အသက်ကိုရင်း၍(စ/ဆုံး)

Unicode Version

အသက်ကိုရင်း၍(စ/ဆုံး)
——————————
“ကျွန်တော်တော့ – ဒီကိစ္စကြီးကို သိပ်မသင်္ကာချင်ဘူး ဆရာ။ သွေးရိုး သားရိုး ဟုတ်မယ်လို့လည်း မထင်ဘူး။ ပြီးတော့ – ယောကြီးလေဆရာရဲ့။ ယောကြီးဆိုတာဘယ်လိုကောင်စားမျိုးဆိုတာဆရာသိပါတယ်။ နောက်… သူ့တပည့်ကျော်တစ်ဖက်လပ်ဘတင်…ဟို-“ကျောက်တစ်လုံးဘတင်”လေ ဆရာ။အဲ…ဘတင်လွတ်သွားတာမနေ့တစ်နေ့ကလေးတင်ရှိသေး။ ဟော…
ယောကြီးတို့ကဒီမှာ- ရုပ်ရှင်ရိုက်ပြနေပြီ။ပိုဆိုးတာကဒီကနေ့ထောင်ဝင်စာ စာရေးတန်းထဲမှာဘတင်ကို ရိုးတိုးရိပ်တိပ် မြင်လိုက်မိကြသေးသတဲ့။ အဲဒီတော့မဟုတ်ခါမှ လွဲရော့ – ဆရာရှေ့၊ ယောကြီး အကြံအဖန်လုပ်နေပြီ လို့ထင်တာပဲ။ သေချာအောင် ပြန်စဉ်းစားပါဦး” သူပြောတော့လည်းဟုတ်နေသည်။
ကံလှဆိုသည့်ပုဂ္ဂိုလ်အကောင်းစားကလေးကနှယ်နှယ်ရရလူမဟုတ်။ သည်ထောင်ကြီးဧရာမှာ နေသား (၁ဝ)နှစ်ကျော်ပြီ ဖြစ်သည့် ထောင်စာ၊ ထောင်အထာတွေကို မွှတ်နေအောင် ကျမ်းကြေနေသည့် ငနဲတစ်ကောင်ဖြစ်သည်။ထောင်တွင်းစီအိုင်ဒီအဖြစ်သိုသိုသိပ်သိပ်မြှုပ်နှံထားသည့်ထောင်
အာဏာပိုင်များ၏လက်ကသုံးတောင်ဝှေး၊ သတင်းပေး၊ သတင်းစု၊ ဦးစံရှား လက်သစ်များ၏ ကြိုးကိုင်။ မိန်းမထောင်မှ လွဲ၍ သည်တစ်ထောင်လုံး တိုးလျှိုပေါက် တံခါးမရှိ၊ ဓားမရှိ အထဲဝင် အပြင်ထွက် ထင်သလို ဥဒဟို သွားနိုင်လာနိုင်မွှေနှောက်နိုင်ကြသူများလည်း ဖြစ်သည်။
သူ့လက်အောက်တွင် “မိုးကျရွှေကိုယ် အောင်ထီ”၏ မိလ္လာဘုတ် တစ်ဘုတ်လုံးက ရှိရှိသမျှ အိပ်ထောင်တိုင်း၊ တိုက်ခန်းတိုင်း၏ ဟိုဟို သည်သည် အကြိုအကြား မကျန်မှာ အချိန်နှင့်အမျှ ဖြိုးခနဲ ဖျပ်ခနဲ ဖြစ်ဖြစ် နေကြသည့် သတင်းပလင်း၊ အူသင်းအူမွှားစုံစီနဖာတွေကို (၁၅)မိနစ် တစ်ကြိမ် ပို့ပေးလျက်ရှိရာ သူတို့သတင်းတွေက အမျိုးအစားစုံရုံမျှမက နောက်ဆုံးပေါ်စက်ရပ်သတင်းတွေချည်း။
“ယောကြီး (ခ) ယောနသံ (ခ)ခင်မောင်ဝမ်းတစ်ယောက် သူ့ကိုယ်သူ ဝမ်းရောဂါဖြစ်ချင်ယောင်တမင်ဖန်တီးပြီးအပြင်ဆေးရုံထွက်၊ အပြင်ဆေးရုံ ကနေထွက်ပြေးဖို့ကြံနေသတဲ့။”ဟူသောမဆံ့ရင်ကန်သတင်းကြီးတစ်ပုဒ် ကိုလည်းအောင်ထီတို့အဖွဲ့ကလွန်ခဲ့သောသုံးလေးရက်ကပင် အနံ့ခံနိုင်ခဲ့ကြ
ပြီးဖြစ်သည်။ သို့ပေသော်မှယောကြီးကတုတ်တုတ်မလှုပ်၊မှင်နှင့်မောင်းနှင့် ဣန္ဒြေရလွန်းလှ၍ဇဝေဇဝါမှုန်ဝါးဝါးကြီး ဖြစ်နေခဲ့ကြရ၏။
ယခုဖြင့်သင်းက စလှုပ်လာပြီ။ “အသာစောင့်ကြည့်နေစမ်းပါကွာ။ ကြောင်ကြာကြာ ရေမငုပ်ပါဘူး”ဆိုသည့် ထောင်လက်သုံးစကားကား ကွက်တိဒက်ထိမှန်လေပြီထင်ပ။
“နေပါဦးကွာ။ ဒီကောင် ဆေးရုံကို ရောက်လာတုန်းက ပက်လက် ကလေးကပ်နဲ့ထမ်းပြီးလာပို့ကြရတာတဲ့။ မျက်တွင်းလက်တစ်နှိုက်လောက်
နဲ့။ပိန်လိမ်ရှုံ့တွပြီးလက်ချောင်းခြေချောင်းတွေတောင်မှာပဲကြီးအရေခွံလိုက် လို့တဲ့။ စကားတောင်မှပီပီသသမပြောနိုင်တော့ဘဲခပ်မြော့မြော့ရှိတော့သာ ဟေ့ကောင်ရဲ့။ ဆေးရုံရောက်ရောက်ချင်း ဒရစ် (၆) ပုလင်းကြီး တန်းချိတ် လိုက်ကြရတာတဲ့။ သင်းဗိုက်ခေါက်ကြီးတွေကနွားသားရေချပ်ကြီးလိုတင်း
ပြီးဂေါက်ဂက်ကြီး…တဲ့။ ဆေးရုံဆရာဝန်ကြီးဒေါက်တာဦးအေးချိုကိုယ်တိုင်
ကပြောခဲ့တာမောင်ရေ။အဲဒီအခြေအနေတွေကိုလည်းကြည့်ရသေးတယ်။ ထည့်မတွက်လို့ မဖြစ်ဘူး။ ကိုယ့်သံသယကို ကိုယ် လက်ဆုပ် မဖြေစတမ်း ရမ်းကိုင်ထားမိလို့ သေမင်းငင်ယောကြီးက ဖွတ်ခနဲ မသာပေါ်သွားခဲ့ရင် လောင်မီးကျမှာနော်။ဟေ့ကောင် – အကုသိုလ်တွေအလုံးရောအပြားရော စုံလိုက်ကြီးကပ်လာမှာရယ်…”
ဟုတ်ပ… ဟုတ်ပ။ ထောင်ဆိုသည့်အရပ်မျိုးကားအဲသလိုပါဆို။ ဘာမျှ မဖြစ်လျှင်ဘာမျှအရေးမကြီးသော်လည်းတစ်ခုခုဖြစ်ခဲ့ပြီဆိုပါစို့။ ခုချက်ချင်း ပဲမိုးပြိုတော့မတတ်မျက်လုံးပြူးလျှာထွက်၊သည်းသည်းလှုပ်အကဲပိုလိုက်ကြ
သည် ဖြစ်ခြင်း။ တစ်ထောင်လုံးကိုဗြောင်းဆန်ကရော။
ယခုပင် ဖြစ်ပုံကို ကြည့်ဦး။
“ယောကြီးတစ်ကောင်ထွက်ပြေးဖို့ကူလီကူမာဉာဏ်နီဉာဏ်နက်တွေ ထုတ်နေသတဲ့”ဟူသောသတင်းအစအနကိုလက်ဦးအောင်ရခဲ့ကြပြီးနောက်
သင်း၏ ဦးတည်လမ်းကြောင်းက ဆေးရုံဘက်မှာ စက်ကျနေပြီး အရေးပေါ် လူနာအဖြစ်ထောင်အပြင်ထွက်နိုင်အောင်ဖန်တီးဖို့ဆင်ကြံကြံနေသည်ဟု အတိအကျ သိထားနှင့်ပြီး ဖြစ်လေရာ ထောင်ဆေးရုံဘက်မှ မိမိစီအိုင်ဒီ သတင်းပေးတွေကိုမျက်စိဖွင့်နားစွင့်ထားကြဖို့ဦးခင်အောင်လက်တို့ထားနှင့် ရ၏။ ဉာဏ်ကြီးရှင် ကိုရွှေယောကြီးကတော်တော်နှင့်ပေါ်တော်မမူလာခဲ့။ အဲ…“တိမ်ကြားမင်းခေါင် – တိမ်ကြားမင်းခေါင်နဲ့ထွက်လာတော့ချုံထဲ က”ဆိုဘိသို့မနေ့ညသန်းခေါင်ကျော်လင်းအားကြီးကျတော့မှပင် သင်းစက် တော်ခေါ်ရာ ထောင်ကျဆောင် (၂) ဆိုဒ် (၅)ခန်းမှ အရေးကြီး ဝမ်းရောဂါ သမားအဖြစ်ပြူးပြူးပြဲပြဲလူနာကပ်ပေါ်မှာပက်လက်သားဆေးရုံရောက်လာခဲ့ခြင်း ဖြစ်သည်။
ဖြစ်ချင်တော့ကြုံကြုံကြိုက်ကြိုက်ထောင်မှာက“ဝမ်းရောဂါ” သွေးလန့် နေကြသည့်အချိန်။ကလေးကဘော်ချိုင့်ဝှမ်းဒေသရှိရာဇဂြိုဟ်၊မြို့သစ်၊သနန်

စသည့်ဘဝသစ်ရဲဘက်စခန်းများမှသတ်မှတ်ကိုယ်အလေးချိန်ထက်များစွာ
နိမ့်ကျနေသည့်ဘီအမ်အိုင်( )အကျဉ်းသားများကိုထောင်ပြန်ပို့ထားသော “ရဲဘက်ပြန်”များနှင့်အတူ ရောပါလာသည့် ဝမ်းပျက်ဝမ်းလျှောရောဂါက အကူးအစက်မြန်စွာ ဟောတစ်ယောက်- ဟောတစ်ယောက်။ ဒုက္ခပေး ခေါင်းထောင်ထနေသည်။သာမန်ဖြစ်ရိုးဖြစ်စဉ်ထက်ဝမ်းကလေးနည်းနည်း
ပျော့လျှင်ပင်ကိုယ့်ကိုယ်ကိုယ်ကျောပူလာသလား၊ ခေါင်းပူလာသလားသရိုး
သရီဖြစ်ချင်မိ၍ဗိုက်ထဲကနာသလိုလို၊ဝမ်းထဲကရစ်သလိုလိုဘာလိုလိုဖြစ် ချင်နေကြရသည့်အခါ သမယကြီး။
အရေးထဲမှာမှ သည်ရက်ပိုင်းအတွင်းထောင်ဆေးရုံမှသေဆုံးပျက်စီးမှု နှုန်းကလည်း လန့်သချင်ဖွယ် မျက်လှည့် ပြနေပြန်သေး၏။ ယမန်နေ့က နှစ်ယောက်။မနေ့ကတစ်ယောက်။ သည်ကနေ့သုံးယောက်တဲ့။ ဆက်တိုက်
ကြီး။
ကဲ … သို့လျှင်ဖြစ်၍ –
“အောင်မလေးဆရာရယ်၊အဲသလိုတွေးရိုးတွေးစဉ်တွေထဲမှာပြောမနေ
ချင်စမ်းပါနဲ့။ ယောကြီးက အဲသလောက် ခပ်တုံးတုံး ငတမဟုတ်ရယ်ဘူး။ ပြီးတော့ယောကြီးလိုအကုသိုလ်အားကြီးတဲ့မသူတော်ကောင်မျိုးဟာသူလို ငါလို(၉၆)ပါးရောဂါလောက်နဲ့တော့ဖြင့်လွယ်လွယ်ကိစ္စတုံးမသွားနိုင်သေး
ဘူး။ သူ့အကုသိုလ်တွေ သူ့ပြန်အကျိုးပေးပြီး ခွေးသေဝက်သေ သေရမယ့် အကောင်မျိုးပါ။ အဲဒီတော့ ယောကြီးကိစ္စကိုတော့ ကိုယ့်ဘက်က သေချာ အောင်လုပ်ဖို့ လိုတယ်နော့ ..။ ဆယ်ရေးတစ်ရေးကိုးရေးတစ်ရေးတဲ့။ ပြီးမှ ဟုတ်ပေ့ဖြစ်နေဦးမယ်”
ကံလှပြောသည်ကလည်း ဟုတ်တုတ်တုတ်။
ယော ဘကြီးကို မထီမဲ့မြင် လျှော့တွက်၍ မရ။ ငယ်စဉ်က မှောင်ရိပ်ခိုမှု၊ ရဲမသင်္ကာမှုများဖြင့်ထောင်အကြိမ်ကြိမ်ကျဖူးသူ၊ နောက်ခိုးမှု၊ ခါးပိုက်နှိုက်မှု၊

