သံရောဇဥ်ဝိညာဥ်

*သံယောဇဉ် ဝိဥာဉ်*📖📖📖

***************************
=============

ရေးသူ=ခမ်းနားထည်ဝါ

“ဝုန်း……”

“ဗြမ်း….”

“ဝေး…ဟေ….ဟေး…..”

မြစ်ကမ်းနားဘေးတွင် ကလေးတစ်သိုက် ရေးကူးပြိုင်နေကြခြင်းပင်။
ကမ်းပေါ်ပြန်တက်လိုက် ရေကူးလိုက် ရေငုပ်လိုက်နှင့် ပျော်ရွှင်စွား ကလေးတို့သဘာဝ ကစားနေကြလေသည်။
မြစ်ဝကျွန်းပေါ်သားများပီပီ ကလေးများကအစ ရေကူးကျွမ်းကျင်ကြလေသည်။
နေ့တိုင်းပင် ရေပြည့်ချိန်ဆို မြစ်ကမ်းနားဘေး၌ ကလေးများ လာရောက်ကစားကြလေသည်။
ထိုအထဲတွင် မိုးအေး နှင့် ချစ်ပို ဟူသော ညီအစ်ကိုနှစ်ယောက်လည်းပါလေသည်။
သူတို့နှစ်ယောက်မှာ ညီအစ်ကို အရင်းများ မဟုတ်ကြသော်လည်း ညီအစ်ကို အရင်းများထက်ပင် ချစ်ကြလေသည်။
အကြီးကောင် မိုးအေးမှာ ဦးပန်းအေး၏ မွေးစားသားဖြစ်ပြီး အငယ်ကောင် ချစ်ပိုမှာ သားအရင်းဖြစ်လေသည်။
========
ကိုပန်းအေး အိမ်ထောင်ကျပြီး နှစ် နှစ်ခန့့်ကြာသည်အထိ ကလေးမရခဲ့ပေ။
ကလေးလိုချင်နေသော ကိုပန်းအေးမှာ ကိစ္စတစ်ခုဖြင့်ခရီးသွားရင်း မိဘမဲ့ဖြစ်နေသော ကလေးတစ်ယောက်အား မွေးစားရန် ခေါ်ယူလာခဲ့လေသည်။(ဘယ်ကဘယ်လို ခေါ်လာခဲ့သည်ကိုတော့ အသတိအကျမသိရပါ)
ထိုကလေးအား ခေါ်လာတော့ မိုးတွေအရမ်းရွာနေ၍ မိုးအေးဟု နာမည်ပေးခဲ့ခြင်းဖြစ်လေသည်။
ကလေးမှာ တစ်နှစ်သားခန့်ရှိပြီဖြစ်၍ လှမ်းပင်လျှောက်နေပေပြီ။
မိုးအေးကို မွေးစားပြီး လ အနည်းငယ်မှာပင် ကိုပန်းအေး၏ ဇနီးမှာ ကိုယ်ဝန်ရှိလာပြီး သားယောကျာ်းလေးတစ် မွေးဖွားလာလေသည်။
ကလေးတစ်ယောက်မွေးစားပြီးမှ နောက်ထပ်ကလေးတစ်ယောက် ရ၍ ကိုပန်းအေးတို့ လင်မယားမှာ အလွန်ပင်ပျော်ရွှင်နေကြလေသည်။
သားအား ချစ်လွန်း၍ အချစ်ပိုကာ ချစ်ပိုဟုပင် နာမည်ပေးခဲ့ ကြလေသည်။
ကလေးနှစ်ယောက်မှာ နှစ် နှစ်ခန့်သာကွာ၍ ကစားတတ်သည့် အရွယ်မှာပင် တစ်ယောက်နှင့့်တစ်ယောက် အလွန်ချစ်ကြကာ စားအတူ၊သွားအတူ၊ကစားအတူ မခွဲကြပဲ တစ်ယောက်နှင့်တစ်ယောက် အပျောက်ပင်မခံကြချေ။
ကိုပန်းအေးတို့ လင်မယားနှစ်ယောက်မှာ စပါးရိတ်သိမ်းချိန် ရောက်လာ၍ မနက်လင်းသည်နှင့် လယ်ထဲဆင်းကြပြီး ညနေမှောင်မှပြန်လာကြလေသည်။
တစ်ရွာလုံးမှာလည်း ဆွေမျိုးနီးစပ်များမို့ ကလေးနှစ်ယောက်အား အိပ်၌ပင် စိတ်ချလက် ထားခဲ့ကြလေသည်။
ကလေးနှစ်ယောက်မှာလည်း နေ့တိုင်းပင် ရေပြည့်ချိန် မြစ်ကမ်းစပ်သွား၍ အဖော်များနှင့်ရေသွားကူလေ့ရှိကြလေသည်။
တစ်ခါတရံလည်း ညီအစ်ကို နှစ်ယောက်ထဲသာ သွားရောက်လျက် ရေကူးပြိုင်ကြ ရေငုပ်ပြိုင်ကြလေသည်။
တစ်နေ့ နေ့လည်ခင်းတွင် တစ်ခြားအဖော်များ မတွေ့၍ ညီအစ်ကို နှစ်ယောက်ထဲပင် မြစ်ဆိပ်သွား ရေးကူးကြလေသည်။
အတန်ကြာရေးကူ ရေငုပ်ကြပြီး ရေချမ်းမှာ ကမ်းပေါ်တက်ကာမျက်နှာရှုံ့မဲ့လျှက်…..

