လိုက် သကဲ့သို့ ရှိသည်ကို ခံစားရပြန်၏။ အတို့ခံရသောနေရာနှင့် အနီးဆုံးမှာ အရုပ်၏လက်ယာဘက်လက်သာဖြစ်၏။
ထိုအခါ ကျွန်တော်လည်း မိမိ၏မျက်လုံးကို ပွတ်၍ကြည့်ရာ အရုပ်၏ လက်ယာဘက်လက်မှာ ယခင်ကကဲ့သို့ ခပ်ကွေးကွေးမဟုတ်တော့ဘဲ ခပ် ဖြောင့်ဖြောင့်ရှိနေပြီးလျှင်ဟိုတစ်ကြိမ်ကကျွန်တော်တို့ဖြတ်ပစ်မည်ကြံစည်
ခဲ့သောလက်ညှိုးသည်လည်း ခပ်တန်းတန်းဖြစ်ကာတစ်စုံတစ်ရာလက်ညှိုး ထိုး၍ ညွှန်ပြနေသကဲ့သို့ ရှိတော့၏ ။ သူ လက်ညှိုးညွှန်ပြလျက်ရှိသော နေရာ၌ကား နောက်ဖေးဘက်သို့ ဖွင့်ထားသည့် မှန်ပြတင်းပေါက်တစ်ခု ရှိလေသည်။
သို့နှင့်ကျွန်တော်လည်းပြတင်းပေါက်ဆီသို့လာခဲ့ပြီးလျှင် နောက်ဖေး ခြံထဲသို့လှမ်း၍ ကြည့်လိုက်ရာ မောင်ဘမြိုင်နှင့် မဝါနုတို့ကို မမျှော်လင့်ဘဲ မြင်လိုက်ရ၏။ မဝါနုက ခုံကလေးတစ်ခုအစွန်းတွင် ကျွန်တော့်ဘက်ကို ကျောခိုင်းထိုင်နေ၍ မောင်ဘမြိုင်က အနီးတွင် မတ်တတ်ရပ်လျက် ရှိ၏။ ကျွန်တော်တွေ့မြင်သောခဏ၌မောင်ဘမြိုင်ကဆံထုံးတွင်ပန်းပွင့်ကလေး တစ်ပွင့် ထိုးစိုက်ပေးလိုက်ရာ မဝါနုက ထိုလက်ကို ပုတ်ချလိုက်ဟန်တူလေ သည်။ အဘယ်ကြောင့်ဆိုသော် မဝါနု၏ ကိုယ်အထက်ပိုင်းမှာ ချုံတစ်ချုံ ကွယ်နေ၍ပန်းပွင့်ကလေးကိုကိုင်၍လှမ်းလိုက်သောမောင်ဘမြိုင်၏လက် နှင့်ပုတ်ချလိုက်သောမဝါနု၏ဖြူဖွေးသောလက်ကလေးများကိုသာရိပ်ခနဲမြင်လိုက်ရခြင်းဖြစ်လေသည်။
ကျွန်တော်သည် ပြတင်းတံခါးတစ်ဖက်ကို “ဂျိုင်း”ခနဲ မြည်အောင် ဖွင့် လိုက်ပြီးလျှင် ဧည့်ခန်းထဲသို့ ပြန်၍ဝင်ခဲ့၏ ။ ထူးဆန်းသည်မှာ “ကုလား အဘိုးကြီး”သည်ကျွန်တော်ပြတင်းပေါက်ဆီသို့သွားစဉ်က၎င်း၏လက်မှာ ခပ်တန်းတန်း ရှိနေ၍ တစ်စုံတစ်ရာကို ညွှန်ပြနေသကဲ့သို့ရှိသော်လည်း ယခု အခန်းတွင်းသို့ ပြန်ဝင်လာသောအခါ၌မူ အိမ်သို့မူလယူလာခဲ့စဉ်က အနေအထားအတိုင်းပင် ရှိနေလေသည်။
မကြာမီ မဝါနုနှင့် မောင်ဘမြိုင်ပါ အခန်းတွင်းသို့ ဝင်လာကြရာ မောင်
ဘမြိုင်က …
“အစ်ကိုကြီးဒီနေ့ စောစောပြန်လာသကိုး”
ဟုရယ်မောပြောဆိုလျက်မဝါနုကမူအနည်းငယ်မျက်နှာပျက်သွားပြီး
နောက် ချက်ချင်းပင် ဣန္ဒြေပြန်၍ဆည်လိုက်ကာ ကျွန်တော့်မျက်နှာကိုရဲရဲ
မကြည့်ဘဲ…
“မောင်ဘယ်ကိုသွားစရာရှိသေးလဲ၊ ထမင်းစောစောစားကြရအောင်၊ မောင်ကြိုက်တတ်တဲ့ ဆိတ်ကလီစာဟင်း ချက်ထားတယ်” ဟုပြောလေသည်။
ကျွန်တော်သည် အနည်းငယ် သံသယဖြစ်မိ၏။ သို့သော် ထိုသံသယ မျိုးမှာ မယားကို အချစ်လွန်သောသူများ ဖြစ်မြဲဓမ္မတာအတိုင်း ဖြစ်ရခြင်း ဖြစ်သည်ဟု စိတ်ကိုဖြေဖျောက်လိုက်၏။
ညစာစားသောက်ပြီးနောက် မောင်ဘမြိုင်သည် ရုပ်ရှင်ကြည့်ရန်ဆို၍ အိမ်မှထွက်သွားလေရာ ကျွန်တော်နှင့် မဝါနုသာ အိမ်တွင် ကျန်ရစ်ခဲ့၏ ။ ရေမိုးချိုး၍ သနပ်ခါးလိမ်းပြီးနောက်မဝါနုသည် ကျွန်တော်စာဖတ်နေသော အခန်းတွင်းသို့ဝင်လာ၏။ သူသည်ကျွန်တော်စာဖတ်နေသောကုလားထိုင်
နောက်မှမတ်တတ်ရပ်ကာလက်နှစ်ဖက်ကိုကျွန်တော့်ပခုံးပေါ်မှနေ၍ကျွန် တော့် ရင်ဘတ်ပေါ်သို့ အလိုက်သင့်ချထားလိုက်၏။ သူ၏ကိုယ်၌ သနပ်ခါး၊ ပေါင်ဒါနံ့များ၊ ဆံပင်မှ ဆီမွှေးနံ့များသည် တစ်ခန်းလုံးကြိုင်လှိုင်လျက်ရှိ၏။ သန့်ရှင်းဖြူစင်သော အဝတ်အစားများကို ဝတ်လျက် အပြာနုရောင် တစ်ပတ်ရစ်ပိုးလုံချည်ကလေးကိုဝတ်ထားရာကျစ်လျစ်ပြည့်ဖြိုးသောသူ၏ကိုယ်လုံးကိုယ်ပေါက်ကလေးမှာ တင်းတင်းရင်းရင်းရှိလှပေ၏။ “ မောင် – ဒီအရုပ်ကြီးကို ရန်ကုန်ပို့မလို့ဆို” “ဘယ်သူပြောလဲ”
“မောင်ဘမြိုင်ပြောတယ်။နုလည်းညနေကဟင်းအိုးတွေကျတော့ခြံထဲ
သွားပြီး နှင်းဆီပင်ကလေးတွေ မြေတောင်မြှောက်ပေးနေတယ်။ အဲဒီတုန်း ကပြောတယ်”
“ဒါက ရန်ကုန်ပြတိုက်ကို စာရေးပေးပြီး သူတို့က လက်ခံမှ ပို့ဖြစ်မှာပါ
နုရယ်”
“ မြန်မြန်ပို့ဖြစ်ရင် သိပ်ကောင်းမှာပဲ”
“ဘာဖြစ်လို့လဲ”
“ဒီအရုပ်ကြီးက နည်းနည်းလေးမှ ကောင်းကျိုးမပေးဘူး။ တစ်နေ့က မောင်ဘမြိုင်ကပြက်ချည်းပြက်ချော်နဲ့ “တယ်ဒီအကောင်ကြီးငါခြေထောက်
နဲ့ကန်လိုက်ရ”ဆိုပြီးရွယ်လိုက်တာသူကမကန်ရသေးဘူး၊
သူ့ခြေထောက်
မှာ ဒေါက်ခနဲမြည်သွားပြီး သွေးချည်ဥသွားသတဲ့။ ဒီအရုပ်ကြီး အသက်များ ရှိလေရော့သလားမောင်ရယ်”
“အို… ကလည်းမဖြစ်နိုင်တာပြောနေပြန်ပြီကွယ်။ အရုပ်မှာအသက် ရှိတယ်လို့ န ကြားဖူးသလား”
“ကြားတော့ မကြားဖူးပါဘူး။ ဪ…ဒါထက် မောင် မအိပ်သေးဘူး
“အစောကြီးရှိသေးတာပဲ” “နုတော့ အိပ်ချင်လှပြီ”
“အိပ်ချင် သွားအိပ်ပေါ့”
“ဟင့်အင်း…နုတစ်ယောက်တည်းကြောက်တယ်၊လာပါမောင်ရယ်…
နုတစ်ယောက်တည်းကြောက်လို့ပါ”
ထိုနောက်ဇနီးသည်သည် သူ၏ဖြူဖွေးမွှေးကြိုင်သော
ပါးကလေးဖြင့်
ကျွန်တော်၏ပါးတစ်ဖက်ကို ပွတ်သပ်လျက် လက်နှစ်ဖက်ကလည်း ကျွန် တော်၏လက်မောင်းများကို လျှောသပ်ပွတ်တိုက်လျက်ရှိရာ ကျွန်တော့် မှာ သူ၏လည်ပင်းကိုဖက်ကာ အားပါးတရနမ်းရှုပ်မိလေ၏။ ထို့နောက် သူ ဆွဲခေါ်ရာ အိပ်ခန်းဆီသို့ လိုက်ပါသွားရလေသတည်း။
၁၅ ရက်ခန့်ကြာလတ်သော်… ကျွန်တော်သည်တောသို့စပါးဝယ်ရန် တက်သွားရ၏။ ကျွန်တော်သွားမည့် ရွာ မှာ မိုင် ၃ဝ ခန့်ဝေးသည့်အပြင် စပါးကလည်းများသဖြင့် ၂ ရက်မျှ စုဆောင်းဝယ်ယူရမည်ဖြစ်သောကြောင့် ၂ညအိပ်နေမည့် အကြောင်းကို အိမ်သားများအား ပြောခဲ့၏။ သို့သော်စပါးများမှာဈေးတက်နေသဖြင့်ကျွန်တော်ထင်သည့်အတိုင်း ဝယ်မရဘဲရှိခဲ့ရာ တစ်ညအိပ်ပြီးသည့်နောက် နောက်တစ်နေ့ နံနက်စော စောပင် ဟင်းသီးဟင်းရွက်များတင်သော ကားကြုံဖြင့်ပြန်ခဲ့၏။ ကျွန်တော် မှာ နဂိုဝါသနာကပင် အိမ်ကိုခင်မင်၍ အိမ်ထောင်အတွက် သံယောဇဉ်ကြီး သူတစ်ယောက် ဖြစ်၏။
နံနက် ၅ နာရီသာသာတွင် မြို့သို့ ရောက်လာခဲ့ရာ အိမ်သို့ရောက်သော အခါ ၆ နာရီမျှ ရှိပြီးဖြစ်သော်လည်း တပို့တွဲလ ဆောင်းရာသီဖြစ်သဖြင့် အလင်းရောင်လာသည်ဆိုရုံမျှသာရှိသေး၏။ ခြံတွင်းသို့ဝင်၍တံခါးကိုခေါက်
ပြီးလျှင် ဇနီးသည်၏ အမည်ကိုလည်းကောင်း၊ မောင်ဘမြိုင်၏အမည်ကို
လည်းကောင်းခေါ်၍မရသဖြင့်ကျွန်တော်လည်းနောက်ဖေးမီးဖိုဘက်လှည့် ခဲ့၏။မီးဖိုဘေးရှိပြတင်းပေါက်တံခါးရွက်တွင်ပျဉ်ချပ်မရှိဘဲဟင်းလင်းဖြစ်နေ သဖြင့်၎င်းမှလက်နှိုက်၍အတွင်းမျောက်လက်ကိုဆွဲဖွင့်လျှင်ရနိုင်ကြောင်း ဉာဏ်ရသည့်အတိုင်း ထိုပြတင်းပေါက်ကိုဖွင့်၍ အိမ်တွင်းသို့ ဝင်ခဲ့လေ သည်။
ဆောင်းတွင်းဖြစ်သဖြင့် ကျွန်တော်၏ဇနီးသည်မှာ နှစ်ယောက်အိပ် ခုတင်ပေါ်တွင် ချမ်းချမ်းနှင့် ကွေးနေပေလိမ့်မည်။ သို့သော် … မည်သို့ပင် ဖြစ်စေ၊ မောင်ဘမြိုင်သည် အိပ်ရာမှ စောစောထသော အလေ့အကျင့်ရှိသူ တစ်ယောက်ဖြစ်၍ အိပ်ရာမှ မုချနိုးနေရပေမည်။ မောင်ဘမြိုင် အိပ်ရာသို့ သွားရောက်ကြည့်ရှုသောအခါခြင်ထောင်မှာအပေါ်သို့ပင့်တင်ထားသည်ကို တွေ့ရ၏။ နောက်ဖေးတံခါးကိုဖွင့်ကာနောက်ဖေးဘက်သို့လှည့်ပတ်ကြည့်ရှု စစ်ဆေးသေး၏။ သို့သော်….မည်သူ့ကိုမျှ မတွေ့ရှိချေ။
“ဒီအကောင် အိမ်ပေါ်များ တက်အိပ်နေသလား မပြောတတ်ဘူး” ဟု စိတ်ထဲမှရေရွတ်ကာအိပ်ပေါ်သို့အပြေးအလွှားတက်သွားမိ၏။ထိုအချိန်မှပင် ဇနီးသည်အပေါ်သံသယများ ဝင်လာ၏။ မောင်တစ်ဝမ်းကွဲဖြစ်သူ မောင် ဘမြိုင်နှင့် တစ်နေ့ထက်တစ်နေ့ ရင်းနှီးလာကြပုံများ၊ ယခင်က သတိမထား ခဲ့မိသောအပြုအမူများသည်ရုပ်ရှင်ပြသကဲ့သို့ကျွန်တော်၏စိတ်တွင်တစ်ခု
ပြီးတစ်ခုပေါ်၍လာတော့၏။ ထိုအခါတောတက်ရာတွင်ဆောင်လေ့ရှိသော ခါးထဲမှဓားမြှောင်ကိုဆွဲထုတ်မိ၏။
“ခုတင်ပေါ်နှစ်ယောက်သားဖက်အိပ်နေတာများတွေ့ရင်လားကွယ်” သို့စိတ်ကူးပြီးနောက်တိတ်ဆိတ်လျက်ရှိသောကျွန်တော်တို့အိပ်ခန်း အနီးသို့ ချဉ်းကပ်သွားမိပါသည်။ တံခါးမှာ စေ့ရုံသာစေ့ထားသဖြင့် အတွင်း သို့တွန်းလိုက်ရာ….တံခါးပွင့်သွားပါတော့သည်။ဓားမြှောင်ဦးကိုလက်ဖြင့်
စမ်းလိုက်မိပါသေးသည်။ ထိုအချိန်၌အလင်းရောင်များသည်နံဘေးပြတင်း ပေါက်တရုတ်ကပ်များကြားမှ ဝင်လာကြပြီးဖြစ်ရာ နှစ်ယောက်အိပ်ခုတင်
ပေါ်တွင် ကျွန်တော်ထင်သည့်အတိုင်း မည်သူ့ကိုမျှ မတွေ့ရဘဲ စောင်နှင့် ခေါင်းအုံးများသာဖရိုဖရဲဖြစ်နေသည်ကို တွေ့ရပါသည်။ မည်သည့်နေရာသို့ သွားနေကြလေသနည်း။
သို့နှင့်ကျွန်တော်သည်အခန်းထဲမှပြေးထွက်လာခဲ့ပါသည်။ထိုခဏတွင်
ဧည့်ခန်းဘက်မှညည်းတွားသံလိုလို အသံတစ်သံကြားရသဖြင့် ကျွန်တော် လည်း ဧည့်ခန်းဘက်သို့ ကူးခဲ့မိပါသည်။ ကျွန်တော်မြင်လိုက်ရသော ရှုခင်း ကား…ကျွန်တော်၏တစ်သက်တွင် မယုံနိုင်စရာပင် ဖြစ်ပါသည်။ ကျွန်တော်၏ဇနီးသည်မဝါနုမှာ ဆိုဖာပေါ်တွင် သတိမေ့ကာပက်လက် လန်လျက်ရှိနေပါသည်။ လက်ဝဲဘက်လက်ကိုနံဘေးသို့ချလျက်လက်ယာ ဘက်လက်မှာ အောက်သို့တွဲလွဲကျနေပါသည်။ အတွင်းခံအင်္ကျီမရှိဘဲ ပါး လွှာသော အပေါ်ဝတ် အင်္ကျီအပေါ်မှ ကြယ်သီးများ ပြုတ်ထွက်နေပါသည်။ အနီးသို့ ချဉ်းကပ်သွားရာ အသက်ရှူနေသေးသည်ကို တွေ့ရသဖြင့် ဝမ်း မြောက်မိသလို ဖြစ်မိပါသေးသည်။ ၄ – ၅ ကိုက်ခန့်ဝေးသည့် အခန်းထောင့် တစ်နေရာ၌ကား တွန့်လိပ်လျက်ရှိသော ကော်ဇောပေါ်တွင် မောင်ဘမြိုင် သည်ပက်လက်လန်လျက်၎င်း၏လက်ဝဲဘက်နံဘေး၌ကျွန်တော်၏“အဘိုး ကြီးရုပ်ကြီးမှာ မောင်ဘမြိုင်၏ လည်မျိုကို ဖျစ်ညှစ်နေသကဲ့သို့ လက်နှစ် ဖက်သည်မောင်ဘမြိုင်လည်ပင်း၏တစ်ဖက်တစ်ချက်စီသို့ရောက်နေသည်
