” ဦးဖိုးဝေ နှင့် ကြာတောရွာဦးကျောင်း အရှုပ်တော်ပုံ ”
=============================
◾အခန်း (၁)
မနက်ခင်းအလင်းရောင်ခြည်နှင့်အတူ ကြာတောရွာ၏ လမ်း မပေါ်တွင် လူတစုမှာ လမ်းလျှောက်နေလေသည်။ထိုလူတစုမှာ ဦးဖိုးဝေတို့ပင်ဖြစ်သည်။တောအလွန်ကျသောဒေသမှ ရက်အ တန်ကြာလမ်းလျှောက်လာရာ ကြာတောရွာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ကြာတောရွာလေးသည် မပြောင်းလဲပဲ အရင်တိုင်းသာ ရှိနေလေသည်။မောင်စာ နှင့် သူရိယသည် သူတို့၏ ရွာနှင့် ခြားနားစွာ သပ်သပ်ရပ်ရပ်ရှိနေသော ကြာတောရွာလေးအား အထူးအဆန်းသဖွယ်ကြည့်နေရင်း
“ဆရာကြီး ဒီဟာ မြို့လား ”
“မဟုတ်ဘူး မောင်သီဟရေ ဒါ ရွာပါပဲ ”
“ရွာသာပြောတာ ကျုပ်တို့ ရွာနဲ့တော့ တခြားစီပဲဗျ ”
“အင်း မင်းတို့တွေ ဒီရွာမှာ အတော်ကြာကြာ ကျန်နေခဲ့ရမယ် ”
“ဗျာ ဘာဖြစ်လို့လဲ ဆရာကြီး ”
“ဒီရွာက ရွာဦးကျောင်းဆရာတော်ဆီမှာ မင်းတို့ကို အပ်ခဲ့မှာ မလို့ပဲ ”
“အော် ဟုတ်ကဲ့ ”
သီဟသည် ဆက်၍ မေးမြန်းခြင်းမရှိတော့ပေ။ထို့နောက်သူရိယသည် ဦးဖိုးဝေအား စကားဆိုလာပြန်သည် ။
“အဘ ကိုလူသစ်တို့ အိမ်ကို သွားဦးမှာလား ”
“မသွားတော့ဘူး လူလေး ရွာဦးကျောင်းပဲ အရင်သွားကြတာပေါ့ ”
“ဟုတ်ကဲ့ အဘ ”
ထို့နောက် ဦးဖိုးဝေတို့သည် စကားတပြောပြော နှင့် ရွာလယ်လမ်းလေးအတိုင်း ဆက်လက်လမ်းလျှောက်ရင်း ရွာထိပ်သို့ သွားနေလေ၏။ထိုစဉ် သူတို့၏မျက်နှာချင်းဆိုင်မှ လူတယောက် လမ်းလျှောက်လာရင်း သူတို့အားမြင်သောအခါ ထိုလူသည် ခပ်သွက်သွက်လျှောက်လာပြီး
“ဆရာကြီး နဲ့ သူရိယ ရွာရောက်တာကို ကျနော့်အိမ်ကို ကျော် ပြီး ဘယ်သွားမလို့လဲဗျ ”
” ရွာဦးကျောင်း သွားမလို့ မောင်လူသစ်ရေ မင်းရော ဘယ်က ပြန်လာတာလဲ ”
“ကျနော်က အခုပဲ ရွာဦးကျောင်းက ပြန်လာတာ ”
“ကောင်းပါတယ်ကွယ် ဦးကြီးလည်း ဒီက မိတ်ဆွေလေးနှစ်ယောက်ကို ရွာဦးကျောင်းမှာ သင်္ကန်းဝတ်ပေးမလို့ ”
“သူတို့က အသက်ပြည့်ပြီ မဟုတ်လား ဦးဇင်းဝတ်လို့ရနေပါပြီ ရဟန်းဒါယိကာမရှိရင် ကျနော့်ပေးပါ ဆရာကြီး ”
“သူတို့က အခုမှ တို့များဘာသာထဲဝင်မှာဆိုတော့ စောင့်ထိန်းရတာများတဲ့ ရဟန်းကိုတော့ ချက်ချင်းကြီး မခံပေးချင်သေးလို့ မောင်လူသစ်ရေ နောင်များရဟန်းခံတော့မယ်ဆိုရင်တော့ မင်းကိုပဲ အားကိုးရမှာပဲ ”
“စိတ်ချပါ ဆရာကြီး အလှုလုပ်ဖို့ဆိုရင်လည်း ကျနော့်ကို ပြောပါ ဆရာကြီး အဖေကလည်း ကျနော့်စိတ်တိုင်းကျလုပ်ခွင့်ပေးထားတယ် ရွာဦးကျောင်းကို ခဏနေထမင်းလာပို့ပေးပါမယ် ”
“ဆွမ်းကျန် ကွမ်းကျန်လေး ရှိလောက်မယ်ထင်တယ် မောင်လူသစ်”
“အဲ့တာတွေ နောက်မှ ကျနော် ရှင်းပြမယ် အခုတော့ ကျောင်းကို ကျနော် လိုက်ပို့ပေးမယ် ”
ထို့နောက် လူသစ်သည် ဦးဖိုးဝေတို့ နှင့်အတူ ရွာဦးကျောင်း သို့ နောက်တဖန် ပြန်၍ လိုက်ခဲ့ပါတော့သည်။
◾အခန်း (၂)
ဦးဖိုးဝေနှင့် သူရိယသည် ကျောင်းကြီးကို မြင်သောအခါ အရင်က ရောက်ဖူးသောကျောင်းပင် ဟုတ်ပါလေစဟု တွေးနေမိသည်။ကျောင်းပရ၀ဏ်သည် အရင်ကဲ့သို့ ရှင်းလင်းမနေပဲ မြတ်ပင်၊ပေါင်းပင်တို့နှင့် ရှုပ်ပွနေ၏။အရင်က သရက်ပင်များ ၏အောက်တွင် ရွက်ကြွေများမရှိအောင် ရှင်းလင်းလှသောကျောင်းလေးမှာ ယခုတော့ ရွက်ကြွေအမှိုက်များ ရှုပ်ပွနေလေသည်။ကပ္ပိယကြီးသည်လည်း ခေါင်းမွေးစုတ်ဖွားနှင့် စိတ်ညစ်နေဟန် ရှိ၏။ကျောင်းတွင်လည်း သံဃာတပါးမှပင် မတွေ့ရ၍ ဦးဖိုးဝေမှ လူသစ်အား မေးရလေသည် ။
” မောင်လူသစ် အရင်က ကိုရင်လေးတွေနဲ့ ဦးဇင်းတွေ အများကြီး ရှိကြပါတယ် အခုသူတို့ရော ”
“မရှိတော့ဘူး ဆရာကြီးရေ ကျောင်းမှာ ကျောင်းထိုင်ဆရာ တော်ရယ် ကပ္ပိယကြီးရယ်ပဲ ရှိတော့တယ် ”
” ဘယ်လိုဖြစ်တာလဲ မောင်လူသစ်ရဲ့ ”
“အင်း နောက်မှပဲ ကျနော် ရှင်းပြပါ့မယ် ဆရာတော်အပေါ်မှာ ရှိတယ် အရင် သွားဝတ်ပြုလိုက်ပါဦး ကျနော် ကပ္ပိယကြီးဆီ သွားလိုက်ဦးမယ် ”
လူသစ်သည် သူတို့အားလှမ်းကြည့်နေသော ကပ္ပိယကြီးဆီသို့ သွားလိုက်လေသည်။ဦးဖိုးဝေနှင့် သူရိယသည်က ကပ္ပိယကြီးအား အပြုံးဖြင့်သာ နှုတ်ဆက်လိုက်ပြီး ဆရာတော်ရှိရာ ကျောင်းဆောင်ပေါ် သို့ တက်သွားလေသည်။
