“အောက်လမ်းဘိုးထင် နှင့် မိုးကြိုးစက် တောင်ဝှေး”(စ/ဆုံး)

Unicode Version

“အောက်လမ်းဘိုးထင် နှင့် မိုးကြိုးစက် တောင်ဝှေး”(စ/ဆုံး)
—————————————————————————
(၁၃)

▪️အခန်း-၁

ကျားဆိုးရွာမှာ မောင်ဘိုးထင်တို့ တညအိပ်ပြီးနောက် တောင်ဝှေးကို ယူကာ ပေပင်ရွာသို့ ပြန်ရန်ပြင်ဆင်နေကြသည် ၊ သူတို့အား ကဝေပျံ‌ခင်မေမှာ အပြန်လမ်းတ‌ွင် သတိထားဖို့ တတွတ်တွတ်မှာနေလေရာ မောင်ဘိုးထင်တို့ ကြောင်စိတ်တွေပင် ဝင်နေကြသည်၊ ဤသို့နှင့် မောင်ဘိုးထင်တို့ တသိုက် ကျားဆိုးရွာမှ မနက် အစောထွက်ခဲ့ရာ နေမြင့်ချိန်တွင် ဝါးရုံတောကြီးများ ရှိရာ ကို ရောက်လာသည် မောင်ဘိုးထင်သည် ဝါးရုံ ပင်များကို မြင်သော အခါ

“ကိုဖိုးထွေး နဲ့ ကိုသာရ”

“အေပြော ဘိုးထင် ”

“ကျုပ်တို့မှာ ရှိတဲ့ တောင်းဝှေးအရွယ် အစားလောက် ဝါးတောင်ဝှေးတွေ ခုတ်ကြရအောင်ဗျာ ”

“မင်းက ဘာလုပ်မလို့ လဲဟ ”

“အတုလေး ဘာလေး လုပ်ထားကြရအောင်လို့‌ေလ ဟို ကဝေပျံ‌ကြီးက စတွေ့ကတည်းက သတိထားကြည့်ပြောနေတာ သူအမြဲ ပြောနေတော့ ကျုပ်တောင်လန့်လာလို့ ”

“အဲ့တာတော့ ဟုတ်တယ် ပုံမှန်ဆို ငါတို့ မကြောက်ပါဘူး သူသတိပေးတာ ကြီးက လွန်လွန်းတယ် ငါတို့ကို ဖြဲခြောက်နေတယ်တောင် ထင်နေတာ ”

မောင်ဘိုးထင် နှင့် ဖိုးထွေးတို့ စကားပြောနေသော စကားဝိုင်းသို့ သာအေး ဝင်လာသည်

“ကျုပ်ကတော့ ရယ်ချင်တာ ထိန်းထားရတယ် ဗျို့ ”

“ဘာလို့တုန်းဟ ”

“သူအရွယ်လေးနဲ့ ဘိုးထင် အဘ ဘကြီးအုန်းကို မောင်လေးအုန်းနဲ့ မောင်လေးအုန်းနဲ့ အသက်ကသာ ကြီးတာပါ အရွယ်အရဆို ဘကြီးအုန်းကြီး ပုံစံက သေခါနီးနေပြီ ”

“ဟေ့ကောင် သာအေး မင်း စကားပြောတာ ကြည့်ပြောကွာ ငါ့အဘကို ဘယ်လိုတွေ ပြောနေတာလဲ ”

“သဘောပြောတာပါ ကွာ မသကာ ဦး လို့ခေါ်ရင် တော်သေး”

“အေးဟ ငါလည်း အဲ့လိုပဲ တွေးနေတာ သူပုံစံကြည့်တော့ ကိုဖိုးထွေးတို့ကတောင် ညီမလေးလို့ ခေါ်ရမဲ့ပုံနဲ့ ငါ့အဘ ကိုများ မောင်လေးအုန်းတဲ့ ”

“မင်းတို့ကောင်တွေက လည်း သူတိုင်းသူ ဘယ်လိုခေါ်ခေါ်ပေါ့ ဘာလုပ်မှာလဲပြော ပြီးရင် ခရီးဆက်မယ် တော်ကြာ မိုးချုပ်တော့မယ် ”

“မိုးချုပ်လည်း ဘာဖြစ်လဲ မဟူရာ ရွာမှာ တည်းကြတာပေါ့ ”

“တော်တော် မင်းတို့ကောင် တွေ ပေါက်ကရမလုပ်နဲ့ ငါတို့ တောင်ဝှေးသွားခုတ်လိုက်ဦးမယ် ”

ဖိုးထွေး နှင့် သာရ မဟူရွာ နာမည်ကြားသည် နှင့် အတော်ကို မျက်နှာ ပျက်နေကြသည် ၊ ထို့‌ေနာက် ကျားဆိုးရွာမှ ယူလာသော တောင်ဝေှးကို သေချာကြည့်ကာ ထိုတောင်ဝှေး အရှည်အတိုင်း ဝါးဆစ်ပိတ်ဝါးများကိုခုတ်နေကြပါလေတော့သည် ။

▪️အခန်း-၂

မောင်ဘိုးထင် နှင့် ဖိုးထွေးသည် တောင်းဝှေးကို သေချာကြည့်နေသည် ၊ ကျန်သော သူများသည် နေ့လယ်စာ အတွက် ပြင်ဆင်နေကြ၏ ၊ မောင်ဘိုးထင်သည် ကျောက်စိမ်းပမာ စိမ်းနေပြီး နဂါးလိုလိုမွေလိုလို အ‌ေကာင် ပတ်ထားဟန် တောင်ဝှေးသည် ပုဆိုး တကွင်းအရှည်မျှ ရှိသည် ၊ မောင်ဘိုးထင်သည် တောင်ဝှေးကို သေချာစွာ ကြည့်ရင်း

“ကိုဖိုးထွေး ဒီတောင်ဝှေးက ဝါးတော့ ဝါးပဲဗျ ဘာဝါးလဲ မသိဘူး ဒီအကောင်တွေက မွေလား နဂါးလားဗျ’

“နဂါးဆိုရင် အမောက်က အကြီးကြီး နေမှာ ဒီကောင်က ငါ့အထင် မေွစိမ်း လားမသိဘူး ”

” မွေးစိမ်းတော့ မဖြစ်နိုင်ဘူး ဗျ တောင်မွေးက စိမ်းနေတော့ အစိမ်းရောင် ဖြစ်နေတာကို ကျုပ်အထင် ဒီအကွက်တွေကို ကြည့် မွေပွေးပဲ နဂါးဆို အချွန်အတက်တွေ ပါမှာ ”

“ဟာ ဒီအကွက် တွေက ရာဇမတ် အကွက်တွေပါကွာ စပါးကြီးဖြစ်မယ် ဒီမှာ ကြည့် ခေါင်းက ဝိုင်းတယ် ဟ ”

“အေးဗျာ တောင်ဝှေးလုပ်တဲ့ ဘိုတော်ကလည်း အရုပ်ကို သေချာ မဆွဲခဲ့ ဘူး ”

“မင်းက သိ‌ေတာ့ကော ဘာလုပ်မလို့လဲ ”

“ဟာ ဝါးတွေ ခုတ်ထားတာ တင်ဝါးဖုတ်မယ် များထင်နေလား ”

“မထင်ပါဘူးကွာ ”

“ကျုပ်တို့ တောင်ဝှေးတွေကို အတုလုပ်သွားကြရအောင် အစစ်ကို ဟော့ဟို ဝါးထမ်းတပိုးထဲ ဖွက်ခဲ့မယ် ဗျာ ဘယ်လို လဲ ”

“လုပ်တာတော့ ဟုတ်ပါပြီ ဒီတိုင်း ဝါးတောင်ဝှေးကြီးဆို ဘယ်သူက ယုံမှာလဲ ”

“ဒီတိုင်းတော့ ဟုတ်မလားဗျာ ‌ေတာင်ဝှေး အစစ်လို စိမ်းနေတာတော့ မဖြစ်နိုင်ဘူး အစစ်ကိုလည်း ဘယ်သူမှ မြင်ဘူးမှာ မဟုတ်ပါဘူဗျာ ”

“အဲ့တော့ မင်းက ဘယ်လို လုပ်မလို့လဲ ”

“ကျုပ် ဒီ ဝါးတွေက်ု မီးမြှိုက်လိုက်မယ်ဗျာ ပြီးတော့ ‌မွေပုံလေးတွေ ဆွဲထားရအောင် မိုးကြိုးစက်တောင်ဝှေးဆိုတော့ အစိမ်းကြီး လို့ ဘယ်သူမှထင်မှ မဟုတ်ဘူး ကျုပ်တို့ မီးမြှိုက်ထားတဲ့ တောင်ဝှေးကမှ မိုးကြိုးစက် တောင်ဝှေးနဲ့ ပိုတူဦးမယ် ”

မောင်ဘိုးထင် ပြောစကားကို ဖိုးထွေး ခေါင်းညိတ်ပြီး ထောက်ခံ လိုက်သည်

“ဟုတ်တယ် မင်း အကြံ မဆိုးဘူး ဘယ် နှစ်ချောင်း လုပ်မှာလဲ

” သုံးချောင်း လောက်တော့ လုပ်ထားရအောင် ”

“အေးကွာ မင်းအကြံကောင်းတယ် မွေပုံက ဘယ်လို ဆွဲမှာလဲ ”

“‌ဝါးတွေကို မီးမြှိုက်ပြီး ကျုပ်ဓားစူးလေးနဲ့ ကိုသာရကို ဆွဲခိုင်းတာပေါ့ အဲ့လူက ရွာက ဘကြီးတင့် ဆီမှာ နဂါးရုပ်တွေ ဘာတွေ ဆွဲနေတာ တွေ့တယ် ”

“အေးကွာ တို့ ဝါးလုံးတွေ မီး မြှိုက်ကြရအောင်ကွာ ”

မောင်ဘိုးထင် နှင့် ဖိုးထွေးသည် သူတို့ ခုတ်ထားသော ဝါးလုံးများထဲမှ သူတို့အကြိုက်ဆုံး ဝါးသုံးလုံးကို ရွေးပြီး မီးဖိုကာ မီးမြှိုက်နေကြပါလေတော့သည် ။

▪️အခန်း-၃

မောင်ဘိုးထင်တို့ ထမင်းစားသောက်ပြီးသည့်အခါ မောင်ဘိုးထင် နှင့် ဖိုးထွေးသည် သာရအား သူတို့ မီးမြှိုက်ထားသော တောင်ဝှေးများကို ပေးလိုက်ပြီး

“ကိုသာရ ခင်ဗျား သင်ထားတဲ့ ဟို နဂါးရုပ်ရေးပေးဗျာ ”

“ငါက နဂါးရုပ် မဆွဲတက်ဘူး ”

“အလ‌ှူမှာ ဆွဲ နေတာ အဲ့ဒါ နဂါး မဟုတ်ဘူးလား ”

“နဂါး မဟုတ်ဘူး အဲ့တာ နယား တဲ့ကွ”

“အဲ့တာဆို ကိုသာရက နဂါး မဆွဲတက်ဘူးလား ”

“ငါကလည်း အဲ့ နယား တပုံပဲ ဆွဲတက်တာ ”

“ထူးဘူးဗျာ ဒီတိုင်း ပြောင်ကြီးထက်စာရင် အရုပ် တရုပ်ပါတော့ ပိုကောင်းတာပေါ့ ရော့ ဆွဲဗျာ ”

မောင်ဘိုးထင်သည် မီးမြှိုက်ထားသော ဝါးတောင်မွေး သုံးလုံး နှင့် ဓားမြှောင်ကို ပေးလိုက်ရာ သာရသည် မောင်ဘိုးထင်တို့ တောင်ဝှေး မဲမဲ သုံးလုံးကို ကြည့်ပြီး

“ဘိုးထင် မင်းတောင်ဝှေးက ဘယ်ဘက်က အပေါ်လဲဟ ”

“ဟာ ကိုသာရကလည်း ထိပ်မှာ အလုံးလေး လုပ်ထား‌တာ အပေါ်လေဗျာ ”

“အေးအေး ငါဆွဲလိုက်မယ် ဟေ့ ”

သာရသည် ဝါးတလုံးချင်ဆီတွင် နယားပုံများ ဓားမြှောင် ထိပ်လေးနှင့် ခြစ်ပြီး ဆွဲနေသည် နယားသည် အပေါ်မှ အောက်ကို ဆင်းဟန် ဖြစ်သည် ၊ နဂါးဦးခေါင်း ငှက်တောင်ပန် ခြေ နှစ်ဖက် လက်နှစ်ဘက် အမှီးပါသော နယားပုံသည် ဝါးလုံး တောင်ဝှေးတွင် ဆွဲထားရာ အတော်တော့ကြည့်ကောင်းနေသည် ၊ မောင်ဘိုးထင်သည် သာရ အရုပ်ဆွဲပြီးသွားသော တောင်ဝှေးကို ကြည့်ကာ

“ကိုသာရ ဆွဲတာ မဆိုးဘူး ဗျာ ဒါနဲ့ ‌ဓားခြစ်ထားတဲ့ အရာတွေက နည်းနည်း သိသာနေတယ် ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ ”

“လွယ်ပါတယ်ကွာ ဟိုမှာ ကျွန်းပင် အဲ့က ကျွန်းရွက်နုကိုခူး ဖိခြေလိုက်ရင် အနီးရောင်‌ဖြစ်သွားလိမ့်မယ် အဲ့တာ ကို တောင်ဝှေးမှာ လိမ်းပြီး သုပ်လိုက်ကွာ ဓားခြစ်ရာ ထဲမှာ အနီရောင် ကျန်ခဲ့လိမ့်မယ် ထင်တယ် ”

“ကျုပ်လုပ်ကြည့်လိုက်မယ် ”

မောင်ဘိုးထင်သည် ကျွန်းရွက်နုများကိုခူးပြီး ဖိခြေလိုက်ရာ အနီးရောင် ပြောင်းသွားသည် ၊ ထို့နောက် တောင်းဝှေးများကို လိမ်းလိုက်ပြီး အဝတ်နဲ့ သုပ်လိုက်ရာ ဓားခြစ်ရလေးတွင် အနီရောင်လေးများ ဖြစ်သွားပြီး မီးမြိုက်ထားသော တောင်ဝှေးမှာ နယားပုံ ဆွဲထားသည့် ဓားခြစ်ရာအနီရောင် ဖြစ် အတော်ပင်ကြည့်ကောင်းနေသည် ။

“ကိုဖိုး‌ေထွး ကျုပ်တို့ တောင်ဝှေးကမှ တကယ် မိုးကြိုးစက် တောင်ဝှေး လို့ ထင်ကြမှာ ကြည့်ပါလား တကယ်ကို ရှေးဟောင်း တောင်ဝှေး ကြနေတာပဲ ဗျာ “,

“အေး ဟုတ်တယ်ကွ ”

ထို့‌ေနာက် မောင်ဘိုးထင်တို့သည် တောင်ဝှေး သုံးချောင်းကို ပုဆိုးတထည်နှင့် ပတ်ပြီး တစုတစည်းထဲ ထားလိုက်သည် တောင်ဝှေးအစစ်အား တောင်းများကို ချိုထမ်းသော ဝါးလုံးထဲသို့ ထိုးထည့်ကာ ထိပ်တွင် ပုဆိုးကို ဆို့ပြီး ထားလိုက်ကြပါလေတော့သည် ။

▪️အခန်း-၄

မောင်ဘိုးထင်တို့ ညမိုးချုပ်ပြီ ဖြစ်၍ အရိပ်ကောင်းသော ညောင်ပင်ကြီး အောက်တွင် ထင်းမီးကိုဖိုကာ အိပ်ရန်ပြင်ဆင်လိုက်သည် ၊ မအိပ်ခင် ညနေမှ ရသော တောကြက်ကင်လေး ငါးကင် နှင့် ငှက်ကြော် လေးများကိ ဝါးရင် စကားဖောင်ဖွဲ့နေကြသည်

“ညနေက ညစာ စားရတာ ကောင်းလိုက်တာ ဘိုးထင်ရာ”

“မင်းက ဘယ်တုန်းက မကောင်းလို့လဲ ပေတူး ”

“မကောင်းပါဘူးကွာ လာတုန်းက ဒရင်ကောက် နဲ့ ကန်စွန်းရွက်ကြော်က”

“အေး အဲ့တာတောင် မင်းက ထမင်း အစားဆုံးပဲ ”

မောင်ဘိုးထင်ပြောမှ ပေတူးငြိမ်သွားသည် ထို‌ေနာက် ဖိုးထွေးသည် ထင်းတချောင်ကို မီးဖိုထဲ ထည့်ရင်း

“တောက် အခုချိန် မိကျော့ လေးများ ရှိရင် ဘယ် လောက်ကောင်း လိုက်မလဲ ”

“အေးကွာ လှရင်လေးကော တူတူလာရင်ကောင်းမယ် ”

ဖိုးထွေး နှင့် သာရ ထိုသို့ပြောနေချိန် သူတို့ နှင့် မလှမ်း မကမ်း မီးဖိုမှ မီးရောင်‌မြင်ရသော နေရာတွင် မိန်းကလေးအသံပေါ်လာသည်

“ဖိုးထွေးရေ ”

“သာရ ဟေ့သာရ”

ဖိုးထွေးနှင့် သာရ အပါအဝင်အားလုံးသည် အသံလာရာဆီသို့ ကြည့်လိုက်ရာ မိကျော့ နှင့် လှရင် ဖြစ်နေလေသည်၊ ဖိုးထွေးနှင့် သာရ ငေးကြောင်နေစဉ်

” နင်တို့ ခုထိ ရွာ ပြန်မရောက်လာသေးလို့ ငါနဲ့ လှရင် လာခေါ်တာ ”

“”နင်တို့ နှစ်ယောက်ထဲလား ”

