” အောင်မြတ်သာနှင့်လွမ်းငွေ့ဝေဝေ “(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်လွမ်းငွေ့ဝေဝေ “(စ/ဆုံး)
——————————————————

ထန်းလုံးဖြူရွာအဝင်ဝမှာရှိတဲ့ ဦး‌ချက်စူရဲ့ ပင်ကျရည်ဆိုင်လေးမှာတော့

နေထန်းတစ်ဖျားမရောက်ခင်မှာတင် လူတွေပြည့်နေခဲ့တယ်။ ရွာနီးချုပ်စပ်မှာ ထန်းတောများစွာရှိပေမယ့် ဦးချက်စူပိုင်တဲ့ ထန်းတောလောက်အရသာကောင်းဝာာမရှိတာ ကြောင့် ရွာခံလူငယ်တွေအပြင် အခြားရပ်ဝေးရပ်နီး ရွာကလူတွေပါ လာရောက်ကြသလို၊ ထိုးပွဲရိုက်ပွဲ တွေကလဲ ဦးချက်စူ ထန်းတောကသာ အစပျိုးခဲ့ကြတယ်။ အခုလဲ ထန်းလုံးဖြူရွာရဲ့ ရွာခံလူမိုက်တွေဖြစ်ကြတဲ့ တိုက်မောင်းတို့အဖွဲ့ က သူတို့နဲ့ဘေးချင်းကပ်မှာထိုင်နေတဲ့ ရေနံကုန်းရွာသားတွေကို ဘုကြည့်ကြည့်နေခဲ့ကြတယ်။ ဒါကိုမြင်တဲ့ ဦးချက်စူက ဆူဖြိုးနေတဲ့လက်ကြွက်ကင် တစ်ကောင်ကို ခုတ်ထစ်ပြီးအနားကိုယူလာကာ

“ တိုက်မောင်း… ငါ့ကိုသနားရင် ပြဿနာမရှာပါ နဲ့လားကွာ၊ ရော့ ဒါကမင်းတို့အဖွဲ့အတွက် ငါ့လက်ဆောင်”

“ ဦးလေးချက်စူက ကျုပ်တို့ကို ထစ်ခနဲရှိ ပြဿနာရှာမယ့်သူတွေလို့ထင်နေတာပဲ၊ ကျုပ်တို့က ကိုယ့်စည်းကိုယ့်ဘောင်နဲ့နေတဲ့သူတွေပါ၊ ကျုပ်တို့ကိုမထိရင် ကျုပ်တို့ကလဲ ဘယ်သူ့ကိုမှ မထိဘူး”

“ အေးပါ… ငါသိပါတယ်၊ ဟေ့ကောင်တွေ မင်းတို့လဲ တိုက်မောင်းကို မမြှောက်ပေးနေကြနဲ့ ကြားလား”

ဦးချက်စူက တိုက်မောင်းဘေးမှာရှိနေကြတဲ့ သူတွေကို လေသံမာမာနဲ့ပြောပြီး ထန်းတဲထဲကို ပြန်ဝင်သွားခဲ့တယ်။ ထိုစဉ် မလှမ်းမကမ်းမှာရှိတဲ့ ထန်းရည်ဝိုင်းက လူတစ်ယောက်က အပေါ့သွားဖို့ တိုက်မောင်းတို့ဝိုင်းနားကနေ ဖြတ်လာစဉ် ပေါက်ကျော်ရဲ့ ခြေထောက်ကိုအမှတ်မထင် တိုက်မိသွားခဲ့တယ်။

“ ဟေ့ကောင် မင်းမမြင်ဖူးလား.. စောက်လုံးကန်းနေလား ဟမ့်”

“ အာ… တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော် မမြင်လိုက်လို့ပါ.. တကယ်တောင်းပန်ပါတယ်ဗျာ”

“ ရပါတယ် ကောင်လေးရ… ပေါက်ကျော် မင်းလဲ တော်တော့၊ ဟိုက မမြင်လို့ တိုက်မိတာလို့ တောင်းပန်နေပြီပဲ”

အခြားဝိုင်းက‌လူတွေကတော့ ပြဿနာတက်မယ်လို့ ထင်ထားပေမယ့် အခုလို ပြေပြေလည်လည်ပြီး သွားတော့ ခါးကြားထဲ ထိုးထားတဲ့ ဖိနပ်တွေကို ပြန်ချကာ ထန်းရည်ပြန်သောက်နေခဲ့ကြတယ်။

“ တိုက်မောင်း… မင်းက လယ်ကြွက်တစ်ကောင်နဲ့ ရွာခံလူမိုက်ဆိုတဲ့ဂုဏ်ကိုလဲချင်တာလား၊ ဒီကောင်က ငါ့ကိုတမင်ဝင်တိုက်သွားတာကွ”

“ ပေါက်ကျော်… လူမိုက်ဆိုတာ ကြိုက်သလိုဆိုးလို့ ရတယ်၊ ရမ်းလို့ရတယ်၊ ဒါပေမယ့် တမင်သက်သက်လုပ်တာနဲ့ မတော်တဆဖြစ်တာကို ခွဲခြားတတ်ဖို့လိုတယ်ကွ၊ အခုမင်းဟာက လူမိုက်နဲ့ မတူဘူး ခွေးရူးနဲ့တူနေတယ်၊ မင်းငါ့ကို စော်ကားတာ ဒါနောက်ဆုံးဖြစ်ပစေ”

တိုက်မောင်းက ထန်းရည်ခွက်ကို ဆတ်ခနဲမော့ချလိုက်ပြီး ထန်းတောအပြင်ဘက်ကို ထွက်သွားခဲ့လိုက်တယ်။

“ ဟေ့ တိုက်မောင်း… ဘယ်သွားမလို့လဲကွ”

ကြက်တစ်ကောင်ကိုပိုက်ပြီး လမ်းလျောက်လာတဲ့ ကိုဖိုးခွေးတို့အဖွဲ့က လှမ်းနှုတ်ဆက်တာမို့ တိုက်မောင်က ရွာထဲကိုလက်ညိုးထိုးပြကာ

“ ရွာထဲပြန်မလို့‌ဗျ… ကိုဖိုးခွေးတို့က ဘယ်လဲ”

“ ချောင်းကလေးကွင်းမှာ ကြက်ပွဲရှိလို့ကွ၊ ဒီပွဲမှာ တိုက်တိုင်းအောင်ကိုပွဲထုတ်မလို့လေ”

“ ဒီကောင်လဲကောင်းပါတယ်.. ကြေးကဘယ်လောက်ခေါ်ထားလဲဗျ”

“ ငါးထောင် တစ်သောင်းလောက်တော့ မှန်းထားတယ်၊ မင်းရောစပ်တူပါမလို့လား”

“ ကျုပ်မှာပိုက်ဆံမရှိဘူးလေ… လိုက်ဆိုရင်တော့ လိုက်ခဲ့ပေးမယ်”

“ မင်းပါတော့ပိုကောင်းတာပေါ့ကွာ… ဒါနဲ့ ပေါက်ကျော်တို့လဲမတွေ့ပါလား”

“ ဒီကောင်တွေ ထန်းတောထဲမှာ ပြဿနာရှာနေရောပေါ့”

“ ဒါဖြင့်လဲ မခေါ်တော့ပါဘူး.. ကဲ သွားကြရအောင်”

တိုက်မောင်းတို့ ကြက်ပွဲထဲရောက်တော့ လူကအတော်စုံနေပြီမို့ အချိန်မဆွဲတော့ပဲ တိုက်တိုင်းအောင်ကို လုပ်ပေးသင့်တာ လုပ်ပေးပြီး တည်ပေးလိုက်တယ်။

“ တိုက်တိုင်းအောင်ကွ… လုပ်ထားစမ်း”

“ ရန်မျိုးအောင်တဲ့ဟေ့… ကြိတ်ထားစမ်း ဖေ့သားကြီး”

နှစ်ဖက်ကြက်ဆွဲတွေရဲ့ လက်သီးလက်မောင်းတန်းပြီး အားပေးသံ၊ ဘေးကနေ လောင်းကြေးတင်ထားကြတဲ့သူတွေရဲ့ အားပေးသံတွေက ကွင်းတစ်ခုလုံး ဆူညံနေခဲ့တယ်။

ဒီလိုနဲ့ တတိယအချီလောက်အရောက်မှာတော့ တိုက်တိုင်းအောင်က ရန်မျိုးအောင်ရဲ့ နားစကို ဆွဲလိမ်ပြီး ခွပ်ချလိုက်ရာ ဟိုကောင်ခဗျာ အော်ပြီးစည်းအပြင်ဘက်ကိုပြေးပါလေရော။

ကြက်ပွဲမှာက ထွက်ပြေးတဲ့ကြက်ကအရှုံးဆိုတော့ ကိုဖိုးခွေးတို့အနိုင်ရပြီးလောင်းကြေးငွေတွေလဲ မြိုးမြိုးမြက်မြက်ရလိုက်ကြတယ်။

“ ဒါကမင်းအတွက် ထန်းရည်ဖိုး”

“ မယူပါဘူးဗျာ… ကျုပ်က ပျင်းနေတာမို့ လိုက်လာပေးတာပဲရှိတာ”

“ ယူပါကွ… မင်းအတွက်မဟုတ်ရင်တောင် မင်းအမေအတွက် တစ်ခုခုဝယ်သွားလို့ရတာပေါ့”

“ ဟုတ်သားပဲ တိုက်မောင်းရာ… ယူလိုက်ပါကွ”

“ ဒါဆိုလဲပြီးရောဗျာ…”

တိုက်မောင်းက နိုင်ကြွေငွေအချို့ကိုယူပြီး အိတ်ကပ်ထဲထည့်ထားလိုက်တယ်။ ဒီလိုနဲ့ ကိုချက်စူ ထန်းတောနားကိုရောက်တော့ လူတွေရုတ်ရုတ်သဲသဲ ဖြစ်နေတာကြောင့် ဘာများဖြစ်လဲဆိုပြီးကြည့် လိုက်ရာ ရင်ဘတ်မှာ ဓါးဒဏ်ရာနဲ့ သေဆုံးနေတဲ့ ပေါက်ကျော်နဲ့ မြင့်စိုးကိုမြင်လိုက်ရတယ်။

“ ဒါ ဒါက ဘယ်လိုဖြစ်တာလဲ၊ ဦးလေးချက်စူ ဒါကဘယ်လိုဖြစ်တာလဲလို့”

“ ငါလဲအော်သံကြားလို့ ထွက်ကြည့်တော့ နှစ်ယောက်လုံးအသက်ငင်နေပြီ”

“ သူတို့ကို ဘယ်ကောင်ဓါးနဲ့ထိုးသွားတာလဲ သိလား”

တိုက်မောင်းအသံက ဒေါသကြောင့် မာထန်နေသလို အသားတွေက တဆတ်ဆတ်တုန်ခါနေခဲ့တယ်။

“ ကိုတိုက်မောင်း…”

“ ဘာလဲကွ”

“ ပေါက်ကျော်တို့ကို ဓါးနဲ့ထိုးသွားတဲ့လူက သူ့ကို ခလုပ်တိုက်သွားတဲ့သူပဲ”

“ ဘာ… ဒီကောင်တွေကို ပြဿနာမရှာဖို့ အတန်တန်ပြောထားခဲ့တာကိုကွာ”

“ မဟုတ်ဘူး ကိုတိုက်မောင်း… ပေါက်ကျော်တို့က သူတို့ဘာသာထန်းရည်သောက်နေတာ၊ ဒါကို ဟိုကောင်က အပေါ့သွားပြီးအပြန် နှုတ်ဆက်သလို ဘာလိုနဲ့ ဓါးနဲ့ဝင်ထိုးသွာတာပဲ”

“ ဟေ့ကောင် ကျော်ဝင်း… မင်းက ဘယ်လိုအတိအကျသိနေတာလဲ”

“ အာ… ကိုတိုက်မောင်းတို့ အနောက်ဝိုင်းမှာ ကျွန်တော်နဲ့ မောင်ကြွက်ထိုင်နေတာလေဗျာ၊ အဖြစ်အပျက်ကမြန်ဆန်လွန်းတော့ ဘာလုပ်ရမှန်းမသိဖြစ်သွားတာ၊ နောက်ပြီး ဒီကောင်တွေက နှစ်ယောက်ထဲလာတာနော်”

“ သူတို့ကဘယ်ရွာကလဲဆိုတာသိလား”

“ အဲဒါတော့မသိဘူး…”

“ တောက်စ်… ဒါက ငါမရှိလို့ ဖြစ်ရတာကွ၊ မင်းတို့ဘယ်ကကောင်ဆိုတာသိတာနဲ့ အရေခွံခွာပြီး မီးကင်ပစ်မယ်”

တိုက်မောင်းက ဒေါသတစ်ကြီးကြိမ်းဝါးရင်း ပေါက်ကျော်တို့အလောင်းနားထိုင်နေတဲ့အချိန်

“ ပေါက်ကျော်တို့ကိုသတ်သွားတဲ့သူတွေကို ဂျီဝါးရွာမှာမြင်ဖူးတယ်”ဆိုတဲ့အသံကိုကြားလိုက် ရတယ်။

“ သူတို့က ဂျီဝါးရွာကဆိုတာ သေချာလား”

“ သေချာတယ်လို့အတပ်မပြောနိုင်ပေမယ့် ဂျီဝါးရွာဘက်သွားတဲ့အခါတိုင်း သူတို့ကို ရွာထိပ်က ထန်းတောမှာမြင်နေကြဗျ”

