အစိမ်းသေလင်မယား( စ / ဆုံး )
——————————
ဇာတ်လမ်းလေး မစခင်မှာ ကျနော့် အကြောင်းလေး အရင်ပြောပါရစေ…. ကျနော်တို့မှာ မောင်နှမ
၅ ယောက်ရှိတယ် အမကြီး နှစ်ယောက်ရယ် အကိုရယ် ညီမလေးရယ်ပေါ့ ညီမလေး ကျနော်တို့မိသားစု ဘဝလေးထဲကို ဝင်မလာခင်ထိ ကျနော် အငယ်ဆုံးပေါ့ဗျာ… အမကြီး နှစ်ယောက်ကပဲ ကျနော်တို့ ညီအကို ကို ထိန်းလာတာလေ အကိုက မဟုတ်မခံတတ်သူမို့ ခဏတိုင်းရန်ဖြစ်တတ်တယ်
ကျနော့်ကို အကို့လို မဆိုးအောင်ဆိုပြီး အမကြီး
နှစ်ယောက်ထိန်းပုံက သူတို့ငယ်ငယ်က ဝတ်တဲ့ အဝတ်အစားတွေ ဝတ်ပေး မိတ်ကပ် တွေလိမ်းပေး
ပြီး gay ဇာတ်သွင်းတော့တာပါပဲ 😖😖😖😖😖
အဲ့တော့ ငယ်ငယ်က ကျနော် ဆိုတာ တအားနွဲ့တာဗျ…ကြီးမှ လုံးလုံးပွင့်ထွက်သွားတော့တာ😝😝😝
(အလကားစတာပါ)…ကျောင်းမှာ ဆိုလည်း ကျနော်
အပေါင်းအသင်းတွေက ကောင်မလေးတွေကြီးပဲ
အခန်းဖော်တွေကလည်း ဝိုင်းပြောင်ကြတယ် ကျနော့်ကို အခြောက်တဲ့ အနိုင်လည်းကျင့်ကြတယ်
ကျောင်းဆင်းလို့ အိမ်ပြန်တိုင်းလည်း ငိုပြန်ရတာ
ကြီးပါပဲ အမေကဆို အမတွေကိုဆူတယ် ငါ့သား
လေးကို ရဲရဲရင့်ရင့်နဲ့ ထွန်းထွန်းပေါက်ပေါက်ဖြစ်စေ
ချင်လို့ ရဲရင့်ထွန်း လို့ပေးထားတာ ညည်းတို့ နဲ့ထားရင် ကြာရင် ငါ့သားအခြောက်ဖြစ်တော့မယ် ဘာညာနဲ့ ငေါက်တာပေါ့ ကျနော် သုံးတန်းနှစ်မှာ ပေါ့
သီတင်းကျွတ်ကျောင်းပိတ်ရက် ဖေဖေတို့ ပွဲစားတွေအားလုံး သူတို့ ဆရာကို နှစ်တိုင်းစုကန်တော့
ပြီး မီးပုံပွဲလုပ်လေ့ရှိတယ် ဖေဖေ့ ဆရာ ဘဘစိုးက
ကျနော့်ကိုသိပ်ချစ်တာဗျ အဲဒီပွဲလေးမှာ ကျနော်တို့
အခန်းထဲက ဆိုးပေ နဲ့ သူ့အဖေလည်းပါတယ် စိုးပေ
အဖေက “”သား ငစိုး အဲ့ကောင် ရဲရဲ ကို နားရွက်တံဆွေးဆွတ်ရဲလား”” ဆိုးပေက “”ဆွတ်ရဲတယ် အတန်းထဲမှာ ဆွတ်နေကြ”” ဆိုပြီး ကျနော့်နားရွက်ကိုတံတွေးလာဆွတ်တယ် လူတွေကလည်း အများ
ကြီးပဲ ဝိုင်းရယ်ကြတာပေါ့ အမေနဲ့အဖေ့ကို ကြည့်
