” အောက်လမ်းဘိုးထင် နှင့် စုန်းရွာ “(စ/ဆုံး)

Unicode Version

” အောက်လမ်းဘိုးထင် နှင့် စုန်းရွာ “(စ/ဆုံး)
—————————————————

(၁၁)

▪️အခန်း-၁

ပေပင်ရွာကို ဓားပြတိုက်မိသော မောင်ဘိုးထင်တို့ ထိတ်တုံးမှ လွတ်လာပြီဖြစ်သည် ၊ ယခု ဦးအုန်း၏ အိမ်တွင် မောင်ဘိုးထင် အပါအဝင် သာရ နှင့် ဖိုးထွေးတို့ ထိုင်နေကြသည် ၊ ဦးအုန်း မှ လက်နောက်ပြစ်ပြီး သူတို့၏ ရှေ့တွင် ဩဝါဒချွေနေလေသည် ၊ ရှေ့ လျှောက်လိုက် နောက်လျှောက်လိုက် တရပ်စပ် စကားပြောနေသော ဦးအုန်းအား‌ မောင်ဘိုးထင်တို့ စောဒက မတက်ရဲ ငြိမ်၍သာ နေ‌ေနရသည်၊

“မင်းတို့ကို ငါပြောပါတယ် လူဆိုတာ ရှေ့ကြည့်နောက်ကြည့် လုပ်ရတယ် ကွ ”

“အဘ ဘာတွေ ပြောနေတာလဲ ဗျာ သူများတွေကြားရင် အဘ သိက္ခာကျနေတော့မှာပဲဗျာ ”

“ဟကောင်ရ ငါက ဘာပြောလို့လဲဟ ”

“အဘပဲ ရှေ့ကြည့်တွေကော နောက်ကြည့်တွေကော ရှက်စရာဗျာ”

“တခုခု လုပ်‌ေတာ့မယ် ဆို ရှေ့နောက်ကြည့်လုပ်လို့ပြောတာကွာ ”

“ကျုပ်လည်း အဲ့တာကို ရှက်တာ ဗျာ”

မောင်ဘိုးထင် နှင့် ဦးအုန်း တိုင်ပတ်နေချေပြီဖြစ်၏ ၊ ထိုအချိန် ဦးအုန်း၏ အိမ်ဝိုင်းထဲသို့ သာအေးနှင့် ပေတူးရောက်လာပြန်သည် ၊ သူတို့၏ လွယ်အိတ်များမှ ဖောင်းကား နေလေရာ ဦးအုန်းမှ လှမ်းပြီး‌ေမးလိုက်တော့သည်

“ဟေ့သာအေး မင်းတို့တွေ ဘာလာလုပ်တာလဲ လွယ် အိတ်တွေ လည်း ဖောင်းကားလို့ပါလား ဘာတွေ ထည့်လာတာလဲ ”

“ပုဆိုးနဲ့ အင်္ကျီတွေပါ ဘကြီးအုန်းရာ ကျုပ်တို့လည်း ဘိုးထင်တို့ နောက်လိုက်မလို့ဗျ”

“မင်းတို့ မိဘတွေကိုကော ပြောပြီးလားဟ ”

“ပြောပြီးပါပြီဗျ ပြန်မလာလည်း ရတယ်လို့တောင် ပြောသေးတယ် ”

“ဟေ့ ဟေ့ ကောင်တွေ မပြန်လို့တော့ မရဘူးနော် ပြန်ကို ပြန်ရမယ် ”

“အင်းပါဗျာ အဲ့တာဆို ကျုပ်တို့က ဘိုးထင်နောက် လိုက်လို့ရပြီလား”

“ရပြီ ”

ဤသို့နှင့် မောင်ဘိုးထင်တို့ ခရီးသွားဖို့တိုင်ပင်ကြလေတော့သည် ၊ မောင်ဘိုးထင်တို့ အဖွဲ့သွားရမည့် နေရာမှာ အလယ်ရိုးမ တောင်တန်းကြီးပေါ်ရှိ ကျားဆိုး ရွာကို ဖြစ်သည်၊ ကျားဆိုးရွာ လူကြီးထံမှ တောင်ဝှေးတချောင်း သွားယူရမည်ဖြစ်သည် ၊ ထိုရွာကို သွားရမှာ ရက်အတန်ကြာသွားရမည် ဖြစ်သဖြစ် ဆန် ဆီ ဆား အစုံကို တောင်းများနှင့်ထည့်ပြီး နှစ်ယောက် ချိုထမ်းရမည်ဖြစ်သည် သူတို့တွေ ခရီးသွားရမှာ အဆင်ပြေစေရန် ဦးအုန်းသည် အစစ အရာရာ သင်ပြပြောဆိုနေပြီး လိုအပ်သည်များကို စီစဉ်ပေးနေပါလေတော့သည်။

▪️အခန်း-၂

မောင်ဘိုးထင်တို့ အဖွဲ့ ခရီးစတင် ထွက်လာရာ ပေပင်ရွာနှင့်အတော် လှမ်းနေပြီဖြစ်သည် ၊ သစ်ရိပ်သစ်ပင်များရှိသော တောစပ်တွင် ခဏ နားလိုက်ကြကာ ထမင်းချက်ပြုတ်ရန်ပြင်ဆင်ကြလေသည် ၊ ရေခပ်ရမည်မှာ ဖိုးထွေးနှင့် သာအေးတာဝန်ဖြစ်ပြီး သာရမှ နားနေမည် သစ်ပင်ရိပ်မှာ မီး‌ေမွှးပြီး ထမင်းချက်ရန် တာဝန်ယူရသည်။ မောင်ဘိုးထင် နှင့် ပေတူးသည်က ဟင်းစား ရှာရမည်ဖြစ်သည် ယခုတွင်တော့ မောင်ဘိုးထင် နှင့် ပေတူး လွယ်အိတ်ကိုယ်စီ လွယ်လို့ တောထဲ ဝင်သွားကြတော့သည်။

“ပေတူးရေ တောကြက်ရရင်တော့ ကောင်းသားဟ”

“တောကြက်မရလည်း ငှက်လောက်ဆို အဆင်ပြေပါတယ်ကွာ ”

“ရတာပေါ့ ပေတူးရာ လာလာ ဒီတောထဲက လူတယောက်မှ ဝင် ပုံ မပေါ်ဘူးဟ ”

ထိုချိန် ပေတူးသည် လေသံတိုးတိုးဖြစ် မောင်ဘိုးထင်အားစကားဆိုလေသည်

“ဟို ဟို မှ တောက်ကြက်ဖ မဟုတ်လား ဘိုးထင် ”

“အေးအေး ငါပစ်လိုက်မယ် ”

မောင်ဘိူးထင်သည် လေးဂွကို လွယ်အိတ်ထဲ မှ ထုတ်ပြီး တောကြက်ဖ တကောင်အား အသေအချာ ချိန်ရွယ်၍ ပစ်လိုက်ရာ တောကြက်ဖ ၏ ဦးခေါင်းအား တည့်မှတ်စွာ ထိမှန်ပြီး တောင်ပန် တဖျက်ဖျက်ခက်ကာ လူးလွန့်နေလေသည် ထိုအချင်းအရာကို ရှင်းလင်းစွာ မြင်ရသော ပေတူးမှ

“ဟ ထိသွားပြီဟ လာလာသွားကောက်ရအောင်”

“သွားကောက် ကွာ ပေတူး”

“မင်းကော လိုက်ခဲ့ လေကွာ ”

“ငါက ပစ်တဲ့ကောက်ကွ ငါကဆရာ မင်းက ငါပစ်တာသာ နောက်က လိုက်ကောက် ကြားလား ”

“အေးပေါ့ကွာ ‌တောကြက်တကောင် မှန်ထားတယ် ဆိုတော့လည်း ပြောအားရှိတာပေါ့ ဒီမှာ စောင့် ”

ပေးတူသည် တဖျက်ဖျက် တောင်ပန်ခက်ပြီးလူးလွန့်နေသည့် တောကြက်ဖအား သွားကောက်ရန် ထွက်သ‌ွားတော့သည် ၊ ပေတူး သည် အကျောဆွဲနေသော တောကြက်ဖကြီးနား အရောက် ခြေထောက်ကို ဆွဲယူရန် ဟန်ပြင်လိုက်စဉ်

“ဖလပ် ဖလပ် အောက်အီးအီးအွတ်”

ပေးတူးလန့်ဖျတ်ကာ မောင်ဘိုးထင် အနားပြန်ပြေးလာသည် ၊ အကြောဆွဲနေသော တောကြက်ဖကြီးမှ ပေတူး အနားရောက်သည် နှင့် ချက်ချင်း အကောင်းပကတိ ပြန်ဖြစ်ကာ တွန်ပါ‌တွန်နေသောကြောင့် ပေတူး လန့်ရချင်းဖြစ်သည် ၊ ထိုအချင်းအရာကို အလုံးစုံမြင်သော မောင်ဘိုးထင်သည် ‌ငေးကြောင်နေရာမှ သတိရကာ

“ပေတူး ထူးတော့ထူးတယ်ဟာ ”

“မင်းပြောမှလား ငါလည်းထူးတာ သိတယ် တို့ကို သရဲများ ခြောက်နေတာလား ”

“အေး ဒီနေရာက လူအရောက်အပေါက်နည်း ကတည်းက ငါသိသင့်တာ ကဲကဲ သွားကြရအောင်ဟေ့ ”

မောင်ဘိုးထင် နှင့် ပေတူးသည် ထိုတောထဲ မှ ထွက်လာပြီး တခြားနေရာတွင် ငှက်များ ကိုလိုက်ပစ်ပေမဲ့ တကောင်မှ မရပေ အချိန်လည်း မရှိတော့သည်မို့ ချိုထဲ တွင် ရှိသော ကန်စွန်းရွက်များ ဒရင်ကောက် ညွှန့်များ ဇရစ်ရိုးများကိုသာ ချိုးပြီး ပြန်ခဲ့ကြပါလေတော့သည် ။

▪️အခန်း-၃

ဖိုးထွေးနှင့် သာအေးသည် ရေခပ်ပြီးဖြစ်၍ သာရ ထမင်းအိုးတည်နေသည် ၊ ထို့နောက် ဟင်းအိုးတည်ရန် အသင့်အနေအထားဖြစ်နေပြီ ဖြစ်၍ မောင်ဘိုးထင် နှင့် ပေးတူးတို့ အလာကို စကားတပြောပြောနှင့် စောင်နေလေသည်

“ဘိုးထင် နဲ့ ပေတူးလာရင် အနည်းဆုံး ငှက် သုံးကောင်ပဲ ကွ ”

“တောကြက်တွန်သံကြားတယ် ဒီကောင်တွေတောကြက် ရနေပြီထင်တယ် ”

“ဘိုးထင်နဲ့ ပေတူး ငှက်ပစ်သွားရင်တော့ ပူမနေ‌ ကွာ ဒီကောင်တွေ လက်စ ငါသိတယ် ကွ ”

သူတို့တွေ စကားများဖောင်ဖွဲ့နေစဉ် ဟင်းရွက်များကို ငှက်ပျော်ဖက် နှင့် ပက်ကာ လက်နှင့် ပွေ့လာသော ပေးတူမှာ ရှေ့က လမ်းလျှောက်လာ၏ ၊ပေတူးကို မြင်သော အခါ ဖိုးထွေးမှ စကားဆိုလာသည်

“ဒီကောင်တွေ တော်တော် အမြင်ရှိတဲ့ ကောင်တွေကွ ကြည့်ပါလား ဟင်းတမျိုးတည်း ဖြစ်နေမှာ ဆိုးလို့ ဟင်းရွက်ပါခူးလာပုံပဲ ”

“အေးဟ တကယ်တော်ပါပေတယ် ကွာ ဘိုးထင်နဲ့ ပေတူး က”

ဖိုးထွေး၏ ချီးမွှန်းစကားကို ထမင်းအိုးကို မျက်နှာသစ်ပေးနေသော သာရမှ ထောက်ခံနေချိန် မောင်ဘိူးထင်တို့ သူတို့အနားရောက်လာ၏ ထိုအခါ သာအေးသည်

“ဘိုးထင် ပေး ငါ အမွှေးနုတ်လိုက်မယ် ”

“ဘာအမွှေးနုတ်မှာလဲ ဘာအမွှေးမှ နုတ်စရာ မပါဘူး မင်းတော်တော် နုတ်ချင်ရင် ပေတူးကိုသာ နုတ်”

မောင်ဘိုးထင်၏ စကားကြောင့် ဖိုးထွေး နှင့် သာရ တယောက်ကို တယောက်ကြည့်လိုက်ကာ

“ထင်သား အလကားကောင်တွေနှစ်ယောက် ငှက်ပစ်ပါဆို ဟင်းရွက်တွေ ခူးလာတယ် ”

“ဟုတ်ပကွာ ငါတို့ သာ သွားကြည့် ကျားတောင်း ဖမ်းခဲ့ မယ်ကောင်တွေက သိလား ”

“ဝေါင်း ဝေါင်း ”

သာရ၏ စကားအဆုံးတွင် ကျယ်လောင်သော ကျားအော်သံထွက်လာရာ မောင်ဘိူးထင်မှ အပ ကျန်လူများ လန့်ဖျတ်နေရာ မောင်ဘိုးထင်သည် သာရကို ကြည့်ကာ

“တောထဲ မှ အရမ်း လျှောက်မပြောနဲ့ ကျုပ်တို့ကို အသားမစားစေချင်လို့ နေမှာပေါ့ ကျုပ်တို့ အကြောင်းသိတဲ့ နေရာတွေ လည်း မဟုတ်ဘူး ဆင်ဆင်ချင်ချင် နေကြ အခုတော့ ကျုပ်တို့ ခူးလာတဲ့ ဟင်းရွက် တွေကို ပဲ ဖြစ်သလိုချက် ကြားလား”

“အေး အေးပါကွာ မသိလို့ပါဟ ”

ဖိုးထွေးနှင့်သာရလည်း ‌အထွန့်မတက်ရဲတော့ပါပဲ မောင်ဘိုးထင် နှင့်ပေတူး ခူးလာသောဟင်းရွက် များကိုသာ ချက်ပြုတ်လိုက်ကြပြီး အားလုံး ဝိုင်းဖွဲ့ စားသောက်လိုက်ကြပါလေတော့သည် ။

▪️အခန်း-၄

မောင်ဘိုးထင်တို့ ခေတ္တနားပြီး ခရီးဆက်လိုက်ကြသည် ၊ နေ့တွေမှာ ခရီးဆက် ညမှောင်ချိန်မှာ အိပ်နှင့် တရက်မျှ ခရီးထွက်ပြီး ချိန်တွင်တော့ ရွာ တရွာသို့ရောက်လာသည် ထိုရွာသည် အလယ်ရိုးမတောင်ချေမှာ ဖြစ်သည့် အတွက် ကျားဆိုးရွာတော့မဟုတ်ပေ ၊ သူတို့ ထိုရွာထဲ ဝင်သွားလိုက်ကြသည် ရွာထဲ ရောက်သည်နှင့် ဖိုးထွေးနှင့် သာရ အရွယ် မိန်းမပျိုလေး နှစ်ဦး သူတိုအနား‌ေရာက်လာကာ

“‌ဧည့်သည်တွေ ထင်တယ် ဘယ်သွားကြမလို့လဲ ရှင့် ”

“ကျားဆိုးရွာကို သွားမလို့ပါ ဒီရွာနာမည်က ဘာလဲ ဗျ”