“ မင်းက ရေနံကုန်းရွာကမဟုတ်လား”

“ ဟုတ်ပါတယ်… ကိုတိုက်မောင်းတို့ ဘေးက ဝိုင်းမှာ ကျွန်တော်တို့ထိုင်နေတာပါ”

“ ဂျီဝါးရွာက ကောင်တွေကများ ငါ့ရွာထိလာပြီး ငါ့သူငယ်ချင်းတွေကိုသတ်သွားရတယ်လို့ကွာ”

တိုက်မောင်းက အံကိုခပ်တင်းတင်းကြိတ်ပြီး ထန်းတောထဲကနေ ပြန်ထွက်သွားခဲ့လိုက်တယ်။ အဲဒီနေ့ကစပြီး တိုက်မောင်းတစ်ယောက် ဘယ်မှ မသွားတော့ပဲ ငှက်ကြီးတောင်ဓါးကိုသာ မြနေအောင် သွေးနေလေတော့တယ်။

++++++

ဒီကိစ္စတွေဖြစ်ပြီး နှစ်လလောက်အကြာမှာတော့ တိုက်မောင်းဆီကို ကိုဖိုးခွေးရောက်ချလာခဲ့တယ်။

“ တိုက်မောင်း… မင်း ရေနံကုန်းရွာက‌အကြောင်း သိပြီးပြီလား”

“ ဘာအကြောင်းလဲဗျ”

“ မင်းကို လူသတ်တဲ့ကောင် ဘယ်မှာနေတယ်ဆိုတာ ပြောပြခဲ့တဲ့ ရေနံကုန်းရွာသားလေ မှတ်မိတယ် မဟုတ်လား”

“ မှတ်မိတယ်လေ ဘာဖြစ်လို့လဲ”

“ အဲဒီကောင် မနေ့ညက ဓါးထိုးခံရလို့သေပြီတဲ့”

“ ဗျာ… ဘယ်မှာဖြစ်တာလဲကိုဖိုးခွေး”

“ သူ့အိမ်ရှေ့မှာပဲဖြစ်တာတဲ့… ညဘက်ပူလို့ ကွပ်ပြစ်မှာဆင်းအိပ်တဲ့အချိန် ဓါးနဲ့လာဝင် ထိုးသွားတယ်ပြောတယ်”

“ ဘယ်သူထိုးတယ်ဆိုတာ သိရပြီလား”

“ တရားခံကိုအခုထိမမိသေးဘူးတဲ့”

“ အခုလိုလာပြောတာ ကျေးဇူးတင်ပါတယ်ကိုဖိုးခွေး၊ ဒါနဲ့ဘယ်အမေဘေးကများ ခိုးကြောင်ခိုးဝှက်လိုက်သတ်နေလဲမသိဘူး”

“ မင်းလဲသတိထားဦး…ကြားလား”

“ သတိထားပါတယ်…ဒီကောင် ကျုပ်ဆီကိုလဲ တစ်ချိန်ချိန်လာမယ်ဆိုတာ သိနေတယ်”

‌တိုက်မောင်းက အိမ်နံရံမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကို ကြည့်ရင်း မေးကြောတွေ ထောင်လာတဲ့ထိ အံကိုကြိတ်ထားလိုက်တယ်။

“တိုက်မောင်း… နင်ဘာတွေလုပ်ဖို့ကြံနေတာလဲ”

အနောက်ကနေ ရုတ်တရက်ထွက်လာတဲ့အသံကြောင့် တိုက်မောင်း လှည့်ကြည့်လိုက်ရာ ဘုရားဆွမ်းတော်ပန်းကန်ကို ကိုင်ထားတဲ့မိခင်ဖြစ်သူကိုမြင်လိုက်ရတယ်။

“ ဘာမှမကြံပါဘူး”

“ ဟဲ့အကောင် နင်ကို ငါမွေးထားတာ၊ နင်ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲသိတယ်”

“ သိလဲ ပြောမနေပါနဲ့တော့အမေရာ.. ဘုရားဆွမ်းကပ်မယ်ဆိုလဲကပ်ပါတော့”

“ တိုက်မောင်း ငါတစ်ခါထဲပြောထားမယ်နော်၊ နင် ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တာနဲ့ နံရံမှာထိုးထားတဲ့ ဓါးကို ငါ့ဗိုက်ထဲထိုးသွင်းလိုက်မယ်”

“ အမေရာ.. ဘာတွေလျောက်ပြောနေတာလဲ၊ ဘုရားဆွမ်းကပ်စရာရှိကပ်ပါဗျာ”

ဒေါ်တင်မေက တိုက်မောင်းကို မျက်စောင်းထိုးကာကြည့်လိုက်ပြီး ဘုရားဆွမ်းကပ်ရန်ထွက်သွားခဲ့လိုက်တယ်။

++++++

“ ဝုတ် ဝုတ် ဝုတ်”

ရုတ်တရက်ထွက်ပေါ်လာတဲ့ ခွေးဟောင်သံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ တိုက်မောင်းတစ်ယောက် ဆတ်ခနဲ ထထိုင်လိုက်တယ်။

“ ခွေးတွေက အိမ်နားတစ်ဝိုက်မှာ ဟောင်နေပါလား၊ ဘာများဖြစ်လို့ပါလိမ့်”

တိုက်မောင်းက စိတ်ထဲကရေရွတ်ပြီး အိမ်နံရံပေါက်ကနေချောင်းကြည့်လိုက်ရာ အမှောင်ထုထဲမှာ လှုပ်ရှားနေတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။ အဆိုပါလူရိပ်က ခြံစည်းရိုးနားလဲရောက်ရော အနားမှာရှိတဲ့သစ်ပင်ပေါ်ကနေတစ်ဆင့် ခြံထဲကို ကျော်ဝင်လာခဲ့တယ်။

အဲဒီအချိန်မှာတော့ တိုက်မောင်းက နံရံမှာချိတ်ထားတဲ့ ဓါးကိုအသာဖြုတ်ယူပြီး တံခါးမကြီးနားမှာပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်နေတဲ့အချိန်

“ တိုက်မောင်း… နင် ဓါးကိုင်ပြီး ဘာရပ်လုပ်နေတာလဲ” ဆိုတဲ့‌အသံထွက်လာခဲ့တယ်။

အသံလဲကြားရော ခြံထဲဝင်လာတဲ့လူက ခြံပြင်ကိုထွက်ပြေးသွားတာကြောင့် တိုက်မောင်း တောက်တစ်ချက်ခတ်လိုက်ပြီး

“ အမေအသံကြားလို့ ဟိုကောင်ထွက်ပြေးသွားပြီဗျ”

“ ဘယ်ကောင်လဲ… အိမ်ကိုသူခိုးကပ်လို့များလား”

“ သူခိုးလား ဓါးပြလားတော့မပြောတတ်ဘူး၊ အခုတော့ အမေအသံကြောင့် လွတ်သွားပြီ”

“ ကဲကဲ… စိတ်လျော့ပြီး အိပ်လိုက်တော့၊ အမေ အိမ်တံခါးတွေကို သေချာပိတ်ထားပါတယ်”

“ ကျုပ်ကအမေမျက်နှာကြောင့် ထင်တိုင်းမကျဲသေးတာနော်”

“ အေးပါ… စိတ်လျော့လိုက်တော့နော်”

တိုက်မောင်းလဲ မိခင်ဖြစ်သူစကားကြောင့် ဓါးကို နံရံမှာပြန်ထိုးပြီး အိပ်ယာထဲပြန်ဝင်ခဲ့လိုက်တယ်။

+++++++

“ ရှပ် ရှပ် ရှပ်”

ဇရပ်ဘေးကနေ ထွက်ပေါ်လာတဲ့ ခြေသံကြောင့် အိပ်ပျော်နေတဲ့ ဖိုးကတုံးတစ်ယောက် လေးခွကိုဆတ်ခနဲဆွဲယူကာ ထထိုင်လိုက်တယ်။

“ ဖိုးကတုံး ဘာဖြစ်လို့လဲ”

“ ခြေသံကြားလို့ဆရာ… ဇရပ်နားကို လူကပ်တဲ့အသံပဲ”

အောင်မြတ်သာလဲ ဖိုးကတုံးစကားကြောင့် ဇရပ်လက်တန်းပေါ်မှာထွန်းထားတဲ့ ဖယောင်းတိုင်ကို မီးညှိလိုက်တဲ့အချိန် အမှောင်ထုထဲကနေ ဖြတ်ပြေးသွားတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

“ ဖောက်… ဖောက်…”

“ အား….”

ဖိုးကတုံးရဲ့လက်သံနဲ့အတူ နာကျင်စွာအော်ဟစ်လိုက်တဲ့အသံကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ပါနိုးလာပြီး အသံကြားတဲ့ ဘက်ကိုကြည့်လိုက်ရာ လူတစ်ယောက် မြေကြီးပေါ်လူးလိမ့်နေတာဝိုးတဝါး မြင်လိုက်ရတယ်။

“ ဟေ့… မင်းဘယ်သူလဲ”

မောင်စမက အသံပေးပြီး ဇရပ်ပေါ်က ဆင်းသွားတဲ့အချိန် ညဉ်းညူနေတဲ့သူဆီကနေ လက်ခနဲအရာတစ်ခုထွက်လာခဲ့တယ်။

“ ရွှပ်”

“ အာ့… ဒီကောင်မှာဓါးပါတယ်ဟေ့”

မောင်စမက လက်မောင်းကို အခြားလက်နဲ့ဖိရင်း အော်ပြောလိုက်ပေမယ့် ဖိုးကတုံး၊ မောင်ကောင်းနဲ့ ခွန်းလှတို့က ကြောက်ရွံ့ဟန်မပြပဲ ဝုန်းခနဲ ခုန်ဆင်းသွားခဲ့တယ်။

“ ဟေ့လူ… လက်ထဲက ဓါးကိုချလိုက်စမ်း၊ မချရင် ကျုပ်ပစ်မှာနော်”

“ ဖိုးကတုံး အနားမကပ်နဲ့… ဒီကောင်က သူခိုးလား၊ ဓါးပြလားမသိသေးဘူးဟ”

အဲဒီအချိန် ဇရပ်ပေါ်မှာရှိနေတဲ့ အောင်မြတ်သာ ဆင်းလာပြီး

“ ဒီအချိန်ကြီး ဓါးတစ်ချောင်းနဲ့လိုက်သွားနေပုံ ထောက်ရင် လူကောင်းတော့မဖြစ်နိုင်ဘူး”

“ လူကောင်းမဟုတ်ရင် ပစ်ထည့်လိုက်ရမလားဆရာ”

“ ခဏနေပါဦး ဖိုးကတုံးရယ်၊ သူဘာပြောလဲ အရင် နားထောင်ရအောင်”

“ ဟေ့ကောင် မေးနေတာ မကြားဘူးလား၊ မြန်မြန်ဖြေစမ်း”

ခွန်းလှက အနားမှာရှိတဲ့ ကျောက်ခဲတစ်လုံးကို ကောက်ကိုင်ကာရွယ်ရင်းမေးလိုက်တော့မှ

“ ကျုပ်က ဟိုဘက်ရွာမှာနေပါတယ်၊ ဒီအချိန်ကြီး အဖေနေမကောင်းဖြစ်လို့ ဆေးဆရာလာပင့်တာပါ”

“ ဆေးဆရာလာပင့်တာကလဲ ဓါးနဲ့ပါလား၊ မဟုတ်မှလွဲရော ဆေးဆရာရဲ့လည်ပင်းကို ဓါးနဲ့ထောက်ပြီး ခေါ်မလို့လားကွ”

“ တကယ်ပြောတာပါ၊ ညရေးညတာ တစ်ယောက်ထဲ လာတာဆိုတော့ လိုကာမယ်ကာ ဆောင်ခဲ့တာပါ”

“ မင်းဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့… ခွန်းလှရေ ဒီကောင် အမှန်တိုင်းမပြောလို့ကတော့ ညိုသကျဉ်းကို ခဲနဲ့ထုပစ်လိုက်”

မောင်စမစကားကြောင့် ခွန်းလှက ခဲနဲ့ထုမယ့်ဟန်ပြင်လိုက်ရာ

“ အမှန်တိုင်းပြောပါ့မယ်… ကျုပ် ကျုပ် လူတစ်ယောက်ကိုသတ်ဖို့ ထွက်လာတာပါ”

“ မင်းကဘာလို့ လူသတ်ချင်ရတာလဲ”

“ သူနဲ့ သူ့အပေါင်းအပါတွေက ကျုပ်ရဲ့အကိုကို အောက်ပိုင်းသေတဲ့အထိ ရိုက်ခဲ့ကြတယ်၊ အကိုကလဲ အဲဒီစိတ်နဲ့ ပြီးခဲ့တဲ့လကပဲ ဆုံးသွားခဲ့တယ်၊ ဒါကြောင့် ဒီလူတွေကို ပြန်သတ်ဖို့ ကြိုးစားခဲ့တာပဲ”

“ မင်းအဖြစ်ကလဲစိတ်မကောင်းစရာပဲ၊

ဒါပေမယ့်လူသတ်တာမကောင်းဘူး ဟေ့ကောင်ရ၊ သေရင်လဲ ငရဲရောက်မှာ၊ မသေခင်လဲ တစ်ဖက်နဲ့တစ်ဖက်အငြိုးအတေးတွေကြောင့် စိတ်ဆင်းရဲရမယ်ကွ”