“ဟုတ်တယ်လေ လာခဲ့ ငါတို့ ရွာအတူတူပြန်ရအောင်”

ဖိုးထွေး နှင့် သာရသည် ပြုံးဖြီးကာ မတ်တတ် ထရပ်လိုက်စဉ်

“ကို နှာဘူးတွေကတော့ ဒီတောကြီးထဲ ဘယ်က အမ မိကျော့တို့ လာမှာ လဲ ခင်ဗျားတို့က ဒါနဲ့ ပတ်သက်ရင် ဘာမှကို မတွေးတော့ဘူး”

မောင်ဘိုးထင်သည် သူ၏ နှာခေါင်းကို လက် ညှိုး နှင့် ဖိပြပြီး စကားပြောလိုက်ရာ ဖိုးထွေး နှင့် သာရ ရှက်ရှက်နှင့် ပြန်ထိုင်နေသည် ထိုနောက်ဖိုးထွေးမှ

“တကယ်မိကျော့ လား မသိဘူးနော် ဘိုးထင် ပါးချိုင့်လေးပါတာက အစတူနေတာနော် ဟေ့ကောင်ရ”

“,မင်းပြောတာ ဟုတ်တယ် ဖိုးထွေးရ လှရင်လေးရဲ့ နားတောင်း လေးက တဖက်တည်းနော် အရင် အလှူတုန်းက ကျပျောက်သွားတာလို့ပြောတယ် တကယ် အစစ်တွေ လားမသိဘူးကွ”

“ဟာ ဒီလူတွေတော့ မဟူရာ ရွာက ဘွားတော် ကြီးတွေ နဲ့ တွေ့တာတောင် အခုထိ မမှတ်သေးဘူး ”

မောင်ဘိုးထင်၏စကားကြောင့် မည်သည့်စကားမှ အထွန့်မတက်တော့ ထိုနောက် မောင်ဘိုးထင်သည် သာအေး နှင့် ပေတူးတို့အား လွယ်အိတ်ကို မျက်စာ ပစ်ပြလိုက်ရာ အ‌ေကြာင်းသိသော သာအေး နှင့် ပေတူးသည် လွယ်အိတ်ထဲမှ လေးဂွ များကို မောင်ဘိုးထင် နှင့် ပြိုင်တူ ထုတ်လိုက်ပြီး မောင်ဘိုးထင်မှ

“မျက်နှာကို ပစ်ကြကွာ ”

“အေးအေး ”

မောင်ဘိုးထင် တို့ သုံးယောက် လေးဂွနှင့် မိကျော့ နှင့် လှရင်ကို ပစ်ပါလေတော့သည် ၊ ထိုသို့ ပစ်လိုက်သော အခါ မိကျော့ နှင့် လှရင် တို့သည်

“အမလေး သေပါပြီတော့ ဖိုးထွေးရေ ကျမကို ပစ်နေတာ ကြည့်ရက်လားတော်”

“ကိုသာရ ကျမသေတော့မယ် ထင်ပါတယ် ”

လှရင် နှင့် မိကျော့သည်။ အော်ဟစ်ငိုကျွေး နေလေရာ ဖိုးထွေး နှင့် သာရသည်

“ဟေ့ကောင်တွေ တော်ပါတော့ကွာ ”

“အေး တော်ကြာပါ‌တော့ကွာ ”

ဖိုးထွေး နှင့် သာရသည် သနားလွန်း၍ မောင်ဘိုးထင်တို့ကို လေးဂွ ဖြစ် မပစ်ရန် တာ‌းနေစဉ် မောင်ဘိုးထင်သည် ဖိုးထွေးတို့ ဘက်ကို လေးဂွနှင့် ချိန်ပြီး

“ခင်ဗျားတို့ နောက်တခါ လာတားကြည့် ခင်ဗျားတို့ကို ပါ ပစ်မယ် ”

ထိုသို့ မောင်ဘိုးထင် သည့် သာရနှင့် ဖိုးထွေးကို ပြောပြီး မိကျော့ နှင့် လှရင်ကို လေးဂွ နှင့် ပစ်လိုက်ပြန်သည် မိကျော့ နှင့် လှရင်သည် နောက်သို့ မပြေး ရှေ့သို့ သာ ရယ်မောပြီး တိုးတိုးလာရာ ဖိုးထွေး နှင့် သာရ ပါ လေးဂွနှင့် ဝိုင်းပစ်လေပါတော့သည် ၊မကြာသော အခါတွင်တော့ မိကျော့ နှင့် လှရင်၏ မျက်နှာ တွင် သွေးများထွက်လာပြီး လဲကျသွား‌ေတာ့သည် ၊ မြေပြင်ပေါ်သို့ လဲကျသွားသော လှရင် နှင့် မိကျော့သည် တဖြည်းဖြည်း နှင့် သူတို့၏ ပုံစံပျောက်သွားကာ ဖွတ် ကြီး နှစ်ကောင် အဖြစ်ပြောင်းလဲ သွားပါလေတော့သည်။

▪️အခန်း-၅

မနက်ခင်း အချိန်ခါသို့ရောက်ရှိလာပြီ ဖြစ်သည်၊ မောင်ဘိုး ထင် နှင့် သာအေးတို့ သည် မနက်စာများကို ချင်ပြုတ်ပြီး၍ ဖိုးထွေး သာရ နှင့် ပေတူးကို နိုးလိုက်ကြသည်

“ကိုဖိုးထွေတို့ ထကြတော့ မနက်စာ စားပြီး ခရီးဆက်ကြရအောင် ”

မောင်ဘိုးထင် နိုးလိုက်မှ ဖိုးထွေးတို့ ထလာကြသည် ထို‌ေနာက် မျက်နှာ သစ်လိုက်ကြပြီး ‌၊ မောင်ဘိုးထင် နှင့် သာအေး အနားထိုင်လိုက်သည် ၊ မောင်ဘိုးထင် နှင့် သာအေးသည် ထမင်းကို ခူးခပ်ကာ အသင့်စားနိုင်ရန် ပြုလုပ်ပေးထား၍ အံဩ နေကြသည် ၊ ဟင်းများက လည်းအိုးအပြည့် ဖြစ်ကာ အငွေ့တထောင်းထောင်းထနေ၏ ၊ မောင်ဘိုးထင် သည် ဖိုး‌ေ‌ထွး နှင့် သာရ ၏ ပန်းကန်ထဲ သို့ ဟင်းကို အရင်ထည့်ပေးလိုက်ကာ

“စားဗျာ ကိုဖိုးထွေး နဲ့ ကိုသာရ ခင်ဗျားတို့နှစ်ယောက်က အကြီးဆုံး မို့ အရင်ထည့်ပေးတာ ”

“မင်း တော်တော် သိတက်တဲ့ကောင် ”

ဖိုးထွေးသည် ထိုသို့ပြောပြီး အားရ ပါးရ ထမင်းစား နေပါသည် ။မောင်ဘိုးထင် နှင့် သာအေးသည် အားရပါးရစားနေသော ဖိုးထွေးတို့ သုံးယောက်အား မသိမသာ အကဲ ခက် ကြည့်နေသည် ၊ ‌သာရသည် ဟင်းတဖက်ကို သေချာကြည့်ပြီး ပါးစပ် ထဲ ထည့်လိုက်ကာ

“ဟေ့ကောင် ကောင်းလိုက်တာကွာ ဘာသားလဲ မင်းတို့ ဘယ်အချိန်က ရလိုက်တာလဲဟ တော်တော် တော်တဲ့ ကောင်တွေ ”

“အေး ဟုတ်တယ် တော်တော် စားလို့ကောင်းတာ ဘာသား လဲ ဟ ပြောစမ်းပါဦး မင်းတို့ ဘယ်တုန်းက များ တောထဲ ဟင်းစားရှာလိုက်တာလဲ ”

“ညက ရှာလိုက်တာ ပါဗျာ ”

“မင်းတို့ မအိပ်ဘူးလား ”

“အိပ်တယ်လေ ခင်ဗျားတို့ နဲ့ တူတူအိပ်တာ ”

“ညက ရှာတယ်ဆိုတော့ ”

ဖိုးထွေး နှင့် သာရသည် ညက သူတို့ ပစ်လိုက်သော မိကျော့ နှင့် လှရင် ပုံစံမှ ပြောင်းပြီး သေနေသော ဖွတ်သေ နှစ်ကောင် နေရာ သို့ကြည့်လိုက်သည် ၊ ထို ဖွတ် နှစ်ကောင် မှာ ရှိမနေတော့သော ကြောင့် မျက်လံုးပြူးပြီး မောင်ဘိုးထင် နှင့် သာရ ကိုကြည့်ကာ

“ညက ဖွတ်ကျော့မေ နဲ့ ဖွတ် လှရင်တို့ကော ”

“ခင်ဗျားတို့ စားနေတာပဲလေဗျာ ”

“ဘာ ပြောတယ် ”

“ဟုတ်တယ် လေ မနက်က အစော ထပြီး ဖွတ်တွေကို ဖျက်ပြီး ချက်ထားတာ ကောင်းတယ် မဟုတ်လား ”

“မင်း မင်းတို့ ”

“ကျုပ် တို့ကို စိတ်ဆိုးတာလား ”

“မဟုတ်ပါဘူး ဘိုးထင် ရာ ဒီလောက်ကောင်းတဲ့ အသား အခုမှ စားဖူးတာ နာတယ် လို့ ပြောမလို့ပါကွာ ”

လူရှုပ်လေးများသည် အကြောက်အလန့် မရှိ လုပ်ချင်တာများကို သာ လုပ်ပြီး ပြုံး ပျော်နေတက်သည်မို့ ဒီလမ်း ဒီခရီးကြမ်းကို ဦးအုန်း လွှတ်လိုက်ချင်းဖြစ်သည် ၊ ဤသို့နှင့် မောင်ဘိုးထင်တို့ ထမင်းစားပြီး၍ ပေပင်ရွာသို့ ပြန်သည့် ခရီးကို ဆက်လိုက်ကြပါလေတော့သည် ။

▪️အခန်း-၆

မောင်ဘိုးထင်တို့ ခရီးဆက်လာသည်မှာ နေမွန်းပင် တည်တော့မည်ဖြစ်သည် ၊ ဖိုးထွေးသည် နေလံုးကြီးကို မော့ကြည့်လိုက်ပြီး

“ဟေ့ကောင်တွေ နားကြရအောင် ထမင်းစားရအောင်လို့”

“နားကြတာပေါ့ ဟို အရိပ်နားကြမှ နားကြရအောင်ဗျာ ”

“အေးအေး သွားကြ သွားကြ”

မောင်ဘိုးထင်တို့ သည် သစ်တောအုပ်လေးထဲ ဝင် လိုက်ပြီး သစ်ပင် အရိပ်မှာ ပစ္စည်း ပစ္စယ များကို ချပြီးး နားလိုက်ကြသည် ၊ ရေဘူး ထဲ မှ ရေများကို တယောက် တလှည့် မော့‌ေနကြစဉ်

“ဟေ့ကောင်တွေ မင်းတို့က ကျားဆိုးရွာက လာတဲ့ ကောင်‌ေလးတွေလား ”

အသက် ၆၀ အရွယ် ယောဂီ ပုဆိုး ယောဂီ အင်္ကျီ နှင့် လူခြောက်ယောက်သည် သူတို့အနား ရောက်လာပြီး မေးလေသည် ၊ ထိုမေးသော သူကို မောင်ဘိုးထင် သေချာ ကြည့်လိုက်သည် ၊ ရုပ်ရည် ကြမ်းတန်းခက်ထန်လှပြီး ဝတ်ထားသော ယောဂီ ရောင် အင်္ကျီ ပုဆိုး နှင့် သူတို့၏ ပုံစံက ဘယ်လို မှ မလိုက်ဖတ်ပါ ယောဂီဝတ်စုံများ ဝတ်ထားသော လူများထဲမှာ ခေါင်းဆောင် ဖြစ်ဟန်တူသော လူကြီးသည် မောင်ဘိုးထင်တို့ကို ကြည့်ကာ

“ကောင်လေးတွေ ငါတို့က အထက်လမ်းဆရာတွေ မင်းတို့ ကျားဆိုးရွာက ယူလာတဲ့ တောင်ဝှေး ငါကို ပေးစမ်း ”

“ဘာတောင်ဝှေးကို ပြောတာ လဲ ဆရာကြီး ”

မောင်ဘိုးထင်သည် ထိုလူကြ‌‌ီးအား ရိုရိုသေးသေ မေး‌ေလရော ထိုလူကြီးသည် မောင်ဘိုးထင်ကို ကြည့်၍

“ငါနာမည်က ထွန်းမြိုင် လို့ခေါ်တယ်။ ဒီနယ်က ဆရာပေါ့ကွာ ”

“ဟုတ်ကဲ့ ဆရာကြီး ”

“မင်းတို့ ပုံစံကြည့်ရတာ လူကြီးသူမကို ရိုသေမဲ့ ပုံတွေပါ ”

ဦးထွန်းမြိုင်မှ ထိုသို့ပြောလိုက်သောအခါ မောင်ဘိုးထင် ဘေးတွင် ရှိသော ‌သာအေးသည် လက်အုပ်လေးချီကာ

“အော် ကျုပ်တို့က သာမာန် အသက်ကြီး တဲ့ သူတွေတောင် ရိုသေလေးစားတာ ဆရာကြီးတို့လို လူမျိုးတွေကို ပိုလို့ လေးစားတာပေါ့ ခင်ဗျာ ”

ဦးထွန်းမြိုင်သည် သာအေး၏ စကားကြောင့် ပြုံးပြုံး နှင့် ခေါင်းညိတ်နေလေသည် ၊ ထို‌ေနာက် သူ၏ လက်အောက်ငယ်သားများဘက်လှည့်ကာ

“မင်းတို့တွေ ကြည့်ထား ငါ့ရဲ့ ဥပဓိရုပ် ငါ့ရဲ့ ကျော်ဇော်မှုက လူကြီးတွေ မပြောနဲ့ ကလေးတွေ ဆီတောင် ရောက်နေပါပေါ့လား မင်းတို့ လည်း ကြိုးစားကြ ကြားလား”

“ဟုတ်ကဲ့ပါ ဆရာကြီး”

ဦးထွန်း မြိုင်၏ လက်အောက်ငယ်သားများသ ည် အသံခပ်ကျယ်ကျယ် နှင့် ပြိုင်တူ ပြောလိုက်ချင်းဖြစ်သည် ၊ ဖိုးထွေး နှင့် သာရသည် ဦးထွန်းမြိုင်အား ရေလေးကမ်းလိုက်ပြ‌‌ီး ထမင်းစားမလားပြောကာ ထမင်းခူးပေးမည့်ဟန်ပြင်နေကြကာ လေးလေးစားစား ဆက်ဆံနေကြသည် ၊ ထိုအခါ ဦးထွန်းမြိုင်သည် မောင်ဘိုးထင်တို့ဘက်လှည့်ကာ

“မင်းတို့က ပြောရ ခက်မဲ့ ကလေးတွေ မဟုတ်ပါဘူး ကျားဆိုးရွာက မိုးကြိုးစက် တောင်ဝှေး ငါ့ကို ပေးပါလား”

“ပေးရမှာ ပေါ့ ဆရာကြီးရယ် သုံးချောင်းပါလာတယ် တချောင်းတော့ ယူပါ ဗျာ ရွာပြန်ရောက်လို့ တ‌ေချာင်းမှာ ပြန်မပါ ရင် ကျုပ်တို့ကို လာယူခိုင်းတဲ့ အောက်လမ်းဆရာကြီးက သတ်မှာဗျာ ”

“ဟေ့ အဲ့လိုလား ”

“ဟုတ်ပါတယ် ဆရာကြီးရာ ကျုပ်တို့လို ကလေးတွေက ဒီလောက် ခရီးကြမ်းကို ဘယ်လိုလုပ်သွားချင်မှာလဲ လောက်စလုံး လှိမ့် ငှက်ပြစ် ဒါတွေပဲ လုပ်ချင်တာပေါ့ ဗျာ အခုတော့ တောကြီး မျက်မဲ ထဲ အနိုင်ကျင့်ပြီး ကျုပ်တို့ကို လာယူခိုင်းတာ ကျားဆွဲဆွဲ ကျီးထိုးထိုး ကျုပ်တို့ ကလေးတွေကို လွှတ် ရက်တယ် ဗျာ ”

“ငါ ထင်တော့ ထင်ပါတယ် ကွာ လုပ်စမ်း ပါဦး မင်းတို့ တောင်းဝှေးလေး ပြပါဦး”

မောင်ဘိုးထင်သည် ဦးထွန်းမြိုင် စကားဆုံးသည်နှင့် သူတို့ အတုပြု ပြုလုပ်ထားသော ဝါးတောင်ဝှေးသုံးချောင်းအား ပတ်ထားသော ပုဆိုးကို ဖြည်၍ ပြလိုက်သည်လေသည် ၊

ဦးထွန်းမြိုင်သည် တောင်ဝှေးသုံးချောင်းကိုမြင်သော အခါ မောင်ဘိုးထင်ကို ကြည့်လိုက်ပြီး

“မင်းတို့ဟာက သုံးချောင်းတောင်လားဟ ”

“ဟုတ်တယ်လေ ဆရာကြီးကို သုံးချောင်းလို့‌ေပြာပါတယ် ခင်ဗျ၊ ကျုပ်အထင် ဒီတောင်ဝှေးကို အစီရင်လုပ်ပေးတဲ့ ပုဂ္ဂိုလ်က ဝိဇ္ဇာဆိုလား ဘာဆိုလားဗျာ အဲ့ဒီ‌ေတာ့ အစီရင်လုပ်တုန်း တခါးတည်းပြီးအောင် ပိုပိုလိုလို သုံးချောင်း လုပ်ပေးလိုက်တယ် ပြောတာပဲ”

