“အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ”(စ/ဆုံး)

Unicode Version

“အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ”(စ/ဆုံး)
———————————————————————-

(၂)

▪️အခန်း-၁

အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်များအောက်ရှိ လှည်းလမ်းလေးဘေးမှ လူသွားလမ်းလေးတွင် လူနှစ်ယောက်လမ်းလျှောက်နေသည် ၊ အရွယ်ရောက်‌လုလု လူငယ်လေး မောင်ဘိုးထင်နှင့် အသက် ၃၀ ကျော် လူရွယ်တဦးတို့ဖြစ်သည် ၊ မောင်ဘိုးထင်သည် လွယ်အိတ်ကို လွယ်ထားပြီး ပုဆိုးဖြစ်ထုပ်ထား‌ေသာ အဝတ်အစား ထုပ်ကိုလက်မှဆွဲလို့ လမ်းလျှောက်နေရင်း

“ခင်ဗျားတို့ရွာကလည်း မရောက်သေးဘူးလားဗျာ နေတောင်မွန်းတည့်နေပြီ ဘာမှလည်းမစားရသေးဘူး ”

“ငါ့ကောင် စိတ်ညစ်မနေနဲ့ ညနေဆို ရောက်ပါတယ် မင်းဗိုက်ဆာနေရင် လမ်းမှတွေ့တဲ့ အသီးခူးစားကြတာပေါ့ကွာ ”

“ဝေးရင် ဝေးတယ် မပြောဘူးဗျာ ကျုပ်ထမင်းထုပ်ခဲ့ပါတယ် ”

“မင်းကကော မေးလို့လား ငါက လာခေါ်ချင်တာမဟုတ်ဘူးဆရာကြီးက သွားခေါ်ဆိုလို့ လာခေါ်ရတာ မင်းလို ကလေးကို စပါးနှစ်ဆယ်တောင်းပေးတယ်ဆိုတော့ အတော်အံဩတယ်ကွာ ”

“တန်ဖိုးဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူးဗျ လုပ်ရည်ကိုင်ရည်နဲ့ဆိုင်တာ ”

“ဟကောင်ရ မင်းက လယ်တွေဘာတွေလုပ်တာအတော်ကျွမ်းနေလို့လား ”

“မလုပ်တက်ပါဘူးဗျ ကြွက်ထောင်တဲ့နေရာ ငှက်ပစ်တဲ့နေရာကိုပြောတာ ”

“သေလိုက်ပါတော့ကွာ မင်းကတော့ တကယ့်ကောင်ပဲ သွတ်သွတ်လျှောက် မမှောင်ခင် ‌ရွာကိုရောက်အောင်”

မောင်ဘိုးထင်လည်း ဗိုက်ဆာနေသည်ကို သက်သာစေရန် လမ်းဘေးမှရှိသော ခြင်းကျားသီးများ ၊ ‌ဇီးသီး ဝင်းပြင်းများကို ခူးစားပြီး ရေအင်မတန်ဆာလာသောအခါး ချိုထဲမှ စမ်းရေများကို လက်နှင့် ခပ်သောက်လိုက်ပြီး ၊ ခရီးဆက်လိုက်ပါလေတော့သည်။

▪️အခန်း-၂

မောင်ဘိုးထင်နှင့် သူ့အားလာခေါ်သောလူရွယ်သည် ၊ နေဝင်ရီတ‌ေယာ အချိန်တွင် ပေပင်များ များစွာပေါက်နေသော ရွာအဝင်သို့ရောက်ရှိလာသည်၊ လူရွယ်သည် လမ်းလျှောက်ရလို့ ပင်ပန်းနေပြီဖြစ်သော မောင်ဘိုးထင်အား

“ကောင်လေး ရောက်ပါပြီကွ”

“ရောက်မှပဲလေ ကျုပ်က ခြေညောင်းလို့သေတော့မယ် ”

“မသေပါဘူးကွာ မင်းကြည့်ရတာ အဆင်ပြေနေပုံပါပဲဟ”

“သွားဗျာ‌ရှေ့က ကျုပ်နေရမဲ့ အိမ်ကို မြန်မြန်သွား ”

လူရွယ်သည် ရွာထဲသို့ဝင်လိုက်ကာ ရွာ၏တောင်ဘက်အစွန်ကျသော နေအိမ်ကြီး၏ အိမ်ဝန်းထဲသို့ဝင်သွားကြသည်။ လူရွယ်သည် အိမ်ကြီးအောက်မှ စားပွဲတန်းလျားကိုထိုင်လိုက်သည် ၊မောင်ဘိုးထင်သည်က အိမ်အောက်မှရှိသော သောက်ရေအိုးစင်ကို သွားကာ ရေကိုအားပါးတရသောက်လိုက်ပြီး နောက်ထပ်တန်းလျားတလုံးပေါ် သူ၏ အဝတ်ထည့်ထားသေား ပုဆိုးထုပ်‌ေလေးအား ခေါင်းအံုးပြုလုပ်က လှဲနေတော့သည်၊ ထိုအချိန် အိမ်ပေါ်မှ လူကြီးတဦး၏အသံကပေါ်လာတော့သည်

“ကောင်လေး ဘယ်လိုဖြစ်တာလဲကွ ထိုင်တောင် မထိုင်နိုင်တော့ဘူးလား ”

“ထိုင်နိုင်မလားဗျ တနေ့လုံးလမ်းလျှောက်လာရတာ ခြေတွေတောင့်နေပြီ ”

“အေး ခဏနေမှမင်းကို နှိပ်ပေးဖို့ တယောက်ယောက်ခေါ်‌ေပးမယ် ”

လူကြီး၏ရုပ်ကမပေါ်ပေမဲ့ ထိုလူကြီး၏ အသံအား မောင်ဘိုးထင် ရင်းနှီးသည်ဟု စိတ်ထဲထင်နေမိသည်၊ မကြာလှသော အချိန်တွင် အိမ်ကြီး၏ လှေကားမှ လူကြီးတယောက်ဆင်းလာသည် ထိုလူကြီးသည် တန်းလျားတွင် အိပ်နေသော မောင်ဘိုးထင်အနားသွားလိုက်ကာ

“ကောင်လေး ငါ့ကိုလည်းကြည့်ပါဦးကွ”

မောင်ဘိုးထင် ငုတ်တုပ်ပြန်ထိုင်ပြီးကြည့်လိုက်သည်၊ သူအံဩသွားကာ

“ကျုပ်ကို ငွေငါးဆယ်ပေးတဲ့ ဦးအုန်းမဟုတ်လား ”

“ဟုတ်တယ်လေကွာ မင်းငါ့ဆီမှာ အလုပ်လုပ်ရမှာ ငါခေါ်လိုက်တာကွ”

“ဟာဗျာ မသိပါဘူး ကျုပ်ကိုဘယ်သူကများခေါ်လဲလို့ ”

ဦးအုန်းသည် တန်းလျားတွင်ထိုင်နေသော မောင်ဘိုးထင်ကို သွားခေါ်ဆောင်ပေးသော လူရွယ်အား ကြည်ကာ

“ကဲညိုမောင် မင်းက တဲပြန်တော့ ဒီကောင်လေးက အိမ်မှာပဲနေရမှာ ထမင်းစားသွားဦး ငါချက်ထားတယ် ”

“တော်ပြီ ကျနော် တဲရောက်မှပဲစားတော့မယ် သွားပြီဆရာကြီး ”

“အေးအေး ကျေးဇူးကွာ ညိုမောင်”

ညိုမောင်အမည်ရလူရွယ်သည် မောင်ဘိုးထင်ကို နုတ်ဆက်လိုက်၏

“ကောင်လေး အားရင် တဲကို လာလည်ဦး ကြားလား မင်းကိုတော့ ငါခင်သွားပြီကွ”

“လာမှာပါဗျ စိတ်ချ ”

တနေ့မျှတွေ့ရပေမဲ့ ပွင့်ပွင့်လင်းလင်းရှိလှသော မောင်ဘိုးထင်အားညိုမောင်သဘောကျနေချင်းဖြစ်သည် ၊ ညိုမောင်အိမ်ဝိုင်းအပြင်သိူ့ရောက်သွားချိန်တွင် ဦးအုန်းအားကြည့်၍ မောင်ဘိုးထင်စကားဆိုလိုက်သည်။

“ဦးအုန်း ကျုပ်ဗိုက်ဆာပြီဗျာ ထမင်းစားချင်တယ် တနေ့လုံး လမ်းဘေးမှ တွေ့ကရာတွေစားလာတာ ”

“အေးအေး ငါထမင်းပြင်ခိုင်းထားလိုက်မယ် ”

ဦးအုန်းသည် အိမ်ကြီးနှင့် ဘေးမှတွဲထားသော မီးဖိုချောင်ကို လှမ်းကြည့်ပြီး

“ကောင်မတွေ ထမင်းပြင်ထားလိုက်စမ်း ကြားလား ဟင်းတွေလည်း နှိက်စားမနေနဲ့ ဦး ငါနဲ့့အကြောင်းသိတယ်နော် ”

ဦးအုန်းပြောသောစကားအား တဖက်မီးဖိုချောင်မှ မည်သည့်စကားမှ ပြန်မပြောပဲ အိုးသံခွက်သံများသာ ကြားနေရသည်၊ ဦးအုန်းစကားပြောတာကို ပြန်မပြောသောကြောင့် မောင်ဘိုးထင်သည် ဦးအုန်းအားကြည့်ကာ

“ဦးအုန်း ခင်ဗျားက ညင်ညင်သာသာမှ ပြောမခိုင်းတာ လုပ်ပေးရသူကဘယ်ကြည်မလဲ ကြည့်ဦး စောင့်ကြီးအောင့်ကြီးနဲ့ ထမင်းတွေထည့်နေတာ ထင်ပ ဟင်းလည်း မနှိက်စားနဲ့‌ဦးတဲ့ ခင်ဗျားပြောပုံကြီးကလည်းဗျာ”

ဦးအုန်းသည် မောင်ဘိုးထင်၏စကားကို သဘောကျ ကာ တဟားဟားရယ်မောပြီး မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်ပြန်သည်

“ပြီးပြီလား ကောင်မတွေ ”

မီးဖိုချောင်မှ ပြန်ပြောသံက မထွက်လာပြန် ဘာသံမှမထွက်လာသောအခါမှ ဦးဘိုးထင်သည်

“ကောင်လေး ထမင်းပြင်ပြီးပြီသွားစားတော့ ဟိုလှေကားကတက်သွား”

“ဘာမှ ပြန်လည်းမပြောပဲနဲ့ဗျာ မခူးရသေးလည်း ကျုပ်တိုင်းကျုပ်ခူးစားလိုက်တော့မယ် ”

မောင်ဘိုးထင်သည် ဦးအုန်းလက်ညှိုးထိုးပြရာ လှေကားသို့တက်သွားလိုက်ပါတော့သည်။

▪️အခန်း-၃

မောင်ဘိုးထင် မီးဖိုချောင်ကိုထဲရောက်လာ၏၊ ထမင်းစား စားပွဲဝိုင်းတွင် ထမင်း တပန်းကန်နှင့် ဟင်းတပန်းကန်တွေ့ရသည် ထမင်းထည့်ထားသည်က ပေပွနေသလို ဟင်းထည့်ထားသည်ကလည်း ထိုနည်းတူပါပဲ ၊ မီးဖိုချောင်မှ အိမ်မကြီးကို တက်ရသော တံခါးတပေါက်ရှိရာ ထမင်းခူးခပ်‌ေပးသူသည် အိမ်ပေါ်သိုတက်သွားသည်ဟု မောင်ဘိုးထင် တွေးလိုက်ကာ ၊ ခူးပေးထားသော ထမင်းများကို အားရပါးရစားလိုက်ပြီး ထမင်းပန်းကန်ထဲ၌ ထမင်းကုန်သွား၍ ထမင်းအိုးကို လိုက်ရှာလိုက်သည် မီးဖိုဘေးတွေ ထမင်းအိုးကိုတွေ့ပြီး အဖုံးကို ဖွင့်ထားလျက်ကြီး‌ေတွ့ရပြန်သည် လက်နှင့် ထမင်းကိုကုပ်ထားသော အရာများတွေ့ရာ

“ထမင်းကို သေသေသပ်သပ် မခူးဘူး ဘယ်လိုမိန်းမကြီးလဲကွာ ”

မောင်ဘိုးထင် တယောက်ထဲ ရေရွတ်ကာ ထမင်းကိုထည့်ပြီး ဗိုက်ဝအောင်စားလိုက်ပြီး အိမ်အောက်သို့ ပြန်ဆင်းလာသည် ၊ ထို့နောက် အိမ်အောက်စားပွဲတန်းလျားတွင် ထိုင်နေသော ဦးအုန်းအနားသွားကာ

“ဦးအုန်း ကျုပ်ကို ထင်းခူးပေးတာ ဘယ်သူတုန်း ဦးအုန်းမိန်းမကြီးလား ”

“ဟုတ်ပါဘူးကွ ငါ့မှာ မိန်းမမရှိပါဘူး ”

“ထမင်းခူးတာကို ယောင်းမနဲ့ မခူးဘူးဗျာ ”

“ထားလိုက်ပါ မင်းညောင်လာပြီမလား အိမ်ပေါ်တက်ပြီးနားတော့ ”

“ကျုပ်က ဘယ်မှာ အိပ်ရမှာလဲ ဗျ”

“ငါ့အိမ်မှာ မင်းကြိုက်တဲ့နေရာ အိပ်ကွာ ”

“ပြီးတာပဲဗျာ ဒီနေ့တော့ကျုပ်နားလိုက်ဦးမယ် ဗျို့ မနက်မှ အလုပ်ခိုင်းတော့ ”

“ဟုတ်ပါပြီကောင်လေးရာ မင်းကတော့နော် ”

ဦးအုန်စကားပြောလို့ပြီးသည်နှင့် မောင်ဘိုးထင်သည် ဦးအုန်း၏ အိမ်ပေါ်သို့တက်သွားတော့သည်၊ ဦးအုန်းသည် အိမ်ပေါ်တက်သွားသော မောင်ဘိုးထင်ကိုကြည့်ကာ ပြုံးနေမိသည်၊ သူမောင်ဘိုးထင်ကို သဘောကျသည် ပြီးနောက် သူငယ်စဉ် ပံုစံဖြစ်နေသောကြောင့် သင်္ချိုင်းမှာ မြင်စဉ်ကတည်းက သူငယ်စဉ်ဘဝကို ပြန်အမှတ်ရစေသည် ၊ ထို့ကြောင့် မောင်ဘိုးထင်ကို စပါးနှစ်ဆယ်ပေးပြီး အိမ်ကိုခေါ်လိုက်ရချင်းဖြစ်သည်မဟုတ်ပါလား၊

ဦးအုန်းထိုသို့တွေး နေစဉ် မောင်ဘိုးထင်၏ စကားသံက အိမ်ပေါ်မှပေါ်လာပြန်သည်

“ဦးအုန်း ကျုပ်ကို စောင်တွေ ခေါင်းအုံးတွေပေးဦးဗျာ ”

“အေးအေး အပေါ်က တယောက်လောက် ခေါင်းအုံးနဲ့ စောင်ပေးလိုက်စမ်းဟေ့”

ဦးအုန်းထိုသို့သာပြောလိုက်သည်၊ မောင်ဘိုးထင်သည် ဦးအုန်းအိမ်ကြီးကို သဘောကျနေသည် အိမ်ရှေ့တွင် အခန်းတခန်းသာ ကျွန်းပျဉ်များနှင့်ကာထားပြီး ကျန်သော နေရာက ဘုန်းကြီးကျောင်းကြီးပမာ ရှင်းလင်းနေသည် ၊ သူစိတ်ထဲ အိမ်ထဲမှာ တခုခု လိုနေသည်ဟုတွေးနေစဉ် ၊

“ဘုတ် ဘုတ် ”

စောင်နှင့် ခေါင်းဦးက သူအနားကျလာပြီး အိမ်ရှေ့ခန်းက တံခါးမကြီး ပြန်ပိတ်သွားသည်အသံသာ ကြားရသည် ၊ မောင်ဘိုးထင်စိတ်ထဲ သူအား ခေါင်း အုံး နှင့် စောင်ကို ပစ်ပေးသော လူကိုမကျေနပ်ဖြစ်ကာ

“လူလိုပေးလို့မရဘူး လားဗျ ထမင်းခူးပေးတာလဲ ခင်ဗျားမဟုတ်လား ”