“ ကျုပ်နားလည်ပါပြီ…နောက်လဲမလုပ်တော့ပါဘူး”

“ အေးအေး… နောက်တစ်ခါထပ်လုပ်ရင်လဲ မင်းထိုက်နဲ့မင်းကံပဲ၊ အခု မင်းကြောင့် ငါ့လက်မောင်းရှပ်ထိသွားတာကို တာဝန်ယူရမယ်”

“ ဘယ်လိုတာဝန်ယူမလဲဆိုတာပြောပါ၊ ကျုပ်မနက်မိုးလင်းတာနဲ့ ဖြစ်အောင်လုပ်ပေးပါ့မယ်”

“ အင်း… မင်းအနေနဲ့လုပ်ရမှာက ဒီနေရာမှာ ခဏအိပ်လိုက်ဖို့ပဲ”

မောင်စမက စကားစမြည်ပြောနေရင်း ပါးစောင်ကိုခွပ်ခနဲထိုးချလိုက်ရာ ဓါးကိုင်ထားတဲ့လူ ပျော့ခွေကာသတိလစ်သွားခဲ့တယ်။

“ ဆရာ… ဒီကောင်နောက်မလုပ်ဘူးလို့ပြောတာကို ယုံလား”

“ သူ့မျက်လုံးတွေကိုကကြည့်တာနဲ့သိတယ်လေ၊ ဒါကြောင့် ဘာမှဝင်မပြောတာ”

“ အခု ဒီကောင်ကို ဘယ်လိုလုပ်မလဲဆရာ”

“ မှတ်လောက်အောင်ဆုံးမပြီးပြီဆိုတော့ ဇရပ်ပေါ်ခေါ်တင်လာခဲ့ပါ၊ သူသတိရလာမှ လိုတဲ့အရပ်ကိုသွားပစေ”

မောင်စမတို့လဲ သတိလစ်နေတဲ့သူကို ဇရပ်ပေါ်ခေါ်တင်ပြီးတိုင်မှာကြိုးနဲ့ချည်ထားလိုက်တယ်။ အဆိုပါလူက မနက်အရုဏ်တက်ချိန် ရောက်တဲ့တိုင် သတိမရသေးတာမို့ ချည်ထားတဲ့ ကြိုးတွေကို ဖြေပေးပြီးထန်းလုံးဖြူရွာဘက်ကို ထွက်လာခဲ့လိုက်တယ်။

+++++

အေးမြမြနှင်းငွေ့လေးတွေရဲ့ အထိတွေ့ကိုခံစားရင်း လမ်းလျောက်လာရင်းကနေ အောင်မြတ်သာက ဟက်ခနဲ တစ်ချက်ရယ်လိုက်ပြီး

“ မြဒင်တို့ရွာကတော့ လူဆိုးလူမိုက်တွေ အခုထိမလျော့သေးပါလား” လို့ရေရွတ်လိုက်ပါတော့တယ်။

ရွာထိပ်ရောက်တော့ ထန်းပင်လုံးတွေကို ထုံးဖြူဖြူတွေသုတ်ထားတာမြင်တော့ ဖိုးကတုံးက

“ ဆရာ… ထန်းပင်တွေကို ထုံးသုတ်ထားလို့ ဒီရွာကို ထန်းလုံးဖြူရွာလို့ခေါ်တာလား”

“ ဒီကောင် ပေါက်ပေါက်ရှာရှာမေးပြန်ပီ၊ ထန်းပင်ထုံးသုတ်တယ်ဆိုတာက သူ့အပင်ကိုယ့်အပင်မှတ်မိအောင်လုပ်ထားတာပါ၊ ထန်းလုံးဖြူရွာဆိုတာက ဘယ်ချိန်ထဲကခေါ်လဲ ငါလဲမသိဘူး”

“ ဖိုးကတုံး မင်းသိချင်ရင် ရွာထဲမှာတွေ့တဲ့လူကို မေးကြည့်ပေါ့ကွာ၊ ရွာခံတွေဆိုရင်တော့သိမှာပဲ”

“ ဟုတ်ပီ ရွာထဲရောက်ရင် မေးရမယ်”

အောင်မြတ်သာက ဖိုးကတုံးကိုကြည့်ပြီး သဘောကျစွာရယ်မောလိုက်ပါတော့တယ်။

+++++

အလင်းရောင်နုနုလေးတွေကျဆင်းနေတဲ့ နံနက်အချိန်ခါမှာတော့ ထန်းလုံးဖြူရွာလေးက လှုပ်ရှားကာအသက်ဝင်လာခဲ့တယ်။ မီးခိုးတလူလူ ထွက်နေတဲ့ မုန့်ဈေးဆိုင်တန်း‌တစ်ခုစီအရောက် မှာတော့ မောင်စမက

“ မြဒင်… မင်း မင်း ဘယ်လိုလုပ်ပြီး ဒီရွာကို ရောက်နေတာလဲ”

“ ဟေ့လူ… ခင်ဗျားကဘယ်သူလဲဗျ၊ ကျုပ်နာမည် မြဒင်မဟုတ်ဘူး လူမှားနေပြီ”

“ စမ… သူကမြဒင်မဟုတ်ဘူးလေ၊ သတိထားပါဦး”

အောင်မြတ်သာစကားကြားတော့ မောင်စမ သတိပြန်ဝင်သွားပြီး ဆွဲထားတဲ့လက်ကို လွှတ်ပေးလိုက်တယ်။

“ ဒီလူတွေ ရူးနေကြတာလား… ကြောင်တောင်တောင်နဲ့ကွာ”

“ ရှင် ရှင်တို့က မြဒင်ကို သိနေကြတာလား”

“ အမေ… သူတို့ကဘယ်သူတွေလဲ”

“ နင်အသာနေစမ်းပါ တိုက်မောင်းရယ်”

ဒေါ်မေတင်စကားကြောင့် အောင်မြတ်သာရှေ့တိုး လာပြီး

“ သင်က မြဒင်ရဲ့ ဇနီးလား”

“ ဟုတ်ပါတယ်…ဒါနဲ့ မင်းတို့က သူ့ရဲ့အသိတွေလားဟင်”

“ ဒီကောင်လေးက မြဒင်ရဲ့သားပေါ့၊ ဟားဟားဟား မြဒင်ရေ မင်းက ကိုယ်ပွားလေးထားခဲ့တာပါလား”

မောင်စမက တိုက်မောင်းကို ဓါးထိထားလို့ နာနေတဲ့လက်နဲ့ခပ်တင်းတင်းပွေ့ဖက်ထားလိုက်‌

တယ်။

“ ဟေ့လူ ကျုပ်ကိုလွှတ်စမ်း… အမေ ဒီလူတွေက ဘယ်သူတွေလဲ”

“ မင်းနားလည်အောင် အမေ အိမ်ရောက်မှ ရှင်းပြမယ်၊ ဒီက ဧည့်သည်တွေလဲ အိမ်ကိုလိုက်ခဲ့ကြပါ”

ဒေါ်မေတင်ရဲ့စကားကြောင့် တိုက်မောင်းက ဘာမှနားမလည်တဲ့ဟန်နဲ့နောက်ကနေ လိုက်ပါလာခဲ့တယ်။ အိမ်ရောက်တော့ ဒေါ်မေတင်က အောင်မြတ်သာတို့ကိုကြည့်ပြီး

“ ကိုမြဒင် ထောင်ကလွတ်လာပြီး ရွာကိုပြန်ရောက်တော့ သူအတော်ပြောင်းလဲသွားတယ်၊ အမြဲတမ်း အင်းဆွဲ၊ အင်းသောက်ပဲလုပ်နေခဲ့တာ၊ အဲဒီချိန် ကိုမြဒင်ရဲ့အဖွားကလဲမရှိတော့တာမို့ အကိုကြီးဘသန်း(မြဒင်ရဲ့ဆိုးဖော်‌ဆိုးဖက်သူငယ်ချင်း)က ကျွန်မနဲ့အိမ်ထောင်ချပေးခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးရက်ပိုင်းလောက်အကြာမှာပဲ သူရွာကနေ ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့တာ အခုထိပါပဲရှင်၊ သူ သူအသက်ရှင်လျက်ရှိနေသေးလားဆိုတာ ပြောပြပါဦး”

(မြဒင်နောက်ကြောင်းရာဇဝင်တွေကိုတော့ အောင်မြတ်သာနှင့်မောင်းတစ်လုံးမြဒင်၊ အောင်မြတ်သာနှင့်နရသိန်ဝင်ပေါက်၊ အောင်မြတ်သာနှင့်နတ်မျက်စိမြဒင်ဆိုတဲ့ဝတ္တုတွေ မှာဖတ်ရှုနိုင်ပါတယ်)

“ သူကအခု လူ့လောကမှာမရှိတော့ပါဘူး၊ ဒါပေမယ့် တစ်ချိန်ချိန် ဒီအရပ်ဒေသကို သူပြန်ရောက်လာပါလိမ့်မယ်”

“ အမေ ပြောတော့ အဖေက ကျုပ်ငယ်ငယ်လေးထဲက ဆုံးသွားတာဆို”

တိုက်မောင်းစကားကို ဒေါ်မေတင် ဘာမှပြန်မဖြေပဲ အိမ်ခန်းထဲကိုဝင်သွားခဲ့တယ်။ ခဏနေတော့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ယွန်းသေတ္တာတစ်လုံးကို ထုတ်ယူလာပြီး

“ သူမထွက်သွားခင် တစ်ရက်အလိုမှာ ကျွန်မကိုပေးသွားခဲ့တဲ့သေတ္တာလေးပါ၊ အထဲမှာတော့ သူဆွဲလက်စအင်းအချို့ရှိနေပါတယ်”

အောင်မြတ်သာလဲ ဒေါ်မေတင်ပေးတဲ့ ယွန်းသေတ္တာဘူးကိုဖွင့်ကြည့်လိုက်ရာ ဆွဲလက်စ အင်းအချို့နဲ့ ရေးဆွဲထားပြီးသား အင်းစမတွေကို မြင်တွေ့လိုက်ရတယ်။

“ ဒီအကြောင်းတွေကို သားဖြစ်သူမသိခဲ့ဘူးလား”

“ သူ့အဖေအကြောင်း ဘာမှမသိခဲ့ပါဘူး၊ ကျွန်မ ကိုယ်တိုင်ကလဲ မပြောပြခဲ့ဘူးလေ”

“ ဘာကြောင့်မပြောပြခဲ့တာလဲ… ဒီရွာမှာ မြဒင် ဘယ်လိုကူညီခဲ့တာ ဒေါ်မေတင် အသိဆုံးပဲမဟုတ်လား”

“ ကျွန်မပြောပြလိုက်ရင် သူ့အဖေလို အနားကနေ ထွက်ခွာသွားမှာစိုးရိမ်ခဲ့မိတယ်။ ဒါကြောင့် ငယ်ငယ် လေးထဲက အနားမှာပဲရှိအောင် အလိုလိုက်ခဲ့မိတာ”

ဒေါ်မေတင်စကားကြောင့် တိုက်မောင်းက မျက်လုံးကိုခပ်တင်းတင်းမှိတ်ပြီး အိမ်အပြင်ဘက်ကိုငေးကြည့်နေခဲ့တယ်။

“ တိုက်မောင်း… မင်းအဖေကို မြင်ဖူးချင်လား”

“ ဘယ်လိုပြောလိုက်တာလဲဗျာ… ကိုယ့်အဖေကိုယ် မမြင်ဖူးချင်တဲ့သူရှိပါ့မလား”

“ ရှိပါတယ်.. ကျွန်တော်ဆို အဖေကိုမမြင်ချင်ဘူး”

“ ဖိုးကတုံး တိတ်တိတ်နေစမ်း… မောင်ကောင်း ဒီကောင်ကို အိမ်အောက်ခေါ်သွားလိုက်တော့”

အောင်မြတ်သာ စကားကြောင့် မောင်ကောင်းက ဖိုးကတုံးကိုခေါ်ကာ ခြံအောက်ဆင်းသွားခဲ့တယ်။ အဲဒီအချိန်

“ ကျုပ်အဖေကိုမြင်ရဖို့ ဘာလုပ်ရမလဲ”

“ မင်းမြင်ချင်ရင် ငါတို့ခိုင်းတဲ့အတိုင်းလုပ်ရမယ်”

“ ဘာလုပ်ရမလဲဆိုတာကိုသာပြောပါ၊ ကျုပ်ယောင်္ကျားဗျ မလုပ်နိုင်ဘူးဆိုတာမရှိဘူး”

“ မြဒင်အသေးစားလေးပဲဟေ့”

မောင်စမက သဘောကျစွာပြောရင်း လက်ခုပ်ထတီးပါလေရော။

“ မင်းအနေနဲ့ ခုနှစ်ရက် သီလစောင့်တည်ရမယ်၊ သက်သက်လွတ်စားရမယ်၊ လုပ်နိုင်လား”

“ တစ်ခုတော့ရှိတယ်ဗျ၊ ဒီရက်ပိုင်း ကျုပ်ကိုသတ်ဖို့ ကြံစည်နေတဲ့ကောင် တစ်ကောင်ရှိနေတယ်၊ ကျုပ်သီလစောင့်နေတဲ့အချိန် သူလာရင် ဘယ်လိုလုပ်မလဲ”

“ ငါတို့ရှိနေသမျှကာလပတ်လုံး ဘယ်သူမှ မင်းကို လက်ဖျားနဲ့မထိစေရဘူး”

