“အသူရာကာယ်ဘုံသား”(စ/ဆုံး)

Unicode Version

“အသူရာကာယ်ဘုံသား”(စ/ဆုံး)
—————————————
မောင်ရေခဲသည်ဆရာသခင်နဲ့အတူ

ခရီးဆက်လာရင်း မြေပြိုရွာသို့ရောက်လာ

ခဲ့သည်။ထိုရွာထဲသို့ ခရီးတစ်ထောက်ဝင်

နားရင်း ရွာသူရွာသားတို့၏ ပြောစကား

အချို့ကိုနားစွင့်လိုက်သည်။

” ဖိုးတူး…ဒီနေ့ငါတို့ဦးလေးသာမြိုင်အိမ်မှာ

နာရေးကူဖို့သွားရအောင်နော် ကံဆောင်

ဆိုတာကလည်းငါတို့သူငယ်ချင်းကြီးပါဘဲ

သူဆုံးသွားတကယ်ကို မယုံနိင်သေးဘူး

ဗျာ…”

” င်းဟုတ်တယ်နော်….ငါတို့တွေမလုပ်

သင့်တဲ့အလုပ်တွေကြောင့် ကံဆောင်သေ

သွားရတာကွာ…ငါတို့လည်းအပြစ်မကင်း

ဘူး…”

” အေးကွာ…တမလွန်ကကံဆောင်ရေ ငါ

တို့ကိုခွင့်လွတ်ပါကွာ….”

လက်ဖက်ရည်ဆိုင်မှ ရွာသားနှစ်ယောက်

၏ပြောစကားများကြောင့် မောင်ရေခဲစပ်

စုချင်သွား၏။သို့ကြောင့်ရွာသားများထိုင်ရာ

သို့သွားပြီး

” ဒီကအစ်ကိုတို့ စောစောကအကြောင်းေ

လးပြန်ဆက်ပါဦးဗျ…”

ရွာသားနှစ်ယောက်က သူ့အားကြည့်ပြီး

” ဒီကညီငယ်က ဧည့်သည်ထင်တယ်ဗျ”

” ဟုတ်ပါတယ် အစ်ကိုတို့စောစောက ပြော

တဲ့စာကားကို စိတ်ဝင်စားလို့လာမေးရတာ

ပါဗျ…တမျိုးတော့မထင်ပါနဲ့…”

သူ၏စူးစမ်းသိချင်စိတ်တို့ကြောင့် တောင်း

ပန်သလိုပြောလိုက်၏။ရွာသားနှစ်ယောက်

ကလည်း တစ်ယောက်နှင့်တစ်ယောက်

ခေါင်းငြိမ့်ပြပြီး တစ်ယောက်ကပြောပြ

လိုက်ဟူသောသဘောဖြစ်၏။သို့ကြောင့်
ရွာသားတစ်ယောက်က

” အိမ်း…ညီငယ်လေး သိချင်ရင်တော့

အစ်ကို ကြီးတို့ပြောပြမယ်…ဒီလိုကွ ဒီရွာ

အစ်ကို တို့သူငယ်ချင်းကံဆောင်ဆိုတာ

ရှိတယ်ကွ….သူအိပ်နေတာ ၁၀ရက်လော

က်ရှိပြီ ခုထိပြန်နိုးမလာဘူး နိုးလို့လည်း

မရတော့တာမို့ သူ့မိဘတွေက သူသေပြီ

လို့ပြောပြီး မနက်ဖြန်မှာ မြေမြှုပ်သဂြိုလ်

ကြမှာ…အစ်ကို တို့လည်းကံဆောင်အတွ

က်စိတ်မကောင်းရုံကလွဲပြီး ဘာမှမလုပ်

ပေးနိုင်ဘူး…”

” ဟင် အိပ်နေရာကနေ ပြန်နိုးမလာတာ

၁၀ ရက်ရှိပြီဟုတ်လား… ဒါဆိုပုပ်ပွရိရွဲ

နေမှာပေါ့…”

” မဟုတ်ဘူးညီ…ကံဆောင်ကသေသာ

သေ သွားတာပုပ်ပွ ရိရွဲမနေဘူး ပကတိ

အသက်ရှင်နေတုန်းကအတိုင်းဘဲကွ…”

” ဟင်…ဒါဆို တစ်ခုခုမှားပြီထင်တယ်…

သေနေတဲ့လူဆို အနံ့ထွက်ပြီး ပုပ်ပွနေရမှာ

လေ….ဒါတွေမဖြစ်သေးခင် ထူးထူးခြား

ခြားသူဘာတွေ လုပ်တတ်သလဲ”

” ဘယ်လိုမျိူးကိုပြောတာလဲညီ ”

” ဒီလိုလေအစ်ကိုတို့ရ သူမသေခင် တရား

ထိုင်နေတာမျိုးလုပ်ဖူးသလား…”

” တရားထိုင်တာမျိုးတော့မလုပ်ဖူးဘူးညီ

ဒါပေမဲ့ သူဒီလိုမဖြစ်ခင်က အစ်ကိုတို့တွေ

သူနဲ့အတူတူ လိပ်ပြာလွှင့်နည်း ဆိုတဲ့ စာ

အုပ်ဖတ်ဖူးတယ်…ပြီးတော့ စာအုပ်ထဲက

အတိုင်း လိပ်ပြာလွှင့်ဖို့လေ့ကျင့်ဖူးတယ် ”

” ဟုတ်ပြီ…ဒါဆိုအစ်ကိုတို့ သူငယ်ချင်း

မသေသေးဘူး သူ့ဝိညာဉ်လွှင့်နေတာ

သူ့အိမ်ကိုလိုက်ပို့ပေးပါ…မဖြစ်သင့်တာ

တွေမဖြစ်ရအောင်လို့….”

