” အောင်မြတ်သာနှင့်မရဏလက်ကောက်”(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်မရဏလက်ကောက်”(စ/ဆုံး)
—————————————————————–

စာရေးဆရာ -ဇေယန(ရာမည)

“ ဗွမ်း ဗွမ်း ဗွမ်း….”

လူနှစ်ရပ်လောက်မြင့်တဲ့ မြေတွင်းအောက်ကနေ ခပ်ထုတ်နေတဲ့ ဗွက်ရေတွေကြောင့် ဘေးမှာရှိတဲ့လူတွေ ခပ်ဝေးဝေးကို ရှောင်သွားခဲ့ကြတယ်။

“ လှကျော်ရေ…. ရေကြောမိပီလားဟေ့”

တွင်းနှုတ်ခမ်းဝကနေ အော်ပြောလိုက်တဲ့ လှဝင်းစကားကြောင့် တွင်းထဲမှာရှိနေတဲ့ လှကျော်က

“ ရေကြောကတော့ မိလုမိခင်ပဲ ဒါပေမယ့် အောက်မှာ ကျောက်ဖျာတစ်ချပ်ခံနေသေးတယ်။ ဒါကို ဖောက်နိုင်ရင်တော့ ရေကြောမိပြီ…”

“ မင်းတို့ တူရွင်းတွေရသေးရဲ့လား… ထပ်လိုရင် ပြောဦး”

“ အသွားထက်ထက် တူရွင်းနှစ်ချောင်းနဲ့ လူနှစ်ယောက်ထပ်လာကူပါဦး ကျောက်ဖျာက ငါ့တစ်ယောက်အားနဲ့ တိုးမပေါက်ဘူးကွ”

လှကျော်စကားကြောင့် တွင်းနှုတ်ခမ်းဘေးမှာ အသင့်စောင့်နေကြတဲ့ မြင့်သိန်းနဲ့ လှဝင်းက ပုဆိုးကိုမြောက်နေအောင်ကျိုက်ပြီး တွင်းထဲကို တွယ်ဆင်းသွားခဲ့တယ်။

“ ဒုတ် … ဒုတ်… ဒုတ်….ခွပ်”

လူသုံးယောက် အတိုင်ဖောက်ညီညီနဲ့ တူးချလိုက်ရာ မိနစ်အနည်းငယ်အတွင်း ကျောက်ဖျာအပေါ်ကြောပေါက်ထွက်သွားပြီး ကြည်လင်တဲ့ရေပန်းတစ်ချို့အပေါ်ကိုလျှံတက်လာခဲ့တယ်။

“ ကျောက်ဖျာတော့ပေါက်သွားပြီဟေ့ …. အပေါက်ထပ်ချဲ့ ဖို့လုပ်ကြ”

လှဝင်းစကားကြောင့် မြင့်သိန်းနဲ့ လှကျော်က ကျောက်ဖျာရဲ့ဘေးနှုတ်ခမ်းသားတွေကို တူးရွင်းနဲ့ ဖဲ့ထုတ်နေတဲ့အချိန် အထဲကနေ ဖြူဖွေးပြီးပြောင်ချောနေတဲ့ အရိုးခေါင်းတစ်လုံးထွက်လာခဲ့တယ်။

“ လှဝင်း… ဒီမှာလာကြည့်စမ်း… ဒါ ..ဒါ လူအရိုးခေါင်းမဟုတ်လား”

“ အေး ဟုတ်တယ်ကွ… ဆွဲတင်ကြည့်ဦး”

လှဝင်းတို့ ကျောက်ဖျာအောက်မှာ ရှိနေတဲ့အရိုးခေါင်းကို ဆွဲထုတ်လိုက်ရာ ကြေမွနေတဲ့ အခြားအရိုးတွေအပြင် ဦးခေါင်းခွံသုံးလုံးထပ်ထွက်လာခဲ့တယ်။

“ ဒီအောက်မှာ လူအရိုးစုတွေ လေးလောင်းတောင်ရှိနေတယ်… ဘယ်လိုလုပ်ကြမလဲ”

“ ဘယ်လိုလုပ်ရမလဲ အပေါ်ဆယ်တင်ရမှာပေါ့… ဟေ့ အပေါ်ကလူတွေ ပိုက်ကွန်နဲ့ကြိုးတွေပစ်ချပေးဟေ့ ဒီအောက်မှာ လူအရိုးတွေရှိနေတယ်ဟ”

လှဝင်းအော်ပြောသံကြောင့် ရေတွင်းတူးတာကို ကြည့်နေကြတဲ့ လူတွေက အပေါ်ကနေ ပိုက်ကွန်နဲ့ကြိုးအချို့ကို ပစ်ချပေးခဲ့တယ်။

“ သေချာချည်ဦးဟ… အပေါ်ဆွဲတင်နေတုန်း အရိုးတွေက မင်းခေါင်းပေါ်ပြုတ်ကျနေလို့ ထိပ်ပေါက်နေဦးမယ်”

လှဝင်းရဲ့ စကားကြောင့် အရိုးစတွေကို ပိုက်ကွန်ထဲထည့်နေတဲ့ မြင့်သိန်းက ရယ်ကျဲကျဲလုပ်ပြီး လက်ဖျံရိုးတစ်ခုကိုကောက်ယူလိုက်တဲ့အချိန် လက်ဖျံရိုးထဲမှာ ဝတ်ထားတဲ့ လက်ကောက်တစ်ကွင်းကိုမြင်လိုက်ရတယ်။

အခြားသူတွေက သူတို့အလုပ်နဲ့သူတို့ ရှုပ်နေတာမို့ မြင့်သိန်းအနေနဲ့ လက်ဖျံရိုးမှာဝတ်ထားတဲ့ လက်ကောက်ကို မသိမသာဖြုတ်ယူကာ လုံချည်ခါးပေါင်စထဲထိုးထည့်လိုက်တယ်။

အဲဒီနေ့က မြေနုကျွန်းရွာမှာ ရေတွင်းတူးရင်း အလောင်းလေးလောင်းထွက်လာတယ်ဆိုတဲ့သတင်းက မြို့ပေါ်အထိပျံ့သွားခဲ့ပြီး မျက်မြင်လာစစ်ဆေးတဲ့အဖွဲ့တွေပါ ရောက်လာခဲ့ကြတယ်။ ဒါပေမယ့် လာစစ်ဆေးတဲ့သူတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀လောက်ထဲက မြုပ်ထားတာဖြစ်တယ်လို့ကောက်ချက်ချပြီး ပြန်သွားခဲ့ကြတယ်။
++++++

“ အတင့်… ဟေ့ အတင့်…”

မြင့်သိန်း ခေါ်သံကြောင့် အိမ်နောက်ဖေးမှာ ထမင်းအိုးတည်နေတဲ့ အတင့်က အပြင်ကိုထွက်လာပြီး

“ ဘာတွေအရေးကြီးနေလို့ အသက်တောင်မရှုပဲအော်ခေါ်နေတာလဲ”

“ နင့်ကို ပြစရာရှိလို့ဟ… ဒီမှာကြည့်စမ်း”

မြင့်သိန်းက ခါးပုံစမှာထည့်ထားတဲ့ လက်ကောက်ကိုထုတ်ပြလိုက်တော့ မိန်းမဖြစ်သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး

“ ရွှေလက်ကောက်ပါလား… ရှင် ဒါကိုဘယ်ကရလာတာလဲ”

“ ရှူး တိုးတိုးပြောဟ.. မနက်ကရေတွင်းတူးရင်း ထွက်လာတဲ့ အရိုးစုတွေဆီကနေရလာတာ.. ရွှေချိန်ကတော့ အတော်များတဲ့ပုံပဲနော်”

“ ရှင် ဒီလက်ကောက်ရတာ အခြားဘယ်သူတွေ သိသေးလဲ”

“ ဘယ်သူမှမသိဘူး … ဒါကြောင့် နင်ပါးစပ်ကိုသတိထား.. လျောက်ပြောမနေနဲ့”

“ အေးပါ အေးပါ ငါလဲမပြောပါဘူး… လက်ကောက်က လှလိုက်တာ အထဲမှာ ကျောက်အနီလေးတွေတောင်မြုပ်ထားပါလား… ငါတို့တော့ ပွဲပြီထင်ပါတယ်”

“ သိပ်လဲ ဟန်မပျက်နေနဲ့ဦး… နောက်အပတ်လောက်မှ မြို့တက်ပြီး သွားရောင်းကြမယ်.. “

လင်မယားနှစ်ယောက်လဲ တိုင်ပင်ရင်း အပျော်လွန်ကာ ထမင်းတောင်မစားနိုင်ပဲ အိပ်ပျော်သွားခဲ့ကြတယ်။

“ ရှပ် ရှပ် ရှပ်….”

အိပ်နေတဲ့ခြင်ထောင်အောက်ကနေ တစ်ရှပ်ရှပ်နဲ့ လမ်းလျောက်နေတဲ့အသံကြောင့် အအိပ်ဆတ်တဲ့ မြင့်သိန်း လန့်နိုးလာပြီးကြည့်လိုက်တော့ ဘယ်သူမှမရှိ။ ဒါနဲ့ စိတ်ထဲဖြစ်တာနေမှာဆိုပြီး ပြန်အိပ်လိုက်တယ်။ အိပ်ပျော်လုပျော်ခင်အချိန်ရောက်တော့ ခြင်ထောင်အပြင်ဘက်ကနေ ရေခဲတစ်မျှအေးစက်တဲ့အရာတစ်ခုက လည်ပင်းကိုလာထိလို့ ထကြည့်လိုက်တော့ ဆံပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက်က ဖြူဖွေးပြီးအေးစက်နေတဲ့လက်နှစ်ဖက်နဲ့ လည်ပင်းကို လာညှစ်နေတာကိုသိလိုက်ရတယ်။

“ အဟွတ် အဟွတ်… အတင့်… အ… အ… တင့်”

မြင့်သိန်းလဲ ခိုင်မြဲနေတဲ့လက်ကိုဆွဲဖယ်ဖို့ကြိုးစားရင်း မိန်းမဖြစ်သူကိုကြည့်လိုက်ရာ သူ့အပေါ်မှာလဲ နီရဲနေတဲ့မျက်လုံးကိုပြူးပြီး လျာတွဲလောင်းကျနေတဲ့ အကောင်တစ်ကောင်က ခွပြီးလည်ပင်းညှစ်နေတာမြင်လိုက်ရတယ်။

“ အာ့ အာ့ အဟွတ်… လွှတ်စမ်း.. လွှတ်စမ်း…”

မြင့်သိန်းရဲ့ အသံတွေတိုးလာတာပြီး မျက်လုံးတွေတစ်ဖြေးဖြေးပြာဝေလာတဲ့အချိန် ရင်ဘတ်ပေါ်ခွပြီး လည်ပင်းညှစ်နေတဲ့မိန်းမဆီကနေ တိုးညှင်းတဲ့ငိုရှိုက်သံတစ်ချက်ထွက်လာခဲ့တယ်။
+++++++

“ မြင့်သိန်းရေ… ဟေ့ မြင့်သိန်း… ဒီကောင်ကွာ ရေတွင်းတူးဖို့ကျန်နေပါတယ်ဆိုမှ ခုထိမထသေးဘူး”

လှဝင်းက ဗျစ်တောက်ဗျစ်တောက်ပြောပြီး ပိတ်ထားတဲ့တံခါးကိုတွန်းပြီးအိမ်ထဲကိုဝင်သွားတဲ့အချိန် မျက်လုံးပြူး၊ လျာထွက်ပြီး သေဆုံးနေတဲ့ လင်မယားနှစ်ယောက်ကိုမြင်လိုက်ရတယ်။ သူတို့ရဲ့အလယ်မှာတော့ ဝင်းအိနေတဲ့ရွှေသားလက်ကောက်တစ်ကွင်းက အထင်းသားကျနေခဲ့တယ်။

လှဝင်းလဲ ရုတ်တရက်မို့ကြောက်လန့်သွားပြီး အော်ဖို့အလုပ် လင်မယားနှစ်ယောက်ကြားမှာကျနေတဲ့ ရွှေလက်ကောက်ကိုသတိထားမိပြီး ဖျတ်ခနဲလှမ်းယူကာ အိမ်အောက်ကိုပြေးဆင်းသွားခဲ့တယ်။

မြင့်သိန်းတို့လင်မယား ရုတ်တရက်သေဆုံးနေတဲ့ သတင်းက အချိန်ခဏလေးအတွင်း တစ်ရွာလုံးပျံ့နှံ့သွားခဲ့ပြီး အိမ်ရှေ့မှာလဲလူတွေ စုပြုံနေခဲ့တယ်။ မွန်းတည့်ချိန်လောက်ရောက်တော့ ရွာလူကြီးနဲ့အတူ အမှုစစ်ပလိပ်တွေပါလာပြီး အလောင်းကို စစ်ဆေးဖို့မြို့ကိုယူသွားခဲ့ကြတယ်။
+++++
“ မြင့်သိန်း သူငယ်ချင်းရာ… ငါဘယ်လိုဖြေသိမ့်ရမလဲ၊ မနေ့ကမှ မင်းနဲ့ငါတွေ့ခဲ့ကြတာလေ… အခုတော့ မင်း ငါ့ကိုထားသွားပီပေါ့”

အရက်ဆိုင်ထဲမှာ အမူးလွန်ပြီး ငိုနေတဲ့ လှဝင်းကို အခြားအရက်သမားတွေက သနားတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး

“ လှဝင်းရာ ငါတို့လဲ မင်းလိုပဲ စိတ်မကောင်းဖြစ်မိတာပဲ… မင်း ငိုနေလို့လဲ သေသူက ပြန်ရှင်လာတာမှမဟုတ်တာ”

“ ဟုတ်သားပဲ လှဝင်းရာ… မြင့်သိန်းကိုဘယ်သူသတ်လဲဆိုတာ သိတဲ့နေ့အထိ မင်းသည်းခံရမယ်လေ”

“ ဟုတ်ပါတယ် ကိုကြီးမြသော်ရာ… ကျုပ် စိတ်မကောင်းဖြစ်မိလို့ပါ…အေ့… ကျုပ်ဘယ်လောက်သောက်ထားလဲ စာရင်းလုပ်ပေးဦး”

“ အဲဒါကအရေးမကြီးပါဘူး… မင်းလဲသောက်ထားတာများနေပြီဆိုတော့ အိမ်ကိုပြန်လိုက်ဦး၊ အရက်ဖိုးက နောက်နေ့မှရှင်းတော့”

ဆိုင်ပိုင်ရှင်စကားကြောင့် အမူးလွန်နေတဲ့ လှဝင်းက ပုဆိုးကို ဒယီးဒယိုင်ဝတ်လိုက်ပြီး အိမ်ဘက်ကိုပြန်လာခဲ့လိုက်တယ်။

“ မြင့်သိန်း… မင်းကွာ… သေတာတောင် ငါ့အတွက် လက်ဆောင်ချန်ခဲ့ရတယ်လို့ အဟက်အဟက်… “

လှဝင်းက ပုဆိုးအောက်မှာ သားရည်ကွင်းနဲ့ချည်ထားတဲ့ လက်ကောက်ကိုစမ်းရင်း အိမ်ရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။

“ ရှပ် ရှပ် ရှပ်…”

ကျောအနောက်ဘက်ကနေ ထွက်လာတဲ့ ခြေသံကြောင့် အမူးလွန်နေတဲ့လှဝင်း ဖျတ်ခနဲလှည့်ကြည့်လိုက်ပြီး

“ အနောက်မှာ ဘယ်သူလဲကွ… အေ့.. ခိုးကြောင်ခိုးဝှက်တော့ မလိုက်လာနဲ့နော်… လှဝင်းမှာပေးစရာဆိုလို့ ဟောဒီပုဆိုးတစ်ကွင်းပဲရှိတယ်…အေ့”

မူးမူးနဲ့ပေါက်ကရတွေပြောရင်း ဆက်လျောက်လာခဲ့ရာ ကုက္ကိုတန်းအကျော်လဲရောက်ရော အရမ်းပြင်းတဲ့အပုတ်နံ့က နှာခေါင်းထဲကို စူးခနဲဝင်လာခဲ့တယ်။

“ ထွီ… ဘယ်ခွေးတွေများသေနေပါလိမ့် နံလိုက်တာကွာ”

“ အဟင့်….”

