” အာချောင်သူတို့၏ဒုက္ခ”(စ/ဆုံး)

Unicode Version

” အာချောင်သူတို့၏ဒုက္ခ”(စ/ဆုံး)
———————————————–

တစ်နေ့သောအခါ ကိုဆာမိ၊ ကိုအာလူးနှင့် ဒေါ်ကြမ်းခင်းတို့ သုံးဦး ကျွန်တော့်အိမ်ရှိရာ
သို့ နေ့ခင်းဘက် ရောက်ချလာကြသည် ။
. ကိုအာလူးပါလား။ ဘာလဲ
မိန်းမခိုးလာတာလားဗျ ”
“ အေးကွ . . . ညိုမှ ဝိုင်းရ”
ဟွန်း
.. ဒီမသာရုပ်ကိုလား၊
တစ်နေကုန်ထိုင်ကြည့်လို့ ကြက်ခြေထောက် အစိတ်သား လောက် တန်ဖိုးမရှိတဲ့ ရုပ်ကို
များ . . . ပြီး
တာကွ မောင်မှ ိုင်းရ ”
“ အာကို့ညွတ်မိုင်းရ ”
“ ဘာတုံးဟ . . . ဆာမိရ ”
“ ကိုအာလူးနဲ့ မကြမ်းခင်းနော် ”
“ အေး … လုပ်ပါသီးဟ ”
“အဲဒီ လိုချစ်
ရှေ့သွားနောက်လိုက် အလွန်ညီတာကိုး
ကွတ်ညွတ်မိုင်းရ ”
‘ ဟုတ်ပကွာ . . . လာကြဟေ့။ အသက် ..
ဆိုကြသည့်အတိုင်း ရှေ့ဆုံးက ကိုအာလူး ကို မိန်းမခိုးလာတာလားဟု ကျွန်တော်က လှမ်း မေးလိုက်သောအခါ မကြမ်းခင်းက ဒီ မသာရုပ်ကိုလားဟု အစချီပြီး ကိုအာလူး၏ တန်ဖိုးကို ဈေး တွက် တွက်ပြသည် ။ဒီမှာ ဆာမိဆိုသောရှေ့သွားနောက်လိုက်
ဆိတ်ကုလားကအလွန်ညီတာကိုး
ကွတ်ညွတ် မိုင်း (ကိုညိုမှ ိုင်း)ရဟု ရွဲ့ပြော
လိုက်ခြင်းပဲဖြစ်သည် ။
သူတို့ သည် နှယ်နှယ်ရရထဲက မဟုတ်။
ကိုအာလူးက ဝက်ပေါ်၍ ရောင်း။
ဒေါ်ကြမ်းခင်းက ကြက်ဘဲပေါ်၍ ရောင်း၏
ကလယ်ကုလားဆာမိကရောင်း၏။ဆိပ်ပေါ်၍
ကိုအာလူးက အရပ်ပု၍ ဝိုင်းဝိုင်းဖိုင့်ဖိုင့် ဖြစ်ပြီး မကြမ်းခင်းကား သစ်ကုလားအုတ်လို အရပ် ရှည်၏ ။ ဆာမိကား ခါးကိုင်းကိုင်း နှာခေါင်းရှည်ရှည်နှင့် ဖြစ်၏။
သူတို့ ကျွန်တော့်အိမ်ပေါ်သို့ ရောက်လာ ကြပြီး သူတို့ ကိုယ်ပေါ်က … ညှီစို့စို့ အော်ဂလီဆန် ချင်စရာ ရနံ့များက ကျွန်တော့် နှာခေါင်းကို စတင်၍ ဒုက္ခပေးကြပြီ။ သူတို့
သုံးဦးသည် အမဲသတ်ရုံ နှင့် သားသတ်ရုံ တန်းတို့ ရှိနေသည့် သားသတ်ရပ်ကွက်များ တွင် စုပေါင်းနေထိုင် လုပ်ကိုင်စား သောက် ကြသူများ ဖြစ်သည် ။
“ ဆိုပါဦးဗျ၊ ခင်ဗျားတို့ သစ္စာ မလာစဖူး သုံးယောက် တစ်ပြိုင်တည်းလာလို့ ။ ကျုပ်ကို ပြဿနာရှာကြမလို့ လား ဟုတ်လား ”
မဟုတ်ပါဘူးအကြောင်းရှိလို့ ပါ ”
စာရေးဆရာရာ။
“ ဘာအကြောင်းလဲ ပြော ” “ဒီလိုဗျ ”
ဒီလိုဗျ အစချီပြီး ကိုအာလူးက စတင်၍ ပြောပြတော့သည် ။ ခုတစ်လော သူတို့ အကုသိုလ် တန်း အဲ . အဲ သားသတ်ရပ်ကွက်ထဲမှာ ထူးဆန်းသော အဖြစ်အပျက်
တစ်ခု ဖြစ်နေသည် ။
ဖြစ်ပုံကား ကိုအာလူး ဝက်သားပေါ်နေစဉ်
ဝက်သားအချို့ပျောက်သွားသည်
အူစုံသည်းစုံ အတွဲများ လျော့နေသည် ။
မကြမ်းခင်းရဲ့ ကြက်သားဆိုင်မှာ လည်း
ကြက်အသည်းအမြစ်အပုံများ
မရောင်းရသေးဘဲ နှင့် မျက်စိအောက်မှာ သိသိ
သာသာကြီး ပျောက်ပျောက်နေ၏။
ကိုဆာမိ ဆိတ်သားသတ်ရုံမှာ လည်း ဆိတ်ပေါ်ပြီး တုံးပိုင်းဖျက်တုန်းရှိသေး ဆိတ် သားများ ပျောက်ပျောက်သွား၏။
ဟိုတစ်နေ့က ပျောက်သွား၏
ခေါင်းတစ်ခေါင်းလုံး အဲဒီ လိုအဖြစ်မျိုးက
တစ်နေ့တည်း မဟုတ်။ နေ့စဉ်လိုလို ဖြစ်
နေသည် ။ တရားခံသူခိုးလည်း မမိ။
တစ်ခါ ကိုဆာမိ၊ ကိုအာလူးနှင့် အမဲပေါ် သည့် စံသိန်းတို့ အရက်ဆိုင်ထိုင်သောက်နေ စဉ် ရက်ပုလင်းကို လာလှဲချရိုက်ချသလို အဖြစ်မျိုး နှစ်ကြိမ်သုံးကြိမ် ကြုံနေရသည် ။
ပြန်ကြလျှင်အရက်သောက်ပြီး နောက်ကျောကနေ.. တစ်စုံတစ်ယောက်က ဆောင့်ဆွဲ၏ ။ တွန်းလှဲ၏ ။ သဲခဲမျာနှင့် ပေါက်၏ ။ နံဟောင်သော ရေများ နှင့်ပက်၏
ခင်ဗျားတို့ အချင်းချင်း ပြန်စနောက်
ပြောင်တာနေမှာ ပေါ့ ”
“ အဲဒီလို မဟုတ်ဘူး ညိုမှ ိုင်းရ၊ တစ်ယောက်တည်း ပြန်လာရင် ပိုပြီး သိသာတာရယ် ”
ကိုအာလူးက အတိအလင်းဆို၏ ။
“ အရေးကြီးတာ အသားတွေ ပျောက်နေ တဲ့ ကိစ္စပဲ ကိုညိုမှ ိုင်းရဲ့ ”
ဒေါ်ကြမ်းခင်းက ဒါကို အဓိကထား၍ လည်း ပြောနေသည် ။
“တစ္ဆေလို့ လည်း ထင်တယ်။ သရဲလို့ လည်း ထင်တယ် ”
“ ခွေးနဲ့ အလစ်သမားရော ဝင်မဆွဲနိုင်ဘူး
လားဗျ ”
“ ဘယ်သူလဲ ဦးပွေးဆင့်လား၊ မောင်သွေး
ပင့်လား *
ဟုတ်ဘူးလေကွာ . . . တိုက်ပုံဟပြဲနဲ့
ဆရာကြီး ”
“ ဪ . . . ဘတိုက်ပုံဦးရာကျော်ကို ပြော
တာလားဗျ “… အဲဒီ အဘဆရာကြီး ကို ခေါ်လာပေးပြီး ကြည့်ရှုစစ်ဆေး ကူညီပါ မောင်မှ ို င်းရာ။ ဘာလို့ လဲဆိုတော့ ငါတို့ က အသားကို ညဦးပိုင်းမှာ အသင့်ပေါ်ထား ပြီး မနက်မိုး လင်းမှ ရောင်းရတာ ကိုးကွ။ ခု ဟာက ဆိုင်စေ့လိုလို အခိုးခံနေရ၊ ပျောက်နေ ကြတော့ အမြတ်နည်း ပြီး ခံရခက်နေလို့ ပါ မောင်မှ ိုင်းရ ”
“ ဟုတ်ပါတယ် . . . ကွတ်ညွတ်မိုင်းရာ၊ ကိုယ့်လူရဲ့ ဆရာကြီးကိုသာ ခဏလောက်ခေါ်
ပင့် ပြီး စစ်ဆေးပေးပါကွာ။ အားကိုးပါရစေတငယ်ချင်းရာ ”
ကုလားဆာမိကလည်း နားဂျီနားပူလုပ်၍ ပြောနေသည် ။
ဒီအုပ်စုနှင့် ကျွန်တော်သည် နှစ်ပေါင်း အတန်ကြာ တွဲခဲ့ဖူး၏ ။ သူတို့ နှင့်အတူ ညနေမှာ အရက်သောက်ခဲ့ဖူး၏ ။ သူတို့ သားသတ်ရုံများမှာ မူးမူးနှင့်ဝင်၍ ကူညီ
လုပ်ကိုင်ဖူး၏။ကျွတ်ချိန်တန်တော့ ကျွန်တော် အရက် ပြတ်သွားခဲ့သည် ။
အရက်မသောက်သော်လည်း သူတို့ ဆီသို့ ရောက်လျှင် အသားကောင်း လက်ဆောင် လေး များက ရနေစမြဲ။ကျွန်တော် အရက်ပြတ်ရခြင်းကား . . .
