အစိမ်းသေ မိမိုး

*အစိမ်းသေ မိမိုး_*

******************************
-_အောင်ဓူဝံ
=================
မနက်လင်းပြီဆိုတာနဲ့ မိမိုးတစ်ယောက်မအားလပ်
တော့ တနေကုန် ရွာရိုးကိုးပေါက်လည်ကာ
ဟင်းရွက်ရောင်းရရှာလေသည်။
မုဆိုးမ မိခင်ကြီးနဲ့အတူနေထိုင်ကာ မိမိုးကမိခင်ဖြစ်သူအား ပြုစုလုပ်ကျွေးရှာသည်
ဖခင်ဖြစ်သူဆုံးသွားသည်မှာ အခုဆိုလျှင် ၅နှစ်
ကျော်ကြာခဲ့လေပြီ ဖခင်ရှိတုန်းက မိမိုးက
ဘာမှမလုပ်ရပေ။
ဖခင်ဆုံးသွားပြီးကတည်းက စ၍
မိမိုးအလုပ်လုပ်ရတော့သည်
မိမိုးကငယ်စဉ်ကတည်းက ဘဝကိုဆင်းဆင်းရဲရဲ
နေခဲ့ရသူမို့ အခုအချိန် ပင်ပင်ပန်းပန်းလုပ်နေရလည်း မိမိုး မညဉ်းညူပါ
သမာအာဇီဝ ကျကျလုပ်ကိုင်စားသောက်နေရသည်ကိုပင်
မိမိုးဂုဏ်ယူနေမိသည်။
ဒီနေ့လည်း မိမိုးဈေးရောင်းသွားတုန်းရွာထိပ်အရောက်
ချစ်ရသူ ကိုအောင်နှင့်အမှတ်မထင်ဆုံမိကြလေသည်။
“မိုး ”
“ဟင် ကိုအောင် ”
“မိုး ကိုပြောချင်တာရှိတယ် ခဏလေးနားထောင်
ပေးနိုင်မလား မိုး
“အင်း အစ်ကိုအောင် ပြောလေ ဘာများလဲ ”
“မိုး အခုလို ပင်ပင်ပန်းပန်း လုပ်နေရတာ
ကိုအောင်ဘယ်လိုမှမကြည့်ရက်ဘူး
ဒါကြောင့် အစ်ကိုတို့ အမြန်ဆုံးလက်ထပ်ကြရအောင်”
“အစ်ကို ကလည်းဘာဆိုင်လို့လဲ ”
“ဆိုင်တာပေါ့ မိုးရဲ့ အစ်ကိုနဲ့ လက်ထပ်ပြီးရင်
မိုးနဲ့အတူမိုးအမေကိုလည်း အစ်ကိုကရှာကျွေးမှာပေါ့ မိုးရဲ့ ”
“အစ်ကိုရယ် မိုးကိုအထင်သေးတာလား
မိုး ဒီလောက်ကတော့ လုပ်နိုင်ပါတယ်
ပြီးတော့ မိုးဘယ်သူ့ကိုမှ အားမကိုးဘူး
မိုးခြေထောက်ပေါ်မိုး ရပ်တည်နိုင်တယ်
“အစ်ကို မိုးကို အထင်မသေးရက်ပါဘူး
အစ်ကို ဒီလိုပြောတာ မိုးကိုချစ်လွန်းလို့
ပြောတာပါ ”
“မိုး နားလည်ပါတယ် အစ်ကို
မိုးသွားဦးမယ် ပြီးတော့ အစ်ကိုပြောတာကို
မိုး စဉ်းစားပါဦးမယ် ”
“ကောင်းပြီလေ မိုးသေချာစဉ်းစားပါ ”
မိမိုး နှုတ်ဆက်ပြီး ထွက်သွားလေတော့သည်
“ဟူး မိုးရယ် အစ်ကိုကတော့ မိုးနဲ့အမြန်နီးချင်လှပြီ
ကိုအောင်သက်ပြင်း တစ်ချက်ချလိုက်မိသည်
••••••••••
“အမကြီးတို့ ဟောဒီက ဟင်းရွက်စုံပါတယ်နော်”
“ဟဲ့ မိမိုး လာပါဦး ”
“လာပြီ မကြီးရေ ဘာယူမလဲပြော”
“အမကို ချဉ်ပေါင်ရွက် ၃စီးပေး ”
“ရော့ ဒီမှာ လက်လက်စက်စက် တွေချည်းပဲနော်”
“ဟဲ့ မိမိုး နင့်မလည်းတနေကုန် ဈေးရောင်းရတာ
မပင်ပန်းဘူးလားအေ ”
“သြော် မကြီးခင်စိုးရယ် ပင်ပန်းတယ်လို့လည်း
ဘယ်ဟုတ်မလည်း ဒီလိုပဲဘဝကိုလုပ်ကိုင်စားရတာပေါ့ရှင်
ဖြစ်နိုင်ရင်လေ ရွှေပုံပေါ်ထိုင်ပြီးတော့တောင်နေလိုက်ချင်သေး ”