“ ဟင် ဘာသံကြီးလဲဟ…”

ဘေးနားကနေ ငိုရှိုက်သံတစ်ချက်ကို ပီပြင်စွာကြားလိုက်ရတော့ လှဝင်းတစ်ကိုယ်လုံးမှာရှိတဲ့ ကြက်သီးမွှေးညှင်းတွေ ဆတ်ခနဲထောင်တက်လာခဲ့တယ်။

“ ဘယ်သူလဲ… “

“ အီး အီး အီး.. အဟင့်”

ဒီတစ်ခါတော့ လှဝင်း နားကြားမမှားတော့ဘူးဆိုတာ သိလိုက်ပြီး သောက်ထားတဲ့အရက်ရှိန်တွေပါပျောက်လုဆဲဆဲဖြစ်ခဲ့ရတယ်။

“ ဘယ်သူလဲ အနားကပ်မလာနဲ့နော်… ငါ့အနားမလာနဲ့နော်”

ကြောက်လန့်တစ်ကြားအော်ဟစ်ရင်း ထွက်ပြေးဖို့အလုပ် နောက်ကျောဘက်ကနေ အေးစက်တဲ့လက်တစ်ဖက်က လည်ပင်းကို ဆုပ်ကိုင်ထားတာ ခံစားလိုက်ရတယ်။

“ အဟီးဟီး… ဟင့် ဟင့်”

လှဝင်းလဲ ကျောဘက်ကနေ ကပ်ပြီးထွက်လာတဲ့အသံကြောင့် ခေါင်းကိုလှည့်ကြည့်လိုက်ရာ သွေးမရှိလို့ဖြူဖျော့နေတဲ့မျက်နှာနဲ့ မျက်မတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ အောင်မလေး… သရဲ သရဲ… “

ငယ်သံပါအောင် အော်လိုက်တဲ့ လှဝင်းအသံကြောင့် အနီးနားမှာနေတဲ့သူတွေနိုးလာပြီး လာကြည့်တော့ ဖုန်တွေကြားထဲမှာ ပါးစပ်ထဲကအမြုပ်တွေထွက်ပြီး သတိလစ်နေတဲ့ လှဝင်းကိုမြင်လိုက်ရတယ်။

“ မြတ်ထွန်း… မင်းအိမ်ကနေ လုံချည်နဲ့ ဝါးလုံးနှစ်လုံး အမြန်သွားယူလာခဲ့… လှဝင်းကို ဆေးမှူးဆီပို့မှဖြစ်မယ်”

အဖိုးသန်းအောင်စကားကြောင့် မြတ်ထွန်း ကမန်းကတမ်း အိမ်ဘက်ကိုပြေးသွားပြီး လုံချည်နဲ့ဝါးလုံးနှစ်လုံးယူချလာခဲ့တယ်။

“ အေး ဟုတ်ပြီ ဝါးလုံးကိုလုံချည်ထဲထည့်ပြီး ထမ်းစင်လိုလုပ်လိုက်… ၊ အောင်ဘော်နဲ့ မြတ်ထွန်းက လူငယ်တွေဆိုတော့ လှဝင်းကိုထမ်းဖို့တာဝန်ယူ… ငါတို့ကရှေ့ကနေ မီးပြပေးမယ်”

အဖိုးသန်းအောင်က အရွယ်နဲ့မလိုက်အောင် လှုပ်ရှားရင်း လှဝင်းကို ဆေးမှူးနေတဲ့အိမ်ကိုခေါ်သွားခဲ့တယ်။ မြတ်ထွန်းလဲ ထမ်းစင်ကိုအနောက်ကနေ ထမ်းပြီးသွားနေတဲ့အချိန် လှဝင်းလုံချည်မှာ စည်းထားတဲ့ သားရေပင်းက ရုတ်တရက်ပြတ်ထွက်ပြီး အထဲကနေ လက်ကောက်တစ်ကွင်းထွက်လာတာကိုမြင်လိုက်ရတယ်။

မြတ်ထွန်းလဲ လက်ကောက်ကို မြင်တော့ ကိုလှဝင်း သတိပြန်ရလာရင်ပေးမယ်ဆိုတဲ့စိတ်နဲ့ကောက်ယူကာ အိတ်ကပ်ထဲထည့်ထားလိုက်တယ်။ ဒီလိုနဲ့ ဆေးမှူးအိမ်ကိုရောက်ဖို့ နှစ်ဖာလုံလောက်အလိုမှာတော့ ထမ်းစင်ကသိသိသာသာလေးလံလာခဲ့တယ်။

“ အောင်ဘော် မင်း သေချာထမ်းရဲ့လား … အချောင်ခိုနေတာမဟုတ်ပါဘူးနော်”

“ ငါလဲမင်းကိုမေးမလို့ပဲ… ထမ်းစင်က တစ်ဖြေးဖြေး လေးလာလို့ ငါ့ပခုံးတောင်ကျိမ်းနေပြီ”

မြတ်ထွန်းတို့လဲ ရောက်ခါနီးဆိုတော့ အံကြိတ်ပြီးထမ်းပိုးနေတဲ့အချိန် လှဝင်းဆီကနေ ငယ်သံပါအောင်အော်တဲ့ အသံတစ်ချက်ထွက်လာပြီး ငြိမ်သက်သွားခဲ့တယ်။

လှဝင်းဆီကအသံမထွက်လာတဲ့အတွက် ထမ်းစင်ကိုချပြီးကြည့်လိုက်ရာ မျက်လုံးပြူးပြီး ကြောက်လန့်နေတဲ့မျက်နှာနဲ့ သေဆုံးနေတာကိုမြင်လိုက်ရတယ်။

မြတ်ထွန်းလဲ သူ့အရှေ့မှာ ရုတ်တရက်သေဆုံးသွားတဲ့ ကိုလှဝင်းအလောင်းကို ဆေးမှူးဆီရောက်အောင်ပို့ပေးပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။ မြတ်ထွန်းစိတ်ထဲမှာတော့ မနက်ကျရင် ကိုလှဝင်းနာရေးကို ကူညီရမယ်ဆိုတဲ့အတွေးကသာစိုးမိုးနေတဲ့အတွက် အိတ်ကပ်ထဲထည့်ထားတဲ့ လက်ကောက်အကြောင်းကို လုံးဝသတိမေ့နေခဲ့တယ်။

အိမ်ပြန်ရောက်တော့ မြတ်ထွန်းက ခြေလက်ဆေးပြီး မိခင်ဖြစ်သူပြင်ထားပေးတဲ့ ထမင်းကိုစားကာ အိပ်ယာဝင်ခဲ့လိုက်တယ်။

“ ဟိုကောင်လေး ထစမ်း ထစမ်း… “

အိမ်ရှေ့ကနေ အော်နှိုးနေတဲ့အသံကြောင့် အိပ်ပျော်နေတဲ့မြတ်ထွန်းတစ်ယောက် လန့်နိုးလာပြီး ပြူတင်းကိုကြည့်လိုက်ရာ ဆံပင်ဖားလျားချထားပြီး ကျောပေးထားတဲ့ မိန်းမသုံးယောက်ကိုမြင်လိုက်ရတယ်။ သူတို့အနောက်မှာတော့ တစ်ကိုယ်လုံးသွေးတွေပေကျံနေတဲ့ ယောင်္ကျားတစ်ယောက်က ခါးထောက်ပြီးရပ်နေခဲ့တယ်။

မြတ်ထွန်းလဲ သူတို့ခေါ်နေတာကို မလွန်ဆန်နိုင်ပဲ အိမ်ပေါ်ကနေဆင်းလာတဲ့အချိန် ရပ်နေတဲ့လူလေးယောက်က

“ မလာနဲ့ မလာနဲ့ သွား…. အောက်ကိုမဆင်းလာနဲ့” လို့အော်ပြီး အမှောင်ထဲကိုပြေးဝင်သွားခဲ့တယ်။

အဲဒီမှာ မြတ်ထွန်းလန့်နိုးလာပြီး အိပ်ယာဘေးကထရံပေါက်ကိုချောင်းကြည့်လိုက်ရာ အမှောင်ထုထဲကနေ ချောင်းကြည့်နေတဲ့ မျက်လုံးနီနီတွေကိုမြင်လိုက်ရတယ်။

နောက်နေ့မနက်ရောက်တော့ ရွာထဲမှာစုရုံးစုရုံးဖြစ်နေတဲ့အတွက် သွားကြည့်ရာ ရွာဦးဆရာတော်နဲ့ ရွာလူကြီးတွေစုရုံးပြီး စကားပြောနေတာကိုမြင်လိုက်ရတယ်။

မြတ်ထွန်းလဲ ဘေးမှာရှိနေတဲ့ ကိုတက်ပုကို လက်တို့ပြီး

“ ကိုတက်ပု ဆရာတော်တို့ဘာအကြောင်းပြောနေကြတာလဲ… ခဏနေ ကိုလှဝင်း အသုဘပို့ရတော့မှာမဟုတ်လား”

“ ဟုတ်တယ်လေ… ဒါပေမယ့် ရွာမှာဖြစ်နေတဲ့ ကိစ္စက သာမန်မဟုတ်ဘူးဆိုတာ မင်းသတိထားမိလား၊ အခု ဆရာတော်နဲ့ တိုင်ပင်နေတာကလဲ အဲဒီကိစ္စပဲ”

“ ရွာမှာ နှစ်ရက်အတွင်း လူသုံးယောက်တောင်သေတာနော်၊ သေတဲ့သူတွေကလဲ သန်သန်မာမာကြီးတွေ…ကျုပ်က ငယ်တော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိပ်မတွေးတတ်ဘူး”

“ ဆရာတော်ပြောတာကတော့ ဒီကိစ္စတွေရဲ့ အရင်းမြစ်ကိုရှာမတွေ့မချင်း အခုလိုပဲ ဖြစ်နေနိုင်တယ်တဲ့… ဒီနေ့လည်အသုဘပို့ပြီးတာနဲ့ တစ်ရွာလုံးပရိတ်ပဌာန်းတွေရွတ်ဖတ်ပြီး ကမ္မဝါညှပ်မယ်လို့လဲပြောနေတယ်”

“ ကောင်းတာပေါ့ ဒါမှရွာလဲ သန့်သွားမှာ…ပြီးတော့ မကောင်းတဲ့ အရာတွေလဲ အဝေးကိုထွက်ပြေးသွားကြမှာ .. ကောင်းတယ် ကောင်းတယ် ကျုပ်ကတော့ အားပေးတယ်”

မြတ်ထွန်းက ပြုံးရွှင်တဲ့မျက်နှာနဲ့ ပြောရင်း လူကြီးတွေစကားဝိုင်းဘေးမှာ နားထောင်နေခဲ့တယ်။ နေ့လည် ကိုလှဝင်းအသုဘမြေချပြီးချိန်မှာတော့ တစ်ရွာလုံးမှာရှိတဲ့ အိမ်တွေကနေ ပရိတ်အိုး ပရိတ်ချည် ပရိတ်ပန်းတွေ ယူလာပြီး ရွာလုံးကျွတ်ပရိတ်ရွတ်ဖတ်ခဲ့တယ်။ အဲဒီအချိန် တရားပွဲရဲ့နောက်ဆုံးနေရာကို လူသုံးယောက်ဝင်လာခဲ့ပြီး ပရိတ်ရွတ်ဖတ်ပြီးတဲ့အထိ ငြိမ်သက်စွာနာယူခဲ့ကြတာကို ဘယ်သူမှသတိမထားမိခဲ့ကြဘူး။

ပရိတ်ရွတ်ပွဲပြီးတော့ ဆရာတော်လဲ ကျောင်းပြန်ကာရေနွေးကြမ်းသောက်နေတဲ့အချိန် ကပ္ပိယကြီးရောက်လာပြီး

“ လူငယ်သုံးယောက်က ဆရာတော်နဲ့တွေ့ချင်တယ်ဆိုပြီး ခွင့်တောင်းနေလို့ လာလျောက်တာပါဘုရား”

“ ဟေ ရွာထဲက ဘယ်သူတွေများလဲ”

“ သူတို့ကိုတော့ ရွာထဲမှာမမြင်ဖူးပါဘူးဘုရား… တပည့်တော်စိတ်ထင် ဧည့်သည်တွေဖြစ်မယ်ထင်ပါတယ်”

“ ဒါဖြင့်လဲ ကျောင်းပေါ်ကို တက်လာခဲ့ခိုင်းလိုက်လေ”

“ တင်ပါ့ဘုရား တပည့်တော် လွှတ်ပေးလိုက်ပါမယ်”