မောင်ရေခဲ ကထိုသို့ပြောသော် ရွာသား

နှစ်ယောက်ကလည်း

” ဒီကညီလေးက ဘယ်လိုလုပ်စေချင်တာ

လဲ ”

” သူ့ကို ပြန်ခေါ်မယ်လေ သူသေချိန်မတန်

သေးဘူး…”

ထိုစဉ်ဘိုးသူတော်ကလည်း သူတို့ဝိုင်းဆီ

လာပြီး ” ဟုတ်တယ် တူကြီးတို့ အဲဒီသူ

ငယ်ကြွေချိန်မတန်သေးဘူး…သူ့ဝိညာဉ်က

တစ်နေရာမှာပိတ်မိနေတာ…”

” ဟာတကယ်လားဗျာ….ဒီကအဘိုးတို့က…”

” ဟုတ်တယ်… အဘိုးတို့က သတ္တဝါတွေ

ကို လိုက်လံကယ်တင်နေတဲ့သူတွေပါ…”

ရွာသားနှစ်ယောက်လည်း ဝမ်းသာသွားပြီး

” ဒီလိုဆို အချိန်မလင့်ခင် ကံဆောင့်အိမ်ကို

သွားစို့ရဲ့ဗျာ…”

ရွာသားနှစ်ယောက်၏ ဦးဆောင်လမ်းပြ

မှုကြောင့် ဦးသာမြိုင်ဟူသော ကံဆောင်

၏မိဘအိမ်သို့ ရောက်လာခဲ့၏။

” ဗျို့..ဦးလေးသာမြိုင်ရေ…ကျုပ်တို့

ဆရာတွေခေါ်လာတယ်ဗျို့…”

နာရေးကြောင့်သူတို့အိမ်၌ လူအများအပြား

ရှိ၏။ရွာသား တစ်ယောက်၏ ခေါ်သံကြော

င့်ထိုအိမ်သို့ရောက်နေသူများက သူတို့အား

ဝိုင်းအုံကြည့်ကြ၏။အိမ်ရှင်ဖြစ်ဟန် တူ

သောဦးလေးကြီးတစ်ယောက်က

“ဲ ဘကောင်းနဲ့ဖိုးတူး…ဘယ်က

ဧည့်သည်တွေခေါ်လာတာလဲ…”

” ဧည့်သည်မဟုတ်ဘူး ဦးလေးရ ကံဆောင်

ကိုပြန်ခေါ်ပေးမဲ့ဆရာတွေပါ…”

ရွာသားကထိုသို့ပြောလိုက်ရာ ဦးလေးသာ

မြိုင်ဆိုသူက မောင်ရေခဲတို့အား ခြေဆုံး

ခေါင်းဆုံးကြည့်ပြီး

” ဘာ…ကျုပ်သားကံဆောင်ကို ပြန်ခေါ်ပးမဲ့

လူဟုတ်လား….ကျုပ်သားကဆုံးသွား

ုပြီလေ ဘယ်လို ပြန်ခေါ်မှာလည်း…”

” မဟုတ်ဘူး ဦးလေးရ….ဒီအဘတွေပြော

တာကံဆောင်မသေသေးဘူး သူ့ဝိညာဉ်

တနေရာမှာပိတ်မိနေတာတဲ့…”

ဦးလေးကြီးမှာတချက်မျှစဉ်းစားပြီး

” ဒါဆို အိမ်ပေါ်လာခဲ့ဗျာ…ကျုပ်သားကြော

င့်သောကရောက်နေလု့ိပါ…”

” အိမ်း..ရပါတယ်ကွဲ့…”

ဦးသာမြိုင်ကအိမ်ပေါ်သို့ဦးဆောင်ခေါ်သွား

၏။ရွာသားများကလည်း သူတို့နောက်သို့

အလျှိုလျိုပါလာကြ၏။

ဘုရားခန်းမှာကား သေဆုံးသူကံဆောင်

၏ရုပ်အလောင်းအား ပြင်ဆင်ထား၏။

ဘိုးသူတော် နဲ့မောင်ရေခဲလည်း ဘုရား

ဦးချပြီး သေသူကံဆောင်အား ကြည့်လိုက်

၏။

” တပည့်ကြီး…ဒီသူငယ် တကယ်မသေ

သေးဘူးကွဲ့…သူ့ကိုအမြန်ပြန်ခေါ်မှရမယ်”

” ဟုတ်အဘဆရာ….”

” ကဲ အိမ်ရှင်တို့ ဒီသူငယ် ဘေးမှာအိပ်ယာ

ခင်းတစ်ခု လာပြင်ပေးပါ…”

ဘိုးသူတော်ပြောသည့်အတိုင်း အိပ်ယာခင်း

လာပြင်ပေးပြီး ဘိုးသူတော် တို့လုပ်သမျှ

တိတ်တိတ်လေး ကြည့်နေကြ၏။

” တပည့်ကြီး ဒီသူငယ်ကိုသွားပြန်ခေါ်ခဲ့ပါ

ဆရာအနောက်ကနေလမ်းညွှန်ပေးမယ် ”

” ဟုတ်ဆရာ…”

ဆိုကာမောင်ရေခဲသည် ပြင်ထားသော

နေရာသို့လှဲလျောင်းပြီး မျက်စိမှိတ်ကာ

အာရုံစုစည်း၏။ဘိုးသူတော်လည်း ဘုရား

စင်ရှေ့ တင်ပလ္လင်ခွေကာ တရားမှတ်၏။

ခဏအကြာမောင်ရေခဲ၏ ဝိညာဉ်

သည်ရုပ်ကြမ်းခန္ဓာကိုယ်မှ ထွက်ခွာသွား

၏။ရုပ်ကြမ်းခန္ဓာနဲ့လိပ်ပြာခန္ဓာကိုယ် ကိုဆ

ဆက်သွယ်ပေးသော ငွေရောင်ကြိုးမျှင်

တန်းလည်း ပါ၏။ကိုကံဆော

င်၏လိပ်ပြာဆက်ကြိုးကို ကြည့်လိုက်သော်

ပြတ်လုပြတ်တောင်းဖြစ်နေသည်ကို တွေ့ရ

၏။ထိုစဉ်

” အချိန်မရှိဘူး ငါ့တပည့်ကြီး သူ့ရဲ့လိပ်ပြာ

ငွေရောင်ဆက်ကြိုးမကြာခင် ပြတ်တော့မ

ယ် အမြန်ဆုံး အသူရာကာယ် ဘုံကိုသွား

ုပြီးသူ့ကို ပြန်ခေါ်လာခဲ့ပါ ”

