အရိပ်မဲ့ဆံနွယ်

အရိပ်မဲ့ဆံနွယ်(စ/ဆုံး)
———————
ကျွန်မ ဒီနေ့ အရမ်း စိတ်ညစ်လာသည်….အကတိုက်ရတာ လဲ အဆင်မပြေ…
ထမင်းစားခန်းထဲ ရောက်နေသော်လည်း… စားလို့မရ…မနက်ဖြန် ကျွန်မတို့ ၄ယောက်ထဲက တစ်ယောက်ကို ခေါင်းဆောင် ရွေးမည် မဟုတ်လား..
ကျွန်မ စိတ်ထဲ ခေါင်းဆောင် ဖြစ်ဖို့သာ.. အရေးကြီးပြီး ပရိတ်သတ်တွေ စိတ်ဝင်စားမှု များတဲ့ popularတစ်ယောက် ဖြစ်ဖို့ဘဲ ခေါင်းထဲရှိသည်
ကျွန်မ အတွေးဖြတ်ပြီး.. ထမင်းကို ဇွန်းနဲ့..ပါးစပ်ထဲ ထည့်မယ် ပြင်လိုက်သည်၊ ထိုအခါ ကျွန်မခြေထောက်ကို..စားပွဲအောက်ကနေ…
“ဒေါက်..”
ခနဲ ကန်တာ ခံလိုက်လျှင် စိတ်တိုပြီး.. ကန်တဲ့ သူကို မျက်စောင်းခဲကြည့်လိုက်သည်။ညီထက်က သူမဟုတ် သလို ခပ်တည်တည် နေသည်..
ကျွန်မ သူ့ကို သိပ်မုန်းသည်… ကမ္ဘာပေါ်မှာ အမုန်းဆုံးက သူပဲပေါ့..
ကျွန်မလဲ.. စိတ်လျော့ပြီး..ထမင်း စားဖို့ ပြင်လျှင်..စားပွဲအောက်ကနေ ထပ်ကန်တာ ခံ လိုက်ရ ပြန်သည်..
ဒီတခါတော့ ကျွန်မ တော်တော် တင်းပြီး..ထမင်း ပန်းကန်ကို ရှေ့တိုး ပစ်လိုက်လျှင်..မေမေက..
“မြူး.. ဘာဖြစ်နေတာလဲ ..ထမင်းစားတာ ကောင်းကောင်း မစားဘူး..”
လို့ မာန်သည်…
ကျွန်မက ညီထက်ကို မကျေနပ်သလို ကြည့်လျှင်… ကိုယ်တော်ချောက ကျေနပ်တဲ့ ပုံစံနဲ့ သရော်သလို ပြုံးပြသည်…
ဘယ်လောက် စိတ်တိုဖို့ ကောင်းလဲ…
ဒီမိသားစုမှာ သူမရှိရင် သိပ်ကောင်းမှာပဲ.. သူ့လို မောင်လေး မရချင်ပါ..
ကျွန်မ တစ်ဦးတည်းသော သမီးပဲ ဖြစ်ချင်သည်…
သူ့လို ကျွန်မကို အမြဲ ဒုက္ခ ပေးတဲ့ မောင်တယောက် မွေးပေးတဲ့..
မေ့မေ့ကို အပြစ်တင် မိသည်…
ဖေဖေကပါ ကျွန်မကို မကြည်သလို ကြည့်လျှင်.. ကျွန်မလဲ စိတ်ကောက်ပြီး.. ထိုင်နေရာကနေ ထပြီး.. အပေါ်တက်ဖို့ ပြင်သည်…
ထိုစဉ်..ညီထက်က အမှတ်မထင်..ကျွန်မကို…
ခြေထိုးလိုက်တာကြောင့်.. အရှိန်မထိန်းနိုင်ပဲ..မှောက်ရက်လဲသွားလျှင်…
ကျွန်မလဲ..စိတ်တွေ တိုပြီး..မျက်ရည်တွေ ပေါက်ပေါက်ကျကာ…
“ညီထက္​…”
လို့ အာခေါင် ခြစ်အော်လိုက်သည်…
ပြီးတော့..အတင်း ကုန်းထပြီး ညီထက်ဆံပင်ကို.. အတင်းပြေးဆွဲလျှင်..ငတိက..ကျွန်မကို ..သူ့အားနဲ့..ဆောင့်တွန်းလိုက်သည်…
ကျွန်မ ပက်လက် လန်လဲ ပြီး တော်တော်နဲ့ မထနိုင်..
မေမေက ကျွန်မကို ခုလို မလုပ်ဖို့ ညီထက်ကို..ဆူသည်…
ဖေဖေကတော့..ကျွန်မတို့က်ို စိတ်ပျက်စွာ ကြည့်ပြီး..ဘာမှ မပြောပဲ ထမင်းဝိုင်းကနေ ထသွားသည်…
ဒါ ကျွန်မတို့မိသားစု ရဲ့ ဖြစ်နေကြ ထုံးစံပါ..
နွေးထွေးမှု ကြင်နာမှု မရ်ှိတဲ့..မိသားစု…
ကျွန်မလဲ စိတ်ဆိုး ဝမ်းနည်းပြီး… အိမ်ပေါ်ပြေးတက်ခဲ့သည်…
ညီထက်ကို ကမ္ဘာကြီး ကနေ ဆွဲထုတ်လို့ ရရင် ဆွဲထုတ်ပစ်လိုက်ချင်သည်…
သူ့ကို သတ်ပစ်ချင်လောက်အောင် မုန်းသည်..
@@@
အိပ်ယာထဲမှာ..လဲ တော်တော်နှင့် အိပိမပျော်..စိတ်နဲ့ လူနဲ့ မကပ်လို့.. အကလဲ မလေ့ကျင့်ဖြစ်…
မနက္​​…
အကခန်းမကို ကျွန်မသွားတော့..
သရဖီနဲ့ မာယာ ရောက်နှင့်နေပြီ….
ကျွနိမ ကျောပိုး အိတ်လေးကို ချပြီး ဟိုဒီကြည့်နေစဉ် ..နောက်က
တွယ်တာက ပုခုံးကို ရိုက်လိုက်တာကြောင့်..လန့်သွားသည်..
ကျွန်မက ဘာလဲ ဆိုတဲ့ အမူအယာ ပြလျှင်..
တွယ်တာက ကျွန်မလက်ကို ဆွဲပြီး..အသံတိုးတိုးနဲ့..
“မြူးရေ.. အခြေနေက မကောင်းဘူး.. ဆရာ ဘက်လိုက်လိမ့်မယ်..”
တဲ့…
ဒါ ကျွန်မတို့ အစထဲက ကြိုတွေးထားပြီးသားပါ.. အစထဲက ဆရာနဲ့ သရဖီက ဘာညာ မဟုတ်လား…
ကျွန်မလဲ ကျွတ်တချက်သတ်ပြီး…
“တွယ်တာရယ်.. ဆရာ ဘက်လိုက်လဲ.. တကယ်အကတော်တဲ့သူ ခေါင်းဆောင်ဖြစ်မှာပါ.. ရွေးမှာ သူတစ်ယောက်ထဲ မဟုတ်ဘူး..”
ိလို့ ကျွန်မ ဂျွတ်ဆတ်ဆတ် ပြန်ပြောလိုက်သည်..
တွယ်တာ သက်ပြင်း တချက်ချပြီး..
“အမှန်တိုင်းပြောရရင် နင်က ငါ့တို့ 4ယောက်မှာ အက အတော်ဆုံးပါ..ငါနင့်ကို ခေါင်းဆောင်ဖြစ်စေချင်တယ်.. ဒါပေမယ့်.. ငါကြားတာ.. သရဖီညက ဆရာနဲ့ တညလုံးရှိနေတာတဲ့.. တခြားဒိုင်တွေကို.. ဆရာက လာဘ်ထိုးရင်ကော..”တဲ့..
ကျွန်မ မျက်လုံးတွေပြူးသွားသည်…
တွယ်တာ ပြောပုံအရ..သရဖီ ခေါင်းဆောင်ဖြစ်ဖို့..သေချာပြီပေါ့…
အို..ဘာပဲ ဖြစ်ဖြစ် ကျွန်မတို့ အဖွဲ့မှာ ကျွန်မ အတော်ဆုံးဆိုတာ လူတိုင်းသိတာပဲ.. မဟုတ်လား…
ကျွန်မရဲ့ ပန်းတိုင် အပျောက်ဆုံး မခံနိုင်ပါ…
သရီဖီကို ကျွန်မက ဘာလို့ မယှဉ်နိုင်ရမှာလဲ…တွေးစဉ်..