ကျောင်းကြီးသည် ရှုပ်ပွနေလေ၏။လွန်ခဲ့သောအချိန်များ က တည်းကပင် မလှည်းမကျင်းပဲ ထားဟန်ရှိ၏။ဖုန်များ အတော်ပင် ထူထပ်နေလေသည်။ဆရာတော်သည် ထန်းပက်လက် ကုလားထိုင်လေးတွင် ထိုင်နေလေသည်။ဆရာတော်သည်လည်း အတော်ပင် စိတ်ညစ်နေဟန်ရှိ၏။ထို့နောက် ဦးဖိုးဝေတို့အား မျက်လုံးလှန်ကြည့်လိုက်ကာ အံ့ဩနေသည့်ဟန်နှင့် မိန့်တော်မူလေသည်။
“ဘယ်သူတွေများလဲ ဒီကိုလာခဲ့ပါ ”
“အရှင်ဘုရား တပည့်တော် ဖိုးဝေပါ ဘုရား ”
“ဖိုးဝေ ဟုတ်လား ကြားဖူးသလိုပဲ ”
“လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က ဒီမှာ တည်းသွားခဲ့တဲ့သူပါ ဘုရား ”
“အော် အင်း အင်း ”
ဆရာတော်အား ကြည့်ရသည်မှာ စိတ်နှင့် ခန္ဓာ မကပ်သည့်ပုံ ဖြစ်နေ၏။ဦးဖိုးဝေသည် ဆရာတော်အား အကဲခတ်လိုက်ပြီး လျှောက်ထားလိုက်လေသည် ။
“အရှင်ဘုရား ဘယ်လိုပြဿနာတွေ ရှိနေလို့ပါလဲ ဘုရား ”
“ဘုန်းကြီး ပြောမထွက်ဘူး ”
“အရှင်ဘုရား မမိန့်ချင်ရင်လည်းရပါတယ် ဘုရား တပည့်တော် ဒီကလူရွယ်လေး နှစ်ယောက်ကို အရှင်ဘုရားရဲ့အရိပ်အောက်မှာ ကိုရင် ဝတ်ပေးချင်လို့ပါ ”
“အော် အင်း အင်း ရတယ် အခုတော့ ဘုန်းကြီး ကျိန်းလိုက်ဦးမယ် ”
ဆရာတော်မှ မိန့်တော်မူပြီးနောက် အခန်းထဲသို့ ကြွသွားလေ ၏။ထို့နောက် ဦးဖိုးဝေတို့သည် ကျောင်းအား သန့်ရှင်းရေးလုပ် ပေးလိုက်ပြီး ကျောင်းအပြင်သို့ ပြန်ထွက်ကာ ကပ္ပိယကြီးနေထိုင်ရာ ကျောင်းဆောင်ဆီသို့ သွားလိုက်ကြပါသည်။
◾အခန်း (၃)
ကပ္ပိယကြီး၏ ကျောင်းလေးတွင်တော့ လူစုံတက်စုံရှိနေ သည်။ထိုသူများမှာ ဦးဖိုးဝေတို့ဖြစ်ကြပြီး ကပ္ပိယကြီးအား မေးမြန်းစကားဆိုနေသည် ။
“ကပ္ပိယကြီး ဘယ်လိုဖြစ်ရတာလဲဗျာ ကျုပ်ကို ပြောပြစမ်းပါဦး ”
ကပ္ပိယကြီးသည် မည်သည့်စကားမှပြန်မပြောဘဲ ငေးငိုင်၍ သာ နေ နေရာ ဦးဖိုးဝေမှ ကပ္ပိယကြီးကို စူးစိုက်ကြည့်ကာ စကားဆိုလိုက်လေသည်။
“ကပ္ပိယကြီး ဘာတွေများ ဖြစ်နေတာလဲ ကျုပ်ကို အမှန်အတိုင်း ပြောနိုင်ပါတယ် ကဲ သူရိယရေ ရေမန်းလေးတခွက်လောက်လုပ်ပြီး ကပ္ပိယကြီးကို တိုက်လိုက်ပါဦး”
ဦးဖိုးဝေမှ သူရိယအားခိုင်းလိုက်ရာ သူရိယသည် မဆိုင်းမတွ ထိုင်နေရမှ ထလိုက်ပြီး သောက်ရေအိုးစင်မှ ရေကို ခပ်ကာ ကျောင်းရှိ ဘုရားဆင်းတုတော်ရှေ့တွင် မန်းလိုက်လေသည် ။ ထို့နောက် လူသစ်အား ထိုရေမန်းကို ပေးလိုက်ပြီး
“ကိုလူသစ် ခင်ဗျားပဲ ကပ္ပိယကြီးကို တိုက်လိုက်ပါ ”
“အေး အေး ပေး သူရိယ ”
“လူသစ်ရေ မင်းလည်း သိထားတာလေးတွေရှိရင် ကပ္ပိယကြီးနဲ့ အတူတူ ပြောပြစမ်းပါဦး ”
ဦးဖိုးဝေ၏ စကားကို ဘေးတွင်ရှိသောလူသစ်သည် ခေါင်း ညိတ်ပြီး လက်ခံလိုက်ရင်း ကပ္ပိယကြီးအား လက်ထဲမှ ရေမန်းခွက်ကို ကမ်းလိုက်ကာ စကားဆိုလိုက်လေသည် ။
“ကပ္ပိယကြီး ရော့ သောက်လိုက်ပါဦး ”
လူသစ်ကမ်းပေးသော ရေမန်းအား မဆိုင်းမတွယူလိုက်ပြီး ကပ္ပိယကြီးမှ သောက်လိုက်တော့သည်။ရေမန်းသောက်ပြီး သောအခါ လူသစ်မှ ဦးဖိုးဝေကို ညွှန်ပြကာ စကားဆက်လိုက်ပြန်လေသည် ။
“ဒါ ဆရာကြီးလေ ကပ္ပိယကြီး မမှတ်မိဘူးလား ကျနော်တို့ အိမ်ကို ကပ္ပိယကြီးပဲ ပို့လိုက်တာလေ သူက ကျနော့်လိုပဲ ဆရာတော်ကို ယုံကြည်ပါတယ် ”
ရေမန်းကို သောက်ပြီးသော ကပ္ပိယကြီးသည် ရီဝေနေသော မျက်လုံးများ ပြန်ကြည်လင်လာကာ သူ၏ရှေ့တွင်ရှိသော ဦးဖိုးဝေကို မြင်ရ၍ ဝမ်းသာအားရဖြစ်ပြီး အထစ်ထစ် အငေါ့ငေါ့ နှင့် စကားဆိုလာလေသည် ။
” ဦး ဦးဖိုးဝေလား ကျုပ် ကျုပ်နဲ့ ဆရာတော် ခင်ဗျားကို မျှော်နေတာ ခုလို တွေ့ရတာ ၀မ်းသာလိုက်တာဗျာ ”
“အင်း ကျုပ် ရောက်လာပြီ ကပ္ပိယကြီး ကျောင်းမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျုပ်ကို ရှင်းပြစမ်းပါဦးဗျာ ကျောင်းကြီးကလည်း ကျောင်းပျက်ကြီးလိုပဲ တကယ်ကို ခြောက်ကပ်နေတာပဲ ”
“ခြောက်ကပ်မှာပေါ့ ဆရာကြီးရယ် အခုဆို ရွာဦးကျောင်းကို ဘယ်သူမှ မလာကြတော့ဘူး ဆွမ်းလည်း မလောင်းတော့ဘူး ကျနော်တို့ကပဲ ဆရာတော်နဲ့ ကပ္ပိယကြီးကို နေ့တိုင်းဆွမ်းလာပို့နေရတာ ”
