“အမေတင်”(စ/ဆုံး)

Unicode Version

“အမေတင်”(စ/ဆုံး)
————————
“အမေတင်ရေ အမေတင်”

အိမ်ရှေ့မှခေါ်သံကြားသဖြင့်အမေတင်
တစ်ယောက်တဲလေးထဲမှထွက်လာပြီး

“သြော် ငါ့နှယ်ဘယ်သူများလဲမှတ်တယ်
မိလုံးကိုး လာလာ သမီး”

“ဟုတ် အမေတင်”

“လာဒီကွပ်ပျစ်မှာထိုင် မိလုံး”

“အမေတင်ကို ဆန်လေးလာကန်တော့တာပါ
မိလုံးတတ်နိုင်သလောက်လေးပေါ့
မိလုံးကန်တော့မယ်နော် အမေတင်”

ထို့နောက်မိလုံးကကွပ်ပျစ်ပေါ်မှဆင်းပြီး
မြေပေါ်ထိုင်ကာအမေတင်အား
ထိုင်ရှိခိုးလေသည်။

“သာဓု သာဓု သာဓု သမီးလေးမိလုံး
ကျန်းမာပါစေချမ်းသာပါစေ
အနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာ
ကိုယ်ကျန်းမာပါစေ
လိုအင်ဆန္ဒဟူသမျှတလုံးတဝပြည့်စုံပါစေကွယ်”

“ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ အမေတင်”

“လာထိုင်ပါဦး စကားမပြောရတာကြာပြီ”

“ဟုတ်တယ် အမေတင်ရဲ့ မိလုံးလည်း
မအားတာနဲ့ ဒီဘက်မရောက်ဖြစ်တာရှင့်”

“သြော် အေးအေး ဒါနဲ့ မိလုံး
ညည်းအမေ မိခိုင်ရော နေကောင်းလားကွယ့်”

“ဟုတ် အမေကဒေါင်ဒေါင်မြည်ပဲ
အခုအချိန်ထိသွားလာလှုပ်ရှားတုန်း
ငြိမ်ငြိမ်နေပါဆိုတာကိုမရဘူး
အခုထလုပ်လိုက်ရမှ သူ့အကျင့်က
အမေတင်သိတဲ့အတိုင်းပဲလေ”

“အေးဟဲ့ အသက်ကြီးလာပြီဆိုရင်
အမေတင်တို့လည်း ငြိမ်ငြိမ်မနေချင်ဘူး
အလုပ်လေးတစ်ခုခုလုပ်နေရမှ
ကျန်းမာတယ်လို့ ခံစားရတာ
မိခိုင်လည်းငါ့လိုပဲဖြစ်မှာပေါ့အေ
မိဘကိုတော့ဆိုးသည်ဖြစ်စေ
ကောင်းသည်ဖြစ်စေမပြောလေနဲ့ကွယ့်
ကိုယ်ကသားသမီးမဟုတ်လား
တစ်ခုခုဆိုကိုယ်ပဲငရဲကြီးတာပဲလေ”

“ဟုတ်ကဲ့ အမေတင် မိလုံးလည်း
တတ်နိုင်သလောက်လိမ္မာအောင်
နေပါတယ်ရှင့်
အမေတင်မိလုံးပြန်ရဦးမယ်
နွားစာစင်းဖို့ကျန်သေးတယ်”

“အေးအေး ပြန်ပြန် သာဓုခေါ်ပါတယ်ကွယ်
အမေ့ကိုအခုလိုလာကန်တော့ကြတာ”

“အမေတင်ကတစ်ယောက်တည်း
သမားလေမိလုံးတို့ကမကူညီရင်
ဘယ်သူကလာကူညီမှာလဲမဟုတ်ဘူးလား”

“ဟုတ်ပါတယ် ဒါကြောင့်လည်း
အမေတင်ကတစ်ရွာလုံးကိုမေတ္တာပို့
နေရတာ”

“ကဲ သွားပြီနော် အမေတင်”

“အေး ကောင်းပြီ ”

မိလုံးလည်းအမေတင်အားနှုတ်ဆက်ကာ
ပြန်ထွက်သွားလေသည်။

အမေတင်ကအသက်ကြီးပြီဖြစ်သည်။
အမေတင်ကအပျိုကြီးမဟုတ်
အိမ်ထောင်ကျခဲ့ဖူးသည်၊အမေတင်ရဲ့
ခင်ပွန်းကဆုံးပါးသွားတာနှစ်၂၀ကျော်ပြီ
ဖြစ်သည်။

ခင်ပွန်းသည်သာဆုံးပါးသွားခဲ့သည်။
အမေတင်မှာသားသမီးမရခဲ့ပေ။

ဘယ်သူကချို့ ယွင်းချက်ရှိသလဲဆိုတာ
အမေတင်လည်းမသိခဲ့ပေ။
ထို့ကြောင့် အမေတင်ကတစ်ကိုယ်တည်းသမားဖြစ်ကာ
ကျန်နေခဲ့သည်။

အမေတင်ကအသက်သာကြီးသည်
အခုအချိန်ထိလုပ်နိုင်ကိုင်နိုင်သေးသည်။

အမေတင်ကသူများပေးစာကမ်းစာ
ကိုအငြိမ်ထိုင်းစားခဲ့ခြင်းမရှိပေ.
အဝတ်လျှော်အငှားလိုက်လေသည်။

တစ်နေ့ကို၂အိမ်၃အိမ်ခန့် လျှော်ပေးရလေသည်။

ရွာထဲကလူတချို့ က အမေတင်အား
သနားကြသဖြင့်အဝတ်လျှော်မခိုင်းရက်ကြပေ
သို့ပေမယ့် အမေတင်က အလုပ်လုပ်ကာ
သူ့ဝမ်းစာသူရှာချင်သည်ဆိုပြီး
အဝတ်လျှော်ငှားကြရန်ပြောလေသည်။

ထိုအခါ မေတ္တာရှိသူများက အမေတင်အား
အဝတ်လျှော်ခနှင့်အတူဆန်လေးဆီလေး
တွေပါပေးကမ်းတတ်ကြသည်။

အမေတင်ကအဝတ်လျှော်လျှင်
ပြီးစလွယ်ဘယ်တော့မှမလုပ်တတ်ပေ။
အလုပ်လုပ်တိုင်းစေတနာထားပြီး
သေချာလုပ်ကိုင်ပေးလေသည်။

ထို့ကြောင့် အမေတင်ရဲ့ စေတနာ
ရောင်ပြန်ဟပ်သည်ဟုပြောရမည်.
အမေတင်ကိုပေးကြကမ်းကြသည့်
သူများပြားလေသည်။

တစ်ရက်တွင်တော့…………

“ဒေါ်ကြီးတင် ဒေါ်ကြီးတင်”

“သြော် မမာမာကြည်ပါလား”