“အဟမ်း.. အဟမ်း”…လို့
သရဖီက ကျွန်မတို့ဖက် ချောင်းဟန့်ပြီး..လမ်းလျှောက်လာလျှင်…
အလှပဆုံး အပြုံးတစ်ခုကို ကျွန်မ ဖန်တီးလိုက်သည်…
တခြား အဖွဲ့တွေနဲ့…အကပြိုင်ရင် တစ်ဖွဲ့လုံး..စည်းလုံးပေမယ့်..
အဖွဲ့ထဲမှာဆို.. အချင်းချင်း ယှဉ်ပြိုင်တတ်တာ… ကျွန်မတို့ အဖွဲ့ ထုံးစံပါ…
သရဖီက…
“မြူး.. ဒီနေ့ တကယ်လို့ သရဖီ ခေါင်းဆောင်ဖြစ်ရင်.. ည.dinnerကျွေးမယ်နော်..”..တဲ့..
သူခေါင်းဆောင်ဖြစ်မှာ သေချာတယ်ပေါ့…ကျွန်မ နှုတ်ခမ်းကို မဲ့လိုက်မိသည်….
မာယာက..ထောက်ခံတဲ့ အမူအယာနဲ့..
“မြူး .. လိုက်ခဲ့မယ် မလား..”
လို့ ပြောလျှင် ကျွန်မ တော်တော် အမြင်ကတ်သွားသည်.
ကြက်တူရွေးက တော်တော်..မယ်တော်က ကဲကဲ ဆိုတာ ဒါမျိုးပေါ့..
ကျွန်မလဲ.. သရဖီကို စေ့စေ့ကြည့်ပြီး..
“သေချာရင်လဲ.. ပွဲလေးပြီးအောင် စောင့်ပါဦး..သရဖီရဲ့”
လို့ ပြောစဉ်.. ကျွန်မနောက် ဘယ်ချိန်က ရောက်နေမှန်း မသိတဲ့…
“ဒိုင်တေ စုံပြီ… ၄ယောက်လုံး ထွက်ခဲ့ တစ်ယောက်ချင်း စစ်မယ်”
ဆိုပြီး..ကျွန်မကို အမြင်မကြည်သလို ကြည့်ပြီး ပြောသည်…
ကျွန်မ သိတာပေါ့.. သူကျွန်မတို့ ပြောတာ ကြားတယ်လေ..
သူ့သရဖီကို ကျွန်မက .. မထိတထိ ပြောနေတော့..ဘယ်ခံနိုင်မလဲ..
ကျွန်မရဲ့..ဟက်ခနဲ့ ရယ်ပစ်ချင်စိတ်ကို.. မနဲ ထိန်းထားရသည်…
တော်တော် သိတတ်ပါလား.. ဆရာမျိုးရယ်…
ကျွန်မတို့ လေးယောက် ဒိုင်တွေရှေ့ တန်းစီ… ထွက်တော့..တွယ်တာက.. အရင် ထွက်ပြိုင်သည်…
စည်းချက်နဲ့ အညီ အချိုးစားကျစွာ ကတဲ့ တွယ်တာကို ကျွန်မ သဘောကျစွာ ပြုံးလိုက်သည်…
အကုန်လုံးကို ရုပ်ရည် အသံ ပညာအရည်အချင်းက အစ သေချာ စီစစ် ရွေးချယ်ထားတာ မလား…ဒါကြောင့်မို့လဲ..အချိန်တိုအတွင်း အောင်မြင်ခဲ့သည်..
တွယ်တာပြီးတော့…မာယာက စက်ရုပ်တစ်ရုပ်လို တူမတူအောင် ယှဉ်ပြိုင်တော့.. ကျွန်မတို့ အကုန် အံအားသင့်သွားသည်…
မာယာရဲ့ ကကွက်တွေက သိပ်ဆန်းသည်..
မှန်မှန်ကန်ကန် ဆုံးဖြတ်မည်ဆိုလျှင်.. မာယာ ခေါင်းဆောင် ဖြစ်နိုင်သည်…
သရဖီအလှည့် ရောက်တော့ ထင်သလို.. မဆန်းကျယ်..ဒါလား ခေါင်းဆောင်လုပ်မယ့်သူ…ကျွန်မ စိတ်ထဲ ရှုပ်ချမိလိုက်သည်…
ကျွန်မတောင် ခုလို ထင်မြင်နေရင်..ဒီအဖွဲ့ကို မြေတောင်မြှောက် ပေးတဲ့.. အကဲဖြတ်တွေက ပို သိမှာပေါ့…
အကုန်လုံးပြိုင်ပြီး..နောက်ဆုံး ကျွန်မ အလှည့် ရောက်လာသည်…
ကျွန်မလဲ.. အစွမ်းကုန် ကြိုးစားပြီး..ကဖို့..ရှေ့ထွက်တော့… မာယာက သူ့ခြေထောက်ကို အမှတ်မထင် ရှေ့ထုတ်လိုက်လျှင်.. ဟန်ချက်ပျက်သွားသည်…
တီးလုံးကလဲ စနေပြီဆိုတော့ မျက်နှာ ဟန်ပန် မူယာက စ ထိန်းပြီး.. ကြိုးစား ကလိုက်ရသည်…
စိတ်အနှောက်အယှက် ဖြစ်လွန်းလို့.. ကရင်းနဲ့ပင် ချွေးသီးတွေ ပေါက်ပေါက် ကျနေသည်..
မာယာရဲ့..လုပ်ရပ်ကြောင့်..ကျွန်မ ခေါင်းဆောင် ဖြစ်ပါတော့ မလား…
ဘာကြောင့်များ ကျွန်မအပေါ် အခုလို လုပ်ရတာလဲ..
ပြိုင်ပွဲပြီးတဲ့ အထိ.. ကျွန်မမှာ ကရလို့ ပင်ပန်းတာ မဟုတ်ပဲ..စိုးရိမ်စိတ်တွေနဲ့ မောဟိုက်နေသည်…
သေချာတာတော့ ကျွန်မ ခေါင်းဆောင် မဖြစ်နိုင်တော့ပါ..
@##
ခေါင်းဆောင်ကို… ကြေငြာလျှင် … ကျွန်မ မဟုတ်ရင်တောင် မာယာ ဖြစ်လိမ့်မယ်လို့..ထင်ထားမိသည်။
ခုတော့…
သရဖီတဲ့…
ကျွန်မ စိတ်ထဲ မကျေနပ်ပါ..
အစထဲက သူ့ကို ပေးဖို့ ရည်ရွယ်ထားရင်.. ဘာလို့ ပြိုင်ပွဲ လုပ်နေသေးလဲ…
ဒါ သက်သက်.. ရည်ရွယ်ချက်ရ်ှိရှိလုပ်တာ.. အသိသာကြီးပါ…
ဆရာက သရဖီကို.. မနက်ဖန် ကပွဲအတွက်.. ရွှေအိုရောင် ဆံပင်တုလေးကို ခေါင်းမှာ စွပ်ပေးလိုက်သည်…
ကျွန်မ စိတ်ကူးယဉ်ပြီး ရူးခဲ့ရတဲ့.. ရွှေအိုရောင် ဆံပင်လေး.. မဟုတ်လား… ခေါင်းဆောင် ဖြစ်ကြောင်း.. အသိမှတ်ပြုတဲ့.. ဆံပင်တုလေး..ကျွန်မ မသိမသာ သက်ပြင်းလေး ခိုးချလိုက်သည်..
စိတ်ထဲ ငိုချင်သလိုလို… အလိုလိုဝမ်းနည်းလာပြီး… ကျလာမဲ့ မျက်ရည်တွေက်ို ထိန်းထားလိုက်သည်..
အို..ငါ ဘာလို့ ငိုရမှာလဲ.. ငိုတာ အရှုံးပေးတာပဲ.. ဒီပြိုင်ပွဲက ဘဝတခု မဟုတ်ဘူး.. လုပ်ယူ ဖန်တီးထားတဲ့.. ပြိုင်ပွဲ သက်သက်ပဲ..လို့ တွေးလိုက်သည်…
ကျွန်မကို အားပေးတဲ့ ပရိတ်သတ် တွေ ရှိတာပဲ..ကြိုးစားဖို့ အခွင့်အရေးတွေ ရှိပါသေးတယ် … လို့ ကိ်ုယ့်ကိုယ်ကို နှစ်သိမ့်မိလိုက်သည်..