“မောင်လူသစ် ဘယ်လိုဖြစ်တာလဲကွယ် ပြောစမ်းပါဦး ”
“အဓိက ကတော့ ဆရာတော်က မိန်းမပျိုလေးတွေ ခေါ်အိပ်တယ်ဆိုပြီး ဝိုင်းကျဥ်ထားကြတာပဲ ”
“ဟာ ဘယ်လိုတွေ ဖြစ်ကုန်တာလည်းကွယ် ဆရာတော်က သီလ၊အကျင့်သိက္ခာနဲ့ ပြည့်စုံပါတယ် ဒီအလုပ်ကို လုပ်မှာ မဟုတ်ပါဘူး ”
“ဟုတ်တယ် ဆရာကြီး ကျနော်လည်း သိတယ် ဆရာတော်ရဲ့ နောက်မှာ ကပ် ကပ်ပါနေတဲ့ မိန်းကလေးတွေက သာမာန်မဟုတ်ဘူး အမှန်အတိုင်းပြောရရင် လူမဟုတ်ဘူးဆရာကြီး သူတို့က အနက်ရောင်အခိုးငွေ့တွေ ထွက်နေတယ်။အဲ့တာကို ကျနော်က မြင်ရတယ် ဒါပေမဲ့ ရွာသားတွေက သာမာန် မိန်းခလေး လို့ပဲ မြင်နေတာ ”
“သိပြီ သိပြီ ဒီကိစ္စက ပညာအတိုက်တွေလည်း ပါနေတယ် ကပ္ပိယကြီးကပဲ ကျုပ်တို့ကို သေချာပြောပြပေးစမ်းပါဦး”
လူသစ်၏ စကားနှင့်ပင် အတွေ့ကြုံရင့်ကျက်သော ဦးဖိုးဝေ မှာ အနည်းငယ် သဘောပေါက်စပြုနေပြီ ဖြစ်သည်။သို့ပေမဲ့ အကြောင်းစုံ သိဖို့ရာ လိုအပ်သေးသောကြောင့် ကပ္ပိယကြီးကို မေးလိုက်ခြင်း ဖြစ်၏။ကပ္ပိယကြီးသည်လည်း ငေးငေးငိုင်ငိုင် မဖြစ်တော့ပဲ အကောင်းပကတိနီးပါးလောက် ဖြစ်နေပြီဖြစ်၏။ ဦးဖိုးဝေ၏ အမေးစကားကိုကြားသောအခါ သူသည် သက်ပြင်း ရှည်ကြီးတချက်ကို ချလိုက်ကာ
“ဒီပြဿနာတွေအစက ကျုပ်တို့ ကျောင်းကို အာဂန္တုဦးဇင်းတပါး ရောက်လာရာကနေ ဖြစ်တာပဲ ဆရာကြီးရေ သူနဲ့အတူ သူရဲ့ ကပ္ပိယပါ ပါလာတယ် ဆိုပါတော့ဗျာ ”
ကပ္ပိယကြီးသည် ထိုသို့ စကားကို နိဒါန်းချီကာ ကျောင်းတွင် ဖြစ်ပျက်ခဲ့သော အကြောင်းတရားများကို ပြောပြလာပါတော့ သည် ။
◾အခန်း (၄)
ကြာတောရွာ ရွာဦးကျောင်းလေး၏ မနက်ခင်းသည် ကိုရင်လေးများ၏ စကားပြောသံ၊ကပ္ပိယကြီး၏ တံမြက်စည်းလှဲသံတို့အပြင် ကျေးငှက်ကလေးများ၏ အိပ်တန်းပျံသံတို့မှာ မနက်ခင်းလေးနှင့် လိုက်ဖက်စွာ သာယာနာပျော်ဖွယ်တေးသံ တခုလို ဖြစ်နေလေ၏။ခန်းနေ ဦးဇင်းလေးသည်လည်း ကိုရင်လေးများနှင့် စကားပြောကာ ဆရာတော်အား အာရုံဆွမ်းကပ်ဖို့ရာအ တွက် ပြင်ဆင်နေဟန် ရှိ၏။ကပ္ပိယကြီးသည်လည်း ကျောင်း ၀န်းတခုလုံး တံမြက်စည်းလှဲနေရာ ကျောင်းဝန်းအပေါက်ဝသို့ပင် ရောက်လာပြီ ဖြစ်၏။ထိုစဉ် ကျောင်းဝိုင်းဝတွင် ရောက်နေ သော ဦးဇင်းတပါး နှင့် လူတယောက်သည် ကပ္ပိယကြီး၏ အနားသို့ လာ၍ စကားဆိုလေသည်။
“ကပ္ပိယကြီး ထင်တယ် ”
“ဟုတ်ပါတယ် ဘုရား ဘာကိစ္စများရှိလို့လဲ ဘုရား ”
“ဦးဇင်းက ဟိုးသဖန်းကုန်းရွာကပါ ဒီနယ်ဘက်ကို ဓူတင်ကျင့်ဖို့အတွက် မောင်ကျောင်းသားနဲ့ ထွက်လာတာ ဒီကျောင်းမှာ ဓူတင်ဆောက်တည်ဖို့နေရာ မတွေ့ခင်လေးအထိ တည်းခိုချင်လို့ ဆရာတော်ကို လျှောက်မလို့ ကပ္ပိယကြီးရေ ”
“ရတာပေါ့ ဘုရား ဆရာတော်က ငြင်းမှာ မဟုတ်ပါဘူး အာရုံဆွမ်းကော ဘုဥ်းပေးပြီးပြီလား ဘုရား။မဘုဥ်းရသေးရင် တခါတည်း ဘုဉ်းပါ ဘုရား ”
အာဂန္တုဦးဇင်းသည် ခေါင်းကို ညိတ်လိုက်ပြီး ကပ္ပိယကြီး ခေါ်ဆောင်ရာနောက်သို့ သူ၏ ကျောင်းသားနှင့်အတူ လိုက်သွားလေသည်။များမကြာသောအချိန်တွင် ဆွမ်းစားကျောင်းဆောင် သို့ရောက်လာပြီး ကျောင်းတွင် ဆွမ်းဘုဉ်းနှင့်နေသော ရွာဦးကျောင်းဆရာတော်အား ကပ္ပိယကြီးမှ ဦးချကန်တော့လိုက်သည်။သူ့နည်းတူ ကျန်ဦးဇင်း နှင့်အတူပါလာသော ကျောင်း သားသည်လည်း ဦးချကန်တော့လိုက်လေ၏။ထိုအခါ ဆရာတော်သည် အာဂန္တုဦးဇင်းကို ကြည့်ကာ
“အရှင်ဘုရား ဘာကိစ္စရှိလို့လဲ ဘုရား”
“တပည့်တော် ဓူတင်ကျင့်ကြံနေတာပါဘုရား ဒီနယ်က သုသာန်တွေမှာ ဓူတင်ကျင့်ကြံဖို့ ဒီဘက်ကိုကြွလာတာပါဘုရား ဆရာတော်ရဲ့ကျောင်းမှာ ခေတ္တခဏတည်းခိုခွင့်ပြုနိုင်မလားလို့ပါ ”
“ရတာပေါ့ ဘုရား သာသနာ့ဝန်ထမ်းတွေပဲ ငြင်းစရာမရှိပါဘူး ဒါပေမဲ့ အရှင်ဘုရားရဲ့ဘွဲ့အမည်လေး တပည့်တော်ကို မိန့်ပါဦးဘုရား”
“တပည့်တော်ရဲ့ဘွဲ့ အမည်က အဂ္ဂဓမ္မလို့ မည်ပါတယ်ဘုရား ”
“တယ်လည်း အဓိပ္ပါယ်ပြည့်စုံပေတာပဲ ဒါနဲ့ ဒီဒကာကြီးက”
“ဒါက တပည့်တော်ရဲ့ကျောင်းသား မိုးလုံးလို့ ခေါ်ပါတယ် ဘုရား ”
“ကဲ ကဲ အရှင်ဘုရား အာရုံမဘုဉ်းပေးရသေးရင် တခါတည်း ဘုဉ်းလိုက်ပါ။ပြီးရင် ကပ္ပိယကြီးက အရှင်ဘုရားတို့ တည်းဖို့ ကျောင်းလိုက်ပြလိမ့်မယ် ”