“ညီလေး ငါ့တို့ပြန်ကြရင်ကောင်းမယ်….ငါ သိပ်နေမကောင်းချင်ဘူး ရင်ထဲမှာလည်းချမ်းစိမ့်စိမ့်နဲ့….မျက်လုံးတွေလည်း ပူနေတယ်”

“ကိုကြီးကလည်းဗျာ ခဏလေးပဲရှိသေးတယ် ရေကူးလို့တောင်မဝသေးဘူး ခဏလောက်ဆက်ကူကြဦးမယ်လေ”

“အင်းလေ.. ညီလေးကူးချင်သေးရင်လည်းဆက်ကူးကြတာပေါ့”

ညီကို ချစ်၍ အလိုလိုက်ကာ ဘာမှဆက်မပြောတော့ပဲ ညီအစ်ကိုနှစ်ယောက် ရေဆက်ကူးကြလေသည်။…
ချစ်ပိုမှာ ရေတစ်ဝကူးပြီး၍ ညနေစောင်း အချိန်မှပင် ညီအစ်ကိုနှစ်ယောက် အိမ်သို့ ပြန်လာခဲ့ကြလေသည်။
အိမ်ပြန်လမ်းတစ်လျှောက်၌ မိုးအေးမှာ အပူတွေတက်ပြီး ခေါင်းတွေကိုက်ကာ သတိပင်လစ်ချင် သလိုလိုဖြစ်၍ အိမ်သို့ မနည်းပင်ပြန်လျောက်လာခဲ့ရလေသည်။
အိမ်ရောက်တော့ မဟန်နိုင်တော့ပဲ တုံးလုံးပစ်လှဲကာ စောင်ခြုံပြီး ကွေးနေလိုက်လေသည်။
အပူကြီးပြီး သတိတွေပင်လစ်ချင်သလိုလို ဖြစ်နေလေသည်။
ချစ်ပိုမှာ ဘာမှမသိ သူ့အစ်ကို ဘေး၌ထိုင်ကာ ကြည်နေလေသည်။
ကိုပန်းအေးတို့ ပြန်ရောက်လာတော့ အိမ်ထဲ၌ မီးအလင်းရောင်လည်းမတွေ့ ကလေးနှစ်ယောက်မှာလည်း တိတ်ဆိတ်နေ၍…

“ဒီကလေးနှစ်ယောက်လည်း တိတ်ဆိတ်နေပါလား သွားကစားတာ ပြန်မလာကြသေးဘူးထင်တယ် မှောင်တောင်နေပြီ….သားကြီး….ဟေ့..သားငယ်..”