ဖောက်ထွန်းမှုတွေအထိ တစ်စတစ်စ အတင့်ရဲစွာ အကုသိုလ်အပွေးတက် လာပြီးထောင်၏ဖောက်သည်ကြီးစာရင်းဝင်လာခဲ့သူ။လက်စခြေစမသေး။ ဉာဏ်ကြီးသည်။ လက်ရဲဇက်ရဲနိုင်သည်။ ကျားကုပ်ကျားခဲလည်းလုပ်တတ် ကိုင်တတ်သည်။ ကမူးရှူးထိုးဖြင့် လက်မြန်လက်ယဉ်တတ်သေး၏။ သူ့ထောင်သက်တစ်လျှောက်ရဲအချုပ်ခန်းဖောက်မှု၊ ရဲအချုပ်ကားပေါ်မှ ထွက်ပြေးမှု၊ တရားရုံးတရားခွင်မှအပျောက်ရိုက်အလစ်ထွက်ပြေးမှု၊ ထောင် ဖောက်မှု၊ ရဲဘက်ပြေးမှုတွေ တစ်သီကြီး။ လက်ကောက်မှ တကယ့် ထောင် လက်ကောက်အကြီးစား။
ရဲဘက်ပြေးမှုတစ်မှု၌ ထောင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးသည်ကို ပြန်လည် ခုခံခဲ့ရာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရသဖြင့် ကျည်
တစ်တောင့်ကဝဲဘက်ပါးမှသည်ညာဘက်ပါးအထိဟောင်းလောင်းပေါက် ဖောက်ထွက်သွားခဲ့သည်။ နောက်ကျည်တစ်တောင့်က ညာဘက်တင်ပါးဆုံ ရိုးကို တည့်တည့်မှန်ပြီး စဉ်ထွက်သွားခဲ့သည်။ သေခွင့်ဖြင့် မကြုံ။ ထောင် ဆေးရုံခုတင်ပေါ်မှာချည်း သုံး၊လေးလသေကောင်ပေါင်းလဲ ခံလိုက်ရ၏။ ထိုသည်၏နောက်ယောကြီးတစ်ယောက် လိုင်းကူးသွားခဲ့သည်။ ညာ
ခြေတစ်ဖက်လက်ရုံးရည်ထက်သူ့ကြံရည်ဖန်ရည်သူ့ကိုပိုပိုကဲကဲကလေး
အစွမ်းပြရန် အခွင့်အလမ်းသာသည့် မူးယစ်ဆေးဝါးနယ်ထဲသို့ ဒုစရိုက်
သံသရာချဲ့လာခဲ့ပြန်တော့၏။အရင်အတိုင်းပါပဲ။ထောင်ကျလိုက်လွတ်လိုက်၊
ထပ်ကျလိုက် ထပ်လွတ်လိုက်။ မုန့်လုံးစက္ကူကပ်ဖြစ်နေခဲ့သည်သာ။ မလိမ့်တစ်ပတ် လက်တစ်လုံးခြား တီးလုံးများ လှည့်ကွက်များဖြင့် ယောကြီးပညာပြခဲ့သော ထောင်ပြေးမှု၊ ရဲဘက်ပြေးမှုတွေ ဒုနဲ့ဒေး။ တရွတ် သီထိုးတိုးလို့တွဲလန်းတွေချည်း။ သည်တော့လည်း …။
“အဲဒါကလည်း အဲဒါပေါ့လေ။ ဒါပေမဲ့- သူ့ဆေးလက်မှတ်နဲ့ ဆေးရုံ ပြောင်းရီဗားအော်ဒါမှာကလည်းအခြေအနေကတော်တော်ဆိုးဆိုးလို့ရေး ထားတယ် ကိုယ့်လူရဲ့။ ပရက်ရှာရော ဘီပီရော တအားနင်းထိုးကျနေတာ။ ပြီးတော့ ရိုးရိုးဝမ်း မဟုတ်ဘူး။ ကာလနာဝမ်းကျပုံစံမျိုးတဲ့ဟ။အရင်က
တောင့်တောင့်ခိုင်ခိုင်သူ့ကိုယ်ပေါက်ကိုယ်ပေါက်ကြီးကတောင်တစ်ဝက်စာ မက ချုံးကျသွားတာ ကြည့်ပါလား။ အရိုးနဲ့အရေကပ်ပြီး ရိုးကြီးဂေါင်ဂင်ဖြစ် လို့။ စိန်ပန်းက ကူးစက်ရောဂါအထူးကုဆေးရုံကို လွှဲပေးမရတဲ့။ အခု … တာဝန်ကြပ်က ထောင်ပိုင်လေး၊ ထောင်ပိုင်ကြီးတို့ဆီကို လိုအပ်တဲ့ စာရွက် စာတမ်းတွေ လက်မှတ်သွားထိုးနေပြီ။ ရဲစခန်းကိုလည်း လုံခြုံရေးအစောင့် အရှောက်ချပေးဖို့လှမ်းတောင်းထားပြီးပြီ။ ကဲ ..။
“ဒါဆို … ဆရာ့ဥစ္စာက ယောကြီး ဆင်ကြံကြံနေတဲ့အကြောင်းကို သတင်းမပို့နိုင်တော့ဘူးပေါ့။ ဟုတ်လား…”
“ဟာ…အဲဒါကြီးကဆောက်ဖြစ်မှကျောင်းဒကာဆိုသလိုမရေမရာကြီး
လေကွာ။ ပြီးတော့ ထောင်ထဲရောက်လာတဲ့အမျိုးကောင်းသားမှန်သမျှက တို့ထောင်ဝန်ထမ်းတွေနဲ့ ထောင်လုံခြုံရေးစနစ်များဆို “ဖုတ်လေတဲ့ငါးပိ၊ ရှိတယ်ရယ်မအောင့်မေ့ဘဲပြေးတိုင်းလွတ်တော့မယ့်ပုံမျိုးအာပေါင်အာရင်း သန်တတ်ကြတာကိုလည်း မင်းအသိ။ အဲသလိုမျိုး အာဝါမသဘူးတဲ့လူ ကလည်း ခပ်ရှားရှား မဟုတ်လား”
“ကဲ…ယောကြီးကများ သူပြောထားတဲ့အတိုင်း လုပ်ခဲ့ရင်” “စိတ်မပူပါနဲ့ကိုရင်လေးရယ်။တာဝန်ကြပ်တပ်ကြပ်သန်းဦးကိုဘူးတံခါး ကြီးထဲမှာခဏထားပြီးတာဝန်မှူးဖြစ်တဲ့ငါကိုယ်တိုင်သင်းကိုထောင်ပိုင်လေး
ဆီ သတင်းပို့ခွင့်တောင်းထားပြီးပါပြီ။ ငါပြန်လာတဲ့အထိ ထောင်ပိတ်အဖွဲ့ ခေါင်းဆောင် ထောင်မှူးဦးအောင်သန်းကြီးက ခဏလာထိုင်ပေးလိမ့်မယ်။ ယောကြီးကိုဒီလိုမျိုးမျက်နှာလွှဲခဲပစ်လုပ်လိုက်လို့ ဘယ်ဖြစ်ပမတုံး။ မြင်းကို အတောင်ပံ တပ်ထားလိုက်သလို ဖြစ်ပြီး “သင့်ကျူး”တွေ တစ်ဝကြီး ကျွေး သွားမှာပေါ့။ မှတ်ဘူးလား။ ဟဲ…ဟဲ…ဟဲ”
ပါ”
“ဟူး … တော်ပါသေးရဲ့ဆရာရယ်။ အဲဒီအတိုင်းဆိုရင်တော့ အိုကေမှာ
“အိုကေ” – မကေကအသာထားဦး ထောင်ပြန်ရောက်မှသာသေချာ ပေါက်ဟင်းချရမည့် ကိစ္စ။ ယောကြီးကားယောကြီး ဖြစ်နေ၍ မပေါ့ရဲ။ လျှော့မတွက်ရဲ။

“အင်း…ယောကြီး – ယောကြီးသေရင်တောင်ချေးပန်းရပ်မယ့်ကောင် မဟုတ်ပါလား”တွေးရင်း တွေးရင်း သင်းအခွက်ကြီးကို တရေးရေး မြင်လာ မိပြန်တော့သည်။
မိုးကတဖြောက်ဖြောက်တဖွဲဖွဲ အိပဲ့အိပဲ့ရွာနေသည်။
ဝေါခနဲ ဗြောခနဲ ဟီးတိုက်ပြိုကျမလာသည့်တိုင် တစ်မိုးလုံး ပိန်းပိတ် အောင်မှောင်ပြီးတိမ်မည်းတွေဖြင့်ညွတ်နေတော့၏။အညာမိုး၊မန္တလေးမိုးဟု
ထင်ချင်ထင်ရက်စရာပင်မရှိ။ ရွာနေပုံအချိုးမကျလိုက်ပုံများမိုးလုံးပြည့်ဆင် ထားသည့် သူ့အခင်းအကျင်းနှင့်မလိုက်ဖက်လောက်အောင်ဖြိုးတိုးဖြောက် တောက်မှသည်တဖွဲဖွဲ၊အဲ..နည်းနည်းကလေးသည်းတော့မည်ထင်နေတုန်း ဗြုန်းခနဲ ရပ်သွား။ ဘယ်လိုကြီးလည်းမသိ။
ကြာပြီ။ သည်ပုံမျိုးဖြင့်မအီမလည်ဆန့်တငံ့ငံ့ရွာနေခဲ့သည်ပင်သုံးလေး ရက်မကတော့။ မြို့လုံးပတ်လည်လေးပြင် လေးရပ်လုံး မိုးရေတွေနှင့် ရွဲရွဲစို နေခဲ့ပြီ။ရွှံ့တွေဗွက်တွေ၊လမ်းဘေးရေဆိုးအိုင်တွေ၊ကျင်းချိုင့်တွေတင်းကျမ်း ပြည့်လျက်ရှိတော့၏။ ခြေခင်းလက်ခင်းမသာယာ။
ထို့နှယ်မုန်းစရာ့ရာသီဆိုးကြီးထဲမှာယောကြီးကိုဆေးရုံပို့ပေးဖို့ကြုံလာ
ခဲ့ရခြင်းဖြစ်သည်။
ဟိုသတင်းပို့ ၊ သည်သတင်းပို့ – ဟိုကို လှမ်းခွင့်တောင်းသည်ကို လှမ်းဆက်သွယ်တွေဖြင့် မပြီးမဆုံးနိုင်သော လုပ်ရိုးလုပ်စဉ်ထောင်အလုပ် များကိုစေ့စေ့စုံစုံ လုပ်နေရသဖြင့် မောင်မင်းကြီးသားယောကြီးကို ဆေးရုံ ပို့ဖို့ အရေးထောင်မပိတ်ကတည်းက ဖတ်သီကျအောင် တက်သုတ်ရိုက် ဆောင်ရွက်ခဲ့ကြလင့်ကစား ထောင်မှတကယ် ထွက်ဖြစ်ကြတော့ ည (၉)ကိုးနာရီခွဲကျော်၍ (၁၀)နာရီထိုးတော့မည်။
သေရမည့်လူနာသာဆိုလျှင်နှစ်ခါသုံးခါပြန်ပင်အေးအေးကလေးသေ၍
ရနိုင်၏။ သို့သော်လည်းတဲ့။ ယောကြီးမသေခဲ့။ သူ့ကိုတင်ထားပေးသည့်

လူနာတင်ကပ်ကလေးပေါ်မှာပဲ ဖုတ်လှိုက်ဖုတ်လှိုက် ဆန့်ငင်ဆန့်ငင်ဖြင့် ရှိနေခဲ့သည်။ သူ့တစ်ကိုယ်လုံးတဟောင်ဟောင်သင်းနေသည့် မစင်နံ့တွေ စုပြုံအုံခဲနေကြသည့် ယင်ကောင်၏အုပ်ကိုသော်မှ လက်ကလေးမြှောက်၍ မခြောက်နိုင်။ သူ့မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်၍လည်းမောင်း မထုတ်နိုင်။ ပက်လက်ကလေး သဲ့သဲ့ယဲ့ယဲ့ကလေး မှိန်းခွေနေ၏။ တအင် အင် တအဲ့အဲ့ ညည်းသံတိုးတိုးတိမ်တိမ်လေးကြောင့်သာ “ငနဲသား” မသေ သေးပဲကိုး” ဟု သိကြရသည်။
ကိုရွှေယောကြီးကံဆိုးလေသလား၊ ကံကောင်းလေသလားမသိ။ မန္တလေးအနောက်ပိုင်း တာဘောင်ကို ခြေကန်ထားသည့် စိန်ပန်းလို ခေါင်ခေါင်ခါးခါးရပ်ကွက်မျိုးရှိ”ကူးစက်ရောဂါ”အထူးကုဆေးရုံ” သွားရသည် ကိုပင်အဖော်အလှော်ကလေးရောင်းရင်းမိတ်ဆွေကလေးတွေနှင့်တပျော်
တပါးနှင့်ခင်ဗျ။ သည်ကနေ့ထောင်ဆေးရုံမှာရောဂါဘယဖြင့် ဆုံးပါးသွားရှာ သည့် အကျဉ်းသားလူသေအလောင်း (၃)လောင်းက ဆေးရုံပို့ကားပေါ်မှာ ယောကြီးနှင့်အတူတောင့်တောင့်စန့်စန့်ကြီးတွေဘေးချင်းယှဉ်လျက်ပါလာသေး၏။