ဟူသောဆရာသခင်၏ အသံကိုကြားလိုက်

ရသဖြင့် အသူရာကာယ် ဘုံသို့ စိတ်ကို

ညွှတ်လိုက်၏။တိရစ္ဆာန်ဘုံ၊ပြိတ္တာဘုံနဲ့အသူ

ရာကာယ်ဘုံသည်ကား လူ့ဘုံနဲ့အနီးဆုံး

နေရာဖြစ်ရာ လူ့ဘုံသားတို့ လိပ်ပြာလွင့်ပြီး

ထိုနေရာသို့ ရောက်သွားတတ်ကြ၏။

မောင်ရေခဲ လည်းဆရာသခင်ပြောသည့်အ

တိုင်းအသူရာကာယ်ဘုံသို့ လိုက်သွားပြီး

ကံဆောင်အားလိုက်ရှာ၏။

တစ်နေရာရောက်သော် အသူရာကာယ် ဘုံ

သားအားတွေ့ရ၏။နေ့လယ်ခင်းဖြစ်သော

ကြောင့်လူကဲ့သို့ပင် လုပ်ကိုင်စားသောက်

ကြသည်။လိပ်ပြာလွင့်ပြီးရှာနေစဉ် အသူရာ

ကာယ်ဘုံသားတစ်ယောက်က သူ့အား

တွေ့သွားပြီး

“ဘာရှာနေတာလဲနောင်ကြီး….တစ်ခါမှ

မတွေ့ဖူးဘူးဆိုတော့အသစ်ရောက်လာ

တဲ့သူထင်တယ်…”

မောင်ရေခဲ လည်း

” ဟုတ်…ဟုတ်ပါတယ်…ကျွန်တော်ကအ

သစ်ရောက်လာတဲ့သူပါ ဘယ်မှာနေရမှန်း

မသိလို့နေရာရှာနေတာပါ….”

” ဪ…လမ်းပျောက်နေတာ ထင်တယ်

လာငါ့အိမ်လိုက်နေအဲဆို ငါကတစ်ယောက်

ထဲနေတာ…”

ထိုလူခေါ်ရာနောက်သို့ မောင်ရေခဲ လည်း

လိုက်သွား၏။အစားအသောက်များတည်

ခင်း၏။ညရောက်သော်

” ရေခဲ….အိမ်မှာဘဲနေနော်….ဘယ်မှ

မသွားနဲ့ ငါသွားစရာရှိသေးတယ်…

တံခါးသေချာပိတ်ထား ဘာသံကြားကြား

ထွက်မကြည့်နဲ့နော်….နင်ကဒီဘုံကလူ

မဟုတ်ဘူးနေရာမှားပြီးရောက်လာတာ ”

ထိုလူမှာမောင်ရေခဲအား ထိုသို့မှာပြီး

တစ်နေရာသို့ထွက်သွား၏။တစ်ရွာလုံးရှိ

လူများကလည်း ရွာပြင်သို့ အသီးသီး

ထွက်ခွာသွားကြ၏။မောင်ရေခဲလည်း

ထိုအခွင့်ကောင်းကိုယူကာ ကံဆောင်အား

လိုက်ရှာ၏။တစ်အိမ်ဝင်တစ်အိမ်ထွက်

ရှာရာရွာလယ်သို့ရောက်သော် ကံဆောင်

အားတွေ့လိုက်ရသည်။

” အစ်ကို ကကိုကံဆောင်လား ”

ထိုသို့မေးလိုက်ရာကံဆောင်၏ ဝိညာဉ်

က” ဟင်…နင်ကဘယ်သူလဲ ”

” ဒါတွေပြောပြဖို့အချိန်မရှိဘူး လာပါဒီ

ကနေအမြန်သွားရအောင်…”

” မသွားချင်ဘူး ဒီနေရာမှာဘဲနေချင်တယ် ”

” ဟာ ကိုကံဆောင်ရယ်…ဒီနေရာက

ဘယ်လို နေရာလဲဆိုတာမသိဘူးလား ”

” သိတယ်ဒါကအရမ်းဖော်ရွေတဲ့ရွာလေးလေ ဒီရွာလေးမှာဘဲနေချင်တယ်

ရွာသားတွေလဲဖော်ရွေတယ် သူတို့က

နေ့အချိန်မှာနားပြီး ညအချိန်မှာ တစ်နေရာ

ရာသွားကြတာ…”

” အချိန်မရှိဘူးကိုကံဆောင် လာအဖြစ်မှန်

ပြမယ်…”

ကံဆောင်လည်း မောင်ရေခဲလည်းကံဆော

င်အမြင်မှန်ရစေရန် အသူရာကာယ် ဘုံ

သားတို့အပြစ်ခံရာ ကွင်းပြင်သို့ခေါ်လာ

ခဲ့၏။ထိုကွင်းပြင်သို့ရောက်သော် အသူ

ရာကာယ်ဘုံသားတို့သည် ငရဲခွေးကြီး

တို့၏စားသောက်ခြင်းကိုခံရလေ၏။

ရွာသူရွာသားအားလုံးမှာ ရွာထဲရှိစဉ်ပုံစံ

ကဲ့သို့မဟုတ်တော့ဘဲ ရုပ်ရည်များ ပျက်

ယွင်းနေသည်ကို ကံဆောင်တွေ့လိုက်ရ၏။

” ညီ…ဒါ..ဒါ…ဘယ်နေရာလဲကွာ…မြင်

တွေ့ရတာ မသတီစရာကြီးပါလား….”

” ဒါကို အသူရာကာယ်ဘုံလို့. ခေါ်တယ်

အစ်ကိုရဲ့…..ဒီနေရာဟာ သေဆုံးပြီး

သူတွေရဲ့ နေရာဘဲ….”

” ဟင်….လူ့ရွာမဟုတ်ဘူးပေါ့…”

” မဟုတ်ဘူး… နေ့စံညခံ အသူရာကာယ်

ရဲ့နေရာတွေ….ကဲကိုကံဆောင် ဒီနေရာ

မှာဆက်နေချင်သေးလား….. ”

ကံဆောင်မှာအဖြစ်မှန် ကိုသိပြီး အလွန်

ပင်ကြောင်ရွံနေတော့၏။မိုးလည်းလင်းလုပြီ

ဖြစ်သောကြောင့် နားထဲမှဆရာသခင်

၏အသံကြားရ၏။

” တပည့်ကြီး…မိုးလင်းတော့မယ် အဲဒီ

ဘုံကနေအမြန်ထွက်လာခဲ့ပါ…..”

