အပျော်အပျက်၏နောက်ဝယ်

အပျော်အပျက်၏နောက်ဝယ်(စ/ဆုံး)

—————————————–

ဖြူဖြူအသက် (၂၁)နှစ်၊ ကမ္ပည်းရေးထိုးထား
သော အုတ်ဂူပေါ် မျက်နှာအပ်ပြီး ဖြေမဆည်
နိုင် ငိုကြွေးနေသူတစ်ယောက်၊ မိုးလင်းသည်
နှင့် ဖြူဖြူ့အုတ်ဂူရှိရာ ရောက်လာပြီး၊ သူ့ရဲ့
မိုက်ပြစ်များကို ခွင့်လွှတ်ပါရန်၊ သူ့အား ဘယ်
ဘဝရောက်ရောက် မမုန်းလိုက်ပါနဲ့ဟု အရူး
ကြီးသဖွယ် တတွတ်တွတ်ပြောရင်း ထမင်း
မစား၊ ဟင်းမစား အချိန်တို့ကုန်လွန်ခဲ့သည်။

မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးသားချင်းများ
က အတင်းလာရောက်ဆွဲခေါ်မှ အိမ်သို့ ပြန်
ပါသွားပြီး၊ လူလစ်သည်နှင့် အုတ်ဂူရှိရာသို့
ပြန်ရောက်နေပြန်သည်။

ဤကဲ့သို့ အချစ်အတွက် အရူးတစ်ပိုင်းနှယ်
ဖြစ်ရသော အဓိက တရားခံက သူကိုယ်တိုင်
ပင် မဟုတ်ပါလား။

အပျော်အပျက်ဆိုသော စကားက မိမိအတွက်
ရယ်မောစရာ ဖြစ်ပေမယ့်၊ အခြားသူအတွက်
ဝမ်းနည်းစရာ၊ ကြေကွဲစရာလည်း ဖြစ်နိုင်ပါ
သည်။ ယခုပျော်ချင်၊ ခြောက်ချင်၊ လှန့်ချင်
၍ ဖန်တီးခဲ့သော လုပ်ကြံဇာတ်က မိမိအတွက်
ပင်မက ဝန်းကျင်က လူများ၏ ရင်ကိုပါ
ထိခိုက်ကြေကွဲစေခဲ့လေပြီ။

XXXX

“ဟော…ဥဿကျောင်းလစ်ပြီး ရွာပြန်လာပြီ”

“လစ်လာတာမဟုတ်ပါဘူးကွာ၊ မင်းတို့ကို
သတိရလို့ ကျောင်းပိတ်ပိတ်ချင်း ပြန်လာ
တာကွ”

“ငါတို့ပဲလား၊ မင်းရဲ့ ဖြူဖြူကိုရော သတိ
မရဘူးလား”

“ဟာ..ဒါက ပထမဦးစာပေး၊ မိဘတွေက
ဒုတိယဦးစာပေး၊ မင်းတို့က တတိယဦးစာ
ပေး”

“ဒါများ ငါတို့ကို သတိရလို့ဆိုပြီး နိဒါန်းပျိုး
နေရသေးတယ်”

“အခု မင်းတို့နဲ့ စတွေ့တာ၊ မင်းတို့ကို သတိ
ရတယ်ပြောမှ ငါ့ကို မင်းတို့လက်ဖက်ရည်
တိုက်မှာ မဟုတ်လား”

“ရွှတ်နောက်နောက်သောက်ကျင့်က အခုထိ
မပျောက်သေးဘူး”

“ငါကျောင်းမှာ အဲဒီအကျင့်ကို မနည်းချိုးနှိမ်
ထားရတာ၊ အခု မင်းတို့ကိုတွေ့မှ မျိုသိပ်
ထားသမျှ ပွင့်ကုန်တာ၊ မင်းတို့ရွာမှာ အေး
အေးဆေးဆေးပဲလား”

“ဆရာကြီး မရှိတော့ တပည့်တွေလည်း သိပ်
ဟန်ရေးပြလို့ မဖြစ်ဘူး၊ ဒါတောင် အရင်က
အရှိန်အဝါလေးတွေကြောင့် ထစ်ကနဲဆို
မျိုးလွင်တို့၊ သောင်းမြင့်တို့၊ မျိုးသိန်းတို့
မဟုတ်လား၊ ဒီကောင်တွေ ယုံရတာမဟုတ်
ဘူးဆိုပြီး မကြာခဏပြဿနာရှင်းရတယ်၊
မင်းယောက္ခမလောင်းကြီးကဆို ငါတို့ကို
မြင်တာနဲ့ သူခိုး အကြီးစားတွေဆိုပြီး မျက်
လုံးဒေါက်ထောက်ကြည့်နေတာ”

“ငါပြန်လာပြီလေ၊ ဒီအဘိုးကြီးနဲ့တွေ့မယ်၊
ဖြူဖြူ့ကိုလည်း ငါပြန်လာပြီဆိုတာ သ
တင်းပို့ရမယ်”

“သတင်းပို့စရာမလိုပါဘူးကွာ၊ ဥပုသ်၊
လပြည့်လကွယ်ဆိုရင် ဘုန်းကြီးကျောင်း
ဆွမ်းအုပ်သွားပို့နေကျပဲ၊ သူ့ညီမနဲ့ဖြစ်ဖြစ် ၊
သူ့အဒေါ်နဲ့ဖြစ်ဖြစ် ၊ ဘုန်းကြီးကျောင်း
မှာပေါ့”

“မနက်ဖြန် လဆန်း(၈)ရက်၊ဥပုသ်နေ့ပဲ၊ ဒီလက်ဖက်ရည်ဆိုင်က ထိုင်စောင့်၊သူတို့လာ
ရင် မင်းလိုက်သွားပေါ့”

ဖြူဖြူနှင့် ဥဿာက ပြီးခဲ့သောနှစ်၊ ကျောင်း
ပိတ်၍ ပြန်လာစဥ် အဖြေရခဲ့၍ချစ်သူအဖြစ်
အဆင့်တက်ခဲ့သော်လည်း၊အရာရာကို အလေး
အနက်မထားသော ဥဿာတို့အုပ်စုအား ကြည့်
မရသည့် ဖြူဖြူ့ဖခင်ကြီးကြောင့် ချစ်သူနှစ်
ဦး လွှတ်လွတ်လပ်လပ် တွေ့ဆုံခွင့်မရခဲ့။

ထို့ပြင် သူတို့အုပ်စုက ဝိုင်းဝန်းနောက်ပြောင်
ကျီစယ်ခြင်းအခံရဆုံးဖြစ်သည့် သူတို့ရွာ
သား ကျပ်မပြည့်သူ တာတီးကြောင့်
လည်း ဥဿာ၊ ဖြူဖြူနှင့် တွေ့ဆုံခွင့်နည်းပါး
ခဲ့ရသည်။ တာတီးက အချိန်ပြည့်လမ်းပေါ်
သွားနေသူ ဖြစ်ခြင်းကြောင့် တစ်နေရာမဟုတ်
တစ်နေရာ သူတို့ချိန်းတွေ့သည်ကို မြင်သဖြင့်
ဖြူဖြူ့ဖခင် ဦးမြအောင်အား တိုင်ပြောလေ့
ရှိသည်။

ထို့ကြောင့် တာတီးကိုတွေ့သည်နှင့် လက်ဦး
မှုယူကာ ချောက်ချတတ်သည်။ တာတီးက
မည်သို့ပင် ချောက်ချချ စိတ်မဆိုးတတ်…၊
ရွှေမန်းတင်မောင်သီချင်း၊ တွံ့တေးသိန်းတန်
သီချင်းများ အော်ဟစ်သီဆိုရင်း ကခုန်
ထွက်သွားတတ်သည်။ ကျပ်မပြည့်သူ
တစ်ယောက်ဖြစ်၍ တစ်ရွာလုံးက
သည်းခံခွင့်လွှတ်ခံထားရသူဖြစ်သည်။

xxxx

ဥပုသ်နေ့သို့ရောက်ခဲ့ပြီ၊

ဥဿာတို့လူစု လက်ဖက်ရည်ဆိုင်ထိုင်ပြီး
ဖြူဖြူတို့ဆွမ်းချိုင့်ပို့အလာကို စောင့်နေကြ
သည်။ မကြာခင် ဖြူဖြူတို့ ဆွမ်းချိုင့်လာပို့
သည်ကို တွေ့လိုက်ကြသည်။