“ဆရာမြင့်ရေ.. ဆရာကိုယ်တိုင်ပါမယ်ဆိုလို့ Dead Bodyတွေကို ဆေးရုံကြီးဘက်လှည့်အပ်ထားပေးခဲ့ပါဦး ဆရာရယ်။ စာရွက်စာတမ်း တွေတော့ ဆေးတပ်သားမောင်သိန်းဇော်ကလေးနဲ့ပဲ လိုက်ပို့ခိုင်းလိုက်ပါ မယ်။ နောက်လွှတ်လိုက်သည့် လက်ထောက်ဆေးရုံအုပ်ဒေါက်တာ ဦးသန်းငွေ၏ကျေးဇူးဖြင့်ထိုအလောင်း (၃)လောင်းကိုလမ်းကြုံတင်လာခဲ့ရ ခြင်းပင်။ “ယောကြီးလည်းအဖော်ရတာပလေနော” သူ့ဘာသာသူပင် မျက်လုံးမဖွင့်နိုင်သည့်ယောကြီးကိုလှမ်းကြည့်လျက်ပြောမိရသေး။ “ဆရာ..ဆရာတို့ဒီကပဲခဏစောင့်ရစ်ကြပါဦး။ ကျွန်တော်ယောကြီးကို ဆေးရုံဂါတ်အချုပ်မှာလွှဲဖို့အရင်ဝင်လုပ်လိုက်ဦးမယ်။ အိုပီဒီ၊ ပြင်ပလူနာဌာန၊ မှာ လူနာမှတ်ပုံတင်ရမှာနဲ့ တာဝန်ကျဆရာဝန်က စစ်ဆေးပြီးမှ ရီဖားလုပ်ရ မှာနဲ့မို့အတော်ကြာဦးမှာ။ ဆေးရုံဘက်ကလူနာလက်ခံပြီးခါမှပဲဂါတ်အချုပ်
က သူတို့အဆောင်ထဲကိုအဝင်ခံတာလေ။ နော်… ဆရာ”
“အေး … ဟုတ်ပြီလေ မောင်သိန်းဇော်။ ငါနဲ့ငါတို့ အဖွဲ့တွေက ဟောဟို လမ်းတစ်ဖက်ကလက်ဖက်ရည်ဆိုင်မှာအအေးလုံရုံကလေးဖြစ်ဖြစ်ကော်ဖီ မစ်ကလေး၊ တီးကလေးဆွဲရင်း စောင့်နေမဟေ့။ အေးအေးဆေးဆေးသာ လုပ်။ နယ်မြေရဲကနယ်ထိန်းနဲ့အဖွဲ့လည်းလာမှမလာသေးပဲ”
ပုံမှန်အားဖြင့် ထောင်ဆေးရုံမှ အကျဉ်းသားတစ်ဦး ဆေးရုံတင်သည့် ကိစ္စ၌ ဆိုင်ရာနယ်မြေရဲကိုအသိပေးဖို့မလိုပါ။ သို့သော်မူလပြစ်ဒဏ် (၅)နှစ် ထက် ကျော်လွန်ပြီး နာမည်ကြီး ရာဇဝင်လူဆိုးစာရင်းဝင် ကျော်ဇောများ ဖြစ်နေလျှင်တော့ မှုခင်းကြိုတင် ကာကွယ်ရေးစီမံချက်”အရ အကြောင်း ကြားထားပေးရ တတ်မြဲဖြစ်သည်။ ဝမ်းတော်လားပြီး သေကောင်ပေါင်းလဲ ဖြစ်နေသည့်တိုင် ယောကြီးကယောကြီးပေမို့မလိုလည်းလိုလည်း နယ်မြေ ရဲကိုကြိုပြောထားရ၏။ နယ်ထိန်းဒုရဲအုပ်ကလေးမြတ်ကျော်ဦးတို့အဖွဲ့လာခဲ့ မည်တဲ့…။

“ဟင် … ဒါဆို – ဆရာ ယောကြီးကဒီမှာ တစ်ယောက်တည်း” “အောင်မယ်လေးဟဲ့ – ကိုရင်ရယ်၊ ဘာမှ – မဘာနိုင်ပါဘူးကွာ။မင်း အကောင်အသက်ပဲဖင်ကထွက်ရမလားခေါင်းကထွက်ရမလားဖုတ်လှိုက် ဖုတ်လှိုက်ဖြစ်နေတဲ့ဥစ္စာ။ထပြေးရလောက်အောင်အင်အားမရှိတော့ပါဘူး။ ရိုးတွင်းချဉ်ဆီတွေ ဝမ်းလျှောတဲ့အထဲအကုန်ပါသွားပြီပဲကွ…ဟုတ်စ” “ကြည့်လည်း – လုပ်ပါဦးဆရာရယ်။ဒီလိုကောင်မျိုးတွေက“သေခါနီး အီးတစ်ချက်ပါခဲ့ဦးမယ်”ဆိုတဲ့ အစားမျိုးတွေ။ လူမတတ်ပေတဲ့ လက်ဖက် ထုပ်ကတတ်ချင်တတ်နေတဲ့အသိုင်းနဲ့အဝိုင်းနဲ့ကောင်တွေရယ်…”
“အေးပါကွာ…အေးပါ”
ပြောပြော ကြည့်ကြည့် ယောကြီးကိုမျက်ဝန်းဝေမိ၏။ မလှုပ်၊ မပီမသ သည်းသံမှတစ်ပါး ရွေ့ရွေ့မျှမလှုပ်။

“အောင်မလေးဗျ… ကယ်ကြပါဦး – သရဲ – သရဲ”
ညသံမို့ဖြစ်မည်။ သို့မဟုတ် မိုးကြောင့် လူသွားလူလာ လုံးဝ မရှိ သလောက် နီးနီးလူနေတိတ်ဆိတ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သွေးပျက်လုခမန်း ချောက်ချောက်ချားချား အော်သံကြီးက ကျယ်လောင် လွန်းလှ၏။
ရုတ်တရက်ဖြင့် ဘယ်ဆီဘယ်ဝယ်မှန်းတွက်ဆ၍မရ။
“အား..အား..ငါ့- ငါ့ကိုသတ်နေပြီ။ကယ်-ကယ်-ကြ-ပါဦး။သ-သ- သရဲ-သရဲ-အား”
“ဟင်….ဒါယောကြီးအသံပဲ”ရုတ်ခြည်းပင်ခေါင်းနားပန်းကြီးသွားမိရ၏။
တစ်စားပွဲတည်း အတူဝိုင်းထိုင်နေခဲ့ကြသည့် တပည့်လက်သားများ

ကိုသော်မှစကားတစ်ခွန်းမပြောနိုင်အား။ ဆိုင်ရှေ့လမ်းတစ်ဖက်၌ ကတ္တရာ
လမ်းနှင့်အပြိုင်အလျားလိုက်ကြီးရပ်ထားခဲ့သောအီး(၂ဝဝဝ)အစိမ်းရောင် လူနာပို့ကားဆီသို့ သုတ်ခြေတင်၍ ကဆုန်စိုင်း ပြေးချလာခဲ့မိသည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ။
နောက်တော်ပါးမှ ဖဝါးခြေထပ်ကပ်ပါလာသည့် တပည့်ကျော်များ၏ ခြေသံတဗြုန်းဗြုန်းများကိုလည်း ကြားသည်။
“ဟေ့ကောင်… ယောကြီး – ယောကြီးဘာဖြစ်လို့တုန်းဟေ့ -ယောကြီး” ဝုန်းခနဲကားပေါ်သို့ ခုန်တက်လိုက်၏။
ယောကြီးကား ရှိနေဆဲ။ သို့သော် သူနှင့် ဘေးချင်းယှဉ်လျက် ထားရစ် ခဲ့သည့်ရေဖျဉ်းရောဂါဖြင့်ဖောယောင်၍သေသူအကျဉ်းသားဆယ်မောင်၏
အလောင်းဖောင်းကားကားကြီးက ယောကြီးအပေါ်ကိုယ်တစ်ဝက်ခန့် စောင်းလျက်ကြီး ပိနေသည်။ သူ့အလောင်းကြီး၏ မတန်တဆအလေး ဝန်ကြောင့်လူနာတင်ကပ်မှခနော်နီခနော်နဲ့ဘီးကကျိုး၍ကျွတ်ထွက်သွားပြီး တစ်ဖက်စောင်း လျှောကျသွားခြင်း ဖြစ်ပုံရ၏။ ယောကြီး တစ်ယောက် ကော ။
“ယောကြီး… ဟေ့ကောင်”
ဘယ်လိုခေါ်ခေါ်စကားမေးမရ။ ဝမ်းရောဂါဒဏ်ကြောင့်တွင်းဆုံးအထိ ချိုင့်ခွက်ကျနေသည့် မျက်တွင်းဟောက်ပက်ကြီးထဲမှ မျက်လုံးကြီးများမှာ အဆမတန် ပြူးပြဲထွက်နေသည်။ သို့သော်အလှုပ်အခတ်မရှိ။ နတ္တိ။
“ကဲဟေ့ ..ဒါတွေ ခဏထားဦး။ ယောကြီးရဲ့ကပ်ကိုပဲ အရင်သယ်ပြီး အိုပီဒီကို ပြေးနှင့်ကြဟေ့။ ဪ… ကားဆရာခင်မောင်ညွန့်နဲ့ ဒုတပ်ကြပ် မောင်ပိုက်တို့ကအလောင်းတွေကိုစောင့်ရင်းနယ်ထိန်းဆရာမြတ်ကျော်ဦး တို့လာခဲ့ရင် ခဏစောင့်ခိုင်းထား… ကြားလား”
“ဟုတ်”
မိုးကနည်းနည်းကလေးသည်းချင်လာသည်။ သို့တိုင်မည်သို့မျှမအေး
စေနိုင်တော့။

“အသက်မရှိတော့ဘူး ဆရာထောင်မှူးရေ။အကြောက်လွန်ပြီး နှလုံး
သွေးရပ်သွားပုံပေါ်တယ်။ နဂိုကမှဝမ်းသွားထားတဲ့ဒဏ်နဲ့ ကိုယ်ခံအားစနစ် ကပျက်စီးပြီး ယဲ့ယဲ့ကလေး ရှိတော့တဲ့ဟာ။ ရုပ်ရော စိတ်ရော ချုံးချုံးကျနေ ပြီလေ။အဲဒီမှာတင်အခုလိုသွေးပျက်လောက်စရာကိစ္စကြီးဗြုန်းခနဲကြုံလိုက် ရတော့ သွေးတွေဆောင့်တိုးပြီး ကိစ္စများသွားတဲ့သဘောပေါ့။ ကိုယ်ငွေ့က နွေးနွေးကလေးပဲ ရှိသေးတော့ ခုနကလေးတင် ဆုံးသွားခဲ့ရှာတာပဲ ဆရာ ယောကြီးသေပြီ။
ဘယ်ပုံ ဘယ်လို ယုံလိုက်ရမည်လည်း မသိတတ်နိုင်။ “ယောကြီးလို ကောင်ဟာ ဒီနည်းနဲ့ သေရသတဲ့လား။” မျက်စိရှေ့ရှိ ယောကြီး၏ သက်မဲ့ အလောင်းကောင်ကြီးက ယုံလိုက်ပါတော့”ဟု ပြောနေသည်။ “အေးလေ … သေခြင်းဆိုတာ ကောင်ကြီးက “ယုံလိုက်ပါတော့” ဟု ပြောနေသည်။ “အေးလေ…။သေခြင်းဆိုတာလူတိုင်းနဲ့လက်တစ်ကမ်းမှာရှိနေတတ်စမြဲပဲဟာ။ ကောင်ကာငင်ကာ ရောက်ချင်ရာက ရောက်လာတတ်တာမျိုးကလား။ ဘယ်သူမှအစိုးမရတဲ့ကိစ္စကြီးပဲလေ။ အဖြစ်အပျက်ကိုလက်ခံယုံကြည်နိုင် အောင်ကိုယ့်ကိုယ်ကိုယ်မနည်းနားချနေရ၏။
“ကြုံမှကြုံ၊ ဖြစ်မှဖြစ်ရပေလေ ဆရာရယ်။ ဒီလောက်ဝမ်းတွေသွားပြီး သေကောင်ပေါင်းလဲ ဖြစ်နေခဲ့တာတောင် ဆေးရုံရှေ့ရောက်တဲ့အထိ တင်းတောင့်နိုင်ခဲ့သေးတာ။ ပုပ်ပွဖူးယောင်နေတဲ့ ဆယ်မောင့်အလောင်း ကြီးပိကျလာတော့မှပဲအကြောက်ကြီးကြောက်ပြီး သွေးလန့်သေရပေတယ် လို့။ယောကြီး -ယောကြီး- ကံနည်းလိုက်တဲ့ကောင်” ဆေးတပ်သားသိန်းဇော်လေးက တဖျစ်တောက်တောက်၊ “ဘယ်ပြောနိုင်မှာလဲ – ငါ့ကောင်ရယ်သတ္တဝါတစ်ခုကံတစ်ခုခုပဲဟာ” မပြောဖြစ်ခဲ့ပါ။ လျှာဖျားလေးအထိရောက်လာခဲ့ပြီးမှအနိုင်နိုင်ပြန်မျိုချထား လိုက်မိတော့သည်။ ပြီးသွားပြီပဲလေ။

