Unicode Version
အပမှီသောနွား(စ/ဆုံး)
——————————
လက်ပံရွာ၏အပြင်မှသင်္ချိုင်းသည် အလွန်ကြမ်းသည်ဟု ရွာသူရွာသားများက ပြောစမှတ်ပြုကြသည်။
ထိုသင်္ချိုင်းသည်လှည်းလမ်းနှင့်ခပ်လှမ်းလှမ်းသာရှိသလို..ကုက္ကိုပင်ကြီးကလည်း လှမ်းလမ်းပေါ်သို့အုပ်မိုးကျနေသည်။
သင်္ချိုင်းအတွင်းမှ မြေပုံ..အုတ်ဂူတို့ကလည်း ပျက်စီးချို့ယွင်းနေကြသလို ချုံနွယ်အချို့ကလည်း ဟိုဟိုဒီဒီပေါက်ရောက်နေသည်မို့ ညနေမှောင်ရီစပျိုးချိန်၌ထိုသင်္ချိုင်းရှေ့မှဖြတ်လျှောက်ရင်း အနှီချုံနွယ်တွေကိုမြင်ရလျှင် ပုကွကွသရဲတစ္ဆေတွေလားဟုပင်ထင်မှတ်စရာကောင်းလှသည်။
ဤသင်္ချိုင်းနှင့်ပတ်သက်၍ ထိတ်လန့်စရာအဖြစ်အပျက်တွေကလည်း ဘိုးဘေးဘီဘင်လက်ထက်ကတည်းကရှိခဲ့ပြန်သည်။
ဥပမာ နေ့ခင်းကြောင်တောင်ကြီးတွင် အမျိုးသမီးတစ်ယောက်က ကုက္ကိုပင်ပေါ်လမ်းလျှောက်သကဲ့သို့တက်သွားခြင်း
.ကြောင်ခန္ဓာကိုယ်နှင့်လူမျက်နှာကိုတွေ့ရခြင်း စသည်တို့ဖြစ်သည်။
နှောင်းပိုင်းလူတွေမှာတော့ ထိုသို့မြင်တွေ့ရခြင်းမရှိတော့ချေ။
ယင်းမှာလည်း လူတွေက ညနေမစောင်းမီမှာပင် ထိုသင်္ချိုင်းရှေ့မှဖြတ်သွားဖြတ်လာခြင်းကိုရှောင်ကြဉ်ကြခြင်းကြောင့်လည်းပါလိမ့်မည်။
တစ်ရက်တွင်တော့ ရွာထဲမှမောင်စံသည်မှောင်ရီစပျိုးချိန်၌ထိုသင်္ချိုင်းအရှေ့မှ နွားတွေကျောင်းလာသည်။
ယခင်ကမူ သူသည် မွန်းတည့်အချိန်ဆိုလျှင်ပင် အိမ်သို့ပြန်ရောက်နေတတ်ပြီဖြစ်သော်လည်း ထိုနေ့က တောင်ကြောတွင် နွားပျောက်ရှာရာမှ ယခုကဲ့သို့နောက်ကျနေခဲ့ခြင်းဖြစ်သည်။
သင်္ချိုင်းအရှေ့မှဖြတ်ချိန်၌မောင်စံသည် ကြောက်လန့်နေသည်မို့ နွားတွေကိုအတင်းမောင်းသည်။
နွားတွေကလည်း ခပ်မြန်မြန်သွားကြသည်။
သို့သော် နွားကြီးတစ်ကောင်ကမူ အခြားနွားတွေနှင့်မတူပဲ တစ်လှမ်းချင်း လေးတိလေးကန်နှင့်သွားနေသည်။
မောင်စံစိတ်မရှည်တော့ပါ။
ထို့နောက် ဆဲဆိုကြိမ်းမောင်းရင်း
လက်ထဲမှ ဝါးစိမ်းကိုင်းဖြင့်ထိုနွား၏တင်ပါးကိုခပ်ဆတ်ဆတ်ရိုက်သည်။
“ဟဲ့နွား..သွားပါဟ”
‘ရွှမ်း..ရွှမ်း’
ယင်းသို့ဆဲဆိုရိုက်နှက်နေသော်လည်း နွားကြီးကမူ တစ်လှမ်းချင်းသာသွားနေသည်။
“ဟာကွာ..ဒီနွား..သွားဟ”
“ရွမ်း ရွှမ်း ‘
မောင်စံက ရိုက်နှက်ကာအတင်းမောင်းပြန်သည်။
နွားကမူ လေးတိလေးကန်ဖြစ်မြဲပင်။
