သွေးမျက်ရည်

သွေးမျက်ရည်(စ/ဆုံး)
———————-
ပြည်မြို့မရောက်ခင် ၁၅မိုင် လောက်အလို
” အကို (*****)ပါတယ်နော်” လူငယ်တစ်ယောက်အသံ
“ဟုတ်အကို ဆင်းမယ်ဆို ကြိုတင်ပြင်ထားပေးပါနော်” ဟိုင်းဝေးးကားကြီးလည်း(*****) ကိုရောက်ရှိလာလေပြီ။ ကားပေါမှ အသက်သုံးဆယ်ခန့် လူငယ် တစ်ယောက် ဆင်းလာလေသည်။
ထွေလီကာလီ သယ်လာစရာ အိတ်မပါသဖြင့် ကျော်ပိုးအိပ်လေးလွယ်ကာ (****)လမ်းထိပ် တွင် ဆိုင်ကယ်ကယ်ရီငှားရန် စောင့်နေလိုက်သည်။ နာရီ၀က်လောက်အထိ မည်သည့်ဆိုင်ကယ်မှ မလာသဖြင့် စိတ်ညစ်ညစ်နဲ့ လမ်းလျှောက်၀င်ခဲ့တော့သည်။ လမ်းက ဂံလမ်းအမျိုးအစားဖြစ်ကာ လမ်းဖြူးသည်ဟုဆိုရမည်။
ထိုအချိန် ဆိုင်ကယ်တစ်စီးး မောင်းလာပြီး
“ငါ့ညီ ဘယ်သွားမလို့လည်းဗျ”
ဟု မေးလေသည်”
လူငယ်လည်း ကျွန်တော် (*****) ကိုသွားမလို့ပါ”
” ဟာ အတောဝေးတယ် သုံးမိုင်လောက်ရှိတယ် အကိုကတော့ အဲ့ရွာထိ မရောက်ဘူး ဒါပေမဲ့ လမ်းကြုံတယ် လိုက်ခဲ့ချင် လိုက်ခဲ့ပါလား”
လူငယ်လည်းး၀မ်းသာအားရ နှင့် …..
“ဟုတ်ကဲ့အကိုလိုက်မယ်”
လူငယ်စိတ်တွင်လည်း တောသူတောင်သားတွေက ဖော်ရွေတယ်ရိုးသားတယ် လို့ပင်တွေးးနေမိတယ်။
“ငါ့ညီရေ ဒီကနေလမ်းခွဲကျတာပေါ့ ဒီလမ်းမကြီးအတိုင်းဆက်သွားညီသွားမဲ့ ရွာရောက်လိမ့်မယ်”
” ဟုတ်ကဲ့ဗျ ကျေးဇူးတင်ပါတယ် အကိုရေ ခွင့်ပြုပါအုံး”
“ရတယ်ညီ သွားသွား”
လူငယ်လည်း လိုရာခရီးဆက်လက်ထွက်လေတော့သည်။ ဆယ့်ငါးမိနစ်လောက်အကြာမှာ ရွာတစ်ရွာကို အဝေးးက တွေ့နေရတော့အားတတ်ပြီးသုတ်ချေတင်တော့သည်။
ရွာအ၀င် မလှမ်းမကမ်းတွင် မကျီးးပင်ကြီးးတစ်ပင်ရှိပြီးး အပင်အောက်တွင် အညာသဘက်လေးခေါင်းပေါင်းပြီး ချည်ပါးပါးအရိပ်ပွင့်ရင်ပုံးအကျီ််လေးနဲ့ ပန်းပွင့်သေးသေးလေးပါတဲ့ ပိတ်ထမိန်လေး၀တ်ထားတဲ့ အဖွားအိုတစ်ယောက် ထိုင်နေတော့ လူငယ်လည်း
” အဖွား (*****) ရွာက အရှေ့က ရွာလားခင်ဗျာ”
အဖွားအိုလည်း ခေါင်းငြိမ့်ပြရင်း ရွာဘက်လက်ညိုးထိုးပြလေသည်။ အဖွားလမ်းညွှန်မှ သတိထားမိတော့သည်။ အဖွားလက်မှာ လက်သဲတေက ဖောင်းပွနေပြီး လက်ပန်းဂုံးတေက ခရုသင်းလို အဖုဖုတေနဲ့ အဖွားမျက်နာက ကြည်ကြည်လင်လင်ပါဘဲ။
အဖွားကိုကျေးဇူးတင်စကားပြောပြီးလူငယ်လည်းရွာထဲ ခရီး ဆက်တော့သည်။
မကြာခင် ရွာထဲ ၀င်လာပြီး “သူကြီးးအိမ် လမ်းညွှန်ပေးပါလားခင်ဗျာ” လို့လမ်းသွားလမ်းလာ တစ်ယောက်ကိုမေးလိုက်တယ် ” “ရွာလည်က ပုံနရိပ်ပန်းခြုံတေ ကာထားတဲ့ ပျဉ်ထောင်အိမ်က သူကြီးးအိမ်ဘဲ ညီ ဆက်သွားလိုက်”
ဟုတ်ကျေးဇူးပါ” မကြာခင်ဘဲ သူကြီး ဦးထွန်းသာတို့အိမ်ရောက်လေသည်။မိုးလည်းစုန်းစုန်ချုပ်လေပြီ သူကြီးက မောင်စနေလားကွဲ့ ဟုတ်ပါတယ် သူကြီးရေ လမ်းမသိတော့မေးစမ်းရင် ရောက်လာလို့တော်တော့တယ်”
“ကဲလာလာ တတ် မခင်ညွှန့်ရေ အကြမ်းအိုးလေးးဖြည့်ေပါအုံး ”
ဆိုပြီးသူကြီးကတော် ကို လှမ်းပြောတော့ အရီးးခင်ညွှန့်လည်း အကြမ်းအိုးအသစ်ဖြည့်ပြီးပြီးအနားလာထိုင်စကားပြောကျသည်။(နယ်ခနခဏသွားရတော့စာရေးသူလည်း အရီးခေါ်‌တာ အကျင့်ပါလို့ အရီးးလို့ရေးရတာပါ အညာသားလေးပေါ့🙏🙏🙏)
“ကဲ မောင်စနေရေ ခဏနား ထမင်းစား ပြီးနားလိုက်အုံးမနက်ကျတောထဲ ဦးကြီး လိုက်ပြပေးမယ်”
“ဟုတ်ကဲ့ဦးကြီးရေ ”
ညစာစားပြီးးဘုရားရှစ်ခိုးကာအိပ်ယာ၀င်ခဲ့တော့သည် ။
~~~~~~~~~~~~~~~
……မနက်မိုးသောက်အလင်းတို့ ဖျာဆင်းနေသည်…..
တောသဘာ၀ လင်းကြက်တွန်သံ နှင့်အတူ အိပ်တန်းထသည့် ငှက်ငယ်လေးများ တစာစာအော်သံကြားရသည်။ “တူဝေဝေဝေ ” သူကြီးဘုရားရှစ်ခိုးပြီးလို့ အမျှဝေကျေးစည်ထုသံ ။
ကျွန်တော်လည်း မျက်နာသစ် ကိုယ်လက်သန့်စင်ပြီး အရီးးခင်ညွှန့်စီစဉ်ပေးတဲ့ မနက်စာ ကောင်ညင်းပေါင်းနဲ့ ငါးခြောက် ဆီစိမ်လေးစားပြီး တောထဲသွားဘို့ပြင်စဉ်တော့သည်။လမ်းပြတစ်ယောက်ငှားပြီးးအလုပ်အတွက်တောထဲ ၀င်ပြီး ဓါတ်ပုံရိုက် နှင့် အလုပ်ရှုပ်နေတော့သည်။ နေ့လည်ထမင်းစားချိန် အရီးခင်ညွှန့် ထည့်ပေးလိုက်တဲ့ထမင်းထုပ် ဖြည်စားကျပြီးးခနနားတော့သည်။ သူကြီးနဲ့ လမ်းပြ ကိုသာဦးနှစ်ယောက်စကားတိုးတိုး…တိုးတိုးနှင့် ပြောနေတာကြားတော့ “ဦးကြီး ဘာတွေ ပြောနေတုန်း ”
“အော် မောင်စနေရေ သရဲခြောက်တဲ့အကြောင်းပြောနေတာကွဲ့”
“ဟုတ်လား ကျွန်တော့လည်းပြောပါအုံးဦးကြီးရ ကျွန်တော်လည်း၀ါတနာပါလို့ပါ”
“အာဆိုလည်း အိမ်ရောက်မှ သေချာပြောပြမယ် လုပ်စရာရှိတာ ဆက်လုပ်ကျတာပေါ့ အပြန် မိုးမချုပ်သင့်ဘူးမလား”
“ဟုတ်ကဲ့ ကောင်းပါတယ် ဦးကြီးးရေ”
လုပ်စရာ ရှိတာ လုပ်ပြီး တောထဲမှ သုံးနာရီလောက်ကျ အိမ်လာခဲ့သည်။တောရိပ်တောင်ရိပ်ကြောင့် အအေးစုပြီး အမေှာင်လည်းသမ်းလှသည် ။ တစ်ခါတစ်ခါ ဂျီတောက်သံပင် ကြားရသည်။ညနေစောင်းခြောက်နာရီခန့်ရွာထဲ ပြန်ရောက်တော့ ခဏတစ်ဖြုတ်နားပြီး ရေမိုးချိုးပြီး ညစာ စားကျတော့သည်။ အရီးခင်ညွန့်က ဟင်းချက်တော်တောလေးလက်ရာကောင်းတော့ အစားကြီးတဲ့စနေလည်း နှစ်ပုကန် ခွဲလောက်စားပလိုက် ပြီး အဆီရစ်နေတော့သည်။