မောင်ဘိုးထင်မှ ရှေ့ဆုံးမှ နေ၍ ထိုမိန်းမပျိုလေး နှစ်ယောက်ကို မေးလိုက်ရာ

“ဒီရွာနာမည်က မဟူရာ ရွာမောင်လေး”

“ရွာနာမည်ကြီးကလည်း အဆန်း ပဲ ”

“ဟုတ်ပ အမတို့ရွာကို ရောက်ဖူးတဲ့သူတွေက အဆန်းပဲလို့ပြောတာပါပဲ”

“ကျားဆိုးရွာကို ဘယ်လို သွားရတာလဲ ဗျ”

“ကျားဆိုးရွာက တောင်ပေါ်မှာ ဝေးသေးတယ် မောင်လေးတို့ ဒီမှာ ခဏ နားပါလား ”

မိန်းမပျိုလေး နှစ်ယောက်၏ စကားကြောင့် ဖိုးထွေး နှင့် သာရမှ မောင်ဘိုးထင်ကို ကြည့်ကာ ခေါင်းညိတ်ပြလေသည် ၊ ခေါင်းညိတ်ပြနေသော ဖိုးထွေး နှင့် သာရကို ကြည့်ကာ မိန်းပျိုလေး နှစ်ယောက်သည်

“ဧည့်သည်တွေထဲက ဒီက အကို နှစ်ယောက်က အတော်ကြည့်ကောင်းတာပဲ “,

“ရွာမှာ လဲ ဒီလိုပဲ ပြောကြတာပါပဲဗျာ ”

“ဟုတ်တယ် ကျမတို့ ရွာက ကာလသားတွေနဲ့ အကို တို့ နဲ့က တခြားစီပဲ ”

“,တခြားရွာက အပျိုတွေကတော့ အဲ့လိုပဲပြောတာပါပဲ ”

ဖိုးထွေး နှင့် သာရသည် ပျော်တပြုံးပြုံး နှင့် မိန်းမပျို နှစ်ယောက် နှင့် စကားပြောနေလေရာ မောင်ဘိုးထင်တို့ ခေါ်သည်ကို ပင် မသိကျိုးကျွမ်ပြုနေကာ မိန်းမပျို နှစ်‌ေယာက် ခေါ်ဆောင်ရာသို့ လိုက်ပါသွား‌၍ မောင်ဘိုးထင် တို့ ကလေးသာသာ သုံးယောက်လည်း နောက်မှ လိုက်ပါသွားရပါလေတော့သည် ။

▪️အခန်း-၅

မိန်းမပျိုလေး နှစ်ယောက်သည် သူတို့၏ သက်က်ကယ်မိုး ထရံကာ အိမ်လေးပေါ်သို့ အရင်တက်သွား၏ ထိုနောက် ဖိုး‌ေထွး နှင့် သာရသည်းလည်း နောက်မှလိုက်တက်သွားရာ မောင်ဘိုးထင်တို့ပါတက်လိုက်ကြ၏ ၊ မိန်းမပျိုလေး နှစ်ယောက်သည် အိမ်ထောင့်မှာ ဖျာချော နှစ်ချပ်ကို ခင်းပေး ပြီး မောင်ဘိုးထင်တို့အား ထိုင်‌ေနစေသည်ထို့နောက် မိန်းမပျိုလေးနှစ်ယောက်သည် ဖိုးထွေးနှင့်သာရကို ကြည့်ကာ ပြုံးရွှင်စွာနှင့် မိတ်ဆက်ပေးလေသည်၊

“အကိုတို့ ကျမနာမည်က မေပျို လို့ခေါ်ပါတယ် ဟောဟိုက တော့ ကျမ ညီမလေး ပျိုမေ တဲ့ ”

“နာမည်လေးတွေက လှလိုက်တာနော် ”

“ဟုတ်ပ သာရရာ နာမည်လေးတွေက စိတ်ဝင်စားစရာလေးတွေ လူလေးတွေနဲ့လည်းလိုက်ပ”

မောင်ဘိုးထင်သည် ပြုံးရွှင်ပြီး စကားပြောနေသော ဖိုးထွေးနှင့် သာရအား အမြင်ကပ်လာသည် ၊ သူတို့ ဝင်လာကတည်းက ခွေးတကောင် ကြောင်တမှီးမှ မရှိသော ရွာမှာ ယခုမိန်းမကလေး နှစ်ယောက်ပဲ ရှိနေသည်မှာ ပုံမှန်မဟုတ်မှန်း မောင်ဘိုးထင်တို့ သတိထားမိသည် ၊ သို့ပါသောလည်း အသက်အကြီးဆုံးသော ဖိုးထွေး နှင့်သာရ နှစ်ယောက်မှာ မိန်းမပျိုလေးများ၏ အပြောနှင့် အလှတွင် ယစ်မူးပြီး ‌ေနာက်မှ ကောက်ကောက်ပါအောင် လိုက်လာခဲ့ ချင်းမဟုတ်ပါလား၊ ယခုလည်း မေပျိုဆိုသော နာမည်ကို ပြောင်းပြန်လှည့်ပြီး ပျိုမေဟု မှည့်ထားချင်းကို နာမည်က လှပြီး စိတ်‌ဝင်စားဖို့တောင်ကောင်းနေပြန်သည်ဟု ပြောနေရာ မောင်ဘိုးထင်တို့ သုံးဦးအတော်ပင် အမြင်ကပ်လာပြီဖြစ်၏ ၊ မေပျို နှင့် ပျိုမေ ညီအမ နှစ်ယောက်သည် မောင်ဘိုးထင်တို့ကို ထိုင်စေ၍ ရေနွေးကြမ်းသွားယူမည်ဟုပြောကာ အိမ်အောက်ဆင်းသွားကြတော့သည် ၊ ဖိုးထွေး နှင့်သာရမှာ အိမ်အောက်ဆင်းစွားသော မိန်းမပျိုနှစ်ဦး ၏ အလှကို စကားဖောင်ဖွဲ့ နေစဉ် မောင်ဘိုးထင်သည် အိမ်နောက်ကို သွားပြီး ထရံပေါက်မှ ထိုမိန်းမပျို နှစ်ဦးအား သူ၏ ခြေစာမှုန့်ကို မန္တန်ရွတ်၍ မျက်လုံးမှာ ကွင်းလိုက်ပြီး ချောင်းကြည့်လိုက်ရာ ၊ အသက်၆၀ အရွယ် မိန်းမကြီးများဖြစ်နေပြီး ရေနွေးကြမ်းအိုးထဲသို့ အိမ်ရှေ့မှ ညစ်ပက် မဲညစ်နေသော မိုးရေများထည့်နေပြီး အိမ်တံစက်မြိတ်မှ သက်ကယ်ရိုးများကို ချိုးကာ ပန်းကန်ထဲ ထည့်နေသလို အိမ်ဝိုင်းထဲ မှ မြေကြီးခဲများအား ပန်းကန်ထဲ ထည့်ပြီး ရယ်ကာမောကာ နှင့် အိမ်ပေါ်သို့ ပြန်တက်လာကြ၏၊ မောင်ဘိုးထင်သည် ဖိုးထွေးတို့ အနား ပြန်ထိုင်လိုက်သည် ။ ဖိုးထွေးသည် မိန်းမပျိုလေးများအား မောင်ဘိုးထင် ချောင်းကြည့်နေသည်ထင်ကာ မျက်စောင်းထိုးပြီး သတိထားဦးဆိုသော ဟန်ဖြစ်သတိပင်ပေးနေသေး၏ ၊မောင်ဘိုးထင်က အားလုံးကို မျက်ရိပ်မျက်ခြေပြပြီး သတိထားရန်ပြောလိုက်ရ ကျန်သူများက နားလည်ပေမဲ့ ဖိုးထွေးနှင့် သာရသည်က နားမလည်ပေ ထိုအခါ မောင်ဘိုးထင်သည် ဖိုးထွေးလက်ထဲ သို့ ဦးအုန်းပေးလိုက်သော ဆေးတောင်လေးကို ထည့်လိုက်ပြီး

“ကိုဖိုးထွေး နဲ့ ကိုသာရ တယောက်တခုစီ ငုံလိုက် ပြီးရင် အဲ့ဆေးတောင်နဲ့ မျက်လံုး ကွင်းလိုက်ကြားလား”

မောင်ဘိုးထင်ပြောနေချိန် မိန်းမပျိုလေးများရောက်လာ၍ မောင်ဘိုးထင် သည် ဖိုးထွေးအား ဆေး‌ေတာင့်ပေးသည် ကို သတိမထားမိရန် နေလိုက်ရသည်။

“ဧည့်သည်အကိုတွေနဲ့ မောင်လေးတွေ ဗိုက်ဆာနေရောပေါ့ ရော့ရော့ ရေနွေးကြမ်းလေးသောက်ဦး”

မေပျိုသည် ရေနွေး လင်ပန်း နှစ်ချပ်ကို ‌ဖိုးထွေး နှင့် သာရရှေ့ချပေးလိုက်သည် ၊ ‌မောင်ဘိုးထင်ကလွဲပြီး ကျန်သူများ၏ မြင်ကွင်းတွင် မိန်းမပျိုလေးနှစ်ယောက်သည် ရေနွေးအိုးနှင့် ငါးခြောက်ဖုတ်ဆီစမ်းလေးနှင့် ထန်းလျက်ခဲများဖြစ်တည်းခင်းထားချင်းဖြစ်သည် ၊ မေပျိုနှင့် ပျိုမေသည် ရေနွေးကြမ်းအိုးထဲမှ ရေနွေးကြမ်းကို ရေနွေးပန်းကန်လုံးထဲ ကိုငှဲထည့်နေရင်း

“အကိုနဲ့ ‌ေမာင်လေးတို့ ရေနွေးလေးသောက်ပြီး ငါးခြောက်ဖုတ်လေးမြည်းပါဦး ဒီငါးခြောက်ဖုတ်လေးက အမတို့ကိုယ်တိုင်လုပ်ထားတာ ပြီးတော့ ထန်းလျက်လေးလည်း စားပါဦး”

“စားရမှာပေါ့ဗျာ စေတနာနဲ့ ကျွေးတာ မစားရင် ရိုင်းရာကြမပေါ့ ကဲ့ သာရရေ စားကွာ “,

“ကောင်းလိုက်တာ ဖိုးထွေးရယ် ငါးခြောက်ဖုတ်‌ေလးက ကျွတ်ယွနေ‌တာပဲ ရေ‌ေနွးလေးကလည်း မွှေးလို့ ”

“ဟုတ်တယ်ကွ ထန်းလျက်လေးဆို ချိုနေတာပဲ ဒါမှ ထန်း ထန်းလျက်အစစ်ဟ”

ဖိုးထွေးနှင့် သာရသည် သူတို့၏ ရှေ့တွင် ရှိသော ရေနွေးလင်ပန်းထဲမှာ အမြည်းနှင့် ရေနွေးကို အားရပါးရ သောက်စားနေလေသည် ၊ကျန်သော ပေတူး နှင့် သာအေးသည် ‌ေမာင်ဘိုးထင် မျက်ရိပ်ပြထား၍ သတိထားပြီး မစားပဲ ငါးခြောက်ဖက် တဖက်စီသာကိုင်ထား၏ မောင်ဘိူးထင်၏ မြင်ကွင်းထဲတွင်တော့ ဖိုးထွေး နှင့် သာရသည် သက်ကယ်ရိုးများကို စားလိုက် မြေကြီးခဲ များကို စားလိုက် ညစ်ပတ်နေသော မိုးရေများကို သောက်လိုက်နှင့် အဆင်ပြေနေလေသည် ၊ သာအေးနှင့် ပေတူးတို့မှာလည်း သက်ကယ်ရိုး တယောက်တချောင်းကို ကိုင်ထားနေကြသည် ၊ ထိုနောက် ‌ေမာင်ဘိုးထင်သည် မေပျိုကိုကြည့်ကာ

“အမကြီး ”

“ပြောမောင်လေး ”

“ကျနော်တို့ ငှက်သွားပစ်ချင်တယ် ”

“အကုန်သွားမှာလားမောင်လေး ”

“လိုက်မဲ့သူ‌ပဲ ခေါ်မှာပါ ”

ထိုအခါမေပျိုသည် ဖိုးထွေး နှင့် သာရဘက်လှည့်ကာ

အကို‌တို့ကော ဒီကမောင်လေးနောက်လိုက်မှာလား”

“ဟာ မလိုက်ပါဘူး ပူတယ် မလိုက်ဘူးမလား သာရ”

“လိုက် ပါဘူးကွာ ”

မောင်ဘိုးထင်သည် ဖိုးထွေးနှင့် သာရအား မျက်လုံးပြူးပြ မရ ပြဲပြမရဖြစ်နေလေရာ

“အဲ့တာဆိုလည်း ကျုပ်တို့သွားပြီ ”

မောင်ဘိုးထင်သည် သာအေး နှင့် ပေတူးကို ခေါ်၍ အိမ်အောက်သို့ဆင်းသွားကာ တောင်းများ အထုတ်အပိုးများကို မနိုင်မနင်းသယ်လိုက်ကာ ရွာအပြင်သို့ထွက်သွားကြပါတော့သည်။ ထို့နောက် ရွာလမ်းအတိုင်း လမ်း‌ေလျှာက်ပြီး အလယ်ရိုးမတောင်ပေါ်သို့တက်‌ေသာ လမ်း‌ေပါ်တက်လိုက်ပြီး သစ်ပင်အရိပ်တွင် ထိုင်နေသည် ထိုအချိန် သာအေးနှင့် ပေးတူးတို့ ကိုင်လာသော ငါးခြောက်ဖုတ်များသည် သက်ကယ်ရိုးများ ဖြစ်‌သွားရာ သာအေးမှ ရွာဘက်ကို လှမ်းကြည့်ပြီး

“ကိုဖိုးထွေး နှင့် ကိုသာရတော့ သက်ကယ်ရိုးစားပြီး နွားတွေ ဖြစ်နေကြပြီလားမသိဘူး”

“ဟုတ်ပ အသက်သာ ကြီးတာ အခုထိဘာမှလည်းမသိဘူး ရွာထဲ ဝင်လာကတည်းက ဘာအသံမှ မကြားတာ ဒင်းတို့က ဘာတခုမှ သတိမထားမိဘူးလား မသိဘူး ”

“ထားမိမလားဟ သူတို့က ဒါထနေတာကို ”

မောင်ဘိုးထင်မှာ သူ၏ နှာခေါင်းကို လက်နှင့် ဖိပြီးပြောလေ၏ ၊ ထိုနောက် မောင်ဘိုးထင်သည် ခဏတွေးတောနေရင်း

“အဲ့မိန်းမကြီးတွေက လူတော့လူပဲကွ အဆင့်မြင့် ပညာသည်တွေဖြစ်မယ် ငါ့အထင် လင်လိုချင်နေတာ လို့ထင်တယ် ‘

“အေးပေါ့ သူတို့ လည်း အပျိုလေးတွေ ဆိုတော့ ”

“ဟဲ့ ပေတူး မသိပဲ လျှောက်မပြောနဲ့ အဲ့ မိန်းမကြီးတွေ က အသက် ‌ေခြာက်ဆယ်တောင် ကျော်လောက်ပြီ ”

“ဟုတ်လား အဲ့တာ ဆို ငါတို့ ဘယ်လို လုပ်မလဲ”

“စောင့်ကြည့်ရမှာပေါ့ကွာ နေဝင်ထိတော့ ဒီနားကစောင့်ကြည့်တာပေါ့် နေဝင်လို့ မလာဘူးဆိုရင် တော့ ဒီလူတွေ မိန်းမရ ပြီလို့သာ မှတ်လိုက်ကြတာပေါ့ ”

