“အကုသိုလ်ဟူသည်ပြေးမလွတ်”(စ/ဆုံး)
———————————————–
“ညိုရေ…ညို…….”
“လာပြီ ကိုရေ…ညိုဒီမှာ သမီးလေးကိုရေချိုးပေးနေလို့”
“ဒါဆိုလည်းနေနေ…ကိုအပြင်ကပြန်ရောက်ပြီဆိုတာပြောတာ
ဒီမှာညိုနဲ့သမီးလေးအတွက်ကိုမုန့်ဝယ်လာခဲ့တယ်နော်”
“ဟုတ်ကဲ့…ညိုသမီးလေးကိုအရင်ပြင်ပေးလိုက်ဦးမယ်နော်”
“အေး…အေး…….”
မခင်ညိုနှင့်မောင်ဌေးလွင်တို့သည်
တစ်ဦးအပေါ်တစ်ဦးအလွန်ချစ်ခင်ကြသောဇနီးမောင်နှံပင်ဖြစ်သည်။
အိမ်ထောင်သက်သုံးနှစ်ကျော်အကြာ၌
ချစ်စဖွယ်သမီးရတနာလေးကိုလည်းပိုင်ဆိုင်ထားကြ၏။
မြို့ပေါ်၌တော့သူဌေးလေးမောင်ဌေးလွင်နှင့်သူဌေးကတော်
မခင်ညိုဟုဆိုလျှင်မသိသူမရှိကြ။
တစ်ဦးအပေါ်တစ်ဦးချစ်ခင်မှုနှင့်သူတို့၏
ကြွယ်ဝမှုကိုလူများက အားကျနေကြရသည်။
“ဒီမှာညိုရေ…ညို့အတွက် ကို့ရဲ့ချစ်သက်လက်ဆောင်”
“အို…ပတ္တမြားလည်ဆွဲလေးပါလား …လှလိုက်တာကိုရယ်”
မောင်ဌေးလွင်သည် ဇနီးသည်အပေါ်၌ အလွန်ချစ်ရှာ၏။
လိုလေသေးမရှိအောင်လည်းထားရှာသည်။
“ကို…ညိုလေ…ညို့ရဲ့မွေးရပ်မြေကုန်းရိုးရွာမှာ
ဘုန်းကြီးကျောင်းအတွက်ရေတွင်းလေးလှူချင်တယ် အဲ့တာ…”
“အိုကွာ…ညို ကလည်း…ညိုလှူချင်တာမလား…
ညို့သဘောက ကို့ရဲ့သဘောပါ…
ညိုစိတ်ကြိုက်သာလုပ်”
“ကျေးဇူးတင်ပါတယ်ကိုရယ်…”
“မလိုပါဘူးဗျာ…မလိုပါဘူး”
ထိုကဲ့သို့တစ်ဦးအပေါ်တစ်ဦးချစ်ခင်ကြသော
မခင်ညိုနှင့်မောင်ဌေးလွင် တို့၏မိသားစုဘဝလေး၌
မဒေစီဆိုသော အမျိုးသမီးတစ်ဦးဝင်ရောက်လာခဲ့လေသည်။
မဒေစီသည် အပျော်အပါးလောင်းကစားတပ်မက်လှသော
ခပ်ရှုပ်ရှုပ်…ခပ်ပွေပွေအမျိုးသမီးဖြစ်၏။
တစ်လင်မကောင်းတစ်လင်ပြောင်းဆိုသည့်စကားကိုလက်ကိုင်တုတ်သဖွယ်အသုံးပြုနေသူတစ်ယောက်လည်း
ဖြစ်သည်။
ငွေကြေးရှိယောကျာ်းတို့အားမြူစွယ်ချွေးသိပ်ပြီး
ရနိုင်သမျှယူတတ်သော မိန်းမစားတစ်ဦးပင်။
ထိုမဒေစီ၏ကွန်ယက်၌ငြိတွယ်မိသူများထဲ၌
မောင်ဌေးလွင်လည်းပါဝင်လာခဲ့ပေသည်။
မောင်ဌေးလွင်၏အပေါင်းအသင်းများအားပေးမှုကြောင့်ပင်
မဒေစီနှင့်မောင်ဌေးလွင်တို့တွယ်ငြိကြတော့၏။
“မောင်…..”
“ဗျာ…….”
“မောင့်မိန်းမကိုဘယ်တော့ကွာမှာလဲ”
“အဲ့တာက………..”
မောင်ဌေးလွင်သည် မဒေစီ၏
နောက်ကြောင်းရာဇဝင်ကိုသေချာမသိပေ။
သို့သော် မဒေစီကိုမတွေ့ရလျှင်မနေနိုင်အောင်စွဲလမ်းနေမိ၏။
“မောင်လို့….မောင်ပြောတော့ဒေစီနဲ့နီးချင်ပြီဆို…
အဲ့သလိုဒေစီနဲ့နီးချင်ရင်မောင့်ဘက်ကဟိုမိန်းမကို
အိမ်ပေါ်ကနှင်ချမှဖြစ်မှပေါ့လို့”
“အင်း…မောင်ကြိုးစားပါ့မယ်ကွာ…”
မဒေစီသည်မောင်ဌေးလွင်၏အဖြေကိုအားမရပေ။
မောင်ဌေးလွင်ကိုယ်တိုင်ကလည်း မခင်ညိုကိုသနားနေမိ၏။
ချစ်ခင်လာသောသက်တမ်းတလျှောက်၌ မခင်ညိုသည်
ဇနီးသည်တာဝန်ကိုကျေပွန်ခဲ့ယုံတင်မက
သူတို့၏သမီးလေးမျက်နှာကိုမြင်ယောင်ရင်း
မောင်ဌေးလွင်ကွာရှင်းဖို့မဝံ့မရဲဖြစ်နေပေသည်။
မောင်ဌေးလွင်နှင့်မဒေစီ၏သတင်းများကလည်း
မခင်ညိုနားသို့ဝင်ရောက်လာသည့်တိုင်တိုင်…
“ညိုလေ…ကို့ကိုယုံပါတယ်…ဒါကြောင့်
ဘယ်သူတွေဘာပဲပြောပြောညိုမယုံဘူးကို”
မခင်ညို၏စကားကြောင့်
မောင်ဌေးလွင်သက်ပြင်းချနေမိသည်။
မဒေစီဘက်မှလည်း မိမိ၏ငွေကြေးများကိုပါ
ဝင်ရောက်စွက်ဖက်နေတော့သည်မို့မောင်ဌေးလွင်ပို၍
စိတ်ရှပ်ထွေးနေရသည်။
မဒေစီသည် လောင်းကစားကိုအကြီးအကျယ်ဆော့၏။
မိမိဆီမှ ငွေတောင်းတိုင်း မဒေစီကို မောင်ဌေးလွင်မငြင်းဆန်ဘဲ
အမြဲထုတ်ပေးတတ်သည်။
ပြန်၍စဉ်းစားကာမှ မောင်ဌေးလွင် စိတ်ညစ်ရ၏။
“ဒေစီ…မင်းဘာလို့ဒီလောက်လောင်းကစားတွေ
လုပ်နေရတာလဲကွာ…”
ဟု…မေးသောအခါ မဒေစီသည် မဲ့ပြုံးတစ်ချက်ဖြင့်….
“မောင်ကဒေစီကိုအပျော်မယားအနေနဲ့ပဲထားတာမလား…
မောင့်မယားကြီးကိုတော့စံအိမ်ထဲမှာပိုးမွေးသလိုမွေးထားတော့
ဒေစီမှာလည်းပျော်စရာဆိုလို့ဒီလောင်းကစားပဲရှိတော့တာလေ…ဒါဒေစီအပြစ်လားမောင်…ပြောစမ်းပါဦးမောင်ရဲ့…
ဒေစီရဲ့အပြစ်လားလို့”
“ဟာကွာ…တောက်…..”
မောင်ဌေးလွင်မိမိကိုယ်ကိုသာ စိတ်ဆိုးမိတော့၏။
တစ်ရက်၌ ဒေစီသည်…
“မောင်…ဒေစီမေးနေကြဆရာက မောင့်မှာအသက်အန္တရာယ်ရှိတယ်လို့ပြောနေတယ်…အဲ့တာဒေစီစိုးရိမ်လို့ ယတြာချေ ဖို့မေးတော့ ဆရာက ဟောသည်အမှုန့်လေးတွေကို မောင်တို့လင်မယားအိပ်တဲ့အခင်းအောက်မှာဖြူးပါတဲ့မောင်…
ဒေစီလေ မောင့်အတွက်စိုးရိမ်တယ်မောင်ရယ်…
ဒါကြောင့်ဒေစီပြောတာလေးမောင်လုပ်ပေးပါနော်…
နော်လို့မောင်…”
“အင်းးးးး….ကောင်းပါပြီ ဒေစီသဘောပါပဲ”
မောင်ဌေးလွင်သည် မဒေစီပြောသည်ကိုခေါင်းညိတ်၍
မဒေစီထံမှ ဖြူဖြူအမှုန့်ထုပ်လေးများအား ယူလိုက်တော့သည်။
အိမ်၌ကမခင်ညို၏မိခင်ကြီးဒေါ်စောအလည်ရောက်
နေသည်မို့ မောင်ဌေးလွင် အရင်ရက်များထက်အသွား
အလာဆင်ခြင်နေရ၏။
“ငါ့သားလည်း…အလုပ်တော်တော်များပေတာပဲကွယ်…
တော်တော်လည်းမောနေရှာမှာပေါ့လေ…
ဟင်း…မယားငယ်အိမ်နဲ့ကူးချည်သန်းချည်
လုပ်နေရတာဆိုတော့”
“မေမေ…”
ယောက္ခမကြီးဒေါ်စောမှာသမီးဖြစ်သူအတွက်မောင်ဌေးလွင်ကို
ဒေါသထွက်နေခဲ့ရှာသည်။
မောင်ဌေးလွင်ကတော့ပြောသမျှကို ခေါင်းလေးငုံ့ကာနေရှာသည်။
မခင်ညိုကတော့မိခင်ဖြစ်သူကိုတားဆီး၏။
“ခင်ညို…ညည်းအသာနေစမ်းပါအေ…
ညည်းလင်မဟုတ်လို့…ဒီသတင်းက ငါတို့ရွာထိပျံ့လာတာ…
ငါရှက်တယ်အေ့….ငါရှက်တယ်…။
ဘယ့်နဲ့အေ…လူရိုး…လူအေး…လူ့မင်းသားလေးဆိုလို့…
ငါသမီးနဲ့စိတ်ချခဲ့ရတာ…
အခုတော့ကြည့်စမ်းပါဦး…ညည်းလင်က ဘီလူးအေ့..
ဘီလူး…မင်းသားမျက်နှာဖုံးဆောင်းထားတဲ့ဘီလူး…
ဒင်းကြောင့်တို့မိဘများအရှက်ရကြတာကို
ညည်းကြည့်ကောင်းသလား ခင်ညို…
ဟမ်ပြောစမ်းပါဦး…ဇနီးအလိမ္မာကြီးရဲ့……..”