“ဟာ…ဥဿာ၊ အခြေနေမကောင်းဘူး၊အ
ဘိုးကြီး ပါလာတယ်”

“သွားပါပြီကွာ၊ ဒီနေ့မှ ထူးထူးခြားခြားပါလာ
ရတယ်လို့”

“အဲဒါ ဘာကြောင့်ပါလာတာလို့ ထင်လဲ”

“ဘယ်သိမလဲ၊ သူလည်း ဘုန်းတော်ကြီးဖူး
ချင်လို့ နေမှာပေါ့”

“မဟုတ်ဘူး၊ အဲဒါ တာတီးစနက်ကွ”

“ဘာဆိုင်လို့လဲ”

“မင်း၊ မနေ့ညနေက အထုပ်အပိုးတွေနဲ့ ငါတို့
မင်းအိမ်ကို လိုက်ပို့တဲ့အချိန် လမ်းမှာတာတီး
နဲ့ ဆုံတယ် မဟုတ်လား”

“ဟာ…ဟုတ်တယ်၊ ငါကတောင် ကိုတာတီး
ကျနော်ရောက်လာပြီ၊ ဖြူဖြူ့ကို သွားပြော
ပေးဦးလို့ ပြောလိုက်မိသေးတယ်”

“အဲဒါ ဖြူဖြူကို မပြောဘဲ အဘိုးကြီးကို
သွားပြောလို့ အခုလို ပါလာတာပေါ့”

“ကိုတာတီး တကယ်မလွယ်ဘူး၊ တို့အုန်းသီး
ခိုးစားတုန်းကလည်း ကံဆိုးစွာ သူနဲ့ တိုးလို့
အုန်းသီးပိုင်ရှင်က အိမ်လာတိုင်သွားတာ ဘာ
ကြာသေးလို့လဲ”

“တွေ့မယ်၊ ငါမပြန်ခင် ဒီလူကြီးကို မှတ်
လောက်သားလောက်အောင် ပညာပေး
ခဲ့မယ်”

“အေး ဟုတ်တယ်၊ တို့ပဲ အမြဲခံနေရတာ၊ မင်း
မပြန်ခင်ကြံခဲ့ပါဦးကွာ”

ဥဿာတစ်ယောက်ချစ်သူနှင့် လာလာချင်း
မတွေ့ရသော်လည်း သူငယ်ချင်းများ၏ ကူ
ညီပေးမှုကြောင့်၊ ညီမဖြစ်သူ၏ ကူညီမှုတို့
ကြောင့် နှစ်ကြိမ်မျှ တွေ့ခွင့်ရလိုက်ပါသည်။

တွေ့စဥ်ခဏ လွမ်းကြောင်း၊ သတိရကြောင်း၊
ဘွဲ့ရပြီးပါက လက်ထပ်ယူမည့်အကြောင်း
များ ဖြူဖြူ မျက်ရည်လည်လောက်အောင်
စကားတွေအပြတ် ရိုက်သွင်းခဲ့သည်။

ဖြူဖြူကတော့ အရာရာအလေးအနက်ထားရန်၊
လူကြီးတွေကို မနောက်ပြောင်ရန်၊ သူ၏အဖေ
ယုံကြည်မှုရရှိရန်၊ ဆောင်ရန်၊ ရှောင်ရန်၊ လက်
ချာတွေ အများကြီးရိုက်သွင်းသွားပြီး ချစ်သူ
နှစ်ဦး နှုတ်ဆက်ပြန်ခဲ့ကြသည်။

XXXX

တစ်ရက် ဥဿာတို့သူငယ်ချင်းတစ်စု ကျော်
ကြီးတို့အိမ် သွားလည်ကြသည်။ ကျော်ကြီးတို့
အိမ်က ခြေတံရှည်၊ အိမ်အောက်ခြေမှာ ရေ
က ယောကျ်ားပေါင်လယ်လောက်ရှိသည်။
ခြံအတွင်း တောင်စွန်ဖက်ပင်၊ သင်ပင်များ
စိုက်ထားသလို ရေအမြဲရှိခြင်းကြောင့် ပိန်း
ပင်များကလည်း ရေမျက်နှာပြင်အထက်
အရွက်များဖြင့် ခြံအနှံ့မှာရှိနေသည်။

ရေက တပေါင်း၊ တန်ခူး၊ ကဆုန်လသာ ခန်းပြီး
ကျန်သောလများတွင် ရေများပြည့်နေတတ်
သည်။သို့ကြောင့် အချို့အိမ်များမှာ ဘဲများ၊
ငန်းများ မွေးမြူထားကြသည်။

ကျော်ကြီးတို့ အိမ်အောက်မှာ ရေမပြတ် ရှိနေ
သဖြင့် သွားလာစရာ မရှိလျှင် သူတို့အုပ်စု ငါး
လာမျှားကြသည်။ ယခု သူတို့အိမ်မှာ ငါးမျှား
ရန် စိတ်ကူးပြီးလာကြစဥ် ခြံအတွင်းမှာ ဘဲ
များ ကူးခတ်နေသည်ကို တွေ့လိုက်သည်။

မျိုးသိန်းက မျိုးလွင်နှင့်ဥဿာကို ဘဲများကို
ပြလိုက်သဖြင့် ဥဿာက ဘဲဖမ်းရန် နည်းကို
မျိုးလွင်အား ပြောပြလိုက်သည်။

“ကျော်ကြီး၊ ငါတို့ ဘဲဖမ်းပေးမယ်၊ ရရင်
ဘဲသားဟင်း ချက်စားမယ်၊ မင်းအဖေနဲ့
အမေ ဘယ်သွားလဲ”

“ငါ့ဘကြီးနေမကောင်းလို့ သွားကြည့်ကြ
တယ်၊ ညနေမှ ပြန်လာကြလိမ့်မယ်”

“ဒါဆို ငါတို့ ဘဲသွားဖမ်းမယ်”

“ဟာ…မလုပ်နဲ့၊ ဘဲက ဒီလောက်အသံကျယ်
တာ မဖြစ်ပါဘူး”

“ရပါတယ်၊ ငါရယ်၊ မျိုးလွင်ရယ် ဖမ်းမယ်၊
မင်းတို့ အိမ်ပေါ်က အေးအေးဆေးဆေးစောင့်
နေ၊ ဒါပေမယ့် သောင်းမြင့်က ရေထဲက ဆင်း
ပြီး ဘဲတွေ ငါတို့ဘက်လာအောင် အသံမထွက်
ဘဲ လက်ဟန်ခြေဟန်နဲ့ မောင်းပေး၊ ကဲ..ငါတို့
ရေထဲ ဆင်းတော့မယ်”

စောစောက တိုင်ပင်ထားသည့်အတိုင်း ဥဿာ
နှင့် မျိုးလွင် ပုဆိုးခါးတောင်းကျိုက်ပြီး ရေ
ထဲ ဆင်းသွားသည်။ ပိန်းပင်များ ၊ တောင်စွန်
ဖက်ပင်များ၊ သင်ပင်များဖြင့် ပြည့်နေသော
ရေထဲသို့ ဆင်းသွားပြီး၊ ခြံနောက်ဘက်နား
အရောက် ရေထဲမှာ နှာခေါင်းဖော်ပြီး ထိုင်
နေကြသော ဥဿာနှင့် မျိုးလွင်တို့ကို ပိန်း
ရွက်များကွယ်နေသောကြောင့် ဘဲများမတွေ့
ကြ၊ ထိုအချိန် သောင်းမြင့်က ဘဲများကို
လက်နှင့် ဟန်ရေးပြ၍ ဥဿာတို့ ထိုင်နေ
ရာဘက်သို့ မောင်းထုတ်လာသည်။