ကပ္ပိယကြီးကျောင်းအောက်ဆင်းသွားပြီး မကြာခင်မှာပဲ ယောဂီဝတ်စုံဝတ်ထားတဲ့လူငယ်သုံးယောက် ကျောင်းပေါ်ကိုတက်လာခဲ့တယ်။

“ ရောက်လာကြပီလားကွယ့်… ထိုင်ကြ ထိုင်ကြ”

ဆရာတော်ရဲ့စကားကြောင့် လူငယ်သုံးယောက်က လွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်ပြီး ဘုရားကို ဦးချလိုက်တယ်။ ပြီးတော့မှ ဆရာတော်ဘက်ကိုလှည့်ပြီး လက်အုပ်ချီကာ

“ တပည့်တော်တို့က လောကီပညာရပ်တွေကို လိုက်စားနေတဲ့သူတွေပါဘုရား… ဦးဆုံးမိတ်ဆက်ရရင်တော့ တပည့်တော်နာမည်က အောင်မြတ်သာလို့ခေါ်ပါတယ်၊ သူတို့နှစ်ယောက်ကတော့ သက်ခိုင်နဲ့ တောက်ရပါ”

“ ဉူးဇင်းလဲ ဒကာတို့ကိုမြင်တာနဲ့ လောကီဆရာတွေမှန်းရိပ်မိပါတယ်…. အခု ကျောင်းကိုလာတာ ဘာအရေးကိစ္စများရှိလို့ပါလဲ”

“ တပည့်တော်တို့ ရွာကနေဖြတ်သွားတဲ့အချိန် ရွာထဲကနေ အပြင်ကို ထွက်ပြေးလာတဲ့ မိန်းမသုံးယောက်နဲ့ယောင်္ကျားတစ်ယောက်ကိုမြင်ခဲ့ရပါတယ်။ဒါကြောင့် ရွာထဲမှာ ဘာများလုပ်နေလဲဆိုပြီး ဝင်ကြည့်တော့ ဆရာတော်ဘုရားတို့ ပရိတ်ရွတ်ဖတ်နေတာကို မြင်တွေ့ခဲ့တယ်။ ဒါကြောင့် ပရိတ်ရွတ်ပြီးတာနဲ့ ဆရာတော်ဘုရားဆီ အကျိုးအကြောင်းစုံစမ်းဖို့လာခဲ့တာပါဘုရား”

“ ဒကာတို့က လောကီပညာရပ်မှာ တယ်အားကောင်းကြသကိုး… အခု ဉူးဇင်းတို့ရွာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို အကျဉ်းချုံးပြောပြပေးပါမယ်”

ဆရာတော်လဲ အောင်မြတ်သာတို့ကို ဖြစ်စဉ်အကျဉ်းချုံးပြောပြလိုက်ပြီးတဲ့အချိန်

“ ဒါဆိုရင် ရွာမှာဖြစ်နေတဲ့ ဖြစ်စဉ်တွေက ရေတွင်းတူးစဉ် ထွက်လာတဲ့ လူအရိုးတွေနဲ့များသက်ဆိုင်နေမယ်ထင်ပါတယ်ဘုရား”

“ ဒကာတို့ပြောသလို ဉူးဇင်းလဲ စဉ်းစားမိတယ်… ဒါပေမယ့် ဒီကိစ္စရပ်တွေကို ဖြေရှင်းရင် ဉူးဇင်းတို့လို ဝိပဿနာလမ်းကျင့်သုံးတဲ့သူတွေအဖို့ အာပတ်သင့်စေတဲ့ကိစ္စရပ်ဖြစ်စေမှာ မလွဲဘူးကွယ့်”

“ တင်ပါဘုရား… အရှင်ဘုရားခွင့်ပြုမယ်ဆိုရင် ဒီဖြစ်ရပ်ရဲ့ အဓိကဇစ်မြစ်ကို တပည့်တော်တို့ရှာဖွေဖော်ထုတ်ပေးချင်ပါတယ်”

“ ဒကာတို့ လုပ်ချင်သပဆိုလဲ ဉူးဇင်းမှာတားပိုင်ခွင့်မရှိပါဘူး… အခြားသိချင်တာရှိရင်တော့ ကျောင်းက ကပ္ပိယကြီးကိုမေးလို့ရပါတယ်”

“ ကျေးဇူးတင်ပါတယ်ဘုရား… တပည့်တော်တို့ ဒီကျောင်းမှာ ရက်အနည်းငယ်နေဖို့အတွက် ခွင့်တောင်းပါတယ်ဘုရား”

အောင်မြတ်သာစကားအဆုံးမှာ ဆရာတော်က ကပ္ပိယကြီးကိုလှမ်းခေါ်ပြီး

“ ကပ္ပိယကြီးက ဒီက ဒကာတွေ နေထိုင်ဖို့ စီစဉ်ပေးလိုက်ပါ.. နောက်ပြီး သူတို့သိချင်တာတွေ ဖြစ်ချင်တာတွေ ကူညီပေးလိုက်ပါဦး”

“တင်ပါဘုရား တပည့်တော် ကူညီပေးလိုက်ပါမယ်… အော် လူလေးတို့နေရမယ့်အဆောင် လိုက်ပြပေးဦးမယ်၊ လိုက်ခဲ့ကြ”

အောင်မြတ်သာတို့လဲ ဆရာတော်ကို ကန်တော့ပြီး ကပ္ပိယကြီးခေါ်တဲ့နောက်ကိုလိုက်သွားခဲ့တယ်။

“ ဒီအဆောင်က ဧည့်သည်တွေလာရင် တည်းဖို့ဆောက်ထားတာပဲ ခေါင်းအုံးတွေ စောင်တွေ ဖျာတွေလဲအသင့်ရှိတာမို့ လိုအပ်သလိုယူသုံးကြနော်”

“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦးကြီးလဲ လုပ်စရာရှိတာ လုပ်ပါ “

“ အေး အေး တစ်ခုခုလိုအပ်ရင် အချိန်မရွေး လာပြောနော်”

ကပ္ပိယကြီး နှုတ်ဆက်ပြီး ထွက်သွားတဲ့အချိန် အောင်မြတ်သာက

“ ဘုန်းကြီးကျောင်းဆိုတော့ မကျွတ်လွတ်တဲ့နာနာဘာဝတွေ အများသားပဲ … သူတို့က ကိုယ့်ကိုမနှောက်ယှက်သရွေ့ ဘာမှမလုပ်ကြပါနဲ့”

“ ဆရာ ပြောတာနောက်ကျနေပီ ဟိုးထုပ်တန်းပေါ်မှာ ထိုင်နေတဲ့ကောင်က ကျွန်တော်တို့ကို ဘုကြည့်ကြည့်နေတယ်”

သက်ခိုင်စကားကြောင့် အောင်မြတ်သာအပေါ်ကို မော့ကြည့်လိုက်ရာ လုံချည်အစုတ်တစ်ထည်သာပါတဲ့ မဲမဲကျုတ်ကျုတ်ယောင်္ကျားတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟေ့လူတွေ ခင်ဗျားတို့ ကျုပ်ကုတင်ပေါ် တက်မအိပ်ကြနဲ့နော်…”

ထုပ်တန်းပေါ်မှာထိုင်ပြီး ကျိုးကျလာဆဲဆဲဖြစ်နေတဲ့ ကုတင်ကိုလက်ညိုးထိုးကာပြောတဲ့အသံကြောင့် အောင်မြတ်သာက

“ သင်က ဒီကုတင်ကိုစိတ်စွဲပြီး မကျွတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်… စိတ်ချဗျ ကျုပ်တို့လဲ ခင်ဗျားကုတင်ပေါ်မအိပ်ပါဘူး” လို့ပြောလိုက်တော့မှ ထုပ်တန်းပေါ်ကနေပျောက်ကွယ်သွားခဲ့တယ်။

“ ဆရာ သူက ကုတင်ကိုစွဲပြီး မကျွတ်နိုင်တာဆိုတော့ ဒီကုတင်မရှိတော့ရင် ကျွတ်နိုင်တာပေါ့နော်”

“ တကယ်တော့ အချို့လူတွေရဲ့အယူတွေကလုံးဝမှားနေတယ်။ မိသားစုဆွေမျိုးတွေက သေဆုံးသူကုသိုလ်ရပါစေဆိုတဲ့စိတ်နဲ့ သေသူသုံးခဲ့တဲ့ပစ္စည်းတွေကို ဘုန်းကြီးကျောင်းတွေ ဇရပ်တွေမှာလာလှူကြတယ်။ သေဆုံးသူဟာ ဘယ်အရာကိုစိတ်စွဲနေတယ်ဆိုတာ သူတို့မသိကြဘူး… ဒီလိုအဖြစ်တွေကြောင့် သေသူဟာ မကျွတ်လွတ်နိုင်ပဲ စွဲနေတာပေါ့”

“ ကျွန်တော်တို့လဲ အခုကိစ္စပြီးရင် ဒီပုဂ္ဂိုလ်ကို ကျွတ်အောင်လုပ်ပေးပါဦးမယ်”

“ လောလောဆယ် ငါတို့ရွာထဲမှာဖြစ်နေတဲ့ ပြဿနာဇစ်မြစ်ကိုသိဖို့ ရွာတော်ရှင်နတ်ကွန်းကိုသွားကြရအောင်”

အောင်မြတ်သာတို့ ဘုန်းကြီးကျောင်းကနေ ထွက်လာပြီး ရွာတော်ရှင်နတ်ကွန်းကိုရောက်တဲ့အချိန်မှာတော့ အနည်းငယ်မှောင်စပျိုးနေတာကိုသတိထားမိခဲ့တယ်။

“ ရွာကလူတွေ ပူဇော်ထားတဲ့ ဖယောင်တိုင်နဲ့အမွှေးတိုင်တွေက မနည်းမနောပါလား”

တောက်ရက နတ်ကွန်းမှာ ပူဇော်ထားတဲ့အရာတွေကိုကြည့်ပြီးပြောလိုက်တော့ သက်ခိုင်က

“ ရွာတော်ရှင်က သူ့ရွာထဲ ဘာဖြစ်နေတယ်ဆိုတာ သိရောသိပါ့မလား”လို့ပြောလိုက်တဲ့အချိန် နတ်ကွန်းအနောက်ဘက်ကနေ ဖျင်ကြမ်းပုဆိုးနဲ့ ဖျင်ကြမ်းအင်္ကျီကိုဝတ်ထားတဲ့ အဖိုးအိုတစ်ယောက်ထွက်လာပြီး

“ ဆရာတို့ ရွာထဲစဝင်ထဲက ကျုပ်ဆီရောက်လာတော့မယ်ဆိုတာ ကြိုသိနေလို့ စောင့်နေတာ… အခုရောက်လာတော့လဲ ကျုပ်ကိုပြောနေတာများ ရစရာကိုမရှိဘူး”

“ အဲလိုလဲမဟုတ်ပါဘူး အဖိုးရာ… ကျုပ်တပည့်တွေက စတတ်နောက်တတ်ကြတာပါ.. “

အောင်မြတ်သာ ဝင်ပြီးချော့လိုက်တော့မှ အဖိုးအိုရဲ့မျက်နှာ ပျော့သွားပြီး

“ ဆရာတို့ ဘာသိချင်လဲ … ကျုပ်ကိုမေးလို့ရပါတယ်”

“ ကျုပ်တို့သိချင်တာက ရွာကလူတွေကို ဘယ်သူသတ်နေတာလဲ… ဒါမျိုးက ရွာတော်ရှင်ကို ကျော်ပြီးမှလုပ်လို့ရတာဆိုတော့ ကျူးလွန်သူတွေရဲ့ အဆင့်ကိုသိဖို့လိုတယ်”

“ ဆရာတို့ပြောတာ ဟုတ်တယ်… အခု လူတွေသေရတာလဲ မရဏလက်ကောက်ကိုစောင့်တဲ့သူတွေကြောင့်ပဲ”

“ မရဏလက်ကောက် ဆိုတာ ဘာကိုပြောတာလဲ…”

“ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လောက်က ဒီဒေသမှာ အလွန်အစွမ်းထက်တဲ့ လောကီဆရာတစ်ယောက်ရှိခဲ့ဖူးတယ်။ သူက လူတွေကို ကူညီပေမယ့် သူ့သားသမီးသုံးယောက်ကတော့ ဖခင်ဖြစ်သူရဲ့ စိတ်ကိုလုံးဝသဘောမကျခဲ့ဘူး။ ဒီလိုနဲ့ ဖခင်ဆီက ပညာတွေကိုသင်ယူပြီး လူတွေကိုစိတ်ကြိုက်ဒုက္ခပေးတော့တာပဲ… ဒါကို ဖခင်ဖြစ်သူဆီမှာ ပညာသင်သွားတဲ့ တပည့်တစ်ယောက်က မရဏလက်ကောက်အစီအရင်ကိုသုံးပြီး သူတို့လေးယောက်ကို ပညာပေးဖို့ အကြံပေးခဲ့ပေမယ့် ဖခင်ဆိုတော့ ဘယ်လုပ်ရက်ပါ့မလဲ…အဲဒီမှာ အကြံပေးတဲ့သူကို ဒုက္ခပေးဖို့ကြိုးစားရာကနေ သူတို့အသက်ပါပေးလိုက်ရတာပဲ… “

“ ဒါဆိုရင် သူတို့ဒုက္ခပေးဖို့ကြိုးစားတဲ့သူကပဲ မရဏလက်ကောက်အစီအရင်နဲ့ သူတို့ကိုပြန်သတ်ခဲ့တာပေါ့”

“ ဟုတ်တယ် ဆရာ… အဲဒီလူက မွေးရာပါ အောက်လမ်းအတတ်ကိုတတ်ထားပေမယ့် လူတွေကိုဒုက္ခမပေးဖို့ သစ္စာဆိုထားခဲ့တယ်။ ဒါပေမယ့် သူ့ကို ဒုက္ခလာပေးဖို့ကြံတဲ့သူတွေကိုတော့ ဆိုထားတဲ့သစ္စာကိုချိုးဖောက်ပြီး လေးယောက်လုံးကို သတ်ပစ်ခဲ့တာ။ သတ်ပီးတာနဲ့ သူတို့ရဲ့ဝိဥာဉ်ကိုမကျွတ်လွတ်အောင် လက်ကောက်ထဲထည့်ပိတ်ပြီး မြုပ်ထားခဲ့သေးတယ်”

“ ဒါဆိုရင် သူတို့က မြေအောက်မှာချုပ်ထားခံရာကနေ လွတ်မြောက်ခဲ့တာပေါ့”

