” အောင်မြတ်သာနှင့်ဝသုန္ဓရေသစ္စာ “(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်ဝသုန္ဓရေသစ္စာ “(စ/ဆုံး)
—————————————————

ဇေယန(ရာမည)

ရိုးတံ‌ရွက်ခြောက်တွေ ကြွေကျနေတဲ့ မြေပေါ်ကို ခြေထောက်ချလိုက်တဲ့အချိန်မှာပဲ အနီးနားမှာရှိတဲ့ သစ်ပင်ကြီးငယ်တွေပေါ်ကနေ ငိုရှိုက်သံအချို့ ထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ ငိုရှိုက်သံကြောင့် လှည့်ကြည့်လိုက်ရာ သစ်ပင်ခွကြားတွေမှာ ဝမ်းနည်းတဲ့မျက်နှာထားတွေနဲ့ထိုင်နေတဲ့ ရုက္ခစိုးအချို့ကိုမြင်လိုက်ရတယ်။

“ အသင်တို့ ဘယ်လိုအကြောင်းမျိုးကြောင့် ငိုကြွေးနေရသလဲ”

“ ‌မိစ္ဆာဓါတ်တွေ ဒီမြေပေါ်မှာ လွှမ်းမိုးတော့တယ်၊ ကောင်းတဲ့သူတွေ သေကြေရတော့မယ်၊ ဒီအတွက်ကြောင့်ငိုကြွေးရခြင်းဖြစ်ပါတယ်”

“ ဒီလိုအဖြစ်မျိုး မဖြစ်အောင်တားဆီးဖို့ ကျုပ်ပြန်လာရခြင်းပဲဖြစ်တယ်၊ သင်တို့ထင်မှတ်ထားသလိုမဖြစ်အောင် ကျုပ်လုပ်ဆောင်မှာပါ”

အောင်မြတ်သာစကားကြောင့် ရုက္ခစိုးနတ်တွေ မျက်နှာပေါ်မှာမျှော်လင့်ခြင်းအရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့တယ်။

“ သင်တစ်ယောက်ထဲ သူ့ကို နှိမ်နင်းနိုင်မှာမဟုတ်ဘူး၊ သူ့ရဲ့အစွမ်းက အလွန်ကိုကြီးတာ ကိုယ်တွေ့ပါပဲ”

“ သိပ်တော့ စိတ်မပူပါနဲ့… ကျုပ်ဘက်က ရှုံးနိမ့်ခဲ့ရင်တောင် နောက်ထပ်ရင်ဆိုင်မယ့်သူတွေ ထပ်လာပါလိမ့်မယ်”

“ ဒီစကားကြားရတာ ကျုပ်တို့အတွက် ခွန်အားဖြစ်မိပါတယ်၊ သင်အနေနဲ့ အနားယူချင်တယ်ဆိုရင် ကျုပ်တို့ရဲ့ ဗိမ္မာန်ထဲခေါ်သွားပေးပါမယ်”

“ ဗိမ္ဗာန်ထဲတြောမလိုက်တော့ပါဘူး… လောလောဆယ် ဒီအပင်အောက်မှာ ခေတ္တအနားယူချင်ပါတယ်”

“ ဆိတ်ငြိမ်စွာအနားယူလို့ရပါတယ်၊ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံမကြားရအောင် ကျုပ်တို့ပြုလုပ်ထားပေးပါမယ်”

ရုကွစိုးနတ်တွေက အောင်မြတ်သာကို နေရာထိုင်ခင်းပေးပြီးတာနဲ့ သူတို့ရဲ့အစွမ်းနဲ့ ဆူညံမှုတွေ‌ပျောက်အောင် ဖန်တီးလိုက်ကြတယ်။

အောင်မြတ်သာလဲ အတန်သင့်ကြီးမားတဲ့ ကုက္ကိုပင်အောက်မှာထိုင်ပြီး သူ၏တပည့်တွေဆီကို စိတ်ပို့လွှတ်ကာ အာရုံခံကြည့်လိုက်ပါတော့တယ်။ အတန်ကြာအာရုံခံပြီးသည်အထိ မည်သူနဲ့မှ အဆက်အသွယ်မရသဖြင့် စိုးရိမ်စိတ်တွေဝင်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့ရဲ့ပတ်ပတ်လည်မှာ ကာရံထားကြတဲ့ ရုက္ခစိုးနတ်လေးပါးကို မြင်တွေ့လိုက်ရတယ်။

“ သင် ဘယ်လိုအရာတွေကြောင့် စိတ်မအေးမချမ်း ဖြစ်နေတာပါလဲ”

“ ကျုပ်တပည့်တွေနဲ့အဆက်အသွယ်မရဘူး ဖြစ်နေတယ်”

“ သင့်တပည့်တွေကို ကျုပ်တို့ကူညီပြီးရှာပေးမှာမို့ သူတို့ရဲ့ရုပ်သွင်ကိုကြည့်ချင်ပါတယ်”

ရုက္စစိုးနတ်တွေရဲ့စကားကြောင့် အောင်မြတ်သာက မြေကြီးကိုလက်နဲ့သပ်လိုက်ရာ မြေမှုန်တွေကနေ မောင်ကောင်း၊ ခွန်းလှ၊ မောင်စမ၊ မြဒင်တို့ရဲ့ ပုံရိပ်တွေပေါ်လာခဲ့တယ်။

“ ဒီလူတွေက သင့်ရဲ့တပည့်တွေလား”

“ ဟုတ်ပါတယ်… သူတို့ကိုမြင်ဖူးလို့လား”

“ ဟင်း… ပြောရမှာစိတ်မကောင်းဖြစ်မိပါတယ်”

“ သူတို့ဘာဖြစ်သွားကြတာလဲ.. ကျုပ်ကိုပြောစမ်းပါ”

“ သူတို့…သူတို့လေးယောက်လုံး ဟိုလူလက်ချက်နဲ့ သေဆုံးသွားကြပါပြီ”

“ မဖြစ်နိုင်ဘူး… သူတို့ရဲ့ဇာတာက ဒီမှာသေဆုံးရမှာမဟုတ်ဘူး”

“ ကျုပ်တို့ပြောနေတာအမှန်တွေပါ၊ သူတို့က ဟိုလူရဲ့ ပညာစက်တွေအောက်မှာ ရှုံးနိမ့်ပြီး အသက်ပါပေးလိုက်ရတာ”

“ ကျုပ်ဒီတိုင်းတော့မယုံနိုင်ဘူး… သူတို့အလောင်းကိုမြင်တော့မှ ယုံမယ်”

“ သင်အနေနဲ့ သူတို့အလောင်းကိုကြည့်ချင်ရင် ဟောဒီမြေနီလမ်းအတိုင်း တည့်တည့်သွားပါ၊ လမ်းဆုံးရင် ဇရပ်တစ်ခုတွေ့ပါလိမ့်မယ်၊ ဇရပ်ပေါ်မှာ သူတို့ရဲ့ရုပ်အလောင်းတွေရှိနေပါတယ်၊ တစ်ခုရှိတာက သေဆုံးနေတာ လေးငါးရက်ရှိပြီ ဆိုတော့ အကောင်းတိုင်းရှိပါ့မလား စိတ်ပူမိပါတယ်”

ရုက္ခစိုးတွေရဲ့စကားကြောင့် အောင်မြတ်သာ ချက်ချင်းထလိုက်ပြီး မြေနီလမ်းအတိုင်း လျောက်လာခဲ့ရာ အမိုးသွပ်တွေလန်နေတဲ့ ဇရပ်ပျက်တစ်ခုရှေ့ကိုရောက်လာခဲ့တယ်။ ဒါနဲ့ ဇရပ်ပေါ်တက်ကြည့်လိုက်ရာ ခြောက်သွေ့စပြုနေတဲ့ သွေးကွက်တွေကိုပဲမြင်တွေ့လိုက်ရတယ်။

အလောင်းတွေ မတွေ့တာကြောင့် သေပြီဆိုတာ မယုံနိုင်သေးတဲ့အောင်မြတ်သာက ဇရပ်ပေါ်မှာတင်ထိုင်ကာ အဆက်သွယ်ရလိုရငြား အာရုံခံကြည့်ပါလေရော။

မြောက်များစွာသော အရုံခံလှိုင်းတွေက သူ့ဆီတိုးဝင်လာကြပေမယ့် တပည့်တွေနဲ့တော့ အဆက်သွယ်မရခဲ့ပေ။ ထိုစဉ် ဇရပ်ရှေ့က ဖြတ်သွားတဲ့ခြေသံတစ်ခုကြောင့် မျက်လုံးဖွင့်ကြည့် လိုက်ရာ လွယ်အိတ်တစ်လုံးကိုလွယ်ပြီး လေးခွတစ်လက်ကိုင်ထားတဲ့ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟေ့ ကောင်လေး… မင်းက ဒီနားမှာနေတာလား”

“ ဟုတ်တယ်လေ… ဘာဖြစ်လို့လဲ”

“ ဒီဇရပ်ပေါ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းက ဘာတွေဖြစ်ခဲ့လဲသိလား”

“ လူလေးယောက်သေသွားတာတော့သိတယ်”

“ သူတို့အလောင်းတွေ ဘယ်ရောက်သွားလဲဆိုတာရောသိလား”

“ ရွာကလူတွေသယ်ပြီးမြုပ်လိုက်ကြပြီ”

“ ဘယ်မှာမြုပ်ထားတာလဲ ပြောပြလို့ရလား”

“ ကွင်းကလေးသုဿာန်မှာမြုပ်လိုက်တာလို့ ပြောတာပဲ၊ ဒါနဲ့ ခင်ဗျားက သေတဲ့သူတွေကိုသိနေလို့လား”

“ သိတာထက်ပိုလို့မေးနေတာပေါ့ကွာ… ရော့ ဒါက မင်းအတွက်”

အောင်မြတ်သာက ပစ္စည်းတစ်ခုကိုပစ်ပေးလိုက်ပြီး ဇရပ်ပေါ်ကနေ ခပ်သုတ်သုတ်ဆင်းသွားတဲ့အချိန်

“ ဟေ့လူ ဟေ့လူ… ကွင်းကလေးသုဿာန်ကို သိရောသိလို့လားဗျ” ဆိုပြီးအော်ပြောသံကို ကြားလိုက်ရတယ်။

နွားပျောက်လို့ စိတ်ညစ်နေတဲ့ ဖိုးကတုံးလဲ သူ့ရှေ့မှာကျနေတဲ့အရာကိုကောက်ပြီးကြည့်လိုက် ရာ ချောမွတ်တောက်ပြောင်နေတဲ့ ကျောက်တစ်လုံး ဖြစ်နေတာမြင်လိုက်ရတယ်။

“ ဒီလူကွာ လောက်စာလုံးကိုမှ လက်ဆောင်ပေးသွားရတယ်လို့”

ဖိုးကတုံးက ကျောက်ကို လေးခွဲထည့်ပြီး ဟိုချိန်ဒီချိန်လုပ်ပြီးကာမှ လွယ်အိတ်ထဲ ပြန်ထည့်ကာ ထွက်သွားခဲ့တယ်။

++++++

ကွင်းကလေးသုဿာန်အတွင်းမှာတော့ သက်ရှိနဲ့တူတာဆိုလို့အလောင်းကောင်တွေကို တူးဖော်စားသောက်နေကြတဲ့ တောခွေးအချို့ရှိနေပြီး အောင်မြတ်သာဝင်လာတာနဲ့ ခြေဦးတည့်ရာကို ပြေးထွက်သွားခဲ့ကြတယ်။

လူသူအရောက်ပေါက်နည်းတဲ့အပြင် တောခွေးတွေရဲ့စားတော်တည်ခြင်းခံထားရတဲ့ လူသေအလောင်းရဲ့အစိတ်အပိုင်းအချို့တွေက မြေပုံတွေဘေးမှာ ပြန့်ကျဲကျနေခဲ့တယ်။

အဲဒီအချိန် ရေညှိတွေတက်နေတဲ့ အုတ်ဂူရဲ့‌အနောက်ကိုဝင်ပြေးသွားတဲ့ ‌လူရိပ်တစ်ခုကိုတွေ့လိုက်တာကြောင့် မြေပုံတွေကို ကျော်ခွပြီးကြည့်လိုက်ရာ လူသေထမင်းထုပ်ကို ကိုင်ပြီး ငုတ်တုပ်ထိုင်နေတဲ့ အရူးတစ်ယောက်ကို မြင်လိုက်ရတယ်။ ထိုအရူးက အောင်မြတ်သာကို မြင်တော့ ကြောက်အားလန့်အားနဲ့

“ သွား… ငါ့အနားမလာနဲ့ ထွက်သွား”ဆိုပြီး အော်ပါလေရော။

အောင်မြတ်သာလဲ အရူးကိုစိုက်ကြည့်ရင်းကနေ အနားကိုတိုးသွားပြီး ခေါင်းကိုလက်နဲ့ကိုင်လိုက်ရာ ပါးစပ်ကနေ အမြုပ်တွေထွက်လာပြီး ဆန့်ငင်ဆန့်ငင်ဖြစ်ကာ လဲကျသွားခဲ့တယ်။

အဲဒီအချိန် သုဿာန်အတွင်းဘက်ကနေ ကျွဲလောက်ရှိတဲ့ခွေးနက်ကြီးတစ်ကောင် ခုန်ထွက်လာပြီး သူ့အနောက်မှာတော့ ထဘီကိုရင်လျားထားတဲ့ မိန်းမတစ်ယောက် ပါလာခဲ့တယ်။

 

အဆိုပါမိန်းမက အောင်မြတ်သာကိုမြင်တော့ ခက်ထန်နေတဲ့မျက်နှာကနေ နူးညံ့ပျော့ပြောင်းတဲ့ အသွင်ပြောင်းသွားပြီး

“ ဆရာ ရောက်လာပြီလား”

“ သင်က မဖဲဝါလား”

“ ဟုတ်ပါတယ်”

“ ကျုပ်ရောက်လာမယ်ဆိုတာရော သိနေတာလား”

“ သိနေလို့ ဒီကနေ ဘယ်မှမသွားပဲ စောင့်နေတာပါ”

“ ကျုပ်ကိုစောင့်နေတဲ့အကြောင်းကဘာများလဲ”

“ ကျွန်မအနောက်ကိုလိုက်လာရင်သိရမှာပါ”

အောင်မြတ်သာလဲ ထဘီရင်လျားနဲ့မိန်းမခေါ်တဲ့ နောက်ကိုလိုက်သွားရာ အတွင်းဘက်ကျတဲ့နေရာ တစ်ခုအရောက်မှာတော့ အခေါင်းလေးလုံးကို တန်းစီပြီးချထားတာမြင်လိုက်ရတယ်။

“ ဒါက ကျုပ်တပည့်တွေလား”

“ ဟုတ်ပါတယ်”

“ သူတို့ကိုမြေမြုပ်လိုက်ပြီမဟုတ်လား၊ ဘယ်လိုကြောင့်အပြင်ရောက်နေတာလဲ”

“ ဆရာကိုယ်တိုင်ကြည့်ပြီးရင် အဖြေသိပါလိမ့်မယ်”

အောင်မြတ်သာလဲ အခေါင်းလေးလုံးအနားကို တိုးကြည့်လိုက်ရာ နှုတ်ခမ်းကနေ သွေးတွေစီးကျပြီးသေဆုံးနေတဲ့ တပည့်ဖြစ်သူတွေကို ရင်နင့်ဖွယ်မြင်လိုက်ရတယ်။

“ သူတို့သေတာ ဘယ်လောက်ကြာပြီလဲ”

“ ခုနှစ်ရက်ကျော်ပါပြီ”

“ ခုနှစ်ရက်ကျော်တာကို ဘာလို့မပုတ်မပွပဲ လူကောင်းအတိုင်းရှိနေပါလိမ့်”

အောင်မြတ်သာက အံ့အားသင့်စွာရေရွတ်လိုက်ပြီး ရင်ဘတ်ကိုလက်နဲ့စမ်းကြည့်လိုက်ရာ ခပ်မျှင်းမျှင်းလေးလှုပ်ရှားနေတဲ့ တုန်ခါမှုတစ်ခုကို ခံစားလိုက်ရတယ်။

“ ဟင်… အသက်ကြိုးက ခပ်ယဲ့ယဲ့လေးဆက်နေတုန်းပါလား”

“ ဟုတ်ပါတယ်… ဒါကြောင့် အလောင်းကိုပြန်ဖော်ပြီး ဒီနေရာမှာ ဖွက်ထားတာပါ”

“ သင်က ဒီကိစ္စဘက်မှာ ပိုပြီးနှံ့စပ်တဲ့အတွက် သူတို့အသက်ပြန်ရှင်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာသိမှာပေါ့”

“ နည်းလမ်းတစ်ခုတော့ရှိပေမယ့် အသက်ရှင်နိုင်ခြေ အလွန်နည်းပါတယ်”

“ ဘယ်လိုနည်းလဲပြောပါ၊ ကျုပ်ဖြစ်အောင်ကြိုးစား ပါ့မယ်”

“ သူတို့ဝိဉာဉ်ကိုပြန်ခေါ်ရပါမယ်၊ ပြန်ခေါ်တဲ့အခါမှာလဲ ဆရာက လိပ်ပြာလွှင့်ရပါလိမ့်မယ်၊ နောက်တစ်ရက်အတွင်းမှာ သူတို့ကို ဒီနေရာရောက်အောင် ပြန်ခေါ်မလာနိုင်ရင် ဆရာရဲ့ဝိဉာဉ်က သူတို့ရှိတဲ့နေရာမှာ ပိတ်မိပြီး ခန္ဓာကိုယ်ထဲကို ဘယ်တော့မှ ပြန်ဝင်လို့မရတော့သလို မရဏကိုလဲ ရင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူး”

“ သင်က မရဏကို သိနေတာလား”

“ သိရုံတင်မကပဲ သူနဲ့ရင်ဆိုင်ခဲ့ဖူးပါတယ်”

မဖဲဝါစကားကြောင့် အောင်မြတ်သာ စိတ်တွေ ဒွိယဖြစ်သွားခဲ့တယ်။ သူသာ တစ်ခုခုလွဲမှား သွားရင် မရဏက အရာအားလုံးကို လွှမ်းမိုးသွားမှာ မဟုတ်လား။

အောင်မြတ်သာရဲ့အသက်ရှူသံတွေမြန်ဆန်လာပြီး ဘယ်အရာကိုရွေးချယ်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်ကို ချဖို့ တုံ့ဆိုင်းနေခဲ့တယ်။

အဲဒီအချိန် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး သင်္ချိုင်းမြေတစ်ဆုပ်ကိုကောက်ယူကာ

“ ကျွန်ုပ်သည် ပညာခံယူပြီးသည့်အချိန်ကစပြီး မိမိကိုယ်ကျိုးအတွက် ရည်စူးပြီး ဘယ်အရာကိုမှ မပြုလုပ်ခဲ့ပါ၊ အပြစ်ရှိသူကို အပြစ်ပေးပြီး အပြစ်မဲ့သူကိုကာကွယ်ပေးချင်တဲ့စိတ်တစ်ခုထဲနှင့်သာ ဆောင်ရွက်ခဲ့ပါသည်။ ဤသစ္စာစကားကို ယခုကိုင်ဆောင်ထားသော ပထဝီမြေကြီးအား ကိုင်ဆောင်ပြီးတိုင်တည်ကျိန်ဆိုပါသည်။ ကျွန်ုပ်၏သစ္စာ စကားမှန်ကန်ခဲ့ပါက တပည့်ဖြစ်သူတွေနဲ့အတူ မရဏဆိုသူအား နှိမ်နင်း နိုင်ပါရစေ” လို့သစ္စာဆိုပြီး ‌မြေကြီးကိုလွှတ်ချလိုက်ရာ မြေမှုန်တွေက အောက်ကိုမကျပဲ အောင်မြတ်သာရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်ရွေ့လျား နေတာမြင်လိုက်ရတယ်။

“ ဆရာဆုံးဖြတ်ချက်ချပြီးပြီလား”

“ သေချာတဲ့ဆုံးဖြတ်ချက်ကိုချပြီးပါပြီ”

“ ဆရာ ဘယ်အရာကိုရွေးချယ်မှာလဲ”

“ ကျုပ်တပည့်တွေရှိ‌တဲ့နေရာကို လိုက်သွားပါ့မယ်”

“ ဆရာလိုက်သွားမယ်ဆိုရင် ယခုရုပ်သွင်ကို ဒီနေရာမှာထားခဲ့ရပါမယ်၊ တစ်စုံတစ်ယောက်က ရုပ်သွင်ကိုနေရာရွေ့အောင်မလုပ်သရွေ့ ဆရာဝိဉာဉ်က အပြင်လောကမှာရှိနေမှာပါ”

“ ဒီအချက်ကို ဘာလို့ ခုနကထဲက မပြောတာလဲ”

“ ပြောလဲဆရာရဲ့ဆုံးဖြတ်ချက်က ဒီအတိုင်းဖြစ်မယ်ဆိုတာသိထားပြီးဖြစ်လို့ မပြောခဲ့တာပါ”

“ ဟင်း… ဒါဆိုရင် ခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့ သင့်ကိုတောင်းဆိုပါတယ်”

“ ဆရာ့ခန္ဓာကိုယ်ကို ကာကွယ်မယ့်သူကို ဆရာကိုယ်တိုင်ရွေးချယ်ခဲ့ပြီးပါပြီ”

“ ဘယ်လို….”