ဘဲက အကောင်သုံးဆယ်ခန့်ရှိသည်။ ထိုအ
ထဲမှ ဘဲသုံးကောင်ကို ခြေထောက်များမှ
ဆွဲပြီး ရေထဲနှစ်ထားလိုက်သည်။ ခဏကြာ
တော့ ရေမွန်းပြီး ဘဲများ သေသွားသည်။
ဘဲသုံးကောင်ကို အိမ်သို့ ရေထဲမှ လက်မ
ဖော်ဘဲ ဆွဲယူလာခဲ့သည်။

ဘဲသုံးကောင်ရသည်နှင့် မျိုးလွင်၊ ဥဿာတို့
အိမ်ပေါ်ပြန်ရောက်လာသည်။ အဝတ်အစား
လဲလိုက်သည်။

“ကဲ.. သောင်းမြင့်၊ မင်းတို့ အိမ်ကိုသွားမယ်
မင်းတို့ အိမ်က လူတွေ လယ်တဲမှာ ပြောင်း
နေတယ်မဟုတ်လား၊ ထမင်းသွားချက်စား
ကြမယ်”

“ဒီအိမ်မှာ မချက်ဘူးလား”

“မင်း တော်တော်ဒုံးဝေးတာပဲ၊ တစ်အိမ်ကျော်
က ဘဲကို ဖမ်းပြီး ချက်စားတာ ဘဲမွေးတွေပစ်
ရမှာ၊ ဘဲသားဟင်းက အနံထွက်မှာ၊ မသက်ာ
ဖြစ်ပြီး တစ်ခါတည်းအမိခံချင်လို့လား”

“ဥဿာ၊ မင်းတော်တော် ဥာဏ်နီဥာဏ်နက်
ထွက်တယ်”

ဘဲများကို လွယ်အိတ်နှစ်လုံးအတွင်းထည့်ပြီး
လွယ်ကာ သောင်းမြင့်တို့အိမ်သို့ ထွက်ခဲ့ကြ
သည်။

XXXX

“ဟင်းနံက မွှေးမှမွှေး၊ ငါသွားရည်ကျနေပြီ
မကျက်သေးဘူးလား”

“ကျက်ပါပြီ၊ ထမင်းအိုးတည်နေလို့ ခနစောင့်၊
ထမင်းလည်း ကျက်တော့မယ်”

မကြာခင် ထမင်းကျက်သည်နှင့် ခူးခပ်ကာ
စားပွဲဝိုင်းပေါ်တင်၍ မျိုးလွင်၊ ဥဿာ၊ မျိုး
သိန်း၊ ကျော်ကြီးတို့ ဝိုင်းထိုင်လိုက်ကြသည်။

“ဘဲသုံးကောင်၊ အဝသာစားကြပေတော့၊
ထမင်းလည်း လိုသလောက် ခူးသာစား”

ထမင်းနှင့် ဟင်းအိုးကို ထမင်းစားပွဲပေါ်
သတင်းစာခင်း၍ တင်လိုက်သည်။ အား
ပါးတရ စားသောက်ပွဲကြီး ကျင်းပကြသည်။

“ဟာ…သွားပါပြီ”

“ဘာလဲကွ၊ ဥဿာရ အလန့်တကြား”

“အိမ်ရှေ့ကို ကြည့်လိုက်စမ်း၊ ဘယ်ပုဂ္ဂိုလ်က လမ်းပြလိုက်လဲ မသိဘူး”

အိမ်ခြံအတွင်းဝင်လာတာတီး၊ တစ္ဆေတစ်
ကောင်ကို မြင်လိုက်ရသည့်နှယ် လန့်ဖျပ်
သွားကြသည်။ အိုးတွေ ခွက်တွေ သိမ်းရန်
ပင် အချိန်မရတော့၊

“မောင်မင်းတို့လူစု ဘာတွေ မကောင်းကြံ
မလို့ စုဝေးနေကြသတုန်း၊ ငါကိုယ်တော်
မြတ်ကို သံတော်ဦးတင်ကြစမ်း”

“ဟာ…ကိုတာတီး၊ လာဗျာ…ကျုပ်တို့ထမင်း
စုပြီး ချက်စားနေကြတာ”

“ဘယ်အိမ်က ဘဲကို ခိုးပြီး ချက်တာလဲ၊ အ
မြန် သံတော်ဦးတင်စမ်း”

“ဟာ..မဟုတ်ကဟုတ်က၊ ဒိကောင်သောင်း
မြင့် သူ့အိမ်က ဘဲကို သတ်ပြီး ချက်ကျွေး
တာ”

“ကဲ.. ဒါဆိုလည်း ဒါနလေးမြောက်အောင်
ဝင်စားဦးမှပါပဲ”

“လာ…ဒီမှာထိုင်”

“ထိုင်ပြီဟေ့”

ဥဿာက ပန်းကန်တစ်ချပ်ယူပြီး ထမင်းနှင့်
ဘဲသားဟင်းများကို ထည့်ကျွေးလိုက်သည်။

“ကဲ…ဒါနလေးမြောက်အောင် စားလိုက်ပါဦး”

တာတီးလည်း ဘဲသားတစ်တုံးစားလိုက်သည်၊
ပြီးနောက်ထပ်တစ်တုံးကို စားရန် ကိုင်လိုက်
စဥျ ဥဿာက..

“ကိုတာတီး သူများပစ္စည်းကို ခိုးရင် နည်းနည်း
ခိုးခိုး၊ များများခိုးခိုး သူခိုးပဲလား”

“ဟာ.. ဦးနှောက်သေးသေးလေးနဲ့ မေးနေပြန်
ပြီ၊ ပိုက်ဆံငါးပြား မသိအောင်ယူရင်လည်း
ခိုးတာပါပဲ၊ ပိုက်ဆံတစ်ကျပ် မသိအောင်ယူ
ရင်လည်း ခိုးတာပဲပေါ့၊ အတူတူပဲကွ”

“ကျနော်က ပိုက်ဆံခိုးပြီး ကျော်ကြီးကို ပေး
ထားမယ်ဆိုရင် ကျော်ကြီးက သူခိုးဖြစ်မလား”

“ဟာ…သူက ပိုက်ဆံကို လက်ခံထားမှတော့
သူလည်း သူခိုးပေါ့”

“ကိုတာတီးကို သူများတွေက ကျပ်မပြည့်ဘူး
လို့ပြောကြတယ်၊ တကယ်တော့ ကျပ်က ပြည့်
ရုံမကဘူး၊ လွန်တောင်နေသေးတယ်”

“အဲဒါ ငါ့လောက်မတတ်လို့ ပြောကြတာ၊
ပြောပါစေ ဥဿာရာ”

“တကယ်လို့ ကျတော်တို့က ဘဲသားခိုးစား
တာဆိုရင်…”

“ဟာ…မင်းတို့ဘဲသူခိုးပေါ့”

“ဒါဆို အဲ့ဒီအသားကို စားတဲ့သူတွေကရော”

မျိုးလွင်တို့၊ သောင်းမြင့်တို့က….