လူထူးဆန်းဘတိုက်ပုံ ဦးရာကျော်ကြောင့်
ဖြစ်လေသည် ။
အဘရဲ့ ကျေးဇူးဖြင့် ကျွန်တော် အကုသိုလ် ရပ်ဝန်းမှ ဖဲကြဉ်၍ ဘုရားတရားအလုပ် အစပျိုးနိုင်သည့် အခြေအနကောင်းလေးသို့ ရောက်ခဲ့၏။
သို့နှယ် အခက်အခဲ ကြုံတွေ့နေကြသည့် တစ်ချိနက သောက်ဖော်မိတ်ဆွေများ ရဲ့ ဒုက္ခ ကို ကူညီဖြေရှင်းရန် အဘတိုက်ပုံကြီး ဦးရာ ကျော်ကို အရှာထွက်ခဲ့ရသည် ။
အဘကို ရှာရတာ က ကောက်ရိုးပုံထဲ အပ် ပျောက်ရှာရသလိုရှိ။ တွေ့ချင်လို့ ရှာလျှင်
လုံး၀ မတွေ့။ မတွေ့တော့ပါဘူး မောပြီဆိုပြီး ထိုင်မှ ို င်နေလျှင် ရောက် လာလေ့ရှိ၏ ။ ခုလည်း သူ သွား တတ်သည့် နေရာများကို ကျွန်တော် တစ်နေကုန် လိုက်ရှာနေ၏ ။
သချင်းပေါင်းများ စွာကို ရောက်ခဲ့ပြီးပြီ။
ဇရပ်ပေါင်းအနှံ့ကို ရောက်ခဲ့ မေးခဲ့ပြီးပြီ။
လှေဆိပ်ရေဆိပ် သင်္ဘောဆိပ်လည်း နှံ့နေ
ပြီ။ဘုန်းကြီးကျောင်းတွေလည်း
ကုန်သလောက်ရှိခဲ့ပြီ။
မသာအိမ်ရှိရာများ လည်း မေးမြန်းစုံစမ်းပြီးပြီ။
ဘယ်နေရာမှာ မျှ စုံစမ်း၍ မရ။ မဟုတ်မှ လွဲရော ခရီးထွက်သွားပြီနဲ့ တူပါရဲ့ ။ ခက် သည် ကား ဘတိုက်ပုံ ဦးရာကျော်သည် အိမ်ခြေအတည်တကျမရှိ။ သွားချင်ရာလျှောက်သွားနေသည် ။
ကြုံရာမှာကြုံသလိုအိပ်ပြီး ဖြစ်သလို
စား၏။ဒါပေမဲ့ အထင်မသေးကြနှင့်။
သူ့လွယ်အိတ်ထဲမှာ ငွေအပြည့်နီးပါးရှိ၏ ၊ ၎င်းငွေများကား အရပ်တကာ ဈေးတကာ လှည့်၍ အလှူခံလို့ ရသော ငွေများ ဖြစ်၏။ ၎င်းငွေများကို သူ အလွဲသုံးစားမလုပ်။
ဓာတ်ကျရာအရပ်မှာ
ကိုးတောင်ပြည့ဘုရား စေတီများ တည်ခဲ့၏။ သူ့အပြောအရ တော့ အဘအောင်မင်းခေါင်နှင့် ရသေ့ကြီး ဦးခန္တီတို့ မထွက်ခင် မှာ သွားသည့်အတိုင်း ကိုးတောင်ပြည့် စေတီ တည်နေတာဟု ဆို၏
ကြည့်လိုက်လျှင် လူပုံက အရူးမှ တကယ့်
အရူး။တိုက်ပုံရင်ကွဲ ပုဆိုးအောက်နားကွဲ ကြေး
လက်လေးသစ် မုတ်ဆိတ်မွေး ဗရပျစ်၊ ကွမ်း တံ တွေး တဗျစ်ဗျစ်နှင့်။
သီချင်းတွေဆိုလိုက် ကလိုက် နတ်ကနား တွေ့ ဝင်ပျော်လိုက်။ သို့သော် သူ့မှာ ထူးဆန်း သည့် ပညာရပ်များက အံ့ဖွယ်ဘနန်းရှိနေ၏
ခုလည်း နေကုန်ရှာသည် ။
နောက်တစ်နေ့ ဆက်ရှာသည် ။ ခြေကုန်လက်ပန်းကျခဲ့ပြီ။ တော်ပြီ။ မရှာ တော့ဘူး။ သို့နှင့် စေတီတစ်ဆူမှာ ဝင်နားပြီး သစ္စာ အဓိဋ္ဌာန် ပြုလိုက်သည် ။
အဘဆရာကြီး ဦးရာကျော်ခင်ဗျာ၊
သားတပည့်ကြီး မောင်ညိုမှ ို င်း အဘကို လိုက်ရှာရ သည် မှာ ခြေထုံပြီး လျှာထွက်နေ ပါပြီ ခင်ဗျာ။ အဘ ကြားရာအရပ်က သားတပည့်များ ရှိရာသို့ မတိမ်းမစောင်း ဗိန်းမောင်းနဲ့ အမြန်ကြွခဲ့ပါ အဘကျေးဇူးရှင်
ဦးတိုက်ပုံကြီး ခင်ဗျာ ”
ရွှေဖျဉ်းညီနောင် × × ×
x x x ဖောင်တော် စီးပါလို့ × × ×
ရေလှိုင်းတွေက တဖွေးဖွေး X X X
တွေက တဖွေးဖွေး x x x
နတ်နန်းရယ်သာလှတယ် ရယ်သာလှတယ် × × ×
ရွှေနန်းကြီးရယ်သာလှတယ် နန်းကြီးရယ် သာလှတယ် x x x
ဆီးကြိုပါ | × × × နှမများ ရယ်
x x x
“ ရေလှိုင်း
X X X
ရွှေနန်းနတ်
ပြေးကြိုပါ x x x * ညီတော်များ ရယ် ယီးလေးလေး xxx ယီးလေးလေး xxx ယိုး
လေးယို တော့ .အဘ ကျော်တဲ့ ကွ .
. . . တို့ အဘကွ ”
“ အဖေကြီးကျော်ကွ ဟေ့နော် ”
“ ဘိုးဘိုးကြီး သကြားလုံးကြဲပါဗျို့ ”
“ ပိုက်ဆံကို အလျင်ကြပါ အဘရေ မြန်
မြန်လေးဗျ ”
အိမ်ရှေ့လမ်းမမှ ဆူဆူညံညံ အော်ဟစ်သံ
များကြား၍ မောပြီးအိပ်ပျော်နေသည့်
ကျွန်တော် လန့်၍ နိုးလာခဲ့သည် ။
“ ရော့ဟေ့ . . . သကြားလုံး ”
“ ရော့ . . . သကြားပြား *
“ ဟ . . . ညိုမှ ိုင်းရ၊ လူစောင့်ရှိတဲ့ ကြား တစ်ဖဲ့လေး … မျက်စိကွယ်တာနဲ့
ကကိုချက်ချင်း ပျောက်သွားတာကွ ”
အဲဒါ ကျုပ်က စုံထောက်ဦးစံရှားကို ငှား
ပေးရမှာ လား ”
ဒီလိုပါကွာ . . . မင်းရဲ့ အဘ ဟိုလူကြီး

“ အဘ ဒီဘက်ကို . . . ဒီဘက်ကို ” ရော့လဟ . . . ခွေးမသား အကောင်းစားလေးတွေရ ”
“ ဘိုးဘိုးကြီး သမီးတို့ ဘက်ကို ကြဲဦးလေ
ရောလဟ . . . ခွေးသမီး အကောင်းစား
လေးတွေရ . . . ရော့
“ ဒါမှ တို့ အဘကွ ”
ကုန်းထပြီး ထွက်ကြည့်လိုက်တော့ အိမ် အဘတိုက်ပုံကြီးနှင့်ရှေ့လမ်းမကြီးပေါ်မှာ
ကလေး ရော ခွေးရော လူငယ်လူကြီးများ ရော တရုန်းရုန်း ဖြစ်နေကြသည် ။
ကျွန်တော် အရမ်းကိုဝမ်းသာ သွားခဲ့ပြီ။ “ အဘရေ … ကျန်သေးတယ်တော့ ”
“ ဟဲ့ . . . ဘာကျန်သေးလို့ လဲ ဗိုင်းတာမရဲ့
“ ပိုက်ဆံ . . . ပိုက်ဆံကော ”
“ ဟဲ့ . . . ဒါက ဘုရားတည်ဖို့ ဟဲ့ ဂန်းမတွေရဲ့ ”
အရင်လည်း ကြဲတာပဲ၊ ခုလည်း ကြဲပါ တော့။ တန်းလန်းကြီးမလုပ်ပါနဲ့ ”
“ သောက်ကန်းမလေးတွေ လုပ်ပြီး။ ကဲ . . ရော့ာ . . . ရော့ ”
“ ဟဲ့ .. ဟဲ့ … ငါ့လက်ကို မနင်းနဲ့
“ ဟဲ့ . . . ကိုသွေးရင့်၊ ဘာလို့ ကျွန်မလက် ထဲကဟာကို လုရတာ တုံး ”
“ အိမ်ကပိုက်ဆံနဲ့ တူနေလို့ ပါဟ သူသူရ ”
“ကလိမ်ကကျစ်မလုပ်နဲ့ ကိုယ့်ဟာကိုယ်ကောက်သွား *
အဘဦးရာကျော်ကလွယ်အိတ်ထဲမှ
ငွေအကြွေစေ့များ ကျပ်တန်များကို ထုတ်၍ နှိုက်၍ အားရပါးရ ကြဲနေသည် ။ လေးငါး ဆယ်ကြိမ်ခန့် ကြဲပြီးနောက်
“ကိုင်း တော်ပြီဟေ့။ အားလုံးနားထောင်ကြ,,
ကလေးလူကြီး လူရွယ်များ သည် သကြားလုံးများ ၊ ပိုက်ဆံများကို ဆုပ်ကိုင် ရင်း ငြိမ်သွား ကြ၏ ။ အားလုံး ဖုန် အလိမ်းလိမ်း၊ ချွေးအပေပေ။
“ သားတို့ သမီးတို့ ရေ၊ ယက်သဲ့ကြား ငါး တင်၊ တင်တဲ့ ငါး ကြောင်စား၊ ကျန်တဲ့ ငါးမှ ဘုရားမ တဲ့ ၊ ရှေးတဘောင်ရှိသကွယ့်။ ဒါ ကြောင့် အကုသိုလ်ဒုစရိုက်အမှုကိုလျှော့ကြ၊ ထိန်းကြ၊ ရှောင်ကြ၊ အနန္တောအနန္တငါးပါး မ မေ့ကြနဲ့ ။ ဒါန၊ သီလ၊ သမထ၊ ဘာဝနာ တစ်ခုခုလုပ်ဖြစ်အောင်လုပ်ပြီး ဘ၀ ကူးကောင်းရေးအတွက် ကြိုးစားကြ။ မေတ္တာ ကရုဏာ မုတိတာ ပွားကြ များကြ။ မြန်မာ့ သာသနာ အများကြီး ရှိနေပြီဟေ့။ ဒါကြောင့် မို့လို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် ”
“ တို့ အဘကွ ”
“ ဖိုးစိန်ကွ ”
“ ရွှေမန်းဟေ့နော် ”
အမူးသမားများ လည်း အဘရောက်လာ၍ ပျော်ကြ၏ ။ ကလေး လူကြီးများ လည်း အဘ ရောက်လာ၍ အားရဝမ်းသာရှိကြ၏ ။ သည် နောက် ဝိုင်းနေသည့် လူအုပ်ကြားမှ သီချင်းဆိုပြီး တစ် ကျော့နှစ်ပိုဒ် ကလိုက်၏ ။ ၎င်းနောက် အားလုံးကို လိမ္မာကြနော်ဟု ဆုံးမစကားပြောပြီးနောက်…