” ဟုတ်ဆရာ ”

” လာကိုကံဆောင် မိုးလင်းသွားရင်အပြစ်ကျခံသူတွေ ပြန်လာတော့မယ် ”

ဆိုကာရွာပြင်သို့အမြန်ဆုံးထွက်လာခဲ့၏။

လူ့ဘုံတံခါးအနားသို့ရောက်ခါနီးတွင်

” လိုက်ဟ…မလွတ်စေနဲ့…သတ်ကြ…”

ဆိုသော အသံနဲ့အတူ အသူရာကာယ်

ဘုံသားတို့၏ ညာသံနဲ့အတူ သူတို့အနားသို့

ရောက်ချလာ၏။

” ပြေးထား ကိုကံဆောင်… အားရှိသမျှပြေး

ထား…ငါတားထားမယ်….”

ကံဆောင်အားအမြန်ပြေးခိုင်းပြီး သူကား

လေထဲမှအင်းချပ်ဆွဲကာ အသူရာကာယ်

ဘုံသားတို့အားတားထား၏။

လူ့ဘုံနားရောက်သော် အလင်းတံခါးမှာပိတ်ခါနီးနေပြီဖြစ်သဖြင့် မာင်ရေခဲ ကကံဆောင်အား

တွန်းထုတ်လိုက်၏။အလင်းတံခါးပိတ်ခါနီး

ပြီဖြစ်သောကြောင့် သူလည်းအမြန်ထွက်

လိုက်၏။

အလင်းတံခါးကား လုံးဝပိတ်သွားပြီ

ဖြစ်သဖြင့် အသူရာကာယ်ဘုံနဲ့ လူ့ဘုံကို

ဆက်သွယ်၍မရတော့ချေ။မောင်ရေခဲ

ပျောက်လုနီးပါး ကိုကံဆောင်၏လိပ်ပြာ

ဆက်ကြီးငွေရောင်ကျိုးမျှင်တန်း မပျောက်

စေရန် အမြန်ခေါ်ဆောင်သွား၏။အိမ်သို့

ရောက်သော် ကံဆောင်အား သူ၏ရုပ်ကြမ်း

ခန္ဓာထဲသို့ တွန်းထဲ့ပေးလိုက်၏။

” အဟွတ်…အဟွတ်… ရေ…ရေ…ရေဆာ

တယ်…”

” ဟာ…သား…ကံဆောင်တကယ်ပြန်လာ

တယ်ပေါ့….”

” ရေပေးကြဟေ့…ကံဆောင်ရေတောင်း

နေတယ်…”

မောင်ရေခဲ လည်းရုပ်ကြမ်းခန္ဓာထဲသို့

ပြန်ဝင်သွားပြီးထလာ၏။ဘိုးသူတော်

လည်းတရားဖြုတ်လိုက်၏။

ကံဆောင်သည် မောင်ရေခဲအား

” ကျေးဇူးအရမ်းတင်တယ် ဆရာရယ်..

မဟုတ်ရင် ကျွန်တော်အဲဒီမှာ တသက်

လုံးနေသွားရမှာ….”

” အိမ်းကွဲ့…လူကလေးရဲ့သေကံမပါသေး

လို့ သက်မပျေက်ခဲ့တာပါ…နောင်ဆို

လိပ်ပြာလွင့်ခြင်း အတတ်ကို မပိုင်နိုင်

ဘဲမလုပ်လေနဲ့….”

” ဟုတ်ကဲ့ပါ ဘ ဘ ကျွန်တော်နောင်ကို

ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ လျှောက်

မလုပ်တော့ဘူး…အဘနဲ့ဆရာလေးကို

ကျေးဇူးအရမ်းတင်တယ်…ကန်တော့ပါရေ

စ ” ဆိုကာ ဘိုးသူတော် အားကန်တော့လေ၏။မောင်ရေခဲကား ကန်တော့မခံဘဲ
ဘေးတွင် နေရာရွေ့သွား၏။
ဦးသာမြိုင်ကား မောင်ရေခဲနဲ့ဆရာဖြစ်သူ
ကိုကျေးဇူးတင်ကြောင်း ထပ်တလဲလဲပြော
နေတော့သည်။ရွာသူရွာသားများလည်း
ကံဆောင် ပြန်လာခဲ့သောကြောင့် ပျော်
ရွှင်နေကြသလို ဘိုးသူတော် နဲ့မောင်ရေခဲအား အလွန်ကျေးဇူးတင်ကြလေသည်။
မောင်ရေခဲနဲ့ဘိုးသူတော်အား ခေါ်ဆောင်
လာခဲ့သော ရွာသားနှစ်ယောက်အားလည်း
ကျေးဇူးအလွန်တင်လေသည်။ထိုအချိန်မှစ၍ တစ်ရွာလုံးက ကံဆောင်အား သေရွာ
ပြန်ကံဆောင်ဟု ပြောင်းလဲခေါ်ဝေါ်ကြတော့သည်။ဘိုးသူတော်နဲ့မောင်ရေခဲလည်း
မြေပြိုရွာသားတို့အား နုတ်ဆက်ပြီး ခရီးထပ်ဆက်ကြတော့သည်။

(တစ်စုံတစ်ရာ အမှားရှိခဲ့သော် စာရေးသူ၏လေ့လာမှုအားနည်းသောကြောင့်သာဖြစ်ပါသည်။စာဖတ်သူများကိုယ်စိတ်နှစ်ပါးကျန်းမာကြပါစေ)

#ပြီး

Zawgyi Version

“အသူရာကာယ္ဘံုသား”(စ/ဆံုး)
—————————————
ေမာင္ေရခဲသည္ဆရာသခင္နဲ႔အတူ

ခရီးဆက္လာရင္း ေျမၿပိဳရြာသို႔ေရာက္လာ

ခဲ့သည္။ထိုရြာထဲသို႔ ခရီးတစ္ေထာက္ဝင္

နားရင္း ရြာသူရြာသားတို႔၏ ေျပာစကား

အခ်ိဳ႕ကိုနားစြင့္လိုက္သည္။

” ဖိုးတူး…ဒီေန႔ငါတို႔ဦးေလးသာၿမိဳင္အိမ္မွာ

နာေရးကူဖို႔သြားရေအာင္​ေနာ္ ကံေဆာင္

ဆိုတာကလည္းငါတို႔သူငယ္ခ်င္းႀကီးပါဘဲ

သူဆံုးသြားတကယ္ကို မယံုနိင္ေသးဘူး

ဗ်ာ…”

” င္းဟုတ္တယ္ေနာ္….ငါတို႔ေတြမလုပ္

သင့္တဲ့အလုပ္ေတြေၾကာင့္ ကံေဆာင္ေသ

သြားရတာကြာ…ငါတို႔လည္းအျပစ္မကင္း

ဘူး…”

” ေအးကြာ…တမလြန္ကကံေဆာင္ေရ ငါ

တို႔ကိုခြင့္လြတ္ပါကြာ….”

