**ဦးလူပြောင်နှင့်အငြိူးကြီးသောဘုန်းကြီးသရဲ**
မိုးက ညကတည်းက ရွာနေတာမို့မနက်မိုးလင်းတော့လည်း
မိုးက မစဲသေးပေ။
ဒီလို နေ့မျိုးဆို ကျုပ်အဘ က တောလည် သွားခြင်း မရှိ။
အဘ ကလည်းမိုးလေး အေးအေးနဲ့မို့ ရေနွေးအို နှင့်
ကျုပ်အ မေကြီး ပြင်ပေးသော မနက် စာ ဆတ်သားခြောက်ကြော်
ကို အားရပါး ရစားနေသည်။
”ကို လူပြောင် ရှင် ဒီနေ့ တောလည် မသွားဘူးလား”
ကျုပ်အမေကြီး အဘကို မေးနေသည်။ ကျုပ် က အဘ ဘေးမှာ
ထိုင်ရင်း ရှိသည်။
”မိုရွာနေရင်တော့ ဘယ်သွားမလဲ မိကွန်းရယ်..မိုးစဲရင်တော့
တောလည် သွားရအုံးမယ်”
နေ့လည်လောက် ရောက်တော့ မိုးက စဲသွားသည်။
သိပ်မပူလှတဲ့နေက လည်း ထွက်နေပီ။
ကျုပ် အဘကို လှမ်းကြည့်တော့ လွယ်အိပ် ဓားရှည်နဲ့ သူခေါ်နေကြ
အောင်နက် ဆိုသော ခွေးလေကို ခေါ်နေသည်။
”မိကွန်းရေ ငါ တောလည်းသွားမလို့ ပီးတော့ ဒီညငါ ဘုန်းကြီးကျောင်းမှာပဲ အိပ်တော့မယ်” ”ပီးတော့ မနက်ဖြန် က ဥပုဒ်နေ့ မို့လား”
”ဟုတ်ပါတယ် ဒါပေမယ့် တော် တေားလည် အရမ်း ညည့် မနက်စေ နဲ့နော်” ”တောလည်က ဘယ်ကို သွားမလဲ ”အမေကြီးစကားအဆုံးမှာတော့ ကျုပ်အဘ အိမ်အပေါက်ဝကို ပင် ရောက်နေပီ။
”အေး ..ရွာ အရှေ့တောင်ဘက် က ရုံပင်ချောက်ပေါက် ကို”
အဘ သွားတော့ နေက အတော်ပင် ကျနေပီ။ အဘ သွားသော နေရာကလည်း နေခင် ကြောင်တောင် သွားရင်တောင် အခြောက်ခံရ
သည့်နေရာမျိုး။ကျုပ်က ကလေးမို့ အသံကြားရုံနဲ့ ပင် ကျေ ာက ချမ်းနေပီဗျို့ ။
အဘ ရွာ တောင်ဘက် က တောတန်းကို ဖြတ်ရင်း တောင်တန်းကို
ဖြတ်ကြော်လာ သည်။ မနက်က မိုးရွာ ထားတော့ မြေက သိပ်နင်း မကောင်းလှ။ ကောင်းကင်မှာတော့ ကြယ်တွေက သာလို့။ ထိုအ
လင်းရောင်သာ ရှိသည်။ ကျုပ်အဘ တောကွင်းကလည်း ရွာနှင့် အတော် လှမ်းတော့ ည ၁၀ နာရီလောက်မှ ရောက်သည်။
သူထောင် ထားတဲ့ ကွင်းတွေ က အတော်များ သည်။
ညည့်နက်သည်အထိ ဘာမှ မတွေ့သေး။
ကျုပ်အဘ အတွက်တော့ နောက်ဆုံးတကွင်းသာ ကျန်သည်။
ထိုကွင်းမှာတော့ ကျုပ်အဘ ယုန်တကောင်ရသည်။ထိုဟင်းစာ လေးအား ဖြုတ်ပီ ကျောပိုးကာ ရွာပြန်ဖို့ ပြင်လိုက်သည်။အပြန်မှာ တော့
ကျုပ်အဘ လာလမ်းတိုင်း မပြန်ပဲ ဖြတ်လမ်းက ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ နာရီသံပင် တစ်ချက် ထိုးနေပီ။အဲဒိ အပြန်လမ်းက လည်း