သရဖီကတော့..ရွှေအိုရောင် ဆံပင်တုလေးကို စွပ်ပြီး အပြုံးပန်းတွေ ဝေနေသည်…
ကျွန်မ မနာလို မဖြစ်တော့ပါ.. ကျွန်မနဲ့ မထိုက်လို့ မရပဲ မဟုတ်လား..
အသားဖြူဖြူ သွယ်သွယ် မျက်နှာ ဝိုင်းဝိုင်းနဲ့ သရဖီဟာ.. ရွှေအိုရောင် ဆံနွယ်တုလေးနဲ့.. တကယ်တော့ လိုက်ဖက်ပါသည်..
ကျွန်မရဲ့ ရှုံးနိမ့်မှု အတွက်သာ..စိတ်မကောင်းဖြစ်ပြီး…သက်ပြင်းတ ချက် ရှိုက်လိုက်မိသည်….
ရွှေအိုရောင်.. ဆံပင်တုလေး ကြောင့် ကျွန်မတို့ရဲ့..ရွှေရောင် အနာဂတ်တွေ.. ပျက်စီးရမယ်ဆိုတာ.. ကြို မြင်နိုင်ခဲ့ရင်..
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၂”
အိပ်ယာထဲ တစ်ယောက်ထဲ လူးလိမ့်နေပြီး..တော်တော်နှင့် အိပ်မပျော် ဒီ အချိန်ဆို… သရဖီဆို ကဲနေလောက်ပြီ..
ကျွန်မ လူမှုရေးအရ တစ်ခွက် နှစ်ခွက် သောက်ပြီး.. ပြန်ခဲ့တာ ဖြစ်သည်..
ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်ရချင်တာ ဆုံးရှုံးရရင်… မနာလို တော့ ဖြစ်မိတာ ပဲ မဟုတ်လား..
ကျွန်မ အတ္တတေ ကြီးပြီး.. ကိုယ့်ကိုယ်ကို အထင်ကြီး လွန်းခဲ့သည်..
အခုတော့.. အထင်ကြီးခဲ့တာ..ခုတော့ အကုန် အလကား ဖြစ်မှန်း .. သ်ိတော့ သိမ်ငယ် သလို ခံစားနေရသည်…
ကျွန်မ အတွေးတွေနဲ့ စိတ်မကောင်း ဖြစ်နေစဉ်.. ညီထက်က တခါး မခေါက်ပဲ …
“ဝုန္​း…”
ခနဲ…ဆောင့်တွန်း ဝင်လာတာ ကြောင့် လန့်သွားသည်..
ညီထက် ဘာပြသနာ ရှာဦးမလို့လဲ..တွေးပြီး.. စိတ်ပျက်စွာ..ကျွတ်တချက် သတ်လိုက်မိသည်..
ကျွန်မမှ..တခါးကို သေချာ လော့ခ် မချမိပဲကိုး…
ကျွန်မက.. သူ့ကို မကြည်သလို စိုက်ကြည့်နေလျှင်…
ညီထက်က ခပ်တည်တည်နဲ့.. ဘာမပြော ညာမပြော ကျွန်မ အဝတ် ဗီရို..ဖွင့်ပြီး.. အဝတ်တွေကို တစ်ထည်ချင်း လွင့်ပစ်နေသည်…
ကျွန်မလဲ စိတ်တိုပြီး…
“နင် ဘာလုပ်တာလဲ..ညီထက်….”
လို့ အော်တော့.. မကြားယောင်ဆောင်ပြီး..ဆက်လုပ်နေသည်…
ကျွန်မလဲ ကုတင်ကနေ ဆင်းပြီး.. ညီထက်ကို ဆောင့်တွန်းတော့…
ညီထက် စပ်ဖြဲဖြဲ မျက်နှာနဲ့… လျှာကို တစ်လစ်လုပ်ပြီး…
“နင်..ခေါင်းဆောင် မဖြစ်ဘူး.ဆို.ငါပြောသားပဲ.. နင်ဘယ်တော့မှ အောင်မြင်သူ တစ်ယောက်ဖြစ်မှာ မဟုတ်ဘူးဆိုတာ..”..တဲ့..
ဒါ ကျွန်မ စိတ်ကို မဆိုင်တဲ့ စကားလုံးတေနဲ့ ..သက်သက်ဆွတာ…
ကျွန်မ စိတ်ပျက်စွာ မျက်လုံးကို စုံမှိတ်လိုက်ပြီး..
“နင်.အခု ထွက်သွား..နင်ပြောနေတာနဲ့ ..ငါ့ အဝတ်တွေ ဆွဲထုတ်နေတာနဲ့ဘာမှ မဆိုင်ဘူး.. ငါ့ဒေါသတွေ အတတ်နိုင်ဆုံး ထိန်းနေတဲ့ အချိန် ထွက်သွား..”
လို့ ပြောပြီး.. တွန်းထုတ်လိုက်သည်..
အရွယ်အားဖြင့်လဲ သိပ်မကွာ.. 4နှစ်ပဲ ကွာပြီး..ညီထက်က ထွားတော့.. ရန်ဖြစ်တိုင်း…ကျွန်မ ရှုံးသည်…
ကျွန်မ သူ့ကို ကြည့်မရလောက်အောင် မုန်းတယ် ဆိုတာလဲ.. သူသိ သည်…
ကျွန်မလဲ သူ့ကို တခါးဝ ထိ တွန်းပြီး.. အပြင်ထုတ်တော့..
ညီထက္​က…
ကျွန်မကို ကြမ်းပြင်ပေါ် ခပ်ကြမ်းကြမ်း ဆောင့်တွန်းလိုက်ပြီး…
“Happy birthday..အရူးမ..ရော့….နင်ရူးနေတဲ့ ဆံပင်တု..”
ဆိုပြီး.. ကြမ်းပြင်ပေါ် လွှင့်ပစ်ပေးသွားသည်..
ဘယ်လောက် မိုက်ရိုင်းလဲ…
“တောက်ခ်..”
ပြီးတော့.. သူကပဲ အခန်းတံခါးကို ဆောင့်ပြီး.. ပိတ်သွားသေးသည်..
ဒင်း မြန်မြန်သေရင် ကောင်းမယ်လို့ စိတ်ထဲ ကျိန်ဆဲ .. မိလိုက်သည်..
ကျွန်မရဲ့ တဒင်္ဂအတွေးတွေက မှားယွင်းခဲ့မယ် ဆိုတာ သိခဲ့ရင်..
ကျွန်မလဲ စိတ်တိုတိုနဲ့.. သူပစ်ပေးတဲ့ ရွှေအိုရောင် ဆံပင်တုကို အခန်းထောင့် တစ်နေရာ လွှင့်ပစ်လိုက်သည်…
အလုပ်တွေ ရှုပ်နေတာနှင့်.. ကိုယ့်မွေးနေ့ကိုယ်တောင် သတိမရခဲ့..
ညီထက်ပေးတဲ့ ဆံပင်တုက သရဖီ ရတဲ့ဆံပင်တုနဲ့ ခပ်ဆင်ဆင်…
အတန်ကြာတော့..
ကျွန်မလဲ နှမြောပြီး.. ပြန်ကောက်ကာ.. ခေါင်းပေါ်စွပ်ပြီး.. မှန်ကြည့့်လိုက်သည်..
ကျွန်မနဲ့ ဘယ်လောက်လိုက်လဲ…
ကျွန်မသာ ရွေးချယ် ခံရင်…ဟူးးး..
ကျွန်မ ဆက်မတွေးတော့ပါ.. ဆံပင်တုလေးကို မှန်တင်ခုံပေါ် တင်ပြီး..
ကုတင်ပေါ်တက်အိပ်လိုက်သည်..
အိမ်မက်ထဲမှာ.. ရွှေအိုရောင် ဆံနွယ်နဲ့ မိန်းကလေး တယောက်က..
ကျွန်မ အိပ်နေတာကို ထိုင်ကြည့်နေသည်..
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၃”
ကျွန်မတို့ မနက်ထဲက အကတိုက်နေကြသည်.. တစ်နေ့လုံး မနား
ညနေ အလှပြင်ခါနီး မှ.. နားကြသည်..