ဒေါ်စောသည်သမီးဖြစ်သူကိုမာန်မဲလေတော့
မောင်ဌေးလွင်လည်းမည်သည်မှမပြောတော့ဘဲ
သူ၏အိပ်ခန်းအတွင်းသို့ဝင်သွားတော့၏။
“မေမေရယ်…အစ်ကိုမှားတဲ့အမှားက
ခဏတာအမှားပါ…
သမီးလေးမျက်နှာကိုထောက်ပြီးသူပြင်လာမယ့်အချိန်
သမီးစောင့်ပါရစေမေမေ…။
အခုချိန်မှာသွေးပူပူနဲ့ထင်ရာလုပ်မိရင်
သမီးတို့မိသားစုလေးပြိုကွဲသွားလိမ့်မယ်မေမေရဲ့”
မခင်ညိုသည် မိခင်ကြီးကိုမျက်ရည်လေးတစမ်းစမ်းဖြင့်
ပြောရှာသည်။
မိခင်ကြီးမှာလည်းသမီးဖြစ်သူအတွက်စိတ်မကောင်းဖြစ်ရင်း…
“မသိတော့ပါဘူး မိခင်ညိုရယ်…
ညည်းကောင်းမယ်ထင်သလိုပဲလုပ်ပါတော့အေ”
ဟုသာ…ပြောရှာတော့သည်။
မောင်ဌေးလွင်မှာလည်း မဒေစီပေးလိုက်သော
အမှုန့်ထုပ်ကိုဖြူးဖို့ရန်လူအလစ်ကိုကြည့်ရသေး၏။
ထိုသို့ဖြင့်တစ်ရက်မှာတော့…
မောင်ဌေးလွင်ထိုအမှုန့်ထုပ်ကိုအိပ်ရာခင်းအောက်
ဖြူးနေချိန်၌ အိမ်ဖော်မလေးတစ်ဦးမှမြင်သွားလေရာ
ထိုအကြောင်းသည် ဒေါ်စော၏နားဆီသို့ရောက်လာခဲ့တော့၏။
သားမက်ဖြစ်သူ၏လုပ်ရပ်ကိုဒေါ်စောတွေးတောရင်း
သမီးဖြစ်သူကိုခေါ်၍…
“ငါ့သမီး…တစ်ခုခုတော့မှားနေပြီလို့အမေထင်တယ်အေ့”
“ဘာများလဲမေမေ…”
“ညည်းတို့ကမြို့မှာနေ…အရေးပိုင်အရာရှိတွေနဲ့
ခင်မင်ပြီးအနောက်တိုင်းဆန်နေကြတော့
ဒီကိစ္စကိုညည်းလက်ခံချင်မှလက်ခံလိမ့်မယ်…
ဒါပေမယ့်…အမေထင်တာကိုတော့ပြောရလိမ့်မယ်အေ…
အင်း…အမေထင်တာကတော့
ညည်းယောကျာ်းဆေးမိနေတာပဲဖြစ်ရမယ်”
“ရှင်…ဆေးမိတယ်…ဆေးမိတယ်ဆိုတာဘာလဲမေမေ”
“ညည်းနားလည်အောင်ပြောရရင် ဆေးမိတယ်ဆိုတာ
အောက်လမ်းအတတ်နဲ့ဖမ်းစားတယ်လို့ဆိုရမယ်…
အမေသိတဲ့မောင်ဌေးလွင်ဆိုတာ ဇနီးနဲ့သမီးအပေါ်
အလွန်ချစ်ခင်ရှာပြီးယောက္ခမကိုမိဘလိုသဘောထားတတ်တဲ့
လူစား…အခုတော့ကြည့်လေ…တို့တွေအားလုံးကို လူသေလိုအပြုံးအရယ်မရှိနှုတ်ဆိတ်ပြီးဆက်ဆံနေလိုက်ပုံများ”
မခင်ညိုသည်မိခင်ကြီးပြောလေမှ စဉ်းစားမိတော့၏။
မောင်ဌေးလွင်၏အဖြစ်အပျက်များကို
အစမှနေ၍စဉ်းစားမိလာရင်း…
“ဒါဆို…သမီးတို့ဘာဆက်လုပ်ရမလဲမေမေ…
အစ်ကို့ကိုအရင်လိုဖြစ်အောင် ကုသလို့ရပါ့မလားဟင်…”
“အေး…အခုလည်းဟိုကောင်မက
ဘာခိုင်းလိုက်တယ်မသိဘူး…
ညည်းတို့အိပ်ရာခင်းအောက်မှာအမှုန့်တွေဖြူးနေတယ်လို့
အိမ်ဖော်မလေးက လာပြောသွားလို့အမေသွားကြည့်ပြီးပြီး
အဲ့တာတွေလည်းဒင်းမရှိတဲ့အချိန်မှ
သေချာဆေးကြောပစ်ရဦးမယ်…”
“ဘုရား…ဘုရား…သမီးတော့နားမလည်တော့ဘူးမေမေ”
“ညည်းနားမလည်တာအသာနေ….အမေဒီကိစ္စကို
ရအောင်အဖြေရှာမယ်…”
“ဘယ်လိုအဖြေရှာမှာလဲမေမေ…”
“သောင်ထွန်းရွာကဘွားမယ်စိန်ကို ဒီကိုပင့်ခေါ်မယ်အေ”
“ဘွားမယ်စိန်ဆိုတာဘယ်သူလဲမေမေ”
“ဘွားမယ်စိန်ဆိုတာကအေ…အမေတို့ကုန်းရိုးရွာရဲ့
ကျေးဇူးရှင်ပေါ့….ဟိုးတစ်ခါက အမေတို့ကုန်းရိုးရွာမှာ
ဓားပြတွေဝင်မယ်ဆိုပြီးလာသတိပေးတဲ့
ဘွားလေငါ့သမီးရဲ့…သေသွားတဲ့ငနွားမောင်ရဲ့ဝိညာဉ်က
ဘွားဆီကိုလာအကူအညီတောင်းတာကြောင့်
အမေတို့…ကုန်းရိုးရွာလည်း
ဓားပြဒဏ်မခံလိုက်ရတာလေအေ…”
“သြော်…အဲ့သည်ကိစ္စကျွန်မသိလိုက်တယ်လေ…”
(ဘွားမယ်စိန်နှင့်သရဲငနွားမောင်စာမူကိုပြန်ဖတ်လို့ရပါတယ်)
“အေးးးး…..အဲ့သည်ဘွားကိုအမေက ဒီကိုပင့်လာခဲ့ချင်တာ…
ဒါမှအဆိုးအကောင်းဘာဆက်လုပ်ရမလဲဆိုတာ
အမေတို့အဖြေပေါ်ကြမှာအေ့”
“အင်းးးးမေမေ ပြောတာမဆိုးပါဘူး…
ဒါပေမယ့် အစ်ကိုမေးရင်ဘယ်လိုဖြေကြမလဲ”
“အိုအေ..အမေ့ဘက်ကကြီးတော်လို့ပြောပြီးခေါ်ခဲ့ရမှာပေါ့…
ဘာထူးဆန်းမလဲ…အခုဆိုဘွားအသက်ကလည်း
ခုနှစ်ဆယ်ကျော်ပြီလေအေ့”
“မေမေကောင်းမယ်ထင်သလိုသာလုပ်ပါတော့…”
ဘွားမယ်စိန်အကြောင်းအမှတ်ရလိုက်သော
ဒေါ်စောတစ်ယောက်ဝမ်းသာနေမိသည်။
ယခုပြသာဒ်နာကိုဘွားမယ်စိန်ဖြေရှင်းပေးနိုင်သည်ဟု
ဒေါ်စော ယုံကြည်နေသည်။
ထိုသို့ဖြင့်သောင်ထွန်းရွာသို့သွားကာ
ဘွားမယ်စိန်ကိုပင့်ခေါ်ဖို့ခရီးထွက်လာခဲ့တော့၏။
ကျန်ရစ်ခဲ့သော မခင်ညိုတစ်ယောက်မှာတော့
ရင်တလှပ်လှပ်ဖြင့် စိတ်တို့ဂနာမငြိမ်ဖြစ်နေရှာခဲ့သည်။
“အမေရေ…ဧည့်သည်ရောက်နေတယ်…”
“အေး…လာပြီ..လာပြီ…”
ဘွားမယ်စိန်ဘုရားခန်းရှိသူ၏လက်ဆွဲတော်တောင်ဝှေးကို
ရေဖြင့်သန့်စင်ပေးနေချိန် ကွပ်ပျစ်မှ ဒေါ်ဝင်း၏ခေါ်သံကြောင့်
ကွပ်ပျစ်ရှိရာသို့ဆင်းလာခဲ့တော့၏။
ကွပ်ပျစ်၌ထိုင်နေသော ဝဝဖိုင်းဖိုင်းမိန်းမကြီးကို
ကြည့်လိုက်ပြီး…
“ဘယ်သူများတုန်းကွဲ့”
ဟုမေးလိုက်သောအခါ…
“ကျုပ်ကကုန်းရိုးရွာကပါ ဘွားရဲ့…”
“ကုန်းရိုးရွာ ရင်းတော့ရင်းနှီးသလိုပါပဲ…
ဘွားကလည်းမှတ်ရတာများတော့ရောထွေးနေတယ်ကွဲ့”
“ကျုပ်တို့ရွာကတော့ဘွားရဲ့ကျေးဇူးကိုမမေ့ကြပါဘူးတော်…
ဘွားကြောင့်ကျုပ်တို့ရွာဓားပြတွေရန်က လွှတ်ခဲ့ရတယ်လေ…”
ဟုပြောသောအခါဘွားမယ်စိန်စဉ်းစားရပြန်သည်။
“ဟို…သရဲငနွားမောင်လေ…
သူအိမ်မက်ပေးတာကြောင့်ဆိုပြီး…ဘွား
ကျူပ်တို့ရွာကိုရောက်လာခဲ့တာလေတော်”
“သြော်…အေး…အေး…မှတ်မိပြီ…မှတ်မိပြီ…
အခုလာရတာကရော ဘာကိစ္စရှိပြန်တာလဲ”
“ကိစ္စကတော့ကျုပ်တို့ရွာမှာမဟုတ်ဘူးတော့်…
မြို့က ကျုပ်သမီးအိမ်မှာ…”
“ဟေ…ဘာအရေးများလဲ”
“အရေးကတော့ ဒီလိုပါဘွား…………………..”