သရက်တောဘက်က ဖြစ်သည်။(သရက်တေားအကြောင်းကို သူ့စည်း ကိုယ့်စည်း တွင် ဖော်ပြခဲ့ပြီးဖြစ်သည်)။
အဘတောင်ကုန်း ပေါ်က အဆင်းမှာတော့ သရက်တေားဘက်က မီး
တုတ်တခု မြင်လိုက်သည်။ အဘ လည်း အားတက်သွားသည်
တယောက်တည်း မို့ ရွာပြန် အဖော် ရပီဟု တွေးလိုက်ခြင်းဖြစ်သည်။
ရွာ မြောက်ပိုင်းက ကိုသိန်း ကလည်း ကျုပ်အဘ လို တောလိုက်
ဝါသနာ ပါသူ ဖြစ်သည်။
သရက်တော အရောက်မှာ တော့ မီးတုတ်ကိုင် ထားသောသူသည်
ဆက်မသွားတော့ပဲ ကျုပ်အဘ ကို စောင့်နေ ဟန်ရှိသည်။
အဘ ရောက်သွားတော့ မီးတုတ်ကိုင်ထားသော သူသည်
လူတယောက်မဟုတ်ပဲ ဘုန်းကြီးတပါးဖြစ်နေသည်။
မီးက လည်းဖြတ်ခနဲငြိမ်းသွားပီး အဘ စီကို မဲမဲ ပုံစံကြီးက စွတ်ဝင်လား ပြီး အဘ သယ်လာ သော ဟင်းစာကို လုနေတော့သည်။
အဘကိုလည်း လက်သီးနဲ့ ဆက်ကာ ဆက်ကာ ထိုးနေသည် အဘက အပေါ်ရောက် လိုက် ဘုန်းကြီးက အပေါ်ရောက်လိုက် ဖြစ်နေသည်။ကျုပ်အဘ ကလည်း ခေ သူတော့ မဟုတ်ဖူးဗျာ့ ဘယ်ရမလဲ ပြန်ထိုးတာပေါ့ လက်သီးနဲ့။
ဘယ်ပြန် ညာ ပြန် ပါပဲ ။ ဒါပေမယ့် ဖော့ တုံးတခု လိုပဲ ပျော့ ဖတ်နေသည်။ကြာတော့ ဘုန်းကြီး သရဲ ကျုပ်အဘကို မနိုင်တော့ ပဲ ထွက်
ပြေးတော့သည်။ဘုန်းကြီးသရဲကတော့ ကျေနပ်ဟန်မရှိ.,
အဘကို စေ့စေ့ကြည့်ပီး အသံသြကြီးနဲ့ ”လူပြောင်
မင်းငါ့ အကြောင်း ကောင်းကောင်း သိစေရမယ်..”ဆိုပီ သရက်တောတောင်ဘက်ခြမ်းက နဘူအုတ်တန်းထဲ ဝင်သွားလေသည်။
ဒီလိုနဲ့ ကျုပ်အဘ ကျေ ာင်းကို နာရီပြန်သုံးချက် လောက်မှ ရောက်
သည်။ ကျုပ်အဘ လည်း တရေးတမော အနားယူ ရန်ဘုန်းကြီးကျေ ာင်း အောက်က ကွက်ပျစ်လေးမှာ ပဲ နေရာ ယူလိုက်သည်။
ဒါနဲ့ကျုပ်ပြော စရာ တော့ ကျန်သေးတယ်ဗျ ာ့ ကျုပ်အဘက မုဆိုးဆိုပေမယ့် ဥပုဒ်နေ့တိုင်တော့ ဥပုဒ်ယူတယ်ဗျ ာ့ ဒါကြောင့်လည်း
ဒီည အိမ်ပြန်မအိပ်တာ။ မနက်ဥုံးမောင်းခေါက်တော့ ကျုပ်အဘက
ကျေ ာင်းက ကိစ္စမှန်သမျှ အကုန်လုပ်ပေးရင်း ဥပုဒ်ယူသည်။
နေ့လည်လောက်ရောက်တော့ ရွာမြောက်ပိုင်းက ကိုသိန်း က
အဘစီ လာလည်သည်။”အဘ ညက တောလည်သွားဖြစ်လား”
“သွားဖြစ်တာပေါ့ ငသိန်းရ …ငါ့လည်းညက သိပ်မရပါဘူးကွာ..