ဒီည ကျွန်မတို့ အဖွဲ့ရဲ့.. ပထမဆုံး showပွဲ မဟုတ်လား..
အကုန်လုံးလဲ စိတ်လှုပ်ရှားနေကြသည်…
ပထမဆုံးပွဲ ဖြစ်တဲ့ အတွက် တစုံတရာ မှားယွင်းလို့ မဖြစ်ပါ..
ကျွန်မ မိတ်ကပ်ပြင်ပြီး.. အဝတ်အစားလဲနေစဉ်..
တွယ်တာက အခန်းထဲ ပြေးဝင်လာပြီး…
“ပြသနာတော့ တက်ပြီ.. ရွှေအိုရောင် ဆံပင်တု မရှိတော့ဘူး..”
လို့ ပြာယိပြာယာ ပြောသည်…
ကျွန်မလဲ နားမလည်သလိုနဲ့…
“ဆံပင်တုက သရဖီ ဆီမှာမလား.. သူခဏနေ စွပ်ပြီး.. ကရမှာလေ..”
ပြောတော့..တွယ်တာက သက်ပြင်းချပြီး..
“ညက dinnerမှာ..ဆရာနဲ့ သရဖီ စကားများပြီး.. ဖျက်ဆီးမိတယ် ကြားတာပဲ.. အဲ့တုန်းက ဆရာက မူးနေတာလေ..ခုမှ ဒုက္ခ ရောက်နေတာ..”
လို့ ပြောတော့.. ကျွန်မ စိတ်ပူသွားသည်..
ကျွန်မတို့ရဲ့ ပထမဆုံးပွဲလေး အပျက်စီး မခံနိုင်ပါ..
ခေါင်းဆောင်မဟုတ်လဲ ခေါင်းဆောင်ထက် နာမည်ကြီးတဲ့ dancerတွေ ရှိသေးတယ်မလား..
ကျွန်မလဲ အဝတ်အစားလဲပြီး..
အပြင်ထွက်တော့… မာယာက ကျွန်မ ကျောပိုးအိတ်ထဲက ..တစုံတခုကို ထုတ်ပြီး..
“မြူး.. ဒါနင့်ဟာလား..”..တဲ့..
ကျွန်မ ဇဝေဇဝါ ဖြစ်သွားသည်…
မနေ့ညက ညီထက် ကျွန်မကို ပစ်ပေးတဲ့ ဆံပင်တု မလား..
အိတ်ထဲ ကျွန်မ ထည့်မိလို့လား…
ဆရာက..
“အရောင်လဲတူတယ်.. ပုံစံလဲ ခပ်ဆင်ဆင် ဒါမျိုးရှားတယ်..ဘယ်က ရတာလဲ ..မြူး.. ဆရာတို့ သရဖီအတွက် အသစ် မရချင်း သုံးချင်တယ်..အဆင်ပြေလား..”
လို့ မေးတော့ .. ကျွန်မလဲ စိတ်ထဲ တမျိုး ဖြစ်သွားကာ..
“ဟုတ်ကဲ့.. အဆင်ပြေပါတယ်..ဆရာ..”
လို့ ပြောပြီး.. အားတင်းပြုံးလိုက်သည်…အချိန်မှ မရတော့တာ..
ပွဲ မပျက်တာပဲ ကံကောင်း မဟုတ်လား..
ကျွန်မက ဘေးက ခုံမှာ ထိုင်ပြီး..သရီဖီကို အလှပြင် ဆရာမက ဆံနွယ်တု စွပ်ပေးတာကို ထိုင်ကြည့်နေလိုက်သည်..
အလှပြင် ဆရာမက ..ဆံပင်ကို ပုံဖော်ပြီး.. တန်ဆာဆင်နေသည်..
ပြီးတော့ အမှတ်မထင်.. ပိုနေတဲ့ ဆံပင်စ လေးကို ကတ်ကြေးနဲ့ ကိုက်ဖြတ်လိုက်လျှင်..
ကျွန်မ မျက်လုံးထဲ ဆံပင်ကနေ သွေးတွေ ပန်းထွက်လာတာကို မြင်လိုက်ရသည်…
ကျွန်မလဲ လန့်ပြီး..
“သွေး..သွေးတွေ..”
ကို လက်ညိုးထိုးပြီး အော်လိုက်သည်..
တွယ်တာက ကျွန်မပုခုံးကို အတင်းလှုပ်ပြီး..
“ဘယ်မှာလဲသွေးတွေ.. ဘာတွေအော်နေတာလဲ မြူးရဲ့..”
တဲ့…
ကျွန်မသေချာ ပြန်ကြည့်တော့.. ဆံပင်တုကနေ ဘာသွေးမှ မထွက်တော့..ကျွန်မပဲအိပ်ရေးပျက်တာ များပြီး.. ကယောင်ကတမ်းတေ မြင်နေတာ များလား..
အကုန်လုံး ပြင်ဆင် ပြီးတော့.. စင်နောက်ကနေ ထွက်ဖို့ ပြင်ကြသည်..
သရဖီက.. ကျွန်မနား ကပ်ပြီး..
“မြူး ငါ ခေါင်းတွေ အရမ်းလေးနေတယ်.. တယောက်ယောက် တက်ခွနေသလိုပဲ..” ပြောတော့.. ကျွန်မလဲ..
“သရဖီ လျောက်တွေး မနေနဲ့.. ထွက်ရတော့မှာ ငါတို့ အကောင်းဆုံး ကြိုးစားရမယ်.. ပထမဆုံး showပွဲ အောင်မြင်စေရမယ်..”
လို့ အားပေးစကား ပြောလိုက်သည်..
တကယ်တော့.. ကျွန်မ စိတ်ထဲ လဲ လေးနေတာ အမှန်ပါ.. တခုခု ကိုပဲ စိုးရိမ်နေသလိုလို…ပွဲ ပျက်မှာ ကြောက်နေမိသည်…
ကျွန်မတို့ အဖွဲ့ ပထမဆုံး တစ်ပုဒ်နဲ့.. ကပြီး.. ဖျော်ဖြေတော့.. ပရိတ်သတ်ရဲ့ အံ့မခန်း အားပေးမှုကို တွေ့ပြီး.. အရမ်း ပျော်ခဲ့သည်..
အကုန်လုံးကလဲ.. တက်တက်ကြွကြွနဲ့.. အားတက်သရော ဖျော်ဖြေကြသည်..
ဒုတိယ တစ်ပုဒ်မှာ.. သရဖီ မျက်နှာ ပျက်နေတာ ကရင်း သတိထားမိ လိုက်သည်..
သရဖီ နောက်ဆုတ်ပြီး.. ကနေ ချိန်.. ကျွန်မက ရှေ့ အထွက်..
သရဖီနဲ့ အတူ တစ်ယောက်ယောက်က လိုက်ကနေသလို ခံစားရသည်..
ကျွန်မလဲ အမျိုးအမည် မသိ ဝေဒနာကြီး ခံစားနေရစဉ်..
တတိယမြောက်.. သီချင်းပြောင်းပြီး..
သရဖီ ရှေ့ထွက်ကတော့..
သရဖီ ဂုတ်ပေါ်.. ကောင်မလေး တစ်ယောက် ခွထိုင်ပြီး.. ကနေတာ
မြင်လိုက်လျှင်..
အားးးး…
ကျွန်မစိတ်ထဲ မယုံနိုင်…
တွယ်တာနဲ့ မာယာကို ကြည့်တော့ .. မြင်ယုံ မပေါ်…
ဒါဆို.. ကျွန်မ တစ်ယောက်ထဲ မြင်နေရတာပေါ့…
သရဖီက ကရင်း.. စင်နောက်ကို ဝင်သွားသည်..
ဘာကြောင့်ဆိုတာ..ကျွန်မ သိလိုက်ပါပြီ…
တွယ်တာနဲ့ မာယာက.. သရဖီကို နားမလည်သလို ကြည့်ပြီး..သရုပ် မပျက်အောင်.. ပရိတ်သတ်ကို ထိန်းနေသည်..
ကျွန်မတို့ အဖွဲ့.. ဖျော်ဖြေပြီး.. အဝတ်အစား လဲဖို့…အခန်း ပြန်ခဲ့တော့..အဖွဲ့အစည်းက လူကြီးတွေက… မျက်နှာတွေ အကြီးအကျယ် ပျက်နေကြသည်..