“ ဒါဆိုလုပ်မယ်ဗျာ… ရှုပ်ပါတယ် ဒီနေ့ကစပြီး လုပ်မယ်”

“ မင်းစိတ်အားထက်သန်နေတယ်ဆိုရင်တော့ လုပ်ပါ၊ အခု တစ်ကိုယ်လုံးကို တရော်ကင်မွန်းနဲ့ဆေးကြောပြီး ပြန်လာခဲ့”

တိုက်မောင်းထွက်သွားတော့ မောင်စမက အိမ်အောက်မှာရှိတဲ့ ဖိုးကတုံးဆီဆင်းသွားပြီး

“ ဖိုးကတုံး… မင်းဘာလို့ အဖေလုပ်သူကိုမတွေ့ချင်ရတာလဲ”

“ ဆရာစဉ်းစားကြည့်လေ… အမေဆုံးတာ နှစ်လမပြည့်သေးဘူး မိထွေး‌ကိုအိမ်ခေါ်လာတယ်၊ မိထွေးမှာပါလာတဲ့ကလေးတွေကိုတော့ ဂရုစိုက်ပြီး သားအရင်းဖြစ်တဲ့ ကျွန်တော်ကိုကျ နွားတင်းကုတ်မှာပေးအိပ်တယ်၊ ဒီလိုအဖေမျိုးဆို ဆရာရောတွေ့ချင်ပါ့မလား”

“ မင်းပြောတာလဲမှန်တာပဲကွ၊ ငါဆိုလဲ အသံတောင် ကြားချင်မှာမဟုတ်ဘူး”

“ ကျွန်တော်ပြောချင်တာလဲအဲဒါပဲဗျ”

ဖိုးကတုံးရဲ့ချက်ကျလက်ကျပြောတဲ့စကားကြောင့် မောင်စမ ဘာမှဆက်မပြောနိုင်တော့ပဲ အိမ်ပေါ် ပြန်တက်လာခဲ့လိုက်တယ်။

+++++

အောင်မြတ်သာလဲ တိုက်မောင်းကို သီလဆောက်တည်တဲ့အချိန် ပြုမူနေထိုင်ရမယ့် အခြေခံသဘောတရားတွေကို သင်ပြပေးပြီး စည်းရုံးခဲ့တယ်။

နှစ်ပေါင်းများစွာ ထန်းရည်၊အရက်သောက်လာတဲ့ တိုက်မောင်းကတော့ ညနေရောက်တာနဲ့ လေချဉ်ပျို့တဲ့ပြဿနာကို စတင်ခံစားလာခဲ့ရပေမယ့် မာကျောတဲ့စိတ်ဓါတ်ကသာ အနိုင်ရခဲ့တယ်။

သုံးရက်မြောက်နေ့အရောက်မှာတော့ လေချဉ်ပျို့တာသက်သာလာပြီး ခုနှစ်ရက်မြောက်တဲ့နေ့မှာတော့ အလုံးစုံပျောက်ကင်းသွားခဲ့တယ်။

အောင်မြတ်သာလဲ ခုနှစ်ရက်ပြည့်တဲ့ညမှာ မျက်စိနှစ်လုံးကို ဒိဗ္ဗစက္ကူအင်းနှစ်ချပ်ကပ်ပြီး အမြင်ဖွင့်စေခဲ့တယ်။

“ တိုက်မောင်း… အာရုံထဲမှာ မြင်ရတာပြောပါ၊ အခုဘာမြင်ရလဲ”

“ ဘာမှမမြင်ရသေးဘူး”

“ တစ်ဖြေးဖြေးနဲ့မြင်လာလိမ့်မယ်၊အာရုံစိုက်ထား”

“ မြူခိုးတွေလိုအရာတွေပေါ်လာတယ်၊ ကျုပ်က အပေါ်စီးကနေကြည့်နေရသလိုပဲဗျ”

“ ဟုတ်တယ်.. မင်းစိတ်က အဲဒီထဲကိုဝင်လို့မရဘူး၊ ဒါကြောင့်အမြင်ပဲဖွင့်ထားပေးတာ၊ နောက်ထပ်ဘာမြင်ရသေးလဲ”

“ လူတစ်ယောက်ပြေးနေတယ်၊ သူ့အနောက်မှာ ခွေးနက်ကြီးတွေလိုက်နေတယ်”

“ ဟုတ်ပြီ ဆက်ကြည့်ထား၊ ဘာမြင်ရသေးလဲ”

“ သူလဲကျသွားတယ်… ခွေးနက်ကြီးက သူ့ကိုခုန်အုပ်ပြီးကိုက်တော့မယ်ဗျ၊ ဟင် လုံချည်တိုတိုဝတ်ထားတဲ့ လူတစ်ယောက်ရောက်လာပြီး ခွေးနက်ကြီးကို ကန်ထုတ်လိုက်တယ်”

“ သူ့မျက်နှာကိုမြင်ရလား”

“ သေချာမမြင်ရသေးဘူး… ဟင်… ကျုပ်နဲ့ တစ်ပုံစံထဲတူနေပါလား၊ အဲဒါ ကျုပ်အဖေလား”

“ နောက်ထပ်ဘာမြင်ရသေးလဲပြောပါဦး”

“ အဲဒီလူက ဆံပင်ဖားလျားချထားတဲ့လူကို ဒူးထောက်ခိုင်းထားတယ်၊ ဟောဟော ဆံပင်ဖားလျားချထားတဲ့သူက မျက်နှာငယ်လေးနဲ့ တောင်းပန်နေသလိုပဲ”

တိုက်မောင်းစကားကြောင့် ခွန်းလှနဲ့ မောင်စမတို့ အချင်းချင်းကြည့်လိုက်ကြတယ်။

“ ဆံပင်ဖားလျားနဲ့သူ ဘာလုပ်နေလဲ”

“ ကျုပ်အဖေကို ကန်တော့နေတာဗျ၊ သူအတော်ကြောက်နေတဲ့ပုံပဲ၊ ဟင်..မြူခိုးတွေ အုံ့လာပြီ.. ဘာမှမမြင်ရတော့ဘူး”

“ ဒီလောက်ဆို မင်းအတွက်လုံလောက်ပါပြီ…”

အောင်မြတ်သာက ဒိဗ္ဗစက္ကူအင်းနှစ်ချပ်ကိုဆွဲဖယ်လိုက်ရာ တိုက်မောင်းအမြင်တွေမူလအတိုင်းပြန်ဖြစ်သွားခဲ့တယ်။

“ မြဒင်က မကြာခင်အချိန်အတွင်း မင်းဆီပြန်လာလိမ့်မယ်၊ သူပြန်လာတဲ့အခါ မပြီးပြတ်သေးတဲ့ကိစ္စတစ်ခုကို ပြီးပြတ်အောင် လုပ်ဆောင်လိမ့်မယ်၊ သူပြန်ရောက်လာခဲ့ရင် နာမည်ကို မြဒင်လို့ပဲခေါ်ပေးပါ”

“ ကျုပ်ဆီဘယ်လိုပြန်လာမှာလဲ၊ အခုထိကျုပ်က ရည်းစားတောင်ထားဖူးသေးတာမဟုတ်ဘူး‌ဗျ”

“ ဖြစ်ချိန်တန်လာရင် သူ့အလိုလိုဖြစ်လာပါလိမ့်မယ်၊ မင်းအနေနဲ့ အရင်ကဆိုးခဲ့မိုက်ခဲ့တာတွေကို ထပ်မလုပ်ဖို့ပဲလိုတာ”

“ ကျုပ်စိတ်ကို အကောင်းဆုံးပြင်ဆင်ပြီးနေပါ့မယ်၊ ဒါကိုတော့ကတိပေးပါတယ်”

“ ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ၊ ဒါနဲ့ သဘက်ခါညသန်းခေါင်အချိန် ခြံထဲကိုလူစိမ်းဝင် လိမ့်မယ်၊ သတိထားပါ”

“ ခင်ဗျားတို့က အဲဒီနေ့ထိ မနေတော့ဘူးလား”

“ နောင်တစ်ချိန် မြဒင်ပြန်လာတဲ့အခါ ကျုပ်တို့နဲ့ဆုံကြဦးမှာပါ၊ ဒါနဲ့ ကျုပ်ကို ကတိပေးထားတာ မမေ့နဲ့နော်”

“ စိတ်ချပါဗျ..ကျုပ်မမေ့ပါဘူး”

အောင်မြတ်သာလဲ တိုက်မောင်းပခုံးကိုဆုပ်ကိုင်ကာ အားပေးလိုက်ပြီး မြဒင်ရဲ့အငွေ့အသက်တွေကျန်ရှိ နေတဲ့ ယွန်းဘူးလေးကို ကိုင်ထားလိုက်တယ်။ အဲဒီအချိန်

“ တိုက်မောင်းရေ ဧည့်သည်တွေကို ထမင်းစားဖို့ ခေါ်ခဲ့ပါဦး” ဆိုတဲ့ ဒေါ်မေတင်ရဲ့အသံကို ကြားလိုက်ရတယ်။

+++++

နောက်တစ်နေ့မနက်ရောက်တော့ အောင်မြတ်သာတို့လဲ တိုက်မောင်းတို့သားမိကို နှုတ်ဆက်ပြီး ထန်းလုံးဖြူရွာကနေ

ပြန်လည်ထွက်ခွာခဲ့ကြတယ်။ ဆရာတပည့်တွေရဲ့နောက်မှာတော့

မြူခိုးတွေနဲ့အုပ်‌ဆိုင်းနေတဲ့ ထန်းလုံးဖြူရွာလေးကတော့ မှိန်ပြပြဖြင့်ကျန်ရစ်ခဲ့ပါတော့တယ်။

+++++

အောင်မြတ်သာတို့ဆရာတပည့်တွေအနေနဲ့ ထန်းလုံးဖြူရွာကနေ ထွက်လာပြီးတဲ့နောက်မှာတော့ အစနောက်ကြမ်းတဲ့ရွာတစ်ရွာကို မထင်မှတ်ပဲ ရောက်လာခဲ့ကြတယ်။

အဲဒီရွာမှာကြုံတွေ့နေရတဲ့ ထူးဆန်းအံ့ဩဖွယ်ဖြစ်ရပ်တွေကို ဘယ်လိုကူညီပေးကြမလဲ၊ အဖွဲ့ထဲမှာ ပါလာတဲ့ ဖိုးကတုံးကရော ဘယ်လိုမွှေဦးမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်စုန်းဖြူမရွာဆိုတဲ့ဝတ္တုမှာဖတ်ရှု ပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္လြမ္းေငြ႕ေဝေဝ “(စ/ဆုံး)
——————————————————

ထန္းလုံးျဖဴ႐ြာအဝင္ဝမွာရွိတဲ့ ဦး‌ခ်က္စူရဲ႕ ပင္က်ရည္ဆိုင္ေလးမွာေတာ့

ေနထန္းတစ္ဖ်ားမေရာက္ခင္မွာတင္ လူေတြျပည့္ေနခဲ့တယ္။ ႐ြာနီးခ်ဳပ္စပ္မွာ ထန္းေတာမ်ားစြာရွိေပမယ့္ ဦးခ်က္စူပိုင္တဲ့ ထန္းေတာေလာက္အရသာေကာင္းဝာာမရွိတာ ေၾကာင့္ ႐ြာခံလူငယ္ေတြအျပင္ အျခားရပ္ေဝးရပ္နီး ႐ြာကလူေတြပါ လာေရာက္ၾကသလို၊ ထိုးပြဲ႐ိုက္ပြဲ ေတြကလဲ ဦးခ်က္စူ ထန္းေတာကသာ အစပ်ိဳးခဲ့ၾကတယ္။ အခုလဲ ထန္းလုံးျဖဴ႐ြာရဲ႕ ႐ြာခံလူမိုက္ေတြျဖစ္ၾကတဲ့ တိုက္ေမာင္းတို႔အဖြဲ႕ က သူတို႔နဲ႔ေဘးခ်င္းကပ္မွာထိုင္ေနတဲ့ ေရနံကုန္း႐ြာသားေတြကို ဘုၾကည့္ၾကည့္ေနခဲ့ၾကတယ္။ ဒါကိုျမင္တဲ့ ဦးခ်က္စူက ဆူၿဖိဳးေနတဲ့လက္ႂကြက္ကင္ တစ္ေကာင္ကို ခုတ္ထစ္ၿပီးအနားကိုယူလာကာ

“ တိုက္ေမာင္း… ငါ့ကိုသနားရင္ ျပႆနာမရွာပါ နဲ႔လားကြာ၊ ေရာ့ ဒါကမင္းတို႔အဖြဲ႕အတြက္ ငါ့လက္ေဆာင္”

“ ဦးေလးခ်က္စူက က်ဳပ္တို႔ကို ထစ္ခနဲရွိ ျပႆနာရွာမယ့္သူေတြလို႔ထင္ေနတာပဲ၊ က်ဳပ္တို႔က ကိုယ့္စည္းကိုယ့္ေဘာင္နဲ႔ေနတဲ့သူေတြပါ၊ က်ဳပ္တို႔ကိုမထိရင္ က်ဳပ္တို႔ကလဲ ဘယ္သူ႔ကိုမွ မထိဘူး”

“ ေအးပါ… ငါသိပါတယ္၊ ေဟ့ေကာင္ေတြ မင္းတို႔လဲ တိုက္ေမာင္းကို မေျမႇာက္ေပးေနၾကနဲ႔ ၾကားလား”