လက္ဖက္ရည္ဆိုင္မွ ရြာသားႏွစ္ေယာက္

၏ေျပာစကားမ်ားေၾကာင့္ ေမာင္ေရခဲစပ္

စုခ်င္သြား၏။သို႔​ေၾကာင့္ရြာသားမ်ားထိုင္ရာ

သို႔သြားၿပီး

” ဒီကအစ္ကိုတို႔ ေစာေစာကအေၾကာင္းေ

လးျပန္ဆက္ပါဦးဗ်…”

ရြာသားႏွစ္ေယာက္က သူ႔အားၾကည့္ၿပီး

” ဒီကညီငယ္က ဧည့္သည္ထင္တယ္ဗ်”

” ဟုတ္ပါတယ္ အစ္ကိုတို႔ေစာေစာက ေျပာ

တဲ့စာကားကို စိတ္ဝင္စားလို႔လာေမးရတာ

ပါဗ်…တမ်ိဳးေတာ့မထင္ပါနဲ႔…”

သူ၏စူးစမ္းသိခ်င္စိတ္တို႔ေၾကာင့္ ေတာင္း

ပန္သလိုေျပာလိုက္၏။ရြာသားႏွစ္ေယာက္

ကလည္း တစ္ေယာက္ႏွင့္တစ္ေယာက္

ေခါင္းၿငိမ့္ျပၿပီး တစ္ေယာက္ကေျပာျပ

လိုက္ဟူေသာသေဘာျဖစ္၏။သို႔​ေၾကာင့္
ရြာသားတစ္ေယာက္က

” အိမ္း…ညီငယ္ေလး သိခ်င္ရင္ေတာ့

အစ္ကို ႀကီးတို႔ေျပာျပမယ္…ဒီလိုကြ ဒီရြာ

အစ္ကို တို႔သူငယ္ခ်င္းကံေဆာင္ဆိုတာ

႐ွိတယ္ကြ….သူအိပ္ေနတာ ၁၀ရက္ေလာ

က္႐ွိၿပီ ခုထိျပန္ႏိုးမလာဘူး ႏိုးလို႔လည္း

မရေတာ့တာမို႔ သူ႔မိဘေတြက သူေသၿပီ

လို႔ေျပာၿပီး မနက္ျဖန္မွာ ေျမျမႇဳပ္သၿဂိဳလ္

ၾကမွာ…အစ္ကို တို႔လည္းကံေဆာင္အတြ

က္စိတ္မေကာင္းရံုကလဲြၿပီး ဘာမွမလုပ္

ေပးႏိုင္ဘူး…”

” ဟင္ အိပ္ေနရာကေန ျပန္ႏိုးမလာတာ

၁၀ ရက္႐ွိၿပီဟုတ္လား… ဒါဆိုပုပ္ပြရိရဲြ

ေနမွာေပါ့…”

” မဟုတ္ဘူးညီ…ကံေဆာင္ကေသသာ

ေသ သြားတာပုပ္ပြ ရိရြဲမေနဘူး ပကတိ

အသက္႐ွင္ေနတုန္းကအတိုင္းဘဲကြ…”

” ဟင္…ဒါဆို တစ္ခုခုမွားၿပီထင္တယ္…

ေသေနတဲ့လူဆို အနံ႔ထြက္ၿပီး ပုပ္ပြေနရမွာ

ေလ….ဒါေတြမျဖစ္ေသးခင္ ထူးထူးျခား

ျခားသူဘာေတြ လုပ္တတ္သလဲ”

” ဘယ္လိုမ်ိဴးကိုေျပာတာလဲညီ ”

” ဒီလိုေလအစ္ကိုတို႔ရ သူမေသခင္ တရား

ထိုင္ေနတာမ်ိဳးလုပ္ဖူးသလား…”

” တရားထိုင္တာမ်ိဳးေတာ့မလုပ္ဖူးဘူးညီ

ဒါေပမဲ့ သူဒီလိုမျဖစ္ခင္က အစ္ကိုတို႔ေတြ

သူနဲ႔အတူတူ လိပ္ျပာလႊင့္နည္း ဆိုတဲ့ စာ

အုပ္ဖတ္ဖူးတယ္…ၿပီးေတာ့ စာအုပ္ထဲက

အတိုင္း လိပ္ျပာလႊင့္ဖို႔ေလ့က်င့္ဖူးတယ္ ”

” ဟုတ္ၿပီ…ဒါဆိုအစ္ကိုတို႔ သူငယ္ခ်င္း

မေသေသးဘူး သူ႔ဝိညာဥ္လႊင့္ေနတာ

သူ႔အိမ္ကိုလိုက္ပို႔ေပးပါ…မျဖစ္သင့္တာ

ေတြမျဖစ္ရေအာင္လို႔….”

ေမာင္ေရခဲ ကထိုသို႔ေျပာေသာ္ ရြာသား

ႏွစ္ေယာက္ကလည္း

” ဒီကညီေလးက ဘယ္လိုလုပ္ေစခ်င္တာ

လဲ ”

” သူ႔ကို ျပန္ေခၚမယ္ေလ သူေသခ်ိန္မတန္

ေသးဘူး…”

ထိုစဥ္ဘိုးသူေတာ္ကလည္း သူတို႔ဝိုင္းဆီ

လာၿပီး ” ဟုတ္တယ္ တူႀကီးတို႔ အဲဒီသူ

ငယ္ေႂကြခ်ိန္မတန္ေသးဘူး…သူ႔ဝိညာဥ္က

တစ္ေနရာမွာပိတ္မိေနတာ…”

” ဟာတကယ္လားဗ်ာ….ဒီကအဘိုးတို႔က…”

” ဟုတ္တယ္… အဘိုးတို႔က သတၱဝါေတြ

ကို လိုက္လံကယ္တင္ေနတဲ့သူေတြပါ…”

ရြာသားႏွစ္ေယာက္လည္း ဝမ္းသာသြားၿပီး

” ဒီလိုဆို အခ်ိန္မလင့္ခင္ ကံေဆာင့္အိမ္ကို

သြားစို႔ရဲ႕ဗ်ာ…”