လိုက်တော့ သူတို့လည်း မကောင်းတတ်လို့လိုက်ရယ်နေကြပေမဲ့ ရင်ထဲမှာ ခံစားနေရမယ်ဆိုတာ
ကျနော်သိလိုက်ပါတယ် ဆိုးပေက ကျနော့်ထက်
လူကောင်ကြီးတယ်ဗျ ဒီအချိန်မှာပဲ ဘဘစိုးက ကျနော့်ကို ခေါ်သွားပြီး “”သား မင်းကို မင်းမိဘတွေက
ရဲရင့်ထွန်းလို့ ဘာလို့နာမည်ပေးလည်းသိလား””
ကျနော်ခေါင်းညိတ်ပြလိုက်တယ် “”အေး ဒါဆို မင်း
သူငယ်ချင်းနဲ့ ချရဲရင် ဘဘစိုးက BMXဘီးဝယ်ပေး
မယ်ကွာ””။ “”ဘဘစိုးတကယ်ပြောတာလား””
“”တကယ်ကွာ နိုင်နိုင်ရှုံးရှုံးဝယ်ပေးမယ်””
ကျနော် လည်း ပြန်ထွက်လာခဲ့လိုက်ပြီး ဝိုင်းဖွဲ့ထိုင်နေတဲ့ လူအုပ်ကြားထဲမှာ အင်္ကျီလက်ကို ပုခုံးပေါ်လိပ်တင် ရှိစု မဲ့စု ဗလလေးနဲ့ လက်ခမောင်းခတ်လိုက်ပြီး “”ဟျောင့် ငစိုး သတ္တိရှိရင် ပြန်လာခဲ့””လို့
စိန်ခေါ်လိုက်တော့ ဆိုးပေ ထွက်လာတယ်
“”ဟျောင့် ငါ့ကိုထိုးစမ်းကွာ””ဆိုးပေကြောင်တောင်
တောင်ဖြစ်သွားတယ် အားလုံးကလည်းဘာဆက်
ဖြစ်မလည်းကြည့်နေကြတယ် ဆိုးပေက ကျနော့်လက်မောင်းကို ထိုးတယ် အားပါပေမဲ့မနာပါဘူး
“”ဟျောင့် လက်မောင်းကို ထိုးခိုင်းတာမဟုတ်ဘူး
ငါ့မျက်နာကို ထိုးခိုင်းတာ ထိုး”” အားလုံးထက် အဖေနဲ့အမေက အံ့အားသင့်နေကြတယ် ဘယ်သူမှဝင်မဆွဲကြဘူး ဆိုးပေကြည့်လိုက်တော့ တုန်တုန်ရင်ရင်
ဖြစ်နေတယ် ဒါပါပဲ လူတွေဆိုတာ အနိုင်ကျင့်လို့ရ
တဲ့သူကိုသာ အနိုင်ကျင့်ချင်ကြတာ တဖက်ကပေါက်ကွဲထွက်တဲ့အခါမျိုးမှာ ကြောက်တတ်တာ
သဘာဝဆိုတာ ကျွန်တော်သိလိုက်ရတယ်
“”အေး မင်းမထိုးငါထိုးတယ်တယ်ကွာ””
ဆိုပြီး ကျနော်လည်း ဆိုးပေမျက်နာကိုထိုးပြီးလူချင်းလုံးလိုက်တယ် ချက်ချင်းပဲဘေးမှာရှိတဲ့ထင်းမီးစနဲ့ နားထင်ကို ကောက်ထိုးလိုက်တော့ မှ ကြည့်နေတဲ့သူတွေလည်း ဝင် ဆွဲကြတယ် အိမ်ရောက်တော့
ဖေဖေက သည်းမခံရကောင်းလားဆိုပြီးရိုက်ဆုံးမ
တယ် အမေကတော့ ကြိတ်ဝမ်းသာနေပုံပဲ အဲကတည်းက ဆိုးလိုက်တာ ထ.၁ နဲ့ ထ.၂ ရန်ဖြစ်ကြ
ပြီဟေ့ဆို ပြေးမကြည့်နဲ့ ကျနော်ထိပ်ဆုံးက….