“အဲသလိုလွယ်လွယ်နဲ့ပြီးသွားရင်ကောင်းပေတာပေါ့ဆရာရယ်။အခုက အဲသလိုမပြီးခဲ့ဘူးဆရာရေ။ဆရာ့တပည့်ယောကြီးမွှေးခဲ့တဲ့မီးကမီးခိုးကြွက်
လျှောက် လောင်ခဲ့ပါရောလား။ ကံသီပေလို့။ ကျွန်တော့်တပ်ကြပ်ကြီးက လည်းရဲမျက်စိရဲနားလျင်ပေပါးပေလို့သာပေါ့” “ဟော.. ဆရာမြတ်ကျော်ဦး”
“ကားဆရာပြောလို့ ယောကြီးအကြောင်း ကြားထားပြီးပြီ ဆရာ။ သူ့ အကုသိုလ်က သူ့ကိုပြန်အကျိုးပေးပြီးမထင်ထားတဲ့နည်းမျိုးစုံနဲ့ မိုက်ဇာတ် သိမ်းသွားတာပဲခပ်ကောင်းကောင်းဆရာ။ နို့မို့ ဆရာတို့ကိုရော – ကျွန်တော် တို့ရဲတွေကိုပါနားရွက်တံတွေးဆွတ်သွားဦးမယ့်အကောင်။ တကယ်မလွယ်
တဲ့ယောကြီး”
“အဲ…လေသံကထူးလှချည်ကလား ကိုယ့်ဆရာ။ ဘာတွေများ ဖြစ်” “ထူးဆို- ဆရာရေ..ယောကြီးကိုဆေးရုံကခိုးထုတ်သွားဖို့အကြံအစည် နဲ့ လာတဲ့ သူ့ကြံရာပါတွေရဲ့ကားတစ်စီးကို ကျွန်တော်တို့ “ကုပ်” ထားနိုင်
လက်မတင်ကလေး”
“ဟော..ဗျာ”
သည်တစ်ခါပါးစပ်ကြီးအဟုတ်တကယ်အမှန်အကန်ပြဲသွားရသူကား ယောကြီးနှင့်ပဲအချိန်ပြည့်နေခဲ့ရသည့်မိမိတို့တစ်တွေမှတစ်ပါးမည်သူရှိနိုင်
ပါအံ့နည်း။
“လုပ်စမ်းပါဦး… လုပ်စမ်းပါဦး။ ယောကြီးက ဘယ်လို” “ဖမ်းမိထားတဲ့ဗျိုင်းမဲ(ခ) မှတ်ကြီးနဲ့ကျောက်တစ်လုံးဘတင်တို့အပြော
တော့သူတို့ဆရာ။ယောကြီးကိုဒီကနေ့ဆေးရုံတင်ဖြစ်မတင်ဖြစ်လာထောက် ကြတာတဲ့ဆရာ။တင်ဖြစ်ခဲ့လို့အခြေအနေပေးခဲ့ရင်လည်းဆေးရုံရဲ့အချုပ်ကို
မလွှဲခင် အို ပီ၊ ဒီမှာပဲ ယောကြီးကို သုတ်ပြေးကြဖို့ပဲ …တဲ့။ အဲ … လုပ်ကွက် မသာခဲ့ရင်တော့ နောက်နေ့တွေမှာမှ မီးစင်ကြည့်ကကြမတဲ့။ သူတို့ဆရာ ယောကြီးလွတ်ရာ လွတ်ကြောင်းကိုတော့ အနှေးနဲ့အမြန် ကြံကြမှာပဲတဲ့

ဆရာ။ ဟော – ဟိုမှာ မြင်နေရတဲ့ ဝီလီဂျစ်ကားက သူတို့ကားပဲ။ မှတ်ကြီးနဲ့ ဘတင်တို့ကိုတော့ ရဲစခန်းခေါ်သွားလိုက်ပြီ ဆရာ… အဲဒါပဲ”
ယောကြီး…ယောကြီးသေတာတောင်နည်းသေး။ နင့် – တစ်ကိုယ်လုံး ဉာဏ်နီဉာဏ်နက်မူယာမာယာတွေချည်း အလုံးလိုက်ပါကလား။ ခွေးမသား
အူထဲကအလိပ်အလိပ်တက်လာသည့်ဒေါမနဿများနှင့်အတူသွားလေသူ
ယောကြီးကို ကောင်းကောင်းကြီးကောင်းချီးပေးနေမိချေ၏။ သေခြင်းဆိုး လုပ်ပုံချည်းကား နှိပ်မှ မနှိပ်လှဘဲခင်ဗျာ။
“လည်လှ – လည်လှနဲ့ဒီတစ်ခါတော့ယောကြီးတစ်ကောင်သူမှန်းထား
တာထက်ပိုပြီးပေးလိုက်ရတဲ့ထွက်ပြေးကြံစည်မှုကြီးပဲဆရာ။ ခွင်ဆင်ပုံလေး ကလည်း သင်းလှတယ်။ သင်း – နောက်လိုက်တွေကလည်း ယောကြီး ခိုင်း တဲ့အတိုင်းကွက်တိခွင်ကျပါပဲ။ပိရိပါပေတယ်။ဒါပေသိ – သင်းတို့ထည့်တွက် မထားခဲ့တဲ့ ကြမ္မာဆိုးကြီးသာ ဝင်မနှောင့်ခဲ့ရင်ဖြင့်…”
ဒုတပ်ကြပ်မောင်ပိုက်က တွေးတွေးဆဆပြော၏။ ဟုတ်လည်း ဟုတ်
နေသည်ကိုး။
“ဟေ့ကောင်ရေ … မြွေမှန်မှတွင်းဝင် ဖြောင့်တတ်တာမျိုးပါကွ။ အကြံ အစည်ဘယ်လောက်ကောင်းကောင်းစိတ်ရင်းနဲ့ရည်ရွယ်ချက်များမကောင်း ခဲ့ရင် သူ့ဟာနဲ့သူ မှောင့်ရောင့်ပြီး ထစ်ထစ်ငေါ့ငေါ့တွေ ဖြစ်လာတတ်တာ ချည်းပဲ။ ဘယ်သူမဆို ကြံတုန်းကတော့ အဖြစ်တွေကိုပဲ ကွက်တွေးပြီး ကြံ တတ်ကြတာပေါ့။ အဲ .. ဘယ်သူမှ ထည့်တွက်မထားခဲ့ကြတဲ့ လှည့်ဓားက ဝင်မွှေပြီဆိုမှဖြင့် ဘာတတ်နိုင်ဦးမလဲ။ ကံမရှိ ဉာဏ်ရှိတိုင်း ကွဲတော့ပေါ့ လကွာ။မှုတ်ဘူးလား။ အခုပဲကြည့်လေ- ယောကြီးနဲ့သူ့တပည့်တွေစည်းဝါး ကိုက်ပြီး တီးလုံးတိုက်ခဲ့ကြတုန်းက ဆယ်မောင်ရဲ့အသုဘအတ္တဘောကြီး သူအပေါ်ကိုပိကျလာမယ့်အရေးတော်ပုံကြီး ဘယ်ပါလိမ့်မလဲ။ မင်းတို့ငါတို့ တစ်တွေကိုကတုံးပေါ်ထိပ်ကွက်လုပ်ပြီးထွက်ပြေး၊ ရှောရှောရှူရှူလွတ်ကြ မြောက်ကြ၊ ဒိတ်ဆိုတဲ့ ဟော်တယ်ကြီးထဲက သီးသန့်ဘားမှာ အောင်သေ အောင်သား စားကြဖို့တွေပဲ အပိုင်တွက်ထားကြမှာပေါ့။ အပြင်လောကမှာ ဆယ်မောင်ဆိုတာ ယောကြီးအနိုင်ကျင့် နှိပ်စက်၊ ဗိုလ်ကျခံနေရတဲ့ကောင်လေ။
သူ့ဝိညာဉ်ကနောက်ဆုံးအချိန်မှာလက်တုံ့ပြန်အသက်နုတ်သွားတာ လား မသိ။ ဟော .. တကယ်တမ်းကျတော့ သင်းလည်း မျက်လုံးပြူး လျှာထွက်နဲ့ သတ်သူမရှိဘဲသေရတဲ့ဘဝ၊သင်းရဲ့နောက်တော်ပါအခြွေအရံ
တွေလည်းဘူးသီးပိန်နွားနင်းဖြစ်ကုန်ပါပြီကော။ အဲဒါဟာကံ-ကံ..ကကြီး
သေးသေးတင်တဲ့ကံ။ တချို့လူတွေကကံကိုသူတို့ဘာသာသူတို့ရေးတယ်။
တချို့ကျတော့ကံကရေးထားတဲ့ဇာတ်ညွန်းအတိုင်းပဲကပြကြရတယ်။ ကံကို ရေးတဲ့လူချင်းရေးကြပုံ နည်းဟန်ချင်းမတူဘူးဟ…မှတ်ထား” ရင်ထဲမှ စုပြုံတိုးဝှေ့ ထွက်လာသည့်စကားတွေက မာရသွန် အန်ကျကုန်သည်။

ယောကြီးတစ်ကောင်အသက်နှင့်ရင်း၍ပေးဆပ်ခဲ့သည့်ထိုဘဝအမြင်
အသိတွေကို သူတို့တက်လူကလေးတွေ သိစေချင်သည်။
သို့တိုင် တပည့်ကျော်တစ်သိုက်ကား သူတို့ချန်ထားပစ်ခဲ့ရသည့် ခွက် ကျန်ကော်ဖီတစ်ကျိုက်လောက်တမက်တမောမရှိ။
မိုးထဲလေထဲမှာပင် အေးစက်စက် ခွက်ကပ် ကော်ဖီများကို မက်မက် စက်စက်ကြီးမော့ချနေကြလေ၏။
“ဪ… ယောကြီးမွှေးတဲ့မီးက ငြိမ်းသွားခဲ့ပြီပဲလေ”
မေတ္တာဖြင့် ။ ဇေယျမင်းသျှင်