“ ဆရာ့ဆီပထမဆုံးရောက်လာတဲ့ နွားကျောင်းသားလေးနဲ့ သုဿာန်ထဲကအရူးက ဆရာရွေးချယ်ခဲ့တဲ့သူတွေပါပဲ”

“ ဒီနှစ်ယောက်ကို ကျုပ်နဲ့တွေ့အောင် သင်ပဲဖန်တီးခဲ့တာလား”

“ ဆရာနဲ့ပဌာန်းဆက်ပါတဲ့သူတွေထဲမှာ သူတို့နှစ်ယောက်ကအသင့်တော်ဆုံးဖြစ်လို့ ရွေးချယ်ပေးခဲ့တာပါ”

“ ကျုပ်နာမ်လောကကို ကူးပြောင်းဖို့ အချိန်ဘယ်လောက်ကျန်သေးလဲ”

“ ဒီည၁၂နာရီအတိမှာ နာမ်တံခါးပွင့်ပါမယ်၊ ဆရာကို ကာကွယ်မယ့်သူတွေကို ဆရာ့နည်းဆရာ့ဟန်နဲ့ စည်းရုံးဖို့ အချိန် ရှစ်နာရီကျန်ပါသေးတယ်”

“ ကျုပ်အချိန်ဆွဲနေလို့မရတော့တာမို့ ခွင့်ပြုပါဦး”

အောင်မြတ်သာက မဖဲဝါကို နှုတ်ဆက်ပြီး သုဿာန်အပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်။ ထိုစဉ်မဖဲဝါ၏ ခန္ဓာကိုယ်ကနေ အရောင်အဝါတွေ ထွက်လာပြီး နတ်သားတစ်ပါးအသွင်ပြောင်းကာ ပျောက်ကွယ်သွားခဲ့တယ်။

(အဆိုပါနတ်သားကား မဟာမြိုင်တောမှာရှိတဲ့ သူတော်စင်တွေရဲ့ မေတ္တာရပ်ခံမှုကြောင့် အောင်မြတ်သာကိုလာရောက်ကူညီသော နတ်စစ်သူကြီး၃၇ပါးထဲမှသောမအမည်ရှိ နတ်စစ်သူကြီးပင်ဖြစ်ပေ တော့သည်)

++++++++

အောင်မြတ်သာ သုဿာန်ဝကိုရောက်တော့ ငူငူငိုင်ငိုင်ကြီးထိုင်နေတဲ့ အရူးကိုမြင်လိုက်ရတယ်။

“ ဟေ့လူ ဟေ့လူ… ခဏနေပါဦးဗျာ၊ ကျုပ် ကျုပ်က ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ၊ ဒီနေရာကရောဘယ်အရပ်ဆိုတာပြောပါဦး”

“ ခင်ဗျားအသိစိတ်တွေပြန်ဝင်လာပြီထင်တယ်”

“ အသိစိတ်ဝင်ရအောင် ကျုပ်ကဘာဖြစ်ခဲ့လို့လဲ”

“ ခင်ဗျားက ကျုပ်နဲ့မတွေ့ခင်အထိ အရူးတစ်ယောက်လိုလျောက်သွားနေခဲ့တာလေ၊ ဆံပင်ကိုလဲကြည့်ပါဦး ရှုပ်ပွနေတာပဲ”

“ အဲဒါအသာထား၊ ကျုပ်နောက်ဆုံးမှတ်မိတာက ဆံပင်ရှည်ရှည်နဲ့လူ၊ ဟုတ်တယ် ဟုတ်တယ် အဲဒီလူရဲ့မျက်လုံးတွေက ကြောက်စရာကြီး”

“ အရင်က ခင်ဗျားဘာအလုပ်လုပ်တာလဲ”

“ ကျုပ်ကစပါးပွဲစားဗျ…”

“ စပါးပွဲစားကြီးက ဘယ်လိုကြောင့် အရူးတစ်ယောက်လိုဖြစ်သွားတာလဲ”

“ မှတ်မှတ်ရရ အဲဒီနေ့က ကျောင်းကြီးကုန်းရွာမှာ သောက်စားပြီး ညဘက်ပြန်လာတာ၊ လမ်းတစ်ဝက်ရောက်တော့ လူမနေတဲ့ လယ်စောင့်တဲ့မှာ မီးရောင်တွေ့တာနဲ့ အနားကပ်လာတဲ့အချိန် ဆံပင်ရှည်ရှည်နဲ့လူသုံးယောက် စကားပြောနေတာမြင်လိုက်ရတယ်။ ကျုပ်လဲ ဘာအကြောင်းပြောနေကြလဲဆိုပြီးနားထောင်တော့ ကျောင်းကြီးကုန်းရွာက ပယောဂဆရာတစ်ယောက်ကို သတ်ဖို့တိုင်ပင်နေကြတာဗျာ၊ ကျုပ်က အဲဒီဆရာကို သိနေတော့ ပြန်လှည့်ပြီးပြောပြဖို့အလုပ် တဲထဲမှာ ထိုင်နေတဲ့လူသုံးယောက်က ကျုပ်အရှေ့ကိုရောက်နေပြီ၊ သူတို့ရဲ့မျက်လုံးတွေက ကြောက်စရာကြီး၊ ကျုပ်လဲအဲဒီနောက်ပိုင်း ဘာမှမသိတော့ပဲ အခုမှ ပြန်နိုးလာသလိုဖြစ်နေတယ်”

“ ခင်ဗျားက သူတို့ပြုစားတာခံလိုက်ရတာကိုး၊ ဒါနဲ့ အခုဘယ်ကိုပြန်မလဲ”

“ အိမ်ကိုပြန်ရမှာပေါ့… ဟိုလေ ဒီနေရာနာမည်က ဘယ်လိုခေါ်လဲ”

“ ဒါက ကွင်းကလေးသုဿာန်လို့ခေါ်တယ်”

“ အလိုလေး… ကွင်းကလေးနဲ့ ကျုပ်နေတဲ့ရွာက လေးရက်လောက်သွားရတာ”

“ ခင်ဗျားအခုအိမ်ပြန်ရင်လဲ မောင်းထုတ်ခံရမှာပဲမဟုတ်လား”

“ ဟင်… ကျုပ်ကဘာလို့မောင်းထုတ်ခံရမှာလဲ”

“ အိမ်ကနေယူလာတဲ့စပါးဖိုးတွေ ခင်ဗျားမှာ ရှိတော့လို့လား”

“ ဟုတ်သားဗျာ… ကျုပ် အခုဘယ်လိုလုပ်ရမလဲ”

“ ကျုပ်ပြောတဲ့အတိုင်းလုပ်ရင် ခင်ဗျားဆုံးရှုံးသွားတဲ့တန်ဖိုးရဲ့ နှစ်ဆကိုပြန်ရအောင် လုပ်ပေးမယ်”

“ ကျုပ်ကဘာလုပ်ရမလဲ… လူသတ်တာတို့ ဓါးပြတိုက်တာတို့တော့မလုပ်ဘူးနော်”

“ မလုပ်ရပါဘူး… ကျုပ်တရားထိုင်နေတဲ့အချိန် အကောင်ပလောင်တွေ မကိုက်အောင်ကြည့်ပေးရုံပါပဲ”

“ ခင်ဗျားကသေချာလို့လားဗျာ… ကျုပ်ကိုလိမ်နေတာမဟုတ်လား”

“ မယုံဘူးဆိုရင် ဟောဒီရွှေတုံးကို စရံယူထားလိုက်”

အောင်မြတ်သာက လက်ကိုလေထဲဝှေ့ယမ်းပြီးဆွဲယူ လိုက်ရာ လက်တစ်ဆစ်သာသာခန့်ရှိတဲ့ ရွှေတုံးတစ်တုံးပါလာခဲ့တယ်။

“ တကယ့်ရွှေပါလား… ကျုပ် ကျုပ်က ဒါကိုတကယ်ရမှာလား”

“ တကယ်ရမှာပေါ့ဗျာ… ဒါပေမယ့် ကျုပ်အဓိဌာန်ပျက်ခဲ့ရင်တော့ ခင်ဗျားရထားတဲ့ ပစ္စည်းကပျောက်ပျက်သွားလိမ့်မယ်”

“ ကျုပ်က သစ္စာတော့ရှိပါတယ်၊ ခင်ဗျားတရားထိုင်မှာက ဘယ်လောက်ကြာမလဲ”

“ အချိန်ကိုတော့ ပြောကခက်မယ်၊ တစ်ရက်လဲဖြစ်ချင်ဖြစ်နိုင်သလို နာရီပိုင်းလဲဖြစ်ချင် ဖြစ်နိုင်တယ်”

“ ဒါဆို ကျုပ်စောင့်ပေးမယ်၊ အသက်နဲ့ရင်းပြီး စောင့်ပေးမယ်ဗျာ”

“ ကျုပ်လဲသင့်စိတ်ဓါတ်ကိုယုံပါတယ်၊ အခု ‌ကျုပ်အနောက်ကိုလိုက်ခဲ့ပေတော့၊ ဒါနဲ့ ခင်ဗျားနာမည်က ဘယ်လိုခေါ်လဲ”

“ သိန်းဆောင်လို့ခေါ်ပါတယ်”

အောင်မြတ်သာက သိန်းဆောင်ကို ခေါ်ပြီး စားကျက်ကွင်းရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ဟိုရောက်တော့ နွားနှစ်ကောင်ရဲ့ဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ နွားကျောင်းသား ကောင်လေးကိုမြင်လိုက်ရတယ်။

“ ဟေ့ကောင်လေး… မင်းနွားတွေပြန်တွေ့ပြီလား”

“ တွေ့ပြီဗျ… ဦးလေးဇရပ်ကနေ ထွက်သွားတဲ့အချိန် ဒီနှစ်ကောင် ပြန်ရောက်လာတာပဲ”

“ မင်းကောင်တွေက နွားချောပဲ”

“ ဟဲဟဲ… ကျုပ်မိဘတွေရဲ့အမွေဆိုလို့ ဒါပဲရှိတော့တာ၊ သူတို့က ကျုပ်ရဲ့ပိုင်ဆိုင်မှုပဲ၊ အော် ဒါနဲ့ ဦးလေးပေးတဲ့ လောက်စာလုံးက အတော်လှတာ‌ဗျ၊ ကျုပ်ဖြင့်မပစ်ရက်လို့ သိမ်းထားလိုက်တယ်”

“ မင်းက ငါပေးတာကို လောက်စာလုံးထင်နေတာလား”

“ ‌လောက်စာလုံးမဟုတ်ဘူးလားဗျ”

“ ဒီကောင်လေး အတော်ရိုးတာပဲ၊ ကဲ ကဲ မင်းအခု ရွာပြန်တော့မှာလား”

“ ပြန်ရမှာပေါ့… မပြန်ရင်ဘယ်မှာအိပ်မလဲ”

“ ရွာပြန်လဲ မင်းကနွားတင်းကုတ်မှာပဲ အိပ်ရမှာ”

အောင်မြတ်သာစကားကြောင့် နွားကျောင်းသားလေးက အံ့ဩတဲ့အကြည့်နဲ့ ကြည့်ပြီး

“ ဦးလေးက ကျုပ်နွားတင်းကုတ်မှာနေရတာကို ဘယ်လိုသိတာလဲ”

“ ဟေ့ကောင်လေး… ဒီလူကလူထူးဆန်းကွ၊ မင်း သူခိုင်းတာလုပ်ရင် ငါ့လိုရွှေတုံးတွေရမှာ”

သိန်းဆောင်က သူရထားတဲ့ ရွှေတုံးကို ဖိုးကတုံး မြင်အောင်ပြလိုက်ရာ

“ ရွှေတုံးကတကယ်ရမှာလား… ဒါဆို ကျုပ်လဲလုပ်မယ်ဗျာ၊ ဘာလုပ်ရမလဲဆိုတာပြော”

အောင်မြတ်သာလဲ သူတို့နှစ်ယောက်ကို စည်းရုံးနိုင်မယ့်အရာကို သိလိုက်ရပြီမို့

“ ဒီညသန်းခေါင်အချိန်ရောက်ရင် ကျုပ်အဓိဌာန်ဝင်စရာရှိတယ်၊ မင်းတို့နှစ်ယောက် လုပ်ရမှာက ကျုပ်အနားမှာနေပြီး ကာကွယ်ပေးဖို့ပဲ”

“ ဘယ်လိုကာကွယ်ရမှာလဲဆိုတာပြောဦးလေ”

“ မင်းက လောက်လေးပစ်တာ တော်တယ်မဟုတ်လား”

“ ဘယ်သူမှ ယှဉ်မပစ်ရဲလောက်တဲ့ထိ ကျွမ်းကျင်ပါတယ်”

“ မင်းလောက်စာလုံးတွေပြစမ်းပါဦး”

အောင်မြတ်သာက ဖိုးကတုံးရဲ့ လောက်စာလုံးတွေကိုယူပြီး လက်နဲ့သပ်ချကာ ပြန်ပေးလိုက်တယ်။

“ သိန်းဆောင်က ကိုယ်ခံပညာအချို့တတ်တယ်မဟုတ်လား”

“ ဒါလဲ ခင်ဗျားသိပြန်ပြီလား”

“ မင်းရဲ့လက်သီးတွေမှာ အသာမာတက်နေတာကို မြင်လို့မေးကြည့်တာပါ”

“ ဟုတ်တယ်ဗျ… ကျုပ်က လူပျိုတုန်းက အောင်လံလုပွဲတွေဝင်ပြိုင်ခဲ့ဖူးတယ်၊ အခုလဲ အနည်းအကျင်းလောက်တော့ ရပါသေးတယ်”

“ ဒါဖြင့် ခဏလေးစောင့်”

အောင်မြတ်သာက မလှမ်းမကမ်းမှာရှိတဲ့ ဝါးရုံကနေ ဝါးဆစ်တစ်ချောင်းကိုချိုးယူပြီး သိန်းဆောင်ကို ကမ်းပေးလိုက်တယ်။

“ ဒါက မင်းအတွက်အသုံးဝင်မှာပါ… တစ်ခုတော့ရှိတယ်နော်၊ မင်းတို့ဘက်က သစ္စာဖောက်တာနဲ့ ကျုပ်ပေးထားတဲ့ ပစ္စည်းတွေက ကျောက်ခဲတွေဖြစ်သွားလိမ့်မယ်”

“ ကျုပ်တို့က ပေးထားတဲ့ကတိကို မဖျက်တတ်ဘူး၊ သူ့ဆန်စားမှတော့ရဲရတော့မှာပေါ့‌ဗျာ၊ ဟုတ်တယ်မလား ကောင်လေး”

“ ကျုပ်ကိုကောင်လေးလို့မခေါ်နဲ့၊ ကျုပ်နာမည်က ဖိုးကတုံးလို့ခေါ်တယ်”

“ အေးပါ ဖိုးကတုံးရယ်… ငါကနာမည်မသိလို့ခေါ်လိုက်တာပါကွ”

အောင်မြတ်သာလဲ ဖိုးကတုံးကို စေ့စေ့ကြည့်ပြီး လွယ်အိတ်ထဲကနေ ရွှေတုံးတစ်ခုထုတ်ယူကာ ကမ်းပေးလိုက်တယ်။

နှစ်ယောက်သားကတော့ ရွှေတုံးကို ဖင်ပြန်ခေါင်းပြန် ကြည့်ရင်း သဘောကျနေခဲ့ကြတယ်။

ညရောက်တော့ အောင်မြတ်သာက အတန်သင့်ကျယ်ဝန်းတဲ့စည်းဝိုင်းတစ်ခုကို တားလိုက်ပြီး

“ ကျုပ်အဓိဌာန်ဝင်နေတဲ့အချိန် စည်းဝိုင်းအပြင်ကို ဘာအကြောင်းနဲ့မှ မထွက်မိစေနဲ့၊ စိတ်မှာ မသင်္ကာရင် လေးခွနဲ့သာပစ်ချ” လို့ပြောလိုက်ရာ ဖိုးကတုံးနဲ့ သိန်းဆောင်က သဘောပေါက်တဲ့ဟန်နဲ့ ခေါင်းငြိမ့်ပြခဲ့တယ်။

သိန်းဆောင်နဲ့ ဖိုးကတုံးလဲ ညနေကစုဆောင်းထားတဲ့ ထင်းခြောက်တွေနဲ့ မီးပုံတစ်ခုလုပ်လိုက်ပြီး အောင်မြတ်သာပေးထားတဲ့ သစ်သီးအချို့ကိုစားသောက်ကာ ဗိုက်ဖြည့်လိုက်ကြတယ်။

“ ကျုပ်အဓိဌာန်စတော့မယ်… မင်းတို့လဲသတိဝိရိယနဲ့နေကြ” လို့ပြောပြီး စည်းဝိုင်းအလယ်မှာ တင်ပလ္လင်ခွေထိုင်ချလိုက်တယ်။

ပတ်ဝန်းကျင်တစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေပြီး မီးပုံထဲကနေ တဖျစ်ဖျစ်အသံတွေသာ ထွက်ပေါ်‌နေခဲ့တယ်။

+++++++

လူသူအရောက်ပေါက်နည်းတဲ့ တောကြီးမျက်မည်းရဲ့ အလယ်မှာတော့ လူတစ်ရပ်ခန့်ရှိတဲ့ မီးပုံကြီးတစ်ခုရှိနေပြီး မီးပုံရဲ့ဘေးမှာတော့ သားမွှေးခြံထည်ကိုခြုံထားတဲ့ လူတစ်ယောက် ထိုင်နေခဲ့တယ်။ မကြာခင် အမှောင်ထဲကနေ လမ်းလျောက်လာတဲ့ခြေသံ ကြောင့် ထိုင်နေတဲ့သူက မျက်လုံးပင့်ကြည့်လိုက်ပြီး

“ မဖိတ်ခေါ်ပဲရောက်လာတဲ့ ဧည့်သည်ထင်တယ်၊ ကျုပ်ကလဲအရှင့်ကိုစောင့်နေတာ” လို့ပြောလိုက်ရာ အမှောင်ရိပ်ထဲကနေ လွန်စွာ ချောမောခန့်ညားတဲ့ အသက်၂၀အရွယ်လူတစ်ယောက်ထွက်လာခဲ့တယ်။

ထိုသူက သားမွှေးခြုံထည်ခြုံထားတဲ့လူနဲ့ တစ်လံအကွာမှာရပ်လိုက်ပြီး

“ မင်းအပြစ်မင်းသိတယ်မဟုတ်လား”

“ သိပါတယ်… အကြံအစည်အောင်မြင်ခါနီးမှ ပျက်စီးသွားရတဲ့အတွက် ပေးတဲ့အပြစ်ကိုခံယူမှာပါ”

“ အပြစ်ခံယူဖို့ထက် မင်းကို နတ်စစ်သည်တွေ လိုက်ရှာနေကြတယ်ဆိုတာရော သိရဲ့လား”

“ သူတို့ကို လမ်းစပျောက်အောင် အရှင်ဖန်တီးထားတာမို့ ကျုပ်အခုထိ အဖမ်းမခံရသေးဘူးလေ”

“ ငါကသင့်ကို ရွေးချယ်ခဲ့သလို သူတို့ဘက်ကလဲ လူတစ်ယောက်ကိုရွေးချယ်ခဲ့တာကိုရော သိရဲ့လား”

“ သူတို့ရွေးချယ်တဲ့သူကရော အရှင်ပေးထားတဲ့စွမ်းအားတွေကို ရင်ဆိုင်နိုင်စွမ်းရှိပါ့မလား”

“ မင်းက သူ့ကိုအထင်သေးနေတာပဲ”

“ အရှင်သာ ကျုပ်အနားမှာရှိမယ်ဆိုရင် မြင့်မိုရ်တောင်တစ်ခုလုံးကို ဖြိုဆိုလဲဖြိုရဲပါတယ်”

“ မရဏ… မရဏ… မင်းက အဖျက်အမှောင့်လုပ်ဖို့ အကောင်းဆုံးလူသားပါလား၊ ဒါပေမယ့် မင်းအနေနဲ့ အောင်မြတ်သာဆိုတဲ့ပုဂ္ဂိုလ်ကို သတိထားရမယ်”

“ သူက ဘာကောင်မို့လို့ သတိထားခိုင်းတာလဲ”

မရဏစကားကြောင့် မတ်တပ်ရပ်နေတဲ့လူက မီးပုံကိုလက်နဲ့ဝှေ့ယမ်းလိုက်ရာ မြောက်များစွာသော ပညာသည်တွေနဲ့ရင်ဆိုင်နေတဲ့ လူလေးယောက်ရဲ့

ပုံရိပ်အချို့ပေါ်လာခဲ့တယ်။

“ ဒီလူတွေကို ကျုပ်လက်နဲ့သတ်ခဲ့ပြီးပြီလေ”

“ မင်းကကိုယ့်ကိုကိုယ်အထင်ကြီးနေတာပဲ၊ ဒီလေးယောက်ရဲ့ အသက်က ပြတ်မသွားပဲ ယဲ့ယဲ့လေးကျန်နေခဲ့တာကို မင်းမသိလိုက်ဘူးမဟုတ်လား”

“ မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး…”

“ မဖြစ်နိုင်ဘူးထင်ရင် ဒီမှာကြည့်စမ်း”

လူရွယ်က လက်ကိုနောက်တစ်ချက်မွှေ့လိုက်ရာ ယောဂီဝတ်စုံဝတ်ထားတဲ့လူတစ်ယောက် မြူခိုးတွေနဲ့ပြုလုပ်ထားတဲ့တံခါးတစ်ချပ်ထဲကို တိုးဝင်သွားတာမြင်လိုက်ရတယ်။

“ သူက ဘယ်သူလဲ… ဘာကြောင့် နာမ်လောကတံခါးကိုကျော်ဖြတ်နိုင်ရတာလဲ”

“ သူက အောင်မြတ်သာဆိုတဲ့ပုဂ္ဂိုလ်ပဲ”

“ ဒီလူက ရွေးချယ်ခံထားရတဲ့သူပေါ့”

“ ဟုတ်တယ်၊ သူနာမ်လောကတံခါးထဲဖြတ်ဝင်ပြီး သူ့တပည့်တွေကိုပြန်ခေါ်လိမ့်မယ်”

“ ကျုပ်အခု သူ့အနောက်ကိုလိုက်မယ်၊ အရှင် ခွင့်ပြုပေးပါ”

“ မင်းဒီ‌နေရာကနေ ထွက်တာနဲ့ ခေါင်းရှစ်စိပ်ကွဲသွားလိမ့်မယ်၊ အခုသင့်အနေနဲ့ လုပ်ရမှာက အောက်လက်ငယ်သား‌တွေကို ခိုင်းစေပြီးနာမ်လောကထဲဝင်သွားတဲ့ အောင်မြတ်သာရဲ့ ခန္ဓာကိုယ်ကိုဖျက်စီးပစ်ဖို့ပဲ၊ ဒါကို ဖျက်စီးနိုင်ရင် သူရော သူ့တပည့်တွေပါ အခြားတစ်ဖက်မှာပိတ်မိနေလိမ့်မယ်”

“ ကျုပ်ကိုယ်တိုင်အပြင်ထွက်ပြီး ဖျက်စီးမှာမို့ ဒီတစ်ကြိမ်ခွင့်ပြုပေးပါအရှင်”

မရဏရဲ့စကားကြောင့် မီးပုံဘေးရပ်နေတဲ့ လူရွယ်က ဒေါသထွက်ပြီး တောက်ခတ်လိုက်ရာ မျက်လုံးကနေ မီးတောက်မီးလျှံတွေ ထွက်လာပြီး တံတောင်ဆစ်ကနေ လက်ပွားငါးခုစီထွက်လာခဲ့တယ်။

“ နောက်တစ်ခါ စောဒကတက်ရင် မင်းကိုပြာအတိဖြစ်အောင်မီးမြိုက်ပစ်မယ်၊ ကြားလား ငမိုက်သား”

ချောမောခန့်ညားတဲ့ရုပ်သွင်ကနေ ကြောက်မယ်ဖွယ် သဏ္ဍာန်ပြောင်းလဲသွားတာကြောင့် မရဏ မျက်နှာကိုမြေကြီးနဲ့ကပ်တဲ့ထိ အပ်လိုက်ပြီး ‌ခွင့်လွှတ်ပေးဖို့ အကြိမ်ကြိမ်အခါခါ တောင်းပန်နေခဲ့လိုက်တယ်။

အချိန်အတော်ကြာ‌တဲ့ထိ တောင်းပန်ပြီးမှ ဘာသံမှမကြားရတာကြောင့် မော့ကြည့်လိုက်ရာ အရှင်ဖြစ်သူကိုမတွေ့ရတော့ပဲ လောင်စာကုန်ခါနီး မီးပုံတစ်ခုကိုသာ မြင်တွေ့လိုက်ရတယ်။

++++++++

ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ကပ်တိတ်ဆိတ်နေပြီး အလင်းရောင်ဆိုတာ မှိန်ပြပြသာရှိတဲ့လမ်းကျဉ်းလေးထဲကို အောင်မြတ်သာဝင်ရောက်လာခဲ့လိုက်တယ်။

လူသွားလူလာမရှိတဲ့အပြင် သက်ရှိနဲ့တူတာဆိုလို့ ဘာမှမြင်ရတဲ့အတွက် မျက်လုံးကိုလျှင်အောင်ထားရင်း လျောက်လာခဲ့ရာ တစ်နေရာအရောက်မှာတော့ အော်ဟစ်ကြိမ်းဝါးသံ၊ ဌာန်နဲ့မာန်နဲ့ အမိန့်ပေးသံအချို့ကိုကြားလိုက် ရတယ်။