“တင်ပါ့ ဘုရား ”
အာဂန္တုဦးဇင်းသည် ဆွမ်းစားကျောင်းကို ဝေ့ကြည့်လိုက်သည်။ကြာတောရွာသည် ရွာတိုးတက်သည်နှင့် အညီ ဘုန်းကြီး ကျောင်းသည်လည်း အတော်ကို ခေတ်မှီသည်ဟု တွေးလ်ိုက်သည်။တိုက်ကျောင်းများမို့ ရွာနီး၀န်းကျင်ကျောင်းများထက် ပို၍ပင် တင့်တယ်လှပေသည်။ထို့နောက် အာဂန္တုဦးဇင်းသည် အတွေးစကို ဖြတ်လိုက်ကာ ဆရာတော် နှင့်အတူ အာရုံဆွမ်းဘုဉ်း ပေးလိုက်လေတော့သည် ။
◾အခန်း (၅)
ကြာတောရွာဦးကျောင်းလေးတွင် အာဂန္တုဦးဇင်း နှင့် သူ၏ ကျောင်းသားတို့ ရောက်လာသည်မှာ တပတ် ပြည့်ပြီဖြစ်၏။ဦးဇင်း၏ နေထိုင်ပုံကြောင့် ကြာတောရွာသားများသည် ကြည်ညို နေကြပြီ ဖြစ်၏။ဆရာတော်သည်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် ဓူတင်ကျင့်ကြံသည်ဟုသိရသော ဦးဇင်းအား သူ၏ ကျောင်းတွင် အဆင်ပြေသလောက်နေထိုင်ခွင့်ပြုကြောင်း မိန့်ထားလေသည်။ယခု ထိုဦးဇင်းအား တည်းဖို့ခွင့်ပြုထားသော ကျောင်းလေးတွင် ဖြစ်သည်။၊ ဦးဇင်းသည် ပက်လက်ကလားထိုင်တွင် ထိုင်နေပြီး သူ့အား ဝတ်ဖြည့်နေသော မိုးလုံးဟု အမည်ရသောကျောင်းသားအား စကားဆိုနေလေသည်။
‘မိုးလုံးရေ ကြာတောရွာဦးကျောင်းက မြို့တိုက်ကျောင်းကြနေတာပဲ ”
“မှန်တယ် ဘုရား အလှု့ဒါယိကာတွေကလည်း ပေါလိုက်ပါဘိ”
“အင်း ဒီကျောင်းကို တို့များအပိုင်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ”
“အရှင်ဘုရားက ဒီ ကျောင်းကို လိုချင်လို့လား ”
“ရွာထဲက လူတွေကလည်း စေတနာကောင်းဆိုတော့ လိုချင်သား မိုးလုံးရ”
“လိုချင်ရင် လွယ်ပါတယ် ”
“ဘယ်လိုလွယ်တာလဲ မိုးလုံး ”
“ဘုန်းကြီး နဲ့ ရွာသားတွေကို တိုက်လိုက်ကြတာပေါ့ ”
“အင်း မင်းကတော့ အောက်လမ်းလို့ မပြောရဘူး ဒီလို အကြံတွေက တယ်ထွက်သကိုး ”
“အရှင်ဘုရားတပည့်ပဲလေ အဲ့လောက်တော့ ရှိတာပေါ့ ”
“ဟုတ်ပါပေ့ ဟုတ်ပါပေ့ ကဲ မိုးလုံးရေ မင်း အတွေးထဲက အတိုင်း လက်တွေ့ အကောင်ထည်ဖော်လိုက်တော့ကွာ မင်းတွေးတဲ့အတိုင်း ငါလည်းတွေးနေတယ်ဟေ့ ”
“တွေးလေ တွေးလေ လိုချင်လေပဲ မဟုတ်လား ဘုရား ”
“မင်းကလည်း လိုချင်တာပေါ့ဟ ငါတို့ အကြောင်းကို ဘယ်သူမှ သိလို့မဖြစ်ဘူး ဒီ တခုတော့ သတိထားရမယ် ”
“ဘယ်သူမှ မသိနိုင်ပါဘူးဘုရား အရှင်ဘုရားက ဒီလောက် သရုပ်ဆောင်ကောင်းတာ ”
“ရွာထဲက လူတွေကို အကူအညီတောင်းပြီး တောကျောင်းလေးတော့ ရွာသင်္ချိုင်းနားမှာ ဆောက်ခိုင်းရဦးမယ် ရွာသားတွေက ဒီကျောင်းကို လာပါလို့ ပင့်အောင်လုပ်ရမယ် မိုးလုံးရေ ”
“အရှင်ဘုရားက တပည့်တော်ထက် အကြံပိုင်ပါတယ် ဘုရား တပည်တော်တို့ လုပ်ငန်း ဘယ်တော့စကြမလဲ ”
“အင်း သိပ်မကြာခင် စကြာတာပေါ့ကွာ ”
ထို့နောက် ဆရာတပည့်နှစ်ယောက် တယောက်ကို တယောက်ကြည့်ကာ ပြုံးရယ်လို့ နေပါတော့သည် ။အမှန်စင်စစ် ထိုသူနှစ်ယောက်မှာ အရပ်တကာကို လှည့်လည်လိမ်နေသော လူလိမ်ဦးဇင်းနှင့် အောက်လမ်းဆရာ ဖြစ်ချေ၏ ၊
အပြင်ပန်းဟန်ဆောင်ကောင်းသော ဦးဇင်းမှာ တကယ်တော့ သင်္ကန်းကို အကာအကွယ်ယူထားသော မိစ္ဆာတပိုင်း လူတပိုင်းဖြစ်ပြီး ယခု ကြာတောရွာ ရွာဦးကျောင်းလေးအား အပိုင်ရရန် ကြံနေကြပါလေသည်။ထိုစကားကို ဆွမ်းစားဖို့ရာ လာပင့်သောကပ္ပိယကြီးမှ မထင်မှတ်ပဲ ကြားသွားသည်အား သူတို့နှစ်ယောက် သတိမထားမိပေ။ထို့နောက် ကပ္ပိယကြီးသည် အာဂန္တု ဦးဇင်းအား ဆွမ်းစားဖို့မခေါ်တော့ပဲ ဆရာတော်ရှိရာ ကျောင်း ဆောင်သို့သာ အလျင်အမြန် ပြေးသွားလိုက်ပါတော့သည် ။
◾အခန်း (၆)
ကပ္ပိယကြီးသည် ဆရာတော်၏ ကျောင်းကြီးပေါ်သို့ အလျင်အမြန်တက်လိုက်လေသည်။ကျောင်းပေါ်တွင်တော့ ဆွမ်းစားရန် ဟန်ပြင်နေသော ဆရာတော်အား ကပ္ပိယကြီး သည် ရေးကြီးသုတ်ပြာနှင့် ရှေ့မှ ပိတ်ပြီး ထိုင်လိုက်လေသည် ။ ထို့နောက် အမောတကောလေသံဖြင့် ဆရာတော်အား လျှောက်တင်လေသည်။
“ဆရာတော်ဘုရား ဆရာတော်ဘုရား ”
“ဟဲ့ ကပ္ပိယကြီး ဘယ်လို ဖြစ်တာတုန်းကွယ် နင့်ဟာက အမောတကောနဲ့ ”
“ပြောစမ်းပါဦး ဘာတွေများ အရေးကြီးလို့လဲ ”