သရဖီ ကရင်း စင် နောက် ဝင်သွားလို့ များလား..တွေးနေစဉ်..
ဆရာက…
“သရဖီ.. ခန်းမ အပေါ်ထပ်ကနေ.. ကယောင်ကတမ်းတွေ အော်ပြီး .. ခုန်ပြီး .. ခုန်ချသွားတယ်…”တဲ့….
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၄”
Showပွဲပြီးတော့.. ကျွန်မတို့ ၃ယောက်လုံး ဆေးရုံလိုက်သွားကြသည်
ပွဲမှာ ခေါင်းဆောင်ပျောက်သွားလို့.. ပရိတ်သတ် အတန်ငယ် ဆူခဲ့သော်လည်း ကြိုးစားပြီး..ထိန်းနိုင်ခဲ့သည်..
သရဖီကို ကျွန်မတို့ တွေ့တော့… မခံစားနိုင်.. ငိုမိလိုက်ကြသည်..
ဆရာဝန်က .. သရဖီ ကိုမာ ဖြစ်သွားတယ်တဲ့…
ဖြစ်ရလေ သရဖီရယ်.. နင်အရမ်းဖြစ်ချင်တဲ့ အရာကို ပိုင်ဆိုင်မှ ခုလို ဖြစ်ရတယ်တဲ့လား…
ကျွန်မ လူငယ် သဘာဝ သူနဲ့ ပြိုင်သလို ဖြစ်ပေမယ့်.. သူ့ကို မမုန်းပါ..
ဘယ်လိုပဲ ပြိုင်ပြိုင် .. showပွဲတေမှာဆို စည်းလုံးခဲ့တာ ကျွန်မတို့ အဖွဲ့ပဲ မဟုတ်လား…
ကျွန်မ အိမ်ရောက်တော့.. ပင်ပန်းပြီး.. အိပ်ယာထဲ ဝင်အိပ်ပစ်လိုက်သည်…တစ်ညလုံး ဖျော်ဖြေခဲ့ရတာမလား..
ပြီးတော့.. သရဖီဆီ ဝင်ပြီး..နေ့လည်မှ အိပ်ပြန်ရောက်ခဲ့သည်…
ညနေစောင်းမှ အိပ်ယာထကာ မှန်တင်ခုံရှေ့ထိုင်ပြီး.. တစ်ယောက်ထဲ တွေးနေမိသည်…
သရဖီ ခုလို ဖြစ်တာ.. အဓိက တရားခံက ဘယ်သူလဲ…
Showပွဲမှာ..ကျွန်မ မြင်ခဲ့ရတာတွေရော.ဘာတွေလဲ…
အဖြေတစ်ခုတော့ ရှိရမယ်….လို့ တွေးနေစဉ်..
တွယ်တာဆီက phဝင်လာသည်…
ကျွန်မ phကိုင်တာနဲ့ တွယ်တာက.. တုန်ယင်နေတဲ့ အသံနဲ့..
“မြူး.. ညနေက ငါ့တို့ကို မိတ်ကပ်ပြင်ပေးတဲ့ အမ.. ဆုံးပြီတဲ့..”
“ဟင်..”
့ကျွန်မ အံအားသင့်သွားသည်… ညနေက အဲ့အမ ဆံနွယ်တုကို ကတ်ကြေးနဲ့ ကိုက်ဖြတ်တော့.. သွေးတွေ ပန်းထွက်လာတာ စိတ်ထဲ မြင်မိလိုက်သည်…
မိတ်ကပ်ပြင်တဲ့ အမနဲ့ သရဖီဖြစ်ရတာ ရွှေအိုရောင် ဆံနွယ်တုနဲ့များ ပတ်သတ်နေ မလား..
မဟုတ်သေးပါဘူး..
တွယ်တာက.. ဆက်ပြီး..
“ငါ့ကိုလဲ.. မာယာ phဆက်ပြီး ပြောတာ.. ဘယ်လိုသေတယ်ဆိုတာ
တော့ မပြောတော့ဘူးဟာ.. အသေဆိုးနဲ့ သေတာ တဲ့ဟ..”
လို့ ပြောလျှင် .. ကျွန်မလဲ ဆက်ပြီး နားမထောင်ချင်တော့တာနဲ့..
“တွယ်တာ.. မပြောနဲ့တော့.. ငါ အဲ့တာတွေ နားမထောင်ရဲဘူး..ငါလဲ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်..ဒါပေမယ့်ဟာ.. အခုလို မကောင်းတဲ့အရာတွေ ဘာလို့ ဆက်တိုက်ဖြစ်နေလဲ စဉ်းစားမရဘူး..”
လို့ ပြောတာ့.. phထဲနေ တွယ်တာရဲ့ သက်ပြင်း တစ်ချက် ရှိုက်သံကို..
ခပ်တိုးတိုးလေး ကြားလိုက်ရသည်…
ကျွန်မလဲ phချဖို့ ပြောမယ် ပြင်တော့..တွယ်တာက..
“အော်..ဒါနဲ့ မေ့နေတာ.. မနက်ဖန်.. ကန်တော်ဘက်က show ပွဲမှာ .. ငါတို့၃ယောက် ဖျော်ဖြေဖို့ရှိတယ်…”
ပြောတော့.. ကျွန်မစိတ်ထဲ တမျိုးကြီး ဖြစ်သွားသည် …
ဘာတွေများ ဆက်ဖြစ်ဦးမလဲ…
တွယ်တာက စိတ်မရှည်သလိုနဲ့..
“မြူး.. ငါပြောတာ.. နင်ကြားရောကြားလား..”
သတိပေးမှ.. အသိဝင်ပြီး..
“အင်း..ကြားတယ်..အာ့ဆို.. ဒါပဲလေဟာ.. ငါphချလိုက်တော့မယ်..”
ပြောပြီး.. ချလိုက်သည်…
ကျွန်မ စိတ်ထဲ ဖျတ်ခနဲ အတွေးဝင်တာ.. ညီထက်..ဒီဆံနွယ်တုကို ဘယ်က ရခဲ့ သလဲပေါ့…
ကျွန်မ ချက်ချင်း ညီထက်အခန်းရှေ့ သွားလိုက်သည်..
ပြီးတော့.. တံခါးကို ခပ်ကြမ်းကြမ်းလေး ခေါက်လိုက်ပြီး…
“ညီထက် တံခါးဖွင့်ဦး.. ပြောစရာရှိတယ်..”
လို့ အော်တော့.. အိပ်ပဲပျော်နေတာလား.. တမင်ပဲ မဖွင့်တာလား.. မသိ..
ကျွန်မလဲ နောက်ထပ် အားနဲ့ ဆရာမျိုးရယ်…
“ဘာလဲဟာ.. ဘာလဲပြော.. နင်တော်တော် ရှုပ်တာပဲ..”
လို့ ပြောတော့.. ကျွန်မလဲ တခါးဝက သူ့ကို တွန်းပြီး..အခန်းထဲက သူ့ ခုတင်ပေါ် ထိုင်လိုက်သည်…
ညီထက်က ကျွန်မကို သေချာစိုက်ကြည့်ပြီး..
“နင်.. ဟို ဆံပင်တု ဘယ်ကရတာလဲ..”
မေးလိုက်သည်…
ညီထက်က စဉ်းစား သလိုလုပ်ပြီး.. ဟက်ခနဲ တချက်ရယ်သည်..
ပုံစံက နဲနဲမှ ထောင့်မကျိုး… သူ့ကို မုန်းတာ အဲ့ပုံစံတွေ..
ကျွန်မလဲ စိတ်မရှည်တာနဲ့..
“ငါမေးတာဖြေပါ..”
လို့ အော်လိုက်သည်…
ညီထက်က.. သူ့ရဲ့ ညအိပ်ဘောင်းဘီထဲ လက်လျှိပြီး..
“ငါ့သူငယ်ချင်း .. မိသားစု အဲ့ဆံပင်တုကြောင့် ဒုက္ခ ရောက်ရတယ်ပြောတယ်..သူတို့ကို မိန်းမတယောက် စျေးပေါပေါနဲ့ လာရောင်းတယ်ဆိုပဲ..ငါ အယုံအကြည့် မရှိဘူး..အာ့မို့ စမ်းသပ်ချင်လို့..ယူလာတာ”
ပြောတော့.. ကျွန်မ တော်တော် အံ့သြသွားသည်…
ညီထက်ရယ် နင် အရွယ်နဲ့ မလိုက်အောင်.. အတတ်ကောင်းတွေ တတ်နေတာပေါ့ ဟုတ်လား…
ရင်ထဲ ပူလောင်လာသည်…
ကျွန်မလဲ..စိတ်တိုပြီး..