ဦးခ်က္စူက တိုက္ေမာင္းေဘးမွာရွိေနၾကတဲ့ သူေတြကို ေလသံမာမာနဲ႔ေျပာၿပီး ထန္းတဲထဲကို ျပန္ဝင္သြားခဲ့တယ္။ ထိုစဥ္ မလွမ္းမကမ္းမွာရွိတဲ့ ထန္းရည္ဝိုင္းက လူတစ္ေယာက္က အေပါ့သြားဖို႔ တိုက္ေမာင္းတို႔ဝိုင္းနားကေန ျဖတ္လာစဥ္ ေပါက္ေက်ာ္ရဲ႕ ေျခေထာက္ကိုအမွတ္မထင္ တိုက္မိသြားခဲ့တယ္။

“ ေဟ့ေကာင္ မင္းမျမင္ဖူးလား.. ေစာက္လုံးကန္းေနလား ဟမ့္”

“ အာ… ေတာင္းပန္ပါတယ္ဗ်ာ၊ ကြၽန္ေတာ္ မျမင္လိုက္လို႔ပါ.. တကယ္ေတာင္းပန္ပါတယ္ဗ်ာ”

“ ရပါတယ္ ေကာင္ေလးရ… ေပါက္ေက်ာ္ မင္းလဲ ေတာ္ေတာ့၊ ဟိုက မျမင္လို႔ တိုက္မိတာလို႔ ေတာင္းပန္ေနၿပီပဲ”

အျခားဝိုင္းက‌လူေတြကေတာ့ ျပႆနာတက္မယ္လို႔ ထင္ထားေပမယ့္ အခုလို ေျပေျပလည္လည္ၿပီး သြားေတာ့ ခါးၾကားထဲ ထိုးထားတဲ့ ဖိနပ္ေတြကို ျပန္ခ်ကာ ထန္းရည္ျပန္ေသာက္ေနခဲ့ၾကတယ္။

“ တိုက္ေမာင္း… မင္းက လယ္ႂကြက္တစ္ေကာင္နဲ႔ ႐ြာခံလူမိုက္ဆိုတဲ့ဂုဏ္ကိုလဲခ်င္တာလား၊ ဒီေကာင္က ငါ့ကိုတမင္ဝင္တိုက္သြားတာကြ”

“ ေပါက္ေက်ာ္… လူမိုက္ဆိုတာ ႀကိဳက္သလိုဆိုးလို႔ ရတယ္၊ ရမ္းလို႔ရတယ္၊ ဒါေပမယ့္ တမင္သက္သက္လုပ္တာနဲ႔ မေတာ္တဆျဖစ္တာကို ခြဲျခားတတ္ဖို႔လိုတယ္ကြ၊ အခုမင္းဟာက လူမိုက္နဲ႔ မတူဘူး ေခြး႐ူးနဲ႔တူေနတယ္၊ မင္းငါ့ကို ေစာ္ကားတာ ဒါေနာက္ဆုံးျဖစ္ပေစ”

တိုက္ေမာင္းက ထန္းရည္ခြက္ကို ဆတ္ခနဲေမာ့ခ်လိုက္ၿပီး ထန္းေတာအျပင္ဘက္ကို ထြက္သြားခဲ့လိုက္တယ္။

“ ေဟ့ တိုက္ေမာင္း… ဘယ္သြားမလို႔လဲကြ”

ၾကက္တစ္ေကာင္ကိုပိုက္ၿပီး လမ္းေလ်ာက္လာတဲ့ ကိုဖိုးေခြးတို႔အဖြဲ႕က လွမ္းႏႈတ္ဆက္တာမို႔ တိုက္ေမာင္က ႐ြာထဲကိုလက္ညိဳးထိုးျပကာ

“ ႐ြာထဲျပန္မလို႔‌ဗ်… ကိုဖိုးေခြးတို႔က ဘယ္လဲ”

“ ေခ်ာင္းကေလးကြင္းမွာ ၾကက္ပြဲရွိလို႔ကြ၊ ဒီပြဲမွာ တိုက္တိုင္းေအာင္ကိုပြဲထုတ္မလို႔ေလ”

“ ဒီေကာင္လဲေကာင္းပါတယ္.. ေၾကးကဘယ္ေလာက္ေခၚထားလဲဗ်”

“ ငါးေထာင္ တစ္ေသာင္းေလာက္ေတာ့ မွန္းထားတယ္၊ မင္းေရာစပ္တူပါမလို႔လား”

“ က်ဳပ္မွာပိုက္ဆံမရွိဘူးေလ… လိုက္ဆိုရင္ေတာ့ လိုက္ခဲ့ေပးမယ္”

“ မင္းပါေတာ့ပိုေကာင္းတာေပါ့ကြာ… ဒါနဲ႔ ေပါက္ေက်ာ္တို႔လဲမေတြ႕ပါလား”

“ ဒီေကာင္ေတြ ထန္းေတာထဲမွာ ျပႆနာရွာေနေရာေပါ့”

“ ဒါျဖင့္လဲ မေခၚေတာ့ပါဘူး.. ကဲ သြားၾကရေအာင္”

တိုက္ေမာင္းတို႔ ၾကက္ပြဲထဲေရာက္ေတာ့ လူကအေတာ္စုံေနၿပီမို႔ အခ်ိန္မဆြဲေတာ့ပဲ တိုက္တိုင္းေအာင္ကို လုပ္ေပးသင့္တာ လုပ္ေပးၿပီး တည္ေပးလိုက္တယ္။

“ တိုက္တိုင္းေအာင္ကြ… လုပ္ထားစမ္း”

“ ရန္မ်ိဳးေအာင္တဲ့ေဟ့… ႀကိတ္ထားစမ္း ေဖ့သားႀကီး”

ႏွစ္ဖက္ၾကက္ဆြဲေတြရဲ႕ လက္သီးလက္ေမာင္းတန္းၿပီး အားေပးသံ၊ ေဘးကေန ေလာင္းေၾကးတင္ထားၾကတဲ့သူေတြရဲ႕ အားေပးသံေတြက ကြင္းတစ္ခုလုံး ဆူညံေနခဲ့တယ္။

ဒီလိုနဲ႔ တတိယအခ်ီေလာက္အေရာက္မွာေတာ့ တိုက္တိုင္းေအာင္က ရန္မ်ိဳးေအာင္ရဲ႕ နားစကို ဆြဲလိမ္ၿပီး ခြပ္ခ်လိုက္ရာ ဟိုေကာင္ခဗ်ာ ေအာ္ၿပီးစည္းအျပင္ဘက္ကိုေျပးပါေလေရာ။

ၾကက္ပြဲမွာက ထြက္ေျပးတဲ့ၾကက္ကအရႈံးဆိုေတာ့ ကိုဖိုးေခြးတို႔အႏိုင္ရၿပီးေလာင္းေၾကးေငြေတြလဲ ၿမိဳးၿမိဳးျမက္ျမက္ရလိုက္ၾကတယ္။

“ ဒါကမင္းအတြက္ ထန္းရည္ဖိုး”

“ မယူပါဘူးဗ်ာ… က်ဳပ္က ပ်င္းေနတာမို႔ လိုက္လာေပးတာပဲရွိတာ”

“ ယူပါကြ… မင္းအတြက္မဟုတ္ရင္ေတာင္ မင္းအေမအတြက္ တစ္ခုခုဝယ္သြားလို႔ရတာေပါ့”

“ ဟုတ္သားပဲ တိုက္ေမာင္းရာ… ယူလိုက္ပါကြ”

“ ဒါဆိုလဲၿပီးေရာဗ်ာ…”

တိုက္ေမာင္းက ႏိုင္ေႂကြေငြအခ်ိဳ႕ကိုယူၿပီး အိတ္ကပ္ထဲထည့္ထားလိုက္တယ္။ ဒီလိုနဲ႔ ကိုခ်က္စူ ထန္းေတာနားကိုေရာက္ေတာ့ လူေတြ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနတာေၾကာင့္ ဘာမ်ားျဖစ္လဲဆိုၿပီးၾကည့္ လိုက္ရာ ရင္ဘတ္မွာ ဓါးဒဏ္ရာနဲ႔ ေသဆုံးေနတဲ့ ေပါက္ေက်ာ္နဲ႔ ျမင့္စိုးကိုျမင္လိုက္ရတယ္။

“ ဒါ ဒါက ဘယ္လိုျဖစ္တာလဲ၊ ဦးေလးခ်က္စူ ဒါကဘယ္လိုျဖစ္တာလဲလို႔”

“ ငါလဲေအာ္သံၾကားလို႔ ထြက္ၾကည့္ေတာ့ ႏွစ္ေယာက္လုံးအသက္ငင္ေနၿပီ”

“ သူတို႔ကို ဘယ္ေကာင္ဓါးနဲ႔ထိုးသြားတာလဲ သိလား”

တိုက္ေမာင္းအသံက ေဒါသေၾကာင့္ မာထန္ေနသလို အသားေတြက တဆတ္ဆတ္တုန္ခါေနခဲ့တယ္။

“ ကိုတိုက္ေမာင္း…”

“ ဘာလဲကြ”

“ ေပါက္ေက်ာ္တို႔ကို ဓါးနဲ႔ထိုးသြားတဲ့လူက သူ႔ကို ခလုပ္တိုက္သြားတဲ့သူပဲ”

“ ဘာ… ဒီေကာင္ေတြကို ျပႆနာမရွာဖို႔ အတန္တန္ေျပာထားခဲ့တာကိုကြာ”

“ မဟုတ္ဘူး ကိုတိုက္ေမာင္း… ေပါက္ေက်ာ္တို႔က သူတို႔ဘာသာထန္းရည္ေသာက္ေနတာ၊ ဒါကို ဟိုေကာင္က အေပါ့သြားၿပီးအျပန္ ႏႈတ္ဆက္သလို ဘာလိုနဲ႔ ဓါးနဲ႔ဝင္ထိုးသြာတာပဲ”

“ ေဟ့ေကာင္ ေက်ာ္ဝင္း… မင္းက ဘယ္လိုအတိအက်သိေနတာလဲ”

“ အာ… ကိုတိုက္ေမာင္းတို႔ အေနာက္ဝိုင္းမွာ ကြၽန္ေတာ္နဲ႔ ေမာင္ႂကြက္ထိုင္ေနတာေလဗ်ာ၊ အျဖစ္အပ်က္ကျမန္ဆန္လြန္းေတာ့ ဘာလုပ္ရမွန္းမသိျဖစ္သြားတာ၊ ေနာက္ၿပီး ဒီေကာင္ေတြက ႏွစ္ေယာက္ထဲလာတာေနာ္”

“ သူတို႔ကဘယ္႐ြာကလဲဆိုတာသိလား”

“ အဲဒါေတာ့မသိဘူး…”

“ ေတာက္စ္… ဒါက ငါမရွိလို႔ ျဖစ္ရတာကြ၊ မင္းတို႔ဘယ္ကေကာင္ဆိုတာသိတာနဲ႔ အေရခြံခြာၿပီး မီးကင္ပစ္မယ္”

တိုက္ေမာင္းက ေဒါသတစ္ႀကီးႀကိမ္းဝါးရင္း ေပါက္ေက်ာ္တို႔အေလာင္းနားထိုင္ေနတဲ့အခ်ိန္

“ ေပါက္ေက်ာ္တို႔ကိုသတ္သြားတဲ့သူေတြကို ဂ်ီဝါး႐ြာမွာျမင္ဖူးတယ္”ဆိုတဲ့အသံကိုၾကားလိုက္ ရတယ္။

“ သူတို႔က ဂ်ီဝါး႐ြာကဆိုတာ ေသခ်ာလား”

“ ေသခ်ာတယ္လို႔အတပ္မေျပာႏိုင္ေပမယ့္ ဂ်ီဝါး႐ြာဘက္သြားတဲ့အခါတိုင္း သူတို႔ကို ႐ြာထိပ္က ထန္းေတာမွာျမင္ေနၾကဗ်”

“ မင္းက ေရနံကုန္း႐ြာကမဟုတ္လား”

“ ဟုတ္ပါတယ္… ကိုတိုက္ေမာင္းတို႔ ေဘးက ဝိုင္းမွာ ကြၽန္ေတာ္တို႔ထိုင္ေနတာပါ”

“ ဂ်ီဝါး႐ြာက ေကာင္ေတြကမ်ား ငါ့႐ြာထိလာၿပီး ငါ့သူငယ္ခ်င္းေတြကိုသတ္သြားရတယ္လို႔ကြာ”

တိုက္ေမာင္းက အံကိုခပ္တင္းတင္းႀကိတ္ၿပီး ထန္းေတာထဲကေန ျပန္ထြက္သြားခဲ့လိုက္တယ္။ အဲဒီေန႔ကစၿပီး တိုက္ေမာင္းတစ္ေယာက္ ဘယ္မွ မသြားေတာ့ပဲ ငွက္ႀကီးေတာင္ဓါးကိုသာ ျမေနေအာင္ ေသြးေနေလေတာ့တယ္။

++++++

ဒီကိစၥေတြျဖစ္ၿပီး ႏွစ္လေလာက္အၾကာမွာေတာ့ တိုက္ေမာင္းဆီကို ကိုဖိုးေခြးေရာက္ခ်လာခဲ့တယ္။

“ တိုက္ေမာင္း… မင္း ေရနံကုန္း႐ြာက‌အေၾကာင္း သိၿပီးၿပီလား”