“အေးပါဟယ် အမက ညည်းကို
မကြည့်ရက်လို့ ပြောတာပါအေ့
ဒါနဲ့ညည်း ကိုအောင်နဲ့ လက်မထပ်ကြသေးဘူးလား”
“ဟင့်အင်း ကျွန်မစဉ်းစားနေတုံးပဲ
သူကတော့ ခဏခဏပြောပါတယ်
မြန်မြန်လက်ထပ်ရအောင်လို့ပေါ့”
“ကိုအောင်က ဘာစဉ်းစရာရှိလို့လဲအေ့
ဟိုက လူရိုးသူရိုးအလုပ်အကိုင်ကလည်းဖြစ်လိုက်ပါဘိ ပြီးတော့ ရုပ်ရည်ဆိုလည်း
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပါ နင်ကဘာကိုစဉ်းစားနေတာလဲ ”
“ကျွန်မ မှာ မအေအိုကြီးကို လုပ်ကျွေးရဦးမယ်မလား ကဲသွားပြီတော့်
ကျုပ်ဈေးရောင်းနောက်ကျနေမှာစိုးလို့”
“အေးအေး သွားသွား ရော့ ချဉ်ပေါင်ရွက်ဖိုး”
မိမိုးက လိမ္မာရေးခြား ရှိသူမို့ လူအတော်များများ
မိမိုးအားချစ်ကြသည်
ထိုအထဲမှာ ကိုင်းတောရွာက အရက်သမား ကိုသာဒင်ကြီးလည်း
အပါအဝင်ဖြစ်သည်။
ကိုင်းတောရွာဘက်ဈေးရောင်းသွားပြီးအပြန်
ရွာအပြင်ရောက်တော့ ကိုသာဒင်တို့ ငမူးငရူး
အုပ်စုနှင့်တန်းတိုးပါလေတော့သည်။
“ကိုသာဒင် ဟိုမှာ ဘယ်သူလာနေလဲကြည့်လိုက်စမ်းပါဦး
“ဟေ ဘယ်သူလာနေလို့လဲ ဟေ့ အေ့
“ဟိုမှာလေဗျာ သေချာကြည့်စမ်းပါဗျ”
“မိုးပါလား ဟာ ဟန်ကျပြီဟေ့
မိုးနဲ့တွေ့တုန်းလေး ငါ့အချစ်အကြောင်းလေး
သွားပြီးဖွင့်ပြ လိုက်ကြတာပေါ့ ”
“ဟိတ် မိုး ဘယ်သွားမလို့လဲ ”
“ဟင် ရှင် ဖယ်စမ်းပါ ကျွန်မဘာသာ
ဘယ်သွားသွား ရှင့်အပူပါလား
“ဟေး မိုးကလည်းကွာ ကိုကြီးက
မိုးကိုခ်စ္လို့ပါ
“ဖယ်စမ်းပါ ရှင်ကျွန်မလက်ကို မဆွဲနဲ့
ရွံစရာကောင်းလိုက်တာ
“ကိုသာဒင်ကြာတယ် ဆွဲခေါ်ဗျာ
“ဟေ့ ကောင်တွေ မိမိုးကိုခေါ်ခဲ့ကြစမ်း ”
“လွှတ်နော် ရှင်တို့တွေ မမိုက်ရိုင်းနဲ့နော်
လာကြပါဦးရှင် လာကြပါဦး ဟောဒီမှာ
ကျွန်မကို အတင်းဆွဲခေါ်နေကြပါတယ်”
“ဖြန်း”
“အမလေး အား”
“ကောင်မ ပါးစပ်ပိတ်ထားစမ်း
ကိုသာဒင်တပည့်တွေက မိမိုးအား ပါးရိုက်
လေသည်။
မိမိုးခင်မျာ မိန်းမသားဖြစ်လေတော့
ယောကျ်ားသားတို့၏ အနိုင်ကျင့်စော်ကားမှုအား
အလူးအလဲခံစားရလေတော့သည်။
“ကိုသာဒင် ရှင်မယုတ်မာနဲ့ ခွေးကြီး
ကဲဟာ ”
“ဘုန်း ”
“အင့်”
ကိုသာဒင်အားခြေထောက်ဖြင့်ဆောင့်ကန်လိုက်
လေသည် ကိုသာဒင်လဲကျပြီးပြန်ထလာကာ
“မိမိုး နင်ငါ့ကို ကန်တယ်ပေါ့ ဟုတ်လား
သေစမ်း ”
“စွတ် စွတ် စွတ် ”
“အား အဟွတ် အာ့”
မိမိုးအား ဓားဖြင့်သုံးချက်ထိုးလိုက်ပြီး
အသေသတ်လိုက်ကြသည်
“ကိုသာဒင် ကောင်မလေး သေပြီ ဘယ်လိုလုပ်ကြမလဲ ”
“ဟုတ်တယ် ကိုသာဒင် ကျုပ်တို့ ဒီကောင်မ
အလောင်းကို ဘယ်လိုလုပ်ကြမလဲ