သင်္ချိုင်းရှေ့မို့မောင်စံလည်း ကြောက်လည်းကြောက်..နွားကိုလည်း ဒေါသဖြစ်မိသည်မို့..နွား၏ဘေးတစ်ဖက်သို့သွားကာ ပါးစပ်မှဆဲဆိုပြီး နွား၏ဝမ်းဗိုက်ကိုပိတ်ကန်သည်။
“ငါရိုးမနွား..ပဲ..သွားကွ”
“ဘုတ်..ဘုတ်’
ယင်းသို့ကန်ခိုက်မှာပင် နွားကြီးက မောင်စံဘက်သို့လှည့်လိုက်ပြီး
“ဒီမှာသွားနေတာလေ..မမြင်ဘူးလားဟ”
ယင်းသို့အသံသြကြီးဖြင့်ပြောလိုက်ရာ မောင်စံလည်း မျက်လုံးကြီးပြူးကာ ပါးစပ်မှလည်း ‘အမလေး ‘ဟုအော်ကာ အကြောက်လွန်ပြီး သတိလစ်သွားတော့သည်။
အိမ်မှမိဘများကမူ နွားတွေသာပြန်ရောက်လာပြီး မောင်စံပျောက်နေသဖြင့်
စိုးရိမ်တကြီးလိုက်ရှာကြလေရာ သင်္ချိုင်းအရှေ့တွင် သတိလစ်လဲကြနေသည်ကိုတွေ့ရသဖြင့် လှည်းပေါ်တင်ပြီး ရွာထဲသို့သုတ်သုတ်ခေါ်သွားကြရသည်။
အိမ်သို့ရောက်တော့ ရေမန်းတိုက်သူက
တိုက်..ခြေလက်နှိပ်ပေးသူကနှိပ်ပေးလုပ်တော့မှသတိပြန်ရလာတော့သည်။
နောက်ပိုင်းတွင်မူ အကြောက်လွန်သွားသည့်၎င်းသည် နွားပင်မကျောင်းတော့ဟု အဆိုရှိကြသည်။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
ဤဖြစ်ရပ်အားပြန်လည်မိန့်ကြားသည့် သမန်းသာရွာမှ ဆရာတော်အား ကျေးဇူးတင်ပါသည်။
Zawgyi Version
အပမွီေသာႏြား(စ/ဆုံး)
——————————
လက္ပံ႐ြာ၏အျပင္မွသခ်ႋဳင္းသည္ အလြန္ၾကမ္းသည္ဟု ႐ြာသူ႐ြာသားမ်ားက ေျပာစမွတ္ျပဳၾကသည္။
ထိုသခ်ႋဳင္းသည္လွည္းလမ္းႏွင့္ခပ္လွမ္းလွမ္းသာရွိသလို..ကုကၠိဳပင္ႀကီးကလည္း လွမ္းလမ္းေပၚသို႔အုပ္မိုးက်ေနသည္။
သခ်ႋဳင္းအတြင္းမွ ေျမပုံ..အုတ္ဂူတို႔ကလည္း ပ်က္စီးခ်ိဳ႕ယြင္းေနၾကသလို ခ်ဳံႏြယ္အခ်ိဳ႕ကလည္း ဟိုဟိုဒီဒီေပါက္ေရာက္ေနသည္မို႔ ညေနေမွာင္ရီစပ်ိဳးခ်ိန္၌ထိုသခ်ႋဳင္းေရွ႕မွျဖတ္ေလွ်ာက္ရင္း အႏွီခ်ဳံႏြယ္ေတြကိုျမင္ရလွ်င္ ပုကြကြသရဲတေစၦေတြလားဟုပင္ထင္မွတ္စရာေကာင္းလွသည္။
ဤသခ်ႋဳင္းႏွင့္ပတ္သက္၍ ထိတ္လန႔္စရာအျဖစ္အပ်က္ေတြကလည္း ဘိုးေဘးဘီဘင္လက္ထက္ကတည္းကရွိခဲ့ျပန္သည္။
ဥပမာ ေန႔ခင္းေၾကာင္ေတာင္ႀကီးတြင္ အမ်ိဳးသမီးတစ္ေယာက္က ကုကၠိဳပင္ေပၚလမ္းေလွ်ာက္သကဲ့သို႔တက္သြားျခင္း
.ေၾကာင္ခႏၶာကိုယ္ႏွင့္လူမ်က္ႏွာကိုေတြ႕ရျခင္း စသည္တို႔ျဖစ္သည္။
ေႏွာင္းပိုင္းလူေတြမွာေတာ့ ထိုသို႔ျမင္ေတြ႕ရျခင္းမရွိေတာ့ေခ်။