ရွာထဲမှာစူညံစူညံ အသံတေနဲ့အတူ သူကြီးခြံထဲသို့ လူတစ်ယောက်ပြေး၀င်လာသည်။ “ဦးလေးထွန်းသာရေ ဦးလေးထွန်းသာ ”
‌”ဟော့ ဘယ်သူတုန်း မောင်ရစ်လား”
“ဟုတ်တယ်ဦးလေးရေ မိနွဲ သရဲအခြောက်ခံရလို့ မေ့နေတယ် သတိမရဘူးဗျ လူကြီးတေွက ဦးလေးကို သွားခေါ်ပါဆိုလို့ လာခေါ်တာ ”
သူကြီးနဲ့ မောင်ရစ်ဆိုတဲ့လူ စကားပြောသံ နားစွင့်နေမိတယ်။
“ဟေ့ ဟုတ်လား လာလာသွားကျမယ်”
ကျွန်တော်လည်း…….
“သူကြီးး ကျွန်တော်လိုက်လို့ရလား ဗျ”
မောင်စနေ လာလေ ရတယ် လိုက်ခဲ့ ” ကျွန်တော်လည်း သူကြီး ၊ကိုမောင်ရစ်နင့်အတူ သုတ်ချေတင်အပြေးလိုက်တော့သည်။
ရွာထိပ်နားကျတော့ သူကြီးက ဦးဆောင်ပြီး ခြံတစ်ခြံထဲ ၀င်လိုက်တော့ အနောက်က ကျွန်တော်လည်း‌လိုက်၀င်လိုက်တာပေါ့…
ခြံထဲမှာ လူ ဆယ်ယောက်လောက်ရှိတယ်။
“သတိရလာပြီလား ”
သူကြီးကမေးလိုက်ပြီး လူအုပ်ထဲ နေရာ ၀င်ယူလိုက်သည်။ပြီးတော့ လက်ထဲ အသင့်ပါတဲ့ ဗူးလးတစ်ဗူးထုတ်ပြီးး မိနွဲဆိုတဲ့အမျိုးသမီးပါစပ်ထဲ ထည့်‌လိုက်တော့သည်။
(နောက်မှ သိရသည် က ထိုဗူးထဲ တွင်း ဆေးဒန်း ဟုသိရသည်။ အကြောင်းသင့်လျှင် ဆေးဒန်းအကြောင်း ရေးပြပေးပါမည်။)

ခန အကြာတော့ မိနွဲ ဆိုတဲ့ အမျိုးသမီးး အင်းးးဆိုပြီးးနိုးလာတယ် ။
ဟော့သတိရလာပြီ ရလာပြီဆိုပြီး လူအုပ်ထဲက အသံတေထွက်လာတယ် မိနွယ် တစ်ယောက် ။ ကြောက်လန့်နေတုန်းပေါ့။
“မိနွဲ ဘယ်လိုဖြစ်တာလည်း ပြောပါအုံးအေ ။မလန့်သာ မလူးသာအေ” အမျိုးသမီးကြီးတစ်ယောက်က မေးလိုက်တော့
“ကျွန်မ အိမ်ကမွေးထားတဲ့ ဘဲ အုပ်ထဲက ခြောက်ကောင်ပြောက်နေလို့ ရွာပြင်ထွက်ရှာတာမန်ကျီးပင်နားရောက်တော့ ”
မနွဲလည်း အကြောက်မပြေသေးဟန် ဘေးနားကရေခွပ်ယူပြီးသောက်လိုက်သည်။
“မန်းကျီးးပင်နားမှာ ဒွေးလေး..ချိန့်ကိုတွေ့လိုက်ရတယ် မျက်လုံးကရဲပြီးး မျက်နာက မျက်ရည်တေ စီးကျနေတာ ပြီးတော့ မျက်ရည်က သွေးရောင်အနီတေ အဟီးးး” ဆိုပြီးးငိုလေတော့သည်။ ဘေးက လူတေွက ကျောချမ်းကုန်တာပေါ့။ စောနက အမေကြီးကဘဲ နင်ကလည်းအကြောင်းသိရဲ့သားနဲ့ ညဘက် ဘာလို့မန်ကျီးပင်ဘက် သွားရတာလည်းး”
“ကျွန်မလည်း ဘဲ ခြောက်ကောင်ဇော်နဲ့သွားမိတာ ဒါနဲ့ ကျွန်မ က ဘယ်လို လုပ် အိမ်ပြန်ရောက်နေတာလည်း”
“နင့်ယောက်ျားဇော်တင့်က နင့်အသံ ကြားလို့ အနောက်က အပြေးလိုက်ကြည့်တော့ နင့်မေ့လဲနေလို့ ထမ်းခေါ်လာတာ”
လို့ အမျိုးသမီးးကြီးက ဆက်ပြောလိုက်သည်။
အဲ့အချိန်မှာပဲ သူကြီးက….
“ကဲ ကဲ လူစုခွဲကျတော့…. မိနွဲလည်းသတိရပြီ ငါတို့လည်းပြန်တော့မယ် စနေရေပြန်ကျမယ်”
“ဟုတ်သူကြီး”
စနေတစ်ယောက်စိတ်ထဲ အတွေးတေ ဝေခွဲမရဘဲ သူကြီးးနဲ့အတူ ပြန်လာခဲ့‌လိုက်တော့သည်။
သူကြီးအိမ်ပြန်ရောက်တော့ စိတ်ကမနေနိုင်တော့တာနဲ့ သူကြီးအားမေးလိုက်တော့သည်”
သူကြီး ရွာထိပ်ကမန်ကျီးပင်ဆိုတာ ဘယ်အပင်လည်းရွာထိပ်မက ခပ်ဝိုင်းဝိုင်း အပင်းအကြီးးကြီးးလား”
“ဟုတ်တယ်လေ မောင်စနေရဲ့ ဘာလို့လည်းး”
” အဲ့အပင်အောက်မှာ ကျွန်တောလာတုန်းက အမေအိုတစ်ယောက်တွေ့တယ် အချိန်ကတော့မှောင်ရီပျိုးစ ဘဲရှိသေးတာ”
“ဟေ့ဟုတ်လား ဘယ်လိုပုံစံလည်း”
“မှတ်မိတယ် သူကြီးးရ ”
ထိုအချိန်မှာဘဲ ရွာထဲက လူကြီးတစ်ချို့ ရောက်လာလို့ စကားပြတ်သွားသည်။

“လာဟေ့မဲ့ကြီးတို့ ဒီည စကားဝိုင်းကောင်းပြီး”

ဟုတ်တော့လည်းဟုတ်သည် ရွာဘက်တေက ညဘက်ဆို လေသာဆောင်မှာ လူ လေးငါခြောက်ယောက်စုဖွဲစကားပြောကျတယ် ညစကားဝိုင်းပေါ့ဗျာ ။ လူငယ်တစ်ချို့လည်းလာနားထောင်ကျတယ် ပိုဆိုးတာက ဧည့်သည် ကျွန်တော်ရောက်လာတော့ လာမိတ်ဆက်ကျနဲ့ စကားဝိုင်းစည်သွားတာပေါ့။

“မဲ့ကြီးရေ စနေတစ်ယောက် ရွာရောက်ရောက်ခြင်း သရဲ အခြောက်ခံရပြီနဲ့တူတယ် ကဲ မောင်စနေ စကားဆက်ပါအုံး”

ကျွန်တော်လည်းစကားဆက်လိုက်တယ်…

” ဟုတ်ကဲ့သူကြီးး အဲ့အဖွားအိုကိုတောင် လမ်း မသိလို့ မေးတော့ လမ်းညွန်လိုက်တယ်”
ဟင် ဟာ ဖြစ်ကုန်တော့သည်။ “အဖွားချိန်က စကားပြန်ပြောလား”
လူငယ်တစ်ယောက်က ထမေးတော့
“မပြောဘူးဗျ လက်ညိုးညွှန်ပြီး ဘဲ ပြတယ်” ‌
စောနက လူငယ်ကဘဲ
” အောင်မလေးးကိုယ်တေဆို ကြောက်လို့ထွက်ပြေးမိမယ်ထင်တယ် ”

ကျွန်တော်လည်း

“ကြောက်စရာပုံစံဆိုရင် ကျွန်တော်လည်းကြောက်မယ်ထင်တယ် ဒါပေမဲ့ သာမန်လူလိုဘဲ၀တ်စားထားတာ အညာသဘက်လေးခေါင်းပေါင်းပြီး ချည်ပါးပါးအရိပ်ပွင့်ရင်ပုံးအကျီ််လေးနဲ့ ပန်းပွင့်သေးသေးလေးပါတဲ့ ပိတ်ထမိန်လေး၀တ်ထားဗျ”
” အင်းထူးတော့ထူးဆန်းတယ် မောင်စနေရ မောင်စနေ ပြောတဲ့ပုံက အမချိန် ဆုံးတုန်းက အ၀တ်အစားဘဲ ကွဲ”
လို့သူကြီးကဆိုလိုက်တယ်။ အားလုံးလည်း ကြောက်စိတ်တေ ၀င်လာဟန်တူတယ် မျက်နာသေလေးတေ။ ကျွန်တော်လည်းနေ့လည်ကအကြောင်းသတိရတော့‌ သူကြီးး နေ့လည်ကအကြောင်းးပြောပါအုံး ကိုသာဦးးနဲ့ပြောတာ လေးး‌”
ဆိုတော့
“မောင်စနေရေ သာဦးက အကြောက်အလန့်နည်းတယ် အချိန် နဲ့လည်း တူတော်တယ်ဟ” စကားအစချီလိုက်သည်။
~~~~
တစ်ည သာဦးလည်းဟိုဘက်ရွာ အလှူအတွက် ၀က်သွားပေါ်ပေးပြီး
ရွာအပြန် မိုးကလည်းချုပ်နေပြီ ။