ဒီလိုနဲ့ ဆယ်တန်းတနှစ်ကျ ဆယ်တန်း ဒုတိယနှစ်မှာ
ရပ်ကွက်ထဲကကျူရှင်မှာပဲတက်လိုက်တယ်
ကျောင်းသားကျောင်းသူဆိုလို့ ၁၀ယောက်ပဲရှိတာ
ဆရာကလည်း တစ်ယောက်ထဲ တခါတလေ ဆရာ့
ညီမကကူသင်ပေးတယ် ကျနော့်လိုနှစ်ကျက သုံး
ယောက် ပါတယ် ကျူရှင်မှာတော့ ကိုက ဆရာကြီး
ပဲ အစအနောက်ကလည်းသန် သူငယ်ချင်းတွေကို
လည်းကူညီတော့ အားလုံးက ချစ်ကြတယ် တနေ့
ကောင်မလေးတွေနဲ့စနောက်နေကြတယ် “”ဟဲ့ မိပုမ”
“”ငါ့နာမည်စုစုဟဲ့”” “”နင်ကပုတာကိုဟ ဘားလေးဘာလေးဆွဲဦး ယောက်ျားမရပဲနေဦးမယ် “”
“”အမလေး မရနေပါစေ ဆူးပေါ်ဖက်ကျလည်းဖက်ပဲပေါက်မှာ ဖက်ပေါ်ဆူးကျလည်းဖက်ပဲပေါက်မှာ မို့ မလိုချင်ဘူးဟေ့”” “”အဲလိုတော့ မပြောနဲ့ဟာ
တို့ယောကျားလေးတွေကလည်း ဥပေါ်ခဲကျလည်း
ဥပဲကွဲမှာ ခဲပေါ်ဥကျလည်း ဥပဲကွဲမဲ့ဘဝကိုလည်ထည့်တွက်ဦးလေ””အားလုံးဝိုင်းရယ်ကြလေသည်
ထိုစဉ် ဆရာ့အမ အပျိုကြီးက “”ငရဲ မရှိတဲ့စကား
ပုံတွေ ပြောပြီး မိန်းမတွေကို မိူချိုးမျှစ်ချိုးမပြောနဲ့”
ဟု ဝင်ဟောက်လေသည် သူနဲ့လည်းဘာမှမဆိုင်
အဲ့ဘွားတော်ကိုကြည့်မရနေတာတော်တော်ကြာ
ပြီ သူငယ်ချင်းချင်းစနေနောက်နေတာကို ပင် ဝင်နာနေသေးတယ် ကျူရှင်က ဆရာ့အိမ်မှာပဲသင်တာ
မလို့ သည်းခံနေရတာ….
နောက်တနေ့ ကျူရှင်သို့ စောစောထွက်လာခဲ့သည်
အိမ်နဲ့ ကျူရှင်က ဟိုဘက်လမ်း ဒီဘက်လမ်းကပ်လျက် ကျူရှင်ရောက်တော့ ဆရာ့အမတွေနှင့် ကျောက်ပန်းတောင်းမှ အလည်လာသော တူမတို့
စကားတွေပြောနေကြသည် ကျနော့်က ဆရာ့တူမကို ကြိတ်ပိုးနေတာ သူက ကျနော့်ထက်တနှစ်ကြီးတယ် GTCတက်နေသူ ကျောင်းမဖွင့်ခင် လာလည်
တာ ကျနော်က မျက်စိတဖက်မှိတ်ပြတော့ ပြုံးပြသည် ဒါကို မြင်သွားတဲ့ အပျိုကြီးက “”ဟင်းနော်
မျက်လုံးတွေကတော့ ဖောက်ထုတ်ခံရတော့မယ်”
ဟု ရွဲ့ပြောသည် ဆရာ့တူမက “”ကဲပါ ဒေါ်လေးကလည်း ဆက်ပြောပါဦး”ဟု ဆိုမှ သူတို့ပြောနေတဲ့
အရာကို သေချာ နားထောင်ဖြစ်တော့ သရဲကြောင်း
ပြောနေကြတာဗျ သူတို့ မိသားစု က ဘမြင်းဖြူရှင်
ဂိုဏ်းဝင်ထားလို့ သရဲအခြောက်မခံရတဲ့အကြောင်း
ခြောက်ခဲ့ရင်လည်း မကြောက်တဲ့အကြောင်းသူတို့
အဖိုးက သရဲနိုင်တဲ့ အင်းချပ်တွေအဆောင်တွေ