မောင်ဘိုးထင်အခန်းကြီးဘက် ကြည့်ပြီး ပြောလိုက်ကာ အိမ်ထောင့်တွင် လိပ်ထားသော ဖျာတချက်ကိုယူပြီး အိမ်ရှေ့ခန်းတွင် ခင်းလိုက်ပြီး အိပ်လိုက်သည် ၊ အိပ်ရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး

“အော်သိပြီ ဘုရားစင် မရှိဘူးပဲ ငါ့စိတ်ထဲ တခုခု လိုပါတယ်ထင်နေတာ ”

သူ၏မျှသာတွေးလိုက်သည် ၊ သူတွေးတောနေစဉ် အိမ်အောင်မှ ရှိသော ဦးအုန်း၏ အသံပေါ်လာပြန်သည်

“ကောင်လေး ခြေထောက်တွေ ညောင်းနေသေးလားကွ”

“ညောင်းတာပေါ့ဗျာ ဘယ်လိုပြောလိုက်ပါလိမ့်”

“အေးအေး ညောင်းရင်လည်း မင်းတိုင်းမင်းခေါ်ပြီး နှိပ်ခိုင်းကွာ”

“ဘယ်ကို သွားခေါ်ရမှာလဲ ဗျာ ”

“ဟဲ့ကောင်မတွေ ငါ့ကို နှိပ်ပေးစမ်း ဦးအုန်းကနှိပ်ပေးခိုင်းတာလို့ပြောကွာ ”

“ဟာ အားနာစရာဗျာ ”

“အားနာမနေနဲ့ အဲ့ကောင်မတွေအတွက် ငါငွေတော်တော် ကုန်ထားတာ ”

“အေးဗျာ အားနာတာက မျက်နှာက ဦးအုန်းရေအဲ့‌ဒီ‌တော့ မျက်နှာမမြင်အောင် ပုဆိုးလေး မျက်နှာ အုပ်ထားလိုက်မယ် ဗျာ ”

“တကယ်ကောင်လေး ပေါက်ပေါက်ရှာရှာ ဟားးဟားး”

ဦးအုန်းသည် မောင်ဘိုးထင်၏ စကားကို သဘောကျစွာ ရယ်မောနေပါတော့သည် ။မောင်ဘိုးထင်သည်က သူပြောသလိုပင် ပုဆိုးထုပ်လေးကို ဖြည်လိုက်ပြီး ပုဆိုးတထည်ကို ယူကာ ပတ်လ အိပ်လိုက်ပြီးသူ၏ မျက်နှာပေါ်‌တင်ထားလိုက်ကာ ပါးစပ်မှလည်း

“ဟဲ့ကောင်မတွေ ငါ့ခြေထောက်ကို လာနှိပ်ပေးစမ်း ”

သူအနားတယောက်မှမလာပါ ထို့ကြောင့် မောင်ဘိုးထင် နောက်ထပ်ပြောလိုက်၏

“လာနှိပ်ကြဟ ဦးအုန်းနှိပ်ခိုင်းတာနော် ”

မောင်ဘိုးထင်ထိုသို့ပြောလိုက်မှ အိမ်ကြီးထဲ၌တခန်းထဲရှိသော အခန်းမှ တံခါးမကြီးပွင့်သံကြားပြီးနောက် သူအနားလမ်းလျှောက်လာနေသည် ခြေသံကိုပါကြားရပြီး မောင်ဘိုးထင်၏ ခြေထောက်ကို နှိပ်ပေးနေလေတော့သည် ၊ မောင်ဘိုးထင်သည် သူအားနှိပ်ပေးနေသောသူအား

“ခင်ဗျား လက်ကြီးကလည်း ကြမ်းလိုက်တာ မိန်းကလေးကော ဟုတ်လား ”

မောင်ဘိုးထင်စကားပြောလိုက်ပေမဲ့ သူ.အားနှိပ်ပေးနေသော သူမှ ဘာမှပြန်မပြော

“တော်တော် စေတနာမပါရင် မနှိပ်ပါနဲ့ ‌”

မောင်ဘိုးထင်ထိုသို့ပြောပြီး မျက်နှာမှာ အုပ်ထားသောပုဆိုးကို ခွာလိုက်ကာ နှိပ်ပေးနေသူအားကြည့်လိုက်သည် ၊ ဆံပင်ရှည်ကြီးမှာ စုတ်ဖွားနေပပြီး အမဲရောင် ထမိန်ကြီးကို ရင်ရှားထားကာ သွေးရောင်မရှိသော မျက်နှာမှာ မျက်လုံးနေရာကမဲနက်နေကာ ပါးစပ်နေရာ ကို အပ်ချည်ကြိုးဖြစ်တွဲချုပ်ထားသော သရဲတကောင်ကို တွေ့လိုက်ရာ

“ဟ သရဲမကြီးဟ ”

မောင်ဘိုးထင်၏ စကားသံကို ကြားသောအခါ ဦးအုန်းမှ အိမ်အောက်ကနေ လှမ်းအော်လိုက်သသည်

“ကောင်လေး လန့်သွားပြီလားကွ”

“ဦးအုန်း ခင်ဗျား ကျုပ်စားမဲ့ ထမင်းကို ဒီဟာကြီးကို ခူးခိုင်းတာလားဗျ”

“ဟုတ်တယ်လေကွ’

“ထွီး ထွီး တော်တော်ဆိုးတဲ့ ဘိုးတော်ဦးအုန်းဗျာ နောက်တခါမလုပ်ခိုင်းနဲ့ ရွံလိုက်တာ ဗျာ ”

ကြောက်လန့်ရမည်အစား ရွံရှာနေသော မောင်ဘိုးထင်၏ ပြောစကားကို ကြားပြီးနောက် ဦးအုန်း သဘောကျစွာ တဟားဟားရယ်မောနေပါတော့သည်။

▪️အခန်း-၄

မောင်ဘိုးထင် ဦးအုန်း အိမ်သို့ရောက်တာ တပတ်မျှကြာသွားပြီဖြစ်၏ ၊ ပေပင်ရွာသူရွာသား များသည်က အံ့ဩစရာကောင်းသည်။ ဦးအုန်း အောက်လမ်း ပညာသည်ဆိုတာသိသည် သို့ပေမဲ့ ခွဲခြားဆက်ဆံချင်း မရှိပါ ကြောက်ရွံ့နေသည်လည်း မဟုတ်ပါ ၊ ဦးအုန်း၏ စည်နှင့် ကမ်းနှင့် ပညာကို အသုံးချမှုကြောင့်လည်းပါမည်ထင်သည် ၊ ဦးအုန်းသည် သူအား အတော်မခံမရပ်နိုင်ဖြစ်သော ကိစ္စများဖြစ်မှ ပေ‌ပင်ရွာသားများကို အောက်လမ်းအတက်နှင့် တိုက်တက်သည် ၊ သေဆုံးအောင်တော့ ဦးအုန်းမလုပ်ပေ ၊ ဦးအုန်းသည် မောင်ဘိုးထင်အား အတော်လေးဂရုစိုက်သည် ၊ မောင်ဘိုးထင်သည်လည်း အလိုက်သိသည် လယ်ထဲ ကို အလုပ်လုပ်ရမည်လားဟုမေးသည် ဦးအုန်းက မလုပ်ခိုင်းပေ ထို့အတွက်ကြောင့် မောင်ဘိုးထင်သည် ထမင်းချက်ဟင်းချက် လုပ်ပေးသည် ဦးအုန်းခိုင်းသမျှကိုလည်း သွပ်လက်စွာလုပ်ပေးတက်သည် ၊ အလိုက်သိတက်သော မောင်ဘိုးထင်အား ဦးအုန်းသည် သားအရင်းလို ချစ်ခင်နေပြီဖြစ်သည် ၊ ပေါင်းတက်သင်းတက်သော မောင်ဘိုးထင်သည် ပေပင်ရွာကိုရောက်တာ တလပဲ ရှိပေမဲ့ အပေါင်းသင်များရနေပြီဖြစ်သည် ၊ ယခုလည်း မောင်ဘိုးထင်တို့ ကလေးတသိုက် လောက်စလံုးလှိမ့်နေကြသည်၊

“ငါက ခေါင်ပဲ စားမှကွ ဘိုးဘိုးကြီးရဲ့ လက်ဘယ်လောက်ဖြောင့်လဲကြည့်”

လူငယ်တယောက်သည် လောက်စလုံး တလုံးကို ကိုင်ပြီး သူ့ကိုသူ အမွှန်းတင်ကာ ပစ်လိုက်သည် သူပစ်လိုက်သော လောက်စလုံးသည်က အတန်းလိုက်ချထားသော လောက်စာလုံးကို တလုံးမျှမထိသောအခါ

“လေကြီး တဲ့ ဖိုးထွေး ခေါင်မပြောနဲ့ ဘိတ်တောင်မထိဘူး ဘာဘိုးဘိုးကြီးလဲ လက်ကန်းကြီး ”

ကျန်သော ကလေးများနှင့် လူငယ်များက ဖိုးထွေးဟုခေါ်သော အသက် ဆယ်ငါးနှစ်ကျော် လူငယ်လေးကို ဝိုင်းစနောက်နေကျသည် ၊ ထိုအခါ ‌ဖိုးထွေးသည်

“တခါတလေတော့လွဲမပေါ့ ပစ်တိုင်းခေါင်ကြည့်မှန်နေရင် အင်းထဲက ရွှံ့တွေကုန်ပြီး ငါအိမ်လောက်စလံုးအဖြစ်နဲ့ရှိနေမှာပေါ့ကွ”

သူတို့ရယ်လိုက်မောလိုက်နှင့် လောက်စလုံး လှိမ်နေသည့်နေရာသို့ မောင်ဘိုးထင်ရောက်လာသည် ထိုအခါ ကောင်လေးတချို့က

“ဘိုးထင်ရေ မင်းလောက်စလုံးဘယ်လောက်ပါလဲ ”

“တရာလောက်တော့ပါတယ်ကွ”

“ဆယ်လုံးကြေးပစ်နေတာ ပါမလား ဟိုကကို‌ဖိုးထွေး နိုင်နေတာ အများကြီးပဲ”

ဖိုးထွေးကို လက်ညှိုးထိုးပြီးပြောသောအခါ ရွာလူကြီးသားဖိုးထွေးသည့် မိန့်မိန့်ကြီးလုပ်၍ ဂုဏ်ယူဝင်ကြွားနေပြီး မောင်ဘိုးထင်အားကြည့်ကာ

“ဘိုးထင် ရေ မင်းငါ့ကို လောက်စာအလံုးတရာအလှူလုပ်ဦးမလား ”

“ကို‌ဖိုးထွေးကတော့ တော့ လေကြီးတယ်ဗျာ နှစ်ဂွင် ပစ်ပြီးရင် သံဂြိုလ်ထိုးမယ် လောက်စလံုးကြေး ”

“အဲ့တာတော့ သံဂြိုလ်က မပါလာဘူးကွ”

“ပါတယ် ကစားကြမလား”

“ငါမှလည်း ဒိုးသီးပါတယ်ကွ ”

“ဖိုးထွေး အကြံအိုက်နေသည် သံဂြိုလ်ကွင်းကို မွတ်အောင်ပင် သိမလှည့်တက်သော ဖိုးထွေးရဲ့ နိုင်ကွက်ကို ဘိုးထင်မှသိသည်၊ ထိုအခါ လေကြီးသော ဖိုးထွေးကိုအမြင်ကပ်သော သူများက သူတို့မှာပါသော သံဂြိုလ်နှင့် ဒိုးသီးများကိုပေးလိုက်ကြသည် ၊ ဖိုးထွေးကို ဝိုင်းကြည့်နေသော လူငယ်များက

“ကို‌ဖိုးထွေး ဘိုးထင်ကိုကြောက်နေတာလားဗျ ”

“ကြောက်စရာလား တဂွင်လောက်စလုံး ဘယ်လောက်ကြေးလဲ ”

ဘိုးထင်သည် အိတ်ထဲမှ လောက်စလုံးကို ကြည့်ကာ တဂွင် လောက်စလံုးငါးဆယ်ကြေးဗျ ဘယ်လိုလဲ လောက်စလံုးနှစ်ဂွင် လှိမ့်ဦးမလား ”

“မလှိမ့်ဘူး သံဂြိုလ်ပဲထိုးမယ် ”

“ကောင်းတယ်ဗျာ”

“သံဂြိုလ်က ဘယ်နှစ်ကွင်းလဲ တဖက်ဘယ်နှစ်ယောက်လဲ ”

“ကို ဖိုးထွေ စိတ်ကြိုက်လုပ်ဗျာ ”

“ပြီးတာပဲ ငါ စည်းတားမယ် ”

ဖိုးထွေးသည် ဆယ်ငါးပေမျှ အကွာကိုရွေးလိုက်ပြီး နှီးတုတ် တခုနှင့် ဒိုးသီးထားမည့်နေရာကို စက်ဝိုင်းဝိုင်းလိုက်သည် တဖက်နှင့် တဖက် အကွာဝေးညီစေရန် တိုင်းရသည် စိတ်မှန်းနှင့်ဆို သူဘက်ကကျယ်သည် ငါ့ဘက်ကစိပ်သည်နှင့် ငြင်းခံုရသောကြောင့် နှီးသို့မဟုတ် သစ်ကိုင်းတခုနှင့် အတိုင်းအထွာလုပ်ရသည် ၊

ဒိုးသီးများကို တဖက်ငါးခုထားလိုက်ကြသည် ရှေ့ဆုံးမှ ဒိုးသီးကို ခေါင်ဟုခေါ်ကြသည် ၊ အလယ်ကဒိုးသီးကို ဗိုက်မကြီးဟုခေါ်ပြန်ကာ ဘေးတဖက်တချက်ကို နဘံဟုခေါ်ပြီး ဘယ်ဘက်မှ ဒိုးကို ဘယ်နဘံ ညာဘက်မှ ဒိုးကို ညာနဘံဟုခေါ်တွင်ကြသည် အနောက်ဆုံးက ဒိုးသီးကို လည်း နောက်မြီးဟုခေါ်သည် ၊ ဒိုးသီးငါးခုလုံးကို သံဂြိုလ်ဟုခေါ်သော သံကွင်းလေးများဖြစ် အကုန်မှန်အောင် ပစ်နိုင်သည် ဘက်က အနိုင်ရသည် ၊ သံဂြိုလ်ထိုးရ၌ စည်းကမ်းလေးများရှိသေးသည် ၊ ပေါက်မရဆိုသည့် စည်းကမ်းဖြစ်သည် ခေါင်ဟုခေါ်သော ဒိုး၏ နောင်သို့ မြှောက်ပြီးကျလာသော သံဂြိုလ်မှ ဒိုးများကို ထိမှန်က မရပေ ပေါက်ကျသည်ဟုခေါ်ကြသည် ။ နဘံ နှစ်ဘက်ကျန်က ပေါက်ပစ်လို့ရသလို့ ဒိုးတခုတည်းရှိရင်လည်း ပေါက်ပစ်လို့ရသည် ပေါက်ဆိုသည်မှ သံဂြိုလ်ကို လှည့်ပြီး တည့်တည့်ကျအောင်ပစ်ချင်းကိုဆိုသည်။ ကျေးလက်တောရွာများတွင်တော့ ဤ ကစားနည်းသည် ကလေး၊လူကြီး၊လူရွယ် ၊လူငယ် မရွေးကစားကြ၏ ။ ယခုလည်း မောင်ဘိုးထင်တို့ လောက်စလံုးကြေးသံဂြိုလ်ထိုးနေကြသည် ၊ ဘိုးထင်က ပေါက်ပစ်ရမှာတော်သည် ၊ ဖိုးထွေး ဘက်မှ နှစ်ယောက် ဘိုးထင်ဘက်မှ နှစ်‌ေယာက် တဖက်တချက် ယှဥ်ပြိုင်နေကြသည် သံဂြိုလ်များကို တားနိုင်ရန် ဒိုးများနောက်တွင် သစ်သားတုံးလေးများခံထားကြသည် ၊ ယခု ကလေးများ လူငယ်များ ကစားနေကြသည် သူတို့ကစားပြီးသောအခါ လူရွယ်လူကြီးများ နေ့လယ်နေ့ခင်း ကစားကြသည်မှာ နေ့တိုင်းလိုပင်ဖြစ်သည် ။