“ဘဲသူခိုးပဲပေါ့၊ ဥဿာရ”

“ဘာဆိုင်လို့လဲ၊ ငါက ခိုးစားတာကို သိမှမသိ
ဘဲ၊ မင်းတို့စားခိုင်းလို့ စားတာ”

“တစ်တုံးပဲစားစား၊ နှစ်တုံးပဲစားစား ကိုတာ
တီးလည်း ကျနော်တို့နဲ့ အတူစားတာ ကျနော်
တို့လိုပဲ သူခိုးအဖွဲ့ဝင်ဖြစ်သွားပြီ”

“မင်းတို့စားခိုင်းလို့စားတာ၊ မစားတော့ဘူး
ကွာ၊ ငါပြန်အန်ထုတ်ပေးမယ်”

“ဟေ့လူ၊ ရွံ့စရာကြီး၊ မရဘူး၊ ကျုပ်တို့နဲ့ အ
တူတူဝင်စားတဲ့အတွက် ခင်ဗျားလည်း ဘဲသူ
ခိုးဖြစ်သွားပြီ”

ဥဿာက ထိုကဲ့သို့ပြောကာမှ တာတီး
အကြောက်အကန် ငြင်းချက်ထုတ်ပြီး
ထသွားသည်။

“ငါသူခိုးမဟုတ်ဘူးဟေ့၊ မင်းတို့ကျွေးလို့
စားတာ၊ ဟား ဟား ဟား”

“သွားပါပြီကွာ”

XXXX

ညခုနှစ်နာရီ ရပ်ကွက်ရုံးအတွင်း ဥက္ကဋ္ဌဝင်
လာတော့ ရုံးခန်းအတွင်းမှ ဥဿာတို့လူစု
ဖြင့် စည်ကားနေသည်။

“မင်းတို့ကောင်တွေ၊ ငါ့ရုံးကို မရောက်တာ
ကြာလို့ သတိရနေတာ”

“လွန်ခဲ့တဲ့သုံးရက်က ဥဿာတို့လူစု ပြဿ
နာရှာခဲ့တဲ့ ကိစ္စ၊ ကြားဝင်ဖျန်ဖြေပေးခဲ့လို့
ဒီကောင်တွေ ရုံးမရောက်တာ”

“ဟေ့ကောင်တွေ၊ မင်းတို့ဘာလုပ်ခဲ့လဲ၊
သိရောသိရဲ့လား”

ဥက္ကဋ္ဌက ဥဿာတို့အုပ်စု ရုံးရောက်ရသည့်
ကိစ္စ မမေးသေးဘဲ၊ ဥဿာတို့ပြဿနာရှာသည့်
အကြောင်းစကား စလာသည်။ ဥက္ကဋ္ဌက
သူ၏ရုံးအဖွဲ့ဝင်များဘက်သို့လှည့်ပြီး…

“ခင်ဗျားတို့ မြလေးနွယ်လမ်းက တင်မောင်
ကိုသိလား”

“သိတာပေါ့ ဥက္ကဋ္ဌရဲ့၊ စက်ဘီးပြင်ဆိုင်
ဖွင့်ထားတယ်လေ၊ တင်မောင်ဘာဖြစ်လို့လဲ”

“အဲဒီနေ့က တင်မောင့်ညီမ စျေးဝယ်အသွား၊
ဖိုးလှကြီးလမ်းက ဇော်မိုးရဲ့ ထော်လဂျီပေါ်
ပါသွားတယ်ဆိုပါရော…အဲဲဒါကို ဒီကောင်
အုပ်စုက တင်မောင်ရဲ့ ဆိုင်သွားပြီး၊ ခင်ဗျား
ညီမ ဇော်မိုးရဲ့ ထော်လာဂျီပေါ်ပါသွားပြီး
ပြုံးလို့ရယ်လို့ မြင်လိုက်တယ်ဆိုပြီး ပြော
သွားတယ်…တင်မောင်ဒေါကန်ပြီး နောက်
က စက်ဘီးနဲ့ လိုက်ပါလေရော….၊ ငါက
လည်း ဝင်းဖေတို့အလှူက စက်ဘီးနဲ့ပြန်
အလာ လမ်းမှာ ပြဿနာဖြစ်နေတဲ့ တင်
မောင်နဲ့ ဇော်မိုးတို့ကို အကျိုးအကြောင်း
မေးတော့ ဥဿာနဲ့ မျိုးလွင်တို့ ဝင်ပြော
သွားတာက… တကယ်တော့ ထော်လာ
ဂျီပေါ်မှာ ဇော်မိုးမိန်းမနဲ့ တင်မောင့်ညီမ
က ထိုင်နေတယ်၊ ဇော်မိုးက ထော်လာဂျီ
မောင်းနေတယ်။ သူတို့စကားထဲမှာ ဇော်
မိုးရဲ့ မိန်းမ မပါတော့၊ စဥ်းသာစဥ်းစား
ကြတော့ ”

ရုံးအဖွဲ့လူကြီးများ မျက်နှာပြုံးသွားသည်။

“ဇော်မိုးနဲ့ တင်မောင်က၊ ဒီကောင်တွေကို
ရုံးတိုင်မယ်၊ ပြဿနာရှာမယ်နဲ့ ဥက္ကဋ္ဌအရေး
ယူပေးပါဆိုတာနဲ့ ကျုပ်လည်း ရန်နည်း
အောင် ဖျောင်းဖျခဲ့ရတယ်…..၊
ဒီကောင်တွေ သူများတကာကို ပြဿနာ
ရှာရင်ရှာ၊ ပြဿနာရှာမရရင် ကိုယ့်မိသား
စုကို ကိုယ်ပြန်ရှာမယ့်ကောင်တွေ”

“ကျတော်တို့လည်း ဥဿာလာမှ ပျော်စေ
ပျက်စေ လုပ်ရတာပါ၊ ဒီကောင် မြို့ရောက်
နေလို့ ပျင်းနေတာပါ ဥက္ကဋ္ဌ”

“ကဲ… အခုလည်း ဒေါ်လှကတိုင်လို့ ရုံးရောက်
နေရပြန်ပြီ၊ ဒေါ်လှရဲ့ဘဲတွေ ခိုးစားတယ်လို့
နေ့ခင်းက လာတိုင်တယ်၊ တာတီးက မျက်
မြင်သက်သေတဲ့ …ဒေါ်လှ ပြောပါဦး ခင်ဗျား
ရဲ့ဘဲတွေ ဒီကောင်တွေ ခိုးချက်စားတဲ့အ
ကြောင်း”

“တာတီးလာပြောလို့ သိတာပါ ဥက္ကဋ္ဌ၊ တာ
တီးကပြောပါတယ်၊ သူတို့ဘဲခိုးစားပြီး
သူ့ကိုပါခေါ်ကျွေးတယ်တဲ့၊ ဒါကြောင့် ဒီ
အော့ကြော်လန်အုပ်စုကို မှတ်လောက်အောင်
ဆုံးမပေးပါ”

“ကဲ.. ခင်ဗျားက ဘယ်လိုဖြစ်စေချင်တာလဲ”

“ပြောရရင် တကယ်စိတ်မကောင်းပါဘူး
ဥက္ကဋ္ဌရယ်၊ ကျမရဲ့ဘဲတွေကို နှမြောတာပါ၊
သူတို့ သတ်စားတဲ့အထဲမှာ ဥချကောင်းတဲ့
ဘဲမတစ်ကောင်ပါသွားတယ်၊ တစ်နေ့တစ်
လုံး မှန်မှန်ဥနေတာ၊ ဘဲက အစာကောင်း
ကောင်းစားရရင် တစ်နှစ်ပတ်လုံးဥတာ၊
ဒါကြောင့် ဒီဘဲတစ်နှစ်ကို အနည်းဆုံးအလုံး
(၃၀၀)၊ သုံးနှစ်လောက် သူမသေခင် ဥ
ပေးမှာ”

“ဟာ…သေပြီ…..”