“ ဘာအေၾကာင္းလဲဗ်”

“ မင္းကို လူသတ္တဲ့ေကာင္ ဘယ္မွာေနတယ္ဆိုတာ ေျပာျပခဲ့တဲ့ ေရနံကုန္း႐ြာသားေလ မွတ္မိတယ္ မဟုတ္လား”

“ မွတ္မိတယ္ေလ ဘာျဖစ္လို႔လဲ”

“ အဲဒီေကာင္ မေန႔ညက ဓါးထိုးခံရလို႔ေသၿပီတဲ့”

“ ဗ်ာ… ဘယ္မွာျဖစ္တာလဲကိုဖိုးေခြး”

“ သူ႔အိမ္ေရွ႕မွာပဲျဖစ္တာတဲ့… ညဘက္ပူလို႔ ကြပ္ျပစ္မွာဆင္းအိပ္တဲ့အခ်ိန္ ဓါးနဲ႔လာဝင္ ထိုးသြားတယ္ေျပာတယ္”

“ ဘယ္သူထိုးတယ္ဆိုတာ သိရၿပီလား”

“ တရားခံကိုအခုထိမမိေသးဘူးတဲ့”

“ အခုလိုလာေျပာတာ ေက်းဇူးတင္ပါတယ္ကိုဖိုးေခြး၊ ဒါနဲ႔ဘယ္အေမေဘးကမ်ား ခိုးေၾကာင္ခိုးဝွက္လိုက္သတ္ေနလဲမသိဘူး”

“ မင္းလဲသတိထားဦး…ၾကားလား”

“ သတိထားပါတယ္…ဒီေကာင္ က်ဳပ္ဆီကိုလဲ တစ္ခ်ိန္ခ်ိန္လာမယ္ဆိုတာ သိေနတယ္”

‌တိုက္ေမာင္းက အိမ္နံရံမွာ ခ်ိတ္ထားတဲ့ ငွက္ႀကီးေတာင္ဓါးကို ၾကည့္ရင္း ေမးေၾကာေတြ ေထာင္လာတဲ့ထိ အံကိုႀကိတ္ထားလိုက္တယ္။

“တိုက္ေမာင္း… နင္ဘာေတြလုပ္ဖို႔ႀကံေနတာလဲ”

အေနာက္ကေန ႐ုတ္တရက္ထြက္လာတဲ့အသံေၾကာင့္ တိုက္ေမာင္း လွည့္ၾကည့္လိုက္ရာ ဘုရားဆြမ္းေတာ္ပန္းကန္ကို ကိုင္ထားတဲ့မိခင္ျဖစ္သူကိုျမင္လိုက္ရတယ္။

“ ဘာမွမႀကံပါဘူး”

“ ဟဲ့အေကာင္ နင္ကို ငါေမြးထားတာ၊ နင္ပါးစပ္ဟလိုက္တာနဲ႔ အူဘယ္ႏွစ္ေခြရွိလဲသိတယ္”

“ သိလဲ ေျပာမေနပါနဲ႔ေတာ့အေမရာ.. ဘုရားဆြမ္းကပ္မယ္ဆိုလဲကပ္ပါေတာ့”

“ တိုက္ေမာင္း ငါတစ္ခါထဲေျပာထားမယ္ေနာ္၊ နင္ ငါ့ကိုစိတ္ဆင္းရဲေအာင္လုပ္တာနဲ႔ နံရံမွာထိုးထားတဲ့ ဓါးကို ငါ့ဗိုက္ထဲထိုးသြင္းလိုက္မယ္”

“ အေမရာ.. ဘာေတြေလ်ာက္ေျပာေနတာလဲ၊ ဘုရားဆြမ္းကပ္စရာရွိကပ္ပါဗ်ာ”

ေဒၚတင္ေမက တိုက္ေမာင္းကို မ်က္ေစာင္းထိုးကာၾကည့္လိုက္ၿပီး ဘုရားဆြမ္းကပ္ရန္ထြက္သြားခဲ့လိုက္တယ္။

++++++

“ ဝုတ္ ဝုတ္ ဝုတ္”

႐ုတ္တရက္ထြက္ေပၚလာတဲ့ ေခြးေဟာင္သံေၾကာင့္ အိပ္ေပ်ာ္လုဆဲဆဲျဖစ္ေနတဲ့ တိုက္ေမာင္းတစ္ေယာက္ ဆတ္ခနဲ ထထိုင္လိုက္တယ္။

“ ေခြးေတြက အိမ္နားတစ္ဝိုက္မွာ ေဟာင္ေနပါလား၊ ဘာမ်ားျဖစ္လို႔ပါလိမ့္”

တိုက္ေမာင္းက စိတ္ထဲကေရ႐ြတ္ၿပီး အိမ္နံရံေပါက္ကေနေခ်ာင္းၾကည့္လိုက္ရာ အေမွာင္ထုထဲမွာ လႈပ္ရွားေနတဲ့ လူရိပ္တစ္ခုကို ျမင္လိုက္ရတယ္။ အဆိုပါလူရိပ္က ၿခံစည္း႐ိုးနားလဲေရာက္ေရာ အနားမွာရွိတဲ့သစ္ပင္ေပၚကေနတစ္ဆင့္ ၿခံထဲကို ေက်ာ္ဝင္လာခဲ့တယ္။

အဲဒီအခ်ိန္မွာေတာ့ တိုက္ေမာင္းက နံရံမွာခ်ိတ္ထားတဲ့ ဓါးကိုအသာျဖဳတ္ယူၿပီး တံခါးမႀကီးနားမွာပုန္းေအာင္းကာ အေျခအေနကို ေစာင့္ၾကည့္ေနတဲ့အခ်ိန္

“ တိုက္ေမာင္း… နင္ ဓါးကိုင္ၿပီး ဘာရပ္လုပ္ေနတာလဲ” ဆိုတဲ့‌အသံထြက္လာခဲ့တယ္။

အသံလဲၾကားေရာ ၿခံထဲဝင္လာတဲ့လူက ၿခံျပင္ကိုထြက္ေျပးသြားတာေၾကာင့္ တိုက္ေမာင္း ေတာက္တစ္ခ်က္ခတ္လိုက္ၿပီး

“ အေမအသံၾကားလို႔ ဟိုေကာင္ထြက္ေျပးသြားၿပီဗ်”

“ ဘယ္ေကာင္လဲ… အိမ္ကိုသူခိုးကပ္လို႔မ်ားလား”

“ သူခိုးလား ဓါးျပလားေတာ့မေျပာတတ္ဘူး၊ အခုေတာ့ အေမအသံေၾကာင့္ လြတ္သြားၿပီ”

“ ကဲကဲ… စိတ္ေလ်ာ့ၿပီး အိပ္လိုက္ေတာ့၊ အေမ အိမ္တံခါးေတြကို ေသခ်ာပိတ္ထားပါတယ္”

“ က်ဳပ္ကအေမမ်က္ႏွာေၾကာင့္ ထင္တိုင္းမက်ဲေသးတာေနာ္”

“ ေအးပါ… စိတ္ေလ်ာ့လိုက္ေတာ့ေနာ္”

တိုက္ေမာင္းလဲ မိခင္ျဖစ္သူစကားေၾကာင့္ ဓါးကို နံရံမွာျပန္ထိုးၿပီး အိပ္ယာထဲျပန္ဝင္ခဲ့လိုက္တယ္။

+++++++

“ ရွပ္ ရွပ္ ရွပ္”

ဇရပ္ေဘးကေန ထြက္ေပၚလာတဲ့ ေျခသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ ဖိုးကတုံးတစ္ေယာက္ ေလးခြကိုဆတ္ခနဲဆြဲယူကာ ထထိုင္လိုက္တယ္။

“ ဖိုးကတုံး ဘာျဖစ္လို႔လဲ”

“ ေျခသံၾကားလို႔ဆရာ… ဇရပ္နားကို လူကပ္တဲ့အသံပဲ”

ေအာင္ျမတ္သာလဲ ဖိုးကတုံးစကားေၾကာင့္ ဇရပ္လက္တန္းေပၚမွာထြန္းထားတဲ့ ဖေယာင္းတိုင္ကို မီးညႇိလိုက္တဲ့အခ်ိန္ အေမွာင္ထုထဲကေန ျဖတ္ေျပးသြားတဲ့ လူရိပ္တစ္ခုကို ျမင္လိုက္ရတယ္။

“ ေဖာက္… ေဖာက္…”

“ အား….”

ဖိုးကတုံးရဲ႕လက္သံနဲ႔အတူ နာက်င္စြာေအာ္ဟစ္လိုက္တဲ့အသံေၾကာင့္ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔ပါႏိုးလာၿပီး အသံၾကားတဲ့ ဘက္ကိုၾကည့္လိုက္ရာ လူတစ္ေယာက္ ေျမႀကီးေပၚလူးလိမ့္ေနတာဝိုးတဝါး ျမင္လိုက္ရတယ္။

“ ေဟ့… မင္းဘယ္သူလဲ”

ေမာင္စမက အသံေပးၿပီး ဇရပ္ေပၚက ဆင္းသြားတဲ့အခ်ိန္ ညဥ္းညဴေနတဲ့သူဆီကေန လက္ခနဲအရာတစ္ခုထြက္လာခဲ့တယ္။

“ ႐ႊပ္”

“ အာ့… ဒီေကာင္မွာဓါးပါတယ္ေဟ့”

ေမာင္စမက လက္ေမာင္းကို အျခားလက္နဲ႔ဖိရင္း ေအာ္ေျပာလိုက္ေပမယ့္ ဖိုးကတုံး၊ ေမာင္ေကာင္းနဲ႔ ခြန္းလွတို႔က ေၾကာက္႐ြံ႕ဟန္မျပပဲ ဝုန္းခနဲ ခုန္ဆင္းသြားခဲ့တယ္။

“ ေဟ့လူ… လက္ထဲက ဓါးကိုခ်လိုက္စမ္း၊ မခ်ရင္ က်ဳပ္ပစ္မွာေနာ္”

“ ဖိုးကတုံး အနားမကပ္နဲ႔… ဒီေကာင္က သူခိုးလား၊ ဓါးျပလားမသိေသးဘူးဟ”

အဲဒီအခ်ိန္ ဇရပ္ေပၚမွာရွိေနတဲ့ ေအာင္ျမတ္သာ ဆင္းလာၿပီး

“ ဒီအခ်ိန္ႀကီး ဓါးတစ္ေခ်ာင္းနဲ႔လိုက္သြားေနပုံ ေထာက္ရင္ လူေကာင္းေတာ့မျဖစ္ႏိုင္ဘူး”

“ လူေကာင္းမဟုတ္ရင္ ပစ္ထည့္လိုက္ရမလားဆရာ”

“ ခဏေနပါဦး ဖိုးကတုံးရယ္၊ သူဘာေျပာလဲ အရင္ နားေထာင္ရေအာင္”

“ ေဟ့ေကာင္ ေမးေနတာ မၾကားဘူးလား၊ ျမန္ျမန္ေျဖစမ္း”

ခြန္းလွက အနားမွာရွိတဲ့ ေက်ာက္ခဲတစ္လုံးကို ေကာက္ကိုင္ကာ႐ြယ္ရင္းေမးလိုက္ေတာ့မွ

“ က်ဳပ္က ဟိုဘက္႐ြာမွာေနပါတယ္၊ ဒီအခ်ိန္ႀကီး အေဖေနမေကာင္းျဖစ္လို႔ ေဆးဆရာလာပင့္တာပါ”

“ ေဆးဆရာလာပင့္တာကလဲ ဓါးနဲ႔ပါလား၊ မဟုတ္မွလြဲေရာ ေဆးဆရာရဲ႕လည္ပင္းကို ဓါးနဲ႔ေထာက္ၿပီး ေခၚမလို႔လားကြ”

“ တကယ္ေျပာတာပါ၊ ညေရးညတာ တစ္ေယာက္ထဲ လာတာဆိုေတာ့ လိုကာမယ္ကာ ေဆာင္ခဲ့တာပါ”

“ မင္းေဝ့လည္ေၾကာင္ပတ္လုပ္မေနနဲ႔… ခြန္းလွေရ ဒီေကာင္ အမွန္တိုင္းမေျပာလို႔ကေတာ့ ညိဳသက်ဥ္းကို ခဲနဲ႔ထုပစ္လိုက္”

ေမာင္စမစကားေၾကာင့္ ခြန္းလွက ခဲနဲ႔ထုမယ့္ဟန္ျပင္လိုက္ရာ

“ အမွန္တိုင္းေျပာပါ့မယ္… က်ဳပ္ က်ဳပ္ လူတစ္ေယာက္ကိုသတ္ဖို႔ ထြက္လာတာပါ”

“ မင္းကဘာလို႔ လူသတ္ခ်င္ရတာလဲ”

“ သူနဲ႔ သူ႔အေပါင္းအပါေတြက က်ဳပ္ရဲ႕အကိုကို ေအာက္ပိုင္းေသတဲ့အထိ ႐ိုက္ခဲ့ၾကတယ္၊ အကိုကလဲ အဲဒီစိတ္နဲ႔ ၿပီးခဲ့တဲ့လကပဲ ဆုံးသြားခဲ့တယ္၊ ဒါေၾကာင့္ ဒီလူေတြကို ျပန္သတ္ဖို႔ ႀကိဳးစားခဲ့တာပဲ”