“ဒေါ်ကြီးတင် အဝတ်ထုပ်လာပေးတာ
ညနေအပြီးလိုချင်တယ် သေချာလျှော်ပေးနော်
ပြီးတော့ အဝတ်တွေကိုတုတ်ပုတ်နဲ့
တအားကြီးမပုတ်နဲ့ အဝတ်အစားတွေက
ဈေးကြီးပေးဝယ်ထားရတဲ့ဟာတွေမလို့
ပိုက်ဆံကိုတော့ ညနေအဝတ်လာအပ်မှ
ပေးမယ်”

“အေးအေး အမေတင် သေချာလေး
လျှော်ဖွပ်ပေးလိုက်ပါ့မယ်
ညနေဆက်ဆက်လာပေးမယ်နော်”

“အင်း…”

မမာမာကြည်က အမေတင်အား
မတူသလိုမတန်သလိုအကြည့်ဖြင့်
ကြည့်ကာအိမ်ပြင်သို့ထွက်သွားလေသည်။

မမာမာကြည်ဆိုလျှင်မသိသူမရှိကြပေ
ရွာထဲတွင်ငွေတိုးချေးစားသူလည်းဖြစ်သည်။

ရွာထဲမှာတော့မမာမာကြည်နှင့်ကင်းသူ
သိပ်မရှိကြပေ။
မမာမာကြည်ထံမှငွေတိုးအားချေးထားကြသူ
အလွန်များလေသည်။

ငွေတိုးချေးစားသူပီပီ မမာမာကြည်က
အတိုးတောင်းကြမ်းသည်။

ဒီရက်ပေးရမည်ဆိုလျှင်ပေးမှကြိုက်သည်
အကယ်၍တစ်ရက်ကျော်လို့မပေးနိုင်လျှင်
အတိုးကတက်ပြီးသားဖြစ်သည်။

ထိုကဲ့သို့ မရှိဆင်းရဲသားများအပေါ်
အမြတ်ကြီးစားခေါင်းပုံဖြတ်မှုကြောင့်
မမာမာကြည်အားမုန်းတီးကြသည်။

သို့ပေမယ့် သူ့အားကင်းနိုင်ကြသူ
နည်းပါးကြလေသည်။

================

ညနေ၅နာရီခန့် အမေတင်တစ်ယောက်
အဝတ်ထုပ်အားခေါင်းပေါ်ရွက်ကာ
မမာမာကြည်အိမ်သို့ရောက်လာခဲ့သည်။

“မာမာကြည်ရေ အမေတင်
အဝတ်တွေလာအပ်တာ”

“အိမ်ထဲဝင်ခဲ့”

“အေးအေး လာပြီ”

ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးထဲသို့
အမေတင်ဝင်လာခဲ့သည်။

အိမ်ထဲတွင်မမာမာကြည်က
ပိုက်ဆံများအားစစ်ဆေးကာစာရင်းတိုက်
နေလေသည်။

မမာမာကြည်၏ဘေးတွင်လည်း
ငွေတိုးလာဆပ်သူများလည်းရှိကြသည်။

“မမာမာကြည် အမေတင်
သေချာလေးလျှော်လာခဲ့တယ်
အဝတ်တွေစစ်ကြည့်ပါဦး”

ထို့နောက် မမာမာကြည်က
အဝတ်ထုပ်အားဖြည်ကာအဝတ်ခေါက်များအား
တစ်ထည်ပြီးတစ်ထည်စစ်ကြည့်သည်။

“ဟင်…အပြာရောင်အင်္ကျီလည်း
ပါမလာပါလား ဒေါ်ကြီးတင်”

“ဘယ်အပြာရောင်အင်္ကျီလဲမာမာကြည်ရဲ့
အမေတင် လျှော်တုန်းက အပြာရောင်
အင်္ကျီတစ်ထည်မှပါမလာခဲ့ဘူးကွယ့်”

“ဟာ…ကျွန်မသေချာထည့်ပေးလိုက်ပါတယ်တော်အခု
ဘယ်လိုလုပ်ပါမလာရတာလည်း
ဒေါ်ကြီးတင်ရဲ့ ဒုက္ခပါပဲ
အဲ့ဒီအင်္ကျီက ဘယ်လောက်တန်သလဲ
ဆိုတာဒေါ်ကြီးတင်မသိဘူးလား”

“မာမာကြည်ရယ် ညည်း ပြောတဲ့ အင်္ကျီအပြာရောင်ကတကယ်ပါမလာတာပါကွယ်
အမေတင်မလိမ်ပါဘူး”

“ဒေါ်ကြီးတင်ကလည်း မဟုတ်ပဲနဲ့တော့
မမာမာကြည်ကပြောပါ့မလား”

“အေးလေ လူကြီးဖြစ်ပြီးတော့
ဗြောင်လိမ်နေတယ်”

မမာမာကြည်ထံသို့ ငွေတိုးလာဆပ်ကြသူ၂ယောက်ကမျက်နှာလို
အားရမမာမာကြည်ဘက်မှလိုက်ကာ
ပြောပေးကြလေသည်။

(မှတ်ချက်.အပြင်မှာလည်းဒီလိုလူတွေ
မြင်ခဲ့ဖူးပါသည်)

“ကဲ ဘဟ်လိုလုပ်မလဲ ဒေါ်ကြီးတင်
ကျွန်မအင်္ကျီတန်ဖိုးကို ပြန်လျော်မလား”

“အမေတင် ပြောပါရစေကွယ်
ညည်းလာပေးကတည်းက သေသေချာချာ
စစ်ကြည့်ပြီးမှလျှော်ထားတာပါ
အားလုံးပေါင်း၁၂ထည်တည်းပါ
အိမ်အပြင်ထွက်လှန်းရင် လေလွင့်ပြီး
ပျောက်မှာစိုးလို့ အိမ်ဝိုင်းထဲမှာပဲသေချာ
လှန်းခဲ့တာပါ ပျောက်စရာဘာအကြောင်း
မှမရှိပါဘူးကွယ်”

“အို…မလိုချင်ဘူး အဘွားကြီး
ဒီမှာကျွန်မအင်္ကျီကိုခိုးပြီးရောင်းစားမလို့
မဟုတ်လား”

“မဟုတ်တာတွေမပြောပါနဲ့ မာမာကြည်ရယ်
အမေတင်ဘဝမှာဘယ်သူ့ပစ္စည်းကိုမှ
အပ်တိုတစ်ချောင်းတောင်မခိုးခဲ့ဖူးပါဘူးကွယ်
အမေတင်ကိုယ်စောင့်နတ်အသိဆုံးပါ”

“ကျွန်မကလည်းမဟုတ်ရင် မပြောဘူး
အခုဟာကကျွန်မပစ္စည်းပျောက်လို့
ပြောနေရတာ ကျွန်မအင်္ကျီကိုပြန်မရမှာချင်း
အတူတူ ရှင့်ကိုလည်း အဝတ်လျှော်ခ
မပေးနိုင်ဘူး ဒါပဲ”