ဥဿာ ပါးစပ်က အသံထွက်အောင်ပင် ရေ
ရွတ်လိုက်မိသည်။ တစ်နှစ်ကို အလုံး (၃၀၀)
နှုန်းနှင့် သုံးနှစ်အတွက်သာ အလျော်ပေးရ
ပါက မတွေးဝံစရာပင်။

“ကဲ…ကဲ…ဒေါ်လှ၊ အဲဒီလို အတိအကျတော့
မလုပ်ပါနဲ့၊ ကျုပ်တို့ ကြားကပဲ ဖျန်ဖြေပေး
ပါ့မယ်၊ ဒီကောင်တွေနောက်ကို မလုပ်တော့
ပါဘူး၊ သူတစ်ပါးရဲ့ကြက်၊ ငှက်၊ ဘဲကို ခိုး
မစားပါဘူးလို့ ကတိပေးရမယ်၊ ဘဲသုံးကောင်
အတွက် တစ်သောင်းခွဲအလျော်ပေးရမယ်
ဆိုရင် ကျေနပ်ပါတော့၊ ဟုတ်လား”

“ဥက္ကဋ္ဌကြီး ကြားဝင်ပေးလို့ ကျမရဲ့စိတ်နဲ့ဆို
အနည်းဆုံး ငါးသောင်းလောက်ရမှ ကျေနပ်
နိုင်မှာ”

ဒေါ်လှက အမြင်ကပ်ကပ်နှင့် အလျော်ခပ်
များများတောင်းရန် ရည်ရွယ်ထားသော်
လည်း ဥက္ကဋ္ဌကြီး၏ ကြားဝင်တောင်းပန်
မှုကြောင့် တစ်သောင်းငါးထောင်နှင့် ကျေ
နပ်လိုက်ရသည်။

ထိုအချိန်မှစပြီး ဥဿာတို့လူစု တာတီးကို
အကွက်ဝင်ရန် ပညာပေးဆုံးမရန် တိုင်ပင်
ထားကြသည်။

XXXXX

တာတီးအား ဥဿာတို့လူစုက မုန်းတီးအမြင်
ကပ်နေပေမယ့် ဖြူဖြူ၏ဖခင်နှင့် ရွာ
သူ ရွာသားများက ဖင်ပေါ့သော တာ
တီးကို ခင်ကြသည်။ ခိုင်းစရာရှိလျင် တာတီး
ကို ခေါ်၍ ခိုင်းကြသည်။ လုပ်ခပေးစရာ
မလို။ စားစရာ အဝကျွေးလိုက်လျှင် တာ
တီးကျေနပ်စမြဲ။.

တာတီးက ညရောက်လျှင် မအိပ်ခင်အထိ
တုတ်တိုတစ်ချောင်းကိုင်ပြီး ရွာ အတွင်း
ကင်းလှည့်သည်။ တိုးတိုးတိတ်တိတ်မဟုတ်၊
ရွှေမန်းတင်မောင်သီချင်း၊ ရသမျှသံကုန်ဟစ်
ဆိုပြီး လှည့်သည်။

နေ့ခင်း၊ ကြုံရာနေကြုံရာစား၊ ခိုင်းတာလုပ်
ပေးသော်လည်း ညဘက်ရောက်လျှင် ရွာ
အစွန်မှာရှိသည့် ဂိုထောင်မှာ ညစောင့်
အိပ်သည်။ ထိုဂိုထောင်က လူသေလျှင်
ထည့်ရန် အခေါင်းများလုပ်ရောင်းသော
နေရာဖြစ်သည်။

နေ့ခင်းဘက်တွင် လက်သမားနှစ်ယောက်က
အခေါင်းများကို ဖြတ်ကြ၊ ရိုက်ကြ၊ ရွေဘော်
ထိုးကြ၊ လုပ်ကိုင်ကြသော်လည်း ညရောက်
လျှင် ပြန်အိပ်ကြသည်။ အခေါင်းများ ၊ သစ်
သားများထားရာ ဂိုထောင်ကို စောင့်ရန်
တာတီးအား တာဝန်ပေးထားသည်။

တာတီးက ညနေ(၆)နာရီခန့်မှစ၍ သီချင်းမျိုး
စုံသီဆိုပြီး (၈)နာရီခန့် ဂိုထောင်ကို ပြန်ရောက်
သည်။ ထို့နောက် သူ၏ တစ်နေ့တာ တာဝန်
ပြီးဆုံးပြီဟု မှတ်ယူကာ အိပ်တော့သည်။ ယ
ခု သူစောင့်အိပ်သော ဂိုထောင်နှင့် မနီးမဝေး
တွင် အလောင်းထည့်ထားသော အခေါင်းတစ်
ခု လေးတိုင်စင်ပေါ်မှာ ရှိနေပါသည်။

ရွာ ၏ အပြင်မှာ သေဆုံးသွားသော
အမျိုးသမီးတစ်ယောက်၏ အလောင်းကို
အိမ်သို့ ပြန်မယူဘဲ ရွာအပြင်မှာထား
သည်။ သုံးရက်ထားပြီး သဂြ်ုဟ်မည်ဖြစ်၍
ညဘက် တာတီးအား အလောင်းကို စောင့်
ပေးရန် စားစရာနှင့် ပိုက်ဆံပေး၍ အပ်
ထားသည်။

ထိုသတင်းကို ဥဿာတို့အုပ်စုကြားသည်နှင့်
အကြံတစ်ခု ရသွားသည်။ လက်ဖက်ရည်
ဆိုင်မှာ ဥဿာတို့အုပ်စု ထိုင်နေစဥ် တာတီး
တစ်ယောက်နေ့ခင်းကြီး ရွှေမန်းတင်မောင်
၏ အောင်ပါစေ သီချင်းကို သံကုန်ဟစ်ပြီး
လျှောက်လာနေသည်ကို တွေ့လိုက်သည်။

ဥဿာက ကျော်ကြီးအား….

“ငါတာတီးကို ပညာပေးပြမယ်၊ လှမ်းခေါ်
လိုက်ကွာ”

မျိုးလွင်က လက်ခုပ်တီးလိုက်စဥ် တာတီး
လှည့်ကြည့်သည်။

“ကိုတာတီး ခဏလောက်လာပါဦး”

“မင်းတို့ လက်ဖက်ရည်တိုက်မယ်ဆိုရင်
ငါလာမယ်၊ မတိုက်ရင် အချိန်ကုန်ခံပြီး
ငါမလာနိုင်ဘူး”

“ခပ်ကြောကြောပါလား၊ ခေါ်လိုက်ကွာ၊
ငါက သူ့ကို ပညာပေးချင်တာဆိုတော့ ငါ
ဒကာခံမယ်”

“ကိုတာတီး၊ ဥဿာက သူဝယ်တိုက်မယ်တဲ့၊
လာဗျ”

လက်ဖက်ရည်တိုက်မည်ဟု အာမခံချက်ရမှ
တစ်ဖက်လမ်းမှကူး၍ လက်ဖက်ရည်ဆိုင်
အတွင်းဝင်လာသည်။

“ကဲ မှာလိုက်၊ ချိုချိုလေးနော်”

“ခင်ဗျားရဲ့အကြိုက်ကိုသိလို့ မှာထား
ပြီးပါပြီ”

တာတီး၊ ခုံမှာဝင်ထိုင်လိုက်သည်။

“ဘာပြောမှာလဲ”

“ကိုတာတီး၊ ခင်ဗျား အခုတလော အမျိုးသ
မီးတစ်ယောက်နဲ့ ချိန်းတွေ့နေတယ်ဆို”

“ဟာ…ပေါက်ပေါက်ချာချာကွာ”

“ဟုတ်တယ် ခင်ဗျားအမျိုးသမီးတစ်ယောက်
နဲ့ ချိန်းတွေ့နေတယ်ဆိုတာ တစ်ရပ်ကွက်လုံး
သတင်းပြန့်နေပြီ”

“မဟုတ်တာကွာ၊ ရှက်စရာကြီး၊ ငါ့မှာဘယ်မှာ
မိန်းမရှိလို့ တွေ့ရမှာလဲ”

“ခင်ဗျားရဲ့မိန်းမတော့ ဘယ်ဟုတ်ရမလဲ၊
ရည်းစားပေါ့၊ ရည်းစားဖြစ်နိုင်တယ်”