“ကိုဖိုးထွေး ခင်ဗျားသံဂြိုလ်ကြီးက ဂလန့်ဂလန့်ကြီးနော် မလည်ဘူး မလည်ရင် ဒိုးမပေးဘူးနော် ”

“ဟုတ်တယ် ဖိုးထွေ သံဂြိုလ်ကို လည်အောင်ထိုးဟ ”

ဘိုးထင်တို့သည် သံဂြိုလ်ကို တဖက်နှင့် တဖက် ကိုယ်ရည်သွေးသည့် စကားများ ပြောပြီး ထိုးနေကြသည်။

“ကြည့်ထား ကြည့်ထား ဒါညာကန့်လေး ”

“ဟာ တကယ် အကန့်ဝင်သွားတယ်ဟာ ”

“ပြန်ကြည့်ထား ဒီဟာ တန်းထိုးလို့ခေါ်တယ် ”

“တန်းထိုးက ဂြိုလ်မလည်ဘူး မပေးဘူး မပေးဘူး ”

“မညစ်နဲ့ ဘိုးထင်ရ ငါကဒီတိုင်း ပဲထိုးတက်တာ ”

“မရဘူး လောက်စလံုးကြေး ကစားနေတာ မပေးနိုင်ဘူး ကို‌ဖိုးထွေး”

“အေးကွာ မပေးနဲ့ ပြန်စိုက် ”

“ကိုဖိုးထွေး ကြည့်ထား နဘံလေးကို ပေါက်ပြမယ် ”

“ကြည့်ထားဒါက ညာကန့်လေး ”

“‌ရော့ဒီမှာ ပေါက်လေးထုပြမယ် ”

“ဆက်ကြည့်ထား ဒီဟာက တံပိုးကြီးလို့ခေါ်တယ် ”

ဘိုးထင်၏ အသံကစာနေသည် သူပြောတဲ့အတိုင်းအကုန်ဟုတ်နေ၍ ဖိုးထွေး မျက်နှာ သုံမှုန်နေသည် တပွဲရှုံး မကျေနပ် ဖိုးထွေး ထပ်စိန်ခေါ်နှင့် ဖိုးထွေးလောက်စလံုးလှိမ့်ရမှာ နိုင်ထားသော လောက်စလံုးလေးများကုန်ပြီဖြစ်သည်။ ထိုအခါဖိုးထွေးသည် ဘိုးထင်အား

“ကုန်ပြီ ဘိုးထင် ငါ့ကို နှစ်ဆယ်လောက်ပြန်ပေးဦး နွားကျောင်းရင် နွားခြောက်ဖို့ ”

“ရပါတယ် ရော့သုံးဆယ် ”

လူငယ်များသည် ကစားနေတုန်းသာ တယောက်နဲ့ တယောက် မခံချင်အောင်ပြောချင်းဖြစ်သည် ၊ ပြီးရင်လည်း တည့်နေကြမြဲဖြစ်သည်။ ငှက်ပစ်လည်း အဖွဲ့လိုက် ကြွက်ထောင်လည်း အဖွဲ့လိုက်မို့ ဘိုးထင် ပေပင်ရွာမှာပျော်နေသည် ၊ သစ်ဆိမ့်ရွာမှာက တယောက်ထဲ အထီးကျန်ခဲ့ သမျှ ပေပင်ရွာမှ အဖော်အ‌ပေါင်းများနှင့်ပျော်ရွှင်နေရာ စပါးပေးပြီး သူ့အားခေါ်ထားသော ဦးအုန်းကို စိတ်ထဲမှ အတော်ကို ကျေးဇူးတင်နေမိသည် ၊

*ဟေ့ကောင်တွေ နောက် ငါးရက်ဆို ဘုံကထိန်နော် မင်းတို့တွေ လာခဲကြ ဘိုးထင် မင်းလည်းလာခဲ့ မင်းတို့အိမ်တော့ လာမခေါ်ရဲဘူး ”

“စိတ်ချပါ ကိုသာအေးရာ ”

လောက်စလံုးရှုံးထားသော ဖိုးထွေးမှ ဘိုးထင် ပုခုံးကိုပုတ်လိုက်ပြီး

“ဘိူထင်လေး မင်းသံဂြိုလ်ထိုးရမှာ သာ နိုင်ရင် နိုင်မယ် ရွာက ကောင်မလေးတွေကို ငါ့ကို အလေးပေးတာတော့ မင်းမနိုင်ဘူးမဟုတ်လား ”

“စိတ်မဝင်စားဘူး ကျုပ်က ခုမှ ဆယ်သုံးနှစ်ထဲ ဝင်တုန်းကို ”

“ကထိန်နေ့ကြ မင်းငါ့ကိုအားကျနေမှာပါကွာ”

ဤသို့ နှင့် တယောက်ကို တယောက် စလိုက် နောက်လိုက်နှင့် အသက် ၁၆ နှစ် နှင့် အသက် ၁၀ နှစ်အတွင်းမှ ကလေးများရဲ့ ကစားပွဲသည်က ယနေ့အတွက် ပြီးဆုံးလေပြီဖြစ်တော့သည်။

▪️အခန်း-၅

ပေပင်ရွာ၏ စုပေါင်းဘုံကထိန် အဝင်နေ့သို့ ရောက်ရှိလာပြီဖြစ်သည် ဘုံကထိန်ကို ဘုန်းကြီးကျောင်းနှင့် အတန်လှမ်းသော ရွာ၏ မူလတန်းစာသင်ကျောင်း တွင်လုပ်ကြသည် ၊ ဘိုးထင်လည်း ရွာစာသင်ကျောင်းသို့ အပေါင်အသင်းများနှင့် သွားနေကြသည် ၊ ကထိန်တွင် အဝင်နေ့သည်လည်း ထမင်းကျွေးသည် ဝက်သားနှင့် အချဉ်ရည် ငရုတ်သီးကြော် ကျွေးကြ၍ ဘိုးထင်တို့ ကလေးမကျ လူငယ်မကျများအဖို့ ဟန်ဆောင်မှူမရှိ အားရပါးရလွေနေကြသည် ၊ ရွာမှာ ရှိသော ကာလသား ကာလသမီးလေး များက ယောက်ချိုကိုကိုင်ထားပြီး ချိုင့်ကြီးများကို လက်တဖက်ကစွဲက ဟင်းရည်လိုက်သူများက ကာလသားလေးများဖြစ်ပြီး ထမင်းပန်းကများ ငရုတ်သီးကြော်နှင့် ဝက်သားဟင်းလိုက်ပေးသူများထဲမှာ ကာလသမီးများပါပါသည် ဖိုးထွေးသည် ကလေးသာသာ လေးမို့ ဘာမှမလုပ် ဘိုးထင်တို့နှင့် မျက်နှာချင်းဆိုင်ထမင်းစားနေ၏ သူအား ရွာထဲမှ ကာလသမီး ကညာပျိုလေးများက တောသားပေမဲ့ ရုပ်ဖြောင်ပြီး လူကြီးသား ဖြစ်နေ၍ ဝက်သားဟင်းပန်းကန်ထဲမှ အသားလေးများရွေးကာ

“မောင်လေး စား နော် အသားပဲစား ”

“မောင်လေး ထမင်းလိုသေးလား ဝအောင်စားနော် ”

“မောင်လေး ငရုတ်သီးကြော်က စပ်လို့မစားနိုင်ရင် ငါးခြောက်ဖက်လေးတွေပဲ ရွေးစားနော် ”

“မောင်လေး အော်…စပ်ကုန်ပါပြီ ခင်ဝေတို့ ရေလေးခပ်ခဲ့ပါကွယ် ”

ဖိုး‌‌ေထွးအား အသဲပိုနေကြသော ရွာမှမိန်ပျိုလေးများက မောင်ဘိုထင်တို့ကိုတော့ ရှိလေသည်ဟုပင်မထင် တခြား‌ေကာင်‌ေလးမျာ၏ စိတ်ထဲဘာမှမဖြစ်ပေမဲ့ မေးငေါ့ပြလိုက် မျက်စာ ပစ်ပြလိုက်လုပ်နေသော ဖိုးခွေးကြောင့် အတော်ပင် ဘိုးထင်စိတ်ထဲ တွင် ကသိကအောက်ဖြစ်‌ေနရသည်။ ထမင်းစားပြီး၍ အိမ်သို့ပြန်နေစဉ် ဖိုးထွေးအနောက်မှ လိုက်လာပြီး

“ဘိုးထင် ဒီတခုတော့ မင်းငါ့ကို မမှီတော့ဘူးမဟုတ်လား ဆယ်နှစ် ဆယ်နှစ်ကြိုးစား ”

မောင်ဘိုးထင်သည် ဖိုးထွေးကိုသေချာကြည့်ကာ

“ဆယ် နှစ်မဟုတ်ဘူး မနက်ဖြန် အဲ့ ကာလသမီးတွေ ကျုပ်ကို ဂရုစိုက်‌ေစရမယ် ကြည့်ထား ”

“ဘိုးထင် အိပ်မက် မက်လိုက်ဦးကွာ ”

“မနက်ဖြန်မှ တွေ့ကြတာပေါ့ဗျာ ”

မောင်ဘိုးထင် စိတ်တိုတိုနှင့် အိမ်သို့ပြန်လာလိုက်သည် ၊ အိမ်အောက်တွင်တော့ ဦးအုန်းသည် ကွမ်းကို ဝါးပြီးထိုင်နေရာ မောင်ဘိုးထင် ဦးအုန်းအနားသွားထိုင်လိုက်ပြီး

“အဘ ”

“ဟ ကောင်လေး လူများလွဲနေသလား ”

“ဘာလို့တုန်းဗျ ”

“မင်းက ဦးအုန်းလို့ခေါ်တာပါ အခုမှ အဘ ဘယ်လို ဖြစ်ရတာလဲ ”

“အဘ လို့ပဲခေါ်မယ်ဗျာ အဘက ကျနော့် အဖေရင်း ထက်အများကြီးကောင်းတယ် ”

“ခေါ်ချင်သလိုသာ ခေါ်ပါကွာ ”

“ကျုပ်က အဘလို့ခေါ်ပြီးဆိုတော့ ကျုပ်ကို တခုကူညီ ”

“ဟေ့ အဆန်းပါလား ပြောဘာကူညီရမလဲ ”

“ကျုပ်ကို ရွာက ကာလသမီးတွေ အကုန်သ‌ေဘာကျအောင်လုပ်ပေးဗျာ ”

“ဟေ့ ကောင်လေးဘိုးထင် မင်းဟာက တယောက်တောင်မဟုတ်ပါလားဟ တကယ်ကောင်ပဲ ”

“အဘက အောက်လမ်းတက်တော့ လုပ်နိုင်တာ ကျုပ်သိတယ် လုပ်ပေးဗျာ “,

ဦးအုန်းခေတ္တတွေးလိုက်သည် ပြီးနောက်တချက်ပြုံးလိုက်ပြီး

“လုပ်‌ပေးလို့ရတယ် အခက်အခဲ တခုတော့ရှိတယ် ”

“ဘာအခက်အခဲ လဲအဘ ”

“မင်းငါ့ဆီ တပည်ခံပြီး ဒီပညာတွေ လက်ဆင့်ကမ်းရင် ငါအစီအရင် လုပ်ပေးမယ် ”

မောင်ဘိုးထင် သိပ်တောင်တွေးမနေတော့ပါပဲ

“လုပ်မယ်ဗျာ မနက်ဖြန် ကထိန် အမှီ ကာလသမီးတွေ သဘောကျအောင်လုပ်ပေးတော့ ”

“ဒီကောင် တကယ့်ကောင်ပဲ ကွ ဟား ဟား ”

ဦးအုန်းသဘောကျစွာ ရယ်မောရင်း

“ကောင်လေး လိုက်ခဲ့ အိမ်ပေါ်ကို ”

“ဘာ လာပ်မလို့လဲဗျ”

“ဟဲ့ကောင် မင်းပဲ အပျိုတွေသဘောကျအောင်လုပ်ပေးဆို ”

“,တကယ်လား ဝမ်းသာလိုက်တာ အဘရာ”

မောင်ဘိုးထင် ဝမ်းသာအားရနှင့် ဦးအုန်းတက်သွားရာ အိမ်ကြီးပေါ်သို့‌ေနာက်မှ တက်သွားပါလေ‌ေတာ့သည်။

▪️အခန်း-၆

ဦးအုန်းသည် အိမ်ကြီးပေါ်မှ တခန်းထဲရှိသော အခန်းကြီးတံခါးအားဖွင့်လိုက်ပြီး မောင်ဘိုးထင်ကိုခေါ်လိုက်သည်

“လာကောင်လေး မင်းက ငါ့တပည်ဖြစ်သွားပြီဆိုတော့ ဒီအခန်းထဲ ဝင်ခွင့်ရသွားပြီး”

မောင်ဘိုးထင် အခန်းကြီးထဲဝင်လိုက်သည် အခန်းကြီးသည် တခါးမကြီး တပေါက်သာ ပါသော အလုံပိတ်အခန်းကြီးဖြစ်သည် ၊ ကျွန်းသစ်များဖြစ် ပတ်လည် လုံအောင်ကာရန်ထားသောကြောင့် တံခါးမကြီး ဖွင့်ထားသော နေရာမှရသော အလင်းရောင်လေးသာရှိသည် ၊ ဦးအုန်းသည် ဖယောင်းတိုင်ကို ထွန်းလိုက်ကာ တပေါက်ထဲရှိသော တံခါးကိုပိတ်လိုက်သည် ၊ ဖယောင်းတိုင်မီး၏ အလင်းရောင်အောက်တွင် ကုတင်တလုံးနှင့် ကုတင် ရှေ့တွင် သစ်သားနှင့် ပြုလုပ်ထားသော စင်ကြီးရှိကာ စင်ပေါ်တွင် ရှိသော ပစ္စည်းများကိုတော့ အနက်ရောင် ပိတ်စကြီးဖြစ်အုပ်ထားသည် ၊ ထိုနောက် ဦးအုန်းသည် အခန်းထဲရှိခေါင်းရင်းရှိ သစ်သားစင်လေးမှာ တင်ထားသော ဆေးမှင်ကြောင်စုတ်တံများအနက် စုတ်တံရဲထိပ်တွင် ဝတ်လစ်စလစ် နှင့် ဆံပင်ဖားချားချထားသော မိန်းမတ‌ေယာက်၏ရုပ်ထုပါသော ဆေးမှင်ကြောင်စုတ်တံ အမဲကြီးကို ယူလိုက်သည်

“အဘ အဲ့တာ ဘာကြီးလဲဗျ”

“မင်းပဲ ကောင်မလေးတွေ ချစ်တာ လိုချင်တယ် ဆို ”

“သူတို့သဘောကျရင် ပြီးတာပဲ ဗျာ လုပ်ချင်တာ လုပ် ”

ဦးအုန်းသည် မောင်ဘိုးထင်ကို တပလ္လင်ခွေထိုင်စေပြီး နောက် အမဲရောင် ပိတ်စကြီးကို အနည်းငယ်ဖယ်က ထိုစင်ပေါ်မှ အမဲရောင် ဆေးမှင်ကိုခွက်လေးကိုယူလိုက်ပြီး

“ကဲကောင်လေ အင်္ကျီချွတ် နည်းနည်းနာမယ်နော် ”

“ရတယ် ကာလသမီးတွေ သဘောကျရင်ပြီးရော ”

မောင်ဘိုးထင်သည် သူ၏ အင်္ကျီကိုချွတ်လိုက်ပြီးပြောလိုက်သည် ၊

“ကဲ ငါဘက်လှည့် ”

“ဟုတ်အဘ ”

“မင်း ဘယ်အရွယ်တွေကို သဘောကျစေချင်တာလဲ ကောင်လေး ”

“ကျုပ်နဲ့ မတိမ်းမယိမ်းတွေပေါ့ဗျာ ဟိုလူကြီးသား ဖိုးထွေးထက်နည်းနည်းကြီးတဲ့ အမတွေ”

“အော် ကညာလေးတွေကိုပေါ့ တကယ့်ကောင် ငါကလည်း အောက်လမ်းဆရာ မင်းက ငါတပည်ဆိုတော့ ကဲ မိုက်ကြတာပေါ့ကွာ ”