အနီးဝန်းကျင် မလှမ်းမကမ်းမှာဆောင့်ကြောင့်ထိုင်ရင်း . မျှော်ငေးကြည့်နေ သည့် ခွေးအ ရွယ်မျိုးစုံတစ်အုပ်အား အနီးသို့ ခေါ်လိုက်၏။
“ ဟဲ့ . . . ဟိုခွေးတစ်အုပ် လာခဲ့စမ်း ”
ခွေးများ သည် သို့ကလို အဘရာကျော်က အမိန့်ပေးလိုက်သောအခါ
အားရဝမ်းသာပြေး လာပြီး အနီးမှာ လည်ပင်းတငံ့ငံ့ လုပ်နေကြ၏။
ဟေ့ ”
မင်းတို့ သကြားလုံး မရဘူးမဟုတ်လား
“ ပိုက်ဆံလည်း မရဘူးမဟုတ်လား ”
“ အိန် . . . အိန် ”
“ အင်. အင်. အိ ု. အီ “,,
“ ရော့ . . . ဘိန်းမုန့် ”
‘ ရော့ . . . ဘယာကြော်၊ စားကြ စားကြ အားရပါးရ စားကြ။ ကိုင်း . . . ခွေးလည်း ရ
ပြီ၊ လူလည်း ရပြီ၊ ရရင် အားလုံး ပြန်ကြဟေ့
“ ဗျို့ . . . အဘ =
ကျွန်တော်က အဘအနီးသို့ ဝမ်းသာအားရ ပြေးကပ်သွားပြီး အဘလက်ကို ကိုင်လှုပ်၍ ခေါ်လိုက်၏။
အာ
“ ရှာလိုက်ရတာ အဘရာ ”
“ ဟေ . . . ငါက မင်းကိုတွေ့ချင်ရင် လိုက် ရှာလို့ ပြောခဲ့လို့ လား
“ အရေးကြီးလို့ ဗျ ”
“ သိသားပဲဟ
“ ဘယ်လိုလုပ်သိတာလဲ အဘရ ”
“ အမ်မာ . . . ခွေးကောင်လေး အဘကို လိုက်ရှာရတာ ခြေထုံပြီး လျှာထွက်နေပါပြီ ခင် ဗျာ။ အဘကြားရာအရပ်က မတိမ်းမ စောင်း ဗိန်းဗောင်းနဲ့ အမြန်ကြွခဲ့ပါလို့ ခေါ် ာ မင်းမဟုတ်ရင် ဘယ်လှည်းသမားလည်းဟေ
“ ဗျာ ”
“ အဘကြားတယ် ”
ကြားတာပေါ့ဟ . . . လူမိုက်ရ ”
“ ကျွန်တော် စေတီမှာ အဓိဋ္ဌာန်တာ အဘကြားတယ် ”
.’ ဟ . . . ကြားပါတယ်ဆို။ လူလွန်မသား နှယ်၊ ကြားလို့ ခုလာတာပေါ့ဟ ”
“ ဘုရားရေ . . . ကျွန်တော်က ခပ်တိုးတိုး၊
အဓိဋ္ဌာန်တာကို အဘကြားတယ်ဆိုတာ အံ့ ရောဗျာ ”
“ မအံ့နဲ့ လူလွန်မသားရဲ့ ”
“ အံ့ရမှာ ပေါ့ဗျ။ အဘ အကြားအမြင်ရနေတာ ဥစ္စာ ”
ခွေးမသားလေး . . . အော်ကျယ် အော် ကျယ် မလုပ်နဲ့ ။ သူများကြားရင် ဘိုးတော် လိုလို ဝိဇ္ဇာလိုလို အကြားအမြင်ဆရာလိုလိုင်ဓာတ်လုံးတောင်း၊
ပြီး ရေမန်းတောင်း၊ ကျောက်စရစ်ခဲ တောင်း လုပ်ကုန်မယ်။ ငါ ကြားချင်လို့ ကြားတာ မဟုတ်ဘူး ။ မင်း ဆုတောင်းနေတာကို ငါ့လူ တစ် ယောက် ကြားပြီး လာပြောလို့ ”
တစ်ကယ် “
“ နှစ်ကယ်ကွာ ”
“ ဘုရားစူး . . . သုံးကယ်နော် ”
“ ဟုတ်ပါတယ်ဆို . . . ရွာရိုးက သွားမည့်လျှာကျိုးမသားရာ ကွကွာ ”
‘ဟား…ဟား…ဟား…ဟား
“ ဟီး . . . .ဟီး . . . ဟီး မြိန်လိုက်တာ ငမှ ဝိုင်းရာ အဟစ် . . . ဟစ် … ဟစ် ”
ကျွန်တော် ပြောပြချက်အရ ဘတိုက်ပုံဦး ရာကျော်နှင့် ကျွန်တော် ကိုအာလူးတို့ အမဲ ပေါ်ရပ် ကွက်ကို ရောက်သွားခဲ့ကြ၏။
၎င်းနောက် ဦးစွာ ကိုအာလူးတို့ ဝက်သား ရုံမှာ တစ်ညအိပ်၍ အခြေအနေကို အကဲခတ်ခဲ့ ကြ၏။
ညဉ့်သန်းခေါင်သို့ ရောက်သောအခါ …
ခြေသံများ ကြားရတော့သည် ။ မကြာခင်
စေ့ထားသည့် တံခါးကို တွန်းလိုက်သံ ကြားရ သည် ။ သိပ်မကြာလိုက် အသားတွဲအချို့ ပျောက်သွား၏။
“ ဘယ်လိုလဲ အဘ
“ သူခိုးပါကွ ”
“ မြင်ရလို့ လားဗျာ၊ ကျွန်တော်တော့ မမြင် ပါလား ”
“ မင်းက ကန်းနေတဲ့ ကောင်ပဲဥစ္စာ မြင်မလား,,
သည့်နောက် မကြမ်းခင်းတို့ ကိုဆာမိတို့ အိမ်များ ဆိုင်များမှာ ညအိပ်၍ အကဲခတ်ကြ သည် ။ ညဉ့်သန်းခေါင်ယံရောက်လျှင် လူခြေ သံလို ကြားရညပီး ပစ္စည်းဆွဲသလိုလို ပြေးသံ လိုလို ကြားရ၏။
ကျွန်တော်တို့ ကား ကြောက်၍ စောင်ကိုခေါင်းပြီးခြုံပြီး ကွေးနေ၏။ မိုးလင်းလျှင်
ပစ္စည်းအချို့ လျော့နည်းနေသည် ကို ထူးဆန်းစွာ တွေ့ရ၏ ။
ဘာတွေ့ရလဲဟင် ”
“ ခွေးသူခိုးကွ ”
“ ခွေးသူခိုး . . . ဟုတ်လား။ ဘယ်လိုပုံစံလဲ
ဟင် “
“ ခွေးအကောင်မည်းမည်းကြီး မျက်လုံးကို ပြူးနေတာပဲ ”
ဒီမှာ ကိုအာလူးတို့ ၊ မကြမ်းခင်းတို့ ၊ ကို ဆာမိတို့ မိသားစုများ ရောက်လာကြသည် ။ “ ဟေ့ကောင် … အာလူး ”
“ဗျာ..
မင်းတို့ ရပ်ကွက်ထဲမှာ သူထိုးရှိသလား
“ ခွေးသူခိုးလား၊ လူသူခိုးလား … အဘ ‘ “ ခွေးသူခိုးက ရပ်ကွက်တိုင်း ရှိတာပါကွ။ လူသူခိုးကို ပြောတာ ”
“ ရှိတယ်ခင်ဗျ ”
“ ဘယ်သူလဲကွ ”
“ ငပွေးခင်ဗျ ”
အဲဒီ ကောင် ခု ဘယ်မှာ နေလဲ ”
“ သေသွားပြီ ခင်ဗျ ”
ငါထင်တဲ့ အတိုင်းပဲ။ ပြီးတော့ကော ဟ
ချက်ကြီးခင်ဗျ။
ဒီကောင်ကအလစ်သမား အဘရ။ နှစ်ယောက်စလုံး
ငှက်ဖျားနဲ့ သေ ကုန်ကြတာ ”
“ ဒီရပ်ကွက်မှာ သေတာမဟုတ်လား ”
“ ဟုတ်ကဲ့ ခင်ဗျ ”
“ မင်းတို့ နဲ့ အရမ်းရင်းနှီးသမို့လား ”
စားဖော်သောက်ဖက် သူငယ်ချင်းများ ပါ ခင်ဗျ။ ဒီကောင် နှစ်ကောင်က ဗီဇမကောင်း ပေမဲ့ ကျွန်တော်တို့ အပေါ်တော့ သိပ်မဆိုးပါ ဘူး အဘခင်ဗျ ”
“ဒီကောင်တွေကို မင်းတို့ ခေါ်ထားသေးလား
“ ဗျာ . . . ဘယ် . . . ဘယ်လို အဘ
ဒီကောင်တွေသေတော့ မင်းတို့ က
အာချောင်ပြီး ငါတို့ နဲ့ လာနေလှည့်တို့ ဘာတို့ ခေါ် ထားသေးလားလို့ မေးတာ
ဒီမှာ ကိုအာလူးနှင့် ကုလားဆာမိတို့ က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
ကြောင် ကြည့်ကြည့်နေကြ၏။ “ ပြောလေကွာ ”
“ ဟုတ် . . . ဟုတ်ကဲ့ ခင်ဗျ ”
“ ဘယ်တုန်းက ခေါ်တာလဲကွ ”
သူခိုးငပွေးရောအလစ်သမားချက်ကြီး
ရော ရှေ့ဆင့်နောက်ဆင့် သေသွားတာအဘ ရဲ့ ။ ဆွေမရှိ မျိုးမရှိမို့ ကျွန်တော်တို့ ဆာမိတို့ မကြမ်းခင်းတို့ က ငွေစုပြီး သင်္ဂြိုဟ်ပေးလိုက် ရတာ ။ တစ် ချိန်က ငယ်ပေါင်းသောက်ဖော် စားဖက်များ မို့ သချင်းမှာ မြေမြှုပ်တော့ ကျွန်တော်နဲ့ ကုလားဆာမိ လည်း မူးမူးနဲ့ ပြောမိတယ် အဘရဲ့ ”
“ ဘယ်လိုပြောလို့ တုန်းကွ .. လုပ်ပါ ” “ မင်းတို့ စားရေးသောက်ရေး အဆင်မပြေ ရင် ငါတို့ ဆီကို လာခဲ့၊ အရိုးအရင်းနဲ့ လက်ကျန် လေးတော့ စားဖို့ သောက်ဖို့ ရမှာ ပေါ့ကွာလို့ ပြောခဲ့ဖူးပါတယ် ခင်ဗျာ *
“ တရားခံက မင်းတို့ ပဲကွ ”
“ ဗျာ ”
“ ဘယ်လို အဘ အဓိကတရားခံက မင်းတို့ ကွ။
မကောင်းမှုဒုစရိုက် အကုသိုလ်ကံများ နဲ့ သေ ကြတော့ အစွဲအလမ်းကြောင့် တစ္ဆေသရဲ ဘဝကို ချက်ချင်း ရောက်နေကြတာ။ အမှန် က သူတို့ ဘ၀ ဝဋ်ကြွေး နဲ့ သူတို့ ခံစားနေရ မှာ ။ ဒါကို မင်းတို့ က နောက်သလို ပြောင် သလိုလို တကယ်လိုလိုနဲ့ ခေါ်လာ လိုက် ပြောလာလိုက်တော့ အခု သူတို့ က လာပြီး နှောင့်ယှက်နေတာ ”
” ဗျာ ”
‘အာရေး …..