“ မင္းအျဖစ္ကလဲစိတ္မေကာင္းစရာပဲ၊

ဒါေပမယ့္လူသတ္တာမေကာင္းဘူး ေဟ့ေကာင္ရ၊ ေသရင္လဲ ငရဲေရာက္မွာ၊ မေသခင္လဲ တစ္ဖက္နဲ႔တစ္ဖက္အၿငိဳးအေတးေတြေၾကာင့္ စိတ္ဆင္းရဲရမယ္ကြ”

“ က်ဳပ္နားလည္ပါၿပီ…ေနာက္လဲမလုပ္ေတာ့ပါဘူး”

“ ေအးေအး… ေနာက္တစ္ခါထပ္လုပ္ရင္လဲ မင္းထိုက္နဲ႔မင္းကံပဲ၊ အခု မင္းေၾကာင့္ ငါ့လက္ေမာင္းရွပ္ထိသြားတာကို တာဝန္ယူရမယ္”

“ ဘယ္လိုတာဝန္ယူမလဲဆိုတာေျပာပါ၊ က်ဳပ္မနက္မိုးလင္းတာနဲ႔ ျဖစ္ေအာင္လုပ္ေပးပါ့မယ္”

“ အင္း… မင္းအေနနဲ႔လုပ္ရမွာက ဒီေနရာမွာ ခဏအိပ္လိုက္ဖို႔ပဲ”

ေမာင္စမက စကားစျမည္ေျပာေနရင္း ပါးေစာင္ကိုခြပ္ခနဲထိုးခ်လိုက္ရာ ဓါးကိုင္ထားတဲ့လူ ေပ်ာ့ေခြကာသတိလစ္သြားခဲ့တယ္။

“ ဆရာ… ဒီေကာင္ေနာက္မလုပ္ဘူးလို႔ေျပာတာကို ယုံလား”

“ သူ႔မ်က္လုံးေတြကိုကၾကည့္တာနဲ႔သိတယ္ေလ၊ ဒါေၾကာင့္ ဘာမွဝင္မေျပာတာ”

“ အခု ဒီေကာင္ကို ဘယ္လိုလုပ္မလဲဆရာ”

“ မွတ္ေလာက္ေအာင္ဆုံးမၿပီးၿပီဆိုေတာ့ ဇရပ္ေပၚေခၚတင္လာခဲ့ပါ၊ သူသတိရလာမွ လိုတဲ့အရပ္ကိုသြားပေစ”

ေမာင္စမတို႔လဲ သတိလစ္ေနတဲ့သူကို ဇရပ္ေပၚေခၚတင္ၿပီးတိုင္မွာႀကိဳးနဲ႔ခ်ည္ထားလိုက္တယ္။ အဆိုပါလူက မနက္အ႐ုဏ္တက္ခ်ိန္ ေရာက္တဲ့တိုင္ သတိမရေသးတာမို႔ ခ်ည္ထားတဲ့ ႀကိဳးေတြကို ေျဖေပးၿပီးထန္းလုံးျဖဴ႐ြာဘက္ကို ထြက္လာခဲ့လိုက္တယ္။

+++++

ေအးျမျမႏွင္းေငြ႕ေလးေတြရဲ႕ အထိေတြ႕ကိုခံစားရင္း လမ္းေလ်ာက္လာရင္းကေန ေအာင္ျမတ္သာက ဟက္ခနဲ တစ္ခ်က္ရယ္လိုက္ၿပီး

“ ျမဒင္တို႔႐ြာကေတာ့ လူဆိုးလူမိုက္ေတြ အခုထိမေလ်ာ့ေသးပါလား” လို႔ေရ႐ြတ္လိုက္ပါေတာ့တယ္။

႐ြာထိပ္ေရာက္ေတာ့ ထန္းပင္လုံးေတြကို ထုံးျဖဴျဖဴေတြသုတ္ထားတာျမင္ေတာ့ ဖိုးကတုံးက

“ ဆရာ… ထန္းပင္ေတြကို ထုံးသုတ္ထားလို႔ ဒီ႐ြာကို ထန္းလုံးျဖဴ႐ြာလို႔ေခၚတာလား”

“ ဒီေကာင္ ေပါက္ေပါက္ရွာရွာေမးျပန္ပီ၊ ထန္းပင္ထုံးသုတ္တယ္ဆိုတာက သူ႔အပင္ကိုယ့္အပင္မွတ္မိေအာင္လုပ္ထားတာပါ၊ ထန္းလုံးျဖဴ႐ြာဆိုတာက ဘယ္ခ်ိန္ထဲကေခၚလဲ ငါလဲမသိဘူး”

“ ဖိုးကတုံး မင္းသိခ်င္ရင္ ႐ြာထဲမွာေတြ႕တဲ့လူကို ေမးၾကည့္ေပါ့ကြာ၊ ႐ြာခံေတြဆိုရင္ေတာ့သိမွာပဲ”

“ ဟုတ္ပီ ႐ြာထဲေရာက္ရင္ ေမးရမယ္”

ေအာင္ျမတ္သာက ဖိုးကတုံးကိုၾကည့္ၿပီး သေဘာက်စြာရယ္ေမာလိုက္ပါေတာ့တယ္။

+++++

အလင္းေရာင္ႏုႏုေလးေတြက်ဆင္းေနတဲ့ နံနက္အခ်ိန္ခါမွာေတာ့ ထန္းလုံးျဖဴ႐ြာေလးက လႈပ္ရွားကာအသက္ဝင္လာခဲ့တယ္။ မီးခိုးတလူလူ ထြက္ေနတဲ့ မုန႔္ေဈးဆိုင္တန္း‌တစ္ခုစီအေရာက္ မွာေတာ့ ေမာင္စမက

“ ျမဒင္… မင္း မင္း ဘယ္လိုလုပ္ၿပီး ဒီ႐ြာကို ေရာက္ေနတာလဲ”

“ ေဟ့လူ… ခင္ဗ်ားကဘယ္သူလဲဗ်၊ က်ဳပ္နာမည္ ျမဒင္မဟုတ္ဘူး လူမွားေနၿပီ”

“ စမ… သူကျမဒင္မဟုတ္ဘူးေလ၊ သတိထားပါဦး”

ေအာင္ျမတ္သာစကားၾကားေတာ့ ေမာင္စမ သတိျပန္ဝင္သြားၿပီး ဆြဲထားတဲ့လက္ကို လႊတ္ေပးလိုက္တယ္။

“ ဒီလူေတြ ႐ူးေနၾကတာလား… ေၾကာင္ေတာင္ေတာင္နဲ႔ကြာ”

“ ရွင္ ရွင္တို႔က ျမဒင္ကို သိေနၾကတာလား”

“ အေမ… သူတို႔ကဘယ္သူေတြလဲ”

“ နင္အသာေနစမ္းပါ တိုက္ေမာင္းရယ္”

ေဒၚေမတင္စကားေၾကာင့္ ေအာင္ျမတ္သာေရွ႕တိုး လာၿပီး

“ သင္က ျမဒင္ရဲ႕ ဇနီးလား”

“ ဟုတ္ပါတယ္…ဒါနဲ႔ မင္းတို႔က သူ႔ရဲ႕အသိေတြလားဟင္”

“ ဒီေကာင္ေလးက ျမဒင္ရဲ႕သားေပါ့၊ ဟားဟားဟား ျမဒင္ေရ မင္းက ကိုယ္ပြားေလးထားခဲ့တာပါလား”

ေမာင္စမက တိုက္ေမာင္းကို ဓါးထိထားလို႔ နာေနတဲ့လက္နဲ႔ခပ္တင္းတင္းေပြ႕ဖက္ထားလိုက္‌

တယ္။

“ ေဟ့လူ က်ဳပ္ကိုလႊတ္စမ္း… အေမ ဒီလူေတြက ဘယ္သူေတြလဲ”

“ မင္းနားလည္ေအာင္ အေမ အိမ္ေရာက္မွ ရွင္းျပမယ္၊ ဒီက ဧည့္သည္ေတြလဲ အိမ္ကိုလိုက္ခဲ့ၾကပါ”

ေဒၚေမတင္ရဲ႕စကားေၾကာင့္ တိုက္ေမာင္းက ဘာမွနားမလည္တဲ့ဟန္နဲ႔ေနာက္ကေန လိုက္ပါလာခဲ့တယ္။ အိမ္ေရာက္ေတာ့ ေဒၚေမတင္က ေအာင္ျမတ္သာတို႔ကိုၾကည့္ၿပီး

“ ကိုျမဒင္ ေထာင္ကလြတ္လာၿပီး ႐ြာကိုျပန္ေရာက္ေတာ့ သူအေတာ္ေျပာင္းလဲသြားတယ္၊ အၿမဲတမ္း အင္းဆြဲ၊ အင္းေသာက္ပဲလုပ္ေနခဲ့တာ၊ အဲဒီခ်ိန္ ကိုျမဒင္ရဲ႕အဖြားကလဲမရွိေတာ့တာမို႔ အကိုႀကီးဘသန္း(ျမဒင္ရဲ႕ဆိုးေဖာ္‌ဆိုးဖက္သူငယ္ခ်င္း)က ကြၽန္မနဲ႔အိမ္ေထာင္ခ်ေပးခဲ့တယ္။ ဒါေပမယ့္ အိမ္ေထာင္က်ၿပီးရက္ပိုင္းေလာက္အၾကာမွာပဲ သူ႐ြာကေန ေပ်ာက္ခ်င္းမလွ ေပ်ာက္ကြယ္ သြားခဲ့တာ အခုထိပါပဲရွင္၊ သူ သူအသက္ရွင္လ်က္ရွိေနေသးလားဆိုတာ ေျပာျပပါဦး”

(ျမဒင္ေနာက္ေၾကာင္းရာဇဝင္ေတြကိုေတာ့ ေအာင္ျမတ္သာႏွင့္ေမာင္းတစ္လုံးျမဒင္၊ ေအာင္ျမတ္သာႏွင့္နရသိန္ဝင္ေပါက္၊ ေအာင္ျမတ္သာႏွင့္နတ္မ်က္စိျမဒင္ဆိုတဲ့ဝတၱဳေတြ မွာဖတ္ရႈႏိုင္ပါတယ္)

“ သူကအခု လူ႔ေလာကမွာမရွိေတာ့ပါဘူး၊ ဒါေပမယ့္ တစ္ခ်ိန္ခ်ိန္ ဒီအရပ္ေဒသကို သူျပန္ေရာက္လာပါလိမ့္မယ္”

“ အေမ ေျပာေတာ့ အေဖက က်ဳပ္ငယ္ငယ္ေလးထဲက ဆုံးသြားတာဆို”

တိုက္ေမာင္းစကားကို ေဒၚေမတင္ ဘာမွျပန္မေျဖပဲ အိမ္ခန္းထဲကိုဝင္သြားခဲ့တယ္။ ခဏေနေတာ့ ေဟာင္းႏြမ္းေနၿပီျဖစ္တဲ့ ယြန္းေသတၱာတစ္လုံးကို ထုတ္ယူလာၿပီး

“ သူမထြက္သြားခင္ တစ္ရက္အလိုမွာ ကြၽန္မကိုေပးသြားခဲ့တဲ့ေသတၱာေလးပါ၊ အထဲမွာေတာ့ သူဆြဲလက္စအင္းအခ်ိဳ႕ရွိေနပါတယ္”

ေအာင္ျမတ္သာလဲ ေဒၚေမတင္ေပးတဲ့ ယြန္းေသတၱာဘူးကိုဖြင့္ၾကည့္လိုက္ရာ ဆြဲလက္စ အင္းအခ်ိဳ႕နဲ႔ ေရးဆြဲထားၿပီးသား အင္းစမေတြကို ျမင္ေတြ႕လိုက္ရတယ္။

“ ဒီအေၾကာင္းေတြကို သားျဖစ္သူမသိခဲ့ဘူးလား”

“ သူ႔အေဖအေၾကာင္း ဘာမွမသိခဲ့ပါဘူး၊ ကြၽန္မ ကိုယ္တိုင္ကလဲ မေျပာျပခဲ့ဘူးေလ”

“ ဘာေၾကာင့္မေျပာျပခဲ့တာလဲ… ဒီ႐ြာမွာ ျမဒင္ ဘယ္လိုကူညီခဲ့တာ ေဒၚေမတင္ အသိဆုံးပဲမဟုတ္လား”

“ ကြၽန္မေျပာျပလိုက္ရင္ သူ႔အေဖလို အနားကေန ထြက္ခြာသြားမွာစိုးရိမ္ခဲ့မိတယ္။ ဒါေၾကာင့္ ငယ္ငယ္ ေလးထဲက အနားမွာပဲရွိေအာင္ အလိုလိုက္ခဲ့မိတာ”

ေဒၚေမတင္စကားေၾကာင့္ တိုက္ေမာင္းက မ်က္လုံးကိုခပ္တင္းတင္းမွိတ္ၿပီး အိမ္အျပင္ဘက္ကိုေငးၾကည့္ေနခဲ့တယ္။

“ တိုက္ေမာင္း… မင္းအေဖကို ျမင္ဖူးခ်င္လား”

“ ဘယ္လိုေျပာလိုက္တာလဲဗ်ာ… ကိုယ့္အေဖကိုယ္ မျမင္ဖူးခ်င္တဲ့သူရွိပါ့မလား”

“ ရွိပါတယ္.. ကြၽန္ေတာ္ဆို အေဖကိုမျမင္ခ်င္ဘူး”

“ ဖိုးကတုံး တိတ္တိတ္ေနစမ္း… ေမာင္ေကာင္း ဒီေကာင္ကို အိမ္ေအာက္ေခၚသြားလိုက္ေတာ့”