“ဘယ်လိုမှ လုပ်မနေနဲ့ ဒီကောင်မအလောင်းကို
အပိုင်းပိုင်းဖြတ်ပြီး တစ်နေရာစီ မြေမြုတ်ပစ်ကြတာပေါ့ ကွာ
ကိုသာဒင်နဲ့အတူ ဖိုးလုံး တုတ်ကြီး တို့သုံးဦးသား
မိမိုးအလောင်းအား အမဲဖြတ်သလို စိတ်ရှိတိုင်း
လုပ်နေကြတော့သည်
“ဟေ့ကောင်တွေ ဒီကိစ္စ နှုတ်လုံပါစေနော်
အေး တကယ်လို့ မင်းတို့ပါးစပ်က ပြောရင်
ငါ့အကြောင်း မင်းတို့သိတယ်နော် ”
“ကျုပ်တို့် မပြောပါဘူး ကိုသာဒင်ရယ်
ပြောလို့လည်း မဖြစ်ဘူးလေ
ထိုနေရာမှသူတို့သုံးဦးသား ပုဆိုးအဝတ်အစားများအား ပြန်ပြင်ဝတ်လာကာ
သူတို့မဟုတ်သလိုအမှုအရာဖြင့်
ထွက်လာကြလေသည်။
ဒါပေမယ့် မိမိုးအားစော်ကားပြီး သတ်တဲ့နေရာလေးမှာ ကိုသာဒင်တို့ အုပ်စု
မထင်မှတ်သော အရာလေးတစ်ခုကျကျန်နေခဲ့လေသည်
ထိုအရာကို သူတို့ အုပ်စုမသိလိုက်ချေ။
++++++++++
သည်လိုနှင့်ညနေမိုးချုပ်လာလေပြီ
မိမိုး၏မိခင်လည်း သမီးဖြစ်သူပြန်မလာနိုင်သဖြင့်
ရွာထဲရှိ အသိမိတ်ဆွေများ အိမ်များအား လိုက်မေးကြည့်လေသည် တော်တော်များများအိမ်များက မတွေ့မိဘူး
မလာဘူး ဟူ၍ သာဖြေကြလေသည်။
“မိဆုံရေ မိဆုံ ”
“ရှင် ဒေါ်ရီး မလာစဖူး အလာထူးလို့ပါလား
ဘာများလဲ ရှင့် ”
“ဒေါ်ရီး သမီး မိမိုးများ သမီးတို့အိမ်ဘက်လာသေးလားလို့ လာမေးတာ
“ဟင့်အင်း မလာဘူး ဒေါ်ရီးရဲ့ မိမိုးဟင်းရွက်ရောင်းသွားတာမလား
အခုထိပြန်မလာသေးဘူးလား ဒေါ်ရီး
“ဟုတ်တယ် မိဆုံ ခါတိုင်းဒီအချိန်ပြန်ရောက်နေကြ
ဒီနေ့မှ ဘာလို့ပြန်မလာသေးတာလဲ မသိဘူး
“ဒါနဲ့ ဒေါ်ရီး ရွာထဲကအိမ်တွေကို
မေးမကြည့်ဘူးလား ”
“မေးပြီးပြီ မိဆုံရဲ့ မလာဘူးလို့ပြောကြတယ်”
“ဒါဆို မိမိုးဘယ်သွားနေပါလိမ့်
ဟင် ဟုတ်ပြီ ဒေါ်ရီး ရွာမြောက်ပိုင်းက
ကိုအောင်တို့ အိမ်သွားမေးကြည့်ပါလား
“ဘယ်က ကိုအောင်လဲ မိဆုံရဲ့ ငါမသိဘူး
“ဒါဖြင့်လည်း မိဆုံလိုက်ပို့မယ်လေ
“အေးအေး လိုက်ပို့စမ်းပါအေ ငါရင်တွေတုန်လွန်းလို့ပါ ”
မိဆုံကလမ်းသွားရင်း ကိုအောင်နဲ့မိမိုးတို့ပက်သတ်သမျှအား
ပြောပြလိုက်လေသည်။
“အစ်ကိုအောင် ရှိလား ကြီးကြီးမြ ”
“အေး ရှိတယ်မိဆုံရဲ့ ဘာများလဲ ”
“သမီး မေးစရာရှိလို့ အစ်ကိုအောင်နဲ့
တွေ့ချင်လို့ ကြီးကြီးမြ ”
“အေးအေး သားကနောက်ဖေးရောက်နေလို့
ကြီးကြီးမြ သွားခေါ်ပေးမယ်
သားရေ သား ”
“ဗျာ အမေ ဘာလဲ ”
“အိမ်ရှေ့မှာ မိဆုံရောက်နေတယ် သားကို
မေးစရာရှိလို့တဲ့
“ဟင် ဟုတ်လား ဘာမေးမလို့ပါလဲ”
အစ်ကိုအောင်လည်း အိမ်ရှေ့သို့ ထွက်လာလိုက်သည်
“ဟာ မိဆုံနဲ့ ဒေါ်ရီးပါလား ”