“ဟုတ်တယ်ဆရာကြီး ကျုပ်တို့ကို ပြောသေးတယ် အဲ့ပုဂ္ဂိုလ်က ခုနှစ်ရက်သား သမီးတွေ အတွက် ခုနှစ်ချောင်းတောင် လုပ်ချင်တာတဲ့ အခုလို ရှားပါတယ် မိုးကြိုးပစ်ခံရပြီး မီးမကျွမ်း တဲ့ ဝါးက ဒီသုံးချောင်းစာပဲ ရှိလို့တဲ့ဗျ”

မောင်ဘိုးထင် နှင့် အတူ သာရမှ ဝင်ရောက်ပြောပေးလိုက်ရာ ဦးထွန်းမြိုင်သည် ခေါင်းတဆက်ဆက် ညိတ်ပြီး

“အင်း ရှားပေမှာပေါ့ အခုလို မိုးကြိုးခ ပြီး မီးမကျွမ်း တဲ့ ဝါးဆိုတာ အတော်ရှား‌မှာပေါ့ ့ ”

“ဟုတ်တယ် ဆရာကြီး ကျုပ်တို့ကို ကဝေပျံခင်မေ ဆိုလား မှာလိုက်တာရှိတယ် ”

မောင်ဘိုးထင်သည် ထိုသို့ပြောလိုက်ရာ ဦးထွန်းမြိုင်မှ မောင်ဘိုးထင် အနားတိုးလာ၏ ၊ထို့နောက် မောင်ဘိုးထင်သည် အသံတိုးတိုး နှင့်

ဆရာကြီး ဒီသိဒ္ဓိဝင် မိုးကြိုးစက် တောင်ဝှေးက သီလရှိသူတွေ သုံးမှ အစွမ်းထက်တာတဲ့ အဲ့တာ ဆရာကြီး စမ်းကြည့် ချင်ရင် စမ်းလို့ရတယ် ဆရာကြီး တပည်တွေ အထင်ကြီးသွားအောင်”,

“နေနေ မစမ်းတော့ဘူး ငါဒီတိုင်း ပဲ ယူသွားမယ် ”

“စမ်းကြည့်ပါ ဆရာကြီးရာ ကျုပ်တို့လည်း ဒီတောင်ဝှေး အစွမ်းတွေကြည့်ချင်လို့”

“တိတ်တိတ်နေစမ်းကွာ မစမ်းတော့ပါဘူးဆို ငါ သုံးချောင်းလုံး ယူရမှာလား ”

ဦးထွန်းမြိုင်မှ ထိုသို့ပြောသောအခါ မောင်ဘိုးထင်သည် မျက်နှာလေးငယ် သွားပြီး

“ဆရာကြီး သုံးချောင်းလုံး ယူမယ် ဆိုရင်တော့ ကျုပ်တို့ ကို တခါတည်း သတ်ပြီး မှ ယူသွားလိုက်ပါဗျာ”

“ဟုတ်ပါတယ် ကျုပ်တို့ကို သတ်သွားလိုက်ပါ အောက်လမ်းဆရာကြီး လက်နဲ့ သတ်လို့ အသေခံရတာ ထက် ဆရာကြီးရဲ့ မြင့်မြတ်တဲ့ လက် နဲ့ အသေခံပါမယ် ”

ပေတူးမှ ဝင်ရောက်ပြောဆိုပြီး ဒူးများထောက်ကာ လည်များစင်းပေးထားကြသည် ၊ ဦးထွန်းမြိုင်သည် ပေတူး၏စကားကို ပီတိဖြစ်ကာ သူ၏ ရှေ့တွင် ဒူးထောက် နေသည့် မောင်ဘိုးထင်ကို ပုခုံးမှ ကိုင်ပြီး ထစေလိုက်ကာ

“တချောင်းပဲ ယူပါမယ် ကွာ အလကားလည်း မယူချင်ပါဘူး ငါဘယ်လောက်ပေးရမလဲ ”

“ဆရာကြီးရဲ့ အဆင့်အတန်းနဲ့ဆို ငါးဆယ်လောက်ဆို မများဘူးမဟုတ်လား ”

ဦးထွန်းမြိုင်သည် မျက်နှာမသိမသာ ပျက်သွားပေမဲ့ ပြုံးရယ်ကာ

“မ မများပါဘူးကွာ ငါ မိုးကြိုးစက် တောင်ဝှေးကို သေချာကြည့်ပါရစေဦး ”

ဦးထွန်းမြိုင်သည် မောင်ဘိုးထင်တို့ မီးမြှိုက်ထာပြီး သာရမှ နယားရုပ်ကို ဓားနှင့် ခြစ်ထားသည့် တောင်ဝှေးကို ကြည့်ကာ ခေါင်းတဆက်ဆက် ညိတ်လိုက်ပြီး သူ၏ တပည်များအား တောင်ဝှေးကို ပြကာ

“မင်းတို့ ကြည့်ထားကြ ဒီတောင်ဝှေးဟာ ဝိဇ္ဇာပုဂ္ဂိုလ် တဦး စီရင်ထားတဲ့ ရှေးဟောင်းတောင်ဝှေးပဲ မိုးကြိုးပစ်တာကို ပြာမကျပဲ အခုလို မဲပဲ မဲသွားတဲ့ ဝါးကို ရှေးဟောင်း နယားပုံကို သေသပ်စွာ ဆွဲထားတဲ့ တကယ့် သိဒ္ဓိ ဝင် တောင်ဝှေးပဲ ကြည့်ထားကြ နောက်ဆို ငါ ဒီတောင်ဝှေးကို သေချာ ထိန်းသိမ်းထားမှာ အခု ဝ အောင်ကြည့်ထား ”

ဦးထွန်းမြိုင်၏ တပည်များသည် ဆရာသမားကို အတော်ဖားပုံ ပေါ်သည်

“လှ လိုက်တဲ့ နယားကြီး အစွဲကြီးကို ပြူးနေတာပဲ”

“ဟုတ်ပကွာ ရှေးခေတ် အနုပညာကို ထင်ဟပ်နေတယ်ကွာ အတော်ကို လက်ရာကောင်းတာဟေ့ ”

ဦးထွန်းမြိုင်၏ တပည်များသည် တောင်းဝှေးမှ သာရ၏ နယားကြီးကို အမွှန်းတင်နေရာ သာရ အံကို ကြိတ်ပြီး မရယ်မိ‌ေအာင် အတော်ပင် ထိန်းနေရသလို ကျန်သူများလည်း မရယ်မိအောင် သတိထားနေရသည် ၊ ထိုအရာကို သဘောပေါက်သော မောင်ဘိုးထင်သည် အချိန်ဆွဲ ၍ မဖြစ်မှန်းသိသော အခါ

“ဆရာကြီး ကျုပ်တို့ ခရီးဆက်ရတော့မယ် ”

“အေးအေး သွားလေ ”

“ဟို ဆရာကြီး ငွေလေး ပေးမယ်ဆို ”

“အော် အေးမေ့နေလို့ပါကွာ ရော့ ရော့ နှစ်ဆယ် ”

“ဆရာ ကြီးပြောတော့ ငါးဆယ်”

“အေးသိပါတယ်ကွ ငါ့မှာ နှစ်ဆယ်ပဲ ပါလို့ပါ ငါ့ ငွေထိန်းပါပါတယ် ကွ”

ဦးထွန်းမြိုင်သည် သူ၏ တပည်များထဲမှ နုတ်ခမ်းမွှေးစစ နှင့် လူကို ကြည့်လိုက်ပြီး

“မောင်ထူး မင်းမှာ ငွေ သုံးဆယ် ပါတယ် မဟုတ်လားပေးစမ်း ”

“ပါ‌တော့ ပါ ပါတယ် ဒါပေမဲ့ ငှက်ပျော်ပွဲ အုန်းပွဲ အကြွေးတွေ ပေး”

“မင်းက လျှာကို ရှည်တယ် ပေးဆိုပေးစမ်း ကျန်တာ နောက်မှ ရှင်းမယ် ”

ဦးထွန်းမြိုင်သည် သူ၏ တပည် စကားမဆုံးခင် ငေါက်ငမ်းလိုက်ပြီး ငွေ သုံးဆယ်ကို ယူကာ မောင်ဘိုးထင်ကို ပေးလိုက်ပါလေတော့သည်။

▪️အခန်း-၇

မောင်ဘိုးထင်တို့သည် ဦးထွန်းမြိုင်ဆီမှ ငွေငါးဆယ်ကို ယူကာ ခရီးဆက်လာရ မဟူရာ ရွာအဝင်သို့ ရောက်လာကြသည် ၊ အလာတုန်းက ခံခဲ့ရသော ဖိုးထွေး နှင့် သာရသည် မောင်ဘိုးထင် အနားကပ်လိုက်ပြီး

“ဘိုးထင် ဟုတ်ကော ဟုတ်ပါ့မလားကွာ ငါတို့ဘဝတော့ မပျက်လောက်ပါဘူနော် ”

“ခင်ဗျားတို့ကလည်း လာစမ်းပါ ဒီရွာက ဖြတ်ပြီးမှ ပြန်လို့ရမှာကို လာခဲ့ ”

မောင်ဘိုးထင်နှင့် ပေတူးသည် တောင်းများကို ချိုထမ်းပြီး ရှေ့က သွားနေသည် သူတို့‌ေနာက်တွင်တော့ သာအေး ကပ်လိုက်လာသည် ဖိုးထွေး နှင့် သာရသည်က ဟိုကြည့်ဒီကြည့် နှင့် ရွာအနောက် ဘက်မှနေ ရွာအရှေ့ဘက်ကို ဖြတ်နေစဉ် သူတို့ ၏ မလှမ်း မကမ်းမှ မိန်းမကြီးနှစ်ယောက် ထွက်လာပြီး

“အကို ပြန်လာပြီ မေပျိုရေ အကိုတို့ပြန်လာပြီ ”

အသက်ကြီးရင့်နေသော မိန်းမကြ‌ီး နှစ်ဦးသည် မောင်ဘိုးထင်တို့ အနောက်မှ ဖိုးထွေး နှင့် သာရ၏ လက်ကို တွဲကာ စကားများ တတွက် ပြောနေလေသည် ထိုအခါ ဖိုးထွေးသည် ငိုမဲ့မဲ့ နှင့် မောင်ဘိုးထင်ကို စကားဆိုလာသည်

“ဘိုးထင် ကယ်ပါ ဦးကွာ မင်းမကယ် ရင် ငါတို့ ဘဝ ပျက်တော့မယ် ”

ဖိုးထွေးမှ ထိုသို့ပြောသောအခါ သာအေးမှ မောင်ဘိုးထင်ကို ကြည့်ကာ

“ဟေ့ကောင် ထားလိုက် ဒီလူတွေ မိန်းမ လိုချင်နေတာ ဖွတ်တွေကို တောင်မှ မိကျော့ လာလုပ်နေသေးတာ ဒီ မိန်းမကြီးတွေကို လည်းမိကျော့ လို့ကြာရင် မြင်ရင်မြင်နေမှာ ”

“ဟေ့ကောင်သာအေး မင်း မင်းဘာတွေ လျှောက်ပြောနေတာလဲ ”

“အေးလေ ဘာတွေ ပြောနေတာလဲ မင်းတို့ နော်”

မောင်ဘိုးထင်သည် ဖိုးထွေး နှင့် သာရအား ပလူးပလဲ လုပ်နေသော မိန်းမကြီးနှစ်‌ေယာက်ကို ကြည့်ကာ

“ခင်ဗျားတို့ လွှတ်ပေးလိုက်ပါ ခင်ဗျားတို့ အသက်နဲ့ဆို ဒီလူတွေက မြေးအရွယ်လောက်ပဲ ရှိမယ် မရှက်ဘူးလား ”

“မရှက်ပါဘူး အချစ်မှာ အရှက်မရှိဘူး ”

မောင်ဘိုးထင်သည် ထိုမိန်းမကြီး ၏ စကားကြောင့် ဘာပြောရမှန်း မသိဖြစ်နေစဉ် ပျိုမေ ဟုအမည်ရသော မိန်းမကြီးသည်

“ကောင်လေး နင်တို့ မိုးကြိုးစက် တောင်ဝှေးပါလာတယ် မဟုတ်လား အဲ့တာ ပေးရင် ငါတို ရဲ့ ချစ်သူတွေကို လွှတ်ပေးမယ် ”

“ဘိုးထင် ပေးလိုက်‌ေတာ့ ဘာတွေငိုင်နေတာလဲ ”

“ဘိုးထင် ပေးလိုက်လေ ”

“နေစမး်ပါ ဦးဗျာ ကျုပ်တွေးနေတယ် ”

ထို‌ေနာက် မောင်ဘိုးထင်သည် မိန်းမကြီး နှစ်ဦးကို ကြည့်ကာ

“မပေးနိုင်ဘူးဗျာ ကျုပ်တို့ သွားပြီ ခင်ဗျားတို့ တိုင်း လုပ်ချင်တာသာ လုပ်‌ေတာ့ ”

“အေးအဲ့တာ ကောင်းတယ် နှာဘူးတဲ့ လူတွေ ထားခဲ့ ”

“ဟုတ်တယ် ”

ဖိုးထွေး နှင့် သာရသည် သူတို့အားထားခဲ့ပြီးထွက်သွားသော မောင်ဘိုးထင်တို့ကို ကြည့်ကာ အော်ဟစ်ပြီး မထားခဲ့ဖို့ အကူညီတောင်းရင်း မေပျို ‌ပျိုမေ မိန်းမကြီး ညီအမ နှစ်ယောက်၏ လက်ထဲတွင် ကျန်‌ေနခဲ့ပါလေတော့သည် ။

▪️အခန်း-၈

မောင်ဘိုးထင်တို့ သုံးယောက် မဟူရာ ရွာနှင့် မလှမ်းမကမ်း ရှိ သစ်ပင်ရိပ်တွင် ထိုင်ပြီး ဖိုးထွေးနှင့် သာရအား စောင့်နေလေသည် ၊ သာအေးသည် မောင်ဘိုးထင်ကို ကြည့်ကာ

“‌ဘိုးထင် ကိုဖိုးထွေးတို့ ပြန်ထွက်နိုင်ပါ့မလား ”

“အသွားတုန်းကတောင် ထွက်လာနိုင်တာ အပြန်လည်းထွက် နိုင်ရမှာပေါ့ ကွ”

“မင်းက ဟိုတောင်ဝှေး အတုကြီးကို ဘာလို့ မပေးလိုက်တာလဲ ”

“နောက်ထပ် ဘယ်သူတွေဘယ်လို နှောက်ယှက်မယ် မှန်း မသိဘူး အကုန်ပေးပြစ်လို့မဖြစ်ဘူးကွ”

“အေးပါကွာ တို့ ကို‌ဖိုးထွေး တို့ကို လာတုန်းက အတိုင်း‌ေစာာင့်ကြတာပေါ့”

မောင်ဘိုးထင်တို့ သုံးယောက် တနာရီမျှစောင့်လိုက်ပြီးချိန် မဟူရာရွာလမ်း ဆီမှ ဖိုးထွေး နှင့် သာရသည် ပုဆိုး မနိုင် ပဝါ မနိုင်နှင့် ပြေးလာပြီး မောင်ဘိုးထင်တို့ စောင့်‌ေနသည်ကုိ မြင်သော အခါ

“ငါ ထင်တော့ ထင်တယ် မင်းတို့ကောင် တွေ အလာတုန်းက အတိုင်းလုပ်မယ် ဆိုတာသိလို့ပြေးလာတာ ပြေးကြ နောက်က ဟာကြီးတွေက အခု ပိုကြမ်းလာပြီဟ ”

ဖိုးထွေးနှင့် သာရ၏ အလျင်လိုမှုနှင့်အတူ မောင်ဘိုးထင်တို့သည် မဟူရာ ရွာနှင့် ဝေးသည်ထက်ဝေးအောင် သုတ်ခြေ တင်းလိုက်ကြပါလေတော့သည် ။

▪️အခန်း-၉

မောင်ဘိုးထင်တို့ ပေပင်ရွာအား ညနေပိုင်းလောက် ပြန်ရောက်မည်ဟု မျှော်မှန်းထားကြသည်၊ ထိုကြောင့် ပြေးလာရသည် မှာ မောပန်း‌ေနသည်မို့။ သစ်ရိပ်ကောင်းသော အပင်ကြီး ရှေ့ နားနေကြစဉ် အနက်ရောင် အင်္ကျီ အနက်ရောင် ထမိန်ကို ဝတ်ထားသော မိန်းမတ‌‌ေယာက် သူတို့အနားတွင် ရုတ်ချည် ပေါ်လာလေသည် ၊ ထိုအခါ မောင်ဘိုးထင်တို့သည် ထိုမိန်းမကို ကြည့်ကာ

“ဘာ လို့ ရုတ်တရက် ပေါ်လာတာလဲ အသံလေးဘာလေး ပေးပေါ့ဗျာ လန့်လိုက်တာ ”

“ဟ‌ဲ့ ငါ့ပညာ နဲ့ ငါလာတာ နင်တို့ကို ခွင့်‌ေတာင်းနေရဦးမှာလား ”

“ပညာက ပညာပဲ လူမှုရေးတော့ သိပေါ့ဗျာ ငယ်တော့တဲ့ အရွယ် မဟုတ်ဘူး”

“ဟဲ့ကောင်လေးတွေ နင်တို့က ငါ့ကို အပြစ်တင်နေကြတာလား သေချင်ပြီထင်တယ် ”

“မသေ ချင်ပါဘူး ခင်ဗျားက ဘာကိစ္စ ရှိလို့လဲ “,

“ငါ တောင်ဝှေးလာယူတာ ပေးစမ်း ‌ေတာင်ဝှေး ”

“ရော့ ငါးဆယ်ပေး ”