“ရပါတယ် အမေတင်ကို
အဝတ်လျှော်ခမပေးချင်လည်းနေပါ
ဒါပေမယ့် အမေတင်ရဲ့ သိက္ဓာကျအောင်
တော့မပြောပါနဲ့ကွယ်
အမေတင်ငါးပါးသီလလုံတာ
ဘုရားအသိဆုံးနတ်တွေအသိဆုံးပါ”

“ကျွန်မကလည်း မှန်တာလုပ်ထားတဲ့သူ
မလို့ နတ်တွေ အသိဆုံး အကယ်၍
ရှင့်ကိုမဟုတ်ပဲစွတ်စွဲပြောခဲ့ရင်
အသေဆိုးနဲ့ကိုသေပါစေတော်
သွား အိမ်ထဲကအခုထွက်သွား
သူခိုးမကြီး”

“အမေတင် မသွားခင်တစ်ခုပဲ
ပြောခဲ့မယ် ဝဋ်ဆိုတာ မနေပါဘူး
မာမာကြည်ရယ်”

“အောင်မယ် အောင်မယ် သူခိုးက
လူပြန်ဟစ်လို့ ဟင်း ဟင်း
ငါ့ဒေါသကိုလာဆွဲနေတယ်”

မမာမာကြည်လည်းအိမ်ကြီးထဲတွင်
ဒေါ်သဖြစ်ကာကျန်နေခဲ့သည်။

အမေတင်ကတော့အေးအေးဆေးဆေးပင်
ပြန်သွားလေသည်။

================

အမေတင်ပြန်သွားပြီး မမာမာကြည်လည်း
ငွေသိမ်းရန်အတွက်အိပ်ခန်းထဲဝင်လာခဲ့
သည်။

အံဆွဲအားဖွင့်ကာငွေများအား
သိမ်းဆည်းလိုက်သည်။
ထို့နောက် ကုတင်အနီးသို့ဖြတ်လျှောက်မိချိန်

“ဟင်…”

မမာမာကြည်အံ့သြသွားရလေသည်။
အမေတင်အားခိုးထားပါသည်ဟု
စွတ်စွဲထားသည့်အင်္ကျီအပြာရောင်လေးက
ကုတင်အောက်တွင်ကျနေလေသည်။

“အင်း…ငါအဝတ်ပေတွေထည့်ရင်း
ကုတင်အောက်ပြုတ်ကျနေခဲ့တာ
ဖြစ်မယ် ဒါဆို ဟိုအဘွားကြီး
မခိုးဘူးဆိုတာအမှန်ပဲပေါ့
ကဲပါလေ ဘာပဲဖြစ်ဖြစ် ငါအဲ့ဒီအဘွားကြီးကို
အဝတ်လျှော်ခမပေးလိုက်ရတာ
အမြတ်ပဲ ဟီး ဟီး ”

မမာမာကြည်၏မကောင်းသည့်
စိတ်ဓာတ်ကပေါ်လွှင်နေတော့သည်။

================

“လူနတ်ဗြဟ္မာ သတ္တဝါ အားလုံး
ကြားကြားသမျှ အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်လော့
သာဓု သာဓု သာဓု ”

“နောင် ဝေ ဝေ ”

“၇ရက်သားသမီးအပေါင်း သူတော်ကောင်းတို့
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
အန္တရာယ်ကင်းလို့ဘေးကင်းကြပါစေ”

အမေတင်၏ဘုရားဝတ်ပြုသံ
အမျှအတန်းပေးသံကပတ်ဝန်းကျင်သို့
အေးချမ်းစွာပျံ့နှံ့လာခဲ့ပေသည်။

==============

အချိန်ကားည၁နာရီခန့်
တစ်ရွာလုံးတိတ်ဆိတ်မှောင်မည်း၍နေ
ပေသည်။

“ရှပ် ရှပ် ရှပ်”

အရိပ်မည်းတစ်ခုက အမှောင်ရိပ်ခိုကာ
ဟိုကြည့်သည်ကြည့်လုပ်နေလေသည်။

ထို့နောက် လူရိပ်မည်းကြီးက
ခြံဝန်းတံခါးအားကျော်တက်ကာ
အိမ်ထဲဆင်းသွားလေသည်။

“ဘုတ်”

လူရိပ်မည်းကြီးက အိမ်ရှေ့တံခါးအား
ဆွဲဖွင့်ကြည့်လေသည်။
ဆွဲဖွင့်၍မရသဖြင့် အိမ်၏နောက်ဘက်သို့
ရောက်လာခဲ့ပြီး အိမ်နောက်ဖေး
တံခါးအားဖွင့်ကြည့်ရာ……

“ကျွီ …”

အိမ်နောက်ဖေးတံခါးက စေ့ရုံသာစေ့ထား
သဖြင့်ထိုလူရိပ်ကအိမ်ထဲသို့ဝင်လာခဲ့သည်။

“ဂလုန်း”

“ခွမ်း”

“ဟာ”

ထိုလူရိပ်ကအမှောင်ထဲမမြင်မကန်း
သွားလိုက်သဖြင့် ပစ္စည်းများအား
ဝင်တိုက်မိလိုက်သဖြင့်ညသံကြောင့်
ဆူညံမှုကအတိုင်းသား
ထွက်ပေါ်လာလေသည်။

ထွက်ပေါ်လာသည့်အသံကြောင့်
မမာမာကြည်တစ်ယောက်နိုးလာကာ
အခန်းအပြင်သို့ထွက်လာခဲ့သည်။

“ဟင်…ဘယ်သူလဲ ဘယ်သူလဲလို့
မေးနေတယ်လေ”

“အသံမထွက်နဲ့ သေသွားမယ်
လက်ထဲမှာကိုင်ထားတဲ့ဓါးက
နေရာမရွေးဘူးသိလား”

သူခိုးကမမာမာကြည်အိမ်ထဲဝင်ပြီး
မမာမာကြည်၏လည်ပင်းအား
ဓါးကောက်ကာအနုကြမ်းစီးနေခြင်း
ဖြစ်သည်။

“မ မလုပ်ပါနဲ့ရှင် ရှိကြီးခိုးပါတယ်”

“နင်ငွေတိုးပေးပြီးရထားတဲ့
ငွေတွေဘယ်မလဲ ပြောစမ်း
မပြောရင်လက်ထဲကဓါးကနင့်လည်ပင်းထဲ
အရောက်ပဲ ကြားလား”

“မ မရှိပါဘူးရှင် ငွေတွေက အပြင်မှာ
ချေးထားလို့ မရှိပါဘူးရှင်”

“ငါ့ကိုလာမလိမ်နဲ့ ငါအားလုံး
သိထားပြီးသား အချိန်ကုန်တယ်
ငွေတွေဘယ်မှာလဲ”

“သူခိုး သူခိုး လာ”

“ဟာ…ဒီမိန်းမ တော့ ”

“ကဲကွာ”

“စွပ် စွပ်”

“အု အဟွတ် ဟွတ်”