ဒီးကြားထဲ…” “ဘဖြစ်လို့လဲအဘ ပြောပါအုံး”ကျူ ပ်အဘ က
ဆေးပြင်လိပ်အား ရှိုက်ရင်း ညက အဖြစ်အပျက်ကို စဉ်းစားနေသည်။
” အဘ ပြေပါအုံးဗျ “ကိုသိန်းက အရမ်းသိချင် နေသည်
“အေးငသိန်းရ နည်းနည်းတော့ ထူးဆန်းတယ်ကွ..ညက ဘုန်းကြီး
သရဲနဲ့ တွေ့ပီး ငါ့ဟင်းစားလေး ကိုလုတော့ ရန်သတ်ကြတာပေါ့”
“ဟုတ်လားအဘ ..ဘာလဲ ..သရက်တေားထဲမှာပဲလားအဘ”
“ဟုတ်တယ်ငသိန်းရေ .. ခါတိုင်းလည်းငါတို့ သွားနေကြတွေ့ပြီး
လုနေကြပါပဲ ဒီတခါက ငါ့ကို ကြိမ်းသွားလို့ “” ဗျာ..!”ကိုသိန်းကတော့
ကျုပ်အဘ ပြောတာကို လန့်သွားဟန်ရှိသည်။ကျူ ပ်အဘကတော့
ဘုန်းကြီးကျေ ာင်းက ပြန်မလာ ပဲ ကိုသိန်းနဲ့ ဘုန်းကြီးကျေ ာင်းမှာပဲရှိနေသည်။ ကျူ ပ်အဘ ကလည်း အခြေအနေ ကိုအကဲခတ်မိဟန်ရှိသည်။ဘုန်ကြီးသရဲ ရဲ့ အငြိုးက ကြီးမားလှသည်။နေလုံးကလည်းပြောက်ပီ ညရဲ့ အလှ ကြယ်လေးတွေနဲ့ လမင်းကြီးတော့ ကနေလေပြီ။ဒါပေမယ့် ကျေ ာင်ရှေ့မန်းကျည်းပင် အောက်မှာတော့
ကိုသိန်းနဲ့ အဘ။”အဘ အဘထင်သလို ဟုတ်ပါ့ မလား”
“ဟုတ်ပါတယ်ငသိန်း ရ …ဒီကောင် လုံးဝငါ့ကိုအစာ မကျေဘူး
မင်းသာ ငါ့ပြောတဲ့အတိုင်းသေချ ာစီစဉ်ထားလား””ဟုတ်ကဲ့ အဘ.,အားလုံးစီစဉ်ထားပါတယ်”
အဘက ရွာက လူငယ်လူရွယ်တွေကို အသိပေးထားခိုင်းဟန်ရှိသည်။ညကလည်းနက်လာ ပြီ။ရွာ ဘက်မှာ စွဲစွဲငင်ငင် အူနေတယ့်
ခွေးအူသံတွေကြားနေရသည်။”ဝူးးးးးဝူးးးးးဝူးးးးဝူးးးးး”
ကျူ ပ်အဘ နဲ့ ကိုသိန်းကတော့ မန်းကျည်းပင်အောက်မှာပဲရှိနေသည်။ ည ၁၂ နာရီထိုးတော့ ရွာတောင်ဘက်သရက်တောဘက်က
ထူးခြားလာသည်။”ဂီးးးးးးးးဂီးးးးးးးးး”
“ငုက်စုန်းထိုးသံပဲ အဘ ” “ဟုတ်တယ်ငသိန်း
မင်းမြင်ပီလား ” “ဘာကိုလဲ အဘ” ကျူ ပ်အဘ ပြောတာကို
ကိုသိန်းက သိပ်နားမလည်ဟန်ရှိသည်။
“ဟော …ဟိုညောင်ပင်အောက်ကို ကြည့်စမ်းငသိန်း”
ညောင်ပင်က လည်း အကြီးကြီးမို့ အမှောင်ရိပ်က အားကောင်းလှသည်။” ဟားးးးး!” ကိုသိန်းအံသြသွားသည်။
“အဘ မျ ား လှချိလား “။ ကျူ ပ်အဘ ယူဆချက်က မှန်နေသည်
အငြိုးမပြေတဲ့ဘုန်းကြီးသရဲကတော့ သူရဲ့အပေါင်းအပါတွေနဲ့ အတူ အချိန်ကောင်းကို စောင့်နေသည်။”ကျူ ပ်ရွာ ထဲ သွားရတော့ မလား အဘ” ” နေအုံး ငသိန်း ငါတို့ ချထားတဲ့စည်းထဲကို ဝင်လို့မရတဲ့အတွက် သူတို့ ဘာလုပ်မလဲစောင့်ကြည့်ရမယ်”