“ရည်းစားလည်း မရှိပါဘူးကွာ”

“ဟာ…ဒါဆိုဟုတ်ပြီ၊ အခု လဆုတ်ရက် မဟုတ်
လား”

“ဟုတ်တယ်လေ၊ မနက်ဖြန်ဆို လကွယ်ဥပုသ်
ရောက်မှာ၊ အရီးမြက ပြောတယ်၊ မနက်ဖြန်
ဥပုသ်သွားစောင့်စရာရှိလို့ အိမ်ကို မလာနဲ့လို့
မှာလိုက်တယ်”

“အဲဒါပေါ့၊ အခုလဆုတ်(၁၄)ရက်၊ မနက်ဖြန်
လကွယ်ပဲ”

“လကွယ်၊ လဆုတ် ငါနဲ့ ဘာဆိုင်လို့လဲ”

“ခင်ဗျား ညစောင့်အိပ်တဲ့ ဂိုထောင်နားမှာ
အမျိုးသမီးအလောင်းတစ်လောင်းထား
တယ်ဆို”

“ဟုတ်တယ် နောက်နှစ်ရက်ဆို အသုဘချ
တော့မှာ၊ ငါ့ကို ညဘက်စောင့်ကြည့်ခိုင်း
ထားတယ်ကွ”

“ဒါကြောင့် ဖြစ်မယ်၊ ခင်ဗျားက အိပ်မောကျ
နေလို့ မသိတာ၊ တစ်ရွာလုံးက သိနေ
တယ်”

“ဘာသိတာလဲ”

“အဲဒီအသေကောင်က လဆုတ်၊ လကွယ်
ဆိုရင် ဖုတ်ဝင်တယ်၊ သူက အစိမ်းသေ
မဟုတ်လား၊ ညဆို ဖုတ်ဝင်ပြီး အခေါင်း
ထဲက ထွက်၊ ခင်ဗျားအိပ်နေတုန်း ခင်ဗျား
ဘေးမှာ ဝင်ဝင်ပြီး အိပ်နေတာ ခင်ဗျား
က မသိပေမယ့် တစ်ရွာလုံးက သိ
နေတယ်”

“ငါက ခေါင်းချပြီး မျက်လုံးမှိတ်လိုက်တာနဲ့
အိပ်ပျော်သွားတာ၊ ဖုတ်သရဲမ ငါ့နားလာတာ
ငါလုံးဝ မသိဘူး”

“ခင်ဗျားက မသိပေမယ့် တစ်ရွာလုံးက သိ
တယ်၊ မနက်ဖြန် လကွယ်ည၊ အဲဒီအချိန်ဆို
မှောင်တာနဲ့ သူက အခေါင်းထဲက ထပြီး
ခင်ဗျားဆီကို လာမှာ”

“သူလာတော့ ငါက အိပ်နေပြီပဲ၊ ငါမသိရင်
ဘာမှကြောက်စရာ မလိုဘူး”

“အဲဒီလို မထင်နဲ့ ကိုတာတီး၊ မနက်ဖြန်လို
လကွယ်ညမျိုးဆို မိုးချုပ်ကတည်းက သူ
အခေါင်းထဲကထွက်ပြီး လမ်းလျှောက်မှာ၊
သူ့ဂိုထောင်ကို ပြန်လာတာနဲ့ ခင်ဗျားနဲ့ အ
တူ ဂိုထောင်ထဲ လိုက်ခဲ့မှာ”

“ဟုတ်ပါ့မလားကွာ၊ မဖြစ်နိုင်ဘူးထင်တယ်”

“ဟာ…ဖြစ်နိုင်တာပေါ့၊ ဖုတ်ဝင်တဲ့လူက
တကယ့်လူအတိုင်းပဲ၊ စကားလည်းပြော
လို့ရတယ်၊ ဖက်လို့ကိုင်လို့ရတယ် ပြောရင်း
ဆိုရင်း ကြောက်သီးထောင် ထလာပြီး
တာတီးရာ”

“ကိုတာတီးကို ဖက်အိပ်နေမှာ မြင်ယောင်
နေမိတယ်”

“ငါတို့ရဲ့ ကိုတာတီးကို သရဲမဖက်အိပ်နေတာ
သွားချောင်းကြည့်ကြရင် ကောင်းမလား”

“မလုပ်ပါနဲ့ကွာ၊ လူပျိုကြီးကိုတာတီးရှက်
နေပါဦးမယ်”

“မင်းတို့ ငါ့ကိုကြောက်အောင် ခြောက်နေ
တာလား၊ ငါက သရဲလည်း မကြောက်ဘူး၊
ဖုတ်လည်း မကြောက်ဘူး…၊ ဖုတ်ကောင်မ
လာရင် ငါက ဓါးနဲ့လိုက်ခုတ်မှာပေါ့ကွ”

“ဖုတ်က ခင်ဗျားကို ပြုစားပြီး စိတ်ညှို့လိုက်
တာနဲ့ အချစ်ရေ၊ အသက်ရေ ဖြစ်မှာ မြင်
သေးတယ်”

“တော်ပြီကွာ၊ မင်းတို့ငါကို ညာလို့ကတော့
အသိပဲ”

ကိုတာတီးတစ်ယောက် စိတ်ထဲမရေမရာ
ယုန်ထင်၊ ကြောင်ထင်ဖြင့် ထိုင်ရာမှထပြီး
ထွက်သွားတော့သည်။ တာတီးဆိုင်အတွင်း
မှ ထွက်သွားတော့ မျိုးလွင်က ဥဿာအား

“မင်းက တာတီးကို မဟုတ်ကဟုတ်ကတွေ
သွားပြောနေတယ်၊ မင်းဘယ်လို အကြံအ
စည်ရှိလို့လဲ”

“အချိန်ရှိပါသေးတယ်ကွာ၊ ငါလုပ်ထားတဲ့
ဇာတ် ငါပြီးအောင်ကမယ် ကြည့်နေ၊ ငါ
ဘာလုပ်လုပ် မင်းတို့အားလုံး ငါ့အနားမှာ
ရှိနေဖို့ပဲ”

“ရုံးရောက်၊ ဂတ်ရောက်မဟုတ်ရင် ပြီးတာ
ပါပဲ”

“ဘာကြောင့် ရုံးရောက်ရမှာလဲ၊ တာတီးကို
ပညာပေးရုံလေးပဲဟာ”

xxxxxx

ဤနေ့ ထူးထူးခြားခြား တာတီးရွာထဲ မသွား၊ အခေါင်းစပ်နေသော လက်သမားများအနီးမှာ ဟိုဟာခိုင်း လုပ်ပေး၊ သည်ဟာခိုင်း ယူပေး
နှင့် သီချင်းတအေးအေး ရှိနေသည်။ နေ့(၁၂)
နာရီ အလုပ်နား၍ ထမင်းစားစဥ် လက်သမား
ဦးဖိုးချိုအား တာတီးက သိလိုသမျှ စကား
စလိုက်သည်။

“ဦးအေးချို ဖုတ်ဆိုတာ တကယ်ရှိလား”

“ဟာ… ရှိတာပေါ့၊ လှည်းလမ်းမှာ နွားတွေ
လှည်းတွေ သွားထားလို့ ဖုတ်တွေ၊ သဲတွေမှ
အများကြီး”

“ဟာ…အဲဒီ ဖုန်တို့၊ သဲတို့၊ ဖုတ်တို့ကို ပြောတာ
မဟုတ်ဘူး ဦးလေးချိုရ၊ လူသေရင် ဖုတ်ဝင်
တယ်ဆိုတာ တကယ်ရှိလားမေးတာ”