“အဲ့..ဆံပင်တုကြောင့် ဒုက္ခ တွေ ရောက်နေပြီ..သိလား.. အဲ့ဆံပင်မှာ မကောင်းဆိုးဝါး အငွေ့အသက်မရှိဘူးလို့ .. နင်ပြောနိုင်လား….”
ဆိုလျှင်.. ညီထက် ကျွန်မကို နားမလည် သလို ကြည့့်သည်…
ပြီးတော့… တစ်ခုခုကို စဉ်းစားမိဟန် ဖြင့်.. မျက်နှာ အကြီးအကျယ်ပျက်သွားသည်..
“နင် ငါ ပြောတာ ကြားလား..”
“ဆောရီး.. ဒီလိုတွေ ဖြစ်လာမယ်လို့ .. ထင်မထားမိလို့ပါ..”တဲ့..
ညီထက်ရဲ့.. အခုလို တည်ငြိမ်စွာ စကားပြောတာမျိုး ကျွန်မ လုံးဝ မမြင်ဖူး..ပါ..
ညီထက်က ဟက်ခနဲ.. မရယ်ချင့်ရယ်ချင်..ရယ်ပြီး..
“သူ အကုန်လုံးကို မသတ်ခင် ဖျက်ဆီးရမယ်..”တဲ့..
ကျွန်မ အကြီးအကျယ်တုန်လှုပ်သွားသည်…
ဒါဆို..ဒီ ဆံပင်တုနဲ့ ပတ်သတ်သူ အကုန် သေရမယ်ပေါ့..
မဖြစ်ဘူး.. ကျွန်မ သရဖီဆီက ဆံပင်တု ပြန်သွားယူရမယ်…
ကျွန်မ..လက်တွေတုန်ယင်စွာနဲ့..ဆရာ့ဆီ..phခေါ်မိသည်..
ဆရာphကိုင် ကိုင်ချင်း..စပီကာ ဖွင့်လိုက်ပြီး..
“ဆရာ့.. သမီးသရဖီ ဆီက ဆံပင်တုလေး ပြန်လိုချင်လို့ပါ.. သမီး ခု
လာယူမယ်ဆရာ.. ရလား..”
လို့ ပြောတော့…ဆရာက..
“ဆရာ .. ပြောထားတယ်လေ.. နောက်ထပ်တစ်ခု မရမချင်း.. သုံးမယ်လို့.. မနက်ဖန် ကန်တော် Showပွဲအတွက်.. မာယာ သုံးဖို့ ဆရာပေးလိုက်တယ်..”
ဆိုလျှင်.. ကျွန်မ ဆောက်တည်ရာ မရဖြစ်သွားသည်…
နောက်ထပ် သားကောင်က မာယာဖြစ်တော့မယ်ပေါ့..
ခုချိန် သရဖီမရှိလို့.. ကျွန်မကို ခေါင်းဆောင်မပေးပဲ မာယာကို ခေါင်းဆောင်ပေးတာ မနာလို မဖြစ်နိုင်သေးပါ..
မာယာ အတွက်သာ စိတ်ပူမိသည်…
ကျွန်မ အခုချိန် အမှန် အတိုင်း ပြောရမလား…
ကျွန်မ ပြောရင်ရော လက်ခံကြမှာလား..
သေချာတာ တစ်ခုကတော့.. ရွှေအိုရောင် ဆံပင်တုလေးမှာ.. မကောင်းဆိုးဝါး အငွေ့အသက်တွေ ရှိနေသည်..
အို.. မဖြစ်သေးပါဘူး..ကျွန်မ မာယာဆီ ခု သွားယူလို့ ရတယ်… မဟုတ်လား..
ဆရာက..
“ဒါပဲလေ.. ဆရာမအားလို့..”..ပြောလျှင်.. ကျွန်မလဲ..
“ဟုတ်ကဲ့..”
ဆိုပြီး… ညီထက်ကို.. ..ကြည့်ပြီး..ပြောလိုက်သည်…
ကျွန်မ နှုတ်ခမ်းကို တချက်မဲ့လိုက်ပြီး..
“နင်. အခု ချက်ချင်း ငါနဲ့လိုက်ခဲ့.. အဲ့ ဆံပင်တုကြောင့်..ငါတို့ အဖွဲ့တယောက် ကိုမာ ဖြစ်တယ်.. မိတ်ကပ်လိမ်းတဲ့ တယောက်က ဆုံးပြီ..”
ပြောပြီး.. ညီထက် လက်ကို ဆောင့်ဆွဲ ခေါ်လိုက်သည်…
ညီထက်ကို အခုလို စိတ်ဆိုးမာန်ဆိးုနဲ့…. ကျွန်မသာ.. မခေါ်ခဲ့မိဘူး ဆိုရင်..
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၅”
ကျွန်မ မာယာဆီ phဆက်တော့.. အကခန်းမမှာ လေ့ကျင့်နေတယ်ဆိုလို့ ကျွန်မ နဲ့.. ညီထက်လိုက်သွားခဲ့သည်..
မိုးတောင်.. အနည်းငယ် ချုပ်နေပြီ..
ခန်းမရောက်တော့.. မထင်မှတ်စွာပင်.. လူတွေ ဝိုင်းအုံနေသည်..
ဘုရား..ဘုရား..
မာယာ ဘာမှ မဖြစ်ပါစေနဲ့..
ကျွန်မ.. မာယာကို.စိတ်ပူပြီး လူအုပ်ကြား အတင်းတိုးလိုက်လျှင်…
မာယာက.. အလှပြင်တဲ့ မှန်တင်ခုံမှာ ထိုင်ပြီး..သူ့ ဆံပင်တွေကို ကတ်ကြေးနဲ့.. တစ်စစီ ကိုက်ဖြတ်နေသည်…
ကျွန်မနဲ့.. phဆက်တုန်းကတောင်.. ကောင်းကောင်းမွန်မွန် ပြောနေတာပါ..ခု ဘယ်လိုတွေ ဖြစ်ရတာလဲ..
ကျွန်မ တုန်လှုပ်လာသည်..
သူထိုင်တဲ့.. ခုံရဲ့ ဘေးမှာ ရွှေအိုရောင် ဆံပင်တုလေး ကျနေသည်.
ကို မြင်လျှင်.. အခြေအနေ တစ်ခုကို သတိထားမိလာသည်..
ပြီးတော့.. ခေါင်းပေါ် ရေတွေလောင်းပြီး.. ဘရိတ်ဓား တစ်ချောင်းနဲ့ ရိတ်ချနေတော့.. အဖွဲ့အစည်းက လူတွေက မလုပ်ဖို့တားသည်..
အကုန်လုံး ထိတ်လန့်နေကြသည်..မဟုတ်လား..
ဘေးက ပြောနေတဲ့ လူတွေရဲ့ စကားသံတွေကိုလည်း.. မာယာ ကြားရပုံ မပေါ်…
အနားလာတဲ့သူ တစ်ချို့ကိုလဲ..
“အနားမလာနဲ့နော်.. ကိုယ့်ကိုယ်ကို သတ်သေပစ်မှာ..”
လို့.. အရူးတစ်ယောက်လို အော်နေတော့..ဘယ်သူမှ… အနား မသွားရဲ့..
မာယာ ဆံပင်တွေလဲ တော်တော်ပျက်စီးနေသည်.. ဆံပင်ရိတ်မိတဲ့ နေရာတွေက..ကတုံးဖြစ်နေပြီ…
ကျွန်မ မာယာအနား သွားဖို့.. အမှတ်မထင် မှန်ထဲက မာယာကို ကြည့်မိလိုက်လျှင်… မျက်နှာတစ်ခုလုံး ဖြူစွတ်ကာ.. မျက်ကွင်းတွေ ညိုနေတဲ့ ကောင်မလေးက ဟီးခနဲ ရယ်ပြသည်….
ဘုရားရေ..
ဒါ…. မာယာမှ မဟုတ်ပဲ..
ကျွန်မ .. ကြက်သီးတွေ ထပြီး.. ခေါင်းတွေ ကြီးလာသည်..