ဟု…အစချီ၍ မောင်ဌေးလွင်နှင့်မဒေစီတို့၏
အကြောင်းများကိုပြောပြလေသည်။
ဘွားမယ်စိန်ကလည်းခေါင်းတညိတ်ညိတ်ဖြင့်
နားထောင်၏။
“အဲ့တာ…ကျုပ်ဘွားကိုဟိုဆီကိုပင့်ခေါ်ချင်လို့လာခဲ့ရတာပါ”
“အေး…ဘွားဘက်ကိုဒီလို
တကူးတကလာပင့်တော့လည်း လိုက်ရမှာပေါ့အေ…
ဒါ့ထက်ညည်းနာမည်ကဘယ်သူတုန်း”
“ကျုပ်နာမည်ကဒေါ်စောပါဘွား”
“အေး…အေး…မစော…ညည်းစိတ်သာချဘွားလိုက်ခဲ့မယ်”
ဒေါ်စောလည်းဝမ်းသာသွားတော့သည်။
ထိုခရီး၌မောင်တိုးနဲ့မောင်အုန်းကိုဘွားမယ်စိန်
ခေါ်မလာခဲ့ဖြစ်။
အကြောင်းမှာက ယောကျ်ားသားများကို
ခေါ်လာခဲ့လျှင်မောင်ဌေးလွင်နှင့်မလိုလားအပ်သော
စကားများပြောရမည်ဆိုးသောကြောင့်ပင်။
ထို့ကြောင့်ဘွားမယ်စိန်တစ်ဦးထဲသာ
ဒေါ်စော၏လှည်းဖြင့်လိုက်လာခဲ့တော့၏။
မြို့ပေါ်ရှိ မခင်ညိုတို့၏နေအိမ်ဆီသို့ရောက်လေတော့
မခင်ညိုမှာဝမ်းပန်းတသာကြိုဆိုရှာသည်။
မောင်ဌေးလွင်သည်က အိမ်၌မရှိခဲ့။
“သမီး…ဒါ အမေပြောတဲ့ဘွားမယ်စိန်ပဲ…
ဘွား…ဒါကျွန်မသမီးမခင်ညိုတဲ့”
“ဟုတ်ကဲ့…တွေ့ရတာဝမ်းသာပါတယ်ရှင့်”
“အေးကွယ်…ဘွားလည်းထပ်တူပါပဲ”
ထိုနေ့က ခရီးပန်းလာ၍အနားယူဖို့ရန်
ဘွားမယ်စိန်အတွက်နေရာထိုင်ခင်းကို
မခင်ညိုကစီစဉ်ပေးလေသည်။
စံအိမ်ကြီးထဲဘွားမယ်စိန်ကြည့်ရှု့နေစဉ်
ကျက်သရေအဖြာဖြာဖြင်ပြည့်စုံလှသောဘုရားခန်းကို
ကြည့်ရင်းဘွားမယ်စိန်ကျေနပ်နေတော့၏။
မခင်ညိုကိုလည်း….
“ညည်းကဘုရားတရားအလွန်လိုက်စားတဲ့ကလေးမပဲ…
ကောင်းတယ်…ကောင်းတယ်…ရတနာသုံးပါးမြဲမြံသူ၊ငါးပါးသီလမြဲသူ၊စိတ်ထားမြင့်မြတ်တဲ့သူတွေကို
ပရောဂအတိုက်နဲ့အောက်လမ်းပညာသည်တွေက
အစီအရင်တိုက်ဖို့မလွယ်ဘူး…။
ကံနိမ့်လို့ခံရရင်တော့တကြောင်းပေါ့အေ…”
“ဟုတ်ကဲ့ပါဘွား…”
“အင်း…ဒါ့ထက် ညည်းယောကျ်ားကော ဒီရက်ပိုင်း
ဘာထူးခြားသေးလဲ…”
“အယ်…ဘွားပြောမှပဲကျုပ်သတိရတော့တယ်…
အစ်ကိုအခုတလောအိမ်ကိုပြန်လာရင်
ကျွန်မကိုရောအိမ်ဖော်တွေပါမကျန်
ဒေါသတကြီးနဲ့ဆက်ဆံတတ်တယ်ဘွား…
ကျွန်မဖြင့်တစ်ခါမှအခုလို
အစ်ကိုစိတ်ကြမ်း၊လူကြမ်းဖြစ်တာ
မမြင်ဖူးခဲ့ဘူးတာအမှန်ပဲဘွားရယ်…”
မခင်ညိုပြောလေတော့ဘွားမယ်စိန်လည်း
ခေါင်းလေးကိုဖြေးညှင်းစွာညိတ်၍…
“မောင်ဌေးလွင်ဘယ်အချိန်မှအိမ်ကို
ပြန်လာမှာလဲကလေးမ”
“ခန့်မှန်းချိန်ကတော့ညနေခြောက်နာရီ…
ခုနှစ်နာရီလောက်ပါပဲဘွားရဲ့…”
“ဒါဆိုရင်ဒီညနေသူအပြန်အလာကို
ဘွားတို့စောင့်ကြတာပေါ့”
“ဘွားကချက်ချင်းကြီးသူနဲ့တွေ့တော့မလို့လား”
“ဒါပေါ့အေ…အချိန်ဆွဲရအောင်ပျော်စရာကိစ္စမှ
မဟုတ်ဘဲအေ့”
“ကျွန်မဘက်ကရော
ဘွားအတွက်ဘာများပြင်ဆင်ပေးရဦးမလဲ”
“ရတယ်…ရတယ်…ဘာမှမလိုဘူး
အဲ့အချိန်ကျမှ ဘွားခိုင်းတာလုပ်…ဟုတ်ပြီလား…”
“ဟုတ်ကဲ့ပါဘွား”
ထိုသို့ဖြင့် မနက်ခင်း၌အနားယူပြီးသော်
ညနေခင်းမောင်ဌေးလွင်ပြန်အလာကို ဧည့်ခန်း၌စကားပြောရင်းဖြင့်စောင့်နေကြတော့သည်။
“ဟော…အစ်ကိုပြန်လာပြီ…”
မောင်ဌေးလွင်သည် အိမ်အတွင်းသို့ဝင်လာခဲ့သော်
ဧည့်ခန်း၌ ထိုင်နေသော လူများထဲမှဘွားမယ်စိန်ကို
စူးစိုက်ကြည့်နေ၏။
“ကို…လာပါဦး…ဒီမှာဘွားနဲ့မိတ်ဆက်ပေးချင်လို့ပါ”
မခင်ညိုသည် လက်ကိုတွဲကူ၍ခေါ်လေတော့
မောင်ဌေးလွင်မလိုက်ချင်လိုက်ချင်ဖြင့်လိုက်လာခဲ့ရှာသည်။
ဘွားမယ်စိန်သည်က မောင်ဌေးလွင်ကိုပြုံးကြည့်နေရင်း…
“လူလေး…လာထိုင်ပါဦးကွယ်…”
ဟုပြောလေတော့ မောင်ဌေးလွင်သည် အသာတကြည်ပင်
ဝင်ထိုင်တော့၏။
“လူလေး…ဘွားပြောတာသေချာနားထောင်နော်…
လူလေးစိတ်တွေကိုလျော့ထားပါ…
အသက်ကိုဖြေးဖြေးမှန်မှန်ရှုပေး…”
ဘွားမယ်စိန်သည် ထိုင်နေသောခုံအထက်မှထ၍
မောင်ဌေးလွင်၏နောက်ကျောဘက်ဆီသို့
တစ်လှမ်းခြင်းလှမ်းလာခဲ့၏။
မောင်ဌေးလွင်သည်က ငြိမ်သက်စွာထိုင်နေခဲ့သည်။
မခင်ညိုနှင့်ဒေါ်စောကတော့စိတ်ဝင်တစားကြည့်နေကြ၏။
အိမ်၌အကူခေါ်ထားသော အိမ်ဖော်မ လေးများပင်သူတို့လူစုလေးအတိုင်းမလှမ်းမကမ်း၌ရပ်၍ကြည့်နေကြသည်။
“လူလေး…မကောင်းတာကိုမကောင်းမှန်းသိရဲ့နဲ့
ကိုယ့်စိတ်ကိုယ်မထိန်းနိုင်နေတာမလား…
ကျန်လူမသိပေမယ့် ဘွားသိတယ်လူလေး…
လူလေးရဲ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်နေတဲ့
မကောင်းတဲ့အရာတွေကိုဘွားမြင်တယ်….
ကဲ…ဘုရား…တရား ၊သံဃာကို
စိတ်ထဲကနေ ဦးတိုက်…ဦးတိုက်လိုက်လူလေး…”
ဟုဆိုကာ မောင်ဌေးလွင်၏ခေါင်းကိုလက်ဖြင့်သပ်ချပေးသည်။
ပြီးနောက်မောင်ဌေးလွင်၏ခေါင်းလေးကိုလက်ဖြင့်ကိုင်တွယ်ထားပြီး နှုတ်မှဂါထာများကိုရွတ်ဆိုပြန်၏။
ဂါထာရွတ်ဆိုပြီးလေမှ…
“လင်ဗန်းတစ်ချပ်နဲ့သောက်ရေတခွက်ယူပေးကြပါ”
ဟု…ခိုင်းလေတော့ အိမ်ဖော်မလေးတွေ
ပြာယာခက်ကုန်ကြသည်။
လင်ဗန်းတစ်ချပ်နှင့်သောက်ရေတစ်ခွက်ရလာတော့
လင်ဗန်းကို မောင်ဌေးလွင်၏အရှေ့၌ချပေးပြီး
သောက်ရေခွက်ကိုကိုင်ကာသူ၏လက်ညိုးဖြင့်မွှေနှောက်၍…
“ဘုရားဆေး…တရားဆေး…သံဃာဆေး…
ပျောက်စရာပျောက်…ဖယ်စရာဖယ်…ရှားစရာရှား…
ငါဟဲ့မယ်စိန်……..”
ဟုပြောအပြီး…
“လူကလေး…ရော့…ရော့…ဒါလေးကိုသောက်လိုက်…”
ဟု…ခိုင်းလေတော့ မောင်ဌေးလွင်သည်
ဘွားမယ်စိန်ပြောသည့်အတိုင်းရေခွက်ကိုယူ၍
မော့သောက်လေရာ ခွက်အတွင်း၌
ရေတစ်စက်ပင်မကျန်တော့ပေ။
မခင်ညိုတို့မှာလည်းမည်သို့ဖြစ်လေမလဲအတွေးများဖြင့်
ကြည့်နေကြပြန်သည်။
မကြာပါ မောင်ဌေးလွင်တစ်ယောက်
“ဝေါ့…ဝေါ့…..”