ပေးထားတယ်ဆိုတဲ့အကြောင်း ပြောနေကြတာဗျ
ကိုယ်ကလည်း သရဲတွေဝိညာဉ်တွေကို သိပ်ယုံတဲ့
ကောင်မဟုတ်ဘူးရယ် အဲ့နေ က ကျူရှင်ဆင်းတော့
လမ်းထိပ်မှာ ကျနော်နဲ့ အတူတက်တဲ့ လှမျိုးထက်
ဆိုတဲ့ကောင်ကို နောက်ကနေ ကောင်လေးနှစ်ယောက်က ချောင်းရိုက်မလို့ လုပ်နေတာတွေ့တော့
“”ဟျောင့် လှမျိုး နောက်မှာ “” ကျနော်လှမ်းသတိပေးလိုက်လို့သီသီလေးလွတ်သွားတာ ကျနော်
လည်း ပြေးသွားလိုက်တယ် အနားရောက်တော့
ကောင်လေးနှစ်ယောက်ပြန်လှည့်လာတယ်
“”ဟျောင့် တွေနေဦး ဒါ ငါ့ရပ်ကွက်နော် ဘာဖြစ်တာ
လည်းပြော”” လှမျိုးထက်က “”ဒီလိုကိုရဲ ပန်းအိကို
သူတို့ကလိုက်နေတာ ကျနော်က ပန်းအိကိုကြိုက်ရင်
ကျနော်နဲ့ အရင်တွေ့လို့ပြောထားတာ””
ဒီကောင် လှမျိုးထက်က ပန်းအိကို တဖက်သတ်ကြိုက်နေသူ “”ဒီမယ်ညီလေးတို့ ယောက်ျားချင်းစီးချင်းထိုးတယ် ဆိုတာ ဘယ်တော့မှ နောက်ကနေ
မလုပ်ကြံရဘူးကွ မျက်နှာဆိုင် တိုက်ရတယ် မင်းတို့
ထဲကတစ်ယောက်နဲ့ ငါ့ကောင်နဲ့ တယောက်ချင်းချ””
ထို့နောက် တိုက်ပွဲက နည်းနည်းပြင်းထန်သွားသည်
တဖက်ကကောင် နဖူးကွဲသွားသလို လှမျိုးထက်လည်းခေါင်းကွဲသွားသည် သွေးတွေးလည်း တစက်စက်ကျနေကြသည် ရပ်ကွက်ထဲက လူကြီး
တွေတားမှ ပွဲပြီးသွားသည်….လှမျိုးထက်ကို အိမ်
မပြန်ခိုင်းတော့ပဲ ကျူရှင်မှာပဲကျနော်နဲ့အိပ်ဖို့ပြော
လိုက်တယ် ကျနော်နှင့် လမ်းထဲကဇင်မင်းက ကျူရှင်မှာပဲ အိပ်ပြီးစာကျက်သူတွေမို့ခေါ်ပေမဲ့ ဇွတ်ပြန်သွားသည် …..
ည ထမင်းစားပြီး ကျူရှင်သို့အိပ်ရန် ဇင်မင်းကိုခေါ်ပြီးထွက်လာခဲ့သည် လမ်း၌ အပျိုကြီးကို ပညာပေး
ရန် တခုစဉ်းစားမိပြီး အိမ်မှယူလာသော ပရုတ်ဆီ
ကို မျက်လုံးတဝိူက်လိမ်းလိုက်သည်
မျက်ရည်တွေတတောက်တောက်ကျပြီး မျက်လုံး
ကြီးနီရဲလာတော့မှ သုတ်ပလိုက်သည် စာကျက်နေရင်းဇင်မင်းကို “”ဟျောင့်ငါ အိပ်တော့မယ်”” ဟု
အသံဩဩကြီးလုပ်ပြောပြီး အိပ်ရာထဲဝင်ခဲ့လိုက်
သည် နွေရာသီခေါင်ခေါင် စောင်အထူကြီးခြုံလိုက်တော့ ချွေးတွေကရွှဲနေသည် အချိန်က ၈နာရီခန့်သာ
ရှိသေးသည် မီးကလည်းပျက်နေသည် “”အင်းဟင်း