Zawgyi Version

အသက္ကိုရင္း၍(စ/ဆုံး)
——————————
“ကြၽန္ေတာ္ေတာ့ – ဒီကိစၥႀကီးကို သိပ္မသကၤာခ်င္ဘူး ဆရာ။ ေသြး႐ိုး သား႐ိုး ဟုတ္မယ္လို႔လည္း မထင္ဘူး။ ၿပီးေတာ့ – ေယာႀကီးေလဆရာရဲ႕။ ေယာႀကီးဆိုတာဘယ္လိုေကာင္စားမ်ိဳးဆိုတာဆရာသိပါတယ္။ ေနာက္… သူ႔တပည့္ေက်ာ္တစ္ဖက္လပ္ဘတင္…ဟို-“ေက်ာက္တစ္လုံးဘတင္”ေလ ဆရာ။အဲ…ဘတင္လြတ္သြားတာမေန႔တစ္ေန႔ကေလးတင္ရွိေသး။ ေဟာ…
ေယာႀကီးတို႔ကဒီမွာ- ႐ုပ္ရွင္႐ိုက္ျပေနၿပီ။ပိုဆိုးတာကဒီကေန႔ေထာင္ဝင္စာ စာေရးတန္းထဲမွာဘတင္ကို ႐ိုးတိုးရိပ္တိပ္ ျမင္လိုက္မိၾကေသးသတဲ့။ အဲဒီေတာ့မဟုတ္ခါမွ လြဲေရာ့ – ဆရာေရွ႕၊ ေယာႀကီး အႀကံအဖန္လုပ္ေနၿပီ လို႔ထင္တာပဲ။ ေသခ်ာေအာင္ ျပန္စဥ္းစားပါဦး” သူေျပာေတာ့လည္းဟုတ္ေနသည္။
ကံလွဆိုသည့္ပုဂၢိဳလ္အေကာင္းစားကေလးကႏွယ္ႏွယ္ရရလူမဟုတ္။ သည္ေထာင္ႀကီးဧရာမွာ ေနသား (၁ဝ)ႏွစ္ေက်ာ္ၿပီ ျဖစ္သည့္ ေထာင္စာ၊ ေထာင္အထာေတြကို မႊတ္ေနေအာင္ က်မ္းေၾကေနသည့္ ငနဲတစ္ေကာင္ျဖစ္သည္။ေထာင္တြင္းစီအိုင္ဒီအျဖစ္သိုသိုသိပ္သိပ္ျမႇဳပ္ႏွံထားသည့္ေထာင္
အာဏာပိုင္မ်ား၏လက္ကသုံးေတာင္ေဝွး၊ သတင္းေပး၊ သတင္းစု၊ ဦးစံရွား လက္သစ္မ်ား၏ ႀကိဳးကိုင္။ မိန္းမေထာင္မွ လြဲ၍ သည္တစ္ေထာင္လုံး တိုးလွ်ိဳေပါက္ တံခါးမရွိ၊ ဓားမရွိ အထဲဝင္ အျပင္ထြက္ ထင္သလို ဥဒဟို သြားႏိုင္လာႏိုင္ေမႊေႏွာက္ႏိုင္ၾကသူမ်ားလည္း ျဖစ္သည္။
သူ႔လက္ေအာက္တြင္ “မိုးက်ေ႐ႊကိုယ္ ေအာင္ထီ”၏ မိလႅာဘုတ္ တစ္ဘုတ္လုံးက ရွိရွိသမွ် အိပ္ေထာင္တိုင္း၊ တိုက္ခန္းတိုင္း၏ ဟိုဟို သည္သည္ အႀကိဳအၾကား မက်န္မွာ အခ်ိန္ႏွင့္အမွ် ၿဖိဳးခနဲ ဖ်ပ္ခနဲ ျဖစ္ျဖစ္ ေနၾကသည့္ သတင္းပလင္း၊ အူသင္းအူမႊားစုံစီနဖာေတြကို (၁၅)မိနစ္ တစ္ႀကိမ္ ပို႔ေပးလ်က္ရွိရာ သူတို႔သတင္းေတြက အမ်ိဳးအစားစုံ႐ုံမွ်မက ေနာက္ဆုံးေပၚစက္ရပ္သတင္းေတြခ်ည္း။
“ေယာႀကီး (ခ) ေယာနသံ (ခ)ခင္ေမာင္ဝမ္းတစ္ေယာက္ သူ႔ကိုယ္သူ ဝမ္းေရာဂါျဖစ္ခ်င္ေယာင္တမင္ဖန္တီးၿပီးအျပင္ေဆး႐ုံထြက္၊ အျပင္ေဆး႐ုံ ကေနထြက္ေျပးဖို႔ႀကံေနသတဲ့။”ဟူေသာမဆံ့ရင္ကန္သတင္းႀကီးတစ္ပုဒ္ ကိုလည္းေအာင္ထီတို႔အဖြဲ႕ကလြန္ခဲ့ေသာသုံးေလးရက္ကပင္ အနံ႔ခံႏိုင္ခဲ့ၾက
ၿပီးျဖစ္သည္။ သို႔ေပေသာ္မွေယာႀကီးကတုတ္တုတ္မလႈပ္၊မွင္ႏွင့္ေမာင္းႏွင့္ ဣေျႏၵရလြန္းလွ၍ဇေဝဇဝါမႈန္ဝါးဝါးႀကီး ျဖစ္ေနခဲ့ၾကရ၏။
ယခုျဖင့္သင္းက စလႈပ္လာၿပီ။ “အသာေစာင့္ၾကည့္ေနစမ္းပါကြာ။ ေၾကာင္ၾကာၾကာ ေရမငုပ္ပါဘူး”ဆိုသည့္ ေထာင္လက္သုံးစကားကား ကြက္တိဒက္ထိမွန္ေလၿပီထင္ပ။
“ေနပါဦးကြာ။ ဒီေကာင္ ေဆး႐ုံကို ေရာက္လာတုန္းက ပက္လက္ ကေလးကပ္နဲ႔ထမ္းၿပီးလာပို႔ၾကရတာတဲ့။ မ်က္တြင္းလက္တစ္ႏႈိက္ေလာက္
နဲ႔။ပိန္လိမ္ရႈံ႕တြၿပီးလက္ေခ်ာင္းေျခေခ်ာင္းေတြေတာင္မွာပဲႀကီးအေရခြံလိုက္ လို႔တဲ့။ စကားေတာင္မွပီပီသသမေျပာႏိုင္ေတာ့ဘဲခပ္ေျမာ့ေျမာ့ရွိေတာ့သာ ေဟ့ေကာင္ရဲ႕။ ေဆး႐ုံေရာက္ေရာက္ခ်င္း ဒရစ္ (၆) ပုလင္းႀကီး တန္းခ်ိတ္ လိုက္ၾကရတာတဲ့။ သင္းဗိုက္ေခါက္ႀကီးေတြကႏြားသားေရခ်ပ္ႀကီးလိုတင္း
ၿပီးေဂါက္ဂက္ႀကီး…တဲ့။ ေဆး႐ုံဆရာဝန္ႀကီးေဒါက္တာဦးေအးခ်ိဳကိုယ္တိုင္
ကေျပာခဲ့တာေမာင္ေရ။အဲဒီအေျခအေနေတြကိုလည္းၾကည့္ရေသးတယ္။ ထည့္မတြက္လို႔ မျဖစ္ဘူး။ ကိုယ့္သံသယကို ကိုယ္ လက္ဆုပ္ မေျဖစတမ္း ရမ္းကိုင္ထားမိလို႔ ေသမင္းငင္ေယာႀကီးက ဖြတ္ခနဲ မသာေပၚသြားခဲ့ရင္ ေလာင္မီးက်မွာေနာ္။ေဟ့ေကာင္ – အကုသိုလ္ေတြအလုံးေရာအျပားေရာ စုံလိုက္ႀကီးကပ္လာမွာရယ္…”
ဟုတ္ပ… ဟုတ္ပ။ ေထာင္ဆိုသည့္အရပ္မ်ိဳးကားအဲသလိုပါဆို။ ဘာမွ် မျဖစ္လွ်င္ဘာမွ်အေရးမႀကီးေသာ္လည္းတစ္ခုခုျဖစ္ခဲ့ၿပီဆိုပါစို႔။ ခုခ်က္ခ်င္း ပဲမိုးၿပိဳေတာ့မတတ္မ်က္လုံးျပဴးလွ်ာထြက္၊သည္းသည္းလႈပ္အကဲပိုလိုက္ၾက
သည္ ျဖစ္ျခင္း။ တစ္ေထာင္လုံးကိုေျဗာင္းဆန္ကေရာ။
ယခုပင္ ျဖစ္ပုံကို ၾကည့္ဦး။
“ေယာႀကီးတစ္ေကာင္ထြက္ေျပးဖို႔ကူလီကူမာဉာဏ္နီဉာဏ္နက္ေတြ ထုတ္ေနသတဲ့”ဟူေသာသတင္းအစအနကိုလက္ဦးေအာင္ရခဲ့ၾကၿပီးေနာက္
သင္း၏ ဦးတည္လမ္းေၾကာင္းက ေဆး႐ုံဘက္မွာ စက္က်ေနၿပီး အေရးေပၚ လူနာအျဖစ္ေထာင္အျပင္ထြက္ႏိုင္ေအာင္ဖန္တီးဖို႔ဆင္ႀကံႀကံေနသည္ဟု အတိအက် သိထားႏွင့္ၿပီး ျဖစ္ေလရာ ေထာင္ေဆး႐ုံဘက္မွ မိမိစီအိုင္ဒီ သတင္းေပးေတြကိုမ်က္စိဖြင့္နားစြင့္ထားၾကဖို႔ဦးခင္ေအာင္လက္တို႔ထားႏွင့္ ရ၏။ ဉာဏ္ႀကီးရွင္ ကိုေ႐ႊေယာႀကီးကေတာ္ေတာ္ႏွင့္ေပၚေတာ္မမူလာခဲ့။ အဲ…“တိမ္ၾကားမင္းေခါင္ – တိမ္ၾကားမင္းေခါင္နဲ႔ထြက္လာေတာ့ခ်ဳံထဲ က”ဆိုဘိသို႔မေန႔ညသန္းေခါင္ေက်ာ္လင္းအားႀကီးက်ေတာ့မွပင္ သင္းစက္ ေတာ္ေခၚရာ ေထာင္က်ေဆာင္ (၂) ဆိုဒ္ (၅)ခန္းမွ အေရးႀကီး ဝမ္းေရာဂါ သမားအျဖစ္ျပဴးျပဴးၿပဲၿပဲလူနာကပ္ေပၚမွာပက္လက္သားေဆး႐ုံေရာက္လာခဲ့ျခင္း ျဖစ္သည္။
ျဖစ္ခ်င္ေတာ့ႀကဳံႀကဳံႀကိဳက္ႀကိဳက္ေထာင္မွာက“ဝမ္းေရာဂါ” ေသြးလန႔္ ေနၾကသည့္အခ်ိန္။ကေလးကေဘာ္ခ်ိဳင့္ဝွမ္းေဒသရွိရာဇၿဂိဳဟ္၊ၿမိဳ႕သစ္၊သနန္

စသည့္ဘဝသစ္ရဲဘက္စခန္းမ်ားမွသတ္မွတ္ကိုယ္အေလးခ်ိန္ထက္မ်ားစြာ
နိမ့္က်ေနသည့္ဘီအမ္အိုင္( )အက်ဥ္းသားမ်ားကိုေထာင္ျပန္ပို႔ထားေသာ “ရဲဘက္ျပန္”မ်ားႏွင့္အတူ ေရာပါလာသည့္ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါက အကူးအစက္ျမန္စြာ ေဟာတစ္ေယာက္- ေဟာတစ္ေယာက္။ ဒုကၡေပး ေခါင္းေထာင္ထေနသည္။သာမန္ျဖစ္႐ိုးျဖစ္စဥ္ထက္ဝမ္းကေလးနည္းနည္း
ေပ်ာ့လွ်င္ပင္ကိုယ့္ကိုယ္ကိုယ္ေက်ာပူလာသလား၊ ေခါင္းပူလာသလားသ႐ိုး
သရီျဖစ္ခ်င္မိ၍ဗိုက္ထဲကနာသလိုလို၊ဝမ္းထဲကရစ္သလိုလိုဘာလိုလိုျဖစ္ ခ်င္ေနၾကရသည့္အခါ သမယႀကီး။
အေရးထဲမွာမွ သည္ရက္ပိုင္းအတြင္းေထာင္ေဆး႐ုံမွေသဆုံးပ်က္စီးမႈ ႏႈန္းကလည္း လန႔္သခ်င္ဖြယ္ မ်က္လွည့္ ျပေနျပန္ေသး၏။ ယမန္ေန႔က ႏွစ္ေယာက္။မေန႔ကတစ္ေယာက္။ သည္ကေန႔သုံးေယာက္တဲ့။ ဆက္တိုက္
ႀကီး။
ကဲ … သို႔လွ်င္ျဖစ္၍ –
“ေအာင္မေလးဆရာရယ္၊အဲသလိုေတြး႐ိုးေတြးစဥ္ေတြထဲမွာေျပာမေန
ခ်င္စမ္းပါနဲ႔။ ေယာႀကီးက အဲသေလာက္ ခပ္တုံးတုံး ငတမဟုတ္ရယ္ဘူး။ ၿပီးေတာ့ေယာႀကီးလိုအကုသိုလ္အားႀကီးတဲ့မသူေတာ္ေကာင္မ်ိဳးဟာသူလို ငါလို(၉၆)ပါးေရာဂါေလာက္နဲ႔ေတာ့ျဖင့္လြယ္လြယ္ကိစၥတုံးမသြားႏိုင္ေသး
ဘူး။ သူ႔အကုသိုလ္ေတြ သူ႔ျပန္အက်ိဳးေပးၿပီး ေခြးေသဝက္ေသ ေသရမယ့္ အေကာင္မ်ိဳးပါ။ အဲဒီေတာ့ ေယာႀကီးကိစၥကိုေတာ့ ကိုယ့္ဘက္က ေသခ်ာ ေအာင္လုပ္ဖို႔ လိုတယ္ေနာ့ ..။ ဆယ္ေရးတစ္ေရးကိုးေရးတစ္ေရးတဲ့။ ၿပီးမွ ဟုတ္ေပ့ျဖစ္ေနဦးမယ္”
ကံလွေျပာသည္ကလည္း ဟုတ္တုတ္တုတ္။
ေယာ ဘႀကီးကို မထီမဲ့ျမင္ ေလွ်ာ့တြက္၍ မရ။ ငယ္စဥ္က ေမွာင္ရိပ္ခိုမႈ၊ ရဲမသကၤာမႈမ်ားျဖင့္ေထာင္အႀကိမ္ႀကိမ္က်ဖူးသူ၊ ေနာက္ခိုးမႈ၊ ခါးပိုက္ႏႈိက္မႈ၊