“မင်းသဘောအတိုင်းပါပဲ ဘိုးထင်ရာ ”

မောင်ဘိုးထင်တို့သည် သူတို့သယ်လာသော ပစ္စည်း ပစ္စရ များနှင့် အတူ ဖိုးထွေးတို့ လာနိုင်သည့်လမ်းကို စောင့်မျှော်ရင်းနေလေရာ အချိန်အတော်ကြာသွားသည် ထိုအချိန် ရွာထဲ မှ ဖိုးထွေး နှင့် သာရ ပုဆိုးကို ခါးတောင်းကျိုတ်ပြီး ဖိနပ်များကို လက်ကကိုင်ကာ ပြေးလာနေရကြသည် သူတို့၏ နောက်တွင် တော့ အသက် ၆၀ အရွယ်မိန်းမကြီးနှစ်‌ေယာက်း ပါးစပ်က အော်ပြောရင်းပြေးလိုက်နေသည်

“အကိုတို့ ညီမတို့ကို မထားခဲ့ပါနဲ့ ပြောတော့ အကိုတို့က ညီမတို့ ညီမ နှစ်ယောက်ကို အရမ်း ချစ်တယ် ဆို ”

“မချစ်ဘူး မလိုက်ခဲ့နဲ့ ဘာကြီးတွေ လဲ မသိဘူး မချစ်ဘူး ပြေး ပြေးသာရ မိရင် ငါတို့ လူဖြစ်ရှုံးပြီ ”

“အကိုတို့ရယ် အချစ်မှာ အသက်အရွယ်မရှိပါဘူး ”

“ရှိတယ် ရှိတယ် ဗျ”

ဖိုးထွေးနှင့် သာရတို့သည် မောင်ဘိုးထင်တို့ ထိုင်‌ေနသာ သစ်ပင် ရိပ်အနားရောက်သော အခါ မောင်ဘိုးထင်တို့အားတွေ့ရ၍ ဝမ်းသာသွားကြကာ မောင်ဘိုးထင်တို့နောက်တွင် ဝင်လိုက်ပြီး

“ဘိုးထင် လုပ် လုပ်ပါဦးကွာ ငါတို့ လူ လူဖြစ်ရှုံးတော့မယ် ”

“ခင်ဗျားတို့ပဲ ကောက်ကောက်ပါအောင် လိုက်သွားတာလေ အခုမှ ဘာလို့ ပြန်ပြေးလာတာလဲ ”

“ဟာကွာ မသိလို့ပေါ့ဟ တကယ့် ကောင်မလေးတွေထင်လို့ပါကွာ ”

“ခင်ဗျားတို့ တာဝန်ယူရမယ်နော် မဟုတ်တာတွေ လုပ်ခဲ့ရင် ”

“ဘာမှ မလုပ်ရပါဘူးကွာ အညှာအရမ်းလွယ်နေလို့ မင်းပေးတဲ့ ဆေးလေး ငုံပြီး မျက်လုံး ကွင်းကြည့်တာ ဒါကြီးတွေ ဖြစ်လာတာပဲ ကယ်ပါဦးကွာ ”

“အဲ့တာတော့ သိတက်တယ်နော်”

“နောက်မှ ပြောပါ ဟိုဟာကြီးတွေ ရောက်တော့မယ် တခုခု လုပ်ပါဦး”

မိန်းမကြီး နှစ်ယောက်သည် မောင်ဘိုးထင်တို့ နှင့် မလှမ်း မကမ်း တွင် ရပ်လိုက်ပြီး မောင်ဘိုးထင်ကို ကြည့်ကာ

“မောင်လေးရယ် မမတို့ရဲ့ ချစ်ချင်းကို မခွဲပါနဲ့နော် ”

“ဟုတ်ပါတယ် မောင်လေးရယ် မမတို့က အကိုတို့ကို ရင်ထဲ အသဲထဲက ချစ်တာပါ ချစ်ချင်းကို မခွဲပါနဲ့”

မိန်းမပျိုလေး တဖြစ်လဲ မိန်းမကြီးများသည် သူတို့၏ မျက်နှာမှ အိုမင်းရင့်ရော် နေသည့်အတွက် အရေးအကြောင်းများနှင့် မလိုက်ဖက်စွာ ကဗျာဆန်သော စကားကို ဆိုနေလေကြ၏ ။ထို့‌ေကြာင့်‌ေမာင်ဘိုးထင်တို့ အဖို့ မိန်းမကြီးများကို မြင်ရသည်မှာ အတော်ပင် အကြည့်ရဆိုးနေ‌‌ကြသည် ၊ ထို‌့‌ေနာက် မောင်ဘိုးထင်သည် ဖိုးထွေး နှင့် သာရ တို့ကို ကြည့်ကာ

“ကဲ ကဲ ကိုဖိုးထွေး နဲ့ ကိုသာရ ခင်ဗျားတို့ ချစ်သူတွေဆီ ပြန်လိုက်မလား ”

“ဟာ ဒီကောင် ဘိုးထင်ကတော့ကွာ ဘာချစ်သူလဲ ဘာမှချစ်သူမဟုတ်ဘူး”

ဖိုးထွေးမှ ထိုသို့ပြောသော အခါ မိန်းမကြီးသည် ညှိးငယ် ဆွေးမြေ့သော မျက်နှာ ဖြစ်

“အကို အဲ့လို မပြောပါနဲ့ မောင်လေးတို့ ထွက်သွားတော့ အကိုပဲ မေပျို့ကိုချစ်တယ် ဆို ”

“ဟုတ်တယ် ဟိုအကို လည်း တူတူပဲ ပျိုမေ့ကို အရမ်း အရမ်း ချစ်တယ် ဆို ”

မိန်းမကြီး နှစ်ဦးမှ ကြေကြေကွဲကွဲပြောနေ၍ ဖိုးထွေးဘေးမှ ရှိသော သာအေးသည် ဖိုးထွေးကို စူးရဲစွာကြည့်ကာ

“ခင် ခင်ဗျားဗျာ ကျုပ်အထင်ကြီးလေးစား ထားသမျှ အလကားပဲ ကိုယ့်တာဝန် ကိုယူလေဗ‌ျာ ”

“ကဲ ကမြင်းမသား သာအေးကလည်း တမှောက် မင်းအမေကြီးတော်ကြီးက သာမာန် မိန်းမ‌ေတွ မဟုတ်ဘူးကွ”

ဖိုးထွေးသည် သာအေး၏ နားရင်းကို အုပ်လိုက်ပြီး ပြောလိုက်မှ ခေါင်းကို ဖြည်းညင်းစွာညိတ်က

“အဲ့တာလည်းဟုတ်သား ”

ထိုနောက် မောင်ဘိုးထင်သည် မိန်းမကြီး နှစ်ယောက်ဘက်လှည့်ကာ

“ခင်ဗျားတို့ လာလို့ရရင် ဆွဲ‌ေခါ်တော့ဗျာ ”

“အဲ့ကို လာလို့မရဘူ အဲ့နားက ကျားဆိုးရွာ အပိုင် ”

“အဲ့တာဆိုလည်း နေခဲ့ကြတော့ဗျို့ ”

‌ေမာင်ဘိုးထင်သည် သူတို့၏ ပစ္စည်းများကို ဖိုးထွေးနှင့် သာရအား သယ်စေပြီး ရှေ့မှသွားခိုင်းလိုက်၏ ကျန်ခဲ့သော မိန်းမကြီး နှစ်ယေက်သည်က

“‌အကို မေပျိုကို ထားမသွားပါနဲ့ ”

“ပျို့မေ့ကိုလည်း မထားသွားပါနဲ့ ကိုပြောတော့ အကို့အဘကို လာတောင်းခိုင်းမယ်ဆို အခုတော့ထားခဲ့ ပြီလား လူစိမ်းကားကြီး ပျို့မေရဲ့ ရင်တွေကွဲပါပြီ”

အော်ဟစ်ငိုကျွေးနေသော မိန်းမကြီးနှစ်ယောက်၏ အသံအား မောင်ဘိုးထင်တို့ ဥပေက္ခာပြုကာ ကျားဆိုးရွာသို့ ခြေဦးလှည့် လိုက်ကြပါလေတော့သည်။

▪️အခန်း-၆

ကျားဝါကြီးတကောင် သားကောင်‌ေချာင်းနေသော ဟန်နှင့် ရွာအဝင်တွင် ကျားရုပ်ထုကြီး တည်ရှိနေလေသည် ။ ရွာအဝင်လမ်းသို့ မောင်ဘိုးထင်တို့ ရောက်လာကြသည် နှင့် သာအေးသည် ကျားကြီးရုပ်တုအနားသွားလိုက်ပြီး ရှေ့နောက်လှည့်ကြည့်ကာ

“ဘိုးထင် ကျားကြီးက ကျားမကြီးဟ ”

“ဒီကောင်တော့ လျှာကိုရှည်တယ် နောက်ကလိုက် မင်းတို့က အခွင့် ရေးရရင် ရသလိုယူတယ် ကို‌ဖိုးထွေးနဲ့ ကိုသာရကို လည်းကြည့်ဦး နိုင်ကွက်ရတာ နဲ့ အနိုင်မကျင့် ကြနဲ့ ”

မောင်ဘိုးထင်သည် သာအေး နှင့် ပေတူးအား ဆူငေါက်နေသည် ၊ ငေါက်လည်းငေါက်ချင်စရာပေ ဖိုးထွေးတို့ မှားသည်ကို အခွင့်အရေးလုပ်ကာ သယ်စရာ များကို အကုန်သယ်ခိုင်းပြီး သူတို့မှ လွယ်အိတ်တယောက် တလုံး နှင့် အေးဆေး နေပေသည် နောက်မှ ဖိုးထွေး နှင့် သာရသည်သာ မျက်နှာမှ ကျလာသော ချွေးများကိုသုပ်ကာနေလေသည်။

မောင်ဘိုးထင် ဆူငေါက်လိုက်မှ ပေတူးနှင့် သာအေးသည် ဖိုးထွေးတို့အားကူသယ်ပေးလေသည် ရွာအဝင် အတိုင်း လမ်းလျှောက်လာစဉ် ကွပ်ပျစ်ကြီး တခုတွင် မိန်းမကြီး မိန်းမငယ် များဝိုင်းဖွဲ့ စကားပြောနေရင်း မောင်ဘိုးထင်တို့ကို တွေ့သောအခါ

“ဟဲ့ မိကြည်တို့ ဟောဟိုက ဧည့်သည်တွေ မဟုတ်လား ”

“ဟုတ်တယ် အမေကြီး ”

“အဲ့တာဆို သွားခေါ်လိုက်ပါ ဦးဒီမှာ ထိုင်ခိုင်းလိုက်”

အသက်ကြီးရင့်နေပြီဖြစ်သော အမေကြီးမှ ထိုသို့ပြောသောအခါ ကျန်သော အမျိုးသမီးလေးများက မောင်ဘိူးထင်တို့အနားရောက်လာကာ

“ဒီက ဧည့်သည်လေးတွေက ဘယ်ကနေလာကြတာလဲ ”

“ပေပင်ရွာကပါဗျ ဦးအုန်း လွှတ်လိုက်တာပါ ”

“အော်ဟုတ်လား အမတို့ နဲ့လိုက်ခဲ့ ပါ ဟောဟိုက အမေကြီးက ဒီရွာက ရွာသူကြီးရဲ့ အမေပါ ”

ယခုတခါတွင်တော့ ဖိုးထွေး နှင့် သာရ မိန်းမပျိုလေးများကို စေ့စေ့ ပင် မကြည့်ရဲ မောင်ဘိုးထင် ၏ အရိပ်အခြ သာကြည့်နေလေသည် ၊ ထို့နောက်မောင်ဘိုးထင်သည် ခရေပင်ကြီး ၏ အရိပ်အောက်တွင် ထိုးထားသော ကွပ်ပျစ်ကြီး အနားသို့ သွားရန် ခြေလှမ်းပြင်လိုက်ကြပါလေတော့သည်။

▪️အခန်း-၇

မောင်ဘိုးထင်တို့သည် ကွပ်ပျစ်ကြီးပေါ်တွင် ထိုင်နေရင်း အမေကြီးနှင့် တခြားမိန်းမပျိုလေးများ မှာ မောင်ဘိုးထင်တို့အား ကြည့်ပြီး ရယ်သွေးသန်းနေကြသည် ၊ အမေကြီးသည် ပြောင်းဖူးဖက် ဆေးလိပ်ကြီးအား ဖွာရင်း မောင်ဘိုးထင်တို့ကို နာမည်များသာ မေးပြီး ဟို ဘက်လှည့်၍ ထိုင်နေသည် မိန်းမပျိုလေးများသာ မောင်ဘိုးထင်တို့အား စကားများပြောနေကြလေသည်။

“ဟောဟိုက အကိုတို့က စကားလည်း မပြောဘူး မာနကြီးတယ်ထင်တယ် ”

“ဟုတ်ပ မောင်လေးတွေက ရည်ရည်မွန်မွန်ရှိ သလောက် သူတို့က ခပ်တည်တည်ကြီး ”

ခဲမှန်ဘူးသော စာသူငယ် လေးများ ဖြစ်သော ဖိုးထွေးနှင့် သာရသည် ပြူံ၍သာ ရယ်ပြနေပြီး မည့်သည့်စကားမှ ပြန်မပြောပေ အတန်ကြာစကားပြောပြီးသောအခါ မောင်ဘိုးထင်သည်

“အမ တို့ ကျုပ်ကို ရွာလူကြီးအိမ် လိုက်ပို့ပါလား ”

“‌နေပါဦး ရွာလူကြီးအိမ်က ထွက် မပြေးပါဘူး”

“ကျုပ်တို့က ပြန်ရဦးမှာ ခရီးက ဝေးတယ် ”

“ပြောမရတော့လည်း ပို့ရတာပေါ့ ထကြ‌ေလ သွားကြရအောင် ”

မိန်းမပျိုလေးများက တခစ်ခစ်နှင့် ရယ်ပြီး မောင်ဘိုးထင်တို့ကို ကြည့်နေလေသည် ၊ မောင်ဘိုးထင်တို့ မတ်တတ် ရပ်ရန်ကြိုးစားပေမဲ့ ဖင် နှင့် ကွပ်ပျစ်က ကပ်နေကြသည် ၊ ထိုအချင်းအရာကို သိသော မိန်းမပျိုလေးများက တခစ်ခစ် နှင့် သဘော ကျစွာ ရယ်မော နေလေရာ မောင်ဘိုးထင်သည် သူ၏ ဘေးတွင် ရှိသော သာအေး နှင့် ပေတူးကို တိုးတိုးနှင့် စကားကပ်ပြောလိုက်ပြီး‌ေနာက် သာအေးမှ မိန်းမပျိုများကို ကြည့်ပြီး စကားဆိုလိုက်လေသည်

“,အမတို့ မစတော့နဲ့ ဗျာ ကျနော် အပေါ့သွားချင်ပြီ ”

“ဟုတ်တယ် အမ ကျနော်လည်း အလေးသွားချင်နေပြီ ”

“တကယ်ပြောတာ ကျနော်က အပေါ့ကော အလေးကော သွားချင်နေပြီဗျ”