“ဆရာတော်ဘုရား အခု ကျောင်းမှာ တည်းနေတဲ့ ဦးဇင်း နဲ့ ကျောင်းသားက လူကောင်းတွေ မဟုတ်ကြပါဘူး ဘုရား သူတို့က အကြံဆိုးတွေနဲ့ပါ အခု ဆရာတော် နဲ့ ရွာကို တိုက်ဖို့ လုပ်နေတယ် ဘုရား ”
“တယ် ကပ္ပိယကြီး သေရည်များသောက်ထားရော့လား အာဂန္တုဦးဇင်းလေးက အကျင့်သီလနဲ့ပြည့်စုံပါတယ် ကပ္ပိယ ကြီးရယ် ဘာတွေများ အတွေးလွန်နေတာပါလိမ့်မယ် ”
“တပည့်တော် အတွေးလွန်တာ မဟုတ်ရပါဘူး ဘုရား နားနဲ့ ဆတ်ဆတ် ကြားခဲ့တာပါ သူတို့တွေ အရှင်ဘုရားနဲ့ ပတ်သတ်ပြီး အကောက်ကြံကြမှာ ဘုရား ”
“အင်း သူတော်ကောင်းအကျင့်ကို ကျင့်ကြံနေတဲ့ သံဃာတော် တွေကို ကာယကံ၊ဝစီကံ၊မနောကံ ကံသုံးပါးလုံး နဲ့ ပစ်မှားလို့ မသင့်ဘူး ကပ္ပိယကြီး ”
“ခက်တော့ ခက်ပါပြီ ဘုရား တပည့်တော် အမှန်အတိုင်း ပြောနေတာပါ တပည့်တော် နဲ့ ဆရာတော်ဆိုတာ ငယ်ဆရာ ငယ်တပည့်တွေပါ ”
ကပ္ပိယကြီးသည် ကြားခဲ့ရသည်ကို လျှောက်တင်နေသော် လည်း ဆရာတော်ကြီးမှာက မယုံကြည်ပေ။အာဂန္တုကိုယ်တော် ၏ အပြင်ပန်းဟန်ပန်နှင့် သရုပ်ဆောင်မှု့အား အမှန်တကယ် ယုံကြည်နေ၍ ကပ္ပိယကြီးအား ဆရာတော် မယုံကြည်ခြင်းဖြစ်လေ၏။ကပ္ပိယကြီးသည် လက်မလျှော့ဘဲ ထပ်မံလျှောက်မည့် ဟန် ပြင်လိုက်စဉ်မှာပင် အသံတသံက သူ၏ နောက်ကျောမှ ပေါ် ထွက်လာလေသည်။ထိုအသံကြောင့် ကပ္ပိယကြီးသည် တချက်တုန်၍ပင်သွားသည်။
“ဘာတွေများ ခက်နေတာလဲ ကပ္ပိယကြီး ”
အာဂန္တုဦးဇင်းသည် ထိုသို့ပြောပြီး ကပ္ပိယကြီးအား ဘေးမှ ရပ်လျက် စူးစိုက်ကြည့်နေ၏။ကပ္ပိယကြီးသည်က ဦးဇင်း၏ အကြည့်ကို ရင်မဆိုင်ရဲပဲ မျက်နှာ လွှဲနေရသည်။ဆရာတော် သည် ဦးဇင်းအား ငြိမ်းအေးသော အသံဖြင့် မိန့်တော်မူလေသည်။
“အရှင်ဘုရား ဘာကိစ္စများရှိလို့ ကျောင်းပေါ်ကြွလာရတာလဲ ဘုရား ”
“ဆရာတော် ဆွမ်းစားဖို့ နောက်ကျနေလို့ တပည့်တော် လာပင့်တာပါဘုရား ”
“ဟုတ်တယ် အရှင်ဘုရားရေ ဒီနေ့ဘုန်းကြီးရဲ့ ကပ္ပိယကြီး စကားအဆန်းတွေ ပြောနေလို့ကွယ် ”
“ကပ္ပိယကြီးက ဘာတွေလျှောက်လို့လဲ ဘုရား ”
ဆရာတော်သည် ဦးဇင်၏ အမေးကို ချက်ချင်းမဖြေပဲ ကပ္ပိယကြီးကို ကြည့်လိုက်သည်။ထို့နောက် ဆရာတော်မှ ဦးဇင်း၏ အမေးအား
“ဘာမှ မဟုတ်ပါဘူး အရှင်ဘုရားရယ် အရည်မရအဖတ်မရတွေပါ ကဲ ကဲ ဆွမ်းစားချိန်တောင် နည်းနည်းနောက်ကျပေါ့ ကြွ ကြစို့ ဘုရား ”
ဆရာတော်မှာ ထိုသို့မိန့်ပြီး ရှေ့မှ ကြွသွားလေသည်။ဦးဇင်းသည် နောက်မှနေ၍ ထိုင်နေသော ကပ္ပိယကြီးအား ငဲ့စောင်းကြည့်ကာ
“ကပ္ပိယကြီး ကိုယ့်နေရာကိုသိရင် ပိုကောင်းမယ်နော် ဦးဇင်း ဒါပဲ ပြောချင်တယ် ”
ဦးဇင်းသည် ကပ္ပိယကြီး၏ ခွန်းတုန့် ပြန်စကားကို မစောင့်ဘဲ ဆရာတော်၏ နောက်သို့ ကြွချီသွားလေသည်။ကပ္ပိယကြီးသည်လည်း ကျောင်းကြမ်းပြင်တွင် ထိုင်လျက်သား ကျန်ခဲ့ပါလေတော့သည် ။
◾အခန်း (၇)
အာဂန္တုဦးဇင်းနှင့် သူ၏ ကျောင်းသားတို့ ကြာတောရွာဦး ဘုန်းတော်ကြီးကျောင်းတွင် တည်းနေသည်မှာ ယခုဆိုလျှင် တလ တင်းတင်း ပြည့်ပြီ ဖြစ်သည်။အာဂန္တုဦးဇင်းသည် ဆရာတော်၏ ကျောင်းတွင် တရားထိုင်၍ ကောင်းသည်ဟု ပြောကာ တခြားဓူတင်ဆောက်တည်မည့်နေရာ မရှာသေးဘဲ ယခုကျောင်းမှာပင် တရားကျင့်ကြံနေသည်ဟု လျှောက်တင်ခြင်း ဖြစ်သည်။ရိုးသားလှသော ရွာဦးကျောင်း ဆရာတော်ကိုယ်တိုင် ထိုဦးဇင်းအား လိုလေသေးမရှိအောင်ထားသည့်အပြင် ခန်းနေဦးဇင်း နှင့်ကိုရင်လေးများကိုပါ ဂရုစိုက်ခိုင်းလေသည်။ ပေါင်းတတ်သင်းတတ်သော အာဂန္တုဦးဇင်းသည် ကောင်းမွန််လှသော ဟန်ပန်နှင့် ကျောင်းနေသံဃာများအားလုံး အဆင်ပြေသင့်မြတ်အောင် နေထ်ိုင်လေသည်။ကပ္ပိယကြီးသည်သာ ထိုဦးဇင်းနှင့် မျက်နှာချင်းမဆိုင်ဝံ့ဘဲ ရှောင်ဖယ်၍ သာ နေလေ၏။ယခု အာဂန္တုဦးဇင်းသည် သူ၏ ကျောင်းသား နှင့် အတူ အခန်းထဲတွင် တိုးတိုးတိတ်တိတ် တိုင်ပင်နေလေသည်။ သူတို့ တိုင်ပင်နေသည်မှာ
“အရှင်ဘုရား အခြေအနေဘယ်လိုလဲ တပည့်တော် လှုပ်ရှားရတော့မလား ”
“ရွာက လူတွေကတော့ ငါ့ကို အတော်ယုံနေပါပြီ။ပြီးတော့ ကျောင်းနေသံဃာတွေလည်း ငါ့စကားကို အတော် နားထောင် လာပြီ။မနက်ဖြန် ရွာထဲက ဒကာတွေ လာရင်တော့ ငါ့ လေသံ ပစ်ကြည့်လိုက်ဦးမယ် မင်း လုပ်စရာရှိတာကိုသာ လုပ်ထားတော့ ”