တဝေါ့ဝေါ့မြည်သံများပေး၍ လင်ဗန်းထဲသို့
အန်ချတော့သည်။
ဘွားမယ်စိန်က မောင်ဌေးလွင်၏ခေါင်းကိုဖြေးညှင်းစွာ
သပ်ချပေးနေ၏။
မောင်ဌေးလွင်မှာလည်းအန်ရတာအားကုန်သွားသည့်အလား
ခုံတန်းပေါ်၌လူသည်ယိုင်တိုင်တိုင်လေးထိုင်နေခဲ့ရှာသည်။
“ပင်ပန်းသွားပြီကွယ်…ကဲပါ…သူ့ကိုနားခိုင်းလိုက်ကြဦး…”
မခင်ညိုသည်မောင်ဌေးလွင်ကိုတွဲကူ၍
အခန်းဆီသို့ခေါ်သွားလေသည်။
အိမ်အကူလေးများက မောင်ဌေးလွင်အန်ထားသော
လင်ဗန်းကိုယူမည်ပြုလေတော့
ဘွားမယ်စိန်သည်…
“ဟဲ့…ကလေးမတွေ…အဲ့တာကိုမကိုင်ကြနဲ့ထားခဲ့…။
ဘွားကိုမီးဖိုပြင်ပေး…ပြီးရင်အဲ့မီးဖိုအပေါ်မှာ မြေအိုးတစ်လုံးတင်ပေးထားကြကွဲ့”
“ဘွားခိုင်းတာလုပ်ပေးလိုက်ကြဦး”
ဒေါ်စောကပါဝင်ပြောလေသည်။
အိမ်ဖော်မလေးများသည် မီးဖိုအတွင်း၌ဘွားမယ်စိန်ပြောသည့်အတိုင်းလုပ်ပေးကြ၏။
ဘွားမယ်စိန်သည်.လင်ဗန်းအတွင်း၌
မောင်ဌေးလွင်အန်ချထားသည်များကိုဒေါ်စောအားပြပြီးသည်နှင့် မီးဖိုပေါ်ရှိပူနေသော မြေအိုးအတွင်းသို့ထိုအရာများကို
ထည့်လိုက်လေသည်။
ပြီးနောက်အချိန်အတော်ကြာမီးဖိုအပေါ်တင်ကာ
နှုတ်မှဂါထာများကိုရွတ်ဆိုပြန်သည်။
ပြီးလေတော့ထိုအိုးကိုပြန်ချ၍
သင်္ချိုင်းသို့သွားကာမြုပ်နှံစေတော့သည်။
နောက်တစ်နေ့နံနက်ခင်း၌
ဘွားမယ်စိန်နှင့်ဒေါ်စောတို့စကားပြောနေကြချိန်တွင်
မောင်ဌေးလွင်နှင့်မခင်ညိုတို့ရောက်လာကြပြီး
ထိုင်ကန်တော့ရှာ၏။
“ကဲ…လူကလေး…ဘယ်လိုနေသေးလဲကွဲ့”
ဟုမေးလေတော့မောင်ဌေးလွင်သည်ရှိုက်ကြီးတငင်ငိုကျွေး၏။
မခင်ညိုကတော့ မောင်ဌေးလွင်၏ကျောလေးကိုလက်ဖြင့်ပုတ်၍နှစ်သိမ့်ပေးနေသည်။
“ကျွန်တော့်ဘဝအခုလိုပြန်ဖြစ်လာရတာ
ဘွားကြောင့်ပါ…ကျွန်တော်ဘယ်လိုပြောရမယ်မှန်းလည်း
မသိတော့ပါဘူးဗျာ….”
“ရပါတယ်ကွယ်…မောင်ရင်တို့မိသားစုလေးအဆင်ပြေ
ရင်ဘွားကျေနပ်ပါပြီ”
“ကျွန်တော်ဘယ်လိုကြောင့်အဲ့သည်လိုဖြစ်သွားရတာလဲဘွား…
မဒေစီဆိုတဲ့မိန်းမကိုကျွန်တော်ဘာလို့တွယ်ကပ်မိသွားတာလဲ…
သူပြောသမျှ…သူဖြစ်ချင်တာမှန်သမျှနာခံနေမိတာ
ဘာကြောင့်လဲဗျာ…ကျွန်တော်…တကယ်ယောကျာ်းကောင်း
အဖေကောင်းမပီသတဲ့လူဗျာ…….”
မောင်ဌေးလွင်သည်ငိုသံကြီးဖြင့်ပြောလေတော့
မခင်ညိုမှာစိတ်မကောင်းရှာ။
“မဟုတ်ဘူးကွဲ့…လူလေးရဲ့ပင်ကိုယ်စိတ်ကြောင့်မဟုတ်ဘူး…
ဒါတွေကအောက်လမ်းပညာနဲ့လူလေးကိုချုပ်လိုက်တာကြောင့်
ဖြစ်ရတာ…အခုဘွားအဲ့အရာတွေကိုရှင်းလိုက်ပြီမို့…
လူလေးလည်းမိသားစုနဲ့အတူအရင်လိုပဲ
စိတ်အေးအေးချမ်းချမ်းနေလို့ရပြီမို့
ဘာမှမတွေးပါနဲ့တော့ကွယ်….”
“ဟုတ်တယ်ခင်ညိုရဲ့…မနေ့ကဘွားအမေ့ကိုခေါ်ပြတာလေ…
အမယ်လေးမောင်ဌေးလွင်အန်ချထားတာတွေက
ထဘီစုတ်တွေကောဆံပင်တွေကော
အတော်ရွံဖို့ကောင်းတာအေ့”
ဒေါ်စောပြောလေတော့မောင်ဌေးလွင်နှင့်မခင်ညိုတို့
အံ့သြသွားကြသည်။
“ကျွန်တော်အဲ့သည်မိန်းမကိုသတ်ပစ်ချင်တယ်ဗျာ…
ဒင်းကြောင့်…ကျုပ်သိက္ခာတစ်ပြားမှမကျန်သလို…
ကျုပ်မိန်းမနဲ့ကျုပ်ယောက္ခမတွေလည်းစိတ်ဆင်းရဲကြရတယ်…
တောက်….ဟားးး….”
မောင်ဌေးလွင်သည်ပြောရင်းပင်ဒေါသထွက်လာခဲ့၏။
“ကဲ…ဘွားပြောမယ်…မကောင်းတဲ့သူကမကောင်းတဲ့လမ်းပဲ
သွားရမှာ…ဒီတော့အခြေအနေကိုစောင့်ကြည့်ကြ…
ကိုယ့်ဘက်ကအမှားဘယ်တော့မှမလုပ်မိကြစေနဲ့ကွယ်…”
“ဘွားပြောတာမှန်ပါတယ်ကိုရယ်…စိတ်လျော့ပါနော်…”
မခင်ညိုသည်မောင်ဌေးလွင်ကိုနှစ်သိမ့်လေတော့
မောင်ဌေးလွင်သည်မျက်ရည်လေးတစမ်းစမ်းဖြင့်…
“အမေနဲ့ညို့ကိုကျွန်တော်တောင်းပန်ပါတယ်ဗျာ…
အားလုံးကျွန်တော့်အပြစ်တွေပါ…”
ဟုတောင်းပန်လေသောအခါ…
“အေး…မင့်မိန်းမကတော့ခွင့်လွှတ်ပြီးသားပါကွယ်…
အမေဘက်ကလည်းဒီလိုဖြစ်မှန်းမသိခင်ကတော့
အတော်ဒေါသထွက်မိတယ်…
နောက်တော့လည်းနားလည်ပေးနိုင်ပါတယ်ကွယ်”
ထိုသို့ဖြင့်မောင်ဌေးလွင်တစ်ယောက်မဒေစီကို
လုံးလုံးမေ့ပျောက်၍
မခင်ညိုတို့နှင့်ယခင်အတိုင်းနေထိုင်သွားတော့သည်။
ဘွားမယ်စိန်ကိုလည်း ရွာမပြန်သေးစေဘဲ
ဝတ်ကြီးဝတ်ငယ်ပြုစုပေးကြ၏။
သုံးလေးရက်ကျော်လွန်လာတော့…
မဒေစီ၏လက်ဆွဲတော်ဗေဒင်ဆရာကြီး၏
နာရေးကိုမောင်ဌေးလွင်က
ဘွားမယ်စိန်ကိုပြောပြလေသည်။
“အဲ့ဘိုးတော်…အသားအရေတွေမီးလောင်ဖု့တွေ
လိုထလာပြီးအော်ဟစ်နေတယ်ဆိုပဲဗျ…
နှစ်ရက်လောက်ဝေဒနာကိုအလူးအလဲခံစားပြီးမှ
ဆုံးသွားရတာတဲ့…”
ဟုပြောတော့ ဘွားမယ်စိန်သည်ခေါင်းလေးတညိတ်ညိတ်ဖြင့်
နားထောင်၏။
“ဒါ့အပြင်ဟိုမိန်းမ မဒေစီလည်းလောင်းကစားအမှုနဲ့
ဂတ်ကဖမ်းသွားတယ်တဲ့လေ…အဲ့နေ့တင်ပဲ
ထောင်ထဲမှာအချင်းချင်းရန်ဖြစ်
ရိုက်နှက်ကျရင်းလက်လွန်ခြေလွန်ဖြစ်ပြီးဆုံးသွားရှာတယ်တဲ့
ဘွားရဲ့”
မောင်ဌေးလွင်သည် မဒေစီ၏အကြောင်းများကိုပါပြောပြလေတော့ ဒေါ်စောတို့လည်းအံသြသင့်ကုန်ကြ၏။
“ဘွားမပြောဘူးလား…မကောင်းတဲ့သူဆိုတာ
မကောင်းတဲ့လမ်းကိုသွားကြရမှာပဲ…
လက်ငင်းအကျိုးပေးတာနဲ့
ခဏလောက်အချိန်နောက်ကျတာပဲကွာသွားတယ်ကွဲ့…
ဒါကြောင့်လူလေးတို့လည်း ဘုရား၊တရား၊သံဃာကို
မမေ့ကြနဲ့မိဘကိုလုပ်ကျွေး…သားသမီးကိုစောင့်ရှောက်…
လူ့ဘဝဆိုတာလူပီသဖို့လိုအပ်တယ်…
လူပီသတဲ့လူကိုယ်သာလူလို့ခေါ်ထိုက်တယ်ကွဲ့”
“ဟုတ်ကဲ့ပါဘွား….”
ထိုသို့ဖြင့်မောင်ဌေးလွင်နှင့်မခင်ညိုတို့ဘဝလေး
အေးချမ်းသွားကြတော့လေသည်။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
“အကုသိုလ္ဟူသည္ေျပးမလြတ္”(စ/ဆုံး)
———————————————–
“ညိဳေရ…ညိဳ…….”
“လာၿပီ ကိုေရ…ညိဳဒီမွာ သမီးေလးကိုေရခ်ိဳးေပးေနလို႔”
“ဒါဆိုလည္းေနေန…ကိုအျပင္ကျပန္ေရာက္ၿပီဆိုတာေျပာတာ
ဒီမွာညိဳနဲ႔သမီးေလးအတြက္ကိုမုန႔္ဝယ္လာခဲ့တယ္ေနာ္”
“ဟုတ္ကဲ့…ညိဳသမီးေလးကိုအရင္ျပင္ေပးလိုက္ဦးမယ္ေနာ္”
“ေအး…ေအး…….”