သိတဲ့အတိုင်းဘဲ ရွာအလှူတေက ၀က်ကိုကောင်လုံးချတ်တာ။ ပေါ်ပေးတဲ့လူက လည်း ၀က်ပေါ်ပေးပေါ့။
၀က်ပေါ်ရင် အရက်တိုက်တာကများတယ် ၊သာဦးးလည်းး အရက်မူးနေတော့ နဂိုကအကြောက်အလန့်မရှိတဲ့လူ… မန်ကျီးးပင်နားလည်းရောက်ရော် ။
‌”ဒွေးလေးရေ ကျွန်တော်တော့ ဟိုဘက်ရွာက ၀က်ပေါ်လို့ အရက်သောက်လာတယ် လူလည်းမူးနေပြီး ”
လို့ပါးစပ်က ပေါက်ကရပြောလိုက်တယ်။
အဲ့အချိန်မှာဘဲ လေလည်းမတိုက်ဘဲ မကျီးရွက်တေ တဝေါ်ဝေါ လုပ်လာတယ်၊ မကျီးပင်အောက်ကနေ ဖြူဖြူအရိပ်တစ်ခု အညာသဘက်ခေါင်းမှာပေါင်းပြီးး မျက်နာကဖြူဖက်ဖက်နဲ့ မျက်လုံးမှာလည်း မျက်ရည်တေစီးကျပြီးး မျက်ရည်တေက သွေးးရောင်သန်းနေတယ်။ ပါတ်၀န်ကျင်တစ်ခုလုံးမှောင်မဲနေတာ သာဦးတစ်ယောက် ဖြူဖြူအရိပ်ကြီးကိုကြည့်ပြီးး ကြည်သည်းမွေးညင်းတေ ထရုံမက ခေါင်းက ဆံပင်ပါထောင်ပြီးး
“ဟင် ဒွေး‌ေ..ဒွ…းး ဒေ ွး လေးဒွေ” စကားတေလည်းမပီတော့ဘူး အဖွားအိုက မျက်လုံးကသွေးးတေနဲ့ ခါးကြီးးထောက်ပြီးး ‌မျက်ထောက်နီကြီးးနဲ့ ကြည့်နေတာ” သာဦးးလည်းဟန်ပင်မဆောင်းတော့ဘူး ” အောင်းးးးးးမ လေးးးးးးဒွေးးးးးးးလေးးဗျ”ဆိုပြီး
ပုဆိုးစွန်တောင်ဆွဲပြီးပြေးလေတော့သည်။ ရွာရောက်တော့ မနွဲလိုပင် မနည်းးနှာနှက်ယူရသည်။နောက်နေ့ သာဦးတစ်ယောက် သုံးရက်လောက် ဖျားသွားတော့သည်။
စနေလည်း
“သူကြီးး အဖွားချိန်အကြောင်းပြောပြပါလား ”
‌စနေစကားကြောင့် စကား၀ိုင်းက လူတေ အားလုံး မျက်နာပျက် ပြီးညိုးငယ်ကုန်တော့သည်။
“မောင်စနေသိချင်ရင် နောက်နေ့ မကျင်မြကို ခေါ်ခိုင်းပြီးပြောပြခိုင်းပါ့မယ် သူက အမချိန်နဲ့ အမျိုးနီးစပ်တော့ ပိုပြီး ခနေစေ့တွင်းကျ ပြောပြနိုင်လိမ့်မယ်”
ဟုတ်ကဲ့ပါ သူကြီးး”
ခနနေတော့စကား၀ိုင်းသိမ်းပြီး ဘုရားရှစ်ခိုးပြီးအိပ်ယာ၀င်လိုက်တယ်။ အတွေးးထဲ အဖွားချိန် အကြောင်း များစွာတွေးနေမိတယ်။
~~~~~~~~~~~~
စနေတစ်ယောက်တနေကုန်အလုပ်အတွက်တော…..ထဲ ရောက်နေပေမဲ့ ညနေမြန်မြန်ရောက်ချင်နေတယ်။ ဒီလိုနဲ့ ညမိုးချုပ်စကားဝိုင်းတည်တော့ ၊
မကြာပါဘူး အဖွားကျင်မြ ဆိုတဲ့ အဖွားရောက်လာတယ် ။
သူကြီးကပင်လော်စော်လိုက်သည်။
“မကျင်မြရေ လာဟ ငါ့ဧည့်သည်ကအမချိန်အကြောင်း သိချင်တယ်ဆိုလို့ ‌မှာလိုက်ရတာ။
အဖွားကျင်မြက စကားဝိုင် တနေရာ မှာ နေရာယူလိုက်သည်။ ရွာသားလေးငါးယောက်ကလည်းစကားဝိုင်းကို စိတ်၀င်စားဟန် နားစွင့်နေတော့သည်။
“ဟုတ်ကဲ့အဖွား ကျွန်တော့နာမည် စနေပါ အဖွားချိန်အကြောင်းစိတ်၀င်စားလို့ပြောပြပါလား ခင်ဗျာ”
အဖွားကျင်မြလည်း မျက်နာက အတိတ် အချိန်ကိုသတိရသွားဟန် …ရွာတော့မဲ့မိုးလို ညိုးသွားတော့သည်။
~~~~~~~~~~~~~~
#၁၉၉၅ ခုနှစ်
မနက်မိုးသောက်ချိန် လုပ်ငန်းကိုယ်စီ အသီးသီး ပြင်ကျ စဥ်ကျ ပေါ့…..
ရွာထိပ်လမ်းမ ဘက်မှ အမျိုးသမီးတစ်ယောက် ခုန်ပေါက်ပြီးးပျော်မြူးကာ ပြေး၀င်လာတော့သည်။ တွေ့သမျှ သူတေကိုလည်း အသံစာစာနဲ့ လှမ်းလှမ်းပြောနေပုံက သိန်းထီကြီးပေါက်နေသလားဟုထင်ရသည်။
” အမချိန်ဘာဖြစ်လာတာတုန်း…. ပျော်နေလိုက်တာနှစ်ယောက်မရှိဘူး”
“ဒီနေ့ဆယ်တန်းအောင်စာရင်းထွက်တာလေ နင့်တူ သူရိယ..ဆယ်တန်းဂုဏ်ထူး လေးဘာသာ နဲ့အောင်တယ် ” ဆိုပြီးအနောက်က လမ်းလျှောက်လာတဲ့သူရိယ ဆိုတဲ့ လူငယ်က အပြုံးမျက်နာနဲ့ အနောက်က လမ်းလျှောက်လိုက်လာတာကိုလက်ညိုးညွှန်ပြရင်း အမချိန်တစ်ယောက် မောင်တစ်၀မ်းကွဲ မဲ့ကြီးကို ဖြေလိုက်သည်။
တစ်ရွာလုံးလည်း ပျော်လိုက်ကျတာ… ဟုတ်တာ ပေါ့ သူရိယက ဆယ်တန်း အောင်တာ တစ်ရွာလုံး သိကုန်တော့သည်။ မသိဘဲ နေမလား မုဆိုးမလေးမချိန် တစ်ယောက် ခုန်ပေါက် ကခုန်ပြီး တစ်ရွားလုံးးမောင်းထုနေတာ……
တစ်ရွားလုံးလည်းမချိန်ရဲ့ အပျော်တေ ကူးးကုန်ပြီး ကခုန်နေတော့သည်။ ရွာမှာက ပညာတတ်ရှားသလို ဂုဏ်ထူးနဲ့အောင်သည်ဆိုတော့ တစ်ရွားလုံး ဂုဏ်ယူမဆုံးပေါ့။
“သားသူရိယ အိမ်ကစောင့်နေ အမေ ထွန်းသာတို့အိမ် ခန သွားအုံးမယ် မနက်စာ အမေ ပြင်ထားတယ် စားထားနှင့်”
“အမေရယ် မမောသေးဘူးလား ပြန်ကျရအောင်”
မချိန်တစ်ယောက်သားစကားနားမထောင်ဘဲ ထွန်းသာတို့အိမ် ထွက်လာတော့သည်။ ပျော်လွန်းလို့ ရင်ထဲမှာ တစ်လှပ်လှပ် တုန်နေတော့သည်…
(ဦးထွန်းသာက ထိုအချိန် က သူကြီးးမဖြစ်သေးးပါ)
ခနနေတော့ မချိန် တစ်ယောက်ပြန်ရောက်လာသည်။
သူရိယ အမေ ပြန်လာတာကိုကြည့်ပြီး
“လက်က ဘာတေလည်းအမေ ”
“ပိုက်ဆံလေ သားရဲ့ မနက်ဖြန်တစ်ရွာလုံးနို့ဆန်ပြုတိုက်မလို့ အမေ့နားကပ်လေးသွားရောင်းလိုက်တာ”
သူရိယ တစ်ယောက်စိတ်မကောင်းဖြစ်သွားသည်။ အမေ့ တစ်ကိုယ်လုံးမှာ ရွှေဆိုလို့ ကျောက်တစ်လုံးနဲ့ နားကပ်လေးတစ်ရံသာ…..
‌”အမေရယ် ကိုယ့်ရှိတာလည်းမဟုတ်ဘဲ ”
“သားရယ် အမေ့သား ကို ဂုဏ်ပြုပွဲ လုပ်တာ ပါ စိတ်မကောင်းဖြစ်နေနဲ့ ကိုထွန်းသာ ကိုတောင်မှပြောခဲ့သေးတယ် အမေ့လယ်လေးစာရင်းငှားးချထားတာ ရောင်းမလို့”
သူရိယ မျက်လုံးပြူးသွားသည်။
“ဟာ အမေ ဘာလုပ်ဘို့လည်း”
“ငါသား တတ်ချင်တဲ့ကျောင်းဆက်တက်ဘို့လေ”
“အမေ သား ကျောင်းဆက်မတတ်ဘူး အဝေးသင်ဘဲ တတ်မယ်”