“ဗျာ….အဖေ”

“ေဩာ်….. အိမ်ထဲမှာ ရှိနေကြတာပဲ မီးလည်းမထွန်း မှောင်ထဲမှာ ဘာဖြစ်နေကြတာလည်း”

“ကိုကြီးမိုးအေး နေမကောင်းလို့ အဖေ စောင်ခြုံပြီးအိပ်နေလို့ သား ထိုင်စောင့်နေတာ”

“ဟုတ်လား..ကိုယ်တွေဘာတွေ ပူနေတာလား မှန်းစမ်း”

ကိုပန်းအေးမှာ မီးခွက်ကို ထွန်းညှိရင်း မိုးအေး၏ နဖူးအား စမ်းကြည့်လိုက်လေသည်။

“ဟာ…..ကိုယ်တွေ ခြစ်ခြစ်တောက် ပူနေပါလား
ဒုက္ခပါပဲ ဆေးတိုက်ထားဦးမှ မိန်းမရေ အိမ်မှာ ငန်းဆေးလေးဘာလေး ရှိသေးလား”

“ရှိပတော် ထရံကြားမှာ ညှပ်ထားတယ် ယူပြီးတိုက်လိုက်”

“အေး….အေး”

ထရံကြားမှ ဆေးထုပ်အား လှမ်းယူလိုက်ပြီး လက်ခုပ်ထဲ အနည်းငယ်ထည့်ကာ မိုးအေးအားနိုး၍ တိုက်လိုက်လေသည်။
ထို့နောက်ရေနွေးပူပူ တစ်ခွက်ငှဲ့ကာ တိုက်လိုက်ပြီး စောင်များအထပ်ထပ်ခြု့ပေးကာ ချွေးထုပ်ပေးလေသည်။
မြို့နှင့် အလှမ်းဝေးသောဒေသမို့ ခေတ်ဆေးဝါးများဘာမှမရှိ။
ဆေးမြီးတိုများဖြင့်သာ ကြုံသလို ကုသကြရလေသည်။
မိုးအေးမှာ သက်သာသွားခြင်းမရှိပဲ တစ်ညလုံးအပူတက်ကာ လင်းပိုင်းအချိန်၌ ဆုံးပါးသွားလေတော့သည်။
ကိုပန်းအေးတို့ လင်မယားမှာ ဝမ်းနည်းလွန်း၍ မျက်ရည်ပင်မဆည်နိုင်တော့ပဲ ချုံးပွဲချ ငိုကြွေးလေတော့သည်။
သူတို့၏ ငိုသံများကြောင့် အိမ်နီးနားချင်းများ ရောက်ရှိလာကြပြီး ဝိုင်းဝန်းမေးမြန်ကြလေသည်။
မိုးအေးတစ်ယောက် အပူတွေအရမ်းတက်ပြီး ဆုံးပါသွားသည်ဆို၍ အားလုံးစိတ်မကောင်းကြ။
ထိုအထဲတွင် ချစ်ပိုက အဆိုးဆုံး။
ငိုလိုက်သည်မှာ ဘယ်လိုမှချော၍ပင်မရ။
နောက်ဆုံး ငိုနေရုံနှင့်မပြီး  လုပ်စရာ ရှိသည်များကို လုပ်ဆောင်ရန်ကျန်နေသေးသည်။
သတင်းကြားပြီး ရွာသားများလည်း ရောက်ရှိလာကြလေသည်။
အသုဘ ကိစ္စများ ဝိုင်းဝန်လုပ်ကိုင်ပေးကြ
ဝိုင်းဝန်းနှစ်သိမ့်ပေးကြနှင့် လိုအပ်သည်များကို လုပ်ကိုင်ဆောင်ရွက်ပေးကြလေသည်။
ရက်မလည်မှီ ရက်များအတွင်း ချစ်ပိုတစ်ယောက်မှာ တစ်ငိုထဲငိုနေ၍ မနည်းပင် ချော့နေရလေသည်။
ရက်လည်ပြီးနောက်ပိုင်းရက်များတွင်လည်း တစ်ငူငူ တငိုင်ငိုင်နှင့် ဘယ်သူနှင့်မှလည်း စကားမပြောတော့ပဲ တစ်ယောက်ထဲသာ နေလေတော့သည်။
ရက်လည်ပြီး၍ ကိစ္စများ ပြီးသွားသော်လည်း လယ်ထဲ၌ အလုပ်များ ရှိသေးသည်မို့ ဝမ်းနည်းပူဆွေးနေ၍ မဖြစ်သေချေ။
ဝမ်းရေးက ရှိသေးသည်မဟုတ်လား။
သားငယ်အား ညီမဝမ်းကွဲ အိမ်တွင်အပ်၍ လယ်ထဲဆင်းသွားကြလေသည်။
ညနေမိုးချုပ်မှပြန်လာပြီး သားငယ်အားဝင်ခေါ် အိမ်သို့ပြန်လေသည်။
ထိုသို့ နေ့စဉ်လုပ်ဆောင်ပြီး တစ်ပတ်ခန့်ကြာသောအခါ…..
ချမ်းအေးမှာ တစ်မနက်လုံး ငေးငိုင်နေပြီး နေလည် ရေပြည့်ချိန်လောက်တွင်ထလာကာ