ရြာသားႏွစ္ေယာက္၏ ဦးေဆာင္လမ္းျပ

မႈေၾကာင့္ ဦးသာၿမိဳင္ဟူေသာ ကံေဆာင္

၏မိဘအိမ္သို႔ ေရာက္လာခဲ့၏။

” ဗ်ိဳ႕..ဦးေလးသာၿမိဳင္ေရ…က်ဳပ္တို႔

ဆရာေတြေခၚလာတယ္ဗ်ိဳ႕…”

နာေရးေၾကာင့္သူတို႔အိမ္၌ လူအမ်ားအျပား

႐ွိ၏။ရြာသား တစ္ေယာက္၏ ေခၚသံေၾကာ

င့္ထိုအိမ္သို႔ေရာက္ေနသူမ်ားက သူတို႔အား

ဝိုင္းအံုၾကည့္ၾက၏။အိမ္႐ွင္ျဖစ္ဟန္ တူ

ေသာဦးေလးႀကီးတစ္ေယာက္က

“ဲ ဘေကာင္းနဲ႔ဖိုးတူး…ဘယ္က

ဧည့္သည္ေတြ​ေခၚလာတာလဲ…”

” ဧည့္သည္မဟုတ္ဘူး ဦးေလးရ ကံေဆာင္

ကိုျပန္ေခၚေပးမဲ့ဆရာေတြပါ…”

ရြာသားကထိုသို႔ေျပာလိုက္ရာ ဦးေလးသာ

ၿမိဳင္ဆိုသူက ေမာင္ေရခဲတို႔အား ေျခဆံုး

ေခါင္းဆံုးၾကည့္ၿပီး

” ဘာ…က်ဳပ္သားကံေဆာင္ကို ျပန္ေခၚပးမဲ့

လူဟုတ္လား….က်ဳပ္သားကဆံုးသြား

ုၿပီေလ ဘယ္လို ျပန္ေခၚမွာလည္း…”

” မဟုတ္ဘူး ဦးေလးရ….ဒီအဘေတြေျပာ

တာကံေဆာင္မေသေသးဘူး သူ႔ဝိညာဥ္

တေနရာမွာပိတ္မိေနတာတဲ့…”

ဦးေလးႀကီးမွာတခ်က္မ်ွစဥ္းစားၿပီး

” ဒါဆို အိမ္ေပၚလာခဲ့ဗ်ာ…က်ဳပ္သားေၾကာ

င့္ေသာကေရာက္ေနလု႔ိပါ…”

” အိမ္း..ရပါတယ္ကြဲ႔…”

ဦးသာၿမိဳင္ကအိမ္ေပၚသို႔ဦးေဆာင္ေခၚသြား

၏။ရြာသားမ်ားကလည္း သူတို႔ေနာက္သို႔

အလ်ိႈလ်ိဳပါလာၾက၏။

ဘုရားခန္းမွာကား ေသဆံုးသူကံေဆာင္

၏႐ုပ္အေလာင္းအား ျပင္ဆင္ထား၏။

ဘိုးသူေတာ္ နဲ႔ေမာင္ေရခဲလည္း ဘုရား

ဦးခ်ၿပီး ေသသူကံေဆာင္အား ၾကည့္လိုက္

၏။

” တပည့္ႀကီး…ဒီသူငယ္ တကယ္မေသ

ေသးဘူးကဲြ႔…သူ႔ကိုအျမန္ျပန္ေခၚမွရမယ္”

” ဟုတ္အဘဆရာ….”

” ကဲ အိမ္႐ွင္တို႔ ဒီသူငယ္ ေဘးမွာအိပ္ယာ

ခင္းတစ္ခု လာျပင္ေပးပါ…”

ဘိုးသူေတာ္​ေျပာသည့္အတိုင္း အိပ္ယာခင္း

လာျပင္ေပးၿပီး ဘိုးသူေတာ္ တို႔လုပ္သမ်ွ

တိတ္တိတ္ေလး ၾကည့္ေနၾက၏။

” တပည့္ႀကီး ဒီသူငယ္ကိုသြားျပန္ေခၚခဲ့ပါ

ဆရာအေနာက္ကေနလမ္းၫႊန္ေပးမယ္ ”

” ဟုတ္ဆရာ…”

ဆိုကာေမာင္ေရခဲသည္ ျပင္ထားေသာ

ေနရာသို႔လွဲေလ်ာင္းၿပီး မ်က္စိမွိတ္ကာ

အာရံုစုစည္း၏။ဘိုးသူေတာ္လည္း ဘုရား

စင္ေ႐ွ႕ တင္ပလႅင္ေခြကာ တရားမွတ္၏။

ခဏအၾကာေမာင္ေရခဲ၏ ဝိညာဥ္

သည္႐ုပ္ၾကမ္းခနၶာကိုယ္မွ ထြက္ခြာသြား

၏။႐ုပ္ၾကမ္းခနၶာနဲ႔လိပ္ျပာခနၶာကိုယ္ ကိုဆ

ဆက္သြယ္ေပးေသာ ေငြေရာင္ႀကိဳးမ်ွင္

တန္းလည္း ပါ၏။ကိုကံ​ေဆာ

င္၏လိပ္ျပာဆက္ႀကိဳးကို ၾကည့္လိုက္ေသာ္

ျပတ္လုျပတ္ေတာင္းျဖစ္ေနသည္ကို ေတြ႔ရ

၏။ထိုစဥ္

” အခ်ိန္မ႐ွိဘူး ငါ့တပည့္ႀကီး သူ႔ရဲ႕လိပ္ျပာ

ေငြေရာင္ဆက္ႀကိဳးမၾကာခင္ ျပတ္ေတာ့မ

ယ္ အျမန္ဆံုး အသူရာကာယ္ ဘံုကိုသြား

ုၿပီးသူ႔ကို ျပန္ေခၚလာခဲ့ပါ ”