အောင်မြတ်သာလဲ အသံကြားတဲ့ဘက်ကို ခပ်သုတ်သုတ်လျောက်သွားခဲ့ပေမယ့် အနားရောက်တာနဲ့အသံက ပျောက်ကွယ်သွားတာကို သတိထားမိခဲ့တယ်။ အဲဒီအချိန် ကောင်းကင်ပေါ်မှာ တောင်ပံခတ်သံကြားလို့ မော့ကြည့်လိုက်ရာ အကောင်ငါးဆယ်လောက်ရှိတဲ့ လင်းတအုပ်ကြီးက အရှေ့ဘက်စူးစူးကိုပျံသွားတာမြင်လိုက်ရတယ်။

ဒါကြောင့် အမြင်ကိုဖွင့်ပြီး ကြည့်လိုက်ရာ ပျံနေတဲ့လဒတွေက ယောင်္ကျားမိန်းမအရွယ်စုံ ဖြစ်နေတာကြောင့် သူတို့သွားတဲ့ဘက်ကို စိတ်ညွှတ်လိုက်ရာ လူက ငှက်မွှေးကဲ့သို့ ပေါ့ပါးပြီး လွင့်ထွက်သွားခဲ့တယ်။

“ သတ်ကြဟေ့… အကုန်လုံးကိုသတ်ကြ”

“ ဘယ်မလဲ ဆရာစုတ်တွေ၊ လာကြစမ်း… မယ်ခါးအကြောင်းသိစေရမဟဲ့”

အသံစူးစူးနဲ့ ကြိမ်းဝါးနေတဲ့အပြင် အရောင်အသွေးစုံလင်တဲ့ စက်ကြိုးတွေထုတ်လွှတ်နေတဲ့ ပညာသည်အုပ်ကြီးရဲ့ အရှေ့မှာတော့ အသက်၅၀အရွယ်ယောင်္ကျားကြီး တစ်ယောက်နဲ့အတူ အခြားသော လူရွယ် ဆယ်ယောက်ခန့်ရှိနေခဲ့တယ်။

အောင်မြတ်သာလဲ လူအုပ်ထဲမှာ သူ့တပည့်တွေ ပါလိုပါငြားကြည့်လိုက်ပေမယ့် ဘယ်သူ့ကိုမှ မတွေ့တာကြောင့် လှည့်ထွက်ဖို့အလုပ် ရှေ့ကနေဦးဆောင်နေတဲ့လူရဲ့ ရင်ဘတ်ကို ပညာသည်စက်အချို့ထိမှန်လဲကျသွားတာမြင်လိုက်ရတယ်။

“ ဆရာ… ဆရာ သတိထားပါဦး”

“ ငါရတယ်… မင်းတို့ဆက်တိုက်ကြ.. အရှုံးမပေးနဲ့၊ ငါသေရင်တောင် နောက်မဆုတ်ကြနဲ့”

ဆရာဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့် လူရွယ်လေးတွေက မိမိတို့တတ်ကျွမ်းတဲ့ ပညာနဲ့ ပညာသည်တွေကိုရင်ဆိုင်ဖို့ ရှေ့ကိုတက်လာခဲ့ကြတယ်။ ဒါပေမယ့် အင်အား ဆယ်ဆနီးပါးလောက်ကွာဟနေတာကြောင့် ကြာရှည်မတိုက်နိုင်ပဲတစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်လဲကျသွားခဲ့တာမြင်တော့ အောင်မြတ်သာမနေသာတော့ပဲ ပြေးဝင်လာတဲ့ ပညာသည်တစ်ယောက်ကို လက်ပြန်ရိုက်ထုတ်လိုက်ရာ အနောက်ကိုပေနှစ်ဆယ်လောက်ထိ လွင့်ထွက်သွား ခဲ့တယ်။

“ ဆရာ သက်သာရဲ့လား”

အောင်မြတ်သာက လဲကျနေတဲ့ လူကြီးကိုတွဲထူလိုက်တဲ့အချိန် ရဲတင်းတဲ့ပညာသည်အချို့က အောင်မြတ်သာဆီကို အတိုက်စက်တွေပို့လွှတ်လိုက်တယ်။

လေကိုခွင်းပြီးဝင်လာတဲ့ ပြိုးပြိုးပျက်ပျက်စက်တွေကို အောင်မြတ်သာက လက်တစ်ဖက်နဲ့ဆွဲဖမ်းကာ ဘေးကိုပစ်ထုတ်ရင်း ကာထားပေးခဲ့တယ်။

အဲဒီအချိန် လဲကျနေတဲ့လူကြီးရဲ့ ဒဏ်ရာတွေ ပျောက်ကွယ်သွားပြီး လူကောင်းပကတိအတိုင်း ပြန်ဖြစ်သွားခဲ့သလို ပညာသည်တွေဘက်မှာ ထိခိုက်ခဲ့တဲ့သူတွေလဲ လူကောင်းအတိုင်း ပြန်ဖြစ်သွားတာမြင်လိုက်ရတယ်။

“ ငါ့တူ… ဒီကနေ အမြန်ထွက်သွားတော့၊ မဟုတ်ရင် မင်းလဲ ဒီသံသရာထဲမှာလည်နေလိမ့်မယ်”

“ ပညာသည်တွေ ဒီလောက်များတာ ဆရာတို့ ရင်ဆိုင်လို့ရပါ့မလား”

“ ဒါက သက်ရှိလောကမဟုတ်ဘူး ငါ့တူရ၊ ဦးလေးတို့ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ အချိန်တန်ရင် အစကနေပြန်တိုက်နေရဦးမှာပဲ၊ သွား သွား ထွက်သွားတော့”

‌အဲဒီတော့မှ အောင်မြတ်သာ သတိပြန်ဝင်လာပြီး နာမ်တံခါးပြန်ဖွင့်တဲ့အချိန် သူ့တပည့်တွေကို အမှီပြန်ခေါ်ရမယ်ဆိုတဲ့အတွေးဝင်လာခဲ့တယ်။ဒါကြောင့် ပညာပြိုင်နေတဲ့နေရာကနေ အပြင်ကို ထွက်လာခဲ့လိုက်တယ်။ လမ်းတစ်လျောက်မှာတော့ သူ့အဖွဲ့ ကိုယ့်အဖွဲ့ ပညာပြိုင်နေကြတဲ့သူတွေ ရှိနေပြီး အချို့နေရာမှာတော့ ပညာသည်တွေဘက်က နိုင်သလို၊ အချို့နေရာမှာတော့ ဆရာတွေဘက်က နိုင်နေတာမြင်လိုက်ရတယ်။

အောင်မြတ်သာလဲ လူအုပ်ကြားထဲမှာ တပည့်ဖြစ်သူတွေကိုလိုက်ရှာခဲ့ပေမယ့် အခုထိ မတွေ့သေးတာကြောင့် စိုးရိမ်စိတ်ဝင်လာခဲ့တယ်။ အဲဒီအချိန် နားထဲမှာ မောင်မစရဲ့ ဆဲဆိုသံတစ်ချက်ကိုကြားလိုက်ရတာကြောင့် အသံကြားတဲ့ဘက်ကို လှမ်းကြည့်လိုက်ရာ ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့ လူရိပ်အချို့။

“ ငါ့လခွီးထဲမှ ဟေ့ကောင်တွေ လာတိုက်ကြစမ်း၊ ခွေးမသားတွေ ဘာလို့ထွက်ပြေးလဲကွ”

အသံက ပိုပီပြင်လာသလို ထွက်ပြေးနေတဲ့ လူအုပ်ရဲ့အနောက်မှာ‌တော့အိပဲ့အိပဲ့နဲ့ ပြေးလိုက်တာတဲ့ မောင်စမကို မြင်လိုက်ရတယ်။

“ ဒါ ဒါ မောင်စမပဲ… ကျန်တဲ့သူတွေလဲ ဒီနားမှာပဲရှိနေမယ်ထင်တယ်”

အောင်မြတ်သာက ဝမ်းသာစွာနဲ့ လှမ်းခေါ်ဖို့အလုပ် ပြေးနေတဲ့သူတွေရှေ့မှာ လူသုံးယောက် ဘွားခနဲပေါ်လာခဲ့တယ်။

“ မောင်ကောင်း၊ ခွန်းလှ နဲ့ မြဒင်တို့ပါလား၊ ဒီကောင်တွေ လက်ထဲမှာ ဘာတွေကိုင်ထားပါလိမ့်” လို့ရေရွတ်ပြီးကြည့်လိုက်ရာ မောင်ကောင်းရဲ့လက်ထဲမှာက သံသေဓါး၊ ခွန်းလှရဲ့ လက်ထဲမှာက နဂါးပတ်ကြိမ်၊ မြဒင်ရဲ့လက်ထဲမှာတော့ ခြူလုံးလေးတစ်လုံးကိုင်ထားတာမြင်လိုက်ရတယ်။

(သံသေဓါးကို ဆေးရည်စိမမအလောင်းရှာပုံတော် ဝတ္တုတွင်လည်းကောင်း၊ နဂါးပတ်ကြိမ်ကို စက္ကဒေဝီဝတ္တုတွင်လည်းကောင်း၊ အန္တရာယ်သတိပေးခြူကို ကံကံ၏အကျိုးဝတ္တုတွင်လည်းကောင်း ရရှိထားခဲ့ကြတာဖြစ်ပါတယ်)

ပညာသည်တွေလဲ သူတို့ရှေ့မှာ ပေါ်လာတဲ့ လူသုံးယောက်ကိုမြင်တော့ ကြောက်လန့်တကြားနဲ့ ထိုင်ချလိုက်ကြတယ်။

မောင်ကောင်းကတော့ ထိုင်နေတဲ့သူတွေရဲ့ခေါင်းကို သံသေဓါးနဲ့ တဒေါင်ဒေါင်လိုက်ခေါက်ရင်း

“ မင်းတို့က မနိုင်ရင် အရှုံးပေးလေ၊ ဘာလို့ပြေးရတာလဲ”

“ ဒီကောင်တွေကို ပါးစပ်နဲ့ပြောနေတာ အကြိမ်ပေါင်းမနဲတော့ဘူး ကြာပွတ်စာကျွေးမှရမယ်ထင်တယ်”

ခွန်းလှက ကြာပွတ်နဲ့ရွယ်လိုက်ရာ မြဒင်က လှမ်းတားလိုက်ပြီး

“ စမ… မင်းအဆင်ပြေရဲ့လား”

“ ပြေတယ်… ဒီကောင်တွေနောက်လိုက်ရတာ အတော်မောတာပဲ ငါ့လခွီး”

မောင်စမက အနည်းငယ်ပူနေတဲ့ဗိုက်ကိုပင့်တင်ရင်း မျက်နှာငယ်နဲ့ထိုင်နေတဲ့ ပညာသည်တွေရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။

“ မင်းတို့အရှုံးပေးပြီလားကွ. ဒါမှမဟုတ် နောက်တစ်ကြိမ်ထပ်ပြိုင်ဦးမလား၊ အားလုံး အရှုံးပေးပြီဆိုမှ ငါတို့နောက်တစ်ဖွဲ့ဆီသွားရမှာ မြန်မြန်ပြောစမ်း”

“ ဒီကောင်တွေ ပြိုင်တာပဲ ဆယ်ကြိမ်မကတော့ဘူး၊ တစ်ခါမှနိုင်တာလဲမဟုတ်ပဲနဲ့”

မောင်ကောင်းက ဓါးတရွယ်ရွယ်နဲ့ မာန်လိုက်တော့မှ ပညာသည်တွေဆီကနေ

“ မပြိုင်ရဲတော့ပါဘူး အရှုံးပေးပါတယ်” ဆိုတဲ့အသံ ထွက်လာတယ်။

ထိုသို့အရှုံးပေးလိုက်တယ်ဆိုရင်ပဲ ပညာသည်တွေရဲ့ ခန္ဓာကိုယ်တွေဆီကနေ မီးတောက်တွေထွက်လာပြီး ပြာမှုန်တွေအဖြစ်ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့တယ်။

အောင်မြတ်သာလဲ အဲဒီတော့မှ ပုန်းကွယ်နေတဲ့ သစ်ပင်အနောက်ကနေ ထွက်လာခဲ့လိုက်တယ်။ ဒါကိုမြင်တဲ့ မောင်ကောင်းက လက်ထဲကိုင်ထားတဲ့ သံသေဓါးနဲ့ ကောက်ပေါက်လိုက်ရာ ဓါးက နားထင်ဘေးကနေ ဖြတ်ပြီး ဘေးက သစ်ပင်မှာ စိုက်ဝင်နေခဲ့တယ်။

“ ဟေ့ကောင်… မင်းက ဘယ်သူလဲ၊ ဘာလို့ ငါတို့ဆရာပုံဟန်ဆောင်ထားတာလဲကွ”

“ မောင်ကောင်း… မင်းဒီနားကိုလားစမ်း”

“ အောင်မာ… ရုပ်သွင်ပြောင်းထားတဲ့ ပညာသည်က ငါ့နာမည်ခေါ်ရဲတယ်ပေါ့လေ၊ မင်းတော့ သေပီသာမှတ်”

မောင်ကောင်းက ပုဆိုးကိုတိုတိုပြင်ဝတ်ပြီး အောင်မြတ်သာအနားကိုကပ်လာတဲ့အချိန် ဖြောင်းဆိုတဲ့အသံနဲ့အတူ နားအုံတစ်ခုလုံး ထူပူသွားခဲ့တယ်။

“ မင်း မင်း ငါ့ကိုရိုက်ရဲတယ်ပေါ့လေ”

“ ဟေ့ကောင် အသိစိတ်ကပ်စမ်း… စမ.. ဒီကောင်တွေကိုင်ထားတဲ့လက်နက်တွေအကုန် သိမ်းလိုက်”

“ ဆရာ… တကယ်ပဲ ဆရာလား…”

မောင်စမရဲ့ အသံက ငိုသံပါနေခဲ့တယ်။

“ မင်းတို့ကို လိုက်ရှာရတာဘယ်လောက်ခက်လဲ သိကြလား”

အဲဒီတော့မှ လေးယောက်သား အောင်မြတ်သာကိုပြေးဖက်ကာ ငိုပါလေရော။

“ မင်းတို့ယောင်္ကျားမဟုတ်ဘူးလား… ဘာလို့ငိုနေတာလဲ”

“ ဆရာ… ကျွန်တော်တို့ဆရာကိုသတိရနေတာဗျာ”

“ အခုပြန်တွေ့ပြီပဲ… စိတ်မကောင်းမဖြစ်ကြနဲ့တော့”

အောင်မြတ်သာစကားကြောင့် အားလုံးမျက်ရည်တွေသုတ်လိုက်ကြတယ်။

“ ဆရာပြန်လာတာအတော်ပဲ… ထနောင်းကုန်းစပ်က ပညာသည်အုပ်စုအတော်သောင်းကျန်းနေတယ်၊ ကျွန်တော်တို့ပညာသွားပေးရအောင်”

“ ဟေ့ကောင် မောင်ကောင်း… မင်းက ဒီထဲမှာပိုပြီးပျော်မွေ့နေသလိုပဲ၊ မင်း အပြင်လောကကို ပြန်မလိုက်ဘူးလား”

“ ဘယ်ကိုလိုက်ရမှာလဲဆရာ…”

“ မင်းတို့အခုရောက်နေတာ လူ့ဘုံမဟုတ်ဘူးကွ၊ ဝေမာနိကဘုံကိုရောက်နေတာ”

“ ခင်ဗျာ…”

“ မင်းတို့ကိုရှင်းပြဖို့အချိန်မရှိဘူး… နာမ်လောကတံခါးဖွင့်တဲ့အချိန် အမှီပြန်ထွက်ဖို့လိုတယ်၊ ငါ့အနောက်က လိုက်ခဲ့ကြ”

အောင်မြတ်သာလဲ လက်နက်တွေကိုဖြုတ်သိမ်းကာ ဝင်လာတဲ့နေရာဆီကို ခေါ်ဆောင်သွားခဲ့လိုက်တယ်။ လမ်းတစ်ဝက်အရောက်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာပြီး ဦးခေါင်းထဲကနေ မိုက်ခနဲ မိုက်ခနဲဖြစ်လာခဲ့တယ်။

“ အပြင် အပြင်မှာ တစ်ခုခုဖြစ်နေပြီထင်တယ်”

“ ဘာဖြစ်တာလဲဆရာ…”

“ ငါတို့ကို ပြင်ပလောကထဲဝင်မရအောင် နှောက်ယှက်နေကြပြီ၊ ဒီကနေ မြန်မြန် ထွက်မှရမယ်”

အောင်မြတ်သာက တဆစ်ဆစ်ကိုက်ခဲလာတဲ့

ခေါင်းကိုလက်နဲ့ကိုင်ပြီး အားတင်းကာ ရှေ့ဆက်သွားခဲ့တယ်။

++++++++

တဖျစ်ဖျစ်တောက်လောက်နေတဲ့ မီးပုံဘေးမှာတော့ ဖိုးကတုံးနဲ့ သိန်းဆောင်တို့ ငိုက်မြည်းနေခဲ့ကြတယ်။ သူတို့နှစ်ယောက်ရဲ့အလယ်မှာတော့ ခါးကိုဆန့်တန်းပြီးတရားထိုင်နေတဲ့ အောင်မြတ်သာရဲ့ ခန္ဓာကိုယ်တည်ရှိနေခဲ့တယ်။ အဲဒီအချိန် မိုးမညို့တိမ်မထူပဲ လေပြင်းတွေ တိုက်ခတ်လာတာကြောင့် အိပ်ငိုက်နေတဲ့သူနှစ်ယောက်လုံး ခေါင်းထောင်လာခဲ့ကြတယ်။

“ ဖိုးကတုံး… ရုတ်တရက်ကြီး လေတွေတိုက်လာပါလား”

“ ဟုတ်တယ်နော်… မိုးသားတွေလဲမရှိပဲနဲ့ လေတိုက်တာ ထူးဆန်းတယ်”

ထိုစဉ် အမှောင်ထုထဲကနေ တဖျတ်ဖျတ်နဲ့ လမ်းလျောက်လာတဲ့ခြေသံတွေကြောင့် ဖိုးကတုံးက လက်စွဲတော်လေးခွထဲကို လောက်စာလုံးထည့်ကာ အသင့်ပြင်ထားလိုက်တယ်။

ခြေသံတွေက ဟိုနေရာပေါ်လိုက် ဒီနေရာပေါ်လိုက် ဖြစ်နေတာကြောင့် ဖိုးကတုံးစိတ်မရှည်တော့ပဲ အသံကြားရာဘက်ကို မှန်းပြီးပစ်ပါလေရော။

“ ဟေ့ကောင်… လောက်စာလုံးတွေကုန်မယ်ကွ၊ ရမ်းပစ်မနေနဲ့”

သိန်းဆောင်က သတိလှမ်းပေးရင်း အမှောင်ထုတစ်နေရာကို စိုက်ကြည့်နေခဲ့တယ်။

“ ဟိုမှာ လှုပ်နေတာ ဘာကြီးလဲဟ”

“ ဘယ်မှာလဲ ကျွန်တော်က ဘာမှမမြင်ရဘူးနော်”

“ အရှေ့က သစ်ပင်နှစ်ပင်ကြားမှာ ရပ်နေတာကွ၊ ဖိုးကတုံး အဲဒီနေရာကို ပစ်ကြည့်”

သိန်းဆောင်စကားကြောင့် ဖိုးကတုံးက လောက်လေးကိုခပ်တင်းတင်းဆွဲပြီး သစ်ပင်နှစ်ပင်ကြားကိုပစ်ထည့်လိုက်ရာ ‌ထန်းးးး ဆိုတဲ့အသံနဲ့အတူ နာကျင်စွာညဉ်းညူသံတစ်ချက် ထွက်လာခဲ့တယ်။

“ ဖိုးကတုံး မင်းပစ်တာထိတယ်ကွ…”

ဖိုးကတုံးလဲ သူ့လက်ဆကိုယုံတဲ့အတွက် ရိပ်ခနဲ့ ရိပ်ခနဲဖြတ်ပြေးနေတဲ့ကောင်တွေကို တဒေါင်ဒေါင်မြည်အောင် ပစ်ခွဲပါလေရော။

ဒါပေမယ့် လူရိပ်တွေက ပျောက်ကွယ်မသွားတဲ့အပြင် တစ်ဖြေးဖြေး များလာတာကြောင့် နှစ်ယောက်သား မျက်လုံးပြူး မျက်ဆန်ပြာဖြစ်လာခဲ့တယ်။

“ ဟေ့ကောင် … ဒီကောင်တွေ လူတော့မဖြစ်နိုင်ဘူး”

“ လူဖြစ်ဖြစ်သရဲဖြစ်ဖြစ်ဗျာ… အနားကပ်မလာအောင် ပစ်ရမှာပဲ”

ဖိုးကတုံးလဲ လောက်စာလုံးတွေကို မြေကြီးပေါ်သွန်ချပြီး နေရာယူလိုက်တဲ့အချိန် မျက်နှာမှာမီးလောင်ထားသလို ဒဏ်ရာဒဏ်ချက်တွေနဲ့လူတွေ စည်းဝိုင်းရဲ့ အနားကိုတိုးကပ်လာခဲ့တယ်။

“ ဖောက်… ဖောက်… ဖောက်”

“ လောက်စာလုံးနဲ့ထိတဲ့နေရာမှာ မီးစတွေထွက်လာပါလား…”

“ ဟေ့လူ စကားမများနဲ့ဗျ… ကျုပ်ကို လောက်စာလုံးကောက်ပေးဦး”

သိန်းဆောင်လဲ မြေကြီးပေါ်ချထားတဲ့ လောက်စာလုံးတွေကို ကောက်ပေးနေတဲ့အချိန် ဆံပင်ဖားလျားချထားတဲ့ယောင်္ကျားတစ်ယောက် စည်းထဲကိုပြေးဝင်လာခဲ့တယ်။

ဒါပေမယ့် စည်းကိုထိတာနဲ့ အနောက်ကိုပြန်ကန်ထွက်သွားပြီး ခန္ဓာကိုယ်ကနေ အခိုးငွေ့တွေထွက်ကာ ငြိမ်သက်သွားခဲ့တယ်။ ထိုစဉ်

“ စည်းကိုဖောက်ဝင်ကြ… ခန္ဓာကိုယ်ကိုဖျက်စီးကြ” ဆိုတဲ့ကြိမ်းဝါးသံနဲ့အတူ မရေမတွက်နိုင်အောင် များပြားတဲ့ လူအုပ်ကြီးက သူ့ထက်ငါအလုအယက် ပြေးဝင်လာခဲ့ကြတယ်။ သို့သော် စည်းကိုမဖောက်နိုင်ပဲ တိုးဝင်တဲ့သူတွေအားလုံး ခြေပြတ်တဲ့သူကပြတ် လက်ပြတ်တဲ့သူကပြတ်နဲ့ ဖြစ်ကုန်ကြတယ်။

သိန်းဆောင်ကလဲ စည်းအနားထိကပ်ပြီး တိုးဝင်လာတဲ့သူတွေကို ဝါးရင်းတုတ်နဲ့ ဆီးရိုက်နေခဲ့တယ်။ ထိုသို့တားဆီးနေပေမယ့် လူအုပ်ကြီးက ပိုများလာခဲ့ရာ မသိရင် သကြားလုံးကို ပုရွတ်ဆိတ်တွေ အုံခဲနေသလို ဖြစ်လာခဲ့တယ်။

“ ဖိုးကတုံး…. မင်း မင်းအိတ်ထဲမှာ လောက်စာလုံးတွေ အပြည့်ဖြစ်နေပါလား”

သိန်းဆောင်ရဲ့ ဝမ်းသာအားရစကားကြောင့် ကြည့်လိုက်ရာ အဟုတ်ကိုပြည့်နေတာ မြင်လိုက်ရတယ်။

“ ဟေ့ကောင် ပစ်ပါတော့ဟ… ငါလဲ ရိုက်ရလွန်းလို့လက်အံသေနေပြီ”