“ဟာ…ရှိတာပေါ့ တာတီးရာ၊ တို့ဘကြီးသေ
တော့ ဖုတ်ဝင်စားပြီးနေတာ တစ်နှစ်လောက်
ရှိတယ်၊ နောက်မှ ဖုတ်ဝင်မှန်းသိလို့ ဆရာ
တွေပင့်ပြီး ဖုတ်ထုတ်လိုက်မှ လူမှာကပ်နေ
တဲ့ ဖုတ် ထွက်သွားတယ်၊ လူက အရိုးမှာ
အသားကပ်နေတဲ့ အသေကောင်ကြီးပဲ
ကျန်ခဲ့တယ်၊ တကယ်ရှိတယ်ကွ”

“လူသေရင် ဖုတ်ဝင်တယ်ဆိုတာ တကယ်
ပဲပေါ့”

“အေးလေ၊ ဖုတ်က တကယ်ရှိတယ်”

“ဒါဆို အဲဒီဖုတ်ကို ဘယ်လိုနှိမ်နင်းရမလဲ”

“ရိုးရိုးဖုတ်ကိုတော့ ဘုရားစာရွတ်လို့ ထွက်ရင်
ထွက်၊ မထွက်ရင် သူ့ကိုနိုင်တဲ့ ဆရာသမား
တွေ ပင့်ပြဖိး ထုတ်ရတယ်၊ အလွန်ဆိုးတဲ့
သွေးစုပ်ဖုတ်ကောင်ကိုတော့ ဟောဒီနှလုံး
ရှိတဲ့ တည့်တည့်မှာ သစ်သားစို့နဲ့ ရိုက်သွင်း
ရတယ်”

“အဲဒါဆို ရိုက်သွင်းရင် ဖုတ်ဘာဖြစ်သွားမလဲ”

“ဟာ…အဲဒါဆို ဖုတ်ကထာဝရသေ
သွားတာပေါ့”

“သစ်သားနဲ့ရိုက်လို့ အလွယ်တကူဝင်ပါ့
မလား”

“ဒီအတိုင်းတော့ ဘယ်ရိုက်သွင်းလို့ ရမလဲ၊
သစ်သားချောင်းရဲ့ တစ်ဖက်ကို ချွန်နေအောင်
လုပ်ပြီး အဲဒီအချွန်နဲ့ နှလုံးကို အားကုန်ထိုး
စိုက်လိုက်ရတယ်”

“ဒါဆို ဖုတ်သေသွားရောလား”

“ဘယ်တော့မှ ဖုတ်မဝင်တော့ဘူး၊ ဖုတ်ကောင်
လည်း ထာဝရသေသွားရော၊ မင်းက ဖုတ်အ
ကြောင်း ဘာဖြစ်လို့မေးတာလဲ”

“သြော်… လက်ဖက်ရည်ဆိုင်မှ လူတွေ ဖုတ်
အကြောင်းပြောနေသံကြားလို့ စိတ်ဝင်စား
ပြီး မေးတာပါ”

“မသိပါဘူးကွာ၊ လမ်းဘေးမှာ မကြာမကြာ
ပြနေတဲ့ နိုင်ငံခြားသရဲကားတွေထဲက မြို့စား
ကြီးဒရယ်ကူလာ သွေးစုပ်ကောင်ကြီးရဲ့ ဇာတ်
လမ်းကြည့်ပြီး စိတ်ဝင်စားလို့ မေးတာပဲ ထင်
လိုက်တာ၊ ကဲ၊ မင်း ဘယ်ကို သွားစရာ ရှိသေး
လဲ၊ မရှိရင် ငါ ဆေးပေါ့လိပ် ကုန်နေလို့ သွား
ဝယ်ပေးဦး၊ ရော့… ပိုက်ဆံ”

Xxxxxx

လကွယ်ည၊ အချိန်က (၇)နာရီခွဲခန့်ရှိပြီ၊ တာတီး
ရွာ တစ်ပတ်လှည့်ပြီး ဂိုထောင်ဆီပြန်လာသည်။
အစိမ်းသေ အမျိုးသမီးထည့်ထားသော အခေါင်း
ကို ထုံးစံအတိုင်း အနီးကပ်ကြည့်လိုက်သည်။

ထိုစဥ် အခေါင်းထဲမှ အဖြူရောင် အဝတ်အ
စားနှင့် ဆံပင်ဖားလျားချထားသော ဖုတ်
ကောင်ထလာသည်ကို တာတီးမြင်လိုက်သည်။

“ဟာ…ဥဿာတို့ ပြောတဲ့အတိုင်း ဖုတ်ကောင်
က ငါ့အနားရောက်လာလို့ ထလာနေပြီ၊ ငါ့
နောက်ကိုတော့ အလိုက်မခံနိုင်ဘူး၊ ဒီတော့…”

ဦးဖိုးချို ပြောထားသည့်အတိုင်း လိုရမယ်ရ
ဆောင်ထားသော သစ်သားတစ်ဖက်ချွန်တုတ်
ကို သေချာအောင် ကိုင်လိုက်ပြီး အခေါင်း
တင်ထားရာ လေးတိုင်စင်ပေါ်… ဝုန်းကနဲ
ခုန်တက်ပြီး ဖုတ်ဝင်စပြုနေသည့် အသေ
ကောင်ကို အခေါင်းတွင်း အတင်းဖိချကာ
လက်ထဲမှ သစ်သားစို့နှင့် နှလုံးသားရှိရာ
တည့်တည့်ကို အားကုန်စိုက်လိုက်သည်။

သစ်သားအလေးချိန် ၊ ယောကျ်ားအားနှင့်
ချွန်ထက်သော သစ်သားချောင်းက နှလုံး
သားတွင် စိုက်ဝင်သွားတော့ရာ….

“အား”

နာကျင်၍ အော်လိုက်သော အသံကြီးက
ဝန်းကျင်တစ်ခုလုံး ဖုံးအုပ်သွားသည်။

“ဟ…..ဟ….ဟ…၊ မလုပ်နဲ့…. မလုပ်နဲ့၊ ကို
တာတီး…… မလုပ်နဲ့”

အနီးရှိ အမှောင်ရိပ်မှာရှိနေသော လူတစ်စု
အခေါင်းရှိရာသို့ အပြေးရောက်လာကြသည်။
တာတီးကို မလုပ်ရန် တားကြသော်လည်း
အခေါင်းထဲမှာ သစ်ငုတ်စူးခံထားရသူက
ဆန့်ငင်ဆန့်ငင် ဖြစ်ကာ အသက်ရှုရန် အ
စွမ်းကုန်ကြိုးစားနေရသည်။

ထိုအခါမှ အခေါင်းပေါ်ခွစီးထိုင်နေသော တာ
တီးအောက်သို့ ခုန်ချလိုက်သည်။ အမှောင်ထဲ
မှ လူငါးယောက်လည်း အနီးသို့ အပြေးရောက်
လာကာ အခေါင်းကို အောက်သို့ မချလိုက်သည်၊

“ဖြူဖြူ…ဖြူဖြူ…၊ ဖြစ်ရလေ ဖြူဖြူရယ်”

ဥဿာလက်ပေါ်မှာပင် ဘာစကားမှမပြော
နိုင်ဘဲ ဖြူဖြူ အသက်ထွက်သွားသည်။

“အား………”

ဥဿာ အသံကုန်အော်လိုက်သည်။

တာတီးကတော့ အနီးမှာ ရပ်နေသည်။ အ
ခေါင်းအပြင်သို့ ဖြူဖြူအားဆွဲထုတ်ပြီး
ဥဿာ အသံထွက်ပြီး ရှိုက်ကြီးတငင်
ငိုကြွေးနေသည်။ ဖြူဖြူ၏ညီမလေးလည်း
ငိုလွန်း၍ သတိမေ့သွားတော့သည်။

XXXXX

ဖြစ်ပုံက ဤသို့တည်း…..