ဟင်း….အင်းဟင်းဟင်းဟင်း…”ကျနော်ညီးသံပေးလိုက်သည် ကျနော်ညည်းသံကြားတော့ ဆရာက “”ရဲရဲ ဘာဖြစ်လို့လည်းနေမကောင်းဘူးလား””
ဟု ဆိုကာ ဖရောင်းတိုင်လေးကိုင်ပြီး အနားကပ်လာသည် ကျနော်က “”သွား ငါ့နားမကပ်နဲ့””ဟု အော်ချလိုက်သည် ဆရာကိုင်ထားသော ဖရောင်းတိုင်က
လေမတိုက်ပဲ ဟုတ်ကနဲငြိမ်းသွားသည် ထပ်ထွန်းသည် ထပ်အော်သည် ငြိမ်းသွားပြန်သည် ဆရာလည်း လန့်နေပြီ တအိမ်လုံးလည်းလန့်နေလေပြီ
“”မောင်လေး မင်းတပည့် ညနေ ကရန်ဖြစ်တာ မြင်
ပြီး လန့်ပြီး သရဲများဝင်ပူးတာလား မသိဘူးနော်””
ထိုစဉ် မီးပြန်လာတော့ ဆရာက စောင်ကို အတင်းဆွဲသည် ကျနော်ကလည်း စောင်ခြုံထဲကနေ သူတို့
လန့်နေတာကို ကြိတ်ရယ်ချင်နေ၍ အဆွဲမခံပြန်ဆွဲ
ထားသည်သုံးလေးယောက်ဝိုင်ဆွဲတော့ပါသွားသည်
ကျနော်လည်း ခပ်တည်တည် နှင့် ငုတ်တုတ်ထထိုင်
လိုက်ပြီး သရဲပူးချင်ယောင်ဆောင်လိုက်ရသည်
“”မောင်လေးတွေ့လားတွေ့လား မျက်လုံးကြီးကနီရဲ
ပြီး ချွေးစေးတွေပြန်လို့ အဲတာသရဲပူးတာသရဲပူးတာ”” “”အေးပါ သိပါတယ် ဘုရားစင်ပေါ်က ဖေ့ဖေ့
သိမ်ဝင်ပုတီး ယူခဲ့””ထို့နောက် ဆရာက ဘာတွေရွတ်နေသည်မသိ ရွတ်နေလေသည် ပြီးတော့ ဇင်မင်းကို
ကျနော့် မိဘတွေကို သွားခေါ်ခိုင်းသည် ဒီကောင်က
သရဲဆိုသေအောင်ကြောက်တာ အခုတောင် တုန်တုန်ရီရီနှင့် “”ဆဆရာ ကျကျနော်မသွားရဲဘူး””
အပျိုကြီးက “”နေနေ ငါသွားခေါ်မယ်””ဟုဆိုကာ
ထွက်သွားတော့ ကျနော်လည်း အဖေနဲ့အမေလာရင်
အလိမ်ပေါ်ကုန်တော့မှာပဲဟု တွေးမိပြီး အသံကုန်
ခြစ်၍ “”ဘယ်မှ မသွားနဲ့” လို့ အော်လိုက်တော့
“”အမလေး မြတ်စွာဘုရား””ဟုအော်ကာ ပြန်ဝင်လာ
သည် ကျနော်လည်း သရဲအမြန်ထွက်မှ ဟု တွေးမိ
လိုက်သည် ဒါပေမဲ့ ပူးတာပူးတတ်တာ မထွက်တတ်ဖြစ်နေပြီး ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေပြီ ထိုစဉ် အမြဲ
အလည်လာတတ်သော ဦးဇင်းရောက်လာသည်
“”ဘာတွေဖြစ်နေကြတာလည်း “”
“”ဒီမှာလေ ရဲရဲကို သရဲပူးနေလို့ လုပ်ပါဦး ဦးဇင်းရယ်””ဟု ကြောက်လန့်တကြားပြောသည် ဦးဇင်းက
လာလာ ဘုရားစင်ရှေ့ ဆွဲခေါ်ခဲ့ဟုဆိုကာ ဘုရား
စင်ရှေ့ရောက်တော့ ရေမန်းတွေတိုက် ဘုရားစာတွေရွတ် ဘုရားတွေရှိခိုင်းနဲ့ နောက်တော့ ကိုလည်း