“ဘုန်း”

မမာမာကြည်၏အော်သံပင်မဆုံးလိုက်
သူခိုးကမမာမာကြည်၏လည်ပင်းအား
ဓါးဖြင့်၂ချက်ထိုးလိုက်သဖြင့်
သွေးများပန်းထွက်ပြီးမမာမာကြည်လည်း
ကြမ်းပြင်ပေါ်လဲကျသွားတော့သည်။

ထို့နောက်သူခိုးက မမာမာကြည်၏
အခန်းထဲဝင်ပြီးလှန်လောရှာဖွေတော့သည်။

ဆင်းရဲသားများအပေါ်အမြတ်ကြီးစားသည့်
မမာမာကြည်တစ်ယောက်တော့
သူခိုးကြောင့် ညတွင်းချင်းပင် လူ့လောကမှ
ထွက်ခွာသွားရလေသည်။

===============

“ဘာ”

“ဟောတော့်”

“ဘယ်လိုဖြစ်ရတာတုန်း”

“ဟုတ်တယ် မနေ့ညကအသတ်ခံလိုက်
ရတာတဲ့ တစ်အိမ်လုံးလည်းမွှေနှောက်သွားတာမြင်လို့
တောင်မကောင်းဘူး”

“ဒါဆို ပိုက်ဆံတွေရွှေတွေအကုန်ပါသွား
တာပေါ့”

“အေးပေါ့ဟ အားလုံးအကုန်ပါ
သွားပေါရောလား”

“ကျွတ် ကျွတ် ကျွတ် သူများအပေါ်
မတရားအမြတ်ကြီးစားတဲ့သူ
အခုတော့ ဘာမှတောင်သယ်မသွား
နိုင်ပါလားနော်”

မနက်စောစေညအမေတင်တံမြက်စည်း
လှည်းရင်းနဲ့ အိမ်နီးချင်းများပြောနေကြသည့်
စကားသံများကြောင့် မနေ့ညက
ဘာဖြစ်သလဲဟု သိချင်စိတ်ကြောင့်
အမေတင်သူတို့အနားသို့ရောက်သွားကာ……

“ဟဲ့ ဘာဖြစ်လို့လဲ တိုးတိုးပြောနေကြလို့
ဘာများတုန်းကွယ့်”

“အမေတင်မသိဘူးလား”

“ဘာလဲ ငါမသိပါဘူး”

“ငွေတိုးပေးစားတဲ့ မာမာကြည်လေ
မနေ့ ညက သူ့အိမ်သူခိုးဝင်ပြီး
ရှိသမျှပစ္စည်းအကုန်ယူပြီး
သူ့ကိုပါသတ်သွားပါရောလား”

“အလိုလေး ဘုရား ဘုရား
ကံတွေများကြောက်ဖို့ကောင်းလိုက်တာ
မနေ့ကတောင် အမေတင်နဲ့ စကားများ
ခဲ့ကြပါကောလား”

“ဟင် အမေတင်လို လူမျိုးကိုတောင်
သူကရန်တုပြီးဖြစ်သေးတာလား”

“ဟုတ်ပါရဲ့ အမေတင်ရယ်
ဘယ်လိုဖြစ်တာလဲ ပြောပါဦး”

“အင်း…ဖြစ်ပုံကဒီလိုကွယ့်”

အမေတင်ကသူမနေ့က မမာမာကြည်နှင့်
ဖြစ်ခဲ့သည့်ပြဿနာအားအစအဆုံး
ရှင်းပြလိုက်တော့သည်။

“ဒါဆို မာမာကြည် အမေတင်အပေါ်
မတရားလုပ်တဲ့ ဒဏ်ကို ညမကူးပဲ
ခံလိုက်ရတာပေါ့နော်”

“ဟုတ်မှာပေါ့ သူကျိန်ခဲ့သလို
သူကျိန်စာသူမိသွားတာဖြစ်မှာပေါ့အေ”

“အမေတင်ကတော့ ဘယ်သူ့ကိုမှ
ထိခိုက်အောင်မလုပ်ခဲ့မပြောခဲ့တာ
အမှန်ပါ အခုမာမာကြည်ဖြစ်တဲ့
ကိစ္စကလည်း သူ့နှုတ်ဝစီကြောင့်
ဖြစ်ရတယ်လို့ အမေတင်မှတ်ယူ
ထားပါတယ်ကွယ်
ကဲ ကဲ အမေတင်သွားဦးမယ်ကွယ်”

“ဟုတ်ကဲ့ အမေတင်”

တရွေ့ရွေ့နှင့် ထွက်သွားသည့်အမေတင်အား
ိုကြည့်ကာအိမ်နီးနားချင်းများ
ကျန်နေခဲ့လေသည်။

သူတစ်ပါးအပေါ်မဟုတ်မမှန်
စွပ်စွဲပြောဆိုပြီး
ကျိန်ဆိုခဲ့သည့်မမာမာကြည်လည်းသူခိုးဓားပြ၏
သတ်ဖြတ်ခြင်းကိုခံခဲ့ရလေသည်။

ဘယ်သူတွေဘယ်လိုမေတ္တာပျက်ပျက်
အမေတင်ကတော့ ဘုရားကန်တော့နေမြဲပင်ဖြစ်သည်။

ပြီးပါပြီ
စာဖတ်သူများအားလုံးရွှင်လန်းကြပါစေ
ဇာတ်လမ်းလေးဖတ်ပြီးပါက လက်မလေး
များနှိပ်ပြီးအားပေးခဲ့ကြပါနော်
စာဖတ်သူ၏Like&Shareတစ်ချက်ဟာ
စာရေးသူအတွက်ခွန်အားပါ…

Zawgyi Version

“အေမတင္”(စ/ဆုံး)
————————
“အေမတင္ေရ အေမတင္”

အိမ္ေရွ႕မွေခၚသံၾကားသျဖင့္အေမတင္
တစ္ေယာက္တဲေလးထဲမွထြက္လာၿပီး

“ေၾသာ္ ငါ့ႏွယ္ဘယ္သူမ်ားလဲမွတ္တယ္
မိလုံးကိုး လာလာ သမီး”

“ဟုတ္ အေမတင္”

“လာဒီကြပ္ပ်စ္မွာထိုင္ မိလုံး”

“အေမတင္ကို ဆန္ေလးလာကန္ေတာ့တာပါ
မိလုံးတတ္ႏိုင္သေလာက္ေလးေပါ့
မိလုံးကန္ေတာ့မယ္ေနာ္ အေမတင္”

ထို႔ေနာက္မိလုံးကကြပ္ပ်စ္ေပၚမွဆင္းၿပီး
ေျမေပၚထိုင္ကာအေမတင္အား
ထိုင္ရွိခိုးေလသည္။

“သာဓု သာဓု သာဓု သမီးေလးမိလုံး
က်န္းမာပါေစခ်မ္းသာပါေစ
အနာေရာဂါကင္းရွင္းၿပီးစိတ္ခ်မ္းသာ
ကိုယ္က်န္းမာပါေစ
လိုအင္ဆႏၵဟူသမွ်တလုံးတဝျပည့္စုံပါေစကြယ္”