သာအေးသည် သူ၏ လက်ထဲမှ တောင်ဝှေးတုကို ပေးပြီး ပြောလိုက်ရာ ထို မိန်းမသည် တောင်ဝှေးကို ကြည့်ပြီး ဟားတိုက်ရယ်မောကာ တောင်ဝှေးအား ချိုးပြစ်လိုက်ပြီး

“ဘယ်က ဝါးတုတ်တွေ ပေးနေတာလဲ ငါက ကျားဆိုးရွာမှာ နေဖူးတယ် မိုးကြိုးစက်‌ေတာင်ဝှေးက အစိမ်းဟဲ့ ”

“ဟာ ခင်ဗျားက သိနေတာလား ”

“သိတာပေါ့ ငါ့နာမည် ကဝေပျံ မိထားတဲ့ ဟဲ့ ”

မောင်ဘိုးထင်အား ကျန်သောသူများသည် မျက်စ ပြစ်ပြီး ကြည့်နေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည်

“ကဝေပျံဆိုရင် လည်း တောင်ဝှေးအစစ် ပေးပါမယ်ဗျာ ခင်ဗျားတို့ ကဝေ အချင်းချင်း ရှင်းကြ ကျုပ်တို့က ကြားထဲက အနာ မခံနိုင်ဘူး”

“ငါက ဘယ်သူနဲ့ ရှင်းရမှာလဲဟဲ့ ကောင်လေး ”

“ကျားဆိုးရွာ က ကဝေပျံခင်မေ နဲ့ ရှင်း ကျုပ်က တော့ ခင်ဗျားတောင်းလို့ ပေးလိုက်တယ်လို့‌ေပြာလိုက်မယ် ”

“အဲ့ကောင်မ ခင်မေအကြောင်း ထည့်မပြောစမ်း နဲ့ ကောင်လေး ”

“ဘာဖြစ်လို့ လဲ ကြောက်လို့လား ”

“ဟဲ့ ကြောက်စရာလား အဲ့လို ကောင်မကို မကြောက်ဘူး”

“အဲ့ဒါဆို သူနဲ့ ပညာပြိုင်ဘူးလို့လား ”

“ပြိုင်ဘူးတာပေါ့ ”

“နိုင်လို့လား ”

မောင်ဘိုးထင်သည် က‌ေဝပျံ မိထားအား ကက်ကက်လန်ပြန်ပြောနေလေသည် ကဝေပျံမိထားသည် ကျားဆိုးရွာသူကြီး ကဝေပျံ ခင်မေ အကြောင်း ကြားလိုက်သည် နှင့် ဒေါသ ထွက်နေလေရာ မောင်ဘိုးထင် စကားပြောရင် အကြံ ထုတ်နေချင်းဖြစ်သည်

“ဟဲ့ကောင်လေး ငယ်သလောက် လျှာရှည်တယ် “,

“လျှာရှည် တာ မဟုတ် ပါဘူးဗျာ ခင်ဗျားတို့လို ပညာရှင်တွေ လုပ်ရင်လည်း ကျုပ်တို့က ခံရမဲ့သူတွေပါ ကျုပ်‌ေတာင်‌ေဝှးပေးပါမယ် မပေးခင်လေး ကျားဆိုးရွာသူကြီး ခင်ဗျားကို နိုင်လား မနိုင်လားဆိုတာလေးသိချင်မိတယ်”

“နင်က ဘာဆိုင်လို့လဲ ”

“မဆိုင်ပါဘူး ဒါပေမဲ့ ကျုပ်တို့ နဲ့တွေ့ခဲ့တဲ့ ပညာရှင်ရဲ့ အကြောင်းလေးသိချင်လို့ပါ”

“အေး ငါရှုံးခဲ့တယ် ငါရဲ့ ပျော့ကွက် ဖြစ်တဲ့ ဆံပင်ကို မကာ ကွယ် ”

ကဝေပျံမ စကား မဆုံးခင် မောင်ဘိုးထင်သည်

“ဟေ့ကောင်တွေ ဆံပင် တဲ့ဟ ”

မောင်ဘိုးထင် စကားဆုံးသည် နှင့် ကျန်သော သူများသည် ကဝေပျံမိထားအနား တိုးကပ်ကာ ကဝေပျံ၏ ဆံပင်အား ဝိုင်းဆွဲနေတော့သည် ၊

“ဟံ့ကောင်လေးတွေ ဘာလုပ်တာ လဲ ဟဲ့ ငါ့ဆံပင် မဆွဲကြနဲ့လေ အမလေးသေတော့မှာပဲ ”

ကဝေပျံမ၏ ဆံပင်ကို ကြောက်အားလန့်အားနှင့် ဝိုင်းဆွဲနေသော မောင်ဘိုးထင်တို့အား ကဝေပျံမမှ တောင်းပန်ရရှာလေသည်

“ငါ နင်တို့ကို မနှောက်ယှက်တော့ပါဘူး နင်တို့ကို ငါ့ပညာနဲ့ မပြူစားခင် ငါ့ ခေါင်းပြောင်တော့မယ် ကဝေပျံရဲ့ အသက်က ဆံပင် ဖားလျားလေးပါဟယ် မလုပ်ကြပါနဲ့ ”

“အဲ့တာဆို ကျုပ်တို့ကို နှောက်ယှက်ဦးမှာလား”

“မနှောက်ယှက်ပါဘူ ငါ ကတိပေးပါတယ် ”

“ကတိက ယုံရတာ မဟုတ်ဘူး ”

“တကယ်ပါဟယ် နင်တို့ ငါးယောက်လုံးကြီးကို ငါ မနိုင်ပါဘူး နင်တို့ကြောက်ပြီး ထွက်ပြေးမလားလို့ပါ ”

“ကျုပ်အဘ ပြောဘူးတာတော့ ခင်ဗျားတို့ ကဝေပျံတွေက နတ်စိမ်းတွေကို ပြုစားခိုင်းလို့ရတယ် တဲ့နော် ကျုပ်တို့ ကြောက်တယ် ဗျ ”

“ဟဲ့ နင်တို့ကလည်း ပြုစားခိုင်းတဲ့ ဆိုတဲ့နေရာ မှာ လူတွေလို့ ရော့လုပ် လို့ပြောလို့မှ မရတာ အစီအရင်လေး ဘာလေးတော့ ‌လုပ်ရတာပေါ့ဟယ် လွှတ်ပါ ငါ့ခေါင်းတွေ ကြိမ်းနေပြီ ”

မောင်ဘိုးထင် ငိုမဲ့ မဲ့ ဖြစ်နေသော ကဝေပျံကို သနားပင် လာ‌သည် ထို့ကြောင့် အားလုံး ကဝေပျံမိထား၏ ဆံပင်ကို လွှတ်လိုက်ကြသည် ၊ ထိုအခါ ကဝေပျံသည် သူမ၏ရှုပ်ပွသွားသော ဆံပင်များကိုသပ်လိုက်ပြီး

“နင်တို့က ငါ့ဆံပင်ကို ဘာလို့ဆွဲရတာလဲ ”

“ခင်ဗျားပဲ ခင်ဗျားရဲ့ ပျော့ကွက်က ဆံပင်ဆို ”

“ဟဲ့ ငါပြောတာက ငါရဲ့ ဆံပင်တွေကို သူရသွားပြီ တန်ပြန် အစီအရင် လုပ်ပြီး နိုင်တာကို ပြောတာ နင်တို့လို့ သေ‌ေအာင် စောင့်ဆွဲနေတာ မဟုတ်ဘူး”

“ဟာ သိမှ မသိပဲ ဗျာ ”

“သွားကြတော့ ငါလည်း ခေါင်းတွေ ကြိမ်းနေပြီ ဘာတောင်ဝှေးမှလည်း မလိုချင်တော့ဘူး”

စိတ်ပျက်လက်ပျက်ဖြစ်နေသော ကဝေမအား မောင်ဘိုးထင်သည် ရေဘူးလေးကမ်းပေးပြီး

“ရေလေးသောက်လိုက်ပါလား အကြောက်ပြေသွားအောင်လေ ”

ကဝေပျံမိထားသည် မောင်ဘိုးထင်ကို မကျေမနပ်ကြည့်ပြီ ”

“နင်က အောက်လမ်းလေး မဟုတ်လား နင်ပညာကလည်း မသေးဘူး ငါ့ဆံပင်ကို ကိုင်လိုက်တာနဲ့ ငါ့ဘာပညာမှ ထုတ်လို့မရတော့ဘူး အဲ့တာကြောင့် ‌နင်တို့ သက်သာ သွားတယ် မှတ်ပါ ”

ထိုသို့ပြောပြီး ကဝေပျံမိထားသည် မောင်ဘိုးထင် ကမ်းပေးသော စစ်သုံး ရေဘူးလေးအား ယူပြီး မော့သောက်နေပါလေတော့သည် ။

▪️အခန်း-၁၀

မောင်ဘိုးထင်တို့ နေဝင်လုလုတွင် ပေပင်ရွာသိူ့ ‌ပြန်ရောက်လာကြသည် ၊ ထိုအခါမှ သူတို့အားလုံး သက်ပျင်းကိုယ်စီချနိုင်ကြတော့သည် ၊ မိုးကြိုးစက် တောင်ဝှေး အစစ် အပြင် သူတို့၏ တောင်ဝှေး အတု တချောင်းပါ ပိုလာသေးသည် ၊ ဤသို့ နှင့် ကြုံတွေ ခဲ့ရသောအဖြစ်အပျက်များကို ပြောလိုက်ရယ်လိုက် နှင့် ပေပင်ရွာရှိ ဦးအုန်း၏ အိမ်သို့ ရောက်ရှိလာလေသည် ၊ ဦးအုန်းသည် တန်းလျားတွင် မိကျော့ ၏ အဘ နှင့် စကားပြောနေလေသည် ၊ မောင်ဘိုးထင်တို့ ဝင်လာသည်ကို မြင်သောအခါ ဦးအုန်းသည် တန်းလျားမှ မတ်တတ်ရပ်လိုက်ပြီး

“ကောင်လေးတွေ အဆင်ပြေခဲ့လား ”

“ပြေပါတယ် ဗျာ ရော့ အဘ မိုးကြိုးစက်တောင်ဝှေး ”

“ဟေ့ကောင် မမခင်မေ ပြောတော့ မိုးကြိုးစက်တောင်ဝှေးက အစိမ်းပါ အခုက ကျက်ခိုးတိုက်ထားတဲ့ ဝါးလုံးကြီးပါလားဟ ”

သာအေးသည် ဦးအုန်းကို တအံ့တဩကြည့်ရင်း

“ဘကြီး အုန်း ဘာပြောလိုက်တယ် မမခင်မေ ဟုတ်လား ဟိုကဖြစ် ဘကြီးသမီးရှိမယ် ဆို ဘကြီးသမီးလောက်တောင်မရှိဘူး ခေါ်ပေါ့ တူမကြီး တို့ မြေးလေးတို့ ”

“,ဟဲ့ကောင် သူက ငါ့ထက် အသက် ၄၀လောက်ကြီးတယ်ဟ ”

“အိုးး အသက်ကြီးကာ မှ ကြီးပဲ မြင်နေရတာ အမြင်မတော်ဘူး ဘာလဲ မောင်လေးအုန်း တဲ့ တယောက်က အခုလာပြန်ပြီ မမခင်မေတဲ့ ဆန်းလည်း ဆန်းပ”

ပေတူးသည်လည်း မ‌ေကျမနပ်ပြောရင် ‌ကွပ်ပျစ်တွင် ထိုင်နေသည် ၊ မောင်ဘိုးထင်သည် ပေတူးပြောသည်ကို ခေါင်းညိတ်အသိ အမှတ်ပြု လိုက်ရင်း သူတို့ ‌ေ တာင်းအား ချိုထမ်းလာသော ဝါးထဲမှ တောင်ဝှေးအစစ်ကို ထုတ်ပေးလိုက်ပြီး

“ရော့အဘ ဒါက အစစ် ”

“အေးအေး မင်းတို့ မနက်ဖြန် အလုပ်ရှိတယ် ”

“မနားရတော့ဘူးလား ”

“ဟုတ်တယ် ဦးအုန်းရာ ရွာလေးကို ဓားပြတခါတိုက်မိပါတယ် ခိုင်းနေတော့တာပဲ ”

“ဟေ့ကောင်ဖိုးထွေး မင်း မလုပ်ချင်ဘူးလား ”

“နှစ်ရက်လောက်‌ေတာ့ နားဦးမယ်ဗျာ ”

“နားလေ မင်းနားရင် မိကျော့ လင်ရပြီသာ မှတ်”

“ဗျာ မိ ကျော့ ဘာ ဘာဖြစ်လို့လဲ ”

“ဘာဖြစ်ရမှာလဲ သူ့အဘ ငါ့လာပြောနေတာသာကြည့် တော့ မင်းမိကျော့က လင်တရုးနေလို့ဟေ့ သိပြီလား”

ဖိုးထွေးသည် ဦးအုန်း၏စကားကို ကြားသောအခါ အံ့ဩသွားကာ ချက်ချင်း အလုပ် လုပ်မည်ဟုပြောနေသောကြောင့် ခဏ အနားယူဖို့ကို မောင်ဘိုးထင်တို့ ချော့မော့၍ ပြောနေရပါလေတော့သည် ။

‌▪️အောက်လမ်းဘိုးထင် နှင့် မိုးကြိုးစက် တောင်ဝှေး သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် လင်တရူး မိကျော့ အမည်ရသောဝတ္ထုဇတ်လမ်းလေးကို တင်ဆက်ပေးပါမည်။

📝မောင်တင်ဆန်း

Zawgyi Version

“ေအာက္လမ္းဘိုးထင္ ႏွင့္ မိုးႀကိဳးစက္ ေတာင္ေဝွး”(စ/ဆုံး)
—————————————————————————
(၁၃)

▪️အခန္း-၁

က်ားဆိုး႐ြာမွာ ေမာင္ဘိုးထင္တို႔ တညအိပ္ၿပီးေနာက္ ေတာင္ေဝွးကို ယူကာ ေပပင္႐ြာသို႔ ျပန္ရန္ျပင္ဆင္ေနၾကသည္ ၊ သူတို႔အား ကေဝပ်ံ‌ခင္ေမမွာ အျပန္လမ္းတ‌ြင္ သတိထားဖို႔ တတြတ္တြတ္မွာေနေလရာ ေမာင္ဘိုးထင္တို႔ ေၾကာင္စိတ္ေတြပင္ ဝင္ေနၾကသည္၊ ဤသို႔ႏွင့္ ေမာင္ဘိုးထင္တို႔ တသိုက္ က်ားဆိုး႐ြာမွ မနက္ အေစာထြက္ခဲ့ရာ ေနျမင့္ခ်ိန္တြင္ ဝါး႐ုံေတာႀကီးမ်ား ရွိရာ ကို ေရာက္လာသည္ ေမာင္ဘိုးထင္သည္ ဝါး႐ုံ ပင္မ်ားကို ျမင္ေသာ အခါ

“ကိုဖိုးေထြး နဲ႔ ကိုသာရ”

“ေအေျပာ ဘိုးထင္ ”

“က်ဳပ္တို႔မွာ ရွိတဲ့ ေတာင္းေဝွးအ႐ြယ္ အစားေလာက္ ဝါးေတာင္ေဝွးေတြ ခုတ္ၾကရေအာင္ဗ်ာ ”

“မင္းက ဘာလုပ္မလို႔ လဲဟ ”

“အတုေလး ဘာေလး လုပ္ထားၾကရေအာင္လို႔‌ေလ ဟို ကေဝပ်ံ‌ႀကီးက စေတြ႕ကတည္းက သတိထားၾကည့္ေျပာေနတာ သူအၿမဲ ေျပာေနေတာ့ က်ဳပ္ေတာင္လန႔္လာလို႔ ”

“အဲ့တာေတာ့ ဟုတ္တယ္ ပုံမွန္ဆို ငါတို႔ မေၾကာက္ပါဘူး သူသတိေပးတာ ႀကီးက လြန္လြန္းတယ္ ငါတို႔ကို ၿဖဲေျခာက္ေနတယ္ေတာင္ ထင္ေနတာ ”

ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြးတို႔ စကားေျပာေနေသာ စကားဝိုင္းသို႔ သာေအး ဝင္လာသည္

“က်ဳပ္ကေတာ့ ရယ္ခ်င္တာ ထိန္းထားရတယ္ ဗ်ိဳ႕ ”

“ဘာလို႔တုန္းဟ ”

“သူအ႐ြယ္ေလးနဲ႔ ဘိုးထင္ အဘ ဘႀကီးအုန္းကို ေမာင္ေလးအုန္းနဲ႔ ေမာင္ေလးအုန္းနဲ႔ အသက္ကသာ ႀကီးတာပါ အ႐ြယ္အရဆို ဘႀကီးအုန္းႀကီး ပုံစံက ေသခါနီးေနၿပီ ”

“ေဟ့ေကာင္ သာေအး မင္း စကားေျပာတာ ၾကည့္ေျပာကြာ ငါ့အဘကို ဘယ္လိုေတြ ေျပာေနတာလဲ ”

“သေဘာေျပာတာပါ ကြာ မသကာ ဦး လို႔ေခၚရင္ ေတာ္ေသး”

“ေအးဟ ငါလည္း အဲ့လိုပဲ ေတြးေနတာ သူပုံစံၾကည့္ေတာ့ ကိုဖိုးေထြးတို႔ကေတာင္ ညီမေလးလို႔ ေခၚရမဲ့ပုံနဲ႔ ငါ့အဘ ကိုမ်ား ေမာင္ေလးအုန္းတဲ့ ”

“မင္းတို႔ေကာင္ေတြက လည္း သူတိုင္းသူ ဘယ္လိုေခၚေခၚေပါ့ ဘာလုပ္မွာလဲေျပာ ၿပီးရင္ ခရီးဆက္မယ္ ေတာ္ၾကာ မိုးခ်ဳပ္ေတာ့မယ္ ”