ေအာင္ျမတ္သာ စကားေၾကာင့္ ေမာင္ေကာင္းက ဖိုးကတုံးကိုေခၚကာ ၿခံေအာက္ဆင္းသြားခဲ့တယ္။ အဲဒီအခ်ိန္

“ က်ဳပ္အေဖကိုျမင္ရဖို႔ ဘာလုပ္ရမလဲ”

“ မင္းျမင္ခ်င္ရင္ ငါတို႔ခိုင္းတဲ့အတိုင္းလုပ္ရမယ္”

“ ဘာလုပ္ရမလဲဆိုတာကိုသာေျပာပါ၊ က်ဳပ္ေယာက်ၤားဗ် မလုပ္ႏိုင္ဘူးဆိုတာမရွိဘူး”

“ ျမဒင္အေသးစားေလးပဲေဟ့”

ေမာင္စမက သေဘာက်စြာေျပာရင္း လက္ခုပ္ထတီးပါေလေရာ။

“ မင္းအေနနဲ႔ ခုႏွစ္ရက္ သီလေစာင့္တည္ရမယ္၊ သက္သက္လြတ္စားရမယ္၊ လုပ္ႏိုင္လား”

“ တစ္ခုေတာ့ရွိတယ္ဗ်၊ ဒီရက္ပိုင္း က်ဳပ္ကိုသတ္ဖို႔ ႀကံစည္ေနတဲ့ေကာင္ တစ္ေကာင္ရွိေနတယ္၊ က်ဳပ္သီလေစာင့္ေနတဲ့အခ်ိန္ သူလာရင္ ဘယ္လိုလုပ္မလဲ”

“ ငါတို႔ရွိေနသမွ်ကာလပတ္လုံး ဘယ္သူမွ မင္းကို လက္ဖ်ားနဲ႔မထိေစရဘူး”

“ ဒါဆိုလုပ္မယ္ဗ်ာ… ရႈပ္ပါတယ္ ဒီေန႔ကစၿပီး လုပ္မယ္”

“ မင္းစိတ္အားထက္သန္ေနတယ္ဆိုရင္ေတာ့ လုပ္ပါ၊ အခု တစ္ကိုယ္လုံးကို တေရာ္ကင္မြန္းနဲ႔ေဆးေၾကာၿပီး ျပန္လာခဲ့”

တိုက္ေမာင္းထြက္သြားေတာ့ ေမာင္စမက အိမ္ေအာက္မွာရွိတဲ့ ဖိုးကတုံးဆီဆင္းသြားၿပီး

“ ဖိုးကတုံး… မင္းဘာလို႔ အေဖလုပ္သူကိုမေတြ႕ခ်င္ရတာလဲ”

“ ဆရာစဥ္းစားၾကည့္ေလ… အေမဆုံးတာ ႏွစ္လမျပည့္ေသးဘူး မိေထြး‌ကိုအိမ္ေခၚလာတယ္၊ မိေထြးမွာပါလာတဲ့ကေလးေတြကိုေတာ့ ဂ႐ုစိုက္ၿပီး သားအရင္းျဖစ္တဲ့ ကြၽန္ေတာ္ကိုက် ႏြားတင္းကုတ္မွာေပးအိပ္တယ္၊ ဒီလိုအေဖမ်ိဳးဆို ဆရာေရာေတြ႕ခ်င္ပါ့မလား”

“ မင္းေျပာတာလဲမွန္တာပဲကြ၊ ငါဆိုလဲ အသံေတာင္ ၾကားခ်င္မွာမဟုတ္ဘူး”

“ ကြၽန္ေတာ္ေျပာခ်င္တာလဲအဲဒါပဲဗ်”

ဖိုးကတုံးရဲ႕ခ်က္က်လက္က်ေျပာတဲ့စကားေၾကာင့္ ေမာင္စမ ဘာမွဆက္မေျပာႏိုင္ေတာ့ပဲ အိမ္ေပၚ ျပန္တက္လာခဲ့လိုက္တယ္။

+++++

ေအာင္ျမတ္သာလဲ တိုက္ေမာင္းကို သီလေဆာက္တည္တဲ့အခ်ိန္ ျပဳမူေနထိုင္ရမယ့္ အေျခခံသေဘာတရားေတြကို သင္ျပေပးၿပီး စည္း႐ုံးခဲ့တယ္။

ႏွစ္ေပါင္းမ်ားစြာ ထန္းရည္၊အရက္ေသာက္လာတဲ့ တိုက္ေမာင္းကေတာ့ ညေနေရာက္တာနဲ႔ ေလခ်ဥ္ပ်ိဳ႕တဲ့ျပႆနာကို စတင္ခံစားလာခဲ့ရေပမယ့္ မာေက်ာတဲ့စိတ္ဓါတ္ကသာ အႏိုင္ရခဲ့တယ္။

သုံးရက္ေျမာက္ေန႔အေရာက္မွာေတာ့ ေလခ်ဥ္ပ်ိဳ႕တာသက္သာလာၿပီး ခုႏွစ္ရက္ေျမာက္တဲ့ေန႔မွာေတာ့ အလုံးစုံေပ်ာက္ကင္းသြားခဲ့တယ္။

ေအာင္ျမတ္သာလဲ ခုႏွစ္ရက္ျပည့္တဲ့ညမွာ မ်က္စိႏွစ္လုံးကို ဒိဗၺစကၠဴအင္းႏွစ္ခ်ပ္ကပ္ၿပီး အျမင္ဖြင့္ေစခဲ့တယ္။

“ တိုက္ေမာင္း… အာ႐ုံထဲမွာ ျမင္ရတာေျပာပါ၊ အခုဘာျမင္ရလဲ”

“ ဘာမွမျမင္ရေသးဘူး”

“ တစ္ေျဖးေျဖးနဲ႔ျမင္လာလိမ့္မယ္၊အာ႐ုံစိုက္ထား”

“ ျမဴခိုးေတြလိုအရာေတြေပၚလာတယ္၊ က်ဳပ္က အေပၚစီးကေနၾကည့္ေနရသလိုပဲဗ်”

“ ဟုတ္တယ္.. မင္းစိတ္က အဲဒီထဲကိုဝင္လို႔မရဘူး၊ ဒါေၾကာင့္အျမင္ပဲဖြင့္ထားေပးတာ၊ ေနာက္ထပ္ဘာျမင္ရေသးလဲ”

“ လူတစ္ေယာက္ေျပးေနတယ္၊ သူ႔အေနာက္မွာ ေခြးနက္ႀကီးေတြလိုက္ေနတယ္”

“ ဟုတ္ၿပီ ဆက္ၾကည့္ထား၊ ဘာျမင္ရေသးလဲ”

“ သူလဲက်သြားတယ္… ေခြးနက္ႀကီးက သူ႔ကိုခုန္အုပ္ၿပီးကိုက္ေတာ့မယ္ဗ်၊ ဟင္ လုံခ်ည္တိုတိုဝတ္ထားတဲ့ လူတစ္ေယာက္ေရာက္လာၿပီး ေခြးနက္ႀကီးကို ကန္ထုတ္လိုက္တယ္”

“ သူ႔မ်က္ႏွာကိုျမင္ရလား”

“ ေသခ်ာမျမင္ရေသးဘူး… ဟင္… က်ဳပ္နဲ႔ တစ္ပုံစံထဲတူေနပါလား၊ အဲဒါ က်ဳပ္အေဖလား”

“ ေနာက္ထပ္ဘာျမင္ရေသးလဲေျပာပါဦး”

“ အဲဒီလူက ဆံပင္ဖားလ်ားခ်ထားတဲ့လူကို ဒူးေထာက္ခိုင္းထားတယ္၊ ေဟာေဟာ ဆံပင္ဖားလ်ားခ်ထားတဲ့သူက မ်က္ႏွာငယ္ေလးနဲ႔ ေတာင္းပန္ေနသလိုပဲ”

တိုက္ေမာင္းစကားေၾကာင့္ ခြန္းလွနဲ႔ ေမာင္စမတို႔ အခ်င္းခ်င္းၾကည့္လိုက္ၾကတယ္။

“ ဆံပင္ဖားလ်ားနဲ႔သူ ဘာလုပ္ေနလဲ”

“ က်ဳပ္အေဖကို ကန္ေတာ့ေနတာဗ်၊ သူအေတာ္ေၾကာက္ေနတဲ့ပုံပဲ၊ ဟင္..ျမဴခိုးေတြ အုံ႔လာၿပီ.. ဘာမွမျမင္ရေတာ့ဘူး”

“ ဒီေလာက္ဆို မင္းအတြက္လုံေလာက္ပါၿပီ…”

ေအာင္ျမတ္သာက ဒိဗၺစကၠဴအင္းႏွစ္ခ်ပ္ကိုဆြဲဖယ္လိုက္ရာ တိုက္ေမာင္းအျမင္ေတြမူလအတိုင္းျပန္ျဖစ္သြားခဲ့တယ္။

“ ျမဒင္က မၾကာခင္အခ်ိန္အတြင္း မင္းဆီျပန္လာလိမ့္မယ္၊ သူျပန္လာတဲ့အခါ မၿပီးျပတ္ေသးတဲ့ကိစၥတစ္ခုကို ၿပီးျပတ္ေအာင္ လုပ္ေဆာင္လိမ့္မယ္၊ သူျပန္ေရာက္လာခဲ့ရင္ နာမည္ကို ျမဒင္လို႔ပဲေခၚေပးပါ”

“ က်ဳပ္ဆီဘယ္လိုျပန္လာမွာလဲ၊ အခုထိက်ဳပ္က ရည္းစားေတာင္ထားဖူးေသးတာမဟုတ္ဘူး‌ဗ်”

“ ျဖစ္ခ်ိန္တန္လာရင္ သူ႔အလိုလိုျဖစ္လာပါလိမ့္မယ္၊ မင္းအေနနဲ႔ အရင္ကဆိုးခဲ့မိုက္ခဲ့တာေတြကို ထပ္မလုပ္ဖို႔ပဲလိုတာ”

“ က်ဳပ္စိတ္ကို အေကာင္းဆုံးျပင္ဆင္ၿပီးေနပါ့မယ္၊ ဒါကိုေတာ့ကတိေပးပါတယ္”

“ ေကာင္းေလစြ ေကာင္းေလစြ ေကာင္းေလစြ၊ ဒါနဲ႔ သဘက္ခါညသန္းေခါင္အခ်ိန္ ၿခံထဲကိုလူစိမ္းဝင္ လိမ့္မယ္၊ သတိထားပါ”

“ ခင္ဗ်ားတို႔က အဲဒီေန႔ထိ မေနေတာ့ဘူးလား”

“ ေနာင္တစ္ခ်ိန္ ျမဒင္ျပန္လာတဲ့အခါ က်ဳပ္တို႔နဲ႔ဆုံၾကဦးမွာပါ၊ ဒါနဲ႔ က်ဳပ္ကို ကတိေပးထားတာ မေမ့နဲ႔ေနာ္”

“ စိတ္ခ်ပါဗ်..က်ဳပ္မေမ့ပါဘူး”

ေအာင္ျမတ္သာလဲ တိုက္ေမာင္းပခုံးကိုဆုပ္ကိုင္ကာ အားေပးလိုက္ၿပီး ျမဒင္ရဲ႕အေငြ႕အသက္ေတြက်န္ရွိ ေနတဲ့ ယြန္းဘူးေလးကို ကိုင္ထားလိုက္တယ္။ အဲဒီအခ်ိန္

“ တိုက္ေမာင္းေရ ဧည့္သည္ေတြကို ထမင္းစားဖို႔ ေခၚခဲ့ပါဦး” ဆိုတဲ့ ေဒၚေမတင္ရဲ႕အသံကို ၾကားလိုက္ရတယ္။

+++++

ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ေအာင္ျမတ္သာတို႔လဲ တိုက္ေမာင္းတို႔သားမိကို ႏႈတ္ဆက္ၿပီး ထန္းလုံးျဖဴ႐ြာကေန

ျပန္လည္ထြက္ခြာခဲ့ၾကတယ္။ ဆရာတပည့္ေတြရဲ႕ေနာက္မွာေတာ့

ျမဴခိုးေတြနဲ႔အုပ္‌ဆိုင္းေနတဲ့ ထန္းလုံးျဖဴ႐ြာေလးကေတာ့ မွိန္ျပျပျဖင့္က်န္ရစ္ခဲ့ပါေတာ့တယ္။

+++++

ေအာင္ျမတ္သာတို႔ဆရာတပည့္ေတြအေနနဲ႔ ထန္းလုံးျဖဴ႐ြာကေန ထြက္လာၿပီးတဲ့ေနာက္မွာေတာ့ အစေနာက္ၾကမ္းတဲ့႐ြာတစ္႐ြာကို မထင္မွတ္ပဲ ေရာက္လာခဲ့ၾကတယ္။

အဲဒီ႐ြာမွာႀကဳံေတြ႕ေနရတဲ့ ထူးဆန္းအံ့ဩဖြယ္ျဖစ္ရပ္ေတြကို ဘယ္လိုကူညီေပးၾကမလဲ၊ အဖြဲ႕ထဲမွာ ပါလာတဲ့ ဖိုးကတုံးကေရာ ဘယ္လိုေမႊဦးမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္စုန္းျဖဴမ႐ြာဆိုတဲ့ဝတၱဳမွာဖတ္ရႈ ေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)