ဦးအုန်းသည် အမဲရောင် ဝစ်လစ်စလစ် နှင့် ဆံပင်ဖားလျား ချထားသော အရုပ်ပါသည် စုတ်တံကို လက်နှစ်ဖက် နှင့်ကိုင်လိုင်ပြီး နဖူးမှာ တင်လိုက်ပြီး ပါးစပ်မှလည်း မန္တန် တပုဒ်ကို ခပ်တိုးတိုး ရေရွတ်လိုက်ပြီး မောင်ဘိုးထင်၏ ရင်ဘက်ပေါ်သို့ ဆေးမှင်စထိုးလိုက်တော့သည် ၊ ကညာပိယ ဆိုသောစကားလုံးလေးသာထိုးချင်းဖြစ်ပေမဲ့ မောင်ဘိုးထင် အတော်ကို နာနာကျင်ကျင်ခံစားလိုက်ရသည် ၊ ဆေးမှင်ကြောင်ထိုးလို့ပြီးသော အခါ ဦးအုန်းသည် ကွမ်းတယာကို ဝါးလိုက်ပြီး ကွမ်းတံတွေးများဖြစ် မောင်ဘိုးထင်၏ ရင်ဘက်မှ ဆေးမှင်ကြောင်ထိုးထား၍ ဆေးများပေနေသော နေရာကို မှုတ်လိုက်ပြီး

“ကဲ ကညာမှန်သမျှတမ်းတမ်းစွဲစေရောဟဲ့ ”

ထို့နောက် ကုတင်ဘေးမှ အမဲရောင်ပိတ်စ တထည်နှင့် ပေကျန်နေသည်များကို သုပ်ပေးလိုက်‌သောအခါ ကညာပိယ ‌ဆိုသည့် အမဲရောင် ဆေးမှင်ကြောင်လေးက အထင်းသားပေါ်နေပါသည်၊ ဦးအုန်းသည် ထိုစာလုံးလေးကိုကြည့်ပြီး

“ကဲ ‌ငါတပည် မင်းကတော့ ကညာလေးတွေရဲ့ တမ်းတမ်းစွဲ ဖြစ်ပြီသာမှတ် ”

‌ဦးအုန်း၏စကားကြားသောအခါ မောင်ဘိုးထင်သည် တချက်ပြုံးလိုက်ပြီး စိတ်ထဲတွင်တော့ တွေ့ကြပြီပေါ့ကိုဖိုးထွေးရာ ဟုတွေးလေပါလေတော့သည်။

▪️အခန်း-၇

ကထိန်ပွဲကြီးနေ့သိုရောက်ရှိလာပြီဖြစ်သည် ကာလသား ကာလသမီးများနှင့် ကလေးသူငယ်များသည် အဝင်နေ့က လိုမဟုတ် အဝတ်အစား သစ်သစ်လွင်လွင်များ ဝတ်စားထားကြသည် ထိုထဲတွင် မောင်ဘိူးထင်လည်းပါ၏ ၊ ဦးအုန်းသည် ကထိန်နီးလာကတည်းက မောင်ဘိုးထင်အတွက် ပုဆိုးသစ် အဝတ်အစားသစ်များဝယ်ပေးထားသည်၊ အဝတ်စားအသစ်များ ဝတ်ထားကြပေမဲ့ မောင်ဘိုးထင်တို့သည်က လေးဂွနှင့် လောက်စာထည့်ထားသော လွယ်အိတ်များအား မိဘများ မယူခိုင်းသည့်ကြားက ခိုးပြီးယူလာကြသည် ၊ ဤသို့နှင့် ထမင်းစားချိန်တွင် မောင်ဘိုးထင်သည် ဖိုးထွေ၏ မျက်နှာချင်းဆိုင် တွင် မရမက လိုက်ထိုင်လိုက်ပြီး

“ကိုဖိုးထွေး ဘယ်လိုလဲဗျ ”

“ဘာလဲကွ ဘိုးထင်ရ ”

“ကောင်မလေးတွေ မလာသေးပါလားဗျ ”

“ပဒေသာပင် ဘုန်းကြီးကျောင်းလိုက်ပို့နေလို့လေ လာပါလိမ့်မယ် ”

“သိကြပြီပေါ့ဗျာ ”

ယခုထမင်းကျွေးနေသော သူများမှာ အသကါ၂၀ကျော် အပျိုများဖြစ်နေ၍ မောင်ဘိုးထင်တို့ ရဲ့ ပြိုင်ပွဲသည်က အဖြေမပေါ်ချင်းဖြစ်သည် ၊ သူတို့ ထမင်း တပန်းကန် ကုန်သွားချိန်တွင် ထမင်းကျွေးနေသော အပျိုများမှ ‌နောက်မှရောက်လာသော ဆယ်ကျော်သက်ပျိုကညာလေးများကို မြင်သောအခါ

“ကဲကဲ မိပုံ့တို မီသဲတို့ ညည်းတို့ ထမင်းကျွေးအလှည့်ရောက်ပြီး ငါတို့ ကျောင်းရှေ့ဘုရားသွားလိုက်ဦးမယ် ”

ကာလသားကြီးများကလည်း အပျိုများ နေရာရွေ့သွားသည်နှင့် သူတို့၏ မျက်လုံးများက အသက်၁၈ အထက် လူငယ်လေးများအား ထမင်းကျွေးကူရန် မျက်စောင်းထိုးလာကြရာ လူငယ်လေးများသည်

“ခင်ဗျားကြီးတို့က အမျိုးမျိုးပဲ ခုဏက ကျွေးကူမယ်ဆိုတော့ ငြင်းနေပြီ ခုမှ လာခိုင်းနေတယ် မလုပ်ဘူးဗျာ ”

“အဲ့လိုမလုပ်ပါနဲ့ ညီလေးတို့ရာ တလင်းခေါက်ရင်ခေါ်မယ် ကွာ မင်းတို့ကို ကြက်ကာလားသားနဲ့ပါ ကျွေးမယ်ကွာ ”

“တကယ်နော် ခင်ဗျားတို့က ယုံရတာမဟုတ်ဘူး ‘

“တကယ်ပါကွာ ဟိုမှာ တခြားရွာက ဧည့်သည်တွေ လာနေပြီ ထမင်းပန်းကန်ချ ဟ တို့သွားပြီ ”

လူပျိုကြီးများလည်း ရွာမှ အပျိုများထွက်သွားရာ တရုတ်စကားပန်းပွင့် များရှိသော စာသင်ကျောင်းရှေ့မှ ဘုရားလေးဆီသို့ ထွက်သွားကြတော့သည်။

“မောင်လေးစားနော် အသားတွေစား အရိုးတွေ ပါရင်မစားနဲ့နော် ”

“ဟိုထမင်းပန်းကန်သယ်လာတဲ့ ကိုမင်း ဒီကိုယူခဲ့ဦး”

“ဟိုမှာ ရွာလူကြီးဝိုင်းပို့ရမှာ ”

“နင့်ရွာလူကြီးက အရေးမကြီးဘူး မောင်လေး ထမင်းလိုက်ပွဲမရှိတော့ဘူး ကြာပါတယ် အေးခင်ရယ် နင်သွားယူလိုက် ”

“အေးအေး”

ကောင်မလေးများ တယောက်ပြီးတယောက် မောင်ဘိုးထင်ကို ဂရုစိုက်နေသည်ကို မကေျမချမ်းနှင့် ကြည့်နေသူမှာ မောင်ဘိုးထင်နှင့် မျက်နှာ ချင်းဆိုင်တွင် ထမင်းစားနေသော ဖိုးထွေးဖြစ်သည် ၊ မောင်ဘိုးထင်ဘေးမှ ရှိသော သူ၏သူငယ်ချင်းများနှင့် ထမင်းကျွေးနေသော ကာလာသား ပေါက်စလေးများသည်ပင် မောင်ဘိုးထင်ကိုကြည့်ပြီးငေးနေပါလေတော့သည်၊ ဤသို့နှင့် မောင်ဘိုးထင်သည် ဖိုးထွေးကို အနိုင်ယူလိုက်ကာ ပြုံးပျော်နေလေပါတော့သည်။

▪️အခန်း-၈

ကထိန်ပြီးသည်မှာ တပတ်ကျော်ပြီ ဖြစ်သည် ယခု မောင်ဘိုးထင် သည် ဦးအုန်းပေါက်ပေးသော ပိယဆေးအစွမ်းက ဒုက္ခပေးနေပြီဖြစ်သည် ၊ တခြားမည်သည့်စိတ်မှမရှိ ဖိုးထွေးကို နိုင်ချင်၍သာ လုပ်လိုက်ရသည်ကိစ္စက အခု မောင်ဘိုးထင် အတော်ကို ဒုက္ခများနေရသည် ၊ သူငယ်ချင်းများနှင့် လောက်စလံုးလှိမ့်နေချိန် ကညာပျိုလေးများရောက်လာပြီး

“မောင်လေးဘိုးထင် မမ တို့ထင်းခွေသွားမှာ လိုက်ခဲ့ပါဦး”

“မလိုက်ချင်ဘူးဗျာ ကစားနေတယ် ”

“မလိုက်လို့မရဘူး နော် ”

ကညာပျိုလေး များသည် ထင်းခွေသွားရာ မောင်ဘိုးထင်ကို ခေါ်သွားပြီး အပြန် ထင်စည်းများကို နောက်ဆို မမ ကို လုပ်ကျွေးနော်ဟု ပြောကြကာ ထင်းများကိုကူသယ်ခိုင်းသည် ၊

ဖိုးထွေးတို့ ညနေ သံဂြိုလ်ထိုးနေချိန် ရွာအလယ်ပိုင်း မှ ကညာပျိုလေးများရေအိုးများနှင့် ရောက်လာကာ ရွာထိပ်‌ဘုံရေတွင်းကို ခေါ်သွားပြီး မုန့်များကျွေးကာ ရေအိုးပင့်ခိုင်သည် မောင်ဘိုးထင် ဘုံတွင်းဘေးမှ အုတ်ခံုပေါ်တက်၍ ရေအိုးပင့်ပေးနေရသည် ၊ ရွာမှ ကာလာသားပေါက်စလေးများက မောင်ဘိုးထင်ကို ဂြိုလ်ကြည့် ကြည့်လာရာ ဤ ဒုက္ခကို မခံနိုင်သည့်အဆုံး အိမ်သို့ပြန်ပြေးသွားပြီး

“အဘ အဘ”

“ဘာတုန်း ‌ကောင်လေးရ”

“ကျုပ်ကိုထိုးပေးထားတဲ့ ဆေးပြန်ဖျက်ပေးဗျာ ”

“မစွမ်းလို့လားဟ ”

“စွမ်းလို့ အစွမ်းလွန်နေလို့ဗျာ ”

“မဖျက်ပေးဘူးကွာ မင်းကို ငွေတောင်မယူပဲထိုးပေးထားတာ ”

“အဘ မဖျက်ပေးရင် ကျုပ်ရွာပြန်မှာနော် ”

ထိုအခါမှ အုန်းသည် မောင်ဘိုးထင် ၏ ခေါင်းကို ပုတ်ပြီး

“ဖျက်ပေးမယ် မင်း က ငါ့တပည်နော် ”

“ဟုတ်ပါတယ် သိပါတယ်ဗျ အဲ့တာဆို မင်း နဲ့ငါ ခရီးထွက်ရလိမ့်မယ် ”

“ဗျာ ဘယ်‌ကိုလဲ အဘ ”

“မင်းတို့ သစ်စိမ့်ရွာဘေးက အင်ကြင်းရွာသင်္ချုင်းကိုလေ ”

“ဘာသွားလုပ်မှာလဲ အဘ ”

“မင်းကို မကောင်းဆိုးဝါး ဖုတ် ထုတ်တာနဲ့ သရဲဘယ်လိုဖမ်းရတယ် ဆိုတာ သင်ပေးမလို့”

“ဗျာ ”

မောင်ဘိုးထင်သည် ဦးအုန်း၏စကားကို အံ့ဩတကြီးနှင့် ကြည့်နေစဉ် ဦးအုန်းမှ မောင်ဘိုးထင်၏ ကညာပီယ ဆေးမှင်ကြောင်အစီအရင်ကို ဖျက်ရန် အိမ်ပေါ်သို့ ခေါ်သွားပါလေတော့သည်။

▫️အောက်လမ်းဘိုးထင် နှင့် လက်ဦးဆရာ ဝတ္ထုလေးက ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် လက်တွေ့သင်ခန်းစာ ဟူသော ဝတ္ထုလေးအား တင်ဆက်ပေးပါမည်

📝မောင်တင်ဆန်း

Zawgyi Version

“ေအာက္လမ္းဘိုးထင္ ႏွင့္ လက္ဦးဆရာ”(စ/ဆုံး)
———————————————————————-

(၂)

▪️အခန္း-၁

အုံ႔ဆိုင္းေနေသာ မိုးသားတိမ္လိပ္မ်ားေအာက္ရွိ လွည္းလမ္းေလးေဘးမွ လူသြားလမ္းေလးတြင္ လူႏွစ္ေယာက္လမ္းေလွ်ာက္ေနသည္ ၊ အ႐ြယ္ေရာက္‌လုလု လူငယ္ေလး ေမာင္ဘိုးထင္ႏွင့္ အသက္ ၃၀ ေက်ာ္ လူ႐ြယ္တဦးတို႔ျဖစ္သည္ ၊ ေမာင္ဘိုးထင္သည္ လြယ္အိတ္ကို လြယ္ထားၿပီး ပုဆိုးျဖစ္ထုပ္ထား‌ေသာ အဝတ္အစား ထုပ္ကိုလက္မွဆြဲလို႔ လမ္းေလွ်ာက္ေနရင္း

“ခင္ဗ်ားတို႔႐ြာကလည္း မေရာက္ေသးဘူးလားဗ်ာ ေနေတာင္မြန္းတည့္ေနၿပီ ဘာမွလည္းမစားရေသးဘူး ”

“ငါ့ေကာင္ စိတ္ညစ္မေနနဲ႔ ညေနဆို ေရာက္ပါတယ္ မင္းဗိုက္ဆာေနရင္ လမ္းမွေတြ႕တဲ့ အသီးခူးစားၾကတာေပါ့ကြာ ”

“ေဝးရင္ ေဝးတယ္ မေျပာဘူးဗ်ာ က်ဳပ္ထမင္းထုပ္ခဲ့ပါတယ္ ”

“မင္းကေကာ ေမးလို႔လား ငါက လာေခၚခ်င္တာမဟုတ္ဘူးဆရာႀကီးက သြားေခၚဆိုလို႔ လာေခၚရတာ မင္းလို ကေလးကို စပါးႏွစ္ဆယ္ေတာင္းေပးတယ္ဆိုေတာ့ အေတာ္အံဩတယ္ကြာ ”

“တန္ဖိုးဆိုတာ အသက္အ႐ြယ္နဲ႔ မဆိုင္ဘူးဗ် လုပ္ရည္ကိုင္ရည္နဲ႔ဆိုင္တာ ”

“ဟေကာင္ရ မင္းက လယ္ေတြဘာေတြလုပ္တာအေတာ္ကြၽမ္းေနလို႔လား ”

“မလုပ္တက္ပါဘူးဗ် ႂကြက္ေထာင္တဲ့ေနရာ ငွက္ပစ္တဲ့ေနရာကိုေျပာတာ ”

“ေသလိုက္ပါေတာ့ကြာ မင္းကေတာ့ တကယ့္ေကာင္ပဲ သြတ္သြတ္ေလွ်ာက္ မေမွာင္ခင္ ‌႐ြာကိုေရာက္ေအာင္”

ေမာင္ဘိုးထင္လည္း ဗိုက္ဆာေနသည္ကို သက္သာေစရန္ လမ္းေဘးမွရွိေသာ ျခင္းက်ားသီးမ်ား ၊ ‌ဇီးသီး ဝင္းျပင္းမ်ားကို ခူးစားၿပီး ေရအင္မတန္ဆာလာေသာအခါး ခ်ိဳထဲမွ စမ္းေရမ်ားကို လက္ႏွင့္ ခပ္ေသာက္လိုက္ၿပီး ၊ ခရီးဆက္လိုက္ပါေလေတာ့သည္။

▪️အခန္း-၂

ေမာင္ဘိုးထင္ႏွင့္ သူ႔အားလာေခၚေသာလူ႐ြယ္သည္ ၊ ေနဝင္ရီတ‌ေယာ အခ်ိန္တြင္ ေပပင္မ်ား မ်ားစြာေပါက္ေနေသာ ႐ြာအဝင္သို႔ေရာက္ရွိလာသည္၊ လူ႐ြယ္သည္ လမ္းေလွ်ာက္ရလို႔ ပင္ပန္းေနၿပီျဖစ္ေသာ ေမာင္ဘိုးထင္အား