“မိုးခ်ဳပ္လည္း ဘာျဖစ္လဲ မဟူရာ ႐ြာမွာ တည္းၾကတာေပါ့ ”

“ေတာ္ေတာ္ မင္းတို႔ေကာင္ ေတြ ေပါက္ကရမလုပ္နဲ႔ ငါတို႔ ေတာင္ေဝွးသြားခုတ္လိုက္ဦးမယ္ ”

ဖိုးေထြး ႏွင့္ သာရ မဟူ႐ြာ နာမည္ၾကားသည္ ႏွင့္ အေတာ္ကို မ်က္ႏွာ ပ်က္ေနၾကသည္ ၊ ထို႔‌ေနာက္ က်ားဆိုး႐ြာမွ ယူလာေသာ ေတာင္ေဝွးကို ေသခ်ာၾကည့္ကာ ထိုေတာင္ေဝွး အရွည္အတိုင္း ဝါးဆစ္ပိတ္ဝါးမ်ားကိုခုတ္ေနၾကပါေလေတာ့သည္ ။

▪️အခန္း-၂

ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြးသည္ ေတာင္းေဝွးကို ေသခ်ာၾကည့္ေနသည္ ၊ က်န္ေသာ သူမ်ားသည္ ေန႔လယ္စာ အတြက္ ျပင္ဆင္ေနၾက၏ ၊ ေမာင္ဘိုးထင္သည္ ေက်ာက္စိမ္းပမာ စိမ္းေနၿပီး နဂါးလိုလိုေမြလိုလို အ‌ေကာင္ ပတ္ထားဟန္ ေတာင္ေဝွးသည္ ပုဆိုး တကြင္းအရွည္မွ် ရွိသည္ ၊ ေမာင္ဘိုးထင္သည္ ေတာင္ေဝွးကို ေသခ်ာစြာ ၾကည့္ရင္း

“ကိုဖိုးေထြး ဒီေတာင္ေဝွးက ဝါးေတာ့ ဝါးပဲဗ် ဘာဝါးလဲ မသိဘူး ဒီအေကာင္ေတြက ေမြလား နဂါးလားဗ်’

“နဂါးဆိုရင္ အေမာက္က အႀကီးႀကီး ေနမွာ ဒီေကာင္က ငါ့အထင္ ေမြစိမ္း လားမသိဘူး ”

” ေမြးစိမ္းေတာ့ မျဖစ္ႏိုင္ဘူး ဗ် ေတာင္ေမြးက စိမ္းေနေတာ့ အစိမ္းေရာင္ ျဖစ္ေနတာကို က်ဳပ္အထင္ ဒီအကြက္ေတြကို ၾကည့္ ေမြေပြးပဲ နဂါးဆို အခြၽန္အတက္ေတြ ပါမွာ ”

“ဟာ ဒီအကြက္ ေတြက ရာဇမတ္ အကြက္ေတြပါကြာ စပါးႀကီးျဖစ္မယ္ ဒီမွာ ၾကည့္ ေခါင္းက ဝိုင္းတယ္ ဟ ”

“ေအးဗ်ာ ေတာင္ေဝွးလုပ္တဲ့ ဘိုေတာ္ကလည္း အ႐ုပ္ကို ေသခ်ာ မဆြဲခဲ့ ဘူး ”

“မင္းက သိ‌ေတာ့ေကာ ဘာလုပ္မလို႔လဲ ”

“ဟာ ဝါးေတြ ခုတ္ထားတာ တင္ဝါးဖုတ္မယ္ မ်ားထင္ေနလား ”

“မထင္ပါဘူးကြာ ”

“က်ဳပ္တို႔ ေတာင္ေဝွးေတြကို အတုလုပ္သြားၾကရေအာင္ အစစ္ကို ေဟာ့ဟို ဝါးထမ္းတပိုးထဲ ဖြက္ခဲ့မယ္ ဗ်ာ ဘယ္လို လဲ ”

“လုပ္တာေတာ့ ဟုတ္ပါၿပီ ဒီတိုင္း ဝါးေတာင္ေဝွးႀကီးဆို ဘယ္သူက ယုံမွာလဲ ”

“ဒီတိုင္းေတာ့ ဟုတ္မလားဗ်ာ ‌ေတာင္ေဝွး အစစ္လို စိမ္းေနတာေတာ့ မျဖစ္ႏိုင္ဘူး အစစ္ကိုလည္း ဘယ္သူမွ ျမင္ဘူးမွာ မဟုတ္ပါဘူဗ်ာ ”

“အဲ့ေတာ့ မင္းက ဘယ္လို လုပ္မလို႔လဲ ”

“က်ဳပ္ ဒီ ဝါးေတြက္ု မီးျမႇိဳက္လိုက္မယ္ဗ်ာ ၿပီးေတာ့ ‌ေမြပုံေလးေတြ ဆြဲထားရေအာင္ မိုးႀကိဳးစက္ေတာင္ေဝွးဆိုေတာ့ အစိမ္းႀကီး လို႔ ဘယ္သူမွထင္မွ မဟုတ္ဘူး က်ဳပ္တို႔ မီးျမႇိဳက္ထားတဲ့ ေတာင္ေဝွးကမွ မိုးႀကိဳးစက္ ေတာင္ေဝွးနဲ႔ ပိုတူဦးမယ္ ”

ေမာင္ဘိုးထင္ ေျပာစကားကို ဖိုးေထြး ေခါင္းညိတ္ၿပီး ေထာက္ခံ လိုက္သည္

“ဟုတ္တယ္ မင္း အႀကံ မဆိုးဘူး ဘယ္ ႏွစ္ေခ်ာင္း လုပ္မွာလဲ

” သုံးေခ်ာင္း ေလာက္ေတာ့ လုပ္ထားရေအာင္ ”

“ေအးကြာ မင္းအႀကံေကာင္းတယ္ ေမြပုံက ဘယ္လို ဆြဲမွာလဲ ”

“‌ဝါးေတြကို မီးျမႇိဳက္ၿပီး က်ဳပ္ဓားစူးေလးနဲ႔ ကိုသာရကို ဆြဲခိုင္းတာေပါ့ အဲ့လူက ႐ြာက ဘႀကီးတင့္ ဆီမွာ နဂါး႐ုပ္ေတြ ဘာေတြ ဆြဲေနတာ ေတြ႕တယ္ ”

“ေအးကြာ တို႔ ဝါးလုံးေတြ မီး ျမႇိဳက္ၾကရေအာင္ကြာ ”

ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြးသည္ သူတို႔ ခုတ္ထားေသာ ဝါးလုံးမ်ားထဲမွ သူတို႔အႀကိဳက္ဆုံး ဝါးသုံးလုံးကို ေ႐ြးၿပီး မီးဖိုကာ မီးျမႇိဳက္ေနၾကပါေလေတာ့သည္ ။

▪️အခန္း-၃

ေမာင္ဘိုးထင္တို႔ ထမင္းစားေသာက္ၿပီးသည့္အခါ ေမာင္ဘိုးထင္ ႏွင့္ ဖိုးေထြးသည္ သာရအား သူတို႔ မီးျမႇိဳက္ထားေသာ ေတာင္ေဝွးမ်ားကို ေပးလိုက္ၿပီး

“ကိုသာရ ခင္ဗ်ား သင္ထားတဲ့ ဟို နဂါး႐ုပ္ေရးေပးဗ်ာ ”

“ငါက နဂါး႐ုပ္ မဆြဲတက္ဘူး ”

“အလ‌ႉမွာ ဆြဲ ေနတာ အဲ့ဒါ နဂါး မဟုတ္ဘူးလား ”

“နဂါး မဟုတ္ဘူး အဲ့တာ နယား တဲ့ကြ”

“အဲ့တာဆို ကိုသာရက နဂါး မဆြဲတက္ဘူးလား ”

“ငါကလည္း အဲ့ နယား တပုံပဲ ဆြဲတက္တာ ”

“ထူးဘူးဗ်ာ ဒီတိုင္း ေျပာင္ႀကီးထက္စာရင္ အ႐ုပ္ တ႐ုပ္ပါေတာ့ ပိုေကာင္းတာေပါ့ ေရာ့ ဆြဲဗ်ာ ”

ေမာင္ဘိုးထင္သည္ မီးျမႇိဳက္ထားေသာ ဝါးေတာင္ေမြး သုံးလုံး ႏွင့္ ဓားေျမႇာင္ကို ေပးလိုက္ရာ သာရသည္ ေမာင္ဘိုးထင္တို႔ ေတာင္ေဝွး မဲမဲ သုံးလုံးကို ၾကည့္ၿပီး

“ဘိုးထင္ မင္းေတာင္ေဝွးက ဘယ္ဘက္က အေပၚလဲဟ ”

“ဟာ ကိုသာရကလည္း ထိပ္မွာ အလုံးေလး လုပ္ထား‌တာ အေပၚေလဗ်ာ ”

“ေအးေအး ငါဆြဲလိုက္မယ္ ေဟ့ ”

သာရသည္ ဝါးတလုံးခ်င္ဆီတြင္ နယားပုံမ်ား ဓားေျမႇာင္ ထိပ္ေလးႏွင့္ ျခစ္ၿပီး ဆြဲေနသည္ နယားသည္ အေပၚမွ ေအာက္ကို ဆင္းဟန္ ျဖစ္သည္ ၊ နဂါးဦးေခါင္း ငွက္ေတာင္ပန္ ေျခ ႏွစ္ဖက္ လက္ႏွစ္ဘက္ အမွီးပါေသာ နယားပုံသည္ ဝါးလုံး ေတာင္ေဝွးတြင္ ဆြဲထားရာ အေတာ္ေတာ့ၾကည့္ေကာင္းေနသည္ ၊ ေမာင္ဘိုးထင္သည္ သာရ အ႐ုပ္ဆြဲၿပီးသြားေသာ ေတာင္ေဝွးကို ၾကည့္ကာ

“ကိုသာရ ဆြဲတာ မဆိုးဘူး ဗ်ာ ဒါနဲ႔ ‌ဓားျခစ္ထားတဲ့ အရာေတြက နည္းနည္း သိသာေနတယ္ က်ဳပ္တို႔ ဘယ္လို လုပ္ၾကမလဲ ”

“လြယ္ပါတယ္ကြာ ဟိုမွာ ကြၽန္းပင္ အဲ့က ကြၽန္း႐ြက္ႏုကိုခူး ဖိေျခလိုက္ရင္ အနီးေရာင္‌ျဖစ္သြားလိမ့္မယ္ အဲ့တာ ကို ေတာင္ေဝွးမွာ လိမ္းၿပီး သုပ္လိုက္ကြာ ဓားျခစ္ရာ ထဲမွာ အနီေရာင္ က်န္ခဲ့လိမ့္မယ္ ထင္တယ္ ”

“က်ဳပ္လုပ္ၾကည့္လိုက္မယ္ ”

ေမာင္ဘိုးထင္သည္ ကြၽန္း႐ြက္ႏုမ်ားကိုခူးၿပီး ဖိေျခလိုက္ရာ အနီးေရာင္ ေျပာင္းသြားသည္ ၊ ထို႔ေနာက္ ေတာင္းေဝွးမ်ားကို လိမ္းလိုက္ၿပီး အဝတ္နဲ႔ သုပ္လိုက္ရာ ဓားျခစ္ရေလးတြင္ အနီေရာင္ေလးမ်ား ျဖစ္သြားၿပီး မီးၿမိဳက္ထားေသာ ေတာင္ေဝွးမွာ နယားပုံ ဆြဲထားသည့္ ဓားျခစ္ရာအနီေရာင္ ျဖစ္ အေတာ္ပင္ၾကည့္ေကာင္းေနသည္ ။

“ကိုဖိုး‌ေထြး က်ဳပ္တို႔ ေတာင္ေဝွးကမွ တကယ္ မိုးႀကိဳးစက္ ေတာင္ေဝွး လို႔ ထင္ၾကမွာ ၾကည့္ပါလား တကယ္ကို ေရွးေဟာင္း ေတာင္ေဝွး ၾကေနတာပဲ ဗ်ာ “,

“ေအး ဟုတ္တယ္ကြ ”

ထို႔‌ေနာက္ ေမာင္ဘိုးထင္တို႔သည္ ေတာင္ေဝွး သုံးေခ်ာင္းကို ပုဆိုးတထည္ႏွင့္ ပတ္ၿပီး တစုတစည္းထဲ ထားလိုက္သည္ ေတာင္ေဝွးအစစ္အား ေတာင္းမ်ားကို ခ်ိဳထမ္းေသာ ဝါးလုံးထဲသို႔ ထိုးထည့္ကာ ထိပ္တြင္ ပုဆိုးကို ဆို႔ၿပီး ထားလိုက္ၾကပါေလေတာ့သည္ ။

▪️အခန္း-၄

ေမာင္ဘိုးထင္တို႔ ညမိုးခ်ဳပ္ၿပီ ျဖစ္၍ အရိပ္ေကာင္းေသာ ေညာင္ပင္ႀကီး ေအာက္တြင္ ထင္းမီးကိုဖိုကာ အိပ္ရန္ျပင္ဆင္လိုက္သည္ ၊ မအိပ္ခင္ ညေနမွ ရေသာ ေတာၾကက္ကင္ေလး ငါးကင္ ႏွင့္ ငွက္ေၾကာ္ ေလးမ်ားကိ ဝါးရင္ စကားေဖာင္ဖြဲ႕ေနၾကသည္

“ညေနက ညစာ စားရတာ ေကာင္းလိုက္တာ ဘိုးထင္ရာ”

“မင္းက ဘယ္တုန္းက မေကာင္းလို႔လဲ ေပတူး ”

“မေကာင္းပါဘူးကြာ လာတုန္းက ဒရင္ေကာက္ နဲ႔ ကန္စြန္း႐ြက္ေၾကာ္က”

“ေအး အဲ့တာေတာင္ မင္းက ထမင္း အစားဆုံးပဲ ”

ေမာင္ဘိုးထင္ေျပာမွ ေပတူးၿငိမ္သြားသည္ ထို‌ေနာက္ ဖိုးေထြးသည္ ထင္းတေခ်ာင္ကို မီးဖိုထဲ ထည့္ရင္း

“ေတာက္ အခုခ်ိန္ မိေက်ာ့ ေလးမ်ား ရွိရင္ ဘယ္ ေလာက္ေကာင္း လိုက္မလဲ ”

“ေအးကြာ လွရင္ေလးေကာ တူတူလာရင္ေကာင္းမယ္ ”

ဖိုးေထြး ႏွင့္ သာရ ထိုသို႔ေျပာေနခ်ိန္ သူတို႔ ႏွင့္ မလွမ္း မကမ္း မီးဖိုမွ မီးေရာင္‌ျမင္ရေသာ ေနရာတြင္ မိန္းကေလးအသံေပၚလာသည္

“ဖိုးေထြးေရ ”

“သာရ ေဟ့သာရ”

ဖိုးေထြးႏွင့္ သာရ အပါအဝင္အားလုံးသည္ အသံလာရာဆီသို႔ ၾကည့္လိုက္ရာ မိေက်ာ့ ႏွင့္ လွရင္ ျဖစ္ေနေလသည္၊ ဖိုးေထြးႏွင့္ သာရ ေငးေၾကာင္ေနစဥ္

” နင္တို႔ ခုထိ ႐ြာ ျပန္မေရာက္လာေသးလို႔ ငါနဲ႔ လွရင္ လာေခၚတာ ”

“”နင္တို႔ ႏွစ္ေယာက္ထဲလား ”

“ဟုတ္တယ္ေလ လာခဲ့ ငါတို႔ ႐ြာအတူတူျပန္ရေအာင္”

ဖိုးေထြး ႏွင့္ သာရသည္ ၿပဳံးၿဖီးကာ မတ္တတ္ ထရပ္လိုက္စဥ္

“ကို ႏွာဘူးေတြကေတာ့ ဒီေတာႀကီးထဲ ဘယ္က အမ မိေက်ာ့တို႔ လာမွာ လဲ ခင္ဗ်ားတို႔က ဒါနဲ႔ ပတ္သက္ရင္ ဘာမွကို မေတြးေတာ့ဘူး”

ေမာင္ဘိုးထင္သည္ သူ၏ ႏွာေခါင္းကို လက္ ညႇိဳး ႏွင့္ ဖိျပၿပီး စကားေျပာလိုက္ရာ ဖိုးေထြး ႏွင့္ သာရ ရွက္ရွက္ႏွင့္ ျပန္ထိုင္ေနသည္ ထိုေနာက္ဖိုးေထြးမွ

“တကယ္မိေက်ာ့ လား မသိဘူးေနာ္ ဘိုးထင္ ပါးခ်ိဳင့္ေလးပါတာက အစတူေနတာေနာ္ ေဟ့ေကာင္ရ”

“,မင္းေျပာတာ ဟုတ္တယ္ ဖိုးေထြးရ လွရင္ေလးရဲ႕ နားေတာင္း ေလးက တဖက္တည္းေနာ္ အရင္ အလႉတုန္းက က်ေပ်ာက္သြားတာလို႔ေျပာတယ္ တကယ္ အစစ္ေတြ လားမသိဘူးကြ”

“ဟာ ဒီလူေတြေတာ့ မဟူရာ ႐ြာက ဘြားေတာ္ ႀကီးေတြ နဲ႔ ေတြ႕တာေတာင္ အခုထိ မမွတ္ေသးဘူး ”

ေမာင္ဘိုးထင္၏စကားေၾကာင့္ မည္သည့္စကားမွ အထြန႔္မတက္ေတာ့ ထိုေနာက္ ေမာင္ဘိုးထင္သည္ သာေအး ႏွင့္ ေပတူးတို႔အား လြယ္အိတ္ကို မ်က္စာ ပစ္ျပလိုက္ရာ အ‌ေၾကာင္းသိေသာ သာေအး ႏွင့္ ေပတူးသည္ လြယ္အိတ္ထဲမွ ေလးဂြ မ်ားကို ေမာင္ဘိုးထင္ ႏွင့္ ၿပိဳင္တူ ထုတ္လိုက္ၿပီး ေမာင္ဘိုးထင္မွ