ေဖာက္ထြန္းမႈေတြအထိ တစ္စတစ္စ အတင့္ရဲစြာ အကုသိုလ္အေပြးတက္ လာၿပီးေထာင္၏ေဖာက္သည္ႀကီးစာရင္းဝင္လာခဲ့သူ။လက္စေျခစမေသး။ ဉာဏ္ႀကီးသည္။ လက္ရဲဇက္ရဲႏိုင္သည္။ က်ားကုပ္က်ားခဲလည္းလုပ္တတ္ ကိုင္တတ္သည္။ ကမူးရႉးထိုးျဖင့္ လက္ျမန္လက္ယဥ္တတ္ေသး၏။ သူ႔ေထာင္သက္တစ္ေလွ်ာက္ရဲအခ်ဳပ္ခန္းေဖာက္မႈ၊ ရဲအခ်ဳပ္ကားေပၚမွ ထြက္ေျပးမႈ၊ တရား႐ုံးတရားခြင္မွအေပ်ာက္႐ိုက္အလစ္ထြက္ေျပးမႈ၊ ေထာင္ ေဖာက္မႈ၊ ရဲဘက္ေျပးမႈေတြ တစ္သီႀကီး။ လက္ေကာက္မွ တကယ့္ ေထာင္ လက္ေကာက္အႀကီးစား။
ရဲဘက္ေျပးမႈတစ္မႈ၌ ေထာင္ဝန္ထမ္းမ်ား ဝိုင္းဝန္းဖမ္းဆီးသည္ကို ျပန္လည္ ခုခံခဲ့ရာ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးျခင္းခံခဲ့ရသျဖင့္ က်ည္
တစ္ေတာင့္ကဝဲဘက္ပါးမွသည္ညာဘက္ပါးအထိေဟာင္းေလာင္းေပါက္ ေဖာက္ထြက္သြားခဲ့သည္။ ေနာက္က်ည္တစ္ေတာင့္က ညာဘက္တင္ပါးဆုံ ႐ိုးကို တည့္တည့္မွန္ၿပီး စဥ္ထြက္သြားခဲ့သည္။ ေသခြင့္ျဖင့္ မႀကဳံ။ ေထာင္ ေဆး႐ုံခုတင္ေပၚမွာခ်ည္း သုံး၊ေလးလေသေကာင္ေပါင္းလဲ ခံလိုက္ရ၏။ ထိုသည္၏ေနာက္ေယာႀကီးတစ္ေယာက္ လိုင္းကူးသြားခဲ့သည္။ ညာ
ေျခတစ္ဖက္လက္႐ုံးရည္ထက္သူ႔ႀကံရည္ဖန္ရည္သူ႔ကိုပိုပိုကဲကဲကေလး
အစြမ္းျပရန္ အခြင့္အလမ္းသာသည့္ မူးယစ္ေဆးဝါးနယ္ထဲသို႔ ဒုစ႐ိုက္
သံသရာခ်ဲ႕လာခဲ့ျပန္ေတာ့၏။အရင္အတိုင္းပါပဲ။ေထာင္က်လိုက္လြတ္လိုက္၊
ထပ္က်လိုက္ ထပ္လြတ္လိုက္။ မုန႔္လုံးစကၠဴကပ္ျဖစ္ေနခဲ့သည္သာ။ မလိမ့္တစ္ပတ္ လက္တစ္လုံးျခား တီးလုံးမ်ား လွည့္ကြက္မ်ားျဖင့္ ေယာႀကီးပညာျပခဲ့ေသာ ေထာင္ေျပးမႈ၊ ရဲဘက္ေျပးမႈေတြ ဒုနဲ႔ေဒး။ တ႐ြတ္ သီထိုးတိုးလို႔တြဲလန္းေတြခ်ည္း။ သည္ေတာ့လည္း …။
“အဲဒါကလည္း အဲဒါေပါ့ေလ။ ဒါေပမဲ့- သူ႔ေဆးလက္မွတ္နဲ႔ ေဆး႐ုံ ေျပာင္းရီဗားေအာ္ဒါမွာကလည္းအေျခအေနကေတာ္ေတာ္ဆိုးဆိုးလို႔ေရး ထားတယ္ ကိုယ့္လူရဲ႕။ ပရက္ရွာေရာ ဘီပီေရာ တအားနင္းထိုးက်ေနတာ။ ၿပီးေတာ့ ႐ိုး႐ိုးဝမ္း မဟုတ္ဘူး။ ကာလနာဝမ္းက်ပုံစံမ်ိဳးတဲ့ဟ။အရင္က
ေတာင့္ေတာင့္ခိုင္ခိုင္သူ႔ကိုယ္ေပါက္ကိုယ္ေပါက္ႀကီးကေတာင္တစ္ဝက္စာ မက ခ်ဳံးက်သြားတာ ၾကည့္ပါလား။ အ႐ိုးနဲ႔အေရကပ္ၿပီး ႐ိုးႀကီးေဂါင္ဂင္ျဖစ္ လို႔။ စိန္ပန္းက ကူးစက္ေရာဂါအထူးကုေဆး႐ုံကို လႊဲေပးမရတဲ့။ အခု … တာဝန္ၾကပ္က ေထာင္ပိုင္ေလး၊ ေထာင္ပိုင္ႀကီးတို႔ဆီကို လိုအပ္တဲ့ စာ႐ြက္ စာတမ္းေတြ လက္မွတ္သြားထိုးေနၿပီ။ ရဲစခန္းကိုလည္း လုံၿခဳံေရးအေစာင့္ အေရွာက္ခ်ေပးဖို႔လွမ္းေတာင္းထားၿပီးၿပီ။ ကဲ ..။
“ဒါဆို … ဆရာ့ဥစၥာက ေယာႀကီး ဆင္ႀကံႀကံေနတဲ့အေၾကာင္းကို သတင္းမပို႔ႏိုင္ေတာ့ဘူးေပါ့။ ဟုတ္လား…”
“ဟာ…အဲဒါႀကီးကေဆာက္ျဖစ္မွေက်ာင္းဒကာဆိုသလိုမေရမရာႀကီး
ေလကြာ။ ၿပီးေတာ့ ေထာင္ထဲေရာက္လာတဲ့အမ်ိဳးေကာင္းသားမွန္သမွ်က တို႔ေထာင္ဝန္ထမ္းေတြနဲ႔ ေထာင္လုံၿခဳံေရးစနစ္မ်ားဆို “ဖုတ္ေလတဲ့ငါးပိ၊ ရွိတယ္ရယ္မေအာင့္ေမ့ဘဲေျပးတိုင္းလြတ္ေတာ့မယ့္ပုံမ်ိဳးအာေပါင္အာရင္း သန္တတ္ၾကတာကိုလည္း မင္းအသိ။ အဲသလိုမ်ိဳး အာဝါမသဘူးတဲ့လူ ကလည္း ခပ္ရွားရွား မဟုတ္လား”
“ကဲ…ေယာႀကီးကမ်ား သူေျပာထားတဲ့အတိုင္း လုပ္ခဲ့ရင္” “စိတ္မပူပါနဲ႔ကိုရင္ေလးရယ္။တာဝန္ၾကပ္တပ္ၾကပ္သန္းဦးကိုဘူးတံခါး ႀကီးထဲမွာခဏထားၿပီးတာဝန္မႉးျဖစ္တဲ့ငါကိုယ္တိုင္သင္းကိုေထာင္ပိုင္ေလး
ဆီ သတင္းပို႔ခြင့္ေတာင္းထားၿပီးပါၿပီ။ ငါျပန္လာတဲ့အထိ ေထာင္ပိတ္အဖြဲ႕ ေခါင္းေဆာင္ ေထာင္မႉးဦးေအာင္သန္းႀကီးက ခဏလာထိုင္ေပးလိမ့္မယ္။ ေယာႀကီးကိုဒီလိုမ်ိဳးမ်က္ႏွာလႊဲခဲပစ္လုပ္လိုက္လို႔ ဘယ္ျဖစ္ပမတုံး။ ျမင္းကို အေတာင္ပံ တပ္ထားလိုက္သလို ျဖစ္ၿပီး “သင့္က်ဴး”ေတြ တစ္ဝႀကီး ေကြၽး သြားမွာေပါ့။ မွတ္ဘူးလား။ ဟဲ…ဟဲ…ဟဲ”
ပါ”
“ဟူး … ေတာ္ပါေသးရဲ႕ဆရာရယ္။ အဲဒီအတိုင္းဆိုရင္ေတာ့ အိုေကမွာ
“အိုေက” – မေကကအသာထားဦး ေထာင္ျပန္ေရာက္မွသာေသခ်ာ ေပါက္ဟင္းခ်ရမည့္ ကိစၥ။ ေယာႀကီးကားေယာႀကီး ျဖစ္ေန၍ မေပါ့ရဲ။ ေလွ်ာ့မတြက္ရဲ။

“အင္း…ေယာႀကီး – ေယာႀကီးေသရင္ေတာင္ေခ်းပန္းရပ္မယ့္ေကာင္ မဟုတ္ပါလား”ေတြးရင္း ေတြးရင္း သင္းအခြက္ႀကီးကို တေရးေရး ျမင္လာ မိျပန္ေတာ့သည္။
မိုးကတေျဖာက္ေျဖာက္တဖြဲဖြဲ အိပဲ့အိပဲ့႐ြာေနသည္။
ေဝါခနဲ ေျဗာခနဲ ဟီးတိုက္ၿပိဳက်မလာသည့္တိုင္ တစ္မိုးလုံး ပိန္းပိတ္ ေအာင္ေမွာင္ၿပီးတိမ္မည္းေတြျဖင့္ၫြတ္ေနေတာ့၏။အညာမိုး၊မႏၲေလးမိုးဟု
ထင္ခ်င္ထင္ရက္စရာပင္မရွိ။ ႐ြာေနပုံအခ်ိဳးမက်လိုက္ပုံမ်ားမိုးလုံးျပည့္ဆင္ ထားသည့္ သူ႔အခင္းအက်င္းႏွင့္မလိုက္ဖက္ေလာက္ေအာင္ၿဖိဳးတိုးေျဖာက္ ေတာက္မွသည္တဖြဲဖြဲ၊အဲ..နည္းနည္းကေလးသည္းေတာ့မည္ထင္ေနတုန္း ျဗဳန္းခနဲ ရပ္သြား။ ဘယ္လိုႀကီးလည္းမသိ။
ၾကာၿပီ။ သည္ပုံမ်ိဳးျဖင့္မအီမလည္ဆန႔္တငံ့ငံ့႐ြာေနခဲ့သည္ပင္သုံးေလး ရက္မကေတာ့။ ၿမိဳ႕လုံးပတ္လည္ေလးျပင္ ေလးရပ္လုံး မိုးေရေတြႏွင့္ ႐ြဲ႐ြဲစို ေနခဲ့ၿပီ။႐ႊံ႕ေတြဗြက္ေတြ၊လမ္းေဘးေရဆိုးအိုင္ေတြ၊က်င္းခ်ိဳင့္ေတြတင္းက်မ္း ျပည့္လ်က္ရွိေတာ့၏။ ေျခခင္းလက္ခင္းမသာယာ။
ထို႔ႏွယ္မုန္းစရာ့ရာသီဆိုးႀကီးထဲမွာေယာႀကီးကိုေဆး႐ုံပို႔ေပးဖို႔ႀကဳံလာ
ခဲ့ရျခင္းျဖစ္သည္။
ဟိုသတင္းပို႔ ၊ သည္သတင္းပို႔ – ဟိုကို လွမ္းခြင့္ေတာင္းသည္ကို လွမ္းဆက္သြယ္ေတြျဖင့္ မၿပီးမဆုံးႏိုင္ေသာ လုပ္႐ိုးလုပ္စဥ္ေထာင္အလုပ္ မ်ားကိုေစ့ေစ့စုံစုံ လုပ္ေနရသျဖင့္ ေမာင္မင္းႀကီးသားေယာႀကီးကို ေဆး႐ုံ ပို႔ဖို႔ အေရးေထာင္မပိတ္ကတည္းက ဖတ္သီက်ေအာင္ တက္သုတ္႐ိုက္ ေဆာင္႐ြက္ခဲ့ၾကလင့္ကစား ေထာင္မွတကယ္ ထြက္ျဖစ္ၾကေတာ့ ည (၉)ကိုးနာရီခြဲေက်ာ္၍ (၁၀)နာရီထိုးေတာ့မည္။
ေသရမည့္လူနာသာဆိုလွ်င္ႏွစ္ခါသုံးခါျပန္ပင္ေအးေအးကေလးေသ၍
ရႏိုင္၏။ သို႔ေသာ္လည္းတဲ့။ ေယာႀကီးမေသခဲ့။ သူ႔ကိုတင္ထားေပးသည့္

လူနာတင္ကပ္ကေလးေပၚမွာပဲ ဖုတ္လႈိက္ဖုတ္လႈိက္ ဆန႔္ငင္ဆန႔္ငင္ျဖင့္ ရွိေနခဲ့သည္။ သူ႔တစ္ကိုယ္လုံးတေဟာင္ေဟာင္သင္းေနသည့္ မစင္နံ႔ေတြ စုၿပဳံအုံခဲေနၾကသည့္ ယင္ေကာင္၏အုပ္ကိုေသာ္မွ လက္ကေလးေျမႇာက္၍ မေျခာက္ႏိုင္။ သူ႔မ်က္ေတာင္ကေလးပုတ္ခတ္ပုတ္ခတ္လုပ္၍လည္းေမာင္း မထုတ္ႏိုင္။ ပက္လက္ကေလး သဲ့သဲ့ယဲ့ယဲ့ကေလး မွိန္းေခြေန၏။ တအင္ အင္ တအဲ့အဲ့ ညည္းသံတိုးတိုးတိမ္တိမ္ေလးေၾကာင့္သာ “ငနဲသား” မေသ ေသးပဲကိုး” ဟု သိၾကရသည္။
ကိုေ႐ႊေယာႀကီးကံဆိုးေလသလား၊ ကံေကာင္းေလသလားမသိ။ မႏၲေလးအေနာက္ပိုင္း တာေဘာင္ကို ေျခကန္ထားသည့္ စိန္ပန္းလို ေခါင္ေခါင္ခါးခါးရပ္ကြက္မ်ိဳးရွိ”ကူးစက္ေရာဂါ”အထူးကုေဆး႐ုံ” သြားရသည္ ကိုပင္အေဖာ္အေလွာ္ကေလးေရာင္းရင္းမိတ္ေဆြကေလးေတြႏွင့္တေပ်ာ္
တပါးႏွင့္ခင္ဗ်။ သည္ကေန႔ေထာင္ေဆး႐ုံမွာေရာဂါဘယျဖင့္ ဆုံးပါးသြားရွာ သည့္ အက်ဥ္းသားလူေသအေလာင္း (၃)ေလာင္းက ေဆး႐ုံပို႔ကားေပၚမွာ ေယာႀကီးႏွင့္အတူေတာင့္ေတာင့္စန႔္စန႔္ႀကီးေတြေဘးခ်င္းယွဥ္လ်က္ပါလာေသး၏။