ကိုထူးဆန်းစွာ တွေ့ပါသည်။
အနီးသို့ချဉ်းကပ်ကြည့်သောအခါ အရုပ်၏ လက်ယာဘက်လက်ညှိုး သည် မောင်ဘမြိုင်၏လည်မျိုအတွင်းသို့ ဖောက်ဝင်လျက်ရှိသည်ကို ဆွဲ
ထုတ်လိုက်ရ၏။ထိုအခါလည်ချောင်းအတွင်းမှသွေးများပင်ပန်းထွက်လာရာ ကျွန်တော်၏လုံချည်စနှင့်အင်္ကျီလက်တစ်ဖက်ကိုစွန်း၍သွားပါသည်။မောင်
ဘမြိုင်ကား အသက်မရှိတော့ပြီ။
ထိုနောက်ချက်ချင်းပင်ကျွန်တော်သည် သတိမေ့နေသောမဝါနုဆီသို့
ပြေး၍သွားမိပြန်ပါသည်။ သူ၏ကိုယ်ကလေးကိုယုယစွာပိုက်ထွေးပြီးလျှင်
လှုပ်၍မိပါသည်။မလှုပ်မယှက်ရှိနေသေးသဖြင့်ကျွန်တော်သတိရပြီးလျှင်…
အခန်းထဲမှအော်ဒီကလုံးရေမွှေးပုလင်းကိုပြေး၍ယူပါသည်။ထို့နောက်ရေခဲ
စိမ်ရေမွှေးကို ငယ်ထိပ်၌လောင်းထည့်ပေးခြင်း၊ ရင်ဝကို လက်ဖြင့်တောက်
ပေးခြင်း၊
နှာခေါင်းဝတွင်ရေမွှေးကိုခပ်များများဆွတ်ပေးခြင်းများကိုပြုလုပ်
သဖြင့် အတန်ကြာသောအခါမဝါနုသတိပြန်၍လည်လာပါသည်။ မဝါနုသတိရလျှင်ရချင်းအရုပ်ကြီးကိုလက်ညှိုးထိုးကာ … “ သူသတ်တယ် . . . သူသတ်တယ်” ဟုကျယ်လောင်စွာအော်ပါတော့သည်။ထို့နောက်မျက်နှာကိုလက်ဖြင့်
အုပ်ကာ ပြင်းထန်စွာ ငိုပါတော့သည်။
“သူက အတင်းလိုက်လို့ ပြေးရတာပါမောင်ရယ်”
ဟု ပြောပြန်ပါသေးသည်။ သို့သော် ထိုအခြေအနေ၌ ကျွန်တော် မယုံ ကြည်တော့ပါ။ “အရုပ်ကြီး” မသတ်ခဲ့သော် ကျွန်တော်ပင် သတ်မိမည် အမှန်ဖြစ်ပါသည်။
“အောင်မလေးတော်… အစ်ကို့ကိုဦးလေးသတ်လိုက်ပါပြီ။ ဟုတ်လား ဟုတ်ပါတယ် ..ဟုတ်ပါတယ်။ သူနဲ့မမနဲ့ဖြစ်နေတာ ဦးလေးသိသွားပြီ။ ဒါကြောင့် သတ်တာ”
အသံမှာ အစေခံမလေး မိအေး၏အသံဖြစ်၍မိအေးသည် လန့်၍ ဟစ် အော်လိုက်ကာ ကျွန်တော့်အား မောင်ဘမြိုင်ကို သတ်လိုက်ကြောင်းဖြင့် စွပ်စွဲလျက်ရှိပါတော့သည်။မိအေးသည်လျင်မြန်စွာပြေးထွက်သွားပြီးအိမ် နီးချင်းများကို တိုင်ကြားသဖြင့် မကြာမီ ရဲအရာရှိများ ရောက်လာပြီးလျှင် ကျွန်တော့်အား ဖမ်းဆီးပါတော့သည်၊ မဝါနုကမူ …
“အရုပ်ကြီး သတ်တယ်၊ အရုပ်ကြီး သတ်တယ်”
ဟူ၍သာ အရူးတစ်ယောက်ကဲ့သို့ ပါးစပ်မှ တဖျစ်ဖျစ်ရေရွတ်လျက် ရှိပါတော့သည်။
ကျွန်တော့်ဇနီးနှင့် မောင်ဘမြိုင်တို့ ရင်းနှီးပုံ၊ ကျွန်တော့်အနီးတွင် ဓား မြှောင်တစ်လက်ရှိနေခြင်း၊ ကျွန်တော်၏ အဝတ်တွင် သွေးများ စွန်းပေနေ ခြင်းတို့မှာ ကျွန်တော်တရားခံအဖြစ်သို့ရောက်အောင် ပို့ဆောင်ပါတော့ သည်။
ယခု အချုပ်ခန်းထဲသို့ရောက်သည့်တိုင်အောင် ကျွန်တော်၏ချစ်ဇနီး မဝါနု၏စကားကိုမယုံကြည်ပါ။နောင်ကိုလည်းယုံကြည်တော့မည်မဟုတ်ပါ။ မိန်းမများ၏ချစ်စဖွယ်အပြုံးနှင့်မာယာသည်ယောက်ျားကြီးတစ်ယောက်၏
အသိဉာဏ်ကိုပင်
ဖုံးလွှမ်းသွားနိုင်ကြောင်းကျွန်တော်ယုံကြည်ပါပြီ။
ကျွန်တော် ဝမ်းနည်းခြင်းတစ်ခုမှာ မောင်ဘမြိုင်အား ကျွန်တော့်လက်
ဖြင့် မသတ်လိုက်ရခြင်းပင် ဖြစ်ပါသည်။
ကျွန်တော်၏ “အဘိုးကြီး”ရုပ်ကို ယခုအမှုတွင် သက်သေခံတင်ပြပါ
အထက်ပါအကြောင်းအရာများကိုကျွန်တော်သည်ဘုရားရှင်တော်မြတ်
ရှေ့တွင် သစ္စာဆို၍ရေးသားတင်ပြအပ်ကြောင်း။
အောင်ဘန်း
(တရားခံ)
တရားခံအောင်ဘန်းက စာဖြင့်ရေးသားတင်ပြသော အကြောင်းအရာ များကို ဖတ်ပြီးနောက် ကျွန်ုပ်သည် သက်သေခံတင်ပြသော ဘီလူးရုပ် ကြီးနှင့် တူသည့် အရုပ်ကြီးကို ကြည့်ရှုရာ ၎င်းမှာ အောင်ဘန်း၏ စာရွက် များတွင် ရေးသားဖော်ပြထားသည့်အတိုင်း အလွန်ပင်ထူးခြား၍ ကြောက် မက်ဖွယ်ကောင်းကြောင်း တွေ့ရ၏။
ထိုအခါကျွန်ုပ်လည်းရမ်းဗြဲတွင်နေခဲ့စဉ်ကသက်ကြီးတစ်ယောက်ထံမှ ကြားခဲ့ဖူးသောအဖြစ်အပျက်တစ်ခုကို သတိရမိ၏။ ၎င်းမှာဒုတိယကမ္ဘာစစ် ကြီး မဖြစ်မီ ၁ဝ နှစ်လောက် “ဝံလက်မော်”ရွာရှိ ဘုန်းကြီးကျောင်းမှ ဆရာ တော်သည်ကျောင်းသားများနှင့်အတူပင်လယ်မှလှိုင်းပုတ်တင်ရှိနေသော ဒိုက်သရောများကို ဆယ်ယူရင်း ၅ တောင်ကျော် ၆ တောင်ခန့်ရှိ အတော် အတန်ချောမွေ့သော သစ်တုံးတစ်တုံးကို တွေ့ရသဖြင့် ကျောင်းဝင်းတံခါး၌ စိုက်ရန် ကျောင်းသို့ ယူခဲ့စေ၏။
ထိုတိုင်ကိုစိုက်ပြီးသည့်အချိန်မှစ၍ဆရာတော်နေသောကျောင်းခေါင် မိုးပေါ်သို့ခဲများကျလာခြင်း၊ မီးခွက်များအလိုအလျောက်ငြိမ်းသွားခြင်း၊ လူကို
မမြင်ရဘဲ ဆွမ်းအုပ်များအပေါ်သို့ မြှောက်ပါသွားခြင်း စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ခြောက်လန့်လျက်ရှိသည်ကို တွေ့ရ၏။ သို့သော် ဆရာတော်ကား ဤသစ်တုံးကြောင့် ဖြစ်ရသည်ကို မသိရှာချေ။
နောက်ဆုံးတွင် ကျောင်းပေါ်၌ နေ၍မဖြစ်အောင်ပင် ရှိတော့၏။ ထို သတင်းသည် တစ်ရွာလုံး ပျံ့နှံ့လျက်ရှိရာ အထက်အညာမှ အင်းအိုင်လက် ဖွဲ့များတွင် ဝါသနာပါသည့် ဘုန်းတော်ကြီးတစ်ပါး ရောက်လာသည်တွင်မှ ထိုဘုန်းတော်ကြီးဩဝါဒအတိုင်း ထိုတုံးကြီးကို နုတ်ယူကာ ပင်လယ်သို့ မျောလိုက်ရလေသည်။ ထိုအချိန်မှစ၍ ဆရာတော်ကျောင်းတွင်ခြောက် လှန့်ခြင်းများ မရှိချေ။ ဘုန်းတော်ကြီး၏ အဆိုမှာ ဤသစ်တုံးကြီး တွင်“သူယောင်” များပါလာကြောင်း…။ သို့ဖြစ်၍ သူယောင်များကခြောက် လှန့်ခြင်းဖြစ်ကြောင်း အမြွက်မျှ အမိန့်ရှိတော်မူ၏။
ကျွန်ုပ် ယခု စီရင်မည့် မောင်အောင်ဘန်းအမှုနှင့် အထက်ပါအတိုင်း ကျွန်ုပ်ကြားသိခဲ့ဖူးသောဗဟုသုတကိုပေါင်းစပ်ဆင်ခြင်မိ၏။ သစ်တုံးကြီးကို ဆယ်ယူ၍ ဝင်းတံခါးတိုင်စိုက်သော ဘုန်းတော်ကြီးရွာနှင့် အရုပ်ကြီးကို မောင်အောင်ဘန်းရခဲ့သော နေရာမှာ တစ်ရွာတည်း ဖြစ်၏။ ခြောက်လှန့် သည် ဆိုခြင်းမှာလည်း အတူတူကဲ့သို့ ရှိ၏။ သို့ဖြစ်၍စီရင်ချက်မချမီ ကျွန်ုပ် သည် ဤအကြောင်းများကို နက်နဲစွာ စဉ်းစားမိ၏။
သို့သော် ကျွန်ုပ်ဉာဏ်ကို ကျွန်ုပ်၏ စီရင်ချက်၌ ထည့်သွင်းရေးသား ရသည်မဟုတ်ချေ။အမှုဆိုသည်မှာသက်သေထွက်ချက်အပေါ်၌သာအကိုး အကားပြု၍စီရင်ရမည်၊ သို့မှလည်းတရားနည်းလမ်းကျပေမည်။ ကျွန်ုပ်ကိုယ်တိုင်ကား သရဲတစ္ဆေများကို ယုံကြည်သူ မဟုတ်ချေ။ သို့ သော် ဤအမှုတွင် တရားခံအောင်ဘန်း၏ ထွက်ချက် အခြားသက်သေ များထွက်ချက်၊ ပတ်ဝန်းကျင်အဖြစ်အပျက်တို့မှာ တရာခံအား ဖေးမလျက် ရှိလေသည်။ ထို့ပြင် ဆရာဝန်အား နောက်ထပ်ခေါ်ယူစစ်ဆေးရာ၌လည်း သေသူမောင်ဘမြိုင်လည်ပင်းမှဒဏ်ရာမှာချွန်သော လက်နက်တစ်ခုဖြင့် ပြုလုပ်၍ဖြစ်ကြောင်း၊ သို့သော် ဓားစူး၊ ဓားမြောင်ကဲ့သို့ ထက်မြက်သော
အသွားရှိသည့်လက်နက်မျိုးမဖြစ်နိုင်ကြောင်း၊ အရုပ်ကြီး၏လက်ယာဘက်
လက်ညှိုးဖြင့် ထိုးဖောက်က
ဖြစ်နိုင်ကြောင်းထပ်မံထွက်ဆိုလေသည်။ သို့ဖြစ်ရကား . . . ကျွန်ုပ်သည် တရားလိုပြသက်သေများ၊ ဆေးဆရာ ဝန်နှင့်ပတ်ဝန်းကျင်အခြေအနေစသည်တို့ကိုအထောက်အထားပြုပြီးလျှင်… ကျွန်ုပ်၏ ကိုယ်ပိုင်ဉာဏ်ကို သုံးကာ အောင်ဘန်းအား အထက်ရုံးသို့ မတင်ဘဲလွှတ်ပစ်လိုက်လေသည်။ သက်သေခံတင်ပြသောအရုပ်ကြီးကိုမူ
ရုံးတော်ကဖျက်ဆီးပစ်ရန်အမိန့်ချမှတ်ပေးလိုက်၏။
ဦးအောင်သိန်း
ပင်စင်စားတရားသူကြီးဟောင်း
>> ဒဂုန်ရွှေများ
Zawgyi Version
သူေယာင္႐ုပ္(စ/ဆုံး)
————————–
ဆရာမ်ားသည္တပည့္အမ်ိဳးမ်ိဳးႏွင့္သူတို႔၏အက်င့္
စာရိတၱကိုလည္းေကာင္း၊ ဆရာဝန္မ်ားသည္ လူနာအမ်ိဳးမ်ိဳးႏွင့္ေရာဂါဘယမ်ားကိုလည္းေကာင္း၊ တရားသူႀကီးမ်ားသည္ မိမိ႐ုံးသို႔ ေရာက္လာေသာ
အမႈအမ်ိဳးမ်ိဳးကိုလည္းေကာင္းေတြ႕ၾကရသည္ျဖစ္ရာ
အသက္႐ြယ္ႀကီး၍ထိုအလုပ္မ်ားမွအနားယူၾကေသာ
အခါ စိတ္ထဲတြင္ အမွတ္တရစြဲ၍ က်န္ရစ္ခဲ့ေသာ
အရာမ်ား အလြန္နည္းပါးေလသည္။ ဆရာဝန္တစ္ေယာက္အားမည္သည့္အခ်ိန္က
မည္သည့္လူနာကို မွတ္မိပါသေလာဟုေမးရာ
မမွတ္မိသကဲ့သို႔ တရားသူႀကီးတစ္ေယာက္အား မည္သည့္ႏွစ္ မည္သည့္ေန႔ရက္က အျပစ္ေပးလိုက္ ေသာ မည္သည့္တရားခံကို မွတ္မိပါသေလာဟု ေမးလွ်င္ မွတ္မိလိမ့္မည္မဟုတ္ေပ။
ဆရာဝန္မ်ားသည္လည္းေကာင္း၊ တရားသူႀကီးမ်ားသည္လည္း
ေကာင္း မိမိတို႔အလုပ္ဝတၱရားမ်ားအတိုင္းေဆာင္႐ြက္သြားျခင္းမွ်သာျဖစ္၍ ပုဂၢိဳလ္စြဲအား ျဖင့္ မည္သူကိုမွ်မသိေခ်။
ဆရာဝန္တစ္ေယာက္သည္လူနာ၏အသားကိုကိုင္တြယ္စမ္းသပ္ရာ၌ ေယာက္်ား၊မိန္းမဟူေသာအသိဉာဏ္ျဖင့္ေတြ႕ထိခံစားမႈပင္မရွိေခ်။ထို႔အတူ တရာသူႀကီးသည္လည္း မည္သည့္တရားလိုသည္ မည္သူျဖစ္သည္။ မည္ သည့္ တရားခံသည္ မည္သူျဖစ္သည္၊ မည္သူ႔ကိုခ်စ္သည္၊ မည္သူ႔ကို မုန္း သည္ဟူ၍မရွိေခ်။