မချိန် မျက်နှာ အံ့‌ဩောပြီး…..

“သားရယ် မလုပ်ပါနဲ့ငါ့သားကျောင်းဆက် တတ်ရမယ် သားရည်မှန်းချက်အတိုင်းဖြစ်အောင်ကြိုးစားပါ အမေရှာနိုင်ပါတယ် သားပညာတတ်ကြီးဖြစ်တော့အမေ့ရှာကျွေးပေါ့”
သူရိယလည်း ဘူးဆိုဖရုံမသီးတဲ့ အမေ့ အကြောင်းသိတာမို့ မျက်ရည် ဝဲပြီး အမေ့ပါးလေးးနမ်းလိုက်တော့သည်။
“သားမိတေ အလွမ်းးသည်နေကျတာလား အရီးးချိန် ငှားခိုင်းတဲ့ နှစ်ဆယ်၀င်အိုးး ရပြီ”

ပြောပြောဆိုဆိုနဲ့ သာဦးလည်း သူရိယနား၀င်ထိုင်လိုက်ပြီး…..
သူရိယ မင်း ရန်ကုန်မှာ အင်ဂျင်နီယာကျောင်းးတတ်ရတော့မှာ ပေါ့ ၀မ်းသာတယ် ကွာ ”
မောင်သာဦးနဲ့ သူရိယက ညီအကိုတစ်၀မ်းကွဲ တောသည်… မချိန်ရဲ့ တူပေါ့…
“အေးးအဲ့ဒါပြောနေတာဟ ငါမတတ်ချင်တော့ဘူး ပိုက်ဆံအရမ်းးကုန်မှာ ဟ……. ရန်ကုန်သွားရင်အမေ့လည်းစိတ်မချဘူး”
“မင်းကလည်းး ဘာစိတ်မချစရာရှိလည်း ငါရယ် အနွဲရယ် ရှိတယ် စိတ်ချသာသွားး”
“ဟုတ်ပါတယ် သားရယ် စိတ်ချသာသွားပါ အမေ ရှာလည်းရှာနိုင်တယ် ကျမ်းလည်းကျမ်းမာပါတယ်”
သူရိယလည်း ပြောမသာတော့ငြိမ်နေလိုက်တော့သည်။~~~~~~~~~~£~
” ထွေးပုံတို့ မိသင်းတို့သေချာလုပ်နော် အရသာ ရှိရှိလေးးလည်းလုပ်ကျ တစ်ရွာလုံး အရသာ ရှိမှ ဖြစ်မယ်”
“စိတ်ချပါ အရီးးချိန်ရယ် စိတ်ချပါ အရသာစွဲသွားအောင် လက်စွမ်းပြပါ့မယ်”
“အေးးပါအေ…အေးပါ ”
နို့ဆန်ပြုတ် ကျက်တော့ ရွာဦးးကျောင်းဆရာတော် အာရုံဆွမ်းအမှီ ပို့ကျသည်။ အလင်းရောင်ကျလာသည်နှင့် ရွာသားတေ တဖွဲဖွဲ ပေါ့။
မချိန်တစ်ယောက် ပျော်လို့ပြုံးးလို့။
“စားကျနော် စားကျ အားမနာနဲ့ ”
“ငါ့အမကတော့ ဟေ့ သူ့သား အတွက် ပျော်နေတာ တစ်ကယ်ပါဘဲ”
မဲ့ကြီးက သူ့အမကိုစတော့ …
“ဟဲ့ မပျော်ဘဲ နေမလား ငါ့သား ငါသားက မကြာခင် အင်ဂျနာကြီးးဖြစ်တော့မှာ”

“ဒွေးလေးချိန်ရေ အင်ဂျင်နီယာပါဗျ ဒွေးလေးပြောမှ ဂျင်ဂျနာဖြစ်ရတယ်”

ဟု မောင်သာဦးက ပြောရာ …..

“အေးဟေ့ာ နင်ပြောတဲ့ ယာယာ ဟော့ ငါလည်းမခေါ်တတ်ဘူး”
” ဟားဟား”
အားလုံးလည်းပွဲကျကုန်တော့သည်။

~~~~~~~~~~~~~~~

မချိန်တစ်ယောက် ရှိတဲ့လယ်လေး ရောင်းပြီးးသားကိုမြို့ကျောင်းပို့ရသည်။
ရွာထဲ မနက်ပိုင်း အကျော်ရောင်းပြီးးနေ့လည်ပိုင်းကို ရွာထဲက အိမ်တစ်ချို့မှာ အ၀တ်လျှော်သည်။ အ၀တ်လျှော်တာတော့ သားလေးသူရိယ သိလို့မဖြစ် တော်ကြာ ကျောင်းဆက်မတတ်ပါဘူးဆိုခက်မည်…. ထို့ကြောင့်ရွာထဲက လူတေကိုလည်း သားကိုပြန်မပြောဘို့နုတ်ပိတ်ရသည်..။
အ၀တ်လျှော်အိမ်များကလည်း မချိန်ကို ငွေပိုပိုသာသာလေးပေးကျသည်။ ချစ်ကျတာကိုးးသဘောကောင်းရိုးသားလို့ပေါ့ ….။
သားလေးကိုလည်းချစ်တာမှ တုန်နေတော့သည်။ သားပညာတတ်ရေးး ဇွဲမလျှော့နိုင်ရှာ….

“ဒွေးးလေးးရေ ဒီမှာ ‌ငန်ဆေးရပြီ လာလာသမီးးလူးပေးးမယ်”

ဆိုပြီး ဆယ့်သုံးနှစ်အရွယ် အနွဲ့ ဆိုသော် မိန်းခလေးက ကျောက်ပြင်မှာဆေးသွေးးပြီးး လူးပေးရှာသည်….,
တစ်ခြားတော့မဟုတ်ပါ …..တစ်နေကုန် အ၀တ်လျှော်ရတော့ ရေ ဝဲစားပြီးးလက်ပန်းကုံးတေ အနာဖြစ်လာသည်…..ပိုဆိုးတာက မနက်ပိုင်းအကြော် ကြော်တော့ အညော်မိတာနဲ့ လက်က ပြည်တည်လိုက်သွေးးထွက်လိုက်ရယ်ပေါ့။
“ဒွေးလေးရယ် အ၀တ်မလျှော်ပါနဲ့တော့လား လက်က တဖြည်းဖြည်းနဲ့ အနာတေက ဆိုးလာတယ်”

“အနွဲ့ရယ် ညည်းအကိုက အန်ဂျနာကြီးးဖြစ်ဘို့ကျောင်းတတ်တာ ပိုက်ဆံလိုတယ် ညည်းအကိုမျက်နာမငယ်ရအောင်လည်း ပို‌ပြီးးပို့ရတယ် ”

“အင်ဂျင်နီယာပါ ဒွေးလေးရဲ့”

” အေးပါအေ ကျုပ်မှ မခေါ်တတ်တာ ”

“ဒွေးလေးအ၀တ်ဆက်လျှော်ရင် ကိုလေးနဲ့ တိုင်ပြောမယ်”

“ဂေါက်”

“ညည်းကျုပ်သားကိုပြောကြည့် ညည်းနာမယ် ဆိုပြီးအနွဲ့ခေါင်းကို ခေါက်လိုက်သည်”

“အောင်မလေးဒွေးလေးရဲ့ နာတာ အနွဲ့က စတာပါတော် မပြောပါဘူး တစ်ကယ်ထဲ”

အနွဲ့လည်းနာသွား‌တော့ ငြိမ်သွားသည်…,

“အေးပါအနွဲ့ရယ် အုံဖွအုံဖွ”

မချိန်တစ်ယောက် ရွာထဲမှာ မျက်နာပွင့်လှ သည် …. ပင်ကိုယ် လူချစ်လူခင်ပေါ်သလို သားကိုပညာတတ်အောင် ကြိုးစားလို့ လေးစားချစ်ခင်ကျတော့သည်…။

“အင်ဂျင်နီယာကြီးးရဲ့အမေရေ စားပြီးပလားဗျ”

မဲ့ကြီးက ခြံထဲ ၀င်လာရင်း သူ့အမ ကို စသည်။
“မဲ့ကြီးးနင်တော့နာတော့မယ်”
“အမကလည်း ကျွန်တော့တူ အမသားက ပညာတတ်ကြီးဖြစ်တော့မှာလေ ဟုတ်ဘူးလား”

“အောင်မာ နင့်ဗိုက်ထဲ အူဘယ်နှစ်ခွေရှိတယ်က အစ ငါသိတယ် နင်နော် နင်”

“ဟားဟားဟား ”

ဟုတ်ပါပြီ အမရယ် ကဲ မနက် မြို့ပေါ် စောစော သွားမှာ မို့ အမသားစီ ပို့မဲ့ ပိုက်ဆံ အခု ညကတည်းက လာယူတာ”

“အော် အေးးကောင်းတယ် မပြောက်မရှအောင်လည်းဂရုစိုက် အုံး”

အမရယ် ပိုက်ဆံပို့တိုင်းလည်း ကျွန်တော်ဘဲ ပို့နေရတာ အခုဆို အမသားဘဲ ကျောင်းပြိးးတော့မယ်မလား”

“အေးပါဟယ် ငါက မုဆိုးမ ဒီမောင်တေပဲ အားမကိုး ဘယ်သူ့အားကိုးမလည်း”

“အမလေးးအခုမှ မျက်နာချိုသွေးနေ ”

“အမ ပိုက်ဆံတေ များလှ ချည်လား ”

“အေးးနင့်တူက စာမေးပွဲအတွက် စာအုပ်၀ယ်ချင်လို့ဆို့ ငါ အိမ်လေးပေါင်လိုက်တယ် ဘွဲ့ယူတဲ့အခါ လည်း သုံးဘို့ ထွန်းသာဆီမှာဘဲ ငါအပ်ထားသေးတယ်”

“အမရယ် ”

မဲ့ကြီးးလည်း ပြောမထွက်သာတော သူ့အမအကြောင်းလည်းးသူအသိဆုံးမလား…။
မဲ့ကြီးလည်းပိုက်ဆံယူပြီးး ပြန် သွားတော့သည်။
“ကဲ အနွဲရေ အိပ်ကျမယ် ညည့်နက်ပြီးမနက်လည်းအကြော် ထကြောရမယ် အိပ်ကျမယ်”
ပြောပြောဆိုဆိုနဲ့ နှစ်ယောက်အိပ်ယာ ၀င်ကျသည်….
အနွဲ့က တူမဆိုပေမဲ့ ဒွေးလေးတစ်ယောက်ထဲမို့ ဒီမှာလာနေခြင်းဖြစ်သည်…
အိပ်ယာထဲ တွင်တော့ မချိန်လည်းး အနာတေ… ကိုက်လို့ထင် အဟင်းဟင်းနဲ့ညည်းနေတော့သည်။
အနွဲလည်း ကြားနေရသော်လည်း စိတ်မကောင်းရှာ ယုံမှ လွဲပြီးးမတတ်နိုင်ပေ…
သားအတွက်ဆို အသက်ပါ ပေးမလားလို့ပင် အနွဲလည်းတွေးးမိတော့သည်။