“တပည့်တော်က အဆင်သင့်ဖြစ်ပြီ သူများတွေ အမြင်မှာ ရွာဦးကျောင်းဘုန်းကြီးရဲ့အနောက်မှာ မိန်းမငယ်လေးတွေကို မြင်နေရအောင်စီရင်ထားတယ် ”
“အေးကောင်းတယ် ငါက ကျောင်းယာယီနေဖို့ ရွာသားတွေက သင်္ချိုင်းနား ဆောက်ခိုင်းထားမယ် ပြီးရင် ဒီကျောင်းက ကိုယ်တော်တွေ ကိုရင်တွေပါ တို့ဆီရောက်အောင် လုပ်ရမယ် ”
“ကောင်းတာက ကောင်းပါတယ် ဒါပေမဲ့ ဟိုကပ္ပိယကြီးက နည်းနည်းစိုးရိမ်ရတယ်နော်”
“မင်းကလည်းကွာ သူ့ကို စိတ်လွတ်အောင်တောင် မင်းမလုပ် နိုင်ဘူးလား ”
“လုပ်နိုင်တာပေါ့ အရှင်ဘုရားရယ် ”
“ကဲ အဲ့တာဆိုရင် ငါတို့ မနက်ဖြန်ပဲ လုပ်ငန်းစမယ် မင်း လည်း အဆင်သင့် ဖြစ်အောင်သာ လုပ်ထားတော့ ”
“တင်ပါ့ ဘုရား မကြာခင် ဒီကျောင်းက တပည့်တော်တို့ ပိုင်ရတော့မှာပေါ့နော် ”
“အေးပေါ့ မိုးလုံးရာ ”
“အရှင်ဘုရား ကျောင်းထိုင်ဖြစ်ရင် တပည့်တော်ကို မမေ့ရဘူးနော် ဟိုကျောင်းဆောင်ထဲက မြစိမ်းဆင်းတုတော်က အတော်တန်ဖိုးရှိလောက်တယ် ”
“ရွာသားတွေဆီက ရသလောက် ခွာပြီးရင် ရှိတာ မပြီး လစ်ကြတာပေါ့ မိုးလုံးရာ ”
“အရှင် ဘုရားကတော့ သင်္ခန်းတစုံ နဲ့ လုပ်စားတတ်ပါပေ့ လူတွေကလည်း ဟန်ကောင်းတဲ့ လူတွေကို ယုံတော့ ခံပေဦးပေါ့ ”
အာဂန္တုဦးဇင်း နှင့် ကျောင်းသားသည် အခန်းထဲတွင် ရယ်မောကာ အချင်းချင်း စကားဆိုနေပါတော့သည် ။
◾အခန်း (၈)
ကြာတောရွာမှ ရွာလူကြီးအပါအဝင် ရွာမျက်နှာဖုံး ကျောင်း ဒါယိကာ၊ကျောင်းဒါယိကာမကများသည် ဓူတင်ဆောက်သည့် ကိုယ်တော်ဟူ၍ အာဂန္တုဦးဇင်းအား အတော်ကို ကြည်ညို ကိုးကွယ်နေလေသည်။ယခုလည်း ဆရာတော်ကြီးမရှိချိန် အာဂနု ဦးဇင်းသည် ကျောင်းကြီးပေါ်တွင် တရားပလ္လင်ပေါ် ထိုင်၍ ရွာသားများအား ဒါန သီလ ဘာဝနာ တရားဟောကြားနေလေသည်။အဟောကောင်းအပြောကောင်းမို့ ကြာတောရွာသားများမှာ အာဂန္တုဦးဇင်းအား အတော်ကို ကြည်ညိုနေလေသည်။ဦးဇင်းသည် တရားဟော၍ ပြီးသွားသောအခါ သူ၏ ရှေ့တွင် ရှိနေသော ရွာလူကြီးအား ကြည့်ကာ စကားဆိုလေသည်။
“ရွာလူကြီး ”
“ဘုရား ”
“ဦးဇင်း တခုလောက် မေတ္တာရပ်ခံချင်တယ် ”
“မိန့်တော်မူပါ ဘုရား ”
“ဦးဇင်း သီတင်းသုံးဖို့ ကျောင်းနေရာလေး နဲ့ ကျောင်းလေး အတွက် အလှုခံချင်လို့ပါ ”
“ဘာဖြစ်လို့ပါလဲ ဘုရား ဒီမှာ သီတင်းသုံးရတာ အဆင်မပြေလို့လား ဘုရား ”
“အင်း ဦးဇင်း စိတ်လွတ်လပ်စွာ တရားအားထုတ်ချင်လို့ပါ ခမ်းနားဖို့ မလိုပါဘူး ”
“အရှင်ဘုရားက ဘယ်နေရာမှာ သီတင်းသုံးချင်တာလည်း ဘုရား တပည့်တော်တို့ ရပ်ရွာလူကြီးတွေ နဲ့ ဆွေးနွေးပြီး ဆောက်ပေးပါ့မယ် ”
“သင်္ချိုင်းတောင်ဘက်က တောလေးထဲမှာဆို အဆင်ပြေပါတယ် ဒကာကြီးတို့ ”
“တင်ပါ့မယ် ဘုရား တပည့်တော်တို့ အမှန်အတိုင်း ဆောင် ရွက်ပေးပါ့မယ် ဘုရား ”
ရွာလူကြီးများသည် ဦးဇင်း၏ အမူအယာကို ကြည့်ပြီး ပြဿနာတခုခုရှိနေပြီဆိုသည်အား သတိထားမိနေလေသည်။ထိုပြဿနာသည်က ဦးဇင်းဟု သူတို့ မထင်ပါ။သူတို့၏ စိတ်ထဲ တွင် ထိုဦးဇင်းသည် သူတော်ကောင်း ဖြစ်၏။ထို့ကြောင့် တယောက်က သူတော်ကောင်းဆိုက ကျန်တယောက်မှာ သူယုတ် မာ ဖြစ်ရပေမည်။ထိုသို့ ဖြစ်အောင်လည်း ကြိုတင် အကွက်ချထားသော အာဂန္တုဦးဇင်းသည် သူ၏ ဘေးတွင်ရှိနေသော မိုးလုံးအား ရွာလူကြီးများ၏ အနီးတွင်နေစေ၍ သူသည် ကျောင်းသို့ပြန်ကြွ သွားလေသည်။ဦးဇင်း ပြန်ကြွသွားသောအခါ ရွာလူကြီးသည် မိုးလုံးအားခေါ်ပြီး လေသံတိုးတိုး နှင့် မေးမြန်း လေတော့သည်။
“ကျောင်းသား ဦးဇင်းက ဒီမှာ ဘာလို့ သီတင်းမသုံးချင်တော့တာလဲ ”
“မပြောချင်ပါဘူး ဗျာ ”
“ပြောမှ သိမှာပေါ့ ပြောပါ”
“ကျုပ် ပြောတာထက် ရွာလူကြီးတို့ လက်တွေ့ မြင်ရတာပို အဆင်ပြေပါလိမ့်မယ်။ ညနေခပ်လှမ်းလှမ်းကနေ ကျောင်းထဲ ကို ချောင်းကြည့်ပေတော့ ကျုပ်လည်း ဒါပဲ ပြောနိုင်မယ် ”
ရွာလူကြီးသည် မိုးလုံး၏ စကားကို နားမလည်ပေ။သို့ပေမဲ့ သူတို့ ၏ စိတ်ထဲတွင်တော့ မိုးလုံးပြောသည့်အတိုင်း ချောင်း ကြည့်မည်ဟု စိတ်ပိုင်းဖြတ်ထားလိုက်ပါတော့သည် ။