“ဒေါ်လေး သား သူငယ်ချင်းတွေနဲ့သွားကစားလိုက်ဦးမယ်”

“အေး..အေး…သား..အဝေးကြီးသွား မကစားနဲ့..စောစောပြန်လာဦးနော်”

“ဟုတ်ကဲ့ ဒေါ်လေး…”

အဒေါ်ဖြစ်သူအား ခွင့်တောင်းပြီး အပြင်ထွက်လာခဲ့လေသည်။
ကစားရန် ထွက်လာခဲ့သော် ဘယ်ကိုသွားကစား ရမှန်းမသိ။
သူငယ်ချင်းတွေလည်း တစ်ယောက်မှမတွေ့။
လျှောက်ရင်း လျှောက်ရင်းနှင့် သူ၏ ခြေလှမ်းများက မြစ်ကမ်းဆိပ်ဆီသို့ ဦးတည်သွားလေသည်။
မကြာမှီ မြစ်ကမ်းထိပ်သို့ ရောက်ရှိသွားပြီး အကိုမိုးအေးကာ သတိရကာ မျက်ရည်များစို့လာလေသည်။
မြစ်ကမ်းထိပ်တွင် ထိုင်ချလိုက်ပြီး မြစ်ထဲသို့ငေးအကြည့်

“ညီလေး မင်းရောက်လာပြီလား အကို့မှာ မင်းကို မျော်လိုက်ရတာကွာ”

“ဟာ……”

နောက်ဘက်မှ အသံတစ်သံထွက်လာသည်။
ဒါ ကိုကြီးမိုးအေးရဲ့ အသံ။သူနောက်သို့လှည့်ကြည့်လိုက်ရာ သူနောက်တွင် ရီဝေသော မျက်လုံးများနှင့် စိုက်ကြည့်နေသော ကိုကြီးမိုးအေး။

“ဟာ…..ကိုကြီးမိုးအေး…ကိုကြီးက သေသွားပြီမဟုတ်လား…ခု….ခု…”

“ဟုတ်ပါတယ် ညီလေးရာ မင်းကိုချစ်လို့ စွဲလန်းစိတ်နဲ့ အကိုကြီး ဒီမြစ်ဆိပ်မှာ စောင့်နေရတာပါ….ညီလေးများ လာမလားလို့ ကိုကြီးစောင့်နေတာ ကြာပါပြီ ခုမှ ညီလေးကရောက်လာတယ်”

“ညီလေးလည်း ကိုကြီးဆုံးသွားပြီး နေ့တိုင်းငိုနေတာ”

“အေးပါညီလေးရာ တို့ညီကိုနှစ်ယောက် ပြန်ဆုံတုန်း အရင်လို ရေကူးပြိုင်ကြရအောင် ဘယ့်နှယ့်လည်း ပြိုင်ရဲသေးလား”

“စိန်လိုက်လေ ပြိုင်ကြတာပေါ့”

အဝတ်အစားများကိုချွတ်ပြီး ရေထဲခုန်ချကာ မိုးအေး၏ဝိညာဉ်နှင့် ရေကူးပြိုင်ကြလေတော့သည်။
အချိန်တော်တော်ကြာ ကစားကြပြီးသောအခါ

“ညီလေး ဒီလောက်ရေကူးရရင်တ်ေပြီ ညီလေးပြန်တော့ တော်ကြာ အိမ်က ပျောက်လို့လိုက်ရျိာနေဦးမယ် နောက်နေ့မှ တစ် ပြန်လာခဲ့ပေါ့”

“ဟုတ်…ကိုကြီး အရမ်းပျော်တာပဲ နောက်မှ ထပ်လာဦးမယ်”