“ဟုတ်တယ် အစ်ကိုအောင်ရေ ပြောစရာရှိလို့
“ဘာများလဲ ဟ”
“မိမိုးဈေးရောင်းသွားတာ အခုထိပြန်မလာသေးလို့
အဲဒါ အစ်ကိုအောင်တို့အိမ်မှာများ ရှိနေမလားလို့
လာမေးတာ ”
“ဟုတ်တယ် လူကလေးရဲ့ သမီး မိမိုး
အခုထိပြန်မရောက်သေးလို့ ”
“ဗျာ ကျွန်တော်ဆီလည်း မိုးရောက်မလာဘူး
ဒုက္ခပါပဲဗျာ မိုးဘယ်တွေလျှောက်သွားနေပါလိမ့်
“လူလေးဆီလည်းမလာဘူးဆိုတော့
ဒေါ်ရီးသမီးလေး ဘယ်တွေရောက်နေပါလိမ့်
ဒုက္ခပါပဲကွယ် ”
“ဒေါ်ရီး ဘာမှမပူနဲ့ ကျွန်တော်လိုက်ရှာပေးမယ်
ဟုတ်ပြီလား ဒေါ်ရီးကအိမ်ပြန်ပြီး
အနားယူနေလိုက် ကျွန်တော် ရှာလို့မှမတွေ့ဘူးဆိုရင် သူကြီးနဲ့တိုင်ပင်ပြီး
ကာလသားတွေဝိုင်းရှာပေးမယ်ဗျာ ဟုတ်ပြီလား”
“အေးပါ ကွယ် အဒေါ့်သမီလေး ဘာမှမဖြစ်ပါစေနဲ့ကွယ်
မိမိုး၏မိခင်လည်း မျက်ရည်များကျဆင်းကာ
သမီးဖြစ်သူအတွက် စိုးရိမ်သောကရောက်နေရရှာသည်။
“သား ဘာတဲ့လဲ မိဆုံဘေးက ဒေါ်ရီးကလည်း
ငိုနေတာတွေ့တယ် ”
“မိုး အိမ်ကိုပြန်မလာသေးလို့တဲ့ အမေရဲ့
အဲဒါ သားဆီလာသလားလို့ လာမေးတာ
အမေ ကျွန်တော် မိုးကိုသွားရှာလိုက်ဦးမယ်ဗျာ ”
“အေးအေး သား အင်း ဒီကလေးမ
ဘယ်တွေများသွားနေပါလိမ့် ဒုက္ခပါပဲ”
မိမိုးသွားလာတက်သောနေရာများဈေးရောင်းသွားသည့်ရွာများအား လိုက်လံမေးမြန်းသော်လည်း
မိမိုးပြန်သွားပြီ ဟုသာဖြေကြလေသည်
နေရာစုံလိုက်ရှာသော်လည်း မတွေ့ပေ ။
“ကဲ ဒါဆို ရွာထဲကကာလသားတွေနဲ့
တစ်ခါထက်ရှာကြတာပေါ့ ကွာ ”
“ဟုတ်ကဲ့ သူကြီး ”
ထိုနေ့ ညက ရွာထဲရှိယောကျ်ားသားများက
မီးတုတ်များဖြင့် ရွာအနှံ့လိုက်ရှာပေးကြပေမယ့်
ညညဉ့်နက်သည်အထိမတွေ့ကြပေ။
“ငအောင် လာပါကွာ ပြန်ကြရအောင်
မိမိုး မနက်ဖြန် ပြန်လာချင်ပြန်လာမှာပေါ့
“မဟုတ်သေးဘူးဗျ ကျွန်တော့်ချစ်သူ မိမိုးက
အခုလို ကျွန်တော်နဲ့ သူ့မိခင် စိတ်ဒုက္ခရောက်အောင် ဘယ်တော့မှဒီလိုမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ် သူတစ်ခုခုများဖြစ်နေမလားလို့
စိုးရိမ်နေတာ ”
“အင်း ငါတို့လည်း မိမိုးအကြောင်း
ကောင်းကောင်းသိပါတယ် ငအောင်ရာ
လာပါပြန်ကြစို့ မနက်ဖြန်ကြ ထက်ရှာကြတာပေါ့
အခုတော့ မင်းလည်းစိတ်ပင်ပန်းလူပင်ပန်း
ဖြစ်နေပြီ အနားယူလိုက်ဦး ”
ရွာမှသူငယ်ချင်းများကအတင်းဆွဲခေါ်လာသဖြင့်
ကိုအောင်လိုက်ပါလာခဲ့သည်
ထိုနေ့ညက ကိုအောင် ဘယ်လိုမှ အိပ်မရ
ထို့နည်းတူ မိမိုး၏မိခင်ဖြစ်သူလည်း
တစ်ညလုံး အိပ်မပျော်နိုင်ရှာဘဲ သမီးဖြစ်သူအတွက်စိတ်သောကရောက်နေရှာ
သည်။