“ေကာင္ေလး ေရာက္ပါၿပီကြ”

“ေရာက္မွပဲေလ က်ဳပ္က ေျခေညာင္းလို႔ေသေတာ့မယ္ ”

“မေသပါဘူးကြာ မင္းၾကည့္ရတာ အဆင္ေျပေနပုံပါပဲဟ”

“သြားဗ်ာ‌ေရွ႕က က်ဳပ္ေနရမဲ့ အိမ္ကို ျမန္ျမန္သြား ”

လူ႐ြယ္သည္ ႐ြာထဲသို႔ဝင္လိုက္ကာ ႐ြာ၏ေတာင္ဘက္အစြန္က်ေသာ ေနအိမ္ႀကီး၏ အိမ္ဝန္းထဲသို႔ဝင္သြားၾကသည္။ လူ႐ြယ္သည္ အိမ္ႀကီးေအာက္မွ စားပြဲတန္းလ်ားကိုထိုင္လိုက္သည္ ၊ေမာင္ဘိုးထင္သည္က အိမ္ေအာက္မွရွိေသာ ေသာက္ေရအိုးစင္ကို သြားကာ ေရကိုအားပါးတရေသာက္လိုက္ၿပီး ေနာက္ထပ္တန္းလ်ားတလုံးေပၚ သူ၏ အဝတ္ထည့္ထားေသား ပုဆိုးထုပ္‌ေေလးအား ေခါင္းအံုးျပဳလုပ္က လွဲေနေတာ့သည္၊ ထိုအခ်ိန္ အိမ္ေပၚမွ လူႀကီးတဦး၏အသံကေပၚလာေတာ့သည္

“ေကာင္ေလး ဘယ္လိုျဖစ္တာလဲကြ ထိုင္ေတာင္ မထိုင္ႏိုင္ေတာ့ဘူးလား ”

“ထိုင္ႏိုင္မလားဗ် တေန႔လုံးလမ္းေလွ်ာက္လာရတာ ေျခေတြေတာင့္ေနၿပီ ”

“ေအး ခဏေနမွမင္းကို ႏွိပ္ေပးဖို႔ တေယာက္ေယာက္ေခၚ‌ေပးမယ္ ”

လူႀကီး၏႐ုပ္ကမေပၚေပမဲ့ ထိုလူႀကီး၏ အသံအား ေမာင္ဘိုးထင္ ရင္းႏွီးသည္ဟု စိတ္ထဲထင္ေနမိသည္၊ မၾကာလွေသာ အခ်ိန္တြင္ အိမ္ႀကီး၏ ေလွကားမွ လူႀကီးတေယာက္ဆင္းလာသည္ ထိုလူႀကီးသည္ တန္းလ်ားတြင္ အိပ္ေနေသာ ေမာင္ဘိုးထင္အနားသြားလိုက္ကာ

“ေကာင္ေလး ငါ့ကိုလည္းၾကည့္ပါဦးကြ”

ေမာင္ဘိုးထင္ ငုတ္တုပ္ျပန္ထိုင္ၿပီးၾကည့္လိုက္သည္၊ သူအံဩသြားကာ

“က်ဳပ္ကို ေငြငါးဆယ္ေပးတဲ့ ဦးအုန္းမဟုတ္လား ”

“ဟုတ္တယ္ေလကြာ မင္းငါ့ဆီမွာ အလုပ္လုပ္ရမွာ ငါေခၚလိုက္တာကြ”

“ဟာဗ်ာ မသိပါဘူး က်ဳပ္ကိုဘယ္သူကမ်ားေခၚလဲလို႔ ”

ဦးအုန္းသည္ တန္းလ်ားတြင္ထိုင္ေနေသာ ေမာင္ဘိုးထင္ကို သြားေခၚေဆာင္ေပးေသာ လူ႐ြယ္အား ၾကည္ကာ

“ကဲညိဳေမာင္ မင္းက တဲျပန္ေတာ့ ဒီေကာင္ေလးက အိမ္မွာပဲေနရမွာ ထမင္းစားသြားဦး ငါခ်က္ထားတယ္ ”

“ေတာ္ၿပီ က်ေနာ္ တဲေရာက္မွပဲစားေတာ့မယ္ သြားၿပီဆရာႀကီး ”

“ေအးေအး ေက်းဇူးကြာ ညိဳေမာင္”

ညိဳေမာင္အမည္ရလူ႐ြယ္သည္ ေမာင္ဘိုးထင္ကို ႏုတ္ဆက္လိုက္၏

“ေကာင္ေလး အားရင္ တဲကို လာလည္ဦး ၾကားလား မင္းကိုေတာ့ ငါခင္သြားၿပီကြ”

“လာမွာပါဗ် စိတ္ခ် ”

တေန႔မွ်ေတြ႕ရေပမဲ့ ပြင့္ပြင့္လင္းလင္းရွိလွေသာ ေမာင္ဘိုးထင္အားညိဳေမာင္သေဘာက်ေနခ်င္းျဖစ္သည္ ၊ ညိဳေမာင္အိမ္ဝိုင္းအျပင္သိူ႔ေရာက္သြားခ်ိန္တြင္ ဦးအုန္းအားၾကည့္၍ ေမာင္ဘိုးထင္စကားဆိုလိုက္သည္။

“ဦးအုန္း က်ဳပ္ဗိုက္ဆာၿပီဗ်ာ ထမင္းစားခ်င္တယ္ တေန႔လုံး လမ္းေဘးမွ ေတြ႕ကရာေတြစားလာတာ ”

“ေအးေအး ငါထမင္းျပင္ခိုင္းထားလိုက္မယ္ ”

ဦးအုန္းသည္ အိမ္ႀကီးႏွင့္ ေဘးမွတြဲထားေသာ မီးဖိုေခ်ာင္ကို လွမ္းၾကည့္ၿပီး

“ေကာင္မေတြ ထမင္းျပင္ထားလိုက္စမ္း ၾကားလား ဟင္းေတြလည္း ႏွိက္စားမေနနဲ႔ ဦး ငါနဲ႔့အေၾကာင္းသိတယ္ေနာ္ ”

ဦးအုန္းေျပာေသာစကားအား တဖက္မီးဖိုေခ်ာင္မွ မည္သည့္စကားမွ ျပန္မေျပာပဲ အိုးသံခြက္သံမ်ားသာ ၾကားေနရသည္၊ ဦးအုန္းစကားေျပာတာကို ျပန္မေျပာေသာေၾကာင့္ ေမာင္ဘိုးထင္သည္ ဦးအုန္းအားၾကည့္ကာ

“ဦးအုန္း ခင္ဗ်ားက ညင္ညင္သာသာမွ ေျပာမခိုင္းတာ လုပ္ေပးရသူကဘယ္ၾကည္မလဲ ၾကည့္ဦး ေစာင့္ႀကီးေအာင့္ႀကီးနဲ႔ ထမင္းေတြထည့္ေနတာ ထင္ပ ဟင္းလည္း မႏွိက္စားနဲ႔‌ဦးတဲ့ ခင္ဗ်ားေျပာပုံႀကီးကလည္းဗ်ာ”

ဦးအုန္းသည္ ေမာင္ဘိုးထင္၏စကားကို သေဘာက် ကာ တဟားဟားရယ္ေမာၿပီး မီးဖိုေခ်ာင္ဘက္သို႔ လွမ္းေအာ္လိုက္ျပန္သည္

“ၿပီးၿပီလား ေကာင္မေတြ ”

မီးဖိုေခ်ာင္မွ ျပန္ေျပာသံက မထြက္လာျပန္ ဘာသံမွမထြက္လာေသာအခါမွ ဦးဘိုးထင္သည္

“ေကာင္ေလး ထမင္းျပင္ၿပီးၿပီသြားစားေတာ့ ဟိုေလွကားကတက္သြား”

“ဘာမွ ျပန္လည္းမေျပာပဲနဲ႔ဗ်ာ မခူးရေသးလည္း က်ဳပ္တိုင္းက်ဳပ္ခူးစားလိုက္ေတာ့မယ္ ”

ေမာင္ဘိုးထင္သည္ ဦးအုန္းလက္ညႇိဳးထိုးျပရာ ေလွကားသို႔တက္သြားလိုက္ပါေတာ့သည္။

▪️အခန္း-၃

ေမာင္ဘိုးထင္ မီးဖိုေခ်ာင္ကိုထဲေရာက္လာ၏၊ ထမင္းစား စားပြဲဝိုင္းတြင္ ထမင္း တပန္းကန္ႏွင့္ ဟင္းတပန္းကန္ေတြ႕ရသည္ ထမင္းထည့္ထားသည္က ေပပြေနသလို ဟင္းထည့္ထားသည္ကလည္း ထိုနည္းတူပါပဲ ၊ မီးဖိုေခ်ာင္မွ အိမ္မႀကီးကို တက္ရေသာ တံခါးတေပါက္ရွိရာ ထမင္းခူးခပ္‌ေပးသူသည္ အိမ္ေပၚသိုတက္သြားသည္ဟု ေမာင္ဘိုးထင္ ေတြးလိုက္ကာ ၊ ခူးေပးထားေသာ ထမင္းမ်ားကို အားရပါးရစားလိုက္ၿပီး ထမင္းပန္းကန္ထဲ၌ ထမင္းကုန္သြား၍ ထမင္းအိုးကို လိုက္ရွာလိုက္သည္ မီးဖိုေဘးေတြ ထမင္းအိုးကိုေတြ႕ၿပီး အဖုံးကို ဖြင့္ထားလ်က္ႀကီး‌ေတြ႕ရျပန္သည္ လက္ႏွင့္ ထမင္းကိုကုပ္ထားေသာ အရာမ်ားေတြ႕ရာ

“ထမင္းကို ေသေသသပ္သပ္ မခူးဘူး ဘယ္လိုမိန္းမႀကီးလဲကြာ ”

ေမာင္ဘိုးထင္ တေယာက္ထဲ ေရ႐ြတ္ကာ ထမင္းကိုထည့္ၿပီး ဗိုက္ဝေအာင္စားလိုက္ၿပီး အိမ္ေအာက္သို႔ ျပန္ဆင္းလာသည္ ၊ ထို႔ေနာက္ အိမ္ေအာက္စားပြဲတန္းလ်ားတြင္ ထိုင္ေနေသာ ဦးအုန္းအနားသြားကာ

“ဦးအုန္း က်ဳပ္ကို ထင္းခူးေပးတာ ဘယ္သူတုန္း ဦးအုန္းမိန္းမႀကီးလား ”

“ဟုတ္ပါဘူးကြ ငါ့မွာ မိန္းမမရွိပါဘူး ”

“ထမင္းခူးတာကို ေယာင္းမနဲ႔ မခူးဘူးဗ်ာ ”

“ထားလိုက္ပါ မင္းေညာင္လာၿပီမလား အိမ္ေပၚတက္ၿပီးနားေတာ့ ”

“က်ဳပ္က ဘယ္မွာ အိပ္ရမွာလဲ ဗ်”

“ငါ့အိမ္မွာ မင္းႀကိဳက္တဲ့ေနရာ အိပ္ကြာ ”

“ၿပီးတာပဲဗ်ာ ဒီေန႔ေတာ့က်ဳပ္နားလိုက္ဦးမယ္ ဗ်ိဳ႕ မနက္မွ အလုပ္ခိုင္းေတာ့ ”

“ဟုတ္ပါၿပီေကာင္ေလးရာ မင္းကေတာ့ေနာ္ ”

ဦးအုန္စကားေျပာလို႔ၿပီးသည္ႏွင့္ ေမာင္ဘိုးထင္သည္ ဦးအုန္း၏ အိမ္ေပၚသို႔တက္သြားေတာ့သည္၊ ဦးအုန္းသည္ အိမ္ေပၚတက္သြားေသာ ေမာင္ဘိုးထင္ကိုၾကည့္ကာ ၿပဳံးေနမိသည္၊ သူေမာင္ဘိုးထင္ကို သေဘာက်သည္ ၿပီးေနာက္ သူငယ္စဥ္ ပံုစံျဖစ္ေနေသာေၾကာင့္ သခ်ႋဳင္းမွာ ျမင္စဥ္ကတည္းက သူငယ္စဥ္ဘဝကို ျပန္အမွတ္ရေစသည္ ၊ ထို႔ေၾကာင့္ ေမာင္ဘိုးထင္ကို စပါးႏွစ္ဆယ္ေပးၿပီး အိမ္ကိုေခၚလိုက္ရခ်င္းျဖစ္သည္မဟုတ္ပါလား၊

ဦးအုန္းထိုသို႔ေတြး ေနစဥ္ ေမာင္ဘိုးထင္၏ စကားသံက အိမ္ေပၚမွေပၚလာျပန္သည္

“ဦးအုန္း က်ဳပ္ကို ေစာင္ေတြ ေခါင္းအုံးေတြေပးဦးဗ်ာ ”

“ေအးေအး အေပၚက တေယာက္ေလာက္ ေခါင္းအုံးနဲ႔ ေစာင္ေပးလိုက္စမ္းေဟ့”

ဦးအုန္းထိုသို႔သာေျပာလိုက္သည္၊ ေမာင္ဘိုးထင္သည္ ဦးအုန္းအိမ္ႀကီးကို သေဘာက်ေနသည္ အိမ္ေရွ႕တြင္ အခန္းတခန္းသာ ကြၽန္းပ်ဥ္မ်ားႏွင့္ကာထားၿပီး က်န္ေသာ ေနရာက ဘုန္းႀကီးေက်ာင္းႀကီးပမာ ရွင္းလင္းေနသည္ ၊ သူစိတ္ထဲ အိမ္ထဲမွာ တခုခု လိုေနသည္ဟုေတြးေနစဥ္ ၊

“ဘုတ္ ဘုတ္ ”

ေစာင္ႏွင့္ ေခါင္းဦးက သူအနားက်လာၿပီး အိမ္ေရွ႕ခန္းက တံခါးမႀကီး ျပန္ပိတ္သြားသည္အသံသာ ၾကားရသည္ ၊ ေမာင္ဘိုးထင္စိတ္ထဲ သူအား ေခါင္း အုံး ႏွင့္ ေစာင္ကို ပစ္ေပးေသာ လူကိုမေက်နပ္ျဖစ္ကာ

“လူလိုေပးလို႔မရဘူး လားဗ် ထမင္းခူးေပးတာလဲ ခင္ဗ်ားမဟုတ္လား ”

ေမာင္ဘိုးထင္အခန္းႀကီးဘက္ ၾကည့္ၿပီး ေျပာလိုက္ကာ အိမ္ေထာင့္တြင္ လိပ္ထားေသာ ဖ်ာတခ်က္ကိုယူၿပီး အိမ္ေရွ႕ခန္းတြင္ ခင္းလိုက္ၿပီး အိပ္လိုက္သည္ ၊ အိပ္ရင္း ေဘးပတ္ဝန္းက်င္ကို ၾကည့္လိုက္ၿပီး

“ေအာ္သိၿပီ ဘုရားစင္ မရွိဘူးပဲ ငါ့စိတ္ထဲ တခုခု လိုပါတယ္ထင္ေနတာ ”

သူ၏မွ်သာေတြးလိုက္သည္ ၊ သူေတြးေတာေနစဥ္ အိမ္ေအာင္မွ ရွိေသာ ဦးအုန္း၏ အသံေပၚလာျပန္သည္

“ေကာင္ေလး ေျခေထာက္ေတြ ေညာင္းေနေသးလားကြ”

“ေညာင္းတာေပါ့ဗ်ာ ဘယ္လိုေျပာလိုက္ပါလိမ့္”

“ေအးေအး ေညာင္းရင္လည္း မင္းတိုင္းမင္းေခၚၿပီး ႏွိပ္ခိုင္းကြာ”

“ဘယ္ကို သြားေခၚရမွာလဲ ဗ်ာ ”

“ဟဲ့ေကာင္မေတြ ငါ့ကို ႏွိပ္ေပးစမ္း ဦးအုန္းကႏွိပ္ေပးခိုင္းတာလို႔ေျပာကြာ ”

“ဟာ အားနာစရာဗ်ာ ”