မိန်းခလေးများသည် သူတို့အား ကြောက်လန့်၍ ပြောမိ ပြောရာ ပြောနေသည်ဟု ထင်ကာ တခစ်ခစ်နှင့် ရယ် နေလေသည် ၊ မောင်ဘိုးထင်မှ မျက်နှာ ရှုံ့မဲ့ ၍

“အမတို့ မဖြစ်သင့်တာတွေ မဖြစ်အောင် ကျုပ်တို့ကို မတ်တတ်ရပ်လို့်ရအောင်လုပ်ပေးတော့”

“ခစ်ခစ် ”

“အမ ‌ကျုပ်တို့ မရတော့ဘူး‌ေနာ် ”

“ဟုတ်တယ် ကျုပ်လည်း မရတော့ဘူး”,

မောင်ဘိုးထင်တို့ မျက်နှာများ ရှုံ့မဲ့နေရာ မှ သက်သာသွားဟန် ဖြစ်သွားချိန် ပြောင်းဖူးဖက် ဆေးလိပ် ဖွာနေသော အမေကြီးသည် နှားခေါင်းကို ရှုံ့ကာ

“ဟဲ့ ဘာနုံကြီးလဲ နံလိုက်တာအေ ”

ထိုအခါ မောင်ဘိုးထင်သည် အမေကြီးကို ပြုံးပြုံး နှင့်ကြည့်ကာ

“အမေကြီးလူတွေကို ကျုပ်တို့က ပြောပါတယ် အလေးသွားချင်နေပြီဆိုတာ သူတို့က သွားခွင့်မှာ မပေးတာ ”

“အဲ့ တာဆို နင် နင်တို့ ”

မောင်ဘိုးထင် နှင့် သာအေး အမေကြီးကို ကြည့်ပြီး ပြုံးပြုံးကြီးများနှင့် ခေါင်းညိတ်ပြလိုက်ရာ။ အမေကြီးသည် မိန်းမပျိုလေးများကို ကြည့်ကာ

“ဗိုင်းနာမတွေ နင်တို့ ကိစ္စ နင်တို့ ရှင်းကြ နံလိုက်တာအေ ကလေးတွေကို ရေအရင်ချိူခိုင်းလိုက် ငါ့ကွပ်ပျစ်ကို သေချာ ရေဆေး လင်တာရူးမတွေ ပထွေးလေးတွေ နဲ့တိုးတော့ ခံရပြီမဟုတ်လား ”

ထိုအချိန်မှ မောင်ဘိုးထင်တို့ဖင်သည် ကွပ်ပျစ်မှာ ကပ်မနေတော့ပါ သို့ပေမဲ့ ကွပ်ပျစ်တွင် အကွက်များပေါ်နေလေရာ မိန်းမပျို‌လေးများအားလုံး နှာခေါင်းကို ပိတ်လို့ မကျေမနပ်ဖြစ်နေကြသည်၊ မောင်ဘိုးထင်တို့သည် မိန်းမပျိုလေးများကို ပြံုးပြုံး ပြံုးပြံုး နှင့် ကြည့်ကာ နေလေပါလေတော့သည် ။

▪️အခန်း-၈

မောင်ဘိုးထင်တို့သည် ရေမိုးချိုးပြီး၍ ကျားဆိုးရွာလယ်ရှိ အိမ်ဝိုင်းကြီးရှေ့ ရောက်လာကြသည်။ လိုက်ပို့သော မိန်းမပျိုလေးများသည် အိမ်ဝိုင်းဝ တွင် ရပ်လိုက်ပြီး

“ဒါ ရွာလူကြီး အိမ်ပဲ အမတို့ သွား‌ေတာ့မယ် ရှေ့က ဝါးလုံးတားထားတာလေးတွေ ပွင့်သွားရင် ဝင်‌လို့ရပြီ “,

‌ကြက်ခက်ဝါးများကို အိမ်ဝိုင်းပတ်လည် ခတ်ထားပြီး အဝင်တွင်တော့ ဝါးရှစ်လုံးအာ တိုင်နှစ်တိုင်အား ဟိုဘက် ဒီဘက် အပေါက်ဖောက်ထားပြီး တပေဝန်းကျင့် ဆင့် ထိုးထားကာ ခြံဝကို ပိတ်ထားသည် ၊ ခဏကြာသော အခါ ထိုဝါးလုံးများသည် လူတယောက်က ဖြုတ်လိုက်သလို သူ့အလိုလို တလုံးချင်း ပြုတ်ပြီး အောက်သို့ကျကာ အိမ်ဝိုင်းတံခါးပွင့်သွားလေတော့သည်၊ မောင်ဘိုးထင်တို့‌သည် ထိုအခါမှ အိမ်ဝိုင်းထဲ ဝင်လိုက်ရာ

“ဝေါင်း ဝေါင်း ”

ကျားဟိန်သံ နှင့် အတူ ကျားကြီးတ‌ေကာင်သည် မောင်ဘိုးထင်တို့ ၏ အနားတွင် သားကောင်ကို အုပ်မည်ဟန် နှင့် မာန်ဖီပြ‌ီးနေလေရာ မောင်ဘိုးထင်တို့အားလုံး လန့်ဖျပ်သွားကြကာ အော်မိအော်ရ။ အော်ဟစ်လိုက်တော့သည်။

“ဟာ ကယ်ကြပါဦး ကျားဝါကြီး”

“လုပ်ကြပါဦးဗျို့ ဦးအုန်း နဲ့ အဘ ကျုပ်တို့ကို လုပ်ကြံလိုက်ပြီဗျ”

“ကျား ကျား ”

မောင်ဘိုးထင်တို့ ဝရုန်းသုန်းကားဖြစ်နေစဉ် မိန်းကလေးတယောက် ၏ အသံပေါ်လာသည်

“ဟဲ့ ငဝါ ကလေးတွေကို မစ စမ်းနဲ့ ”

မိန်းကလေးမှ ထိုသို့ပြောလိုက်ရား ကျားကြီးသည် ခေါင်းကို ခါယမ်းလိုက်ပြီး အိမ်အောက်ထဲ ဝင်ပြီး အိပ်နေပါ‌ေတာ့သည် ၊ အိမ်ကြီးပေါ်မှ ‌ဖိုးထွေး တို့ နှင့် ရွယ်တူ အလွန်တရာ ချောမော သော မိန်းမပျိုလေးဆင်းလာသည် ထိုမိန်းမပျိုလေးကို မြင်သော အခါ ဖိုးထွေး နှင့် သာရ ငေးမောနေပြီး သာရမှ စကားဆိုလာသည်

“ညီမ ရွာလူကြီးရှိလား ”

“ရှိပါတယ် နင်တို့က ဘယ်သူတွေလဲ ,

“နင်တို့ လို့ မပြောပါနဲ့ အကို တို့လို့ပြောပါ ”

“ပြောစမ်းပါ ဘာကိစ္စလဲ ”

ထိုအခါမှ မောင်ဘိုးထင်သည် ဖိုးထွေး၏ လက်ကို ကုပ်ပြီး စကားမပြောရန် သတိပေးလိုက်ကာ မိန်းမပျိုလေးကို ကြည့်လို့ စကားဆိုလိုက်သည်

“ကျုပ်တို့က ပေပင်ရွာက ဦးအုန်း လွှတ်လိုက်တာပါ ”

“အော် မောင်လေးအုန်း လွှတ်လိုက်တာလား အဲ့တာဆို မင်းက ဘိုးထင်ပေါ့ ”

“ဟုတ်ပါတယ် ”

“ကဲ ကဲ အိမ်ပေါ်တက်ကြ လာလမ်းကတော့ အခက်အခဲ သိပ်မရှိဘူး မဟုတ်လား ”

“ဟုတ်ပါတယ် အမ ”

“အမ လို့ မခေါ်နဲ့ ငါက နင့် အဘ ‌ေမာင်လေးအုန်းထက် အသက်လေးဆယ် လောက်ကြီးတယ် ငါက ကျားဆိုးရွာက ရွာသူကြီး ကဝေပျံ ခင်မေ ပဲ ”

“ဗျာ ”

မောင်ဘိုးထင် နည်းတူ တခြားသူများ ပါးစပ်အဟောင်းသားဖြစ်ပြီး ‌ေနာက် ကဝေပျံ ခင်မေ ခေါ်ရာနောက်သို့ လိုက်ပါသွားကြပါလေတော့သည်။

▪️အခန်း-၉

ကဝေပျံ ခင်မေ သည် ကျွန်းခုံကြီးပေါ်တွင် သေသပ်ကျနစွာ တင်ထားသော အမဲရောင် တောင်‌ေဝှးကြီး ကို မောင်ဘိုးထင်တို့ဆီမှ ပုဆိုးတထည်ကို တောင်းလိုက်ပြီး ပတ်လိုက်သည် ၊ ပြီးနောက် မောင်ဘိုးထင် ထံအပ်လိုက်ကာ

“ရော့ ဘိုးထင် မောင်လေးအုန်းတောင်းတဲ့ တောင်ဝှေး ”

“အဘက အကောင်းကြီးပါ လမ်းလျှောက်ရင် လည်း မြန်မှမြန် ဘာလို့များ တောင်‌ေဝှး တချောင်းယူဖို့ ကျုပ်တို့ကို ဒီထိ ဘာလို့လာယူခိုင်းလဲ မသိဘူး”

ထိုသို့ပြောသော အခါ ကဝေပျံခင်မေ သည် မောင်ဘိုးထင်ကို တချက်ကြည့်ကာ

“ဟဲ့ကောင်လေး ဘာတွေ လျှောက်ပြောနေတာလဲ ဒီတောင်ဝှေးက အထက်လမ်းဆရာကြီး တဦး ဒီဘက်တရားကျင့်ကြံရင်း ကျန်ခဲ့တဲ့ တောင်ဝှေး မကောင်းဆိုးဝါတွေကို နိုင်တယ် ကောင်းတာ လုပ်တဲ့ သူတွေ သံုးရင် အသံုးဝင်တယ် နင့်အဘက လည်း အမှောင် ပညာသည် ဖြစ်ပေမဲ့ ကောင်းတဲ့ ဘက်သုံးလို့ အထက်လမ်းဆရာကြီးက သုံးခွင့်ပေးထားတာ နင့် အဘ ဘာအကြောင်းရှိလို့ လာယူခိုင်းလဲ မသိဘူး ”

“အဲ့လို လား မသိပါဘူးဗျာ ဒီတိုင်း တောင်ဝှေးထင်လို့ ဒီလောက် စွမ်းတဲ့ တောင်ဝှေးက နာမည် မရှိဘူးလားဗျ ”

“ရှိတာပေါ့ တောင်ဝှေးနာမည်က မိုးကြိုးစက် တဲ့ ”

“မိုးကြိုးစက် ”

“အေး နင်တို့ ဒီတောင်ဝှေးကို သယ်သွားရင် အ‌ေနှာက်အယှက်တွေ အများကြီးတွေ့ရလိမ့်မယ် တိုင်တိုင် ပင်ပင် နဲ့ သာ သယ်သွားပေတော့”

ကဝေပျံ ခင်မေပြောစကားကြောင့် မောင်ဘိုးထင်တို့၏ စိတ်ထဲတွင် အနည်းငယ်ထိတ်လန့်နေမိပေသည် ၊ သို့ပေမယ့် မပြန်လို့က မဖြစ်သည်မို့ မိုးကြိုးစက်တောင်‌ေဝှးအား ပေပင်ရွာသို့ သယ်ဆောင်သွားရပေဦးမည် ဖြစ်ပါလေတော့သည်။

▪️အောက်လမ်း ဘိုးထင် နှင့် စုန်းရွာ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် မိုးကြိုးစက်တောင်ဝှေး ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

📝မောင်တင်ဆန်း

#mgtinsan

Zawgyi Version

” ေအာက္လမ္းဘိုးထင္ ႏွင့္ စုန္း႐ြာ “(စ/ဆုံး)
—————————————————

(၁၁)

▪️အခန္း-၁

ေပပင္႐ြာကို ဓားျပတိုက္မိေသာ ေမာင္ဘိုးထင္တို႔ ထိတ္တုံးမွ လြတ္လာၿပီျဖစ္သည္ ၊ ယခု ဦးအုန္း၏ အိမ္တြင္ ေမာင္ဘိုးထင္ အပါအဝင္ သာရ ႏွင့္ ဖိုးေထြးတို႔ ထိုင္ေနၾကသည္ ၊ ဦးအုန္း မွ လက္ေနာက္ျပစ္ၿပီး သူတို႔၏ ေရွ႕တြင္ ဩဝါဒေခြၽေနေလသည္ ၊ ေရွ႕ ေလွ်ာက္လိုက္ ေနာက္ေလွ်ာက္လိုက္ တရပ္စပ္ စကားေျပာေနေသာ ဦးအုန္းအား‌ ေမာင္ဘိုးထင္တို႔ ေစာဒက မတက္ရဲ ၿငိမ္၍သာ ေန‌ေနရသည္၊

“မင္းတို႔ကို ငါေျပာပါတယ္ လူဆိုတာ ေရွ႕ၾကည့္ေနာက္ၾကည့္ လုပ္ရတယ္ ကြ ”

“အဘ ဘာေတြ ေျပာေနတာလဲ ဗ်ာ သူမ်ားေတြၾကားရင္ အဘ သိကၡာက်ေနေတာ့မွာပဲဗ်ာ ”

“ဟေကာင္ရ ငါက ဘာေျပာလို႔လဲဟ ”

“အဘပဲ ေရွ႕ၾကည့္ေတြေကာ ေနာက္ၾကည့္ေတြေကာ ရွက္စရာဗ်ာ”

“တခုခု လုပ္‌ေတာ့မယ္ ဆို ေရွ႕ေနာက္ၾကည့္လုပ္လို႔ေျပာတာကြာ ”

“က်ဳပ္လည္း အဲ့တာကို ရွက္တာ ဗ်ာ”

ေမာင္ဘိုးထင္ ႏွင့္ ဦးအုန္း တိုင္ပတ္ေနေခ်ၿပီျဖစ္၏ ၊ ထိုအခ်ိန္ ဦးအုန္း၏ အိမ္ဝိုင္းထဲသို႔ သာေအးႏွင့္ ေပတူးေရာက္လာျပန္သည္ ၊ သူတို႔၏ လြယ္အိတ္မ်ားမွ ေဖာင္းကား ေနေလရာ ဦးအုန္းမွ လွမ္းၿပီး‌ေမးလိုက္ေတာ့သည္

“ေဟ့သာေအး မင္းတို႔ေတြ ဘာလာလုပ္တာလဲ လြယ္ အိတ္ေတြ လည္း ေဖာင္းကားလို႔ပါလား ဘာေတြ ထည့္လာတာလဲ ”

“ပုဆိုးနဲ႔ အက်ႌေတြပါ ဘႀကီးအုန္းရာ က်ဳပ္တို႔လည္း ဘိုးထင္တို႔ ေနာက္လိုက္မလို႔ဗ်”

“မင္းတို႔ မိဘေတြကိုေကာ ေျပာၿပီးလားဟ ”

“ေျပာၿပီးပါၿပီဗ် ျပန္မလာလည္း ရတယ္လို႔ေတာင္ ေျပာေသးတယ္ ”

“ေဟ့ ေဟ့ ေကာင္ေတြ မျပန္လို႔ေတာ့ မရဘူးေနာ္ ျပန္ကို ျပန္ရမယ္ ”

“အင္းပါဗ်ာ အဲ့တာဆို က်ဳပ္တို႔က ဘိုးထင္ေနာက္ လိုက္လို႔ရၿပီလား”

“ရၿပီ ”