~~~~~~~~~~~

ဟိုင်းလပ်ကားလေးရွာထဲသို့ ၀င်ရောက်လာတော့သည်။
ရွာထိပ်က အရိပ်ကောင်းသောမကျီးးပင်အောက်တွင် ရွားသားများ စောင့်နေကျရာ ကားလေးကိုမြင်သည်နှင့်
“ပါတ်ဗုံဗုံ 🎶🎶🎶ပါတ်ဗုံဗုံ🎶🎶🎶”
မောင်ရစ်က ဦးးဆောင်ပြီး ရွာထဲက ကာလသားတစ်သိုက် ဒိုးပါတ်ဝိုင်းနဲ့ကြိုဆိုကျ သည် က ကျသည်…..အားလုံးလည်း ပျော်လို့မြူးလို့ ……
ရွာထဲက အမေအိုတစ်ချို့ပင် က ကျ ခုန်ကျ သေးသည်။
ကားခေါင်းခန်းမှ ဘွဲ၀တ်စုံ နှင့် သူရိယ ဆင်းလာသည်…
အလှ အပတေနဲ့ မချိန်တစ်ယောက် …ပြုံးလို့ပျော်လို့။
အလှဆုံးသော အပြုံးလေ လား…..

ရွာသားတေလည်း ပျော်ကျမြူးကျ လာကြည့်ကျနှင့်ပွဲတော် အလားး စည်ကားနေသည်။
သူရိယ သူငယ်ချင်းတေလည်းဝေးးဆိုပြီးး သူရိယက ဝိုင်းပင့်ပြီးးထမ်းကာ ကခုန်နေတော့သည်။
အမ ချိန်တစ်ယောက် ငါ့သားကြီးးပညာတတ်ပြီဆိုပြီး ပြုံးလို့ ငို လို့ပေါ့။ မချိန်ကိုကြည့်ပြီး….. တစ်ခြားသူတေပင် ၀မ်းသာပိတိ မျက်ရည်တေနှင့်ပေါ့…….
ပင်ကိုယ် က ပျော်ပျော် နေတတ်သူ မချိန်တစ်ယောက်လည်းး ချိတ်ထမိန်ကြီးတကားကားနှင့် ကနေတော့သည်”

“ငါ့တူကြီးး အင်ဂျင်နီယာဖြစ်ပြီးကွ ဝေးးး ”
မဲ့ကြီးးလည်း ပေျာ်လို့ကခုန်နေတော့သည်။
“ပညာတတ်ကြီးးရဲ မေမေ ကြီး ပညာတတ်ကြီးးရဲ့မေမေကြီးး” ဟုဆိုကာ
အမ ဖြစ်သူကိုဖက်၍ကနေတော့သည်။
အိုကွယ် ပျော်စရာပေ တကားးး……။
~~~~~~~~~~~~~~~

သူရိယ ရန်းကုန်မှာ အလုပ် လုပ်လေပြီ…
မချိန်တစ်ယောက် သားကပို့တဲ့ပိုက်ဆံလေးးနဲ့ ပြေပြေလည်လည်းဖြစ်လာသည်….

တစ်နှစ်လောက် ကြာတော့ပေါင်ထားတဲ့အိမ်လေးပင် ပြန်ရွေးးနိုင်တော့သည်..
အိမ်သွားရွေးတော့ ထွန်းသာကိုစကားနိုင်လု ခဲ့သေးသည်…

“တွေ့လားထွန်းသာ.. ငါ့သားပညာတတ်ရင် ငါ ကိုချမ်းချမ်သာသာ ထားမှာပါလို့ ဟော့ အခု အိမ်ရွေးပြီးနောက်ဆို အိမ်ဆောက်မယ် အဟင်းဟင်း”

“အမ ပြေလည်တော့ ၀မ်းသာတာပေါ့ အမသား အတွက်လည်း ဂုဏ်ယူပါတယ် ဗျာ”

~~~~~~~~~~~
မချိန် ရဲ့ဘ၀လေးးသာယာမည် ရှိသေး သတင်းတစ်ခု ကြားရတော့သည်…

သူရိယ အိမ်ထောင်ပြုသွားပြီ…
ရွာထဲမှာလည်း ထိုအ‌ေကြာင်းးပင်ပြောနေတော့သည်…,
“အမချိန်သနားပါတယ် အားကိုးရမယ်ကြံတုန်းရှိသေး သားက အိမ်ထောင်ပြုပြီ ”

ဆိုပြီးး ဂရုဏာသပ်ကျသည် …
သားမဂ်လာပွဲ ရန်ကုန်မှာ ကြီးကြီးကျယ်ကျယ် ကျင်းပသည်… သူရိယ အမျိုးသမီးးက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးးရဲ့သမီးးဖြစ်နေတော့ ကြီးးကျယ်လိုက်သည့်မဂ်လာပွဲပေ…..

မချိန်တစ်ယောက် သားအတွက် ကျေနပ်နေရပြန်သည်…။

ငါ့သားလေးဘ၀ကောင်းစားပြီပေါ့…

ရွာကလိုက်လာတဲ့ ရွာသားတေကတော့ သူရီယ တို့ဆုံတွဲ ကြည့်လိုက် မချိန်ကို ဂရုဏာသပ်စွာကြည့်လိုက်နှင့် ပြုံးသာပြုံးသည် အသက်ရယ်ကမပါ…..။

မဂ်လာပွဲကြီး ပြီးးခဲ့လေပြီ….
မချိန်တစ်ယောက်သားမဂ်လာပွဲက ဓါတ်ပုံတေ ကြည့်ရင်း ၀မ်းသာပီတိဖြစ်နေသည်……

“ဒွေးးလေးး ကလည်း သားက ချမ်းသာတဲ့မိန်းမ ရတာ ရန်ကုန်မှာနေပါ့လား”

အနွဲ့က ထမင်းပွဲပြင်ရင်းက ပြောသည်…

“အနွဲ့ရယ် မနေချင်ပါဘူး လူရှုပ်ရှုပ် …..ကားရှုပ်ရှုပ် ဒီမှာနေလည်း ငါ သားထောက်ပံ့တာဘဲ ”

“ဟုတ်ပါတယ် ဟုတ်ပါတယ် ဒွေးးလေးကိုတော့ ပြောလို့မနိုင်ပါဘူး ကဲ ထမင်းစားမယ် လာဒွေးလေးရေ”

စားသောက်ပြီးး အိပ်ယာကိုယ်စီ ၀င်ခဲ့ကျတော့သည်…
မချိန်တစ်ယောက် ရင်ထဲက အပျော်တေကြောင့် လက် က ကိုက်နေသော အနာပင် မနာဘူးဟု ထင်နေရတော့သည်….။
~~~~~~~~~~~
ရက် ၊လ မှ ပင် နှစ်သို့သည် ကြာခဲ့သည်။
အစပိုင်းက ပုံမှန် ထောက်ပံ့သောလည်း
အလုပ်များသောကြောင့်ဟုဆိုကာ
သားဖြစ်သူ ထံမှ ပိုက်ဆံ ရတစ်ခါ မရတစ်ခါ….

သားစီလည်းအပူမကပ်ချင်
ထို့ကြောင့် အ‌ေကြာ်လေးဘဲ အနွဲနှင့် ပြန်ရောင်းသည်။
အသက်ကလည်းထောက်လာ။ ငယ်ငယ်က ပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ ဒါဏ်ကြောင့်… တစ်ချောင်ချောင် ..ဖြစ်လာသည်…
ပိုဆိုးသည်က လက်က အနာများက မသက်သာတဲ့အပြင် အနာများက အဖေးး တတ်ပြီးး ခရုသင်းးလို့ ဗစ်တွဲတွဲ ဖြစ်လာသည် ……
အညော်မိလို့ အနာက ပြည်တည်ပြီးးညှိစို့လာသည်…

အနွဲ့လည်း အ‌ေကြာ်မရောင်းရန် အတင်းပြောရတော့သည်…. ဟုတ်တော့လည်းဟုတ်သည်… ဇွန်းနှင့်ခွတ်နှင့်အကြော်ကြောရသည်ကလည်းအဆင်မပြေ…

“ထွန်းသာရေ အမ ခြံလေး ပေါင်ချင်လို့ဟယ် ”
ကိုထွန်းသာ တစ်ယောက်
မချိန်ကိုကြည့်ပြီး သနားသွားသည်…

“အမချိန် ရန်ကုန်သွားပြီးးဆေးကုပါလား အမရယ် နင့်သားက မကုပေးဘူးလား”

“ထွန်းသာရယ် မအေတစ်ယောက်ဘဲ ရှိတာ မကုပေးဘဲနေမလား ငါကိုယ်က ကားရှုပ်ရှုပ် လူရှုပ်ရှုပ် မသွားချင်တာပါ”

“အေးးပါအမချိန်ရယ်”

ဆိုပြီးပိုက်ဆံထုတ်ပေးလိုက်တော့သည်။
အမယ်အို ဒေါ်ချိန်တစ်ယောက် ခပ်ကုတ်ကုတ်လေး ပြန်ထွက်သွားတော့သည်။