အဝတ်အစားများကို ပြန်ဝတ်လိုက်ပြီး ပျော်ရွှင်စွာ ပြန်လာခဲ့လေသည်။
နွေရာသီလည်းဖြစ် မြစ်ကမ်းနှင့်အိမ်မှာလည်း ဝေးကွာနေ၍ ဘယ်သူမှ သတိမထားမိကြချေ။
ဤသို့ နေ့တိုင်း မြစ်ကမ်းသွားပြီး ရေးကူးလိုက်ပြန်လာလိုက်နှင့် ပျော်ရွင်နေ၍ ကိုပန်းအေးတို့မှာလည်း သားအတွက် စိတ်အေးသွားပြီး စိတ်ချလက်ချပင် လယ်ထဲ၌ လုပ်ကိုင်နေကြလေသည်။
တစ်နေ့ ရွာထဲမှ ကိုမြင့်ဦးတစ်ယောက် ကမ်းနားဆင်းပြီး ဓနိခုတ်နေစဉ် ချစ်ပို တစ်ယောက်ထဲ မြစ်ကမ်းပေါ်တွင် စကားပြောလိုက် ရေဆင်းကူးလိုက်လုပ်နေသည်ကို မြင်လိုက်ရ၍ စိတ်ထဲမသင်္ကာ၍ ချစ်ပိုနားသွားကာ…..

“ချစ်ပို မင်း တစ်ယောက်ထဲဘယ်သူနဲ့ စကားပြောနေတာလည်း”

ချစ်ပိုမှာ ကိုမြင့်ဦး၏ အသံကြာ၍ လန့်ဖြန့်သွားပြီး
နောက်သို့လှည့်ကာ မလုံမလဲနှင့်….

“ဗျာ….သားတစ်ယောက်ထဲပါ ဘယ်သူနဲ့မှစကား မပြောပါဘူး အဖော်မရှိလို့ တစ်ယောက်ထဲ ရေကူးနေတာ”

“ကမ်းနားမှာ တစ်ယောက်ထဲ မနေနဲ့ ဘယ်သူမှလည်းမရှိဘူး လာ ငါပြန်လိုက်ပို့မယ်”

“ဟုတ်ကဲ့…….”

ချစ်ပိုမှာ မပြန်ချင်သော်လည်း သူများတွေသိသွားမှာစိုး၍ ကိုမြင့်ဦးနှင့် ပြန်လိုက်လာခဲ့လေသည်။
ကိုမြင့်ဦးမှာ ချစ်ပိုအား ပြန်ပို့ပေးရင်း သူ့အဒေါ်ဖြစ်သူအား တီးတိုး၊တီးတိုးနှင့် ပြောဆိုနေလေသည်။

“ဟုတ်လား…အဲလိုဆိုရင်တော့ ဒုက္ခပါပဲ..သူ့အဖေပြန်လာမှ ပြောပြရဦးမယ်”

“ဟုတ်ကဲ့ အမ အဲဒါဆိုကျွန်တော် ပြန်တော့မယ်”

“အေး..အေး..ခုလို ပြောပြတာ ကျေးဇူးပါပဲဟယ်”

သူအဒေါ်အား နုတ်ဆက်ပြီး ကိုမြင့်ဦး ပြန်သွားလေသည်။
ညနေ ကိုပန်းအေးတို့ ပြန်လာသောအခါ  အကိုဖြစ်သူအား ကိုမြင့်ဦးပြောပြသည့် အတိုင်း ပြန်ပြောပြလေသည်။

“အဲဒါပဲ ကိုပန်းအေးရေ အကို့သား တစ်ခုခုတော့တစ်ခုခုပဲ”

“အေးဟ ဒါဆိုရင်တော့မဖြစ်ဘူး ဆရာတိကို အကျိုးအကြောင့်ပြပြီး သွားပင့်ဦးမှ”

ကိုပန်းအေးလည်း ဆရာတိဆီသွားကာ အကျိုးအကြောင်း ပြောပြပြီး ခေါ်လာခဲ့လေသည်။
အိမ်ရောက်သောအခါ ဆရာတိက ဘုရားမီးထွန်းပြီး ချစ်ပိုအားခေါ်ကာ တစ်စုံတစ်ခုကို ရွတ်ဆိုနေလေသည်။
ခဏအကြာတွင် ချစ်ပိုမှာ တုန်တုန်ရီရီဖြစ်လာပြီး ဝင်ရောက်ပူးကပ် လေတော့သည်။

“အဘ သားတို့ ညီအစ်ကိုနှစ်ယောက်ကိုမခွဲပါနဲ့ သား ညီလေးနဲ့မခွဲနိုင်ဘူး သားကိုသနားပါ သားတောင်းပန်ပါတယ်”

“ဟေ…..မင်းက မိုးအေးလား….”