နေပါဦး .မင်းတို့ ခေါ်လာတဲ့ စကား
အတိုင်း အရိုးအရင်းများ ရော စွန့်ကြဲ ကျွေးမွေးရဲ့ လား။ လက်ကျန်ရော တိုက်လို့သား
“ ဟင့် . . . ဟင်း … ပြောပြီး မေ့ပျောက်ပါပဲ ခင်ဗျ ”
မင်းတို့ က ခေါ် လာပြီး မကျွေးတော့ခိုးစားတာပေါ့ ”
“ သူတို့ ပေါ့ . . . ဟုတ်လား အဘ ” “ အိမ်း . . . ဟုတ်တယ်။ နဂို လူ့ဘဝတုန်း က သူခိုးနဲ့ အလစ်သမားဥစ္စာ။ သေပြီးနောက် လည်း အမျှဝေမယ့်လူ၊ သတိတရ လုပ်ပေး မယ့်လူမရှိတော့ တစ္ဆေသရဲဘဝရောက်တာ တောင် လူ့ ဗီဇက မပျောက်ဘူး။ ဒီမှာ နှုတ်ဆော့ပြီး ခေါ်တာကမင်းတို့ ၊ ပြီး ဘာမျှမ ပေး မကျွေး။ တစ်ခါဒီနေရာ ကလည်း
သားစိမ်းငါးစိမ်းအကုသိုလ်လုပ်နေတဲ့
နေရာ။ နာနာဘာဝများ မှီခိုလို့ ၊ နှောင့်ယှက် လို့ ကောင်းတဲ့ နေရာပေါ့ကွာ ”
“ ဒါ . . . ဒါဆို . . . ကျွန် . . . ကျွန်တော်တို့
ဘာလုပ်ရမလဲ ဟင် … အဘ ”
“ လုပ်စရာတစ်ချက်ပဲ ရှိတယ် ” “ ဘာများ ပါလဲ ခင်ဗျာ ” “ ရဟန်းသံဃာများကို ပင့်ဖိတ် ”
“ ဟုတ်ကဲ့ခင်ဗျာ ”
“ အဲဒီ မကျွတ်မလွတ် အယူတိမ်းပြီး ဆက် မိုက်နေတဲ့ ဝိညာဉ်နှစ်ကောင်ကို အကြောင်း ကြား။ သူတို့ အတွက် မင်းရယ်၊ ဆာမိရယ်၊ မ ကြမ်းခင်းရယ် … သုံးဦးထပ်ပြီး ဆွမ်းသွတ် လှူဒါန်း ရေ စက်ချ အမျှပေးဝေလိုက်ကွာ။ ဒီကောင်တွေ သာဓုခေါ်ခွင့်ရ
ဒါမှကျွတ်လွတ် ဝမ်းသာပြီး မင်းတို့ လုပ်ငန်းကို
မနှောင့်ယှက်နိုင်မှာ
မြန်မြန်သာလုပ်ပေးလိုက် ”
“ အဘပဲ လုပ်ပေးပါလားဗျ ”

ဟေ့ကောင် . . . မင်းတို့ ကိစ္စ မင်းတို့အကောင်းဆုံး
ဘာသာလုပ်။ ငါက အကြံဉာဏ်ပေး တာ။ ဒီကိစ္စ ငါနဲ့ လုံးဝမဆိုင် ဘူး။ မင်းတို့ အာချောင်ရင် ခုလို ခံရမှာ မလွဲ ဘဲ။ မင်းတို့ က ပရဝိဉာဉ် လောကကို ဘာ များမှတ်လို့ လဲ။ မယုံရင် မယုံသလိုနေ။
ပြောင်တောင်တောင်နောက်တောက်တောက်နဲ့ အကဲစမ်းသလို သွားမစနဲ့ ။ မဖြစ်
ရင် နေရော၊ ဖြစ်လာရင် မရှူနိုင်မကယ်နိုင် အဖြစ်မျိုးနဲ့ နဖူးတွေ့ ဒူးတွေ့ပဲ။ အခုကြုံပြီမို့လား ”
“ ဟုတ် . . . ဟုတ်ကဲ့ခင်ဗျ”
နောက်နေ့သို့ ရောက်သောအခါ သူတို့
လုပ်တတ်၍ ကျွန်တော်ပဲ ဦးစီးပြီး လုပ်ကိုင်
ပေးရ သည် ။ရပ်ကွက်ထဲမှလူရိုသေရှင်ရိုသေ
သက်ကြီးဝါကြီး သိက္ခာကြီး ရဟန်းသံဃာငါး ပါးကို ပင့် ဖိတ်ရသည် ။
ဆွမ်းကွမ်း၊ သင်္ကန်း ဝတ္ထုငွေများကို သူတို့
သားအရောင်းအဝယ်သမားများ
သိုလ် ပါဝင်စေရသည် ။စုပေါင်းကုပြီးနောက် …
သင်္ချိုင်းသို့ သွားရောက်ပြီး ငပွေးနှင့်ချက် ကြီးရဲ့ ဝိဉာဉ်များကို ဖိတ်ခေါ်ရသည် ။ကို
မင်းတို့ ဘ၀ လွတ်မြောက်ရေးအတွက် ကို အာလူးတို့ က ကောင်းမှုကုသိုလ်ဒါနများ ပြုလုပ် ပေးပါပြီ၊ တရားအတူနာလှည့်ပါ၊ ရေစက်ချ အမျှဝေရင်း သာဓုခေါ်လှည့်ပါဟု ပြောရဆိုရသည် ။
ထိုသို့ ပြုလုပ်စီစဉ်ပြီး ပရိတ်တရားနာ ရေစက်ချ အမျှဝေလိုက်ပြီးသည့်အချိန်မှ စ၍ ပရိတ် တရား သိဒ္ဓိအရှိန်ကြောင့်ပဲလား။ဒါမှ မဟုတ် သူတိုပ သာဓုခေါ်နိုင်ခွင့်လေး
ရ၍ ကျွတ်လွတ်သွားခဲ့ပြီလားမသိ။
ကိုအာလူး ဝက်သားရုံမှာ ဘာမျှမပျောက်။
ကိုဆာမိဆိတ်သားရုံမှာအပျောက်အရှမရှိလည်း
မကြမ်းခင်းလည်း ကြက်အဆွဲမခံရ။
နောင်အခါ ကိုအာလူး ကိုဆာမိတို့ ကြမ်းခင်းတို့ လူစုသည် မကြာဏ စုပေါင်း၍
အလှူပွဲ လေးများ ပြုလုပ်၏ ။ ရဟန်းသံဃာ များကို ဆွမ်းသင်္ကန်းကပ်လှူ၍ ကွယ်လွန်
သူများကို အမျှပေးဝေ
၏။နှုတ်ဆော့ လက်ဆော့လည်း မလုပ်တော့။
အကုသိုလ်လုပ်ငန်းနှင့်အသက်မွေးဝမ်း
ကျောင်း ပြုနေသော်လည်း သူတို့ ဝန်းကျင် လေး အစဉ်သန့်ရှင်းစေရန်နှင့် သူတို့ ဘ၀ အနာဂတ် လှနိုင်သမျှ လှစေဖို့ ကုသိုလ် ကောင်းမှုများကို တစ် နှစ်လျှင် နှစ်ကြိမ် အမြဲတမ်း လုပ်လေ့ရှိရကား အဆိုးထဲမှအကောင်းလေးများ ရပြီး စိတ်ရောကိုယ် ပါ
ပျော်ရွှင်ချမ်းမြေ့လျက်ရှိလေသည် ။

Zawgyi Version

” အာေခ်ာင္သူတို႔၏ဒုကၡ”(စ/ဆုံး)
———————————————–

တစ္ေန႔ေသာအခါ ကိုဆာမိ၊ ကိုအာလူးႏွင့္ ေဒၚၾကမ္းခင္းတို႔ သုံးဦး ကြၽန္ေတာ့္အိမ္ရွိရာ
သို႔ ေန႔ခင္းဘက္ ေရာက္ခ်လာၾကသည္ ။
. ကိုအာလူးပါလား။ ဘာလဲ
မိန္းမခိုးလာတာလားဗ် ”
“ ေအးကြ . . . ညိဳမွ ဝိုင္းရ”
ဟြန္း
.. ဒီမသာ႐ုပ္ကိုလား၊
တစ္ေနကုန္ထိုင္ၾကည့္လို႔ ၾကက္ေျခေထာက္ အစိတ္သား ေလာက္ တန္ဖိုးမရွိတဲ့ ႐ုပ္ကို
မ်ား . . . ၿပီး
တာကြ ေမာင္မွ ိုင္းရ ”
“ အာကို႔ၫြတ္မိုင္းရ ”
“ ဘာတုံးဟ . . . ဆာမိရ ”
“ ကိုအာလူးနဲ႔ မၾကမ္းခင္းေနာ္ ”
“ ေအး … လုပ္ပါသီးဟ ”
“အဲဒီ လိုခ်စ္
ေရွ႕သြားေနာက္လိုက္ အလြန္ညီတာကိုး
ကြတ္ၫြတ္မိုင္းရ ”
‘ ဟုတ္ပကြာ . . . လာၾကေဟ့။ အသက္ ..