မထွက်တတ်ထွက်တတ်နှင့် သရဲပူးရာကနေထွက်လိုက်သည် ဦးဇင်းက “”ဒကာလေးအစဉ်ပြေလား””
ဟုမေးတော့ “”တင်ပါ့ပြေပါတယ်ဘုရား””
ဒါကို ဆရာ့ညီမက “”မဟုတ်ဘူးဘုရားသူပလီနေတာဘုရား””ဟု ပြောတော့ ကျနော်လည်းလန့်သွား
သည် ကိုယ်လိမ်တာ သိသွားပြီပေါ့ ဒါပေမဲ့ အဲလိုမဟုတ် ဆက်ပြောလိုက်တဲ့စကားက
“”မထွက်သေးဘူးဘုရား အသံကအက်ကွဲကွဲနဲ့ သူ့အသံမဟုတ်ဘူး မျက်လုံးကြီးကလည်းရဲနေတုန်း””
အော် ငါ့နှယ်ဒုက္ခပါပဲနော် ခုနက အသံကုန်အော်ထားလို့ အသံကအက် ပရုတ်ဆီတန်ခိုးကြောင့်
မျက်လုံးကရဲ ထွက်ချင်တာတောင် မထွက်ရတဲ့
ကိုယ့်ဘဝကို တောင်သနားလာပြီး မထူးပါဘူးလေဟု စိတ်ပိုင်းဖြတ်လိုက်ပြီး ကြမ်းပြင်ကို လက်ဝါးနဲ့
ဖြုန်းဆိုပုတ်လိုက်ပြီး “”အေး ဟုတ်တယ်ဟေ့ နင်တို့ ဆီက ဘာမှ မရပဲနဲ့တော့ ငါမပြန်ဘူးဟေ့””လို့ပြောတော့ “”ဒကာလေးက ဘယ်သူလည်း ဘာလိုချင်လို့လည်း””ဟုဦးဇင်းကမေးသည် ကျနော်လည်းတလောကမှ လမ်းထပ်မှာ ဆိုင်ကယ်မှောက်ပြီးသေ
သွားသော ကောင်လေးကိုသတိရပြီး သူပါဟုပြောလိုက်ကာ ဗိုက်ဆာတယ် ဟုပါတခါတည်းပြောလိုက်သည် ဆရာနဲ့ ဆရာ့ညီမလည်း အိမ်အောက်သို့ ဆင်းသွားပြီး ထမင်းသွားခူးလေသည် တော်သေး
သည် ဦးဇင်းတပါးထဲကျန်ခဲ့လို့ ကျန်သူများက ကြောက် သဖြင့် အောက်မှာပဲနေသည် အပေါ်တက်မလာ ကျနော်လည်း ဦးဇင်းနားကို ကပ်သွားတော့ ဦးဇင်းတောင်လန့်သွားသည်
“”မလန့်ပါနဲ့ဘုရား တပည့်တော် တကယ်ပူးတာမ
ဟုတ်ပါဘူး အပျိုကြီးကို ပညာပေးမယ်ဆိုပြီး လိမ်
လိုက်တာ ကိုယ့်ရှူးကိုယ်ပတ်နေပါပြီဘုရား””
လို့ တိုးတိုးလေးပြောပြတော့မှ ကိုယ့်ကို ခင်နေတဲ့
ဦးဇင်းလည်း တခွီးခွီးနဲ့ ကြိတ်ရယ်ပြီးမှ ရော့ရော့ စနိုးတာဝါနဲ့မျက်နာသုတ်လိုက်လိုက်ဟုဆိုကာ
တာဝါ တခုထုတ်ပေးသည် အဲ့တော့မှ မျက်စိစပ်တာ
သက်သာသွားတာ ခဏနေတော့ ဆရာ့တူမက ထမင်းပန်းကန်လေး ကိုင်ကာ
ဆရာတို့နှင့် အတူ အိမ်ပေါ်သို့တက်လာသည်
ထိုနေ့ညက စားရတဲ့ ထမင်းနဲ့ ကြက်သားကြော်က
တော့ အရသာ အရှိဆုံးပါပဲဗျာ…..အဲ့နေ့တညလုံး
ဘယ်သူမှ မအိပ်ရဲကြတော့ပဲ ကျနော်အိပ်နေတာကို
စောင့်ကြည့်နေကြလေသည်…..