မိမိုးအားရှာမတွေ့ သည်မှာအခုဆိုရင်
ရက်တွေကြာလာခဲ့လေပြီ
မိမိုး၏ မိခင်ဖြစ်သူလည်းသမီးစိတ်ကြောင့်
အိပ်ယာထဲလဲကာ မကျမ်းမမာဖြစ်ရလေသည်
ဤသို့ဖြင့် မိမိုးပျောက်ဆုံးပြီး ၂၈ရက်မြောက်ညတစ်ခုတွင်
ကိုအောင်အိပ်မက်တစ်ခုအားမြင်မက်လေသည်။
“ကိုအောင် မိုးကိုလာကယ်ပါ မိုးကို
လူယုတ်မာတွေ သတ်နေကြပြီ
ကိုအောင် အမြန်လာပါ ”
“မိုး ဘယ်မှာလဲ မိုး ”
“သား ဘာဖြစ်တာလဲ သားရယ်
အိပ်ရင်းနဲ့ ဘာတွေထအော်နေတာလဲ
“ဟင် အမေ သား မိုးကို အိပ်မက် မက်တယ်
မိုး ဒုက္ခရောက်နေပြီ အမေရဲ့ သားသွားမှရမယ်
“သားရယ် သားမိုးကို စိတ်စွဲပြီး မက်တာဖြစ်မှာပါ
မိုးလည်း ဘယ်မှာရှိသလဲ ဆိုတာ သားမှမသိပဲ
ပြန်အိပ်လိုက်ပါ သားရယ် ”
မိခင်ဖြစ်သူ ကြီးကြီးမြ ကအိပ်ခိုင်းပေမယ့်
မျက်လုံးများကြောင်ကာ အိပ်မရဖြစ်နေသည်
“အင်း ငါ့သားမလည်း မိုးစိတ်နဲ့ တပိန်ပိန်တလိန်လိန် ဖြစ်နေပြီ ကြာရင်မလွယ်ဘူး
ကြီးကြီးမြ လည်းသားဖြစ်သူအားစိတ်မကောင်းကြီး
စွာဖြစ်ကာ သနားနေမိတော့သည်
+++++++++
“သောက်ကွာ ချ ဒီပုလင်းကုန်ရင်နောက်ထပ်
ထပ်မှာလို့ရသေးတယ် ချ ”
“ကိုသာဒင် တို့များ လက်ထဲငွေရွှင်လို့ကတော့
တပည့်တွေအပေါ်သိပ်သိတက်တာပဲ
ဒါကြောင့် ကိုသာဒင်ကြီးကို ကျွန်တော်တို့ နှစ်ယောက်က ချစ်နေရတာဗျာ ဟား ဟား ဟား ဟား ”
တုတ်ကြီးက ပြောရင်းဆိုရင်း အမြည်းခွက်အား
လှမ်းပြီးအနှိုက် ပန်းကန်ထဲတွင် လူ့လက်ချောင်းများအားမြင်လိုက်ရသည်။
“ဟာ လက် လက်ချောင်း ကြီး ”
“ဘယ်မှာလဲ တုတ်ကြီးရ ဆိတ်သားခြောက်တွေမြင်ရဲ့သားနဲ့ ”
“မင်း မူးနေပြီထင်တယ် တုတ်ကြီး ”
“ငါ ငါမမူးသေးပါဘူး သေချာတယ်
ငါမြင်လိုက်ရတာ လူ့လက်ချောင်းကြီးပါ ”
“ကဲပါ သောက်စမ်းပါ ကိုသာဒင်ကြီး
စိတ်ပြက်အောင်မလုပ်စမ်းပါနဲ့ တုတ်ကြီးရာ”
ထိုနေ့ကကိုင်းတောရွာအပြင်ရှိ ထန်းရည်ဆိုင်၌
ကိုသာဒင်တို့ အုပ်စု အချိန်မည်မျှကုန်သွားသည်မသိ
ပြန်လာတော့ ည၉နာရီကျော်ကျော်လောက်ရှိနေပြီ
ပုဆိုးမနိုင်ဘာမနိုင်ဖြင့် ယိုင်တိုင်တိုင်
လမ်းလျှောက်လာရင်း
သူတို့ရှေ့ မလှမ်းမကမ်းတွင်
မားမားကြီးရပ်နေသည့် မိန်းကလေးတစ်ယောက်အားမြင်လိုက်လေသည်။
“ဟေ့ ကောင်တွေ ဟိုရှေ့မှာ ရပ်နေတာ
မိန်းကလေးမလား အေ့
“အေးဗျာ ဟုတ်ပါ့ စားရကံတော့ကြုံပြန်ပြီထင်တယ် ကိုသာဒင်ရေ
“လာပါကွာ ဒီအချိန်ကြီးထွက်မှတော့
ညဉ့်ပျော်ငှက်လေးပဲနေမှာပါ ငါတို့နဲ့ကစား
ဖို့ သြာ်းကစို့ ဟား ဟား ဟား
နှာမီးတောက်သောလေသံများဖြင့်