ဆိုၾကသည့္အတိုင္း ေရွ႕ဆုံးက ကိုအာလူး ကို မိန္းမခိုးလာတာလားဟု ကြၽန္ေတာ္က လွမ္း ေမးလိုက္ေသာအခါ မၾကမ္းခင္းက ဒီ မသာ႐ုပ္ကိုလားဟု အစခ်ီၿပီး ကိုအာလူး၏ တန္ဖိုးကို ေဈး တြက္ တြက္ျပသည္ ။ဒီမွာ ဆာမိဆိုေသာေရွ႕သြားေနာက္လိုက္
ဆိတ္ကုလားကအလြန္ညီတာကိုး
ကြတ္ၫြတ္ မိုင္း (ကိုညိဳမွ ိုင္း)ရဟု ႐ြဲ႕ေျပာ
လိုက္ျခင္းပဲျဖစ္သည္ ။
သူတို႔ သည္ ႏွယ္ႏွယ္ရရထဲက မဟုတ္။
ကိုအာလူးက ဝက္ေပၚ၍ ေရာင္း။
ေဒၚၾကမ္းခင္းက ၾကက္ဘဲေပၚ၍ ေရာင္း၏
ကလယ္ကုလားဆာမိကေရာင္း၏။ဆိပ္ေပၚ၍
ကိုအာလူးက အရပ္ပု၍ ဝိုင္းဝိုင္းဖိုင့္ဖိုင့္ ျဖစ္ၿပီး မၾကမ္းခင္းကား သစ္ကုလားအုတ္လို အရပ္ ရွည္၏ ။ ဆာမိကား ခါးကိုင္းကိုင္း ႏွာေခါင္းရွည္ရွည္ႏွင့္ ျဖစ္၏။
သူတို႔ ကြၽန္ေတာ့္အိမ္ေပၚသို႔ ေရာက္လာ ၾကၿပီး သူတို႔ ကိုယ္ေပၚက … ညႇီစို႔စို႔ ေအာ္ဂလီဆန္ ခ်င္စရာ ရနံ႔မ်ားက ကြၽန္ေတာ့္ ႏွာေခါင္းကို စတင္၍ ဒုကၡေပးၾကၿပီ။ သူတို႔
သုံးဦးသည္ အမဲသတ္႐ုံ ႏွင့္ သားသတ္႐ုံ တန္းတို႔ ရွိေနသည့္ သားသတ္ရပ္ကြက္မ်ား တြင္ စုေပါင္းေနထိုင္ လုပ္ကိုင္စား ေသာက္ ၾကသူမ်ား ျဖစ္သည္ ။
“ ဆိုပါဦးဗ်၊ ခင္ဗ်ားတို႔ သစၥာ မလာစဖူး သုံးေယာက္ တစ္ၿပိဳင္တည္းလာလို႔ ။ က်ဳပ္ကို ျပႆနာရွာၾကမလို႔ လား ဟုတ္လား ”
မဟုတ္ပါဘူးအေၾကာင္းရွိလို႔ ပါ ”
စာေရးဆရာရာ။
“ ဘာအေၾကာင္းလဲ ေျပာ ” “ဒီလိုဗ် ”
ဒီလိုဗ် အစခ်ီၿပီး ကိုအာလူးက စတင္၍ ေျပာျပေတာ့သည္ ။ ခုတစ္ေလာ သူတို႔ အကုသိုလ္ တန္း အဲ . အဲ သားသတ္ရပ္ကြက္ထဲမွာ ထူးဆန္းေသာ အျဖစ္အပ်က္
တစ္ခု ျဖစ္ေနသည္ ။
ျဖစ္ပုံကား ကိုအာလူး ဝက္သားေပၚေနစဥ္
ဝက္သားအခ်ိဳ႕ေပ်ာက္သြားသည္
အူစုံသည္းစုံ အတြဲမ်ား ေလ်ာ့ေနသည္ ။
မၾကမ္းခင္းရဲ႕ ၾကက္သားဆိုင္မွာ လည္း
ၾကက္အသည္းအျမစ္အပုံမ်ား
မေရာင္းရေသးဘဲ ႏွင့္ မ်က္စိေအာက္မွာ သိသိ
သာသာႀကီး ေပ်ာက္ေပ်ာက္ေန၏။
ကိုဆာမိ ဆိတ္သားသတ္႐ုံမွာ လည္း ဆိတ္ေပၚၿပီး တုံးပိုင္းဖ်က္တုန္းရွိေသး ဆိတ္ သားမ်ား ေပ်ာက္ေပ်ာက္သြား၏။
ဟိုတစ္ေန႔က ေပ်ာက္သြား၏
ေခါင္းတစ္ေခါင္းလုံး အဲဒီ လိုအျဖစ္မ်ိဳးက
တစ္ေန႔တည္း မဟုတ္။ ေန႔စဥ္လိုလို ျဖစ္
ေနသည္ ။ တရားခံသူခိုးလည္း မမိ။
တစ္ခါ ကိုဆာမိ၊ ကိုအာလူးႏွင့္ အမဲေပၚ သည့္ စံသိန္းတို႔ အရက္ဆိုင္ထိုင္ေသာက္ေန စဥ္ ရက္ပုလင္းကို လာလွဲခ်႐ိုက္ခ်သလို အျဖစ္မ်ိဳး ႏွစ္ႀကိမ္သုံးႀကိမ္ ႀကဳံေနရသည္ ။
ျပန္ၾကလွ်င္အရက္ေသာက္ၿပီး ေနာက္ေက်ာကေန.. တစ္စုံတစ္ေယာက္က ေဆာင့္ဆြဲ၏ ။ တြန္းလွဲ၏ ။ သဲခဲမ်ာႏွင့္ ေပါက္၏ ။ နံေဟာင္ေသာ ေရမ်ား ႏွင့္ပက္၏
ခင္ဗ်ားတို႔ အခ်င္းခ်င္း ျပန္စေနာက္
ေျပာင္တာေနမွာ ေပါ့ ”
“ အဲဒီလို မဟုတ္ဘူး ညိဳမွ ိုင္းရ၊ တစ္ေယာက္တည္း ျပန္လာရင္ ပိုၿပီး သိသာတာရယ္ ”
ကိုအာလူးက အတိအလင္းဆို၏ ။
“ အေရးႀကီးတာ အသားေတြ ေပ်ာက္ေန တဲ့ ကိစၥပဲ ကိုညိဳမွ ိုင္းရဲ႕ ”
ေဒၚၾကမ္းခင္းက ဒါကို အဓိကထား၍ လည္း ေျပာေနသည္ ။
“တေစၦလို႔ လည္း ထင္တယ္။ သရဲလို႔ လည္း ထင္တယ္ ”
“ ေခြးနဲ႔ အလစ္သမားေရာ ဝင္မဆြဲႏိုင္ဘူး
လားဗ် ”
“ ဘယ္သူလဲ ဦးေပြးဆင့္လား၊ ေမာင္ေသြး
ပင့္လား *
ဟုတ္ဘူးေလကြာ . . . တိုက္ပုံဟၿပဲနဲ႔
ဆရာႀကီး ”
“ ဪ . . . ဘတိုက္ပုံဦးရာေက်ာ္ကို ေျပာ
တာလားဗ် “… အဲဒီ အဘဆရာႀကီး ကို ေခၚလာေပးၿပီး ၾကည့္ရႈစစ္ေဆး ကူညီပါ ေမာင္မွ ို င္းရာ။ ဘာလို႔ လဲဆိုေတာ့ ငါတို႔ က အသားကို ညဦးပိုင္းမွာ အသင့္ေပၚထား ၿပီး မနက္မိုး လင္းမွ ေရာင္းရတာ ကိုးကြ။ ခု ဟာက ဆိုင္ေစ့လိုလို အခိုးခံေနရ၊ ေပ်ာက္ေန ၾကေတာ့ အျမတ္နည္း ၿပီး ခံရခက္ေနလို႔ ပါ ေမာင္မွ ိုင္းရ ”
“ ဟုတ္ပါတယ္ . . . ကြတ္ၫြတ္မိုင္းရာ၊ ကိုယ့္လူရဲ႕ ဆရာႀကီးကိုသာ ခဏေလာက္ေခၚ
ပင့္ ၿပီး စစ္ေဆးေပးပါကြာ။ အားကိုးပါရေစတငယ္ခ်င္းရာ ”
ကုလားဆာမိကလည္း နားဂ်ီနားပူလုပ္၍ ေျပာေနသည္ ။
ဒီအုပ္စုႏွင့္ ကြၽန္ေတာ္သည္ ႏွစ္ေပါင္း အတန္ၾကာ တြဲခဲ့ဖူး၏ ။ သူတို႔ ႏွင့္အတူ ညေနမွာ အရက္ေသာက္ခဲ့ဖူး၏ ။ သူတို႔ သားသတ္႐ုံမ်ားမွာ မူးမူးႏွင့္ဝင္၍ ကူညီ
လုပ္ကိုင္ဖူး၏။ကြၽတ္ခ်ိန္တန္ေတာ့ ကြၽန္ေတာ္ အရက္ ျပတ္သြားခဲ့သည္ ။
အရက္မေသာက္ေသာ္လည္း သူတို႔ ဆီသို႔ ေရာက္လွ်င္ အသားေကာင္း လက္ေဆာင္ ေလး မ်ားက ရေနစၿမဲ။ကြၽန္ေတာ္ အရက္ျပတ္ရျခင္းကား . . .