◾အခန်း (၉)
ရွာဦးကျောင်း ဆရာတော်သည် ညနေအချိန်တွင် ကျောင်း သို့ပြန်ကြွလာလေသည်။ကပ္ပိယကြီးသည်လည်း ဆရာတော်၏ နောက်မှ ငူငူ ငိုင်ငိုင်နှင့် ပါလာလေသည်။ကျောင်းသို့ ရောက်သောအခါ ခန်းနေဦးဇင်း အပါအဝင် ကိုရင်လေးများသည် ဆရာတော်အား စူးစမ်းသလို ကြည့်နေကြသည်။ဆရာတော် ကျောင်းပေါ်သို့ရောက်သောအခါ မည်သူမှ ကျောင်းထဲ လိုက်မဝင်ပဲ အပြင်ကနေ၍ ပါးစပ် အဟောင်းသားနှင့် ကြည့်ရင်း
အာဂန္တု ဦးဇင်း၏ ကျောင်းသို့ ခပ်သွက်သွက် လျှောက်သွားပြီး
“အရှင်ဘုရား အရှင်ဘုရား ”
“အရှင်ဘုရားတို့ အမောတကော နဲ့ ဘာဖြစ်လို့လဲ ဘုရား ”
“အရှင်ဘုရား ရဲ့ကပ္ပိယ ပြောတာ မှန်တယ် ”
“ဘာဖြစ်လို့လဲ ဘုရား ”
“ဆရာတော် နောက်က မိန်းကလေးတယောက် ဟို ဟို ဆရာတော် နဲ့ အတူ အခန်းထဲ ဝင်သွားတယ် ဘုရား ”
“အင်း ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ တပည့်တော်ကို မပြောပါ နဲ့ ဘုရား တပည့်တော်က ရွာကလူတွေဆောက်ပေးတဲ့ ကျောင်းလေးမှာပဲ သွားနေတော့မယ်လို့ ဆုံးဖြတ်ထားပါပြီ ”
“အရှင်ဘုရား ကြွမယ်ဆိုရင် တပည့်တော်တို့လည်းလိုက်ခဲ့ပါမယ်ဘုရား အစောက သေချာမြင်ခဲ့တာ ဒီကျောင်းမှာ မနေချင် တော့ဘူး ”
“ဦးဇင်းလည်း ဘာမှ မပြောလိုဘူး ”
အာဂန္တုဦးဇင်းသည် အိန္ဒြေရနေပေမဲ့ သူ၏ စိတ်ထဲတွင်တော့ ပျော်နေလေသည်။သူတို့၏ ပထမ အကြံအစည်သည် အောင် မြင်ပြီ ဖြစ်၏။ထိုနေ့ ညနေအချိန်တွင်
ရွာလူကြီး နှင့် ရွာမှရပ်မိရပ်ဖ နှစ်ယောက်တို့သည် ကျောင်းဝန်းအပြင်ဘက် သရက်ပင်ကြီး၏အောက်နားမှ ကျောင်းဝန်းထဲသို့ မသိမသာ အကဲခတ်ကြည့်နေလေသည်။မကြာသော အချိန်တွင် တရာတော်သည် ကျောင်းထဲမှ ထွက်လာရာ သူ၏ နောက်တွင် ကိုယ်ခန္ဓာတောင့်တောင့်ဖြောင့်ဖြောင့်နှင့် မိန်းမပျို တဦးကပ်ပါလာ၍ ရွာမှလူကြီးများ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ထို့နောက် ဆရာတော်ကျောင်းထဲပြန်ဝင်ချိန်၌ မိန်းကလေးကပါ လိုက်ဝင်သွား၏။ဆရာတော်သည်က တံခါးကို ပိတ်လိုက်ရာ ရွာလူကြီးသည် တောက်တချက်ကို ပြင်းစွာခေါက်လိုက်ရင်းမှ မကျေမနပ်ဖြင့် စကားဆိုတော့သည်။
“တောက် တို့တတွေကတော့ နှစ်ပေါင်းများစွာ ယုံကြည်ကိုးကွယ်လာတာ သူကတော့ ဘုန်းကြီးဆိုတဲ့ဂုဏ်ပုဒ်ကိုတောင် မထောက် ”
“အေးဗျာ အသက်တွေလည်း ကြီးနေပြီ ဒီလိုဖြစ်တာတော့ ကျုပ်လည်း မယုံနိုင်ဘူးဗျာ အဲ့တာကြောင့်မို့ အာဂန္တု ဦးဇင်းက ဒီမှာ မနေချင်တာပဲ ”
“တကယ် မနေသင့်တာက သူပါဗျာ သူထက်ငယ်တဲ့ ဦးဇင်းက တရားအားထုတ်နေတဲ့အချိန်မှာ သူကတော့ ကျုပ်တို့ ရွာကျောင်းဆရာတော်လို့ ပြောရမှာ ရှက်လ်ိုက်တာဗျာ ”
“တောက် ဒီကိစ္စ ရွာသားတွေကို အသိပေးပြီး ဒင်းကို နှင် ထုတ်ရမယ် ပြီးတော့ ဦးဇင်းလေးကို ကျောင်းထိုင်ခိုင်းရမယ် ”
“ချက်ချင်းကြီး လုပ်လို့က အဆင်မပြေဘူးဗျာ ရွာသားတွေက ဒီကိစ္စတန်းပြီး ယုံမှာ မဟုတ်ဘူး”
“ဒီကိစ္စကို ရွာသားတွေလည်း သိလာမှာပါ ပြီးရင်တော့ လုပ်သင့်တာ လုပ်ရမှာပဲ ”
ဤသို့ဖြင့် ရွာလူကြီး နှင့်ရပ်မိရပ်ဖများသည် မကျေမနပ် ပြောဆိုကာ ရွာဘက်သို့ ပြန်ခဲ့လိုက်ကြပါလေတော့သည် ။
◾အခန်း (၁၀)
ကပ္ပိယကြီးသည် ဦးဖိုးဝေအား ကျောင်းတွင် ဖြစ်ပျက်ခဲ့သမျှအရာများကို ပြောပြပြီးနောက်တွင် ဆရာတော်အတွက် စိတ်မကောင်း ဖြစ်နေပြီး မျက်ရည်များဝဲကာ
“အခုဆိုရင် ရွာသားတွေက ဆရာတော်ကို လပြည့်နေ့ နောက်ဆုံးထားပြီး နှင်ထုတ်လိုက်ကြပြီ။ဦးစံပေါ နဲ့ မောင်လူသစ်ကလွဲပြီး တရွာလုံး ဘယ်သူမှ မယုံကြဘူး ဆရာတော်လည်း စိတ်ထောင်းကိုယ်ကြေ ဖြစ်နေပြီ။ ဒီဦးဇင်း ယုတ်မာမယ်ဆိုတာ ကျုပ် အစကတည်းက သိတယ် ”
“ကဲ ကဲ စိတ်မပူပါ နဲ့ ဆရာတော်ရဲ့ဝဋ်က အဆုံးသတ်တော့မှာပါ ကပ္ပိယကြီး အခု အဲ့ဒီဦးဇင်းက သင်္ချိုင်း တောင်ဘက်မှာ နေတာမလား ”
“ဟုတ်တယ် ဆရာကြီး ”
“စိတ်မပူနဲ့ ကျုပ်ရှင်းပေးမယ် ”
“ဆရာကြီးတို့ လာတာ ကျုပ်ကို ဘုရားမတာပါပဲဗျာ ”
ဦးဖိုးဝေသည် ကပ္ပိယကြီးအား ပြုံး၍ နှစ်သိမ့်ပေးလိုက်ပြီး သူ၏ စိတ်ထဲတွက်တော့ တွေ့ပြီပေါ့ အရေခြုံရာဟု ကြုံးဝါးနေလိုက်ပါတော့သည် ။