သိန်းဆောင်က အော်ပြောရင်း ခန္ဓာကိုယ်တစ်ပိုင်း ကျွံဝင်လာတဲ့သူတစ်ယောက်ကို ဖြောင်းခနဲ မြည်အောင် ပိတ်ရိုက်လိုက်တယ်။

အဲဒီအချိန် တုတ်တွေဓါးတွေကိုင်ထားတဲ့ လူဆယ်ယောက်ခန့် သူတို့ရှိရာပြေးဝင်လာတာမြင်လိုက်ရတယ်။

“ ဒီကောင်တွေက လူစစ်စစ်တွေပါလား… ဒုက္ခပဲ သူတို့ဝင်လာရင် စည်းကပေါက်ပြီထင်တယ်”

သိန်းဆောင်က အထိတ်တလန့်ရေရွတ်ကာ ဝါးရင်းတုတ်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားသလို ဖိုးကတုံးကလဲ လက်ညိုးဘေးသားတွေစုတ်ပြဲ တဲ့ထိ လေးခွကိုတ‌ဖုန်းဖုန်းပစ်နေခဲ့တယ်။

“ သူတို့စည်းထဲဝင်တော့မယ်ကွ… ငါတို့တော့ ရွှေတုံးမရတော့ဘူးထင်တယ်”

“ ဟေ့လူ အရေးထဲ ဥစ္စာလာရူးနေတယ်၊ သူတို့ဝင်လာရင် နှစ်ယောက်လုံးသေမှာဗျ”

“ မထူးတော့ပါဘူးကွာ… ဝင်လာတဲ့ကောင်မှန်သမျှ ရိုက်ရတော့မှာပဲ”

သိန်းဆောင်ကို မျက်လုံးကိုစုံမှိတ်ပြီး ရိုက်မယ့်ဟန်ပြင်လိုက်တဲ့အချိန် ဖြူဖွေးဆွတ်နေတဲ့ အလင်းတန်းနှစ်ခုက သူတို့ရှေ့ကို ကျလာခဲ့သလို စုပြုံနေတဲ့သူတွေလဲ အနောက်ကိုလွင့်ထွက်သွားခဲ့တယ်။

++++++++++

မြူခိုးတွေကျဆင်းနေတဲ့ ကွင်းပြင်တစ်ခုရဲ့အလယ်မှာလူငါးယောက်ရပ်နေပြီး သူတို့ရဲ့မျက်လုံးတွေက ဘေးဘီကိုလိုက်ကြည့်နေခဲ့ကြတယ်။

“ ဆရာပြောတဲ့ နာမ်တံခါးကိုမမြင်ရပါလား”

မောင်စမစကားကြောင့် အောင်မြတ်သာက ခေါင်းကိုခါယမ်းလိုက်ပြီး

“ ဒီနေရာမှာပဲရှိရမှာကို ဘယ်လိုကြောင့် မတွေ့ရတာလဲ”

“ အချိန်ကျော်သွားလို့များလားဆရာ”

“ အချိန်ပြည့်ရင် ငါကမင်းတို့ရှေ့ကနေပျောက်ကွယ်သွားလိမ့်မယ်၊ အခုကအချိန်ပြည့်တာမဟုတ်ဘူး… တစ်ယောက်ယောက်က နှောက်ယှက်နေတာ၊ အား ကျွတ် ကျွတ် ကျွတ်”

“ ဆရာ… အဆင်ပြေရဲ့လား”

“ ငါ ငါ့ခန္ဓာကိုယ်က တစ်ဖြေးဖြေး မှိန်လာပါလား”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းတို့ ကြည့်လိုက်ရာ ခန္ဓာကိုယ်က တစ်ဖြေးဖြေးနဲ့ ဖြူဖျော့လာတာမြင်လိုက်ရတယ်။

“ အချိန်ပြည့်တော့မယ်ထင်တယ်… မြဒင် တစ်ခုခုကြံစမ်းပါဦး”

မောင်စမစကားကြောင့် မြဒင်က နတ်မျက်စိအစွမ်းကိုသုံးပြီးကြည့်လိုက်ရာ

“ ငါ့အစွမ်းတွေသုံးလို့မရဘူးဖြစ်နေတယ်… နာမ်တံခါးကိုလဲမမြင်ရဘူး… ဒုက္ခပါပဲ”

မြဒင်စကား‌ကြောင့်အောင်မြတ်သာလဲ မိမိရဲ့စိတ်စွမ်းအားကို စုစည်းပြီး နာမ်တံခါးရှိရာကိုအာရုံခံကြည့်ရာ မြူခိုးတွေဖုံးလွှမ်းနေတဲ့ ကွင်းပြင်ကိုပဲ မြင်တွေ့ခဲ့ရတယ်။

အဲဒီအချိန် အောင်မြတ်သာရဲ့ ခြေဖျားတွေက အခိုးငွေ့တွေအဖြစ်ပြောင်းလဲလာတာကို အားလုံးသတိထားမိခဲ့ကြတယ်။

“အချိန်မရှိတော့ဘူး … တစ်ခုခုစဉ်းစားမိစမ်း .. စဉ်းစားမိစမ်း”

မြဒင်က သူ့မျက်လုံးကို အတင်းမှိတ်ပြီး ခေါင်းကိုခါယမ်းလိုက်တဲ့အချိန် မြူခိုးတွေက ကနုတ်ဘောင်တွေလိုဖြစ်နေတဲ့ တံခါးတစ်ချပ်ကို ဖျတ်ခနဲမြင်လိုက်ရတာကြောင့် ရှေ့ကိုတိုးလိုက်ရာ နာမ်တံခါးကပျောက်ကွယ်သွားခဲ့တယ်။ ဒါကြောင့် ခုနကရပ်နေတဲ့နေရာကိုပြန်ဆုတ်ကြည့်လိုက်ရာ နာမ်တံခါးက မျက်လုံးထဲ ဖျတ်ခနဲပြန်ပေါ်လာခဲ့တယ်။

“ နာမ်တံခါး နာမ်တံခါးတွေ့ပြီး…”

“ ဘယ်မှာလဲ ဘယ်မှာတွေ့တာလဲ”

“ ‌အရှေ့ကဝါးတစ်ပြန်စာအကွာလောက်မှာ မြင်လိုက်တာ”

“ ငါတို့ကြည့်တာဘာမှမတွေ့ပါလား”

“ ဆရာရော မမြင်ရဘူးလား”

“ လေဟာနယ်ကလွဲပြီး ဘာမှမမြင်မိဘူး”

“ ကျွန်တော်တို့အားလုံး ဒီထဲကနေ ထွက်ဖို့မဖြစ်နိုင်တော့ဘူးထင်တယ်”

“ ဘာဖြစ်လို့လဲ…”

“ ကျွန်တော်ဒီနေရာကနေ ခွာလိုက်တာနဲ့ နာမ်တံခါးက ပျောက်ပျောက်သွားတယ်ဆရာ၊ ကျွန်တော်မရှိရင်လဲဆရာတို့နာမ်တံခါးထဲဝင်နိုင်မှာ မဟုတ်ဘူး၊ ဒီတော့ လုပ်ရမှာတစ်ခုပဲရှိတော့တယ်၊ အဲဒါကဆရာတို့အရင် နာမ်တံခါးထဲဝင်ကြပါ”

“ ဒါဆိုမင်းက ကျန်နေခဲ့မှာပေါ့”

“ အချိန်မရှိတော့ဘူး… ဆရာ ဒူးအောက်ပိုင်းက အငွေ့ပျံနေပြီနော်”

နောက်ဆုံးအခြေအနေမို့ အောင်မြတ်သာက အံကိုတင်းတင်းကြိတ်လိုက်ပြီး မြဒင်ရဲ့ပုခုံးကိုဆုပ်ကိုင်လိုက်တယ်။

“ အားလုံးတန်းစီပြီး ကျွန်တော်လက်ညိုးညွှန်တဲ့တည့်တည့်ကို လျောက်သွားပါ”

မြဒင်က မျက်စိကိုမှိတ်ကာ အာရုံခံကြည့်ပြီး နာမ်တံခါးရှိတဲ့ဘက်ကို လက်ညိုးညွှန်ပြလိုက်တယ်။

အောင်မြတ်သာ၊ မောင်စမ၊ မောင်ကောင်း၊ ခွန်းလှ တို့ကတော့ မြဒင်ကို သမင်လည်ပြန်လှည့်ကြည့်ရင်း လက်ညိုးညွှန်ရာနေရာကို လျောက်သွားခဲ့ကြတယ်။

“ ခြေလှမ်းက ဘယ်ကိုစောင်းနေတယ်… ညာဘက်ပြန်တည့်ပါဆရာ၊ ဟုတ်တယ် အဲဒီအတိုင်း လျောက်သွားဆရာ”

အောင်မြတ်သာလဲ မြဒင်ပြောတဲ့အတိုင်း ခြေဦးကိုတည့်လိုက်ရာ ခန္ဓာကိုယ်က ဝဲဂယက် တစ်ခုထဲဆွဲခေါ်သွားသလိုဖြစ်ပြီး လေဟာနယ်ထဲ လွင့်ထွက်သွားခဲ့တယ်။

+++++++

အေးစက်စက်အထိအတွေ့၊ ပုတ်အဲ့အဲ့အနံ့က နှာခေါင်းထဲကိုတိုးဝင်လာတာကို သတိထားမိတာကြောင့် မောင်ကောင်း ကပြာကယာ လူးလဲထလိုက်တယ်။ မကြာခင်အချိန်အတွင်း ခွန်းလှနဲ့ မောင်စမတို့ အခေါင်းထဲကနေ ထွက်လာခဲ့ကြပေမယ့် နောက်ဆုံးမှာရှိတဲ့ အခေါင်းကနေတော့ ဘယ်သူမှထွက်မလာခဲ့ပေ။

မောင်စမကတော့ မလှုပ်မယှက်ငြိမ်သက်နေတဲ့ မြဒင်ကိုကြည့်ပြီး အံကိုတင်းတင်းကြိတ်ထားလိုက်တယ်။ အဲဒီအချိန် မလှမ်းမကမ်းနေရာတစ်ခုကနေ လင်းခနဲလက်ခနဲ အရောင်တွေပေါ်လာတာကြောင့် သုံးယောက်သား တိုင်ပင်မထားပဲ အလင်းရောင်တွေ ထွက်တဲ့ဘက်ကို ပြေးထွက်သွားခဲ့တယ်။

အတန်ကြာပြေးလာပြီးတဲ့ချိန်မှာတော့ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့လူနှစ်ယောက်က အရောင်တဖိတ်ဖိတ်ထွက်နေတဲ့ ကြိမ်ကိုကိုင်ပြီး စည်းဝိုင်းအနားကပ်လာတဲ့သူတွေကို ရိုက်ထုတ်နေတာ မြင်လိုက်ရတယ်။

“ ဆရာသက်ခိုင်နဲ့ ဆရာတောက်ရပါလား”

မောင်စမက ဝမ်းသာအားရ ရေရွတ်ပြီး တိုးဝင်ဖို့အလုပ် တရားထိုင်နေတဲ့အောင်မြတ်သာရဲ့ မျက်လုံးတွေဖျတ်ခနဲပွင့်လာပြီး မြေကြီးကိုလက်နဲ့ ထိကိုင်လိုက်ရာ မြေသားတွေက လှိုင်းတံပိုးတွေလို အလိပ်လိုက်တက်လာခဲ့တယ်။

မြေလှိုင်းတွေက ဒီရေအလား ဝေါခနဲ ဝေါခနဲ တက်လာပြီး နှောင့်ယှက်နေတဲ့သူတွေကို အရှိန်နဲ့ဆွဲခေါ်သွားတာမြင်လိုက်ရတယ်။

“ ဆရာ… သတိရလာပြီလား”

“ သက်ခိုင်… တောက်ရ.. မင်းတို့က ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာကြတာလဲ”

“ ဆရာတော်ရဲ့ခွင့်ပြုချက်နဲ့ ဆရာကို ကာကွယ်ဖို့ ထွက်လာခဲ့တာပါ”

“ သိန်းဆောင်နဲ့ ဖိုးကတုံးရော ဘာဖြစ်သွားသေးလဲ”

“ ဘာမှမဖြစ်ပါဘူးဆရာ… ဒီကလူနှစ်ယောက်သာ မကူညီရင် ကျွန်တော်တို့လဲ သေနေလောက်ပြီ”

(ဖိုးကတုံးနဲ့သိန်းဆောင်တို့အမြင်မှာတော့ သာမန်အနှောက်ယှက်ပေးသူတွေလို့ထင်မြင်နေခဲ့သလို ‌ပညာစွမ်းတွေကိုလဲအလုံးစုံမြင်တွေ့ရခြင်းမရှိ ခဲ့ပေ)

“ ဒါနဲ့ မြဒင်တစ်ယောက်လဲမတွေ့မိပါလား”

သက်ခိုင်စကားကြောင့် အောင်မြတ်သာအပါအဝင် ကျန်တဲ့သူတွေအားလုံးရဲ့ မျက်နှာတွေညိုးကျ သွားခဲ့တယ်။

“ သူ ပြန်မပါလာဘူး…သက်ခိုင်၊ ငါတို့အားလုံး ဒီကိုရောက်ဖို့ သူအနစ်နာခံခဲ့ရှာတယ်”

“ ဒါနဲ့ ဆရာတော်အမှာစကားပါးလိုက်တာရှိတယ်”

“ ဆရာတော်က ဘာမိန့်ခဲ့တာလဲ”

“ မရဏဆိုတဲ့သူကို မနှိမ်နင်းနိုင်သေးသရွေ့ ကျွန်တော်တို့ ဆရာအနားမှာနေခွင့်ရှိတယ်ဆိုတဲ့ အမှာစကားပါပဲ”

“ မင်းတို့‌ရှိတော့ ငါ့အတွက် အားပိုရှိတာပေါ့၊ မရဏ ဆိုတဲ့သူက ပုန်းအောင်းနေရတာတောင် ငါတို့ကို နှောက်ယှက်နေသေးတာဆိုတော့ သူ့ကိုဖမ်းမမိသရွေ့ ငါတို့လောကက အေးချမ်းမှာ မဟုတ်ဘူး”

“ သူ့တပည့်တွေထဲမှာ ပညာသည်တွေရော သာမန်လူတွေရောပါနေတာကြောင့် အတော်တော့ သတိထားရလိမ့်မယ်”

“ ဒါကြောင့် ဖိုးကတုံးနဲ့သိန်းဆောင်ကို အကူညီတောင်းထားရတာပေါ့၊ အခု ငါ့ကတိအတိုင်း မင်းတို့ကို လုပ်ပေးရတော့မယ်”

အောင်မြတ်သာက လွယ်အိတ်ထဲကနေ ရွှေတုံးနှစ်တုံးကိုနှိုက်ထုတ်ပြီး ကမ်းပေးလိုက်ရာ သိန်းဆောင်က ကမ်းယူလိုက်ပေမယ့် ဖိုးကတုံးကတော့ မယူပဲငြင်းဆိုခဲ့တယ်။

“ ဖိုးကတုံး… မင်းကဘာလို့မယူတာလဲ”

“ ဒါကိုကျွန်တော်ယူလဲ မိထွေးနဲ့ သူ့သားသမီးတွေကပဲသိမ်းလိုက်မှာလေ၊ ဖြစ်နိုင်ရင် ကျွန်တော်ဆရာတို့နဲ့လိုက်ချင်တယ်၊ အိမ်မှာမနေရရင် ပြီးရောဗျာ”

“ အခုလောလောဆယ်တော့ အိမ်မှာပြန်နေလိုက်ကြဦး၊ အချိန်တန်ရင် မင်းကို လာခေါ်မယ်လို့ကတိပေးတယ်၊ သိန်းဆောင်ကရော ဒီလောက်ဆို အိမ်ပြန်လို့ရပြီမဟုတ်လား”

“ဆရာပေးတဲ့ လက်ဆောင်နဲ့ ကောင်းရောင်းကောင်းဝယ်လုပ်စားပါ့မယ်၊ ဆရာတို့ကိုရော ဖိုးကတုံးကိုရော သတိရနေမှာပါ”

“ ဒါဖြင့် ကိုယ့်လမ်းကိုယ်လျောက်ကြတာပေါ့… ရေစက်မကုန်ရင်ပြန်ဆုံကြဦးမှာပါ”

အောင်မြတ်သာစကားအဆုံးမှာ အရှေ့ဘက်ကနေ ရောင်နီထွက်လာခဲ့သလို အိပ်တန်းကနေ နိုးလာတဲ့ ကျေးငှက်တွေရဲ့အော်မြည်သံအချို့လဲ ထွက်ပေါ်လာခဲ့တယ်။

+++++++

ကွင်းကလေးသုဿာန်အတွင်းပိုင်းတစ်နေရာမှာ တော့အရှိန်အဟုန်နဲ့တောက်လောက်နေတဲ့ ထင်းပုံကြီးတစ်ခုရှိနေပြီး ဘေးပတ်ပတ်လည်မှာတော့ လူခြောက်ယောက်က ငြိမ်သက်စွာရပ်နေခဲ့ကြတယ်။

မီးလောင်ညှော်နံ့တွေ စူးရှစွာထွက်ပေါ်နေပေမယ့် ရပ်နေတဲ့လူခြောက်ယောက်ကတော့ မျက်နှာတစ်ချက်မပြတ်ပဲ ထင်းပုံကြီးကို စိုက်ကြည့်နေခဲ့တယ်။

ထင်းပုံကြီးရဲ့အလယ်မှာတော့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်တစ်ခုက တစ်စတစ်စလောင်ကျွမ်းလျက်။

++++++++

အောင်မြတ်သာတို့အနေနဲ့ မြဒင်ကို သင်္ဂြိုလ်ပြီးချိန်မှာတော့ ပုန်းအောင်းနေတဲ့ မရဏကို ရှာဖွေရန် ထွက်လာခဲ့ကြတယ်။ မာရ်နတ်ရဲ့ အကူအညီယူပြီး ပုန်းကွယ်နေတဲ့ မရဏကို အောင်မြတ်သာတို့ ဘယ်လိုနည်းနဲ့ တွေ့အောင်ရှာကြ မလဲ၊ ဘယ်လိုပုဂ္ဂိုလ်တွေက သူတို့ကို ကူညီပေးကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် သွေးရောင်လွှမ်းသောညဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္ဝသုႏၶေရသစၥာ “(စ/ဆုံး)
—————————————————

ေဇယန(ရာမည)

႐ိုးတံ‌႐ြက္ေျခာက္ေတြ ေႂကြက်ေနတဲ့ ေျမေပၚကို ေျခေထာက္ခ်လိုက္တဲ့အခ်ိန္မွာပဲ အနီးနားမွာရွိတဲ့ သစ္ပင္ႀကီးငယ္ေတြေပၚကေန ငိုရႈိက္သံအခ်ိဳ႕ ထြက္လာခဲ့တယ္။

ေအာင္ျမတ္သာလဲ ငိုရႈိက္သံေၾကာင့္ လွည့္ၾကည့္လိုက္ရာ သစ္ပင္ခြၾကားေတြမွာ ဝမ္းနည္းတဲ့မ်က္ႏွာထားေတြနဲ႔ထိုင္ေနတဲ့ ႐ုကၡစိုးအခ်ိဳ႕ကိုျမင္လိုက္ရတယ္။

“ အသင္တို႔ ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္ ငိုေႂကြးေနရသလဲ”

“ ‌မိစာၦဓါတ္ေတြ ဒီေျမေပၚမွာ လႊမ္းမိုးေတာ့တယ္၊ ေကာင္းတဲ့သူေတြ ေသေၾကရေတာ့မယ္၊ ဒီအတြက္ေၾကာင့္ငိုေႂကြးရျခင္းျဖစ္ပါတယ္”

“ ဒီလိုအျဖစ္မ်ိဳး မျဖစ္ေအာင္တားဆီးဖို႔ က်ဳပ္ျပန္လာရျခင္းပဲျဖစ္တယ္၊ သင္တို႔ထင္မွတ္ထားသလိုမျဖစ္ေအာင္ က်ဳပ္လုပ္ေဆာင္မွာပါ”

ေအာင္ျမတ္သာစကားေၾကာင့္ ႐ုကၡစိုးနတ္ေတြ မ်က္ႏွာေပၚမွာေမွ်ာ္လင့္ျခင္းအရိပ္အေယာင္ေတြ ထြက္ေပၚလာခဲ့တယ္။

“ သင္တစ္ေယာက္ထဲ သူ႔ကို ႏွိမ္နင္းႏိုင္မွာမဟုတ္ဘူး၊ သူ႔ရဲ႕အစြမ္းက အလြန္ကိုႀကီးတာ ကိုယ္ေတြ႕ပါပဲ”

“ သိပ္ေတာ့ စိတ္မပူပါနဲ႔… က်ဳပ္ဘက္က ရႈံးနိမ့္ခဲ့ရင္ေတာင္ ေနာက္ထပ္ရင္ဆိုင္မယ့္သူေတြ ထပ္လာပါလိမ့္မယ္”

“ ဒီစကားၾကားရတာ က်ဳပ္တို႔အတြက္ ခြန္အားျဖစ္မိပါတယ္၊ သင္အေနနဲ႔ အနားယူခ်င္တယ္ဆိုရင္ က်ဳပ္တို႔ရဲ႕ ဗိမၼာန္ထဲေခၚသြားေပးပါမယ္”

“ ဗိမၺာန္ထဲေၾတာမလိုက္ေတာ့ပါဘူး… ေလာေလာဆယ္ ဒီအပင္ေအာက္မွာ ေခတၱအနားယူခ်င္ပါတယ္”

“ ဆိတ္ၿငိမ္စြာအနားယူလို႔ရပါတယ္၊ ပတ္ဝန္းက်င္တစ္ခုလုံး အပ္က်သံမၾကားရေအာင္ က်ဳပ္တို႔ျပဳလုပ္ထားေပးပါမယ္”

႐ုကြစိုးနတ္ေတြက ေအာင္ျမတ္သာကို ေနရာထိုင္ခင္းေပးၿပီးတာနဲ႔ သူတို႔ရဲ႕အစြမ္းနဲ႔ ဆူညံမႈေတြ‌ေပ်ာက္ေအာင္ ဖန္တီးလိုက္ၾကတယ္။

ေအာင္ျမတ္သာလဲ အတန္သင့္ႀကီးမားတဲ့ ကုကၠိဳပင္ေအာက္မွာထိုင္ၿပီး သူ၏တပည့္ေတြဆီကို စိတ္ပို႔လႊတ္ကာ အာ႐ုံခံၾကည့္လိုက္ပါေတာ့တယ္။ အတန္ၾကာအာ႐ုံခံၿပီးသည္အထိ မည္သူနဲ႔မွ အဆက္အသြယ္မရသျဖင့္ စိုးရိမ္စိတ္ေတြဝင္လာၿပီး မ်က္လုံးဖြင့္ၾကည့္လိုက္ရာ သူ႔ရဲ႕ပတ္ပတ္လည္မွာ ကာရံထားၾကတဲ့ ႐ုကၡစိုးနတ္ေလးပါးကို ျမင္ေတြ႕လိုက္ရတယ္။

“ သင္ ဘယ္လိုအရာေတြေၾကာင့္ စိတ္မေအးမခ်မ္း ျဖစ္ေနတာပါလဲ”

“ က်ဳပ္တပည့္ေတြနဲ႔အဆက္အသြယ္မရဘူး ျဖစ္ေနတယ္”

“ သင့္တပည့္ေတြကို က်ဳပ္တို႔ကူညီၿပီးရွာေပးမွာမို႔ သူတို႔ရဲ႕႐ုပ္သြင္ကိုၾကည့္ခ်င္ပါတယ္”