“ လွတ်မြောက်တယ်ဆိုပေမယ့် အပြည့်အဝမလွတ်မြောက်သေးဘူး… ကျိန်စာတိုက်တဲ့သူက လက်ကောက်ကျိန်စာကလွတ်ဖို့ဆိုရင် လူငါးယောက်ကိုထပ်သတ်ဖို့ ထည့်သွင်းခဲ့သေးတယ်။ တကယ်တော့ သူတို့ကိုငရဲကနေမတက်နိုင်အောင် တမင်ကိုဖန်တီးခဲ့တာပဲ။ သူတို့လက်ကောက်ကျိန်စာကနေလွတ်တာနဲ့ ငရဲတန်းကျမှာ၊ ဒါကိုသူတို့မသိတော့ ကျိန်စာကနေလွတ်ဖို့ လူတွေထပ်သတ်နေခဲ့တာပဲ”

“ အခု လက်ကောက်က ဘယ်သူ့ဆီမှာရှိနေတာလဲဆိုတာ အဖိုးသိထားလား”

“ လက်ကောက်က ကုက္ကိုတန်းအကျော်မှာနေတဲ့ ကောင်လေးတစ်ယောက်ဆီမှာရှိနေတယ်… ကောင်လေးရဲ့ လက်မောင်းမှာ သူ့အဘိုးစီရင်ပေးခဲ့တဲ့ အဆောင်လက်ဖွဲ့ရှိနေလို့ ဟိုလေးယောက်အနားကပ်မရဘူးဖြစ်နေတယ်”

“ ဒါဖြင့် အချိန်မှီသေးတာပဲ … ကျုပ်တို့ကိုခွင့်ပြုဦး”

အောင်မြတ်သာက ရွာတော်ရှင်အဖိုးကို နှုတ်ဆက်ပြီး လှမ်းမြင်နေရတဲ့ ကုက္ကိုတန်းဘက်ကိုထွက်လာခဲ့လိုက်တယ်။

ကုက္ကိုတန်းနားလဲရောက်ရော အပုတ်နံ့တစ်ချို့က ထောင်းခနဲရလာခဲ့တယ်။

“ အတော်ပြင်းတဲ့အနံ့ပဲ… ဒီပုံတိုင်းဆိုရင် ဟိုကောင်လေးနားမှာ သူတို့ရှိနေပြီ”

“ ကျွန်တော်တို့ အဲဒီအိမ်ပေါ်တက်ပြီး အကျိုးအကြောင်းပြောပြလိုက်တာ ပိုသင့်တော်မယ်ထင်တယ်နော်”

“ သက်ခိုင်ပြောတာ သင့်တော်တယ်… ဒါမှ အစီအရင်ကို ဖျက်လို့ရမှာ”

အောင်မြတ်သာတို့လဲ ကုက္ကိုတန်းကိုကျော်လာတဲ့အချိန် အိမ်ပေါ်ကနေ ခေါင်းငိုက်စိုက်ကျပြီး ဆင်းလာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူ့အနောက်မှာတော့ လက်ဖွဲ့ကြိုးကိုကိုင်ကာ ငူငူကြီးရပ်နေတဲ့ မိန်းမတစ်ယောက်။

“ အဟင့် အဟင့် … “

“ ဆရာ အမှောင်ထုထဲကနေ ရှိုက်သံထွက်လာပါလား… သူတို့အခြေအနေကိုကြည့်နေတာထင်တယ်”

“ ခဏစောင့်ကြည့်ဦး ဒီကောင်လေးလက်မောင်းမှာ အဆောင်ကြိုးမရှိပေမယ့် သူတို့အနားမကပ်သေးတာ သတိထားမိလား”

“ ဟုတ်တယ်နော် ဆရာ… သူတို့ဘာကြောင့် အနားမသွားသေးတာလဲမသိဘူး”

အောင်မြတ်သာတို့ အခြေအနေကိုစောင့်ကြည့်နေတဲ့အချိန်မှာပဲ ဆံပင်ဖားလျားချထားတဲ့ မိန်းမတစ်ယောက်က လက်နှစ်ဖက်ကိုဆန့်တန်းပြီး ကောင်လေးရဲ့ လည်မြိုကိုညှစ်ရန်ပြေးဝင်လာခဲ့တယ်။

“ ဆရာ… ဟိုကောင်လေး ဒုက္ခရောက်တော့မယ်နော်”

သက်ခိုင်ကစိုးရိမ်မှုနဲ့ပြောလိုက်ပေမယ့် အောင်မြတ်သာကတော့ တုန်လှုပ်မှုမရှိပဲ ဒီတိုင်းရပ်ကြည့်နေခဲ့တယ်။

လည်မြိုနားကို လက်ရောက်ခါနီးအချိန်မှာတော့ ကောင်လေးရဲ့အိတ်ကပ်ထဲမှာ ရှိနေတဲ့ လက်ကောက်က ဗြုန်းဆိုခုန်ထွက်လာပြီး အောင်မြတ်သာအရှေ့ကို လိမ့်လာခဲ့တယ်။

ကောင်လေးဆီမှာ လက်ကောက်မရှိတာနဲ့ လည်ပင်းညှစ်ဖို့ဟန်ပြင်နေတဲ့လက်အစုံက ချက်ချင်းရပ်တန့်သွားပြီး အောင်မြတ်သာတို့ဘက်ကို ရုတ်ချည်းလှည့်လာခဲ့တယ်။

“ မရဏလက်ကောက် ကျိန်စာမိနေတဲ့ သင်တို့မောင်နှမတွေကို အခုချိန်ကစပြီး လူထပ်သတ်ခွင့်မပြုနိုင်တော့ဘူး…ဒီလက်ကောက်က ကျုပ်လက်ထဲရောက်နေပီမို့ ကောင်လေးကိုညို့ထားတာ ဖြတ်ပြီး အနောက်ကလိုက်လာခဲ့”

အောင်မြတ်သာက အမှောင်ထုထဲမှာရှိနေတဲ့ မောင်နှစ်မလေးယောက်ကို မရဏလက်ကောက်ပြပြီး ရွာအပြင်ဘက်ကိုမျှားခေါ်သွားခဲ့တယ်။ ရွာပြင်လဲရောက်ရော လက်ကောက်ကို မြေကြီးပေါ် ချကာ အင်းကွက်နဲ့ချုပ်ထားလိုက်တယ်။

“ ငါတို့ကိုလွှတ်ပေး….. လွှတ်ပေး…. လူမသိသူမသိသေခဲ့တဲ့အတွက် လက်စားချေရမယ်… ဒီကျိန်စာကနေ လွတ်မြောက်ဖို့အတွက် ငါတို့လူတွေထပ်သတ်ရဦးမယ်… “

“ သင်တို့ မရဏလက်ကောက်အစီအရင်ကနေလွတ်တာနဲ့ ဘယ်လမ်းကိုသွားရမလဲ မသိတာလား”

“ ငါတို့ကို လာမခြောက်နေနဲ့…. အခုချက်ချင်းလွှတ်ပေး”

“ သင်တို့ ဒီလောကမှာရှိနေတာ တကယ်အန္တရာယ်များတာပဲ…. ကောင်းပြီ သင်တို့ဆန္ဒပြည့်အောင် ကျုပ်ကူညီပေးမယ်၊ ဒါပေမယ့် ကြုံလာမယ့်အရာတွေကိုတော့ သင်တို့ရင်ဆိုင်ကြပါ”

“ ငါတို့က အသက်ရှင်စဉ်ထဲက ငရဲကိုမကြောက်လို့ အဆိုးဆုံးသောလုပ်ငန်းတွေကို လုပ်ခဲ့ကြတာ… အခုထိလဲ ငါတို့မကြောက်ဘူး…. နင် ငါတို့ကို လာပြီးမဆုံးမနေနဲ့”

အောင်မြတ်သာလဲ ဘယ်လိုမှ ဆုံးမလို့မရတော့မှန်းသိတာနဲ့ ငရဲလောင်မီးအင်းကို မရဏလက်ကောက်ပတ်ပတ်လည်မှာရေးဆွဲပြီး ဂါထာစုတ်လိုက်ရာ အလျှံညီးညီးတောက်နေတဲ့ မီးတောက်တွေဝုန်းခနဲထတောက်လာခဲ့တယ်။

အလွန်ပူပြင်းတဲ့ ငရဲမီးတောက်တွေကြောင့် သက်ခိုင်နဲ့ တောက်ရတို့တောင် အနောက်ကိုဆုတ်လိုက်ရတယ်။

ဒါပေမယ့် မရဏလက်ကောက်အစီရင်နဲ့ ချုပ်နှောင်ခံထားရတဲ့ မောင်နှစ်မလေးယောက်ကတော့ စိုးစဉ်းမှမကြောက်လန့်ပဲ မီးပုံထဲကိုတိုးဝင်လာခဲ့တယ်။

အောင်မြတ်သာကတော့ ကယ်လို့မရတဲ့သူတွေကို သနားစိတ်အနည်းငယ်မှမဝင်ပဲ ပြာမှုန်အဖြစ်ပြောင်းလဲသွားတာကို မျက်တောင်မခတ်တမ်းကြည့်နေခဲ့တယ်။

သက်ခိုင်တို့အနေနဲ့ ဆရာဖြစ်သူကို အရမ်းသနားတတ်တဲ့သူ၊ အရမ်းကြင်နာတတ်တဲ့သူအဖြစ်ပဲမြင်တွေ့ခဲ့ရပေမယ့် အခုလိုဖြစ်ရပ်မှာတော့ တကယ့်အသဲမာတဲ့သူတစ်ယောက်အဖြစ်မြင်တွေ့လိုက်ရတော့ ပါးစပ်အဟောင်းသားဖြစ်အောင်ကို အံ့ဩသွားခဲ့တယ်။

ငရဲလောင်မီးတွေက မရဏလက်ကောက်အပြင် အထဲမှာရှိနေတဲ့ဝိဉာဉ်တွေကိုပါ အစရှာမရအောင် ဝါးမြိုပစ်ခဲ့ပြီးချိန်မှာတော့ သူမဟုတ်သလို ပြန်လည်ငြှိမ်းသွားခဲ့တယ်။

အောင်မြတ်သာတို့လဲ လူတွေကိုဒုက္ခပေးနိုင်တဲ့ ပစ္စည်းကိုဖျောက်ဖျက်ပြီးချိန်မှာတော့ ဘုန်းကြီးကျောင်းကိုပြန်လာခဲ့ပြီး တစ်ညတာတည်းခိုနေထိုင်ခဲ့တယ်။ နောက်နေ့ရောက်တော့ ဆရာတော်ကိုလျောက်တင်ပြီး ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကုတင်ကို မီးရှို့ဖျက်စီးပစ်ခဲ့ကြတယ်။

မရဏလက်ကောက်ကိုဖျက်စီးပစ်နိုင်ပြီးတဲ့နောက်မှာတော့ ရွာကနေပြန်ထွက်လာခဲ့တာ ရွှေကြာပင်ရွာကိုရောက်လာခဲ့တယ်။ အဲဒီရွာမှာတော့ လူနဲ့သရဲမိတ်ဆွေဖွဲ့နေထိုင်ပြီး ရွာသားတွေကို ဒုက္ခပေးနေတဲ့သူတစ်ယောက်ရှိနေခဲ့တယ်။ ဒီအကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့် ပြဿားတစ်လမ်းသံတစ်လမ်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္မရဏလက္ေကာက္”(စ/ဆုံး)
—————————————————————–

စာေရးဆရာ -ေဇယန(ရာမည)

“ ဗြမ္း ဗြမ္း ဗြမ္း….”

လူႏွစ္ရပ္ေလာက္ျမင့္တဲ့ ေျမတြင္းေအာက္ကေန ခပ္ထုတ္ေနတဲ့ ဗြက္ေရေတြေၾကာင့္ ေဘးမွာရွိတဲ့လူေတြ ခပ္ေဝးေဝးကို ေရွာင္သြားခဲ့ၾကတယ္။

“ လွေက်ာ္ေရ…. ေရေၾကာမိပီလားေဟ့”

တြင္းႏႈတ္ခမ္းဝကေန ေအာ္ေျပာလိုက္တဲ့ လွဝင္းစကားေၾကာင့္ တြင္းထဲမွာရွိေနတဲ့ လွေက်ာ္က

“ ေရေၾကာကေတာ့ မိလုမိခင္ပဲ ဒါေပမယ့္ ေအာက္မွာ ေက်ာက္ဖ်ာတစ္ခ်ပ္ခံေနေသးတယ္။ ဒါကို ေဖာက္ႏိုင္ရင္ေတာ့ ေရေၾကာမိၿပီ…”

“ မင္းတို႔ တူ႐ြင္းေတြရေသးရဲ႕လား… ထပ္လိုရင္ ေျပာဦး”

“ အသြားထက္ထက္ တူ႐ြင္းႏွစ္ေခ်ာင္းနဲ႔ လူႏွစ္ေယာက္ထပ္လာကူပါဦး ေက်ာက္ဖ်ာက ငါ့တစ္ေယာက္အားနဲ႔ တိုးမေပါက္ဘူးကြ”

လွေက်ာ္စကားေၾကာင့္ တြင္းႏႈတ္ခမ္းေဘးမွာ အသင့္ေစာင့္ေနၾကတဲ့ ျမင့္သိန္းနဲ႔ လွဝင္းက ပုဆိုးကိုေျမာက္ေနေအာင္က်ိဳက္ၿပီး တြင္းထဲကို တြယ္ဆင္းသြားခဲ့တယ္။

“ ဒုတ္ … ဒုတ္… ဒုတ္….ခြပ္”

လူသုံးေယာက္ အတိုင္ေဖာက္ညီညီနဲ႔ တူးခ်လိုက္ရာ မိနစ္အနည္းငယ္အတြင္း ေက်ာက္ဖ်ာအေပၚေၾကာေပါက္ထြက္သြားၿပီး ၾကည္လင္တဲ့ေရပန္းတစ္ခ်ိဳ႕အေပၚကိုလွ်ံတက္လာခဲ့တယ္။

“ ေက်ာက္ဖ်ာေတာ့ေပါက္သြားၿပီေဟ့ …. အေပါက္ထပ္ခ်ဲ႕ ဖို႔လုပ္ၾက”