ဤသို႔ႏွင့္ ေမာင္ဘိုးထင္တို႔ ခရီးသြားဖို႔တိုင္ပင္ၾကေလေတာ့သည္ ၊ ေမာင္ဘိုးထင္တို႔ အဖြဲ႕သြားရမည့္ ေနရာမွာ အလယ္႐ိုးမ ေတာင္တန္းႀကီးေပၚရွိ က်ားဆိုး ႐ြာကို ျဖစ္သည္၊ က်ားဆိုး႐ြာ လူႀကီးထံမွ ေတာင္ေဝွးတေခ်ာင္း သြားယူရမည္ျဖစ္သည္ ၊ ထို႐ြာကို သြားရမွာ ရက္အတန္ၾကာသြားရမည္ ျဖစ္သျဖစ္ ဆန္ ဆီ ဆား အစုံကို ေတာင္းမ်ားႏွင့္ထည့္ၿပီး ႏွစ္ေယာက္ ခ်ိဳထမ္းရမည္ျဖစ္သည္ သူတို႔ေတြ ခရီးသြားရမွာ အဆင္ေျပေစရန္ ဦးအုန္းသည္ အစစ အရာရာ သင္ျပေျပာဆိုေနၿပီး လိုအပ္သည္မ်ားကို စီစဥ္ေပးေနပါေလေတာ့သည္။

▪️အခန္း-၂

ေမာင္ဘိုးထင္တို႔ အဖြဲ႕ ခရီးစတင္ ထြက္လာရာ ေပပင္႐ြာႏွင့္အေတာ္ လွမ္းေနၿပီျဖစ္သည္ ၊ သစ္ရိပ္သစ္ပင္မ်ားရွိေသာ ေတာစပ္တြင္ ခဏ နားလိုက္ၾကကာ ထမင္းခ်က္ျပဳတ္ရန္ျပင္ဆင္ၾကေလသည္ ၊ ေရခပ္ရမည္မွာ ဖိုးေထြးႏွင့္ သာေအးတာဝန္ျဖစ္ၿပီး သာရမွ နားေနမည္ သစ္ပင္ရိပ္မွာ မီး‌ေမႊးၿပီး ထမင္းခ်က္ရန္ တာဝန္ယူရသည္။ ေမာင္ဘိုးထင္ ႏွင့္ ေပတူးသည္က ဟင္းစား ရွာရမည္ျဖစ္သည္ ယခုတြင္ေတာ့ ေမာင္ဘိုးထင္ ႏွင့္ ေပတူး လြယ္အိတ္ကိုယ္စီ လြယ္လို႔ ေတာထဲ ဝင္သြားၾကေတာ့သည္။

“ေပတူးေရ ေတာၾကက္ရရင္ေတာ့ ေကာင္းသားဟ”

“ေတာၾကက္မရလည္း ငွက္ေလာက္ဆို အဆင္ေျပပါတယ္ကြာ ”

“ရတာေပါ့ ေပတူးရာ လာလာ ဒီေတာထဲက လူတေယာက္မွ ဝင္ ပုံ မေပၚဘူးဟ ”

ထိုခ်ိန္ ေပတူးသည္ ေလသံတိုးတိုးျဖစ္ ေမာင္ဘိုးထင္အားစကားဆိုေလသည္

“ဟို ဟို မွ ေတာက္ၾကက္ဖ မဟုတ္လား ဘိုးထင္ ”

“ေအးေအး ငါပစ္လိုက္မယ္ ”

ေမာင္ဘိူးထင္သည္ ေလးဂြကို လြယ္အိတ္ထဲ မွ ထုတ္ၿပီး ေတာၾကက္ဖ တေကာင္အား အေသအခ်ာ ခ်ိန္႐ြယ္၍ ပစ္လိုက္ရာ ေတာၾကက္ဖ ၏ ဦးေခါင္းအား တည့္မွတ္စြာ ထိမွန္ၿပီး ေတာင္ပန္ တဖ်က္ဖ်က္ခက္ကာ လူးလြန႔္ေနေလသည္ ထိုအခ်င္းအရာကို ရွင္းလင္းစြာ ျမင္ရေသာ ေပတူးမွ

“ဟ ထိသြားၿပီဟ လာလာသြားေကာက္ရေအာင္”

“သြားေကာက္ ကြာ ေပတူး”

“မင္းေကာ လိုက္ခဲ့ ေလကြာ ”

“ငါက ပစ္တဲ့ေကာက္ကြ ငါကဆရာ မင္းက ငါပစ္တာသာ ေနာက္က လိုက္ေကာက္ ၾကားလား ”

“ေအးေပါ့ကြာ ‌ေတာၾကက္တေကာင္ မွန္ထားတယ္ ဆိုေတာ့လည္း ေျပာအားရွိတာေပါ့ ဒီမွာ ေစာင့္ ”

ေပးတူသည္ တဖ်က္ဖ်က္ ေတာင္ပန္ခက္ၿပီးလူးလြန႔္ေနသည့္ ေတာၾကက္ဖအား သြားေကာက္ရန္ ထြက္သ‌ြားေတာ့သည္ ၊ ေပတူး သည္ အေက်ာဆြဲေနေသာ ေတာၾကက္ဖႀကီးနား အေရာက္ ေျခေထာက္ကို ဆြဲယူရန္ ဟန္ျပင္လိုက္စဥ္

“ဖလပ္ ဖလပ္ ေအာက္အီးအီးအြတ္”

ေပးတူးလန႔္ဖ်တ္ကာ ေမာင္ဘိုးထင္ အနားျပန္ေျပးလာသည္ ၊ အေၾကာဆြဲေနေသာ ေတာၾကက္ဖႀကီးမွ ေပတူး အနားေရာက္သည္ ႏွင့္ ခ်က္ခ်င္း အေကာင္းပကတိ ျပန္ျဖစ္ကာ တြန္ပါ‌တြန္ေနေသာေၾကာင့္ ေပတူး လန႔္ရခ်င္းျဖစ္သည္ ၊ ထိုအခ်င္းအရာကို အလုံးစုံျမင္ေသာ ေမာင္ဘိုးထင္သည္ ‌ေငးေၾကာင္ေနရာမွ သတိရကာ

“ေပတူး ထူးေတာ့ထူးတယ္ဟာ ”

“မင္းေျပာမွလား ငါလည္းထူးတာ သိတယ္ တို႔ကို သရဲမ်ား ေျခာက္ေနတာလား ”

“ေအး ဒီေနရာက လူအေရာက္အေပါက္နည္း ကတည္းက ငါသိသင့္တာ ကဲကဲ သြားၾကရေအာင္ေဟ့ ”

ေမာင္ဘိုးထင္ ႏွင့္ ေပတူးသည္ ထိုေတာထဲ မွ ထြက္လာၿပီး တျခားေနရာတြင္ ငွက္မ်ား ကိုလိုက္ပစ္ေပမဲ့ တေကာင္မွ မရေပ အခ်ိန္လည္း မရွိေတာ့သည္မို႔ ခ်ိဳထဲ တြင္ ရွိေသာ ကန္စြန္း႐ြက္မ်ား ဒရင္ေကာက္ ၫႊန႔္မ်ား ဇရစ္႐ိုးမ်ားကိုသာ ခ်ိဳးၿပီး ျပန္ခဲ့ၾကပါေလေတာ့သည္ ။

▪️အခန္း-၃

ဖိုးေထြးႏွင့္ သာေအးသည္ ေရခပ္ၿပီးျဖစ္၍ သာရ ထမင္းအိုးတည္ေနသည္ ၊ ထို႔ေနာက္ ဟင္းအိုးတည္ရန္ အသင့္အေနအထားျဖစ္ေနၿပီ ျဖစ္၍ ေမာင္ဘိုးထင္ ႏွင့္ ေပးတူးတို႔ အလာကို စကားတေျပာေျပာႏွင့္ ေစာင္ေနေလသည္

“ဘိုးထင္ နဲ႔ ေပတူးလာရင္ အနည္းဆုံး ငွက္ သုံးေကာင္ပဲ ကြ ”

“ေတာၾကက္တြန္သံၾကားတယ္ ဒီေကာင္ေတြေတာၾကက္ ရေနၿပီထင္တယ္ ”

“ဘိုးထင္နဲ႔ ေပတူး ငွက္ပစ္သြားရင္ေတာ့ ပူမေန‌ ကြာ ဒီေကာင္ေတြ လက္စ ငါသိတယ္ ကြ ”

သူတို႔ေတြ စကားမ်ားေဖာင္ဖြဲ႕ေနစဥ္ ဟင္း႐ြက္မ်ားကို ငွက္ေပ်ာ္ဖက္ ႏွင့္ ပက္ကာ လက္ႏွင့္ ေပြ႕လာေသာ ေပးတူမွာ ေရွ႕က လမ္းေလွ်ာက္လာ၏ ၊ေပတူးကို ျမင္ေသာ အခါ ဖိုးေထြးမွ စကားဆိုလာသည္

“ဒီေကာင္ေတြ ေတာ္ေတာ္ အျမင္ရွိတဲ့ ေကာင္ေတြကြ ၾကည့္ပါလား ဟင္းတမ်ိဳးတည္း ျဖစ္ေနမွာ ဆိုးလို႔ ဟင္း႐ြက္ပါခူးလာပုံပဲ ”

“ေအးဟ တကယ္ေတာ္ပါေပတယ္ ကြာ ဘိုးထင္နဲ႔ ေပတူး က”

ဖိုးေထြး၏ ခ်ီးမႊန္းစကားကို ထမင္းအိုးကို မ်က္ႏွာသစ္ေပးေနေသာ သာရမွ ေထာက္ခံေနခ်ိန္ ေမာင္ဘိူးထင္တို႔ သူတို႔အနားေရာက္လာ၏ ထိုအခါ သာေအးသည္

“ဘိုးထင္ ေပး ငါ အေမႊးႏုတ္လိုက္မယ္ ”

“ဘာအေမႊးႏုတ္မွာလဲ ဘာအေမႊးမွ ႏုတ္စရာ မပါဘူး မင္းေတာ္ေတာ္ ႏုတ္ခ်င္ရင္ ေပတူးကိုသာ ႏုတ္”

ေမာင္ဘိုးထင္၏ စကားေၾကာင့္ ဖိုးေထြး ႏွင့္ သာရ တေယာက္ကို တေယာက္ၾကည့္လိုက္ကာ

“ထင္သား အလကားေကာင္ေတြႏွစ္ေယာက္ ငွက္ပစ္ပါဆို ဟင္း႐ြက္ေတြ ခူးလာတယ္ ”

“ဟုတ္ပကြာ ငါတို႔ သာ သြားၾကည့္ က်ားေတာင္း ဖမ္းခဲ့ မယ္ေကာင္ေတြက သိလား ”

“ေဝါင္း ေဝါင္း ”

သာရ၏ စကားအဆုံးတြင္ က်ယ္ေလာင္ေသာ က်ားေအာ္သံထြက္လာရာ ေမာင္ဘိူးထင္မွ အပ က်န္လူမ်ား လန႔္ဖ်တ္ေနရာ ေမာင္ဘိုးထင္သည္ သာရကို ၾကည့္ကာ

“ေတာထဲ မွ အရမ္း ေလွ်ာက္မေျပာနဲ႔ က်ဳပ္တို႔ကို အသားမစားေစခ်င္လို႔ ေနမွာေပါ့ က်ဳပ္တို႔ အေၾကာင္းသိတဲ့ ေနရာေတြ လည္း မဟုတ္ဘူး ဆင္ဆင္ခ်င္ခ်င္ ေနၾက အခုေတာ့ က်ဳပ္တို႔ ခူးလာတဲ့ ဟင္း႐ြက္ ေတြကို ပဲ ျဖစ္သလိုခ်က္ ၾကားလား”

“ေအး ေအးပါကြာ မသိလို႔ပါဟ ”

ဖိုးေထြးႏွင့္သာရလည္း ‌အထြန႔္မတက္ရဲေတာ့ပါပဲ ေမာင္ဘိုးထင္ ႏွင့္ေပတူး ခူးလာေသာဟင္း႐ြက္ မ်ားကိုသာ ခ်က္ျပဳတ္လိုက္ၾကၿပီး အားလုံး ဝိုင္းဖြဲ႕ စားေသာက္လိုက္ၾကပါေလေတာ့သည္ ။

▪️အခန္း-၄

ေမာင္ဘိုးထင္တို႔ ေခတၱနားၿပီး ခရီးဆက္လိုက္ၾကသည္ ၊ ေန႔ေတြမွာ ခရီးဆက္ ညေမွာင္ခ်ိန္မွာ အိပ္ႏွင့္ တရက္မွ် ခရီးထြက္ၿပီး ခ်ိန္တြင္ေတာ့ ႐ြာ တ႐ြာသို႔ေရာက္လာသည္ ထို႐ြာသည္ အလယ္႐ိုးမေတာင္ေခ်မွာ ျဖစ္သည့္ အတြက္ က်ားဆိုး႐ြာေတာ့မဟုတ္ေပ ၊ သူတို႔ ထို႐ြာထဲ ဝင္သြားလိုက္ၾကသည္ ႐ြာထဲ ေရာက္သည္ႏွင့္ ဖိုးေထြးႏွင့္ သာရ အ႐ြယ္ မိန္းမပ်ိဳေလး ႏွစ္ဦး သူတိုအနား‌ေရာက္လာကာ

“‌ဧည့္သည္ေတြ ထင္တယ္ ဘယ္သြားၾကမလို႔လဲ ရွင့္ ”

“က်ားဆိုး႐ြာကို သြားမလို႔ပါ ဒီ႐ြာနာမည္က ဘာလဲ ဗ်”

ေမာင္ဘိုးထင္မွ ေရွ႕ဆုံးမွ ေန၍ ထိုမိန္းမပ်ိဳေလး ႏွစ္ေယာက္ကို ေမးလိုက္ရာ

“ဒီ႐ြာနာမည္က မဟူရာ ႐ြာေမာင္ေလး”

“႐ြာနာမည္ႀကီးကလည္း အဆန္း ပဲ ”

“ဟုတ္ပ အမတို႔႐ြာကို ေရာက္ဖူးတဲ့သူေတြက အဆန္းပဲလို႔ေျပာတာပါပဲ”

“က်ားဆိုး႐ြာကို ဘယ္လို သြားရတာလဲ ဗ်”

“က်ားဆိုး႐ြာက ေတာင္ေပၚမွာ ေဝးေသးတယ္ ေမာင္ေလးတို႔ ဒီမွာ ခဏ နားပါလား ”

မိန္းမပ်ိဳေလး ႏွစ္ေယာက္၏ စကားေၾကာင့္ ဖိုးေထြး ႏွင့္ သာရမွ ေမာင္ဘိုးထင္ကို ၾကည့္ကာ ေခါင္းညိတ္ျပေလသည္ ၊ ေခါင္းညိတ္ျပေနေသာ ဖိုးေထြး ႏွင့္ သာရကို ၾကည့္ကာ မိန္းပ်ိဳေလး ႏွစ္ေယာက္သည္

“ဧည့္သည္ေတြထဲက ဒီက အကို ႏွစ္ေယာက္က အေတာ္ၾကည့္ေကာင္းတာပဲ “,

“႐ြာမွာ လဲ ဒီလိုပဲ ေျပာၾကတာပါပဲဗ်ာ ”

“ဟုတ္တယ္ က်မတို႔ ႐ြာက ကာလသားေတြနဲ႔ အကို တို႔ နဲ႔က တျခားစီပဲ ”

“,တျခား႐ြာက အပ်ိဳေတြကေတာ့ အဲ့လိုပဲေျပာတာပါပဲ ”