ဆရာဝန္တစ္ေယာက္သည္ ေဆးခန္းမွ ထြက္လာေသာအခါ မည္ သည့္အရာကိုမွ် အမွတ္မထား၊ မည္သည့္လူနာကိုမွ် သတိမရေတာ့ဘဲ ရွိသကဲ့သို႔ တရားသူႀကီးတစ္ေယာက္သည္လည္း တရားခြင္မွ ဆင္းလာ သည္ႏွင့္တစ္ၿပိဳင္နက္တရားလိုမ်ား၊ တရားခံမ်ား၊ သက္ေသမ်ား၊အမႈတြဲမ်ား၊ ဥပေဒမ်ားသည္ အိမ္သို႔မပါဘဲ ႐ုံးခန္း၌ က်န္ရစ္ခဲ့ေလသည္။ အလုပ္မွ ထြက္သြားေသာအခါ၌မူ ေျပာစရာမရွိေတာ့ေခ်။
အစဥ္အလာအရဤသို႔ပင္ျဖစ္ရမည္ျဖစ္ေသာ္လည္းကြၽႏ္ုပ္မွာမူအလုပ္
မွ အနားယူၿပီးသည့္ေနာက္ ယခုအခ်ိန္တြင္ဆယ္ႏွစ္မွ် ရွိၿပီျဖစ္ေသာ္လည္း ယခုအခ်ိန္ထိကြၽႏ္ုပ္၏စိတ္ထဲတြင္မေမ့ေပ်ာက္ဘဲစြဲၿမဲက်န္ရစ္ခဲ့ေသာအမႈ
တစ္ခုရွိေလသည္။
ကြၽႏ္ုပ္မွာထိုအခါကေက်ာက္ျဖဴၿမိဳ႕တြင္အထူးအာဏာရနယ္ပိုင္တရား သူႀကီးတစ္ေယာက္ျဖစ္၍ ကြၽႏ္ုပ္နယ္ပယ္အတြင္း ျဖစ္ပြားေသာလူသတ္မႈ မ်ားကို “မူလမႈ” အျဖစ္ စစ္ေဆးရ၏။ ရဲဘက္မွ အမႈတြဲျပဳလုပ္တင္ျပရေသာ မူလမႈမ်ားကိုကြၽႏ္ုပ္ကေအာက္႐ုံးတရားသူႀကီးအျဖစ္စစ္ေဆးရ၍အကယ္ ၍ သက္ေသခံအေထာက္အား ယုတၱိရွိ၍ ခိုင္လုံေလာက္သည္ဟု ယူဆက စက္ရွင္႐ုံးသို႔တင္ပို႔ရ၏။ သို႔ေသာ္တရားလိုအစိုးရဘက္မွ သက္ေသခံခ်က္ မ်ား မလုံေလာက္ခဲ့ေသာ္လည္းေကာင္း၊ ယုတၱိယုတၱာ မရွိခဲ့ေသာ္လည္း၊
အခ်ိတ္အဆက္မညီၫြတ္ဘဲယိမ္းယိုင္ၿပိဳပ်က္ခဲ့ေသာ္လည္းေကာင္းကြၽႏ္ုပ္
သေဘာအတိုင္းလႊတ္ပစ္ႏိုင္ေလသည္။
သို႔ေသာ္ ကြၽႏ္ုပ္႐ုံးမွ လႊတ္ပစ္ခဲ့ေသာ္ သက္ေသမလုံေလာက္သျဖင့္ လႊတ္ပစ္ရေသာ “တရားရွင္”လႊတ္ျခင္းမွ်သာျဖစ္၍ အကယ္၍ ရဲဘက္က ေနာက္ထပ္မံသက္ေသခံမ်ားရရွိခဲ့ပါက ထပ္မံအမႈဖြင့္ႏိုင္ေလသည္။ စက္ ရွင္႐ုံးသို႔ေရာက္၍ “တရားေသ”လႊတ္ၿပီးေသာအခါမွသာအမႈကိုရဲဘက္က ထပ္မံမဖြင့္ႏိုင္ေတာ့ဘဲ တစ္ခါတည္းပိတ္ရေလသည္။ ကြၽႏ္ုပ္မွာတရားသူႀကီးတစ္ေယာက္ျဖစ္သည့္အတြက္ေန႔စဥ္ႏွင့္အမွ်
အမႈႀကီးငယ္တို႔ကို စစ္ေဆးလ်က္အျပစ္ေပးတန္လွ်င္ ေပး၊ လႊတ္တန္လွ်င္ လြတ္ျပဳလုပ္ေနရေသာ္လည္း၊ မည္သူ႔အားမုန္းတီး၍အျပစ္ေပးလိုက္သည္ ဟူ၍လည္းေကာင္း၊ မည္သူ႔အား သနားသျဖင့္ လႊတ္ေပးလိုက္သည္ဟူ၍ လည္းေကာင္းမရွိေခ်။ရတနာသုံးပါးမိဘဆရာသမားစသည့္အနေႏၲာအနႏၲ
ငါးပါးကိုကိုင္းရႈိင္း႐ိုေသေလးစားျခင္း၊ ကတိေလးပါးမလိုက္စားျခင္း၊ ေျဖာင့္ မတ္တည္ၾကည္ျခင္းစေသာ ဂုဏ္ေက်းဇူးတို႔ေၾကာင့္လည္းေကာင္း ကြၽႏ္ုပ္ မွာ စာေရးႀကီးဘဝမွ ၿမိဳ႕အုပ္ရာထူးကိုရၿပီးေနာက္ ငါးႏွစ္အၾကာတြင္ ဝန္ ေထာက္ျဖစ္၍လာခဲ့ေလသည္။
တစ္ေန႔တြင္ကြၽႏ္ုပ္႐ုံးသို႔လူသတ္မႈတစ္ခုေရာက္ရွိလာရာ သတ္သည္
ဟုစြပ္စြဲျခင္းခံရေသာတရားခံမွာ မြန္မြန္ရည္ရည္ရွိ၍႐ုပ္ရည္သန႔္ျပန႔္ေသာ အသက္ ၄ဝ ခန႔္ရွိလူတစ္ေယာက္ျဖစ္၏။ အမႈမွာ သူ၏ေယာက္ဖ (မိန္းမ၏ ေမာင္ဝမ္းကြဲ)ကို သတ္ေသာအမႈ ျဖစ္ေလသည္။
အမႈတြင္မ်က္ျမင္သက္ေသဟူ၍တစ္ေယာက္သာရွိ၏။ထိုသက္ေသမွာ လည္းအျခားသူမဟုတ္၊ သူ၏ဇနီးပင္ျဖစ္ေလသည္။ အျခားသက္ေသတစ္ ေယာက္မွာအခင္းျဖစ္ပြားၿပီးစတြင္ေရာက္လာေသာအသက္၁၂ ႏွစ္အ႐ြယ္
ရွိမိန္းကေလးတစ္ေယာက္ျဖစ္၏။ သို႔ျဖစ္၍ယင္းအမႈကိုစီရင္ရန္မွာထိုသက္ ေသမ်ား၏ထြက္ခ်က္၊ တရားခံထြက္ခ်က္၊ ပတ္ဝန္းက်င္ျဖစ္ပ်က္မႈအေျခ အေနမ်ားကိုေပါင္းစပ္ကာကြၽႏ္ုပ္ကိုယ္တိုင္ယုံမယုံဟူေသာျပႆနာေပၚတြင္
တည္ရွိေလသည္။
ပထမဦးစြာ အမႈလိုက္ရဲအရာရွိကို စစ္ေဆးၿပီးေနာက္ မ်က္ျမင္သက္ ေသျဖစ္ေသာ တရားခံ၏ဇနီးကို စစ္ရ၏။ ၿပီးေသာအခါ ထမင္းခ်က္ မိန္း
ကေလးကိုစစ္၏။ ထို႔ေနာက္ဆရာဝန္ကိုစစ္၏။ ေနာက္ဆုံးတြင္တရားခံအား စစ္ရန္ အလွည့္ေရာက္ေသာအခါ တရားခံက မိမိအမႈမွာ ရႈပ္ေထြးနက္နဲ ေသာအခ်က္အလက္မ်ားပါရွိသျဖင့္ တစ္ေၾကာင္း၊ အမႈႏွင့္ပတ္သက္၍ျဖစ္ ပြားရပုံမ်ားမွာလည္း အေတာ္ပင္ ရွည္လ်ားသျဖင့္ တစ္ေၾကာင္း မိမိဘက္မွ တင္ျပမည့္သက္ေသမွာလည္း လူသက္ေသမဟုတ္ဘဲ အသက္မရွိေသာ အ႐ုပ္ႀကီးတစ္႐ုပ္ျဖစ္သျဖင့္ တစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏႈတ္ျဖင့္ အစစ္မခံဘဲ စာျဖင့္ေရး၍ အစစ္ခံရန္ ခြင့္ေတာင္းသျဖင့္ ကြၽႏ္ုပ္လည္း ဥပေဒရွိသည့္ အတိုင္း ခြင့္ျပဳလိုက္ၿပီးလွ်င္ ရက္ခ်ိန္းေပးလိုက္ေလသည္။
ရက္ခ်ိန္းေစ့ေသာေန႔တြင္ တရားခံသည္ ေလွ်ာက္လႊာစကၠဴႏွင့္ ၁ဝ မ်က္ႏွာခန႔္ရွိေသာ အစစ္ခံခ်က္မ်ားကို တင္ျပ၍ ၎ႏွင့္အတူ ၂ ေပခြဲခန႔္ ရွိေသာ သစ္နက္သားတစ္မ်ိဳးျဖင့္ ထုလုပ္ထားသည့္ အ႐ုပ္ႀကီးတစ္႐ုပ္ကို တင္ျပေလသည္။ ယင္းကဲ့သို႔ထူးျခားျခားတင္ျပေသာသက္ေသခံခ်က္မ်ား ကိုတစ္ႀကိမ္မွ်ကြၽႏ္ုပ္မေတြ႕ဖူးေခ်။
ေအာက္တြင္ကြၽႏ္ုပ္ေရးသားေဖာ္ျပအံ့ေသာစာမ်ားမွာကြၽႏ္ုပ္မွတ္မိသ
ေလာက္ တရားခံတင္ျပေသာ အစစ္ခံခ်က္မ်ားျဖစ္၍ ကြၽႏ္ုပ္ကိုယ္တိုင္ အစ အဆုံး ၃ – ၄ ေခါက္မွ် ဖတ္မိေလသည္။ ဤကဲ့သို႔ စိတ္ဝင္စားသျဖင့္လည္း ယခုတိုင္ ကြၽႏ္ုပ္မွတ္သားမိျခင္းျဖစ္ရာ ကြၽႏ္ုပ္၏ တင္ျပခ်က္မွာ ထိုအခါက တရားခံေရးသားတင္ျပခ်က္ႏွင့္ထပ္တူထပ္မွ်ပင္မဟုတ္ေစကာမူတတ္ႏိုင္ သမွ် အနီးကပ္ဆုံးျဖစ္၍ အဓိပၸာယ္သေဘာ သက္ေရာက္ပုံမွာမူ ထပ္တူ ထပ္မွ် တိက်မွန္ကန္ပါေၾကာင္း။
တရားခံအစစ္ခံခ်က္
ေမာင္ေအာင္ဘန္း၊ အသက္၄၂
ျမန္မာ/ရခိုင္၊ ဗုဒၶဘာသာ။
ကြၽန္ေတာ္သည္သည္ကုန္သည္ပြဲစားအလုပ္ကိုလုပ္ကိုင္၍လြန္ခဲ့ေသာ
၅ ႏွစ္ခန႔္က မဝါႏုဆိုသူႏွင့္ အိမ္ေထာင္က်ခဲ့ပါသည္ ။ လူႀကီးခ်င္း ေစ့စပ္
ထိမ္းျမားအေၾကာင္းပါခဲ့ရေသာ္လည္း ကြၽန္ေတာ္တို႔ခ်င္းမွာ အလြန္ခ်စ္ခင္ သင့္ျမတ္ပါသည္။
ထိုအခါ ကြၽန္ေတာ့္အသက္ ၃၄ ႏွစ္၊ မဝါႏု အသက္မွာ (၂၂)ႏွစ္ျဖစ္ ပါသည္။ မဝါႏုမွာ အခ်က္အျပဳတ္၌လည္းေကာင္း၊ အိမ္ေထာင္သိမ္းဆည္း ေရး၌လည္းေကာင္း၊ လင္သားအေပၚျပဳစုရာ၌လည္းေကာင္း၊ အလြန္ေတာ္ ၍ေက်နပ္ႏွစ္သိမ့္ဖြယ္ျဖစ္ပါသည္။
အထူးသျဖင့္ အိမ္ေရွ႕ဧည့္ခန္းကို အလွအပျပင္ဆင္ျခင္း၊ အိမ္ေရွ႕မ်က္ ႏွာစာကို ျပဳျပင္ျခင္းတို႔တြင္ မ်ားစြာဝါသနာပါသည္။ ကြၽန္ေတာ့္အိမ္ခန္းမွာ အေတာ္ပင္က်ယ္၍ ဧည့္ခန္းအလယ္၌ စားပြဲႏွင့္ ကုလားထိုင္စုံကို ခ်ထား သည့္ျပင္ အခန္းေထာင့္မ်ားတြင္ ႐ုပ္လုံးတစ္ခုခုေသာ္လည္းေကာင္း၊ အလွ စိုက္ပ်ိဳးထားေသာ ပန္းအိုးေသာ္လည္းေကာင္း ထားရွိပါသည္။ ေခါင္းရင္း ခန္းတြင္ အ႐ုပ္မ်ားထည့္ေသာ မွန္ဗီ႐ိုတစ္လုံးရွိရာ အထဲတြင္ သစ္သား႐ုပ္၊ ေႂကြ႐ုပ္၊ ေၾကး႐ုပ္၊ သံ႐ုပ္၊ ႐ႊံ႕ေစး႐ုပ္မွမက်န္ စုေဆာင္းထည့္သြင္းထားသျဖင့္ အလြန္ပင္ “ကေလး” ဆန္ေၾကာင္းျဖင့္ တစ္ခါတစ္ရံ ကြၽန္ေတာ္က ေျပာျပ ပါသည္။ မဝါႏုသည္ ငယ္စဥ္က ကစားခဲ့ေသာ အိုးကေလး၊ ခြက္ကေလး၊ ယမင္း႐ုပ္ႏွင့္ အျခားကေလးကစားစရာမ်ားပါ တ႐ိုတေသ သိမ္းဆည္း ထားတတ္သျဖင့္ ကြၽန္ေတာ္က ဤကဲ့သို႔ေျပာျခင္းျဖစ္ပါသည္။ ဧည့္ခန္းရွိ အလွထားေသာ အ႐ုပ္မ်ား၊ ေႂကြႏွင့္ ေၾကးပန္းအိုးမ်ား၊ ပန္းမ်ားကိုလည္း မၾကာခဏ ေျပာင္းလဲျပင္ဆင္ေလ့ရွိရာ ကြၽန္ေတာ္ကလည္း လူဝါသနာဆို သည္မွာ စြန႔္ပစ္ရန္ ခဲယဥ္းေၾကာင္းကြၽန္ေတာ္ သိပါသည္။
သို႔ျဖစ္၍ ကြၽန္ေတာ္တို႔ ေနထိုင္သည့္အိမ္ကေလးမွာ ေတာ႐ြာႏွင့္ မလိုက္ေအာင္ အဆင္အျပင္လွပ၍ကြၽန္ေတာ္တို႔အိမ္ေထာင္ေရးမွာလည္း အလြန္ပင္ ေျပျပစ္သာယာခဲ့ပါသည္။
တစ္ေန႔ေသာတနဂၤေႏြေန႔တြင္ကြၽန္ေတာ္တို႔သည္ရမ္းၿဗဲကမ္းေျခစကု ကြၽန္း၊“စံလက္ေမာ္”႐ြာသို႔အိမ္နီးခ်င္းမိန္းမေဖာ္မ်ားႏွင့္အတူေပ်ာ္ပြဲစားထြက္
ၾကပါသည္။ကမ္းေျခမွာအလြန္သာယာ၍တစ္ခါတစ္ရံကမ္းေျခသဲျပင္မ်ား၌
ထူးဆန္းေသာငါးေသမ်ား၊အ႐ိုးစုမ်ားပင္လယ္လႈိင္းပုတ္သျဖင့္ေမ်ာပါလာၿပီး
လ်က္ ဒီေရအတက္အက်၌ တင္၍က်န္ရစ္ခဲ့ေသာ သစ္ကိုင္းေျခာက္မ်ား၊ သစ္တုံးတိုတုံးစမွစ၍ဒိုက္သေရာမ်ားကိုအမ်ားအျပားေတြ႕ရတတ္ပါသည္။
ထိုေန႔မွာ နံနက္ခင္းတြင္ေလထန္သျဖင့္ ပင္လယ္လႈိင္းမ်ား ပို၍ႀကီးၿပီး လွ်င္ ထိုေန႔မ်ိဳး၌ ဒိုက္သေရာမ်ားလည္း အခ်ိဳ႕ေျမနိမ့္ေသာေနရာတြင္ စုပုံ က်န္ရစ္ခဲ့တတ္ပါသည္။
ေလၿငိမ္သက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ကြၽန္ေတာ္တို႔နံနက္စာစားၿပီး ေနာက္ေန႔လယ္လက္ဖက္ရည္ေသာက္ရန္လက္ဖက္ရည္ႏွင့္မုန႔္ခ်ိဳင့္မ်ားကို
ယူၿပီးလွ်င္“ေရေမ်ာကမ္းတင္” ပစၥည္းမ်ား၊ဒိုက္သေရာမ်ားကိုအေပ်ာ္ရွာေဖြ ေကာက္ယူရန္ သြားၾကပါသည္.။
ကြၽန္ေတာ္တို႔ထင္သည့္အတိုင္းေျမနိမ့္ရာခ်ိဳင့္ဝွမ္းေဒသသဲေျမေသာင္
ခုံမ်ားေပၚတြင္ ပင္လယ္လႈိင္းပုတ္သျဖင့္တင္၍က်န္ရစ္ေသာ သစ္တိုသစ္စ မ်ား၊ အမႈိက္သ႐ိုက္မ်ား၊ ငါးေသမ်ား၊ ငါး႐ိုးမ်ား ၊ ကႏုမာခြံ ခုံးခြံမ်ားကို ရွာေဖြ ၾကရာအေတာ္မ်ားပင္ေတြ႕၍မိမိႀကိဳက္ႏွစ္သက္ရာအလုအယက္ေကာက္ယူၾကပါသည္။
ကြၽန္ေတာ္၏ဇနီးမွာပင္လယ္ခ႐ုႀကီးခြံမ်ားကိုရွာေဖြေကာက္ယူလ်က္