တကယ့်သရဲက အခုစပြီ သရဲမကြောက်တတ်မယုံ
သောကျနော် ယုံကြည်ခဲ့တဲ့နေ့ အထက်ပါအဖြစ်အပျက်များဖြစ်သွားပြီး တလခန့်အကြာမှာ
ကျနော်တို့ခြေရင်းအိမ်က ဦးမြင့်သိန်း ကြီး ဆွဲကြိုး
ချသေလေသည် သူက မိန်းမနှင့် စကားများတော့
မိန်းမ က အိမ်ပေါ်ကဆင်းသွားသည် ဆင်းသွားတာကလည်း ဝေးဝေးလံလံမဟုတ် နှစ်လမ်းကျော်က
သူ့မိဘအိမ်ကိုဆင်းသွားတာ သူတို့မှာ သာသမီး
တယောက်မှမရှိ အသက်ကြီးမှ အိမ်ထောင်ကြလို့လားတော့မသိ နှစ်ယောက်စလုံး ငါးဆယ်ကျော်တွေ ဦးမြင့်သိန်းကြီး ဆွဲကြိုးချသေသံကြားတော့
ရဲတွေလည်းရောက်လာကြသည်အနီးနားကလူတွေ
ကို အကုန်စစ်မေးပြီး အလောင်းကို သယ်သွားကြ
သည် ထိုနေ့ည က မျက်နာချင်းဆိုင်အိမ်က ကို
သက်ကို ဝင်ပူးသည် သူမိန်းမကို ပြန်ခေါ်ပေးပါချည်းပဲ တဖွဖွပြောနေသည် နောက်နေ့ တယောက်ကို ဝင်ပူးပြန်သည် မိန်းမကိုပဲပြန်ခေါ်ခိုင်းသည်
ကျနော့်အိမ်ကလူတွေနှင့်ရပ်ကွက်ထဲကလူအများစု
လည်းလန့်နေကြသည် အမေဆိုလျင် အိမ်တောင်
ချက်ချင်းပြောင်းပြေးချင်နေသည် သေတာက ခြေရင်းအိမ် ကဆိုတော့ ကြောက်နေသည် ကျနော်ကတော့မယုံလည်းမယုံ ကြောက်လည်းမကြောက် တတိယနေ့လည်း ထိုဦးမြင့်သိန်း၏ ခြေရင်းအိမ်က
ကိုမောင်တာကို ဝင်ပူးပြန်သည် သူ့မိန်းမကို မရရအောင်ခေါ်ပေးခိုင်းသည် သွားခေါ်ပေးပေမဲ့ လိုက်မလာ နောက်တခါ ကျနော်ကိုယ်တိုင်ဝင်ပူးခြင်းကို
ခံလိုက်ရသည် ဒီတခါတော့ တကယ်အပူးခံရတာပါဗျာ သရဲအပူးခံရတာ ဘယ်လိုလည်းလို့မေးနေကြတဲ့သူတွေ သူများတွေတော့ မသိ ကျနော်ကတော့
အသိစိတ်ဝင်လာလိုက် လွတ်ထွက်သွားလိုက်နှင့်
အသိစိတ်ဝင်လာတာလည်း တကယ့်ခဏလေးပါပဲ
လူတကိုယ်လုံးကို ဆွဲညှစ်ထားသလို အသက်ရှူတွေကြပ် ပြီးမောနေတယ် ပြီးတော့မှ ခေါင်းထဲမှာဒိန်းကနဲဖြစ်သွားပြီး အသိစိတ်ပြန်ဝင်လာတာတာဗျ လူက
အသိစိတ်ပြန်ဝင်လာပေမဲ့ ကောင်းကောင်းမလူပ်နိုင်ဘူး ချာချာလည်အောင်မူးနေတယ် အချိန်တော်တော်ကြာမှ အမူးပြေသွားတာ လူကတော့နူံး
ကြသွားတာပေါ့ ကျနော့်ကိုပူးပြီးသွားပေမဲ့ ဇာတ်
လမ်းက မပြီးသေးဘူး နောက်တနေ့ ညမှာ ဦးမြင့်သိန်းမိန်းမ ဒေါ်ကြည် လည်း ကြိုးတန်းလန်းကြီးနဲ့