“ဆရာျမင့္ေရ.. ဆရာကိုယ္တိုင္ပါမယ္ဆိုလို႔ Dead Bodyေတြကို ေဆး႐ုံႀကီးဘက္လွည့္အပ္ထားေပးခဲ့ပါဦး ဆရာရယ္။ စာ႐ြက္စာတမ္း ေတြေတာ့ ေဆးတပ္သားေမာင္သိန္းေဇာ္ကေလးနဲ႔ပဲ လိုက္ပို႔ခိုင္းလိုက္ပါ မယ္။ ေနာက္လႊတ္လိုက္သည့္ လက္ေထာက္ေဆး႐ုံအုပ္ေဒါက္တာ ဦးသန္းေငြ၏ေက်းဇူးျဖင့္ထိုအေလာင္း (၃)ေလာင္းကိုလမ္းႀကဳံတင္လာခဲ့ရ ျခင္းပင္။ “ေယာႀကီးလည္းအေဖာ္ရတာပေလေနာ” သူ႔ဘာသာသူပင္ မ်က္လုံးမဖြင့္ႏိုင္သည့္ေယာႀကီးကိုလွမ္းၾကည့္လ်က္ေျပာမိရေသး။ “ဆရာ..ဆရာတို႔ဒီကပဲခဏေစာင့္ရစ္ၾကပါဦး။ ကြၽန္ေတာ္ေယာႀကီးကို ေဆး႐ုံဂါတ္အခ်ဳပ္မွာလႊဲဖို႔အရင္ဝင္လုပ္လိုက္ဦးမယ္။ အိုပီဒီ၊ ျပင္ပလူနာဌာန၊ မွာ လူနာမွတ္ပုံတင္ရမွာနဲ႔ တာဝန္က်ဆရာဝန္က စစ္ေဆးၿပီးမွ ရီဖားလုပ္ရ မွာနဲ႔မို႔အေတာ္ၾကာဦးမွာ။ ေဆး႐ုံဘက္ကလူနာလက္ခံၿပီးခါမွပဲဂါတ္အခ်ဳပ္
က သူတို႔အေဆာင္ထဲကိုအဝင္ခံတာေလ။ ေနာ္… ဆရာ”
“ေအး … ဟုတ္ၿပီေလ ေမာင္သိန္းေဇာ္။ ငါနဲ႔ငါတို႔ အဖြဲ႕ေတြက ေဟာဟို လမ္းတစ္ဖက္ကလက္ဖက္ရည္ဆိုင္မွာအေအးလုံ႐ုံကေလးျဖစ္ျဖစ္ေကာ္ဖီ မစ္ကေလး၊ တီးကေလးဆြဲရင္း ေစာင့္ေနမေဟ့။ ေအးေအးေဆးေဆးသာ လုပ္။ နယ္ေျမရဲကနယ္ထိန္းနဲ႔အဖြဲ႕လည္းလာမွမလာေသးပဲ”
ပုံမွန္အားျဖင့္ ေထာင္ေဆး႐ုံမွ အက်ဥ္းသားတစ္ဦး ေဆး႐ုံတင္သည့္ ကိစၥ၌ ဆိုင္ရာနယ္ေျမရဲကိုအသိေပးဖို႔မလိုပါ။ သို႔ေသာ္မူလျပစ္ဒဏ္ (၅)ႏွစ္ ထက္ ေက်ာ္လြန္ၿပီး နာမည္ႀကီး ရာဇဝင္လူဆိုးစာရင္းဝင္ ေက်ာ္ေဇာမ်ား ျဖစ္ေနလွ်င္ေတာ့ မႈခင္းႀကိဳတင္ ကာကြယ္ေရးစီမံခ်က္”အရ အေၾကာင္း ၾကားထားေပးရ တတ္ၿမဲျဖစ္သည္။ ဝမ္းေတာ္လားၿပီး ေသေကာင္ေပါင္းလဲ ျဖစ္ေနသည့္တိုင္ ေယာႀကီးကေယာႀကီးေပမို႔မလိုလည္းလိုလည္း နယ္ေျမ ရဲကိုႀကိဳေျပာထားရ၏။ နယ္ထိန္းဒုရဲအုပ္ကေလးျမတ္ေက်ာ္ဦးတို႔အဖြဲ႕လာခဲ့ မည္တဲ့…။

“ဟင္ … ဒါဆို – ဆရာ ေယာႀကီးကဒီမွာ တစ္ေယာက္တည္း” “ေအာင္မယ္ေလးဟဲ့ – ကိုရင္ရယ္၊ ဘာမွ – မဘာႏိုင္ပါဘူးကြာ။မင္း အေကာင္အသက္ပဲဖင္ကထြက္ရမလားေခါင္းကထြက္ရမလားဖုတ္လႈိက္ ဖုတ္လႈိက္ျဖစ္ေနတဲ့ဥစၥာ။ထေျပးရေလာက္ေအာင္အင္အားမရွိေတာ့ပါဘူး။ ႐ိုးတြင္းခ်ဥ္ဆီေတြ ဝမ္းေလွ်ာတဲ့အထဲအကုန္ပါသြားၿပီပဲကြ…ဟုတ္စ” “ၾကည့္လည္း – လုပ္ပါဦးဆရာရယ္။ဒီလိုေကာင္မ်ိဳးေတြက“ေသခါနီး အီးတစ္ခ်က္ပါခဲ့ဦးမယ္”ဆိုတဲ့ အစားမ်ိဳးေတြ။ လူမတတ္ေပတဲ့ လက္ဖက္ ထုပ္ကတတ္ခ်င္တတ္ေနတဲ့အသိုင္းနဲ႔အဝိုင္းနဲ႔ေကာင္ေတြရယ္…”
“ေအးပါကြာ…ေအးပါ”
ေျပာေျပာ ၾကည့္ၾကည့္ ေယာႀကီးကိုမ်က္ဝန္းေဝမိ၏။ မလႈပ္၊ မပီမသ သည္းသံမွတစ္ပါး ေ႐ြ႕ေ႐ြ႕မွ်မလႈပ္။

“ေအာင္မေလးဗ်… ကယ္ၾကပါဦး – သရဲ – သရဲ”
ညသံမို႔ျဖစ္မည္။ သို႔မဟုတ္ မိုးေၾကာင့္ လူသြားလူလာ လုံးဝ မရွိ သေလာက္ နီးနီးလူေနတိတ္ဆိတ္ေနျခင္းေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ေသြးပ်က္လုခမန္း ေခ်ာက္ေခ်ာက္ခ်ားခ်ား ေအာ္သံႀကီးက က်ယ္ေလာင္ လြန္းလွ၏။
႐ုတ္တရက္ျဖင့္ ဘယ္ဆီဘယ္ဝယ္မွန္းတြက္ဆ၍မရ။
“အား..အား..ငါ့- ငါ့ကိုသတ္ေနၿပီ။ကယ္-ကယ္-ၾက-ပါဦး။သ-သ- သရဲ-သရဲ-အား”
“ဟင္….ဒါေယာႀကီးအသံပဲ”႐ုတ္ျခည္းပင္ေခါင္းနားပန္းႀကီးသြားမိရ၏။
တစ္စားပြဲတည္း အတူဝိုင္းထိုင္ေနခဲ့ၾကသည့္ တပည့္လက္သားမ်ား

ကိုေသာ္မွစကားတစ္ခြန္းမေျပာႏိုင္အား။ ဆိုင္ေရွ႕လမ္းတစ္ဖက္၌ ကတၱရာ
လမ္းႏွင့္အၿပိဳင္အလ်ားလိုက္ႀကီးရပ္ထားခဲ့ေသာအီး(၂ဝဝဝ)အစိမ္းေရာင္ လူနာပို႔ကားဆီသို႔ သုတ္ေျခတင္၍ ကဆုန္စိုင္း ေျပးခ်လာခဲ့မိသည္။ ဘာေတြ ျဖစ္ကုန္ၿပီလဲ။
ေနာက္ေတာ္ပါးမွ ဖဝါးေျခထပ္ကပ္ပါလာသည့္ တပည့္ေက်ာ္မ်ား၏ ေျခသံတျဗဳန္းျဗဳန္းမ်ားကိုလည္း ၾကားသည္။
“ေဟ့ေကာင္… ေယာႀကီး – ေယာႀကီးဘာျဖစ္လို႔တုန္းေဟ့ -ေယာႀကီး” ဝုန္းခနဲကားေပၚသို႔ ခုန္တက္လိုက္၏။
ေယာႀကီးကား ရွိေနဆဲ။ သို႔ေသာ္ သူႏွင့္ ေဘးခ်င္းယွဥ္လ်က္ ထားရစ္ ခဲ့သည့္ေရဖ်ဥ္းေရာဂါျဖင့္ေဖာေယာင္၍ေသသူအက်ဥ္းသားဆယ္ေမာင္၏
အေလာင္းေဖာင္းကားကားႀကီးက ေယာႀကီးအေပၚကိုယ္တစ္ဝက္ခန႔္ ေစာင္းလ်က္ႀကီး ပိေနသည္။ သူ႔အေလာင္းႀကီး၏ မတန္တဆအေလး ဝန္ေၾကာင့္လူနာတင္ကပ္မွခေနာ္နီခေနာ္နဲ႔ဘီးကက်ိဳး၍ကြၽတ္ထြက္သြားၿပီး တစ္ဖက္ေစာင္း ေလွ်ာက်သြားျခင္း ျဖစ္ပုံရ၏။ ေယာႀကီး တစ္ေယာက္ ေကာ ။
“ေယာႀကီး… ေဟ့ေကာင္”
ဘယ္လိုေခၚေခၚစကားေမးမရ။ ဝမ္းေရာဂါဒဏ္ေၾကာင့္တြင္းဆုံးအထိ ခ်ိဳင့္ခြက္က်ေနသည့္ မ်က္တြင္းေဟာက္ပက္ႀကီးထဲမွ မ်က္လုံးႀကီးမ်ားမွာ အဆမတန္ ျပဴးၿပဲထြက္ေနသည္။ သို႔ေသာ္အလႈပ္အခတ္မရွိ။ နတၱိ။
“ကဲေဟ့ ..ဒါေတြ ခဏထားဦး။ ေယာႀကီးရဲ႕ကပ္ကိုပဲ အရင္သယ္ၿပီး အိုပီဒီကို ေျပးႏွင့္ၾကေဟ့။ ဪ… ကားဆရာခင္ေမာင္ၫြန႔္နဲ႔ ဒုတပ္ၾကပ္ ေမာင္ပိုက္တို႔ကအေလာင္းေတြကိုေစာင့္ရင္းနယ္ထိန္းဆရာျမတ္ေက်ာ္ဦး တို႔လာခဲ့ရင္ ခဏေစာင့္ခိုင္းထား… ၾကားလား”
“ဟုတ္”
မိုးကနည္းနည္းကေလးသည္းခ်င္လာသည္။ သို႔တိုင္မည္သို႔မွ်မေအး
ေစႏိုင္ေတာ့။