လူထူးဆန္းဘတိုက္ပုံ ဦးရာေက်ာ္ေၾကာင့္
ျဖစ္ေလသည္ ။
အဘရဲ႕ ေက်းဇူးျဖင့္ ကြၽန္ေတာ္ အကုသိုလ္ ရပ္ဝန္းမွ ဖဲၾကဥ္၍ ဘုရားတရားအလုပ္ အစပ်ိဳးႏိုင္သည့္ အေျခအနေကာင္းေလးသို႔ ေရာက္ခဲ့၏။
သို႔ႏွယ္ အခက္အခဲ ႀကဳံေတြ႕ေနၾကသည့္ တစ္ခ်ိနက ေသာက္ေဖာ္မိတ္ေဆြမ်ား ရဲ႕ ဒုကၡ ကို ကူညီေျဖရွင္းရန္ အဘတိုက္ပုံႀကီး ဦးရာ ေက်ာ္ကို အရွာထြက္ခဲ့ရသည္ ။
အဘကို ရွာရတာ က ေကာက္႐ိုးပုံထဲ အပ္ ေပ်ာက္ရွာရသလိုရွိ။ ေတြ႕ခ်င္လို႔ ရွာလွ်င္
လုံး၀ မေတြ႕။ မေတြ႕ေတာ့ပါဘူး ေမာၿပီဆိုၿပီး ထိုင္မွ ို င္ေနလွ်င္ ေရာက္ လာေလ့ရွိ၏ ။ ခုလည္း သူ သြား တတ္သည့္ ေနရာမ်ားကို ကြၽန္ေတာ္ တစ္ေနကုန္ လိုက္ရွာေန၏ ။
သခ်င္းေပါင္းမ်ား စြာကို ေရာက္ခဲ့ၿပီးၿပီ။
ဇရပ္ေပါင္းအႏွံ႔ကို ေရာက္ခဲ့ ေမးခဲ့ၿပီးၿပီ။
ေလွဆိပ္ေရဆိပ္ သေဘၤာဆိပ္လည္း ႏွံ႔ေန
ၿပီ။ဘုန္းႀကီးေက်ာင္းေတြလည္း
ကုန္သေလာက္ရွိခဲ့ၿပီ။
မသာအိမ္ရွိရာမ်ား လည္း ေမးျမန္းစုံစမ္းၿပီးၿပီ။
ဘယ္ေနရာမွာ မွ် စုံစမ္း၍ မရ။ မဟုတ္မွ လြဲေရာ ခရီးထြက္သြားၿပီနဲ႔ တူပါရဲ႕ ။ ခက္ သည္ ကား ဘတိုက္ပုံ ဦးရာေက်ာ္သည္ အိမ္ေျခအတည္တက်မရွိ။ သြားခ်င္ရာေလွ်ာက္သြားေနသည္ ။
ႀကဳံရာမွာႀကဳံသလိုအိပ္ၿပီး ျဖစ္သလို
စား၏။ဒါေပမဲ့ အထင္မေသးၾကႏွင့္။
သူ႔လြယ္အိတ္ထဲမွာ ေငြအျပည့္နီးပါးရွိ၏ ၊ ၎ေငြမ်ားကား အရပ္တကာ ေဈးတကာ လွည့္၍ အလႉခံလို႔ ရေသာ ေငြမ်ား ျဖစ္၏။ ၎ေငြမ်ားကို သူ အလြဲသုံးစားမလုပ္။
ဓာတ္က်ရာအရပ္မွာ
ကိုးေတာင္ျပည့ဘုရား ေစတီမ်ား တည္ခဲ့၏။ သူ႔အေျပာအရ ေတာ့ အဘေအာင္မင္းေခါင္ႏွင့္ ရေသ့ႀကီး ဦးခႏၲီတို႔ မထြက္ခင္ မွာ သြားသည့္အတိုင္း ကိုးေတာင္ျပည့္ ေစတီ တည္ေနတာဟု ဆို၏
ၾကည့္လိုက္လွ်င္ လူပုံက အ႐ူးမွ တကယ့္
အ႐ူး။တိုက္ပုံရင္ကြဲ ပုဆိုးေအာက္နားကြဲ ေၾကး
လက္ေလးသစ္ မုတ္ဆိတ္ေမြး ဗရပ်စ္၊ ကြမ္း တံ ေတြး တဗ်စ္ဗ်စ္ႏွင့္။
သီခ်င္းေတြဆိုလိုက္ ကလိုက္ နတ္ကနား ေတြ႕ ဝင္ေပ်ာ္လိုက္။ သို႔ေသာ္ သူ႔မွာ ထူးဆန္း သည့္ ပညာရပ္မ်ားက အံ့ဖြယ္ဘနန္းရွိေန၏
ခုလည္း ေနကုန္ရွာသည္ ။
ေနာက္တစ္ေန႔ ဆက္ရွာသည္ ။ ေျခကုန္လက္ပန္းက်ခဲ့ၿပီ။ ေတာ္ၿပီ။ မရွာ ေတာ့ဘူး။ သို႔ႏွင့္ ေစတီတစ္ဆူမွာ ဝင္နားၿပီး သစၥာ အဓိ႒ာန္ ျပဳလိုက္သည္ ။
အဘဆရာႀကီး ဦးရာေက်ာ္ခင္ဗ်ာ၊
သားတပည့္ႀကီး ေမာင္ညိဳမွ ို င္း အဘကို လိုက္ရွာရ သည္ မွာ ေျခထုံၿပီး လွ်ာထြက္ေန ပါၿပီ ခင္ဗ်ာ။ အဘ ၾကားရာအရပ္က သားတပည့္မ်ား ရွိရာသို႔ မတိမ္းမေစာင္း ဗိန္းေမာင္းနဲ႔ အျမန္ႂကြခဲ့ပါ အဘေက်းဇူးရွင္
ဦးတိုက္ပုံႀကီး ခင္ဗ်ာ ”
ေ႐ႊဖ်ဥ္းညီေနာင္ × × ×
x x x ေဖာင္ေတာ္ စီးပါလို႔ × × ×
ေရလႈိင္းေတြက တေဖြးေဖြး X X X
ေတြက တေဖြးေဖြး x x x
နတ္နန္းရယ္သာလွတယ္ ရယ္သာလွတယ္ × × ×
ေ႐ႊနန္းႀကီးရယ္သာလွတယ္ နန္းႀကီးရယ္ သာလွတယ္ x x x
ဆီးႀကိဳပါ | × × × ႏွမမ်ား ရယ္
x x x
“ ေရလႈိင္း
X X X
ေ႐ႊနန္းနတ္
ေျပးႀကိဳပါ x x x * ညီေတာ္မ်ား ရယ္ ယီးေလးေလး xxx ယီးေလးေလး xxx ယိုး
ေလးယို ေတာ့ .အဘ ေက်ာ္တဲ့ ကြ .
. . . တို႔ အဘကြ ”
“ အေဖႀကီးေက်ာ္ကြ ေဟ့ေနာ္ ”
“ ဘိုးဘိုးႀကီး သၾကားလုံးႀကဲပါဗ်ိဳ႕ ”
“ ပိုက္ဆံကို အလ်င္ၾကပါ အဘေရ ျမန္
ျမန္ေလးဗ် ”
အိမ္ေရွ႕လမ္းမမွ ဆူဆူညံညံ ေအာ္ဟစ္သံ
မ်ားၾကား၍ ေမာၿပီးအိပ္ေပ်ာ္ေနသည့္
ကြၽန္ေတာ္ လန႔္၍ ႏိုးလာခဲ့သည္ ။
“ ေရာ့ေဟ့ . . . သၾကားလုံး ”
“ ေရာ့ . . . သၾကားျပား *
“ ဟ . . . ညိဳမွ ိုင္းရ၊ လူေစာင့္ရွိတဲ့ ၾကား တစ္ဖဲ့ေလး … မ်က္စိကြယ္တာနဲ႔
ကကိုခ်က္ခ်င္း ေပ်ာက္သြားတာကြ ”
အဲဒါ က်ဳပ္က စုံေထာက္ဦးစံရွားကို ငွား
ေပးရမွာ လား ”
ဒီလိုပါကြာ . . . မင္းရဲ႕ အဘ ဟိုလူႀကီး

“ အဘ ဒီဘက္ကို . . . ဒီဘက္ကို ” ေရာ့လဟ . . . ေခြးမသား အေကာင္းစားေလးေတြရ ”
“ ဘိုးဘိုးႀကီး သမီးတို႔ ဘက္ကို ႀကဲဦးေလ
ေရာလဟ . . . ေခြးသမီး အေကာင္းစား
ေလးေတြရ . . . ေရာ့
“ ဒါမွ တို႔ အဘကြ ”
ကုန္းထၿပီး ထြက္ၾကည့္လိုက္ေတာ့ အိမ္ အဘတိုက္ပုံႀကီးႏွင့္ေရွ႕လမ္းမႀကီးေပၚမွာ
ကေလး ေရာ ေခြးေရာ လူငယ္လူႀကီးမ်ား ေရာ တ႐ုန္း႐ုန္း ျဖစ္ေနၾကသည္ ။
ကြၽန္ေတာ္ အရမ္းကိုဝမ္းသာ သြားခဲ့ၿပီ။ “ အဘေရ … က်န္ေသးတယ္ေတာ့ ”
“ ဟဲ့ . . . ဘာက်န္ေသးလို႔ လဲ ဗိုင္းတာမရဲ႕
“ ပိုက္ဆံ . . . ပိုက္ဆံေကာ ”
“ ဟဲ့ . . . ဒါက ဘုရားတည္ဖို႔ ဟဲ့ ဂန္းမေတြရဲ႕ ”
အရင္လည္း ႀကဲတာပဲ၊ ခုလည္း ႀကဲပါ ေတာ့။ တန္းလန္းႀကီးမလုပ္ပါနဲ႔ ”
“ ေသာက္ကန္းမေလးေတြ လုပ္ၿပီး။ ကဲ . . ေရာ့ာ . . . ေရာ့ ”
“ ဟဲ့ .. ဟဲ့ … ငါ့လက္ကို မနင္းနဲ႔
“ ဟဲ့ . . . ကိုေသြးရင့္၊ ဘာလို႔ ကြၽန္မလက္ ထဲကဟာကို လုရတာ တုံး ”
“ အိမ္ကပိုက္ဆံနဲ႔ တူေနလို႔ ပါဟ သူသူရ ”
“ကလိမ္ကက်စ္မလုပ္နဲ႔ ကိုယ့္ဟာကိုယ္ေကာက္သြား *
အဘဦးရာေက်ာ္ကလြယ္အိတ္ထဲမွ
ေငြအေႂကြေစ့မ်ား က်ပ္တန္မ်ားကို ထုတ္၍ ႏႈိက္၍ အားရပါးရ ႀကဲေနသည္ ။ ေလးငါး ဆယ္ႀကိမ္ခန႔္ ႀကဲၿပီးေနာက္