႐ုကၥစိုးနတ္ေတြရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာက ေျမႀကီးကိုလက္နဲ႔သပ္လိုက္ရာ ေျမမႈန္ေတြကေန ေမာင္ေကာင္း၊ ခြန္းလွ၊ ေမာင္စမ၊ ျမဒင္တို႔ရဲ႕ ပုံရိပ္ေတြေပၚလာခဲ့တယ္။

“ ဒီလူေတြက သင့္ရဲ႕တပည့္ေတြလား”

“ ဟုတ္ပါတယ္… သူတို႔ကိုျမင္ဖူးလို႔လား”

“ ဟင္း… ေျပာရမွာစိတ္မေကာင္းျဖစ္မိပါတယ္”

“ သူတို႔ဘာျဖစ္သြားၾကတာလဲ.. က်ဳပ္ကိုေျပာစမ္းပါ”

“ သူတို႔…သူတို႔ေလးေယာက္လုံး ဟိုလူလက္ခ်က္နဲ႔ ေသဆုံးသြားၾကပါၿပီ”

“ မျဖစ္ႏိုင္ဘူး… သူတို႔ရဲ႕ဇာတာက ဒီမွာေသဆုံးရမွာမဟုတ္ဘူး”

“ က်ဳပ္တို႔ေျပာေနတာအမွန္ေတြပါ၊ သူတို႔က ဟိုလူရဲ႕ ပညာစက္ေတြေအာက္မွာ ရႈံးနိမ့္ၿပီး အသက္ပါေပးလိုက္ရတာ”

“ က်ဳပ္ဒီတိုင္းေတာ့မယုံႏိုင္ဘူး… သူတို႔အေလာင္းကိုျမင္ေတာ့မွ ယုံမယ္”

“ သင္အေနနဲ႔ သူတို႔အေလာင္းကိုၾကည့္ခ်င္ရင္ ေဟာဒီေျမနီလမ္းအတိုင္း တည့္တည့္သြားပါ၊ လမ္းဆုံးရင္ ဇရပ္တစ္ခုေတြ႕ပါလိမ့္မယ္၊ ဇရပ္ေပၚမွာ သူတို႔ရဲ႕႐ုပ္အေလာင္းေတြရွိေနပါတယ္၊ တစ္ခုရွိတာက ေသဆုံးေနတာ ေလးငါးရက္ရွိၿပီ ဆိုေတာ့ အေကာင္းတိုင္းရွိပါ့မလား စိတ္ပူမိပါတယ္”

႐ုကၡစိုးေတြရဲ႕စကားေၾကာင့္ ေအာင္ျမတ္သာ ခ်က္ခ်င္းထလိုက္ၿပီး ေျမနီလမ္းအတိုင္း ေလ်ာက္လာခဲ့ရာ အမိုးသြပ္ေတြလန္ေနတဲ့ ဇရပ္ပ်က္တစ္ခုေရွ႕ကိုေရာက္လာခဲ့တယ္။ ဒါနဲ႔ ဇရပ္ေပၚတက္ၾကည့္လိုက္ရာ ေျခာက္ေသြ႕စျပဳေနတဲ့ ေသြးကြက္ေတြကိုပဲျမင္ေတြ႕လိုက္ရတယ္။

အေလာင္းေတြ မေတြ႕တာေၾကာင့္ ေသၿပီဆိုတာ မယုံႏိုင္ေသးတဲ့ေအာင္ျမတ္သာက ဇရပ္ေပၚမွာတင္ထိုင္ကာ အဆက္သြယ္ရလိုရျငား အာ႐ုံခံၾကည့္ပါေလေရာ။

ေျမာက္မ်ားစြာေသာ အ႐ုံခံလႈိင္းေတြက သူ႔ဆီတိုးဝင္လာၾကေပမယ့္ တပည့္ေတြနဲ႔ေတာ့ အဆက္သြယ္မရခဲ့ေပ။ ထိုစဥ္ ဇရပ္ေရွ႕က ျဖတ္သြားတဲ့ေျခသံတစ္ခုေၾကာင့္ မ်က္လုံးဖြင့္ၾကည့္ လိုက္ရာ လြယ္အိတ္တစ္လုံးကိုလြယ္ၿပီး ေလးခြတစ္လက္ကိုင္ထားတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ကိုျမင္လိုက္ရတယ္။

“ ေဟ့ ေကာင္ေလး… မင္းက ဒီနားမွာေနတာလား”

“ ဟုတ္တယ္ေလ… ဘာျဖစ္လို႔လဲ”

“ ဒီဇရပ္ေပၚမွာ လြန္ခဲ့တဲ့ရက္ပိုင္းက ဘာေတြျဖစ္ခဲ့လဲသိလား”

“ လူေလးေယာက္ေသသြားတာေတာ့သိတယ္”

“ သူတို႔အေလာင္းေတြ ဘယ္ေရာက္သြားလဲဆိုတာေရာသိလား”

“ ႐ြာကလူေတြသယ္ၿပီးျမဳပ္လိုက္ၾကၿပီ”

“ ဘယ္မွာျမဳပ္ထားတာလဲ ေျပာျပလို႔ရလား”

“ ကြင္းကေလးသုႆာန္မွာျမဳပ္လိုက္တာလို႔ ေျပာတာပဲ၊ ဒါနဲ႔ ခင္ဗ်ားက ေသတဲ့သူေတြကိုသိေနလို႔လား”

“ သိတာထက္ပိုလို႔ေမးေနတာေပါ့ကြာ… ေရာ့ ဒါက မင္းအတြက္”

ေအာင္ျမတ္သာက ပစၥည္းတစ္ခုကိုပစ္ေပးလိုက္ၿပီး ဇရပ္ေပၚကေန ခပ္သုတ္သုတ္ဆင္းသြားတဲ့အခ်ိန္

“ ေဟ့လူ ေဟ့လူ… ကြင္းကေလးသုႆာန္ကို သိေရာသိလို႔လားဗ်” ဆိုၿပီးေအာ္ေျပာသံကို ၾကားလိုက္ရတယ္။

ႏြားေပ်ာက္လို႔ စိတ္ညစ္ေနတဲ့ ဖိုးကတုံးလဲ သူ႔ေရွ႕မွာက်ေနတဲ့အရာကိုေကာက္ၿပီးၾကည့္လိုက္ ရာ ေခ်ာမြတ္ေတာက္ေျပာင္ေနတဲ့ ေက်ာက္တစ္လုံး ျဖစ္ေနတာျမင္လိုက္ရတယ္။

“ ဒီလူကြာ ေလာက္စာလုံးကိုမွ လက္ေဆာင္ေပးသြားရတယ္လို႔”

ဖိုးကတုံးက ေက်ာက္ကို ေလးခြဲထည့္ၿပီး ဟိုခ်ိန္ဒီခ်ိန္လုပ္ၿပီးကာမွ လြယ္အိတ္ထဲ ျပန္ထည့္ကာ ထြက္သြားခဲ့တယ္။

++++++

ကြင္းကေလးသုႆာန္အတြင္းမွာေတာ့ သက္ရွိနဲ႔တူတာဆိုလို႔အေလာင္းေကာင္ေတြကို တူးေဖာ္စားေသာက္ေနၾကတဲ့ ေတာေခြးအခ်ိဳ႕ရွိေနၿပီး ေအာင္ျမတ္သာဝင္လာတာနဲ႔ ေျခဦးတည့္ရာကို ေျပးထြက္သြားခဲ့ၾကတယ္။

လူသူအေရာက္ေပါက္နည္းတဲ့အျပင္ ေတာေခြးေတြရဲ႕စားေတာ္တည္ျခင္းခံထားရတဲ့ လူေသအေလာင္းရဲ႕အစိတ္အပိုင္းအခ်ိဳ႕ေတြက ေျမပုံေတြေဘးမွာ ျပန႔္က်ဲက်ေနခဲ့တယ္။

အဲဒီအခ်ိန္ ေရညႇိေတြတက္ေနတဲ့ အုတ္ဂူရဲ႕‌အေနာက္ကိုဝင္ေျပးသြားတဲ့ ‌လူရိပ္တစ္ခုကိုေတြ႕လိုက္တာေၾကာင့္ ေျမပုံေတြကို ေက်ာ္ခြၿပီးၾကည့္လိုက္ရာ လူေသထမင္းထုပ္ကို ကိုင္ၿပီး ငုတ္တုပ္ထိုင္ေနတဲ့ အ႐ူးတစ္ေယာက္ကို ျမင္လိုက္ရတယ္။ ထိုအ႐ူးက ေအာင္ျမတ္သာကို ျမင္ေတာ့ ေၾကာက္အားလန႔္အားနဲ႔

“ သြား… ငါ့အနားမလာနဲ႔ ထြက္သြား”ဆိုၿပီး ေအာ္ပါေလေရာ။

ေအာင္ျမတ္သာလဲ အ႐ူးကိုစိုက္ၾကည့္ရင္းကေန အနားကိုတိုးသြားၿပီး ေခါင္းကိုလက္နဲ႔ကိုင္လိုက္ရာ ပါးစပ္ကေန အျမဳပ္ေတြထြက္လာၿပီး ဆန႔္ငင္ဆန႔္ငင္ျဖစ္ကာ လဲက်သြားခဲ့တယ္။

အဲဒီအခ်ိန္ သုႆာန္အတြင္းဘက္ကေန ကြၽဲေလာက္ရွိတဲ့ေခြးနက္ႀကီးတစ္ေကာင္ ခုန္ထြက္လာၿပီး သူ႔အေနာက္မွာေတာ့ ထဘီကိုရင္လ်ားထားတဲ့ မိန္းမတစ္ေယာက္ ပါလာခဲ့တယ္။

 

အဆိုပါမိန္းမက ေအာင္ျမတ္သာကိုျမင္ေတာ့ ခက္ထန္ေနတဲ့မ်က္ႏွာကေန ႏူးညံ့ေပ်ာ့ေျပာင္းတဲ့ အသြင္ေျပာင္းသြားၿပီး

“ ဆရာ ေရာက္လာၿပီလား”

“ သင္က မဖဲဝါလား”

“ ဟုတ္ပါတယ္”

“ က်ဳပ္ေရာက္လာမယ္ဆိုတာေရာ သိေနတာလား”

“ သိေနလို႔ ဒီကေန ဘယ္မွမသြားပဲ ေစာင့္ေနတာပါ”

“ က်ဳပ္ကိုေစာင့္ေနတဲ့အေၾကာင္းကဘာမ်ားလဲ”

“ ကြၽန္မအေနာက္ကိုလိုက္လာရင္သိရမွာပါ”

ေအာင္ျမတ္သာလဲ ထဘီရင္လ်ားနဲ႔မိန္းမေခၚတဲ့ ေနာက္ကိုလိုက္သြားရာ အတြင္းဘက္က်တဲ့ေနရာ တစ္ခုအေရာက္မွာေတာ့ အေခါင္းေလးလုံးကို တန္းစီၿပီးခ်ထားတာျမင္လိုက္ရတယ္။

“ ဒါက က်ဳပ္တပည့္ေတြလား”

“ ဟုတ္ပါတယ္”

“ သူတို႔ကိုေျမျမဳပ္လိုက္ၿပီမဟုတ္လား၊ ဘယ္လိုေၾကာင့္အျပင္ေရာက္ေနတာလဲ”

“ ဆရာကိုယ္တိုင္ၾကည့္ၿပီးရင္ အေျဖသိပါလိမ့္မယ္”

ေအာင္ျမတ္သာလဲ အေခါင္းေလးလုံးအနားကို တိုးၾကည့္လိုက္ရာ ႏႈတ္ခမ္းကေန ေသြးေတြစီးက်ၿပီးေသဆုံးေနတဲ့ တပည့္ျဖစ္သူေတြကို ရင္နင့္ဖြယ္ျမင္လိုက္ရတယ္။

“ သူတို႔ေသတာ ဘယ္ေလာက္ၾကာၿပီလဲ”

“ ခုႏွစ္ရက္ေက်ာ္ပါၿပီ”

“ ခုႏွစ္ရက္ေက်ာ္တာကို ဘာလို႔မပုတ္မပြပဲ လူေကာင္းအတိုင္းရွိေနပါလိမ့္”

ေအာင္ျမတ္သာက အံ့အားသင့္စြာေရ႐ြတ္လိုက္ၿပီး ရင္ဘတ္ကိုလက္နဲ႔စမ္းၾကည့္လိုက္ရာ ခပ္မွ်င္းမွ်င္းေလးလႈပ္ရွားေနတဲ့ တုန္ခါမႈတစ္ခုကို ခံစားလိုက္ရတယ္။

“ ဟင္… အသက္ႀကိဳးက ခပ္ယဲ့ယဲ့ေလးဆက္ေနတုန္းပါလား”

“ ဟုတ္ပါတယ္… ဒါေၾကာင့္ အေလာင္းကိုျပန္ေဖာ္ၿပီး ဒီေနရာမွာ ဖြက္ထားတာပါ”

“ သင္က ဒီကိစၥဘက္မွာ ပိုၿပီးႏွံ႔စပ္တဲ့အတြက္ သူတို႔အသက္ျပန္ရွင္လာေအာင္ ဘယ္လိုလုပ္ရမယ္ဆိုတာသိမွာေပါ့”

“ နည္းလမ္းတစ္ခုေတာ့ရွိေပမယ့္ အသက္ရွင္ႏိုင္ေျခ အလြန္နည္းပါတယ္”

“ ဘယ္လိုနည္းလဲေျပာပါ၊ က်ဳပ္ျဖစ္ေအာင္ႀကိဳးစား ပါ့မယ္”

“ သူတို႔ဝိဉာဥ္ကိုျပန္ေခၚရပါမယ္၊ ျပန္ေခၚတဲ့အခါမွာလဲ ဆရာက လိပ္ျပာလႊင့္ရပါလိမ့္မယ္၊ ေနာက္တစ္ရက္အတြင္းမွာ သူတို႔ကို ဒီေနရာေရာက္ေအာင္ ျပန္ေခၚမလာႏိုင္ရင္ ဆရာရဲ႕ဝိဉာဥ္က သူတို႔ရွိတဲ့ေနရာမွာ ပိတ္မိၿပီး ခႏၶာကိုယ္ထဲကို ဘယ္ေတာ့မွ ျပန္ဝင္လို႔မရေတာ့သလို မရဏကိုလဲ ရင္ဆိုင္ႏိုင္ေတာ့မွာ မဟုတ္ဘူး”

“ သင္က မရဏကို သိေနတာလား”

“ သိ႐ုံတင္မကပဲ သူနဲ႔ရင္ဆိုင္ခဲ့ဖူးပါတယ္”

မဖဲဝါစကားေၾကာင့္ ေအာင္ျမတ္သာ စိတ္ေတြ ဒြိယျဖစ္သြားခဲ့တယ္။ သူသာ တစ္ခုခုလြဲမွား သြားရင္ မရဏက အရာအားလုံးကို လႊမ္းမိုးသြားမွာ မဟုတ္လား။

ေအာင္ျမတ္သာရဲ႕အသက္ရႉသံေတြျမန္ဆန္လာၿပီး ဘယ္အရာကိုေ႐ြးခ်ယ္ရမလဲဆိုတဲ့ဆုံးျဖတ္ခ်က္ကို ခ်ဖို႔ တုံ႔ဆိုင္းေနခဲ့တယ္။

အဲဒီအခ်ိန္ သက္ျပင္းရွည္တစ္ခ်က္ကို ခ်လိုက္ၿပီး သခ်ႋဳင္းေျမတစ္ဆုပ္ကိုေကာက္ယူကာ

“ ကြၽႏ္ုပ္သည္ ပညာခံယူၿပီးသည့္အခ်ိန္ကစၿပီး မိမိကိုယ္က်ိဳးအတြက္ ရည္စူးၿပီး ဘယ္အရာကိုမွ မျပဳလုပ္ခဲ့ပါ၊ အျပစ္ရွိသူကို အျပစ္ေပးၿပီး အျပစ္မဲ့သူကိုကာကြယ္ေပးခ်င္တဲ့စိတ္တစ္ခုထဲႏွင့္သာ ေဆာင္႐ြက္ခဲ့ပါသည္။ ဤသစၥာစကားကို ယခုကိုင္ေဆာင္ထားေသာ ပထဝီေျမႀကီးအား ကိုင္ေဆာင္ၿပီးတိုင္တည္က်ိန္ဆိုပါသည္။ ကြၽႏ္ုပ္၏သစၥာ စကားမွန္ကန္ခဲ့ပါက တပည့္ျဖစ္သူေတြနဲ႔အတူ မရဏဆိုသူအား ႏွိမ္နင္း ႏိုင္ပါရေစ” လို႔သစၥာဆိုၿပီး ‌ေျမႀကီးကိုလႊတ္ခ်လိုက္ရာ ေျမမႈန္ေတြက ေအာက္ကိုမက်ပဲ ေအာင္ျမတ္သာရဲ႕ခႏၶာကိုယ္ကိုရစ္ပတ္ေ႐ြ႕လ်ား ေနတာျမင္လိုက္ရတယ္။

“ ဆရာဆုံးျဖတ္ခ်က္ခ်ၿပီးၿပီလား”

“ ေသခ်ာတဲ့ဆုံးျဖတ္ခ်က္ကိုခ်ၿပီးပါၿပီ”

“ ဆရာ ဘယ္အရာကိုေ႐ြးခ်ယ္မွာလဲ”

“ က်ဳပ္တပည့္ေတြရွိ‌တဲ့ေနရာကို လိုက္သြားပါ့မယ္”

“ ဆရာလိုက္သြားမယ္ဆိုရင္ ယခု႐ုပ္သြင္ကို ဒီေနရာမွာထားခဲ့ရပါမယ္၊ တစ္စုံတစ္ေယာက္က ႐ုပ္သြင္ကိုေနရာေ႐ြ႕ေအာင္မလုပ္သေ႐ြ႕ ဆရာဝိဉာဥ္က အျပင္ေလာကမွာရွိေနမွာပါ”

“ ဒီအခ်က္ကို ဘာလို႔ ခုနကထဲက မေျပာတာလဲ”

“ ေျပာလဲဆရာရဲ႕ဆုံးျဖတ္ခ်က္က ဒီအတိုင္းျဖစ္မယ္ဆိုတာသိထားၿပီးျဖစ္လို႔ မေျပာခဲ့တာပါ”

“ ဟင္း… ဒါဆိုရင္ ခႏၶာကိုယ္ကို ကာကြယ္ေပးဖို႔ သင့္ကိုေတာင္းဆိုပါတယ္”

“ ဆရာ့ခႏၶာကိုယ္ကို ကာကြယ္မယ့္သူကို ဆရာကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့ၿပီးပါၿပီ”

“ ဘယ္လို….”

“ ဆရာ့ဆီပထမဆုံးေရာက္လာတဲ့ ႏြားေက်ာင္းသားေလးနဲ႔ သုႆာန္ထဲကအ႐ူးက ဆရာေ႐ြးခ်ယ္ခဲ့တဲ့သူေတြပါပဲ”

“ ဒီႏွစ္ေယာက္ကို က်ဳပ္နဲ႔ေတြ႕ေအာင္ သင္ပဲဖန္တီးခဲ့တာလား”

“ ဆရာနဲ႔ပဌာန္းဆက္ပါတဲ့သူေတြထဲမွာ သူတို႔ႏွစ္ေယာက္ကအသင့္ေတာ္ဆုံးျဖစ္လို႔ ေ႐ြးခ်ယ္ေပးခဲ့တာပါ”

“ က်ဳပ္နာမ္ေလာကကို ကူးေျပာင္းဖို႔ အခ်ိန္ဘယ္ေလာက္က်န္ေသးလဲ”

“ ဒီည၁၂နာရီအတိမွာ နာမ္တံခါးပြင့္ပါမယ္၊ ဆရာကို ကာကြယ္မယ့္သူေတြကို ဆရာ့နည္းဆရာ့ဟန္နဲ႔ စည္း႐ုံးဖို႔ အခ်ိန္ ရွစ္နာရီက်န္ပါေသးတယ္”

“ က်ဳပ္အခ်ိန္ဆြဲေနလို႔မရေတာ့တာမို႔ ခြင့္ျပဳပါဦး”

ေအာင္ျမတ္သာက မဖဲဝါကို ႏႈတ္ဆက္ၿပီး သုႆာန္အျပင္ကိုျပန္ထြက္လာခဲ့လိုက္တယ္။ ထိုစဥ္မဖဲဝါ၏ ခႏၶာကိုယ္ကေန အေရာင္အဝါေတြ ထြက္လာၿပီး နတ္သားတစ္ပါးအသြင္ေျပာင္းကာ ေပ်ာက္ကြယ္သြားခဲ့တယ္။

(အဆိုပါနတ္သားကား မဟာၿမိဳင္ေတာမွာရွိတဲ့ သူေတာ္စင္ေတြရဲ႕ ေမတၱာရပ္ခံမႈေၾကာင့္ ေအာင္ျမတ္သာကိုလာေရာက္ကူညီေသာ နတ္စစ္သူႀကီး၃၇ပါးထဲမွေသာမအမည္ရွိ နတ္စစ္သူႀကီးပင္ျဖစ္ေပ ေတာ့သည္)

++++++++

ေအာင္ျမတ္သာ သုႆာန္ဝကိုေရာက္ေတာ့ ငူငူငိုင္ငိုင္ႀကီးထိုင္ေနတဲ့ အ႐ူးကိုျမင္လိုက္ရတယ္။

“ ေဟ့လူ ေဟ့လူ… ခဏေနပါဦးဗ်ာ၊ က်ဳပ္ က်ဳပ္က ဘယ္လိုျဖစ္ၿပီး ဒီကိုေရာက္ေနတာလဲ၊ ဒီေနရာကေရာဘယ္အရပ္ဆိုတာေျပာပါဦး”

“ ခင္ဗ်ားအသိစိတ္ေတြျပန္ဝင္လာၿပီထင္တယ္”

“ အသိစိတ္ဝင္ရေအာင္ က်ဳပ္ကဘာျဖစ္ခဲ့လို႔လဲ”

“ ခင္ဗ်ားက က်ဳပ္နဲ႔မေတြ႕ခင္အထိ အ႐ူးတစ္ေယာက္လိုေလ်ာက္သြားေနခဲ့တာေလ၊ ဆံပင္ကိုလဲၾကည့္ပါဦး ရႈပ္ပြေနတာပဲ”

“ အဲဒါအသာထား၊ က်ဳပ္ေနာက္ဆုံးမွတ္မိတာက ဆံပင္ရွည္ရွည္နဲ႔လူ၊ ဟုတ္တယ္ ဟုတ္တယ္ အဲဒီလူရဲ႕မ်က္လုံးေတြက ေၾကာက္စရာႀကီး”

“ အရင္က ခင္ဗ်ားဘာအလုပ္လုပ္တာလဲ”

“ က်ဳပ္ကစပါးပြဲစားဗ်…”

“ စပါးပြဲစားႀကီးက ဘယ္လိုေၾကာင့္ အ႐ူးတစ္ေယာက္လိုျဖစ္သြားတာလဲ”