~~~~~~~~~~~~~~
မချိန်တစ်ယောက် ညည ဆို အပုတ်ချိန်မို့လားမသိ လက်က တအားကိုက်လှသည်…..
အနာကလည်းခနခဏ အဖန်ရေ ဆေးရသည်….
အနွဲ့ကလည်း အားကို့ရလို့တော်လှသည်…။
တူမလေးဆိုပေမဲ့ သမီးးတစ်ယောက်လိုပင်…..

“မချိန် နင့်လက်ကလည်းမသက်သာ နင်လည်းခေါင်းမမာနေပါနဲ့ နင့်သားစီ သွားပြီးးဆေးကုပါ ”

ဟု မကျင်မြက ပြောရာ

“ဟုတ်တယ်အမေရေ အမေ့ညီမလည်း အမေပြောအုံး တအားတစ်ဆွတ်ထိုးဆန်တာ ပြောရခက်တယ်”

“အမကျင်မြရယ် ကျွန်မ သက်သာပါတယ် အဟွတ် ဟွတ်”
သက်သာတယ် လုပ်နေ
ညတိုင်းငြီးးနေတာ ငါ အိမ်ကတောင် နင့်ြငီးသံ ကြားရတယ် ဟိုသေနာလေးကလည်း မအေ စီ တစ်ခေါက်တောင် မလာဘူး”

“အို အမရယ် ကျွန်မသားလေး ခလုပ်တိုက်နေပါ့မယ် သူမှ မအားတာ အလုပ်တေ တအားများလို့ နေမှာပါ”

“အေးးအာ့ဆိုလည်း ညည်းသားကိုသတိမရဘူးလား”

“ဘယ်လိုမေးလိုက်ပါလိပ့်အမရယ် ရတာပေါ့ သားလည်းသတိရ မြေးလည်းသတိရ ပေါ့ အမရယ်”

“အေးးအာဆို ညည်းသားကို လည်းတွေ့ရ မြေးလေးးလည်းတွေ့ရ ညည်းလည်းဆေးကုရအောင် ရန်ကုန်မသွားချင်ဘူးလား သွားလိုက်ပါညီမရယ် နော်”

မချိန်လည်းချက်ကောင်းထိသွားတော့သည်…..

“ဟုတ်တယ် ဒွေးလေး ကျွန်မလည်း ရန်ကုန် မရောက်တာကြာပြီ သွားရအောင်နော် ဒွေးလေး”

” ‌အေးပါအနွဲ့ရယ် သွားကျတာပေါ့”

အနွဲလည်းပျော်သွားသည်..
အိမ်လာပြီးးနာချတဲ့ အမကျင်မြလည်း ကျေနပ်သွားတော့သည်…….။

~~~~~~~~~~~~~~

“ဟာ အမေ လာတယ် မိန်းမရေ အမေလာတယ် ဟော့ ”

သူရိယလည်း အလုပ်ပိတ်ရက် နားရက်လေးးအမေလာတော့ပျော်သွားသည်…။

သာလည်း အလုပ်များတော့ အမေ့ကို ပြစ်ထားသလိုဖြစ်သွားတယ် သားတောင်းပန်ပါတယ်”

“ရပါတယ်သားရယ် သားမအားတာ အမေသိပါတယ်”

“ကိုလေးတို့များပြစ်ထားတုန်းက ပြစ်ထားပြီး တွေ့မှ ချွဲပြနေ ”

“ဟာ အနွဲ ငါက မအားလို့ပါဟဲ့ ငါခေါက်လိုက်မယ်”

အနွဲ့လည်းခေါင်လေးပုသွားသည်…။

ထိုအချိန် လှပကျော့ရှင်းတဲ့ အမျိုးသမီးးတစ်ယောက် အခန်းထဲမှ ထွက်လာသည်…..။

“စိမ်းရေ ဒီမှာ အမေ……”

စကားပင်မဆုံးလိုက်
” သိတယ် … မဖြူရေ မဖြူ”

မဖြူဆိုသော မိန်းခလေး ထွက်လာသည်…

” ရှင် မမလေး”

“ရှင်လုပ်မနေ နဲ့ အမေတို့နေဘို့ အခန်းစီစဉ်ပေးလိုက် ”

“ဟုတ်မမလေး”

” အမေတို့နားကျအုံး သမီးးနဲ့ အမေ့သားခလေးကျောင်းသွားးကြိုလိုက်အုံးမယ်”

ဆိုပြီးးထွက်သွားသည်…။

~~~~~~~

ညနေကျ မြေးလေးးနဲ့ အချိန်ရတုန်းစော့ကစားနေသည်။
ထမင်းစားခန်းက ထွက်လာသော
စိမ်း တစ်ယောက်

“သားးလာစာကျက်မယ် ”

” မေမေကလည်း ဒီးမှာ ဖွားဖွားနဲ့စော့နေတာ”

” ဖိုးသဲ လာဆိုလာ ”

စိမ်းရဲ့ အသံမာသွားတာကြောင့် ဖိုးသဲလည်း ကြောက်ပြီးထသွားတော့သည်…

“ဖွားဖွား သားသွားလိုက်အုံးမယ်နောက်မှ စော့မယ်နော်”

“အေးပါ‌ေမြးရယ် သွားသွားစာကျက်”
အခန်းထဲသားအမိနှစ်ယောက်၀င်သွားပြိးတံခါးပိတ်လိုက်သည်နှင့် စိမ်းရဲ့အသံ မတိုးမကျယ် ကြားလိုက်ရသည်….

“သားဖိုသဲ မေမေ စကားစရာတေ ၀ယ်ပေးထားတယ် နောက် အဖွားနဲ့မစော့ရဘူးကြားလား ရွံစရာ အနာတေ နဲ့ ကြားလား”

“ဟုတ်မေမေ ဒါပေမဲ့ ဖွားဖွားသနားပါတယ်နော်”

“ကဲတိတ်တော့ စာကျက်”

မချိန် …တစ်ယောက်ရင်ထဲ စို့နှင့်သွားပြိးမျက်ရည်ပင် ကျလာသည်…
အသံတေက အခန်းအပြင်ကကြားနေရသဖြင့်..
ဘေးနားမှာ ရှိတဲ့ အနွဲ့လည်း ထမိန်းတိုတို ထ၀တ်ပြီးး ရန်တွေ့မလို့အလုပ် အမေချိန်က လှမ်းဆွဲပြီး…….

“အနွဲ ‌တော် မပြောနဲ့မပြောနဲ့ ”

အမေချိန် အတင်းတားလို့ မနည်းမြိုသိပ်လိုက်ရတယ်…
ရင်ထဲမှာတော့

“ဟဲ ဒွေးလေးလက်က အနာတေ က နင့်ယောက်ျား ပညာတတ်အောင်းထားလို့ရတဲ့အနာတေွဟဲ့ …”

ဟုသာ ပြောလိုက်ချင်သည်….

“ကျုပ်လည်းမပြောတော့ဘူး ဒွေးးလေးလည်းမငိုနဲ့ ”

“အေးပါအနွဲ့ရယ် နင့်ကိုလေးးလဲ မပြောနဲ့”

တိုက်တိုက်ဆိုင်ဆိုင်ပင် သူရိယ ကားလေးးလည်းအိမ်ရှေ့ ပေါ်တီကို‌ေအာက်ထိုးရပ်ပြီးး သူရိယ ၀င်လာပြီး…

“ဟင် အမေ ဘာဖြစ်တာလည်း ”

‌”အော် ဘာမှ မဖြစ်ပါဘူးသားရယ် မျက်လုံးထဲ အမှုံ ၀င်သွားလို့ အနွဲ့ကိုမှုတ်ခိုင်းနေတာ”

ဟုဆိုကာ…

မျက်ရည်တို့ကိုသုတ်လိုက်သည်…

“သားမျက်လံုးမှုတ်‌ေပးမယ် ‌လေ အမေ လာလာ”

“ရတယ် ရတယ် သားး သွားနားး အမေ ထမင်းပွဲ ပြင်ထားလိုက်မယ် ”

အိမ်မှာ အမှတ်နှင့်လွတ်ခနဲ ပြောလိုက်သည်…

“အမေ သွားနားပါ အမေရဲ့ ဖြူမ ရှိပါတယ် အမေ လည်းနေကောင်းတာ မဟုတ်ဘဲ မနက်ဖြန်လည်း ဆေးခန်းထပ်ပြဘို့သား လိုက်ပို့မယ်နော် ”

“အေးအေးသာဓုပါသားရယ် သာဓု သာဓု”