“မ်က္ႏွာကို ပစ္ၾကကြာ ”

“ေအးေအး ”

ေမာင္ဘိုးထင္ တို႔ သုံးေယာက္ ေလးဂြႏွင့္ မိေက်ာ့ ႏွင့္ လွရင္ကို ပစ္ပါေလေတာ့သည္ ၊ ထိုသို႔ ပစ္လိုက္ေသာ အခါ မိေက်ာ့ ႏွင့္ လွရင္ တို႔သည္

“အမေလး ေသပါၿပီေတာ့ ဖိုးေထြးေရ က်မကို ပစ္ေနတာ ၾကည့္ရက္လားေတာ္”

“ကိုသာရ က်မေသေတာ့မယ္ ထင္ပါတယ္ ”

လွရင္ ႏွင့္ မိေက်ာ့သည္။ ေအာ္ဟစ္ငိုေကြၽး ေနေလရာ ဖိုးေထြး ႏွင့္ သာရသည္

“ေဟ့ေကာင္ေတြ ေတာ္ပါေတာ့ကြာ ”

“ေအး ေတာ္ၾကာပါ‌ေတာ့ကြာ ”

ဖိုးေထြး ႏွင့္ သာရသည္ သနားလြန္း၍ ေမာင္ဘိုးထင္တို႔ကို ေလးဂြ ျဖစ္ မပစ္ရန္ တာ‌းေနစဥ္ ေမာင္ဘိုးထင္သည္ ဖိုးေထြးတို႔ ဘက္ကို ေလးဂြႏွင့္ ခ်ိန္ၿပီး

“ခင္ဗ်ားတို႔ ေနာက္တခါ လာတားၾကည့္ ခင္ဗ်ားတို႔ကို ပါ ပစ္မယ္ ”

ထိုသို႔ ေမာင္ဘိုးထင္ သည့္ သာရႏွင့္ ဖိုးေထြးကို ေျပာၿပီး မိေက်ာ့ ႏွင့္ လွရင္ကို ေလးဂြ ႏွင့္ ပစ္လိုက္ျပန္သည္ မိေက်ာ့ ႏွင့္ လွရင္သည္ ေနာက္သို႔ မေျပး ေရွ႕သို႔ သာ ရယ္ေမာၿပီး တိုးတိုးလာရာ ဖိုးေထြး ႏွင့္ သာရ ပါ ေလးဂြႏွင့္ ဝိုင္းပစ္ေလပါေတာ့သည္ ၊မၾကာေသာ အခါတြင္ေတာ့ မိေက်ာ့ ႏွင့္ လွရင္၏ မ်က္ႏွာ တြင္ ေသြးမ်ားထြက္လာၿပီး လဲက်သြား‌ေတာ့သည္ ၊ ေျမျပင္ေပၚသို႔ လဲက်သြားေသာ လွရင္ ႏွင့္ မိေက်ာ့သည္ တျဖည္းျဖည္း ႏွင့္ သူတို႔၏ ပုံစံေပ်ာက္သြားကာ ဖြတ္ ႀကီး ႏွစ္ေကာင္ အျဖစ္ေျပာင္းလဲ သြားပါေလေတာ့သည္။

▪️အခန္း-၅

မနက္ခင္း အခ်ိန္ခါသို႔ေရာက္ရွိလာၿပီ ျဖစ္သည္၊ ေမာင္ဘိုး ထင္ ႏွင့္ သာေအးတို႔ သည္ မနက္စာမ်ားကို ခ်င္ျပဳတ္ၿပီး၍ ဖိုးေထြး သာရ ႏွင့္ ေပတူးကို ႏိုးလိုက္ၾကသည္

“ကိုဖိုးေထြတို႔ ထၾကေတာ့ မနက္စာ စားၿပီး ခရီးဆက္ၾကရေအာင္ ”

ေမာင္ဘိုးထင္ ႏိုးလိုက္မွ ဖိုးေထြးတို႔ ထလာၾကသည္ ထို‌ေနာက္ မ်က္ႏွာ သစ္လိုက္ၾကၿပီး ‌၊ ေမာင္ဘိုးထင္ ႏွင့္ သာေအး အနားထိုင္လိုက္သည္ ၊ ေမာင္ဘိုးထင္ ႏွင့္ သာေအးသည္ ထမင္းကို ခူးခပ္ကာ အသင့္စားႏိုင္ရန္ ျပဳလုပ္ေပးထား၍ အံဩ ေနၾကသည္ ၊ ဟင္းမ်ားက လည္းအိုးအျပည့္ ျဖစ္ကာ အေငြ႕တေထာင္းေထာင္းထေန၏ ၊ ေမာင္ဘိုးထင္ သည္ ဖိုး‌ေ‌ထြး ႏွင့္ သာရ ၏ ပန္းကန္ထဲ သို႔ ဟင္းကို အရင္ထည့္ေပးလိုက္ကာ

“စားဗ်ာ ကိုဖိုးေထြး နဲ႔ ကိုသာရ ခင္ဗ်ားတို႔ႏွစ္ေယာက္က အႀကီးဆုံး မို႔ အရင္ထည့္ေပးတာ ”

“မင္း ေတာ္ေတာ္ သိတက္တဲ့ေကာင္ ”

ဖိုးေထြးသည္ ထိုသို႔ေျပာၿပီး အားရ ပါးရ ထမင္းစား ေနပါသည္ ။ေမာင္ဘိုးထင္ ႏွင့္ သာေအးသည္ အားရပါးရစားေနေသာ ဖိုးေထြးတို႔ သုံးေယာက္အား မသိမသာ အကဲ ခက္ ၾကည့္ေနသည္ ၊ ‌သာရသည္ ဟင္းတဖက္ကို ေသခ်ာၾကည့္ၿပီး ပါးစပ္ ထဲ ထည့္လိုက္ကာ

“ေဟ့ေကာင္ ေကာင္းလိုက္တာကြာ ဘာသားလဲ မင္းတို႔ ဘယ္အခ်ိန္က ရလိုက္တာလဲဟ ေတာ္ေတာ္ ေတာ္တဲ့ ေကာင္ေတြ ”

“ေအး ဟုတ္တယ္ ေတာ္ေတာ္ စားလို႔ေကာင္းတာ ဘာသား လဲ ဟ ေျပာစမ္းပါဦး မင္းတို႔ ဘယ္တုန္းက မ်ား ေတာထဲ ဟင္းစားရွာလိုက္တာလဲ ”

“ညက ရွာလိုက္တာ ပါဗ်ာ ”

“မင္းတို႔ မအိပ္ဘူးလား ”

“အိပ္တယ္ေလ ခင္ဗ်ားတို႔ နဲ႔ တူတူအိပ္တာ ”

“ညက ရွာတယ္ဆိုေတာ့ ”

ဖိုးေထြး ႏွင့္ သာရသည္ ညက သူတို႔ ပစ္လိုက္ေသာ မိေက်ာ့ ႏွင့္ လွရင္ ပုံစံမွ ေျပာင္းၿပီး ေသေနေသာ ဖြတ္ေသ ႏွစ္ေကာင္ ေနရာ သို႔ၾကည့္လိုက္သည္ ၊ ထို ဖြတ္ ႏွစ္ေကာင္ မွာ ရွိမေနေတာ့ေသာ ေၾကာင့္ မ်က္လံုးျပဴးၿပီး ေမာင္ဘိုးထင္ ႏွင့္ သာရ ကိုၾကည့္ကာ

“ညက ဖြတ္ေက်ာ့ေမ နဲ႔ ဖြတ္ လွရင္တို႔ေကာ ”

“ခင္ဗ်ားတို႔ စားေနတာပဲေလဗ်ာ ”

“ဘာ ေျပာတယ္ ”

“ဟုတ္တယ္ ေလ မနက္က အေစာ ထၿပီး ဖြတ္ေတြကို ဖ်က္ၿပီး ခ်က္ထားတာ ေကာင္းတယ္ မဟုတ္လား ”

“မင္း မင္းတို႔ ”

“က်ဳပ္ တို႔ကို စိတ္ဆိုးတာလား ”

“မဟုတ္ပါဘူး ဘိုးထင္ ရာ ဒီေလာက္ေကာင္းတဲ့ အသား အခုမွ စားဖူးတာ နာတယ္ လို႔ ေျပာမလို႔ပါကြာ ”

လူရႈပ္ေလးမ်ားသည္ အေၾကာက္အလန႔္ မရွိ လုပ္ခ်င္တာမ်ားကို သာ လုပ္ၿပီး ၿပဳံး ေပ်ာ္ေနတက္သည္မို႔ ဒီလမ္း ဒီခရီးၾကမ္းကို ဦးအုန္း လႊတ္လိုက္ခ်င္းျဖစ္သည္ ၊ ဤသို႔ႏွင့္ ေမာင္ဘိုးထင္တို႔ ထမင္းစားၿပီး၍ ေပပင္႐ြာသို႔ ျပန္သည့္ ခရီးကို ဆက္လိုက္ၾကပါေလေတာ့သည္ ။

▪️အခန္း-၆

ေမာင္ဘိုးထင္တို႔ ခရီးဆက္လာသည္မွာ ေနမြန္းပင္ တည္ေတာ့မည္ျဖစ္သည္ ၊ ဖိုးေထြးသည္ ေနလံုးႀကီးကို ေမာ့ၾကည့္လိုက္ၿပီး

“ေဟ့ေကာင္ေတြ နားၾကရေအာင္ ထမင္းစားရေအာင္လို႔”

“နားၾကတာေပါ့ ဟို အရိပ္နားၾကမွ နားၾကရေအာင္ဗ်ာ ”

“ေအးေအး သြားၾက သြားၾက”

ေမာင္ဘိုးထင္တို႔ သည္ သစ္ေတာအုပ္ေလးထဲ ဝင္ လိုက္ၿပီး သစ္ပင္ အရိပ္မွာ ပစၥည္း ပစၥယ မ်ားကို ခ်ၿပီးး နားလိုက္ၾကသည္ ၊ ေရဘူး ထဲ မွ ေရမ်ားကို တေယာက္ တလွည့္ ေမာ့‌ေနၾကစဥ္

“ေဟ့ေကာင္ေတြ မင္းတို႔က က်ားဆိုး႐ြာက လာတဲ့ ေကာင္‌ေလးေတြလား ”

အသက္ ၆၀ အ႐ြယ္ ေယာဂီ ပုဆိုး ေယာဂီ အက်ႌ ႏွင့္ လူေျခာက္ေယာက္သည္ သူတို႔အနား ေရာက္လာၿပီး ေမးေလသည္ ၊ ထိုေမးေသာ သူကို ေမာင္ဘိုးထင္ ေသခ်ာ ၾကည့္လိုက္သည္ ၊ ႐ုပ္ရည္ ၾကမ္းတန္းခက္ထန္လွၿပီး ဝတ္ထားေသာ ေယာဂီ ေရာင္ အက်ႌ ပုဆိုး ႏွင့္ သူတို႔၏ ပုံစံက ဘယ္လို မွ မလိုက္ဖတ္ပါ ေယာဂီဝတ္စုံမ်ား ဝတ္ထားေသာ လူမ်ားထဲမွာ ေခါင္းေဆာင္ ျဖစ္ဟန္တူေသာ လူႀကီးသည္ ေမာင္ဘိုးထင္တို႔ကို ၾကည့္ကာ

“ေကာင္ေလးေတြ ငါတို႔က အထက္လမ္းဆရာေတြ မင္းတို႔ က်ားဆိုး႐ြာက ယူလာတဲ့ ေတာင္ေဝွး ငါကို ေပးစမ္း ”

“ဘာေတာင္ေဝွးကို ေျပာတာ လဲ ဆရာႀကီး ”

ေမာင္ဘိုးထင္သည္ ထိုလူၾက‌‌ီးအား ႐ို႐ိုေသးေသ ေမး‌ေလေရာ ထိုလူႀကီးသည္ ေမာင္ဘိုးထင္ကို ၾကည့္၍

“ငါနာမည္က ထြန္းၿမိဳင္ လို႔ေခၚတယ္။ ဒီနယ္က ဆရာေပါ့ကြာ ”

“ဟုတ္ကဲ့ ဆရာႀကီး ”

“မင္းတို႔ ပုံစံၾကည့္ရတာ လူႀကီးသူမကို ႐ိုေသမဲ့ ပုံေတြပါ ”

ဦးထြန္းၿမိဳင္မွ ထိုသို႔ေျပာလိုက္ေသာအခါ ေမာင္ဘိုးထင္ ေဘးတြင္ ရွိေသာ ‌သာေအးသည္ လက္အုပ္ေလးခ်ီကာ

“ေအာ္ က်ဳပ္တို႔က သာမာန္ အသက္ႀကီး တဲ့ သူေတြေတာင္ ႐ိုေသေလးစားတာ ဆရာႀကီးတို႔လို လူမ်ိဳးေတြကို ပိုလို႔ ေလးစားတာေပါ့ ခင္ဗ်ာ ”

ဦးထြန္းၿမိဳင္သည္ သာေအး၏ စကားေၾကာင့္ ၿပဳံးၿပဳံး ႏွင့္ ေခါင္းညိတ္ေနေလသည္ ၊ ထို‌ေနာက္ သူ၏ လက္ေအာက္ငယ္သားမ်ားဘက္လွည့္ကာ

“မင္းတို႔ေတြ ၾကည့္ထား ငါ့ရဲ႕ ဥပဓိ႐ုပ္ ငါ့ရဲ႕ ေက်ာ္ေဇာ္မႈက လူႀကီးေတြ မေျပာနဲ႔ ကေလးေတြ ဆီေတာင္ ေရာက္ေနပါေပါ့လား မင္းတို႔ လည္း ႀကိဳးစားၾက ၾကားလား”

“ဟုတ္ကဲ့ပါ ဆရာႀကီး”

ဦးထြန္း ၿမိဳင္၏ လက္ေအာက္ငယ္သားမ်ားသ ည္ အသံခပ္က်ယ္က်ယ္ ႏွင့္ ၿပိဳင္တူ ေျပာလိုက္ခ်င္းျဖစ္သည္ ၊ ဖိုးေထြး ႏွင့္ သာရသည္ ဦးထြန္းၿမိဳင္အား ေရေလးကမ္းလိုက္ျပ‌‌ီး ထမင္းစားမလားေျပာကာ ထမင္းခူးေပးမည့္ဟန္ျပင္ေနၾကကာ ေလးေလးစားစား ဆက္ဆံေနၾကသည္ ၊ ထိုအခါ ဦးထြန္းၿမိဳင္သည္ ေမာင္ဘိုးထင္တို႔ဘက္လွည့္ကာ

“မင္းတို႔က ေျပာရ ခက္မဲ့ ကေလးေတြ မဟုတ္ပါဘူး က်ားဆိုး႐ြာက မိုးႀကိဳးစက္ ေတာင္ေဝွး ငါ့ကို ေပးပါလား”

“ေပးရမွာ ေပါ့ ဆရာႀကီးရယ္ သုံးေခ်ာင္းပါလာတယ္ တေခ်ာင္းေတာ့ ယူပါ ဗ်ာ ႐ြာျပန္ေရာက္လို႔ တ‌ေခ်ာင္းမွာ ျပန္မပါ ရင္ က်ဳပ္တို႔ကို လာယူခိုင္းတဲ့ ေအာက္လမ္းဆရာႀကီးက သတ္မွာဗ်ာ ”

“ေဟ့ အဲ့လိုလား ”

“ဟုတ္ပါတယ္ ဆရာႀကီးရာ က်ဳပ္တို႔လို ကေလးေတြက ဒီေလာက္ ခရီးၾကမ္းကို ဘယ္လိုလုပ္သြားခ်င္မွာလဲ ေလာက္စလုံး လွိမ့္ ငွက္ျပစ္ ဒါေတြပဲ လုပ္ခ်င္တာေပါ့ ဗ်ာ အခုေတာ့ ေတာႀကီး မ်က္မဲ ထဲ အႏိုင္က်င့္ၿပီး က်ဳပ္တို႔ကို လာယူခိုင္းတာ က်ားဆြဲဆြဲ က်ီးထိုးထိုး က်ဳပ္တို႔ ကေလးေတြကို လႊတ္ ရက္တယ္ ဗ်ာ ”

“ငါ ထင္ေတာ့ ထင္ပါတယ္ ကြာ လုပ္စမ္း ပါဦး မင္းတို႔ ေတာင္းေဝွးေလး ျပပါဦး”

ေမာင္ဘိုးထင္သည္ ဦးထြန္းၿမိဳင္ စကားဆုံးသည္ႏွင့္ သူတို႔ အတုျပဳ ျပဳလုပ္ထားေသာ ဝါးေတာင္ေဝွးသုံးေခ်ာင္းအား ပတ္ထားေသာ ပုဆိုးကို ျဖည္၍ ျပလိုက္သည္ေလသည္ ၊

ဦးထြန္းၿမိဳင္သည္ ေတာင္ေဝွးသုံးေခ်ာင္းကိုျမင္ေသာ အခါ ေမာင္ဘိုးထင္ကို ၾကည့္လိုက္ၿပီး

“မင္းတို႔ဟာက သုံးေခ်ာင္းေတာင္လားဟ ”