“ဟုတ်ကဲ့ အဘ ” ။ကျူ ပ်အဘ နဲ့ကို သိန်းစကားပြောလို့ပင် မပီး
သေး ” ဂီးးးးးဂီးးးးးဂီးးးးးး ”
ရုတ်တရက်ငုက်စုန်းက အသံသုံးချက်ထိုးသည်။
ချက်ချင်းပင် ကျေ ာင်းပေါ်က အသံကြားတွေ ကြားနေရသည်။
“ဒုန်းးး ဒုန်းးး ဘုန်းးးးး”
အသံတွေက ဆူညံလို့ ကျေ ာင်းပေါ်က ဆရာတော်ပင် အောင်ဆင်းလာသည်။”အဘ ဘယ်လို လုပ်ကြမလဲ ” “ဒီကောင်တွေ သောင်းကျန်း နေပီ ရွာထဲ သွားတော့ ငါပြောတဲ့အတိုင်းလုပ်ခဲ့”
ကိုသိန်းလည်း ရွာထဲကို အမြန်ပြန်သွားသည်။
ဆရာတော်ကတော့ ကျူ ပ်အဘ အသိပေးပီးသားမို့ ကျေ ာင်းအောက်မှာ နေရင်း အခြေအနေကို အကဲခတ်နေသည်။
ခဲတွေက လည်းဘုန်းကြီးကျေ ာင်းပေါ်ကို ကျတုံး
တအုန်းးးး အုန်းးးးတဘုန်းးးးဘုန်းးးးပဲ
ကျူ ပ်တို့ က ကလေးဆိုတော့ သိပ်ကြောက်တာပေါ့
ရွာထဲမှာလည်း ဆူဆူညံညံ ကဖြစ်နေတာကိုဗျ။
ခဏနေတော့ ကိုသိန်းနဲ့ ရွာထဲက လူတော်တော်မျ ားမျ ား
ရောက်လာသည်။
“အဘ ကျူ ပ်တို့ရောက်ပီ ဘာလုပ်ရမလဲ အဘ”
“အေး ဒီတခါတော့ ဒီကောင်တွေ အကုန်လုံးကို
အဝေးထိ မောင်းထုတ်ရမယ် အခုထိလည်းမင်းတို့ မြင်တဲ့အတိုင်ပဲ”
“ဟုတ်တယ် အဘ ကျူ ပ်သည်းမခံနိုင်တော့ဘူး”
“အဘစည်းချပီးတာနဲ့ မင်းတို့ ကိုင်းထားတဲ့ပုန်းတွေနဲ့ ထုရိုက်ပီးအပြေးလိုက်
ရမယ် အခု ခဲတွေကလည်း နေရာ စုံက လာနေတာ ဆိုတော့
သတိထား” ” ဟုတ်ကဲ့ပါအဘ”
ကျူ ပ်အဘ က ရေမန်းခွက်ကို ကိုင်းရင်း
တခုခု ရွတ်နေသည်။ ရေမန်းတွေကိုလည်း မြေကြီးပေါ်ကို လောင်းချ နေသည်။ရေအကုန်မှာ တော့ ကျေ ာင်းပေါ်ကျနေသောခဲတွေ ရပ်သွားသည်။ညောင်ပင်အောက်က မဲမဲတွေကလည်း လှုပ်လှုပ်ရွရွဖြစ်လာသည်။ကျူ ပ်အဘ က အမိန့်ပေးသည် “အဝေးကိုပို့စေ”
ဆိုတဲ့အမိန့်ပေးသံအဆုံးမှာတော့ ကိုသိန်းတို့အဖွဲက
ဆူညံသံတွေ ပေးပီး သရက်တောနှင့်အဝေးဆုံးနေရာထိ မောင်းထုတ်လိုက်ကြသည်။မဲမဲ သတ္တဝါများနဲ့ ဘုန်းကြီးသရဲ သည်လည်း
ထိုအချိန်မှ စ၍ ဘာသတင်းအစနမှ မရတော့ချေ ။
ဤနေရာ၌ ကျူ ပ်ရေးသားတင်ပြခဲ့ သော
“ဦးလူပြောင်နှင့်အငြိုးကြီးသော ဘုန်းကြီးသရဲ” ဖြစ်ရပ်မှန် ဝတ္ထုတိုလည်း အဆုံးသတ်လေပြီ။
ရဲကို (သုည လုလင် )
#မူရင်း_credit