ယင္းမွာလည္း လူေတြက ညေနမေစာင္းမီမွာပင္ ထိုသခ်ႋဳင္းေရွ႕မွျဖတ္သြားျဖတ္လာျခင္းကိုေရွာင္ၾကဥ္ၾကျခင္းေၾကာင့္လည္းပါလိမ့္မည္။
တစ္ရက္တြင္ေတာ့ ႐ြာထဲမွေမာင္စံသည္ေမွာင္ရီစပ်ိဳးခ်ိန္၌ထိုသခ်ႋဳင္းအေရွ႕မွ ႏြားေတြေက်ာင္းလာသည္။
ယခင္ကမူ သူသည္ မြန္းတည့္အခ်ိန္ဆိုလွ်င္ပင္ အိမ္သို႔ျပန္ေရာက္ေနတတ္ၿပီျဖစ္ေသာ္လည္း ထိုေန႔က ေတာင္ေၾကာတြင္ ႏြားေပ်ာက္ရွာရာမွ ယခုကဲ့သို႔ေနာက္က်ေနခဲ့ျခင္းျဖစ္သည္။
သခ်ႋဳင္းအေရွ႕မွျဖတ္ခ်ိန္၌ေမာင္စံသည္ ေၾကာက္လန႔္ေနသည္မို႔ ႏြားေတြကိုအတင္းေမာင္းသည္။
ႏြားေတြကလည္း ခပ္ျမန္ျမန္သြားၾကသည္။
သို႔ေသာ္ ႏြားႀကီးတစ္ေကာင္ကမူ အျခားႏြားေတြႏွင့္မတူပဲ တစ္လွမ္းခ်င္း ေလးတိေလးကန္ႏွင့္သြားေနသည္။
ေမာင္စံစိတ္မရွည္ေတာ့ပါ။
ထို႔ေနာက္ ဆဲဆိုႀကိမ္းေမာင္းရင္း
လက္ထဲမွ ဝါးစိမ္းကိုင္းျဖင့္ထိုႏြား၏တင္ပါးကိုခပ္ဆတ္ဆတ္႐ိုက္သည္။
“ဟဲ့ႏြား..သြားပါဟ”
‘႐ႊမ္း..႐ႊမ္း’
ယင္းသို႔ဆဲဆို႐ိုက္ႏွက္ေနေသာ္လည္း ႏြားႀကီးကမူ တစ္လွမ္းခ်င္းသာသြားေနသည္။
“ဟာကြာ..ဒီႏြား..သြားဟ”
“႐ြမ္း ႐ႊမ္း ‘
ေမာင္စံက ႐ိုက္ႏွက္ကာအတင္းေမာင္းျပန္သည္။
ႏြားကမူ ေလးတိေလးကန္ျဖစ္ၿမဲပင္။
သခ်ႋဳင္းေရွ႕မို႔ေမာင္စံလည္း ေၾကာက္လည္းေၾကာက္..ႏြားကိုလည္း ေဒါသျဖစ္မိသည္မို႔..ႏြား၏ေဘးတစ္ဖက္သို႔သြားကာ ပါးစပ္မွဆဲဆိုၿပီး ႏြား၏ဝမ္းဗိုက္ကိုပိတ္ကန္သည္။
“ငါ႐ိုးမႏြား..ပဲ..သြားကြ”
“ဘုတ္..ဘုတ္’
ယင္းသို႔ကန္ခိုက္မွာပင္ ႏြားႀကီးက ေမာင္စံဘက္သို႔လွည့္လိုက္ၿပီး
“ဒီမွာသြားေနတာေလ..မျမင္ဘူးလားဟ”
ယင္းသို႔အသံၾသႀကီးျဖင့္ေျပာလိုက္ရာ ေမာင္စံလည္း မ်က္လုံးႀကီးျပဴးကာ ပါးစပ္မွလည္း ‘အမေလး ‘ဟုေအာ္ကာ အေၾကာက္လြန္ၿပီး သတိလစ္သြားေတာ့သည္။
အိမ္မွမိဘမ်ားကမူ ႏြားေတြသာျပန္ေရာက္လာၿပီး ေမာင္စံေပ်ာက္ေနသျဖင့္
စိုးရိမ္တႀကီးလိုက္ရွာၾကေလရာ သခ်ႋဳင္းအေရွ႕တြင္ သတိလစ္လဲၾကေနသည္ကိုေတြ႕ရသျဖင့္ လွည္းေပၚတင္ၿပီး ႐ြာထဲသို႔သုတ္သုတ္ေခၚသြားၾကရသည္။
အိမ္သို႔ေရာက္ေတာ့ ေရမန္းတိုက္သူက
တိုက္..ေျခလက္ႏွိပ္ေပးသူကႏွိပ္ေပးလုပ္ေတာ့မွသတိျပန္ရလာေတာ့သည္။
ေနာက္ပိုင္းတြင္မူ အေၾကာက္လြန္သြားသည့္၎သည္ ႏြားပင္မေက်ာင္းေတာ့ဟု အဆိုရွိၾကသည္။
အားလုံးေအးခ်မ္းပါေစ…။
ဆရာေဆြ(ေတာင္တြင္း)
ဤျဖစ္ရပ္အားျပန္လည္မိန႔္ၾကားသည့္ သမန္းသာ႐ြာမွ ဆရာေတာ္အား ေက်းဇူးတင္ပါသည္။