“ဟုတ္တယ္ေလ ဆရာႀကီးကို သုံးေခ်ာင္းလို႔‌ေျပာပါတယ္ ခင္ဗ်၊ က်ဳပ္အထင္ ဒီေတာင္ေဝွးကို အစီရင္လုပ္ေပးတဲ့ ပုဂၢိဳလ္က ဝိဇၨာဆိုလား ဘာဆိုလားဗ်ာ အဲ့ဒီ‌ေတာ့ အစီရင္လုပ္တုန္း တခါးတည္းၿပီးေအာင္ ပိုပိုလိုလို သုံးေခ်ာင္း လုပ္ေပးလိုက္တယ္ ေျပာတာပဲ”

“ဟုတ္တယ္ဆရာႀကီး က်ဳပ္တို႔ကို ေျပာေသးတယ္ အဲ့ပုဂၢိဳလ္က ခုႏွစ္ရက္သား သမီးေတြ အတြက္ ခုႏွစ္ေခ်ာင္းေတာင္ လုပ္ခ်င္တာတဲ့ အခုလို ရွားပါတယ္ မိုးႀကိဳးပစ္ခံရၿပီး မီးမကြၽမ္း တဲ့ ဝါးက ဒီသုံးေခ်ာင္းစာပဲ ရွိလို႔တဲ့ဗ်”

ေမာင္ဘိုးထင္ ႏွင့္ အတူ သာရမွ ဝင္ေရာက္ေျပာေပးလိုက္ရာ ဦးထြန္းၿမိဳင္သည္ ေခါင္းတဆက္ဆက္ ညိတ္ၿပီး

“အင္း ရွားေပမွာေပါ့ အခုလို မိုးႀကိဳးခ ၿပီး မီးမကြၽမ္း တဲ့ ဝါးဆိုတာ အေတာ္ရွား‌မွာေပါ့ ့ ”

“ဟုတ္တယ္ ဆရာႀကီး က်ဳပ္တို႔ကို ကေဝပ်ံခင္ေမ ဆိုလား မွာလိုက္တာရွိတယ္ ”

ေမာင္ဘိုးထင္သည္ ထိုသို႔ေျပာလိုက္ရာ ဦးထြန္းၿမိဳင္မွ ေမာင္ဘိုးထင္ အနားတိုးလာ၏ ၊ထို႔ေနာက္ ေမာင္ဘိုးထင္သည္ အသံတိုးတိုး ႏွင့္

ဆရာႀကီး ဒီသိဒၶိဝင္ မိုးႀကိဳးစက္ ေတာင္ေဝွးက သီလရွိသူေတြ သုံးမွ အစြမ္းထက္တာတဲ့ အဲ့တာ ဆရာႀကီး စမ္းၾကည့္ ခ်င္ရင္ စမ္းလို႔ရတယ္ ဆရာႀကီး တပည္ေတြ အထင္ႀကီးသြားေအာင္”,

“ေနေန မစမ္းေတာ့ဘူး ငါဒီတိုင္း ပဲ ယူသြားမယ္ ”

“စမ္းၾကည့္ပါ ဆရာႀကီးရာ က်ဳပ္တို႔လည္း ဒီေတာင္ေဝွး အစြမ္းေတြၾကည့္ခ်င္လို႔”

“တိတ္တိတ္ေနစမ္းကြာ မစမ္းေတာ့ပါဘူးဆို ငါ သုံးေခ်ာင္းလုံး ယူရမွာလား ”

ဦးထြန္းၿမိဳင္မွ ထိုသို႔ေျပာေသာအခါ ေမာင္ဘိုးထင္သည္ မ်က္ႏွာေလးငယ္ သြားၿပီး

“ဆရာႀကီး သုံးေခ်ာင္းလုံး ယူမယ္ ဆိုရင္ေတာ့ က်ဳပ္တို႔ ကို တခါတည္း သတ္ၿပီး မွ ယူသြားလိုက္ပါဗ်ာ”

“ဟုတ္ပါတယ္ က်ဳပ္တို႔ကို သတ္သြားလိုက္ပါ ေအာက္လမ္းဆရာႀကီး လက္နဲ႔ သတ္လို႔ အေသခံရတာ ထက္ ဆရာႀကီးရဲ႕ ျမင့္ျမတ္တဲ့ လက္ နဲ႔ အေသခံပါမယ္ ”

ေပတူးမွ ဝင္ေရာက္ေျပာဆိုၿပီး ဒူးမ်ားေထာက္ကာ လည္မ်ားစင္းေပးထားၾကသည္ ၊ ဦးထြန္းၿမိဳင္သည္ ေပတူး၏စကားကို ပီတိျဖစ္ကာ သူ၏ ေရွ႕တြင္ ဒူးေထာက္ ေနသည့္ ေမာင္ဘိုးထင္ကို ပုခုံးမွ ကိုင္ၿပီး ထေစလိုက္ကာ

“တေခ်ာင္းပဲ ယူပါမယ္ ကြာ အလကားလည္း မယူခ်င္ပါဘူး ငါဘယ္ေလာက္ေပးရမလဲ ”

“ဆရာႀကီးရဲ႕ အဆင့္အတန္းနဲ႔ဆို ငါးဆယ္ေလာက္ဆို မမ်ားဘူးမဟုတ္လား ”

ဦးထြန္းၿမိဳင္သည္ မ်က္ႏွာမသိမသာ ပ်က္သြားေပမဲ့ ၿပဳံးရယ္ကာ

“မ မမ်ားပါဘူးကြာ ငါ မိုးႀကိဳးစက္ ေတာင္ေဝွးကို ေသခ်ာၾကည့္ပါရေစဦး ”

ဦးထြန္းၿမိဳင္သည္ ေမာင္ဘိုးထင္တို႔ မီးျမႇိဳက္ထာၿပီး သာရမွ နယား႐ုပ္ကို ဓားႏွင့္ ျခစ္ထားသည့္ ေတာင္ေဝွးကို ၾကည့္ကာ ေခါင္းတဆက္ဆက္ ညိတ္လိုက္ၿပီး သူ၏ တပည္မ်ားအား ေတာင္ေဝွးကို ျပကာ

“မင္းတို႔ ၾကည့္ထားၾက ဒီေတာင္ေဝွးဟာ ဝိဇၨာပုဂၢိဳလ္ တဦး စီရင္ထားတဲ့ ေရွးေဟာင္းေတာင္ေဝွးပဲ မိုးႀကိဳးပစ္တာကို ျပာမက်ပဲ အခုလို မဲပဲ မဲသြားတဲ့ ဝါးကို ေရွးေဟာင္း နယားပုံကို ေသသပ္စြာ ဆြဲထားတဲ့ တကယ့္ သိဒၶိ ဝင္ ေတာင္ေဝွးပဲ ၾကည့္ထားၾက ေနာက္ဆို ငါ ဒီေတာင္ေဝွးကို ေသခ်ာ ထိန္းသိမ္းထားမွာ အခု ဝ ေအာင္ၾကည့္ထား ”

ဦးထြန္းၿမိဳင္၏ တပည္မ်ားသည္ ဆရာသမားကို အေတာ္ဖားပုံ ေပၚသည္

“လွ လိုက္တဲ့ နယားႀကီး အစြဲႀကီးကို ျပဴးေနတာပဲ”

“ဟုတ္ပကြာ ေရွးေခတ္ အႏုပညာကို ထင္ဟပ္ေနတယ္ကြာ အေတာ္ကို လက္ရာေကာင္းတာေဟ့ ”

ဦးထြန္းၿမိဳင္၏ တပည္မ်ားသည္ ေတာင္းေဝွးမွ သာရ၏ နယားႀကီးကို အမႊန္းတင္ေနရာ သာရ အံကို ႀကိတ္ၿပီး မရယ္မိ‌ေအာင္ အေတာ္ပင္ ထိန္းေနရသလို က်န္သူမ်ားလည္း မရယ္မိေအာင္ သတိထားေနရသည္ ၊ ထိုအရာကို သေဘာေပါက္ေသာ ေမာင္ဘိုးထင္သည္ အခ်ိန္ဆြဲ ၍ မျဖစ္မွန္းသိေသာ အခါ

“ဆရာႀကီး က်ဳပ္တို႔ ခရီးဆက္ရေတာ့မယ္ ”

“ေအးေအး သြားေလ ”

“ဟို ဆရာႀကီး ေငြေလး ေပးမယ္ဆို ”

“ေအာ္ ေအးေမ့ေနလို႔ပါကြာ ေရာ့ ေရာ့ ႏွစ္ဆယ္ ”

“ဆရာ ႀကီးေျပာေတာ့ ငါးဆယ္”

“ေအးသိပါတယ္ကြ ငါ့မွာ ႏွစ္ဆယ္ပဲ ပါလို႔ပါ ငါ့ ေငြထိန္းပါပါတယ္ ကြ”

ဦးထြန္းၿမိဳင္သည္ သူ၏ တပည္မ်ားထဲမွ ႏုတ္ခမ္းေမႊးစစ ႏွင့္ လူကို ၾကည့္လိုက္ၿပီး

“ေမာင္ထူး မင္းမွာ ေငြ သုံးဆယ္ ပါတယ္ မဟုတ္လားေပးစမ္း ”

“ပါ‌ေတာ့ ပါ ပါတယ္ ဒါေပမဲ့ ငွက္ေပ်ာ္ပြဲ အုန္းပြဲ အေႂကြးေတြ ေပး”

“မင္းက လွ်ာကို ရွည္တယ္ ေပးဆိုေပးစမ္း က်န္တာ ေနာက္မွ ရွင္းမယ္ ”

ဦးထြန္းၿမိဳင္သည္ သူ၏ တပည္ စကားမဆုံးခင္ ေငါက္ငမ္းလိုက္ၿပီး ေငြ သုံးဆယ္ကို ယူကာ ေမာင္ဘိုးထင္ကို ေပးလိုက္ပါေလေတာ့သည္။

▪️အခန္း-၇

ေမာင္ဘိုးထင္တို႔သည္ ဦးထြန္းၿမိဳင္ဆီမွ ေငြငါးဆယ္ကို ယူကာ ခရီးဆက္လာရ မဟူရာ ႐ြာအဝင္သို႔ ေရာက္လာၾကသည္ ၊ အလာတုန္းက ခံခဲ့ရေသာ ဖိုးေထြး ႏွင့္ သာရသည္ ေမာင္ဘိုးထင္ အနားကပ္လိုက္ၿပီး

“ဘိုးထင္ ဟုတ္ေကာ ဟုတ္ပါ့မလားကြာ ငါတို႔ဘဝေတာ့ မပ်က္ေလာက္ပါဘူေနာ္ ”

“ခင္ဗ်ားတို႔ကလည္း လာစမ္းပါ ဒီ႐ြာက ျဖတ္ၿပီးမွ ျပန္လို႔ရမွာကို လာခဲ့ ”

ေမာင္ဘိုးထင္ႏွင့္ ေပတူးသည္ ေတာင္းမ်ားကို ခ်ိဳထမ္းၿပီး ေရွ႕က သြားေနသည္ သူတို႔‌ေနာက္တြင္ေတာ့ သာေအး ကပ္လိုက္လာသည္ ဖိုးေထြး ႏွင့္ သာရသည္က ဟိုၾကည့္ဒီၾကည့္ ႏွင့္ ႐ြာအေနာက္ ဘက္မွေန ႐ြာအေရွ႕ဘက္ကို ျဖတ္ေနစဥ္ သူတို႔ ၏ မလွမ္း မကမ္းမွ မိန္းမႀကီးႏွစ္ေယာက္ ထြက္လာၿပီး

“အကို ျပန္လာၿပီ ေမပ်ိဳေရ အကိုတို႔ျပန္လာၿပီ ”

အသက္ႀကီးရင့္ေနေသာ မိန္းမၾက‌ီး ႏွစ္ဦးသည္ ေမာင္ဘိုးထင္တို႔ အေနာက္မွ ဖိုးေထြး ႏွင့္ သာရ၏ လက္ကို တြဲကာ စကားမ်ား တတြက္ ေျပာေနေလသည္ ထိုအခါ ဖိုးေထြးသည္ ငိုမဲ့မဲ့ ႏွင့္ ေမာင္ဘိုးထင္ကို စကားဆိုလာသည္

“ဘိုးထင္ ကယ္ပါ ဦးကြာ မင္းမကယ္ ရင္ ငါတို႔ ဘဝ ပ်က္ေတာ့မယ္ ”

ဖိုးေထြးမွ ထိုသို႔ေျပာေသာအခါ သာေအးမွ ေမာင္ဘိုးထင္ကို ၾကည့္ကာ

“ေဟ့ေကာင္ ထားလိုက္ ဒီလူေတြ မိန္းမ လိုခ်င္ေနတာ ဖြတ္ေတြကို ေတာင္မွ မိေက်ာ့ လာလုပ္ေနေသးတာ ဒီ မိန္းမႀကီးေတြကို လည္းမိေက်ာ့ လို႔ၾကာရင္ ျမင္ရင္ျမင္ေနမွာ ”

“ေဟ့ေကာင္သာေအး မင္း မင္းဘာေတြ ေလွ်ာက္ေျပာေနတာလဲ ”

“ေအးေလ ဘာေတြ ေျပာေနတာလဲ မင္းတို႔ ေနာ္”

ေမာင္ဘိုးထင္သည္ ဖိုးေထြး ႏွင့္ သာရအား ပလူးပလဲ လုပ္ေနေသာ မိန္းမႀကီးႏွစ္‌ေယာက္ကို ၾကည့္ကာ

“ခင္ဗ်ားတို႔ လႊတ္ေပးလိုက္ပါ ခင္ဗ်ားတို႔ အသက္နဲ႔ဆို ဒီလူေတြက ေျမးအ႐ြယ္ေလာက္ပဲ ရွိမယ္ မရွက္ဘူးလား ”

“မရွက္ပါဘူး အခ်စ္မွာ အရွက္မရွိဘူး ”

ေမာင္ဘိုးထင္သည္ ထိုမိန္းမႀကီး ၏ စကားေၾကာင့္ ဘာေျပာရမွန္း မသိျဖစ္ေနစဥ္ ပ်ိဳေမ ဟုအမည္ရေသာ မိန္းမႀကီးသည္

“ေကာင္ေလး နင္တို႔ မိုးႀကိဳးစက္ ေတာင္ေဝွးပါလာတယ္ မဟုတ္လား အဲ့တာ ေပးရင္ ငါတို ရဲ႕ ခ်စ္သူေတြကို လႊတ္ေပးမယ္ ”

“ဘိုးထင္ ေပးလိုက္‌ေတာ့ ဘာေတြငိုင္ေနတာလဲ ”

“ဘိုးထင္ ေပးလိုက္ေလ ”

“ေနစမး္ပါ ဦးဗ်ာ က်ဳပ္ေတြးေနတယ္ ”

ထို‌ေနာက္ ေမာင္ဘိုးထင္သည္ မိန္းမႀကီး ႏွစ္ဦးကို ၾကည့္ကာ

“မေပးႏိုင္ဘူးဗ်ာ က်ဳပ္တို႔ သြားၿပီ ခင္ဗ်ားတို႔ တိုင္း လုပ္ခ်င္တာသာ လုပ္‌ေတာ့ ”

“ေအးအဲ့တာ ေကာင္းတယ္ ႏွာဘူးတဲ့ လူေတြ ထားခဲ့ ”

“ဟုတ္တယ္ ”

ဖိုးေထြး ႏွင့္ သာရသည္ သူတို႔အားထားခဲ့ၿပီးထြက္သြားေသာ ေမာင္ဘိုးထင္တို႔ကို ၾကည့္ကာ ေအာ္ဟစ္ၿပီး မထားခဲ့ဖို႔ အကူညီေတာင္းရင္း ေမပ်ိဳ ‌ပ်ိဳေမ မိန္းမႀကီး ညီအမ ႏွစ္ေယာက္၏ လက္ထဲတြင္ က်န္‌ေနခဲ့ပါေလေတာ့သည္ ။

▪️အခန္း-၈

ေမာင္ဘိုးထင္တို႔ သုံးေယာက္ မဟူရာ ႐ြာႏွင့္ မလွမ္းမကမ္း ရွိ သစ္ပင္ရိပ္တြင္ ထိုင္ၿပီး ဖိုးေထြးႏွင့္ သာရအား ေစာင့္ေနေလသည္ ၊ သာေအးသည္ ေမာင္ဘိုးထင္ကို ၾကည့္ကာ

“‌ဘိုးထင္ ကိုဖိုးေထြးတို႔ ျပန္ထြက္ႏိုင္ပါ့မလား ”

“အသြားတုန္းကေတာင္ ထြက္လာႏိုင္တာ အျပန္လည္းထြက္ ႏိုင္ရမွာေပါ့ ကြ”

“မင္းက ဟိုေတာင္ေဝွး အတုႀကီးကို ဘာလို႔ မေပးလိုက္တာလဲ ”

“ေနာက္ထပ္ ဘယ္သူေတြဘယ္လို ေႏွာက္ယွက္မယ္ မွန္း မသိဘူး အကုန္ေပးျပစ္လို႔မျဖစ္ဘူးကြ”

“ေအးပါကြာ တို႔ ကို‌ဖိုးေထြး တို႔ကို လာတုန္းက အတိုင္း‌ေစာာင့္ၾကတာေပါ့”

ေမာင္ဘိုးထင္တို႔ သုံးေယာက္ တနာရီမွ်ေစာင့္လိုက္ၿပီးခ်ိန္ မဟူရာ႐ြာလမ္း ဆီမွ ဖိုးေထြး ႏွင့္ သာရသည္ ပုဆိုး မႏိုင္ ပဝါ မႏိုင္ႏွင့္ ေျပးလာၿပီး ေမာင္ဘိုးထင္တို႔ ေစာင့္‌ေနသည္ကုိ ျမင္ေသာ အခါ

“ငါ ထင္ေတာ့ ထင္တယ္ မင္းတို႔ေကာင္ ေတြ အလာတုန္းက အတိုင္းလုပ္မယ္ ဆိုတာသိလို႔ေျပးလာတာ ေျပးၾက ေနာက္က ဟာႀကီးေတြက အခု ပိုၾကမ္းလာၿပီဟ ”