“ကိုင္း ေတာ္ၿပီေဟ့။ အားလုံးနားေထာင္ၾက,,
ကေလးလူႀကီး လူ႐ြယ္မ်ား သည္ သၾကားလုံးမ်ား ၊ ပိုက္ဆံမ်ားကို ဆုပ္ကိုင္ ရင္း ၿငိမ္သြား ၾက၏ ။ အားလုံး ဖုန္ အလိမ္းလိမ္း၊ ေခြၽးအေပေပ။
“ သားတို႔ သမီးတို႔ ေရ၊ ယက္သဲ့ၾကား ငါး တင္၊ တင္တဲ့ ငါး ေၾကာင္စား၊ က်န္တဲ့ ငါးမွ ဘုရားမ တဲ့ ၊ ေရွးတေဘာင္ရွိသကြယ့္။ ဒါ ေၾကာင့္ အကုသိုလ္ဒုစ႐ိုက္အမႈကိုေလွ်ာ့ၾက၊ ထိန္းၾက၊ ေရွာင္ၾက၊ အနေႏၲာအနႏၲငါးပါး မ ေမ့ၾကနဲ႔ ။ ဒါန၊ သီလ၊ သမထ၊ ဘာဝနာ တစ္ခုခုလုပ္ျဖစ္ေအာင္လုပ္ၿပီး ဘ၀ ကူးေကာင္းေရးအတြက္ ႀကိဳးစားၾက။ ေမတၱာ က႐ုဏာ မုတိတာ ပြားၾက မ်ားၾက။ ျမန္မာ့ သာသနာ အမ်ားႀကီး ရွိေနၿပီေဟ့။ ဒါေၾကာင့္ မို႔လို႔ က်န္းက်န္းမာမာ ခ်မ္းခ်မ္းသာသာ ေဘးရန္ကာဆီးမည္ ”
“ တို႔ အဘကြ ”
“ ဖိုးစိန္ကြ ”
“ ေ႐ႊမန္းေဟ့ေနာ္ ”
အမူးသမားမ်ား လည္း အဘေရာက္လာ၍ ေပ်ာ္ၾက၏ ။ ကေလး လူႀကီးမ်ား လည္း အဘ ေရာက္လာ၍ အားရဝမ္းသာရွိၾက၏ ။ သည္ ေနာက္ ဝိုင္းေနသည့္ လူအုပ္ၾကားမွ သီခ်င္းဆိုၿပီး တစ္ ေက်ာ့ႏွစ္ပိုဒ္ ကလိုက္၏ ။ ၎ေနာက္ အားလုံးကို လိမၼာၾကေနာ္ဟု ဆုံးမစကားေျပာၿပီးေနာက္…
အနီးဝန္းက်င္ မလွမ္းမကမ္းမွာေဆာင့္ေၾကာင့္ထိုင္ရင္း . ေမွ်ာ္ေငးၾကည့္ေန သည့္ ေခြးအ ႐ြယ္မ်ိဳးစုံတစ္အုပ္အား အနီးသို႔ ေခၚလိုက္၏။
“ ဟဲ့ . . . ဟိုေခြးတစ္အုပ္ လာခဲ့စမ္း ”
ေခြးမ်ား သည္ သို႔ကလို အဘရာေက်ာ္က အမိန႔္ေပးလိုက္ေသာအခါ
အားရဝမ္းသာေျပး လာၿပီး အနီးမွာ လည္ပင္းတငံ့ငံ့ လုပ္ေနၾက၏။
ေဟ့ ”
မင္းတို႔ သၾကားလုံး မရဘူးမဟုတ္လား
“ ပိုက္ဆံလည္း မရဘူးမဟုတ္လား ”
“ အိန္ . . . အိန္ ”
“ အင္. အင္. အိ ု. အီ “,,
“ ေရာ့ . . . ဘိန္းမုန႔္ ”
‘ ေရာ့ . . . ဘယာေၾကာ္၊ စားၾက စားၾက အားရပါးရ စားၾက။ ကိုင္း . . . ေခြးလည္း ရ
ၿပီ၊ လူလည္း ရၿပီ၊ ရရင္ အားလုံး ျပန္ၾကေဟ့
“ ဗ်ိဳ႕ . . . အဘ =
ကြၽန္ေတာ္က အဘအနီးသို႔ ဝမ္းသာအားရ ေျပးကပ္သြားၿပီး အဘလက္ကို ကိုင္လႈပ္၍ ေခၚလိုက္၏။
အာ
“ ရွာလိုက္ရတာ အဘရာ ”
“ ေဟ . . . ငါက မင္းကိုေတြ႕ခ်င္ရင္ လိုက္ ရွာလို႔ ေျပာခဲ့လို႔ လား
“ အေရးႀကီးလို႔ ဗ် ”
“ သိသားပဲဟ
“ ဘယ္လိုလုပ္သိတာလဲ အဘရ ”
“ အမ္မာ . . . ေခြးေကာင္ေလး အဘကို လိုက္ရွာရတာ ေျခထုံၿပီး လွ်ာထြက္ေနပါၿပီ ခင္ ဗ်ာ။ အဘၾကားရာအရပ္က မတိမ္းမ ေစာင္း ဗိန္းေဗာင္းနဲ႔ အျမန္ႂကြခဲ့ပါလို႔ ေခၚ ာ မင္းမဟုတ္ရင္ ဘယ္လွည္းသမားလည္းေဟ
“ ဗ်ာ ”
“ အဘၾကားတယ္ ”
ၾကားတာေပါ့ဟ . . . လူမိုက္ရ ”
“ ကြၽန္ေတာ္ ေစတီမွာ အဓိ႒ာန္တာ အဘၾကားတယ္ ”
.’ ဟ . . . ၾကားပါတယ္ဆို။ လူလြန္မသား ႏွယ္၊ ၾကားလို႔ ခုလာတာေပါ့ဟ ”
“ ဘုရားေရ . . . ကြၽန္ေတာ္က ခပ္တိုးတိုး၊
အဓိ႒ာန္တာကို အဘၾကားတယ္ဆိုတာ အံ့ ေရာဗ်ာ ”
“ မအံ့နဲ႔ လူလြန္မသားရဲ႕ ”
“ အံ့ရမွာ ေပါ့ဗ်။ အဘ အၾကားအျမင္ရေနတာ ဥစၥာ ”
ေခြးမသားေလး . . . ေအာ္က်ယ္ ေအာ္ က်ယ္ မလုပ္နဲ႔ ။ သူမ်ားၾကားရင္ ဘိုးေတာ္ လိုလို ဝိဇၨာလိုလို အၾကားအျမင္ဆရာလိုလိုင္ဓာတ္လုံးေတာင္း၊
ၿပီး ေရမန္းေတာင္း၊ ေက်ာက္စရစ္ခဲ ေတာင္း လုပ္ကုန္မယ္။ ငါ ၾကားခ်င္လို႔ ၾကားတာ မဟုတ္ဘူး ။ မင္း ဆုေတာင္းေနတာကို ငါ့လူ တစ္ ေယာက္ ၾကားၿပီး လာေျပာလို႔ ”
တစ္ကယ္ “
“ ႏွစ္ကယ္ကြာ ”
“ ဘုရားစူး . . . သုံးကယ္ေနာ္ ”
“ ဟုတ္ပါတယ္ဆို . . . ႐ြာ႐ိုးက သြားမည့္လွ်ာက်ိဳးမသားရာ ကြကြာ ”
‘ဟား…ဟား…ဟား…ဟား
“ ဟီး . . . .ဟီး . . . ဟီး ၿမိန္လိုက္တာ ငမွ ဝိုင္းရာ အဟစ္ . . . ဟစ္ … ဟစ္ ”
ကြၽန္ေတာ္ ေျပာျပခ်က္အရ ဘတိုက္ပုံဦး ရာေက်ာ္ႏွင့္ ကြၽန္ေတာ္ ကိုအာလူးတို႔ အမဲ ေပၚရပ္ ကြက္ကို ေရာက္သြားခဲ့ၾက၏။
၎ေနာက္ ဦးစြာ ကိုအာလူးတို႔ ဝက္သား ႐ုံမွာ တစ္ညအိပ္၍ အေျခအေနကို အကဲခတ္ခဲ့ ၾက၏။
ညဥ့္သန္းေခါင္သို႔ ေရာက္ေသာအခါ …
ေျခသံမ်ား ၾကားရေတာ့သည္ ။ မၾကာခင္
ေစ့ထားသည့္ တံခါးကို တြန္းလိုက္သံ ၾကားရ သည္ ။ သိပ္မၾကာလိုက္ အသားတြဲအခ်ိဳ႕ ေပ်ာက္သြား၏။
“ ဘယ္လိုလဲ အဘ
“ သူခိုးပါကြ ”
“ ျမင္ရလို႔ လားဗ်ာ၊ ကြၽန္ေတာ္ေတာ့ မျမင္ ပါလား ”
“ မင္းက ကန္းေနတဲ့ ေကာင္ပဲဥစၥာ ျမင္မလား,,
သည့္ေနာက္ မၾကမ္းခင္းတို႔ ကိုဆာမိတို႔ အိမ္မ်ား ဆိုင္မ်ားမွာ ညအိပ္၍ အကဲခတ္ၾက သည္ ။ ညဥ့္သန္းေခါင္ယံေရာက္လွ်င္ လူေျခ သံလို ၾကားရညပီး ပစၥည္းဆြဲသလိုလို ေျပးသံ လိုလို ၾကားရ၏။
ကြၽန္ေတာ္တို႔ ကား ေၾကာက္၍ ေစာင္ကိုေခါင္းၿပီးၿခဳံၿပီး ေကြးေန၏။ မိုးလင္းလွ်င္
ပစၥည္းအခ်ိဳ႕ ေလ်ာ့နည္းေနသည္ ကို ထူးဆန္းစြာ ေတြ႕ရ၏ ။
ဘာေတြ႕ရလဲဟင္ ”
“ ေခြးသူခိုးကြ ”
“ ေခြးသူခိုး . . . ဟုတ္လား။ ဘယ္လိုပုံစံလဲ
ဟင္ “
“ ေခြးအေကာင္မည္းမည္းႀကီး မ်က္လုံးကို ျပဴးေနတာပဲ ”
ဒီမွာ ကိုအာလူးတို႔ ၊ မၾကမ္းခင္းတို႔ ၊ ကို ဆာမိတို႔ မိသားစုမ်ား ေရာက္လာၾကသည္ ။ “ ေဟ့ေကာင္ … အာလူး ”
“ဗ်ာ..