မခင္ညိဳႏွင့္ေမာင္ေဌးလြင္တို႔သည္
တစ္ဦးအေပၚတစ္ဦးအလြန္ခ်စ္ခင္ၾကေသာဇနီးေမာင္ႏွံပင္ျဖစ္သည္။
အိမ္ေထာင္သက္သုံးႏွစ္ေက်ာ္အၾကာ၌
ခ်စ္စဖြယ္သမီးရတနာေလးကိုလည္းပိုင္ဆိုင္ထားၾက၏။
ၿမိဳ႕ေပၚ၌ေတာ့သူေဌးေလးေမာင္ေဌးလြင္ႏွင့္သူေဌးကေတာ္
မခင္ညိဳဟုဆိုလွ်င္မသိသူမရွိၾက။
တစ္ဦးအေပၚတစ္ဦးခ်စ္ခင္မႈႏွင့္သူတို႔၏
ႂကြယ္ဝမႈကိုလူမ်ားက အားက်ေနၾကရသည္။
“ဒီမွာညိဳေရ…ညိဳ႕အတြက္ ကို႔ရဲ႕ခ်စ္သက္လက္ေဆာင္”
“အို…ပတၱျမားလည္ဆြဲေလးပါလား …လွလိုက္တာကိုရယ္”
ေမာင္ေဌးလြင္သည္ ဇနီးသည္အေပၚ၌ အလြန္ခ်စ္ရွာ၏။
လိုေလေသးမရွိေအာင္လည္းထားရွာသည္။
“ကို…ညိဳေလ…ညိဳ႕ရဲ႕ေမြးရပ္ေျမကုန္း႐ိုး႐ြာမွာ
ဘုန္းႀကီးေက်ာင္းအတြက္ေရတြင္းေလးလႉခ်င္တယ္ အဲ့တာ…”
“အိုကြာ…ညိဳ ကလည္း…ညိဳလႉခ်င္တာမလား…
ညိဳ႕သေဘာက ကို႔ရဲ႕သေဘာပါ…
ညိဳစိတ္ႀကိဳက္သာလုပ္”
“ေက်းဇူးတင္ပါတယ္ကိုရယ္…”
“မလိုပါဘူးဗ်ာ…မလိုပါဘူး”
ထိုကဲ့သို႔တစ္ဦးအေပၚတစ္ဦးခ်စ္ခင္ၾကေသာ
မခင္ညိဳႏွင့္ေမာင္ေဌးလြင္ တို႔၏မိသားစုဘဝေလး၌
မေဒစီဆိုေသာ အမ်ိဳးသမီးတစ္ဦးဝင္ေရာက္လာခဲ့ေလသည္။
မေဒစီသည္ အေပ်ာ္အပါးေလာင္းကစားတပ္မက္လွေသာ
ခပ္ရႈပ္ရႈပ္…ခပ္ေပြေပြအမ်ိဳးသမီးျဖစ္၏။
တစ္လင္မေကာင္းတစ္လင္ေျပာင္းဆိုသည့္စကားကိုလက္ကိုင္တုတ္သဖြယ္အသုံးျပဳေနသူတစ္ေယာက္လည္း
ျဖစ္သည္။
ေငြေၾကးရွိေယာက်ာ္းတို႔အားျမဴစြယ္ေခြၽးသိပ္ၿပီး
ရႏိုင္သမွ်ယူတတ္ေသာ မိန္းမစားတစ္ဦးပင္။
ထိုမေဒစီ၏ကြန္ယက္၌ၿငိတြယ္မိသူမ်ားထဲ၌
ေမာင္ေဌးလြင္လည္းပါဝင္လာခဲ့ေပသည္။
ေမာင္ေဌးလြင္၏အေပါင္းအသင္းမ်ားအားေပးမႈေၾကာင့္ပင္
မေဒစီႏွင့္ေမာင္ေဌးလြင္တို႔တြယ္ၿငိၾကေတာ့၏။
“ေမာင္…..”
“ဗ်ာ…….”
“ေမာင့္မိန္းမကိုဘယ္ေတာ့ကြာမွာလဲ”
“အဲ့တာက………..”
ေမာင္ေဌးလြင္သည္ မေဒစီ၏
ေနာက္ေၾကာင္းရာဇဝင္ကိုေသခ်ာမသိေပ။
သို႔ေသာ္ မေဒစီကိုမေတြ႕ရလွ်င္မေနႏိုင္ေအာင္စြဲလမ္းေနမိ၏။
“ေမာင္လို႔….ေမာင္ေျပာေတာ့ေဒစီနဲ႔နီးခ်င္ၿပီဆို…
အဲ့သလိုေဒစီနဲ႔နီးခ်င္ရင္ေမာင့္ဘက္ကဟိုမိန္းမကို
အိမ္ေပၚကႏွင္ခ်မွျဖစ္မွေပါ့လို႔”
“အင္း…ေမာင္ႀကိဳးစားပါ့မယ္ကြာ…”
မေဒစီသည္ေမာင္ေဌးလြင္၏အေျဖကိုအားမရေပ။
ေမာင္ေဌးလြင္ကိုယ္တိုင္ကလည္း မခင္ညိဳကိုသနားေနမိ၏။
ခ်စ္ခင္လာေသာသက္တမ္းတေလွ်ာက္၌ မခင္ညိဳသည္
ဇနီးသည္တာဝန္ကိုေက်ပြန္ခဲ့ယုံတင္မက
သူတို႔၏သမီးေလးမ်က္ႏွာကိုျမင္ေယာင္ရင္း
ေမာင္ေဌးလြင္ကြာရွင္းဖို႔မဝံ့မရဲျဖစ္ေနေပသည္။
ေမာင္ေဌးလြင္ႏွင့္မေဒစီ၏သတင္းမ်ားကလည္း
မခင္ညိဳနားသို႔ဝင္ေရာက္လာသည့္တိုင္တိုင္…
“ညိဳေလ…ကို႔ကိုယုံပါတယ္…ဒါေၾကာင့္
ဘယ္သူေတြဘာပဲေျပာေျပာညိဳမယုံဘူးကို”
မခင္ညိဳ၏စကားေၾကာင့္
ေမာင္ေဌးလြင္သက္ျပင္းခ်ေနမိသည္။
မေဒစီဘက္မွလည္း မိမိ၏ေငြေၾကးမ်ားကိုပါ
ဝင္ေရာက္စြက္ဖက္ေနေတာ့သည္မို႔ေမာင္ေဌးလြင္ပို၍
စိတ္ရွပ္ေထြးေနရသည္။
မေဒစီသည္ ေလာင္းကစားကိုအႀကီးအက်ယ္ေဆာ့၏။
မိမိဆီမွ ေငြေတာင္းတိုင္း မေဒစီကို ေမာင္ေဌးလြင္မျငင္းဆန္ဘဲ
အၿမဲထုတ္ေပးတတ္သည္။
ျပန္၍စဥ္းစားကာမွ ေမာင္ေဌးလြင္ စိတ္ညစ္ရ၏။
“ေဒစီ…မင္းဘာလို႔ဒီေလာက္ေလာင္းကစားေတြ
လုပ္ေနရတာလဲကြာ…”
ဟု…ေမးေသာအခါ မေဒစီသည္ မဲ့ၿပဳံးတစ္ခ်က္ျဖင့္….
“ေမာင္ကေဒစီကိုအေပ်ာ္မယားအေနနဲ႔ပဲထားတာမလား…
ေမာင့္မယားႀကီးကိုေတာ့စံအိမ္ထဲမွာပိုးေမြးသလိုေမြးထားေတာ့
ေဒစီမွာလည္းေပ်ာ္စရာဆိုလို႔ဒီေလာင္းကစားပဲရွိေတာ့တာေလ…ဒါေဒစီအျပစ္လားေမာင္…ေျပာစမ္းပါဦးေမာင္ရဲ႕…
ေဒစီရဲ႕အျပစ္လားလို႔”
“ဟာကြာ…ေတာက္…..”
ေမာင္ေဌးလြင္မိမိကိုယ္ကိုသာ စိတ္ဆိုးမိေတာ့၏။
တစ္ရက္၌ ေဒစီသည္…
“ေမာင္…ေဒစီေမးေနၾကဆရာက ေမာင့္မွာအသက္အႏၲရာယ္ရွိတယ္လို႔ေျပာေနတယ္…အဲ့တာေဒစီစိုးရိမ္လို႔ ယၾတာေခ် ဖို႔ေမးေတာ့ ဆရာက ေဟာသည္အမႈန႔္ေလးေတြကို ေမာင္တို႔လင္မယားအိပ္တဲ့အခင္းေအာက္မွာျဖဴးပါတဲ့ေမာင္…
ေဒစီေလ ေမာင့္အတြက္စိုးရိမ္တယ္ေမာင္ရယ္…
ဒါေၾကာင့္ေဒစီေျပာတာေလးေမာင္လုပ္ေပးပါေနာ္…
ေနာ္လို႔ေမာင္…”
“အင္းးးးး….ေကာင္းပါၿပီ ေဒစီသေဘာပါပဲ”
ေမာင္ေဌးလြင္သည္ မေဒစီေျပာသည္ကိုေခါင္းညိတ္၍
မေဒစီထံမွ ျဖဴျဖဴအမႈန႔္ထုပ္ေလးမ်ားအား ယူလိုက္ေတာ့သည္။
အိမ္၌ကမခင္ညိဳ၏မိခင္ႀကီးေဒၚေစာအလည္ေရာက္
ေနသည္မို႔ ေမာင္ေဌးလြင္ အရင္ရက္မ်ားထက္အသြား
အလာဆင္ျခင္ေနရ၏။
“ငါ့သားလည္း…အလုပ္ေတာ္ေတာ္မ်ားေပတာပဲကြယ္…
ေတာ္ေတာ္လည္းေမာေနရွာမွာေပါ့ေလ…
ဟင္း…မယားငယ္အိမ္နဲ႔ကူးခ်ည္သန္းခ်ည္
လုပ္ေနရတာဆိုေတာ့”
“ေမေမ…”
ေယာကၡမႀကီးေဒၚေစာမွာသမီးျဖစ္သူအတြက္ေမာင္ေဌးလြင္ကို
ေဒါသထြက္ေနခဲ့ရွာသည္။
ေမာင္ေဌးလြင္ကေတာ့ေျပာသမွ်ကို ေခါင္းေလးငုံ႔ကာေနရွာသည္။
မခင္ညိဳကေတာ့မိခင္ျဖစ္သူကိုတားဆီး၏။
“ခင္ညိဳ…ညည္းအသာေနစမ္းပါေအ…
ညည္းလင္မဟုတ္လို႔…ဒီသတင္းက ငါတို႔႐ြာထိပ်ံ႕လာတာ…
ငါရွက္တယ္ေအ့….ငါရွက္တယ္…။
ဘယ့္နဲ႔ေအ…လူ႐ိုး…လူေအး…လူ႔မင္းသားေလးဆိုလို႔…
ငါသမီးနဲ႔စိတ္ခ်ခဲ့ရတာ…
အခုေတာ့ၾကည့္စမ္းပါဦး…ညည္းလင္က ဘီလူးေအ့..
ဘီလူး…မင္းသားမ်က္ႏွာဖုံးေဆာင္းထားတဲ့ဘီလူး…
ဒင္းေၾကာင့္တို႔မိဘမ်ားအရွက္ရၾကတာကို
ညည္းၾကည့္ေကာင္းသလား ခင္ညိဳ…
ဟမ္ေျပာစမ္းပါဦး…ဇနီးအလိမၼာႀကီးရဲ႕……..”