လွဝင္းစကားေၾကာင့္ ျမင့္သိန္းနဲ႔ လွေက်ာ္က ေက်ာက္ဖ်ာရဲ႕ေဘးႏႈတ္ခမ္းသားေတြကို တူး႐ြင္းနဲ႔ ဖဲ့ထုတ္ေနတဲ့အခ်ိန္ အထဲကေန ျဖဴေဖြးၿပီးေျပာင္ေခ်ာေနတဲ့ အ႐ိုးေခါင္းတစ္လုံးထြက္လာခဲ့တယ္။

“ လွဝင္း… ဒီမွာလာၾကည့္စမ္း… ဒါ ..ဒါ လူအ႐ိုးေခါင္းမဟုတ္လား”

“ ေအး ဟုတ္တယ္ကြ… ဆြဲတင္ၾကည့္ဦး”

လွဝင္းတို႔ ေက်ာက္ဖ်ာေအာက္မွာ ရွိေနတဲ့အ႐ိုးေခါင္းကို ဆြဲထုတ္လိုက္ရာ ေၾကမြေနတဲ့ အျခားအ႐ိုးေတြအျပင္ ဦးေခါင္းခြံသုံးလုံးထပ္ထြက္လာခဲ့တယ္။

“ ဒီေအာက္မွာ လူအ႐ိုးစုေတြ ေလးေလာင္းေတာင္ရွိေနတယ္… ဘယ္လိုလုပ္ၾကမလဲ”

“ ဘယ္လိုလုပ္ရမလဲ အေပၚဆယ္တင္ရမွာေပါ့… ေဟ့ အေပၚကလူေတြ ပိုက္ကြန္နဲ႔ႀကိဳးေတြပစ္ခ်ေပးေဟ့ ဒီေအာက္မွာ လူအ႐ိုးေတြရွိေနတယ္ဟ”

လွဝင္းေအာ္ေျပာသံေၾကာင့္ ေရတြင္းတူးတာကို ၾကည့္ေနၾကတဲ့ လူေတြက အေပၚကေန ပိုက္ကြန္နဲ႔ႀကိဳးအခ်ိဳ႕ကို ပစ္ခ်ေပးခဲ့တယ္။

“ ေသခ်ာခ်ည္ဦးဟ… အေပၚဆြဲတင္ေနတုန္း အ႐ိုးေတြက မင္းေခါင္းေပၚျပဳတ္က်ေနလို႔ ထိပ္ေပါက္ေနဦးမယ္”

လွဝင္းရဲ႕ စကားေၾကာင့္ အ႐ိုးစေတြကို ပိုက္ကြန္ထဲထည့္ေနတဲ့ ျမင့္သိန္းက ရယ္က်ဲက်ဲလုပ္ၿပီး လက္ဖ်ံ႐ိုးတစ္ခုကိုေကာက္ယူလိုက္တဲ့အခ်ိန္ လက္ဖ်ံ႐ိုးထဲမွာ ဝတ္ထားတဲ့ လက္ေကာက္တစ္ကြင္းကိုျမင္လိုက္ရတယ္။

အျခားသူေတြက သူတို႔အလုပ္နဲ႔သူတို႔ ရႈပ္ေနတာမို႔ ျမင့္သိန္းအေနနဲ႔ လက္ဖ်ံ႐ိုးမွာဝတ္ထားတဲ့ လက္ေကာက္ကို မသိမသာျဖဳတ္ယူကာ လုံခ်ည္ခါးေပါင္စထဲထိုးထည့္လိုက္တယ္။

အဲဒီေန႔က ေျမႏုကြၽန္း႐ြာမွာ ေရတြင္းတူးရင္း အေလာင္းေလးေလာင္းထြက္လာတယ္ဆိုတဲ့သတင္းက ၿမိဳ႕ေပၚအထိပ်ံ႕သြားခဲ့ၿပီး မ်က္ျမင္လာစစ္ေဆးတဲ့အဖြဲ႕ေတြပါ ေရာက္လာခဲ့ၾကတယ္။ ဒါေပမယ့္ လာစစ္ေဆးတဲ့သူေတြကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း၃၀ေလာက္ထဲက ျမဳပ္ထားတာျဖစ္တယ္လို႔ေကာက္ခ်က္ခ်ၿပီး ျပန္သြားခဲ့ၾကတယ္။
++++++

“ အတင့္… ေဟ့ အတင့္…”

ျမင့္သိန္း ေခၚသံေၾကာင့္ အိမ္ေနာက္ေဖးမွာ ထမင္းအိုးတည္ေနတဲ့ အတင့္က အျပင္ကိုထြက္လာၿပီး

“ ဘာေတြအေရးႀကီးေနလို႔ အသက္ေတာင္မရႈပဲေအာ္ေခၚေနတာလဲ”

“ နင့္ကို ျပစရာရွိလို႔ဟ… ဒီမွာၾကည့္စမ္း”

ျမင့္သိန္းက ခါးပုံစမွာထည့္ထားတဲ့ လက္ေကာက္ကိုထုတ္ျပလိုက္ေတာ့ မိန္းမျဖစ္သူ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး

“ ေ႐ႊလက္ေကာက္ပါလား… ရွင္ ဒါကိုဘယ္ကရလာတာလဲ”

“ ရႉး တိုးတိုးေျပာဟ.. မနက္ကေရတြင္းတူးရင္း ထြက္လာတဲ့ အ႐ိုးစုေတြဆီကေနရလာတာ.. ေ႐ႊခ်ိန္ကေတာ့ အေတာ္မ်ားတဲ့ပုံပဲေနာ္”

“ ရွင္ ဒီလက္ေကာက္ရတာ အျခားဘယ္သူေတြ သိေသးလဲ”

“ ဘယ္သူမွမသိဘူး … ဒါေၾကာင့္ နင္ပါးစပ္ကိုသတိထား.. ေလ်ာက္ေျပာမေနနဲ႔”

“ ေအးပါ ေအးပါ ငါလဲမေျပာပါဘူး… လက္ေကာက္က လွလိုက္တာ အထဲမွာ ေက်ာက္အနီေလးေတြေတာင္ျမဳပ္ထားပါလား… ငါတို႔ေတာ့ ပြဲၿပီထင္ပါတယ္”

“ သိပ္လဲ ဟန္မပ်က္ေနနဲ႔ဦး… ေနာက္အပတ္ေလာက္မွ ၿမိဳ႕တက္ၿပီး သြားေရာင္းၾကမယ္.. “

လင္မယားႏွစ္ေယာက္လဲ တိုင္ပင္ရင္း အေပ်ာ္လြန္ကာ ထမင္းေတာင္မစားႏိုင္ပဲ အိပ္ေပ်ာ္သြားခဲ့ၾကတယ္။

“ ရွပ္ ရွပ္ ရွပ္….”

အိပ္ေနတဲ့ျခင္ေထာင္ေအာက္ကေန တစ္ရွပ္ရွပ္နဲ႔ လမ္းေလ်ာက္ေနတဲ့အသံေၾကာင့္ အအိပ္ဆတ္တဲ့ ျမင့္သိန္း လန္႔ႏိုးလာၿပီးၾကည့္လိုက္ေတာ့ ဘယ္သူမွမရွိ။ ဒါနဲ႔ စိတ္ထဲျဖစ္တာေနမွာဆိုၿပီး ျပန္အိပ္လိုက္တယ္။ အိပ္ေပ်ာ္လုေပ်ာ္ခင္အခ်ိန္ေရာက္ေတာ့ ျခင္ေထာင္အျပင္ဘက္ကေန ေရခဲတစ္မွ်ေအးစက္တဲ့အရာတစ္ခုက လည္ပင္းကိုလာထိလို႔ ထၾကည့္လိုက္ေတာ့ ဆံပင္ဖားလ်ားခ်ထားတဲ့မိန္းမတစ္ေယာက္က ျဖဴေဖြးၿပီးေအးစက္ေနတဲ့လက္ႏွစ္ဖက္နဲ႔ လည္ပင္းကို လာညႇစ္ေနတာကိုသိလိုက္ရတယ္။

“ အဟြတ္ အဟြတ္… အတင့္… အ… အ… တင့္”

ျမင့္သိန္းလဲ ခိုင္ၿမဲေနတဲ့လက္ကိုဆြဲဖယ္ဖို႔ႀကိဳးစားရင္း မိန္းမျဖစ္သူကိုၾကည့္လိုက္ရာ သူ႔အေပၚမွာလဲ နီရဲေနတဲ့မ်က္လုံးကိုျပဴးၿပီး လ်ာတြဲေလာင္းက်ေနတဲ့ အေကာင္တစ္ေကာင္က ခြၿပီးလည္ပင္းညႇစ္ေနတာျမင္လိုက္ရတယ္။

“ အာ့ အာ့ အဟြတ္… လႊတ္စမ္း.. လႊတ္စမ္း…”

ျမင့္သိန္းရဲ႕ အသံေတြတိုးလာတာၿပီး မ်က္လုံးေတြတစ္ေျဖးေျဖးျပာေဝလာတဲ့အခ်ိန္ ရင္ဘတ္ေပၚခြၿပီး လည္ပင္းညႇစ္ေနတဲ့မိန္းမဆီကေန တိုးညႇင္းတဲ့ငိုရႈိက္သံတစ္ခ်က္ထြက္လာခဲ့တယ္။
+++++++

“ ျမင့္သိန္းေရ… ေဟ့ ျမင့္သိန္း… ဒီေကာင္ကြာ ေရတြင္းတူးဖို႔က်န္ေနပါတယ္ဆိုမွ ခုထိမထေသးဘူး”

လွဝင္းက ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာၿပီး ပိတ္ထားတဲ့တံခါးကိုတြန္းၿပီးအိမ္ထဲကိုဝင္သြားတဲ့အခ်ိန္ မ်က္လုံးျပဴး၊ လ်ာထြက္ၿပီး ေသဆုံးေနတဲ့ လင္မယားႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။ သူတို႔ရဲ႕အလယ္မွာေတာ့ ဝင္းအိေနတဲ့ေ႐ႊသားလက္ေကာက္တစ္ကြင္းက အထင္းသားက်ေနခဲ့တယ္။

လွဝင္းလဲ ႐ုတ္တရက္မို႔ေၾကာက္လန္႔သြားၿပီး ေအာ္ဖို႔အလုပ္ လင္မယားႏွစ္ေယာက္ၾကားမွာက်ေနတဲ့ ေ႐ႊလက္ေကာက္ကိုသတိထားမိၿပီး ဖ်တ္ခနဲလွမ္းယူကာ အိမ္ေအာက္ကိုေျပးဆင္းသြားခဲ့တယ္။

ျမင့္သိန္းတို႔လင္မယား ႐ုတ္တရက္ေသဆုံးေနတဲ့ သတင္းက အခ်ိန္ခဏေလးအတြင္း တစ္႐ြာလုံးပ်ံ႕ႏွံ႔သြားခဲ့ၿပီး အိမ္ေရွ႕မွာလဲလူေတြ စုၿပဳံေနခဲ့တယ္။ မြန္းတည့္ခ်ိန္ေလာက္ေရာက္ေတာ့ ႐ြာလူႀကီးနဲ႔အတူ အမႈစစ္ပလိပ္ေတြပါလာၿပီး အေလာင္းကို စစ္ေဆးဖို႔ၿမိဳ႕ကိုယူသြားခဲ့ၾကတယ္။
+++++
“ ျမင့္သိန္း သူငယ္ခ်င္းရာ… ငါဘယ္လိုေျဖသိမ့္ရမလဲ၊ မေန႔ကမွ မင္းနဲ႔ငါေတြ႕ခဲ့ၾကတာေလ… အခုေတာ့ မင္း ငါ့ကိုထားသြားပီေပါ့”

အရက္ဆိုင္ထဲမွာ အမူးလြန္ၿပီး ငိုေနတဲ့ လွဝင္းကို အျခားအရက္သမားေတြက သနားတဲ့မ်က္လုံးေတြနဲ႔ၾကည့္ၿပီး

“ လွဝင္းရာ ငါတို႔လဲ မင္းလိုပဲ စိတ္မေကာင္းျဖစ္မိတာပဲ… မင္း ငိုေနလို႔လဲ ေသသူက ျပန္ရွင္လာတာမွမဟုတ္တာ”

“ ဟုတ္သားပဲ လွဝင္းရာ… ျမင့္သိန္းကိုဘယ္သူသတ္လဲဆိုတာ သိတဲ့ေန႔အထိ မင္းသည္းခံရမယ္ေလ”

“ ဟုတ္ပါတယ္ ကိုႀကီးျမေသာ္ရာ… က်ဳပ္ စိတ္မေကာင္းျဖစ္မိလို႔ပါ…ေအ့… က်ဳပ္ဘယ္ေလာက္ေသာက္ထားလဲ စာရင္းလုပ္ေပးဦး”

“ အဲဒါကအေရးမႀကီးပါဘူး… မင္းလဲေသာက္ထားတာမ်ားေနၿပီဆိုေတာ့ အိမ္ကိုျပန္လိုက္ဦး၊ အရက္ဖိုးက ေနာက္ေန႔မွရွင္းေတာ့”

ဆိုင္ပိုင္ရွင္စကားေၾကာင့္ အမူးလြန္ေနတဲ့ လွဝင္းက ပုဆိုးကို ဒယီးဒယိုင္ဝတ္လိုက္ၿပီး အိမ္ဘက္ကိုျပန္လာခဲ့လိုက္တယ္။

“ ျမင့္သိန္း… မင္းကြာ… ေသတာေတာင္ ငါ့အတြက္ လက္ေဆာင္ခ်န္ခဲ့ရတယ္လို႔ အဟက္အဟက္… “

လွဝင္းက ပုဆိုးေအာက္မွာ သားရည္ကြင္းနဲ႔ခ်ည္ထားတဲ့ လက္ေကာက္ကိုစမ္းရင္း အိမ္ရွိရာဘက္ကိုထြက္လာခဲ့လိုက္တယ္။

“ ရွပ္ ရွပ္ ရွပ္…”

ေက်ာအေနာက္ဘက္ကေန ထြက္လာတဲ့ ေျခသံေၾကာင့္ အမူးလြန္ေနတဲ့လွဝင္း ဖ်တ္ခနဲလွည့္ၾကည့္လိုက္ၿပီး

“ အေနာက္မွာ ဘယ္သူလဲကြ… ေအ့.. ခိုးေၾကာင္ခိုးဝွက္ေတာ့ မလိုက္လာနဲ႔ေနာ္… လွဝင္းမွာေပးစရာဆိုလို႔ ေဟာဒီပုဆိုးတစ္ကြင္းပဲရွိတယ္…ေအ့”

မူးမူးနဲ႔ေပါက္ကရေတြေျပာရင္း ဆက္ေလ်ာက္လာခဲ့ရာ ကုကၠိဳတန္းအေက်ာ္လဲေရာက္ေရာ အရမ္းျပင္းတဲ့အပုတ္နံ႔က ႏွာေခါင္းထဲကို စူးခနဲဝင္လာခဲ့တယ္။

“ ထြီ… ဘယ္ေခြးေတြမ်ားေသေနပါလိမ့္ နံလိုက္တာကြာ”

“ အဟင့္….”