◾ဦးဖိုးဝေ နှင့် ကြာတောရွာဦးကျောင်း အရှုပ်တော်ပုံက ဤမျှသာ။ မကြာမီ ဦးဖိုးဝေ နှင့် အရည်ခြုံ အမည်ရသော ဇာတ် လမ်းလေးအား တင်ဆက်ပေးပါမည် ။
ဦးဇင်း ၏ ကျောင်စသိူ့ ခပ်သွက် သွက် လျှောက်သွားပြီး
“အရှင်း ဘုရား အရှင်ဘုးရား ”
“အရှင်ဘုရားတို့ အမောတကော နဲ့ ဘာဖြစ်လြိ့ လဲ ဘုရာစ ”
“အရှင်ဘုရား ရဲ့ ကပ္ပိယ ပြောတာ မှန်တယ် ”
“ဘယလွိ့ လဲ ဘုရား ”
“ဆရာတော် နောက်ညမှ မိန်းကလေး တယောက ်ဟို ဟို ဆရာတော် နဲ့ အတူ အခန်း ထဲ ဝင်သွားတယ် ဘုရား ”
“အင်း ဒီ ကိစ္စ နဲ့ ပတ်သက် ရင်တော့ တပည်တော် ကြိ မပြောပါ နဲ့ ဘုရား တပည်တော် က ရွာကလူတွေဘဆောက်ပေး တဲ့ ေျကာင်းမှာ ပဲ သွားနေတော့ မယ် လို့ ဆုံးဖြတ် ထားပါပြီ ”
“အရှင် ဘုရား ကြွမယ် ဆို တပည်တော် တို့လဘ်းညလိုက်မာ် ဘုရား အစောက သေချာမြင်ခဲ့တာ ဒီကျောင်စမှာ မနေ ချကိောတ့ဘူး ”
“ဦးဇင်းလည်း ဘာမှ မပြောလြိ ဘူး ”
အာဂါနု ဦးဇင်းသည် အိဒြေ ရစွာ နေနေ ပေမဲ့ သူ၏ စိတ်ထဲညတွက်တော့ ပျေည်နေလေသည် သူတို့ ၏ ပထမ အကြံ သည်က အောင်မြင်ပြီ ဖြစ်၏ ၊ ထို့နေည နေ အချိန် တွင် ဖြစ်၏
ရွာလူကြီူ နှင့် ရွာမှ ရပ်မိရပ် ဖ နှစ်ယောက်တို့ ကျောင်းဝန်း အပြင် ဘက် ရှိ စရက် ပင်ကြီး အောက်နားမှ ကျောင်း ဝန်းထဲ သို့ မသိမသာ အကဲ ခက်ကြည့် နေလေသည် ၊ မကြာသော အချိန် တွင် တရာတော်သည် ေျကာင်စထဲ မှ ထွက်လာရာ သူ၏ နောက်တွင် ကိုယ်ခန္ဓာ တောင်ောတင့် ဖြေည်င့ ဖြော်င့ မိနး်မပျို ပါလာ၍ ရွာမှ လူကြီးများ ပါးစပ် အဟောင်း သာ ဖြး်နေကြရသည် ထို့နောက် ဆရာတော် ကျောင်းထဲ ပြန် ဝင် ချိန် မိနး် ကလေးက ပါ လိုက်ဝင်သွား၏ ဆရာတော်သည်က တံခါးကို ပိတ်လိုက်ရာ ရွယလူကြီးသည် တောက် တချက်ကြိ ပျင်းစွာခေါက်ဥ မကျေမနပ် စကားဆိုလေတော့သ်ည
“တောက် တို့ကတော့ နှစ်ပေါင်း များစွာ ယုံကြည်ကိုးကွာ်လညတာ သူကတော့ ဘြနး်ကြီူ တိုတဲ့ နာမည်ကြိ တောင် မထောက် ”
“အေးဗျာ အသက်တွေ လည်း ကြီးနေပြီ ဒီလြိ ဖ်ြူတာတော့ ကျညပ်လည်း မယုံ နိုင်ဘူးဗျာ အဲ့တာ ကြောင့်မြိ့ အာဂါ နု ဦး ဇင်းက ဒီမှာ မနေချင်တာပဲ ”
“တကာ် မနေသင့်တာ က သူပါဗျာ သူထက် ငာ် တဲ့ ဦးဇင်းက တရားအားထြတ် နေတဲ့ ချိန် သူကတော့ ကျုပ်တို့ ရွာက ကျောင်းဆရာတော်လိာ့ ပြောရမှာ ရှက် လ်ုကတာ ဗျာ ”
“တောက် ဒီကိစ္စ ရွာသားတွေက်ု အသိပေးပြီး ဒင်းကို ောမင်းထုတ်ရမယ် ပြီူောတ့ ဦးဇင်းလေးကို ကျောင်းထိုင်ခိုင်းရမယ် ”
“ချက်ချင်းကြီး လာပ်လို့ကည အဆင် မပြေဘူး ဗျာ ရွယသားတွေက ဒီကိစ္စ တန်းပြီး ယုံမှာ မဟုတ်ဘူး”
“ဟိုဗျာ ဒီ ကိစ္စကို ရွာသားတွေ လည်း သိလာမှာပါ ပြဓိရ်ငတော့ လုပ်သင့်တာ လုပ်ရမှာပဲ ”
ဤသ့်ု ဖြး် ရွာလူကြီး နှင့်ရပ်မိ ရပ်ဖများသည် မကျေမနပ် ပြောဆိုကာ ရွာဘက်သို့ ပြန် လိာက်ကြပါလေတော့သ ် ။
◾အခန်း
ကပ္ပိယကြီးသ်ည ဦးဖိုးဝေ အား ကျောင်းမှ ဖြစ်ပျက် သမျှများကို ပြောဆိုပြီး ဆရာတော် အတွက် စိတိမကောင်း ဖြစ်နေလေသည် ထို့ကြောင့် မျက်ရည် များဝဲကာ
“ောခု ဆို ရွာသားတွေက ဆရာတော်ကို ောခြ လပြည့်နေ နောက်ဆုံးထားပြီး ပြောင်းခိုင်းနေဪြီ ကျုပ်တို့ကို ဘယ်သူမှ လည်ူ မယုံကြတော့ဘူး ဦးစံပေါ နဲ့ မောင်လူသစ် က လွဲ ပြဏ္ဌိ တရွယလုံး ဘယ်သူမှ မယုံကြဘူး ဆရာတော်လည်း စိတ်ထောင်းကိုယ် ကြေ ဖြစ်နေပြီ ဒီ ဦးဇင်း ယုတ်မာ မယ် ဆိုတာ ကျုပ် အစကတည်းက သိတယ် ”
“ကဲ ကဲ စိတ်မပူပါ နဲ့ ဆရညတော်ရဲ့ ဝဋ်က အဆုံးသတ်တော့မှာပါ ကပ္ပိယ ကြ အခု အဲ့ ဦးဇင်းက သုံချိုင်း တောင်ဘက်မှာ ပဲနေတာလား ”
“ဟုတ်တယ် ဆရာကြီး ”
“စိတိမပူ နဲ့ ကျြပ်ရှင်း ပေးမယ် ”
“ဆရာကြီူတို့ လာတာ ကျုပ်ကို ဘုရားမတာပါပဲ ဗျာ ”
ဦးဖိုးဝေသည် ကပ္ပ်ယကြီးအား ပြုံး၍ နှစ်သိမ့်ပေးလိာက်ပြီး သူ၏ စိတ်ထံ တွက်တော့ တွေ့ပြီပေါ့ အရေခြုံရားဟု တွေး နေပါလျေတာ့သ်ည ။
◾ဦးဖိုးဝေ နှင့် ကြာတောရွာဦူကျောင်း အရှုပ်တော်ပုံ က ဤမျှသာ
ရေးသားသူ-မောင်တင်ဆန်း
#mgtinsan
#မောင်တင်ဆန်း
#crd