ဖိုးေထြး ႏွင့္ သာရသည္ ေပ်ာ္တၿပဳံးၿပဳံး ႏွင့္ မိန္းမပ်ိဳ ႏွစ္ေယာက္ ႏွင့္ စကားေျပာေနေလရာ ေမာင္ဘိုးထင္တို႔ ေခၚသည္ကို ပင္ မသိက်ိဳးကြၽမ္ျပဳေနကာ မိန္းမပ်ိဳ ႏွစ္‌ေယာက္ ေခၚေဆာင္ရာသို႔ လိုက္ပါသြား‌၍ ေမာင္ဘိုးထင္ တို႔ ကေလးသာသာ သုံးေယာက္လည္း ေနာက္မွ လိုက္ပါသြားရပါေလေတာ့သည္ ။

▪️အခန္း-၅

မိန္းမပ်ိဳေလး ႏွစ္ေယာက္သည္ သူတို႔၏ သက္က္ကယ္မိုး ထရံကာ အိမ္ေလးေပၚသို႔ အရင္တက္သြား၏ ထိုေနာက္ ဖိုး‌ေထြး ႏွင့္ သာရသည္းလည္း ေနာက္မွလိုက္တက္သြားရာ ေမာင္ဘိုးထင္တို႔ပါတက္လိုက္ၾက၏ ၊ မိန္းမပ်ိဳေလး ႏွစ္ေယာက္သည္ အိမ္ေထာင့္မွာ ဖ်ာေခ်ာ ႏွစ္ခ်ပ္ကို ခင္းေပး ၿပီး ေမာင္ဘိုးထင္တို႔အား ထိုင္‌ေနေစသည္ထို႔ေနာက္ မိန္းမပ်ိဳေလးႏွစ္ေယာက္သည္ ဖိုးေထြးႏွင့္သာရကို ၾကည့္ကာ ၿပဳံး႐ႊင္စြာႏွင့္ မိတ္ဆက္ေပးေလသည္၊

“အကိုတို႔ က်မနာမည္က ေမပ်ိဳ လို႔ေခၚပါတယ္ ေဟာဟိုက ေတာ့ က်မ ညီမေလး ပ်ိဳေမ တဲ့ ”

“နာမည္ေလးေတြက လွလိုက္တာေနာ္ ”

“ဟုတ္ပ သာရရာ နာမည္ေလးေတြက စိတ္ဝင္စားစရာေလးေတြ လူေလးေတြနဲ႔လည္းလိုက္ပ”

ေမာင္ဘိုးထင္သည္ ၿပဳံး႐ႊင္ၿပီး စကားေျပာေနေသာ ဖိုးေထြးႏွင့္ သာရအား အျမင္ကပ္လာသည္ ၊ သူတို႔ ဝင္လာကတည္းက ေခြးတေကာင္ ေၾကာင္တမွီးမွ မရွိေသာ ႐ြာမွာ ယခုမိန္းမကေလး ႏွစ္ေယာက္ပဲ ရွိေနသည္မွာ ပုံမွန္မဟုတ္မွန္း ေမာင္ဘိုးထင္တို႔ သတိထားမိသည္ ၊ သို႔ပါေသာလည္း အသက္အႀကီးဆုံးေသာ ဖိုးေထြး ႏွင့္သာရ ႏွစ္ေယာက္မွာ မိန္းမပ်ိဳေလးမ်ား၏ အေျပာႏွင့္ အလွတြင္ ယစ္မူးၿပီး ‌ေနာက္မွ ေကာက္ေကာက္ပါေအာင္ လိုက္လာခဲ့ ခ်င္းမဟုတ္ပါလား၊ ယခုလည္း ေမပ်ိဳဆိုေသာ နာမည္ကို ေျပာင္းျပန္လွည့္ၿပီး ပ်ိဳေမဟု မွည့္ထားခ်င္းကို နာမည္က လွၿပီး စိတ္‌ဝင္စားဖို႔ေတာင္ေကာင္းေနျပန္သည္ဟု ေျပာေနရာ ေမာင္ဘိုးထင္တို႔ သုံးဦးအေတာ္ပင္ အျမင္ကပ္လာၿပီျဖစ္၏ ၊ ေမပ်ိဳ ႏွင့္ ပ်ိဳေမ ညီအမ ႏွစ္ေယာက္သည္ ေမာင္ဘိုးထင္တို႔ကို ထိုင္ေစ၍ ေရေႏြးၾကမ္းသြားယူမည္ဟုေျပာကာ အိမ္ေအာက္ဆင္းသြားၾကေတာ့သည္ ၊ ဖိုးေထြး ႏွင့္သာရမွာ အိမ္ေအာက္ဆင္းစြားေသာ မိန္းမပ်ိဳႏွစ္ဦး ၏ အလွကို စကားေဖာင္ဖြဲ႕ ေနစဥ္ ေမာင္ဘိုးထင္သည္ အိမ္ေနာက္ကို သြားၿပီး ထရံေပါက္မွ ထိုမိန္းမပ်ိဳ ႏွစ္ဦးအား သူ၏ ေျခစာမႈန႔္ကို မႏၲန္႐ြတ္၍ မ်က္လုံးမွာ ကြင္းလိုက္ၿပီး ေခ်ာင္းၾကည့္လိုက္ရာ ၊ အသက္၆၀ အ႐ြယ္ မိန္းမႀကီးမ်ားျဖစ္ေနၿပီး ေရေႏြးၾကမ္းအိုးထဲသို႔ အိမ္ေရွ႕မွ ညစ္ပက္ မဲညစ္ေနေသာ မိုးေရမ်ားထည့္ေနၿပီး အိမ္တံစက္ၿမိတ္မွ သက္ကယ္႐ိုးမ်ားကို ခ်ိဳးကာ ပန္းကန္ထဲ ထည့္ေနသလို အိမ္ဝိုင္းထဲ မွ ေျမႀကီးခဲမ်ားအား ပန္းကန္ထဲ ထည့္ၿပီး ရယ္ကာေမာကာ ႏွင့္ အိမ္ေပၚသို႔ ျပန္တက္လာၾက၏၊ ေမာင္ဘိုးထင္သည္ ဖိုးေထြးတို႔ အနား ျပန္ထိုင္လိုက္သည္ ။ ဖိုးေထြးသည္ မိန္းမပ်ိဳေလးမ်ားအား ေမာင္ဘိုးထင္ ေခ်ာင္းၾကည့္ေနသည္ထင္ကာ မ်က္ေစာင္းထိုးၿပီး သတိထားဦးဆိုေသာ ဟန္ျဖစ္သတိပင္ေပးေနေသး၏ ၊ေမာင္ဘိုးထင္က အားလုံးကို မ်က္ရိပ္မ်က္ေျချပၿပီး သတိထားရန္ေျပာလိုက္ရ က်န္သူမ်ားက နားလည္ေပမဲ့ ဖိုးေထြးႏွင့္ သာရသည္က နားမလည္ေပ ထိုအခါ ေမာင္ဘိုးထင္သည္ ဖိုးေထြးလက္ထဲ သို႔ ဦးအုန္းေပးလိုက္ေသာ ေဆးေတာင္ေလးကို ထည့္လိုက္ၿပီး

“ကိုဖိုးေထြး နဲ႔ ကိုသာရ တေယာက္တခုစီ ငုံလိုက္ ၿပီးရင္ အဲ့ေဆးေတာင္နဲ႔ မ်က္လံုး ကြင္းလိုက္ၾကားလား”

ေမာင္ဘိုးထင္ေျပာေနခ်ိန္ မိန္းမပ်ိဳေလးမ်ားေရာက္လာ၍ ေမာင္ဘိုးထင္ သည္ ဖိုးေထြးအား ေဆး‌ေတာင့္ေပးသည္ ကို သတိမထားမိရန္ ေနလိုက္ရသည္။

“ဧည့္သည္အကိုေတြနဲ႔ ေမာင္ေလးေတြ ဗိုက္ဆာေနေရာေပါ့ ေရာ့ေရာ့ ေရေႏြးၾကမ္းေလးေသာက္ဦး”

ေမပ်ိဳသည္ ေရေႏြး လင္ပန္း ႏွစ္ခ်ပ္ကို ‌ဖိုးေထြး ႏွင့္ သာရေရွ႕ခ်ေပးလိုက္သည္ ၊ ‌ေမာင္ဘိုးထင္ကလြဲၿပီး က်န္သူမ်ား၏ ျမင္ကြင္းတြင္ မိန္းမပ်ိဳေလးႏွစ္ေယာက္သည္ ေရေႏြးအိုးႏွင့္ ငါးေျခာက္ဖုတ္ဆီစမ္းေလးႏွင့္ ထန္းလ်က္ခဲမ်ားျဖစ္တည္းခင္းထားခ်င္းျဖစ္သည္ ၊ ေမပ်ိဳႏွင့္ ပ်ိဳေမသည္ ေရေႏြးၾကမ္းအိုးထဲမွ ေရေႏြးၾကမ္းကို ေရေႏြးပန္းကန္လုံးထဲ ကိုငွဲထည့္ေနရင္း

“အကိုနဲ႔ ‌ေမာင္ေလးတို႔ ေရေႏြးေလးေသာက္ၿပီး ငါးေျခာက္ဖုတ္ေလးျမည္းပါဦး ဒီငါးေျခာက္ဖုတ္ေလးက အမတို႔ကိုယ္တိုင္လုပ္ထားတာ ၿပီးေတာ့ ထန္းလ်က္ေလးလည္း စားပါဦး”

“စားရမွာေပါ့ဗ်ာ ေစတနာနဲ႔ ေကြၽးတာ မစားရင္ ႐ိုင္းရာၾကမေပါ့ ကဲ့ သာရေရ စားကြာ “,

“ေကာင္းလိုက္တာ ဖိုးေထြးရယ္ ငါးေျခာက္ဖုတ္‌ေလးက ကြၽတ္ယြေန‌တာပဲ ေရ‌ေႏြးေလးကလည္း ေမႊးလို႔ ”

“ဟုတ္တယ္ကြ ထန္းလ်က္ေလးဆို ခ်ိဳေနတာပဲ ဒါမွ ထန္း ထန္းလ်က္အစစ္ဟ”

ဖိုးေထြးႏွင့္ သာရသည္ သူတို႔၏ ေရွ႕တြင္ ရွိေသာ ေရေႏြးလင္ပန္းထဲမွာ အျမည္းႏွင့္ ေရေႏြးကို အားရပါးရ ေသာက္စားေနေလသည္ ၊က်န္ေသာ ေပတူး ႏွင့္ သာေအးသည္ ‌ေမာင္ဘိုးထင္ မ်က္ရိပ္ျပထား၍ သတိထားၿပီး မစားပဲ ငါးေျခာက္ဖက္ တဖက္စီသာကိုင္ထား၏ ေမာင္ဘိူးထင္၏ ျမင္ကြင္းထဲတြင္ေတာ့ ဖိုးေထြး ႏွင့္ သာရသည္ သက္ကယ္႐ိုးမ်ားကို စားလိုက္ ေျမႀကီးခဲ မ်ားကို စားလိုက္ ညစ္ပတ္ေနေသာ မိုးေရမ်ားကို ေသာက္လိုက္ႏွင့္ အဆင္ေျပေနေလသည္ ၊ သာေအးႏွင့္ ေပတူးတို႔မွာလည္း သက္ကယ္႐ိုး တေယာက္တေခ်ာင္းကို ကိုင္ထားေနၾကသည္ ၊ ထိုေနာက္ ‌ေမာင္ဘိုးထင္သည္ ေမပ်ိဳကိုၾကည့္ကာ

“အမႀကီး ”

“ေျပာေမာင္ေလး ”

“က်ေနာ္တို႔ ငွက္သြားပစ္ခ်င္တယ္ ”

“အကုန္သြားမွာလားေမာင္ေလး ”

“လိုက္မဲ့သူ‌ပဲ ေခၚမွာပါ ”

ထိုအခါေမပ်ိဳသည္ ဖိုးေထြး ႏွင့္ သာရဘက္လွည့္ကာ

အကို‌တို႔ေကာ ဒီကေမာင္ေလးေနာက္လိုက္မွာလား”

“ဟာ မလိုက္ပါဘူး ပူတယ္ မလိုက္ဘူးမလား သာရ”

“လိုက္ ပါဘူးကြာ ”

ေမာင္ဘိုးထင္သည္ ဖိုးေထြးႏွင့္ သာရအား မ်က္လုံးျပဴးျပ မရ ၿပဲျပမရျဖစ္ေနေလရာ

“အဲ့တာဆိုလည္း က်ဳပ္တို႔သြားၿပီ ”

ေမာင္ဘိုးထင္သည္ သာေအး ႏွင့္ ေပတူးကို ေခၚ၍ အိမ္ေအာက္သို႔ဆင္းသြားကာ ေတာင္းမ်ား အထုတ္အပိုးမ်ားကို မႏိုင္မနင္းသယ္လိုက္ကာ ႐ြာအျပင္သို႔ထြက္သြားၾကပါေတာ့သည္။ ထို႔ေနာက္ ႐ြာလမ္းအတိုင္း လမ္း‌ေလွ်ာက္ၿပီး အလယ္႐ိုးမေတာင္ေပၚသို႔တက္‌ေသာ လမ္း‌ေပၚတက္လိုက္ၿပီး သစ္ပင္အရိပ္တြင္ ထိုင္ေနသည္ ထိုအခ်ိန္ သာေအးႏွင့္ ေပးတူးတို႔ ကိုင္လာေသာ ငါးေျခာက္ဖုတ္မ်ားသည္ သက္ကယ္႐ိုးမ်ား ျဖစ္‌သြားရာ သာေအးမွ ႐ြာဘက္ကို လွမ္းၾကည့္ၿပီး

“ကိုဖိုးေထြး ႏွင့္ ကိုသာရေတာ့ သက္ကယ္႐ိုးစားၿပီး ႏြားေတြ ျဖစ္ေနၾကၿပီလားမသိဘူး”

“ဟုတ္ပ အသက္သာ ႀကီးတာ အခုထိဘာမွလည္းမသိဘူး ႐ြာထဲ ဝင္လာကတည္းက ဘာအသံမွ မၾကားတာ ဒင္းတို႔က ဘာတခုမွ သတိမထားမိဘူးလား မသိဘူး ”

“ထားမိမလားဟ သူတို႔က ဒါထေနတာကို ”

ေမာင္ဘိုးထင္မွာ သူ၏ ႏွာေခါင္းကို လက္ႏွင့္ ဖိၿပီးေျပာေလ၏ ၊ ထိုေနာက္ ေမာင္ဘိုးထင္သည္ ခဏေတြးေတာေနရင္း

“အဲ့မိန္းမႀကီးေတြက လူေတာ့လူပဲကြ အဆင့္ျမင့္ ပညာသည္ေတြျဖစ္မယ္ ငါ့အထင္ လင္လိုခ်င္ေနတာ လို႔ထင္တယ္ ‘

“ေအးေပါ့ သူတို႔ လည္း အပ်ိဳေလးေတြ ဆိုေတာ့ ”

“ဟဲ့ ေပတူး မသိပဲ ေလွ်ာက္မေျပာနဲ႔ အဲ့ မိန္းမႀကီးေတြ က အသက္ ‌ေျခာက္ဆယ္ေတာင္ ေက်ာ္ေလာက္ၿပီ ”

“ဟုတ္လား အဲ့တာ ဆို ငါတို႔ ဘယ္လို လုပ္မလဲ”