ထိုမိန်းကလေးရှိသည့်နေရာအားဟရောက်လာ
ကြလေသည်
“ဟေ့ မိန်းကလေး ကိုကြီးတို့ကို စောင့်နေတာလား
နောက်ကျောပေးထားသောမိန်းကလေးကပြန်ပြောလိုက်လေသည်။
“ဟုတ်တယ် ရှင်တို့ကို စောင့်နေတာ ကြာပြီ ”
“ဟေ့ကောင် တွေငါတို့ကိုစောင့်နေတာကြာပြီတဲ့
သိပ်အလိုက်သိတဲ့ မိန်းကလေးပဲကွ ဟေ ဟေ ဟေး
“နောက်ကျောကြီး ပေးမထားနဲ့ကွာ
အစ်ကိုကြီးတို့ဘက်ကို လှည့်ကြည့်ပါဦး
ဖိုးလုံး ကပြောလိုက်လေသည်
မိန်းကလေးကလှည့်မလာနိုင်သဖြင့်
ဖိုးလုံးကစိတ်မရှည်၍ မိန်းကလေးပုခုံးအား
ကိုင်ကာဆွဲလှည့်လိုက်လေသည်။
“ဟာ ”
“ဟင်”
ဆွဲလှည့်ခံလိုက်ရသော မိန်းကလေးမှာ
သူတို့ အနိုင်ကျင့်စော်ကားသတ်ဖြတ်ခံရသော
မိမိုးဖြစ်နေလေသည်
မိမိုး၏ ရဲရဲတောက်နေသော မျက်လုံးကြီးနှစ်လုံး
ကသူတို့အား အစိမ်းလိုက်ဝါးတော့မည့်ပုံစံဖြင့်
အငြိုးတကြီးကြည့်နေလေသည်
“မိ မိ မိုး နင် နင်သေပြီမလား ”
“ဟုတ်တယ် ငါသေပြီလေ ငါသေရတာ
နင်တို့ကြောင့် နင်တို့ လူယုတ်မာတွေကြောင့်
ငါသေရတာ နင်တို့ကိုငါပြန်သတ်မယ်
နင်တို့ကို ငါသတ်ဖို့စောင့်နေတာကြာပြီ
သေပေတော့ ”
“ဟေ့ကောင်တွေ ပြေး ပြေး တော့ ”
၃ယောက်သား ဖနောင့်နှင့်တင်ပါး တသားတည်း
ကြအောင်ပြေးကြလေသည်
သူတို့ဘယ်လိုပင်ပြေးစေကာမူ
မိမိုးကရှေ့မှကြိုရောက်နေလေသည်
ကိုသာဒင်၏ရှေ့သို မိမိုးရောက်လာလေသည်
“သေစမ်း လူယုတ်မာ ခွေးတိရစ္ဆာန်
အေးစက်မာကျောသောလက်ကြီးနှစ်ဖက်ဖြင့်
ကိုသာဒင်အားလည်မျိုအားကုတ်သတ်လေသည်
“အား ”
ကိုသာဒင်အသံနက်ကြီးဖြင့်အော်ကာ ငြိမ်သက်သွားလေပြီ
ဖိုးလုံးနောက်သို့လှည့်ကြည့် လှည့်ကြည့်ဖြင့်
ပြေးနေရင်းမှောက်လျက်လဲကျသွားလေသည်
ပြန်ပြီးကုန်းအထ သူရှေ့၌ မားမားကြီးရပ်နေသည့်
အစိမ်းသေသရဲမိမိုး
“မိမိုး ငါ ငါတောင်းပန်ပါတယ် ငါ့ကိုခွင့်လွှတ်ပေးပါဟာ
“ဟား ဟား ဟား ငါကခွင့်လွှတ်ရမယ်ဟုတ်လား
“ဂျွတ် ”
“အင့် ”
မျက်နာကြီးကကျောဘက်ရောက်ကာအသက်ထွက်သွားလေသည်
“ဟူး ဟူး ဟောဟဲ ဟဲ ”
ဖိုးတုတ် လူကဝဝဖြင့်ပြေးနေရသည်မှာ ရှေ့မရောက်နိုင်ရှာပါ နောက်မှ မိမိုးလိုက်သတ်မည်စိုးသောကြောင့်
ပြေးနေရလေသည် သူပြေးမိပြေးရာပြေးလာသည်မှာ
ချောင်းရိုးနားရောက်လာလေသည်။
“ဘုရား ဘုရား တော်ပါသေးရဲ့ မိမိုး
လိုက္မလာလို့ ”
“ဟူး ”
ချောင်းစပ်မှာ အမောပြေလဲှနေရင်း
သပ်ပြင်းချနေတုန်း
“ဝုန်း”
“အား ”
တုတ်ကြီးအပေါ်ကားယားကြီးတက်ခွကာ
သတ်ပစ်လိုက်လေသည်
တစ်ညတည်းနဲ့ လူယုတ်မာသုံးယောက်ခင်မျာ
အသေဆိုးဖြင့်သေရလေသည်
…………………………