“ေပးတဲ့ဆုနဲ႔ ျပည့္ပါရေစ အေမတင္”

“လာထိုင္ပါဦး စကားမေျပာရတာၾကာၿပီ”

“ဟုတ္တယ္ အေမတင္ရဲ႕ မိလုံးလည္း
မအားတာနဲ႔ ဒီဘက္မေရာက္ျဖစ္တာရွင့္”

“ေၾသာ္ ေအးေအး ဒါနဲ႔ မိလုံး
ညည္းအေမ မိခိုင္ေရာ ေနေကာင္းလားကြယ့္”

“ဟုတ္ အေမကေဒါင္ေဒါင္ျမည္ပဲ
အခုအခ်ိန္ထိသြားလာလႈပ္ရွားတုန္း
ၿငိမ္ၿငိမ္ေနပါဆိုတာကိုမရဘူး
အခုထလုပ္လိုက္ရမွ သူ႔အက်င့္က
အေမတင္သိတဲ့အတိုင္းပဲေလ”

“ေအးဟဲ့ အသက္ႀကီးလာၿပီဆိုရင္
အေမတင္တို႔လည္း ၿငိမ္ၿငိမ္မေနခ်င္ဘူး
အလုပ္ေလးတစ္ခုခုလုပ္ေနရမွ
က်န္းမာတယ္လို႔ ခံစားရတာ
မိခိုင္လည္းငါ့လိုပဲျဖစ္မွာေပါ့ေအ
မိဘကိုေတာ့ဆိုးသည္ျဖစ္ေစ
ေကာင္းသည္ျဖစ္ေစမေျပာေလနဲ႔ကြယ့္
ကိုယ္ကသားသမီးမဟုတ္လား
တစ္ခုခုဆိုကိုယ္ပဲငရဲႀကီးတာပဲေလ”

“ဟုတ္ကဲ့ အေမတင္ မိလုံးလည္း
တတ္ႏိုင္သေလာက္လိမၼာေအာင္
ေနပါတယ္ရွင့္
အေမတင္မိလုံးျပန္ရဦးမယ္
ႏြားစာစင္းဖို႔က်န္ေသးတယ္”

“ေအးေအး ျပန္ျပန္ သာဓုေခၚပါတယ္ကြယ္
အေမ့ကိုအခုလိုလာကန္ေတာ့ၾကတာ”

“အေမတင္ကတစ္ေယာက္တည္း
သမားေလမိလုံးတို႔ကမကူညီရင္
ဘယ္သူကလာကူညီမွာလဲမဟုတ္ဘူးလား”

“ဟုတ္ပါတယ္ ဒါေၾကာင့္လည္း
အေမတင္ကတစ္႐ြာလုံးကိုေမတၱာပို႔
ေနရတာ”

“ကဲ သြားၿပီေနာ္ အေမတင္”

“ေအး ေကာင္းၿပီ ”

မိလုံးလည္းအေမတင္အားႏႈတ္ဆက္ကာ
ျပန္ထြက္သြားေလသည္။

အေမတင္ကအသက္ႀကီးၿပီျဖစ္သည္။
အေမတင္ကအပ်ိဳႀကီးမဟုတ္
အိမ္ေထာင္က်ခဲ့ဖူးသည္၊အေမတင္ရဲ႕
ခင္ပြန္းကဆုံးပါးသြားတာႏွစ္၂၀ေက်ာ္ၿပီ
ျဖစ္သည္။

ခင္ပြန္းသည္သာဆုံးပါးသြားခဲ့သည္။
အေမတင္မွာသားသမီးမရခဲ့ေပ။

ဘယ္သူကခ်ိဳ႕ ယြင္းခ်က္ရွိသလဲဆိုတာ
အေမတင္လည္းမသိခဲ့ေပ။
ထို႔ေၾကာင့္ အေမတင္ကတစ္ကိုယ္တည္းသမားျဖစ္ကာ
က်န္ေနခဲ့သည္။

အေမတင္ကအသက္သာႀကီးသည္
အခုအခ်ိန္ထိလုပ္ႏိုင္ကိုင္ႏိုင္ေသးသည္။

အေမတင္ကသူမ်ားေပးစာကမ္းစာ
ကိုအၿငိမ္ထိုင္းစားခဲ့ျခင္းမရွိေပ.
အဝတ္ေလွ်ာ္အငွားလိုက္ေလသည္။

တစ္ေန႔ကို၂အိမ္၃အိမ္ခန႔္ ေလွ်ာ္ေပးရေလသည္။

႐ြာထဲကလူတခ်ိဳ႕ က အေမတင္အား
သနားၾကသျဖင့္အဝတ္ေလွ်ာ္မခိုင္းရက္ၾကေပ
သို႔ေပမယ့္ အေမတင္က အလုပ္လုပ္ကာ
သူ႔ဝမ္းစာသူရွာခ်င္သည္ဆိုၿပီး
အဝတ္ေလွ်ာ္ငွားၾကရန္ေျပာေလသည္။

ထိုအခါ ေမတၱာရွိသူမ်ားက အေမတင္အား
အဝတ္ေလွ်ာ္ခႏွင့္အတူဆန္ေလးဆီေလး
ေတြပါေပးကမ္းတတ္ၾကသည္။

အေမတင္ကအဝတ္ေလွ်ာ္လွ်င္
ၿပီးစလြယ္ဘယ္ေတာ့မွမလုပ္တတ္ေပ။
အလုပ္လုပ္တိုင္းေစတနာထားၿပီး
ေသခ်ာလုပ္ကိုင္ေပးေလသည္။

ထို႔ေၾကာင့္ အေမတင္ရဲ႕ ေစတနာ
ေရာင္ျပန္ဟပ္သည္ဟုေျပာရမည္.
အေမတင္ကိုေပးၾကကမ္းၾကသည့္
သူမ်ားျပားေလသည္။

တစ္ရက္တြင္ေတာ့…………

“ေဒၚႀကီးတင္ ေဒၚႀကီးတင္”

“ေၾသာ္ မမာမာၾကည္ပါလား”

“ေဒၚႀကီးတင္ အဝတ္ထုပ္လာေပးတာ
ညေနအၿပီးလိုခ်င္တယ္ ေသခ်ာေလွ်ာ္ေပးေနာ္
ၿပီးေတာ့ အဝတ္ေတြကိုတုတ္ပုတ္နဲ႔
တအားႀကီးမပုတ္နဲ႔ အဝတ္အစားေတြက
ေဈးႀကီးေပးဝယ္ထားရတဲ့ဟာေတြမလို႔
ပိုက္ဆံကိုေတာ့ ညေနအဝတ္လာအပ္မွ
ေပးမယ္”