ကျွန်တစ်ယောက်ထဲ မြင်တာလား..ကျန်တဲ့သူ ဘယ်သူမှ မမြင်ဘူးလား..
ခေါင်းတွေ မူးလာပြီး ထိုနေရာမှာ ထိုင်ချမိလိုက်သည်..
ထိုအခါ…
ညီထက်က သွေးပျက်နေတဲ့ အမူအယာနဲ့..
“ငါ မှန်ထဲက..မကောင်းဆိုးဝါးမကို..ငါ မြင်နေရတယ်..”တဲ့…
ကျွန်မ ညီထက်ကို သတ်ပစ်ချင်သည်….
မျက်ရည်တွေ စီးကျလာပြီး …
“နင် သိရက်နဲ့ သက်သက်လုပ်တာ.. နင် မစမ်းသပ်ကောင်းတာတွေ စမ်းသပ်လို့.. အခုလို မဖြစ့်သင့်တာတွေ ဖြစ်ရတာ.. လူသတ်တရားခံက နင်ပဲ..သိလား…”
လို့.. ပြောလိုက်လျှင်…ညီထက်က မျက်နှာလေးငယ်ပြီး.. နောက်ကိုတစ်လှမ်းချင်း ဆုတ်သည်..
“မဟုတ်ဘူး.. ငါ လူမသတ်ဘူး.”
ဆိုလျှင်..လူအုပ်ကြီးရဲ့…
“အမလေး”
လို့.. ကြောက်ခမန်း လိလိ အော်သံကြီးကို ကြားလိုက်ရသည်..
ကျွန်မလဲ မာယာအတွက် စိတ်ပူပြီး ကြည့်မိလျှင်…. မာယာက သူ့ လက်ကောက်၀တ်က သွေးကြောကို.. ဓားနဲ့ဖြတ်ပြီး… လဲကျသွားသည်..
အကုန်လုံးက… မာယာကို ပွေ့ပြီး.. ဆေးရုံပို့ဖို့… အော်ဟစ် အလုပ်တွေ ရှုပ်နေကြသည်…
ကျွန်မလဲ မာယာ့နား ပြေးပြီး..ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ.. ငိုနေစဉ်.. ညီထက်က.. ရွှေအိုရောင် ဆံပင်တုကို.ခြေထောက်နဲ့ နင်းခြေနေတာ မြင်လိုက်ရသည်…
ကျွန်မ နားထဲ.. ဆံနွယ်တုရဲ့.. ညည်းတွား သံ..
ဟင်..
“ညီထက် မလုပ်နဲ့..”
ကျွန်မ တားနေပါသော်လည်း… နောက်ကျသွားသည်…
ညီထက်က.. ဆံပင်တုကို ယူပြီး.. ခန်းမ အပြင် ထွက်သွားသည်..
မကောင်းတဲ့ နိမတ်ဆိုးကြီး ကျရောက်လာသလို…
ညီထက် ဘာမှ မဖြစ်ပါစေနဲ့..
ကျွန်မလဲ.. ညီထက် နောက်..ပြေးလိုက်ပြီး…
မလုပ်ဖို့..ပြောနေသော်လည်း.. ညီထက်က အရေးပင်မလုပ်..
ဒေါသတကြီးနဲ့… ကားလမ်း တစ်ဖက် ပြေးကူးသည်…
ထိုအခါ…
အမှတ်မထင်… တစ်ဖက်က အရှိန်နဲ့ လာတဲ့ တစ်စီးက.. ညီထက်ကို.. အရှိန်နဲ့ တိုက်ဖြတ်သွားတာ မြင်လိုက်လျှင်…
“ညီထက်…အားး….”
ကျွန်မ ငယ်သံ ပါအောင် အော်လိုက်သည်….
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၆”
(ဇာတ်သိမ်းပိုင်း)
ကျွန်မရဲ့… မောင်လေးကို..ဆုံးရှုံးရပြီ…
ညီထက် စျာပနာ ပွဲ ပြီးတဲ့.. အထိ ကျွန်မ ဘယ်မှ မသွား..
ကျွန်မသာ.. အဲ့နေ့က.. ညီထက်ကို ခေါ်မသွားခဲ့ရင်..
ဟူးးးး..
မျက်ရည်တွေက ဝဲတက်လာသည်…
တကယ်တော့.. ညီထက်က ကျွန်မကို ချစ်လို့ စနောက်ခဲ့တာ.. ကျွန်.. အထင်မြင်တွေ လွဲမှားပြီး.. မုန်းတီးမိခဲ့သည်..
လူတစ်ယောက်ရဲ့.. တန်ဖိုး ဆိုတာ.. မရှိတော့မှ.. သိရတာတဲ့..
ညီထက်အပေါ်.. တစ်ခါမှ အကောင်း မမြင်ခဲ့.. အမြဲ ရန်လိုခဲ့မိသည်..
ညီထက်ရယ်.. နောက်ဆုံး အချိန်ထိ နင်နဲ့ငါ မတည့်ခဲ့ပါလား…
ကျွန်မ ရက်အတန်ကြာ စက်ပိတ်ထားတဲ့ ဖုန်းလေးက်ို ဖွင့်လိုက်သည်..
ရည်မှန်းချက်အတွက် အလုပ်တွေ ဆက်လုပ်နေရဦးမည်.. မဟုတ်လား..
Ph ဖွင့် ဖွင့်ခြင်း… miss callနဲ့ Message တွေအများကြီး တက်လာသော်လည်း…
ကျွန်မ မဖတ်ဖြစ်…ဖတ်လဲ မဖတ်ချင်..
စ်ိတ်နဲ့ လူနဲ့ မကပ်တာပဲ သိသည်..
လိုင်းဖွင့်ပြီး…fbထဲ ၀င်လိုက်လျှင်ပဲ..တွယ်တာ ရွှေအိုရောင် ဆံပင်တုကို စွပ်ပြီး ရိုက်ထားတဲ့.. ပုံတွေ တက်လာသည်…
ဟင်..
အခုချိန်ထိ အဆုံးမသတ်သေးပါလား…
နောက်ထပ် ကံဆိုးခြင်းတွေ ပေးဦးမှာ လား…မပြီးနိုင်သေးတဲ့ ကံကြမ္မာ ဆိုးတွေပေါ့….
ကျွန်မ.. ချက်ချင်းပဲ…တွယ်တာဆီ phခေါ်ပြီး..
“တွယ်တာ..သေချာနားထောင်.. ရွှေအိုရောင် ဆံပင်တုမှာ..မကောင်းဆိုးဝါး ကပ်နေတယ်…နင် ခု ဘယ်မှာလဲ.. ငါ လာခဲ့မယ်..”
လို့ ပြောလိုက်မိသည်..
“ဘာတွေ ပြောနေတာလဲ မြူးရဲ့.. ငါ..ခနနေအင်တာဗျူး ဖြေရမယ်..Live တင်တော့မှာမို့ နောက်မှ ဆက်ပြောရအောင်..”
ဆိုလျှင်.. ကျွန်မလဲ..
“နေဦး.. အင်တာဗျူး ဖြေရင်.. အဲ့ ဆံပင်တု တပ်မသွားနဲ့..”လို့..
ထိုအခါ..
တွယ်တာရဲ့.. ကျွတ်တစ်ချက်သတ်သံကို ကြားလိုက်ရသည်..
တွယ်တာရယ်.. နင်ဘာလို့.. ငါ့ စေတနာ နားမလည်ရတာလဲ..
“ဆရာက ငါ ခေါင်းဆောင် ဖြစ်နိုင်တယ်တဲ့.. ငါအခု အဖွဲ့ကိုယ်စား အင်တာဗျူး ဖြေရမှာ .. နင် ခံစားရတာ နားလည်ပါတယ်.. ငါ့ကို နားလည်ဟာ..”
ဆိုပြီး စိတ်ပျက်တဲ့ အသံနဲ့ Phဖုန်းချသွားသည်..
မဟုတ်သေးဘူး..
နင်ခေါင်းဆောင် ဖြစ်တာ မနာလိုလို့ ထင်နေတာလား.. တွယ်တာရယ်..
ငါ နင့်ကို ဒုက္ခမရောက်စေချင်တာ…လို့ စိတ်ထဲ ပြောလိုက်သည်..