မနက်လင်းလင်သည်နှင့် ကိုင်းတောရွာ၌
ဆူဆူညံညံဖြစ်သွားလေသည်
လယ်ထဲယာထဲသွားကြမည့်လူများမှ
လူသေအလောင်းများတွေ့ရသည်ဟု
ရွာပြန်လာကာ ပြောလေသဖြင့် ရွာထဲရှိလူများ
ထွက်ကြည့်ကြလေရာ ကိုသာဒင်နှင့်ဖိုးလုံးအလောင်းအားအရင်တွေ့ကြ
လေသည်
တုတ်ကြီးအလောင်းကိုတော့ ချောင်းထဲငါးများသွားသည့် ကလေးများကတွေ့ရှိပြီး ပြောကြားသဖြင့် တုတ်ကြီးအလောင်းအားတွေ့ရပြန်သည်
ထို့ကြောင့် တစ်နေ့တည်းအလောင်းသုံးလောင်းအား
ရုပ်ပျက်ဆင်းပျက်တွေ့ကြရလေသည်
ထိုသတင်းအား ကိုအောင်တို့ရွာလေးအထိ
ရောက်လာလေသည်
“အင်း ဘယ်လိုအငြိုးတွေကြောင့်
ရက်ရက်စက်စက် အသတ်ခံရပါလိမ့်နော်
အငြိုးတွေများတယ်လည်းကြောက်စရာကောင်းပါလား ”
“အမေ ဘာဖြစ်လို့လဲ ”
“ဘာဖြစ်ရမလဲ သားရယ် ဟိုဘက်က ကိုင်းတောရွာ
မှာ မနေ့ညက အရက်သမားသုံးယောက် အသတ်ခံရတာတဲ့ အလောင်းတွေများ
မြင်မကောင်းဘူးတဲ့ သားရယ် ”
“အင်း ဘယ်သူသတ်သွားတာတဲ့လဲ အမေ”
“သတ်သွားတဲ့ သူကို မမိသေးဘူး
မသိသေးဘူးတဲ့လေ ”
ဤသတင်းအား ကိုအောင်နားထောင်ပြီး
ဒီအတိုင်းသာ သတိလက်လွက်ထားလိုက်သည်
“ကိုအောင် ထပါဦး ကိုအောင် ”
ကိုအောင်အိပ်နေရင်း ဘေးမှနှိုးသံကြားကာ
အိပ်ချင်မူးတူးထကြည့်လိုက်တော့
“ဟင် မိုး မိုးပြန်လာတယ်နော်
ဘယ်တွေသွားနေတာလဲ မိုးရယ် ”
“အဟင့် ဟီးဟီး ဟီး မိုးဘယ်မှမသွားပါဘူး
ကိုအောင်ရယ် မိုးကို ဟိုလူယုတ်မာ ကိုသာဒင်တို့အုပ်စု က စောကားပြီးသတ်တာခံလိုက်ရတယ် ကိုအောင်
“ဘယ်လို မိုးကို ဟာ မိုးရယ်ဖြစ်မှဖြစ်ရလေကွာ
ကိုအောင် ဒီကိစ္စကို မလိုက်ဘူးကွာ ”
“ဟင့် ဟင့် မိုး လူယုတ်မာတွေကို
လက်စားချေဖို့ အတွက်စောင့်နေခဲ့တာ
အခု မိုးဆန္ဒတွေပြည့်ဝသွားပြီ မိုးကို
ကိုအောင်တစ်ခုကူညီပါ ”
“ပြောလေ မိုး ကိုဘာကူညီပေးရမလဲ ”
“ကိုင်းတောရွာ ရဲ့ အပြင်တောလေးထဲမှာ
မိုးအလောင်းကို သူတို့တွေမြုပ်ထားကြတယ်
မိုး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို
တစ်ခုတခြားဆီ ဖွက်ပြီးမြုပ်ထားကြတယ်လေ
ကိုအောင် တူးပြီး မီးသဂြိုလ်ပေးပါ
“ကောင်းပြီမိုး ကိုအခုပဲ ကူညီမယ်ကွာ ”
မိုးလည်းဖျက်ခနဲပျောက်သွားလေသည်
ကိုအောင်တစ်ယောက် မိုးအတွက်ယူကျုံးမရဖြစ်ကာ
လက်သီးအားကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်
သူတို့ထင်ထားခဲ့ကြသည်မှာ မိုး တစ်ယောက်
ပျောက်နေသည်မှာ ရိုးရိုးသာမန်ဟု
ထင်ထားခဲ့ကြသည် အခုတော့
ချစ်ရသူ မိုးမှာ လူယုတ်မာတစ်စု၏ စော်ကား