“ေစာင့္ၾကည့္ရမွာေပါ့ကြာ ေနဝင္ထိေတာ့ ဒီနားကေစာင့္ၾကည့္တာေပါ့္ ေနဝင္လို႔ မလာဘူးဆိုရင္ ေတာ့ ဒီလူေတြ မိန္းမရ ၿပီလို႔သာ မွတ္လိုက္ၾကတာေပါ့ ”

“မင္းသေဘာအတိုင္းပါပဲ ဘိုးထင္ရာ ”

ေမာင္ဘိုးထင္တို႔သည္ သူတို႔သယ္လာေသာ ပစၥည္း ပစၥရ မ်ားႏွင့္ အတူ ဖိုးေထြးတို႔ လာႏိုင္သည့္လမ္းကို ေစာင့္ေမွ်ာ္ရင္းေနေလရာ အခ်ိန္အေတာ္ၾကာသြားသည္ ထိုအခ်ိန္ ႐ြာထဲ မွ ဖိုးေထြး ႏွင့္ သာရ ပုဆိုးကို ခါးေတာင္းက်ိဳတ္ၿပီး ဖိနပ္မ်ားကို လက္ကကိုင္ကာ ေျပးလာေနရၾကသည္ သူတို႔၏ ေနာက္တြင္ ေတာ့ အသက္ ၆၀ အ႐ြယ္မိန္းမႀကီးႏွစ္‌ေယာက္း ပါးစပ္က ေအာ္ေျပာရင္းေျပးလိုက္ေနသည္

“အကိုတို႔ ညီမတို႔ကို မထားခဲ့ပါနဲ႔ ေျပာေတာ့ အကိုတို႔က ညီမတို႔ ညီမ ႏွစ္ေယာက္ကို အရမ္း ခ်စ္တယ္ ဆို ”

“မခ်စ္ဘူး မလိုက္ခဲ့နဲ႔ ဘာႀကီးေတြ လဲ မသိဘူး မခ်စ္ဘူး ေျပး ေျပးသာရ မိရင္ ငါတို႔ လူျဖစ္ရႈံးၿပီ ”

“အကိုတို႔ရယ္ အခ်စ္မွာ အသက္အ႐ြယ္မရွိပါဘူး ”

“ရွိတယ္ ရွိတယ္ ဗ်”

ဖိုးေထြးႏွင့္ သာရတို႔သည္ ေမာင္ဘိုးထင္တို႔ ထိုင္‌ေနသာ သစ္ပင္ ရိပ္အနားေရာက္ေသာ အခါ ေမာင္ဘိုးထင္တို႔အားေတြ႕ရ၍ ဝမ္းသာသြားၾကကာ ေမာင္ဘိုးထင္တို႔ေနာက္တြင္ ဝင္လိုက္ၿပီး

“ဘိုးထင္ လုပ္ လုပ္ပါဦးကြာ ငါတို႔ လူ လူျဖစ္ရႈံးေတာ့မယ္ ”

“ခင္ဗ်ားတို႔ပဲ ေကာက္ေကာက္ပါေအာင္ လိုက္သြားတာေလ အခုမွ ဘာလို႔ ျပန္ေျပးလာတာလဲ ”

“ဟာကြာ မသိလို႔ေပါ့ဟ တကယ့္ ေကာင္မေလးေတြထင္လို႔ပါကြာ ”

“ခင္ဗ်ားတို႔ တာဝန္ယူရမယ္ေနာ္ မဟုတ္တာေတြ လုပ္ခဲ့ရင္ ”

“ဘာမွ မလုပ္ရပါဘူးကြာ အညႇာအရမ္းလြယ္ေနလို႔ မင္းေပးတဲ့ ေဆးေလး ငုံၿပီး မ်က္လုံး ကြင္းၾကည့္တာ ဒါႀကီးေတြ ျဖစ္လာတာပဲ ကယ္ပါဦးကြာ ”

“အဲ့တာေတာ့ သိတက္တယ္ေနာ္”

“ေနာက္မွ ေျပာပါ ဟိုဟာႀကီးေတြ ေရာက္ေတာ့မယ္ တခုခု လုပ္ပါဦး”

မိန္းမႀကီး ႏွစ္ေယာက္သည္ ေမာင္ဘိုးထင္တို႔ ႏွင့္ မလွမ္း မကမ္း တြင္ ရပ္လိုက္ၿပီး ေမာင္ဘိုးထင္ကို ၾကည့္ကာ

“ေမာင္ေလးရယ္ မမတို႔ရဲ႕ ခ်စ္ခ်င္းကို မခြဲပါနဲ႔ေနာ္ ”

“ဟုတ္ပါတယ္ ေမာင္ေလးရယ္ မမတို႔က အကိုတို႔ကို ရင္ထဲ အသဲထဲက ခ်စ္တာပါ ခ်စ္ခ်င္းကို မခြဲပါနဲ႔”

မိန္းမပ်ိဳေလး တျဖစ္လဲ မိန္းမႀကီးမ်ားသည္ သူတို႔၏ မ်က္ႏွာမွ အိုမင္းရင့္ေရာ္ ေနသည့္အတြက္ အေရးအေၾကာင္းမ်ားႏွင့္ မလိုက္ဖက္စြာ ကဗ်ာဆန္ေသာ စကားကို ဆိုေနေလၾက၏ ။ထို႔‌ေၾကာင့္‌ေမာင္ဘိုးထင္တို႔ အဖို႔ မိန္းမႀကီးမ်ားကို ျမင္ရသည္မွာ အေတာ္ပင္ အၾကည့္ရဆိုးေန‌‌ၾကသည္ ၊ ထို‌့‌ေနာက္ ေမာင္ဘိုးထင္သည္ ဖိုးေထြး ႏွင့္ သာရ တို႔ကို ၾကည့္ကာ

“ကဲ ကဲ ကိုဖိုးေထြး နဲ႔ ကိုသာရ ခင္ဗ်ားတို႔ ခ်စ္သူေတြဆီ ျပန္လိုက္မလား ”

“ဟာ ဒီေကာင္ ဘိုးထင္ကေတာ့ကြာ ဘာခ်စ္သူလဲ ဘာမွခ်စ္သူမဟုတ္ဘူး”

ဖိုးေထြးမွ ထိုသို႔ေျပာေသာ အခါ မိန္းမႀကီးသည္ ညႇိးငယ္ ေဆြးေျမ့ေသာ မ်က္ႏွာ ျဖစ္

“အကို အဲ့လို မေျပာပါနဲ႔ ေမာင္ေလးတို႔ ထြက္သြားေတာ့ အကိုပဲ ေမပ်ိဳ႕ကိုခ်စ္တယ္ ဆို ”

“ဟုတ္တယ္ ဟိုအကို လည္း တူတူပဲ ပ်ိဳေမ့ကို အရမ္း အရမ္း ခ်စ္တယ္ ဆို ”

မိန္းမႀကီး ႏွစ္ဦးမွ ေၾကေၾကကြဲကြဲေျပာေန၍ ဖိုးေထြးေဘးမွ ရွိေသာ သာေအးသည္ ဖိုးေထြးကို စူးရဲစြာၾကည့္ကာ

“ခင္ ခင္ဗ်ားဗ်ာ က်ဳပ္အထင္ႀကီးေလးစား ထားသမွ် အလကားပဲ ကိုယ့္တာဝန္ ကိုယူေလဗ‌်ာ ”

“ကဲ ကျမင္းမသား သာေအးကလည္း တေမွာက္ မင္းအေမႀကီးေတာ္ႀကီးက သာမာန္ မိန္းမ‌ေတြ မဟုတ္ဘူးကြ”

ဖိုးေထြးသည္ သာေအး၏ နားရင္းကို အုပ္လိုက္ၿပီး ေျပာလိုက္မွ ေခါင္းကို ျဖည္းညင္းစြာညိတ္က

“အဲ့တာလည္းဟုတ္သား ”

ထိုေနာက္ ေမာင္ဘိုးထင္သည္ မိန္းမႀကီး ႏွစ္ေယာက္ဘက္လွည့္ကာ

“ခင္ဗ်ားတို႔ လာလို႔ရရင္ ဆြဲ‌ေခၚေတာ့ဗ်ာ ”

“အဲ့ကို လာလို႔မရဘူ အဲ့နားက က်ားဆိုး႐ြာ အပိုင္ ”

“အဲ့တာဆိုလည္း ေနခဲ့ၾကေတာ့ဗ်ိဳ႕ ”

‌ေမာင္ဘိုးထင္သည္ သူတို႔၏ ပစၥည္းမ်ားကို ဖိုးေထြးႏွင့္ သာရအား သယ္ေစၿပီး ေရွ႕မွသြားခိုင္းလိုက္၏ က်န္ခဲ့ေသာ မိန္းမႀကီး ႏွစ္ေယက္သည္က

“‌အကို ေမပ်ိဳကို ထားမသြားပါနဲ႔ ”

“ပ်ိဳ႕ေမ့ကိုလည္း မထားသြားပါနဲ႔ ကိုေျပာေတာ့ အကို႔အဘကို လာေတာင္းခိုင္းမယ္ဆို အခုေတာ့ထားခဲ့ ၿပီလား လူစိမ္းကားႀကီး ပ်ိဳ႕ေမရဲ႕ ရင္ေတြကြဲပါၿပီ”

ေအာ္ဟစ္ငိုေကြၽးေနေသာ မိန္းမႀကီးႏွစ္ေယာက္၏ အသံအား ေမာင္ဘိုးထင္တို႔ ဥေပကၡာျပဳကာ က်ားဆိုး႐ြာသို႔ ေျခဦးလွည့္ လိုက္ၾကပါေလေတာ့သည္။

▪️အခန္း-၆

က်ားဝါႀကီးတေကာင္ သားေကာင္‌ေခ်ာင္းေနေသာ ဟန္ႏွင့္ ႐ြာအဝင္တြင္ က်ား႐ုပ္ထုႀကီး တည္ရွိေနေလသည္ ။ ႐ြာအဝင္လမ္းသို႔ ေမာင္ဘိုးထင္တို႔ ေရာက္လာၾကသည္ ႏွင့္ သာေအးသည္ က်ားႀကီး႐ုပ္တုအနားသြားလိုက္ၿပီး ေရွ႕ေနာက္လွည့္ၾကည့္ကာ

“ဘိုးထင္ က်ားႀကီးက က်ားမႀကီးဟ ”

“ဒီေကာင္ေတာ့ လွ်ာကိုရွည္တယ္ ေနာက္ကလိုက္ မင္းတို႔က အခြင့္ ေရးရရင္ ရသလိုယူတယ္ ကို‌ဖိုးေထြးနဲ႔ ကိုသာရကို လည္းၾကည့္ဦး ႏိုင္ကြက္ရတာ နဲ႔ အႏိုင္မက်င့္ ၾကနဲ႔ ”

ေမာင္ဘိုးထင္သည္ သာေအး ႏွင့္ ေပတူးအား ဆူေငါက္ေနသည္ ၊ ေငါက္လည္းေငါက္ခ်င္စရာေပ ဖိုးေထြးတို႔ မွားသည္ကို အခြင့္အေရးလုပ္ကာ သယ္စရာ မ်ားကို အကုန္သယ္ခိုင္းၿပီး သူတို႔မွ လြယ္အိတ္တေယာက္ တလုံး ႏွင့္ ေအးေဆး ေနေပသည္ ေနာက္မွ ဖိုးေထြး ႏွင့္ သာရသည္သာ မ်က္ႏွာမွ က်လာေသာ ေခြၽးမ်ားကိုသုပ္ကာေနေလသည္။

ေမာင္ဘိုးထင္ ဆူေငါက္လိုက္မွ ေပတူးႏွင့္ သာေအးသည္ ဖိုးေထြးတို႔အားကူသယ္ေပးေလသည္ ႐ြာအဝင္ အတိုင္း လမ္းေလွ်ာက္လာစဥ္ ကြပ္ပ်စ္ႀကီး တခုတြင္ မိန္းမႀကီး မိန္းမငယ္ မ်ားဝိုင္းဖြဲ႕ စကားေျပာေနရင္း ေမာင္ဘိုးထင္တို႔ကို ေတြ႕ေသာအခါ

“ဟဲ့ မိၾကည္တို႔ ေဟာဟိုက ဧည့္သည္ေတြ မဟုတ္လား ”

“ဟုတ္တယ္ အေမႀကီး ”

“အဲ့တာဆို သြားေခၚလိုက္ပါ ဦးဒီမွာ ထိုင္ခိုင္းလိုက္”

အသက္ႀကီးရင့္ေနၿပီျဖစ္ေသာ အေမႀကီးမွ ထိုသို႔ေျပာေသာအခါ က်န္ေသာ အမ်ိဳးသမီးေလးမ်ားက ေမာင္ဘိူးထင္တို႔အနားေရာက္လာကာ

“ဒီက ဧည့္သည္ေလးေတြက ဘယ္ကေနလာၾကတာလဲ ”

“ေပပင္႐ြာကပါဗ် ဦးအုန္း လႊတ္လိုက္တာပါ ”

“ေအာ္ဟုတ္လား အမတို႔ နဲ႔လိုက္ခဲ့ ပါ ေဟာဟိုက အေမႀကီးက ဒီ႐ြာက ႐ြာသူႀကီးရဲ႕ အေမပါ ”

ယခုတခါတြင္ေတာ့ ဖိုးေထြး ႏွင့္ သာရ မိန္းမပ်ိဳေလးမ်ားကို ေစ့ေစ့ ပင္ မၾကည့္ရဲ ေမာင္ဘိုးထင္ ၏ အရိပ္အျခ သာၾကည့္ေနေလသည္ ၊ ထို႔ေနာက္ေမာင္ဘိုးထင္သည္ ခေရပင္ႀကီး ၏ အရိပ္ေအာက္တြင္ ထိုးထားေသာ ကြပ္ပ်စ္ႀကီး အနားသို႔ သြားရန္ ေျခလွမ္းျပင္လိုက္ၾကပါေလေတာ့သည္။

▪️အခန္း-၇

ေမာင္ဘိုးထင္တို႔သည္ ကြပ္ပ်စ္ႀကီးေပၚတြင္ ထိုင္ေနရင္း အေမႀကီးႏွင့္ တျခားမိန္းမပ်ိဳေလးမ်ား မွာ ေမာင္ဘိုးထင္တို႔အား ၾကည့္ၿပီး ရယ္ေသြးသန္းေနၾကသည္ ၊ အေမႀကီးသည္ ေျပာင္းဖူးဖက္ ေဆးလိပ္ႀကီးအား ဖြာရင္း ေမာင္ဘိုးထင္တို႔ကို နာမည္မ်ားသာ ေမးၿပီး ဟို ဘက္လွည့္၍ ထိုင္ေနသည္ မိန္းမပ်ိဳေလးမ်ားသာ ေမာင္ဘိုးထင္တို႔အား စကားမ်ားေျပာေနၾကေလသည္။

“ေဟာဟိုက အကိုတို႔က စကားလည္း မေျပာဘူး မာနႀကီးတယ္ထင္တယ္ ”

“ဟုတ္ပ ေမာင္ေလးေတြက ရည္ရည္မြန္မြန္ရွိ သေလာက္ သူတို႔က ခပ္တည္တည္ႀကီး ”

ခဲမွန္ဘူးေသာ စာသူငယ္ ေလးမ်ား ျဖစ္ေသာ ဖိုးေထြးႏွင့္ သာရသည္ ၿပဴံ၍သာ ရယ္ျပေနၿပီး မည့္သည့္စကားမွ ျပန္မေျပာေပ အတန္ၾကာစကားေျပာၿပီးေသာအခါ ေမာင္ဘိုးထင္သည္