“ မွတ္မွတ္ရရ အဲဒီေန႔က ေက်ာင္းႀကီးကုန္း႐ြာမွာ ေသာက္စားၿပီး ညဘက္ျပန္လာတာ၊ လမ္းတစ္ဝက္ေရာက္ေတာ့ လူမေနတဲ့ လယ္ေစာင့္တဲ့မွာ မီးေရာင္ေတြ႕တာနဲ႔ အနားကပ္လာတဲ့အခ်ိန္ ဆံပင္ရွည္ရွည္နဲ႔လူသုံးေယာက္ စကားေျပာေနတာျမင္လိုက္ရတယ္။ က်ဳပ္လဲ ဘာအေၾကာင္းေျပာေနၾကလဲဆိုၿပီးနားေထာင္ေတာ့ ေက်ာင္းႀကီးကုန္း႐ြာက ပေယာဂဆရာတစ္ေယာက္ကို သတ္ဖို႔တိုင္ပင္ေနၾကတာဗ်ာ၊ က်ဳပ္က အဲဒီဆရာကို သိေနေတာ့ ျပန္လွည့္ၿပီးေျပာျပဖို႔အလုပ္ တဲထဲမွာ ထိုင္ေနတဲ့လူသုံးေယာက္က က်ဳပ္အေရွ႕ကိုေရာက္ေနၿပီ၊ သူတို႔ရဲ႕မ်က္လုံးေတြက ေၾကာက္စရာႀကီး၊ က်ဳပ္လဲအဲဒီေနာက္ပိုင္း ဘာမွမသိေတာ့ပဲ အခုမွ ျပန္ႏိုးလာသလိုျဖစ္ေနတယ္”

“ ခင္ဗ်ားက သူတို႔ျပဳစားတာခံလိုက္ရတာကိုး၊ ဒါနဲ႔ အခုဘယ္ကိုျပန္မလဲ”

“ အိမ္ကိုျပန္ရမွာေပါ့… ဟိုေလ ဒီေနရာနာမည္က ဘယ္လိုေခၚလဲ”

“ ဒါက ကြင္းကေလးသုႆာန္လို႔ေခၚတယ္”

“ အလိုေလး… ကြင္းကေလးနဲ႔ က်ဳပ္ေနတဲ့႐ြာက ေလးရက္ေလာက္သြားရတာ”

“ ခင္ဗ်ားအခုအိမ္ျပန္ရင္လဲ ေမာင္းထုတ္ခံရမွာပဲမဟုတ္လား”

“ ဟင္… က်ဳပ္ကဘာလို႔ေမာင္းထုတ္ခံရမွာလဲ”

“ အိမ္ကေနယူလာတဲ့စပါးဖိုးေတြ ခင္ဗ်ားမွာ ရွိေတာ့လို႔လား”

“ ဟုတ္သားဗ်ာ… က်ဳပ္ အခုဘယ္လိုလုပ္ရမလဲ”

“ က်ဳပ္ေျပာတဲ့အတိုင္းလုပ္ရင္ ခင္ဗ်ားဆုံးရႈံးသြားတဲ့တန္ဖိုးရဲ႕ ႏွစ္ဆကိုျပန္ရေအာင္ လုပ္ေပးမယ္”

“ က်ဳပ္ကဘာလုပ္ရမလဲ… လူသတ္တာတို႔ ဓါးျပတိုက္တာတို႔ေတာ့မလုပ္ဘူးေနာ္”

“ မလုပ္ရပါဘူး… က်ဳပ္တရားထိုင္ေနတဲ့အခ်ိန္ အေကာင္ပေလာင္ေတြ မကိုက္ေအာင္ၾကည့္ေပး႐ုံပါပဲ”

“ ခင္ဗ်ားကေသခ်ာလို႔လားဗ်ာ… က်ဳပ္ကိုလိမ္ေနတာမဟုတ္လား”

“ မယုံဘူးဆိုရင္ ေဟာဒီေ႐ႊတုံးကို စရံယူထားလိုက္”

ေအာင္ျမတ္သာက လက္ကိုေလထဲေဝွ႔ယမ္းၿပီးဆြဲယူ လိုက္ရာ လက္တစ္ဆစ္သာသာခန႔္ရွိတဲ့ ေ႐ႊတုံးတစ္တုံးပါလာခဲ့တယ္။

“ တကယ့္ေ႐ႊပါလား… က်ဳပ္ က်ဳပ္က ဒါကိုတကယ္ရမွာလား”

“ တကယ္ရမွာေပါ့ဗ်ာ… ဒါေပမယ့္ က်ဳပ္အဓိဌာန္ပ်က္ခဲ့ရင္ေတာ့ ခင္ဗ်ားရထားတဲ့ ပစၥည္းကေပ်ာက္ပ်က္သြားလိမ့္မယ္”

“ က်ဳပ္က သစၥာေတာ့ရွိပါတယ္၊ ခင္ဗ်ားတရားထိုင္မွာက ဘယ္ေလာက္ၾကာမလဲ”

“ အခ်ိန္ကိုေတာ့ ေျပာကခက္မယ္၊ တစ္ရက္လဲျဖစ္ခ်င္ျဖစ္ႏိုင္သလို နာရီပိုင္းလဲျဖစ္ခ်င္ ျဖစ္ႏိုင္တယ္”

“ ဒါဆို က်ဳပ္ေစာင့္ေပးမယ္၊ အသက္နဲ႔ရင္းၿပီး ေစာင့္ေပးမယ္ဗ်ာ”

“ က်ဳပ္လဲသင့္စိတ္ဓါတ္ကိုယုံပါတယ္၊ အခု ‌က်ဳပ္အေနာက္ကိုလိုက္ခဲ့ေပေတာ့၊ ဒါနဲ႔ ခင္ဗ်ားနာမည္က ဘယ္လိုေခၚလဲ”

“ သိန္းေဆာင္လို႔ေခၚပါတယ္”

ေအာင္ျမတ္သာက သိန္းေဆာင္ကို ေခၚၿပီး စားက်က္ကြင္းရွိတဲ့ဘက္ကိုထြက္လာခဲ့လိုက္တယ္။ ဟိုေရာက္ေတာ့ ႏြားႏွစ္ေကာင္ရဲ႕ေဘးမွာ ငုတ္တုတ္ထိုင္ေနတဲ့ ႏြားေက်ာင္းသား ေကာင္ေလးကိုျမင္လိုက္ရတယ္။

“ ေဟ့ေကာင္ေလး… မင္းႏြားေတြျပန္ေတြ႕ၿပီလား”

“ ေတြ႕ၿပီဗ်… ဦးေလးဇရပ္ကေန ထြက္သြားတဲ့အခ်ိန္ ဒီႏွစ္ေကာင္ ျပန္ေရာက္လာတာပဲ”

“ မင္းေကာင္ေတြက ႏြားေခ်ာပဲ”

“ ဟဲဟဲ… က်ဳပ္မိဘေတြရဲ႕အေမြဆိုလို႔ ဒါပဲရွိေတာ့တာ၊ သူတို႔က က်ဳပ္ရဲ႕ပိုင္ဆိုင္မႈပဲ၊ ေအာ္ ဒါနဲ႔ ဦးေလးေပးတဲ့ ေလာက္စာလုံးက အေတာ္လွတာ‌ဗ်၊ က်ဳပ္ျဖင့္မပစ္ရက္လို႔ သိမ္းထားလိုက္တယ္”

“ မင္းက ငါေပးတာကို ေလာက္စာလုံးထင္ေနတာလား”

“ ‌ေလာက္စာလုံးမဟုတ္ဘူးလားဗ်”

“ ဒီေကာင္ေလး အေတာ္႐ိုးတာပဲ၊ ကဲ ကဲ မင္းအခု ႐ြာျပန္ေတာ့မွာလား”

“ ျပန္ရမွာေပါ့… မျပန္ရင္ဘယ္မွာအိပ္မလဲ”

“ ႐ြာျပန္လဲ မင္းကႏြားတင္းကုတ္မွာပဲ အိပ္ရမွာ”

ေအာင္ျမတ္သာစကားေၾကာင့္ ႏြားေက်ာင္းသားေလးက အံ့ဩတဲ့အၾကည့္နဲ႔ ၾကည့္ၿပီး

“ ဦးေလးက က်ဳပ္ႏြားတင္းကုတ္မွာေနရတာကို ဘယ္လိုသိတာလဲ”

“ ေဟ့ေကာင္ေလး… ဒီလူကလူထူးဆန္းကြ၊ မင္း သူခိုင္းတာလုပ္ရင္ ငါ့လိုေ႐ႊတုံးေတြရမွာ”

သိန္းေဆာင္က သူရထားတဲ့ ေ႐ႊတုံးကို ဖိုးကတုံး ျမင္ေအာင္ျပလိုက္ရာ

“ ေ႐ႊတုံးကတကယ္ရမွာလား… ဒါဆို က်ဳပ္လဲလုပ္မယ္ဗ်ာ၊ ဘာလုပ္ရမလဲဆိုတာေျပာ”

ေအာင္ျမတ္သာလဲ သူတို႔ႏွစ္ေယာက္ကို စည္း႐ုံးႏိုင္မယ့္အရာကို သိလိုက္ရၿပီမို႔

“ ဒီညသန္းေခါင္အခ်ိန္ေရာက္ရင္ က်ဳပ္အဓိဌာန္ဝင္စရာရွိတယ္၊ မင္းတို႔ႏွစ္ေယာက္ လုပ္ရမွာက က်ဳပ္အနားမွာေနၿပီး ကာကြယ္ေပးဖို႔ပဲ”

“ ဘယ္လိုကာကြယ္ရမွာလဲဆိုတာေျပာဦးေလ”

“ မင္းက ေလာက္ေလးပစ္တာ ေတာ္တယ္မဟုတ္လား”

“ ဘယ္သူမွ ယွဥ္မပစ္ရဲေလာက္တဲ့ထိ ကြၽမ္းက်င္ပါတယ္”

“ မင္းေလာက္စာလုံးေတြျပစမ္းပါဦး”

ေအာင္ျမတ္သာက ဖိုးကတုံးရဲ႕ ေလာက္စာလုံးေတြကိုယူၿပီး လက္နဲ႔သပ္ခ်ကာ ျပန္ေပးလိုက္တယ္။

“ သိန္းေဆာင္က ကိုယ္ခံပညာအခ်ိဳ႕တတ္တယ္မဟုတ္လား”

“ ဒါလဲ ခင္ဗ်ားသိျပန္ၿပီလား”

“ မင္းရဲ႕လက္သီးေတြမွာ အသာမာတက္ေနတာကို ျမင္လို႔ေမးၾကည့္တာပါ”

“ ဟုတ္တယ္ဗ်… က်ဳပ္က လူပ်ိဳတုန္းက ေအာင္လံလုပြဲေတြဝင္ၿပိဳင္ခဲ့ဖူးတယ္၊ အခုလဲ အနည္းအက်င္းေလာက္ေတာ့ ရပါေသးတယ္”

“ ဒါျဖင့္ ခဏေလးေစာင့္”

ေအာင္ျမတ္သာက မလွမ္းမကမ္းမွာရွိတဲ့ ဝါး႐ုံကေန ဝါးဆစ္တစ္ေခ်ာင္းကိုခ်ိဳးယူၿပီး သိန္းေဆာင္ကို ကမ္းေပးလိုက္တယ္။

“ ဒါက မင္းအတြက္အသုံးဝင္မွာပါ… တစ္ခုေတာ့ရွိတယ္ေနာ္၊ မင္းတို႔ဘက္က သစၥာေဖာက္တာနဲ႔ က်ဳပ္ေပးထားတဲ့ ပစၥည္းေတြက ေက်ာက္ခဲေတြျဖစ္သြားလိမ့္မယ္”

“ က်ဳပ္တို႔က ေပးထားတဲ့ကတိကို မဖ်က္တတ္ဘူး၊ သူ႔ဆန္စားမွေတာ့ရဲရေတာ့မွာေပါ့‌ဗ်ာ၊ ဟုတ္တယ္မလား ေကာင္ေလး”

“ က်ဳပ္ကိုေကာင္ေလးလို႔မေခၚနဲ႔၊ က်ဳပ္နာမည္က ဖိုးကတုံးလို႔ေခၚတယ္”

“ ေအးပါ ဖိုးကတုံးရယ္… ငါကနာမည္မသိလို႔ေခၚလိုက္တာပါကြ”

ေအာင္ျမတ္သာလဲ ဖိုးကတုံးကို ေစ့ေစ့ၾကည့္ၿပီး လြယ္အိတ္ထဲကေန ေ႐ႊတုံးတစ္ခုထုတ္ယူကာ ကမ္းေပးလိုက္တယ္။

ႏွစ္ေယာက္သားကေတာ့ ေ႐ႊတုံးကို ဖင္ျပန္ေခါင္းျပန္ ၾကည့္ရင္း သေဘာက်ေနခဲ့ၾကတယ္။

ညေရာက္ေတာ့ ေအာင္ျမတ္သာက အတန္သင့္က်ယ္ဝန္းတဲ့စည္းဝိုင္းတစ္ခုကို တားလိုက္ၿပီး

“ က်ဳပ္အဓိဌာန္ဝင္ေနတဲ့အခ်ိန္ စည္းဝိုင္းအျပင္ကို ဘာအေၾကာင္းနဲ႔မွ မထြက္မိေစနဲ႔၊ စိတ္မွာ မသကၤာရင္ ေလးခြနဲ႔သာပစ္ခ်” လို႔ေျပာလိုက္ရာ ဖိုးကတုံးနဲ႔ သိန္းေဆာင္က သေဘာေပါက္တဲ့ဟန္နဲ႔ ေခါင္းၿငိမ့္ျပခဲ့တယ္။

သိန္းေဆာင္နဲ႔ ဖိုးကတုံးလဲ ညေနကစုေဆာင္းထားတဲ့ ထင္းေျခာက္ေတြနဲ႔ မီးပုံတစ္ခုလုပ္လိုက္ၿပီး ေအာင္ျမတ္သာေပးထားတဲ့ သစ္သီးအခ်ိဳ႕ကိုစားေသာက္ကာ ဗိုက္ျဖည့္လိုက္ၾကတယ္။

“ က်ဳပ္အဓိဌာန္စေတာ့မယ္… မင္းတို႔လဲသတိဝိရိယနဲ႔ေနၾက” လို႔ေျပာၿပီး စည္းဝိုင္းအလယ္မွာ တင္ပလႅင္ေခြထိုင္ခ်လိုက္တယ္။

ပတ္ဝန္းက်င္တစ္ခုလုံးကေတာ့ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး မီးပုံထဲကေန တဖ်စ္ဖ်စ္အသံေတြသာ ထြက္ေပၚ‌ေနခဲ့တယ္။

+++++++

လူသူအေရာက္ေပါက္နည္းတဲ့ ေတာႀကီးမ်က္မည္းရဲ႕ အလယ္မွာေတာ့ လူတစ္ရပ္ခန႔္ရွိတဲ့ မီးပုံႀကီးတစ္ခုရွိေနၿပီး မီးပုံရဲ႕ေဘးမွာေတာ့ သားေမႊးၿခံထည္ကိုၿခဳံထားတဲ့ လူတစ္ေယာက္ ထိုင္ေနခဲ့တယ္။ မၾကာခင္ အေမွာင္ထဲကေန လမ္းေလ်ာက္လာတဲ့ေျခသံ ေၾကာင့္ ထိုင္ေနတဲ့သူက မ်က္လုံးပင့္ၾကည့္လိုက္ၿပီး

“ မဖိတ္ေခၚပဲေရာက္လာတဲ့ ဧည့္သည္ထင္တယ္၊ က်ဳပ္ကလဲအရွင့္ကိုေစာင့္ေနတာ” လို႔ေျပာလိုက္ရာ အေမွာင္ရိပ္ထဲကေန လြန္စြာ ေခ်ာေမာခန႔္ညားတဲ့ အသက္၂၀အ႐ြယ္လူတစ္ေယာက္ထြက္လာခဲ့တယ္။

ထိုသူက သားေမႊးၿခဳံထည္ၿခဳံထားတဲ့လူနဲ႔ တစ္လံအကြာမွာရပ္လိုက္ၿပီး

“ မင္းအျပစ္မင္းသိတယ္မဟုတ္လား”

“ သိပါတယ္… အႀကံအစည္ေအာင္ျမင္ခါနီးမွ ပ်က္စီးသြားရတဲ့အတြက္ ေပးတဲ့အျပစ္ကိုခံယူမွာပါ”

“ အျပစ္ခံယူဖို႔ထက္ မင္းကို နတ္စစ္သည္ေတြ လိုက္ရွာေနၾကတယ္ဆိုတာေရာ သိရဲ႕လား”

“ သူတို႔ကို လမ္းစေပ်ာက္ေအာင္ အရွင္ဖန္တီးထားတာမို႔ က်ဳပ္အခုထိ အဖမ္းမခံရေသးဘူးေလ”

“ ငါကသင့္ကို ေ႐ြးခ်ယ္ခဲ့သလို သူတို႔ဘက္ကလဲ လူတစ္ေယာက္ကိုေ႐ြးခ်ယ္ခဲ့တာကိုေရာ သိရဲ႕လား”

“ သူတို႔ေ႐ြးခ်ယ္တဲ့သူကေရာ အရွင္ေပးထားတဲ့စြမ္းအားေတြကို ရင္ဆိုင္ႏိုင္စြမ္းရွိပါ့မလား”

“ မင္းက သူ႔ကိုအထင္ေသးေနတာပဲ”

“ အရွင္သာ က်ဳပ္အနားမွာရွိမယ္ဆိုရင္ ျမင့္မိုရ္ေတာင္တစ္ခုလုံးကို ၿဖိဳဆိုလဲၿဖိဳရဲပါတယ္”

“ မရဏ… မရဏ… မင္းက အဖ်က္အေမွာင့္လုပ္ဖို႔ အေကာင္းဆုံးလူသားပါလား၊ ဒါေပမယ့္ မင္းအေနနဲ႔ ေအာင္ျမတ္သာဆိုတဲ့ပုဂၢိဳလ္ကို သတိထားရမယ္”

“ သူက ဘာေကာင္မို႔လို႔ သတိထားခိုင္းတာလဲ”

မရဏစကားေၾကာင့္ မတ္တပ္ရပ္ေနတဲ့လူက မီးပုံကိုလက္နဲ႔ေဝွ႔ယမ္းလိုက္ရာ ေျမာက္မ်ားစြာေသာ ပညာသည္ေတြနဲ႔ရင္ဆိုင္ေနတဲ့ လူေလးေယာက္ရဲ႕

ပုံရိပ္အခ်ိဳ႕ေပၚလာခဲ့တယ္။

“ ဒီလူေတြကို က်ဳပ္လက္နဲ႔သတ္ခဲ့ၿပီးၿပီေလ”

“ မင္းကကိုယ့္ကိုကိုယ္အထင္ႀကီးေနတာပဲ၊ ဒီေလးေယာက္ရဲ႕ အသက္က ျပတ္မသြားပဲ ယဲ့ယဲ့ေလးက်န္ေနခဲ့တာကို မင္းမသိလိုက္ဘူးမဟုတ္လား”

“ မျဖစ္ႏိုင္ဘူး… မျဖစ္ႏိုင္ဘူး…”

“ မျဖစ္ႏိုင္ဘူးထင္ရင္ ဒီမွာၾကည့္စမ္း”

လူ႐ြယ္က လက္ကိုေနာက္တစ္ခ်က္ေမႊ႕လိုက္ရာ ေယာဂီဝတ္စုံဝတ္ထားတဲ့လူတစ္ေယာက္ ျမဴခိုးေတြနဲ႔ျပဳလုပ္ထားတဲ့တံခါးတစ္ခ်ပ္ထဲကို တိုးဝင္သြားတာျမင္လိုက္ရတယ္။

“ သူက ဘယ္သူလဲ… ဘာေၾကာင့္ နာမ္ေလာကတံခါးကိုေက်ာ္ျဖတ္ႏိုင္ရတာလဲ”

“ သူက ေအာင္ျမတ္သာဆိုတဲ့ပုဂၢိဳလ္ပဲ”

“ ဒီလူက ေ႐ြးခ်ယ္ခံထားရတဲ့သူေပါ့”

“ ဟုတ္တယ္၊ သူနာမ္ေလာကတံခါးထဲျဖတ္ဝင္ၿပီး သူ႔တပည့္ေတြကိုျပန္ေခၚလိမ့္မယ္”

“ က်ဳပ္အခု သူ႔အေနာက္ကိုလိုက္မယ္၊ အရွင္ ခြင့္ျပဳေပးပါ”

“ မင္းဒီ‌ေနရာကေန ထြက္တာနဲ႔ ေခါင္းရွစ္စိပ္ကြဲသြားလိမ့္မယ္၊ အခုသင့္အေနနဲ႔ လုပ္ရမွာက ေအာက္လက္ငယ္သား‌ေတြကို ခိုင္းေစၿပီးနာမ္ေလာကထဲဝင္သြားတဲ့ ေအာင္ျမတ္သာရဲ႕ ခႏၶာကိုယ္ကိုဖ်က္စီးပစ္ဖို႔ပဲ၊ ဒါကို ဖ်က္စီးႏိုင္ရင္ သူေရာ သူ႔တပည့္ေတြပါ အျခားတစ္ဖက္မွာပိတ္မိေနလိမ့္မယ္”

“ က်ဳပ္ကိုယ္တိုင္အျပင္ထြက္ၿပီး ဖ်က္စီးမွာမို႔ ဒီတစ္ႀကိမ္ခြင့္ျပဳေပးပါအရွင္”

မရဏရဲ႕စကားေၾကာင့္ မီးပုံေဘးရပ္ေနတဲ့ လူ႐ြယ္က ေဒါသထြက္ၿပီး ေတာက္ခတ္လိုက္ရာ မ်က္လုံးကေန မီးေတာက္မီးလွ်ံေတြ ထြက္လာၿပီး တံေတာင္ဆစ္ကေန လက္ပြားငါးခုစီထြက္လာခဲ့တယ္။

“ ေနာက္တစ္ခါ ေစာဒကတက္ရင္ မင္းကိုျပာအတိျဖစ္ေအာင္မီးၿမိဳက္ပစ္မယ္၊ ၾကားလား ငမိုက္သား”

ေခ်ာေမာခန႔္ညားတဲ့႐ုပ္သြင္ကေန ေၾကာက္မယ္ဖြယ္ သ႑ာန္ေျပာင္းလဲသြားတာေၾကာင့္ မရဏ မ်က္ႏွာကိုေျမႀကီးနဲ႔ကပ္တဲ့ထိ အပ္လိုက္ၿပီး ‌ခြင့္လႊတ္ေပးဖို႔ အႀကိမ္ႀကိမ္အခါခါ ေတာင္းပန္ေနခဲ့လိုက္တယ္။

အခ်ိန္အေတာ္ၾကာ‌တဲ့ထိ ေတာင္းပန္ၿပီးမွ ဘာသံမွမၾကားရတာေၾကာင့္ ေမာ့ၾကည့္လိုက္ရာ အရွင္ျဖစ္သူကိုမေတြ႕ရေတာ့ပဲ ေလာင္စာကုန္ခါနီး မီးပုံတစ္ခုကိုသာ ျမင္ေတြ႕လိုက္ရတယ္။

++++++++

ပတ္ဝန္းက်င္တစ္ခုလုံး ေျခာက္ကပ္တိတ္ဆိတ္ေနၿပီး အလင္းေရာင္ဆိုတာ မွိန္ျပျပသာရွိတဲ့လမ္းက်ဥ္းေလးထဲကို ေအာင္ျမတ္သာဝင္ေရာက္လာခဲ့လိုက္တယ္။

လူသြားလူလာမရွိတဲ့အျပင္ သက္ရွိနဲ႔တူတာဆိုလို႔ ဘာမွျမင္ရတဲ့အတြက္ မ်က္လုံးကိုလွ်င္ေအာင္ထားရင္း ေလ်ာက္လာခဲ့ရာ တစ္ေနရာအေရာက္မွာေတာ့ ေအာ္ဟစ္ႀကိမ္းဝါးသံ၊ ဌာန္နဲ႔မာန္နဲ႔ အမိန႔္ေပးသံအခ်ိဳ႕ကိုၾကားလိုက္ ရတယ္။