“ေအးေအး အေမတင္ ေသခ်ာေလး
ေလွ်ာ္ဖြပ္ေပးလိုက္ပါ့မယ္
ညေနဆက္ဆက္လာေပးမယ္ေနာ္”

“အင္း…”

မမာမာၾကည္က အေမတင္အား
မတူသလိုမတန္သလိုအၾကည့္ျဖင့္
ၾကည့္ကာအိမ္ျပင္သို႔ထြက္သြားေလသည္။

မမာမာၾကည္ဆိုလွ်င္မသိသူမရွိၾကေပ
႐ြာထဲတြင္ေငြတိုးေခ်းစားသူလည္းျဖစ္သည္။

႐ြာထဲမွာေတာ့မမာမာၾကည္ႏွင့္ကင္းသူ
သိပ္မရွိၾကေပ။
မမာမာၾကည္ထံမွေငြတိုးအားေခ်းထားၾကသူ
အလြန္မ်ားေလသည္။

ေငြတိုးေခ်းစားသူပီပီ မမာမာၾကည္က
အတိုးေတာင္းၾကမ္းသည္။

ဒီရက္ေပးရမည္ဆိုလွ်င္ေပးမွႀကိဳက္သည္
အကယ္၍တစ္ရက္ေက်ာ္လို႔မေပးႏိုင္လွ်င္
အတိုးကတက္ၿပီးသားျဖစ္သည္။

ထိုကဲ့သို႔ မရွိဆင္းရဲသားမ်ားအေပၚ
အျမတ္ႀကီးစားေခါင္းပုံျဖတ္မႈေၾကာင့္
မမာမာၾကည္အားမုန္းတီးၾကသည္။

သို႔ေပမယ့္ သူ႔အားကင္းႏိုင္ၾကသူ
နည္းပါးၾကေလသည္။

================

ညေန၅နာရီခန႔္ အေမတင္တစ္ေယာက္
အဝတ္ထုပ္အားေခါင္းေပၚ႐ြက္ကာ
မမာမာၾကည္အိမ္သို႔ေရာက္လာခဲ့သည္။

“မာမာၾကည္ေရ အေမတင္
အဝတ္ေတြလာအပ္တာ”

“အိမ္ထဲဝင္ခဲ့”

“ေအးေအး လာၿပီ”

ပ်ဥ္ေထာင္ႏွစ္ထပ္အိမ္ႀကီးထဲသို႔
အေမတင္ဝင္လာခဲ့သည္။

အိမ္ထဲတြင္မမာမာၾကည္က
ပိုက္ဆံမ်ားအားစစ္ေဆးကာစာရင္းတိုက္
ေနေလသည္။

မမာမာၾကည္၏ေဘးတြင္လည္း
ေငြတိုးလာဆပ္သူမ်ားလည္းရွိၾကသည္။

“မမာမာၾကည္ အေမတင္
ေသခ်ာေလးေလွ်ာ္လာခဲ့တယ္
အဝတ္ေတြစစ္ၾကည့္ပါဦး”

ထို႔ေနာက္ မမာမာၾကည္က
အဝတ္ထုပ္အားျဖည္ကာအဝတ္ေခါက္မ်ားအား
တစ္ထည္ၿပီးတစ္ထည္စစ္ၾကည့္သည္။

“ဟင္…အျပာေရာင္အက်ႌလည္း
ပါမလာပါလား ေဒၚႀကီးတင္”

“ဘယ္အျပာေရာင္အက်ႌလဲမာမာၾကည္ရဲ႕
အေမတင္ ေလွ်ာ္တုန္းက အျပာေရာင္
အက်ႌတစ္ထည္မွပါမလာခဲ့ဘူးကြယ့္”

“ဟာ…ကြၽန္မေသခ်ာထည့္ေပးလိုက္ပါတယ္ေတာ္အခု
ဘယ္လိုလုပ္ပါမလာရတာလည္း
ေဒၚႀကီးတင္ရဲ႕ ဒုကၡပါပဲ
အဲ့ဒီအက်ႌက ဘယ္ေလာက္တန္သလဲ
ဆိုတာေဒၚႀကီးတင္မသိဘူးလား”

“မာမာၾကည္ရယ္ ညည္း ေျပာတဲ့ အက်ႌအျပာေရာင္ကတကယ္ပါမလာတာပါကြယ္
အေမတင္မလိမ္ပါဘူး”

“ေဒၚႀကီးတင္ကလည္း မဟုတ္ပဲနဲ႔ေတာ့
မမာမာၾကည္ကေျပာပါ့မလား”

“ေအးေလ လူႀကီးျဖစ္ၿပီးေတာ့
ေျဗာင္လိမ္ေနတယ္”

မမာမာၾကည္ထံသို႔ ေငြတိုးလာဆပ္ၾကသူ၂ေယာက္ကမ်က္ႏွာလို
အားရမမာမာၾကည္ဘက္မွလိုက္ကာ
ေျပာေပးၾကေလသည္။

(မွတ္ခ်က္.အျပင္မွာလည္းဒီလိုလူေတြ
ျမင္ခဲ့ဖူးပါသည္)

“ကဲ ဘဟ္လိုလုပ္မလဲ ေဒၚႀကီးတင္
ကြၽန္မအက်ႌတန္ဖိုးကို ျပန္ေလ်ာ္မလား”

“အေမတင္ ေျပာပါရေစကြယ္
ညည္းလာေပးကတည္းက ေသေသခ်ာခ်ာ
စစ္ၾကည့္ၿပီးမွေလွ်ာ္ထားတာပါ
အားလုံးေပါင္း၁၂ထည္တည္းပါ
အိမ္အျပင္ထြက္လွန္းရင္ ေလလြင့္ၿပီး
ေပ်ာက္မွာစိုးလို႔ အိမ္ဝိုင္းထဲမွာပဲေသခ်ာ
လွန္းခဲ့တာပါ ေပ်ာက္စရာဘာအေၾကာင္း
မွမရွိပါဘူးကြယ္”

“အို…မလိုခ်င္ဘူး အဘြားႀကီး
ဒီမွာကြၽန္မအက်ႌကိုခိုးၿပီးေရာင္းစားမလို႔
မဟုတ္လား”

“မဟုတ္တာေတြမေျပာပါနဲ႔ မာမာၾကည္ရယ္
အေမတင္ဘဝမွာဘယ္သူ႔ပစၥည္းကိုမွ
အပ္တိုတစ္ေခ်ာင္းေတာင္မခိုးခဲ့ဖူးပါဘူးကြယ္
အေမတင္ကိုယ္ေစာင့္နတ္အသိဆုံးပါ”

“ကြၽန္မကလည္းမဟုတ္ရင္ မေျပာဘူး
အခုဟာကကြၽန္မပစၥည္းေပ်ာက္လို႔
ေျပာေနရတာ ကြၽန္မအက်ႌကိုျပန္မရမွာခ်င္း
အတူတူ ရွင့္ကိုလည္း အဝတ္ေလွ်ာ္ခ
မေပးႏိုင္ဘူး ဒါပဲ”