ဟူေသာဆရာသခင္၏ အသံကိုၾကားလိုက္

ရသျဖင့္ အသူရာကာယ္ ဘံုသို႔ စိတ္ကို

ၫႊတ္လိုက္၏။တိရစၦာန္ဘံု၊ၿပိတၱာဘံုနဲ႔အသူ

ရာကာယ္ဘံုသည္ကား လူ႔ဘံုနဲ႔အနီးဆံုး

ေနရာျဖစ္ရာ လူ႔ဘံုသားတို႔ လိပ္ျပာလြင့္ၿပီး

ထိုေနရာသို႔ ေရာက္သြားတတ္ၾက၏။

ေမာင္ေရခဲ လည္းဆရာသခင္ေျပာသည့္အ

တိုင္းအသူရာကာယ္ဘံုသို႔ လိုက္သြားၿပီး

ကံေဆာင္အားလိုက္႐ွာ၏။

တစ္ေနရာေရာက္ေသာ္ အသူရာကာယ္ ဘံု

သားအားေတြ႔ရ၏။ေန႔လယ္ခင္းျဖစ္ေသာ

ေၾကာင့္လူကဲ့သို႔ပင္ လုပ္ကိုင္စားေသာက္

ၾကသည္။လိပ္ျပာလြင့္ၿပီး႐ွာ​ေနစဥ္ အသူရာ

ကာယ္ဘံုသားတစ္ေယာက္က သူ႔အား

ေတြ႔သြားၿပီး

“ဘာ႐ွာေနတာလဲေနာင္ႀကီး….တစ္ခါမွ

မေတြ႔ဖူးဘူးဆိုေတာ့အသစ္ေရာက္လာ

တဲ့သူထင္တယ္…”

ေမာင္ေရခဲ လည္း

” ဟုတ္…ဟုတ္ပါတယ္…ကြၽန္​ေတာ္ကအ

သစ္ေရာက္လာတဲ့သူပါ ဘယ္မွာေနရမွန္း

မသိလို႔ေနရာ႐ွာေနတာပါ….”

” ဪ…လမ္းေပ်ာက္ေနတာ ထင္တယ္

လာငါ့အိမ္လိုက္ေနအဲဆို ငါကတစ္ေယာက္

ထဲေနတာ…”

ထိုလူေခၚရာေနာက္သို႔ ေမာင္ေရခဲ လည္း

လိုက္သြား၏။အစားအ​ေသာက္မ်ားတည္

ခင္း၏။ညေရာက္ေသာ္

” ေရခဲ….အိမ္မွာဘဲေနေနာ္….ဘယ္မွ

မသြားနဲ႔ ငါသြားစရာ႐ွိေသးတယ္…

တံခါးေသခ်ာပိတ္ထား ဘာသံၾကားၾကား

ထြက္မၾကည့္နဲ႔ေနာ္….နင္ကဒီဘံုကလူ

မဟုတ္ဘူးေနရာမွားၿပီးေရာက္လာတာ ”

ထိုလူမွာေမာင္ေရခဲအား ထိုသို႔မွာၿပီး

တစ္ေနရာသို႔ထြက္သြား၏။တစ္ရြာလံုး႐ွိ

လူမ်ားကလည္း ရြာျပင္သို႔ အသီးသီး

ထြက္ခြာသြားၾက၏။ေမာင္ေရခဲလည္း

ထိုအခြင့္ေကာင္းကိုယူကာ ကံေဆာင္အား

လိုက္႐ွာ၏။တစ္အိမ္ဝင္တစ္အိမ္ထြက္

႐ွာရာရြာလယ္သို႔ေရာက္ေသာ္ ကံေဆာင္

အားေတြ႔လိုက္ရသည္။

” အစ္ကို ကကိုကံေဆာင္လား ”

ထိုသို႔ေမးလိုက္ရာကံေဆာင္၏ ဝိညာဥ္

က” ဟင္…နင္ကဘယ္သူလဲ ”

” ဒါေတြေျပာျပဖို႔အခ်ိန္မ႐ွိဘူး လာပါဒီ

ကေနအျမန္သြားရေအာင္…”

” မသြားခ်င္ဘူး ဒီေနရာမွာဘဲေနခ်င္တယ္ ”

” ဟာ ကိုကံေဆာင္ရယ္…ဒီေနရာက

ဘယ္လို ေနရာလဲဆိုတာမသိဘူးလား ”

” သိတယ္ဒါကအရမ္း​ေဖာ္​ေရြတဲ့ရြာ​ေလး​ေလ ဒီရြာေလးမွာဘဲေနခ်င္တယ္

ရြာသားေတြလဲေဖာ္ေရြတယ္ သူတို႔က

ေန႔အခ်ိန္မွာနားၿပီး ညအခ်ိန္မွာ တစ္ေနရာ

ရာသြားၾကတာ…”

” အခ်ိန္မ႐ွိဘူးကိုကံေဆာင္ လာအျဖစ္မွန္

ျပမယ္…”

ကံေဆာင္လည္း ေမာင္ေရခဲလည္းကံေဆာ

င္အျမင္မွန္ရေစရန္ အသူရာကာယ္ ဘံု

သားတို႔အျပစ္ခံရာ ကြင္းျပင္သို႔ေခၚလာ

ခဲ့၏။ထိုကြင္းျပင္သို႔ေရာက္ေသာ္ အသူ

ရာကာယ္ဘံုသားတို႔သည္ ငရဲေခြးႀကီး

တို႔၏စားေသာက္ျခင္းကိုခံရေလ၏။

ရြာသူရြာသားအားလံုးမွာ ရြာထဲ႐ွိစဥ္ပံုစံ

ကဲ့သို႔မဟုတ္ေတာ့ဘဲ ႐ုပ္ရည္မ်ား ပ်က္

ယြင္းေနသည္ကို ကံေဆာင္ေတြ႔လိုက္ရ၏။

” ညီ…ဒါ..ဒါ…ဘယ္ေနရာလဲကြာ…ျမင္

ေတြ႔ရတာ မသတီစရာႀကီးပါလား….”

” ဒါကို အသူရာကာယ္ဘံုလို႔. ေခၚတယ္

အစ္ကိုရဲ႕…..ဒီေနရာဟာ ေသဆံုးၿပီး

သူေတြရဲ႕ ေနရာဘဲ….”

” ဟင္….လူ႔ရြာမဟုတ္ဘူးေပါ့…”

” မဟုတ္ဘူး… ေန႔စံညခံ အသူရာကာယ္

ရဲ႕ေနရာေတြ….ကဲကိုကံေဆာင္ ဒီေနရာ

မွာဆက္ေနခ်င္ေသးလား….. ”

ကံေဆာင္မွာအျဖစ္မွန္ ကိုသိၿပီး အလြန္

ပင္ေၾကာင္ရြံေနေတာ့၏။မိုးလည္းလင္းလုၿပီ

ျဖစ္ေသာေၾကာင့္ နားထဲမွဆရာသခင္

၏အသံၾကားရ၏။

” တပည့္ႀကီး…မိုးလင္းေတာ့မယ္ အဲဒီ

ဘံုကေနအျမန္ထြက္လာခဲ့ပါ…..”