ရွိစဥ္ ကြၽန္ေတာ္လည္း သူတို႔ရွာေဖြေနေသာေနရာႏွင့္ ခပ္လွမ္းလွမ္း ပင္ လယ္ေရစပ္ႏွင့္ မနီးမေဝး ခ်ိဳင့္ဝွမ္းတစ္ခုတြင္ အျမင့္ ၂ ေပခြဲ လုံးပတ္ ၄ ထြာ ဆိုင္ခန႔္ရွိသည့္ အ႐ုပ္တစ္ခုႏွင့္ ခပ္ဆင္ဆင္တူသည့္သစ္တုံးလိုတစ္ခုကို ေတြ႕ရပါသည္။ အနီးသို႔ ကပ္၍ၾကည့္ရႈရာ အၾကမ္းဖ်င္းထုလုပ္ထားဟန္ တူေသာလူ႐ုပ္လိုလို၊ ေမ်ာက္႐ုပ္လိုလို ႐ုပ္လုံးတစ္ခုကိုေတြ႕ရသျဖင့္၎သို႔ ၿငိတြယ္ေနသည့္ အမႈိက္သ႐ိုက္မ်ား၊ ႏြယ္ပင္မ်ားႏွင့္ ဒိုက္သေရာမ်ားကို ဖယ္ရွားၿပီးလွ်င္ရွင္းလင္းေသာ သဲေသာင္ျပင္တစ္ေနရာသို႔ဆြဲယူခဲ့ပါသည္။
႐ုပ္လုံး၏အသားမွာရင္းတိုက္ႏွစ္သားလည္းမဟုတ္၊ရခိုင္ျပည္ႏွင့္႐ိုးမေတာင္ ေပၚတြင္ ေပါက္ေလ့ရွိေသာ ေရအုန္းသားလည္းမဟုတ္၊ ကြၽန္ေတာ့္စိတ္ အထင္အားျဖင့္ရခိုင္မ်ားက”ေစဟုန္း”ဟုေခၚေလ့ရွိေသာအသားမ်ိဳးဟုထင္
ပါသည္။ ကြၽန္ေတာ္ထင္သည့္အတိုင္းလည္း မွန္ကန္ေၾကာင္း ေနာင္အခါ ေတြ႕ ရွိပါသည္။ သစ္သားမွာညိဳပုပ္ပုပ္ အေရာင္ရွိ၏။ မ်က္ႏွာပုံသဏၭာန္ မွာကုလားအဘိုးႀကီးတစ္ေယာက္ႏွင့္လည္းေကာင္း၊ေမ်ာက္ဝံတစ္ေကာင္ ႏွင့္လည္းေကာင္းတူပါသည္။ ဦးေခါင္းထိပ္မွာ အေပၚသို႔ ခပ္ခြၽန္းခြၽန္းတက္ လ်က္မ်က္ႏွာေနရာတြင္မူအမႈိက္သ႐ိုက္မ်ားသစ္စသစ္နမ်ားေရညႇိမ်ားရွိပါ
သည္။မည္သို႔ပင္ျဖစ္ေစ သစ္ကိုင္းတစ္ခုမဟုတ္ဘဲလူတို႔လက္ျဖင့္ထုလုပ္ ထားေသာ ႐ုပ္လုံးတစ္ခုျဖစ္ေၾကာင္းကားထင္ရွားပါသည္။ ကြၽန္ေတာ့္မွာအႏုပညာကိုဝါသနာပါေသာဇနီးသည္၏စိတ္ဓာတ္မ်ားကူးဝင္ေနၿပီျဖစ္သျဖင့္ ဤအ႐ုပ္ကို ေဆးေၾကာသုတ္သင္အေရာင္တင္ၿပီး
ေနာက္တစ္ေနရာရာ၌ထားမည္ဟုစိတ္ကူးကာ သစ္သားစမ်ားႏွင့္အမႈိက္
သ႐ိုက္မ်ားကိုတတ္ႏိုင္သမွ် သုတ္သင္ဖယ္ရွား၍ဇနီးသည္ရွိရာသို႔ထမ္းယူ ခဲ့ပါသည္။
ကြၽန္ေတာ္၏ ဇနီးသည္ အ႐ုပ္ကိုၾကည့္ၿပီးလွ်င္ ဟက္ဟက္ပက္ပက္ ရယ္ေမာလ်က္…
“ကုလားအို႐ုပ္ႀကီးနဲ႔ တူပါတယ္ ေမာင္ရယ္ ၊ ဘာလုပ္ဖို႔လဲ” “ဘာ႐ုပ္ပဲျဖစ္ျဖစ္ – အဆန္းေပါ့မဝါႏုရဲ႕” “ေမာင္၊ အိမ္ယူလာမလို႔လား” “ယူမယ္ေလ”
“က်က္သေရမရွိပါဘူးေမာင္ရယ္။အ႐ုပ္ႀကီးကလွလွပပလည္းမဟုတ္
ဘူး။ အ႐ုပ္က ဆိုးသနဲ႔”
“ေကာင္းပါတယ္ မဝါႏုရယ္။ အိမ္က်ေတာ့ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္
လုပ္ေပးမယ္”
“ဘယ္ကေမ်ာပါလာသလဲ- မသိဘူးေနာ္ေမာင္”
“ေလွႀကီးျဖစ္ျဖစ္၊ သေဘၤာျဖစ္ျဖစ္ပ်က္လို႔ အဲဒီက အ႐ုပ္ျဖစ္မွာေပါ့။ ေလွဦးမွာတပ္ထားတဲ့ အ႐ုပ္မ်ိဳးလည္း ျဖစ္ႏိုင္တယ္”
“ဟုတ္ခ်င္ဟုတ္မွာပဲ။ တခ်ိဳ႕ပင္လယ္ကူးေလွႀကီးေတြမွာ အ႐ုပ္တပ္
ထားတာ ျမင္ဖူးတယ္”
သို႔ႏွင့္ကြၽန္ေတာ္သည္မဝါႏုကမ်ားစြာသေဘာမက်ေသာ္လည္းအ႐ုပ္
ကိုအိမ္သို႔ေရာက္ေအာင္ ခဲယဥ္းစြာ ယူခဲ့ပါသည္။
ေနာက္တစ္ေန႔ ၌ ကြၽန္ေတာ္သည္ အလုပ္မွျပန္လာလွ်င္ ျပန္လာျခင္း အ႐ုပ္ႀကီးကို ျပဳျပင္ပါေတာ့သည္။ မ်က္ႏွာတြင္ဖုံးေနေသာ႐ႊံ႕ေစးမ်ား၊ ေၾကး ေညႇာ္မ်ားကို အလြန္ေသးငယ္ေသာ လက္သည္းေစာင္းကေလးျဖင့္ မူလ
မ်က္ႏွာျပင္ကိုမထိခိုက္ေစဘဲျခစ္၍ပစ္ပါသည္။ထို႔ေနာက္ေကာ္ဖတ္ႏုႏုျဖင့္ စားပါသည္။ ကိုယ္ႏွင့္ေအာက္ပိုင္းကိုလည္း ဤနည္းအတိုင္းအခ်ိန္ကုန္ခံ၍ လုပ္ပါသည္။
၃ ရက္မွ်လုပ္မိေသာအခါအေတာ္ပင္႐ုပ္လုံးေပၚလာပါသည္။ မ်က္ႏွာ တြင္ ခ်ိဳင့္ဝင္ေနေသာ ပါးမ်ား၊ ေမး႐ိုးအထက္တြင္ မို႔ေမာက္ေနေသာ အဖုႀကီးမ်ား၊
ခပ္ေဟာက္ေဟာက္ရွိေနေသာမ်က္လုံးအိမ္မ်ားေပၚလာပါသည္။ ေသးငယ္ေသာ မ်က္လုံး၊ ခြၽန္ထြက္ေနေသာႏွာတံမွာလည္း မ်က္ႏွာေပါက္ ကိုပို၍ဆိုးေစသကဲ့သို႔ရွိေနပါသည္။ ေနာက္ဆုံး၌ကြၽန္ေတာ္သည္သစ္ေစး
အနည္းငယ္ကိုေအာက္ခံေဆးအျဖစ္သုတ္ေပးၿပီးလွ်င္အေပၚမွ“ဗားနစ္”ေခၚ အေရာင္တင္ဆီကိုသုတ္ေပးပါသည္။႐ုပ္လုံးႀကီးမွာအေရာင္ထြက္လာလ်က္
အေတာ္ပင္ၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္လာပါသည္။ မ်က္လုံးႏွင့္ အတြင္းမ်က္ဆံ
မ်ားကိုလည္းေဆးနက္ထဲတြင္အျဖဴစက္ကေလးျဖင့္ျခယ္မႈန္းေပးရာမ်က္ႏွာ
အေနအထားပင္ ေပၚလြင္လာပါေတာ့သည္။ ထို႔ေနာက္ ကြၽန္ေတာ္လည္း တစ္ေပသာသာခန႔္ျမင့္ေသာေအာက္ခံခုံတစ္ခုကိုကြၽန္းသားျဖင့္ျပဳလုပ္ၿပီး လွ်င္ ႐ုပ္လုံးႀကီးကို တင္ထားလိုက္ပါသည္။
“ေမာင္ကလည္းသူ႔အ႐ုပ္ႀကီးကလွလြန္းလို႔-ကြၽန္မျဖင့္သူမ်က္ႏွာႀကီး ၾကည့္ရတာ ေၾကာက္ေတာင္ေၾကာက္ေသးတယ္”
ဟုမဝါႏုကမၾကာခဏေျပာေလ့ရွိပါသည္။ပထမအဝတ္ၾကမ္းျဖင့္လည္း
ေကာင္း၊ ထို႔ေနာက္ ဂြမ္းဖတ္မ်ား၊ ပိုးထည္စုတ္မ်ားျဖင့္လည္းေကာင္း ပြတ္ တိုက္ေပးေသာအခါ အေရာင္တလက္လက္ထြက္လာလ်က္ မ်က္ႏွာထား ပုံမွာလည္းယခင္ကထက္အသက္ဝင္လာပါသည္။မ်က္ႏွာကိုအေသအခ်ာ ၾကည့္ေသာအခါ အေရမ်ားတြန႔္လိမ္ေနေသာ ေမ်ာက္အိုႀကီးတစ္ေကာင္ သည္ သြားမ်ားကို ၿဖီးကာ ကြၽန္ေတာ္၏ မ်က္လုံးမ်ားကို စူးစိုက္ၾကည့္ေန သကဲ့သို႔ထင္မိပါသည္။သို႔ႏွင့္အ႐ုပ္ႀကီးကိုအလင္းေရာင္မ်ားစြာမရွိလွေသာ ေထာင့္တစ္ေထာင့္တြင္ ေနရာခ်ထားေပးလိုက္ပါသည္။ ဝါႏုမွာ ဧည့္ခန္း အတြင္း၌ အ႐ုပ္ႀကီးထားသည္ကိုပင္ မေက်နပ္ဘဲ တဗ်စ္ေတာက္ေတာက္ ေျပာေနပါသည္ ။
အ႐ုပ္ႀကီး၏ မ်က္ႏွာခ်င္းဆိုင္ဘက္တြင္ ေပါ့ပါးေသာသစ္သားျဖင့္ ျပဳလုပ္ၿပီးေသာဗ်ိဳင္း႐ုပ္တစ္ခုရွိ၏။ ေအာက္ခံခုံမွာေငြကြပ္ထားသည့္ၾကာဖူး
၄ ပြင့္သဏၭာန္ ေရအုန္းသားျဖင့္ျပဳလုပ္ထားေသာ ခုံတစ္ခုျဖစ္ေလသည္။ ဗ်ိဳင္း႐ုပ္မွာ ကိုင္းပင္မ်ားၾကားမွ ေျခတစ္ဖက္လွမ္း၍ ထြက္လာဟန္ျဖစ္ၿပီး လွ်င္လြန္စြာလွပစြာေဆးျခယ္ထား၏။ ပခုကၠဴၿမိဳ႕ရွိမိတ္ေဆြတစ္ဦးကမဝါႏု အားလက္ေဆာင္ေပးေသာ အ႐ုပ္ျဖစ္သျဖင့္ ကြၽန္ေတာ္၏ ဇနီးကိုယ္တိုင္ အရိပ္တၾကည့္ၾကည့္ေနေသာ အ႐ုပ္ ျဖစ္ေလသည္။ တစ္ေန႔ေသာနံနက္ခင္း၌မဝါႏုသည္ဗ်ိဳင္း႐ုပ္ကိုဖုန္မ်ားသုတ္ၿပီးေနာက္ အျခားေခါင္းရင္းဘက္ေထာင့္သို႔ေျပာင္းေ႐ႊ႕ရန္ေအာက္ေျခကိုခြၽတ္၍”မ”ယူ လာ၏။ေခါင္းရင္းဘက္သို႔လာစဥ္လမ္း၌ကုလားထိုင္တစ္ခုဆီး၍ေနသျဖင့္ ထရံဘက္သို႔ခပ္ကပ္ကပ္လာခဲ့ရာကြၽန္ေတာ္ယူခဲ့ေသာ ကုလားအဘိုးႀကီး” ႐ုပ္ေရွ႕သို႔ေရာက္ေသာအခါမဝါႏု၏လက္ဝဲဘက္ပခုံးေနာက္ခပ္မွီမွီထား၍ ယူလာေသာဗ်ိဳင္း၏လည္တံသည္အဘိုးႀကီး၏လက္ဝဲဘက္လက္ႏွင့္ၿငိၿပီး
ေနာက္အ႐ုပ္သည္ မဝါႏုလက္မွလြတ္က်ကာလည္တံေရာေျခေထာက္ပါ က်ိဳး၍သြားေလသည္။
“ဝုန္း”ခနဲအသံၾကားရသျဖင့္ ကြၽန္ေတာ္သည္ အလုပ္ခန္းမွ ဧည့္ခန္း ဘက္သို႔ ကူးလာခဲ့ရာ မဝါႏုမွာ သူအျမတ္တႏိုးထားေသာ ဗ်ိဳင္း႐ုပ္ကေလး က်ိဳးသြားသည္ကိုယူက်ဳံးမရျဖစ္ကာ သစ္သားစမ်ားကိုၾကမ္းေပၚမွေကာက္ ယူလ်က္ ရွိသည္ကို ေတြ႕ရေလ၏။ သူေျပာပုံမွာ ဗ်ိဳင္း႐ုပ္ကို ပခုံးႏွင့္ ေမွး၍ ယူလာစဥ္ကုလားအဘိုးႀကီးလက္ကဗ်ိဳင္းလည္ပင္းကိုလွမ္းဆြဲလိုက္သကဲ့ သို႔ပင္ ထင္ရေၾကာင္းျဖင့္ ကြၽန္ေတာ့္အားေျပာျပပါသည္။
ကြၽန္ေတာ္။“မဟုတ္ႏိုင္တာပဲႏုရယ္ – အ႐ုပ္က ဘယ့္ႏွယ္လုပ္ၿပီးလွမ္း
ဆြဲႏိုင္မလဲ”
ႏု။“ကြၽန္မယူလာတာအ႐ုပ္နဲ႔လြတ္ပါတယ္ေမာင္ရယ္။ ကြၽန္မစိတ္ထဲ မွာ ဒီအ႐ုပ္ႀကီး မၾကည့္ခ်င္ဘူးေမာင္။ မ်က္ႏွာၾကည့္ရတာ လူကိုေျခာက္ျပ သလိုပဲ။ ႏုေတာ့ ၾကည့္ရင္းၾကည့္ရင္း ေၾကာက္လာတယ္”
“ႏုကလည္းကြယ္-ကေလးမဟုတ္ သူငယ္မဟုတ္ စိတ္ထင္တာေတြ ေလွ်ာက္ေျပာမေနစမ္းပါနဲ႔”
“စိတ္ထင္တာမဟုတ္ပါဘူး ေမာင္။ ေရွ႕နား နည္းနည္းလြန္မွ လွမ္းဆြဲ သလို တင္းခနဲျဖစ္သြားတယ္”
“ဒါက ဗ်ိဳင္းလည္ပင္းနဲ႔ သြားၿငိလို႔ျဖစ္မွာေပါ့ႏုရဲ႕”
“ ဟင့္အင္း။ ဘာပဲျဖစ္ျဖစ္ ႏုေတာ့ ဒီအ႐ုပ္ႀကီးကို အိမ္ထဲမွာေတာင္ မထားခ်င္ေတာ့ဘူး။ ၿပီးေတာ့ ဖုန္ေတြဘာေတြ ႏုမသုတ္ဘူးေနာ္” “ႏု မသုတ္ခ်င္ရင္ မိေအးအသုတ္ခိုင္းေပါ့ ႏုရဲ႕”
“မိေအးကလည္း မသုတ္ခ်င္ဘူး။ သူလည္းေၾကာက္တယ္တဲ့” “ ဒါျဖင့္ ေမာင့္အ႐ုပ္ႀကီးကို တစ္အိမ္လုံးေၾကာက္ေနၾကတာေပါ့”
“ဟုတ္တယ္ ေမာင္”
အ႐ုပ္ႀကီး၏မ်က္ႏွာကို အနီးသို႔ကပ္၍ၾကည့္မိေသာအခါ အဘိုးႀကီး သည္ကြၽန္ေတာ့္အားေျပာင္ၿဖီးၿဖီးၿပဳံးစိစိၾကည့္ေနသကဲ့သို႔ ထင္ရပါသည္။
ထို႔ေနာက္ ကြၽန္ေတာ္သည္ မဝါႏုအား ယခုကဲ့သို႔ မေျပာပေလာက္ သည့္မေတာ္တဆျဖစ္ပြားမႈကေလးကိုအယူမသည္းသင့္ေၾကာင္းျဖင့္ေခ်ာ့ ေမာ့ေျပာဆိုကာ သုံးပိုင္းျပတ္လ်က္ရွိေသာ ဗ်ိဳင္း႐ုပ္ကေလးကို ကြၽန္ေတာ္ ကိုယ္တိုင္ တတ္ႏိုင္သမွ် ေနသားတက်ျဖစ္ေအာင္ ျပန္၍ ဆက္ေပးလိုက္ ပါသည္။ ကြၽန္ေတာ္၏ ကုလားအဘိုးႀကီး” ႐ုပ္ကိုလည္း ေခ်ာင္က်ေသာ ေနရာတစ္ခုသို႔ ေ႐ႊ႕ေျပာင္းထားလိုက္ပါသည္။
နံနက္လင္းလွ်င္ကြၽန္ေတာ္၏ဇနီးသည္ဘုရားေက်ာင္းေဆာင္ရွိေညာင္
ေရအိုးမ်ားႏွင့္တကြ အိမ္ဝရန္တာရွိ ပန္းအိုးမ်ားဧည့္ခန္းတြင္ အလွထား သည့္ ပစၥည္းမ်ားကို လိုက္လံၾကည့္ရႈလ်က္ တစ္ခါတစ္ရံ အေစခံမကေလး မိေအးကို မခိုင္းဘဲ သူကိုယ္တိုင္ဖမ်ားသုတ္ေလ့ရွိပါသည္။ ကြၽန္ေတာ္၏ အ႐ုပ္ႀကီးကိုမူ မသုတ္ဘဲ ခ်န္ထားေလ့ရွိပါသည္။
ထမင္းခ်က္ရန္ႏွင့္ အိမ္ေဝယ်ာဝစၥလုပ္ရန္ ငွားထားေသာ မိေအးက လည္းေၾကာက္႐ြံ႕သည္ဆိုကာအ႐ုပ္ႀကီးအနီးသို႔ပင္မကပ္ပါ။ကြၽန္ေတာ္တစ္ ေယာက္တည္းသာ အားလပ္သည့္အခါမ်ား၌ သုတ္သင္ပြတ္တိုက္ရပါ သည္။
ေနာက္တစ္ေန႔ကြၽန္ေတာ္အလုပ္မွျပန္လာေသာအခါအ႐ုပ္ႀကီးေရွ႕တြင္ ကုလားထိုင္တစ္လုံးေရာက္ေနသည္ကိုေတြ႕ရသျဖင့္မဝါႏုအားဤေနရာသို႔ ကုလားထိုင္မည္သည့္အတြက္ေရာက္ေနေၾကာင္းေမးျမန္းရာထိုေန႔နံနက္