မင္းတို႔ ရပ္ကြက္ထဲမွာ သူထိုးရွိသလား
“ ေခြးသူခိုးလား၊ လူသူခိုးလား … အဘ ‘ “ ေခြးသူခိုးက ရပ္ကြက္တိုင္း ရွိတာပါကြ။ လူသူခိုးကို ေျပာတာ ”
“ ရွိတယ္ခင္ဗ် ”
“ ဘယ္သူလဲကြ ”
“ ငေပြးခင္ဗ် ”
အဲဒီ ေကာင္ ခု ဘယ္မွာ ေနလဲ ”
“ ေသသြားၿပီ ခင္ဗ် ”
ငါထင္တဲ့ အတိုင္းပဲ။ ၿပီးေတာ့ေကာ ဟ
ခ်က္ႀကီးခင္ဗ်။
ဒီေကာင္ကအလစ္သမား အဘရ။ ႏွစ္ေယာက္စလုံး
ငွက္ဖ်ားနဲ႔ ေသ ကုန္ၾကတာ ”
“ ဒီရပ္ကြက္မွာ ေသတာမဟုတ္လား ”
“ ဟုတ္ကဲ့ ခင္ဗ် ”
“ မင္းတို႔ နဲ႔ အရမ္းရင္းႏွီးသမို႔လား ”
စားေဖာ္ေသာက္ဖက္ သူငယ္ခ်င္းမ်ား ပါ ခင္ဗ်။ ဒီေကာင္ ႏွစ္ေကာင္က ဗီဇမေကာင္း ေပမဲ့ ကြၽန္ေတာ္တို႔ အေပၚေတာ့ သိပ္မဆိုးပါ ဘူး အဘခင္ဗ် ”
“ဒီေကာင္ေတြကို မင္းတို႔ ေခၚထားေသးလား
“ ဗ်ာ . . . ဘယ္ . . . ဘယ္လို အဘ
ဒီေကာင္ေတြေသေတာ့ မင္းတို႔ က
အာေခ်ာင္ၿပီး ငါတို႔ နဲ႔ လာေနလွည့္တို႔ ဘာတို႔ ေခၚ ထားေသးလားလို႔ ေမးတာ
ဒီမွာ ကိုအာလူးႏွင့္ ကုလားဆာမိတို႔ က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး
ေၾကာင္ ၾကည့္ၾကည့္ေနၾက၏။ “ ေျပာေလကြာ ”
“ ဟုတ္ . . . ဟုတ္ကဲ့ ခင္ဗ် ”
“ ဘယ္တုန္းက ေခၚတာလဲကြ ”
သူခိုးငေပြးေရာအလစ္သမားခ်က္ႀကီး
ေရာ ေရွ႕ဆင့္ေနာက္ဆင့္ ေသသြားတာအဘ ရဲ႕ ။ ေဆြမရွိ မ်ိဳးမရွိမို႔ ကြၽန္ေတာ္တို႔ ဆာမိတို႔ မၾကမ္းခင္းတို႔ က ေငြစုၿပီး သၿဂႋဳဟ္ေပးလိုက္ ရတာ ။ တစ္ ခ်ိန္က ငယ္ေပါင္းေသာက္ေဖာ္ စားဖက္မ်ား မို႔ သခ်င္းမွာ ေျမျမႇဳပ္ေတာ့ ကြၽန္ေတာ္နဲ႔ ကုလားဆာမိ လည္း မူးမူးနဲ႔ ေျပာမိတယ္ အဘရဲ႕ ”
“ ဘယ္လိုေျပာလို႔ တုန္းကြ .. လုပ္ပါ ” “ မင္းတို႔ စားေရးေသာက္ေရး အဆင္မေျပ ရင္ ငါတို႔ ဆီကို လာခဲ့၊ အ႐ိုးအရင္းနဲ႔ လက္က်န္ ေလးေတာ့ စားဖို႔ ေသာက္ဖို႔ ရမွာ ေပါ့ကြာလို႔ ေျပာခဲ့ဖူးပါတယ္ ခင္ဗ်ာ *
“ တရားခံက မင္းတို႔ ပဲကြ ”
“ ဗ်ာ ”
“ ဘယ္လို အဘ အဓိကတရားခံက မင္းတို႔ ကြ။
မေကာင္းမႈဒုစ႐ိုက္ အကုသိုလ္ကံမ်ား နဲ႔ ေသ ၾကေတာ့ အစြဲအလမ္းေၾကာင့္ တေစၦသရဲ ဘဝကို ခ်က္ခ်င္း ေရာက္ေနၾကတာ။ အမွန္ က သူတို႔ ဘ၀ ဝဋ္ေႂကြး နဲ႔ သူတို႔ ခံစားေနရ မွာ ။ ဒါကို မင္းတို႔ က ေနာက္သလို ေျပာင္ သလိုလို တကယ္လိုလိုနဲ႔ ေခၚလာ လိုက္ ေျပာလာလိုက္ေတာ့ အခု သူတို႔ က လာၿပီး ေႏွာင့္ယွက္ေနတာ ”
” ဗ်ာ ”
‘အာေရး …..
ေနပါဦး .မင္းတို႔ ေခၚလာတဲ့ စကား
အတိုင္း အ႐ိုးအရင္းမ်ား ေရာ စြန႔္ႀကဲ ေကြၽးေမြးရဲ႕ လား။ လက္က်န္ေရာ တိုက္လို႔သား
“ ဟင့္ . . . ဟင္း … ေျပာၿပီး ေမ့ေပ်ာက္ပါပဲ ခင္ဗ် ”
မင္းတို႔ က ေခၚ လာၿပီး မေကြၽးေတာ့ခိုးစားတာေပါ့ ”
“ သူတို႔ ေပါ့ . . . ဟုတ္လား အဘ ” “ အိမ္း . . . ဟုတ္တယ္။ နဂို လူ႔ဘဝတုန္း က သူခိုးနဲ႔ အလစ္သမားဥစၥာ။ ေသၿပီးေနာက္ လည္း အမွ်ေဝမယ့္လူ၊ သတိတရ လုပ္ေပး မယ့္လူမရွိေတာ့ တေစၦသရဲဘဝေရာက္တာ ေတာင္ လူ႔ ဗီဇက မေပ်ာက္ဘူး။ ဒီမွာ ႏႈတ္ေဆာ့ၿပီး ေခၚတာကမင္းတို႔ ၊ ၿပီး ဘာမွ်မ ေပး မေကြၽး။ တစ္ခါဒီေနရာ ကလည္း
သားစိမ္းငါးစိမ္းအကုသိုလ္လုပ္ေနတဲ့
ေနရာ။ နာနာဘာဝမ်ား မွီခိုလို႔ ၊ ေႏွာင့္ယွက္ လို႔ ေကာင္းတဲ့ ေနရာေပါ့ကြာ ”
“ ဒါ . . . ဒါဆို . . . ကြၽန္ . . . ကြၽန္ေတာ္တို႔
ဘာလုပ္ရမလဲ ဟင္ … အဘ ”
“ လုပ္စရာတစ္ခ်က္ပဲ ရွိတယ္ ” “ ဘာမ်ား ပါလဲ ခင္ဗ်ာ ” “ ရဟန္းသံဃာမ်ားကို ပင့္ဖိတ္ ”
“ ဟုတ္ကဲ့ခင္ဗ်ာ ”
“ အဲဒီ မကြၽတ္မလြတ္ အယူတိမ္းၿပီး ဆက္ မိုက္ေနတဲ့ ဝိညာဥ္ႏွစ္ေကာင္ကို အေၾကာင္း ၾကား။ သူတို႔ အတြက္ မင္းရယ္၊ ဆာမိရယ္၊ မ ၾကမ္းခင္းရယ္ … သုံးဦးထပ္ၿပီး ဆြမ္းသြတ္ လႉဒါန္း ေရ စက္ခ် အမွ်ေပးေဝလိုက္ကြာ။ ဒီေကာင္ေတြ သာဓုေခၚခြင့္ရ
ဒါမွကြၽတ္လြတ္ ဝမ္းသာၿပီး မင္းတို႔ လုပ္ငန္းကို
မေႏွာင့္ယွက္ႏိုင္မွာ
ျမန္ျမန္သာလုပ္ေပးလိုက္ ”
“ အဘပဲ လုပ္ေပးပါလားဗ် ”

ေဟ့ေကာင္ . . . မင္းတို႔ ကိစၥ မင္းတို႔အေကာင္းဆုံး
ဘာသာလုပ္။ ငါက အႀကံဉာဏ္ေပး တာ။ ဒီကိစၥ ငါနဲ႔ လုံးဝမဆိုင္ ဘူး။ မင္းတို႔ အာေခ်ာင္ရင္ ခုလို ခံရမွာ မလြဲ ဘဲ။ မင္းတို႔ က ပရဝိဉာဥ္ ေလာကကို ဘာ မ်ားမွတ္လို႔ လဲ။ မယုံရင္ မယုံသလိုေန။
ေျပာင္ေတာင္ေတာင္ေနာက္ေတာက္ေတာက္နဲ႔ အကဲစမ္းသလို သြားမစနဲ႔ ။ မျဖစ္
ရင္ ေနေရာ၊ ျဖစ္လာရင္ မရႉႏိုင္မကယ္ႏိုင္ အျဖစ္မ်ိဳးနဲ႔ နဖူးေတြ႕ ဒူးေတြ႕ပဲ။ အခုႀကဳံၿပီမို႔လား ”
“ ဟုတ္ . . . ဟုတ္ကဲ့ခင္ဗ်”
ေနာက္ေန႔သို႔ ေရာက္ေသာအခါ သူတို႔
လုပ္တတ္၍ ကြၽန္ေတာ္ပဲ ဦးစီးၿပီး လုပ္ကိုင္
ေပးရ သည္ ။ရပ္ကြက္ထဲမွလူ႐ိုေသရွင္႐ိုေသ
သက္ႀကီးဝါႀကီး သိကၡာႀကီး ရဟန္းသံဃာငါး ပါးကို ပင့္ ဖိတ္ရသည္ ။
ဆြမ္းကြမ္း၊ သကၤန္း ဝတၳဳေငြမ်ားကို သူတို႔
သားအေရာင္းအဝယ္သမားမ်ား
သိုလ္ ပါဝင္ေစရသည္ ။စုေပါင္းကုၿပီးေနာက္ …
သခ်ႋဳင္းသို႔ သြားေရာက္ၿပီး ငေပြးႏွင့္ခ်က္ ႀကီးရဲ႕ ဝိဉာဥ္မ်ားကို ဖိတ္ေခၚရသည္ ။ကို
မင္းတို႔ ဘ၀ လြတ္ေျမာက္ေရးအတြက္ ကို အာလူးတို႔ က ေကာင္းမႈကုသိုလ္ဒါနမ်ား ျပဳလုပ္ ေပးပါၿပီ၊ တရားအတူနာလွည့္ပါ၊ ေရစက္ခ် အမွ်ေဝရင္း သာဓုေခၚလွည့္ပါဟု ေျပာရဆိုရသည္ ။
ထိုသို႔ ျပဳလုပ္စီစဥ္ၿပီး ပရိတ္တရားနာ ေရစက္ခ် အမွ်ေဝလိုက္ၿပီးသည့္အခ်ိန္မွ စ၍ ပရိတ္ တရား သိဒၶိအရွိန္ေၾကာင့္ပဲလား။ဒါမွ မဟုတ္ သူတိုပ သာဓုေခၚႏိုင္ခြင့္ေလး
ရ၍ ကြၽတ္လြတ္သြားခဲ့ၿပီလားမသိ။
ကိုအာလူး ဝက္သား႐ုံမွာ ဘာမွ်မေပ်ာက္။
ကိုဆာမိဆိတ္သား႐ုံမွာအေပ်ာက္အရွမရွိလည္း
မၾကမ္းခင္းလည္း ၾကက္အဆြဲမခံရ။
ေနာင္အခါ ကိုအာလူး ကိုဆာမိတို႔ ၾကမ္းခင္းတို႔ လူစုသည္ မၾကာဏ စုေပါင္း၍
အလႉပြဲ ေလးမ်ား ျပဳလုပ္၏ ။ ရဟန္းသံဃာ မ်ားကို ဆြမ္းသကၤန္းကပ္လႉ၍ ကြယ္လြန္
သူမ်ားကို အမွ်ေပးေဝ
၏။ႏႈတ္ေဆာ့ လက္ေဆာ့လည္း မလုပ္ေတာ့။
အကုသိုလ္လုပ္ငန္းႏွင့္အသက္ေမြးဝမ္း
ေက်ာင္း ျပဳေနေသာ္လည္း သူတို႔ ဝန္းက်င္ ေလး အစဥ္သန႔္ရွင္းေစရန္ႏွင့္ သူတို႔ ဘ၀ အနာဂတ္ လွႏိုင္သမွ် လွေစဖို႔ ကုသိုလ္ ေကာင္းမႈမ်ားကို တစ္ ႏွစ္လွ်င္ ႏွစ္ႀကိမ္ အၿမဲတမ္း လုပ္ေလ့ရွိရကား အဆိုးထဲမွအေကာင္းေလးမ်ား ရၿပီး စိတ္ေရာကိုယ္ ပါ
ေပ်ာ္႐ႊင္ခ်မ္းေျမ့လ်က္ရွိေလသည္ ။