“ဟုတ်ပါ အဘ”

“မိုးအေးရေ မင်းတို့ ညီအစ်ကို နှစ်ယောက်က ဘဝခြင်း မတူကြတော့ဘူး ဒီတော့ကြာကြာ အတူနေဖို့မဖြစ်နိုင်ဘူးကွ ကြာလာရင် မင်းကြောင့် မင်းညီလေး ဒုက္ခရောက်မှာ မင်းညီကို တကယ်ချစ်တယ်ဆိုရင် မင်းမိဘတွေ အလှူအတန်းလုပ် အမျဝေတဲ့အခါ သာဓုခေါ်ပေးပါ။အဲဒါမှ မင်းလည်း ဘဝကူးကောင်းမယ် မင်းညီလေး ဒုက္ခမရောက်မှာ အဘပြောတာ နားလည်လား”

ဆရာတိက ရှည်လျှားစွာ ရှင်းပြလိုက်လေသည်။
မိုးအေးမှာ ခေတ္တငြိမ်သွားပြီး…..

“ကောင်းပါပြီ ညီလေး ဒုက္ခရောက်မယ်ဆို သားမလုပ်တော့ပါဘူး အဖေတို့ အမျဝေတဲ့အခါ သားသာဓု ခေါ်ပါ့မယ်”

“အေး..အေး..အဲဒါဆို မင်းနေတဲ့နေရာပြန်တော့…အလှူလုပ်ရင် လာဖိတ်မယ် အဲဒီအခါ အမျှဝေရင် သာဓုခေါ်လိုက်”

“ဟုတ်ကဲ့ပါ…..”

ပြောပြီး မိုအေး၏ ဝိဥာဉ်ပြန်ထွက်သွားရာ ချစ်ပိုမှာ လဲကျသတိလစ်သွားလေသည်။
ဆရာတိက ရေမန်းများ ဖြန်ပက်ပေးမှပြန်လည်းသတိရလာလေသည်။
ထို့နောက် ကိုပန်းအေးဘက်လှည့်ကာ…..

“ကဲ ပန်းအေး ကြားတဲ့အတိုင်းပဲ အမြန်သာလုပ်ကြပေတော့”

“ဟုတ်ကဲ့ ဆရာတိ မနက်ဖန်ပဲ စီစဉ်လိုက်ပါ့မယ်”

နောက်နေ့တွင် ကိုပန်းအေးတစ်ယောက် လိုအပ်သည့် သင်္ကန်းပရိက္ခရာများကို မြို့သို့တက်ဝယ်ပြီး ရွာကျောင်းမှ ဆရာတော်အား ပင့်ကာ
လှူဒါန်းဖွယ် ပစ္စည်များ ဆက်ကပ်ကာ အမျှဝေပေးလိုက်လေသည်။
ဆရာတော် အမျှဝေပြီးချိန်၌ ရှေ့တွင်ထိုင်နေသော ချစ်ပိုလေး မိုးအေးဝိဥာဉ်မှ ဝင်ရောက်ပူးကပ်ခါ…….

“ဆရာတော်ဘုရားကြီးနဲ့ အဖေတို့ အမေ သား သာဓုခေါ်ပြီးသွားလို ခု ကောင်းရာမွန်ရာ ဘုံဘဝကို သွားရပါတော့မယ် ခု အဖေတို့ကို လာနုတ်ဆက်တာပါ နောက်ဘဝကျရင် ညီလေးနဲ့ ပြန်ဆုံရပါစေလို့ ဆုတောင်းပါတယ်ဗျာ သားသွားတော့မယ်”

ပြောလည်းပြောပြီး သူ၏ဝိဥာဉ်လည်း ထွက်ခွာသွားလေတော့သည်။
တရားနာလာရောက်သူအားလုံးလည်း ဝမ်းနည်းပြီး မျက်ရည်များပင်လည်မိကြလေသည်။
ဆရာတော်ဘုရားကြီးလည်း စိတ်မကောင့်းလေရော့ထင့်။
ဆွမ်းအနည်းငယ်သာ ဘုန်းပေးပြီး ကျောင်းသို့ ပြန်ကြွသွားတော့လေသည်။

===========================
ပြီးပါပြီ

စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