“ ဟင္ ဘာသံႀကီးလဲဟ…”

ေဘးနားကေန ငိုရႈိက္သံတစ္ခ်က္ကို ပီျပင္စြာၾကားလိုက္ရေတာ့ လွဝင္းတစ္ကိုယ္လုံးမွာရွိတဲ့ ၾကက္သီးေမႊးညႇင္းေတြ ဆတ္ခနဲေထာင္တက္လာခဲ့တယ္။

“ ဘယ္သူလဲ… “

“ အီး အီး အီး.. အဟင့္”

ဒီတစ္ခါေတာ့ လွဝင္း နားၾကားမမွားေတာ့ဘူးဆိုတာ သိလိုက္ၿပီး ေသာက္ထားတဲ့အရက္ရွိန္ေတြပါေပ်ာက္လုဆဲဆဲျဖစ္ခဲ့ရတယ္။

“ ဘယ္သူလဲ အနားကပ္မလာနဲ႔ေနာ္… ငါ့အနားမလာနဲ႔ေနာ္”

ေၾကာက္လန္႔တစ္ၾကားေအာ္ဟစ္ရင္း ထြက္ေျပးဖို႔အလုပ္ ေနာက္ေက်ာဘက္ကေန ေအးစက္တဲ့လက္တစ္ဖက္က လည္ပင္းကို ဆုပ္ကိုင္ထားတာ ခံစားလိုက္ရတယ္။

“ အဟီးဟီး… ဟင့္ ဟင့္”

လွဝင္းလဲ ေက်ာဘက္ကေန ကပ္ၿပီးထြက္လာတဲ့အသံေၾကာင့္ ေခါင္းကိုလွည့္ၾကည့္လိုက္ရာ ေသြးမရွိလို႔ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာနဲ႔ မ်က္မတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ေအာင္မေလး… သရဲ သရဲ… “

ငယ္သံပါေအာင္ ေအာ္လိုက္တဲ့ လွဝင္းအသံေၾကာင့္ အနီးနားမွာေနတဲ့သူေတြႏိုးလာၿပီး လာၾကည့္ေတာ့ ဖုန္ေတြၾကားထဲမွာ ပါးစပ္ထဲကအျမဳပ္ေတြထြက္ၿပီး သတိလစ္ေနတဲ့ လွဝင္းကိုျမင္လိုက္ရတယ္။

“ ျမတ္ထြန္း… မင္းအိမ္ကေန လုံခ်ည္နဲ႔ ဝါးလုံးႏွစ္လုံး အျမန္သြားယူလာခဲ့… လွဝင္းကို ေဆးမႉးဆီပို႔မွျဖစ္မယ္”

အဖိုးသန္းေအာင္စကားေၾကာင့္ ျမတ္ထြန္း ကမန္းကတမ္း အိမ္ဘက္ကိုေျပးသြားၿပီး လုံခ်ည္နဲ႔ဝါးလုံးႏွစ္လုံးယူခ်လာခဲ့တယ္။

“ ေအး ဟုတ္ၿပီ ဝါးလုံးကိုလုံခ်ည္ထဲထည့္ၿပီး ထမ္းစင္လိုလုပ္လိုက္… ၊ ေအာင္ေဘာ္နဲ႔ ျမတ္ထြန္းက လူငယ္ေတြဆိုေတာ့ လွဝင္းကိုထမ္းဖို႔တာဝန္ယူ… ငါတို႔ကေရွ႕ကေန မီးျပေပးမယ္”

အဖိုးသန္းေအာင္က အ႐ြယ္နဲ႔မလိုက္ေအာင္ လႈပ္ရွားရင္း လွဝင္းကို ေဆးမႉးေနတဲ့အိမ္ကိုေခၚသြားခဲ့တယ္။ ျမတ္ထြန္းလဲ ထမ္းစင္ကိုအေနာက္ကေန ထမ္းၿပီးသြားေနတဲ့အခ်ိန္ လွဝင္းလုံခ်ည္မွာ စည္းထားတဲ့ သားေရပင္းက ႐ုတ္တရက္ျပတ္ထြက္ၿပီး အထဲကေန လက္ေကာက္တစ္ကြင္းထြက္လာတာကိုျမင္လိုက္ရတယ္။

ျမတ္ထြန္းလဲ လက္ေကာက္ကို ျမင္ေတာ့ ကိုလွဝင္း သတိျပန္ရလာရင္ေပးမယ္ဆိုတဲ့စိတ္နဲ႔ေကာက္ယူကာ အိတ္ကပ္ထဲထည့္ထားလိုက္တယ္။ ဒီလိုနဲ႔ ေဆးမႉးအိမ္ကိုေရာက္ဖို႔ ႏွစ္ဖာလုံေလာက္အလိုမွာေတာ့ ထမ္းစင္ကသိသိသာသာေလးလံလာခဲ့တယ္။

“ ေအာင္ေဘာ္ မင္း ေသခ်ာထမ္းရဲ႕လား … အေခ်ာင္ခိုေနတာမဟုတ္ပါဘူးေနာ္”

“ ငါလဲမင္းကိုေမးမလို႔ပဲ… ထမ္းစင္က တစ္ေျဖးေျဖး ေလးလာလို႔ ငါ့ပခုံးေတာင္က်ိမ္းေနၿပီ”

ျမတ္ထြန္းတို႔လဲ ေရာက္ခါနီးဆိုေတာ့ အံႀကိတ္ၿပီးထမ္းပိုးေနတဲ့အခ်ိန္ လွဝင္းဆီကေန ငယ္သံပါေအာင္ေအာ္တဲ့ အသံတစ္ခ်က္ထြက္လာၿပီး ၿငိမ္သက္သြားခဲ့တယ္။

လွဝင္းဆီကအသံမထြက္လာတဲ့အတြက္ ထမ္းစင္ကိုခ်ၿပီးၾကည့္လိုက္ရာ မ်က္လုံးျပဴးၿပီး ေၾကာက္လန္႔ေနတဲ့မ်က္ႏွာနဲ႔ ေသဆုံးေနတာကိုျမင္လိုက္ရတယ္။

ျမတ္ထြန္းလဲ သူ႔အေရွ႕မွာ ႐ုတ္တရက္ေသဆုံးသြားတဲ့ ကိုလွဝင္းအေလာင္းကို ေဆးမႉးဆီေရာက္ေအာင္ပို႔ေပးၿပီး အိမ္ကိုျပန္လာခဲ့လိုက္တယ္။ ျမတ္ထြန္းစိတ္ထဲမွာေတာ့ မနက္က်ရင္ ကိုလွဝင္းနာေရးကို ကူညီရမယ္ဆိုတဲ့အေတြးကသာစိုးမိုးေနတဲ့အတြက္ အိတ္ကပ္ထဲထည့္ထားတဲ့ လက္ေကာက္အေၾကာင္းကို လုံးဝသတိေမ့ေနခဲ့တယ္။

အိမ္ျပန္ေရာက္ေတာ့ ျမတ္ထြန္းက ေျခလက္ေဆးၿပီး မိခင္ျဖစ္သူျပင္ထားေပးတဲ့ ထမင္းကိုစားကာ အိပ္ယာဝင္ခဲ့လိုက္တယ္။

“ ဟိုေကာင္ေလး ထစမ္း ထစမ္း… “

အိမ္ေရွ႕ကေန ေအာ္ႏႈိးေနတဲ့အသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ျမတ္ထြန္းတစ္ေယာက္ လန္႔ႏိုးလာၿပီး ျပဴတင္းကိုၾကည့္လိုက္ရာ ဆံပင္ဖားလ်ားခ်ထားၿပီး ေက်ာေပးထားတဲ့ မိန္းမသုံးေယာက္ကိုျမင္လိုက္ရတယ္။ သူတို႔အေနာက္မွာေတာ့ တစ္ကိုယ္လုံးေသြးေတြေပက်ံေနတဲ့ ေယာက်ၤားတစ္ေယာက္က ခါးေထာက္ၿပီးရပ္ေနခဲ့တယ္။

ျမတ္ထြန္းလဲ သူတို႔ေခၚေနတာကို မလြန္ဆန္ႏိုင္ပဲ အိမ္ေပၚကေနဆင္းလာတဲ့အခ်ိန္ ရပ္ေနတဲ့လူေလးေယာက္က

“ မလာနဲ႔ မလာနဲ႔ သြား…. ေအာက္ကိုမဆင္းလာနဲ႔” လို႔ေအာ္ၿပီး အေမွာင္ထဲကိုေျပးဝင္သြားခဲ့တယ္။

အဲဒီမွာ ျမတ္ထြန္းလန္႔ႏိုးလာၿပီး အိပ္ယာေဘးကထရံေပါက္ကိုေခ်ာင္းၾကည့္လိုက္ရာ အေမွာင္ထုထဲကေန ေခ်ာင္းၾကည့္ေနတဲ့ မ်က္လုံးနီနီေတြကိုျမင္လိုက္ရတယ္။

ေနာက္ေန႔မနက္ေရာက္ေတာ့ ႐ြာထဲမွာစု႐ုံးစု႐ုံးျဖစ္ေနတဲ့အတြက္ သြားၾကည့္ရာ ႐ြာဦးဆရာေတာ္နဲ႔ ႐ြာလူႀကီးေတြစု႐ုံးၿပီး စကားေျပာေနတာကိုျမင္လိုက္ရတယ္။

ျမတ္ထြန္းလဲ ေဘးမွာရွိေနတဲ့ ကိုတက္ပုကို လက္တို႔ၿပီး

“ ကိုတက္ပု ဆရာေတာ္တို႔ဘာအေၾကာင္းေျပာေနၾကတာလဲ… ခဏေန ကိုလွဝင္း အသုဘပို႔ရေတာ့မွာမဟုတ္လား”

“ ဟုတ္တယ္ေလ… ဒါေပမယ့္ ႐ြာမွာျဖစ္ေနတဲ့ ကိစၥက သာမန္မဟုတ္ဘူးဆိုတာ မင္းသတိထားမိလား၊ အခု ဆရာေတာ္နဲ႔ တိုင္ပင္ေနတာကလဲ အဲဒီကိစၥပဲ”

“ ႐ြာမွာ ႏွစ္ရက္အတြင္း လူသုံးေယာက္ေတာင္ေသတာေနာ္၊ ေသတဲ့သူေတြကလဲ သန္သန္မာမာႀကီးေတြ…က်ဳပ္က ငယ္ေတာ့ ဘာေၾကာင့္ျဖစ္တယ္ဆိုတာ သိပ္မေတြးတတ္ဘူး”

“ ဆရာေတာ္ေျပာတာကေတာ့ ဒီကိစၥေတြရဲ႕ အရင္းျမစ္ကိုရွာမေတြ႕မခ်င္း အခုလိုပဲ ျဖစ္ေနႏိုင္တယ္တဲ့… ဒီေန႔လည္အသုဘပို႔ၿပီးတာနဲ႔ တစ္႐ြာလုံးပရိတ္ပဌာန္းေတြ႐ြတ္ဖတ္ၿပီး ကမၼဝါညႇပ္မယ္လို႔လဲေျပာေနတယ္”

“ ေကာင္းတာေပါ့ ဒါမွ႐ြာလဲ သန႔္သြားမွာ…ၿပီးေတာ့ မေကာင္းတဲ့ အရာေတြလဲ အေဝးကိုထြက္ေျပးသြားၾကမွာ .. ေကာင္းတယ္ ေကာင္းတယ္ က်ဳပ္ကေတာ့ အားေပးတယ္”

ျမတ္ထြန္းက ၿပဳံး႐ႊင္တဲ့မ်က္ႏွာနဲ႔ ေျပာရင္း လူႀကီးေတြစကားဝိုင္းေဘးမွာ နားေထာင္ေနခဲ့တယ္။ ေန႔လည္ ကိုလွဝင္းအသုဘေျမခ်ၿပီးခ်ိန္မွာေတာ့ တစ္႐ြာလုံးမွာရွိတဲ့ အိမ္ေတြကေန ပရိတ္အိုး ပရိတ္ခ်ည္ ပရိတ္ပန္းေတြ ယူလာၿပီး ႐ြာလုံးကြၽတ္ပရိတ္႐ြတ္ဖတ္ခဲ့တယ္။ အဲဒီအခ်ိန္ တရားပြဲရဲ႕ေနာက္ဆုံးေနရာကို လူသုံးေယာက္ဝင္လာခဲ့ၿပီး ပရိတ္႐ြတ္ဖတ္ၿပီးတဲ့အထိ ၿငိမ္သက္စြာနာယူခဲ့ၾကတာကို ဘယ္သူမွသတိမထားမိခဲ့ၾကဘူး။

ပရိတ္႐ြတ္ပြဲၿပီးေတာ့ ဆရာေတာ္လဲ ေက်ာင္းျပန္ကာေရေႏြးၾကမ္းေသာက္ေနတဲ့အခ်ိန္ ကပၸိယႀကီးေရာက္လာၿပီး

“ လူငယ္သုံးေယာက္က ဆရာေတာ္နဲ႔ေတြ႕ခ်င္တယ္ဆိုၿပီး ခြင့္ေတာင္းေနလို႔ လာေလ်ာက္တာပါဘုရား”

“ ေဟ ႐ြာထဲက ဘယ္သူေတြမ်ားလဲ”

“ သူတို႔ကိုေတာ့ ႐ြာထဲမွာမျမင္ဖူးပါဘူးဘုရား… တပည့္ေတာ္စိတ္ထင္ ဧည့္သည္ေတြျဖစ္မယ္ထင္ပါတယ္”

“ ဒါျဖင့္လဲ ေက်ာင္းေပၚကို တက္လာခဲ့ခိုင္းလိုက္ေလ”

“ တင္ပါ့ဘုရား တပည့္ေတာ္ လႊတ္ေပးလိုက္ပါမယ္”

ကပၸိယႀကီးေက်ာင္းေအာက္ဆင္းသြားၿပီး မၾကာခင္မွာပဲ ေယာဂီဝတ္စုံဝတ္ထားတဲ့လူငယ္သုံးေယာက္ ေက်ာင္းေပၚကိုတက္လာခဲ့တယ္။