ကျွန်မ.. . စလင်းဘတ်အိတ်ကို လွယ်ပြီး.. အင်တာဗျူး ဖြေမယ့်ဆီ
လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်…
ကျွန်မ မရောက်ခင်လေးတင် ..အင်တာဗျူး.. ပျက်သွားတယ်တဲ့..
တွယ်တာကိုလဲ.. အဖွဲ့အစည်းက လူတွေ ယောက်ယက်ခတ်အောင်..ရှာနေကြသည်…
တွယ်တာ ဘာမှ မဖြစ်ပါစေနဲ့.. ဆုတောင်းယုံက လွဲလို့.. ဘာမှ မတတ်နိုင်….
ကျွန်မ စိတ်ဓာတ်တွေကျပြီး အိမ်ပြန်လာခဲ့သည် .
ညရောက်တော့..
ကြားရတဲ့ သတင်းက.. တွယ်တာ.. ဆေးတွေ အလွန်ကျွံသောက်ပြီး.. အသက် အန္တရာယ် စိုးရ်ိမ်ရတယ်တဲ့…
အဖွဲ့အစည်းက.. ကျွန်မဆီကို.. ခေါင်းဆောင်ဖြစ်ကြောင်း.. ဂုဏ်ပြု လွှာနဲ့ .. ရွှေအိုရောင်..ဆံပင်တုကို.. အိမ်ပို့လိုက်သည်…
နောက်ဆုံးတော့ ကျွန်မလက်ထဲ ပြန်ရောက်လာခဲ့ပြီ မဟုတ်လား..
အဆုံးသတ်ချိန် တန်ပြီလေ..
ကျွန်မ နှုတ်ခမ်းကို တစ်ချက်မဲ့ကာ..ပြုံးလိုက်သည်…
ပြီးတော့…ကျွန်မ အခန်းထဲ..မီးဖို ဖိုလိုက်ကာ… ဆံပင်တုကို ပစ်ချဖို့.. ပြင်လျှင်.. ကျွန်မကို.. တစ်စုံတစ်ယောက်က အားနဲ့ ဆောင့်တွန်းခြင်း .. ခံလိုက်ရသည်..
ရွှေအိုရောင် ဆံပင်ဖားလျားနဲ့ ကောင်မလေးက.. ကျွန်မကို တောက်တစ်ချက် ခေါက်ကာ.. အငြိုးကြီးစွာ.. ကြည့့်သည်…
ကျွန်မ လုံးဝ မကြောက်တော့ပါ.. သူကြောင့်.. ကျွန်မတို့ အိမ်မက်တွေ..ပျက်စီး ခဲ့ရပြီးပြီ…
ကျွန်မ သူ့ကို ခွင့်မလွှတ်ဘူး…
ကျွန်မလဲ..လွတ်ကျသွားတဲ့ ဆံပင်တုကို ပြန်ကောက်ပြီး မီးထဲ ထည့်ဖို့ ကြိုးစားလျှင်.. ထိုကောင်မလေးက..ကျွန်မပေါ် တက်ခွပြီး လည်ပင်းညှစ်သည်…
“နင်..ငါ့ဆံပင်ကို ဘယ်တော့မှ.. ဖျက်ဆီးလို့ မရဘူး.. ငါ့ ဆံပင်ကို.. ဖျက်စီးတဲ့.. သူတိုင်း.. အသေဆိုးနဲ့ သေရမယ်လို့.. “တဲ့..
ကျွန်မမှာ တစ်ကိုယ်လုံးချုပ်မိပြီး… လုံးဝ မလှုပ်နိုင်.. မျက်ဖြူလန်ပြီး.. သတိတွေက ရတစ်ချက် မရတစ်ချက်..ဖြစ်နေသည်..
ကျွန်မ တကယ်ပဲ..အရှုံးပေးလိုက်ရတော့မှာလား…..
ဒါဟာ.. ကျွန်မရဲ့.. နောက်ဆုံး အချိန်ပဲလား…
ကျွန်မ သေရတော့မယ်ပေါ့…
ထိုစဉ်…ကျွန်မကို .. ကြည်လင်အေးမြတဲ့.. ရေစက်တွေ ထိတွေ့လာလျှင်… သရဲမရဲ့..
“အားး”
ဆိုတဲ့ အသံနက်ကြီးကို ကြားလိုက်ရပြီး…ကျန်တာ ဘာမှ မသိတော့…
@@@@@@@@
ကျွန်မ သတိရတော့.. ဖေဖေနဲ့ မေမေက ငိုနေသည်…
ညီထက်ကို..ဆုံးရှုံးပြီးတော့.. ကျွန်မကို ထပ်ဆုံးရှုံးမှာ ကြောက်နေကြသည်…
ကျွန်မလဲ.. ဖြစ်ခဲ့သမျှ.. အလုံးစုံ .. ဖေဖေနဲ့ မေမေကို…. ရှိုက်ကြီးတငင် ငိုပြီးပြောပြလိုက်သည်….
ညီထက် သေရတာ ကျွန်မကြောင့်လို့..
နောက်ရက်..
မနက်အစောကြီး.. ဖေဖေနဲ့ မေမေက.. ကျွန်မကို.. ဘုန်းကြီးကျောင်း တစ်ခု.. လိုက်ပို့သည်…
ဘုန်းဘုန်းက… ဆံပင်တွေကို အလှူခံပြီး.. တံတားဆောက်မယ် ဆိုတော့.. ဘုန်းဘုန်းကို.. အကျိူးအကြောင်း ပြောပြပြီး… ရွှေအိုရောင်ဆံပင်တုကို… လှူခဲ့သည်…
နောက်ဆုံးတော့…ကျွန်မတို့ အကုန်လုံး.. လွတ်မြောက်ခဲ့ပြီလေ….
စိတ်တွေ ပေါ့ပါးသွားသလို ခံစားရသည်..
ကျွန်မ သူငယ်ချင်း၃ယောက်လဲ.. အခုဆို အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ.. မရှိတော့…
သူတို့ ကျန်းမာရေးကောင်းတာနဲ့… အရင်လို Showပွဲတွေကို.. အတူ ဖျော်ဖြေရတော့မှာ ဖြစ်၍..အတွေးတွေနဲ့…ပျော်နေမိသည်..
အိမ်မက်ထဲမှာ…သရဲမက..
“နင် ကျွတ်စေချင်လို့.. ငါ့ ဆံပင်တွေ လှူခဲ့ပေမယ်.. ငါ ဆံပင်ကို ငါ
စွဲလမ်းတုန်းပဲ… ငါ့ဆံပင်ကို ထိခိုက်တဲ့သူ အသေဆိုးနဲ့သေမယ်..”..
တဲ့…
ကျွန်မ လန့်နိုးတော့.. မနက်လင်းပြီ…
ကျွန်မ အိပ်ယာက ထတာနှင့်…ပြင်ဆင်ပြီး… ဘုန်းကြီးကျောင်းကို ထွက်လာခဲ့သည်..
ဘုန်းဘုန်းကို အ်ိမ်မက်အကြောင်း အကျိုးအကြောင်း ပြောပြရမည် မဟုတ်လား..
ဘုန်းကြီးကျောင်း အ၀င်…အရှိန်နဲ့.. မောင်းလာတဲ့ ကားတစ်စီးကို ရှောင်လိုက်ရ၍.. ကျွန်မ ခြေထောက်ခေါက်ပြီး လဲသွားသည်..
ကျွန်မလဲ မကျေနပ်စွာပင် .. မှန်ချထားတဲ့ တံခါးပေါက်ကို.. မျက်စောင်းခဲပြီး ကြည့်ပစ်လိုက်သည်..
ထိုအခါ..
ကားမောင်းသူ ကောင်မလေးရဲ့.. ဆံပင်မှာ..ရွှေအိုရောင် ဆံပင်တုကို စွပ်ထားတာကို… မြင်လိုက်လျှင်…..
သရဲမရဲ့…
“နင် ကျွတ်စေချင်လို့.. ငါ့ ဆံပင်တွေ လှူခဲ့ပေမယ်.. ငါ ဆံပင်ကို ငါ
စွဲလမ်းတုန်းပဲ… ငါ့ဆံပင်ကို ထိခိုက်တဲ့သူတိုင်း အသေဆိုးနဲ့သေမယ်..”..
ဆိုတာကို..ပဲ့တင်ထပ်သလို.. ကြားလိုက်ရသည်…

လေးစားစွာဖြင့်..
နွေရွက်လွှာ…