အနွဲ့ကတော့ပါစပ်အဟောင်းသားနဲ့သာ ကြည့်နေတော့သည်…..။

~~~~~~~~
ဆေးခန်းပြပြီးးလို့ အမေ့ နှင့်အနွဲ့ကိုရွှေတိဂုံ ကို လိုက်ပို့ပြီး ညနေ သုံးနာရီလောက် ပြန်ရောက်လာတော့သည်…

အနွဲ့ နဲ့ အမေချိန်လည်း အားနေတာနှင့် ြဖူမနှင့်မီးးဖိုထဲ ဝိုင်ကူ ချက်ပြုတ်ပေးနေလေသည်…

ညနေကျ စောစောပင် ညစာ စားကျ ပြီးး စားပြီးသား ခွတ်တေ အိုးတေ ဆေးးနေသည်….
ထိုအချိန် သူရိယတို့လင်မယားစကားပြောသံကြားလိုက်ရသည်။

“ကိုသူ ရှင့်အမေက အိမ်မှာ အမြဲ နေမှာ လား အဲ့လိုဆို ကျွန်မသဘောမတူနိုင်ဘူး”

စိမ်းအသံ ..

“စိမ်းရယ် တိုးတိုး ပြောပါကွာ အမေကြားသွားရင်မကောင်းဘူး”

“ကြားကြားရှင် ကျွန်မတို့မျိုးရိုးမှာလည်း ဒီလို နူနာ ရောဂါသည်မရှိဘူး အဲ့တော့ ရှင့်အမေ ကိုရှင် တစ်ခုခု လုပ်ပေးလိုက်ပါ”

“အတူ ခေါ်ထားမယ် ဆိုလို့ကတော့ ကျွန်မ ရှင်နဲ့ မပေါင်းဘူး”

“စိမ်းရယ် အမေကြားသွားပါမယ် မောင်စီစဉ်ပါ့မယ်”

အတိုင်းသားကြားရတဲ့အသံကြောင့် ဒေါ်ချိန် တစ်ယောက် ရင်စို့ရပြန်ပြီး မျက်လုံးအိမ်က မျက်ရည်တေ တားမရ …
အနွဲ့ကတော့ ထမိန်တိုတို ၀တ်ပြီး လုပ်မယ်ကိုင်မယ် တစ်ကဲကဲပေါ့….

ဖြူမနဲ့ အမေချိန်က မနည်းးတားရသည်…
ခဏကြာတော့ သူရိယ ထွက်လာသည်။
ဒေါ်ချိန်လည်း ဘာမှ မဖြစ်ဟန် မျက်ရည်သုတ်ပြီးး ဘာမှ မဖြစ်သလို နေလိုက်သည်။

“အမေ သားပြောစရာရှိလို့ ”

“အေးးပြောလေ သား”

ဒေါ်ချိန်တစ်ယောက် ပြောသာပြောရသည် အသံက တုန်နေသည်..

“အမေ မနက်ဖြန် ပြန် ပါတော့လားး”

ဒေါ်ချိန် ကြိုသိနေသော်လည်း ဒီလိုပြောလိမ့်မည်လို့မထင်
ရင်ထဲ မှာ စို့ပြီးးမျက်ရည်တေ ဝဲလာသည်……..

မငိုမိအောင် အံကြိတ်‌ေနရသည်….

“သားရယ် အမေလည်းပြန်မလို့ သားကို ပြောမလို့ပါ ”

“ဟုတ်ကဲ့အမေ နောက်ဆေးကုရင် ပြည်မြို့တတ်ပြီးးကုနော် သားငွေလှမ်းပို့လိုက်မယ် ”

“သားကိုသနားရင်သားမခေါ်ဘဲ မလာပါနဲ့ အမေရယ်နော် သားအိမ်ထောင်ရေးး မပြိုကွဲအောင်ပါ”

ဒေါ်ချိန်တစ်ယောက် မာန်တင်းထားသည်….
မငို ဘူး …..။

“ဒီမှာ ကိုလေးး နှင်ထုတ်စရာ မလိုဘူး
ကိုလေးမှာ အသိတရားးရှိရင် မအေကိုပြောသင့်လားမပြောသင့်လားစဉ်းစားး လာဒွေးးလေးးပြန်မယ် အခု ညဘဲ ပြန်မယ်”

ဆိုပြီးး အထုပ်အပိုးတေ သွားဆွဲလာသည်…

“အမေ သားဒီလိုပြောလို့ အမေ တစ်မျိုးမထင်ပါနဲ့နော် သားအိမ်ထောင်ရေးပျိုကွဲမှာဆိုးလို့ပါ အမေ့စီ သားပိုက်ဆံ ပုံမှန်ပို့ပေးးပါ့မယ် သားကိုသနားရင် ဟိုမှာဘဲနေပါနော်”

သူရိယ ထပ်ပြောလေ ဒေါ်ချိန် ပို၍ ဝေဒနာတိုးလေ ဖြစ်တော့သည်…..

ရင်တေလည်းနာလှပြီ…..

“သားရယ် အမေ နောက်မလာပါဘူး”
ဇိုးဇိုးးဇာတ်ဇာတ်နှင့် အနွဲ့က ဦးးဆောင်ပြီးညတွင်းချင်းဘဲ ရတဲ့ကားစီးးပြီးး ပြန်လာလိုက်သည်……

ကားပေါ်မှာ တစ်ရိပ်ရိပ် ကျန်ခဲ့တဲ့ သစ်ပင်တေကို‌ေငးကြည့်ပြီးး ဒေါ်ချိန် တစ်ယောက် မျက်ရည်တေ တွင်တွင်ကျနေသည်…..

ရင်ဘက်ထဲ စို့နစ်ပြီး ထိုးထိုးအောင့်ကား နာလှသည်….

” သားကိုသနားရင်သားမခေါ်ဘဲ မလာပါနဲ့ အမေရယ်နော်”

ထပ်ခါထပ်ခါ ပြန်ကြားနေရပြီးး အမျိုးအမည်မသိတဲ့ နာကျင်မှုတေ နဲ့ တစ်ချက်တစ်ချက် ရှိုက်သံ ပင် ထွက်လာသည်…

“ဒွေးးလေးးရယ် မငိုပါနဲ့ သမီးးတစ်ယောက်လုံးရှိပါတယ်”

ဒေါ်ချိန်သည်က‌ ငေးးစဲ….တွေးစဲ… အသံမကြားး……..။

~~~~~~~~~~~~

မနက် လေးနာရီထိုးတော့ ဟိုင်းဝေးကားကြီးး(*****) လမ်းထိပ်ကိုထိုးရပ်လာသည်…
ကားပေါ်မှ အမျိုးသမီးးနှစ်ယောက် ဒေါ်ချိန်နှင့်အနွဲ့….

အနွဲ က အထုပ်တေ သယ်လို့…..။ ဒေါ်ချိန်က လှုပ်လီလှုပ်လဲ့နှင့် လမ်းကိုလျှောက်နေသည်..

အသိစိတ်မရှိသော သူတစ်ယောက် လမ်းလျှောက်နေသလို …. ဒေါ်ချိန်တစ်ယောက် လမ်းသာလျှောက်နေသည် ရင်တွင်းက မီးးကပူလောင်လှပေသည်…

တစ်ချက်တစ်ချက် ဆို့နင့်စွာ ရင်တွင်းမှ ထိုးအောင့်သည်…လေးကန်သော ခြေလှမ်းများ…….

အလင်းရောင်လည်းးထွက်လာပြီး ဒေါ်ချိန်တို့သည်လည်း ရွာထိပ်သို့ ရောက်လာခဲ့သည်….

“ဒွေးလေးးခန နားမယ် အနွဲရယ်”

လေးဖင့်သော အသံဖြင့်
အနွဲလည်း ဒေါ်ချိန် အသံ ကြားတော့ မျက်ရည်ဝဲပြီးး

“ဒေွးလေးးနားချင်နားလေ မကျီးးပင်အောက်မှာ နားကျတာပေါ့ ”

“ဒေါ်လေးးရယ် မငိုပါနဲ့
“အနွဲ့ ဒွေးးလေးးကို ကတိတစ်ခု ပေးးပါလား”

“ဘာကတိလည်းဒွေးလေးး”

“ရွာထဲ က လူတေ ကို နင့်ကိုလေး ..ပြောတဲ့အကြောင်းတေ ပြန်မပြောပါနဲ့နော် ”
ဆိုကာ ရှိုက်ကာ ငိုတော့သည်….
အနွဲလည်း ဒွေးလေးအဖြစ်ကိုကြည့်ကာ ငိုမိတာပေါ့…

ဒေါ်ချိန် ရင်ထဲ သားပြောတဲ့သံတေ ထပ်ကာထပ်ကာ ကြားနေရသည်…

ငါ့သားးကြီးးပြောရက်လိုက်တာ ….

ရင်ထဲမှာ ဆို့နင့်နေသည်……

“အမေ မလာပါနဲ့ ”
အေးပါသားရယ် အမေ မလာပါဘူး…

သားကိုသတိရလို့သာ လာမိတာပါ နောက်

မလာတော့ပါဘူး……သားစိတ်ချပါ အောင်းမလေးးလေးးရင်တေ ပူလိုက်တာ ရင်အုံအထက်က ထိုးထိုးအောင့်လာသည်..

ရင်တေပူတာ မခံမရပ်နိုင်ဘဲ သားအသံ က ထပ်ကာထပ်ကာ ကြားရတယ်

“အမေ မလာပါနဲ့”

မတွေးဘဲရောက် ရောက်လာတဲ့အတွေးတေကြောင့်….

” အောင်းမလေးးအနွဲ့ရေ ရင်ပူလိုက်တာ ရင်ဘက်ထဲက အောင့်လိုက်တာ ကယ်ပါအုံးအနွဲ့ရယ်”

“ဟင် ဒေွးလေးးစိတ်ထိန်းလေးး ဒွေးးလေး”

ဒေါ် ချိန် တစ်ယောက် မကျီးးပင် အောက်မှာ လူးးလိမ့််နေသည်…..