“ရပါတယ္ အေမတင္ကို
အဝတ္ေလွ်ာ္ခမေပးခ်င္လည္းေနပါ
ဒါေပမယ့္ အေမတင္ရဲ႕ သိကၶာက်ေအာင္
ေတာ့မေျပာပါနဲ႔ကြယ္
အေမတင္ငါးပါးသီလလုံတာ
ဘုရားအသိဆုံးနတ္ေတြအသိဆုံးပါ”

“ကြၽန္မကလည္း မွန္တာလုပ္ထားတဲ့သူ
မလို႔ နတ္ေတြ အသိဆုံး အကယ္၍
ရွင့္ကိုမဟုတ္ပဲစြတ္စြဲေျပာခဲ့ရင္
အေသဆိုးနဲ႔ကိုေသပါေစေတာ္
သြား အိမ္ထဲကအခုထြက္သြား
သူခိုးမႀကီး”

“အေမတင္ မသြားခင္တစ္ခုပဲ
ေျပာခဲ့မယ္ ဝဋ္ဆိုတာ မေနပါဘူး
မာမာၾကည္ရယ္”

“ေအာင္မယ္ ေအာင္မယ္ သူခိုးက
လူျပန္ဟစ္လို႔ ဟင္း ဟင္း
ငါ့ေဒါသကိုလာဆြဲေနတယ္”

မမာမာၾကည္လည္းအိမ္ႀကီးထဲတြင္
ေဒၚသျဖစ္ကာက်န္ေနခဲ့သည္။

အေမတင္ကေတာ့ေအးေအးေဆးေဆးပင္
ျပန္သြားေလသည္။

================

အေမတင္ျပန္သြားၿပီး မမာမာၾကည္လည္း
ေငြသိမ္းရန္အတြက္အိပ္ခန္းထဲဝင္လာခဲ့
သည္။

အံဆြဲအားဖြင့္ကာေငြမ်ားအား
သိမ္းဆည္းလိုက္သည္။
ထို႔ေနာက္ ကုတင္အနီးသို႔ျဖတ္ေလွ်ာက္မိခ်ိန္

“ဟင္…”

မမာမာၾကည္အံ့ၾသသြားရေလသည္။
အေမတင္အားခိုးထားပါသည္ဟု
စြတ္စြဲထားသည့္အက်ႌအျပာေရာင္ေလးက
ကုတင္ေအာက္တြင္က်ေနေလသည္။

“အင္း…ငါအဝတ္ေပေတြထည့္ရင္း
ကုတင္ေအာက္ျပဳတ္က်ေနခဲ့တာ
ျဖစ္မယ္ ဒါဆို ဟိုအဘြားႀကီး
မခိုးဘူးဆိုတာအမွန္ပဲေပါ့
ကဲပါေလ ဘာပဲျဖစ္ျဖစ္ ငါအဲ့ဒီအဘြားႀကီးကို
အဝတ္ေလွ်ာ္ခမေပးလိုက္ရတာ
အျမတ္ပဲ ဟီး ဟီး ”

မမာမာၾကည္၏မေကာင္းသည့္
စိတ္ဓာတ္ကေပၚလႊင္ေနေတာ့သည္။

================

“လူနတ္ျဗဟၼာ သတၱဝါ အားလုံး
ၾကားၾကားသမွ် အမွ် အမွ် အမွ်
ယူေတာ္မူၾကပါကုန္ေလာ့
သာဓု သာဓု သာဓု ”

“ေနာင္ ေဝ ေဝ ”

“၇ရက္သားသမီးအေပါင္း သူေတာ္ေကာင္းတို႔
က်န္းမာၾကပါေစ ခ်မ္းသာၾကပါေစ
အႏၲရာယ္ကင္းလို႔ေဘးကင္းၾကပါေစ”

အေမတင္၏ဘုရားဝတ္ျပဳသံ
အမွ်အတန္းေပးသံကပတ္ဝန္းက်င္သို႔
ေအးခ်မ္းစြာပ်ံ႕ႏွံ႔လာခဲ့ေပသည္။

==============

အခ်ိန္ကားည၁နာရီခန႔္
တစ္႐ြာလုံးတိတ္ဆိတ္ေမွာင္မည္း၍ေန
ေပသည္။

“ရွပ္ ရွပ္ ရွပ္”

အရိပ္မည္းတစ္ခုက အေမွာင္ရိပ္ခိုကာ
ဟိုၾကည့္သည္ၾကည့္လုပ္ေနေလသည္။

ထို႔ေနာက္ လူရိပ္မည္းႀကီးက
ၿခံဝန္းတံခါးအားေက်ာ္တက္ကာ
အိမ္ထဲဆင္းသြားေလသည္။

“ဘုတ္”

လူရိပ္မည္းႀကီးက အိမ္ေရွ႕တံခါးအား
ဆြဲဖြင့္ၾကည့္ေလသည္။
ဆြဲဖြင့္၍မရသျဖင့္ အိမ္၏ေနာက္ဘက္သို႔
ေရာက္လာခဲ့ၿပီး အိမ္ေနာက္ေဖး
တံခါးအားဖြင့္ၾကည့္ရာ……

“ကြၽီ …”

အိမ္ေနာက္ေဖးတံခါးက ေစ့႐ုံသာေစ့ထား
သျဖင့္ထိုလူရိပ္ကအိမ္ထဲသို႔ဝင္လာခဲ့သည္။

“ဂလုန္း”

“ခြမ္း”

“ဟာ”

ထိုလူရိပ္ကအေမွာင္ထဲမျမင္မကန္း
သြားလိုက္သျဖင့္ ပစၥည္းမ်ားအား
ဝင္တိုက္မိလိုက္သျဖင့္ညသံေၾကာင့္
ဆူညံမႈကအတိုင္းသား
ထြက္ေပၚလာေလသည္။

ထြက္ေပၚလာသည့္အသံေၾကာင့္
မမာမာၾကည္တစ္ေယာက္ႏိုးလာကာ
အခန္းအျပင္သို႔ထြက္လာခဲ့သည္။

“ဟင္…ဘယ္သူလဲ ဘယ္သူလဲလို႔
ေမးေနတယ္ေလ”

“အသံမထြက္နဲ႔ ေသသြားမယ္
လက္ထဲမွာကိုင္ထားတဲ့ဓါးက
ေနရာမေ႐ြးဘူးသိလား”

သူခိုးကမမာမာၾကည္အိမ္ထဲဝင္ၿပီး
မမာမာၾကည္၏လည္ပင္းအား
ဓါးေကာက္ကာအႏုၾကမ္းစီးေနျခင္း
ျဖစ္သည္။

“မ မလုပ္ပါနဲ႔ရွင္ ရွိႀကီးခိုးပါတယ္”