“ ေရာက္လာၾကပီလားကြယ့္… ထိုင္ၾက ထိုင္ၾက”

ဆရာေတာ္ရဲ႕စကားေၾကာင့္ လူငယ္သုံးေယာက္က လြတ္ေနတဲ့ေနရာမွာဝင္ထိုင္လိုက္ၿပီး ဘုရားကို ဦးခ်လိုက္တယ္။ ၿပီးေတာ့မွ ဆရာေတာ္ဘက္ကိုလွည့္ၿပီး လက္အုပ္ခ်ီကာ

“ တပည့္ေတာ္တို႔က ေလာကီပညာရပ္ေတြကို လိုက္စားေနတဲ့သူေတြပါဘုရား… ဦးဆုံးမိတ္ဆက္ရရင္ေတာ့ တပည့္ေတာ္နာမည္က ေအာင္ျမတ္သာလို႔ေခၚပါတယ္၊ သူတို႔ႏွစ္ေယာက္ကေတာ့ သက္ခိုင္နဲ႔ ေတာက္ရပါ”

“ ဥဴးဇင္းလဲ ဒကာတို႔ကိုျမင္တာနဲ႔ ေလာကီဆရာေတြမွန္းရိပ္မိပါတယ္…. အခု ေက်ာင္းကိုလာတာ ဘာအေရးကိစၥမ်ားရွိလို႔ပါလဲ”

“ တပည့္ေတာ္တို႔ ႐ြာကေနျဖတ္သြားတဲ့အခ်ိန္ ႐ြာထဲကေန အျပင္ကို ထြက္ေျပးလာတဲ့ မိန္းမသုံးေယာက္နဲ႔ေယာက်ၤားတစ္ေယာက္ကိုျမင္ခဲ့ရပါတယ္။ဒါေၾကာင့္ ႐ြာထဲမွာ ဘာမ်ားလုပ္ေနလဲဆိုၿပီး ဝင္ၾကည့္ေတာ့ ဆရာေတာ္ဘုရားတို႔ ပရိတ္႐ြတ္ဖတ္ေနတာကို ျမင္ေတြ႕ခဲ့တယ္။ ဒါေၾကာင့္ ပရိတ္႐ြတ္ၿပီးတာနဲ႔ ဆရာေတာ္ဘုရားဆီ အက်ိဳးအေၾကာင္းစုံစမ္းဖို႔လာခဲ့တာပါဘုရား”

“ ဒကာတို႔က ေလာကီပညာရပ္မွာ တယ္အားေကာင္းၾကသကိုး… အခု ဥဴးဇင္းတို႔႐ြာမွာ ျဖစ္ပ်က္ေနတဲ့အေၾကာင္းအရာေတြကို အက်ဥ္းခ်ဳံးေျပာျပေပးပါမယ္”

ဆရာေတာ္လဲ ေအာင္ျမတ္သာတို႔ကို ျဖစ္စဥ္အက်ဥ္းခ်ဳံးေျပာျပလိုက္ၿပီးတဲ့အခ်ိန္

“ ဒါဆိုရင္ ႐ြာမွာျဖစ္ေနတဲ့ ျဖစ္စဥ္ေတြက ေရတြင္းတူးစဥ္ ထြက္လာတဲ့ လူအ႐ိုးေတြနဲ႔မ်ားသက္ဆိုင္ေနမယ္ထင္ပါတယ္ဘုရား”

“ ဒကာတို႔ေျပာသလို ဥဴးဇင္းလဲ စဥ္းစားမိတယ္… ဒါေပမယ့္ ဒီကိစၥရပ္ေတြကို ေျဖရွင္းရင္ ဥဴးဇင္းတို႔လို ဝိပႆနာလမ္းက်င့္သုံးတဲ့သူေတြအဖို႔ အာပတ္သင့္ေစတဲ့ကိစၥရပ္ျဖစ္ေစမွာ မလြဲဘူးကြယ့္”

“ တင္ပါဘုရား… အရွင္ဘုရားခြင့္ျပဳမယ္ဆိုရင္ ဒီျဖစ္ရပ္ရဲ႕ အဓိကဇစ္ျမစ္ကို တပည့္ေတာ္တို႔ရွာေဖြေဖာ္ထုတ္ေပးခ်င္ပါတယ္”

“ ဒကာတို႔ လုပ္ခ်င္သပဆိုလဲ ဥဴးဇင္းမွာတားပိုင္ခြင့္မရွိပါဘူး… အျခားသိခ်င္တာရွိရင္ေတာ့ ေက်ာင္းက ကပၸိယႀကီးကိုေမးလို႔ရပါတယ္”

“ ေက်းဇူးတင္ပါတယ္ဘုရား… တပည့္ေတာ္တို႔ ဒီေက်ာင္းမွာ ရက္အနည္းငယ္ေနဖို႔အတြက္ ခြင့္ေတာင္းပါတယ္ဘုရား”

ေအာင္ျမတ္သာစကားအဆုံးမွာ ဆရာေတာ္က ကပၸိယႀကီးကိုလွမ္းေခၚၿပီး

“ ကပၸိယႀကီးက ဒီက ဒကာေတြ ေနထိုင္ဖို႔ စီစဥ္ေပးလိုက္ပါ.. ေနာက္ၿပီး သူတို႔သိခ်င္တာေတြ ျဖစ္ခ်င္တာေတြ ကူညီေပးလိုက္ပါဦး”

“တင္ပါဘုရား တပည့္ေတာ္ ကူညီေပးလိုက္ပါမယ္… ေအာ္ လူေလးတို႔ေနရမယ့္အေဆာင္ လိုက္ျပေပးဦးမယ္၊ လိုက္ခဲ့ၾက”

ေအာင္ျမတ္သာတို႔လဲ ဆရာေတာ္ကို ကန္ေတာ့ၿပီး ကပၸိယႀကီးေခၚတဲ့ေနာက္ကိုလိုက္သြားခဲ့တယ္။

“ ဒီအေဆာင္က ဧည့္သည္ေတြလာရင္ တည္းဖို႔ေဆာက္ထားတာပဲ ေခါင္းအုံးေတြ ေစာင္ေတြ ဖ်ာေတြလဲအသင့္ရွိတာမို႔ လိုအပ္သလိုယူသုံးၾကေနာ္”

“ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ဦးႀကီးလဲ လုပ္စရာရွိတာ လုပ္ပါ “

“ ေအး ေအး တစ္ခုခုလိုအပ္ရင္ အခ်ိန္မေ႐ြး လာေျပာေနာ္”

ကပၸိယႀကီး ႏႈတ္ဆက္ၿပီး ထြက္သြားတဲ့အခ်ိန္ ေအာင္ျမတ္သာက

“ ဘုန္းႀကီးေက်ာင္းဆိုေတာ့ မကြၽတ္လြတ္တဲ့နာနာဘာဝေတြ အမ်ားသားပဲ … သူတို႔က ကိုယ့္ကိုမေႏွာက္ယွက္သေ႐ြ႕ ဘာမွမလုပ္ၾကပါနဲ႔”

“ ဆရာ ေျပာတာေနာက္က်ေနပီ ဟိုးထုပ္တန္းေပၚမွာ ထိုင္ေနတဲ့ေကာင္က ကြၽန္ေတာ္တို႔ကို ဘုၾကည့္ၾကည့္ေနတယ္”

သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာအေပၚကို ေမာ့ၾကည့္လိုက္ရာ လုံခ်ည္အစုတ္တစ္ထည္သာပါတဲ့ မဲမဲက်ဳတ္က်ဳတ္ေယာက်ၤားတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ေဟ့လူေတြ ခင္ဗ်ားတို႔ က်ဳပ္ကုတင္ေပၚ တက္မအိပ္ၾကနဲ႔ေနာ္…”

ထုပ္တန္းေပၚမွာထိုင္ၿပီး က်ိဳးက်လာဆဲဆဲျဖစ္ေနတဲ့ ကုတင္ကိုလက္ညိဳးထိုးကာေျပာတဲ့အသံေၾကာင့္ ေအာင္ျမတ္သာက

“ သင္က ဒီကုတင္ကိုစိတ္စြဲၿပီး မကြၽတ္တဲ့ပုဂၢိဳလ္ပဲျဖစ္ရမယ္… စိတ္ခ်ဗ် က်ဳပ္တို႔လဲ ခင္ဗ်ားကုတင္ေပၚမအိပ္ပါဘူး” လို႔ေျပာလိုက္ေတာ့မွ ထုပ္တန္းေပၚကေနေပ်ာက္ကြယ္သြားခဲ့တယ္။

“ ဆရာ သူက ကုတင္ကိုစြဲၿပီး မကြၽတ္ႏိုင္တာဆိုေတာ့ ဒီကုတင္မရွိေတာ့ရင္ ကြၽတ္ႏိုင္တာေပါ့ေနာ္”

“ တကယ္ေတာ့ အခ်ိဳ႕လူေတြရဲ႕အယူေတြကလုံးဝမွားေနတယ္။ မိသားစုေဆြမ်ိဳးေတြက ေသဆုံးသူကုသိုလ္ရပါေစဆိုတဲ့စိတ္နဲ႔ ေသသူသုံးခဲ့တဲ့ပစၥည္းေတြကို ဘုန္းႀကီးေက်ာင္းေတြ ဇရပ္ေတြမွာလာလႉၾကတယ္။ ေသဆုံးသူဟာ ဘယ္အရာကိုစိတ္စြဲေနတယ္ဆိုတာ သူတို႔မသိၾကဘူး… ဒီလိုအျဖစ္ေတြေၾကာင့္ ေသသူဟာ မကြၽတ္လြတ္ႏိုင္ပဲ စြဲေနတာေပါ့”

“ ကြၽန္ေတာ္တို႔လဲ အခုကိစၥၿပီးရင္ ဒီပုဂၢိဳလ္ကို ကြၽတ္ေအာင္လုပ္ေပးပါဦးမယ္”

“ ေလာေလာဆယ္ ငါတို႔႐ြာထဲမွာျဖစ္ေနတဲ့ ျပႆနာဇစ္ျမစ္ကိုသိဖို႔ ႐ြာေတာ္ရွင္နတ္ကြန္းကိုသြားၾကရေအာင္”

ေအာင္ျမတ္သာတို႔ ဘုန္းႀကီးေက်ာင္းကေန ထြက္လာၿပီး ႐ြာေတာ္ရွင္နတ္ကြန္းကိုေရာက္တဲ့အခ်ိန္မွာေတာ့ အနည္းငယ္ေမွာင္စပ်ိဳးေနတာကိုသတိထားမိခဲ့တယ္။

“ ႐ြာကလူေတြ ပူေဇာ္ထားတဲ့ ဖေယာင္တိုင္နဲ႔အေမႊးတိုင္ေတြက မနည္းမေနာပါလား”

ေတာက္ရက နတ္ကြန္းမွာ ပူေဇာ္ထားတဲ့အရာေတြကိုၾကည့္ၿပီးေျပာလိုက္ေတာ့ သက္ခိုင္က

“ ႐ြာေတာ္ရွင္က သူ႔႐ြာထဲ ဘာျဖစ္ေနတယ္ဆိုတာ သိေရာသိပါ့မလား”လို႔ေျပာလိုက္တဲ့အခ်ိန္ နတ္ကြန္းအေနာက္ဘက္ကေန ဖ်င္ၾကမ္းပုဆိုးနဲ႔ ဖ်င္ၾကမ္းအက်ႌကိုဝတ္ထားတဲ့ အဖိုးအိုတစ္ေယာက္ထြက္လာၿပီး

“ ဆရာတို႔ ႐ြာထဲစဝင္ထဲက က်ဳပ္ဆီေရာက္လာေတာ့မယ္ဆိုတာ ႀကိဳသိေနလို႔ ေစာင့္ေနတာ… အခုေရာက္လာေတာ့လဲ က်ဳပ္ကိုေျပာေနတာမ်ား ရစရာကိုမရွိဘူး”

“ အဲလိုလဲမဟုတ္ပါဘူး အဖိုးရာ… က်ဳပ္တပည့္ေတြက စတတ္ေနာက္တတ္ၾကတာပါ.. “

ေအာင္ျမတ္သာ ဝင္ၿပီးေခ်ာ့လိုက္ေတာ့မွ အဖိုးအိုရဲ႕မ်က္ႏွာ ေပ်ာ့သြားၿပီး

“ ဆရာတို႔ ဘာသိခ်င္လဲ … က်ဳပ္ကိုေမးလို႔ရပါတယ္”

“ က်ဳပ္တို႔သိခ်င္တာက ႐ြာကလူေတြကို ဘယ္သူသတ္ေနတာလဲ… ဒါမ်ိဳးက ႐ြာေတာ္ရွင္ကို ေက်ာ္ၿပီးမွလုပ္လို႔ရတာဆိုေတာ့ က်ဴးလြန္သူေတြရဲ႕ အဆင့္ကိုသိဖို႔လိုတယ္”

“ ဆရာတို႔ေျပာတာ ဟုတ္တယ္… အခု လူေတြေသရတာလဲ မရဏလက္ေကာက္ကိုေစာင့္တဲ့သူေတြေၾကာင့္ပဲ”

“ မရဏလက္ေကာက္ ဆိုတာ ဘာကိုေျပာတာလဲ…”

“ လြန္ခဲ့တဲ့ ႏွစ္ေပါင္းငါးဆယ္ေလာက္က ဒီေဒသမွာ အလြန္အစြမ္းထက္တဲ့ ေလာကီဆရာတစ္ေယာက္ရွိခဲ့ဖူးတယ္။ သူက လူေတြကို ကူညီေပမယ့္ သူ႔သားသမီးသုံးေယာက္ကေတာ့ ဖခင္ျဖစ္သူရဲ႕ စိတ္ကိုလုံးဝသေဘာမက်ခဲ့ဘူး။ ဒီလိုနဲ႔ ဖခင္ဆီက ပညာေတြကိုသင္ယူၿပီး လူေတြကိုစိတ္ႀကိဳက္ဒုကၡေပးေတာ့တာပဲ… ဒါကို ဖခင္ျဖစ္သူဆီမွာ ပညာသင္သြားတဲ့ တပည့္တစ္ေယာက္က မရဏလက္ေကာက္အစီအရင္ကိုသုံးၿပီး သူတို႔ေလးေယာက္ကို ပညာေပးဖို႔ အႀကံေပးခဲ့ေပမယ့္ ဖခင္ဆိုေတာ့ ဘယ္လုပ္ရက္ပါ့မလဲ…အဲဒီမွာ အႀကံေပးတဲ့သူကို ဒုကၡေပးဖို႔ႀကိဳးစားရာကေန သူတို႔အသက္ပါေပးလိုက္ရတာပဲ… “