အနွဲ့လည်းစောင့်တည်ရာ မရ အဆုံး ရွာထဲ ပြေးတော့‌သည်…..

အောင်မလေးး ကယ်ကျပါအုံးးကျမရင်တေ ပူလုိက်တာ ရင်ဘက်ကြီးးအောင့်လိုက်တာ ဟု‌ဆိုကာ ပါတ်လပ်ကြီးးလန်ကာအော်နေတော့သည်……
အောင့်နေတဲ့ ရင်ဘက် ကိုဖိပြီးး မကျီးးပင်ကြီးး ကိုကြည့်ကာ သားဘွဲ့ယူတုန်းက ဒီ အပင်အောက် ပျော်ခဲ့ ကခဲ့တာ ပြန်မြင်ယောင်မိတယ်
ရင်ဘက်က အပူကြောင့်သောလည်းကောင်း အတိတ်က ပုံ‌ရိပ်လေးးများကြောင့်
ပါးပြင်မှာ မျက်ရည်စတို့ လိမ့်ကာ လိမ့်ကာသာ ……။

~~~~~~~~~~~~

ရွာထဲက လူတေ နှင့် အနွဲ့ ပြန်ရောက်လာသည်……

“အောင်းမလေးး မချိန်ရဲ့ အဖြစ်ဆိုးလှချည်လား”

မချိမဆံ့ ဝေဒနာခံစားရင်းမျက်လံုးကြီးးပြူးးကာ ဒေါ်ချိန် တစ်ယောက် လောကကြီးးကိုနုတ်ဆက်ရှာသည်….
ထိုသည်က #ရင်ကွဲနာကျခြင်း#
ပင်ဖြစ်ပေလိမ့်မည်…..

“ဒွေးးလေးးရဲ့ အနွဲ့ ဘယ်လိုဖြေသိပ်ရမလည်းးးသားလိမ်မာကြီးးကြောင့် အခုတော့ အကျိုးနဲကုန်ပါပေါ့လား”
အနွဲ့ငိုသံ….။
“ငါ့ညီမလေး ဒီလိုမှန်းသိ ငါ ရန်ကုန် မလွတ်ပါဘူးတော် ငါ့ညီမလေးး သနားးလိုက်တာ ငါ့ညီမလေးးကိုကယ်ကျပါအုံးး”

“အမချိန် ရေ ..အမချိန် .. ပညာတတ်ကြီးးရဲ့ အမေကြီးး အဖြစ်ဆိုးလိုက်တာ အမရယ် သနားလိုက်တာ…..ဟ ”

ဆိုကာ မဲ့ကြီးးတစ်ယောက် အမကိုဖက်ပြီးးပြောငိုရှာသည်…
ရွာထဲက လူတေလည်း တစ်ရွာလုံးနည်းပါးး ထွက်ကြည့်ရာ အားလုံး မျက်ရည်မဆယ်နိုင် တော့ပေ ။
~~~~~~~~~
ရွာပြင်မှာသေတော့ အလောင်းးရွာထဲ သယ်မရ မန်ကျီးပင်အောက်မှာပင် စင်ထိုးပြီးး အခေါင်းးထားကျသည်…..

ညဘက်ကျ ရွာသားတေ စု ဖွဲ့ ကာ စောင့်ရန်စီစဉ်ရသည်…

ညမိုးချုပ်လာပြီ…..
အမောင်ကလည်း လမိုက်ညမို့ဘာမှ မမြင် အောက်လင်းမီးးအိမ်လေးကြောင့် သာ သူငါ မြင်ကျရသည်……

“အူးးးးဝူးးး” ခွေးးတေ စွဲစွဲငင်ငင် အူပြီးး ရွာထဲ ပြေးးကျသည်….

“အီးးဟင်းဟင်းး”

ရှိုက်ငိုသံ ….

ညစောင့်လူတေလည်းူအသံကြားလို့ လိုက်ကြည့်ရာ အခေါင်းချေရင်းတွင် အရိပ်တစ်ခု

“ဟင် အမေချိန် ”

” ဝုန်း”ဆို
သုံးယောက်သားးထပြေးးကုန်တော့သည်…..
“အောင်မလေးးသရဲဗျ”

ခနနေတော့ ကိုထွန်းသာဦးးဆောင်ပြီးရွာသားတေ ပြန်လာသည် အခေါင်းးကြီးးက သစ်ပင်အောက်မှာ မီးးကလည်းငြိမ်းနေသည်…
ထိုညမှစကာ ညတိုင်း ရှိသမျှ ကာလသား အကုန်စောင့်ရလေတော့သည်…

~~~~~~

“မေတ္တာရှင်မကြီးး နင့်သားလာပြီလေ ထကြည့်ပါအုံးးး”

“ပညာတတ်အမေ ကြီးးရဲ့ နင့်သားးပညာတတ် ကြီးလာပြီလေ အမရဲ့ အမရေ ……. အမရဲ့…….”

မဲ့ကြီးရဲ့ ငိုသံ….

မြေချတဲ့နေ့ သူရီိယ လာသည် …..

မြေချ ပြီးး ပြန်တော့ သည် မိန်းမ က ချက်ချင်းပြန်ခဲ့ဘို့ပြောဟန်တူသည်…..

ရက်လည်နေ့မှ ပြန်လာမည်ဟု ဆိုကာ ဒေါ်မြကျင်ကို မှာပြီိးးပြန်သွားတော့သည်……

မောင်သာဦး အပါအ၀င် ကာလသားတေက ထိုးမယ် ကျိတ်မယ် လုပ်လို့ လူကြီးးတေက မနည်းးတားရသည်….

ဒေါ်သတေနဲ့ မျက်ရည်တေနဲ့ပေါ့…. ရက်လည်တဲ့နေ့ သူရိယ မလာရဲပုံ ရသည် ….သူရီယ မလာခဲ့ပါ…..

~~~~~~~~~~~

အဖွားးကျင်မြလည်း မောသွားဟန် တူသည်။ စနေလည်း စိတ်မကောင်းစွာနှင့် ” အခုလိုပြောပြပေးတာ ကျေးဇူးပါနော် အဖွားမြကျင်”

“အေးးပါကွယ် ရပါတယ် ”

“သူကြီးး ကျွန်တော် ရောက်တုန်း မပြန်ခင်လေး အဖွားအတွက် ဆွမ်းတစ်အုပ်ကပ်ချင်တယ်ဗျာကူညီပါလား”

“ဟ မောင်စနေရ ဧည့်သည်တောင်
လုပ်သေးတာ တို့က ဆွေမကင်းမျိုးမကင်း ငါတို့လည်းစုထည့်ကျမှာပေါ့ ”

ရွာသူရွာသားတေ ဆိုကျတာပေါ့…

“ဟုတ်တယ် ပါမယ် ”

“ဟုတ်တယ်”

ရွာသားတေလည်း ဝိုင်း၀န်းမှုကြောင့် ကျောင်းရှိ သံဃာ အကုန် ဆွမ်းကပ်ပြီးးတရားနာ ရန်စီစဉ်ကျသည်……

ဆွမ်းကပ်တဲ့မနက် စနေတစ်ယောက် အစောကြီးးနိုးပြီးရွာထိပ်ထွက်လာခဲ့သည်…..
အလင်းရောင်လေးမရတရ အချိန်…….

အဖွားးချိန်ရေ ကျွန်တော် စနေပါ ….
အဖွားအတွက် ကောင်းမှု ပြုပေးချင်လို့ပါ ကျောင်းကိုလိုက်ခဲ့ပါနော် ဆိုကာ မန်ကျီးးဂိုင်းလေးးချိုပြီး‌ေကျာင်းသို့ယူလာလိုက်သည်….

ရေစက်ချ အမျှဝေတော့.. ကျွန်တော့ရေစက်ခွတ်ကိုင်တဲ့ လက်ကို တစ်စုံတစ်ယောက်လာကိုင်သလို ခံစားရပြီး ကျွန်တော့လက်သည်လည်း လေးလံသော် အရာတစ်ခုခုကိုအကြာကြီးးကိုင်ထားရလို့ ညောင်းပြီးးတုန်လာသလိုတုန်နေတော့သည်…..

“အဖွားးချိန် လေ လားး”

………အဖွားချိန်ရေ အမျှ အမျှ အမျှ ယူတော်မှုပါ သာဓုသာဓုသာဓု

…………အဖွားချိန်ရေ အမျှ အမျှ အမျှ ယူတော်မှုပါ သာဓုသာဓုသာဓု

………..အဖွားချိန်ရေ အမျှ အမျှ အမျှ ယူတော်မှုပါ သာဓုသာဓုသာဓု

~~~~~~~~~~~~
စနေပြန်ပြီ……
ရွာထိပ်ရောက်တော့ မန်ကျီးးပင်နားကျော်လာတော့ လိုက်ပို့တဲ့ ကိုသာဦးးကို ဆိုင်ကယ် ခနရပ်ခိုင်းလိုက်ပြီး…
မန်ကျီးးပင်အောက် ခန သွားရပ်လိုက်သည်…….
…အော် သားတစ်ယောက်အပေါ ချစ်တတ်လွန်းးတဲ့ မိခင်တစ်ယောက် ဒီ အပင်အောက်မှာ ဘ၀ကူးခဲ့ပါလားး….
အဖွားချိန်ရေ အမေလည်းးပီသပါတယ် သွေးမျက်ရည်လည်းကျထိုက်ပါတယ်.။…
ကောင်းရာမွန်ရာသွားပါ အဖွားရေ……။

စနေ တတ်တိုး။