၁ဝ နာရီေလာက္က သူေရခ်ိဳးခန္းသို႔ အလာ၌ အ႐ုပ္ႀကီးေရွ႕မွ ျဖတ္သြားစဥ္ ပခုံးေပၚ၌တင္လာေသာ မ်က္ႏွာသုတ္ပဝါသည္ အ႐ုပ္ႀကီးလက္ႏွင့္ၿငိ၍ က်န္ရစ္ခဲ့ေၾကာင္း၊ ေနာင္ ဤေရွ႕မွ ဖ်တ္ခနဲ ဆြဲယူလိုက္သကဲ့သို႔ ထင္ရ ေၾကာင္းျဖင့္ ေျပာပါေသးသည္။ ကြၽန္ေတာ္၏ ဇနီးမွာ အလြန္အစြဲအလမ္း ႀကီးေနဟန္တူပါသည္။ သို႔ေသာ္ ကြၽန္ေတာ္ကမူ အနည္းငယ္မွ် မယုံၾကည္
ပါ။
ေနာက္တစ္ပတ္ခန႔္မွ်ၾကာလတ္ေသာကြၽန္ေတာ္တို႔၂ေယာက္စလုံးပင္ အ႐ုပ္ႀကီးအေၾကာင္းကို ေမ့ေလ်ာ့ေနပါသည္။
ထိုေန႔မွာကြၽန္ေတာ္အလုပ္ကိစၥမရွိေသာေန႔ျဖစ္သျဖင့္နံနက္၁၁နာရီ ေလာက္တြင္မဝါႏုႏွင့္အတူထမင္းစားေနၾကပါသည္။မိေအးမွာမီးဖိုေခ်ာင္
တြင္ အလုပ္မ်ားလ်က္ရွိေနပါသည္။ ထမင္းစား၍မၿပီးမီ ဧည့္ခန္းဘက္မွ တက်ိက်ိျမည္ေနေသာ အသံႏွင့္အတူ ငွက္တစ္ေကာင္၏ ေတာင္ပံ႐ိုက္ ခတ္သံကဲ့သို႔ တဖ်တ္ဖ်တ္ျမည္ေသာအသံမ်ားကို ၾကားရပါသည္။ ဧည့္ခန္း မွာ ထမင္းစာခန္းႏွင့္ ကပ္လ်က္ရွိသျဖင့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံးပင္ ဧည့္ခန္းဘက္သို႔ အေျပးအလႊားလာခဲ့ၾကရာ ပြင့္ေနေသာ ျပတင္းေပါက္ တစ္ေပါက္မွာလမ္းမွားဝင္လာဟန္တူေသာစာကေလးတေကာင္သည္ဧည့္ ခန္းထဲတြင္ တရၾကမ္းပ်ံသန္းေနသည္ကိုေတြ႕ရပါသည္။ထိုျပတင္းေပါက္မွ ျပန္ထြက္ရန္ကြၽန္ေတာ္တို႔ကလည္းအျခားဘက္မွကာဆီး၍ေျခာက္ေသာ္ လည္းစာကေလးသည္ ပို၍ေၾကာက္လန႔္ကာ အခန္းနံရံကိုလည္းေကာင္း၊ အခန္းတြင္းရွိ အိမ္ေထာင္ပရိေဘာဂမ်ားကို လည္းေကာင္း၊ အလွအပ ထားေသာအ႐ုပ္မ်ားႏွင့္ပန္းအိုးမ်ားကိုလည္းေကာင္းအတင္းဝင္၍တိုးတိုက္ ေနပါေတာ့သည္။ ေနာက္ဆုံး မဝါႏုက လက္သုတ္ပဝါျဖင့္ ျပတင္းေပါက္ ဆီသို႔ေရာက္ေအာင္ ေျခာက္လိုက္သည္တြင္ စာကေလးသည္ အ႐ုပ္ႀကီး
ရွိေသာ အခန္းေထာင့္ဆီသို႔ လ်င္ျမန္ေသာအဟုန္ျဖင့္ ပ်ံသြားၿပီးေနာက္ အ႐ုပ္ႀကီး၏ လက္ယာဘက္လက္ ခြၽန္ထက္ေသာ လက္ညႇိဳး၌ တံစို႔ထိုး သကဲ့သို႔ စိုက္၍ေနပါေတာ့သည္။ တစ္လက္မခန႔္သာ အဝွမ္းရွိေသာ လက္ ၾကားထဲသို႔ဤကဲ့သို႔ေရာက္သြားၿပီးလွ်င္ လက္မျဖင့္ညႇပ္ကာမလႈပ္မယွက္ ရွိေနသည့္အျဖစ္ကို ကြၽန္ေတာ္ပင္ အံ့ဩမိပါေတာ့သည္။ စာကေလး၏ကိုယ္ႏွင့္ေတာင္ပံမ်ားၾကားမွေသြးမ်ားစီးက်လာရာကြၽန္
ေတာ္တို႔မွာ အလြန္ပင္ စိတ္မေကာင္းျဖစ္ၾကရပါသည္။
ကြၽန္ေတာ္သည္ စာကေလးကို အ႐ုပ္ႀကီးလက္ထဲမွ ခဲယဥ္းစြာ ဆြဲယူ လိုက္ပါသည္။ ကြၽန္ေတာ့္လက္ထဲတြင္ တဖ်တ္ဖ်တ္ျဖစ္ကာ ၾကမ္းေပၚသို႔ က်သြားၿပီးေနာက္ၿငိမ္သက္သြားပါေတာ့သည္။လက္ေခ်ာင္းသည္ရင္ဘတ္ အတြင္းသို႔လက္မဝက္ခန႔္စူးဝင္သြားၿပီးလွ်င္ေတာင္ပံမ်ားလည္းက်ိဳးသြားပါ
သည္။ ဤမွ်ေလာက္ ခဲခဲယဥ္းယဥ္းျဖစ္ရသည္ကို ကြၽန္ေတာ္ကိုယ္တိုင္ အံ့ၾသ၍ေနမိပါသည္။မဝါႏုမွာမူအလြန္ေၾကာက္႐ြံ႕ကာမ်က္လုံးျပဴးမ်က္ဆံ ျပဴးျဖစ္၍ ေနပါေတာ့သည္။ အ႐ုပ္ႀကီးသည္ မဂၤလာရွိေသာ အ႐ုပ္မဟုတ္ သျဖင့္ ေကာင္းက်ိဳးခ်မ္းသာမေပးသည့္အျပင္ ေဘးဒုကၡအမ်ိဳးမ်ိဳးျဖင့္ ေတြ႕ ႀကဳံရေၾကာင္း ေျပာပါသည္။ ကြၽန္ေတာ္က မေတာ္တဆ ျဖစ္ပြားျခင္းမွ်သာ ျဖစ္ေၾကာင္း ခုခံေျပာဆိုရေသာ္လည္း ဤတစ္ႀကိမ္၌ ကြၽန္ေတာ္၏ စိတ္ ထဲ၌ပင္ယနမကင္းသကဲ့သို႔ျဖစ္လာပါသည္။ သို႔ေသာ္ သာမန္သစ္သား႐ုပ္ တစ္႐ုပ္က ဤကဲ့သို႔ ျပဳလုပ္ႏိုင္ပါမည္ေလာဟု စဥ္းစားမိေသာအခါ ကြၽန္ ေတာ္ကိုယ္တိုင္ပင္ ျပန္၍ရွက္မိသကဲ့သို႔ ျဖစ္ပါေတာ့သည္။ အဘိုးႀကီး၏လက္ယာဘက္လက္မွလက္ညႇိဳးမွာလက္ဝဲဘက္သို႔ ေငါ
ထြက္ကာခြၽန္ထြက္လ်က္ရွိသျဖင့္ အနည္းဆုံးဤခြၽန္ထက္ေသာေနရာကို ျဖတ္ပစ္ရန္ အႀကံေပးပါသည္။
ဤသို႔ျဖတ္ပစ္လိုက္လွ်င္ အစြန္းထြက္ျခင္းရွိေတာ့မည္မဟုတ္သျဖင့္ တစ္စုံတစ္ရာႏွင့္ ၿငိတြယ္ရန္ အေၾကာင္းမရွိေတာ့ပါ။ သို႔ျဖစ္၍ ကြၽန္ေတာ္၏ ဇနီးသည္ အႀကံေပးခ်က္မွာ အလြန္သင့္ျမတ္လွပါသည္။ သို႔ေသာ္ ဤမွ်
ေလာက္ ရွားပါးစြာ ေကာက္ယူရရွိခဲ့ေသာ ပစၥည္းျဖစ္သျဖင့္ ကြၽန္ေတာ္မျပဳ လုပ္လိုပါ။ မဝါႏုကမူ ယခုအခ်က္ခ်င္းပင္ ျဖတ္ပစ္ရန္ တိုက္တြန္းလ်က္ ရွိပါ ေတာ့သည္။
ေနာက္ဆုံးတြင္နားပူလွသျဖင့္ခြၽန္ထြက္ေနေသာလက္ညႇိဳးကိုျဖတ္ပစ္ ေတာ့မည္…ဟုေနာက္ေဖးဂိုေဒါင္သို႔သြား၍လႊတစ္စင္းကိုယူလာခဲ့ပါသည္။
ကြၽန္ေတာ္သည္လႊကိုကိုင္၍အ႐ုပ္ႀကီးအနီးသို႔ခ်ဥ္းကပ္သြားပါသည္။အ႐ုပ္
ႀကီး၏မ်က္ႏွာကိုၾကည့္မိေသာအခါကြၽန္ေတာ္သည္ဖ်တ္ခနဲလန႔္၍သြားမိ
ပါသည္။
မ်က္ႏွာမွာ ယခင္က လူကိုစိုက္ၾကည့္ေနသကဲ့သို႔ ေျပာင္ၿဖီးၿဖီး ၿပဳံးစိစိ မ်က္ႏွာမဟုတ္ေတာ့ဘဲ မဲ့႐ြဲ႕ညႇိဳးငယ္စြာရွိေနသည္…ဟု ကြၽန္ေတာ္ထင္မိ ပါသည္။ အနီးသို႔ကပ္၍ၾကည့္ေလေလ၊ဝမ္းနည္းေၾကကြဲသည့္အမူအရာမ်ိဳး
မ်က္ႏွာေပၚတြင္ေပၚလာေလေလထင္ရပါသည္။
သို႔ႏွင့္ကြၽန္ေတာ္လည္းမဝါႏုအားေဖ်ာင္းဖ်ကာအကယ္၍ျဖတ္ပစ္လိုက္ ကအ႐ုပ္မွာ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ကာအခ်ိဳးအခ်ိတ္တည့္ေတာ့မည္မဟုတ္ ေၾကာင္း၊ရွားပါးေသာအႏုပညာေရွးလက္ရာေဟာင္းတစ္ခုကိုဖ်က္ဆီးပစ္ရန္
မသင့္ေၾကာင္း၊ သူအျမတ္တႏိုးထားေသာ အ႐ုပ္မ်ားႏွင့္ ႏႈိင္းစာၾကည့္သင့္ ေၾကာင္းစသည္ျဖင့္ ေျပာရေတာ့၏။
ကြၽန္ေတာ္၏ဇနီးသည္မွာမူ စိတ္မေက်မခ်မ္းပင္ ရွိေနေသး၏။ မဝါႏုသည္အခန္းထဲမွထြက္သြား၍ကြၽန္ေတာ္လည္းမေရွးမေႏွာင္ပင္ သူ႔ေနာက္က လိုက္သြား၏။ သို႔ေသာ္ တံခါးဆီသို႔ေရာက္၍ ေနာက္သို႔ ျပန္ လွည့္ၾကည့္လိုက္သည္တြင္အ႐ုပ္ႀကီးသည္ကြၽန္ေတာ့္အားမ်က္စိတစ္ဖက္
မွိတ္ကာၿပဳံး၍ျပလိုက္သကဲ့သို႔ထင္လိုက္ရ၏။ ဤသည္တို႔မွာ မဝါႏု၏အယူ သည္းမႈ၊ ေၾကာက္႐ြံ႕မႈတို႔သည္ ကြၽန္ေတာ့္အား ကူးစက္လ်က္ကြၽန္ေတာ္၏ စိတ္မ်ား ေခ်ာက္ခ်ားလာသျဖင့္ ျဖစ္ရျခင္းေပေလာ…မေျပာတတ္ေပ။
ကြၽန္ေတာ္တို႔၏ အိမ္ေထာင္ေရးသည္ ထိုအခ်ိန္အထိ အဆင္ေျပ၍ လာခဲ့ပါသည္။
ဤသို႔ရွိေနရာမွေမာင္ဘၿမိဳင္ဆိုေသာသူငယ္တစ္ေယာက္ေရာက္လာ
ပါသည္။ ေမာင္ဘၿမိဳင္မွာ မဝါႏုဘက္မွ ေမာင္တစ္ဝမ္းကြဲ ေတာ္စပ္သူျဖစ္၍ မၾကာမီကမွ ေက်ာက္ျဖဴၿမိဳ႕ ေၾကးတိုင္႐ုံးသို႔ စာေရးႀကီးဘဝျဖင့္ ေျပာင္းေ႐ႊ႕ လာပါသည္။
ကြၽန္ေတာ္တို႔ထံသို႔ လာေရာက္ႏႈတ္ဆက္ရာ မဝါႏုကပင္ အိမ္တြင္ လူနည္းသျဖင့္တစ္ေၾကာင္း၊ ကြၽန္ေတာ့္မွာလည္းေတာသို႔မၾကာခဏတက္၍
စပါးဝယ္ရသျဖင့္တစ္ေၾကာင္း၊ေမာင္ဘၿမိဳင္မွာလည္းအိုးအိမ္မရွိေသးသျဖင့္ တစ္ေၾကာင္းမိမိတို႔အိမ္သို႔လာေရာက္ေနထိုင္ကႏွစ္ဦးႏွစ္ဖက္အဆင္ေျပ ရန္ ရွိေၾကာင္းျဖင့္ အႀကံေပးရာကြၽန္ေတာ္ကပါ သေဘာတူလိုက္ပါသည္။
သို႔ႏွင့္ ေမာင္ဘၿမိဳင္သည္ ၄ – ၅ ရက္အတြင္း၌ သူ၏ပစၥည္းကေလး မ်ားကို ယူ၍ ကြၽန္ေတာ္တို႔အိမ္သို႔ ေျပာင္းေ႐ြ႕လာပါသည္။ လ်င္ျမန္ဖ်တ္ လတ္၍ ေပါ့ပါးေသာ လူငယ္တစ္ေယာက္ျဖစ္ၿပီးလွ်င္ ႐ုပ္ရည္လည္း သင့္ တင့္သူတစ္ေယာက္ ျဖစ္ပါသည္။
ယခင္အခါမ်ားက ကြၽန္ေတာ္သည္ ေတာသို႔ ႏွစ္ညအိပ္၊ သုံးညအိပ္မွ် တက္သြားေသာအခါ မဝါႏုအား အိမ္တြင္ စိတ္မခ်သျဖင့္တစ္ေၾကာင္း၊ သူ ကိုယ္တိုင္ကလည္း မေနရဲသျဖင့္တစ္ေၾကာင္း သူ၏ အရီးအိမ္သို႔ ပို႔၍ထား ခဲ့ရၿပီးလွ်င္ ကြၽန္ေတာ္က ျပန္လာေသာအခါမွ ဝင္၍ေခၚခဲ့ရပါသည္။ ထမင္း ခ်က္ မိေအးမွာလည္း မ်က္မျမင္ အေမအိုႀကီးတစ္ေယာက္သာရွိ၍ အိမ္သို႔ လာ၍မအိပ္ႏိုင္ပါ။ နံနက္ေဝလီေဝလင္းတြင္ေရာက္လာတတ္၍ညဥ့္ေမွာင္ လွ်င္ သူ႔အိမ္သို႔ ျပန္သြားပါသည္။
ယခုမူ အိမ္သို႔ ေမာင္ဘၿမိဳင္ေရာက္လာသျဖင့္ အေတာ္ပင္ အဆင္ ေျပ၍ သြားပါေတာ့သည္။ ေတာသို႔ ကုန္ဝယ္ရန္ တစ္ရက္၊ ႏွစ္ရက္မွ် တက္ သြားေသာအခါ၌ေသာ္လည္းေကာင္း၊ ရပ္ေဝးသို႔ ၃ – ၄ ညအိပ္ ခရီးသြား ေသာအခါမ်ား၌လည္းေကာင္း အိမ္အတြက္ပူပန္စရာမရွိေတာ့ပါ။
ေမာင္ဘၿမိဳင္မွာ နံနက္ ၉ နာရီအခ်ိန္တြင္ ႐ုံးသြား၍ ညေန ၅ နာရီတြင္
အခ်ိန္မွန္ ျပန္ေလ့ရွိပါသည္။ အလည္အပတ္ အလြန္နည္း၍ အိမ္မွာသာ စာဖတ္ေနေလ့ရွိပါသည္။ သူ႔အစ္မကို အလြန္ခင္မင္ၿပီးလွ်င္ သူ႔အစ္မက လည္း အိမ္၌ အားကိုးအားထားရသူတစ္ေယာက္ တိုးလာသည့္အေနျဖင့္ အလြန္ဂ႐ုစိုက္ပါသည္။ မဝါႏုအား“မမ” ဟုေခၚ၍ ကြၽန္ေတာ္အား“အစ္ကို ႀကီး”ဟုေခၚပါသည္။စိတ္သေဘာထား႐ိုးေျဖာင့္သူတစ္ေယာက္ျဖစ္ေၾကာင္း ကိုလည္း ေတြ႕ရပါသည္။ သို႔ျဖစ္၍ ကြၽန္ေတာ့္မွာ အလုပ္ကို ယခင္ကထက္ က်ယ္ျပန႔္စြာလုပ္ႏိုင္ၿပီးလွ်င္ ခရီးသြားရာ၌လည္းစိတ္ေအးလက္ေအးသြား ႏိုင္ပါေတာ့သည္။ အလုံးစုံၿခဳံ၍ေျပာရမည္ဆိုေသာ္ေမာင္ဘၿမိဳင္ေရာက္လာ သည့္အတြက္ကြၽန္ေတာ္တို႔အိမ္ေထာင္မွာယခင္ကထက္သာယာစိုျပည္၍ လာပါေတာ့သည္။ သို႔ေသာ္ ကြၽန္ေတာ္၏ စိတ္အေႏွာင့္အယွက္တစ္ခုမွာ ေမာင္ဘၿမိဳင္ကအ႐ုပ္ႀကီး”ကိုမလိုမုန္းတီးကာမ်က္ေစာင္းတခဲခဲႏွင့္ရွိေန ျခင္း ျဖစ္၏။ သူ႔အစ္မ ေျခရာကိုနင္းကာ အ႐ုပ္ႀကီးကို ျမင္သည့္အခါတိုင္း “ဖြ ဖြယ္ ” ပင္လုပ္၍ သြားတတ္၏။ တစ္ခါတြင္ ေမာင္ဘၿမိဳင္က ကြၽန္ေတာ္
အား .