ေဒၚေစာသည္သမီးျဖစ္သူကိုမာန္မဲေလေတာ့
ေမာင္ေဌးလြင္လည္းမည္သည္မွမေျပာေတာ့ဘဲ
သူ၏အိပ္ခန္းအတြင္းသို႔ဝင္သြားေတာ့၏။
“ေမေမရယ္…အစ္ကိုမွားတဲ့အမွားက
ခဏတာအမွားပါ…
သမီးေလးမ်က္ႏွာကိုေထာက္ၿပီးသူျပင္လာမယ့္အခ်ိန္
သမီးေစာင့္ပါရေစေမေမ…။
အခုခ်ိန္မွာေသြးပူပူနဲ႔ထင္ရာလုပ္မိရင္
သမီးတို႔မိသားစုေလးၿပိဳကြဲသြားလိမ့္မယ္ေမေမရဲ႕”
မခင္ညိဳသည္ မိခင္ႀကီးကိုမ်က္ရည္ေလးတစမ္းစမ္းျဖင့္
ေျပာရွာသည္။
မိခင္ႀကီးမွာလည္းသမီးျဖစ္သူအတြက္စိတ္မေကာင္းျဖစ္ရင္း…
“မသိေတာ့ပါဘူး မိခင္ညိဳရယ္…
ညည္းေကာင္းမယ္ထင္သလိုပဲလုပ္ပါေတာ့ေအ”
ဟုသာ…ေျပာရွာေတာ့သည္။
ေမာင္ေဌးလြင္မွာလည္း မေဒစီေပးလိုက္ေသာ
အမႈန႔္ထုပ္ကိုျဖဴးဖို႔ရန္လူအလစ္ကိုၾကည့္ရေသး၏။
ထိုသို႔ျဖင့္တစ္ရက္မွာေတာ့…
ေမာင္ေဌးလြင္ထိုအမႈန႔္ထုပ္ကိုအိပ္ရာခင္းေအာက္
ျဖဴးေနခ်ိန္၌ အိမ္ေဖာ္မေလးတစ္ဦးမွျမင္သြားေလရာ
ထိုအေၾကာင္းသည္ ေဒၚေစာ၏နားဆီသို႔ေရာက္လာခဲ့ေတာ့၏။
သားမက္ျဖစ္သူ၏လုပ္ရပ္ကိုေဒၚေစာေတြးေတာရင္း
သမီးျဖစ္သူကိုေခၚ၍…
“ငါ့သမီး…တစ္ခုခုေတာ့မွားေနၿပီလို႔အေမထင္တယ္ေအ့”
“ဘာမ်ားလဲေမေမ…”
“ညည္းတို႔ကၿမိဳ႕မွာေန…အေရးပိုင္အရာရွိေတြနဲ႔
ခင္မင္ၿပီးအေနာက္တိုင္းဆန္ေနၾကေတာ့
ဒီကိစၥကိုညည္းလက္ခံခ်င္မွလက္ခံလိမ့္မယ္…
ဒါေပမယ့္…အေမထင္တာကိုေတာ့ေျပာရလိမ့္မယ္ေအ…
အင္း…အေမထင္တာကေတာ့
ညည္းေယာက်ာ္းေဆးမိေနတာပဲျဖစ္ရမယ္”
“ရွင္…ေဆးမိတယ္…ေဆးမိတယ္ဆိုတာဘာလဲေမေမ”
“ညည္းနားလည္ေအာင္ေျပာရရင္ ေဆးမိတယ္ဆိုတာ
ေအာက္လမ္းအတတ္နဲ႔ဖမ္းစားတယ္လို႔ဆိုရမယ္…
အေမသိတဲ့ေမာင္ေဌးလြင္ဆိုတာ ဇနီးနဲ႔သမီးအေပၚ
အလြန္ခ်စ္ခင္ရွာၿပီးေယာကၡမကိုမိဘလိုသေဘာထားတတ္တဲ့
လူစား…အခုေတာ့ၾကည့္ေလ…တို႔ေတြအားလုံးကို လူေသလိုအၿပဳံးအရယ္မရွိႏႈတ္ဆိတ္ၿပီးဆက္ဆံေနလိုက္ပုံမ်ား”
မခင္ညိဳသည္မိခင္ႀကီးေျပာေလမွ စဥ္းစားမိေတာ့၏။
ေမာင္ေဌးလြင္၏အျဖစ္အပ်က္မ်ားကို
အစမွေန၍စဥ္းစားမိလာရင္း…
“ဒါဆို…သမီးတို႔ဘာဆက္လုပ္ရမလဲေမေမ…
အစ္ကို႔ကိုအရင္လိုျဖစ္ေအာင္ ကုသလို႔ရပါ့မလားဟင္…”
“ေအး…အခုလည္းဟိုေကာင္မက
ဘာခိုင္းလိုက္တယ္မသိဘူး…
ညည္းတို႔အိပ္ရာခင္းေအာက္မွာအမႈန႔္ေတြျဖဴးေနတယ္လို႔
အိမ္ေဖာ္မေလးက လာေျပာသြားလို႔အေမသြားၾကည့္ၿပီးၿပီး
အဲ့တာေတြလည္းဒင္းမရွိတဲ့အခ်ိန္မွ
ေသခ်ာေဆးေၾကာပစ္ရဦးမယ္…”
“ဘုရား…ဘုရား…သမီးေတာ့နားမလည္ေတာ့ဘူးေမေမ”
“ညည္းနားမလည္တာအသာေန….အေမဒီကိစၥကို
ရေအာင္အေျဖရွာမယ္…”
“ဘယ္လိုအေျဖရွာမွာလဲေမေမ…”
“ေသာင္ထြန္း႐ြာကဘြားမယ္စိန္ကို ဒီကိုပင့္ေခၚမယ္ေအ”
“ဘြားမယ္စိန္ဆိုတာဘယ္သူလဲေမေမ”
“ဘြားမယ္စိန္ဆိုတာကေအ…အေမတို႔ကုန္း႐ိုး႐ြာရဲ႕
ေက်းဇူးရွင္ေပါ့….ဟိုးတစ္ခါက အေမတို႔ကုန္း႐ိုး႐ြာမွာ
ဓားျပေတြဝင္မယ္ဆိုၿပီးလာသတိေပးတဲ့
ဘြားေလငါ့သမီးရဲ႕…ေသသြားတဲ့ငႏြားေမာင္ရဲ႕ဝိညာဥ္က
ဘြားဆီကိုလာအကူအညီေတာင္းတာေၾကာင့္
အေမတို႔…ကုန္း႐ိုး႐ြာလည္း
ဓားျပဒဏ္မခံလိုက္ရတာေလေအ…”
“ေၾသာ္…အဲ့သည္ကိစၥကြၽန္မသိလိုက္တယ္ေလ…”
(ဘြားမယ္စိန္ႏွင့္သရဲငႏြားေမာင္စာမူကိုျပန္ဖတ္လို႔ရပါတယ္)
“ေအးးးး…..အဲ့သည္ဘြားကိုအေမက ဒီကိုပင့္လာခဲ့ခ်င္တာ…
ဒါမွအဆိုးအေကာင္းဘာဆက္လုပ္ရမလဲဆိုတာ
အေမတို႔အေျဖေပၚၾကမွာေအ့”
“အင္းးးးေမေမ ေျပာတာမဆိုးပါဘူး…
ဒါေပမယ့္ အစ္ကိုေမးရင္ဘယ္လိုေျဖၾကမလဲ”
“အိုေအ..အေမ့ဘက္ကႀကီးေတာ္လို႔ေျပာၿပီးေခၚခဲ့ရမွာေပါ့…
ဘာထူးဆန္းမလဲ…အခုဆိုဘြားအသက္ကလည္း
ခုႏွစ္ဆယ္ေက်ာ္ၿပီေလေအ့”
“ေမေမေကာင္းမယ္ထင္သလိုသာလုပ္ပါေတာ့…”
ဘြားမယ္စိန္အေၾကာင္းအမွတ္ရလိုက္ေသာ
ေဒၚေစာတစ္ေယာက္ဝမ္းသာေနမိသည္။
ယခုျပသာဒ္နာကိုဘြားမယ္စိန္ေျဖရွင္းေပးႏိုင္သည္ဟု
ေဒၚေစာ ယုံၾကည္ေနသည္။
ထိုသို႔ျဖင့္ေသာင္ထြန္း႐ြာသို႔သြားကာ
ဘြားမယ္စိန္ကိုပင့္ေခၚဖို႔ခရီးထြက္လာခဲ့ေတာ့၏။
က်န္ရစ္ခဲ့ေသာ မခင္ညိဳတစ္ေယာက္မွာေတာ့
ရင္တလွပ္လွပ္ျဖင့္ စိတ္တို႔ဂနာမၿငိမ္ျဖစ္ေနရွာခဲ့သည္။
“အေမေရ…ဧည့္သည္ေရာက္ေနတယ္…”
“ေအး…လာၿပီ..လာၿပီ…”
ဘြားမယ္စိန္ဘုရားခန္းရွိသူ၏လက္ဆြဲေတာ္ေတာင္ေဝွးကို
ေရျဖင့္သန႔္စင္ေပးေနခ်ိန္ ကြပ္ပ်စ္မွ ေဒၚဝင္း၏ေခၚသံေၾကာင့္
ကြပ္ပ်စ္ရွိရာသို႔ဆင္းလာခဲ့ေတာ့၏။
ကြပ္ပ်စ္၌ထိုင္ေနေသာ ဝဝဖိုင္းဖိုင္းမိန္းမႀကီးကို
ၾကည့္လိုက္ၿပီး…
“ဘယ္သူမ်ားတုန္းကြဲ႕”
ဟုေမးလိုက္ေသာအခါ…
“က်ဳပ္ကကုန္း႐ိုး႐ြာကပါ ဘြားရဲ႕…”
“ကုန္း႐ိုး႐ြာ ရင္းေတာ့ရင္းႏွီးသလိုပါပဲ…
ဘြားကလည္းမွတ္ရတာမ်ားေတာ့ေရာေထြးေနတယ္ကြဲ႕”
“က်ဳပ္တို႔႐ြာကေတာ့ဘြားရဲ႕ေက်းဇူးကိုမေမ့ၾကပါဘူးေတာ္…
ဘြားေၾကာင့္က်ဳပ္တို႔႐ြာဓားျပေတြရန္က လႊတ္ခဲ့ရတယ္ေလ…”
ဟုေျပာေသာအခါဘြားမယ္စိန္စဥ္းစားရျပန္သည္။
“ဟို…သရဲငႏြားေမာင္ေလ…
သူအိမ္မက္ေပးတာေၾကာင့္ဆိုၿပီး…ဘြား
က်ဴပ္တို႔႐ြာကိုေရာက္လာခဲ့တာေလေတာ္”
“ေၾသာ္…ေအး…ေအး…မွတ္မိၿပီ…မွတ္မိၿပီ…
အခုလာရတာကေရာ ဘာကိစၥရွိျပန္တာလဲ”
“ကိစၥကေတာ့က်ဳပ္တို႔႐ြာမွာမဟုတ္ဘူးေတာ့္…
ၿမိဳ႕က က်ဳပ္သမီးအိမ္မွာ…”
“ေဟ…ဘာအေရးမ်ားလဲ”
“အေရးကေတာ့ ဒီလိုပါဘြား…………………..”