ေအာင္ျမတ္သာလဲ အသံၾကားတဲ့ဘက္ကို ခပ္သုတ္သုတ္ေလ်ာက္သြားခဲ့ေပမယ့္ အနားေရာက္တာနဲ႔အသံက ေပ်ာက္ကြယ္သြားတာကို သတိထားမိခဲ့တယ္။ အဲဒီအခ်ိန္ ေကာင္းကင္ေပၚမွာ ေတာင္ပံခတ္သံၾကားလို႔ ေမာ့ၾကည့္လိုက္ရာ အေကာင္ငါးဆယ္ေလာက္ရွိတဲ့ လင္းတအုပ္ႀကီးက အေရွ႕ဘက္စူးစူးကိုပ်ံသြားတာျမင္လိုက္ရတယ္။

ဒါေၾကာင့္ အျမင္ကိုဖြင့္ၿပီး ၾကည့္လိုက္ရာ ပ်ံေနတဲ့လဒေတြက ေယာက်ၤားမိန္းမအ႐ြယ္စုံ ျဖစ္ေနတာေၾကာင့္ သူတို႔သြားတဲ့ဘက္ကို စိတ္ၫႊတ္လိုက္ရာ လူက ငွက္ေမႊးကဲ့သို႔ ေပါ့ပါးၿပီး လြင့္ထြက္သြားခဲ့တယ္။

“ သတ္ၾကေဟ့… အကုန္လုံးကိုသတ္ၾက”

“ ဘယ္မလဲ ဆရာစုတ္ေတြ၊ လာၾကစမ္း… မယ္ခါးအေၾကာင္းသိေစရမဟဲ့”

အသံစူးစူးနဲ႔ ႀကိမ္းဝါးေနတဲ့အျပင္ အေရာင္အေသြးစုံလင္တဲ့ စက္ႀကိဳးေတြထုတ္လႊတ္ေနတဲ့ ပညာသည္အုပ္ႀကီးရဲ႕ အေရွ႕မွာေတာ့ အသက္၅၀အ႐ြယ္ေယာက်ၤားႀကီး တစ္ေယာက္နဲ႔အတူ အျခားေသာ လူ႐ြယ္ ဆယ္ေယာက္ခန႔္ရွိေနခဲ့တယ္။

ေအာင္ျမတ္သာလဲ လူအုပ္ထဲမွာ သူ႔တပည့္ေတြ ပါလိုပါျငားၾကည့္လိုက္ေပမယ့္ ဘယ္သူ႔ကိုမွ မေတြ႕တာေၾကာင့္ လွည့္ထြက္ဖို႔အလုပ္ ေရွ႕ကေနဦးေဆာင္ေနတဲ့လူရဲ႕ ရင္ဘတ္ကို ပညာသည္စက္အခ်ိဳ႕ထိမွန္လဲက်သြားတာျမင္လိုက္ရတယ္။

“ ဆရာ… ဆရာ သတိထားပါဦး”

“ ငါရတယ္… မင္းတို႔ဆက္တိုက္ၾက.. အရႈံးမေပးနဲ႔၊ ငါေသရင္ေတာင္ ေနာက္မဆုတ္ၾကနဲ႔”

ဆရာျဖစ္ဟန္တူတဲ့လူရဲ႕စကားေၾကာင့္ လူ႐ြယ္ေလးေတြက မိမိတို႔တတ္ကြၽမ္းတဲ့ ပညာနဲ႔ ပညာသည္ေတြကိုရင္ဆိုင္ဖို႔ ေရွ႕ကိုတက္လာခဲ့ၾကတယ္။ ဒါေပမယ့္ အင္အား ဆယ္ဆနီးပါးေလာက္ကြာဟေနတာေၾကာင့္ ၾကာရွည္မတိုက္ႏိုင္ပဲတစ္ေယာက္ၿပီးတစ္ေယာက္ ေျမျပင္ေပၚလဲက်သြားခဲ့တာျမင္ေတာ့ ေအာင္ျမတ္သာမေနသာေတာ့ပဲ ေျပးဝင္လာတဲ့ ပညာသည္တစ္ေယာက္ကို လက္ျပန္႐ိုက္ထုတ္လိုက္ရာ အေနာက္ကိုေပႏွစ္ဆယ္ေလာက္ထိ လြင့္ထြက္သြား ခဲ့တယ္။

“ ဆရာ သက္သာရဲ႕လား”

ေအာင္ျမတ္သာက လဲက်ေနတဲ့ လူႀကီးကိုတြဲထူလိုက္တဲ့အခ်ိန္ ရဲတင္းတဲ့ပညာသည္အခ်ိဳ႕က ေအာင္ျမတ္သာဆီကို အတိုက္စက္ေတြပို႔လႊတ္လိုက္တယ္။

ေလကိုခြင္းၿပီးဝင္လာတဲ့ ၿပိဳးၿပိဳးပ်က္ပ်က္စက္ေတြကို ေအာင္ျမတ္သာက လက္တစ္ဖက္နဲ႔ဆြဲဖမ္းကာ ေဘးကိုပစ္ထုတ္ရင္း ကာထားေပးခဲ့တယ္။

အဲဒီအခ်ိန္ လဲက်ေနတဲ့လူႀကီးရဲ႕ ဒဏ္ရာေတြ ေပ်ာက္ကြယ္သြားၿပီး လူေကာင္းပကတိအတိုင္း ျပန္ျဖစ္သြားခဲ့သလို ပညာသည္ေတြဘက္မွာ ထိခိုက္ခဲ့တဲ့သူေတြလဲ လူေကာင္းအတိုင္း ျပန္ျဖစ္သြားတာျမင္လိုက္ရတယ္။

“ ငါ့တူ… ဒီကေန အျမန္ထြက္သြားေတာ့၊ မဟုတ္ရင္ မင္းလဲ ဒီသံသရာထဲမွာလည္ေနလိမ့္မယ္”

“ ပညာသည္ေတြ ဒီေလာက္မ်ားတာ ဆရာတို႔ ရင္ဆိုင္လို႔ရပါ့မလား”

“ ဒါက သက္ရွိေလာကမဟုတ္ဘူး ငါ့တူရ၊ ဦးေလးတို႔ရႈံးသည္ျဖစ္ေစ ႏိုင္သည္ျဖစ္ေစ အခ်ိန္တန္ရင္ အစကေနျပန္တိုက္ေနရဦးမွာပဲ၊ သြား သြား ထြက္သြားေတာ့”

‌အဲဒီေတာ့မွ ေအာင္ျမတ္သာ သတိျပန္ဝင္လာၿပီး နာမ္တံခါးျပန္ဖြင့္တဲ့အခ်ိန္ သူ႔တပည့္ေတြကို အမွီျပန္ေခၚရမယ္ဆိုတဲ့အေတြးဝင္လာခဲ့တယ္။ဒါေၾကာင့္ ပညာၿပိဳင္ေနတဲ့ေနရာကေန အျပင္ကို ထြက္လာခဲ့လိုက္တယ္။ လမ္းတစ္ေလ်ာက္မွာေတာ့ သူ႔အဖြဲ႕ ကိုယ့္အဖြဲ႕ ပညာၿပိဳင္ေနၾကတဲ့သူေတြ ရွိေနၿပီး အခ်ိဳ႕ေနရာမွာေတာ့ ပညာသည္ေတြဘက္က ႏိုင္သလို၊ အခ်ိဳ႕ေနရာမွာေတာ့ ဆရာေတြဘက္က ႏိုင္ေနတာျမင္လိုက္ရတယ္။

ေအာင္ျမတ္သာလဲ လူအုပ္ၾကားထဲမွာ တပည့္ျဖစ္သူေတြကိုလိုက္ရွာခဲ့ေပမယ့္ အခုထိ မေတြ႕ေသးတာေၾကာင့္ စိုးရိမ္စိတ္ဝင္လာခဲ့တယ္။ အဲဒီအခ်ိန္ နားထဲမွာ ေမာင္မစရဲ႕ ဆဲဆိုသံတစ္ခ်က္ကိုၾကားလိုက္ရတာေၾကာင့္ အသံၾကားတဲ့ဘက္ကို လွမ္းၾကည့္လိုက္ရာ ေၾကာက္လန႔္တၾကားထြက္ေျပးေနၾကတဲ့ လူရိပ္အခ်ိဳ႕။

“ ငါ့လခြီးထဲမွ ေဟ့ေကာင္ေတြ လာတိုက္ၾကစမ္း၊ ေခြးမသားေတြ ဘာလို႔ထြက္ေျပးလဲကြ”

အသံက ပိုပီျပင္လာသလို ထြက္ေျပးေနတဲ့ လူအုပ္ရဲ႕အေနာက္မွာ‌ေတာ့အိပဲ့အိပဲ့နဲ႔ ေျပးလိုက္တာတဲ့ ေမာင္စမကို ျမင္လိုက္ရတယ္။

“ ဒါ ဒါ ေမာင္စမပဲ… က်န္တဲ့သူေတြလဲ ဒီနားမွာပဲရွိေနမယ္ထင္တယ္”

ေအာင္ျမတ္သာက ဝမ္းသာစြာနဲ႔ လွမ္းေခၚဖို႔အလုပ္ ေျပးေနတဲ့သူေတြေရွ႕မွာ လူသုံးေယာက္ ဘြားခနဲေပၚလာခဲ့တယ္။

“ ေမာင္ေကာင္း၊ ခြန္းလွ နဲ႔ ျမဒင္တို႔ပါလား၊ ဒီေကာင္ေတြ လက္ထဲမွာ ဘာေတြကိုင္ထားပါလိမ့္” လို႔ေရ႐ြတ္ၿပီးၾကည့္လိုက္ရာ ေမာင္ေကာင္းရဲ႕လက္ထဲမွာက သံေသဓါး၊ ခြန္းလွရဲ႕ လက္ထဲမွာက နဂါးပတ္ႀကိမ္၊ ျမဒင္ရဲ႕လက္ထဲမွာေတာ့ ျခဴလုံးေလးတစ္လုံးကိုင္ထားတာျမင္လိုက္ရတယ္။

(သံေသဓါးကို ေဆးရည္စိမမအေလာင္းရွာပုံေတာ္ ဝတၱဳတြင္လည္းေကာင္း၊ နဂါးပတ္ႀကိမ္ကို စကၠေဒဝီဝတၱဳတြင္လည္းေကာင္း၊ အႏၲရာယ္သတိေပးျခဴကို ကံကံ၏အက်ိဳးဝတၱဳတြင္လည္းေကာင္း ရရွိထားခဲ့ၾကတာျဖစ္ပါတယ္)

ပညာသည္ေတြလဲ သူတို႔ေရွ႕မွာ ေပၚလာတဲ့ လူသုံးေယာက္ကိုျမင္ေတာ့ ေၾကာက္လန႔္တၾကားနဲ႔ ထိုင္ခ်လိုက္ၾကတယ္။

ေမာင္ေကာင္းကေတာ့ ထိုင္ေနတဲ့သူေတြရဲ႕ေခါင္းကို သံေသဓါးနဲ႔ တေဒါင္ေဒါင္လိုက္ေခါက္ရင္း

“ မင္းတို႔က မႏိုင္ရင္ အရႈံးေပးေလ၊ ဘာလို႔ေျပးရတာလဲ”

“ ဒီေကာင္ေတြကို ပါးစပ္နဲ႔ေျပာေနတာ အႀကိမ္ေပါင္းမနဲေတာ့ဘူး ၾကာပြတ္စာေကြၽးမွရမယ္ထင္တယ္”

ခြန္းလွက ၾကာပြတ္နဲ႔႐ြယ္လိုက္ရာ ျမဒင္က လွမ္းတားလိုက္ၿပီး

“ စမ… မင္းအဆင္ေျပရဲ႕လား”

“ ေျပတယ္… ဒီေကာင္ေတြေနာက္လိုက္ရတာ အေတာ္ေမာတာပဲ ငါ့လခြီး”

ေမာင္စမက အနည္းငယ္ပူေနတဲ့ဗိုက္ကိုပင့္တင္ရင္း မ်က္ႏွာငယ္နဲ႔ထိုင္ေနတဲ့ ပညာသည္ေတြေရွ႕မွာ မတ္တပ္ရပ္လိုက္တယ္။

“ မင္းတို႔အရႈံးေပးၿပီလားကြ. ဒါမွမဟုတ္ ေနာက္တစ္ႀကိမ္ထပ္ၿပိဳင္ဦးမလား၊ အားလုံး အရႈံးေပးၿပီဆိုမွ ငါတို႔ေနာက္တစ္ဖြဲ႕ဆီသြားရမွာ ျမန္ျမန္ေျပာစမ္း”

“ ဒီေကာင္ေတြ ၿပိဳင္တာပဲ ဆယ္ႀကိမ္မကေတာ့ဘူး၊ တစ္ခါမွႏိုင္တာလဲမဟုတ္ပဲနဲ႔”

ေမာင္ေကာင္းက ဓါးတ႐ြယ္႐ြယ္နဲ႔ မာန္လိုက္ေတာ့မွ ပညာသည္ေတြဆီကေန

“ မၿပိဳင္ရဲေတာ့ပါဘူး အရႈံးေပးပါတယ္” ဆိုတဲ့အသံ ထြက္လာတယ္။

ထိုသို႔အရႈံးေပးလိုက္တယ္ဆိုရင္ပဲ ပညာသည္ေတြရဲ႕ ခႏၶာကိုယ္ေတြဆီကေန မီးေတာက္ေတြထြက္လာၿပီး ျပာမႈန္ေတြအျဖစ္ေျပာင္းလဲကာ ေပ်ာက္ကြယ္ သြားခဲ့တယ္။

ေအာင္ျမတ္သာလဲ အဲဒီေတာ့မွ ပုန္းကြယ္ေနတဲ့ သစ္ပင္အေနာက္ကေန ထြက္လာခဲ့လိုက္တယ္။ ဒါကိုျမင္တဲ့ ေမာင္ေကာင္းက လက္ထဲကိုင္ထားတဲ့ သံေသဓါးနဲ႔ ေကာက္ေပါက္လိုက္ရာ ဓါးက နားထင္ေဘးကေန ျဖတ္ၿပီး ေဘးက သစ္ပင္မွာ စိုက္ဝင္ေနခဲ့တယ္။

“ ေဟ့ေကာင္… မင္းက ဘယ္သူလဲ၊ ဘာလို႔ ငါတို႔ဆရာပုံဟန္ေဆာင္ထားတာလဲကြ”

“ ေမာင္ေကာင္း… မင္းဒီနားကိုလားစမ္း”

“ ေအာင္မာ… ႐ုပ္သြင္ေျပာင္းထားတဲ့ ပညာသည္က ငါ့နာမည္ေခၚရဲတယ္ေပါ့ေလ၊ မင္းေတာ့ ေသပီသာမွတ္”

ေမာင္ေကာင္းက ပုဆိုးကိုတိုတိုျပင္ဝတ္ၿပီး ေအာင္ျမတ္သာအနားကိုကပ္လာတဲ့အခ်ိန္ ေျဖာင္းဆိုတဲ့အသံနဲ႔အတူ နားအုံတစ္ခုလုံး ထူပူသြားခဲ့တယ္။

“ မင္း မင္း ငါ့ကို႐ိုက္ရဲတယ္ေပါ့ေလ”

“ ေဟ့ေကာင္ အသိစိတ္ကပ္စမ္း… စမ.. ဒီေကာင္ေတြကိုင္ထားတဲ့လက္နက္ေတြအကုန္ သိမ္းလိုက္”

“ ဆရာ… တကယ္ပဲ ဆရာလား…”

ေမာင္စမရဲ႕ အသံက ငိုသံပါေနခဲ့တယ္။

“ မင္းတို႔ကို လိုက္ရွာရတာဘယ္ေလာက္ခက္လဲ သိၾကလား”

အဲဒီေတာ့မွ ေလးေယာက္သား ေအာင္ျမတ္သာကိုေျပးဖက္ကာ ငိုပါေလေရာ။

“ မင္းတို႔ေယာက်ၤားမဟုတ္ဘူးလား… ဘာလို႔ငိုေနတာလဲ”

“ ဆရာ… ကြၽန္ေတာ္တို႔ဆရာကိုသတိရေနတာဗ်ာ”

“ အခုျပန္ေတြ႕ၿပီပဲ… စိတ္မေကာင္းမျဖစ္ၾကနဲ႔ေတာ့”

ေအာင္ျမတ္သာစကားေၾကာင့္ အားလုံးမ်က္ရည္ေတြသုတ္လိုက္ၾကတယ္။

“ ဆရာျပန္လာတာအေတာ္ပဲ… ထေနာင္းကုန္းစပ္က ပညာသည္အုပ္စုအေတာ္ေသာင္းက်န္းေနတယ္၊ ကြၽန္ေတာ္တို႔ပညာသြားေပးရေအာင္”

“ ေဟ့ေကာင္ ေမာင္ေကာင္း… မင္းက ဒီထဲမွာပိုၿပီးေပ်ာ္ေမြ႕ေနသလိုပဲ၊ မင္း အျပင္ေလာကကို ျပန္မလိုက္ဘူးလား”

“ ဘယ္ကိုလိုက္ရမွာလဲဆရာ…”

“ မင္းတို႔အခုေရာက္ေနတာ လူ႔ဘုံမဟုတ္ဘူးကြ၊ ေဝမာနိကဘုံကိုေရာက္ေနတာ”

“ ခင္ဗ်ာ…”

“ မင္းတို႔ကိုရွင္းျပဖို႔အခ်ိန္မရွိဘူး… နာမ္ေလာကတံခါးဖြင့္တဲ့အခ်ိန္ အမွီျပန္ထြက္ဖို႔လိုတယ္၊ ငါ့အေနာက္က လိုက္ခဲ့ၾက”

ေအာင္ျမတ္သာလဲ လက္နက္ေတြကိုျဖဳတ္သိမ္းကာ ဝင္လာတဲ့ေနရာဆီကို ေခၚေဆာင္သြားခဲ့လိုက္တယ္။ လမ္းတစ္ဝက္အေရာက္မွာေတာ့ ခႏၶာကိုယ္တစ္ခုလုံး တုန္ရီလာၿပီး ဦးေခါင္းထဲကေန မိုက္ခနဲ မိုက္ခနဲျဖစ္လာခဲ့တယ္။

“ အျပင္ အျပင္မွာ တစ္ခုခုျဖစ္ေနၿပီထင္တယ္”

“ ဘာျဖစ္တာလဲဆရာ…”

“ ငါတို႔ကို ျပင္ပေလာကထဲဝင္မရေအာင္ ေႏွာက္ယွက္ေနၾကၿပီ၊ ဒီကေန ျမန္ျမန္ ထြက္မွရမယ္”

ေအာင္ျမတ္သာက တဆစ္ဆစ္ကိုက္ခဲလာတဲ့

ေခါင္းကိုလက္နဲ႔ကိုင္ၿပီး အားတင္းကာ ေရွ႕ဆက္သြားခဲ့တယ္။

++++++++

တဖ်စ္ဖ်စ္ေတာက္ေလာက္ေနတဲ့ မီးပုံေဘးမွာေတာ့ ဖိုးကတုံးနဲ႔ သိန္းေဆာင္တို႔ ငိုက္ျမည္းေနခဲ့ၾကတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕အလယ္မွာေတာ့ ခါးကိုဆန႔္တန္းၿပီးတရားထိုင္ေနတဲ့ ေအာင္ျမတ္သာရဲ႕ ခႏၶာကိုယ္တည္ရွိေနခဲ့တယ္။ အဲဒီအခ်ိန္ မိုးမညိဳ႕တိမ္မထူပဲ ေလျပင္းေတြ တိုက္ခတ္လာတာေၾကာင့္ အိပ္ငိုက္ေနတဲ့သူႏွစ္ေယာက္လုံး ေခါင္းေထာင္လာခဲ့ၾကတယ္။

“ ဖိုးကတုံး… ႐ုတ္တရက္ႀကီး ေလေတြတိုက္လာပါလား”

“ ဟုတ္တယ္ေနာ္… မိုးသားေတြလဲမရွိပဲနဲ႔ ေလတိုက္တာ ထူးဆန္းတယ္”

ထိုစဥ္ အေမွာင္ထုထဲကေန တဖ်တ္ဖ်တ္နဲ႔ လမ္းေလ်ာက္လာတဲ့ေျခသံေတြေၾကာင့္ ဖိုးကတုံးက လက္စြဲေတာ္ေလးခြထဲကို ေလာက္စာလုံးထည့္ကာ အသင့္ျပင္ထားလိုက္တယ္။

ေျခသံေတြက ဟိုေနရာေပၚလိုက္ ဒီေနရာေပၚလိုက္ ျဖစ္ေနတာေၾကာင့္ ဖိုးကတုံးစိတ္မရွည္ေတာ့ပဲ အသံၾကားရာဘက္ကို မွန္းၿပီးပစ္ပါေလေရာ။

“ ေဟ့ေကာင္… ေလာက္စာလုံးေတြကုန္မယ္ကြ၊ ရမ္းပစ္မေနနဲ႔”

သိန္းေဆာင္က သတိလွမ္းေပးရင္း အေမွာင္ထုတစ္ေနရာကို စိုက္ၾကည့္ေနခဲ့တယ္။

“ ဟိုမွာ လႈပ္ေနတာ ဘာႀကီးလဲဟ”

“ ဘယ္မွာလဲ ကြၽန္ေတာ္က ဘာမွမျမင္ရဘူးေနာ္”

“ အေရွ႕က သစ္ပင္ႏွစ္ပင္ၾကားမွာ ရပ္ေနတာကြ၊ ဖိုးကတုံး အဲဒီေနရာကို ပစ္ၾကည့္”

သိန္းေဆာင္စကားေၾကာင့္ ဖိုးကတုံးက ေလာက္ေလးကိုခပ္တင္းတင္းဆြဲၿပီး သစ္ပင္ႏွစ္ပင္ၾကားကိုပစ္ထည့္လိုက္ရာ ‌ထန္းးးး ဆိုတဲ့အသံနဲ႔အတူ နာက်င္စြာညဥ္းညဴသံတစ္ခ်က္ ထြက္လာခဲ့တယ္။

“ ဖိုးကတုံး မင္းပစ္တာထိတယ္ကြ…”

ဖိုးကတုံးလဲ သူ႔လက္ဆကိုယုံတဲ့အတြက္ ရိပ္ခနဲ႔ ရိပ္ခနဲျဖတ္ေျပးေနတဲ့ေကာင္ေတြကို တေဒါင္ေဒါင္ျမည္ေအာင္ ပစ္ခြဲပါေလေရာ။

ဒါေပမယ့္ လူရိပ္ေတြက ေပ်ာက္ကြယ္မသြားတဲ့အျပင္ တစ္ေျဖးေျဖး မ်ားလာတာေၾကာင့္ ႏွစ္ေယာက္သား မ်က္လုံးျပဴး မ်က္ဆန္ျပာျဖစ္လာခဲ့တယ္။

“ ေဟ့ေကာင္ … ဒီေကာင္ေတြ လူေတာ့မျဖစ္ႏိုင္ဘူး”

“ လူျဖစ္ျဖစ္သရဲျဖစ္ျဖစ္ဗ်ာ… အနားကပ္မလာေအာင္ ပစ္ရမွာပဲ”

ဖိုးကတုံးလဲ ေလာက္စာလုံးေတြကို ေျမႀကီးေပၚသြန္ခ်ၿပီး ေနရာယူလိုက္တဲ့အခ်ိန္ မ်က္ႏွာမွာမီးေလာင္ထားသလို ဒဏ္ရာဒဏ္ခ်က္ေတြနဲ႔လူေတြ စည္းဝိုင္းရဲ႕ အနားကိုတိုးကပ္လာခဲ့တယ္။