“ဒီကုလားအဘိုးႀကီး႐ုပ္ကိုဘာျဖစ္လို႔ဧည့္ခန္းမွာလာထားသလဲအစ္ကို ႀကီးရဲ႕။ အက်ည္းတန္က တန္ပါဘိနဲ႔။ ျမင္လိုက္တိုင္း ေအာ့ႏွလုံးနာစရာ ေကာင္းတာပဲ”
“အက်ည္းတန္တာသာေမာင္ဘၿမိဳင္ကျမင္တာကိုး။ေရွးကယဥ္ေက်းမွ လက္ရာတစ္ခုဆိုတာလည္း သတိရဦးမွေပါ့” “ဘယ္လို ေရွးေဟာင္းလက္ရာလဲ”
“ပင္လယ္ကမ္းေျခကအစ္ကိုႀကီးတို႔ေကာက္ယူခဲ့တယ္ေလ။ပင္လယ္
လႈိင္းပုတ္ၿပီးလာတင္ေနတာမဟုတ္လား။ တို႔ဗမာႏိုင္ငံကပစၥည္းမဟုတ္ဘူး ေမာင္ဘၿမိဳင္။ အစ္ကိုႀကီးစိတ္ထင္ေတာ့ အိႏၵိယျပည္ဘက္ကလား၊ ဒါမွ မဟုတ္လည္းသေဘၤာျဖစ္ေစ၊ေလွႀကီးျဖစ္ေစပ်က္လို႔အဲဒီကေမ်ာပါလာတဲ့
အ႐ုပ္လား မသိရဘူး”
“ ဘာပဲျဖစ္ျဖစ္ ၾကည့္ရတာ က်က္သေရမရွိပါဘူး၊ အစ္ကိုႀကီးရယ္”
“အႏုပညာဆိုတာလွတာေခ်ာတာကိုမွအႏုပညာရယ္လို႔ ဘယ္ဟုတ္ မလဲ ေမာင္ဘၿမိဳင္။ ထူးဆန္းတာ၊ ေရွးဆန္တာ၊ သဘာဝက်တာေတြဟာ လည္း အႏုပညာေတြပဲ မဟုတ္လား”
“ဟုတ္ေတာ့ဟုတ္ပါတယ္။ ႏို႔ေပမဲ့- အစ္ကိုႀကီးတို႔အိပ္တဲ့အခန္းထဲက မမသေဘာက်တဲ့ေငြဗ်ိဳင္းျဖဴ႐ုပ္ကေလးလိုမွကြၽန္
ကိႏၷရာ႐ုပ္ကေလးလိုမွ၊
ေတာ္ၾကည့္ခ်င္တယ္”
“ၿပီးေတာ့ ဒီအ႐ုပ္ဟာ လူ႐ိုင္းကြၽန္းတစ္ကြၽန္းကြၽန္းက ကိုးကြယ္တဲ့ နတ္၊ သို႔မဟုတ္ ဘုရား႐ုပ္တုမ်ိဳးလည္း ျဖစ္ႏိုင္တယ္” “အိႏၵိယသမုဒၵရာထဲမွာေတာ့ ရွိႏိုင္မယ္မထင္ပါဘူး အစ္ကိုႀကီးရယ္” “ပစိဖိတ္သမုဒၵရာတို႔၊ ေတာင္သမုဒၵရာတို႔ကလည္းေမ်ာလာႏိုင္တယ္။ ၿမိတ္နဲ႔ ထားဝယ္ဘက္ကမ္းေျခမွာ ေပါက္တဲ့ သစ္ပင္ႀကီးေတြေတာင္ ေရစီး ေၾကာင္းနဲ႔တစ္ခါတေလေမ်ာပါၿပီးေရာက္လာတယ္။လြန္ခဲ့တဲ့၅ႏွစ္ေလာက္
ကလည္း ပစိဖိတ္သမုဒၵရာမွာေနတယ္တဲ့ ေဝလငါးႀကီးမ်ိဳးတစ္ေကာင္ရဲ႕ ေခါင္းပိုင္းႀကီးဟာ ဝံလက္ေမာ္႐ြာ ေတာဘက္နားမွာ လႈိင္းပုတ္ၿပီး ကမ္းမွာ တင္ေနတာ ေတြ႕ဖူးတယ္”
“အဲဒီလိုလူ႐ိုင္းေတြကိုးကြယ္တဲ့နတ္႐ုပ္မ်ားျဖစ္ေလေရာ့သလားအစ္
ကိုႀကီးရယ္”
“ျဖစ္ခ်င္လည္း ျဖစ္ႏိုင္တာေပါ့ကြယ္။ အင္မတန္ အခ်ိဳးအစားက်ၿပီး လက္ရာကလည္း တို႔ဗမာလက္ရာနဲ႔ မတူဘူး”
ဘူး”
“ၿပီးေတာ့ ဒီဟာႀကီးဟာ ေျခာက္မ်ားေျခာက္သလား … မေျပာတတ္
“မဟုတ္တာကြယ္၊ ဘာျဖစ္လို႔လဲ”
“မေန႔မနက္က ေခါင္းရင္ဘက္မွာထားတဲ့ပန္းအိုးကေလးကို ေအာက္ ခ်ေပးဖို႔ မမခိုင္းလို႔ကြၽန္ေတာ္သြားတဲ့အခါသူ႔ေရွ႕ကျဖတ္သြားရတယ္။ ကြၽန္ ေတာ္လည္း သူ႔မ်က္ႏွာႀကီး ၾကည့္ရမွာ ေၾကာက္တာနဲ႔ မ်က္ႏွာကို ခပ္လႊဲလႊဲ
ထားသြားပါတယ္။ ေရွ႕နားလည္းလြန္မိေရာ ကြၽန္ေတာ့ပခုံးကို ေနာက္က တို႔လိုက္သလိုပဲ ထင္ရတယ္။ ဖ်တ္ခနဲ ကြၽန္ေတာ္ လွည့္ၾကည့္ေတာ့ သူ႔ လက္တစ္ဖက္ကေနာက္ကို႐ုပ္လိုက္သလိုလႈပ္သြားတာျမင္လိုက္ရတယ္
အစ္ကိုႀကီးရဲ႕”
“ ဟုတ္မယ္ မထင္ပါဘူးကြယ္၊ မင္း စိတ္ထင္လို႔မ်ားလား” “ဒီဟာထားပါဦး။ ကြၽန္ေတာ္လည္းစိတ္ဆိုးၿပီး-တယ္ဒီအေကာင္ႀကီး ငါကန္လိုက္ရဆိုၿပီး ပါးစပ္က ႐ြတ္ရင္း ကစားရင္း ေျခေထာက္နဲ႔ကန္သလို လုပ္လိုက္မိတယ္။ အဲဒီလိုလည္းလုပ္လိုက္ေရာကြၽန္ေတာ့္ညိဳ႕သက်ည္းကို လူတစ္ေယာက္ကတကယ္ကန္လိုက္သလိုဖ်တ္ခနဲျဖစ္သြားတယ္။တကယ္ နာသြားၿပီး လုံခ်ည္လွန္ၾကည့္တဲ့အခါ အဲဒီေနရာမွာ အညိဳမည္းစြဲေနပါေလ ေရာ့လား အစ္ကိုႀကီးရဲ႕။ မယုံရင္ ဒီမွာၾကည့္ေလ”
သည္။
ေမာင္ဘၿမိဳင္သည္ သူ၏ေျခသလုံးကိုလွန္၍ ကြၽန္ေတာ္အား ျပပါ
“အရာထင္ေနတာေတာ့ ဟုတ္ပါရဲ႕။ ႏို႔ေပမဲ့- ေအာက္ကခုံစြန္းကိုမ်ား မင္း သြားၿပီး ကန္မိသလားမွ မေျပာတတ္ဘဲ”
“မကန္မိပါဘူးအစ္ကိုႀကီးရယ္။ေအာက္ခုံမွာေရွ႕ကအစြန္းထြက္ေနတာ လည္း မရွိပါဘူး။ အဲဒီအထဲက ကြၽန္ေတာ္ေတာ့ အရင္ကထက္ ေၾကာက္ လာတယ္။ တျခားတစ္ေနရာမွာ ထားလိုက္ပါ အစ္ကိုႀကီးရယ္”
“ေအးကြယ္ – ငါလည္းစဥ္းစားပါဦးမယ္။မင္းတို႔ေမာင္ႏွမႏွစ္ေယာက္က
ဒီေလာက္ေၾကာက္ေနရင္ငါေတာ့ရန္ကုန္ျပတိုက္လႉလိုက္ရင္ အေကာင္း
ဆုံးထင္တာပဲ”
“ေကာင္းတာေပါ့ အစ္ကိုႀကီးရဲ႕- ျမန္ျမန္သာလႉလိုက္ပါ အစ္ကိုႀကီး
ရက္သတၱပတ္မ်ားသည္တျဖည္းျဖည္းကုန္လြန္လာခဲ့၏။ ေန႔ရက္မ်ား ကုန္လြန္သည္ႏွင့္အမွ် မဝါႏုႏွင့္ ေမာင္ဘၿမိဳင္တို႔၏ ရင္းႏွီးမႈသည္လည္း တိုး၍လာခဲ့၏။ေမာင္ဘၿမိဳင္ကကြၽန္ေတာ္၏ဇနီးသည္အတြက္ပန္းမ်ားခူးေပး
ျခင္း၊ ကြၽန္ေတာ္၏ ဇနီးသည္ကလည္း ေမာင္ဘၿမိဳင္အတြက္ အဝတ္အစား မ်ား မီးပူတိုက္ေပးျခင္း၊ ေခါက္ေပးျခင္းမ်ားကို ျပဳလုပ္၏။ လခထုတ္သည္ ေန႔မ်ား၌ ေမာင္ဘၿမိဳင္သည္ မဝါႏုအတြက္ အဝတ္အစား အသစ္အဆန္း ကေလးမ်ားကိုဝယ္၍လာတတ္၏။အခ်ိန္ၾကာျမင့္ေလေလ၊ သူတို႔၏ရင္းႏွီးမႈ
တိုးတက္လာေလေလျဖစ္ေတာ့၏။
တစ္ေန႔ေသာညေန၌ကြၽန္ေတာ္သည္အလုပ္မွခပ္ေစာေစာျပန္လာရာ
အိမ္ေပၚတြင္ မည္သူ႔အသံမွ် မၾကားရသည္ႏွင့္ ေအာက္ထပ္သို႔ ဆင္းလာ ခဲ့၏။ ေနာက္ေဖးစားဖိုေဆာင္၌ေရေႏြးအိုးတစ္လုံးသည္မီးဖိုေပၚတြင္ဆူေဝ လ်က္ရွိ၏။ ထိုအခါမွ ထမင္းခ်က္ မိေအးသည္ ဖ်ားေနသျဖင့္ ထိုေန႔မလာ ႏိုင္ေၾကာင္းနံနက္ခင္းကသူ႔မိခင္ႀကီးလာေျပာသည္ကိုကြၽန္ေတာ္သတိရ၏။ သို႔ျဖစ္၍ အိမ္၌ မဝါႏုတစ္ေယာက္တည္းသာ ရွိေပမည္။ မဝါႏုသည္ အိမ္ တြင္ တစ္ေယာက္တည္း ပ်င္း၍ေသာ္လည္းေကာင္း၊ အျခား အေသးအဖြဲ ကိစၥတစ္ခုခုရွိ၍ေသာ္လည္းေကာင္း၊ အိမ္နီးနားခ်င္းမ်ားထံအလည္အပတ္ သြား၍ေနေလသေလာ့ဟုေအာက္ေမ့မိ၏။
သို႔ႏွင့္ ေရေႏြးအိုးကို မီးေလွ်ာ့ကာ အိမ္ေပၚထပ္သို႔ တက္ခဲ့၏။ အဝတ္ အစားမ်ားလဲ၍ ဧည့္ခန္းသို႔ထြက္ခဲ့ေသာအခါ စားပြဲကုလားထိုင္ႏွင့္ အျခား အလွအပ ပစၥည္းအားလုံးပင္ ေျပာင္စင္စြာရွိေနလ်က္ ကြၽန္ေတာ္၏“အဘိုး ႀကီး႐ုပ္” တစ္ခုသာဖုန္တေသာေသာရွိေနသည္ကိုေတြ႕ရသျဖင့္ကြၽန္ေတာ္
လည္းအဝတ္စုတ္တစ္ခုကိုယူၿပီးလွ်င္ ေအာက္ပိုင္းကိုအဝတ္ျဖင့္ပြတ္သပ္ လ်က္ရွိစဥ္တစ္စုံတစ္ခုကကြၽန္ေတာ္၏ပခုံးကိုလက္ျဖင့္ တို႔လိုက္သကဲ့သို႔ ထင္ရ၏။ ေနာက္သို႔ျပန္၍လွည့္ၾကည့္ရာမည္သူမွ်ရွိေခ်။ သို႔ႏွင့္ ဆက္လက္ ပြတ္တိုက္လ်က္ရွိရာ ဒုတိယအႀကိမ္ လူတစ္ေယာက္က လက္ႏွင့္တို႔လိုက္ သကဲ့သို႔ ရွိသည္ကို ခံစားရျပန္၏။ အတို႔ခံရေသာေနရာႏွင့္ အနီးဆုံးမွာ အ႐ုပ္၏လက္ယာဘက္လက္သာျဖစ္၏။
ထိုအခါ ကြၽန္ေတာ္လည္း မိမိ၏မ်က္လုံးကို ပြတ္၍ၾကည့္ရာ အ႐ုပ္၏ လက္ယာဘက္လက္မွာ ယခင္ကကဲ့သို႔ ခပ္ေကြးေကြးမဟုတ္ေတာ့ဘဲ ခပ္ ေျဖာင့္ေျဖာင့္ရွိေနၿပီးလွ်င္ဟိုတစ္ႀကိမ္ကကြၽန္ေတာ္တို႔ျဖတ္ပစ္မည္ႀကံစည္
ခဲ့ေသာလက္ညႇိဳးသည္လည္း ခပ္တန္းတန္းျဖစ္ကာတစ္စုံတစ္ရာလက္ညႇိဳး ထိုး၍ ၫႊန္ျပေနသကဲ့သို႔ ရွိေတာ့၏ ။ သူ လက္ညႇိဳးၫႊန္ျပလ်က္ရွိေသာ ေနရာ၌ကား ေနာက္ေဖးဘက္သို႔ ဖြင့္ထားသည့္ မွန္ျပတင္းေပါက္တစ္ခု ရွိေလသည္။
သို႔ႏွင့္ကြၽန္ေတာ္လည္းျပတင္းေပါက္ဆီသို႔လာခဲ့ၿပီးလွ်င္ ေနာက္ေဖး ၿခံထဲသို႔လွမ္း၍ ၾကည့္လိုက္ရာ ေမာင္ဘၿမိဳင္ႏွင့္ မဝါႏုတို႔ကို မေမွ်ာ္လင့္ဘဲ ျမင္လိုက္ရ၏။ မဝါႏုက ခုံကေလးတစ္ခုအစြန္းတြင္ ကြၽန္ေတာ့္ဘက္ကို ေက်ာခိုင္းထိုင္ေန၍ ေမာင္ဘၿမိဳင္က အနီးတြင္ မတ္တတ္ရပ္လ်က္ ရွိ၏။ ကြၽန္ေတာ္ေတြ႕ျမင္ေသာခဏ၌ေမာင္ဘၿမိဳင္ကဆံထုံးတြင္ပန္းပြင့္ကေလး တစ္ပြင့္ ထိုးစိုက္ေပးလိုက္ရာ မဝါႏုက ထိုလက္ကို ပုတ္ခ်လိုက္ဟန္တူေလ သည္။ အဘယ္ေၾကာင့္ဆိုေသာ္ မဝါႏု၏ ကိုယ္အထက္ပိုင္းမွာ ခ်ဳံတစ္ခ်ဳံ ကြယ္ေန၍ပန္းပြင့္ကေလးကိုကိုင္၍လွမ္းလိုက္ေသာေမာင္ဘၿမိဳင္၏လက္ ႏွင့္ပုတ္ခ်လိုက္ေသာမဝါႏု၏ျဖဴေဖြးေသာလက္ကေလးမ်ားကိုသာရိပ္ခနဲျမင္လိုက္ရျခင္းျဖစ္ေလသည္။