“အားနာမေနနဲ႔ အဲ့ေကာင္မေတြအတြက္ ငါေငြေတာ္ေတာ္ ကုန္ထားတာ ”

“ေအးဗ်ာ အားနာတာက မ်က္ႏွာက ဦးအုန္းေရအဲ့‌ဒီ‌ေတာ့ မ်က္ႏွာမျမင္ေအာင္ ပုဆိုးေလး မ်က္ႏွာ အုပ္ထားလိုက္မယ္ ဗ်ာ ”

“တကယ္ေကာင္ေလး ေပါက္ေပါက္ရွာရွာ ဟားးဟားး”

ဦးအုန္းသည္ ေမာင္ဘိုးထင္၏ စကားကို သေဘာက်စြာ ရယ္ေမာေနပါေတာ့သည္ ။ေမာင္ဘိုးထင္သည္က သူေျပာသလိုပင္ ပုဆိုးထုပ္ေလးကို ျဖည္လိုက္ၿပီး ပုဆိုးတထည္ကို ယူကာ ပတ္လ အိပ္လိုက္ၿပီးသူ၏ မ်က္ႏွာေပၚ‌တင္ထားလိုက္ကာ ပါးစပ္မွလည္း

“ဟဲ့ေကာင္မေတြ ငါ့ေျခေထာက္ကို လာႏွိပ္ေပးစမ္း ”

သူအနားတေယာက္မွမလာပါ ထို႔ေၾကာင့္ ေမာင္ဘိုးထင္ ေနာက္ထပ္ေျပာလိုက္၏

“လာႏွိပ္ၾကဟ ဦးအုန္းႏွိပ္ခိုင္းတာေနာ္ ”

ေမာင္ဘိုးထင္ထိုသို႔ေျပာလိုက္မွ အိမ္ႀကီးထဲ၌တခန္းထဲရွိေသာ အခန္းမွ တံခါးမႀကီးပြင့္သံၾကားၿပီးေနာက္ သူအနားလမ္းေလွ်ာက္လာေနသည္ ေျခသံကိုပါၾကားရၿပီး ေမာင္ဘိုးထင္၏ ေျခေထာက္ကို ႏွိပ္ေပးေနေလေတာ့သည္ ၊ ေမာင္ဘိုးထင္သည္ သူအားႏွိပ္ေပးေနေသာသူအား

“ခင္ဗ်ား လက္ႀကီးကလည္း ၾကမ္းလိုက္တာ မိန္းကေလးေကာ ဟုတ္လား ”

ေမာင္ဘိုးထင္စကားေျပာလိုက္ေပမဲ့ သူ.အားႏွိပ္ေပးေနေသာ သူမွ ဘာမွျပန္မေျပာ

“ေတာ္ေတာ္ ေစတနာမပါရင္ မႏွိပ္ပါနဲ႔ ‌”

ေမာင္ဘိုးထင္ထိုသို႔ေျပာၿပီး မ်က္ႏွာမွာ အုပ္ထားေသာပုဆိုးကို ခြာလိုက္ကာ ႏွိပ္ေပးေနသူအားၾကည့္လိုက္သည္ ၊ ဆံပင္ရွည္ႀကီးမွာ စုတ္ဖြားေနပၿပီး အမဲေရာင္ ထမိန္ႀကီးကို ရင္ရွားထားကာ ေသြးေရာင္မရွိေသာ မ်က္ႏွာမွာ မ်က္လုံးေနရာကမဲနက္ေနကာ ပါးစပ္ေနရာ ကို အပ္ခ်ည္ႀကိဳးျဖစ္တြဲခ်ဳပ္ထားေသာ သရဲတေကာင္ကို ေတြ႕လိုက္ရာ

“ဟ သရဲမႀကီးဟ ”

ေမာင္ဘိုးထင္၏ စကားသံကို ၾကားေသာအခါ ဦးအုန္းမွ အိမ္ေအာက္ကေန လွမ္းေအာ္လိုက္သသည္

“ေကာင္ေလး လန႔္သြားၿပီလားကြ”

“ဦးအုန္း ခင္ဗ်ား က်ဳပ္စားမဲ့ ထမင္းကို ဒီဟာႀကီးကို ခူးခိုင္းတာလားဗ်”

“ဟုတ္တယ္ေလကြ’

“ထြီး ထြီး ေတာ္ေတာ္ဆိုးတဲ့ ဘိုးေတာ္ဦးအုန္းဗ်ာ ေနာက္တခါမလုပ္ခိုင္းနဲ႔ ႐ြံလိုက္တာ ဗ်ာ ”

ေၾကာက္လန႔္ရမည္အစား ႐ြံရွာေနေသာ ေမာင္ဘိုးထင္၏ ေျပာစကားကို ၾကားၿပီးေနာက္ ဦးအုန္း သေဘာက်စြာ တဟားဟားရယ္ေမာေနပါေတာ့သည္။

▪️အခန္း-၄

ေမာင္ဘိုးထင္ ဦးအုန္း အိမ္သို႔ေရာက္တာ တပတ္မွ်ၾကာသြားၿပီျဖစ္၏ ၊ ေပပင္႐ြာသူ႐ြာသား မ်ားသည္က အံ့ဩစရာေကာင္းသည္။ ဦးအုန္း ေအာက္လမ္း ပညာသည္ဆိုတာသိသည္ သို႔ေပမဲ့ ခြဲျခားဆက္ဆံခ်င္း မရွိပါ ေၾကာက္႐ြံ႕ေနသည္လည္း မဟုတ္ပါ ၊ ဦးအုန္း၏ စည္ႏွင့္ ကမ္းႏွင့္ ပညာကို အသုံးခ်မႈေၾကာင့္လည္းပါမည္ထင္သည္ ၊ ဦးအုန္းသည္ သူအား အေတာ္မခံမရပ္ႏိုင္ျဖစ္ေသာ ကိစၥမ်ားျဖစ္မွ ေပ‌ပင္႐ြာသားမ်ားကို ေအာက္လမ္းအတက္ႏွင့္ တိုက္တက္သည္ ၊ ေသဆုံးေအာင္ေတာ့ ဦးအုန္းမလုပ္ေပ ၊ ဦးအုန္းသည္ ေမာင္ဘိုးထင္အား အေတာ္ေလးဂ႐ုစိုက္သည္ ၊ ေမာင္ဘိုးထင္သည္လည္း အလိုက္သိသည္ လယ္ထဲ ကို အလုပ္လုပ္ရမည္လားဟုေမးသည္ ဦးအုန္းက မလုပ္ခိုင္းေပ ထို႔အတြက္ေၾကာင့္ ေမာင္ဘိုးထင္သည္ ထမင္းခ်က္ဟင္းခ်က္ လုပ္ေပးသည္ ဦးအုန္းခိုင္းသမွ်ကိုလည္း သြပ္လက္စြာလုပ္ေပးတက္သည္ ၊ အလိုက္သိတက္ေသာ ေမာင္ဘိုးထင္အား ဦးအုန္းသည္ သားအရင္းလို ခ်စ္ခင္ေနၿပီျဖစ္သည္ ၊ ေပါင္းတက္သင္းတက္ေသာ ေမာင္ဘိုးထင္သည္ ေပပင္႐ြာကိုေရာက္တာ တလပဲ ရွိေပမဲ့ အေပါင္းသင္မ်ားရေနၿပီျဖစ္သည္ ၊ ယခုလည္း ေမာင္ဘိုးထင္တို႔ ကေလးတသိုက္ ေလာက္စလံုးလွိမ့္ေနၾကသည္၊

“ငါက ေခါင္ပဲ စားမွကြ ဘိုးဘိုးႀကီးရဲ႕ လက္ဘယ္ေလာက္ေျဖာင့္လဲၾကည့္”

လူငယ္တေယာက္သည္ ေလာက္စလုံး တလုံးကို ကိုင္ၿပီး သူ႔ကိုသူ အမႊန္းတင္ကာ ပစ္လိုက္သည္ သူပစ္လိုက္ေသာ ေလာက္စလုံးသည္က အတန္းလိုက္ခ်ထားေသာ ေလာက္စာလုံးကို တလုံးမွ်မထိေသာအခါ

“ေလႀကီး တဲ့ ဖိုးေထြး ေခါင္မေျပာနဲ႔ ဘိတ္ေတာင္မထိဘူး ဘာဘိုးဘိုးႀကီးလဲ လက္ကန္းႀကီး ”

က်န္ေသာ ကေလးမ်ားႏွင့္ လူငယ္မ်ားက ဖိုးေထြးဟုေခၚေသာ အသက္ ဆယ္ငါးႏွစ္ေက်ာ္ လူငယ္ေလးကို ဝိုင္းစေနာက္ေနက်သည္ ၊ ထိုအခါ ‌ဖိုးေထြးသည္

“တခါတေလေတာ့လြဲမေပါ့ ပစ္တိုင္းေခါင္ၾကည့္မွန္ေနရင္ အင္းထဲက ႐ႊံ႕ေတြကုန္ၿပီး ငါအိမ္ေလာက္စလံုးအျဖစ္နဲ႔ရွိေနမွာေပါ့ကြ”

သူတို႔ရယ္လိုက္ေမာလိုက္ႏွင့္ ေလာက္စလုံး လွိမ္ေနသည့္ေနရာသို႔ ေမာင္ဘိုးထင္ေရာက္လာသည္ ထိုအခါ ေကာင္ေလးတခ်ိဳ႕က

“ဘိုးထင္ေရ မင္းေလာက္စလုံးဘယ္ေလာက္ပါလဲ ”

“တရာေလာက္ေတာ့ပါတယ္ကြ”

“ဆယ္လုံးေၾကးပစ္ေနတာ ပါမလား ဟိုကကို‌ဖိုးေထြး ႏိုင္ေနတာ အမ်ားႀကီးပဲ”

ဖိုးေထြးကို လက္ညႇိဳးထိုးၿပီးေျပာေသာအခါ ႐ြာလူႀကီးသားဖိုးေထြးသည့္ မိန႔္မိန႔္ႀကီးလုပ္၍ ဂုဏ္ယူဝင္ႂကြားေနၿပီး ေမာင္ဘိုးထင္အားၾကည့္ကာ

“ဘိုးထင္ ေရ မင္းငါ့ကို ေလာက္စာအလံုးတရာအလႉလုပ္ဦးမလား ”

“ကို‌ဖိုးေထြးကေတာ့ ေတာ့ ေလႀကီးတယ္ဗ်ာ ႏွစ္ဂြင္ ပစ္ၿပီးရင္ သံၿဂိဳလ္ထိုးမယ္ ေလာက္စလံုးေၾကး ”

“အဲ့တာေတာ့ သံၿဂိဳလ္က မပါလာဘူးကြ”

“ပါတယ္ ကစားၾကမလား”

“ငါမွလည္း ဒိုးသီးပါတယ္ကြ ”

“ဖိုးေထြး အႀကံအိုက္ေနသည္ သံၿဂိဳလ္ကြင္းကို မြတ္ေအာင္ပင္ သိမလွည့္တက္ေသာ ဖိုးေထြးရဲ႕ ႏိုင္ကြက္ကို ဘိုးထင္မွသိသည္၊ ထိုအခါ ေလႀကီးေသာ ဖိုးေထြးကိုအျမင္ကပ္ေသာ သူမ်ားက သူတို႔မွာပါေသာ သံၿဂိဳလ္ႏွင့္ ဒိုးသီးမ်ားကိုေပးလိုက္ၾကသည္ ၊ ဖိုးေထြးကို ဝိုင္းၾကည့္ေနေသာ လူငယ္မ်ားက

“ကို‌ဖိုးေထြး ဘိုးထင္ကိုေၾကာက္ေနတာလားဗ် ”

“ေၾကာက္စရာလား တဂြင္ေလာက္စလုံး ဘယ္ေလာက္ေၾကးလဲ ”

ဘိုးထင္သည္ အိတ္ထဲမွ ေလာက္စလုံးကို ၾကည့္ကာ တဂြင္ ေလာက္စလံုးငါးဆယ္ေၾကးဗ် ဘယ္လိုလဲ ေလာက္စလံုးႏွစ္ဂြင္ လွိမ့္ဦးမလား ”

“မလွိမ့္ဘူး သံၿဂိဳလ္ပဲထိုးမယ္ ”

“ေကာင္းတယ္ဗ်ာ”

“သံၿဂိဳလ္က ဘယ္ႏွစ္ကြင္းလဲ တဖက္ဘယ္ႏွစ္ေယာက္လဲ ”

“ကို ဖိုးေထြ စိတ္ႀကိဳက္လုပ္ဗ်ာ ”

“ၿပီးတာပဲ ငါ စည္းတားမယ္ ”

ဖိုးေထြးသည္ ဆယ္ငါးေပမွ် အကြာကိုေ႐ြးလိုက္ၿပီး ႏွီးတုတ္ တခုႏွင့္ ဒိုးသီးထားမည့္ေနရာကို စက္ဝိုင္းဝိုင္းလိုက္သည္ တဖက္ႏွင့္ တဖက္ အကြာေဝးညီေစရန္ တိုင္းရသည္ စိတ္မွန္းႏွင့္ဆို သူဘက္ကက်ယ္သည္ ငါ့ဘက္ကစိပ္သည္ႏွင့္ ျငင္းခံုရေသာေၾကာင့္ ႏွီးသို႔မဟုတ္ သစ္ကိုင္းတခုႏွင့္ အတိုင္းအထြာလုပ္ရသည္ ၊

ဒိုးသီးမ်ားကို တဖက္ငါးခုထားလိုက္ၾကသည္ ေရွ႕ဆုံးမွ ဒိုးသီးကို ေခါင္ဟုေခၚၾကသည္ ၊ အလယ္ကဒိုးသီးကို ဗိုက္မႀကီးဟုေခၚျပန္ကာ ေဘးတဖက္တခ်က္ကို နဘံဟုေခၚၿပီး ဘယ္ဘက္မွ ဒိုးကို ဘယ္နဘံ ညာဘက္မွ ဒိုးကို ညာနဘံဟုေခၚတြင္ၾကသည္ အေနာက္ဆုံးက ဒိုးသီးကို လည္း ေနာက္ၿမီးဟုေခၚသည္ ၊ ဒိုးသီးငါးခုလုံးကို သံၿဂိဳလ္ဟုေခၚေသာ သံကြင္းေလးမ်ားျဖစ္ အကုန္မွန္ေအာင္ ပစ္ႏိုင္သည္ ဘက္က အႏိုင္ရသည္ ၊ သံၿဂိဳလ္ထိုးရ၌ စည္းကမ္းေလးမ်ားရွိေသးသည္ ၊ ေပါက္မရဆိုသည့္ စည္းကမ္းျဖစ္သည္ ေခါင္ဟုေခၚေသာ ဒိုး၏ ေနာင္သို႔ ေျမႇာက္ၿပီးက်လာေသာ သံၿဂိဳလ္မွ ဒိုးမ်ားကို ထိမွန္က မရေပ ေပါက္က်သည္ဟုေခၚၾကသည္ ။ နဘံ ႏွစ္ဘက္က်န္က ေပါက္ပစ္လို႔ရသလို႔ ဒိုးတခုတည္းရွိရင္လည္း ေပါက္ပစ္လို႔ရသည္ ေပါက္ဆိုသည္မွ သံၿဂိဳလ္ကို လွည့္ၿပီး တည့္တည့္က်ေအာင္ပစ္ခ်င္းကိုဆိုသည္။ ေက်းလက္ေတာ႐ြာမ်ားတြင္ေတာ့ ဤ ကစားနည္းသည္ ကေလး၊လူႀကီး၊လူ႐ြယ္ ၊လူငယ္ မေ႐ြးကစားၾက၏ ။ ယခုလည္း ေမာင္ဘိုးထင္တို႔ ေလာက္စလံုးေၾကးသံၿဂိဳလ္ထိုးေနၾကသည္ ၊ ဘိုးထင္က ေပါက္ပစ္ရမွာေတာ္သည္ ၊ ဖိုးေထြး ဘက္မွ ႏွစ္ေယာက္ ဘိုးထင္ဘက္မွ ႏွစ္‌ေယာက္ တဖက္တခ်က္ ယွဥ္ၿပိဳင္ေနၾကသည္ သံၿဂိဳလ္မ်ားကို တားႏိုင္ရန္ ဒိုးမ်ားေနာက္တြင္ သစ္သားတုံးေလးမ်ားခံထားၾကသည္ ၊ ယခု ကေလးမ်ား လူငယ္မ်ား ကစားေနၾကသည္ သူတို႔ကစားၿပီးေသာအခါ လူ႐ြယ္လူႀကီးမ်ား ေန႔လယ္ေန႔ခင္း ကစားၾကသည္မွာ ေန႔တိုင္းလိုပင္ျဖစ္သည္ ။