ဟု…အစခ်ီ၍ ေမာင္ေဌးလြင္ႏွင့္မေဒစီတို႔၏
အေၾကာင္းမ်ားကိုေျပာျပေလသည္။
ဘြားမယ္စိန္ကလည္းေခါင္းတညိတ္ညိတ္ျဖင့္
နားေထာင္၏။
“အဲ့တာ…က်ဳပ္ဘြားကိုဟိုဆီကိုပင့္ေခၚခ်င္လို႔လာခဲ့ရတာပါ”
“ေအး…ဘြားဘက္ကိုဒီလို
တကူးတကလာပင့္ေတာ့လည္း လိုက္ရမွာေပါ့ေအ…
ဒါ့ထက္ညည္းနာမည္ကဘယ္သူတုန္း”
“က်ဳပ္နာမည္ကေဒၚေစာပါဘြား”
“ေအး…ေအး…မေစာ…ညည္းစိတ္သာခ်ဘြားလိုက္ခဲ့မယ္”
ေဒၚေစာလည္းဝမ္းသာသြားေတာ့သည္။
ထိုခရီး၌ေမာင္တိုးနဲ႔ေမာင္အုန္းကိုဘြားမယ္စိန္
ေခၚမလာခဲ့ျဖစ္။
အေၾကာင္းမွာက ေယာက်္ားသားမ်ားကို
ေခၚလာခဲ့လွ်င္ေမာင္ေဌးလြင္ႏွင့္မလိုလားအပ္ေသာ
စကားမ်ားေျပာရမည္ဆိုးေသာေၾကာင့္ပင္။
ထို႔ေၾကာင့္ဘြားမယ္စိန္တစ္ဦးထဲသာ
ေဒၚေစာ၏လွည္းျဖင့္လိုက္လာခဲ့ေတာ့၏။
ၿမိဳ႕ေပၚရွိ မခင္ညိဳတို႔၏ေနအိမ္ဆီသို႔ေရာက္ေလေတာ့
မခင္ညိဳမွာဝမ္းပန္းတသာႀကိဳဆိုရွာသည္။
ေမာင္ေဌးလြင္သည္က အိမ္၌မရွိခဲ့။
“သမီး…ဒါ အေမေျပာတဲ့ဘြားမယ္စိန္ပဲ…
ဘြား…ဒါကြၽန္မသမီးမခင္ညိဳတဲ့”
“ဟုတ္ကဲ့…ေတြ႕ရတာဝမ္းသာပါတယ္ရွင့္”
“ေအးကြယ္…ဘြားလည္းထပ္တူပါပဲ”
ထိုေန႔က ခရီးပန္းလာ၍အနားယူဖို႔ရန္
ဘြားမယ္စိန္အတြက္ေနရာထိုင္ခင္းကို
မခင္ညိဳကစီစဥ္ေပးေလသည္။
စံအိမ္ႀကီးထဲဘြားမယ္စိန္ၾကည့္ရႈ႕ေနစဥ္
က်က္သေရအျဖာျဖာျဖင္ျပည့္စုံလွေသာဘုရားခန္းကို
ၾကည့္ရင္းဘြားမယ္စိန္ေက်နပ္ေနေတာ့၏။
မခင္ညိဳကိုလည္း….
“ညည္းကဘုရားတရားအလြန္လိုက္စားတဲ့ကေလးမပဲ…
ေကာင္းတယ္…ေကာင္းတယ္…ရတနာသုံးပါးၿမဲၿမံသူ၊ငါးပါးသီလၿမဲသူ၊စိတ္ထားျမင့္ျမတ္တဲ့သူေတြကို
ပေရာဂအတိုက္နဲ႔ေအာက္လမ္းပညာသည္ေတြက
အစီအရင္တိုက္ဖို႔မလြယ္ဘူး…။
ကံနိမ့္လို႔ခံရရင္ေတာ့တေၾကာင္းေပါ့ေအ…”
“ဟုတ္ကဲ့ပါဘြား…”
“အင္း…ဒါ့ထက္ ညည္းေယာက်္ားေကာ ဒီရက္ပိုင္း
ဘာထူးျခားေသးလဲ…”
“အယ္…ဘြားေျပာမွပဲက်ဳပ္သတိရေတာ့တယ္…
အစ္ကိုအခုတေလာအိမ္ကိုျပန္လာရင္
ကြၽန္မကိုေရာအိမ္ေဖာ္ေတြပါမက်န္
ေဒါသတႀကီးနဲ႔ဆက္ဆံတတ္တယ္ဘြား…
ကြၽန္မျဖင့္တစ္ခါမွအခုလို
အစ္ကိုစိတ္ၾကမ္း၊လူၾကမ္းျဖစ္တာ
မျမင္ဖူးခဲ့ဘူးတာအမွန္ပဲဘြားရယ္…”
မခင္ညိဳေျပာေလေတာ့ဘြားမယ္စိန္လည္း
ေခါင္းေလးကိုေျဖးညႇင္းစြာညိတ္၍…
“ေမာင္ေဌးလြင္ဘယ္အခ်ိန္မွအိမ္ကို
ျပန္လာမွာလဲကေလးမ”
“ခန႔္မွန္းခ်ိန္ကေတာ့ညေနေျခာက္နာရီ…
ခုႏွစ္နာရီေလာက္ပါပဲဘြားရဲ႕…”
“ဒါဆိုရင္ဒီညေနသူအျပန္အလာကို
ဘြားတို႔ေစာင့္ၾကတာေပါ့”
“ဘြားကခ်က္ခ်င္းႀကီးသူနဲ႔ေတြ႕ေတာ့မလို႔လား”
“ဒါေပါ့ေအ…အခ်ိန္ဆြဲရေအာင္ေပ်ာ္စရာကိစၥမွ
မဟုတ္ဘဲေအ့”
“ကြၽန္မဘက္ကေရာ
ဘြားအတြက္ဘာမ်ားျပင္ဆင္ေပးရဦးမလဲ”
“ရတယ္…ရတယ္…ဘာမွမလိုဘူး
အဲ့အခ်ိန္က်မွ ဘြားခိုင္းတာလုပ္…ဟုတ္ၿပီလား…”
“ဟုတ္ကဲ့ပါဘြား”
ထိုသို႔ျဖင့္ မနက္ခင္း၌အနားယူၿပီးေသာ္
ညေနခင္းေမာင္ေဌးလြင္ျပန္အလာကို ဧည့္ခန္း၌စကားေျပာရင္းျဖင့္ေစာင့္ေနၾကေတာ့သည္။
“ေဟာ…အစ္ကိုျပန္လာၿပီ…”
ေမာင္ေဌးလြင္သည္ အိမ္အတြင္းသို႔ဝင္လာခဲ့ေသာ္
ဧည့္ခန္း၌ ထိုင္ေနေသာ လူမ်ားထဲမွဘြားမယ္စိန္ကို
စူးစိုက္ၾကည့္ေန၏။
“ကို…လာပါဦး…ဒီမွာဘြားနဲ႔မိတ္ဆက္ေပးခ်င္လို႔ပါ”
မခင္ညိဳသည္ လက္ကိုတြဲကူ၍ေခၚေလေတာ့
ေမာင္ေဌးလြင္မလိုက္ခ်င္လိုက္ခ်င္ျဖင့္လိုက္လာခဲ့ရွာသည္။
ဘြားမယ္စိန္သည္က ေမာင္ေဌးလြင္ကိုၿပဳံးၾကည့္ေနရင္း…
“လူေလး…လာထိုင္ပါဦးကြယ္…”
ဟုေျပာေလေတာ့ ေမာင္ေဌးလြင္သည္ အသာတၾကည္ပင္
ဝင္ထိုင္ေတာ့၏။
“လူေလး…ဘြားေျပာတာေသခ်ာနားေထာင္ေနာ္…
လူေလးစိတ္ေတြကိုေလ်ာ့ထားပါ…
အသက္ကိုေျဖးေျဖးမွန္မွန္ရႈေပး…”
ဘြားမယ္စိန္သည္ ထိုင္ေနေသာခုံအထက္မွထ၍
ေမာင္ေဌးလြင္၏ေနာက္ေက်ာဘက္ဆီသို႔
တစ္လွမ္းျခင္းလွမ္းလာခဲ့၏။
ေမာင္ေဌးလြင္သည္က ၿငိမ္သက္စြာထိုင္ေနခဲ့သည္။
မခင္ညိဳႏွင့္ေဒၚေစာကေတာ့စိတ္ဝင္တစားၾကည့္ေနၾက၏။
အိမ္၌အကူေခၚထားေသာ အိမ္ေဖာ္မ ေလးမ်ားပင္သူတို႔လူစုေလးအတိုင္းမလွမ္းမကမ္း၌ရပ္၍ၾကည့္ေနၾကသည္။
“လူေလး…မေကာင္းတာကိုမေကာင္းမွန္းသိရဲ႕နဲ႔
ကိုယ့္စိတ္ကိုယ္မထိန္းႏိုင္ေနတာမလား…
က်န္လူမသိေပမယ့္ ဘြားသိတယ္လူေလး…
လူေလးရဲ႕ခႏၶာကိုယ္ထဲမွာဝင္ေရာက္ေနတဲ့
မေကာင္းတဲ့အရာေတြကိုဘြားျမင္တယ္….
ကဲ…ဘုရား…တရား ၊သံဃာကို
စိတ္ထဲကေန ဦးတိုက္…ဦးတိုက္လိုက္လူေလး…”
ဟုဆိုကာ ေမာင္ေဌးလြင္၏ေခါင္းကိုလက္ျဖင့္သပ္ခ်ေပးသည္။
ၿပီးေနာက္ေမာင္ေဌးလြင္၏ေခါင္းေလးကိုလက္ျဖင့္ကိုင္တြယ္ထားၿပီး ႏႈတ္မွဂါထာမ်ားကို႐ြတ္ဆိုျပန္၏။
ဂါထာ႐ြတ္ဆိုၿပီးေလမွ…
“လင္ဗန္းတစ္ခ်ပ္နဲ႔ေသာက္ေရတခြက္ယူေပးၾကပါ”
ဟု…ခိုင္းေလေတာ့ အိမ္ေဖာ္မေလးေတြ
ျပာယာခက္ကုန္ၾကသည္။
လင္ဗန္းတစ္ခ်ပ္ႏွင့္ေသာက္ေရတစ္ခြက္ရလာေတာ့
လင္ဗန္းကို ေမာင္ေဌးလြင္၏အေရွ႕၌ခ်ေပးၿပီး
ေသာက္ေရခြက္ကိုကိုင္ကာသူ၏လက္ညိဳးျဖင့္ေမႊေႏွာက္၍…
“ဘုရားေဆး…တရားေဆး…သံဃာေဆး…
ေပ်ာက္စရာေပ်ာက္…ဖယ္စရာဖယ္…ရွားစရာရွား…
ငါဟဲ့မယ္စိန္……..”
ဟုေျပာအၿပီး…
“လူကေလး…ေရာ့…ေရာ့…ဒါေလးကိုေသာက္လိုက္…”
ဟု…ခိုင္းေလေတာ့ ေမာင္ေဌးလြင္သည္
ဘြားမယ္စိန္ေျပာသည့္အတိုင္းေရခြက္ကိုယူ၍
ေမာ့ေသာက္ေလရာ ခြက္အတြင္း၌
ေရတစ္စက္ပင္မက်န္ေတာ့ေပ။
မခင္ညိဳတို႔မွာလည္းမည္သို႔ျဖစ္ေလမလဲအေတြးမ်ားျဖင့္
ၾကည့္ေနၾကျပန္သည္။
မၾကာပါ ေမာင္ေဌးလြင္တစ္ေယာက္
“ေဝါ့…ေဝါ့…..”