သူ့အမေအိမ်မှာ သေပါရော ဦးမြင့်သိန်းပဲ လာခေါ်သွားတာလား သူ့ဟာသူပဲ လိုက်သွားတာလားပဲလား သူသေတဲ့သတင်းက ရပ်ကွက်ထဲမရောက်ခင်
သူ့ဝိညာဉ်က အရင်ရောက်လာတာဗျ ဟိုတခါဝင်ပူး
ခံရတဲ့ ကိုသက် မိန်းမ အဝတ်ဗလာနဲ့ မိမွေးတိုင်းဖမွေးတိုင်း ပေါ့ဗျာ ဆံပင်ကြီးဖားလျားချပြီး ဦးမြင့်သိန်းအိမ်ရှေ့ကနေ “”ဖေရိုးမ မြင့်သိန်း
မသာကြီး လူယုတ်မာ””ဘာညာနဲ့ ဆဲတော့တာပဲဗျို့
အစကတော့ ဘာလားပေါ့ နောက်မှ သိလိုက်ရတာ
က ဟိုမှာဒေါ်ကြည်ကြီးက ဆွဲကြိုးချပြီးသေနေပြီ
ဝိညာဉ်ကဒီမှာ လာပူးနေတာ ကျနော်လည်းအပူးခံ
ထားရတော့ ကြောက်တတ်သွားပြီဗျို့ သွားမကြည့်
ရဲတော့ဘူး သူက ပိုကြမ်းဆိုပဲ မကြောက်တတ်တဲ့
သူတွေက ဝိုင်းချုပ်ပြီး အဝတ်တွေပြန်ဝတ်ပေး သူကပြန်ချွတ်မို့ လက်ကို လက်ညိုးလုံးလောက်ကျစ်ထားတဲ့ ပီနံကြိုးနဲ့ နောက်ပြန်တုပ်ထားတာတောင်
အကုန်ဖျက်ပစ်တာဆိုပဲ အားကောင်းမောင်းသန်လူကြီးသုံးယောက်ကိုတောင် ရုန်းထွက်ပြီးစောင့်စောင့်ကန်တာတဲ့ဗျပါးစပ်ကလည်းလူယုတ်မာမြင့်သိန်းလူယုတ်မာမြင့်သိန်းနဲ့အော်နေတာတဲ့ဗျ တယောက်ဆို သူ့ကန်ချက်ကြောင့် လက်တောင်ကျိုးသွားတယ်တဲ့ဒါနဲ့ညတွင်းချင်းပဲ ဆရာတော်တွေပင့် ပရိတ်တွေရွတ်တော့ည ၂ချက်ထိုးလောက်မှ ထွက်သွားတာ အဲ့နေ့က ရဲတွေကော ဘုန်းကြီး
တွေကော မနက်လင်းထိမအိပ်ရပါဘူးဗျာ နောက်နေ့ကျတော့ သံဃာတော်တွေ စုပြီး ရပ်ကွက်ကို ပရိတ်တွေပတ်ရွတ် ပရိတ်ရေတွေဖြန်းနဲ့ ၇ရက်
ဆက်တိုက်လုပ်ခဲ့ကြတယ် ကျနော်တို့မိသားစုက
တော့ မနေရဲတော့လို့ နောက်နေ့ ချက်ချင်း အိမ်ငှား
ရှာပြီး ပြောင်း ခဲ့ရတယ်ဗျို့ အဲ့ကတည်းက ကျနော်
မမိုက်တော့တာခုထိပါပဲ အတတ်နိုင်ဆုံး ငါးပါးသီ
လကို လုံအောင်နေတယ် တခါတလေ ဘီယာလေး
ဘာလေးသောက်တာကလွဲလို့ပေါ့ ပြီးအားရင်အား
သလို တရားနာတယ် ကျနော့်ကို လိမ္မာအောင်လုပ်ပေးခဲ့ တဲ့ ဦးမြင့်သိန်းတို့ လင်မယားလည်း နောင်
ဘဝဆက်တိုင်းဆက်တိုင်း ဒီလို အဖြစ်မျိုးတွေနဲ့မကြုံရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ
#ပြီးပါပြီ
#ဒီစာကိုကျနော့်ဆရာမမြင်ပါစေနဲ့လို့ဆုတောင်းရင်း
#ဦးဦးရဲရဲရင့်ရင့်