ဖိုးေထြးႏွင့္ သာရ၏ အလ်င္လိုမႈႏွင့္အတူ ေမာင္ဘိုးထင္တို႔သည္ မဟူရာ ႐ြာႏွင့္ ေဝးသည္ထက္ေဝးေအာင္ သုတ္ေျခ တင္းလိုက္ၾကပါေလေတာ့သည္ ။

▪️အခန္း-၉

ေမာင္ဘိုးထင္တို႔ ေပပင္႐ြာအား ညေနပိုင္းေလာက္ ျပန္ေရာက္မည္ဟု ေမွ်ာ္မွန္းထားၾကသည္၊ ထိုေၾကာင့္ ေျပးလာရသည္ မွာ ေမာပန္း‌ေနသည္မို႔။ သစ္ရိပ္ေကာင္းေသာ အပင္ႀကီး ေရွ႕ နားေနၾကစဥ္ အနက္ေရာင္ အက်ႌ အနက္ေရာင္ ထမိန္ကို ဝတ္ထားေသာ မိန္းမတ‌‌ေယာက္ သူတို႔အနားတြင္ ႐ုတ္ခ်ည္ ေပၚလာေလသည္ ၊ ထိုအခါ ေမာင္ဘိုးထင္တို႔သည္ ထိုမိန္းမကို ၾကည့္ကာ

“ဘာ လို႔ ႐ုတ္တရက္ ေပၚလာတာလဲ အသံေလးဘာေလး ေပးေပါ့ဗ်ာ လန႔္လိုက္တာ ”

“ဟ‌ဲ့ ငါ့ပညာ နဲ႔ ငါလာတာ နင္တို႔ကို ခြင့္‌ေတာင္းေနရဦးမွာလား ”

“ပညာက ပညာပဲ လူမႈေရးေတာ့ သိေပါ့ဗ်ာ ငယ္ေတာ့တဲ့ အ႐ြယ္ မဟုတ္ဘူး”

“ဟဲ့ေကာင္ေလးေတြ နင္တို႔က ငါ့ကို အျပစ္တင္ေနၾကတာလား ေသခ်င္ၿပီထင္တယ္ ”

“မေသ ခ်င္ပါဘူး ခင္ဗ်ားက ဘာကိစၥ ရွိလို႔လဲ “,

“ငါ ေတာင္ေဝွးလာယူတာ ေပးစမ္း ‌ေတာင္ေဝွး ”

“ေရာ့ ငါးဆယ္ေပး ”

သာေအးသည္ သူ၏ လက္ထဲမွ ေတာင္ေဝွးတုကို ေပးၿပီး ေျပာလိုက္ရာ ထို မိန္းမသည္ ေတာင္ေဝွးကို ၾကည့္ၿပီး ဟားတိုက္ရယ္ေမာကာ ေတာင္ေဝွးအား ခ်ိဳးျပစ္လိုက္ၿပီး

“ဘယ္က ဝါးတုတ္ေတြ ေပးေနတာလဲ ငါက က်ားဆိုး႐ြာမွာ ေနဖူးတယ္ မိုးႀကိဳးစက္‌ေတာင္ေဝွးက အစိမ္းဟဲ့ ”

“ဟာ ခင္ဗ်ားက သိေနတာလား ”

“သိတာေပါ့ ငါ့နာမည္ ကေဝပ်ံ မိထားတဲ့ ဟဲ့ ”

ေမာင္ဘိုးထင္အား က်န္ေသာသူမ်ားသည္ မ်က္စ ျပစ္ၿပီး ၾကည့္ေနေလသည္ ၊ ထိုအခါ ေမာင္ဘိုးထင္သည္

“ကေဝပ်ံဆိုရင္ လည္း ေတာင္ေဝွးအစစ္ ေပးပါမယ္ဗ်ာ ခင္ဗ်ားတို႔ ကေဝ အခ်င္းခ်င္း ရွင္းၾက က်ဳပ္တို႔က ၾကားထဲက အနာ မခံႏိုင္ဘူး”

“ငါက ဘယ္သူနဲ႔ ရွင္းရမွာလဲဟဲ့ ေကာင္ေလး ”

“က်ားဆိုး႐ြာ က ကေဝပ်ံခင္ေမ နဲ႔ ရွင္း က်ဳပ္က ေတာ့ ခင္ဗ်ားေတာင္းလို႔ ေပးလိုက္တယ္လို႔‌ေျပာလိုက္မယ္ ”

“အဲ့ေကာင္မ ခင္ေမအေၾကာင္း ထည့္မေျပာစမ္း နဲ႔ ေကာင္ေလး ”

“ဘာျဖစ္လို႔ လဲ ေၾကာက္လို႔လား ”

“ဟဲ့ ေၾကာက္စရာလား အဲ့လို ေကာင္မကို မေၾကာက္ဘူး”

“အဲ့ဒါဆို သူနဲ႔ ပညာၿပိဳင္ဘူးလို႔လား ”

“ၿပိဳင္ဘူးတာေပါ့ ”

“ႏိုင္လို႔လား ”

ေမာင္ဘိုးထင္သည္ က‌ေဝပ်ံ မိထားအား ကက္ကက္လန္ျပန္ေျပာေနေလသည္ ကေဝပ်ံမိထားသည္ က်ားဆိုး႐ြာသူႀကီး ကေဝပ်ံ ခင္ေမ အေၾကာင္း ၾကားလိုက္သည္ ႏွင့္ ေဒါသ ထြက္ေနေလရာ ေမာင္ဘိုးထင္ စကားေျပာရင္ အႀကံ ထုတ္ေနခ်င္းျဖစ္သည္

“ဟဲ့ေကာင္ေလး ငယ္သေလာက္ လွ်ာရွည္တယ္ “,

“လွ်ာရွည္ တာ မဟုတ္ ပါဘူးဗ်ာ ခင္ဗ်ားတို႔လို ပညာရွင္ေတြ လုပ္ရင္လည္း က်ဳပ္တို႔က ခံရမဲ့သူေတြပါ က်ဳပ္‌ေတာင္‌ေဝွးေပးပါမယ္ မေပးခင္ေလး က်ားဆိုး႐ြာသူႀကီး ခင္ဗ်ားကို ႏိုင္လား မႏိုင္လားဆိုတာေလးသိခ်င္မိတယ္”

“နင္က ဘာဆိုင္လို႔လဲ ”

“မဆိုင္ပါဘူး ဒါေပမဲ့ က်ဳပ္တို႔ နဲ႔ေတြ႕ခဲ့တဲ့ ပညာရွင္ရဲ႕ အေၾကာင္းေလးသိခ်င္လို႔ပါ”

“ေအး ငါရႈံးခဲ့တယ္ ငါရဲ႕ ေပ်ာ့ကြက္ ျဖစ္တဲ့ ဆံပင္ကို မကာ ကြယ္ ”

ကေဝပ်ံမ စကား မဆုံးခင္ ေမာင္ဘိုးထင္သည္

“ေဟ့ေကာင္ေတြ ဆံပင္ တဲ့ဟ ”

ေမာင္ဘိုးထင္ စကားဆုံးသည္ ႏွင့္ က်န္ေသာ သူမ်ားသည္ ကေဝပ်ံမိထားအနား တိုးကပ္ကာ ကေဝပ်ံ၏ ဆံပင္အား ဝိုင္းဆြဲေနေတာ့သည္ ၊

“ဟံ့ေကာင္ေလးေတြ ဘာလုပ္တာ လဲ ဟဲ့ ငါ့ဆံပင္ မဆြဲၾကနဲ႔ေလ အမေလးေသေတာ့မွာပဲ ”

ကေဝပ်ံမ၏ ဆံပင္ကို ေၾကာက္အားလန႔္အားႏွင့္ ဝိုင္းဆြဲေနေသာ ေမာင္ဘိုးထင္တို႔အား ကေဝပ်ံမမွ ေတာင္းပန္ရရွာေလသည္

“ငါ နင္တို႔ကို မေႏွာက္ယွက္ေတာ့ပါဘူး နင္တို႔ကို ငါ့ပညာနဲ႔ မျပဴစားခင္ ငါ့ ေခါင္းေျပာင္ေတာ့မယ္ ကေဝပ်ံရဲ႕ အသက္က ဆံပင္ ဖားလ်ားေလးပါဟယ္ မလုပ္ၾကပါနဲ႔ ”

“အဲ့တာဆို က်ဳပ္တို႔ကို ေႏွာက္ယွက္ဦးမွာလား”

“မေႏွာက္ယွက္ပါဘူ ငါ ကတိေပးပါတယ္ ”

“ကတိက ယုံရတာ မဟုတ္ဘူး ”

“တကယ္ပါဟယ္ နင္တို႔ ငါးေယာက္လုံးႀကီးကို ငါ မႏိုင္ပါဘူး နင္တို႔ေၾကာက္ၿပီး ထြက္ေျပးမလားလို႔ပါ ”

“က်ဳပ္အဘ ေျပာဘူးတာေတာ့ ခင္ဗ်ားတို႔ ကေဝပ်ံေတြက နတ္စိမ္းေတြကို ျပဳစားခိုင္းလို႔ရတယ္ တဲ့ေနာ္ က်ဳပ္တို႔ ေၾကာက္တယ္ ဗ် ”

“ဟဲ့ နင္တို႔ကလည္း ျပဳစားခိုင္းတဲ့ ဆိုတဲ့ေနရာ မွာ လူေတြလို႔ ေရာ့လုပ္ လို႔ေျပာလို႔မွ မရတာ အစီအရင္ေလး ဘာေလးေတာ့ ‌လုပ္ရတာေပါ့ဟယ္ လႊတ္ပါ ငါ့ေခါင္းေတြ ႀကိမ္းေနၿပီ ”

ေမာင္ဘိုးထင္ ငိုမဲ့ မဲ့ ျဖစ္ေနေသာ ကေဝပ်ံကို သနားပင္ လာ‌သည္ ထို႔ေၾကာင့္ အားလုံး ကေဝပ်ံမိထား၏ ဆံပင္ကို လႊတ္လိုက္ၾကသည္ ၊ ထိုအခါ ကေဝပ်ံသည္ သူမ၏ရႈပ္ပြသြားေသာ ဆံပင္မ်ားကိုသပ္လိုက္ၿပီး

“နင္တို႔က ငါ့ဆံပင္ကို ဘာလို႔ဆြဲရတာလဲ ”

“ခင္ဗ်ားပဲ ခင္ဗ်ားရဲ႕ ေပ်ာ့ကြက္က ဆံပင္ဆို ”

“ဟဲ့ ငါေျပာတာက ငါရဲ႕ ဆံပင္ေတြကို သူရသြားၿပီ တန္ျပန္ အစီအရင္ လုပ္ၿပီး ႏိုင္တာကို ေျပာတာ နင္တို႔လို႔ ေသ‌ေအာင္ ေစာင့္ဆြဲေနတာ မဟုတ္ဘူး”

“ဟာ သိမွ မသိပဲ ဗ်ာ ”

“သြားၾကေတာ့ ငါလည္း ေခါင္းေတြ ႀကိမ္းေနၿပီ ဘာေတာင္ေဝွးမွလည္း မလိုခ်င္ေတာ့ဘူး”

စိတ္ပ်က္လက္ပ်က္ျဖစ္ေနေသာ ကေဝမအား ေမာင္ဘိုးထင္သည္ ေရဘူးေလးကမ္းေပးၿပီး

“ေရေလးေသာက္လိုက္ပါလား အေၾကာက္ေျပသြားေအာင္ေလ ”

ကေဝပ်ံမိထားသည္ ေမာင္ဘိုးထင္ကို မေက်မနပ္ၾကည့္ၿပီ ”

“နင္က ေအာက္လမ္းေလး မဟုတ္လား နင္ပညာကလည္း မေသးဘူး ငါ့ဆံပင္ကို ကိုင္လိုက္တာနဲ႔ ငါ့ဘာပညာမွ ထုတ္လို႔မရေတာ့ဘူး အဲ့တာေၾကာင့္ ‌နင္တို႔ သက္သာ သြားတယ္ မွတ္ပါ ”

ထိုသို႔ေျပာၿပီး ကေဝပ်ံမိထားသည္ ေမာင္ဘိုးထင္ ကမ္းေပးေသာ စစ္သုံး ေရဘူးေလးအား ယူၿပီး ေမာ့ေသာက္ေနပါေလေတာ့သည္ ။

▪️အခန္း-၁၀

ေမာင္ဘိုးထင္တို႔ ေနဝင္လုလုတြင္ ေပပင္႐ြာသိူ႔ ‌ျပန္ေရာက္လာၾကသည္ ၊ ထိုအခါမွ သူတို႔အားလုံး သက္ပ်င္းကိုယ္စီခ်ႏိုင္ၾကေတာ့သည္ ၊ မိုးႀကိဳးစက္ ေတာင္ေဝွး အစစ္ အျပင္ သူတို႔၏ ေတာင္ေဝွး အတု တေခ်ာင္းပါ ပိုလာေသးသည္ ၊ ဤသို႔ ႏွင့္ ႀကဳံေတြ ခဲ့ရေသာအျဖစ္အပ်က္မ်ားကို ေျပာလိုက္ရယ္လိုက္ ႏွင့္ ေပပင္႐ြာရွိ ဦးအုန္း၏ အိမ္သို႔ ေရာက္ရွိလာေလသည္ ၊ ဦးအုန္းသည္ တန္းလ်ားတြင္ မိေက်ာ့ ၏ အဘ ႏွင့္ စကားေျပာေနေလသည္ ၊ ေမာင္ဘိုးထင္တို႔ ဝင္လာသည္ကို ျမင္ေသာအခါ ဦးအုန္းသည္ တန္းလ်ားမွ မတ္တတ္ရပ္လိုက္ၿပီး

“ေကာင္ေလးေတြ အဆင္ေျပခဲ့လား ”

“ေျပပါတယ္ ဗ်ာ ေရာ့ အဘ မိုးႀကိဳးစက္ေတာင္ေဝွး ”

“ေဟ့ေကာင္ မမခင္ေမ ေျပာေတာ့ မိုးႀကိဳးစက္ေတာင္ေဝွးက အစိမ္းပါ အခုက က်က္ခိုးတိုက္ထားတဲ့ ဝါးလုံးႀကီးပါလားဟ ”

သာေအးသည္ ဦးအုန္းကို တအံ့တဩၾကည့္ရင္း

“ဘႀကီး အုန္း ဘာေျပာလိုက္တယ္ မမခင္ေမ ဟုတ္လား ဟိုကျဖစ္ ဘႀကီးသမီးရွိမယ္ ဆို ဘႀကီးသမီးေလာက္ေတာင္မရွိဘူး ေခၚေပါ့ တူမႀကီး တို႔ ေျမးေလးတို႔ ”

“,ဟဲ့ေကာင္ သူက ငါ့ထက္ အသက္ ၄၀ေလာက္ႀကီးတယ္ဟ ”

“အိုးး အသက္ႀကီးကာ မွ ႀကီးပဲ ျမင္ေနရတာ အျမင္မေတာ္ဘူး ဘာလဲ ေမာင္ေလးအုန္း တဲ့ တေယာက္က အခုလာျပန္ၿပီ မမခင္ေမတဲ့ ဆန္းလည္း ဆန္းပ”

ေပတူးသည္လည္း မ‌ေက်မနပ္ေျပာရင္ ‌ကြပ္ပ်စ္တြင္ ထိုင္ေနသည္ ၊ ေမာင္ဘိုးထင္သည္ ေပတူးေျပာသည္ကို ေခါင္းညိတ္အသိ အမွတ္ျပဳ လိုက္ရင္း သူတို႔ ‌ေ တာင္းအား ခ်ိဳထမ္းလာေသာ ဝါးထဲမွ ေတာင္ေဝွးအစစ္ကို ထုတ္ေပးလိုက္ၿပီး

“ေရာ့အဘ ဒါက အစစ္ ”

“ေအးေအး မင္းတို႔ မနက္ျဖန္ အလုပ္ရွိတယ္ ”

“မနားရေတာ့ဘူးလား ”

“ဟုတ္တယ္ ဦးအုန္းရာ ႐ြာေလးကို ဓားျပတခါတိုက္မိပါတယ္ ခိုင္းေနေတာ့တာပဲ ”

“ေဟ့ေကာင္ဖိုးေထြး မင္း မလုပ္ခ်င္ဘူးလား ”

“ႏွစ္ရက္ေလာက္‌ေတာ့ နားဦးမယ္ဗ်ာ ”

“နားေလ မင္းနားရင္ မိေက်ာ့ လင္ရၿပီသာ မွတ္”

“ဗ်ာ မိ ေက်ာ့ ဘာ ဘာျဖစ္လို႔လဲ ”

“ဘာျဖစ္ရမွာလဲ သူ႔အဘ ငါ့လာေျပာေနတာသာၾကည့္ ေတာ့ မင္းမိေက်ာ့က လင္တ႐ုးေနလို႔ေဟ့ သိၿပီလား”

ဖိုးေထြးသည္ ဦးအုန္း၏စကားကို ၾကားေသာအခါ အံ့ဩသြားကာ ခ်က္ခ်င္း အလုပ္ လုပ္မည္ဟုေျပာေနေသာေၾကာင့္ ခဏ အနားယူဖို႔ကို ေမာင္ဘိုးထင္တို႔ ေခ်ာ့ေမာ့၍ ေျပာေနရပါေလေတာ့သည္ ။

‌▪️ေအာက္လမ္းဘိုးထင္ ႏွင့္ မိုးႀကိဳးစက္ ေတာင္ေဝွး သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ လင္တ႐ူး မိေက်ာ့ အမည္ရေသာဝတၳဳဇတ္လမ္းေလးကို တင္ဆက္ေပးပါမည္။

📝ေမာင္တင္ဆန္း