လွန်ခဲ့သောရက်က တာတီးလက်ဖက်ရည်ဆိုင်
ဝင်သောက်ပြီး ပြန်ထွက်သွားသည်နှင့် ဖြူဖြူ
အား ဖြူဖြူ၏ ဒေါ်လေး နှင့် ဖြူဖြူ၏ ညီမ
က အပြင်သို့ ခေါ်ထုတ်ပေးသည်။

ညဘက်အိမ်မှာ မုန့်လုပ်သားမည်ဟူသော အ
ကြောင်းပြချက်နှင့် ခေါ်ထုတ်ပေးသည်။ ဖြူ
ဖြူ၏ဖခင် ဦးမြမောင်က လကွယ်နေ့ဥပုသ်
စောင့်ထားသဖြင့် ဘာမှ ပြောမနေတော့ဘဲ
သူ၏ ညီမဝမ်းကွဲက တာဝန်ခံသည်မို့ ထည့်
ပေးလိုက်သည်။

ဥဿာနှင့် တွေ့သောအခါ တာတီးကိုခြောက်
လှန့်မည့် အစီအစဥ်ကို ရှင်းပြလိုက်သည်။

“ဖြစ်ပါ့မလား..ဖြူဖြူကြောက်တယ်”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ၊ လူသေထည့်တဲ့
အခေါင်းကို အဝေးကြီးသယ်သွားပြီး ချ
ထားမယ် ဂိုထောင်ထဲက အခေါင်းသစ်ကို
ယူတင်ထားမယ်၊ တာတီးအနားရောက်
လာမှ ဖြူဖြူက ဆံပင်ဖားလျားချပြီး
တက်အိပ်လိုက်ရုံပဲ ကိုယ်တို့ငါးယောက်
လည်း အနီးမှ ကပ်ပြီးရှိနေမှာပဲ….”

“အခေါင်းထဲဝင်ပြီး ဖြူဖြူဘာဆက်လုပ်
ရမှာတုံး”

“သူလည်း အနားရောက်လာရော၊ အခေါင်း
ထဲက ဆံပင်ဖားလျားနဲ့ ထထိုင်လိုက်၊ ဒါဆို
တာတီးကြောက်လန့်ပြီး ပြေးသွားလိမ့်မယ်
သူပြေးတာနဲ့ အောက်ဆင်းလိုက်ရုံပဲ၊ ဒီ
ကောင် မကြောက်ဘူးလို့ အပြောကြီးတဲ့
အကောင် ဒီတစ်ခါမှတ်သွားစေရမယ်”

ဖြူဖြူလည်း ချစ်သူ မပြန်ခင် အဖေ့ကြောင့်
တွေ့ခွင့်မလွယ်ခဲ့၍ ချစ်သူကျေနပ်စေရန်
ချစ်သူအလိုကို လိုက်လျောရန် ဆုံးဖြတ်
လိုက်သည်။

“အစ်ကို ဖြူဖြူ့အနားမှာပဲ ရှိနေမယ်နော်၊
ဖြူဖြူတကယ်ကြောက်တယ်၊ ကို့ကို ချစ်
လွန်းလို့ လုပ်ပေးရမှာ”

သို့ဖြင့် ဥဿာတို့ လူစု တာတီးတစ်ယောက်
ဂိုထောင်မှ ရွာအတွင်း ကင်းတစ်ပတ်လှည့်
စဥ် ဂိုထောင်အတွင်းမှ အခေါင်းအသစ်တစ်
လုံးကို သွားယူလိုက်သည်။ပြီးနောက် လူ
သေထည့်ထားသော အခေါင်းကို မယူလိုက်
သည်။

“ဟူး….၊ မင်းအကြံက ဟုတ်ပါ့မလား ဥဿာ၊
ငါတို့ အခေါင်းကြီး ဟိုရွှေ့ရ၊ ဒီရွှေ့ရနဲ့ လွတ်
ကျပြီး အလောင်းကြီး အပြင်ထွက်လာမှ
တာတီးမပြေးဘဲ ငါတို့ပြေးနေရဦးမယ်”

“မင်းတို့သာ လက်ခိုင်ခိုင်ကိုင်ကြ”

“အားပါးပါး လေးလိုက်တာ”

“မ…ကြပါ၊ အချိန်မရှိဘူး၊ ဖြူဖြူနှင့် ညိုညိုက
အဲဒီမှာ ခဏနေခဲ့”

“ဟင့်အင်း၊ ဒီနားမှာ မနေရဲဘူး၊ လိုက်ခဲ့မယ်”

“မလိုက်နဲ့၊ အဲဒီမှာပဲနေ အခုပဲ လာခဲ့မယ်”

ခဏအတွင်း သူတို့လူစုပြန်ရောက်လာသည်။

“ဘယ်မှာ ထားခဲ့လဲ”

“ဟိုရှေ့က သစ်ပင်အောက်မှာ”

“ကဲ…အခေါင်းသစ်ကို အပေါ်တင်လိုက်ကြစို့”

ဥဿာတို့ အခေါင်းအသစ်ကို မပြီး လေးတိုင်
စင်ပေါ်တင်လိုက်သည်။ ထိုစဥ် ခပ်လှမ်းလှမ်း
မှ တွံ့တေးသိန်းတန်၏ “ညမှောင်မှောင် ကြယ်
ရောင်သော်မလင်းတစ်လှည့်၊ ချိန်းခဲ့တဲ့ညတုန်း
က ပေါ့ကွယ်”ဆိုသော သီချင်းကို သံကုန်ဟစ်
ဆိုရင်း တာတီးပြန်လာနေသည်ကို အားလုံး
သိလိုက်သည်။

“ကဲ.. အသင့်”

“ဖြူဖြူ အသင့်ဖြစ်ပြီလား”

“ဖြူဖြူကြောက်တယ် အစ်ကို”

“ကိုယ်တို့ ဒီနားမှာပဲ ရပ်နေမှာ”

“ဟုတ်တယ်ဖြူဖြူ၊ ငါတို့ ဒီနားမှာပဲ ရှိတယ်”

“မမ… အပေါ်ကို သတိထားတက်”

မျိုးလွင်နှင့် ဥဿာတို့က ဖြူဖြူအားထိန်း
ပေးပြီး ဖြူဖြူအား စင်ပေါ်တက်စေလိုက်
သည်။

“ကဲ…အနားရောက်တာနဲ့ လှဲအိပ်လိုက်၊ သူ
အနားရောက်တာနဲ့ ခဲပေါက်ပြီး အသံပေး
လိုက်မယ်၊ ခဲသံကြားရင် ခေါင်းထောင်ပြီး
ထလိုက်”

ပတ်ဝန်းကျင်မှာ အမှောင်ထုက ကြီးစိုးနေ
သော်လည်း ကောင်းကင်မှ ကြယ်တစ်ချို့
ကြောင့် အခေါင်းကြီးကို အထင်းသားမြင်
ရသည်။ တာတီး အနားရောက်လာသည်။

ဥဿာအခေါင်းကို ခဲလုံးဖြင့် လှမ်းပေါက်
လိုက်သည်။ ဖြူဖြူလည်း ဥဿာမှာထား
သည့်အတိုင်း အခေါင်းတွင်းလှဲနေရာမှ
ထလိုက်သည်ခဏ…၊ သူတို့ ထင်ထားသလို
ဖြစ်မလာဘဲ၊

တာတီးတစ်ယောက် လေးတိုင်စင် ပေါ်ရှိ
အခေါင်းပေါ်ခုန်တက်၊ ခွထိုင်လိုက်ပြီး နောက်
မှတော့…. ၊ ပျော်ရွှင်စရာ ဇာတ်လမ်းထွင်
ချက်က ပျော်ရွှင်စရာ ဖြစ်မလာတော့ဘဲ
ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးတစ်ခုအ
သွင် ပြောင်းလဲသွားလေတော့သည်။ ။

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

မဖဲဝါနဲ့ ထိပ်နီသရဲ စာအုပ်မှ ကောက်နုတ်
တင်ပြထားသည်။

credit

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

ပြီးပါပြီ