တေဝါ့ေဝါ့ျမည္သံမ်ားေပး၍ လင္ဗန္းထဲသို႔
အန္ခ်ေတာ့သည္။
ဘြားမယ္စိန္က ေမာင္ေဌးလြင္၏ေခါင္းကိုေျဖးညႇင္းစြာ
သပ္ခ်ေပးေန၏။
ေမာင္ေဌးလြင္မွာလည္းအန္ရတာအားကုန္သြားသည့္အလား
ခုံတန္းေပၚ၌လူသည္ယိုင္တိုင္တိုင္ေလးထိုင္ေနခဲ့ရွာသည္။
“ပင္ပန္းသြားၿပီကြယ္…ကဲပါ…သူ႔ကိုနားခိုင္းလိုက္ၾကဦး…”
မခင္ညိဳသည္ေမာင္ေဌးလြင္ကိုတြဲကူ၍
အခန္းဆီသို႔ေခၚသြားေလသည္။
အိမ္အကူေလးမ်ားက ေမာင္ေဌးလြင္အန္ထားေသာ
လင္ဗန္းကိုယူမည္ျပဳေလေတာ့
ဘြားမယ္စိန္သည္…
“ဟဲ့…ကေလးမေတြ…အဲ့တာကိုမကိုင္ၾကနဲ႔ထားခဲ့…။
ဘြားကိုမီးဖိုျပင္ေပး…ၿပီးရင္အဲ့မီးဖိုအေပၚမွာ ေျမအိုးတစ္လုံးတင္ေပးထားၾကကြဲ႕”
“ဘြားခိုင္းတာလုပ္ေပးလိုက္ၾကဦး”
ေဒၚေစာကပါဝင္ေျပာေလသည္။
အိမ္ေဖာ္မေလးမ်ားသည္ မီးဖိုအတြင္း၌ဘြားမယ္စိန္ေျပာသည့္အတိုင္းလုပ္ေပးၾက၏။
ဘြားမယ္စိန္သည္.လင္ဗန္းအတြင္း၌
ေမာင္ေဌးလြင္အန္ခ်ထားသည္မ်ားကိုေဒၚေစာအားျပၿပီးသည္ႏွင့္ မီးဖိုေပၚရွိပူေနေသာ ေျမအိုးအတြင္းသို႔ထိုအရာမ်ားကို
ထည့္လိုက္ေလသည္။
ၿပီးေနာက္အခ်ိန္အေတာ္ၾကာမီးဖိုအေပၚတင္ကာ
ႏႈတ္မွဂါထာမ်ားကို႐ြတ္ဆိုျပန္သည္။
ၿပီးေလေတာ့ထိုအိုးကိုျပန္ခ်၍
သခ်ႋဳင္းသို႔သြားကာျမဳပ္ႏွံေစေတာ့သည္။
ေနာက္တစ္ေန႔နံနက္ခင္း၌
ဘြားမယ္စိန္ႏွင့္ေဒၚေစာတို႔စကားေျပာေနၾကခ်ိန္တြင္
ေမာင္ေဌးလြင္ႏွင့္မခင္ညိဳတို႔ေရာက္လာၾကၿပီး
ထိုင္ကန္ေတာ့ရွာ၏။
“ကဲ…လူကေလး…ဘယ္လိုေနေသးလဲကြဲ႕”
ဟုေမးေလေတာ့ေမာင္ေဌးလြင္သည္ရႈိက္ႀကီးတငင္ငိုေကြၽး၏။
မခင္ညိဳကေတာ့ ေမာင္ေဌးလြင္၏ေက်ာေလးကိုလက္ျဖင့္ပုတ္၍ႏွစ္သိမ့္ေပးေနသည္။
“ကြၽန္ေတာ့္ဘဝအခုလိုျပန္ျဖစ္လာရတာ
ဘြားေၾကာင့္ပါ…ကြၽန္ေတာ္ဘယ္လိုေျပာရမယ္မွန္းလည္း
မသိေတာ့ပါဘူးဗ်ာ….”
“ရပါတယ္ကြယ္…ေမာင္ရင္တို႔မိသားစုေလးအဆင္ေျပ
ရင္ဘြားေက်နပ္ပါၿပီ”
“ကြၽန္ေတာ္ဘယ္လိုေၾကာင့္အဲ့သည္လိုျဖစ္သြားရတာလဲဘြား…
မေဒစီဆိုတဲ့မိန္းမကိုကြၽန္ေတာ္ဘာလို႔တြယ္ကပ္မိသြားတာလဲ…
သူေျပာသမွ်…သူျဖစ္ခ်င္တာမွန္သမွ်နာခံေနမိတာ
ဘာေၾကာင့္လဲဗ်ာ…ကြၽန္ေတာ္…တကယ္ေယာက်ာ္းေကာင္း
အေဖေကာင္းမပီသတဲ့လူဗ်ာ…….”
ေမာင္ေဌးလြင္သည္ငိုသံႀကီးျဖင့္ေျပာေလေတာ့
မခင္ညိဳမွာစိတ္မေကာင္းရွာ။
“မဟုတ္ဘူးကြဲ႕…လူေလးရဲ႕ပင္ကိုယ္စိတ္ေၾကာင့္မဟုတ္ဘူး…
ဒါေတြကေအာက္လမ္းပညာနဲ႔လူေလးကိုခ်ဳပ္လိုက္တာေၾကာင့္
ျဖစ္ရတာ…အခုဘြားအဲ့အရာေတြကိုရွင္းလိုက္ၿပီမို႔…
လူေလးလည္းမိသားစုနဲ႔အတူအရင္လိုပဲ
စိတ္ေအးေအးခ်မ္းခ်မ္းေနလို႔ရၿပီမို႔
ဘာမွမေတြးပါနဲ႔ေတာ့ကြယ္….”
“ဟုတ္တယ္ခင္ညိဳရဲ႕…မေန႔ကဘြားအေမ့ကိုေခၚျပတာေလ…
အမယ္ေလးေမာင္ေဌးလြင္အန္ခ်ထားတာေတြက
ထဘီစုတ္ေတြေကာဆံပင္ေတြေကာ
အေတာ္႐ြံဖို႔ေကာင္းတာေအ့”
ေဒၚေစာေျပာေလေတာ့ေမာင္ေဌးလြင္ႏွင့္မခင္ညိဳတို႔
အံ့ၾသသြားၾကသည္။
“ကြၽန္ေတာ္အဲ့သည္မိန္းမကိုသတ္ပစ္ခ်င္တယ္ဗ်ာ…
ဒင္းေၾကာင့္…က်ဳပ္သိကၡာတစ္ျပားမွမက်န္သလို…
က်ဳပ္မိန္းမနဲ႔က်ဳပ္ေယာကၡမေတြလည္းစိတ္ဆင္းရဲၾကရတယ္…
ေတာက္….ဟားးး….”
ေမာင္ေဌးလြင္သည္ေျပာရင္းပင္ေဒါသထြက္လာခဲ့၏။
“ကဲ…ဘြားေျပာမယ္…မေကာင္းတဲ့သူကမေကာင္းတဲ့လမ္းပဲ
သြားရမွာ…ဒီေတာ့အေျခအေနကိုေစာင့္ၾကည့္ၾက…
ကိုယ့္ဘက္ကအမွားဘယ္ေတာ့မွမလုပ္မိၾကေစနဲ႔ကြယ္…”
“ဘြားေျပာတာမွန္ပါတယ္ကိုရယ္…စိတ္ေလ်ာ့ပါေနာ္…”
မခင္ညိဳသည္ေမာင္ေဌးလြင္ကိုႏွစ္သိမ့္ေလေတာ့
ေမာင္ေဌးလြင္သည္မ်က္ရည္ေလးတစမ္းစမ္းျဖင့္…
“အေမနဲ႔ညိဳ႕ကိုကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ…
အားလုံးကြၽန္ေတာ့္အျပစ္ေတြပါ…”
ဟုေတာင္းပန္ေလေသာအခါ…
“ေအး…မင့္မိန္းမကေတာ့ခြင့္လႊတ္ၿပီးသားပါကြယ္…
အေမဘက္ကလည္းဒီလိုျဖစ္မွန္းမသိခင္ကေတာ့
အေတာ္ေဒါသထြက္မိတယ္…
ေနာက္ေတာ့လည္းနားလည္ေပးႏိုင္ပါတယ္ကြယ္”
ထိုသို႔ျဖင့္ေမာင္ေဌးလြင္တစ္ေယာက္မေဒစီကို
လုံးလုံးေမ့ေပ်ာက္၍
မခင္ညိဳတို႔ႏွင့္ယခင္အတိုင္းေနထိုင္သြားေတာ့သည္။
ဘြားမယ္စိန္ကိုလည္း ႐ြာမျပန္ေသးေစဘဲ
ဝတ္ႀကီးဝတ္ငယ္ျပဳစုေပးၾက၏။
သုံးေလးရက္ေက်ာ္လြန္လာေတာ့…
မေဒစီ၏လက္ဆြဲေတာ္ေဗဒင္ဆရာႀကီး၏
နာေရးကိုေမာင္ေဌးလြင္က
ဘြားမယ္စိန္ကိုေျပာျပေလသည္။
“အဲ့ဘိုးေတာ္…အသားအေရေတြမီးေလာင္ဖု႔ေတြ
လိုထလာၿပီးေအာ္ဟစ္ေနတယ္ဆိုပဲဗ်…
ႏွစ္ရက္ေလာက္ေဝဒနာကိုအလူးအလဲခံစားၿပီးမွ
ဆုံးသြားရတာတဲ့…”
ဟုေျပာေတာ့ ဘြားမယ္စိန္သည္ေခါင္းေလးတညိတ္ညိတ္ျဖင့္
နားေထာင္၏။
“ဒါ့အျပင္ဟိုမိန္းမ မေဒစီလည္းေလာင္းကစားအမႈနဲ႔
ဂတ္ကဖမ္းသြားတယ္တဲ့ေလ…အဲ့ေန႔တင္ပဲ
ေထာင္ထဲမွာအခ်င္းခ်င္းရန္ျဖစ္
႐ိုက္ႏွက္က်ရင္းလက္လြန္ေျခလြန္ျဖစ္ၿပီးဆုံးသြားရွာတယ္တဲ့
ဘြားရဲ႕”
ေမာင္ေဌးလြင္သည္ မေဒစီ၏အေၾကာင္းမ်ားကိုပါေျပာျပေလေတာ့ ေဒၚေစာတို႔လည္းအံၾသသင့္ကုန္ၾက၏။
“ဘြားမေျပာဘူးလား…မေကာင္းတဲ့သူဆိုတာ
မေကာင္းတဲ့လမ္းကိုသြားၾကရမွာပဲ…
လက္ငင္းအက်ိဳးေပးတာနဲ႔
ခဏေလာက္အခ်ိန္ေနာက္က်တာပဲကြာသြားတယ္ကြဲ႕…
ဒါေၾကာင့္လူေလးတို႔လည္း ဘုရား၊တရား၊သံဃာကို
မေမ့ၾကနဲ႔မိဘကိုလုပ္ေကြၽး…သားသမီးကိုေစာင့္ေရွာက္…
လူ႔ဘဝဆိုတာလူပီသဖို႔လိုအပ္တယ္…
လူပီသတဲ့လူကိုယ္သာလူလို႔ေခၚထိုက္တယ္ကြဲ႕”
“ဟုတ္ကဲ့ပါဘြား….”
ထိုသို႔ျဖင့္ေမာင္ေဌးလြင္ႏွင့္မခင္ညိဳတို႔ဘဝေလး
ေအးခ်မ္းသြားၾကေတာ့ေလသည္။
ၿပီးပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)