“အသက္မရွိေတာ့ဘူး ဆရာေထာင္မႉးေရ။အေၾကာက္လြန္ၿပီး ႏွလုံး
ေသြးရပ္သြားပုံေပၚတယ္။ နဂိုကမွဝမ္းသြားထားတဲ့ဒဏ္နဲ႔ ကိုယ္ခံအားစနစ္ ကပ်က္စီးၿပီး ယဲ့ယဲ့ကေလး ရွိေတာ့တဲ့ဟာ။ ႐ုပ္ေရာ စိတ္ေရာ ခ်ဳံးခ်ဳံးက်ေန ၿပီေလ။အဲဒီမွာတင္အခုလိုေသြးပ်က္ေလာက္စရာကိစၥႀကီးျဗဳန္းခနဲႀကဳံလိုက္ ရေတာ့ ေသြးေတြေဆာင့္တိုးၿပီး ကိစၥမ်ားသြားတဲ့သေဘာေပါ့။ ကိုယ္ေငြ႕က ေႏြးေႏြးကေလးပဲ ရွိေသးေတာ့ ခုနကေလးတင္ ဆုံးသြားခဲ့ရွာတာပဲ ဆရာ ေယာႀကီးေသၿပီ။
ဘယ္ပုံ ဘယ္လို ယုံလိုက္ရမည္လည္း မသိတတ္ႏိုင္။ “ေယာႀကီးလို ေကာင္ဟာ ဒီနည္းနဲ႔ ေသရသတဲ့လား။” မ်က္စိေရွ႕ရွိ ေယာႀကီး၏ သက္မဲ့ အေလာင္းေကာင္ႀကီးက ယုံလိုက္ပါေတာ့”ဟု ေျပာေနသည္။ “ေအးေလ … ေသျခင္းဆိုတာ ေကာင္ႀကီးက “ယုံလိုက္ပါေတာ့” ဟု ေျပာေနသည္။ “ေအးေလ…။ေသျခင္းဆိုတာလူတိုင္းနဲ႔လက္တစ္ကမ္းမွာရွိေနတတ္စၿမဲပဲဟာ။ ေကာင္ကာငင္ကာ ေရာက္ခ်င္ရာက ေရာက္လာတတ္တာမ်ိဳးကလား။ ဘယ္သူမွအစိုးမရတဲ့ကိစၥႀကီးပဲေလ။ အျဖစ္အပ်က္ကိုလက္ခံယုံၾကည္ႏိုင္ ေအာင္ကိုယ့္ကိုယ္ကိုယ္မနည္းနားခ်ေနရ၏။
“ႀကဳံမွႀကဳံ၊ ျဖစ္မွျဖစ္ရေပေလ ဆရာရယ္။ ဒီေလာက္ဝမ္းေတြသြားၿပီး ေသေကာင္ေပါင္းလဲ ျဖစ္ေနခဲ့တာေတာင္ ေဆး႐ုံေရွ႕ေရာက္တဲ့အထိ တင္းေတာင့္ႏိုင္ခဲ့ေသးတာ။ ပုပ္ပြဖူးေယာင္ေနတဲ့ ဆယ္ေမာင့္အေလာင္း ႀကီးပိက်လာေတာ့မွပဲအေၾကာက္ႀကီးေၾကာက္ၿပီး ေသြးလန႔္ေသရေပတယ္ လို႔။ေယာႀကီး -ေယာႀကီး- ကံနည္းလိုက္တဲ့ေကာင္” ေဆးတပ္သားသိန္းေဇာ္ေလးက တဖ်စ္ေတာက္ေတာက္၊ “ဘယ္ေျပာႏိုင္မွာလဲ – ငါ့ေကာင္ရယ္သတၱဝါတစ္ခုကံတစ္ခုခုပဲဟာ” မေျပာျဖစ္ခဲ့ပါ။ လွ်ာဖ်ားေလးအထိေရာက္လာခဲ့ၿပီးမွအႏိုင္ႏိုင္ျပန္မ်ိဳခ်ထား လိုက္မိေတာ့သည္။ ၿပီးသြားၿပီပဲေလ။

“အဲသလိုလြယ္လြယ္နဲ႔ၿပီးသြားရင္ေကာင္းေပတာေပါ့ဆရာရယ္။အခုက အဲသလိုမၿပီးခဲ့ဘူးဆရာေရ။ဆရာ့တပည့္ေယာႀကီးေမႊးခဲ့တဲ့မီးကမီးခိုးႂကြက္
ေလွ်ာက္ ေလာင္ခဲ့ပါေရာလား။ ကံသီေပလို႔။ ကြၽန္ေတာ့္တပ္ၾကပ္ႀကီးက လည္းရဲမ်က္စိရဲနားလ်င္ေပပါးေပလို႔သာေပါ့” “ေဟာ.. ဆရာျမတ္ေက်ာ္ဦး”
“ကားဆရာေျပာလို႔ ေယာႀကီးအေၾကာင္း ၾကားထားၿပီးၿပီ ဆရာ။ သူ႔ အကုသိုလ္က သူ႔ကိုျပန္အက်ိဳးေပးၿပီးမထင္ထားတဲ့နည္းမ်ိဳးစုံနဲ႔ မိုက္ဇာတ္ သိမ္းသြားတာပဲခပ္ေကာင္းေကာင္းဆရာ။ ႏို႔မို႔ ဆရာတို႔ကိုေရာ – ကြၽန္ေတာ္ တို႔ရဲေတြကိုပါနား႐ြက္တံေတြးဆြတ္သြားဦးမယ့္အေကာင္။ တကယ္မလြယ္
တဲ့ေယာႀကီး”
“အဲ…ေလသံကထူးလွခ်ည္ကလား ကိုယ့္ဆရာ။ ဘာေတြမ်ား ျဖစ္” “ထူးဆို- ဆရာေရ..ေယာႀကီးကိုေဆး႐ုံကခိုးထုတ္သြားဖို႔အႀကံအစည္ နဲ႔ လာတဲ့ သူ႔ႀကံရာပါေတြရဲ႕ကားတစ္စီးကို ကြၽန္ေတာ္တို႔ “ကုပ္” ထားႏိုင္
လက္မတင္ကေလး”
“ေဟာ..ဗ်ာ”
သည္တစ္ခါပါးစပ္ႀကီးအဟုတ္တကယ္အမွန္အကန္ၿပဲသြားရသူကား ေယာႀကီးႏွင့္ပဲအခ်ိန္ျပည့္ေနခဲ့ရသည့္မိမိတို႔တစ္ေတြမွတစ္ပါးမည္သူရွိႏိုင္
ပါအံ့နည္း။
“လုပ္စမ္းပါဦး… လုပ္စမ္းပါဦး။ ေယာႀကီးက ဘယ္လို” “ဖမ္းမိထားတဲ့ဗ်ိဳင္းမဲ(ခ) မွတ္ႀကီးနဲ႔ေက်ာက္တစ္လုံးဘတင္တို႔အေျပာ
ေတာ့သူတို႔ဆရာ။ေယာႀကီးကိုဒီကေန႔ေဆး႐ုံတင္ျဖစ္မတင္ျဖစ္လာေထာက္ ၾကတာတဲ့ဆရာ။တင္ျဖစ္ခဲ့လို႔အေျခအေနေပးခဲ့ရင္လည္းေဆး႐ုံရဲ႕အခ်ဳပ္ကို
မလႊဲခင္ အို ပီ၊ ဒီမွာပဲ ေယာႀကီးကို သုတ္ေျပးၾကဖို႔ပဲ …တဲ့။ အဲ … လုပ္ကြက္ မသာခဲ့ရင္ေတာ့ ေနာက္ေန႔ေတြမွာမွ မီးစင္ၾကည့္ကၾကမတဲ့။ သူတို႔ဆရာ ေယာႀကီးလြတ္ရာ လြတ္ေၾကာင္းကိုေတာ့ အေႏွးနဲ႔အျမန္ ႀကံၾကမွာပဲတဲ့

ဆရာ။ ေဟာ – ဟိုမွာ ျမင္ေနရတဲ့ ဝီလီဂ်စ္ကားက သူတို႔ကားပဲ။ မွတ္ႀကီးနဲ႔ ဘတင္တို႔ကိုေတာ့ ရဲစခန္းေခၚသြားလိုက္ၿပီ ဆရာ… အဲဒါပဲ”
ေယာႀကီး…ေယာႀကီးေသတာေတာင္နည္းေသး။ နင့္ – တစ္ကိုယ္လုံး ဉာဏ္နီဉာဏ္နက္မူယာမာယာေတြခ်ည္း အလုံးလိုက္ပါကလား။ ေခြးမသား
အူထဲကအလိပ္အလိပ္တက္လာသည့္ေဒါမနႆမ်ားႏွင့္အတူသြားေလသူ
ေယာႀကီးကို ေကာင္းေကာင္းႀကီးေကာင္းခ်ီးေပးေနမိေခ်၏။ ေသျခင္းဆိုး လုပ္ပုံခ်ည္းကား ႏွိပ္မွ မႏွိပ္လွဘဲခင္ဗ်ာ။
“လည္လွ – လည္လွနဲ႔ဒီတစ္ခါေတာ့ေယာႀကီးတစ္ေကာင္သူမွန္းထား
တာထက္ပိုၿပီးေပးလိုက္ရတဲ့ထြက္ေျပးႀကံစည္မႈႀကီးပဲဆရာ။ ခြင္ဆင္ပုံေလး ကလည္း သင္းလွတယ္။ သင္း – ေနာက္လိုက္ေတြကလည္း ေယာႀကီး ခိုင္း တဲ့အတိုင္းကြက္တိခြင္က်ပါပဲ။ပိရိပါေပတယ္။ဒါေပသိ – သင္းတို႔ထည့္တြက္ မထားခဲ့တဲ့ ၾကမၼာဆိုးႀကီးသာ ဝင္မေႏွာင့္ခဲ့ရင္ျဖင့္…”
ဒုတပ္ၾကပ္ေမာင္ပိုက္က ေတြးေတြးဆဆေျပာ၏။ ဟုတ္လည္း ဟုတ္
ေနသည္ကိုး။
“ေဟ့ေကာင္ေရ … ေႁမြမွန္မွတြင္းဝင္ ေျဖာင့္တတ္တာမ်ိဳးပါကြ။ အႀကံ အစည္ဘယ္ေလာက္ေကာင္းေကာင္းစိတ္ရင္းနဲ႔ရည္႐ြယ္ခ်က္မ်ားမေကာင္း ခဲ့ရင္ သူ႔ဟာနဲ႔သူ ေမွာင့္ေရာင့္ၿပီး ထစ္ထစ္ေငါ့ေငါ့ေတြ ျဖစ္လာတတ္တာ ခ်ည္းပဲ။ ဘယ္သူမဆို ႀကံတုန္းကေတာ့ အျဖစ္ေတြကိုပဲ ကြက္ေတြးၿပီး ႀကံ တတ္ၾကတာေပါ့။ အဲ .. ဘယ္သူမွ ထည့္တြက္မထားခဲ့ၾကတဲ့ လွည့္ဓားက ဝင္ေမႊၿပီဆိုမွျဖင့္ ဘာတတ္ႏိုင္ဦးမလဲ။ ကံမရွိ ဉာဏ္ရွိတိုင္း ကြဲေတာ့ေပါ့ လကြာ။မႈတ္ဘူးလား။ အခုပဲၾကည့္ေလ- ေယာႀကီးနဲ႔သူ႔တပည့္ေတြစည္းဝါး ကိုက္ၿပီး တီးလုံးတိုက္ခဲ့ၾကတုန္းက ဆယ္ေမာင္ရဲ႕အသုဘအတၱေဘာႀကီး သူအေပၚကိုပိက်လာမယ့္အေရးေတာ္ပုံႀကီး ဘယ္ပါလိမ့္မလဲ။ မင္းတို႔ငါတို႔ တစ္ေတြကိုကတုံးေပၚထိပ္ကြက္လုပ္ၿပီးထြက္ေျပး၊ ေရွာေရွာရႉရႉလြတ္ၾက ေျမာက္ၾက၊ ဒိတ္ဆိုတဲ့ ေဟာ္တယ္ႀကီးထဲက သီးသန႔္ဘားမွာ ေအာင္ေသ ေအာင္သား စားၾကဖို႔ေတြပဲ အပိုင္တြက္ထားၾကမွာေပါ့။ အျပင္ေလာကမွာ ဆယ္ေမာင္ဆိုတာ ေယာႀကီးအႏိုင္က်င့္ ႏွိပ္စက္၊ ဗိုလ္က်ခံေနရတဲ့ေကာင္ေလ။
သူ႔ဝိညာဥ္ကေနာက္ဆုံးအခ်ိန္မွာလက္တုံ႔ျပန္အသက္ႏုတ္သြားတာ လား မသိ။ ေဟာ .. တကယ္တမ္းက်ေတာ့ သင္းလည္း မ်က္လုံးျပဴး လွ်ာထြက္နဲ႔ သတ္သူမရွိဘဲေသရတဲ့ဘဝ၊သင္းရဲ႕ေနာက္ေတာ္ပါအေႁခြအရံ
ေတြလည္းဘူးသီးပိန္ႏြားနင္းျဖစ္ကုန္ပါၿပီေကာ။ အဲဒါဟာကံ-ကံ..ကႀကီး
ေသးေသးတင္တဲ့ကံ။ တခ်ိဳ႕လူေတြကကံကိုသူတို႔ဘာသာသူတို႔ေရးတယ္။
တခ်ိဳ႕က်ေတာ့ကံကေရးထားတဲ့ဇာတ္ၫြန္းအတိုင္းပဲကျပၾကရတယ္။ ကံကို ေရးတဲ့လူခ်င္းေရးၾကပုံ နည္းဟန္ခ်င္းမတူဘူးဟ…မွတ္ထား” ရင္ထဲမွ စုၿပဳံတိုးေဝွ႔ ထြက္လာသည့္စကားေတြက မာရသြန္ အန္က်ကုန္သည္။

ေယာႀကီးတစ္ေကာင္အသက္ႏွင့္ရင္း၍ေပးဆပ္ခဲ့သည့္ထိုဘဝအျမင္
အသိေတြကို သူတို႔တက္လူကေလးေတြ သိေစခ်င္သည္။
သို႔တိုင္ တပည့္ေက်ာ္တစ္သိုက္ကား သူတို႔ခ်န္ထားပစ္ခဲ့ရသည့္ ခြက္ က်န္ေကာ္ဖီတစ္က်ိဳက္ေလာက္တမက္တေမာမရွိ။
မိုးထဲေလထဲမွာပင္ ေအးစက္စက္ ခြက္ကပ္ ေကာ္ဖီမ်ားကို မက္မက္ စက္စက္ႀကီးေမာ့ခ်ေနၾကေလ၏။
“ဪ… ေယာႀကီးေမႊးတဲ့မီးက ၿငိမ္းသြားခဲ့ၿပီပဲေလ”
ေမတၱာျဖင့္ ။ ေဇယ်မင္းသွ်င္