“အမ တို႔ က်ဳပ္ကို ႐ြာလူႀကီးအိမ္ လိုက္ပို႔ပါလား ”

“‌ေနပါဦး ႐ြာလူႀကီးအိမ္က ထြက္ မေျပးပါဘူး”

“က်ဳပ္တို႔က ျပန္ရဦးမွာ ခရီးက ေဝးတယ္ ”

“ေျပာမရေတာ့လည္း ပို႔ရတာေပါ့ ထၾက‌ေလ သြားၾကရေအာင္ ”

မိန္းမပ်ိဳေလးမ်ားက တခစ္ခစ္ႏွင့္ ရယ္ၿပီး ေမာင္ဘိုးထင္တို႔ကို ၾကည့္ေနေလသည္ ၊ ေမာင္ဘိုးထင္တို႔ မတ္တတ္ ရပ္ရန္ႀကိဳးစားေပမဲ့ ဖင္ ႏွင့္ ကြပ္ပ်စ္က ကပ္ေနၾကသည္ ၊ ထိုအခ်င္းအရာကို သိေသာ မိန္းမပ်ိဳေလးမ်ားက တခစ္ခစ္ ႏွင့္ သေဘာ က်စြာ ရယ္ေမာ ေနေလရာ ေမာင္ဘိုးထင္သည္ သူ၏ ေဘးတြင္ ရွိေသာ သာေအး ႏွင့္ ေပတူးကို တိုးတိုးႏွင့္ စကားကပ္ေျပာလိုက္ၿပီး‌ေနာက္ သာေအးမွ မိန္းမပ်ိဳမ်ားကို ၾကည့္ၿပီး စကားဆိုလိုက္ေလသည္

“,အမတို႔ မစေတာ့နဲ႔ ဗ်ာ က်ေနာ္ အေပါ့သြားခ်င္ၿပီ ”

“ဟုတ္တယ္ အမ က်ေနာ္လည္း အေလးသြားခ်င္ေနၿပီ ”

“တကယ္ေျပာတာ က်ေနာ္က အေပါ့ေကာ အေလးေကာ သြားခ်င္ေနၿပီဗ်”

မိန္းခေလးမ်ားသည္ သူတို႔အား ေၾကာက္လန႔္၍ ေျပာမိ ေျပာရာ ေျပာေနသည္ဟု ထင္ကာ တခစ္ခစ္ႏွင့္ ရယ္ ေနေလသည္ ၊ ေမာင္ဘိုးထင္မွ မ်က္ႏွာ ရႈံ႕မဲ့ ၍

“အမတို႔ မျဖစ္သင့္တာေတြ မျဖစ္ေအာင္ က်ဳပ္တို႔ကို မတ္တတ္ရပ္လို႔္ရေအာင္လုပ္ေပးေတာ့”

“ခစ္ခစ္ ”

“အမ ‌က်ဳပ္တို႔ မရေတာ့ဘူး‌ေနာ္ ”

“ဟုတ္တယ္ က်ဳပ္လည္း မရေတာ့ဘူး”,

ေမာင္ဘိုးထင္တို႔ မ်က္ႏွာမ်ား ရႈံ႕မဲ့ေနရာ မွ သက္သာသြားဟန္ ျဖစ္သြားခ်ိန္ ေျပာင္းဖူးဖက္ ေဆးလိပ္ ဖြာေနေသာ အေမႀကီးသည္ ႏွားေခါင္းကို ရႈံ႕ကာ

“ဟဲ့ ဘာႏုံႀကီးလဲ နံလိုက္တာေအ ”

ထိုအခါ ေမာင္ဘိုးထင္သည္ အေမႀကီးကို ၿပဳံးၿပဳံး ႏွင့္ၾကည့္ကာ

“အေမႀကီးလူေတြကို က်ဳပ္တို႔က ေျပာပါတယ္ အေလးသြားခ်င္ေနၿပီဆိုတာ သူတို႔က သြားခြင့္မွာ မေပးတာ ”

“အဲ့ တာဆို နင္ နင္တို႔ ”

ေမာင္ဘိုးထင္ ႏွင့္ သာေအး အေမႀကီးကို ၾကည့္ၿပီး ၿပဳံးၿပဳံးႀကီးမ်ားႏွင့္ ေခါင္းညိတ္ျပလိုက္ရာ။ အေမႀကီးသည္ မိန္းမပ်ိဳေလးမ်ားကို ၾကည့္ကာ

“ဗိုင္းနာမေတြ နင္တို႔ ကိစၥ နင္တို႔ ရွင္းၾက နံလိုက္တာေအ ကေလးေတြကို ေရအရင္ခ်ိဴခိုင္းလိုက္ ငါ့ကြပ္ပ်စ္ကို ေသခ်ာ ေရေဆး လင္တာ႐ူးမေတြ ပေထြးေလးေတြ နဲ႔တိုးေတာ့ ခံရၿပီမဟုတ္လား ”

ထိုအခ်ိန္မွ ေမာင္ဘိုးထင္တို႔ဖင္သည္ ကြပ္ပ်စ္မွာ ကပ္မေနေတာ့ပါ သို႔ေပမဲ့ ကြပ္ပ်စ္တြင္ အကြက္မ်ားေပၚေနေလရာ မိန္းမပ်ိဳ‌ေလးမ်ားအားလုံး ႏွာေခါင္းကို ပိတ္လို႔ မေက်မနပ္ျဖစ္ေနၾကသည္၊ ေမာင္ဘိုးထင္တို႔သည္ မိန္းမပ်ိဳေလးမ်ားကို ၿပံဳးၿပဳံး ၿပံဳးၿပံဳး ႏွင့္ ၾကည့္ကာ ေနေလပါေလေတာ့သည္ ။

▪️အခန္း-၈

ေမာင္ဘိုးထင္တို႔သည္ ေရမိုးခ်ိဳးၿပီး၍ က်ားဆိုး႐ြာလယ္ရွိ အိမ္ဝိုင္းႀကီးေရွ႕ ေရာက္လာၾကသည္။ လိုက္ပို႔ေသာ မိန္းမပ်ိဳေလးမ်ားသည္ အိမ္ဝိုင္းဝ တြင္ ရပ္လိုက္ၿပီး

“ဒါ ႐ြာလူႀကီး အိမ္ပဲ အမတို႔ သြား‌ေတာ့မယ္ ေရွ႕က ဝါးလုံးတားထားတာေလးေတြ ပြင့္သြားရင္ ဝင္‌လို႔ရၿပီ “,

‌ၾကက္ခက္ဝါးမ်ားကို အိမ္ဝိုင္းပတ္လည္ ခတ္ထားၿပီး အဝင္တြင္ေတာ့ ဝါးရွစ္လုံးအာ တိုင္ႏွစ္တိုင္အား ဟိုဘက္ ဒီဘက္ အေပါက္ေဖာက္ထားၿပီး တေပဝန္းက်င့္ ဆင့္ ထိုးထားကာ ၿခံဝကို ပိတ္ထားသည္ ၊ ခဏၾကာေသာ အခါ ထိုဝါးလုံးမ်ားသည္ လူတေယာက္က ျဖဳတ္လိုက္သလို သူ႔အလိုလို တလုံးခ်င္း ျပဳတ္ၿပီး ေအာက္သို႔က်ကာ အိမ္ဝိုင္းတံခါးပြင့္သြားေလေတာ့သည္၊ ေမာင္ဘိုးထင္တို႔‌သည္ ထိုအခါမွ အိမ္ဝိုင္းထဲ ဝင္လိုက္ရာ

“ေဝါင္း ေဝါင္း ”

က်ားဟိန္သံ ႏွင့္ အတူ က်ားႀကီးတ‌ေကာင္သည္ ေမာင္ဘိုးထင္တို႔ ၏ အနားတြင္ သားေကာင္ကို အုပ္မည္ဟန္ ႏွင့္ မာန္ဖီျပ‌ီးေနေလရာ ေမာင္ဘိုးထင္တို႔အားလုံး လန႔္ဖ်ပ္သြားၾကကာ ေအာ္မိေအာ္ရ။ ေအာ္ဟစ္လိုက္ေတာ့သည္။

“ဟာ ကယ္ၾကပါဦး က်ားဝါႀကီး”

“လုပ္ၾကပါဦးဗ်ိဳ႕ ဦးအုန္း နဲ႔ အဘ က်ဳပ္တို႔ကို လုပ္ႀကံလိုက္ၿပီဗ်”

“က်ား က်ား ”

ေမာင္ဘိုးထင္တို႔ ဝ႐ုန္းသုန္းကားျဖစ္ေနစဥ္ မိန္းကေလးတေယာက္ ၏ အသံေပၚလာသည္

“ဟဲ့ ငဝါ ကေလးေတြကို မစ စမ္းနဲ႔ ”

မိန္းကေလးမွ ထိုသို႔ေျပာလိုက္ရား က်ားႀကီးသည္ ေခါင္းကို ခါယမ္းလိုက္ၿပီး အိမ္ေအာက္ထဲ ဝင္ၿပီး အိပ္ေနပါ‌ေတာ့သည္ ၊ အိမ္ႀကီးေပၚမွ ‌ဖိုးေထြး တို႔ ႏွင့္ ႐ြယ္တူ အလြန္တရာ ေခ်ာေမာ ေသာ မိန္းမပ်ိဳေလးဆင္းလာသည္ ထိုမိန္းမပ်ိဳေလးကို ျမင္ေသာ အခါ ဖိုးေထြး ႏွင့္ သာရ ေငးေမာေနၿပီး သာရမွ စကားဆိုလာသည္

“ညီမ ႐ြာလူႀကီးရွိလား ”

“ရွိပါတယ္ နင္တို႔က ဘယ္သူေတြလဲ ,

“နင္တို႔ လို႔ မေျပာပါနဲ႔ အကို တို႔လို႔ေျပာပါ ”

“ေျပာစမ္းပါ ဘာကိစၥလဲ ”

ထိုအခါမွ ေမာင္ဘိုးထင္သည္ ဖိုးေထြး၏ လက္ကို ကုပ္ၿပီး စကားမေျပာရန္ သတိေပးလိုက္ကာ မိန္းမပ်ိဳေလးကို ၾကည့္လို႔ စကားဆိုလိုက္သည္

“က်ဳပ္တို႔က ေပပင္႐ြာက ဦးအုန္း လႊတ္လိုက္တာပါ ”

“ေအာ္ ေမာင္ေလးအုန္း လႊတ္လိုက္တာလား အဲ့တာဆို မင္းက ဘိုးထင္ေပါ့ ”

“ဟုတ္ပါတယ္ ”

“ကဲ ကဲ အိမ္ေပၚတက္ၾက လာလမ္းကေတာ့ အခက္အခဲ သိပ္မရွိဘူး မဟုတ္လား ”

“ဟုတ္ပါတယ္ အမ ”

“အမ လို႔ မေခၚနဲ႔ ငါက နင့္ အဘ ‌ေမာင္ေလးအုန္းထက္ အသက္ေလးဆယ္ ေလာက္ႀကီးတယ္ ငါက က်ားဆိုး႐ြာက ႐ြာသူႀကီး ကေဝပ်ံ ခင္ေမ ပဲ ”

“ဗ်ာ ”

ေမာင္ဘိုးထင္ နည္းတူ တျခားသူမ်ား ပါးစပ္အေဟာင္းသားျဖစ္ၿပီး ‌ေနာက္ ကေဝပ်ံ ခင္ေမ ေခၚရာေနာက္သို႔ လိုက္ပါသြားၾကပါေလေတာ့သည္။

▪️အခန္း-၉

ကေဝပ်ံ ခင္ေမ သည္ ကြၽန္းခုံႀကီးေပၚတြင္ ေသသပ္က်နစြာ တင္ထားေသာ အမဲေရာင္ ေတာင္‌ေဝွးႀကီး ကို ေမာင္ဘိုးထင္တို႔ဆီမွ ပုဆိုးတထည္ကို ေတာင္းလိုက္ၿပီး ပတ္လိုက္သည္ ၊ ၿပီးေနာက္ ေမာင္ဘိုးထင္ ထံအပ္လိုက္ကာ

“ေရာ့ ဘိုးထင္ ေမာင္ေလးအုန္းေတာင္းတဲ့ ေတာင္ေဝွး ”

“အဘက အေကာင္းႀကီးပါ လမ္းေလွ်ာက္ရင္ လည္း ျမန္မွျမန္ ဘာလို႔မ်ား ေတာင္‌ေဝွး တေခ်ာင္းယူဖို႔ က်ဳပ္တို႔ကို ဒီထိ ဘာလို႔လာယူခိုင္းလဲ မသိဘူး”

ထိုသို႔ေျပာေသာ အခါ ကေဝပ်ံခင္ေမ သည္ ေမာင္ဘိုးထင္ကို တခ်က္ၾကည့္ကာ

“ဟဲ့ေကာင္ေလး ဘာေတြ ေလွ်ာက္ေျပာေနတာလဲ ဒီေတာင္ေဝွးက အထက္လမ္းဆရာႀကီး တဦး ဒီဘက္တရားက်င့္ႀကံရင္း က်န္ခဲ့တဲ့ ေတာင္ေဝွး မေကာင္းဆိုးဝါေတြကို ႏိုင္တယ္ ေကာင္းတာ လုပ္တဲ့ သူေတြ သံုးရင္ အသံုးဝင္တယ္ နင့္အဘက လည္း အေမွာင္ ပညာသည္ ျဖစ္ေပမဲ့ ေကာင္းတဲ့ ဘက္သုံးလို႔ အထက္လမ္းဆရာႀကီးက သုံးခြင့္ေပးထားတာ နင့္ အဘ ဘာအေၾကာင္းရွိလို႔ လာယူခိုင္းလဲ မသိဘူး ”

“အဲ့လို လား မသိပါဘူးဗ်ာ ဒီတိုင္း ေတာင္ေဝွးထင္လို႔ ဒီေလာက္ စြမ္းတဲ့ ေတာင္ေဝွးက နာမည္ မရွိဘူးလားဗ် ”

“ရွိတာေပါ့ ေတာင္ေဝွးနာမည္က မိုးႀကိဳးစက္ တဲ့ ”

“မိုးႀကိဳးစက္ ”

“ေအး နင္တို႔ ဒီေတာင္ေဝွးကို သယ္သြားရင္ အ‌ေႏွာက္အယွက္ေတြ အမ်ားႀကီးေတြ႕ရလိမ့္မယ္ တိုင္တိုင္ ပင္ပင္ နဲ႔ သာ သယ္သြားေပေတာ့”

ကေဝပ်ံ ခင္ေမေျပာစကားေၾကာင့္ ေမာင္ဘိုးထင္တို႔၏ စိတ္ထဲတြင္ အနည္းငယ္ထိတ္လန႔္ေနမိေပသည္ ၊ သို႔ေပမယ့္ မျပန္လို႔က မျဖစ္သည္မို႔ မိုးႀကိဳးစက္ေတာင္‌ေဝွးအား ေပပင္႐ြာသို႔ သယ္ေဆာင္သြားရေပဦးမည္ ျဖစ္ပါေလေတာ့သည္။

▪️ေအာက္လမ္း ဘိုးထင္ ႏွင့္ စုန္း႐ြာ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ မိုးႀကိဳးစက္ေတာင္ေဝွး ဝတၳဳဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။

📝ေမာင္တင္ဆန္း

#mgtinsan