“ ဒါဆိုရင္ သူတို႔ဒုကၡေပးဖို႔ႀကိဳးစားတဲ့သူကပဲ မရဏလက္ေကာက္အစီအရင္နဲ႔ သူတို႔ကိုျပန္သတ္ခဲ့တာေပါ့”

“ ဟုတ္တယ္ ဆရာ… အဲဒီလူက ေမြးရာပါ ေအာက္လမ္းအတတ္ကိုတတ္ထားေပမယ့္ လူေတြကိုဒုကၡမေပးဖို႔ သစၥာဆိုထားခဲ့တယ္။ ဒါေပမယ့္ သူ႔ကို ဒုကၡလာေပးဖို႔ႀကံတဲ့သူေတြကိုေတာ့ ဆိုထားတဲ့သစၥာကိုခ်ိဳးေဖာက္ၿပီး ေလးေယာက္လုံးကို သတ္ပစ္ခဲ့တာ။ သတ္ပီးတာနဲ႔ သူတို႔ရဲ႕ဝိဥာဥ္ကိုမကြၽတ္လြတ္ေအာင္ လက္ေကာက္ထဲထည့္ပိတ္ၿပီး ျမဳပ္ထားခဲ့ေသးတယ္”

“ ဒါဆိုရင္ သူတို႔က ေျမေအာက္မွာခ်ဳပ္ထားခံရာကေန လြတ္ေျမာက္ခဲ့တာေပါ့”

“ လြတ္ေျမာက္တယ္ဆိုေပမယ့္ အျပည့္အဝမလြတ္ေျမာက္ေသးဘူး… က်ိန္စာတိုက္တဲ့သူက လက္ေကာက္က်ိန္စာကလြတ္ဖို႔ဆိုရင္ လူငါးေယာက္ကိုထပ္သတ္ဖို႔ ထည့္သြင္းခဲ့ေသးတယ္။ တကယ္ေတာ့ သူတို႔ကိုငရဲကေနမတက္ႏိုင္ေအာင္ တမင္ကိုဖန္တီးခဲ့တာပဲ။ သူတို႔လက္ေကာက္က်ိန္စာကေနလြတ္တာနဲ႔ ငရဲတန္းက်မွာ၊ ဒါကိုသူတို႔မသိေတာ့ က်ိန္စာကေနလြတ္ဖို႔ လူေတြထပ္သတ္ေနခဲ့တာပဲ”

“ အခု လက္ေကာက္က ဘယ္သူ႔ဆီမွာရွိေနတာလဲဆိုတာ အဖိုးသိထားလား”

“ လက္ေကာက္က ကုကၠိဳတန္းအေက်ာ္မွာေနတဲ့ ေကာင္ေလးတစ္ေယာက္ဆီမွာရွိေနတယ္… ေကာင္ေလးရဲ႕ လက္ေမာင္းမွာ သူ႔အဘိုးစီရင္ေပးခဲ့တဲ့ အေဆာင္လက္ဖြဲ႕ရွိေနလို႔ ဟိုေလးေယာက္အနားကပ္မရဘူးျဖစ္ေနတယ္”

“ ဒါျဖင့္ အခ်ိန္မွီေသးတာပဲ … က်ဳပ္တို႔ကိုခြင့္ျပဳဦး”

ေအာင္ျမတ္သာက ႐ြာေတာ္ရွင္အဖိုးကို ႏႈတ္ဆက္ၿပီး လွမ္းျမင္ေနရတဲ့ ကုကၠိဳတန္းဘက္ကိုထြက္လာခဲ့လိုက္တယ္။

ကုကၠိဳတန္းနားလဲေရာက္ေရာ အပုတ္နံ႔တစ္ခ်ိဳ႕က ေထာင္းခနဲရလာခဲ့တယ္။

“ အေတာ္ျပင္းတဲ့အနံ႔ပဲ… ဒီပုံတိုင္းဆိုရင္ ဟိုေကာင္ေလးနားမွာ သူတို႔ရွိေနၿပီ”

“ ကြၽန္ေတာ္တို႔ အဲဒီအိမ္ေပၚတက္ၿပီး အက်ိဳးအေၾကာင္းေျပာျပလိုက္တာ ပိုသင့္ေတာ္မယ္ထင္တယ္ေနာ္”

“ သက္ခိုင္ေျပာတာ သင့္ေတာ္တယ္… ဒါမွ အစီအရင္ကို ဖ်က္လို႔ရမွာ”

ေအာင္ျမတ္သာတို႔လဲ ကုကၠိဳတန္းကိုေက်ာ္လာတဲ့အခ်ိန္ အိမ္ေပၚကေန ေခါင္းငိုက္စိုက္က်ၿပီး ဆင္းလာတဲ့ လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။ သူ႔အေနာက္မွာေတာ့ လက္ဖြဲ႕ႀကိဳးကိုကိုင္ကာ ငူငူႀကီးရပ္ေနတဲ့ မိန္းမတစ္ေယာက္။

“ အဟင့္ အဟင့္ … “

“ ဆရာ အေမွာင္ထုထဲကေန ရႈိက္သံထြက္လာပါလား… သူတို႔အေျခအေနကိုၾကည့္ေနတာထင္တယ္”

“ ခဏေစာင့္ၾကည့္ဦး ဒီေကာင္ေလးလက္ေမာင္းမွာ အေဆာင္ႀကိဳးမရွိေပမယ့္ သူတို႔အနားမကပ္ေသးတာ သတိထားမိလား”

“ ဟုတ္တယ္ေနာ္ ဆရာ… သူတို႔ဘာေၾကာင့္ အနားမသြားေသးတာလဲမသိဘူး”

ေအာင္ျမတ္သာတို႔ အေျခအေနကိုေစာင့္ၾကည့္ေနတဲ့အခ်ိန္မွာပဲ ဆံပင္ဖားလ်ားခ်ထားတဲ့ မိန္းမတစ္ေယာက္က လက္ႏွစ္ဖက္ကိုဆန႔္တန္းၿပီး ေကာင္ေလးရဲ႕ လည္ၿမိဳကိုညႇစ္ရန္ေျပးဝင္လာခဲ့တယ္။

“ ဆရာ… ဟိုေကာင္ေလး ဒုကၡေရာက္ေတာ့မယ္ေနာ္”

သက္ခိုင္ကစိုးရိမ္မႈနဲ႔ေျပာလိုက္ေပမယ့္ ေအာင္ျမတ္သာကေတာ့ တုန္လႈပ္မႈမရွိပဲ ဒီတိုင္းရပ္ၾကည့္ေနခဲ့တယ္။

လည္ၿမိဳနားကို လက္ေရာက္ခါနီးအခ်ိန္မွာေတာ့ ေကာင္ေလးရဲ႕အိတ္ကပ္ထဲမွာ ရွိေနတဲ့ လက္ေကာက္က ျဗဳန္းဆိုခုန္ထြက္လာၿပီး ေအာင္ျမတ္သာအေရွ႕ကို လိမ့္လာခဲ့တယ္။

ေကာင္ေလးဆီမွာ လက္ေကာက္မရွိတာနဲ႔ လည္ပင္းညႇစ္ဖို႔ဟန္ျပင္ေနတဲ့လက္အစုံက ခ်က္ခ်င္းရပ္တန႔္သြားၿပီး ေအာင္ျမတ္သာတို႔ဘက္ကို ႐ုတ္ခ်ည္းလွည့္လာခဲ့တယ္။

“ မရဏလက္ေကာက္ က်ိန္စာမိေနတဲ့ သင္တို႔ေမာင္ႏွမေတြကို အခုခ်ိန္ကစၿပီး လူထပ္သတ္ခြင့္မျပဳႏိုင္ေတာ့ဘူး…ဒီလက္ေကာက္က က်ဳပ္လက္ထဲေရာက္ေနပီမို႔ ေကာင္ေလးကိုညိဳ႕ထားတာ ျဖတ္ၿပီး အေနာက္ကလိုက္လာခဲ့”

ေအာင္ျမတ္သာက အေမွာင္ထုထဲမွာရွိေနတဲ့ ေမာင္ႏွစ္မေလးေယာက္ကို မရဏလက္ေကာက္ျပၿပီး ႐ြာအျပင္ဘက္ကိုမွ်ားေခၚသြားခဲ့တယ္။ ႐ြာျပင္လဲေရာက္ေရာ လက္ေကာက္ကို ေျမႀကီးေပၚ ခ်ကာ အင္းကြက္နဲ႔ခ်ဳပ္ထားလိုက္တယ္။

“ ငါတို႔ကိုလႊတ္ေပး….. လႊတ္ေပး…. လူမသိသူမသိေသခဲ့တဲ့အတြက္ လက္စားေခ်ရမယ္… ဒီက်ိန္စာကေန လြတ္ေျမာက္ဖို႔အတြက္ ငါတို႔လူေတြထပ္သတ္ရဦးမယ္… “

“ သင္တို႔ မရဏလက္ေကာက္အစီအရင္ကေနလြတ္တာနဲ႔ ဘယ္လမ္းကိုသြားရမလဲ မသိတာလား”

“ ငါတို႔ကို လာမေျခာက္ေနနဲ႔…. အခုခ်က္ခ်င္းလႊတ္ေပး”

“ သင္တို႔ ဒီေလာကမွာရွိေနတာ တကယ္အႏၲရာယ္မ်ားတာပဲ…. ေကာင္းၿပီ သင္တို႔ဆႏၵျပည့္ေအာင္ က်ဳပ္ကူညီေပးမယ္၊ ဒါေပမယ့္ ႀကဳံလာမယ့္အရာေတြကိုေတာ့ သင္တို႔ရင္ဆိုင္ၾကပါ”

“ ငါတို႔က အသက္ရွင္စဥ္ထဲက ငရဲကိုမေၾကာက္လို႔ အဆိုးဆုံးေသာလုပ္ငန္းေတြကို လုပ္ခဲ့ၾကတာ… အခုထိလဲ ငါတို႔မေၾကာက္ဘူး…. နင္ ငါတို႔ကို လာၿပီးမဆုံးမေနနဲ႔”

ေအာင္ျမတ္သာလဲ ဘယ္လိုမွ ဆုံးမလို႔မရေတာ့မွန္းသိတာနဲ႔ ငရဲေလာင္မီးအင္းကို မရဏလက္ေကာက္ပတ္ပတ္လည္မွာေရးဆြဲၿပီး ဂါထာစုတ္လိုက္ရာ အလွ်ံညီးညီးေတာက္ေနတဲ့ မီးေတာက္ေတြဝုန္းခနဲထေတာက္လာခဲ့တယ္။

အလြန္ပူျပင္းတဲ့ ငရဲမီးေတာက္ေတြေၾကာင့္ သက္ခိုင္နဲ႔ ေတာက္ရတို႔ေတာင္ အေနာက္ကိုဆုတ္လိုက္ရတယ္။

ဒါေပမယ့္ မရဏလက္ေကာက္အစီရင္နဲ႔ ခ်ဳပ္ေႏွာင္ခံထားရတဲ့ ေမာင္ႏွစ္မေလးေယာက္ကေတာ့ စိုးစဥ္းမွမေၾကာက္လန႔္ပဲ မီးပုံထဲကိုတိုးဝင္လာခဲ့တယ္။

ေအာင္ျမတ္သာကေတာ့ ကယ္လို႔မရတဲ့သူေတြကို သနားစိတ္အနည္းငယ္မွမဝင္ပဲ ျပာမႈန္အျဖစ္ေျပာင္းလဲသြားတာကို မ်က္ေတာင္မခတ္တမ္းၾကည့္ေနခဲ့တယ္။

သက္ခိုင္တို႔အေနနဲ႔ ဆရာျဖစ္သူကို အရမ္းသနားတတ္တဲ့သူ၊ အရမ္းၾကင္နာတတ္တဲ့သူအျဖစ္ပဲျမင္ေတြ႕ခဲ့ရေပမယ့္ အခုလိုျဖစ္ရပ္မွာေတာ့ တကယ့္အသဲမာတဲ့သူတစ္ေယာက္အျဖစ္ျမင္ေတြ႕လိုက္ရေတာ့ ပါးစပ္အေဟာင္းသားျဖစ္ေအာင္ကို အံ့ဩသြားခဲ့တယ္။

ငရဲေလာင္မီးေတြက မရဏလက္ေကာက္အျပင္ အထဲမွာရွိေနတဲ့ဝိဉာဥ္ေတြကိုပါ အစရွာမရေအာင္ ဝါးၿမိဳပစ္ခဲ့ၿပီးခ်ိန္မွာေတာ့ သူမဟုတ္သလို ျပန္လည္ျငႇိမ္းသြားခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ လူေတြကိုဒုကၡေပးႏိုင္တဲ့ ပစၥည္းကိုေဖ်ာက္ဖ်က္ၿပီးခ်ိန္မွာေတာ့ ဘုန္းႀကီးေက်ာင္းကိုျပန္လာခဲ့ၿပီး တစ္ညတာတည္းခိုေနထိုင္ခဲ့တယ္။ ေနာက္ေန႔ေရာက္ေတာ့ ဆရာေတာ္ကိုေလ်ာက္တင္ၿပီး ေဟာင္းႏြမ္းေဆြးေျမ့ေနတဲ့ ကုတင္ကို မီးရႈိ႕ဖ်က္စီးပစ္ခဲ့ၾကတယ္။

မရဏလက္ေကာက္ကိုဖ်က္စီးပစ္ႏိုင္ၿပီးတဲ့ေနာက္မွာေတာ့ ႐ြာကေနျပန္ထြက္လာခဲ့တာ ေ႐ႊၾကာပင္႐ြာကိုေရာက္လာခဲ့တယ္။ အဲဒီ႐ြာမွာေတာ့ လူနဲ႔သရဲမိတ္ေဆြဖြဲ႕ေနထိုင္ၿပီး ႐ြာသားေတြကို ဒုကၡေပးေနတဲ့သူတစ္ေယာက္ရွိေနခဲ့တယ္။ ဒီအေၾကာင္းအရာေတြကိုေတာ့ ေအာင္ျမတ္သာႏွင့္ ျပႆားတစ္လမ္းသံတစ္လမ္းဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)