သတ်ဖြတ်ခံရကာအလောင်းလည်း အဖျောက်ခံရသည့်အတွက် မည်သူမှမသိလိုက်ခြင်းပင်။
ကိုအောင်လည်းအိမ်အောက်သို့ဆင်းကာ
သံတူရွင်းအားယူပြီး ကိုင်းတောရဘက်သို့
တစ်ယောက်တည်းထွက်လာခဲ့လေသည်
ကိုင်းတောရွာဘက်ရောက်သည်နှင့် မိုးက
အရိပ်မည်းမည်း ပုံသဏ္ဍန်ဖြင့် သူရှိသောနေရာလေးအား တစ်ခုခြင်းပြလေသည်
ကိုအောင်က မိုးပြသောနေရာလေးများအား
တူးလိုက်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပြီး
တစ်ခုတွေ့ရလေသည်
နောက်ဆုံးအားလုံးတူးပြီးသည်နှင့်
မိုး၏ လက်တစ်ဖက်ထဲတွင် ကိုသာဒင်ကျန်ခဲ့သော
ကျားစွယ်လေး ကိုမြင်လိုက်ရသည်
“ကိုအောင် အဲဒီ ကျားစွယ်လေးက
ကိုသာဒင်ရဲ့ လည်ဆွဲပဲ ဒီပစ္စည်းလေးကို
ပြပြီး လူယုတ်မာတွေရဲ့ အကြောင်းကိုသိအောင်
ပြပေးပါ ကိုအောင် ”
“စိတ်ချပါ မိုး ကို မိုးအတွက်ဘာမဆို
ဖြစ်အောင်လုပ်ပေးပါ့မယ်ကွာ
ဟီး ဟီး ဟီး ”
ကိုအောင်ရှိုက်ကြီးတငင်ငိုနေမိလိုက်လေသည်
“ကိုအောင် မကြာခင် မိုးလင်းတော့မယ်
မိုး ကိုကုသိုလ်ပြုပြီး အမျှဝေပေးပါ
မိုးရဲ့အရင်ဘဝက ဝဋ်ကြွေးတွေကိုပြန်ပေးဆပ်ရတယ်လို့
ကိုအောင် မှတ်လိုက်ပါ နောက်ဘဝတွေမှာ
ကိုအောင်နဲ့ပြန်ဆုံချင်ပါသေးတယ် ‘
“မိုး မိုး မိုး အစ်ကို့ကိုထားမသွားပါနဲ့ ”
“မိုး”
ကိုအောင်၏အချစ်ရဆုံးသူ မိမိုး
ကံအကြောင်းမလှ၍ လောကကြီးထဲကထွက်ခွာသွားရလေပြီ။
မိုးလင်းတော့ ကိုင်းတောရွာ သူကြီးအား
သက်သေခံပစ္စည်းအားပြလိုက်ပြီး
ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်လေသည်
“တောက် လူမဆန်တဲ့ကောင်တွေကွာ
သေတာတောင် နည်းသေးတယ် ”
“ဟုတ်တယ် သူကြီး ကျုပ်တို့ရွာ သိက္ခာကျတယ်ဗျာ
“ကဲ အချိန်ရှိတုန်းလေး မိမိုးရဲ့ အမေကိုအကြောင်းကြားပေးပါ
ဟောဒီကမောင်အောင်လည်း မိမိုးအတွက်
ကုသိုလ်ပြုပေးပါ ”
“ဟုတ်ကဲ့ သူကြီး ကျွန်တော် စီစဉ်လိုက်ပါ့မယ်”
ထိုနေ့က မိမိုးအားမီးသဂြိုလ် တော့
မိမိုး၏သူငယ်ချင်းများ မိခင်ကြီးနှင့်အတူ
ကိုအောင်လည်း မျက်ရည်များနှင့်အတူ
ကြေကွဲဆို့နစ်နေလေသည်
“ကွယ်လွန်သူ မိမိုးနှင့်တကွ အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါ ကုန်လော့ သာဓု သာဓု
သာဓု ”
ကိုအောင်နှင့်မိခင်ဖြစ်သူအား အပြုံးလေးဖြင့်
နှုတ်ဆက်ရင်း မိမိုးပျောက်ကွယ်သွားလေတော့သည်။
ကိုအောင်ရင်ထဲမှဆုတောင်းလေးတစ်ခုက
” မိုး အစ်ကိုအောင် နောက်ဘဝတွေမှာ
မိုးနဲ့ ပြန်ဆုံပါရစေ မိုးကိုအရမ်းချစ်တယ်’
့ပြီးပါပြီ Like လေးနှိပ်ပြီးအားပေးခဲ့နော်
စာဖတ်သူများအားအစဉ်အမြဲလေးစားလျှက်