“ ေဖာက္… ေဖာက္… ေဖာက္”

“ ေလာက္စာလုံးနဲ႔ထိတဲ့ေနရာမွာ မီးစေတြထြက္လာပါလား…”

“ ေဟ့လူ စကားမမ်ားနဲ႔ဗ်… က်ဳပ္ကို ေလာက္စာလုံးေကာက္ေပးဦး”

သိန္းေဆာင္လဲ ေျမႀကီးေပၚခ်ထားတဲ့ ေလာက္စာလုံးေတြကို ေကာက္ေပးေနတဲ့အခ်ိန္ ဆံပင္ဖားလ်ားခ်ထားတဲ့ေယာက်ၤားတစ္ေယာက္ စည္းထဲကိုေျပးဝင္လာခဲ့တယ္။

ဒါေပမယ့္ စည္းကိုထိတာနဲ႔ အေနာက္ကိုျပန္ကန္ထြက္သြားၿပီး ခႏၶာကိုယ္ကေန အခိုးေငြ႕ေတြထြက္ကာ ၿငိမ္သက္သြားခဲ့တယ္။ ထိုစဥ္

“ စည္းကိုေဖာက္ဝင္ၾက… ခႏၶာကိုယ္ကိုဖ်က္စီးၾက” ဆိုတဲ့ႀကိမ္းဝါးသံနဲ႔အတူ မေရမတြက္ႏိုင္ေအာင္ မ်ားျပားတဲ့ လူအုပ္ႀကီးက သူ႔ထက္ငါအလုအယက္ ေျပးဝင္လာခဲ့ၾကတယ္။ သို႔ေသာ္ စည္းကိုမေဖာက္ႏိုင္ပဲ တိုးဝင္တဲ့သူေတြအားလုံး ေျချပတ္တဲ့သူကျပတ္ လက္ျပတ္တဲ့သူကျပတ္နဲ႔ ျဖစ္ကုန္ၾကတယ္။

သိန္းေဆာင္ကလဲ စည္းအနားထိကပ္ၿပီး တိုးဝင္လာတဲ့သူေတြကို ဝါးရင္းတုတ္နဲ႔ ဆီး႐ိုက္ေနခဲ့တယ္။ ထိုသို႔တားဆီးေနေပမယ့္ လူအုပ္ႀကီးက ပိုမ်ားလာခဲ့ရာ မသိရင္ သၾကားလုံးကို ပု႐ြတ္ဆိတ္ေတြ အုံခဲေနသလို ျဖစ္လာခဲ့တယ္။

“ ဖိုးကတုံး…. မင္း မင္းအိတ္ထဲမွာ ေလာက္စာလုံးေတြ အျပည့္ျဖစ္ေနပါလား”

သိန္းေဆာင္ရဲ႕ ဝမ္းသာအားရစကားေၾကာင့္ ၾကည့္လိုက္ရာ အဟုတ္ကိုျပည့္ေနတာ ျမင္လိုက္ရတယ္။

“ ေဟ့ေကာင္ ပစ္ပါေတာ့ဟ… ငါလဲ ႐ိုက္ရလြန္းလို႔လက္အံေသေနၿပီ”

သိန္းေဆာင္က ေအာ္ေျပာရင္း ခႏၶာကိုယ္တစ္ပိုင္း ကြၽံဝင္လာတဲ့သူတစ္ေယာက္ကို ေျဖာင္းခနဲ ျမည္ေအာင္ ပိတ္႐ိုက္လိုက္တယ္။

အဲဒီအခ်ိန္ တုတ္ေတြဓါးေတြကိုင္ထားတဲ့ လူဆယ္ေယာက္ခန႔္ သူတို႔ရွိရာေျပးဝင္လာတာျမင္လိုက္ရတယ္။

“ ဒီေကာင္ေတြက လူစစ္စစ္ေတြပါလား… ဒုကၡပဲ သူတို႔ဝင္လာရင္ စည္းကေပါက္ၿပီထင္တယ္”

သိန္းေဆာင္က အထိတ္တလန႔္ေရ႐ြတ္ကာ ဝါးရင္းတုတ္ကိုခပ္တင္းတင္းဆုပ္ကိုင္ထားသလို ဖိုးကတုံးကလဲ လက္ညိဳးေဘးသားေတြစုတ္ၿပဲ တဲ့ထိ ေလးခြကိုတ‌ဖုန္းဖုန္းပစ္ေနခဲ့တယ္။

“ သူတို႔စည္းထဲဝင္ေတာ့မယ္ကြ… ငါတို႔ေတာ့ ေ႐ႊတုံးမရေတာ့ဘူးထင္တယ္”

“ ေဟ့လူ အေရးထဲ ဥစၥာလာ႐ူးေနတယ္၊ သူတို႔ဝင္လာရင္ ႏွစ္ေယာက္လုံးေသမွာဗ်”

“ မထူးေတာ့ပါဘူးကြာ… ဝင္လာတဲ့ေကာင္မွန္သမွ် ႐ိုက္ရေတာ့မွာပဲ”

သိန္းေဆာင္ကို မ်က္လုံးကိုစုံမွိတ္ၿပီး ႐ိုက္မယ့္ဟန္ျပင္လိုက္တဲ့အခ်ိန္ ျဖဴေဖြးဆြတ္ေနတဲ့ အလင္းတန္းႏွစ္ခုက သူတို႔ေရွ႕ကို က်လာခဲ့သလို စုၿပဳံေနတဲ့သူေတြလဲ အေနာက္ကိုလြင့္ထြက္သြားခဲ့တယ္။

++++++++++

ျမဴခိုးေတြက်ဆင္းေနတဲ့ ကြင္းျပင္တစ္ခုရဲ႕အလယ္မွာလူငါးေယာက္ရပ္ေနၿပီး သူတို႔ရဲ႕မ်က္လုံးေတြက ေဘးဘီကိုလိုက္ၾကည့္ေနခဲ့ၾကတယ္။

“ ဆရာေျပာတဲ့ နာမ္တံခါးကိုမျမင္ရပါလား”

ေမာင္စမစကားေၾကာင့္ ေအာင္ျမတ္သာက ေခါင္းကိုခါယမ္းလိုက္ၿပီး

“ ဒီေနရာမွာပဲရွိရမွာကို ဘယ္လိုေၾကာင့္ မေတြ႕ရတာလဲ”

“ အခ်ိန္ေက်ာ္သြားလို႔မ်ားလားဆရာ”

“ အခ်ိန္ျပည့္ရင္ ငါကမင္းတို႔ေရွ႕ကေနေပ်ာက္ကြယ္သြားလိမ့္မယ္၊ အခုကအခ်ိန္ျပည့္တာမဟုတ္ဘူး… တစ္ေယာက္ေယာက္က ေႏွာက္ယွက္ေနတာ၊ အား ကြၽတ္ ကြၽတ္ ကြၽတ္”

“ ဆရာ… အဆင္ေျပရဲ႕လား”

“ ငါ ငါ့ခႏၶာကိုယ္က တစ္ေျဖးေျဖး မွိန္လာပါလား”

ေအာင္ျမတ္သာစကားေၾကာင့္ ေမာင္ေကာင္းတို႔ ၾကည့္လိုက္ရာ ခႏၶာကိုယ္က တစ္ေျဖးေျဖးနဲ႔ ျဖဴေဖ်ာ့လာတာျမင္လိုက္ရတယ္။

“ အခ်ိန္ျပည့္ေတာ့မယ္ထင္တယ္… ျမဒင္ တစ္ခုခုႀကံစမ္းပါဦး”

ေမာင္စမစကားေၾကာင့္ ျမဒင္က နတ္မ်က္စိအစြမ္းကိုသုံးၿပီးၾကည့္လိုက္ရာ

“ ငါ့အစြမ္းေတြသုံးလို႔မရဘူးျဖစ္ေနတယ္… နာမ္တံခါးကိုလဲမျမင္ရဘူး… ဒုကၡပါပဲ”

ျမဒင္စကား‌ေၾကာင့္ေအာင္ျမတ္သာလဲ မိမိရဲ႕စိတ္စြမ္းအားကို စုစည္းၿပီး နာမ္တံခါးရွိရာကိုအာ႐ုံခံၾကည့္ရာ ျမဴခိုးေတြဖုံးလႊမ္းေနတဲ့ ကြင္းျပင္ကိုပဲ ျမင္ေတြ႕ခဲ့ရတယ္။

အဲဒီအခ်ိန္ ေအာင္ျမတ္သာရဲ႕ ေျခဖ်ားေတြက အခိုးေငြ႕ေတြအျဖစ္ေျပာင္းလဲလာတာကို အားလုံးသတိထားမိခဲ့ၾကတယ္။

“အခ်ိန္မရွိေတာ့ဘူး … တစ္ခုခုစဥ္းစားမိစမ္း .. စဥ္းစားမိစမ္း”

ျမဒင္က သူ႔မ်က္လုံးကို အတင္းမွိတ္ၿပီး ေခါင္းကိုခါယမ္းလိုက္တဲ့အခ်ိန္ ျမဴခိုးေတြက ကႏုတ္ေဘာင္ေတြလိုျဖစ္ေနတဲ့ တံခါးတစ္ခ်ပ္ကို ဖ်တ္ခနဲျမင္လိုက္ရတာေၾကာင့္ ေရွ႕ကိုတိုးလိုက္ရာ နာမ္တံခါးကေပ်ာက္ကြယ္သြားခဲ့တယ္။ ဒါေၾကာင့္ ခုနကရပ္ေနတဲ့ေနရာကိုျပန္ဆုတ္ၾကည့္လိုက္ရာ နာမ္တံခါးက မ်က္လုံးထဲ ဖ်တ္ခနဲျပန္ေပၚလာခဲ့တယ္။

“ နာမ္တံခါး နာမ္တံခါးေတြ႕ၿပီး…”

“ ဘယ္မွာလဲ ဘယ္မွာေတြ႕တာလဲ”

“ ‌အေရွ႕ကဝါးတစ္ျပန္စာအကြာေလာက္မွာ ျမင္လိုက္တာ”

“ ငါတို႔ၾကည့္တာဘာမွမေတြ႕ပါလား”

“ ဆရာေရာ မျမင္ရဘူးလား”

“ ေလဟာနယ္ကလြဲၿပီး ဘာမွမျမင္မိဘူး”

“ ကြၽန္ေတာ္တို႔အားလုံး ဒီထဲကေန ထြက္ဖို႔မျဖစ္ႏိုင္ေတာ့ဘူးထင္တယ္”

“ ဘာျဖစ္လို႔လဲ…”

“ ကြၽန္ေတာ္ဒီေနရာကေန ခြာလိုက္တာနဲ႔ နာမ္တံခါးက ေပ်ာက္ေပ်ာက္သြားတယ္ဆရာ၊ ကြၽန္ေတာ္မရွိရင္လဲဆရာတို႔နာမ္တံခါးထဲဝင္ႏိုင္မွာ မဟုတ္ဘူး၊ ဒီေတာ့ လုပ္ရမွာတစ္ခုပဲရွိေတာ့တယ္၊ အဲဒါကဆရာတို႔အရင္ နာမ္တံခါးထဲဝင္ၾကပါ”

“ ဒါဆိုမင္းက က်န္ေနခဲ့မွာေပါ့”

“ အခ်ိန္မရွိေတာ့ဘူး… ဆရာ ဒူးေအာက္ပိုင္းက အေငြ႕ပ်ံေနၿပီေနာ္”

ေနာက္ဆုံးအေျခအေနမို႔ ေအာင္ျမတ္သာက အံကိုတင္းတင္းႀကိတ္လိုက္ၿပီး ျမဒင္ရဲ႕ပုခုံးကိုဆုပ္ကိုင္လိုက္တယ္။

“ အားလုံးတန္းစီၿပီး ကြၽန္ေတာ္လက္ညိဳးၫႊန္တဲ့တည့္တည့္ကို ေလ်ာက္သြားပါ”

ျမဒင္က မ်က္စိကိုမွိတ္ကာ အာ႐ုံခံၾကည့္ၿပီး နာမ္တံခါးရွိတဲ့ဘက္ကို လက္ညိဳးၫႊန္ျပလိုက္တယ္။

ေအာင္ျမတ္သာ၊ ေမာင္စမ၊ ေမာင္ေကာင္း၊ ခြန္းလွ တို႔ကေတာ့ ျမဒင္ကို သမင္လည္ျပန္လွည့္ၾကည့္ရင္း လက္ညိဳးၫႊန္ရာေနရာကို ေလ်ာက္သြားခဲ့ၾကတယ္။

“ ေျခလွမ္းက ဘယ္ကိုေစာင္းေနတယ္… ညာဘက္ျပန္တည့္ပါဆရာ၊ ဟုတ္တယ္ အဲဒီအတိုင္း ေလ်ာက္သြားဆရာ”

ေအာင္ျမတ္သာလဲ ျမဒင္ေျပာတဲ့အတိုင္း ေျခဦးကိုတည့္လိုက္ရာ ခႏၶာကိုယ္က ဝဲဂယက္ တစ္ခုထဲဆြဲေခၚသြားသလိုျဖစ္ၿပီး ေလဟာနယ္ထဲ လြင့္ထြက္သြားခဲ့တယ္။

+++++++

ေအးစက္စက္အထိအေတြ႕၊ ပုတ္အဲ့အဲ့အနံ႔က ႏွာေခါင္းထဲကိုတိုးဝင္လာတာကို သတိထားမိတာေၾကာင့္ ေမာင္ေကာင္း ကျပာကယာ လူးလဲထလိုက္တယ္။ မၾကာခင္အခ်ိန္အတြင္း ခြန္းလွနဲ႔ ေမာင္စမတို႔ အေခါင္းထဲကေန ထြက္လာခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာရွိတဲ့ အေခါင္းကေနေတာ့ ဘယ္သူမွထြက္မလာခဲ့ေပ။

ေမာင္စမကေတာ့ မလႈပ္မယွက္ၿငိမ္သက္ေနတဲ့ ျမဒင္ကိုၾကည့္ၿပီး အံကိုတင္းတင္းႀကိတ္ထားလိုက္တယ္။ အဲဒီအခ်ိန္ မလွမ္းမကမ္းေနရာတစ္ခုကေန လင္းခနဲလက္ခနဲ အေရာင္ေတြေပၚလာတာေၾကာင့္ သုံးေယာက္သား တိုင္ပင္မထားပဲ အလင္းေရာင္ေတြ ထြက္တဲ့ဘက္ကို ေျပးထြက္သြားခဲ့တယ္။

အတန္ၾကာေျပးလာၿပီးတဲ့ခ်ိန္မွာေတာ့ ဝတ္ျဖဴစင္ၾကယ္ဝတ္ထားတဲ့လူႏွစ္ေယာက္က အေရာင္တဖိတ္ဖိတ္ထြက္ေနတဲ့ ႀကိမ္ကိုကိုင္ၿပီး စည္းဝိုင္းအနားကပ္လာတဲ့သူေတြကို ႐ိုက္ထုတ္ေနတာ ျမင္လိုက္ရတယ္။

“ ဆရာသက္ခိုင္နဲ႔ ဆရာေတာက္ရပါလား”

ေမာင္စမက ဝမ္းသာအားရ ေရ႐ြတ္ၿပီး တိုးဝင္ဖို႔အလုပ္ တရားထိုင္ေနတဲ့ေအာင္ျမတ္သာရဲ႕ မ်က္လုံးေတြဖ်တ္ခနဲပြင့္လာၿပီး ေျမႀကီးကိုလက္နဲ႔ ထိကိုင္လိုက္ရာ ေျမသားေတြက လႈိင္းတံပိုးေတြလို အလိပ္လိုက္တက္လာခဲ့တယ္။

ေျမလႈိင္းေတြက ဒီေရအလား ေဝါခနဲ ေဝါခနဲ တက္လာၿပီး ေႏွာင့္ယွက္ေနတဲ့သူေတြကို အရွိန္နဲ႔ဆြဲေခၚသြားတာျမင္လိုက္ရတယ္။

“ ဆရာ… သတိရလာၿပီလား”

“ သက္ခိုင္… ေတာက္ရ.. မင္းတို႔က ဘယ္လိုလုပ္ၿပီး ဒီကိုေရာက္လာၾကတာလဲ”

“ ဆရာေတာ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ ဆရာကို ကာကြယ္ဖို႔ ထြက္လာခဲ့တာပါ”

“ သိန္းေဆာင္နဲ႔ ဖိုးကတုံးေရာ ဘာျဖစ္သြားေသးလဲ”

“ ဘာမွမျဖစ္ပါဘူးဆရာ… ဒီကလူႏွစ္ေယာက္သာ မကူညီရင္ ကြၽန္ေတာ္တို႔လဲ ေသေနေလာက္ၿပီ”

(ဖိုးကတုံးနဲ႔သိန္းေဆာင္တို႔အျမင္မွာေတာ့ သာမန္အေႏွာက္ယွက္ေပးသူေတြလို႔ထင္ျမင္ေနခဲ့သလို ‌ပညာစြမ္းေတြကိုလဲအလုံးစုံျမင္ေတြ႕ရျခင္းမရွိ ခဲ့ေပ)

“ ဒါနဲ႔ ျမဒင္တစ္ေယာက္လဲမေတြ႕မိပါလား”

သက္ခိုင္စကားေၾကာင့္ ေအာင္ျမတ္သာအပါအဝင္ က်န္တဲ့သူေတြအားလုံးရဲ႕ မ်က္ႏွာေတြညိဳးက် သြားခဲ့တယ္။

“ သူ ျပန္မပါလာဘူး…သက္ခိုင္၊ ငါတို႔အားလုံး ဒီကိုေရာက္ဖို႔ သူအနစ္နာခံခဲ့ရွာတယ္”

“ ဒါနဲ႔ ဆရာေတာ္အမွာစကားပါးလိုက္တာရွိတယ္”

“ ဆရာေတာ္က ဘာမိန႔္ခဲ့တာလဲ”

“ မရဏဆိုတဲ့သူကို မႏွိမ္နင္းႏိုင္ေသးသေ႐ြ႕ ကြၽန္ေတာ္တို႔ ဆရာအနားမွာေနခြင့္ရွိတယ္ဆိုတဲ့ အမွာစကားပါပဲ”

“ မင္းတို႔‌ရွိေတာ့ ငါ့အတြက္ အားပိုရွိတာေပါ့၊ မရဏ ဆိုတဲ့သူက ပုန္းေအာင္းေနရတာေတာင္ ငါတို႔ကို ေႏွာက္ယွက္ေနေသးတာဆိုေတာ့ သူ႔ကိုဖမ္းမမိသေ႐ြ႕ ငါတို႔ေလာကက ေအးခ်မ္းမွာ မဟုတ္ဘူး”

“ သူ႔တပည့္ေတြထဲမွာ ပညာသည္ေတြေရာ သာမန္လူေတြေရာပါေနတာေၾကာင့္ အေတာ္ေတာ့ သတိထားရလိမ့္မယ္”

“ ဒါေၾကာင့္ ဖိုးကတုံးနဲ႔သိန္းေဆာင္ကို အကူညီေတာင္းထားရတာေပါ့၊ အခု ငါ့ကတိအတိုင္း မင္းတို႔ကို လုပ္ေပးရေတာ့မယ္”

ေအာင္ျမတ္သာက လြယ္အိတ္ထဲကေန ေ႐ႊတုံးႏွစ္တုံးကိုႏႈိက္ထုတ္ၿပီး ကမ္းေပးလိုက္ရာ သိန္းေဆာင္က ကမ္းယူလိုက္ေပမယ့္ ဖိုးကတုံးကေတာ့ မယူပဲျငင္းဆိုခဲ့တယ္။

“ ဖိုးကတုံး… မင္းကဘာလို႔မယူတာလဲ”

“ ဒါကိုကြၽန္ေတာ္ယူလဲ မိေထြးနဲ႔ သူ႔သားသမီးေတြကပဲသိမ္းလိုက္မွာေလ၊ ျဖစ္ႏိုင္ရင္ ကြၽန္ေတာ္ဆရာတို႔နဲ႔လိုက္ခ်င္တယ္၊ အိမ္မွာမေနရရင္ ၿပီးေရာဗ်ာ”

“ အခုေလာေလာဆယ္ေတာ့ အိမ္မွာျပန္ေနလိုက္ၾကဦး၊ အခ်ိန္တန္ရင္ မင္းကို လာေခၚမယ္လို႔ကတိေပးတယ္၊ သိန္းေဆာင္ကေရာ ဒီေလာက္ဆို အိမ္ျပန္လို႔ရၿပီမဟုတ္လား”

“ဆရာေပးတဲ့ လက္ေဆာင္နဲ႔ ေကာင္းေရာင္းေကာင္းဝယ္လုပ္စားပါ့မယ္၊ ဆရာတို႔ကိုေရာ ဖိုးကတုံးကိုေရာ သတိရေနမွာပါ”

“ ဒါျဖင့္ ကိုယ့္လမ္းကိုယ္ေလ်ာက္ၾကတာေပါ့… ေရစက္မကုန္ရင္ျပန္ဆုံၾကဦးမွာပါ”

ေအာင္ျမတ္သာစကားအဆုံးမွာ အေရွ႕ဘက္ကေန ေရာင္နီထြက္လာခဲ့သလို အိပ္တန္းကေန ႏိုးလာတဲ့ ေက်းငွက္ေတြရဲ႕ေအာ္ျမည္သံအခ်ိဳ႕လဲ ထြက္ေပၚလာခဲ့တယ္။

+++++++

ကြင္းကေလးသုႆာန္အတြင္းပိုင္းတစ္ေနရာမွာ ေတာ့အရွိန္အဟုန္နဲ႔ေတာက္ေလာက္ေနတဲ့ ထင္းပုံႀကီးတစ္ခုရွိေနၿပီး ေဘးပတ္ပတ္လည္မွာေတာ့ လူေျခာက္ေယာက္က ၿငိမ္သက္စြာရပ္ေနခဲ့ၾကတယ္။

မီးေလာင္ေညႇာ္နံ႔ေတြ စူးရွစြာထြက္ေပၚေနေပမယ့္ ရပ္ေနတဲ့လူေျခာက္ေယာက္ကေတာ့ မ်က္ႏွာတစ္ခ်က္မျပတ္ပဲ ထင္းပုံႀကီးကို စိုက္ၾကည့္ေနခဲ့တယ္။

ထင္းပုံႀကီးရဲ႕အလယ္မွာေတာ့ အသက္မဲ့ေနတဲ့ ခႏၶာကိုယ္တစ္ခုက တစ္စတစ္စေလာင္ကြၽမ္းလ်က္။

++++++++

ေအာင္ျမတ္သာတို႔အေနနဲ႔ ျမဒင္ကို သၿဂႋဳလ္ၿပီးခ်ိန္မွာေတာ့ ပုန္းေအာင္းေနတဲ့ မရဏကို ရွာေဖြရန္ ထြက္လာခဲ့ၾကတယ္။ မာရ္နတ္ရဲ႕ အကူအညီယူၿပီး ပုန္းကြယ္ေနတဲ့ မရဏကို ေအာင္ျမတ္သာတို႔ ဘယ္လိုနည္းနဲ႔ ေတြ႕ေအာင္ရွာၾက မလဲ၊ ဘယ္လိုပုဂၢိဳလ္ေတြက သူတို႔ကို ကူညီေပးၾကမလဲဆိုတာကိုေတာ့ ေအာင္ျမတ္သာႏွင့္ ေသြးေရာင္လႊမ္းေသာညဆိုတဲ့ဝတၱဳမွာ ဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)