“ကိုဖိုးေထြး ခင္ဗ်ားသံၿဂိဳလ္ႀကီးက ဂလန႔္ဂလန႔္ႀကီးေနာ္ မလည္ဘူး မလည္ရင္ ဒိုးမေပးဘူးေနာ္ ”

“ဟုတ္တယ္ ဖိုးေထြ သံၿဂိဳလ္ကို လည္ေအာင္ထိုးဟ ”

ဘိုးထင္တို႔သည္ သံၿဂိဳလ္ကို တဖက္ႏွင့္ တဖက္ ကိုယ္ရည္ေသြးသည့္ စကားမ်ား ေျပာၿပီး ထိုးေနၾကသည္။

“ၾကည့္ထား ၾကည့္ထား ဒါညာကန႔္ေလး ”

“ဟာ တကယ္ အကန႔္ဝင္သြားတယ္ဟာ ”

“ျပန္ၾကည့္ထား ဒီဟာ တန္းထိုးလို႔ေခၚတယ္ ”

“တန္းထိုးက ၿဂိဳလ္မလည္ဘူး မေပးဘူး မေပးဘူး ”

“မညစ္နဲ႔ ဘိုးထင္ရ ငါကဒီတိုင္း ပဲထိုးတက္တာ ”

“မရဘူး ေလာက္စလံုးေၾကး ကစားေနတာ မေပးႏိုင္ဘူး ကို‌ဖိုးေထြး”

“ေအးကြာ မေပးနဲ႔ ျပန္စိုက္ ”

“ကိုဖိုးေထြး ၾကည့္ထား နဘံေလးကို ေပါက္ျပမယ္ ”

“ၾကည့္ထားဒါက ညာကန႔္ေလး ”

“‌ေရာ့ဒီမွာ ေပါက္ေလးထုျပမယ္ ”

“ဆက္ၾကည့္ထား ဒီဟာက တံပိုးႀကီးလို႔ေခၚတယ္ ”

ဘိုးထင္၏ အသံကစာေနသည္ သူေျပာတဲ့အတိုင္းအကုန္ဟုတ္ေန၍ ဖိုးေထြး မ်က္ႏွာ သုံမႈန္ေနသည္ တပြဲရႈံး မေက်နပ္ ဖိုးေထြး ထပ္စိန္ေခၚႏွင့္ ဖိုးေထြးေလာက္စလံုးလွိမ့္ရမွာ ႏိုင္ထားေသာ ေလာက္စလံုးေလးမ်ားကုန္ၿပီျဖစ္သည္။ ထိုအခါဖိုးေထြးသည္ ဘိုးထင္အား

“ကုန္ၿပီ ဘိုးထင္ ငါ့ကို ႏွစ္ဆယ္ေလာက္ျပန္ေပးဦး ႏြားေက်ာင္းရင္ ႏြားေျခာက္ဖို႔ ”

“ရပါတယ္ ေရာ့သုံးဆယ္ ”

လူငယ္မ်ားသည္ ကစားေနတုန္းသာ တေယာက္နဲ႔ တေယာက္ မခံခ်င္ေအာင္ေျပာခ်င္းျဖစ္သည္ ၊ ၿပီးရင္လည္း တည့္ေနၾကၿမဲျဖစ္သည္။ ငွက္ပစ္လည္း အဖြဲ႕လိုက္ ႂကြက္ေထာင္လည္း အဖြဲ႕လိုက္မို႔ ဘိုးထင္ ေပပင္႐ြာမွာေပ်ာ္ေနသည္ ၊ သစ္ဆိမ့္႐ြာမွာက တေယာက္ထဲ အထီးက်န္ခဲ့ သမွ် ေပပင္႐ြာမွ အေဖာ္အ‌ေပါင္းမ်ားႏွင့္ေပ်ာ္႐ႊင္ေနရာ စပါးေပးၿပီး သူ႔အားေခၚထားေသာ ဦးအုန္းကို စိတ္ထဲမွ အေတာ္ကို ေက်းဇူးတင္ေနမိသည္ ၊

*ေဟ့ေကာင္ေတြ ေနာက္ ငါးရက္ဆို ဘုံကထိန္ေနာ္ မင္းတို႔ေတြ လာခဲၾက ဘိုးထင္ မင္းလည္းလာခဲ့ မင္းတို႔အိမ္ေတာ့ လာမေခၚရဲဘူး ”

“စိတ္ခ်ပါ ကိုသာေအးရာ ”

ေလာက္စလံုးရႈံးထားေသာ ဖိုးေထြးမွ ဘိုးထင္ ပုခုံးကိုပုတ္လိုက္ၿပီး

“ဘိူထင္ေလး မင္းသံၿဂိဳလ္ထိုးရမွာ သာ ႏိုင္ရင္ ႏိုင္မယ္ ႐ြာက ေကာင္မေလးေတြကို ငါ့ကို အေလးေပးတာေတာ့ မင္းမႏိုင္ဘူးမဟုတ္လား ”

“စိတ္မဝင္စားဘူး က်ဳပ္က ခုမွ ဆယ္သုံးႏွစ္ထဲ ဝင္တုန္းကို ”

“ကထိန္ေန႔ၾက မင္းငါ့ကိုအားက်ေနမွာပါကြာ”

ဤသို႔ ႏွင့္ တေယာက္ကို တေယာက္ စလိုက္ ေနာက္လိုက္ႏွင့္ အသက္ ၁၆ ႏွစ္ ႏွင့္ အသက္ ၁၀ ႏွစ္အတြင္းမွ ကေလးမ်ားရဲ႕ ကစားပြဲသည္က ယေန႔အတြက္ ၿပီးဆုံးေလၿပီျဖစ္ေတာ့သည္။

▪️အခန္း-၅

ေပပင္႐ြာ၏ စုေပါင္းဘုံကထိန္ အဝင္ေန႔သို႔ ေရာက္ရွိလာၿပီျဖစ္သည္ ဘုံကထိန္ကို ဘုန္းႀကီးေက်ာင္းႏွင့္ အတန္လွမ္းေသာ ႐ြာ၏ မူလတန္းစာသင္ေက်ာင္း တြင္လုပ္ၾကသည္ ၊ ဘိုးထင္လည္း ႐ြာစာသင္ေက်ာင္းသို႔ အေပါင္အသင္းမ်ားႏွင့္ သြားေနၾကသည္ ၊ ကထိန္တြင္ အဝင္ေန႔သည္လည္း ထမင္းေကြၽးသည္ ဝက္သားႏွင့္ အခ်ဥ္ရည္ င႐ုတ္သီးေၾကာ္ ေကြၽးၾက၍ ဘိုးထင္တို႔ ကေလးမက် လူငယ္မက်မ်ားအဖို႔ ဟန္ေဆာင္မႉမရွိ အားရပါးရေလြေနၾကသည္ ၊ ႐ြာမွာ ရွိေသာ ကာလသား ကာလသမီးေလး မ်ားက ေယာက္ခ်ိဳကိုကိုင္ထားၿပီး ခ်ိဳင့္ႀကီးမ်ားကို လက္တဖက္ကစြဲက ဟင္းရည္လိုက္သူမ်ားက ကာလသားေလးမ်ားျဖစ္ၿပီး ထမင္းပန္းကမ်ား င႐ုတ္သီးေၾကာ္ႏွင့္ ဝက္သားဟင္းလိုက္ေပးသူမ်ားထဲမွာ ကာလသမီးမ်ားပါပါသည္ ဖိုးေထြးသည္ ကေလးသာသာ ေလးမို႔ ဘာမွမလုပ္ ဘိုးထင္တို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္ထမင္းစားေန၏ သူအား ႐ြာထဲမွ ကာလသမီး ကညာပ်ိဳေလးမ်ားက ေတာသားေပမဲ့ ႐ုပ္ေျဖာင္ၿပီး လူႀကီးသား ျဖစ္ေန၍ ဝက္သားဟင္းပန္းကန္ထဲမွ အသားေလးမ်ားေ႐ြးကာ

“ေမာင္ေလး စား ေနာ္ အသားပဲစား ”

“ေမာင္ေလး ထမင္းလိုေသးလား ဝေအာင္စားေနာ္ ”

“ေမာင္ေလး င႐ုတ္သီးေၾကာ္က စပ္လို႔မစားႏိုင္ရင္ ငါးေျခာက္ဖက္ေလးေတြပဲ ေ႐ြးစားေနာ္ ”

“ေမာင္ေလး ေအာ္…စပ္ကုန္ပါၿပီ ခင္ေဝတို႔ ေရေလးခပ္ခဲ့ပါကြယ္ ”

ဖိုး‌‌ေထြးအား အသဲပိုေနၾကေသာ ႐ြာမွမိန္ပ်ိဳေလးမ်ားက ေမာင္ဘိုထင္တို႔ကိုေတာ့ ရွိေလသည္ဟုပင္မထင္ တျခား‌ေကာင္‌ေလးမ်ာ၏ စိတ္ထဲဘာမွမျဖစ္ေပမဲ့ ေမးေငါ့ျပလိုက္ မ်က္စာ ပစ္ျပလိုက္လုပ္ေနေသာ ဖိုးေခြးေၾကာင့္ အေတာ္ပင္ ဘိုးထင္စိတ္ထဲ တြင္ ကသိကေအာက္ျဖစ္‌ေနရသည္။ ထမင္းစားၿပီး၍ အိမ္သို႔ျပန္ေနစဥ္ ဖိုးေထြးအေနာက္မွ လိုက္လာၿပီး

“ဘိုးထင္ ဒီတခုေတာ့ မင္းငါ့ကို မမွီေတာ့ဘူးမဟုတ္လား ဆယ္ႏွစ္ ဆယ္ႏွစ္ႀကိဳးစား ”

ေမာင္ဘိုးထင္သည္ ဖိုးေထြးကိုေသခ်ာၾကည့္ကာ

“ဆယ္ ႏွစ္မဟုတ္ဘူး မနက္ျဖန္ အဲ့ ကာလသမီးေတြ က်ဳပ္ကို ဂ႐ုစိုက္‌ေစရမယ္ ၾကည့္ထား ”

“ဘိုးထင္ အိပ္မက္ မက္လိုက္ဦးကြာ ”

“မနက္ျဖန္မွ ေတြ႕ၾကတာေပါ့ဗ်ာ ”

ေမာင္ဘိုးထင္ စိတ္တိုတိုႏွင့္ အိမ္သို႔ျပန္လာလိုက္သည္ ၊ အိမ္ေအာက္တြင္ေတာ့ ဦးအုန္းသည္ ကြမ္းကို ဝါးၿပီးထိုင္ေနရာ ေမာင္ဘိုးထင္ ဦးအုန္းအနားသြားထိုင္လိုက္ၿပီး

“အဘ ”

“ဟ ေကာင္ေလး လူမ်ားလြဲေနသလား ”

“ဘာလို႔တုန္းဗ် ”

“မင္းက ဦးအုန္းလို႔ေခၚတာပါ အခုမွ အဘ ဘယ္လို ျဖစ္ရတာလဲ ”

“အဘ လို႔ပဲေခၚမယ္ဗ်ာ အဘက က်ေနာ့္ အေဖရင္း ထက္အမ်ားႀကီးေကာင္းတယ္ ”

“ေခၚခ်င္သလိုသာ ေခၚပါကြာ ”

“က်ဳပ္က အဘလို႔ေခၚၿပီးဆိုေတာ့ က်ဳပ္ကို တခုကူညီ ”

“ေဟ့ အဆန္းပါလား ေျပာဘာကူညီရမလဲ ”

“က်ဳပ္ကို ႐ြာက ကာလသမီးေတြ အကုန္သ‌ေဘာက်ေအာင္လုပ္ေပးဗ်ာ ”

“ေဟ့ ေကာင္ေလးဘိုးထင္ မင္းဟာက တေယာက္ေတာင္မဟုတ္ပါလားဟ တကယ္ေကာင္ပဲ ”

“အဘက ေအာက္လမ္းတက္ေတာ့ လုပ္ႏိုင္တာ က်ဳပ္သိတယ္ လုပ္ေပးဗ်ာ “,

ဦးအုန္းေခတၱေတြးလိုက္သည္ ၿပီးေနာက္တခ်က္ၿပဳံးလိုက္ၿပီး

“လုပ္‌ေပးလို႔ရတယ္ အခက္အခဲ တခုေတာ့ရွိတယ္ ”

“ဘာအခက္အခဲ လဲအဘ ”

“မင္းငါ့ဆီ တပည္ခံၿပီး ဒီပညာေတြ လက္ဆင့္ကမ္းရင္ ငါအစီအရင္ လုပ္ေပးမယ္ ”

ေမာင္ဘိုးထင္ သိပ္ေတာင္ေတြးမေနေတာ့ပါပဲ

“လုပ္မယ္ဗ်ာ မနက္ျဖန္ ကထိန္ အမွီ ကာလသမီးေတြ သေဘာက်ေအာင္လုပ္ေပးေတာ့ ”

“ဒီေကာင္ တကယ့္ေကာင္ပဲ ကြ ဟား ဟား ”

ဦးအုန္းသေဘာက်စြာ ရယ္ေမာရင္း

“ေကာင္ေလး လိုက္ခဲ့ အိမ္ေပၚကို ”

“ဘာ လာပ္မလို႔လဲဗ်”

“ဟဲ့ေကာင္ မင္းပဲ အပ်ိဳေတြသေဘာက်ေအာင္လုပ္ေပးဆို ”

“,တကယ္လား ဝမ္းသာလိုက္တာ အဘရာ”

ေမာင္ဘိုးထင္ ဝမ္းသာအားရႏွင့္ ဦးအုန္းတက္သြားရာ အိမ္ႀကီးေပၚသို႔‌ေနာက္မွ တက္သြားပါေလ‌ေတာ့သည္။

▪️အခန္း-၆

ဦးအုန္းသည္ အိမ္ႀကီးေပၚမွ တခန္းထဲရွိေသာ အခန္းႀကီးတံခါးအားဖြင့္လိုက္ၿပီး ေမာင္ဘိုးထင္ကိုေခၚလိုက္သည္

“လာေကာင္ေလး မင္းက ငါ့တပည္ျဖစ္သြားၿပီဆိုေတာ့ ဒီအခန္းထဲ ဝင္ခြင့္ရသြားၿပီး”

ေမာင္ဘိုးထင္ အခန္းႀကီးထဲဝင္လိုက္သည္ အခန္းႀကီးသည္ တခါးမႀကီး တေပါက္သာ ပါေသာ အလုံပိတ္အခန္းႀကီးျဖစ္သည္ ၊ ကြၽန္းသစ္မ်ားျဖစ္ ပတ္လည္ လုံေအာင္ကာရန္ထားေသာေၾကာင့္ တံခါးမႀကီး ဖြင့္ထားေသာ ေနရာမွရေသာ အလင္းေရာင္ေလးသာရွိသည္ ၊ ဦးအုန္းသည္ ဖေယာင္းတိုင္ကို ထြန္းလိုက္ကာ တေပါက္ထဲရွိေသာ တံခါးကိုပိတ္လိုက္သည္ ၊ ဖေယာင္းတိုင္မီး၏ အလင္းေရာင္ေအာက္တြင္ ကုတင္တလုံးႏွင့္ ကုတင္ ေရွ႕တြင္ သစ္သားႏွင့္ ျပဳလုပ္ထားေသာ စင္ႀကီးရွိကာ စင္ေပၚတြင္ ရွိေသာ ပစၥည္းမ်ားကိုေတာ့ အနက္ေရာင္ ပိတ္စႀကီးျဖစ္အုပ္ထားသည္ ၊ ထိုေနာက္ ဦးအုန္းသည္ အခန္းထဲရွိေခါင္းရင္းရွိ သစ္သားစင္ေလးမွာ တင္ထားေသာ ေဆးမွင္ေၾကာင္စုတ္တံမ်ားအနက္ စုတ္တံရဲထိပ္တြင္ ဝတ္လစ္စလစ္ ႏွင့္ ဆံပင္ဖားခ်ားခ်ထားေသာ မိန္းမတ‌ေယာက္၏႐ုပ္ထုပါေသာ ေဆးမွင္ေၾကာင္စုတ္တံ အမဲႀကီးကို ယူလိုက္သည္