” ဟုတ္ဆရာ ”

” လာကိုကံေဆာင္ မိုးလင္းသြားရင္အျပစ္က်ခံသူ​ေတြ ျပန္လာေတာ့မယ္ ”

ဆိုကာရြာျပင္သို႔အျမန္ဆံုးထြက္လာခဲ့၏။

လူ႔ဘံုတံခါးအနားသို႔ေရာက္ခါနီးတြင္

” လိုက္ဟ…မလြတ္ေစနဲ႔…သတ္ၾက…”

ဆိုေသာ အသံနဲ႔အတူ အသူရာကာယ္

ဘံုသားတို႔၏ ညာသံနဲ႔အတူ သူတို႔အနားသို႔

ေရာက္ခ်လာ၏။

” ေျပးထား ကိုကံေဆာင္… အား႐ွိသမ်ွေျပး

ထား…ငါတားထားမယ္….”

ကံေဆာင္အားအျမန္ေျပးခိုင္းၿပီး သူကား

ေလထဲမွအင္းခ်ပ္ဆဲြကာ အသူရာကာယ္

ဘံုသားတို႔အားတားထား၏။

လူ႔ဘံုနားေရာက္ေသာ္ အလင္းတံခါးမွာပိတ္ခါနီး​ေနၿပီျဖစ္သျဖင့္​ မာင္ေရခဲ ကကံေဆာင္အား

တြန္းထုတ္လိုက္၏။အလင္းတံခါးပိတ္ခါနီး

ၿပီျဖစ္ေသာေၾကာင့္ သူလည္းအျမန္ထြက္

လိုက္၏။

အလင္းတံခါးကား လံုးဝပိတ္သြားၿပီ

ျဖစ္သျဖင့္ အသူရာကာယ္ဘံုနဲ႔ လူ႔ဘံုကို

ဆက္သြယ္၍မရေတာ့ေခ်။ေမာင္ေရခဲ

ေပ်ာက္လုနီးပါး ကိုကံေဆာင္၏လိပ္ျပာ

ဆက္ႀကီးေငြေရာင္က်ိဳးမ်ွင္တန္း မေပ်ာက္

ေစရန္ အျမန္ေခၚေဆာင္သြား၏။အိမ္သို႔

ေရာက္ေသာ္ ကံေဆာင္အား သူ၏႐ုပ္ၾကမ္း

ခနၶာထဲသို႔ တြန္းထဲ့ေပးလိုက္၏။

” အဟြတ္…အဟြတ္… ေရ…ေရ…ေရဆာ

တယ္…”

” ဟာ…သား…ကံေဆာင္တကယ္ျပန္လာ

တယ္ေပါ့….”

” ေရေပးၾကေဟ့…ကံေဆာင္ေရေတာင္း

ေနတယ္…”

ေမာင္ေရခဲ လည္း႐ုပ္ၾကမ္းခနၶာထဲသို႔

ျပန္ဝင္သြားၿပီးထလာ၏။ဘိုးသူေတာ္

လည္းတရားျဖဳတ္လိုက္၏။

ကံေဆာင္သည္ ေမာင္ေရခဲအား

” ေက်းဇူးအရမ္းတင္တယ္ ဆရာရယ္..

မဟုတ္ရင္ ကြၽန္ေတာ္အဲဒီမွာ တသက္

လံုးေနသြားရမွာ….”

” အိမ္းကဲြ႔…လူကေလးရဲ႕ေသကံမပါေသး

လို႔ သက္မေပ်က္ခဲ့တာပါ…ေနာင္ဆို

လိပ္ျပာလြင့္ျခင္း အတတ္ကို မပိုင္ႏိုင္

ဘဲမလုပ္ေလနဲ႔….”

” ဟုတ္ကဲ့ပါ ဘ ဘ ကြၽန္ေတာ္ေနာင္ကို

ကိုယ္မကြၽမ္းက်င္တဲ့ နယ္ပယ္မွာ ေလ်ွာက္

မလုပ္ေတာ့ဘူး…အဘနဲ႔ဆရာေလးကို

ေက်းဇူးအရမ္းတင္တယ္…ကန္ေတာ့ပါရေ

စ ” ဆိုကာ ဘိုးသူေတာ္ အားကန္ေတာ့ေလ၏။ေမာင္ေရခဲကား ကန္ေတာ့မခံဘဲ
ေဘးတြင္ ေနရာေရြ႔သြား၏။
ဦးသာၿမိဳင္ကား ေမာင္ေရခဲနဲ႔ဆရာျဖစ္သူ
ကိုေက်းဇူးတင္ေၾကာင္း ထပ္တလဲလဲေျပာ
ေနေတာ့သည္။ရြာသူရြာသားမ်ားလည္း
ကံေဆာင္ ျပန္လာခဲ့ေသာေၾကာင့္ ေပ်ာ္
ရႊင္ေနၾကသလို ဘိုးသူေတာ္ နဲ႔ေမာင္ေရခဲအား အလြန္ေက်းဇူးတင္ၾကေလသည္။
ေမာင္ေရခဲနဲ႔ဘိုးသူ​ေတာ္အား ေခၚေဆာင္
လာခဲ့ေသာ ရြာသားႏွစ္ေယာက္အားလည္း
ေက်းဇူးအလြန္တင္​​ေလသည္။ထိုအခ်ိန္မွစ၍ တစ္ရြာလံုးက ကံေဆာင္အား ေသရြာ
ျပန္ကံေဆာင္ဟု ေျပာင္းလဲေခၚေဝၚၾကေတာ့သည္။ဘိုးသူေတာ္နဲ႔ေမာင္ေရခဲလည္း
ေျမၿပိဳရြာသားတို႔အား ႏုတ္ဆက္ၿပီး ခရီးထပ္ဆက္ၾကေတာ့သည္။

(တစ္စံုတစ္ရာ အမွား႐ွိခဲ့ေသာ္ စာေရးသူ၏ေလ့လာမႈအားနည္းေသာေၾကာင့္သာျဖစ္ပါသည္။စာဖတ္သူမ်ားကိုယ္စိတ္ႏွစ္ပါးက်န္းမာၾကပါေစ)

#ၿပီး