ကြၽန္ေတာ္သည္ ျပတင္းတံခါးတစ္ဖက္ကို “ဂ်ိဳင္း”ခနဲ ျမည္ေအာင္ ဖြင့္ လိုက္ၿပီးလွ်င္ ဧည့္ခန္းထဲသို႔ ျပန္၍ဝင္ခဲ့၏ ။ ထူးဆန္းသည္မွာ “ကုလား အဘိုးႀကီး”သည္ကြၽန္ေတာ္ျပတင္းေပါက္ဆီသို႔သြားစဥ္က၎၏လက္မွာ ခပ္တန္းတန္း ရွိေန၍ တစ္စုံတစ္ရာကို ၫႊန္ျပေနသကဲ့သို႔ရွိေသာ္လည္း ယခု အခန္းတြင္းသို႔ ျပန္ဝင္လာေသာအခါ၌မူ အိမ္သို႔မူလယူလာခဲ့စဥ္က အေနအထားအတိုင္းပင္ ရွိေနေလသည္။
မၾကာမီ မဝါႏုႏွင့္ ေမာင္ဘၿမိဳင္ပါ အခန္းတြင္းသို႔ ဝင္လာၾကရာ ေမာင္
ဘၿမိဳင္က …
“အစ္ကိုႀကီးဒီေန႔ ေစာေစာျပန္လာသကိုး”
ဟုရယ္ေမာေျပာဆိုလ်က္မဝါႏုကမူအနည္းငယ္မ်က္ႏွာပ်က္သြားၿပီး
ေနာက္ ခ်က္ခ်င္းပင္ ဣေျႏၵျပန္၍ဆည္လိုက္ကာ ကြၽန္ေတာ့္မ်က္ႏွာကိုရဲရဲ
မၾကည့္ဘဲ…
“ေမာင္ဘယ္ကိုသြားစရာရွိေသးလဲ၊ ထမင္းေစာေစာစားၾကရေအာင္၊ ေမာင္ႀကိဳက္တတ္တဲ့ ဆိတ္ကလီစာဟင္း ခ်က္ထားတယ္” ဟုေျပာေလသည္။
ကြၽန္ေတာ္သည္ အနည္းငယ္ သံသယျဖစ္မိ၏။ သို႔ေသာ္ ထိုသံသယ မ်ိဳးမွာ မယားကို အခ်စ္လြန္ေသာသူမ်ား ျဖစ္ၿမဲဓမၼတာအတိုင္း ျဖစ္ရျခင္း ျဖစ္သည္ဟု စိတ္ကိုေျဖေဖ်ာက္လိုက္၏။
ညစာစားေသာက္ၿပီးေနာက္ ေမာင္ဘၿမိဳင္သည္ ႐ုပ္ရွင္ၾကည့္ရန္ဆို၍ အိမ္မွထြက္သြားေလရာ ကြၽန္ေတာ္ႏွင့္ မဝါႏုသာ အိမ္တြင္ က်န္ရစ္ခဲ့၏ ။ ေရမိုးခ်ိဳး၍ သနပ္ခါးလိမ္းၿပီးေနာက္မဝါႏုသည္ ကြၽန္ေတာ္စာဖတ္ေနေသာ အခန္းတြင္းသို႔ဝင္လာ၏။ သူသည္ကြၽန္ေတာ္စာဖတ္ေနေသာကုလားထိုင္
ေနာက္မွမတ္တတ္ရပ္ကာလက္ႏွစ္ဖက္ကိုကြၽန္ေတာ့္ပခုံးေပၚမွေန၍ကြၽန္ ေတာ့္ ရင္ဘတ္ေပၚသို႔ အလိုက္သင့္ခ်ထားလိုက္၏။ သူ၏ကိုယ္၌ သနပ္ခါး၊ ေပါင္ဒါနံ႔မ်ား၊ ဆံပင္မွ ဆီေမႊးနံ႔မ်ားသည္ တစ္ခန္းလုံးႀကိဳင္လႈိင္လ်က္ရွိ၏။ သန႔္ရွင္းျဖဴစင္ေသာ အဝတ္အစားမ်ားကို ဝတ္လ်က္ အျပာႏုေရာင္ တစ္ပတ္ရစ္ပိုးလုံခ်ည္ကေလးကိုဝတ္ထားရာက်စ္လ်စ္ျပည့္ၿဖိဳးေသာသူ၏ကိုယ္လုံးကိုယ္ေပါက္ကေလးမွာ တင္းတင္းရင္းရင္းရွိလွေပ၏။ “ ေမာင္ – ဒီအ႐ုပ္ႀကီးကို ရန္ကုန္ပို႔မလို႔ဆို” “ဘယ္သူေျပာလဲ”
“ေမာင္ဘၿမိဳင္ေျပာတယ္။ႏုလည္းညေနကဟင္းအိုးေတြက်ေတာ့ၿခံထဲ
သြားၿပီး ႏွင္းဆီပင္ကေလးေတြ ေျမေတာင္ေျမႇာက္ေပးေနတယ္။ အဲဒီတုန္း ကေျပာတယ္”
“ဒါက ရန္ကုန္ျပတိုက္ကို စာေရးေပးၿပီး သူတို႔က လက္ခံမွ ပို႔ျဖစ္မွာပါ
ႏုရယ္”
“ ျမန္ျမန္ပို႔ျဖစ္ရင္ သိပ္ေကာင္းမွာပဲ”
“ဘာျဖစ္လို႔လဲ”
“ဒီအ႐ုပ္ႀကီးက နည္းနည္းေလးမွ ေကာင္းက်ိဳးမေပးဘူး။ တစ္ေန႔က ေမာင္ဘၿမိဳင္ကျပက္ခ်ည္းျပက္ေခ်ာ္နဲ႔ “တယ္ဒီအေကာင္ႀကီးငါေျခေထာက္
နဲ႔ကန္လိုက္ရ”ဆိုၿပီး႐ြယ္လိုက္တာသူကမကန္ရေသးဘူး၊
သူ႔ေျခေထာက္
မွာ ေဒါက္ခနဲျမည္သြားၿပီး ေသြးခ်ည္ဥသြားသတဲ့။ ဒီအ႐ုပ္ႀကီး အသက္မ်ား ရွိေလေရာ့သလားေမာင္ရယ္”
“အို… ကလည္းမျဖစ္ႏိုင္တာေျပာေနျပန္ၿပီကြယ္။ အ႐ုပ္မွာအသက္ ရွိတယ္လို႔ န ၾကားဖူးသလား”
“ၾကားေတာ့ မၾကားဖူးပါဘူး။ ဪ…ဒါထက္ ေမာင္ မအိပ္ေသးဘူး
“အေစာႀကီးရွိေသးတာပဲ” “ႏုေတာ့ အိပ္ခ်င္လွၿပီ”
“အိပ္ခ်င္ သြားအိပ္ေပါ့”
“ဟင့္အင္း…ႏုတစ္ေယာက္တည္းေၾကာက္တယ္၊လာပါေမာင္ရယ္…
ႏုတစ္ေယာက္တည္းေၾကာက္လို႔ပါ”
ထိုေနာက္ဇနီးသည္သည္ သူ၏ျဖဴေဖြးေမႊးႀကိဳင္ေသာ
ပါးကေလးျဖင့္
ကြၽန္ေတာ္၏ပါးတစ္ဖက္ကို ပြတ္သပ္လ်က္ လက္ႏွစ္ဖက္ကလည္း ကြၽန္ ေတာ္၏လက္ေမာင္းမ်ားကို ေလွ်ာသပ္ပြတ္တိုက္လ်က္ရွိရာ ကြၽန္ေတာ့္ မွာ သူ၏လည္ပင္းကိုဖက္ကာ အားပါးတရနမ္းရႈပ္မိေလ၏။ ထို႔ေနာက္ သူ ဆြဲေခၚရာ အိပ္ခန္းဆီသို႔ လိုက္ပါသြားရေလသတည္း။
၁၅ ရက္ခန႔္ၾကာလတ္ေသာ္… ကြၽန္ေတာ္သည္ေတာသို႔စပါးဝယ္ရန္ တက္သြားရ၏။ ကြၽန္ေတာ္သြားမည့္ ႐ြာ မွာ မိုင္ ၃ဝ ခန႔္ေဝးသည့္အျပင္ စပါးကလည္းမ်ားသျဖင့္ ၂ ရက္မွ် စုေဆာင္းဝယ္ယူရမည္ျဖစ္ေသာေၾကာင့္ ၂ညအိပ္ေနမည့္ အေၾကာင္းကို အိမ္သားမ်ားအား ေျပာခဲ့၏။ သို႔ေသာ္စပါးမ်ားမွာေဈးတက္ေနသျဖင့္ကြၽန္ေတာ္ထင္သည့္အတိုင္း ဝယ္မရဘဲရွိခဲ့ရာ တစ္ညအိပ္ၿပီးသည့္ေနာက္ ေနာက္တစ္ေန႔ နံနက္ေစာ ေစာပင္ ဟင္းသီးဟင္း႐ြက္မ်ားတင္ေသာ ကားႀကဳံျဖင့္ျပန္ခဲ့၏။ ကြၽန္ေတာ္ မွာ နဂိုဝါသနာကပင္ အိမ္ကိုခင္မင္၍ အိမ္ေထာင္အတြက္ သံေယာဇဥ္ႀကီး သူတစ္ေယာက္ ျဖစ္၏။
နံနက္ ၅ နာရီသာသာတြင္ ၿမိဳ႕သို႔ ေရာက္လာခဲ့ရာ အိမ္သို႔ေရာက္ေသာ အခါ ၆ နာရီမွ် ရွိၿပီးျဖစ္ေသာ္လည္း တပို႔တြဲလ ေဆာင္းရာသီျဖစ္သျဖင့္ အလင္းေရာင္လာသည္ဆို႐ုံမွ်သာရွိေသး၏။ ၿခံတြင္းသို႔ဝင္၍တံခါးကိုေခါက္
ၿပီးလွ်င္ ဇနီးသည္၏ အမည္ကိုလည္းေကာင္း၊ ေမာင္ဘၿမိဳင္၏အမည္ကို
လည္းေကာင္းေခၚ၍မရသျဖင့္ကြၽန္ေတာ္လည္းေနာက္ေဖးမီးဖိုဘက္လွည့္ ခဲ့၏။မီးဖိုေဘးရွိျပတင္းေပါက္တံခါး႐ြက္တြင္ပ်ဥ္ခ်ပ္မရွိဘဲဟင္းလင္းျဖစ္ေန သျဖင့္၎မွလက္ႏႈိက္၍အတြင္းေမ်ာက္လက္ကိုဆြဲဖြင့္လွ်င္ရႏိုင္ေၾကာင္း ဉာဏ္ရသည့္အတိုင္း ထိုျပတင္းေပါက္ကိုဖြင့္၍ အိမ္တြင္းသို႔ ဝင္ခဲ့ေလ သည္။
ေဆာင္းတြင္းျဖစ္သျဖင့္ ကြၽန္ေတာ္၏ဇနီးသည္မွာ ႏွစ္ေယာက္အိပ္ ခုတင္ေပၚတြင္ ခ်မ္းခ်မ္းႏွင့္ ေကြးေနေပလိမ့္မည္။ သို႔ေသာ္ … မည္သို႔ပင္ ျဖစ္ေစ၊ ေမာင္ဘၿမိဳင္သည္ အိပ္ရာမွ ေစာေစာထေသာ အေလ့အက်င့္ရွိသူ တစ္ေယာက္ျဖစ္၍ အိပ္ရာမွ မုခ်ႏိုးေနရေပမည္။ ေမာင္ဘၿမိဳင္ အိပ္ရာသို႔ သြားေရာက္ၾကည့္ရႈေသာအခါျခင္ေထာင္မွာအေပၚသို႔ပင့္တင္ထားသည္ကို ေတြ႕ရ၏။ ေနာက္ေဖးတံခါးကိုဖြင့္ကာေနာက္ေဖးဘက္သို႔လွည့္ပတ္ၾကည့္ရႈ စစ္ေဆးေသး၏။ သို႔ေသာ္….မည္သူ႔ကိုမွ် မေတြ႕ရွိေခ်။
“ဒီအေကာင္ အိမ္ေပၚမ်ား တက္အိပ္ေနသလား မေျပာတတ္ဘူး” ဟု စိတ္ထဲမွေရ႐ြတ္ကာအိပ္ေပၚသို႔အေျပးအလႊားတက္သြားမိ၏။ထိုအခ်ိန္မွပင္ ဇနီးသည္အေပၚသံသယမ်ား ဝင္လာ၏။ ေမာင္တစ္ဝမ္းကြဲျဖစ္သူ ေမာင္ ဘၿမိဳင္ႏွင့္ တစ္ေန႔ထက္တစ္ေန႔ ရင္းႏွီးလာၾကပုံမ်ား၊ ယခင္က သတိမထား ခဲ့မိေသာအျပဳအမူမ်ားသည္႐ုပ္ရွင္ျပသကဲ့သို႔ကြၽန္ေတာ္၏စိတ္တြင္တစ္ခု
ၿပီးတစ္ခုေပၚ၍လာေတာ့၏။ ထိုအခါေတာတက္ရာတြင္ေဆာင္ေလ့ရွိေသာ ခါးထဲမွဓားေျမႇာင္ကိုဆြဲထုတ္မိ၏။
“ခုတင္ေပၚႏွစ္ေယာက္သားဖက္အိပ္ေနတာမ်ားေတြ႕ရင္လားကြယ္” သို႔စိတ္ကူးၿပီးေနာက္တိတ္ဆိတ္လ်က္ရွိေသာကြၽန္ေတာ္တို႔အိပ္ခန္း အနီးသို႔ ခ်ဥ္းကပ္သြားမိပါသည္။ တံခါးမွာ ေစ့႐ုံသာေစ့ထားသျဖင့္ အတြင္း သို႔တြန္းလိုက္ရာ….တံခါးပြင့္သြားပါေတာ့သည္။ဓားေျမႇာင္ဦးကိုလက္ျဖင့္
စမ္းလိုက္မိပါေသးသည္။ ထိုအခ်ိန္၌အလင္းေရာင္မ်ားသည္နံေဘးျပတင္း ေပါက္တ႐ုတ္ကပ္မ်ားၾကားမွ ဝင္လာၾကၿပီးျဖစ္ရာ ႏွစ္ေယာက္အိပ္ခုတင္
ေပၚတြင္ ကြၽန္ေတာ္ထင္သည့္အတိုင္း မည္သူ႔ကိုမွ် မေတြ႕ရဘဲ ေစာင္ႏွင့္ ေခါင္းအုံးမ်ားသာဖ႐ိုဖရဲျဖစ္ေနသည္ကို ေတြ႕ရပါသည္။ မည္သည့္ေနရာသို႔ သြားေနၾကေလသနည္း။
သို႔ႏွင့္ကြၽန္ေတာ္သည္အခန္းထဲမွေျပးထြက္လာခဲ့ပါသည္။ထိုခဏတြင္
ဧည့္ခန္းဘက္မွညည္းတြားသံလိုလို အသံတစ္သံၾကားရသျဖင့္ ကြၽန္ေတာ္ လည္း ဧည့္ခန္းဘက္သို႔ ကူးခဲ့မိပါသည္။ ကြၽန္ေတာ္ျမင္လိုက္ရေသာ ရႈခင္း ကား…ကြၽန္ေတာ္၏တစ္သက္တြင္ မယုံႏိုင္စရာပင္ ျဖစ္ပါသည္။ ကြၽန္ေတာ္၏ဇနီးသည္မဝါႏုမွာ ဆိုဖာေပၚတြင္ သတိေမ့ကာပက္လက္ လန္လ်က္ရွိေနပါသည္။ လက္ဝဲဘက္လက္ကိုနံေဘးသို႔ခ်လ်က္လက္ယာ ဘက္လက္မွာ ေအာက္သို႔တြဲလြဲက်ေနပါသည္။ အတြင္းခံအက်ႌမရွိဘဲ ပါး လႊာေသာ အေပၚဝတ္ အက်ႌအေပၚမွ ၾကယ္သီးမ်ား ျပဳတ္ထြက္ေနပါသည္။ အနီးသို႔ ခ်ဥ္းကပ္သြားရာ အသက္ရႉေနေသးသည္ကို ေတြ႕ရသျဖင့္ ဝမ္း ေျမာက္မိသလို ျဖစ္မိပါေသးသည္။ ၄ – ၅ ကိုက္ခန႔္ေဝးသည့္ အခန္းေထာင့္ တစ္ေနရာ၌ကား တြန႔္လိပ္လ်က္ရွိေသာ ေကာ္ေဇာေပၚတြင္ ေမာင္ဘၿမိဳင္ သည္ပက္လက္လန္လ်က္၎၏လက္ဝဲဘက္နံေဘး၌ကြၽန္ေတာ္၏“အဘိုး ႀကီး႐ုပ္ႀကီးမွာ ေမာင္ဘၿမိဳင္၏ လည္မ်ိဳကို ဖ်စ္ညႇစ္ေနသကဲ့သို႔ လက္ႏွစ္ ဖက္သည္ေမာင္ဘၿမိဳင္လည္ပင္း၏တစ္ဖက္တစ္ခ်က္စီသို႔ေရာက္ေနသည္