“အဘ အဲ့တာ ဘာႀကီးလဲဗ်”

“မင္းပဲ ေကာင္မေလးေတြ ခ်စ္တာ လိုခ်င္တယ္ ဆို ”

“သူတို႔သေဘာက်ရင္ ၿပီးတာပဲ ဗ်ာ လုပ္ခ်င္တာ လုပ္ ”

ဦးအုန္းသည္ ေမာင္ဘိုးထင္ကို တပလႅင္ေခြထိုင္ေစၿပီး ေနာက္ အမဲေရာင္ ပိတ္စႀကီးကို အနည္းငယ္ဖယ္က ထိုစင္ေပၚမွ အမဲေရာင္ ေဆးမွင္ကိုခြက္ေလးကိုယူလိုက္ၿပီး

“ကဲေကာင္ေလ အက်ႌခြၽတ္ နည္းနည္းနာမယ္ေနာ္ ”

“ရတယ္ ကာလသမီးေတြ သေဘာက်ရင္ၿပီးေရာ ”

ေမာင္ဘိုးထင္သည္ သူ၏ အက်ႌကိုခြၽတ္လိုက္ၿပီးေျပာလိုက္သည္ ၊

“ကဲ ငါဘက္လွည့္ ”

“ဟုတ္အဘ ”

“မင္း ဘယ္အ႐ြယ္ေတြကို သေဘာက်ေစခ်င္တာလဲ ေကာင္ေလး ”

“က်ဳပ္နဲ႔ မတိမ္းမယိမ္းေတြေပါ့ဗ်ာ ဟိုလူႀကီးသား ဖိုးေထြးထက္နည္းနည္းႀကီးတဲ့ အမေတြ”

“ေအာ္ ကညာေလးေတြကိုေပါ့ တကယ့္ေကာင္ ငါကလည္း ေအာက္လမ္းဆရာ မင္းက ငါတပည္ဆိုေတာ့ ကဲ မိုက္ၾကတာေပါ့ကြာ ”

ဦးအုန္းသည္ အမဲေရာင္ ဝစ္လစ္စလစ္ ႏွင့္ ဆံပင္ဖားလ်ား ခ်ထားေသာ အ႐ုပ္ပါသည္ စုတ္တံကို လက္ႏွစ္ဖက္ ႏွင့္ကိုင္လိုင္ၿပီး နဖူးမွာ တင္လိုက္ၿပီး ပါးစပ္မွလည္း မႏၲန္ တပုဒ္ကို ခပ္တိုးတိုး ေရ႐ြတ္လိုက္ၿပီး ေမာင္ဘိုးထင္၏ ရင္ဘက္ေပၚသို႔ ေဆးမွင္စထိုးလိုက္ေတာ့သည္ ၊ ကညာပိယ ဆိုေသာစကားလုံးေလးသာထိုးခ်င္းျဖစ္ေပမဲ့ ေမာင္ဘိုးထင္ အေတာ္ကို နာနာက်င္က်င္ခံစားလိုက္ရသည္ ၊ ေဆးမွင္ေၾကာင္ထိုးလို႔ၿပီးေသာ အခါ ဦးအုန္းသည္ ကြမ္းတယာကို ဝါးလိုက္ၿပီး ကြမ္းတံေတြးမ်ားျဖစ္ ေမာင္ဘိုးထင္၏ ရင္ဘက္မွ ေဆးမွင္ေၾကာင္ထိုးထား၍ ေဆးမ်ားေပေနေသာ ေနရာကို မႈတ္လိုက္ၿပီး

“ကဲ ကညာမွန္သမွ်တမ္းတမ္းစြဲေစေရာဟဲ့ ”

ထို႔ေနာက္ ကုတင္ေဘးမွ အမဲေရာင္ပိတ္စ တထည္ႏွင့္ ေပက်န္ေနသည္မ်ားကို သုပ္ေပးလိုက္‌ေသာအခါ ကညာပိယ ‌ဆိုသည့္ အမဲေရာင္ ေဆးမွင္ေၾကာင္ေလးက အထင္းသားေပၚေနပါသည္၊ ဦးအုန္းသည္ ထိုစာလုံးေလးကိုၾကည့္ၿပီး

“ကဲ ‌ငါတပည္ မင္းကေတာ့ ကညာေလးေတြရဲ႕ တမ္းတမ္းစြဲ ျဖစ္ၿပီသာမွတ္ ”

‌ဦးအုန္း၏စကားၾကားေသာအခါ ေမာင္ဘိုးထင္သည္ တခ်က္ၿပဳံးလိုက္ၿပီး စိတ္ထဲတြင္ေတာ့ ေတြ႕ၾကၿပီေပါ့ကိုဖိုးေထြးရာ ဟုေတြးေလပါေလေတာ့သည္။

▪️အခန္း-၇

ကထိန္ပြဲႀကီးေန႔သိုေရာက္ရွိလာၿပီျဖစ္သည္ ကာလသား ကာလသမီးမ်ားႏွင့္ ကေလးသူငယ္မ်ားသည္ အဝင္ေန႔က လိုမဟုတ္ အဝတ္အစား သစ္သစ္လြင္လြင္မ်ား ဝတ္စားထားၾကသည္ ထိုထဲတြင္ ေမာင္ဘိူးထင္လည္းပါ၏ ၊ ဦးအုန္းသည္ ကထိန္နီးလာကတည္းက ေမာင္ဘိုးထင္အတြက္ ပုဆိုးသစ္ အဝတ္အစားသစ္မ်ားဝယ္ေပးထားသည္၊ အဝတ္စားအသစ္မ်ား ဝတ္ထားၾကေပမဲ့ ေမာင္ဘိုးထင္တို႔သည္က ေလးဂြႏွင့္ ေလာက္စာထည့္ထားေသာ လြယ္အိတ္မ်ားအား မိဘမ်ား မယူခိုင္းသည့္ၾကားက ခိုးၿပီးယူလာၾကသည္ ၊ ဤသို႔ႏွင့္ ထမင္းစားခ်ိန္တြင္ ေမာင္ဘိုးထင္သည္ ဖိုးေထြ၏ မ်က္ႏွာခ်င္းဆိုင္ တြင္ မရမက လိုက္ထိုင္လိုက္ၿပီး

“ကိုဖိုးေထြး ဘယ္လိုလဲဗ် ”

“ဘာလဲကြ ဘိုးထင္ရ ”

“ေကာင္မေလးေတြ မလာေသးပါလားဗ် ”

“ပေဒသာပင္ ဘုန္းႀကီးေက်ာင္းလိုက္ပို႔ေနလို႔ေလ လာပါလိမ့္မယ္ ”

“သိၾကၿပီေပါ့ဗ်ာ ”

ယခုထမင္းေကြၽးေနေသာ သူမ်ားမွာ အသကါ၂၀ေက်ာ္ အပ်ိဳမ်ားျဖစ္ေန၍ ေမာင္ဘိုးထင္တို႔ ရဲ႕ ၿပိဳင္ပြဲသည္က အေျဖမေပၚခ်င္းျဖစ္သည္ ၊ သူတို႔ ထမင္း တပန္းကန္ ကုန္သြားခ်ိန္တြင္ ထမင္းေကြၽးေနေသာ အပ်ိဳမ်ားမွ ‌ေနာက္မွေရာက္လာေသာ ဆယ္ေက်ာ္သက္ပ်ိဳကညာေလးမ်ားကို ျမင္ေသာအခါ

“ကဲကဲ မိပုံ႔တို မီသဲတို႔ ညည္းတို႔ ထမင္းေကြၽးအလွည့္ေရာက္ၿပီး ငါတို႔ ေက်ာင္းေရွ႕ဘုရားသြားလိုက္ဦးမယ္ ”

ကာလသားႀကီးမ်ားကလည္း အပ်ိဳမ်ား ေနရာေ႐ြ႕သြားသည္ႏွင့္ သူတို႔၏ မ်က္လုံးမ်ားက အသက္၁၈ အထက္ လူငယ္ေလးမ်ားအား ထမင္းေကြၽးကူရန္ မ်က္ေစာင္းထိုးလာၾကရာ လူငယ္ေလးမ်ားသည္

“ခင္ဗ်ားႀကီးတို႔က အမ်ိဳးမ်ိဳးပဲ ခုဏက ေကြၽးကူမယ္ဆိုေတာ့ ျငင္းေနၿပီ ခုမွ လာခိုင္းေနတယ္ မလုပ္ဘူးဗ်ာ ”

“အဲ့လိုမလုပ္ပါနဲ႔ ညီေလးတို႔ရာ တလင္းေခါက္ရင္ေခၚမယ္ ကြာ မင္းတို႔ကို ၾကက္ကာလားသားနဲ႔ပါ ေကြၽးမယ္ကြာ ”

“တကယ္ေနာ္ ခင္ဗ်ားတို႔က ယုံရတာမဟုတ္ဘူး ‘

“တကယ္ပါကြာ ဟိုမွာ တျခား႐ြာက ဧည့္သည္ေတြ လာေနၿပီ ထမင္းပန္းကန္ခ် ဟ တို႔သြားၿပီ ”

လူပ်ိဳႀကီးမ်ားလည္း ႐ြာမွ အပ်ိဳမ်ားထြက္သြားရာ တ႐ုတ္စကားပန္းပြင့္ မ်ားရွိေသာ စာသင္ေက်ာင္းေရွ႕မွ ဘုရားေလးဆီသို႔ ထြက္သြားၾကေတာ့သည္။

“ေမာင္ေလးစားေနာ္ အသားေတြစား အ႐ိုးေတြ ပါရင္မစားနဲ႔ေနာ္ ”

“ဟိုထမင္းပန္းကန္သယ္လာတဲ့ ကိုမင္း ဒီကိုယူခဲ့ဦး”

“ဟိုမွာ ႐ြာလူႀကီးဝိုင္းပို႔ရမွာ ”

“နင့္႐ြာလူႀကီးက အေရးမႀကီးဘူး ေမာင္ေလး ထမင္းလိုက္ပြဲမရွိေတာ့ဘူး ၾကာပါတယ္ ေအးခင္ရယ္ နင္သြားယူလိုက္ ”

“ေအးေအး”

ေကာင္မေလးမ်ား တေယာက္ၿပီးတေယာက္ ေမာင္ဘိုးထင္ကို ဂ႐ုစိုက္ေနသည္ကို မေက်မခ်မ္းႏွင့္ ၾကည့္ေနသူမွာ ေမာင္ဘိုးထင္ႏွင့္ မ်က္ႏွာ ခ်င္းဆိုင္တြင္ ထမင္းစားေနေသာ ဖိုးေထြးျဖစ္သည္ ၊ ေမာင္ဘိုးထင္ေဘးမွ ရွိေသာ သူ၏သူငယ္ခ်င္းမ်ားႏွင့္ ထမင္းေကြၽးေနေသာ ကာလာသား ေပါက္စေလးမ်ားသည္ပင္ ေမာင္ဘိုးထင္ကိုၾကည့္ၿပီးေငးေနပါေလေတာ့သည္၊ ဤသို႔ႏွင့္ ေမာင္ဘိုးထင္သည္ ဖိုးေထြးကို အႏိုင္ယူလိုက္ကာ ၿပဳံးေပ်ာ္ေနေလပါေတာ့သည္။

▪️အခန္း-၈

ကထိန္ၿပီးသည္မွာ တပတ္ေက်ာ္ၿပီ ျဖစ္သည္ ယခု ေမာင္ဘိုးထင္ သည္ ဦးအုန္းေပါက္ေပးေသာ ပိယေဆးအစြမ္းက ဒုကၡေပးေနၿပီျဖစ္သည္ ၊ တျခားမည္သည့္စိတ္မွမရွိ ဖိုးေထြးကို ႏိုင္ခ်င္၍သာ လုပ္လိုက္ရသည္ကိစၥက အခု ေမာင္ဘိုးထင္ အေတာ္ကို ဒုကၡမ်ားေနရသည္ ၊ သူငယ္ခ်င္းမ်ားႏွင့္ ေလာက္စလံုးလွိမ့္ေနခ်ိန္ ကညာပ်ိဳေလးမ်ားေရာက္လာၿပီး

“ေမာင္ေလးဘိုးထင္ မမ တို႔ထင္းေခြသြားမွာ လိုက္ခဲ့ပါဦး”

“မလိုက္ခ်င္ဘူးဗ်ာ ကစားေနတယ္ ”

“မလိုက္လို႔မရဘူး ေနာ္ ”

ကညာပ်ိဳေလး မ်ားသည္ ထင္းေခြသြားရာ ေမာင္ဘိုးထင္ကို ေခၚသြားၿပီး အျပန္ ထင္စည္းမ်ားကို ေနာက္ဆို မမ ကို လုပ္ေကြၽးေနာ္ဟု ေျပာၾကကာ ထင္းမ်ားကိုကူသယ္ခိုင္းသည္ ၊

ဖိုးေထြးတို႔ ညေန သံၿဂိဳလ္ထိုးေနခ်ိန္ ႐ြာအလယ္ပိုင္း မွ ကညာပ်ိဳေလးမ်ားေရအိုးမ်ားႏွင့္ ေရာက္လာကာ ႐ြာထိပ္‌ဘုံေရတြင္းကို ေခၚသြားၿပီး မုန႔္မ်ားေကြၽးကာ ေရအိုးပင့္ခိုင္သည္ ေမာင္ဘိုးထင္ ဘုံတြင္းေဘးမွ အုတ္ခံုေပၚတက္၍ ေရအိုးပင့္ေပးေနရသည္ ၊ ႐ြာမွ ကာလာသားေပါက္စေလးမ်ားက ေမာင္ဘိုးထင္ကို ၿဂိဳလ္ၾကည့္ ၾကည့္လာရာ ဤ ဒုကၡကို မခံႏိုင္သည့္အဆုံး အိမ္သို႔ျပန္ေျပးသြားၿပီး

“အဘ အဘ”

“ဘာတုန္း ‌ေကာင္ေလးရ”

“က်ဳပ္ကိုထိုးေပးထားတဲ့ ေဆးျပန္ဖ်က္ေပးဗ်ာ ”

“မစြမ္းလို႔လားဟ ”

“စြမ္းလို႔ အစြမ္းလြန္ေနလို႔ဗ်ာ ”

“မဖ်က္ေပးဘူးကြာ မင္းကို ေငြေတာင္မယူပဲထိုးေပးထားတာ ”

“အဘ မဖ်က္ေပးရင္ က်ဳပ္႐ြာျပန္မွာေနာ္ ”

ထိုအခါမွ အုန္းသည္ ေမာင္ဘိုးထင္ ၏ ေခါင္းကို ပုတ္ၿပီး

“ဖ်က္ေပးမယ္ မင္း က ငါ့တပည္ေနာ္ ”

“ဟုတ္ပါတယ္ သိပါတယ္ဗ် အဲ့တာဆို မင္း နဲ႔ငါ ခရီးထြက္ရလိမ့္မယ္ ”

“ဗ်ာ ဘယ္‌ကိုလဲ အဘ ”

“မင္းတို႔ သစ္စိမ့္႐ြာေဘးက အင္ၾကင္း႐ြာသခ်ၤုင္းကိုေလ ”

“ဘာသြားလုပ္မွာလဲ အဘ ”

“မင္းကို မေကာင္းဆိုးဝါး ဖုတ္ ထုတ္တာနဲ႔ သရဲဘယ္လိုဖမ္းရတယ္ ဆိုတာ သင္ေပးမလို႔”

“ဗ်ာ ”

ေမာင္ဘိုးထင္သည္ ဦးအုန္း၏စကားကို အံ့ဩတႀကီးႏွင့္ ၾကည့္ေနစဥ္ ဦးအုန္းမွ ေမာင္ဘိုးထင္၏ ကညာပီယ ေဆးမွင္ေၾကာင္အစီအရင္ကို ဖ်က္ရန္ အိမ္ေပၚသို႔ ေခၚသြားပါေလေတာ့သည္။

▫️ေအာက္လမ္းဘိုးထင္ ႏွင့္ လက္ဦးဆရာ ဝတၳဳေလးက ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ လက္ေတြ႕သင္ခန္းစာ ဟူေသာ ဝတၳဳေလးအား တင္ဆက္ေပးပါမည္

📝ေမာင္တင္ဆန္း