“နင္ေငြတိုးေပးၿပီးရထားတဲ့
ေငြေတြဘယ္မလဲ ေျပာစမ္း
မေျပာရင္လက္ထဲကဓါးကနင့္လည္ပင္းထဲ
အေရာက္ပဲ ၾကားလား”

“မ မရွိပါဘူးရွင္ ေငြေတြက အျပင္မွာ
ေခ်းထားလို႔ မရွိပါဘူးရွင္”

“ငါ့ကိုလာမလိမ္နဲ႔ ငါအားလုံး
သိထားၿပီးသား အခ်ိန္ကုန္တယ္
ေငြေတြဘယ္မွာလဲ”

“သူခိုး သူခိုး လာ”

“ဟာ…ဒီမိန္းမ ေတာ့ ”

“ကဲကြာ”

“စြပ္ စြပ္”

“အု အဟြတ္ ဟြတ္”

“ဘုန္း”

မမာမာၾကည္၏ေအာ္သံပင္မဆုံးလိုက္
သူခိုးကမမာမာၾကည္၏လည္ပင္းအား
ဓါးျဖင့္၂ခ်က္ထိုးလိုက္သျဖင့္
ေသြးမ်ားပန္းထြက္ၿပီးမမာမာၾကည္လည္း
ၾကမ္းျပင္ေပၚလဲက်သြားေတာ့သည္။

ထို႔ေနာက္သူခိုးက မမာမာၾကည္၏
အခန္းထဲဝင္ၿပီးလွန္ေလာရွာေဖြေတာ့သည္။

ဆင္းရဲသားမ်ားအေပၚအျမတ္ႀကီးစားသည့္
မမာမာၾကည္တစ္ေယာက္ေတာ့
သူခိုးေၾကာင့္ ညတြင္းခ်င္းပင္ လူ႔ေလာကမွ
ထြက္ခြာသြားရေလသည္။

===============

“ဘာ”

“ေဟာေတာ့္”

“ဘယ္လိုျဖစ္ရတာတုန္း”

“ဟုတ္တယ္ မေန႔ညကအသတ္ခံလိုက္
ရတာတဲ့ တစ္အိမ္လုံးလည္းေမႊေႏွာက္သြားတာျမင္လို႔
ေတာင္မေကာင္းဘူး”

“ဒါဆို ပိုက္ဆံေတြေ႐ႊေတြအကုန္ပါသြား
တာေပါ့”

“ေအးေပါ့ဟ အားလုံးအကုန္ပါ
သြားေပါေရာလား”

“ကြၽတ္ ကြၽတ္ ကြၽတ္ သူမ်ားအေပၚ
မတရားအျမတ္ႀကီးစားတဲ့သူ
အခုေတာ့ ဘာမွေတာင္သယ္မသြား
ႏိုင္ပါလားေနာ္”

မနက္ေစာေစညအေမတင္တံျမက္စည္း
လွည္းရင္းနဲ႔ အိမ္နီးခ်င္းမ်ားေျပာေနၾကသည့္
စကားသံမ်ားေၾကာင့္ မေန႔ညက
ဘာျဖစ္သလဲဟု သိခ်င္စိတ္ေၾကာင့္
အေမတင္သူတို႔အနားသို႔ေရာက္သြားကာ……

“ဟဲ့ ဘာျဖစ္လို႔လဲ တိုးတိုးေျပာေနၾကလို႔
ဘာမ်ားတုန္းကြယ့္”

“အေမတင္မသိဘူးလား”

“ဘာလဲ ငါမသိပါဘူး”

“ေငြတိုးေပးစားတဲ့ မာမာၾကည္ေလ
မေန႔ ညက သူ႔အိမ္သူခိုးဝင္ၿပီး
ရွိသမွ်ပစၥည္းအကုန္ယူၿပီး
သူ႔ကိုပါသတ္သြားပါေရာလား”

“အလိုေလး ဘုရား ဘုရား
ကံေတြမ်ားေၾကာက္ဖို႔ေကာင္းလိုက္တာ
မေန႔ကေတာင္ အေမတင္နဲ႔ စကားမ်ား
ခဲ့ၾကပါေကာလား”

“ဟင္ အေမတင္လို လူမ်ိဳးကိုေတာင္
သူကရန္တုၿပီးျဖစ္ေသးတာလား”

“ဟုတ္ပါရဲ႕ အေမတင္ရယ္
ဘယ္လိုျဖစ္တာလဲ ေျပာပါဦး”

“အင္း…ျဖစ္ပုံကဒီလိုကြယ့္”

အေမတင္ကသူမေန႔က မမာမာၾကည္ႏွင့္
ျဖစ္ခဲ့သည့္ျပႆနာအားအစအဆုံး
ရွင္းျပလိုက္ေတာ့သည္။

“ဒါဆို မာမာၾကည္ အေမတင္အေပၚ
မတရားလုပ္တဲ့ ဒဏ္ကို ညမကူးပဲ
ခံလိုက္ရတာေပါ့ေနာ္”

“ဟုတ္မွာေပါ့ သူက်ိန္ခဲ့သလို
သူက်ိန္စာသူမိသြားတာျဖစ္မွာေပါ့ေအ”

“အေမတင္ကေတာ့ ဘယ္သူ႔ကိုမွ
ထိခိုက္ေအာင္မလုပ္ခဲ့မေျပာခဲ့တာ
အမွန္ပါ အခုမာမာၾကည္ျဖစ္တဲ့
ကိစၥကလည္း သူ႔ႏႈတ္ဝစီေၾကာင့္
ျဖစ္ရတယ္လို႔ အေမတင္မွတ္ယူ
ထားပါတယ္ကြယ္
ကဲ ကဲ အေမတင္သြားဦးမယ္ကြယ္”

“ဟုတ္ကဲ့ အေမတင္”

တေ႐ြ႕ေ႐ြ႕ႏွင့္ ထြက္သြားသည့္အေမတင္အား
ိုၾကည့္ကာအိမ္နီးနားခ်င္းမ်ား
က်န္ေနခဲ့ေလသည္။

သူတစ္ပါးအေပၚမဟုတ္မမွန္
စြပ္စြဲေျပာဆိုၿပီး
က်ိန္ဆိုခဲ့သည့္မမာမာၾကည္လည္းသူခိုးဓားျပ၏
သတ္ျဖတ္ျခင္းကိုခံခဲ့ရေလသည္။

ဘယ္သူေတြဘယ္လိုေမတၱာပ်က္ပ်က္
အေမတင္ကေတာ့ ဘုရားကန္ေတာ့ေနၿမဲပင္ျဖစ္သည္။

ၿပီးပါၿပီ
စာဖတ္သူမ်ားအားလုံး႐ႊင္လန္းၾကပါေစ
ဇာတ္လမ္းေလးဖတ္ၿပီးပါက လက္မေလး
မ်ားႏွိပ္ၿပီးအားေပးခဲ့ၾကပါေနာ္
စာဖတ္သူ၏Like&Shareတစ္ခ်က္ဟာ
စာေရးသူအတြက္ခြန္အားပါ…