ကိုထူးဆန္းစြာ ေတြ႕ပါသည္။
အနီးသို႔ခ်ဥ္းကပ္ၾကည့္ေသာအခါ အ႐ုပ္၏ လက္ယာဘက္လက္ညႇိဳး သည္ ေမာင္ဘၿမိဳင္၏လည္မ်ိဳအတြင္းသို႔ ေဖာက္ဝင္လ်က္ရွိသည္ကို ဆြဲ
ထုတ္လိုက္ရ၏။ထိုအခါလည္ေခ်ာင္းအတြင္းမွေသြးမ်ားပင္ပန္းထြက္လာရာ ကြၽန္ေတာ္၏လုံခ်ည္စႏွင့္အက်ႌလက္တစ္ဖက္ကိုစြန္း၍သြားပါသည္။ေမာင္
ဘၿမိဳင္ကား အသက္မရွိေတာ့ၿပီ။
ထိုေနာက္ခ်က္ခ်င္းပင္ကြၽန္ေတာ္သည္ သတိေမ့ေနေသာမဝါႏုဆီသို႔
ေျပး၍သြားမိျပန္ပါသည္။ သူ၏ကိုယ္ကေလးကိုယုယစြာပိုက္ေထြးၿပီးလွ်င္
လႈပ္၍မိပါသည္။မလႈပ္မယွက္ရွိေနေသးသျဖင့္ကြၽန္ေတာ္သတိရၿပီးလွ်င္…
အခန္းထဲမွေအာ္ဒီကလုံးေရေမႊးပုလင္းကိုေျပး၍ယူပါသည္။ထို႔ေနာက္ေရခဲ
စိမ္ေရေမႊးကို ငယ္ထိပ္၌ေလာင္းထည့္ေပးျခင္း၊ ရင္ဝကို လက္ျဖင့္ေတာက္
ေပးျခင္း၊
ႏွာေခါင္းဝတြင္ေရေမႊးကိုခပ္မ်ားမ်ားဆြတ္ေပးျခင္းမ်ားကိုျပဳလုပ္
သျဖင့္ အတန္ၾကာေသာအခါမဝါႏုသတိျပန္၍လည္လာပါသည္။ မဝါႏုသတိရလွ်င္ရခ်င္းအ႐ုပ္ႀကီးကိုလက္ညႇိဳးထိုးကာ … “ သူသတ္တယ္ . . . သူသတ္တယ္” ဟုက်ယ္ေလာင္စြာေအာ္ပါေတာ့သည္။ထို႔ေနာက္မ်က္ႏွာကိုလက္ျဖင့္
အုပ္ကာ ျပင္းထန္စြာ ငိုပါေတာ့သည္။
“သူက အတင္းလိုက္လို႔ ေျပးရတာပါေမာင္ရယ္”
ဟု ေျပာျပန္ပါေသးသည္။ သို႔ေသာ္ ထိုအေျခအေန၌ ကြၽန္ေတာ္ မယုံ ၾကည္ေတာ့ပါ။ “အ႐ုပ္ႀကီး” မသတ္ခဲ့ေသာ္ ကြၽန္ေတာ္ပင္ သတ္မိမည္ အမွန္ျဖစ္ပါသည္။
“ေအာင္မေလးေတာ္… အစ္ကို႔ကိုဦးေလးသတ္လိုက္ပါၿပီ။ ဟုတ္လား ဟုတ္ပါတယ္ ..ဟုတ္ပါတယ္။ သူနဲ႔မမနဲ႔ျဖစ္ေနတာ ဦးေလးသိသြားၿပီ။ ဒါေၾကာင့္ သတ္တာ”
အသံမွာ အေစခံမေလး မိေအး၏အသံျဖစ္၍မိေအးသည္ လန႔္၍ ဟစ္ ေအာ္လိုက္ကာ ကြၽန္ေတာ့္အား ေမာင္ဘၿမိဳင္ကို သတ္လိုက္ေၾကာင္းျဖင့္ စြပ္စြဲလ်က္ရွိပါေတာ့သည္။မိေအးသည္လ်င္ျမန္စြာေျပးထြက္သြားၿပီးအိမ္ နီးခ်င္းမ်ားကို တိုင္ၾကားသျဖင့္ မၾကာမီ ရဲအရာရွိမ်ား ေရာက္လာၿပီးလွ်င္ ကြၽန္ေတာ့္အား ဖမ္းဆီးပါေတာ့သည္၊ မဝါႏုကမူ …
“အ႐ုပ္ႀကီး သတ္တယ္၊ အ႐ုပ္ႀကီး သတ္တယ္”
ဟူ၍သာ အ႐ူးတစ္ေယာက္ကဲ့သို႔ ပါးစပ္မွ တဖ်စ္ဖ်စ္ေရ႐ြတ္လ်က္ ရွိပါေတာ့သည္။
ကြၽန္ေတာ့္ဇနီးႏွင့္ ေမာင္ဘၿမိဳင္တို႔ ရင္းႏွီးပုံ၊ ကြၽန္ေတာ့္အနီးတြင္ ဓား ေျမႇာင္တစ္လက္ရွိေနျခင္း၊ ကြၽန္ေတာ္၏ အဝတ္တြင္ ေသြးမ်ား စြန္းေပေန ျခင္းတို႔မွာ ကြၽန္ေတာ္တရားခံအျဖစ္သို႔ေရာက္ေအာင္ ပို႔ေဆာင္ပါေတာ့ သည္။
ယခု အခ်ဳပ္ခန္းထဲသို႔ေရာက္သည့္တိုင္ေအာင္ ကြၽန္ေတာ္၏ခ်စ္ဇနီး မဝါႏု၏စကားကိုမယုံၾကည္ပါ။ေနာင္ကိုလည္းယုံၾကည္ေတာ့မည္မဟုတ္ပါ။ မိန္းမမ်ား၏ခ်စ္စဖြယ္အၿပဳံးႏွင့္မာယာသည္ေယာက္်ားႀကီးတစ္ေယာက္၏
အသိဉာဏ္ကိုပင္
ဖုံးလႊမ္းသြားႏိုင္ေၾကာင္းကြၽန္ေတာ္ယုံၾကည္ပါၿပီ။
ကြၽန္ေတာ္ ဝမ္းနည္းျခင္းတစ္ခုမွာ ေမာင္ဘၿမိဳင္အား ကြၽန္ေတာ့္လက္
ျဖင့္ မသတ္လိုက္ရျခင္းပင္ ျဖစ္ပါသည္။
ကြၽန္ေတာ္၏ “အဘိုးႀကီး”႐ုပ္ကို ယခုအမႈတြင္ သက္ေသခံတင္ျပပါ
အထက္ပါအေၾကာင္းအရာမ်ားကိုကြၽန္ေတာ္သည္ဘုရားရွင္ေတာ္ျမတ္
ေရွ႕တြင္ သစၥာဆို၍ေရးသားတင္ျပအပ္ေၾကာင္း။
ေအာင္ဘန္း
(တရားခံ)
တရားခံေအာင္ဘန္းက စာျဖင့္ေရးသားတင္ျပေသာ အေၾကာင္းအရာ မ်ားကို ဖတ္ၿပီးေနာက္ ကြၽႏ္ုပ္သည္ သက္ေသခံတင္ျပေသာ ဘီလူး႐ုပ္ ႀကီးႏွင့္ တူသည့္ အ႐ုပ္ႀကီးကို ၾကည့္ရႈရာ ၎မွာ ေအာင္ဘန္း၏ စာ႐ြက္ မ်ားတြင္ ေရးသားေဖာ္ျပထားသည့္အတိုင္း အလြန္ပင္ထူးျခား၍ ေၾကာက္ မက္ဖြယ္ေကာင္းေၾကာင္း ေတြ႕ရ၏။
ထိုအခါကြၽႏ္ုပ္လည္းရမ္းၿဗဲတြင္ေနခဲ့စဥ္ကသက္ႀကီးတစ္ေယာက္ထံမွ ၾကားခဲ့ဖူးေသာအျဖစ္အပ်က္တစ္ခုကို သတိရမိ၏။ ၎မွာဒုတိယကမာၻစစ္ ႀကီး မျဖစ္မီ ၁ဝ ႏွစ္ေလာက္ “ဝံလက္ေမာ္”႐ြာရွိ ဘုန္းႀကီးေက်ာင္းမွ ဆရာ ေတာ္သည္ေက်ာင္းသားမ်ားႏွင့္အတူပင္လယ္မွလႈိင္းပုတ္တင္ရွိေနေသာ ဒိုက္သေရာမ်ားကို ဆယ္ယူရင္း ၅ ေတာင္ေက်ာ္ ၆ ေတာင္ခန႔္ရွိ အေတာ္ အတန္ေခ်ာေမြ႕ေသာ သစ္တုံးတစ္တုံးကို ေတြ႕ရသျဖင့္ ေက်ာင္းဝင္းတံခါး၌ စိုက္ရန္ ေက်ာင္းသို႔ ယူခဲ့ေစ၏။
ထိုတိုင္ကိုစိုက္ၿပီးသည့္အခ်ိန္မွစ၍ဆရာေတာ္ေနေသာေက်ာင္းေခါင္ မိုးေပၚသို႔ခဲမ်ားက်လာျခင္း၊ မီးခြက္မ်ားအလိုအေလ်ာက္ၿငိမ္းသြားျခင္း၊ လူကို
မျမင္ရဘဲ ဆြမ္းအုပ္မ်ားအေပၚသို႔ ေျမႇာက္ပါသြားျခင္း စသည္ျဖင့္ အမ်ိဳးမ်ိဳး အဖုံဖုံ ေျခာက္လန႔္လ်က္ရွိသည္ကို ေတြ႕ရ၏။ သို႔ေသာ္ ဆရာေတာ္ကား ဤသစ္တုံးေၾကာင့္ ျဖစ္ရသည္ကို မသိရွာေခ်။
ေနာက္ဆုံးတြင္ ေက်ာင္းေပၚ၌ ေန၍မျဖစ္ေအာင္ပင္ ရွိေတာ့၏။ ထို သတင္းသည္ တစ္႐ြာလုံး ပ်ံ႕ႏွံ႔လ်က္ရွိရာ အထက္အညာမွ အင္းအိုင္လက္ ဖြဲ႕မ်ားတြင္ ဝါသနာပါသည့္ ဘုန္းေတာ္ႀကီးတစ္ပါး ေရာက္လာသည္တြင္မွ ထိုဘုန္းေတာ္ႀကီးဩဝါဒအတိုင္း ထိုတုံးႀကီးကို ႏုတ္ယူကာ ပင္လယ္သို႔ ေမ်ာလိုက္ရေလသည္။ ထိုအခ်ိန္မွစ၍ ဆရာေတာ္ေက်ာင္းတြင္ေျခာက္ လွန႔္ျခင္းမ်ား မရွိေခ်။ ဘုန္းေတာ္ႀကီး၏ အဆိုမွာ ဤသစ္တုံးႀကီး တြင္“သူေယာင္” မ်ားပါလာေၾကာင္း…။ သို႔ျဖစ္၍ သူေယာင္မ်ားကေျခာက္ လွန႔္ျခင္းျဖစ္ေၾကာင္း အႁမြက္မွ် အမိန႔္ရွိေတာ္မူ၏။
ကြၽႏ္ုပ္ ယခု စီရင္မည့္ ေမာင္ေအာင္ဘန္းအမႈႏွင့္ အထက္ပါအတိုင္း ကြၽႏ္ုပ္ၾကားသိခဲ့ဖူးေသာဗဟုသုတကိုေပါင္းစပ္ဆင္ျခင္မိ၏။ သစ္တုံးႀကီးကို ဆယ္ယူ၍ ဝင္းတံခါးတိုင္စိုက္ေသာ ဘုန္းေတာ္ႀကီး႐ြာႏွင့္ အ႐ုပ္ႀကီးကို ေမာင္ေအာင္ဘန္းရခဲ့ေသာ ေနရာမွာ တစ္႐ြာတည္း ျဖစ္၏။ ေျခာက္လွန႔္ သည္ ဆိုျခင္းမွာလည္း အတူတူကဲ့သို႔ ရွိ၏။ သို႔ျဖစ္၍စီရင္ခ်က္မခ်မီ ကြၽႏ္ုပ္ သည္ ဤအေၾကာင္းမ်ားကို နက္နဲစြာ စဥ္းစားမိ၏။
သို႔ေသာ္ ကြၽႏ္ုပ္ဉာဏ္ကို ကြၽႏ္ုပ္၏ စီရင္ခ်က္၌ ထည့္သြင္းေရးသား ရသည္မဟုတ္ေခ်။အမႈဆိုသည္မွာသက္ေသထြက္ခ်က္အေပၚ၌သာအကိုး အကားျပဳ၍စီရင္ရမည္၊ သို႔မွလည္းတရားနည္းလမ္းက်ေပမည္။ ကြၽႏ္ုပ္ကိုယ္တိုင္ကား သရဲတေစၦမ်ားကို ယုံၾကည္သူ မဟုတ္ေခ်။ သို႔ ေသာ္ ဤအမႈတြင္ တရားခံေအာင္ဘန္း၏ ထြက္ခ်က္ အျခားသက္ေသ မ်ားထြက္ခ်က္၊ ပတ္ဝန္းက်င္အျဖစ္အပ်က္တို႔မွာ တရာခံအား ေဖးမလ်က္ ရွိေလသည္။ ထို႔ျပင္ ဆရာဝန္အား ေနာက္ထပ္ေခၚယူစစ္ေဆးရာ၌လည္း ေသသူေမာင္ဘၿမိဳင္လည္ပင္းမွဒဏ္ရာမွာခြၽန္ေသာ လက္နက္တစ္ခုျဖင့္ ျပဳလုပ္၍ျဖစ္ေၾကာင္း၊ သို႔ေသာ္ ဓားစူး၊ ဓားေျမာင္ကဲ့သို႔ ထက္ျမက္ေသာ
အသြားရွိသည့္လက္နက္မ်ိဳးမျဖစ္ႏိုင္ေၾကာင္း၊ အ႐ုပ္ႀကီး၏လက္ယာဘက္
လက္ညႇိဳးျဖင့္ ထိုးေဖာက္က
ျဖစ္ႏိုင္ေၾကာင္းထပ္မံထြက္ဆိုေလသည္။ သို႔ျဖစ္ရကား . . . ကြၽႏ္ုပ္သည္ တရားလိုျပသက္ေသမ်ား၊ ေဆးဆရာ ဝန္ႏွင့္ပတ္ဝန္းက်င္အေျခအေနစသည္တို႔ကိုအေထာက္အထားျပဳၿပီးလွ်င္… ကြၽႏ္ုပ္၏ ကိုယ္ပိုင္ဉာဏ္ကို သုံးကာ ေအာင္ဘန္းအား အထက္႐ုံးသို႔ မတင္ဘဲလႊတ္ပစ္လိုက္ေလသည္။ သက္ေသခံတင္ျပေသာအ႐ုပ္ႀကီးကိုမူ
႐ုံးေတာ္ကဖ်က္ဆီးပစ္ရန္အမိန႔္ခ်မွတ္ေပးလိုက္၏။
ဦးေအာင္သိန္း
ပင္စင္စားတရားသူႀကီးေဟာင္း
>> ဒဂုန္ေ႐ႊမ်ား